Zawgyi Version
"ခ်င္းခ်င္း ကိုယ္ေျပာတာ နားေထာင္ေနာ္!"
ဖုန္းခ်န္က မုရံုခ်ီခ်ီအား ဖက္လိုက္သည္။ သူ႔ရဲ႕ဖီးနစ္မ်က္လံုးက သူမ၏ မ်က္ရည္မ်ားျဖင့္ ျပည့္ေနေသာ မ်က္လံုးကို ၾကည့္ေနသည္။
"ကိုယ္က မင္းရဲ႕ အစ္ကို မဟုတ္ဘူး! ကိုယ္တို႔ၾကားမွာ ေသြးသားေတာ္စပ္မႈ မရွိဘူး။ ကိုယ္က စစ္သူႀကီးနဲ႔ မင္းသမီးတို႔က ေမြးစားထားတဲ့ ကေလးပါ။ ကိုယ္တို႔က ေမာင္နွမရင္းေတြ မဟုတ္ပါဘူး"
တခဏအတြင္း မုရံုခ်ီခ်ီက ဖုန္းခ်န္စကားမ်ားကို မည္သို႔ တုံ႔ျပန္ရမည္မွန္း မသိေပ။ သူမက ထိုေနရာတြင္ ဗလာသက္သက္ျဖင့္ ထိုင္ေနသည္။ သူမက သူမလက္ကို ဆန္႔တန္းလိုက္ကာ ဖုန္းခ်န္မ်က္နွာအား ထိေတြ႕လိုက္သည္။ သူမက သူ႔အား စာနာစြာျဖင့္ ၾကည့္ကာ
"အစ္ကို... ဒီအခ်ိန္မွာ ဒီအခ်က္ကို ရွင္ လက္ခံနိုင္မွာ မဟုတ္မွန္း ညီမ နားလည္ပါတယ္ ... ဒါေပမယ့္ အမွန္တရားက ေျပာင္းလဲပစ္လို႔ မျဖစ္နိုင္ဘူး"
"မဟုတ္ဘူး"
ဖုန္းခ်န္က မုရံုခ်ီခ်ီအား ဆုပ္ကိုင္လိုက္သည္။ သူ႔မ်က္လံုးမ်ားတြင္ စိတ္အားထက္သန္မႈမ်ား ျပည့္နွက္ေနကာ
"ကိုယ္ အမွန္တရားတခုကို ေျပာျပမယ္! ကိုယ့္ရဲ႕ မ်ိဳးရိုးအမည္က ဖုန္းမဟုတ္ဘူး! ကိုယ္က မင္းရဲ႕ အစ္ကို မဟုတ္ဘူး!"
"အစ္ကို..."
"ကိုယ့္ကို အစ္ကိုလို႔ မေခၚပါနဲ႔ဆိုကြာ!"
သူ႔အား ဝမ္းနည္းေစသည့္ ထိုစကားေတြ ထြက္ေပၚလာျခင္းမွ တားဆီးရန္ ဖုန္းခ်န္က မုရံုခ်ီခ်ီႏႈတ္ခမ္းအား ခ်ိတ္ပိတ္လိုက္သည္။
ဖုန္းခ်န္နွင့္ ဒီလို ျဖစ္ေနရင္းမွ မုရံုခ်ီခ်ီက ျပင္းျပင္းထန္ထန္ငိုလိုက္သည္။ သူက ဒီကိစၥကို လက္မခံနိုင္ဘူး။ သူက ဒီကိစၥကို တကယ္ကို လက္မခံနိုင္ေပ။ သို႔ေပမယ့္ သူတို႔ ဘာလုပ္နိုင္မွာလဲ? သူတို႔ရဲ႕ ေမာင္နွမဆိုတဲ့ သရုပ္မွန္က အဆံုးအျဖတ္ေပးခဲ့ၿပီးၿပီ! သူတို႔သာ ဒါဆို တေလာကလံုးကို ေၾကာ္ျငာရင္ သူမက ဖုန္းခ်န္၏ ညီမျဖစ္လာမည္ဆိုတာ သံသယျဖစ္စရာ မလိုေပ။
သူမပါးမွ စိုစြတ္မႈကို ခံစားရၿပီးေနာက္ ဖုန္းခ်န္က မုရံုခ်ီခ်ီႏႈတ္ခမ္းကို လႊတ္ေပးလိုက္သည္။ သူမက အသံတိတ္ငိုေႂကြးေနၿပီး အရမ္းဝမ္းနည္းေနတာကို ျမင္ရေသာအခါ သူ႔နွလံုးသားက မခံစားနိုင္ေအာင္ပင္။
"ခ်င္းခ်င္း... ကိုယ္က မင္းရဲ႕အစ္ကို မဟုတ္ဘူး! ကိုယ္က စစ္သူႀကီးရဲ႕ သူငယ္ခ်င္းေဟာင္းတေယာက္ရဲ႕ သားပါ"
လြန္ခဲ့ေသာ နွစ္ဆယ္ငါးနွစ္က ဖုန္းခ်န္၏ မိဘမ်ားသည္ ကပ္ေဘးတခုအတြင္း ေသဆံုးခဲ့ရသည္။ ထိုအခ်ိန္တြင္ ဝမ္ရမ္္မင္ယြဲ႕ေမြးထားေသာ တလသားအ႐ြယ္ သားေလးမွာ အေအးဒဏ္ေၾကာင့္ ေသမင္းတံခါးဝသို႔ ေရာက္ခဲ့သည္။ ဖုန္းရွဲ႔က လသားအ႐ြယ္ နို႔စို႔ကေလးငယ္ ဖုန္းခ်န္ကို ေခၚေဆာင္လာသည္။ ဝမ္ရမ္မင္ယြဲ႕၏ ခြင့္ျပဳခ်က္ျဖင့္ ဖုန္းခ်န္အား သူတို႔ကေလး ျဖစ္လာေစကာ ဖုန္းမိသားစု၏ အႀကီးဆံုးသခင္ေလးဟုေသာ ဇာတ္ေကာင္ေအာက္၌ ရွင္သန္ေစခဲ့သည္။
"ဒါဆို ရွင္က..."
ဖုန္းခ်န္၏ ပါးစပ္မွ ထြက္ေပၚလာေသာ ထိုစကားမ်ားသည္ မုရံုခ်ီခ်ီအတြက္ စိတ္ကူး၍ မရနိုင္ေအာင္ပင္! သူမကို ေခ်ာ့ေမာ့ဖို႔၊ သူမ ဝမ္းမနည္းရေလေအာင္ ဖုန္းခ်န္က ဇာတ္လမ္းတပုဒ္ဖန္တီးသည္ဟုလည္း မုရံုခ်ီခ်ီက သံသယျဖစ္မိသည္။
"ကိုယ့္ရဲ႕ မူလမ်ိဳးရိုးအမည္က လံုပဲ!"
လံု! မုရံုခ်ီခ်ီက တခဏတာ ေတြးေတာလိုက္သည္။ ရုတ္တရက္ သူမမ်က္လံုးမ်ားက ျပဴးက်ယ္သြားကာ ဖုန္းခ်န္၏ မ်က္နွာအား စိုက္ၾကည့္လိုက္သည္။
"ေနေရာင္ေအာက္က ဘယ္ေနရာမဆို လံုမ်ိဳးရိုးလူက သိပ္မရွိဘူး! မူလခ်င္မင္းဆက္ရဲ႕ ေတာ္ဝင္မ်ိဳးရိုးအမည္ကလည္း လံုပဲ!"
သူ႔သရုပ္မွန္ကို ျမန္ျမန္ဆန္ဆန္ ခန္႔မွန္းမိသြားတဲ့အတြက္ မုရံုခ်ီခ်ီကို ဖုန္းခ်န္က ၾကင္နာစြာ ၿပံဳးျပလိုက္သည္။ သူက သူမနဖူးေပၚမွ ဆံပင္မ်ားအား ေဘးသို႔ ဆြဲပို႔လိုက္သည္။
"ဒါအမွန္ပဲ! ခ်င္းခ်င္း... ကိုယ့္ရဲ႕ သရုပ္မွန္က မင္းစဥ္းစားေနတဲ့ တေယာက္ပဲ!"
ဒီေပါက္ကြဲထြက္လာသည့္ သတင္းမွာ မုရံုခ်ီခ်ီအား မူးေမ့လုနီးပါး ျဖစ္လာေစသည္။ ဖုန္းခ်န္က မူလခ်င္မင္းဆက္ရဲ႕ မင္းသားတပါးလား? လြန္ခဲ့တဲ့ နွစ္ဆယ့္ငါးနွစ္က ဖုန္းခ်န္ ေမြးဖြားခဲ့သည္။ လြန္ခဲ့တဲ့ နွစ္ဆယ့္ငါးနွစ္က မူလခ်င္မင္းဆက္မွာ သံုးနိုင္ငံအျဖစ္ ၿပိဳကြဲခဲ့ၿပီး ပ်က္သုန္းခဲ့သည္။ ဒါဆို ဖုန္းခ်န္အေဖက မူလခ်င္မင္းဆက္ရဲ႕ မင္းႀကီးလား?
"ရွင္က..."
မုရံုခ်ီခ်ီက အၾကာႀကီး စဥ္းစားေနၿပီး ဖုန္းခ်န္၏ သရုပ္မွန္ကို မည္သို႔စကားလံုးျဖင့္ ေဖာ္ျပသံုးႏႈန္းရမွန္း မသိေပ။
"မူလခ်င္မင္းဆက္ရဲ႕ လက္က်န္ ဆိုးယုတ္တဲ့ အစိတ္အပိုင္း!"
ဖုန္းခ်န္၏ သူ႔ကိုယ္သူ ေဖာ္ျပမႈကို မုရံုခ်ီခ်ီက ရယ္ေမာလိုက္သည္။ အဓိကရုဏ္းျဖစ္ခ်ိန္မွာ ဖုန္းရွဲ႔က ဖုန္းခ်န္ကို ဘာေၾကာင့္ ေခၚထုတ္လာမွန္း မသိေပမယ့္ အေၾကာင္းျပခ်က္တခုေတာ့ ရွိရမည္။
"ဝမ္ရယ္... ရွင္ ကြၽန္မကို လိမ္ေတာ့ မလိမ္ပါဘူးေနာ္ ဟုတ္တယ္မလား?"
သူမအၿပံဳးေၾကာင့္ မုရံုခ်ီခ်ီမ်က္နွာေပၚမွ ဝမ္းနည္းေနမႈမ်ားသည္ ေပ်ာက္ကြယ္သြားသည္။ သူမနွာေခါင္းေလးမွာ နီရဲေနသည္။ ငိုထားေသာေၾကာင့္ သူမမ်က္လံုးတဝိုက္အသားအေရမွာလည္း နီျမန္းေနသည္။
"မဟုတ္ပါဘူးဆို! ကိုယ္က တကယ္ကို မင္းရဲ႕ အစ္ကိုရင္း မဟုတ္ဘူးဆိုကြာ!"
မုရံုခ်ီခ်ီေပ်ာ္ေနတာကို ျမင္ေသာအခါမွ ဖုန္းခ်န္က သူ႔၏ စိုးရိမ္ေနေသာ စိတ္မ်ားကို ျဖည္းျဖည္းခ်င္း ေလ်ာ့က်လာသည္။
"ဒါဆို ရွင့္ရဲ႕ တကယ္သရုပ္မွန္က ဘာလဲ?"
ဘာေၾကာင့္မွန္းမသိ မုရံုခ်ီခ်ီက သူ႔စကားေတြကို သံသယ ရွိေနေသးေသာ္လည္း ဖုန္းခ်န္အေပၚ ထားသည့္ သူမ၏ ယံုၾကည္မႈက မေသခ်ာမႈနွင့္ တံု႔ဆိုင္းမႈမ်ားကို သူမစိတ္ထဲ၌သာ ထားေစၿပီး အျပင္ဘက္ကို က်ယ္ေလာင္စြာ ေျပာမထြက္နိုင္ေပ။ သူ႔ကို ယံုၾကည္လိုက္! ထိုသည္ကား မုရံုခ်ီခ်ီနွလံုးသားထဲမွ ထြက္ေပၚလာေသာ အသံတသံျဖစ္သည္။
"လိမ္မာတယ္! ကိုယ့္ကို ျဖည္းျဖည္းခ်င္း ေျပာခြင့္ေပးအံုးေနာ္"
ဖုန္းခ်န္က မုရံုခ်ီခ်ီ၏ စိတ္မရွည္မႈကို သေဘာတက် ရယ္ေမာလိုက္သည္။ သူက သူမ၏ နီရဲေနေသာ နွာေခါင္းေလးကို ဆြဲလိမ္လိုက္ၿပီး မ်က္ရည္မ်ားကို သုတ္ေပးလိုက္သည္။
"ကို္ယ့္အေဖရင္းက မူလခ်င္မင္းဆက္ရဲ႕ အိမ္ေရွ႕မင္းသား လံုယြီပဲ! ကိုယ့္ရဲ႕ ေမြးအေမက တုလုမင္းသမီး ရွဝမ္းယင္ပဲ!"
