High Energy QR Code [ Myanmar...

By Inix_ss

115K 22.5K 842

Title - High Energy QR Code 高能二维码 Gāonéng èr wéi mǎ Author - Cyan Wings 青色羽翼 Genre - Survival, Fa... More

Intro
Chapter 1 _ QR code
Chapter 2 _ ကံကောင်းခြင်း
Chapter 3 _ မှန်တစ်ချပ်
Chapter 4 _ အစေခံ
Chapter 5 _ ဇာတ်သိမ်းဟု ခေါ်သည့်အရာ
Chapter 6 _ ကြီးမားသော မီးတောက်
Chapter 7 _ အဝတ်များ ဝယ်ခြင်း
Chapter 8 _ မှန်ထဲက ပုံပြင်
Chapter 9 _ မြို့ထဲသို့ ဝင်ရောက်ခြင်း
Chapter 10 _ ရွှေလက်ချောင်း
Chapter 11 _ အမျိုးသမီးဝတ်စုံ
Chapter 12 _ ပဋိပက္ခ
Chapter 13 _ ဓားရေးယှဉ်ခြင်း
Chapter 14 _ ထောင်ချောက်
Chapter 15 _ ညအချိန်၌ ချိန်းတွေ့ခြင်း
Chapter 17 _ မှော်ဝင်မှန်
Chapter 18 _ စည်းမျဉ်းများ
Chapter 19 _ ရှုပ်ထွေးပွေလီကမ္ဘာ စတင်ခြင်း
Chapter 20 _ အဆောင်
Chapter 21 _ လူဦးခေါင်း
Chapter 22 _ အပေးအယူ
Chapter 23 _ ပိုက်ဆံ၏ စွမ်းပကား
Chapter 24 _ စန္ဒရား
Chapter 25 _ ပူးပေါင်းသူ
Chapter 26 _ ရေမွှေး
Chapter 27 _ မှန်၏ စွမ်းရည်
Chapter 28 _ ယင်ကောင်
Chapter 29 _ နောက်ဆုံးသော လူ
Chapter 30 _ အခြေခံကျင့်ဝတ်
Chapter 31 _ သတင်းအချက်အလက်
Chapter 32 _ ကျန်းကျင့်ရို
Chapter 33 _ ပုံတူပန်းချီ
Chapter 34 _ သီခွမ့်
Chapter 35 _ ခင်မင်မှု
Chapter 36 _ ပြန်လည်ရေးဆွဲနိုင်သည့် ဘောပင်
Chapter 37 _ တာဝန်ကျရုံးခန်း
Chapter 38 _ အိပ်ရာထက်က စကားစမြည်
Chapter 39 _ ရှင်ယဲ့၏ အတိတ်
Chapter 40 _ နောက်ဆုံးအဆင့်
Chapter 41 _ သူငယ်ချင်းအား ရောင်းစားခြင်း
Chapter 42 _ အပေါ်ယံဇာတ်သိမ်း
Chapter 43 _ ကျန်းဖေးမင်
Chapter 44 _ တိုက်ပွဲမတိုင်မီ
Chapter 45 _ ပြင်းထန်သော တိုက်ပွဲ
Chapter 46 _ အဆုံးသတ်ရလဒ်
Chapter 47 _ ၇/၇
Chapter 48 _ နောက်ဆက်တွဲ
Chapter 49 _ အမှန်တရားကို ဆိုသော မြို့ခံအား ရှာဖွေခြင်း
Chapter 50 _ Neverland
Chapter 51 _ ရုပ်သေးမြို့တော်
Chapter 52 _ မီးခြစ်ဆံရုပ်သေးရုပ်
Chapter 53 _ ပကတိမျက်လုံး
Chapter 54 _ လက်လဲလှယ်ခြင်း
Chapter 55 _ တရားမဝင်မိုင်းတွင်း
Chapter 56 _ ကမ္ဘာဦးအစ ဒဏ္ဍာရီ
Chapter 57 _ ငြီးငွေ့မှု
Chapter 58 _ မြို့ပိုင်
Chapter 59 _ ပရိုဂျက်တာ
Chapter 60 _ အိတ်ဆောင်နာရီ
Chapter 61 _ ပြန်လည်မွေးဖွားသော ကစားသူ
Chapter 62 _ ပျောက်ဆုံးသွားသော မျက်ရည်စများ
Chapter 63 _ သားကလေး
Chapter 64 _ နံပါတ် S
Chapter 65 _ ခဲခယ့်
Chapter 66 _ ရုပ်သေးရုပ်လေး
Chapter 67 _အမှန်တရားကို ဆိုသော ရုပ်သေးရုပ်
Chapter 68 _ အတတ်နိုင်ဆုံး ကူညီခြင်း
Chapter 69 _ မှန်၏ အဆိုပြုချက်
Chapter 70 _ ရုပ်သေးပြဇာတ်
Chapter 71 _ လောင်းကစားသမား၏ သရုပ်ဆောင်စွမ်းရည်
Chapter 72 _ မြစ်ကမ်းပါးတိုက်ပွဲ
Chapter 73 _ ငန်းသွင်သလင်းကျောက်
Chapter 74 _ စိတ်မချမ်းမြေ့သော မှန်
Chapter 75 _ ဗဟိုချက်ထိန်းချုပ်စက်
Chapter 76 _ ရင်းနှီးမှုအမှတ်
Chapter 77 _ ရုပ်သေးမြို့တော်အတွက် ကောင်းချီးဩဘာ (Part 1)
Chapter 77 _ ရုပ်သေးမြို့တော်အတွက် ကောင်းခ‌ျီးဩဘာ (Part 2)

