Is Love Real ??

By Sol_Sol_01

7.3K 353 32

သူကလေ တစ်လျှောက်လုံး ကျွန်မကို လိမ်ညာခဲ့တဲ့အပြင် ကတိတစ်ခုတောင်မတည်ဘဲ အမြဲ ရှောင်ပြေးနေတဲ့ မိန်းမမျိုး ကျွန်မ... More

Is Love Real?? (intro)
Is Love Real?? (part 1)
Is Love Real ?? (part 2)
Is Love Real ?? (part3)
Is Love Real ?? (part 4)
Is Love Real ?? (part 5)
Is Love Real?? (part 6)
Is Love Real?? (part 7)
Is Love Real?? (part8)
Is Love Real ??(part 9)
Is Love Real?? (part10)
Is Love Real?? (part 11)
Is Love Real?? (part12)
Is Love Real?? (part13)
Is Love Real?? (part14)
Is Love Real ??(part 15)
Is Love Real ?? (part 16)
Is Love Real?? (part17)
Is Love Real?? (part18)
Is Love Real?? (part20)
Is Love Real?? (part21)
Is Love Real?? (part22)
Is Love Real?? (part23)
Is Love Real?? (part 24)

Is Love Real?? (part19)

99 8 2
By Sol_Sol_01

ဒီလိုနဲ့ နောက်ပိုင်းကို အတိတ်အကြောင်းတွေ ပြန်လည်ဆွေးနွေးတာမျိုးမလုပ်တော့ဘဲ ပစ္စုပန်မှာဘဲ သင်းနဲ့ ယွန်း ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနေကြတော့တယ် အရင်အကြောင်းဆိုရင် စကားတောင်မစခဲ့ကြပါဘူး.......

တစ်နေ့ ယွန်း nf ပွတ်နေတုန်း တွေ့လိုက်တယ် Happy National Girlfriend Day တဲ့ အဲ့အချိန်ယွန်းပြေးမြင်ပြီး စဉ်းစားမိလိုက်တာက သင်းဘဲလေ

" သင်းကငါ့ကောင်မလေးဆိုတော့ ဒီ National Girlfriend Day ကလည်း သူနဲ့ဆိုင်တယ် သူ့အတွက် တစ်ခုခုလုပ်ပေးရမယ် ဘာလုပ်ပေးရမလဲဆိုပြီး ယွန်းဝင်ကြည့်တဲ့အချိန်မှာ song လေးတစ်ခုနဲ့ အကြံရလာတယ် "ဟုတ်တယ် သူ့ကို video ရိုးရိုးလေး edit ပေးမယ် ရိုးရိုး edit ဆိုပေမယ့် သီချင်းစာသားမှာတော့ ငါပြောချင်သလိုအပြည့်ပါတယ် ဟုတ်တယ် ဒါဘဲ လုပ်မယ်ဆိုကာ ယွန်းတစ်ယောက် သီချင်းဒေါင်းပြီး edit ရန်ပြင်တော့တယ်

ယွန်းပြောချင်တာနဲ့ တစ်ထပ်တည်းကျနေတဲ့ သီချင်းစာသားကတော့ " No one compare you stand alone to every record I own" ......တကယ့်ကို ယွန်းတွေ့ဖူးသမျှ သူတွေထဲမှာ သင်းက အကောင်းဆုံး ကောင်မလေးတစ်ယောက်ပါဘဲ..

