မှန်ပြတင်းမှတစ်ဆင့်ဖြာဆင်းကျလာတဲ့ နေခြည်နွေးနွေးကြောင့် ဘုန်းဟန်ရဲ့မျက်ခွံကြွက်သားလေးတွေလှုပ်လီလှုပ်လဲ့နဲ့တုံ့ပြန်မှုပြုလာကြတယ်။
တဖြည်းဖြည်းချင်းနဲ့မှအလုံးစုံပွင့်သွားတဲ့မြင်လွှာအစုံကမရင်းနှီးသေးတဲ့ဖြာကျမှုအပေါ်မှာတဖျတ်ဖျတ်ခတ်ရင်း,ရင်းနှီးမှုယူနေတဲ့အချိန် ဝဲဘက်ရင်အုံဆီမှခံစားနေရတဲ့ထွက်သက်နွေးနွေးကြောင့် အစွမ်းကုန်ပြုံးမိတော့ ကျက်သရေရှိတဲ့မင်္ဂလာနံနက်ခင်းပေါ့။
(ဟာကွာ...ဒီကောင်လေးကိုဖက်ထားပြီးတစ်ညလုံးအိပ်ခဲ့ရတာလား...တော်ပါသေးရဲ့ အသက်ရှင်ပြီးပြန်နိုးလာရလို့..)
ခပ်အီအီတွေးပြီးရင်ခွင်ထဲကကောင်လေးကိုငုံ့ကြည့်လိုက်သည်။ ဂျိုစောင်းလေးနားမှာဗွေနှစ်ခုပါတဲ့ကလေးလေးက ဗွေနှစ်ခုစနက်ကြောင့်အမြဲထောင်ချင်နေတဲ့ဆံသားလေးအချို့ကိုဂျယ်နဲ့အမြဲသပ်သိမ်းထားရတယ်။ အခုလိုဂျယ်လွတ်ကင်းချိိန်မှာတော့ ထိုးထိုးထောင်ထောင်လေးတွေက ခါးကိုဖက်အိပ်နေတဲ့ကောင်လေးလိုဘဲ ကျွန်တော့်ပါးကိုဖက်အိပ်နေကြတယ်ဗျ။ အူတယားယားနဲ့ထိုဆံပင်လေးတွေကိုလေနဲ့မှုတ်မိတဲ့အခါ မရဘူးကွာ မရဘူးကွာဆိုပြီး မလွတ်တမ်းပြန်ဖက်တွယ်လာကြပြန်တယ်။
ရော်..ခက်ရချည်ရဲ့ကိုယ်ပွါးလေးတို့ရယ်။
ထိုမှတစ်ဖန်နဖူးပြေပြေလေး...မျက်ခုံးတန်းလေးနှစ်ဖက်...စိတ်တံခါးလေးကိုပိတ်ပေးထားတဲ့တံခါးရွက်မျက်ခွံမို့မို့လေးတွေ...မြတ်နိုးရာနှာတံလေး...အားလုံးကဘယ်အချိန်ထမေးမေး ရင်ထဲအသည်းထဲကနေကိုအာဂုံဆောင်နိုင်နေတဲ့အရာတွေဖြစ်ပေမယ့် အကယ်၍များနောက်ဖြစ်တည်လာမယ့်ဘဝအဆက်ဆက်ရိပ်ခနဲမြင်လိုက်ရရင်တောင်အတိတ်တစ်ဘဝလုံးစာမှတ်မိနိုင်မယ့်စွမ်းအင်မျိုးလိုချင်မိလို့ အထပ်ထပ်အခါခါမှတ်သားနေရတယ်ဆိုရင်ရော .. သိပါတယ် ကျွန်တော့်ကို 'ပိုရန်ကော' ဆိုတဲ့အကြည့်နဲ့ကြည့်ကြမှာမလား။ ဒီမှာ! မကြည့်နဲ့ဗျ..ချစ်လွန်းလို့ မြတ်နိုးလွန်းလို့ အလိုအလျှောက်ပြုမူမိတဲ့ဖြစ်အင်တွေဗျ..။
မပြောတော့ပါဘူး ဒါတွေကထာဝရအလုံးဖြစ်နေတဲ့သူတွေနားလည်မယ့်အရာတွေမဟုတ်ပါဘူး။
ထပ်ကြည့်ပါဦးဗျာ... ကျွန်တော့်ချမ်း,နှုတ်ခမ်းလေးကလေရင်ဘက်မှာခပ်ဟဟလေးပွင့်ပြီးကပ်နေတော့မပေါ်ဘက်ကိုတောင်နည်းနည်းစူထော်ထာ်ဖြစ်ချင်နေတယ်ဗျ..ဟော ဟော သွားရည်လေးတွေတောင်ကျနေလိုက်သေး...ပိုင်ဆိုင်မှုလေးဗျာ...။အူယားလွန်းလို့ဆွဲညှစ်မိတော့ တအင်းအင်းပြုလာတဲ့သံစဥ်လေး။
"အင်းးး...ဟင့်..."