မူလခ်င္မင္းဆက္၏ အိမ္ေရွ႕မင္းသား လံုယြီနွင့္ တုလုမင္းသမီး ရွဝမ္းယင္တို႔က လက္ထပ္ခဲ့သည္။ နွစ္ေယာက္သားဟာ လက္မထပ္ခင္ကတည္းက လွ်ိဳ႕ဝွက္စြာ ေတြ႕ဆံုခဲ့ၾကသည္။ လံုယြီက အရည္အခ်င္းျပည့္ဝသည္။ ရွဝမ္ယင္က လွပၿပီး ခ်စ္စရာေကာင္းသည္။ သူတို႔က ျမင္ျမင္ခ်င္း ခ်စ္မိခဲ့ၾကသည္။ မူလက လွပေသာ ပံုျပင္တပုဒ္ျဖစ္ခဲ့သည္။ သို႔ေသာ္ ေနာက္ပိုင္းတြင္ ကံမေကာင္းမႈမ်ား အတြဲလိုက္ ျဖစ္ပြားခဲ့သည္။
"အဲ့ဒီအခ်ိန္တုန္းက ျပည္နယ္ေခါင္းေဆာင္ မင္ပုက်စ္က ပုန္ကန္ဖို႔ စိတ္ကူးရွိေနခဲ့ရံုသာမကဘဲ ကိုယ့္အေမလို မိန္းကေလးမ်ိဳးက အနည္းငယ္သာ ရွိတယ္ဆိုၿပီး ကိုယ့္အဘိုးနားကို ေလခ်ိဳသြင္းခဲတယ္။ အဘိုးက မိန္းမလွေတြကို ႀကိဳက္ေတာ့ သဘာဝအေလွ်ာက္ လႈပ္ရွားသြားတာေပါ့! လက္ထပ္ပြဲမတိုင္ခင္ သူပုန္ေတြ ဝိုင္းထားပါတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ကိုယ့္အေဖကို အေဝးပို႔လိုက္တယ္။ (သူပုန္ေတြကို နွိမ္နင္းရန္) ၿပီးေတာ့ သူက မဟာမိတ္ျပဳ လက္ထပ္ဖို႔ ေရာက္လာတဲ့ တုလုမင္းသမီးကို နန္းေတာ္ထဲ ျပန္ေပးဆြဲလိုက္တယ္!"
"အ..."
ဒီထိ နားေထာင္ၿပီးေနာက္ မုရံုခ်ီခ်ီက ေအာ္ဟစ္လိုက္သည္။
"အရင္ဧကရာဇ္ေဟာင္းက ေတာ္ေတာ္အရွက္မဲ့တာပဲ! အဲ့ဒါက သူ႔ရဲ႕ ေခြၽးမေလာင္းကို! အဲ့ဒါက အိမ္ေရွ႕စံမင္းသမီးေလ... ဟာ!"
မုရံုခ်ီခ်ီ ထိုသို႔ေျပာတာ ၾကားေသာအခါ ဖုန္းခ်န္က ခါးသီးစြာ ရယ္ေမာရံုသာ။ သူက မုရံုခ်ီခ်ီနဖူးေပၚမွ မွည့္ေလးကို နမ္းရိႈက္လို္က္သည္။
"ကိုယ့္အေဖက သူ႔မိန္းမက သူ႔မယ္ေတာ္အျဖစ္ေျပာင္းသြားတယ္ဆိုတဲ့ အခ်က္ကို လက္မခံနိုင္ဘူး! မဟာစစ္သူႀကီး ဝမ္ရမ္က်စ္ရဲ႕ ေထာက္ပံ့မႈနဲ႔အတူ မင္းႀကီးကို နန္းစြန္႔ခိုင္းၿပီး သူ႔ဇနီးကို ျပန္ယူခ်င္ခဲ့တယ္။ ဒါဟာ တျခားသူေတြ ဆင္ထားတဲ့ ေထာင္ေခ်ာက္ဆိုတာ သူ စိတ္ကူးေတာင္ မၾကည့္ခဲ့ဘူး"
"အဘိုးက ရုတ္တရက္ ေသဆံုးသြားတယ္။ ျပည္နယ္ေခါင္းေဆာင္ မင္ပုက်စ္၊ ဝန္ႀကီးခ်ဳပ္ ဝမ္ရမ္လန္နဲ႔မဟာစစ္သူႀကီး ဝမ္ရမ္က်စ္တို႔က အတူတကြ ပူးေပါင္းခဲ့တယ္။ ကိုယ့္အေဖက နိုင္ငံေတာ္သစၥာေဖာက္မႈကို က်ဴးလြန္တယ္ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ သူတို႔က ကိုယ့္အေဖကို တိုက္ခိုက္ခဲ့ၾကတယ္။ ကိုယ့္အေဖက ကိုယ့္အေမကို ကာကြယ္ရင္း ေသဆံုးသြားခဲ့ရတယ္"
"ၿပီးေတာ့ ရွင့္အေမေရာ ဘာျဖစ္သြားလဲ?"
ဒီထိနားေထာင္ၿပီးေနာက္ မုရံုခ်ီခ်ီ နွလံုးသားမွာ လ်င္ျမန္စြာ ခုန္ေပါက္လာသည္။ အိမ္ေရွ႕စံမင္းသား၏ အခ်စ္အတြက္ အသက္ရွင္ၿပီး သူ႔ဇနီးကို ကာကြယ္ခဲ့သည့္ ျမင္ကြင္းကို သူမ လံုးဝျပည့္စံုစြာ ပံုေဖာ္နိုင္သည္။ မုန္းစရာေကာင္းေသာ သူမ်ားမွာ သူတို႔အား အကြက္ဆင္ခဲ့သည့္ သူမ်ားပင္။ သူတို႔က အမွန္တကယ္ ဆိုးသြမ္းယုတ္မာၿပီး သတိရွိၾကသည္။ သူတို႔က အရွက္အေၾကာက္ မရွိဘဲ ႐ြံစရာေကာင္းလွသည္။
"ကိုယ့္အေမက သာမာန္လူေတြၾကားမွာ ပုန္းေနခဲ့တယ္။ သူမအသက္ကို ကယ္ၿပီး ဖြက္ေပးထားတဲ့သူက ဖုန္းမိသားစုက အေစခံတေယာက္ပဲ! စစ္သူႀကီးနဲ႔ ကိုယ့္အေဖက သူငယ္ခ်င္းေတြ... အရင္တုန္းက စစ္သူႀကီးရယ္ ကိုယ့္အေဖရယ္ ဝမ္ရမ္လဲ့ရယ္ကအတူတူႀကီးျပင္းၾကတာပဲ! သူတို႔ရဲ႕ ဆက္ဆံေရးက အေကာင္းဆံုးပဲ! ဒါေပမယ့္ ထီးနန္းကို သိမ္းယူမယ္ဆိုတဲ့ ဝမ္ရမ္မိသားစုရဲ႕ ရည္မွန္းခ်က္ကိုေတာ့ စစ္သူႀကီးနဲ႔ ကိုယ့္အေဖမသိေအာင္ ထိန္းသိမ္းခဲ့တယ္။ ေနာက္ပိုင္း ကိုယ့္အေဖ ကပ္ေဘးဆိုက္ခဲ့ေတာ့ စစ္သူႀကီးက သူ႔ကိုယ္သူ အျပစ္တင္ခဲ့တယ္။ ကိုယ့္အေမကို အသိအမွတ္ျပဳ ၿပီးေနာက္မွာ သူက ကိုယ့္အေမကို နည္းအမ်ိဳးမ်ိဳးနဲ႔ ကာကြယ္ခဲ့တယ္။ အဲ့ဒီအခ်ိန္တုန္းက ကိုယ့္အေမမွာ ကို္ယ့္ကို ကိုယ္ဝန္လြယ္ထားေနရၿပီ"
"ကိုယ္က မင္းအစ္ကိုထက္ တနာရီေလာက္ပဲ ေနာက္က်ၿပီး ေမြးလာတာ! ေနာက္ေတာ့ မင္းအစ္ကို ဆံုးပါးသြားတုန္းက စစ္သူႀကီးက မင္းသမီးကို ခ်စ္ျမတ္နိုးေလေတာ့ ကိုယ့္ကို ထိန္းသိမ္းထားဖို႔ အေၾကာင္းျပခ်က္ရလာတယ္။ မင္းသမီးက က်ိဳးေၾကာင္းဆီေလ်ာ္တတ္သူ ျဖစ္တဲ့အျပင္ သူမအေဖနဲ႔ အစ္ကိုက ထီးနန္းကို ပုန္ကန္ခဲ့တဲ့အေၾကာင္းကို အျပစ္မကင္းတာေရာ ထပ္ေပါင္းၿပီး သူမက ကိုယ့္ကို ကာကြယ္ေပးၿပီး သူမသားဆိုတဲ့ အေနအထားနဲ႔ သူမေဘးမွာ ကိုယ့္ကို ထားၿပီး ထိန္းသိမ္းေစာင့္ေရွာက္ခဲ့တယ္"
စကားအနည္းငယ္သာ ျဖစ္ေသာ္လည္း ဒီၾကားထဲမွာ ရွိတဲ့ ခက္ခဲမႈနဲ႔ အႏၲရာယ္ေတြ ဘယ္ေလာက္ မ်ားမယ္ဆိုတာကို မုရံုခ်ီခ်ီက နားလည္ခဲ့သည္။
"ေနာက္ဆံုးေတာ့ ရွင့္အေမက ဘာျဖစ္သြားလဲ?"
မုရံုခ်ီခ်ီက ရွဝမ္ယင္အေၾကာင္းကို ေမးျမန္းတာ ျမင္ေသာအခါ ဖုန္းခ်န္၏ ထူထဲေသာ မ်က္ေတာင္တို႔သည္ သူ႔မ်က္လံုးထဲမွ လိႈင္းမ်ားအား ဖံုးကြယ္ထားလိုက္သည္။
"မေကာင္းဆိုးဝါးနွင္ ဘုရားေက်ာင္းကို မင္းမွတ္မိေသးလား? မူလခ်င္မင္းဆက္က ပ်က္သုန္းသြားတယ္! ေတာ္ဝင္ရတနာေတြကလည္း ေပ်ာက္ကြယ္သြားတယ္။ စစ္တပ္က တားျမစ္နန္းေတာ္ထဲကို ခ်ိဳးဖ်က္ဝင္ေရာက္လာေတာ့ မ်ားျပားတဲ့ရတနာေတြဟာ ကမာၻ႕မ်က္နွာျပင္ေပၚက ေပ်ာက္ကြယ္သြားသလို ျဖစ္သြားတယ္ "
"ကိုယ့္အဘိုး မေသခင္က သူနဲ႔ ေနာက္ဆံုးအတူရွိခဲ့တာက ကိုယ့္မိဘေတြပဲ! ကိုယ့္အေဖက ျမႇားေထာင္ေပါင္းမ်ားစြာရဲ႕ လက္မွာ ေသဆံုးခဲ့ရတယ္။ ဒါ့ေၾကာင့္ ရတနာေတြရဲ႕ ေနရာကို ကိုယ့္အေမက သိလိမ့္မယ္လို႔ ဝမ္ရမ္က်စ္က ေတြးခဲ့တယ္။ ဒါ့ေၾကာင့္ သူက ကိုယ့္အေမကို ဖမ္းဖို႔ အမိန္႔ထုတ္ခဲ့တယ္"
"စစ္သူႀကီးနဲ႔ မင္းသမီးတို႔ရဲ႕ ကာကြယ္မႈ ရွိေနေပမယ့္ တကယ္လို႔ လူေတြက သူမကို ဖုန္းအိမ္ေတာ္မွာ ဖမ္းဆီးရမိခဲ့ရင္ သူမက ေသခ်ာေပါက္ စစ္သူႀကီးနဲ႔ မင္းသမီးကို ကပ္ေဘးေတြ ယူေဆာင္လာသလို ျဖစ္မယ္ဆိုတာ ကိုယ့္အေမက ေတြးမိခဲ့တယ္။ ဒါ့အျပင္ သူမက ကိုယ့္ကိုပါ ဒုကၡျဖစ္ေစလိမ့္မယ္။ ဒါ့ေၾကာင့္ သူမက အခြင့္ေကာင္းယူၿပီး ညဘက္မွာ ထြက္ေျပးခဲ့တယ္။ ေနာက္ဆံုးေတာ့ သူမကို ဗုဒၶဘုရားေက်ာင္းမွာ ဖမ္းဆီးခဲ့တယ္"
"စစ္သူႀကီး ေျပာတာ ကိုယ္ၾကားခဲ့ရတာေတာ့ ေစာ္ကားခံရမွာစိုးလို႔ ကိုယ့္အေမက သူမဘာသာသူမ လွ်ာကိုက္ၿပီး သတ္ေသခဲ့တယ္တဲ့! ဝမ္ရမစ္က်စ္က ကိုယ့္အေမက အၿမီးကိုးေခ်ာင္းေျမေခြးမဆိုတဲ့ သတင္းလႊင့္ၿပီး ကိုယ့္အေမရဲ႕ အေလာင္းကို သျဂဳႋလ္ခဲ့တယ္။ ဒီကိစၥေၾကာင့္ပဲ ဒီဘုရားေက်ာင္းဟာ မေကာင္းဆိုးဝါးနွင္ဘုရားေက်ာင္းလို႔ အမည္ရလာတာပဲ!"
ေလးလံတဲ့ ၿငိမ္သက္မႈဟာ ပတ္ဝန္းက်င္ကို ဖံုးလႊမ္းထားသည္။ မုရံုခ်ီခ်ီရဲ႕ နွလံုးသားဟာ အသက္မရႈနိုင္ေလာက္ေအာင္ အလြန္နာက်င္ကိုက္ခဲေနသည္။ ဘာေၾကာင့္လဲ ဘာေၾကာင့္ ဒီလိုျဖစ္ခဲ့တာလဲ? မုရံုခ်ီခ်ီက ဖုန္းခ်န္ကို တင္းၾကပ္စြာ ဖက္တြယ္ထားသည္။ အခုတင္ပဲ ဖုန္းခ်န္၏ မ်က္လံုးေထာင့္မွ မ်က္ရည္မ်ားကို သူမ ရွင္းလင္းစြာ ျမင္လိုက္ရသည္။ ေၾကကြဲျခင္း၊ နာက်င္ျခင္း၊ ဝမ္းနည္းျခင္းတို႔သည္ ဖုန္းခ်န္၏ အခု ခံစားခ်က္ကို ေဖာ္ျပဖို႔ မလံုေလာက္နိုင္ေပ။
"ဝမ္ရယ္... ေတာင္းပန္ပါတယ္..."