Chapter 16 _ ​ဖြားယောင်းသိမ်းသွင်းခြင်း

1.4K 340 7
By Inix_ss


(Unicode)

“မင်း ဘာမဟုတ်တာတွေ ပြောနေတာလဲ?” နယ်စားမင်း ဂါဆီယာက လုံးဝ မယုံကြည်နိုင်ပေ။ ထိုသို့ မယုံကြည်သည်ကိုကပင် သူ၏ စိတ်အခြေအနေက ပုံမှန်ဖြစ်သည်ဆိုတာကို သက်သေပြနေသည်။

ရှင်ယဲ့ကလည်း ရှင်းပြဖို့ ရည်ရွယ်ချက်မရှိဘဲ၊ စကားကိုသာ ဆက်လိုက်၏: “အရှင် နယ်စားမင်း ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ကျွန်တော်ကတော့ နန်းတော်ကိုသွားပြီး ဘုရင်မကို  လုပ်ကြံရမှာပါပဲ။ ဒီနည်းလမ်းတစ်ခုတည်းကပဲ အချိန်နဲ့ ဒီရေကို တဖန်ပြန်ပြီး စီးဆင်းနိုင်စေမှာပါ”

ထိုသို့ ဆိုလိုက်ပြီးနောက်၊ သတိလစ်နေသည့် ဘုရင်မအချစ်တော်အား ဆွဲမလိုက်ပြီး ထွက်သွားမလို့ပြင်လိုက်လေသည်။ ဂါဆီယာက ချက်ချင်းပဲ သူ့အား တားလိုက်တော့သည်: “မင်း ရပ်လိုက်!”

သူ့မှာ ကိုက်ခဲနေသည့် သူ၏ နားထင်များကို နှိပ်လျက် သူ့ ရှေ့တွင် ရှိနေသော အမျိုးသမီးကို ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေလေသည်။

ရှင်ယဲ့လည်း ထိုအခြေအနေကို မြင်မြင်ချင်းပင် ရပ်တန့်လိုက်ပြီး။ ခေါင်းကိုငုံ့ကာ ဆိုလေ၏: “ကျွန်တော် နားလည်ပါပြီ။ အရှင်နယ်စားမင်း ကျွန်တော့်ကို အဆုံးစီရင်တော်မူပါ”