ကျောပြင်လေးကိုဖွဖွပုတ်ပေးရင်းစုပ်တသပ်သပ်ချော့မြူတော့...
"အင်း အင်း အင်း ကျွတ်ကျွတ်ကျွတ်ကျွတ်"
တအိအိပြန်ပြီးငြိမ်သက်သွားသူက အအိပ်မက်တဲ့ချမ်းလေး။ တစ်ညလုံးထွေးပွေ့ထားရတယ်ဆိုတဲ့အသိကရင်ထဲဗလောင်ဆူလာတာမို့ တဒုတ်ဒုတ်အခုန်မြန်လာတဲ့ပင်မသွေးအိုးကြီးကြောင့်ချမ်း,အိပ်ရေးလေးမဝဘဲနိုးသွားမှာလည်းစိုးရပြန်တယ်။
ဦးခေါင်းလေးကိုအသာနမ်းရှိုက်ရင်းရင်ခွင်ထဲကကောင်လေးကိုဖွဖွဆွဲထုတ်ပြီးနေရာပြန်ချပေးတော့တအီအီအသံပြုလာပြန်၏။
ဘုန်းဟန်, အခန်းထဲမှခြေသံဖော့နင်းပြီးထွက်လာတော့မနက်၆နာရီခွဲ။ သူတို့ရောက်နေတဲ့နေရာကကျိုက်ထိုမှာရှိတဲ့သူတို့ပိုင်ဘန်ဂလိုလေးတစ်လုံး။
'ဟန်'ကပိုင်တဲ့ရာဘာခင်းတွေကိုလာစစ်ဆေးတဲ့အချိန်ခရီးတစ်ထောက်နားလို့ရအောက်တည်ဆောက်ဖြစ်ခဲ့တဲ့ကွန်းခိုရာလေး။ ကျိုက်ထီးရိုးဘုရားနဲ့လည်းနီးတော့အချိန်မရွေးတောင်ပေါ်သို့လည်းတက်နိုင်သည်။ တောအုပ်လေးအလယ်မှာရှိနေတော့ ဘာရယ်မဟုတ်ချမ်းနဲ့နှစ်ယောက်တည်းဆိုတဲ့အသိကရင်ထဲကိုနွေးသွားတာဘဲ။
ချမ်း,အတွက်မနက်စာလုပ်ပေးရမည်။ ညိုချောကြိုတင်လာပြီးလိုတာတွေဝယ်ထည့်ပေးခဲ့၍အားလုံးကအဆင်သင့်။ သူတိို့ဘယ်မှာရှိလဲပြောမယ့်သူမဟုတ်၍ညိုချောကိုစိတ်ချရပါသည်။ ဦးမြတ်ဟန် သူ့နည်းသူ့ဟန်နဲ့ရှာတွေ့မယ်ဆိုလည်းတစ်ညလွန်ပြီးသွား၍ကိစ္စတော့မရှိ။
Cpချောင်းကိုကြက်ဥနဲ့ရောကြော် မီယောနစ်ဆမ်းဆလပ်ရွက်အုပ် ခရမ်းချဥ်သီးပါးပါးကွင်း ပေါင်မုန့်နှစ်ချပ်နဲ့ညှပ်လိုက်တော့ဗိုက်ဆာတာပေါ့။ အိုခေ နွားနို့ပူပူလေးနဲ့ဆို ချမ်း,အကြိုက်ကွက်တိဘဲဗျာ။ စားမယ့်သူကယခုထိမနိုးသေး။ အမေတို့တော့တကယ်စိတ်ပူနေတော့မှာ။ မတတ်နိုင်ဘူးဗျာ ဒီလိုမှမလုပ်ရင်ကိုအုံ့ပုန်းကတစ်သက်လုံးဖမ်းဆုပ်ဖို့လွယ်မှာမဟုတ်တော့ဘူး။ သူနိုးလာရင်သေချာချော့ရမယ်။ ပြီးရင်စေတီပုထိုးတွေအလွန်နှစ်သက်တဲ့ကောင်လေးကို ဘုရားပေါ်ခေါ်သွားရမယ်။ တောင်တက်တာကံမြင့်စေတယ်လို့ကြားဖူးတယ်ဗျ။ ဒါကြောင့်ဘုရားရှေ့ရောက်ရင် ...