ဒီလိုနဲ့ မြန် မြန် edit ပြီးတော့ သင်းဆီသွားကာ

ယွန်း - happy national girlfriend day ဆိုပြီး video လေးပါ ပို့လိုက်ပါတယ်

သင်း - hehe ယွန်းလည်း happy national girlfriend day ပါနော်

ယွန်း -ဟုတ် video ကတော့ အရမ်းထွေ"ထူးမဟုတ်ဘူး စာသားလေးဘဲ ဟီး"

သင်း - စာသားလေးက အားတွေဖြစ်တယ်

ယွန်း - အဲ့စာသားအတိုင်း တကယ်ပါနော် ဟီး

ဒီလိုနဲ့ သင်းနဲ့ ယွန်းလည်း စကားတွေပြောပြီး အရင်လို ဖြတ်သန်းကြတာပေါ့

ယွန်း - သင်း သင်းရဲ့ ငယ်ငယ်တုန်းကပုံတွေ ပို့ပေး

သင်း - omm သိပ်တော့မရှိဘူး

ယွန်း - ရတယ် ရှိသလောက်ပို့

သင်း - okay ပါဗျာ

ဒီလိုနဲ့ ခဏနေတော့ ပုံ နှစ်ပုံရောက်လာခဲ့တယ်

ယွန်း - ချစ်စရာလေးတွေ UwU

သင်း - နှစ်ပုံထဲရှိတယ်

ယွန်း - ရတယ်ရတယ် ယွန်းမှာ နောက်တစ်ပုံရှိသေးတယ်

အဲ့ပုံက ယွန်း သင်း acc ထဲမွှေရင်းတွေ့ထားတာပေါ့ ....

"သင်း အရမ်းချစ်ဖို့ကောင်းတာဘဲ ငယ်ငယ်လေးဘဲရှိသေးတာဘဲ ပါးဖောင်းဖောင်းလေးနဲ့" ယွန်း ပုံကို ကြည့်ရင်း အရမ်းအူးယားတာတွေ ဖြစ်လာခဲ့တယ်

"ငါဒီပုံ ဘယ်နေရာမှာ တင်ရင် ကောင်းမလဲ .....ဟုတ်ပြီ IG မှာတင်မယ်ဆိုကာ IG က profile ပုံက သင်းရဲ့ ငယ်"ကပုံရယ်နဲ့အတူ bio မှာလည်း "Thin's kg ma lay desu" ဆိုပြီးထားခဲ့တယ်

သင်းကလည်း ယွန်းနဲ့အတူ ဆွဲထားတဲ့ couple ပုံကိုမှ ယွန်းဘက်ကို ဦးစားပေးတဲ့ပုံကို IG profile ထား"တာ

"ချစ်တယ် အရမ်းချစ်တယ် ယွန်း တစ်ခါမှ အချစ်မခံရဘူးတဲ့ ပုံစံနဲ့ ပါ အရမ်းချစ်တယ် သင်း".....
-------------------------------------------

တစ်ပတ်အနည်းဆုံးတစ်ခေါက်လောက် ယွန်းက အင်ယားကန်ကို ရောက်တယ် အင်းယားကန်ရောက်ရင် အမြဲစဉ်းစားမိတာက အတွဲတွေ ခုံပေါ်မှာ သူတို့ နာမည် or anni date ကို အမှတ်တရအဖြစ်ထိုးထားလေ့ရှိတယ်လေ ယွန်းလည်း အဲ့လိုလုပ်ချင်နေခဲ့တာ အဲ့ဒါကြောင့် ယွန်းလည်း အဲ့လိုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်

ယွန်းစဉ်းစားမိတာ ကြာခဲ့ပါပြီ ဒါပေမယ့် ကော်ရရှင် မယူသွားမိလို့ မလုပ်ဖြစ်ခဲ့ရဘူး တစ်နေ့ အင်ယားကန်သွားမယ့် အချိန်မှာ ယွန်း မှတ်မှတ်ရ ကော်ရရှင်ကို ယူသွားခဲ့တယ် ဒီနေ့တော့ ရအောင် ရေးမယ်ဆိုပြီးတော့ပေါ့....