မုရံုခ်ီခ်ီအသံက ဆို႔နင့္ေနသည္။ သူမ နာက်င္သည္... ဒီလိုဖုန္းခ်န္တေယာက္အတြက္ နာက်င္သည္.... ဖုန္းခ်န္ ႀကံဳေတြ႕ခဲ့ရသည့္ အရာမ်ားအတြက္ နာက်င္သည္။
မင္ပုက်စ္၏ လံႈ႕ေဆာ္မႈသာ မပါခဲ့လွ်င္ မူလခ်င္မင္းႀကီးသည္လည္း ယုတ္မာေသာ အေတြးမ်ိဳး ရွိခဲ့မည္မဟုတ္သလို မူလခ်င္မင္းဆက္သည္လည္း ပ်က္စီးခ်င္မွ ပ်က္စီးလိမ့္မည္။ အိမ္ေရွ႕စံမင္းသား လံုယြီက ထီးနန္းဆက္ခံၿပီး ဖုန္းခ်န္က အိမ္ေရွ႕စံမင္းသား ျဖစ္ကာ အႀကီးျမတ္ဆံုးအိမ္ေရွ႕စံမင္းသား ျဖစ္လာနိုင္သည္။
သူ သူ႔သမိုင္းေၾကာင္းကို သိခဲ့စဥ္တုန္းက ဘယ္တုန္းကမွ ျပန္ေတြးမၾကည့္ခဲ့သလို သတိရမွာကို ေၾကာက္႐ြံ႕မိသည္။ သူ႔မိဘေတြ ေတြ႕ႀကံဳခဲ့ရသည့္ အျဖစ္အပ်က္ေတြကို ျပန္သတိရမိလွ်င္ သူကိုယ္သူ မထိန္းခ်ဳပ္နိုင္ဘဲ ငိုေႂကြးမိမွာကို စိုးရိမ္မိခဲ့သည္။ အခု သူက မုရံုခ်ီခ်ီ၏ ေႏြးေထြးမႈကို ခံစားရေသာအခါ၊ သူမ၏ ရင္ခုန္သံနွင့္ သူမ၏ ခ်စ္ျခင္းေမတၱာတို႔ ျပည့္ေနေသာ အသံကို နားေထာင္ရေသာအခါ ဖုန္းခ်န္နွလံုးသားထဲရွိ ေနာက္ဆံုးကာကြယ္မႈစည္းသည္ ၿပိဳလဲသြားသည္။
"ခ်င္းခ်င္း..."
ဖုန္းခ်န္က မငိုမိေအာင္ သူ႔ကိုယ္သူ ခက္ခက္ခဲခဲ ထိန္းသိမ္းလိုက္သည္။ ေယာက်္ားစစ္စစ္ေတြက ဝမ္းနည္းေၾကကြဲဖြယ္ရာေတြ မႀကံဳေတြ႕ရတာေၾကာင့္ လြယ္လြယ္နဲ႔ မငိုေႂကြးတတ္ၾက။
"ကြၽန္မ ဒီမွာ ရွိတယ္ ကြၽန္မ ဒီမွာ ရွိတယ္ေနာ္"
မုရံုခ်ီခ်ီက ဖုန္းခ်န္ကို ညင္သာစြာ ပုတ္လိုက္သည္။ သူမမ်က္နွာေလးက သူ႔ဆံပင္ေပၚ ကပ္ေနၿပီး သူမရင္ခြင္တြင္းမွ တုန္ခါမႈကို ခံစားေနရသည္။ မုရံုခ်ီခ်ီနွလံုးသားလည္း တုန္ရီေနသည္။
ဘာေၾကာင့္ ကံၾကမၼာက လူေတြကို ဒီလိုမ်ိဳးကစားရတာလဲ? ဘာေၾကာင့္ ဖုန္းခ်န္မွာ ဒီလိုအတိတ္မ်ိဳး ရွိေနရတာလဲ? ဖုန္းရွဲ႔က ဖုန္းခ်န္ကို ဒီအေၾကာင္းေတြ မေျပာျပခဲ့ရင္ ဘယ္ေလာက္ေကာင္းမလဲ? သူ ဝမ္းနည္းမယ္ဆိုတာကို သိရက္နဲ႔ ဘာလို႔ သူက အမွန္တရားကို ဖြင့္ေျပာၿပီး ဖုန္းခ်န္အား ဒီလိုအရာေတြကို သည္းခံခိုင္းေစခဲ့ရတာလဲ?
အခု ဖုန္းခ်န္ရဲ႕ ဝမ္းနည္းေၾကကြဲမႈေတြဟာ ဘယ္ကထြက္ေပၚလာတယ္ဆိုတာ မုရံုခ်ီခ်ီက သေဘာေပါက္လိုက္ၿပီ ျဖစ္သည္။ အရင္တုန္းက အဲ့ဒီဝမ္းနည္းေၾကကြဲမႈေတြဟာ ဖုန္းရွဲ႔နွင့္ ဝမ္ရမ္မင္ယြဲ႕ေၾကာင့္ဟု ထင္ခဲ့ဖူးသည္။ ဒီေန႔ေတာ့ ဒီလူရဲ႕ နွလံုးသားထဲမွာ ဝမ္းနည္းမႈေတြကို နက္ရိႈင္းစြာ လွ်ိဳ႕ဝွက္ထားတယ္ဆိုတာ သူမ သိခ့ဲရသည္။ ထိုကဲ့သို႔ေသာ ေၾကကြဲဝမ္းနည္းဖြယ္ အတိတ္က လူတို႔လ်စ္လ်ဴရႈမရနိုင္ေသာ ေၾကကြဲဝမ္းနည္းမႈ အလႊာတထပ္အေနျဖင့္ ဖုန္းခ်န္၏ မ်က္ဝန္းမ်ားအား ဖံုးအုပ္ေပးထားသည္။
"ဝမ္ရယ္... ဒါဆို ရွင့္ရဲ႕သေႏၶအဆိပ္ကေရာ...?"
"သေႏၶအဆိပ္ရဲ႕ အစက ကိုယ့္အေမရဲ႕ ခႏၶာကိုယ္ကပဲ! ကိုယ္ထင္တာကေတာ့ အဲ့တာက တုလုနဲ႔ တခုခုသက္ဆိုင္လိမ့္မယ္။ တုလုရဲ႕ ဧကရီက အၿမဲတမ္း ဖမ္းလိုင္ကြၽန္းရဲ႕ တပည့္ေတြပဲ! ကိုယ့္ရဲ႕ ေမြးအေမဘက္က အဖြားက ကိုယ့္အေမငယ္ငယ္ကတည္းက ေသဆံုးသြားတာ! ေနာက္ေတာ့ အေမ့ဘက္က အဘိုးက အေမ့ဘက္က အဘြားရဲ႕ ညီမကို ဧကရီအျဖစ္တင္ေျမႇာက္ဖို႔အတြက္ လက္ထပ္လိုက္တယ္။ အဲ့ဒီေနာက္ပိုင္းမွာ ကိုယ့္အေမက ခ်ဴခ်ာလာတယ္။ သူမ အဆိပ္ခတ္ခံရတယ္လို႔ေတာ့ သူမ ထင္မထားခဲ့ဘူး"
ရႈပ္ေထြးလွတဲ့ ေတာ္ဝင္မ်ိဳးႏြယ္ဆက္ဆံေရးပဲ! ဖုန္းခ်န္ကိုယ္ထဲက အဆိပ္နဲ႔ ပတ္သက္ၿပီး တခုခုထူးဆန္းတယ္လို႔ မုရံုခ်ီခ်ီက အေစာႀကီးကတည္းက ခံစားခဲ့ရသည္။ သူက ကုန္းေျမမႀကီးက အဆိပ္မွမဟုတ္ပဲ! တခုခုဟာ ဖမ္းလိုင္ကြၽန္းနဲ႔ တကယ္ပဲ လုပ္စရာရွိခဲ့မယ္လို႔ သူမ ထင္မထားခဲ့ေပ။
ဘာေၾကာင့္ လူေတြရဲ႕ နွလံုးသားဟာ အရမ္းရက္စက္ဖို႔ လိုအပ္ရသလဲ? ဘာေၾကာင့္ သူတို႔က အရမ္းရက္စက္ရတာလဲ? ဘာေၾကာင့္ အစက သူတို႔ မပိုင္ဆိုင္တဲ့ အရာေတြကို သူတို႔က လိုခ်င္ရတာလဲ? လူ႔သေဘာသဘာဝက ဆိုးတာလား ေကာင္းတာလား? လူ႔နွလံုးသားက ရႈပ္ေထြးတာလား ရိုးရွင္တာလား? ဘာေၾကာင့္ သူတို႔က ကံဆိုးမိုးေမွာင္က်ျခင္းမ်ားစြာကို ဖန္တီးၿပီး အဲ့ဒါေတြအားလံုးကို ဖုန္းခ်န္တေယာက္တည္း ခံစားေစရတာလဲ?
"ဝမ္ရယ္..."
မုရံုခ်ီခ်ီနွလံုးသားထဲသို႔ တခါမွ မဝင္ေရာက္ဖူးတဲ့ ခံစားခ်က္တခုက ဝင္ေရာက္လာသည္။ ခန္းမထဲမွာတုန္းက သူတို႔ဟာ ေသြးသားမေတာ္စပ္ပါဘူးဆိုတာကို ဖုန္းခ်န္က ဘာေၾကာင့္ ထုတ္ေဖာ္မေျပာခဲ့လဲဆိုတာကို သူမ နားလည္လိုက္သည္။ ဘာလို႔လည္းဆိုေတာ့ သူ႔သရုပ္မွန္က ရႈပ္ေထြးၿပီး မူလခ်င္မင္းဆက္ပါ ပါဝင္လာေသာေၾကာင့္ ျဖစ္သည္။
ေပက်ိဳး၊ ရွီးခ်ီနွင့္ နန္ဖုန္းတိုင္းျပည္တို႔၏ အုပ္ခ်ဳပ္သူအာဏာပိုင္မ်ားသည္ မူလခ်င္မင္းဆက္၏ ေတာ္ဝင္မ်ိဳးႏြယ္ေသြးသားမ်ား ရွိေနေၾကာင္း သိရွိပါက ဖုန္းခ်န္ရင္ဆိုင္ရမည့္အရာမွာ သံုးနိုင္ငံလံုး၏ လုပ္ႀကံသတ္ျဖတ္ျခင္းပင္ ျဖစ္လိမ့္မည္။ အာဏာကို အရယူခဲ့ၿပီး ကမာၻႀကီးကို ခြဲျခမ္းစိတ္ျဖာခဲ့ေသာ သူမ်ားသည္ မူလခ်င္မင္းဆက္၏ ေသြးပါေသာ သူမ်ားကို ဘယ္လိုလုပ္ အသက္ရွင္ခံနိုင္မည္နည္း?
သေဘာသဘာဝအားျဖင့္ ဖုန္းခ်န္၏ သရုပ္မွန္ကို လူသိနည္းေလ ပိုေကာင္းေလ ျဖစ္သည္။ ေပါက္ၾကားသြားပါက မႀကံဳစဖူး လုပ္ႀကံသတ္ျဖတ္မႈမ်ား ရွိလာလိမ့္မည္။
"ခ်င္းခ်င္း မင္းသိလား? မင္းသမီးက မင္းကို ကိုယ္ဝန္ေဆာင္ရတုန္းက သူမနဲ႔ စစ္သူႀကီးက ကတိေပးခဲ့တယ္ မိန္းကေလးသာ ျဖစ္ခဲ့ရင္ ကိုယ့္ရဲ႕ သတို႔သမီး ျဖစ္လာေစရမယ္တဲ့"
"အဲ့ဒီအခ်ိန္တုန္းက မင္းက မင္းသမီးဗိုက္ထဲမွာပဲ ရွိေသးတယ္။ သေႏၶသားက လႈပ္ရွားမႈရွိရင္ သူမက ကိုယ့္ကို သူမဗိုက္ထဲက မင္းအသံေလးကို တခါတေလ နားေထာင္ခိုင္းေသးတယ္။ ကိုယ္နားေထာင္ေနတုန္းကို ဒါက မင္းရဲ႕ သတို႔သမီးပဲလို႔ သူမက ကိုယ့္ကို ေျပာေသးတယ္။ Yo! အဲ့ဒီအခ်ိန္တုန္းကဆို ကိုယ္က အရမ္းအရမ္းကို ေပ်ာ္ေနတာေလ"
"ေစာေစာက မင္း ေရစႏၵာေၾကးမံုကို ဖယ္ရွားလိုက္တုန္းက ကိုယ့္နွလံုးသားေတြ ရပ္တန္႔မတတ္ပဲ! မင္းေလးက ဘယ္လိုျဖစ္လို႔မ်ား အရမ္းလွေနရတာလဲ?"