(ဤကောင်လေးဟာ တပည့်တော်အနှစ်နှစ်အလလစောင့်ထိန်းခဲ့တဲ့သစ္စာတွေရဲ့ပိုင်ရှင်ပါဘုရား...ယခုထိမကျိုးပေါက်သေးတာမို့ ဤကောင်လေးနဲ့ပတ်သက်လာမယ့်တပည့်တော်ရဲ့ကံကိုအမြင့်ဆုံးဖြစ်အောင်ပေးသနားတော်မူပါဆိုပြီး တောင်းရမယ်)
ငရဲကြီးမယ်ဆိုလည်းမတတ်နိုင်ဘူးဗျာ။ ကျွန်တော်ရဲ့သစ္စာတိုင်တည်သံတွေက မြတ်စွာဘုရားကိုမလေးမစားဖြစ်သွားစေတယ်ဆိုလည်းဘာအပြစ်ပေးပေးခံယူဖို့အသင့်ပါ။ ပြောမယ်သာပြောရတာဘုရားရှေ့ရောက်လို့ ကိုယ်သစ္စာပြုတိုင်တည်တာတွေကအမျိုးသားတစ်ယောက်နဲ့ပတ်သက်နေတာတွေချည်းဘဲဆိုတော့ အားနည်းနည်းငယ်တယ်။
မဇ္စျိမပဋိပဒါကိုရှေးရှုတဲ့ဘုရားရှင်ရှေ့မှာ ယောက်ျားတစ်ယောက်ကိုချစ်လွန်းလို့ဖြစ်လာတဲ့အတောမသတ်နိုင်တဲ့ ကျွန်တော့်ရဲ့သစ္စာစကားတွေကအစွန်းများရောက်နေသလားလို့ပါ။ မကောင်းမှုမဟုတ်တဲ့ချစ်ခြင်းမေတ္တာဆိုပေမယ့်လည်း ကျွန်တော့်ရဲ့မေတ္တာတရားတွေကအမျိုးသားလေးတစ်ယောက်ပေါ်အမြစ်တွယ်နေတော့ တစ်ခါတစ်ခါဘုရားရှင်မျက်နှာတော်ကိုရဲရဲမဖူးရဲဘူးဗျာ။
မနက်စာလည်းပြင်ပြီးပြီ ချမ်း,ကလည်းမနိုးသေးတော့ခြေလှမ်းဦးတည်ရာကရေချိုးခန်းဆီသို့။
=====================================
မြန်မာပြည်အရပ်မျက်နှာပေါင်းစုံလူတွေလွှတ်ကာသားတွေအပျောက်ရှာပုံတော်ဖွင့်ခိုင်းထားပေမယ့်ယခုထိဘာသတင်းမှမကြား။သားကြီးအလုပ်စဝင်သည့်နေ့မှစ၍ Privacy ကိုလေးစားသောအားဖြင့် သူ၏ကားမှGPSပြန်ဖြုတ်ခဲ့တဲ့ကိုယ့်ကိုကိုယ်ဘဲအပြစ်တင်ရမလား။ ရုတ်တရက်ကြီးတဇွတ်ထိုးသွားသည့်သားကြီးကိုဘဲအပြစ်တင်ရမလား။ သားကြီးနားဝင်အောင်စကားသေချာမပြောခဲ့ဘဲအေးဆေးနေခဲ့တဲ့မြတ်ဟန်ကိုဘဲအပြစ်တင်ရမလား။ ဘာတွေကြံလို့ကြံနေမှန်းမသိတဲ့အောင်ဘုန်းဟန်ရဲ့ဦးနှောက်ကိုဘဲအပြစ်တင်ရမလား။ တကယ်မတွေးတတ်အောင်ပါဘဲ။