အင်ယားကန်ရောက်တော့ ယွန်းခုံလိုက်ရှာတယ်

"ဒီနေရာမဆိုးဘူး view လည်းလှသလို ထိပ်ဆုံးကနေရာလို လူမစည်နေဘူး သင်းနဲ့ date ဖြစ်ခဲ့ရင် ဒီနေရာလေးက အဆင်ပြေမယ်" ဆိုပြီး ယွန်းရွေးလိုက်တဲ့ နေရာလေးက အစိမ်းရောင် ခုံတန်းတွေအပြီး ဒုတိယမြောက် ပန်းရောင် ခုံလေးမှာပါ
ပန်းရောင်က romantic လည်း ဆန်သလို အဲ့ကနေကြည့်ရင် Myanmar Plaza ရယ် Sedona Hotel ရယ် Shwe dogon ဘုရားတို့ time city တို့ lottel tower တို့ ဂေါက်ကွင်းတို့ ချားယာဉ်ကြီးတို့ကို အရမ်းလှတဲ့ နေရာကနေ မြင်ရတဲ့ view မှာပေါ့
အဲ့နေရာကလည်း အလယ်မှာ ဖြစ်နေတဲ့အတွက် အစပိုင်းလောက် လူမများတော့ အတွဲတွေ date ရင်အကောင်းဆုံးနေရာလေးပေါ့......

ယွန်း - အငယ်မ နည်း"ကာပေး ရှက်လိုက်တာ နိုင်ငံခြားသားတွေကကြည့်နေတယ်

ယွန်း ညီမ - omm ပါ မြန်မြန်ရေး

အမှန်ဆို အဲ့လိုမျိုးတွေ အတွဲ နှစ်ယောက်နဲ့ တူတူရေးကြရတာတွေလေ အဲ့ဒါတွေကို ယွန်းတစ်ယောက်တည်းလုပ်နေတော့ လမ်းသွားလမ်းလာတွေ ဘာလုပ်တာလဲ ဆိုပြီး ကြည့်ကြတော့ ယွန်းလည်း ရှက်"နဲ့ လုပ်ရတာပေါ့

ယွန်း - ရပြီ"

ယွန်း ညီမ - ကြာလိုက်တာ

ယွန်း - လှအောင်ရေးရတယ်လေ ဓာတ်ပုံရိုက်ရတယ်လေ

ယွန်းညီမ - ဟုတ်ပါပြီ သွားမယ်

ဒီလိုနဲ့ ယွန်းလည်း အိမ်ပြန်လမ်းမှာ ဓာတ်ပုံကို edit သွားပြီး အိမ်ရောက်တော့

ယွန်း - သင်း ပြစရာရှိတယ်

သင်း - omm ပြလေ

ယွန်း - တန်ဒန်ဒန် ဒီမှာပါ အင်ယားကန်က ခုံတစ်ခုံမှာ ရေးထားတာ

သင်း - ယွန်းက အရမ်း ro တတ်တာဘဲ

ယွန်း - ဟဲ" သင်း ရန်ကုန်လာရင် အင်ယားကန်ကိုခေါ်သွားမယ်သိလား အဲ့ခုံမှာ သင်းနဲ့တူတူထိုင်ပြီး sun set လေးကြည့်ချင်တယ်

သင်း - ဟုတ်ပါပြီ.....

ဒီလိုနဲ့ အရင်လို စကားတွေ ဟိုပြော ဒီပြောနဲ့......

သင်း - မနက်ဖြန် class ရှိတယ် အိပ်တော့မယ်နော် good night hime လေး sweet dream hime လေး

သင်း ယွန်းကို  hime လေးလို့ခေါ်ပြီး ပြောနေတဲ့ပုံလေးက အရမ်းအူယားစရာကောင်းနေတာကြောင့် ယွန်းလည်း ရှက်တဲ့ စိတ်တွေ ရုတ်တရတ်ပျောက်ကာ

ယွန်း - ဟုတ်ပါပြီ Good night My bae ဆိုပြီး ပြောလိုက်တယ်

သင်း - နောက်တစ်ခေါက်ထပ်ပြောပါအုံး

ယွန်း - my bae my baby

သင်း - UwU

ယွန်း အဲ့လိုခေါ်တာကို သင်းက ကြိုက်နေသလိုမ​ျိုးဖြစ်နေတာကို သတိထားမိတော့ သင်းကို အဲ့လိုဘဲ ခေါ်တော့မယ် လို့ဆုံးဖြတ်ကာ nickname နေရာမှာ my bae လို့ ပြောင်းလိုက်တာပေါ့.....