ဖုန္းခ်န္က သူ႔ေခါင္းကို ေမာ့လိုက္ေသာအခါ သူ႔မ်က္လံုးထဲမွ စြတ္စိုမႈမ်ားသည္ ေပ်ာက္ကြယ္သြားေလသည္။
"အဲ့ဒီအခ်ိန္တုန္းက ေကာင္းကင္ဘံုရဲ႕ ေက်းဇူးေတာ္ပဲလို႔ ကိုယ္ ေတြးမိလိုက္ေသးတယ္။ မင္းက ဒီကမာၻေပၚမွာ အသက္ရွင္ေနေသးၿပီး ကိုယ္နဲ႔ အတူတူေနထိုင္တဲ့ ကိုယ္က ခ်စ္ရတဲ့သူ ျဖစ္ေနလိမ့္မယ္လို႔ ကိုယ္ လံုးဝထင္မထားခဲ့ဘူး။ မိဘေတြက စီစဥ္တဲ့ လက္ထပ္ပြဲပဲ ျဖစ္ျဖစ္ တေယာက္နဲ႔ တေယာက္ သိၿပီးေနာက္ပိုင္း ကိုယ္တို႔ၾကားက အခ်စ္ဆိုတဲ့ ခံစားခ်က္ေတြ ေပါက္ဖြားလာလို႔ပဲ ျဖစ္ျဖစ္ ေနာက္ဆံုးမွာေတာ့ မင္းက ကိုယ့္ရဲ႕ ခ်င္းခ်င္း ျဖစ္ေနၿပီး ကိုယ့္ရဲ႕ သတို႔သမီး ျဖစ္ေနဆဲပဲ။ ကိုယ္တို႔ ကံၾကမၼာက နက္နက္ရိႈင္းရိႈင္းအျမစ္တြယ္ေနၿပီး ဘယ္အရာနဲ႔မွ ျဖတ္ေတာက္မရနိုင္ဘူးလို႔ မင္းေရာ မထင္ဘူးလား"
"ဝမ္ရယ္..."
သူမ အခု ဘယ္လိုခံစားေနရတယ္ဆိုတာ ဘာဘာသာစကားသံုးၿပီး ေဖာ္ျပရမွန္းကို မုရံုခ်ီခ်ီက မသိေတာ့ေပ။ သူမက ေခါင္းကို ငံု႔ကာ ဖုန္းခ်န္နဖူးကို ပထမဆံုးအႀကိမ္ နမ္းလိုက္သည္။ ထိုအျပဳအမူမွာ ဖုန္းခ်န္လုပ္ေဆာင္ရတာ အႀကိဳက္ဆံုးအရာပင္။ ေျပာၾကေလ့ရွိတာက ေယာက်္ားတေယာက္က သင့္ရဲ႕နဖူးကို နမ္းရတာ ႀကိဳက္ရင္ သင္က သူ႔နွလံုးသားထဲမွာ ရတနာတပါးလိုအေရးႀကီးဆံုးသူဟု ဆိုလိုသည္။ သူ႔ထံမွ ခ်စ္ျခင္းကို ရရွိခဲ့တာၾကာၿပီမို႔... အခုေတာ့ သူမက ခ်စ္ရတဲ့သူ တေယာက္ ျဖစ္ပါရေစေတာ့!
"မင္းေလးသာ ကိုယ့္ကို ေယာက်္ားလို႔ ေခၚရင္ ကိုယ္ ပိုၿပီးေပ်ာ္မိမွာ"
ဖုန္းခ်န္က မုရံုခ်ီခ်ီကို နမ္းလိုက္ကာ သူမႏႈတ္ခမ္းကို ဖြင့္၍ သူမရနံ႔ကို စူးစမ္းလိုက္သည္။
သူမကို ဖိအားျဖစ္ေစေသာ ေမာင္နွမဆိုသည့္ အေနအထား မရွိေတာ့ေသာအခါ မုရံုခ်ီခ်ီ နွလံုးသားထဲမွ ဝန္ထုပ္ဝန္ပိုးသည္ လံုးဝ ျပဳတ္က်သြားသည္။ မုရံုခ်ီခ်ီက ဖုန္းခ်န္အနမ္းကို မျငင္းဆန္ပါ။ ငွက္ေလးတေကာင္လိုပင္ ဖုန္းခ်န္လက္ေမာင္းအား တြဲခိုထားသည္။ သူမလက္ေလးမ်ားက ဖုန္းခ်န္ပခံုးေပၚတြင္ ရွိေနၿပီး သူ႔၏ ၾကင္နာမႈမ်ားကို တံု႔ျပန္ရန္ အစပ်ိဳးခဲ့သည္။
တူညီေသာ ဘဝအေတြ႕အႀကံဳ ရွိေနသူနွစ္ဦးသည္ တျခားတေယာက္ခႏၶာကိုယ္တြင္ ပဲ့တင္ထပ္ေနေသာ အခ်က္ကို ေတြ႕ရွိခဲ့ၾကသည္။
နွစ္ေယာက္လံုးမွာ မိဘမဲ့မ်ား ျဖစ္ၾကၿပီး သူတို႔၏ မိဘမ်ားမွာ ေသဆံုးခဲ့ၾကသည္။ ထို႔အျပင္ သူတို႔၏ မိဘမ်ားမွာ တျခားသူမ်ား၏ အေကာက္ႀကံမႈေၾကာင့္ ေကာက္က်စ္ေသာ သူမ်ား၏ လက္၌ ေၾကကြဲဝမ္းနည္းဖြယ္ရာ ေသဆံုးခဲ့သည္။ ဖုန္းခ်န္၏ ျပတ္သားမႈက သူတို႔ၾကားရွိ အဟန္႔အတားကို လံုးဝ ၿပိဳကြဲေစသည္။ ခ်စ္သူစံုတြဲသည္ ဒီအနမ္းကို ရာစုနွစ္တခုစာ ေစာင့္ေမွ်ာ္ေနရသကဲ့သို႔ ယစ္မူးေနသလို နမ္းေနၾကသည္။
မုရံုခ်ီခ်ီ၏ မ်က္နွာေလး နီရဲၿပီး အသက္ရွဴၾကပ္လာမွသာ ဖုန္းခ်န္က သူမကို လႊတ္ေပးလိုက္သည္။
အထင္လြဲမႈက ေျပလည္သြားၿပီ ျဖစ္သည္။ မုရံုခ်ီခ်ီနွလံုးသားထဲရွိ ဖိအားေက်ာက္တံုးမွာလည္း ေပ်ာက္ကြယ္သြားေလၿပီ။ ထို႔ေၾကာင့္ သူမစိတ္အေျခအေနလည္း ေကာင္းမြန္လာသည္။ သူမအၿပံဳးက ခ်ိဳၿမိန္မႈနွင့္ ေပ်ာ္႐ႊင္မႈအရသာကို ယူေဆာင္လာသည္။
ရုတ္တရက္ မုရံုခ်ီခ်ီက အရာတခုကို သတိရလိုက္သည္။ သူမက သူ႔ကို အေလးအနက္ၾကည့္လိုက္ကာ
"ဝမ္ရယ္ ရွင္ ကြၽန္မကို ခ်စ္တာနဲ႔ ကြၽန္မကို လိမ္ဖို႔ ပံုျပင္တပုဒ္ ဖန္တီးလိုက္တာေတာ့ မဟုတ္ပါဘူးေနာ္ ဟုတ္တယ္မလား? ကြၽန္မက ေမာင္နွမေတြၾကားက ခ်စ္ျခင္းကို မဆန္႔က်င္ပါဘူး ဒါေပမယ့္ ေမာင္နွမေတြက အနီးဆံုး အမ်ိဳးေတြေလ... သူတို႔က ေမြးလာတဲ့ကေလးက မက်န္းမာဘဲ ကိုယ္လက္အဂၤါခ်ိဳ႕တဲ့တတ္တယ္"
မုရံုခ်ီခ်ီမ်က္နွာေပၚမွ သံသယမ်ားကို ျမင္ေသာအခါ ဖုန္းခ်န္က သေဘာတက်ရယ္လိုက္ၿပီး မုရံုခ်ီခ်ီ၏နွာေခါင္းေလးကို လိမ္ဆြဲလိုက္သည္။
"ခ်င္းခ်င္း... မူလခ်င္မင္းဆက္က ေတာ္ဝင္မိသားစုရဲ႕ မ်က္လံုးေတြ ခရမ္းေရာင္ျဖစ္တယ္ဆိုတာ မင္း မသိတာလား? စပ်စ္သီးလိုခရမ္းေရာင္မ်ိဳးက အေလးစားခံရဆံုး ျဖစ္ၿပီး အသန္႔စင္ဆံုးမ်ိဳရိုးလည္း ျဖစ္တယ္! အဲ့လိုမွမဟုတ္ရင္ ကို္ယ္က ဘာလို႔ ကိုယ့္မ်က္လံုးေတြကို ဖံုးကြယ္ဖို႔ နည္းလမ္းေတြကို အသံုးျပဳေနမွာလဲ?"
"ခ်င္ကို တိုင္းျပည္သံုးခုအေနနဲ႔ ခြဲလိုက္တယ္! မူလခ်င္ေတာ္ဝင္မိသားစုက လူတိုင္းမဆို ကေလးေတြအပါအဝင္ အားလံုးက အသတ္ခံလိုက္ရတယ္။ ကိုယ္ကေတာ့ က်န္ရွိခဲ့တေယာက္တည္းေသာသူပဲ! ကိုယ့္ကိုသာ ရွာေတြ႕ခဲ့ရင္ ကိုယ္က တိုင္းျပည္သံုးခုလံုးနဲ႔ ရင္ဆိုင္ရလိမ့္မယ္"
ဖုန္းခ်န္က ထိုသို႔ ေျပာေသာအခါ မုရံုခ်ီခ်ီက ဖုန္းခ်န္၏ အေျခအေနကို ခ်က္ခ်င္းသေဘာေပါက္လိုက္သည္။
"ဝမ္ရယ္ ရွင့္ေဘးက လူေတြကေရာ စိတ္ခ်ရရဲ႕လား?"
မုရံုခ်ီခ်ီဆိုလိုသည့္ လူမ်ားမွာ ဖုန္းခ်န္ေဘးတြင္ ရွိေနၾကၿပီး ဖုန္းခ်န္၏ ခရမ္းေရာင္မ်က္လံုးကို ျမင္ေနရသူမ်ား ျဖစ္သည္။ ထိုလူေတြသာ စိတ္မခ်ရဘူးဆိုရင္ ဒုကၡျဖစ္မသြားေစဘူးလား?
ဖုန္းခ်န္က သူ႔အေၾကာင္းကို အရမ္းဂရုစိုက္ေပးသည့္ မုရံုခ်ီခ်ီေၾကာင့္ အလြန္ေက်နပ္သြားမိသည္။ သူက မုရံုခ်ီခ်ီလက္ကို ဆြဲယူကာ လက္ဖမိုးအား နမ္းလိုက္သည္။
"သူတို႔အားလံုးက ကိုယ့္လူေတြ ျဖစ္ၿပီး ဘယ္ေတာ့မွ သစၥာမေဖာက္ၾကဘူး! ကိုယ့္ကို သစၥာေဖာက္တဲ့သူေတြက အေစာႀကီးကတည္းက ေသကုန္ၿပီ!"
"ဒါဆိုလည္း ေကာင္းတယ္!"
မုရံုခ်ီခ်ီက ဖုန္းခ်န္ကို ခိုတြယ္လိုက္သည္။ ေမာင္နွမအခ်စ္ဆိုသည့္ တားျမစ္ခ်က္ မရွိေတာ့ေသာအခါ မုရံုခ်ီခ်ီက ယခင္ပံုစံ ျပန္ျဖစ္သြားသည္။
"ဝမ္ရယ္... ဒါဆို ရွင္ ဘာကို လိုခ်င္သလဲ? ရွင္ ဧကရာဇ္ျဖစ္ခ်င္လား? မူလခ်င္းနန္းဆက္ကို ျပန္ထူေထာင္ခ်င္လား?"
"မလိုဘူး!"
ဖုန္းခ်န္က ေခါင္းခါလိုက္သည္။
"ဘာေၾကာင့္လဲ? ေယာက်္ားတိုင္းက အာဏာကို အထူးစြဲလန္းတပ္မက္ၾကတာပဲ မဟုတ္လား?"
မုရံုခ်ီခ်ီက ထထိုင္လိုက္ၿပီး ဖုန္းခ်န္အား အံ့အားသင့္မႈနွင့္အတူ ၾကည့္လိုက္သည္။
"ခ်င္းခ်င္း... ကိုယ္က မင္းကိုပဲ အထူးစြဲလန္းတပ္မက္တာ"
ဖုန္းခ်န္စကားမ်ားတြင္ ျမဴဆြယ္မႈမ်ား ပါဝင္ကာ မုရံုခ်ီခ်ီအား ရွက္႐ြံ႕သြားေစသည္။
"ကြၽန္မ အတည္ေျပာေနတာေနာ္! ရွင့္မိဘေတြအတြက္ လက္စားေခ်ဖို႔ကို ရွင္တခါမွ မေတြးဖူးဘူးမလား? ရွင္ ပိုင္ဆိုင္တဲ့အရာေတြကို ျပန္မယူခ်င္ဘူးလား?"