မွေးစားသားဆိုတဲ့စိတ်အခံနဲ့တစ်ခါတစ်ရံ အားငယ်မှုအရိပ်အယောင်တွေ့နေရတတ်တဲ့မျက်ဝန်းပိုင်ရှင်ကိုတော့ လုံးဝအပြစ်တင်မည်မဟုတ်ပါ။ထိုသားကိုတော့ စိတ်ဆိုးမိမည့်တစ်ချိန်ရှိပါသည်။ သူ့လုပ်ရပ်ကြောင့် သူ့ကိုတော့ဖြင့်မိဘတွေကမုန်းတီးနေပါပြီဆိုပြီးတလွဲအတွေးဝင်ကာ လုံးဝပုန်းကွယ်သွားမည့်အချိန်ပင်။ ထိုကလေးသည် သွေးမှဖြစ်သောသားမဟုတ်ပေမယ့်လည်း မေတ္တာသွေးမှဖြစ်သောသားမို့နည်းနည်းလေးတောင်အထိခိုက်မခံနိုင်ပါ။ ရင်သွေးနှစ်ယောက်လုံးအားမြူတစ်မှုန်တောင်အထိခိုက်မခံစေရပါ။
မနေ့ကရုံးလေးခဏသွားလိုက်ပါတယ်။ အိမ်ပြန်ရောက်တော့မုန်တိုင်းတိုက်ပြီးသွားပြီ။ ပြိုလဲနေတဲ့မေ,အော်ဟစ်ငိုယိုပြီးသားပျောက်မိခင်လိုတတွတ်တွတ်ဖြစ်နေမယ်ဆိုရင်တောင် ထိုပြိုလဲမှုကိုဦးမြတ်ဟန်ပြန်တည့်ပေးနိုင်ပါသည်။ ယခုတော့ဖြင့်မည်သည့်စကားတစ်ခွန်းမှမဆိုဘဲ ငူငေါင်နေသည်ကသူ့ရင်ကိုမီးနဲ့မြှိုက်နေသလိုပါဘဲ။ လွန်ခဲ့သည့် ၂၅နှစ်သားငယ်ဆုံးခါစအချိန်တွေက မေနှင့်တစ်ထပ်တည်းသွားတူနေသည်မဟုတ်ပါလား။
Newfeed တစ်ခွင်စိုးမိုးထားသည့်ပုံတစ်ပုံကြောင့်တစ်ခုခုကိုလွှတ်ချလိုက်ရသလိုမျိုး သက်ပြင်းတချချဖြစ်နေရစဥ်...
Ring Ring Ring ...
ကိုထွန်းအေးဆီမှဖြစ်သောကြောင့်အနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။
"ဟဲလို...ကိုထွန်း"
("ဆရာ...ကျွန်တော်အကိုလေးတို့ကိုတွေ့ထားပါပြီ")
စိတ်လှုပ်ရှားမှုကြောင့်လှုပ်ခတ်လာတဲ့မျက်ဆန်နဲ့ဆတ်ခနဲထရပ်မိလိုက်တဲ့ခန္ဓာ...
"ဘယ်မှာလဲ ကိုထွန်း ဘယ်မှာလဲ"
("ကျိုက်ထိုမှာပါဆရာ...စိတ်ချပါ ကျွန်တော်အေးအေးဆေးဆေးပြန်ခေါ်ခဲ့ပါ့မယ်")
စိုးရိမ်စိတ်ပူပန်စိတ်လှုပ်ရှားစိတ်တို့ပေါင်းဆုံနေသောကြောင့်ထွက်ရမည့်စကားလုံးများလည်ချောင်းထဲတစ်ဆို့နေ၏။ တစ်ဖက်မှအလိုက်သတိဖုန်းချအပြီးမှာတော့ ဦးမြတ်ဟန်သားတွေအမေဆီသို့...