ယွန်း - good night my bae  လေး have a nice dream

သင်း - ဟုတ် ဆိုကာ ကိုယ်စီနှုတ်ဆက်ပြီး အိပ်ရာဝင်သွားကြပြန်တာပေါ့......

ယွန်းလည်း ကိုယ်ပြောတာကို ကိုယ်ပြန်စဉ်းစားပြီးမှ အရမ်းရှက်နေတော့တယ်
"Yahhh ဘယ်လိုခေါ်လိုက်တာပါ့လိမ့် ရှက်လိုက်တာ သင်းကြိုက်ရင် ပြီးတာပါဘဲ" ဆိုကာ ယွန်းတစ်ခုလုပ်ရန်ပြင်တော့တယ်

Gallery ထဲဝင်ကာ သင်းနဲ့ ယွန်းကြားမှာ ရှိတဲ့ အမှတ်တရပုံတွေ video တွေ screenshot တွေကို အကုန်စုပြီး "My Bae" ဆိုတဲ့ နာမည်နဲ့ သီးသန့် album လုပ်လိုက်တော့တယ်

"ချစ်တယ် သင်း ချစ်တယ် ချစ်တယ် ချစ်တယ် စကားနဲ့ မပြောပြတတ်လောက်အောင်ချစ်တယ်"
ဆိုကာ ယွန်းလည်း အိပ်ရာဝင်သွားခဲ့တယ်

ဒီလိုနဲ့ သင်းနဲ့ ယွန်းကြားမှာ ဘာပြသာနာ ထွေ"ထူး မရှိတော့ဘဲ အဆင်ပြေတာ ကြာခဲ့ပြီပေါ့

ယွန်း - သင်း စာလုပ်လေ မလုပ်ရင်ဆူတော့မှာနော် ဟိုတစ်နေ့တည်းက လုပ်လို့ပြောနေတာကို မလုပ်ဘူး

သင်း - ဟီး" ခဏနေမှ လုပ်မယ် အခုအရင်ဆူ

ယွန်း - ဟမ်

သင်း - အရင်ဆူလို့

ယွန်း - သူများတွေများ အဆူမခံချင်လို့ စာလုပ်ကြတာကို သင်းအလှည့်ကြမှ အဆူခံချင်နေတယ် ထူးထူးဆန်းဆန်း

သင်း - ဟီး" ဆူပါ

ဒီလိုနဲ့ ယွန်းလည်း သင်းကို စာကောင်းကောင်းလုပ်ရန် နားဝင်အောင်ဆူလိုက်တော့တယ်......

-------------------------------------------

ယွန်း - ဟဲ့ ရက် ၁၀၀ က ၃ လပြည့်ပြီး ၁ ပတ်အကြာမှာ ပြည့်တာမလား

ကြယ်စင် - အေး ဟုတ်တယ်

ဒီလိုနဲ့ ယွန်းလည်း ၃ လပြည့် ရက် ၁၀၀ မတိုင်ခင်  anni video လှလှလေး လုပ်ချင်တာကြောင့် idea တွေ ထုတ်နေတော့တာပေါ့

"ဘာလုပ်ရင်ကောင်းမလဲ ဘာလုပ်ရင် ကောင်းမလဲ ခဏနေအုံး အခုခေတ်စားနေတဲ့ heart sign ပုံလေးကို သင်းနဲ့ ငါရဲ့ heart sign လေးလုပ်ရင်ကောင်းမယ် ဟုတ်ပြီ ဒါပေမယ့် ငါပုံမရိုက်တတ်ဘူး ကြယ်စင့်ကိုမေးအုံးမှ