“ဟမ်?” နယ်စားမင်း ဂါဆီယာမှာ ရှင်ယဲ့၏ အတွေးများကို လိုက်မမှီနိုင်တော့ချေ။

“အရှင် နယ်စားမင်းက ကျွန်တော့်ကို မယုံကြည်ပေမဲ့ ကျွန်တော်က ဘုရင်မကို လုပ်ကြံဖို့ ကြိုးစားနေဦးမှာပဲ။ အဲ့လိုဆိုသာရင် နယ်စားမင်း စံအိမ်အတွက် ပြဿနာဖြစ်လာလိမ့်မယ်။ ကျွန်တော့်ကို တားနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက ကျွန်တော့်ကို သတ်ပစ်လိုက်တာပဲ။ အကယ်၍ အရှင် နယ်စားမင်းက ကျွန်တော့်ကို ယုံကြည်တယ်၊ ဒါပေမဲ့ ဘုရင်မအပေါ်သစ္စာရှိတယ်ဆိုရင် ကျွန်တော့်ကို ဒီကမ္ဘာပေါ်မှာ ရှင်သန်ခွင့်ပေးဖို့ မဖြစ်နိုင်တဲ့အတွက်ကြောင့် ရှင်းပစ်ရလိမ့်မယ်။ နောက်ဆုံး အရှင် နယ်စားမင်းက ကျွန်တော့်ကိုလည်း ယုံကြည်တယ်၊ နတ်ဆိုးဘုရင်မကိုလည်း သုတ်သင်ချင်တယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ သွေးကိုယူပြီး ဘုရင်မကို သတ်ပစ်ရလိမ့်မယ်”

ခြုံပြောရရင်တော့၊ နယ်စားမင်းရေ ကျွန်‌တော့်ကိုသာ သတ်လိုက်ပါ။

“ဒါပေမဲ့” ရှင်ယဲ့ ဘုရင်မအချစ်တော်ကို ကန်လိုက်ပြီးနောက် ဆိုလေသည်။ “ဒီလူကတော့ နန်းတော်ထဲ ပြန်သွားနိုင်မှာ မဟုတ်တော့ဘူး။ သူက ကျွန်တော့် လျှို့ဝှက်ချက်ကို သိနေတယ်ဆိုတော့ ဒီအတိုင်း မထားနိုင်ဘူး”

နယ်စားမင်း ဂါဆီယာက နောက်ဆုံးကျန်တဲ့ ကြိုးကိုင်ခြယ်လှယ်သူကို သတ်လိုက်တာကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။

“နေဦး!” နယ်စားမင်း ဂါဆီယာက လူသတ်မလို့ လုပ်နေသည့် ရှင်ယဲ့ကို လက်မြှောက်တားဆီးလိုက်၏။ “ဒါ အရမ်း ရုတ်တရက်ဆန်လွန်းတယ်။ မင်း ငါ့ကို စဉ်းစားဖို့ အချိန်ခဏပေး”

“အဲ့လိုဆို၊ ကျွန်တော် ဒီမှာပဲ အရှင့်ကို စောင့်နေပါ့မယ်”

ရှင်ယဲ့က ဘုရင်မအချစ်တော်၏ ကျောကို တက်နင်းထားသော်လည်း အသေသတ်ဖို့ ရည်ရွယ်ချက်မရှိပေ။ သူ့ အစီအစဉ်အရ ကြိုးကိုင်ခြယ်လှယ်သူမှာ သူ့ထက်စာလျှင် နယ်စားမင်း ဂါဆီယာထံက အသတ်ခံရသင့်လေသည်။ အဲ့လိုမှသာ ဖြစ်နိုင်ချေများ အားလုံးကို ရှောင်လွှဲနိုင်မှာဖြစ်သည်။

ဂါဆီယာက အခန်းထဲတွင် လျှောက်သွားနေရင်းဖြင့်၊ သူ၏ ခရီးဆောင်နာရီကို ကြည့်လိုက်၊ အခန်းထဲမှာ ရပ်နေသည့် ကောင်မလေးကို ကြည့်လိုက် လုပ်နေလေ၏။ သူမက နယ်စားမင်း စံအိမ်၏ အစေခံဝတ်စုံကို ဝတ်ဆင်ထားသည်မှာ အလွန်လှပလေသည်။ ဂါဆီယာမှာ အစေခံဝတ်စုံက ဒီလောက်အထိ လှနိုင်လိမ့်မည်ဟု တစ်ခါမှ မထင်ဖူးခဲ့ချေ။