"မေ မေ! ကလေးတွေပြန်တွေ့ပြီတဲ့ !"
ပြန်ကြည့်လာသူကအသက်မဲ့မျက်လုံးများနှင့်။ သူမ,ဘေးကလင်းနေဆဲဖုန်းမျက်နှာပြင်ပေါ်မှာတော့ဖက်လျက်သားအိပ်ပျော်နေတဲ့အပေါ်ပိုင်းဗလာနှင့်သားနှစ်ယောက်။ ဦးမြတ်ဟန်ရင်ထဲထိတ်ခနဲ။
(ကတိတွေပေးခဲ့ပြီးမှမေမေ့ရင်ကိုခြေစုံကန်ရက်တယ်သားငယ်ရယ်...)
======================================
ရေချိုးအဝတ်အစားလဲပြီးတဲ့အထိချမ်း,တစ်ယောက် နိုးမလာသေး။ လွမ်းလှပြီမို့နဖူးလေးအသာနမ်းလိုက်မိ၏။ ညကတည်းကပိတ်ထားတဲ့ဖုန်းကိုယူပြီး ဧည့်ခန်းထွက်လာတော့ မနက် ၇:၃၅ ။ တကယ်ပါဘဲ ညိုချောတစ်ယောက်မေ့ဆေးတွေဘယ်လောက်များထည့်လိုက်လည်းမသိ။ နွားနို့တော့ပြန်နွှေးပေးရမယ်။
ဆိုဖာမှာခပ်လျှောလျှောခြေချိတ်ထိုင်လိုက်ပြီးဖုန်းဖွင့်တော့ တတီတီတတောင်တောင်တက်လာတဲ့notiများ။ အဖေ့ဆီမှmiss callများ၊လင်းထွဋ်ဆီမှmiss callများ။ အမေ့ဆီကတော့မတွေ့ရ၍နည်းနည်းတော့မျက်မှောင်ကြုတ်မိသည်။
ပွဲဖန်တီးပေးခဲ့ပြီးတစ်ညလုံးပစ်ထားခဲ့တဲ့နေရာဆီဝင်လာတော့...
(kmt,N/ ☝️ ပျော်စေချင်လို့... ပေါတယ်ထင်လည်း
မတတ်နိုင်ဘူးဗျာ💜)
တက်လာတဲ့မန့်တွေကတော့အစုံပါဘဲ။ ထောပနာပြုတဲ့သူရှိသလို ရှုံ့ချတဲ့သူတွေလည်းဒုနဲ့ဒေးပါဘဲ။ ချစ်စရာမန့်လေးတွေကြည့်ပြီးပြုံးရလိုက် မုန်းစရာမန့်လေးတွေကြည့်ပြီးတော့လည်းပြုံးရတာပါဘဲ။ဒါတွေကိုဂရုစိုက်နေရင် ကိုယ်ရင်ကွဲနာကျမှာ။
အဖေ့ရဲ့သတိပေးစာဆိုလို့ဝင်ကြည့်မိပါသည်။ အင်း..အခြေအနေမဆိုးဘူးဆိုတဲ့သဘောပေါ့။အေးလေ ဦးမြတ်ဟန်ဘဲဟာသူ့သားတွေတော့သူများအပြောခံမှာမဟုတ် သူကိုယ်တိုင်ဘဲပြောပါလိမ့်မည်။ထိုစဥ်လင်းထွဋ်ဆီမှဖုန်းဝင်လာ၍...
"အေး...ပြော ငထွဋ်"
အသံမထွက်လာ အတန်ကြာသည်အထိမထွက်လာ၍...
"ဟဲလို.."
("အစ်အစ်...အီးဟီးဟီး...အဟင့် ရွှတ်")
"ကျက်သရေမရှိကွာ..ဘာဖြစ်နေတာလဲ"
("အခုမှဖုန်းကိုင်နေလိုက် အဲ့မှာ...အီးဟီးဟီး..ရှလွတ်..")