"ဟား ဟား"
မုရံုခ်ီခ်ီက ထိုသို႔ေျပာတာ ၾကားေသာအခါ ဖုန္းခ်န္က ရယ္ေမာလိုက္သည္။ သူ႔မ်က္လံုးမ်ားတြင္ စိတ္ခံစားခ်က္ေပါင္း ေထာင္ေပါင္းမ်ားစြာ ရွိၿပီး
"တိုင္းျပည္က အရႈပ္အေထြးျဖစ္ရင္ ခံစားရမယ့္သူက သာမာန္ျပည္သူေတြပဲ! တိုင္းျပည္က ေလးနိုင္ငံခြဲၿပီး အတူတကြ ၿငိမ္းခ်မ္းစြာ ယွဥ္တြဲရပ္တည္ေနတာလည္း နွစ္ဆယ့္ငါးနွစ္ေလာက္ ရွိေနၿပီ။ ကိုယ္သာ ဒါကို ခ်ိဳးေဖာက္လိုက္ရင္ ခန္႔မွန္းလို႔ မရနိုင္တဲ့ ဖိအားေတြကို ရင္ဆိုင္ရလိမ့္မယ္"
"ဒါ့အျပင္ မင္းႀကီး ျဖစ္ရတာလည္း အေကာင္းဆံုးအရာေတာ့ မဟုတ္ဘူး။ အဲ့ဒီေနရာမွာ မင္းထိုင္လိုက္ၿပီဆိုတာနဲ႔ အာဏာေၾကာင့္ မင္းရဲ႕ နွလံုးသားနဲ႔ လူ႔သဘာဝကို ဆံုးရံႈးရလိမ့္မယ္။ တေန႔ေန႔မွာ ကိုယ့္ကိုယ္ကိုယ္ ဆုံးရံႈးၿပီး ကို
္က ေအးစက္ၿပီး တကိုယ္ေကာင္းဆန္တဲ့သူတေယာက္ ျဖစ္မလာခ်င္ဘူး။ ကိုယ္က ဒါကို မႀကိဳက္ဘူးဆိုမွေတာ့ ဒီျပသနာရဲ႕ စက္ဝန္းထဲကို ေျခမခ်သင့္ဘူး။ လိုခ်င္တာေတြ မ်ားေလ ဆံုးရံႈးမႈေတြ ပိုလာေလပဲ! ကိုယ့္မွာ ပိုင္ဆိုင္ၿပီးသား အရာေတြကို ကိုယ္ မဆံုးရံႈးခ်င္ဘူး အထူးသျဖင့္ မင္းကိုေပါ့"
"ဒါေပမယ့္ ခ်င္းခ်င္းသာ ကမာၻေပၚမွာ အျမင့္ျမတ္ဆံုး မိန္းကေလးတေယာက္ ျဖစ္ခ်င္တယ္ဆိုရင္ေတာ့ မင္းအတြက္ ကိုယ္ ဆႏၵရွိပါတယ္"
"မဟုတ္ဘူး! ကြၽန္မ မလိုခ်င္ဘူူး!"
မုရံုခ်ီခ်ီက သူမေခါင္းကို ခါလိုက္ၿပီး ဖုန္းခ်န္ရင္ဘတ္ကို မွီလိုက္သည္။
"အခုေလးတင္ပဲ ကြၽန္မ စိုးရိမ္ခဲ့တယ္။ ဝမ္ရယ္မွာ ထီးနန္းကို ျပန္ၿပီး ရပ္တည္ခ်င္ခဲ့မွာ စိုးရိမ္ခဲ့တယ္၊ ဝမ္ရယ္က အာဏာကို အထူးစြဲလမ္းတပ္မက္ၿပီး ခ်မ္းသာခ်င္စိတ္ရွိေနမွာကို ကြၽန္မစိုးရိမခဲ့တယ္။ အခု ကြၽန္မ ရွင့္ကို ေတာင္းပန္ပါတယ္ေနာ္။ ကြၽန္မ မွားသြားပါတယ္။ ကြၽန္မ ရွင္ေျပာသလို ျမင့္ျမတ္မႈလည္း မလိုခ်င္ဘူး။ ကြၽန္မက ကြၽန္မခ်စ္တဲ့သူနဲ႔ အတူရွိခ်င္ၿပီး တဘဝလံုးကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ကုန္ဆံုးခ်င္တာ! အတူတူႀကီးျပင္းၾကၿပီး ဘယ္ေတာ့မွ မခြဲၾကဘူးေနာ္"
**************************
Unicode Version
"ချင်းချင်း ကိုယ်ပြောတာ နားထောင်နော်!"
ဖုန်းချန်က မုရုံချီချီအား ဖက်လိုက်သည်။ သူ့ရဲ့ဖီးနစ်မျက်လုံးက သူမ၏ မျက်ရည်များဖြင့် ပြည့်နေသော မျက်လုံးကို ကြည့်နေသည်။
"ကိုယ်က မင်းရဲ့ အစ်ကို မဟုတ်ဘူး! ကိုယ်တို့ကြားမှာ သွေးသားတော်စပ်မှု မရှိဘူး။ ကိုယ်က စစ်သူကြီးနဲ့ မင်းသမီးတို့က မွေးစားထားတဲ့ ကလေးပါ။ ကိုယ်တို့က မောင်နှမရင်းတွေ မဟုတ်ပါဘူး"
တခဏအတွင်း မုရုံချီချီက ဖုန်းချန်စကားများကို မည်သို့ တုံ့ပြန်ရမည်မှန်း မသိပေ။ သူမက ထိုနေရာတွင် ဗလာသက်သက်ဖြင့် ထိုင်နေသည်။ သူမက သူမလက်ကို ဆန့်တန်းလိုက်ကာ ဖုန်းချန်မျက်နှာအား ထိတွေ့လိုက်သည်။ သူမက သူ့အား စာနာစွာဖြင့် ကြည့်ကာ
"အစ်ကို... ဒီအချိန်မှာ ဒီအချက်ကို ရှင် လက်ခံနိုင်မှာ မဟုတ်မှန်း ညီမ နားလည်ပါတယ် ... ဒါပေမယ့် အမှန်တရားက ပြောင်းလဲပစ်လို့ မဖြစ်နိုင်ဘူး"
"မဟုတ်ဘူး"
ဖုန်းချန်က မုရုံချီချီအား ဆုပ်ကိုင်လိုက်သည်။ သူ့မျက်လုံးများတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်နေကာ
"ကိုယ် အမှန်တရားတခုကို ပြောပြမယ်! ကိုယ့်ရဲ့ မျိုးရိုးအမည်က ဖုန်းမဟုတ်ဘူး! ကိုယ်က မင်းရဲ့ အစ်ကို မဟုတ်ဘူး!"
"အစ်ကို..."
"ကိုယ့်ကို အစ်ကိုလို့ မခေါ်ပါနဲ့ဆိုကွာ!"
သူ့အား ဝမ်းနည်းစေသည့် ထိုစကားတွေ ထွက်ပေါ်လာခြင်းမှ တားဆီးရန် ဖုန်းချန်က မုရုံချီချီနှုတ်ခမ်းအား ချိတ်ပိတ်လိုက်သည်။
ဖုန်းချန်နှင့် ဒီလို ဖြစ်နေရင်းမှ မုရုံချီချီက ပြင်းပြင်းထန်ထန်ငိုလိုက်သည်။ သူက ဒီကိစ္စကို လက်မခံနိုင်ဘူး။ သူက ဒီကိစ္စကို တကယ်ကို လက်မခံနိုင်ပေ။ သို့ပေမယ့် သူတို့ ဘာလုပ်နိုင်မှာလဲ? သူတို့ရဲ့ မောင်နှမဆိုတဲ့ သရုပ်မှန်က အဆုံးအဖြတ်ပေးခဲ့ပြီးပြီ! သူတို့သာ ဒါဆို တလောကလုံးကို ကြော်ငြာရင် သူမက ဖုန်းချန်၏ ညီမဖြစ်လာမည်ဆိုတာ သံသယဖြစ်စရာ မလိုပေ။
သူမပါးမှ စိုစွတ်မှုကို ခံစားရပြီးနောက် ဖုန်းချန်က မုရုံချီချီနှုတ်ခမ်းကို လွှတ်ပေးလိုက်သည်။ သူမက အသံတိတ်ငိုကြွေးနေပြီး အရမ်းဝမ်းနည်းနေတာကို မြင်ရသောအခါ သူ့နှလုံးသားက မခံစားနိုင်အောင်ပင်။
"ချင်းချင်း... ကိုယ်က မင်းရဲ့အစ်ကို မဟုတ်ဘူး! ကိုယ်က စစ်သူကြီးရဲ့ သူငယ်ချင်းဟောင်းတယောက်ရဲ့ သားပါ"
လွန်ခဲ့သော နှစ်ဆယ်ငါးနှစ်က ဖုန်းချန်၏ မိဘများသည် ကပ်ဘေးတခုအတွင်း သေဆုံးခဲ့ရသည်။ ထိုအချိန်တွင် ဝမ်ရမ်မင်ယွဲ့မွေးထားသော တလသားအရွယ် သားလေးမှာ အအေးဒဏ်ကြောင့် သေမင်းတံခါးဝသို့ ရောက်ခဲ့သည်။ ဖုန်းရှဲ့က လသားအရွယ် နို့စို့ကလေးငယ် ဖုန်းချန်ကို ခေါ်ဆောင်လာသည်။ ဝမ်ရမ်မင်ယွဲ့၏ ခွင့်ပြုချက်ဖြင့် ဖုန်းချန်အား သူတို့ကလေး ဖြစ်လာစေကာ ဖုန်းမိသားစု၏ အကြီးဆုံးသခင်လေးဟုသော ဇာတ်ကောင်အောက်၌ ရှင်သန်စေခဲ့သည်။
"ဒါဆို ရှင်က..."
ဖုန်းချန်၏ ပါးစပ်မှ ထွက်ပေါ်လာသော ထိုစကားများသည် မုရုံချီချီအတွက် စိတ်ကူး၍ မရနိုင်အောင်ပင်! သူမကို ချော့မော့ဖို့၊ သူမ ဝမ်းမနည်းရလေအောင် ဖုန်းချန်က ဇာတ်လမ်းတပုဒ်ဖန်တီးသည်ဟုလည်း မုရုံချီချီက သံသယဖြစ်မိသည်။
"ကိုယ့်ရဲ့ မူလမျိုးရိုးအမည်က လုံပဲ!"
လုံ! မုရုံချီချီက တခဏတာ တွေးတောလိုက်သည်။ ရုတ်တရက် သူမမျက်လုံးများက ပြူးကျယ်သွားကာ ဖုန်းချန်၏ မျက်နှာအား စိုက်ကြည့်လိုက်သည်။
"နေရောင်အောက်က ဘယ်နေရာမဆို လုံမျိုးရိုးလူက သိပ်မရှိဘူး! မူလချင်မင်းဆက်ရဲ့ တော်ဝင်မျိုးရိုးအမည်ကလည်း လုံပဲ!"
သူ့သရုပ်မှန်ကို မြန်မြန်ဆန်ဆန် ခန့်မှန်းမိသွားတဲ့အတွက် မုရုံချီချီကို ဖုန်းချန်က ကြင်နာစွာ ပြုံးပြလိုက်သည်။ သူက သူမနဖူးပေါ်မှ ဆံပင်များအား ဘေးသို့ ဆွဲပို့လိုက်သည်။
"ဒါအမှန်ပဲ! ချင်းချင်း... ကိုယ့်ရဲ့ သရုပ်မှန်က မင်းစဉ်းစားနေတဲ့ တယောက်ပဲ!"
ဒီပေါက်ကွဲထွက်လာသည့် သတင်းမှာ မုရုံချီချီအား မူးမေ့လုနီးပါး ဖြစ်လာစေသည်။ ဖုန်းချန်က မူလချင်မင်းဆက်ရဲ့ မင်းသားတပါးလား? လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်က ဖုန်းချန် မွေးဖွားခဲ့သည်။ လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်က မူလချင်မင်းဆက်မှာ သုံးနိုင်ငံအဖြစ် ပြိုကွဲခဲ့ပြီး ပျက်သုန်းခဲ့သည်။ ဒါဆို ဖုန်းချန်အဖေက မူလချင်မင်းဆက်ရဲ့ မင်းကြီးလား?
"ရှင်က..."
မုရုံချီချီက အကြာကြီး စဉ်းစားနေပြီး ဖုန်းချန်၏ သရုပ်မှန်ကို မည်သို့စကားလုံးဖြင့် ဖော်ပြသုံးနှုန်းရမှန်း မသိပေ။
"မူလချင်မင်းဆက်ရဲ့ လက်ကျန် ဆိုးယုတ်တဲ့ အစိတ်အပိုင်း!"
ဖုန်းချန်၏ သူ့ကိုယ်သူ ဖော်ပြမှုကို မုရုံချီချီက ရယ်မောလိုက်သည်။ အဓိကရုဏ်းဖြစ်ချိန်မှာ ဖုန်းရှဲ့က ဖုန်းချန်ကို ဘာကြောင့် ခေါ်ထုတ်လာမှန်း မသိပေမယ့် အကြောင်းပြချက်တခုတော့ ရှိရမည်။
"ဝမ်ရယ်... ရှင် ကျွန်မကို လိမ်တော့ မလိမ်ပါဘူးနော် ဟုတ်တယ်မလား?"
သူမအပြုံးကြောင့် မုရုံချီချီမျက်နှာပေါ်မှ ဝမ်းနည်းနေမှုများသည် ပျောက်ကွယ်သွားသည်။ သူမနှာခေါင်းလေးမှာ နီရဲနေသည်။ ငိုထားသောကြောင့် သူမမျက်လုံးတဝိုက်အသားအရေမှာလည်း နီမြန်းနေသည်။
"မဟုတ်ပါဘူးဆို! ကိုယ်က တကယ်ကို မင်းရဲ့ အစ်ကိုရင်း မဟုတ်ဘူးဆိုကွာ!"
မုရုံချီချီပျော်နေတာကို မြင်သောအခါမှ ဖုန်းချန်က သူ့၏ စိုးရိမ်နေသော စိတ်များကို ဖြည်းဖြည်းချင်း လျော့ကျလာသည်။
"ဒါဆို ရှင့်ရဲ့ တကယ်သရုပ်မှန်က ဘာလဲ?"