ခဏအကြာလောက် စိတ်သောကရောက်လိုက်ပြီးနောက်မှာတော့၊ သူ၏ ထိုင်ခုံပေါ်တွင် ပြန်ထိုင်လိုက်ပြီး၊ တည်ငြိမ်စွာ ဆိုလိုက်လေသည်: “ဘုရင်မက အသက်ရှင်နေတာ နှစ်ငါးရာတောင်ရှိနေပြီ။ အဲ့ဒါကို မင်းမျိုးမင်းနွယ်တွေနဲ့ Churchကျောင်းကလည်း သိတယ်။ သူက နတ်ဆိုးတွေနဲ့ အပေးအယူလုပ်ထားတယ်ဆိုတာကို ငါတို့အားလုံးသိကြတာပဲ။ ဒါပေမဲ့ အဲ့တာက ဘာမှမဟုတ်ဘူး။ လောရင့်စ်၊ မင်းလို သာမန်နောက်ခံကလာတဲ့ လူတစ်ယောက်က ဒါကို နားလည်မှာ မဟုတ်ဘူး။ ငါတို့ရဲ့ မျက်လုံးထဲမှာတော့၊ ဘုရင်မအသက်ကို ဆွဲဆန့်ဖို့အတွက် ဆယ်နှစ်တစ်ကြိမ် လှပတဲ့ မိန်းကလေးတစ်ယောက်ကို သတ်ပစ်တာက ကြီးမားတဲ့ ပြဿနာမဟုတ်ဘူး”

ရှင်ယဲ့ သေချာပေါက် နားလည်သည်ပင်။ ဒီခေတ်အခြေအနေမှာတော့၊ မင်းမျိုးမင်းနွယ်တွေက သာမန် အရပ်သားတွေရဲ့ သေရင်းရှင်ရေးကို ဂရုစိုက်နိုင်စရာ အကြောင်းမရှိပေ။

“Churchကျောင်းက သူတို့ရဲ့အယူဝါဒကို ပိုပြီးထွန်းကားအောင်လုပ်ဖို့အတွက် တော်ဝင်မိသားစုရဲ့ အကူအညီကို လိုအပ်တယ်။ မင်းမျိုးမင်းနွယ်တွေကလည်း Churchကျောင်းက ကျွန်တွေကို အယူဝါဒတွေရိုက်သွင်းပေးနေတာကို ဆန့်ကျင်ဖို့အတွက် ဘုရင်မရဲ့ထောက်ခံမှု လိုအပ်တယ်။ အဲ့တာတွေအတွက် ဘုရင်မက နှစ်ရာပေါင်းများစွာ အာဏာသုံးခု အညီအမျှရပ်တည်နေနိုင်အောင် အမြဲတမ်း အဆင်ပြေပြေလုပ်ပေးနိုင်ခဲ့တယ်။ ဘယ်သူကမှ ဒီလိုမျိုး ဟန်ချက်ညီနေတာကို မဖျက်ဆီးချင်ဘူး။ အဲ့လိုဆိုတော့ ငါတို့က သူ နတ်ဆိုးတွေနဲ့ အပေးအယူလုပ်ထားတာကို သိနေတော့ရော ဘာလုပ်ရမှာလဲ” နယ်စားမင်း ဂါဆီယာက ဂရုမစိုက်စွာ ပြောလေသည်။

ပုံပြင်မှာ အပြင်ကကမ္ဘာနှင့် ကွာခြားသည်ဆိုတာကို ရှင်ယဲ့ ရှင်းရှင်းလင်းလင်း သိလေသည်။ ဘုရင်မက ဒီတိုင်းပြည်ကို မှော်စွမ်းအားနှင့် အုပ်ချုပ်ထားနိုင်တာ မဟုတ်ပေ။ တိုင်းပြည်ရှိ တခြား အာဏာရှိသူများအား ဘုရင်မလုပ်သမျှကို လက်ခံလာအောင်လုပ်ဖို့ အကျိုးအမြတ်အချို့ ပေးရမည်သာဖြစ်သည်။

“ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ထောက်တိုင်သုံးချောင်းပေါင်းထားရင်တောင်မှ ကြီးမားတဲ့ အင်အားတစ်ခုကို ဘယ်တော့မှ ယှဉ်နိုင်မှာမဟုတ်ပါဘူး” ရှင်ယဲ့ ဖြားယောင်းသိမ်းသွင်းကာ ဆိုလေ၏။ “ဘာကြောင့် ဘုရင်မရဲ့ မကောင်းဆိုးဝါး သရုပ်မှန်ကို လူထုရှေ့မှာ ချမပြတာပါလဲ။ ပြီးရင် အပြစ်တွေအကုန်လုံးကို Churchကျောင်းကို ပုံချလိုက်ပြီး၊ ဘုရင်မနဲ့ Churchကျောင်းက နတ်ဆိုးရဲ့ လှည့်ဖျားခြင်းကို ခံထားရတာကြောင့် အပြစ်မရှိတဲ့ မိန်းကလေးငယ်တွေကို နှစ်ပေါင်းများစွာ နှိပ်စက်ညှင်းပန်းခဲ့တယ်လို့ လူတွေကို အသိပေးလိုက်ပါ။ အရှင် နယ်စားမင်း၊ အရှင်က စစ်တပ်အင်အားကော၊ ရာထူးကော ရှိပါရက်နဲ့ ဘာလို့ တော်ဝင်မိသားစုနဲ့ Churchကျောင်းရဲ့ နိုင်ထက်စီးနင်းလုပ်တာကို သည်းခံနေရမှာပါလဲ? ဒါက ဘုရင်မကို ဖြုတ်ချပြီး၊ တော်ဝင်မိသားစုရဲ့ အာဏာနဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ဖို့အတွက် အမိန့်နာခံမယ့် ရုပ်သေးရုပ်တစ်ရုပ်ကို ထောက်ပံ့ပေးဖို့ ကောင်းတဲ့ အခွင့်အရေးတစ်ခုပါ။ အရှင်က မင်းမျိုးမင်းနွယ်အချို့ကို စုစည်းလိုက််ပြီး ပါလီမန်တစ်ခုကို ထောင်လိုက်မယ်၊ တော်ဝင်မိသားစုရဲ့ အာဏာကိုလည်း ဖယ်ရှားနိုင်မယ်ဆိုရင် ဒီတိုင်းပြည်က အရှင့်အတွက်ပါပဲ”

ဒါက သမိုင်းစာအုပ်တွေထဲမှာ ရေးထားသကဲ့သို့ပင်ဖြစ်သည်။ အချိန်အကြာကြီး ကွဲကွာနေကြပြီးလျှင် ပြန်လည်ပေါင်းစည်းရမှာပင်။ နှစ်၅၀၀ကြာ ဟန်ချက်ညီနေမှုက စိုးရိမ်ရေမှတ်သို့ ရောက်ဟန်ရှိလာသောကြောင့်၊ ပြောင်းလဲရမည့် အချိန်သို့ ရောက်နေပြီ ဖြစ်လေ၏။

“မင်းက အရမ်း ရဲတင်းလွန်းပါလား!” နယ်စားမင်း ဂါဆီယာက ရိုးကျိုးနာခံသည့် မျက်နှာနှင့် ရှင်ယဲ့ စူးစိုက်ကြည့်လိုက်၏။ ထိုသို့ ရက်စက်သည့် စကားများကို ပြောသွားတာ သူမဟုတ်သလိုပင်။

လောရင့်စ်၊ ရက်စက်ပြီး လှပတဲ့ မိန်းကလေးတစ်ယောက်။ သူမ၏ ရဲရင့်ပြတ်သားမှုကလည်း ထိတ်လန့်စရာဖြစ်နေသည်။ သူ့လိုလူမျိုးက သူမကို အသက်ရှင်လျက်ထားစရာအကြောင်းမရှိပေ။

နယ်စားမင်း ဂါဆီယာက တိုင်းပြည်၏ နိုင်ငံရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့အတွက် တော်ဝင်အာဏာကို စိန်ခေါ်ဖို့ သတ္တိရှိလားမရှိလားဆိုတာကို ရှင်ယဲ့ ဂရုမစိုက်ပေ။ သူ ဒီနေ့ပြောလိုက်သည့် စကားကြောင့် သူ့အတွက် ဇာတ်သိမ်းနှစ်ခုကသာ စောင့်မျှော်နေလိမ့်ပေမည်။