နေပါဦး..အခုဒီကောင်ကတကယ်ကြီးငိုနေတာလား..နှပ်ညှစ်သံတွေတောင်ကြားနေရသလိုဘဲ။
"ဟေ့ကောင် မင်းဆေးရုံမှာငိုနေတာလား"
("ငါ့ဟာငါဘယ်နားငိုငို...လင်ပစ်ခံရပါတယ်ဆိုငိုဖို့နေရာရွေးနေရဦးမှာလား...ရှလွတ်...ရှလွတ်...စူး..အား")
"စကားအကောင်းပြောကွာ..မပြောဘူးဆိုလည်းဖုန်းချတော့မယ်"
(ဘောတောင်မပြောဘူးကွာ...အီးဟီးဟီးဟီး...ရွှတ်..)
ထို့နောက်မှအသံဩဩကြီးနဲ့...
("ငါ့ဂျူနီယာလေးကိုကောင်းကောင်းဆက်ဆံ..")
"စိတ်ချပါ..ကောင်းကောင်းကိုဆက်ဆံမှာ"
("တဏှာရူး..")
အချွဲသံရောအဆဲသံပေါင်းစုံနဲ့ပါကြူနေတဲ့သူငယ်ချင်းနှစ်ယောက်။ ဘုန်းဟန်,သိတာက လင်းထွဋ်သူ့ကိုမပြောမဆိုလုပ်သွားရက်လို့ဝမ်းနည်းပြီးငိုနေခြင်း။တကယ်တော့ လင်းထွဋ်က 3x spicyစားပြီးတော့ဖုန်းပြောနေခြင်းရယ်ပါ။
=======================================
အချိန်တန်သင့်တာတော်တော်ကြာပြီမို့ ပွင့်လာတဲ့မျက်လုံးတွေ....စားပွဲပေါ်ကနာရီကိုအကြည့်ရောက်တော့ ၇:၅၀ ။တော်တော်အိပ်လိုက်တာဘဲ။ ဘေးတစောင်းဖြစ်နေတဲ့ကိုယ်ကိုပက်လက်လှန်ပြီးအပျင်းကြောဆန့် ဟိုဘက်ဒီဘက်လှိမ့်တော့မိမိလှိမ့်နေကျထက်ကျယ်ဝန်းနေတဲ့ကုတင်။
(အိပ်နေတုန်းကုတင်လဲသွားတာလားမသိဘူး...ပျော်စရာကြီး)
ဝိုးတိုးဝါးတားမျက်လုံးထဲမှာမိမိစိမ်းသက်နေတဲ့ ပစ္စည်းများကိုမြင်တွေ့လိုက်ရသည်။ အိပ်ရေးမဝသေးအမြင်တွေမှားနေတာဖြစ်မည်။စောင်ကိုပခုံးထိလုံအောင်ဆွဲခြုံတော့ တိုက်ရိုက်ထိနေရသလိုခံစားလိုက်ရတဲ့ရင်အုပ်။ မျက်လုံးအစုံပြူးခနဲဖြစ်သွားရသည်။
နေဦး သူမှာအင်္ကျီချွတ်အိပ်တဲ့အကျင့်မှမရှိဘဲ။ထို့နောက်နားထဲဝင်လာတဲ့ တစ်စုံတစ်ယောက်ရဲ့စကားပြောသံတွေ။ တစ်ကွက်ချင်းပြန်မြင်လာရတဲ့အဖြစ်အပျက်တွေ...နောက်ဆုံးမြင်လိုက်ရတဲ့ပဝါအနေအထားမှာတော့ ချမ်း,အလန့်တကြားငုတ်တုတ်ထထိုင်မိလိုက်ပါ၏။
"မေမေ..."
ထိုင်လိုက်တာကြောက့်လျှောကျသွားတဲ့ စောင်အဆုံးမှာတော့...လှပစွာကျော့ရှင်းနေတဲ့အပေါ်ပိုင်းသား။သူငုံ့ကြည့်မိလိုက်တယ်။ သူ အင်္ကျီချွတ်ခံထားရတယ်။ စောင်ကိုအောက်ပိုင်းထိဖွင့်မကြည့်ရဲသေးဘူး။ ခန္ဓာကိုယ်ကိုထိုင်ရင်းပြုရင်းစမ်းသပ်ကြည့်တော့ မည်သည့်နာကျင်မှုမှမခံစားရ။ စောင်ကိုမရဲတရဲဖွင့်ကြည့်လိုက်တဲ့အခါ ဘောင်းဘီလေးကိုမြင်လိုက်ရ၍ တော်ပါသေးရဲ့ဟုတွေးလိုက်မိသည်။
သို့သော် သို့သော်လည်း ယခုအခြေအနေဖန်တီးလိုက်သူကို အလွန်တရာဆွဲဖဲ့ပစ်ချင်နေတာကြောင့်.....