ဘာကြောင့်မှန်းမသိ မုရုံချီချီက သူ့စကားတွေကို သံသယ ရှိနေသေးသော်လည်း ဖုန်းချန်အပေါ် ထားသည့် သူမ၏ ယုံကြည်မှုက မသေချာမှုနှင့် တုံ့ဆိုင်းမှုများကို သူမစိတ်ထဲ၌သာ ထားစေပြီး အပြင်ဘက်ကို ကျယ်လောင်စွာ ပြောမထွက်နိုင်ပေ။ သူ့ကို ယုံကြည်လိုက်! ထိုသည်ကား မုရုံချီချီနှလုံးသားထဲမှ ထွက်ပေါ်လာသော အသံတသံဖြစ်သည်။
"လိမ်မာတယ်! ကိုယ့်ကို ဖြည်းဖြည်းချင်း ပြောခွင့်ပေးအုံးနော်"
ဖုန်းချန်က မုရုံချီချီ၏ စိတ်မရှည်မှုကို သဘောတကျ ရယ်မောလိုက်သည်။ သူက သူမ၏ နီရဲနေသော နှာခေါင်းလေးကို ဆွဲလိမ်လိုက်ပြီး မျက်ရည်များကို သုတ်ပေးလိုက်သည်။
"ကိုယ့်အဖေရင်းက မူလချင်မင်းဆက်ရဲ့ အိမ်ရှေ့မင်းသား လုံယွီပဲ! ကိုယ့်ရဲ့ မွေးအမေက တုလုမင်းသမီး ရှဝမ်းယင်ပဲ!"
မူလချင်မင်းဆက်၏ အိမ်ရှေ့မင်းသား လုံယွီနှင့် တုလုမင်းသမီး ရှဝမ်းယင်တို့က လက်ထပ်ခဲ့သည်။ နှစ်ယောက်သားဟာ လက်မထပ်ခင်ကတည်းက လျှို့ဝှက်စွာ တွေ့ဆုံခဲ့ကြသည်။ လုံယွီက အရည်အချင်းပြည့်ဝသည်။ ရှဝမ်ယင်က လှပပြီး ချစ်စရာကောင်းသည်။ သူတို့က မြင်မြင်ချင်း ချစ်မိခဲ့ကြသည်။ မူလက လှပသော ပုံပြင်တပုဒ်ဖြစ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ကံမကောင်းမှုများ အတွဲလိုက် ဖြစ်ပွားခဲ့သည်။
"အဲ့ဒီအချိန်တုန်းက ပြည်နယ်ခေါင်းဆောင် မင်ပုကျစ်က ပုန်ကန်ဖို့ စိတ်ကူးရှိနေခဲ့ရုံသာမကဘဲ ကိုယ့်အမေလို မိန်းကလေးမျိုးက အနည်းငယ်သာ ရှိတယ်ဆိုပြီး ကိုယ့်အဘိုးနားကို လေချိုသွင်းခဲတယ်။ အဘိုးက မိန်းမလှတွေကို ကြိုက်တော့ သဘာဝအလျှောက် လှုပ်ရှားသွားတာပေါ့! လက်ထပ်ပွဲမတိုင်ခင် သူပုန်တွေ ဝိုင်းထားပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်အဖေကို အဝေးပို့လိုက်တယ်။ (သူပုန်တွေကို နှိမ်နင်းရန်) ပြီးတော့ သူက မဟာမိတ်ပြု လက်ထပ်ဖို့ ရောက်လာတဲ့ တုလုမင်းသမီးကို နန်းတော်ထဲ ပြန်ပေးဆွဲလိုက်တယ်!"
"အ..."
ဒီထိ နားထောင်ပြီးနောက် မုရုံချီချီက အော်ဟစ်လိုက်သည်။
"အရင်ဧကရာဇ်ဟောင်းက တော်တော်အရှက်မဲ့တာပဲ! အဲ့ဒါက သူ့ရဲ့ ချွေးမလောင်းကို! အဲ့ဒါက အိမ်ရှေ့စံမင်းသမီးလေ... ဟာ!"
မုရုံချီချီ ထိုသို့ပြောတာ ကြားသောအခါ ဖုန်းချန်က ခါးသီးစွာ ရယ်မောရုံသာ။ သူက မုရုံချီချီနဖူးပေါ်မှ မှည့်လေးကို နမ်းရှိုက်လိုက်သည်။
"ကိုယ့်အဖေက သူ့မိန်းမက သူ့မယ်တော်အဖြစ်ပြောင်းသွားတယ်ဆိုတဲ့ အချက်ကို လက်မခံနိုင်ဘူး! မဟာစစ်သူကြီး ဝမ်ရမ်ကျစ်ရဲ့ ထောက်ပံ့မှုနဲ့အတူ မင်းကြီးကို နန်းစွန့်ခိုင်းပြီး သူ့ဇနီးကို ပြန်ယူချင်ခဲ့တယ်။ ဒါဟာ တခြားသူတွေ ဆင်ထားတဲ့ ထောင်ချောက်ဆိုတာ သူ စိတ်ကူးတောင် မကြည့်ခဲ့ဘူး"
"အဘိုးက ရုတ်တရက် သေဆုံးသွားတယ်။ ပြည်နယ်ခေါင်းဆောင် မင်ပုကျစ်၊ ဝန်ကြီးချုပ် ဝမ်ရမ်လန်နဲ့မဟာစစ်သူကြီး ဝမ်ရမ်ကျစ်တို့က အတူတကွ ပူးပေါင်းခဲ့တယ်။ ကိုယ့်အဖေက နိုင်ငံတော်သစ္စာဖောက်မှုကို ကျူးလွန်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ သူတို့က ကိုယ့်အဖေကို တိုက်ခိုက်ခဲ့ကြတယ်။ ကိုယ့်အဖေက ကိုယ့်အမေကို ကာကွယ်ရင်း သေဆုံးသွားခဲ့ရတယ်"
"ပြီးတော့ ရှင့်အမေရော ဘာဖြစ်သွားလဲ?"
ဒီထိနားထောင်ပြီးနောက် မုရုံချီချီ နှလုံးသားမှာ လျင်မြန်စွာ ခုန်ပေါက်လာသည်။ အိမ်ရှေ့စံမင်းသား၏ အချစ်အတွက် အသက်ရှင်ပြီး သူ့ဇနီးကို ကာကွယ်ခဲ့သည့် မြင်ကွင်းကို သူမ လုံးဝပြည့်စုံစွာ ပုံဖော်နိုင်သည်။ မုန်းစရာကောင်းသော သူများမှာ သူတို့အား အကွက်ဆင်ခဲ့သည့် သူများပင်။ သူတို့က အမှန်တကယ် ဆိုးသွမ်းယုတ်မာပြီး သတိရှိကြသည်။ သူတို့က အရှက်အကြောက် မရှိဘဲ ရွံစရာကောင်းလှသည်။
"ကိုယ့်အမေက သာမာန်လူတွေကြားမှာ ပုန်းနေခဲ့တယ်။ သူမအသက်ကို ကယ်ပြီး ဖွက်ပေးထားတဲ့သူက ဖုန်းမိသားစုက အစေခံတယောက်ပဲ! စစ်သူကြီးနဲ့ ကိုယ့်အဖေက သူငယ်ချင်းတွေ... အရင်တုန်းက စစ်သူကြီးရယ် ကိုယ့်အဖေရယ် ဝမ်ရမ်လဲ့ရယ်ကအတူတူကြီးပြင်းကြတာပဲ! သူတို့ရဲ့ ဆက်ဆံရေးက အကောင်းဆုံးပဲ! ဒါပေမယ့် ထီးနန်းကို သိမ်းယူမယ်ဆိုတဲ့ ဝမ်ရမ်မိသားစုရဲ့ ရည်မှန်းချက်ကိုတော့ စစ်သူကြီးနဲ့ ကိုယ့်အဖေမသိအောင် ထိန်းသိမ်းခဲ့တယ်။ နောက်ပိုင်း ကိုယ့်အဖေ ကပ်ဘေးဆိုက်ခဲ့တော့ စစ်သူကြီးက သူ့ကိုယ်သူ အပြစ်တင်ခဲ့တယ်။ ကိုယ့်အမေကို အသိအမှတ်ပြု ပြီးနောက်မှာ သူက ကိုယ့်အမေကို နည်းအမျိုးမျိုးနဲ့ ကာကွယ်ခဲ့တယ်။ အဲ့ဒီအချိန်တုန်းက ကိုယ့်အမေမှာ ကိုယ့်ကို ကိုယ်ဝန်လွယ်ထားနေရပြီ"
"ကိုယ်က မင်းအစ်ကိုထက် တနာရီလောက်ပဲ နောက်ကျပြီး မွေးလာတာ! နောက်တော့ မင်းအစ်ကို ဆုံးပါးသွားတုန်းက စစ်သူကြီးက မင်းသမီးကို ချစ်မြတ်နိုးလေတော့ ကိုယ့်ကို ထိန်းသိမ်းထားဖို့ အကြောင်းပြချက်ရလာတယ်။ မင်းသမီးက ကျိုးကြောင်းဆီလျော်တတ်သူ ဖြစ်တဲ့အပြင် သူမအဖေနဲ့ အစ်ကိုက ထီးနန်းကို ပုန်ကန်ခဲ့တဲ့အကြောင်းကို အပြစ်မကင်းတာရော ထပ်ပေါင်းပြီး သူမက ကိုယ့်ကို ကာကွယ်ပေးပြီး သူမသားဆိုတဲ့ အနေအထားနဲ့ သူမဘေးမှာ ကိုယ့်ကို ထားပြီး ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်"
စကားအနည်းငယ်သာ ဖြစ်သော်လည်း ဒီကြားထဲမှာ ရှိတဲ့ ခက်ခဲမှုနဲ့ အန္တရာယ်တွေ ဘယ်လောက် များမယ်ဆိုတာကို မုရုံချီချီက နားလည်ခဲ့သည်။
"နောက်ဆုံးတော့ ရှင့်အမေက ဘာဖြစ်သွားလဲ?"
မုရုံချီချီက ရှဝမ်ယင်အကြောင်းကို မေးမြန်းတာ မြင်သောအခါ ဖုန်းချန်၏ ထူထဲသော မျက်တောင်တို့သည် သူ့မျက်လုံးထဲမှ လှိုင်းများအား ဖုံးကွယ်ထားလိုက်သည်။
"မကောင်းဆိုးဝါးနှင် ဘုရားကျောင်းကို မင်းမှတ်မိသေးလား? မူလချင်မင်းဆက်က ပျက်သုန်းသွားတယ်! တော်ဝင်ရတနာတွေကလည်း ပျောက်ကွယ်သွားတယ်။ စစ်တပ်က တားမြစ်နန်းတော်ထဲကို ချိုးဖျက်ဝင်ရောက်လာတော့ များပြားတဲ့ရတနာတွေဟာ ကမ္ဘာ့မျက်နှာပြင်ပေါ်က ပျောက်ကွယ်သွားသလို ဖြစ်သွားတယ် "
"ကိုယ့်အဘိုး မသေခင်က သူနဲ့ နောက်ဆုံးအတူရှိခဲ့တာက ကိုယ့်မိဘတွေပဲ! ကိုယ့်အဖေက မြှားထောင်ပေါင်းများစွာရဲ့ လက်မှာ သေဆုံးခဲ့ရတယ်။ ဒါ့ကြောင့် ရတနာတွေရဲ့ နေရာကို ကိုယ့်အမေက သိလိမ့်မယ်လို့ ဝမ်ရမ်ကျစ်က တွေးခဲ့တယ်။ ဒါ့ကြောင့် သူက ကိုယ့်အမေကို ဖမ်းဖို့ အမိန့်ထုတ်ခဲ့တယ်"
"စစ်သူကြီးနဲ့ မင်းသမီးတို့ရဲ့ ကာကွယ်မှု ရှိနေပေမယ့် တကယ်လို့ လူတွေက သူမကို ဖုန်းအိမ်တော်မှာ ဖမ်းဆီးရမိခဲ့ရင် သူမက သေချာပေါက် စစ်သူကြီးနဲ့ မင်းသမီးကို ကပ်ဘေးတွေ ယူဆောင်လာသလို ဖြစ်မယ်ဆိုတာ ကိုယ့်အမေက တွေးမိခဲ့တယ်။ ဒါ့အပြင် သူမက ကိုယ့်ကိုပါ ဒုက္ခဖြစ်စေလိမ့်မယ်။ ဒါ့ကြောင့် သူမက အခွင့်ကောင်းယူပြီး ညဘက်မှာ ထွက်ပြေးခဲ့တယ်။ နောက်ဆုံးတော့ သူမကို ဗုဒ္ဓဘုရားကျောင်းမှာ ဖမ်းဆီးခဲ့တယ်"
"စစ်သူကြီး ပြောတာ ကိုယ်ကြားခဲ့ရတာတော့ စော်ကားခံရမှာစိုးလို့ ကိုယ့်အမေက သူမဘာသာသူမ လျှာကိုက်ပြီး သတ်သေခဲ့တယ်တဲ့! ဝမ်ရမစ်ကျစ်က ကိုယ့်အမေက အမြီးကိုးချောင်းမြေခွေးမဆိုတဲ့ သတင်းလွှင့်ပြီး ကိုယ့်အမေရဲ့ အလောင်းကို သဂြုႋလ်ခဲ့တယ်။ ဒီကိစ္စကြောင့်ပဲ ဒီဘုရားကျောင်းဟာ မကောင်းဆိုးဝါးနှင်ဘုရားကျောင်းလို့ အမည်ရလာတာပဲ!"
လေးလံတဲ့ ငြိမ်သက်မှုဟာ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းထားသည်။ မုရုံချီချီရဲ့ နှလုံးသားဟာ အသက်မရှုနိုင်လောက်အောင် အလွန်နာကျင်ကိုက်ခဲနေသည်။ ဘာကြောင့်လဲ ဘာကြောင့် ဒီလိုဖြစ်ခဲ့တာလဲ? မုရုံချီချီက ဖုန်းချန်ကို တင်းကြပ်စွာ ဖက်တွယ်ထားသည်။ အခုတင်ပဲ ဖုန်းချန်၏ မျက်လုံးထောင့်မှ မျက်ရည်များကို သူမ ရှင်းလင်းစွာ မြင်လိုက်ရသည်။ ကြေကွဲခြင်း၊ နာကျင်ခြင်း၊ ဝမ်းနည်းခြင်းတို့သည် ဖုန်းချန်၏ အခု ခံစားချက်ကို ဖော်ပြဖို့ မလုံလောက်နိုင်ပေ။
"ဝမ်ရယ်... တောင်းပန်ပါတယ်..."