ပထမ၊ ဂါဆီယာက သူပြောတာကို လက်မခံဘဲ၊ သူ့ကို အရမ်း အန္တရာယ်များတယ်လို့ စဉ်းစားတာကြောင့်၊ သူ၏ မိသားစုကို အမှုပတ်ခြင်းမှ တားဆီးဖို့ရာအတွက် ရှင်ယဲ့ကို တိတ်တဆိတ် ကွပ်မျက်ပစ်လိမ့်မည်။ ဒုတိယ၊ ဂါဆီယာက ရည်မှန်းချက်ကြီးပြီး၊ လုပ်နိုင်စွမ်းရှိတာကြောင့် ဘုရင်မကို နှိမ်နင်းဖို့ရာ ရှင်ယဲ့က သူ့ကို ကူညီပေးပြီး၊ ဘုရင်မ၏ သရုပ်မှန်ကို လူတွေရှေ့မှာ ထုတ်ဖော်ပြသလိုက်မည်။ အလယ်ခေတ်များတွင် စုန်းမများကို မီးရှို့သတ်ဖြတ်ခြင်းက ခေတ်စားလေသည်။ ထို့ကြောင့် သူနှင့် မှန်က ဘုရင်မကိုယ်ထဲက နတ်ဆိုးအား ဖမ်းချုပ်ဖို့ နည်းလမ်းကို စဉ်းစားပြီးလျှင်၊ မီးရှို့သတ်လိုက်ဖို့သာ လိုတော့သည်။

ဇာတ်သိမ်းနှစ်ခု၊ ထိုနှစ်ခုထဲက ဘယ်တစ်ခုကိုမှ Systemက သတ်မှတ်ထားခြင်းမရှိပေ။

ကစားသူက Systemက ပြဋ္ဌာန်းထားသော ဘောင်အတွင်းမှာပဲ နေသည့်အခါ၊ သူ၏ စဉ်းစားတွေးခေါ်မှုများမှာလည်း ကန့်သတ်ခံနေရလိမ့်မည်။ သူ၏ ကမ္ဘာက ဒီလောက်လေးပဲ ကျယ်ပြန့်သည်ဟုသာ တွေးလိုက်ပြီး၊ Systemက ဖန်တီးပေးထားသည့် ရွေးချယ်မှုနှစ်ခုသာရှိသည်ဟု ထင်နေလိမ့်မည်ပင်။

သို့သော်လည်း ဒါက နတ်သမီးပုံပြင်တစ်ခုမဟုတ်ချေ။ ပြီးပြည့်စုံသော ကမ္ဘာတစ်ခုသာဖြစ်သည်။ ဒီကမ္ဘာပေါ်မှာ ဘုရင်မ၊ ကလယ်ရာနှင့် မှန်ဆိုသည့် ဇာတ်ကောင်သုံးခုသာ ရှိသည်မဟုတ်ဘဲ၊ အဆုံးမရှိကျယ်ပြန့်သော ကမ္ဘာသည်သာဖြစ်၏။ ရွေးချယ်မှုများမှာလည်း မရေမတွက်နိုင်ပေ။

ရှင်ယဲ့ ကြမ်းပြင်ပေါ်မှာလဲကျနေသည့် ကြိုးကိုင်ခြယ်လှယ်သူကို ငုံ့ကြည့်လိုက်သည်။ ကံကောင်းချင်ခဲ့သော်လည်း၊ အချိန်များကို လွယ်လွယ်ကူကူ အေးအေးဆေးဆေး ဖြတ်သန်းချင်ခဲ့သော်လည်း၊ ကံကြမ္မာဆိုသော လှပသည့် လှောင်အိမ်ထဲမှာ ပိတ်မိနေသော စာဝါငှက်လေးတစ်ကောင်ကဲ့သို့  ကောင်းကင်ယံထက် ရဲရဲဝင့်ဝင့် ပျံသန်းနိုင်မည့် အခွင့်အရေးများဆုံးရှုံးသွားပြီး၊ အရင်တုန်းက ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ရသည့်အတိုင်းသာ ဖြစ်လို့နေလေတော့သည်။

သနားစရာကောင်းလိုက်တာ။

“လောရင့်စ်၊ ဒီပြဿနာက အရမ်း အရေးကြီးတယ်။ ငါအခုချက်ချင်း ဆုံးဖြတ်ချက်ချလို့မရဘူး” ဂါဆီယာက ဆိုလေ၏။ “ငါမင်းကို အချိန်တစ်ခုအထိ အိမ်အကျယ်ချုပ်ချထားမယ်။ မင်း နယ်စားမင်း စံအိမ်ထဲကနေ ထွက်သွားလို့မရဘူး။ နားလည်လား?”