"ဦး အောင် ဘုန်း ဟန် !!!!!"
ဖုန်းပြောနေတုန်းရုတ်တရက်သံကုန်ကြုံးအော်သံကြောင့် "ငါ ိုးမလန့်တာ" ဆိုပြီးဖုန်းကျသွားတဲ့လင်းထွဋ်။
ရယ်နေတာကနကြည်နူးရိပ်သန်းသွားတဲ့မျက်နှာပိုင်ရှင်...။
(ဟော...နိုးပြီ...)
"ချမ်း!!! ကိုကိုလာပြီ ကိုကိုလာပြီ"
ကော့ပက်ကော့ပက်ပြေးအသွား အခန်းရှေ့အရောက်...
"ဝှီးးး...........ဖောင်း!!!"
မျက်နှာတည့်တည့်ပစ်ဝင်လာတဲ့ သတ္တုတစ်ခု။
"အာ့း...!"
(နာလိုက်တာ ချမ်းရယ်..အေးလေ သွေးကြောမျှင်တွေကိုလိုသလိုကစားနေတဲ့လက်ကလေးတွေဘဲ။ ဒီလောက်တော့တည့်မှာပေါ့ အိုလံပစ်ဝင်ပြိုင်ပါလားကိုယ့်ဒေါက်တာအစွာလေးရယ်..)
ထွက်လာတဲ့နှာခေါင်းသွေးတွေကိုအုပ်ကိုင်ပြီးအောက်ငုံ့အကြည့် smile faceနဲ့စားပွဲတင်နာရီ။ချစ်လိုက်တာ..ရန်ဖြစ်ရင်းကလူကျီစယ်တဲ့လင်ခင်ပွန်းအဆင့်။တိုးတက်လာပြီကွ !!!
ကုတင်ပေါ်မှာလက်သီးနှစ်ဖက်ဆုပ်ထားရင်းတဆတ်ဆတ်တုန်နေတဲ့ ဒေါက်တာလေး။ မျက်လုံးတွေကရဲတောက်နေတာလဲ။ ဒေါသမထွက်ပါနဲ့ကွာ..ဒေါသကြောင့်နီရဲနေတဲ့မျက်လုံးတွေနာလာရင် ကိုယ်ဘဲရင်ကွဲရမှာ။
ခင်ဗျားတို့ကိုထာဝရအလုံးပြောလို့ ကျွန်တော့်ကိုချမ်း,ကပြန်ချစ်သေးလို့လားလို့မေးချင်နေတယ်မလား...ဒီမယ် ချမ်းပြန်ချစ်ချစ်မချစ်ချစ် ကျွန်တော်ချစ်နေရရင်ရပြီမလို့.. သူကျွန်တော့်ဘေးနားရှိနေတယ်ဆိုတဲ့အသိကနွေးတာမလို့ ကျွန်တော်သေသွားရင်တောင်အရိုးပြာတွေကချစ်နေမှာ ကျွန်တော့်ရဲ့ချစ်ပေးမှုတွေနဲ့အသားကျလာပြီးစီးမျောလာတဲ့တစ်နေ့ချမ်း,ကကျွန်တော့်ထက်တောင်ပိုချစ်နိုင်ဦးမှာ...။
အဲ့ဒီတော့ဘယ်သူတွေဘာပြောပြော ဘုန်းပြည့်ချမ်းဟန်ဆိုတာနဲ့ ဒီကောင့်အတ္တကမြင့်မိုရ်တောင်ထက်နှစ်ဆကြီးပါတယ်။
______________________________________________
𝙆𝙈𝙏-💜-
𝟕 𝙉𝙊𝙑,𝟐𝟎𝟐𝟏-♒-