ယွန်း - ဟဲ့ နင် နက့်ကောင်လေးနဲ့ heart sign ရိုက်တုန်းက camera ဘယ်လို ယူပြီး လက်ဘယ်လိုအနေအထားနဲ့ ရိုက်လဲ

ကြယ်စင် - မီးချောင်းအလင်းရောင်မပါစေနဲ့ ဖုန်းအောက်ချပြီး ရိုက်ရုံဘဲ နေ့ဘက်ရိုက်ရင် ပိုကောင်းတယ်

ယွန်း - အေး ကျေးဇူး"

ဒီလိုနဲ့ ယွန်းလည်း ကြယ်စင်ပြောသလို ဓာတ်ပုံကို စမ်းရိုက်တော့တယ်

"ဟာမလှလိုက်တာဟယ် တကယ်ဘဲ ယွန်းခဏခဏရိုက်ပြီးမှ ကြယ်စင်ပြောတဲ့အတိုင်းပုံထွက်လာခဲ့တယ်

ယွန်း - သင်း ယွန်းကို တစ်ခုလုပ်ပေးပါလား

သင်း - ဘာလုပ်ပေးရမလဲ ပြောပါ

ယွန်း - heart sign လေးနဲ့ ဓာတ်ပုံရိုက်ပေး ဒီလိုလေး မမှောင်စေနဲ့နော်

သင်း - ဟုတ်ပါပြီ

ဒီလိုနဲ့ ယွန်းလည်း လုပ်စရာရှိတာ ဆက်လုပ်နေရင်း ညနေစောင်းတော့

သင်း - ဒီမှာရပါပြီ

ယွန်း - လှလိုက်တာ

သင်းက ကောင်းကင်ကြီးကို နောက်ခံထားပြီးရိုက်ထားတော့ အရမ်းလှနေတယ်

သင်း - နည်း"တော့မှောင်နေတယ်

ယွန်း - ရတယ်" ယွန်း edit လိုက်မယ်

အဲ့ကနေစပြီး ယွန်း edit လိုက်တာ ည ၈ နာရီကျော်မှာ ပြီးတော့တယ်

"ဟူး အခုမှ အဆင်ပြေတော့တယ် လှလိုက်တာဟယ် မသိရင် အပြင်မှာ တကယ် လက်ချင်းချိတ်ပြီး heart sign အစစ်လုပ်ထားသလိုဘဲ"

ယွန်း အဲ့ heart sign ပုံကို အရမ်းကြိုလွန်းလို့ ပုံစံမျိုးစုံနဲ့ကို edit ထားတာပေါ့

"ငါဒါကို ဘယ်နေရာမှာ တင်ရင်ကောင်းမလဲ သင်းကိုတော့ ရက် ၁၀၀ ပြည့်မှ ပြမယ် အခုတော့ ဘယါနားထားရင်.......သိပြီ" ဆိုကာ ယွန်း app အသစ် တစ်ခုဒေါင်းလိုက်တယ်

အဲ့ app က anni date မှတ်တဲ့ app ပါဘဲ ဒါပေမယ့် ဘာတွေ ပါသွားလဲဆိုတော့ Birthday chart အလိုက်သူဒီနေ့ဘာဖြစ်နေလဲတို့ noti  bar လည်း ဖွင့်ထားလို့ရပြီးတော့ anni ရက်နီးရင် သတိပေးတဲ့ noti တို့ ဘယ်နေ့ ကြရင် ၄လပြည့်မှာ ၅လပြည့်မှာ ၁ နှစ်ပြည့်မှာတို့ calendar မှာကအစ အမှတ်အသားလေးနဲ့ ပါတဲ့ အရမ်းကောင်းတဲ့ app လေးကို ယွန်းတွေ့တော့ သဘောကျစွာနဲ့ down ပြီး app အတွင်းပိုင်းကို သင်းနဲ့ ယွန်းရဲ့ ပုံလေးနဲ့အတူ heart sign လေးကိုမှ ပန်းဆီရောင်လေးနဲ့ romantic ဆန်တဲ့ ပုံစံမျိုးဖြစ်အောင် ပြင်ဆင်နေတော့တယ်