မုရုံချီချီအသံက ဆို့နင့်နေသည်။ သူမ နာကျင်သည်... ဒီလိုဖုန်းချန်တယောက်အတွက် နာကျင်သည်.... ဖုန်းချန် ကြုံတွေ့ခဲ့ရသည့် အရာများအတွက် နာကျင်သည်။
မင်ပုကျစ်၏ လှုံ့ဆော်မှုသာ မပါခဲ့လျှင် မူလချင်မင်းကြီးသည်လည်း ယုတ်မာသော အတွေးမျိုး ရှိခဲ့မည်မဟုတ်သလို မူလချင်မင်းဆက်သည်လည်း ပျက်စီးချင်မှ ပျက်စီးလိမ့်မည်။ အိမ်ရှေ့စံမင်းသား လုံယွီက ထီးနန်းဆက်ခံပြီး ဖုန်းချန်က အိမ်ရှေ့စံမင်းသား ဖြစ်ကာ အကြီးမြတ်ဆုံးအိမ်ရှေ့စံမင်းသား ဖြစ်လာနိုင်သည်။
သူ သူ့သမိုင်းကြောင်းကို သိခဲ့စဉ်တုန်းက ဘယ်တုန်းကမှ ပြန်တွေးမကြည့်ခဲ့သလို သတိရမှာကို ကြောက်ရွံ့မိသည်။ သူ့မိဘတွေ တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်တွေကို ပြန်သတိရမိလျှင် သူကိုယ်သူ မထိန်းချုပ်နိုင်ဘဲ ငိုကြွေးမိမှာကို စိုးရိမ်မိခဲ့သည်။ အခု သူက မုရုံချီချီ၏ နွေးထွေးမှုကို ခံစားရသောအခါ၊ သူမ၏ ရင်ခုန်သံနှင့် သူမ၏ ချစ်ခြင်းမေတ္တာတို့ ပြည့်နေသော အသံကို နားထောင်ရသောအခါ ဖုန်းချန်နှလုံးသားထဲရှိ နောက်ဆုံးကာကွယ်မှုစည်းသည် ပြိုလဲသွားသည်။
"ချင်းချင်း..."
ဖုန်းချန်က မငိုမိအောင် သူ့ကိုယ်သူ ခက်ခက်ခဲခဲ ထိန်းသိမ်းလိုက်သည်။ ယောကျ်ားစစ်စစ်တွေက ဝမ်းနည်းကြေကွဲဖွယ်ရာတွေ မကြုံတွေ့ရတာကြောင့် လွယ်လွယ်နဲ့ မငိုကြွေးတတ်ကြ။
"ကျွန်မ ဒီမှာ ရှိတယ် ကျွန်မ ဒီမှာ ရှိတယ်နော်"
မုရုံချီချီက ဖုန်းချန်ကို ညင်သာစွာ ပုတ်လိုက်သည်။ သူမမျက်နှာလေးက သူ့ဆံပင်ပေါ် ကပ်နေပြီး သူမရင်ခွင်တွင်းမှ တုန်ခါမှုကို ခံစားနေရသည်။ မုရုံချီချီနှလုံးသားလည်း တုန်ရီနေသည်။
ဘာကြောင့် ကံကြမ္မာက လူတွေကို ဒီလိုမျိုးကစားရတာလဲ? ဘာကြောင့် ဖုန်းချန်မှာ ဒီလိုအတိတ်မျိုး ရှိနေရတာလဲ? ဖုန်းရှဲ့က ဖုန်းချန်ကို ဒီအကြောင်းတွေ မပြောပြခဲ့ရင် ဘယ်လောက်ကောင်းမလဲ? သူ ဝမ်းနည်းမယ်ဆိုတာကို သိရက်နဲ့ ဘာလို့ သူက အမှန်တရားကို ဖွင့်ပြောပြီး ဖုန်းချန်အား ဒီလိုအရာတွေကို သည်းခံခိုင်းစေခဲ့ရတာလဲ?
အခု ဖုန်းချန်ရဲ့ ဝမ်းနည်းကြေကွဲမှုတွေဟာ ဘယ်ကထွက်ပေါ်လာတယ်ဆိုတာ မုရုံချီချီက သဘောပေါက်လိုက်ပြီ ဖြစ်သည်။ အရင်တုန်းက အဲ့ဒီဝမ်းနည်းကြေကွဲမှုတွေဟာ ဖုန်းရှဲ့နှင့် ဝမ်ရမ်မင်ယွဲ့ကြောင့်ဟု ထင်ခဲ့ဖူးသည်။ ဒီနေ့တော့ ဒီလူရဲ့ နှလုံးသားထဲမှာ ဝမ်းနည်းမှုတွေကို နက်ရှိုင်းစွာ လျှို့ဝှက်ထားတယ်ဆိုတာ သူမ သိခဲ့ရသည်။ ထိုကဲ့သို့သော ကြေကွဲဝမ်းနည်းဖွယ် အတိတ်က လူတို့လျစ်လျူရှုမရနိုင်သော ကြေကွဲဝမ်းနည်းမှု အလွှာတထပ်အနေဖြင့် ဖုန်းချန်၏ မျက်ဝန်းများအား ဖုံးအုပ်ပေးထားသည်။
"ဝမ်ရယ်... ဒါဆို ရှင့်ရဲ့သန္ဓေအဆိပ်ကရော...?"
"သန္ဓေအဆိပ်ရဲ့ အစက ကိုယ့်အမေရဲ့ ခန္ဓာကိုယ်ကပဲ! ကိုယ်ထင်တာကတော့ အဲ့တာက တုလုနဲ့ တခုခုသက်ဆိုင်လိမ့်မယ်။ တုလုရဲ့ ဧကရီက အမြဲတမ်း ဖမ်းလိုင်ကျွန်းရဲ့ တပည့်တွေပဲ! ကိုယ့်ရဲ့ မွေးအမေဘက်က အဖွားက ကိုယ့်အမေငယ်ငယ်ကတည်းက သေဆုံးသွားတာ! နောက်တော့ အမေ့ဘက်က အဘိုးက အမေ့ဘက်က အဘွားရဲ့ ညီမကို ဧကရီအဖြစ်တင်မြှောက်ဖို့အတွက် လက်ထပ်လိုက်တယ်။ အဲ့ဒီနောက်ပိုင်းမှာ ကိုယ့်အမေက ချူချာလာတယ်။ သူမ အဆိပ်ခတ်ခံရတယ်လို့တော့ သူမ ထင်မထားခဲ့ဘူး"
ရှုပ်ထွေးလှတဲ့ တော်ဝင်မျိုးနွယ်ဆက်ဆံရေးပဲ! ဖုန်းချန်ကိုယ်ထဲက အဆိပ်နဲ့ ပတ်သက်ပြီး တခုခုထူးဆန်းတယ်လို့ မုရုံချီချီက အစောကြီးကတည်းက ခံစားခဲ့ရသည်။ သူက ကုန်းမြေမကြီးက အဆိပ်မှမဟုတ်ပဲ! တခုခုဟာ ဖမ်းလိုင်ကျွန်းနဲ့ တကယ်ပဲ လုပ်စရာရှိခဲ့မယ်လို့ သူမ ထင်မထားခဲ့ပေ။
ဘာကြောင့် လူတွေရဲ့ နှလုံးသားဟာ အရမ်းရက်စက်ဖို့ လိုအပ်ရသလဲ? ဘာကြောင့် သူတို့က အရမ်းရက်စက်ရတာလဲ? ဘာကြောင့် အစက သူတို့ မပိုင်ဆိုင်တဲ့ အရာတွေကို သူတို့က လိုချင်ရတာလဲ? လူ့သဘောသဘာဝက ဆိုးတာလား ကောင်းတာလား? လူ့နှလုံးသားက ရှုပ်ထွေးတာလား ရိုးရှင်တာလား? ဘာကြောင့် သူတို့က ကံဆိုးမိုးမှောင်ကျခြင်းများစွာကို ဖန်တီးပြီး အဲ့ဒါတွေအားလုံးကို ဖုန်းချန်တယောက်တည်း ခံစားစေရတာလဲ?
"ဝမ်ရယ်..."
မုရုံချီချီနှလုံးသားထဲသို့ တခါမှ မဝင်ရောက်ဖူးတဲ့ ခံစားချက်တခုက ဝင်ရောက်လာသည်။ ခန်းမထဲမှာတုန်းက သူတို့ဟာ သွေးသားမတော်စပ်ပါဘူးဆိုတာကို ဖုန်းချန်က ဘာကြောင့် ထုတ်ဖော်မပြောခဲ့လဲဆိုတာကို သူမ နားလည်လိုက်သည်။ ဘာလို့လည်းဆိုတော့ သူ့သရုပ်မှန်က ရှုပ်ထွေးပြီး မူလချင်မင်းဆက်ပါ ပါဝင်လာသောကြောင့် ဖြစ်သည်။
ပေကျိုး၊ ရှီးချီနှင့် နန်ဖုန်းတိုင်းပြည်တို့၏ အုပ်ချုပ်သူအာဏာပိုင်များသည် မူလချင်မင်းဆက်၏ တော်ဝင်မျိုးနွယ်သွေးသားများ ရှိနေကြောင်း သိရှိပါက ဖုန်းချန်ရင်ဆိုင်ရမည့်အရာမှာ သုံးနိုင်ငံလုံး၏ လုပ်ကြံသတ်ဖြတ်ခြင်းပင် ဖြစ်လိမ့်မည်။ အာဏာကို အရယူခဲ့ပြီး ကမ္ဘာကြီးကို ခွဲခြမ်းစိတ်ဖြာခဲ့သော သူများသည် မူလချင်မင်းဆက်၏ သွေးပါသော သူများကို ဘယ်လိုလုပ် အသက်ရှင်ခံနိုင်မည်နည်း?
သဘောသဘာဝအားဖြင့် ဖုန်းချန်၏ သရုပ်မှန်ကို လူသိနည်းလေ ပိုကောင်းလေ ဖြစ်သည်။ ပေါက်ကြားသွားပါက မကြုံစဖူး လုပ်ကြံသတ်ဖြတ်မှုများ ရှိလာလိမ့်မည်။
"ချင်းချင်း မင်းသိလား? မင်းသမီးက မင်းကို ကိုယ်ဝန်ဆောင်ရတုန်းက သူမနဲ့ စစ်သူကြီးက ကတိပေးခဲ့တယ် မိန်းကလေးသာ ဖြစ်ခဲ့ရင် ကိုယ့်ရဲ့ သတို့သမီး ဖြစ်လာစေရမယ်တဲ့"
"အဲ့ဒီအချိန်တုန်းက မင်းက မင်းသမီးဗိုက်ထဲမှာပဲ ရှိသေးတယ်။ သန္ဓေသားက လှုပ်ရှားမှုရှိရင် သူမက ကိုယ့်ကို သူမဗိုက်ထဲက မင်းအသံလေးကို တခါတလေ နားထောင်ခိုင်းသေးတယ်။ ကိုယ်နားထောင်နေတုန်းကို ဒါက မင်းရဲ့ သတို့သမီးပဲလို့ သူမက ကိုယ့်ကို ပြောသေးတယ်။ Yo! အဲ့ဒီအချိန်တုန်းကဆို ကိုယ်က အရမ်းအရမ်းကို ပျော်နေတာလေ"
"စောစောက မင်း ရေစန္ဒာကြေးမုံကို ဖယ်ရှားလိုက်တုန်းက ကိုယ့်နှလုံးသားတွေ ရပ်တန့်မတတ်ပဲ! မင်းလေးက ဘယ်လိုဖြစ်လို့များ အရမ်းလှနေရတာလဲ?"
ဖုန်းချန်က သူ့ခေါင်းကို မော့လိုက်သောအခါ သူ့မျက်လုံးထဲမှ စွတ်စိုမှုများသည် ပျောက်ကွယ်သွားလေသည်။
"အဲ့ဒီအချိန်တုန်းက ကောင်းကင်ဘုံရဲ့ ကျေးဇူးတော်ပဲလို့ ကိုယ် တွေးမိလိုက်သေးတယ်။ မင်းက ဒီကမ္ဘာပေါ်မှာ အသက်ရှင်နေသေးပြီး ကိုယ်နဲ့ အတူတူနေထိုင်တဲ့ ကိုယ်က ချစ်ရတဲ့သူ ဖြစ်နေလိမ့်မယ်လို့ ကိုယ် လုံးဝထင်မထားခဲ့ဘူး။ မိဘတွေက စီစဉ်တဲ့ လက်ထပ်ပွဲပဲ ဖြစ်ဖြစ် တယောက်နဲ့ တယောက် သိပြီးနောက်ပိုင်း ကိုယ်တို့ကြားက အချစ်ဆိုတဲ့ ခံစားချက်တွေ ပေါက်ဖွားလာလို့ပဲ ဖြစ်ဖြစ် နောက်ဆုံးမှာတော့ မင်းက ကိုယ့်ရဲ့ ချင်းချင်း ဖြစ်နေပြီး ကိုယ့်ရဲ့ သတို့သမီး ဖြစ်နေဆဲပဲ။ ကိုယ်တို့ ကံကြမ္မာက နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေပြီး ဘယ်အရာနဲ့မှ ဖြတ်တောက်မရနိုင်ဘူးလို့ မင်းရော မထင်ဘူးလား"
"ဝမ်ရယ်..."