“နားလည်ပါတယ်” ရှင်ယဲ့ နာခံစွာ ဆိုလိုက်သည်။ “ကျွန်တော့်မှာ ဆန္ဒတစ်ခုပဲရှိပါတယ်။ အကယ်၍ အရှင်နယ်စားမင်းက ဒီကိစ္စကို ဖုံးဖိဖို့ စဉ်းစားထားတယ်ဆိုရင်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ဘုရင်မလက်ထဲ မအပ်ပါနဲ့။ ကျွန်‌တော် နယ်စားမင်း ဂါဆီယာရဲ့ ရဲမက်တစ်ယောက်အဖြစ်နဲ့ပဲ သေချင်ပါတယ်”

ဂါဆီယာက သေရမှာကိုတောင်မကြောက်သည့် မိန်းကလေးအား ကြည့်လိုက်ကာ သက်ပြင်းချလိုက်၏: “မပူပါနဲ့၊ တိုင်းပြည်တစ်ပြည်လုံးကို ကျွမ်းထိုးမှောက်ခုံဖြစ်အောင်လုပ်ဖို့ ကြိုးစားနေတဲ့ ရူးသွပ်တဲ့ မိန်းမတစ်ယောက် ရှိတယ်ဆိုတာ ငါ တခြားလူတွေကို အသိမပေးနိုင်ပါဘူး”

ဒီလောက်ဆို လုံလောက်ပါပြီ။ ရှင်ယဲ့ စိတ်ထဲက ပြုံးလိုက်၏။

“သြော်၊ ဟုတ်သားပဲ” ရှင်ယဲ့ ကြိုးကိုင်ခြယ်လှယ်သူကို လက်ညှိုးထိုးပြလိုက်သည်။ “ဒီလူကို သတ်ရအောင်ပါ။ ရဲမက်တွေကလည်းမြင်ပြီးသွားပြီဆိုတော့၊ သူ အသက်ရှင်လို့မရဘူး”

ဂါဆီယာမှာ ခေါင်းကိုက်လွန်းသဖြင့် ခေါင်းက ပေါက်ကွဲထွက်တော့မလိုတောင် ခံစားနေရသည်။ ဘယ်လိုလုပ်ပြီး ဒီလို ဂြိုလ်မွှေတဲ့ ရဲမက်တစ်ယောက်ကို လက်ခံထားမိလိုက်ရတာလဲ!

“ငါသိပြီ။ ဘုရင်မအချစ်တော် အခြွေအရံက နန်းတော်ထဲက ခိုးထွက်ပြီး နယ်စားမင်း ဂါဆီယာရဲ့ အစေခံကို  သွေးဆောင်ဖြားယောင်းတဲ့အတွက် ငါ့ဆီက ကွပ်မျက်ခံလိုက်ရတာပေါ့။ ငါ ဘုရင်မကို ငယ်ပြီး ချောတဲ့ ယောကျာ်းလေးအခြွေအရံအချို့ နဲ့ အစားထိုးပေးလိုက်မယ်။ အပြင်မှာ ဖောက်ပြန်တဲ့ အခြွေအရံတစ်ယောက်အတွက်နဲ့တော့ ဘုရင်မက မင်းမျိုးမင်းနွယ်တွေကို မျက်နှာပျက်အောင်လုပ်မှာ မဟုတ်ပါဘူး” ဂါဆီယာက အမှုမထားဘဲ ပြောလိုက်လေသည်။ သာမည အခြွေအရံလေးတစ်ယောက်နဲ့ အစောင့်တပ်မှူးလောက်ကိုတော့ မင်းမျိုးမင်းနွယ်တို့က မျက်လုံးထဲမြင်မှာမဟုတ်ချေ။

နောက်ဆုံးတော့၊ ရှင်ယဲ့ အကုန်လုံးပြီးမြောက်အောင် လုပ်နိုင်ခဲ့ပြီဖြစ်သည်။

နယ်စားမင်း ဂါဆီယာက သူ့အပေါ် ကောင်းကောင်းဆက်ဆံလေသည်။ နေအိမ်အကျယ်ချုပ်ဟု ဆိုသော်လည်း၊ လက်နက်ကိုင်ဆောင်ခွင့်နှင့် စံအိမ်က ထွက်ခွင့်မရတာသာရှိသည်။ ရှင်ယဲ့မှာ နေ့တိုင်း စားလိုက်သောက်လိုက်ဖြင့် ဘဝကို သက်တောင့်သက်သာရှိစွာ ဖြတ်သန်းနေလေ၏။