"ဟူး ရပြီ တော်"လုပ်လိုက်ရတာဘဲ အခုဆို app အတွင်းတောင်ဝင်ကြည့်စရာမလိုတော့ဘူး noti bar မှကအစ သင်းနဲ့ ငါရဲ့ အမှတ်တရလေးတွေပေါ်နေပြီ အဲ့တော့ ငါက edit အတွက် song လိုက်ရှာရတော့မှာပေါ့" .........
------------------------------------------
ညတစ်ညမှာ ယွန်းအိပ်ခါနီး Facebook မှာ noti တက်လာတယ်

in a relationship with thin confirm or not တဲ့ယွန်းလည်း ဘာမှန်းလည်း သေချာမသိဘဲ လျှောက်နှိပ်လိုက်တယ် ခဏနေတော့ congratulation ဆိုပြီး ယွန်းရဲ့ profile ပေါ်မှာ In a realtionship with Thin ဆိုပြီးပေါ်လာခဲ့တယ် အရင်က in a rs ဆိုပြီးဘဲရှာခဲ့တာ ဘယ်သူဆိုတာ မပေါ်ခဲ့ဘူး ယွန်းအဲ့ဒါကိုမြင်မြင်ချင်း အရမ်းပျော်ပြီး ကျေနပ်လွန်းလို့ မျက်ရည်တောင်ကျတဲ့ထိပါ

အဲ့ဒါနဲ့အတူ အတွေးများစွာပေါ့ "ငါအရင်လို အမြဲ တစ်ယောက်တည်းမဟုတ်တော့ဘူး ငါ့မှာ ငါ့ကိုချစ်တဲ့သူရှိပြီ supportingပေးတဲ့သူရှိပြီ ငါ့ဘေးနားမှာ နေပေးတဲ့သူရှိပြီ ငါအရင်လို မဟုတ်တော့ဘူး ငါ့မှာ သင်းရှိပြီ ......." ဆိုပြီး အတွေးများစွာနဲ့အတူ မျက်ရည်များကျလျက်ပေါ့....

ဒီလိုနဲ့ အဲ့ဒီ နောက်ပိုင်းတကယ့်ကို ယွန်းပျော်ခဲ့ရတာ အိမ်ပြသာနာလည်း မရှိခဲ့သလို သင်းနဲ့လည်း အဆင်ပြေနေခဲ့ရတာကြောင့်ပါ.......

ပထမဆုံးရေးသားခြင်းလို့ အရေးအသားကောင်းသည်ရှိသော် စာလုံးပေါင်းမှာည်ရှ်သော် တောင်းပန်ပါတယ်🙇‍♀️

SOL

Continue Reading

You'll Also Like

7.1K 796 80
Incorrect quotes of BTS
769K 15.5K 111
Yaszy Romano has been through so much pain and suffering her entire life but it makes her who she is. Dark Angel...Dangerous, Powerful. An Assassin...
16.5K 596 14
"သိပ်ချစ် မင်းကလေ အစ်မရဲ့ စိတ်ကိုဂယောင်ခြောက်ခြား ဖြစ်‌စေတဲ့ ပထမဆုံးလူပါပဲ သံသရာတကွေ့မှာ ထပ်မတွေ့ဖြစ်ဖို့ ဆုတောင်းပါတယ်" "မူးပြီးမှားခဲ့တဲ့ အမှားမို...