သူမ အခု ဘယ်လိုခံစားနေရတယ်ဆိုတာ ဘာဘာသာစကားသုံးပြီး ဖော်ပြရမှန်းကို မုရုံချီချီက မသိတော့ပေ။ သူမက ခေါင်းကို ငုံ့ကာ ဖုန်းချန်နဖူးကို ပထမဆုံးအကြိမ် နမ်းလိုက်သည်။ ထိုအပြုအမူမှာ ဖုန်းချန်လုပ်ဆောင်ရတာ အကြိုက်ဆုံးအရာပင်။ ပြောကြလေ့ရှိတာက ယောကျ်ားတယောက်က သင့်ရဲ့နဖူးကို နမ်းရတာ ကြိုက်ရင် သင်က သူ့နှလုံးသားထဲမှာ ရတနာတပါးလိုအရေးကြီးဆုံးသူဟု ဆိုလိုသည်။ သူ့ထံမှ ချစ်ခြင်းကို ရရှိခဲ့တာကြာပြီမို့... အခုတော့ သူမက ချစ်ရတဲ့သူ တယောက် ဖြစ်ပါရစေတော့!
"မင်းလေးသာ ကိုယ့်ကို ယောကျ်ားလို့ ခေါ်ရင် ကိုယ် ပိုပြီးပျော်မိမှာ"
ဖုန်းချန်က မုရုံချီချီကို နမ်းလိုက်ကာ သူမနှုတ်ခမ်းကို ဖွင့်၍ သူမရနံ့ကို စူးစမ်းလိုက်သည်။
သူမကို ဖိအားဖြစ်စေသော မောင်နှမဆိုသည့် အနေအထား မရှိတော့သောအခါ မုရုံချီချီ နှလုံးသားထဲမှ ဝန်ထုပ်ဝန်ပိုးသည် လုံးဝ ပြုတ်ကျသွားသည်။ မုရုံချီချီက ဖုန်းချန်အနမ်းကို မငြင်းဆန်ပါ။ ငှက်လေးတကောင်လိုပင် ဖုန်းချန်လက်မောင်းအား တွဲခိုထားသည်။ သူမလက်လေးများက ဖုန်းချန်ပခုံးပေါ်တွင် ရှိနေပြီး သူ့၏ ကြင်နာမှုများကို တုံ့ပြန်ရန် အစပျိုးခဲ့သည်။
တူညီသော ဘဝအတွေ့အကြုံ ရှိနေသူနှစ်ဦးသည် တခြားတယောက်ခန္ဓာကိုယ်တွင် ပဲ့တင်ထပ်နေသော အချက်ကို တွေ့ရှိခဲ့ကြသည်။
နှစ်ယောက်လုံးမှာ မိဘမဲ့များ ဖြစ်ကြပြီး သူတို့၏ မိဘများမှာ သေဆုံးခဲ့ကြသည်။ ထို့အပြင် သူတို့၏ မိဘများမှာ တခြားသူများ၏ အကောက်ကြံမှုကြောင့် ကောက်ကျစ်သော သူများ၏ လက်၌ ကြေကွဲဝမ်းနည်းဖွယ်ရာ သေဆုံးခဲ့သည်။ ဖုန်းချန်၏ ပြတ်သားမှုက သူတို့ကြားရှိ အဟန့်အတားကို လုံးဝ ပြိုကွဲစေသည်။ ချစ်သူစုံတွဲသည် ဒီအနမ်းကို ရာစုနှစ်တခုစာ စောင့်မျှော်နေရသကဲ့သို့ ယစ်မူးနေသလို နမ်းနေကြသည်။
မုရုံချီချီ၏ မျက်နှာလေး နီရဲပြီး အသက်ရှူကြပ်လာမှသာ ဖုန်းချန်က သူမကို လွှတ်ပေးလိုက်သည်။
အထင်လွဲမှုက ပြေလည်သွားပြီ ဖြစ်သည်။ မုရုံချီချီနှလုံးသားထဲရှိ ဖိအားကျောက်တုံးမှာလည်း ပျောက်ကွယ်သွားလေပြီ။ ထို့ကြောင့် သူမစိတ်အခြေအနေလည်း ကောင်းမွန်လာသည်။ သူမအပြုံးက ချိုမြိန်မှုနှင့် ပျော်ရွှင်မှုအရသာကို ယူဆောင်လာသည်။
ရုတ်တရက် မုရုံချီချီက အရာတခုကို သတိရလိုက်သည်။ သူမက သူ့ကို အလေးအနက်ကြည့်လိုက်ကာ
"ဝမ်ရယ် ရှင် ကျွန်မကို ချစ်တာနဲ့ ကျွန်မကို လိမ်ဖို့ ပုံပြင်တပုဒ် ဖန်တီးလိုက်တာတော့ မဟုတ်ပါဘူးနော် ဟုတ်တယ်မလား? ကျွန်မက မောင်နှမတွေကြားက ချစ်ခြင်းကို မဆန့်ကျင်ပါဘူး ဒါပေမယ့် မောင်နှမတွေက အနီးဆုံး အမျိုးတွေလေ... သူတို့က မွေးလာတဲ့ကလေးက မကျန်းမာဘဲ ကိုယ်လက်အင်္ဂါချို့တဲ့တတ်တယ်"
မုရုံချီချီမျက်နှာပေါ်မှ သံသယများကို မြင်သောအခါ ဖုန်းချန်က သဘောတကျရယ်လိုက်ပြီး မုရုံချီချီ၏နှာခေါင်းလေးကို လိမ်ဆွဲလိုက်သည်။
"ချင်းချင်း... မူလချင်မင်းဆက်က တော်ဝင်မိသားစုရဲ့ မျက်လုံးတွေ ခရမ်းရောင်ဖြစ်တယ်ဆိုတာ မင်း မသိတာလား? စပျစ်သီးလိုခရမ်းရောင်မျိုးက အလေးစားခံရဆုံး ဖြစ်ပြီး အသန့်စင်ဆုံးမျိုရိုးလည်း ဖြစ်တယ်! အဲ့လိုမှမဟုတ်ရင် ကိုယ်က ဘာလို့ ကိုယ့်မျက်လုံးတွေကို ဖုံးကွယ်ဖို့ နည်းလမ်းတွေကို အသုံးပြုနေမှာလဲ?"
"ချင်ကို တိုင်းပြည်သုံးခုအနေနဲ့ ခွဲလိုက်တယ်! မူလချင်တော်ဝင်မိသားစုက လူတိုင်းမဆို ကလေးတွေအပါအဝင် အားလုံးက အသတ်ခံလိုက်ရတယ်။ ကိုယ်ကတော့ ကျန်ရှိခဲ့တယောက်တည်းသောသူပဲ! ကိုယ့်ကိုသာ ရှာတွေ့ခဲ့ရင် ကိုယ်က တိုင်းပြည်သုံးခုလုံးနဲ့ ရင်ဆိုင်ရလိမ့်မယ်"
ဖုန်းချန်က ထိုသို့ ပြောသောအခါ မုရုံချီချီက ဖုန်းချန်၏ အခြေအနေကို ချက်ချင်းသဘောပေါက်လိုက်သည်။
"ဝမ်ရယ် ရှင့်ဘေးက လူတွေကရော စိတ်ချရရဲ့လား?"
မုရုံချီချီဆိုလိုသည့် လူများမှာ ဖုန်းချန်ဘေးတွင် ရှိနေကြပြီး ဖုန်းချန်၏ ခရမ်းရောင်မျက်လုံးကို မြင်နေရသူများ ဖြစ်သည်။ ထိုလူတွေသာ စိတ်မချရဘူးဆိုရင် ဒုက္ခဖြစ်မသွားစေဘူးလား?
ဖုန်းချန်က သူ့အကြောင်းကို အရမ်းဂရုစိုက်ပေးသည့် မုရုံချီချီကြောင့် အလွန်ကျေနပ်သွားမိသည်။ သူက မုရုံချီချီလက်ကို ဆွဲယူကာ လက်ဖမိုးအား နမ်းလိုက်သည်။
"သူတို့အားလုံးက ကိုယ့်လူတွေ ဖြစ်ပြီး ဘယ်တော့မှ သစ္စာမဖောက်ကြဘူး! ကိုယ့်ကို သစ္စာဖောက်တဲ့သူတွေက အစောကြီးကတည်းက သေကုန်ပြီ!"
"ဒါဆိုလည်း ကောင်းတယ်!"
မုရုံချီချီက ဖုန်းချန်ကို ခိုတွယ်လိုက်သည်။ မောင်နှမအချစ်ဆိုသည့် တားမြစ်ချက် မရှိတော့သောအခါ မုရုံချီချီက ယခင်ပုံစံ ပြန်ဖြစ်သွားသည်။
"ဝမ်ရယ်... ဒါဆို ရှင် ဘာကို လိုချင်သလဲ? ရှင် ဧကရာဇ်ဖြစ်ချင်လား? မူလချင်းနန်းဆက်ကို ပြန်ထူထောင်ချင်လား?"
"မလိုဘူး!"
ဖုန်းချန်က ခေါင်းခါလိုက်သည်။
"ဘာကြောင့်လဲ? ယောကျ်ားတိုင်းက အာဏာကို အထူးစွဲလန်းတပ်မက်ကြတာပဲ မဟုတ်လား?"
မုရုံချီချီက ထထိုင်လိုက်ပြီး ဖုန်းချန်အား အံ့အားသင့်မှုနှင့်အတူ ကြည့်လိုက်သည်။
"ချင်းချင်း... ကိုယ်က မင်းကိုပဲ အထူးစွဲလန်းတပ်မက်တာ"
ဖုန်းချန်စကားများတွင် မြူဆွယ်မှုများ ပါဝင်ကာ မုရုံချီချီအား ရှက်ရွံ့သွားစေသည်။
"ကျွန်မ အတည်ပြောနေတာနော်! ရှင့်မိဘတွေအတွက် လက်စားချေဖို့ကို ရှင်တခါမှ မတွေးဖူးဘူးမလား? ရှင် ပိုင်ဆိုင်တဲ့အရာတွေကို ပြန်မယူချင်ဘူးလား?"
"ဟား ဟား"
မုရုံချီချီက ထိုသို့ပြောတာ ကြားသောအခါ ဖုန်းချန်က ရယ်မောလိုက်သည်။ သူ့မျက်လုံးများတွင် စိတ်ခံစားချက်ပေါင်း ထောင်ပေါင်းများစွာ ရှိပြီး
"တိုင်းပြည်က အရှုပ်အထွေးဖြစ်ရင် ခံစားရမယ့်သူက သာမာန်ပြည်သူတွေပဲ! တိုင်းပြည်က လေးနိုင်ငံခွဲပြီး အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲရပ်တည်နေတာလည်း နှစ်ဆယ့်ငါးနှစ်လောက် ရှိနေပြီ။ ကိုယ်သာ ဒါကို ချိုးဖောက်လိုက်ရင် ခန့်မှန်းလို့ မရနိုင်တဲ့ ဖိအားတွေကို ရင်ဆိုင်ရလိမ့်မယ်"
"ဒါ့အပြင် မင်းကြီး ဖြစ်ရတာလည်း အကောင်းဆုံးအရာတော့ မဟုတ်ဘူး။ အဲ့ဒီနေရာမှာ မင်းထိုင်လိုက်ပြီဆိုတာနဲ့ အာဏာကြောင့် မင်းရဲ့ နှလုံးသားနဲ့ လူ့သဘာဝကို ဆုံးရှုံးရလိမ့်မယ်။ တနေ့နေ့မှာ ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးပြီး ကို
်က အေးစက်ပြီး တကိုယ်ကောင်းဆန်တဲ့သူတယောက် ဖြစ်မလာချင်ဘူး။ ကိုယ်က ဒါကို မကြိုက်ဘူးဆိုမှတော့ ဒီပြသနာရဲ့ စက်ဝန်းထဲကို ခြေမချသင့်ဘူး။ လိုချင်တာတွေ များလေ ဆုံးရှုံးမှုတွေ ပိုလာလေပဲ! ကိုယ့်မှာ ပိုင်ဆိုင်ပြီးသား အရာတွေကို ကိုယ် မဆုံးရှုံးချင်ဘူး အထူးသဖြင့် မင်းကိုပေါ့"
"ဒါပေမယ့် ချင်းချင်းသာ ကမ္ဘာပေါ်မှာ အမြင့်မြတ်ဆုံး မိန်းကလေးတယောက် ဖြစ်ချင်တယ်ဆိုရင်တော့ မင်းအတွက် ကိုယ် ဆန္ဒရှိပါတယ်"
"မဟုတ်ဘူး! ကျွန်မ မလိုချင်ဘူူး!"
မုရုံချီချီက သူမခေါင်းကို ခါလိုက်ပြီး ဖုန်းချန်ရင်ဘတ်ကို မှီလိုက်သည်။
"အခုလေးတင်ပဲ ကျွန်မ စိုးရိမ်ခဲ့တယ်။ ဝမ်ရယ်မှာ ထီးနန်းကို ပြန်ပြီး ရပ်တည်ချင်ခဲ့မှာ စိုးရိမ်ခဲ့တယ်၊ ဝမ်ရယ်က အာဏာကို အထူးစွဲလမ်းတပ်မက်ပြီး ချမ်းသာချင်စိတ်ရှိနေမှာကို ကျွန်မစိုးရိမခဲ့တယ်။ အခု ကျွန်မ ရှင့်ကို တောင်းပန်ပါတယ်နော်။ ကျွန်မ မှားသွားပါတယ်။ ကျွန်မ ရှင်ပြောသလို မြင့်မြတ်မှုလည်း မလိုချင်ဘူး။ ကျွန်မက ကျွန်မချစ်တဲ့သူနဲ့ အတူရှိချင်ပြီး တဘဝလုံးကို ငြိမ်းငြိမ်းချမ်းချမ်း ကုန်ဆုံးချင်တာ! အတူတူကြီးပြင်းကြပြီး ဘယ်တော့မှ မခွဲကြဘူးနော်"