ထိုညမှာတော့ ဘုရင်မအချစ်တော်က သေဆုံးသွားခဲ့ပြီး၊ ကြိုးကိုင်ခြယ်လှယ်သူ သုံးယောက်လုံးကို သုတ်သင်နိုင်ခဲ့ပြီဖြစ်သည်။ သို့သော် ပုံပြင်ဇာတ်ကြောင်းကတော့ ဆက်သွားနေသေးသည်။

မှန်: ဘာလို့ ဒီလိုဖြစ်ရတာလဲ?

အရင်တုန်းက၊ သူ ကံကြမ္မာဆန့်ကျင်သည့် အဖွဲ့ကလူများကို သတ်ပြီးလျှင် mission အနိုင်ရခဲ့တာချည်းပင်။ သို့ရာတွင် ဒီတစ်ချိန် မှန်က ဆန်ကျင်သည့်အဖွဲ့ရဲ့ item ဖြစ်လာတော့မှသာ၊ ကံကြမ္မာလိုက်နာသည့် အဖွဲ့ကလူများ သေသွားရင်တောင် ဂိမ်းကအဆုံးမသတ်ဘူးဆိုတာကို သိခွင့်ရခဲ့သည်။

ရှင်ယဲ့က မှန်ကို စိတ်ရှည်ရှည်နှင့် ရှင်းပြပေး၏: “ဘာလို့လဲဆိုတော့ ငါတို့ရဲ့ ပြိုင်ဘက်က ကံကြမ္မာလိုက်နာတဲ့ အဖွဲ့မဟုတ်လို့ပဲ။ မင်းတို့တွေက Systemက ကံကြမ္မာဆန့်ကျင်တဲ့ အဖွဲ့ကလူတွေနဲ့ ပြိုင်ဘက်ကစားဖို့ ချပေးထားတဲ့ နယ်ရုပ်တွေပဲ။ နယ်ရုပ်တွေအကုန်လုံး အစားခံလိုက်ရပေမဲ့၊ စစ်တုရင် ကစားကွက်ကတော့ ဆက်ရှိနေဦးမှာပဲ။ ဇာတ်သိမ်းကိုမရောက်မချင်း၊ ပုံပြင်ကလည်း အဆုံးသတ်မှာ မဟုတ်ဘူး။

မှန်မှာ တိတ်ဆိတ်သွားကာ၊ အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။

ရှင်ယဲ့က သူများတွေကို နှစ်သိမ့်ပေးသည့် နေရာမှာ မတော်ချေ။ သူအခုအချိန်မှာ လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ဆိတ်ဆိတ်နေခြင်းသာဖြစ်သည်။

သူက “မှော်ဝင်မှန်ရေ.. ငါ့ကိုပြောစမ်းပါ” လို့ပြောလိုက်လျှင်၊ မှန်၏ အသိစိတ်က ဖယ်ရှားခံသွားရမှာဖြစ်သည်။ ဘယ်သူကမှ ကိုယ့်စိတ်ကို ဆုံးရှုံးရတာကို ကြိုက်မည်မဟုတ်ပေ။ မှန်မှာ မပျော်သော်လည်း စိတ်ရှည်ရလေသည်။ ရှင်ယဲ့က မှော်ဝင်မှန်ဆီက သတင်းအချက်အလက်များ လိုအပ်‌သောကြောင့်ဖြစ်သည်။ သူ ရှင်ယဲ့ကို ဂါထာကို မရွတ်နဲ့လို့ မပြောနိုင်ချေ။

သူက လူတစ်ယောက်မဟုတ်တော့ပေ။ လွတ်လပ်မှုမရှိသည့် မှန်တစ်ချပ်သာ ဖြစ်သည်။

ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရသည့် နေ့ရက်တွေတုန်းက၊ သူ့ညီလေး ရှင်ရှော့ဟာလည်း ယခုလို ပုံစံမျိုးပဲဖြစ်ခဲ့သည်။ ဖြစ်ချင်တာတွေကို သတိရှိရှိ ချုပ်တည်းထားတတ်ပြီး၊ သူ့အစ်ကိုကို တတ်နိုင်သလောက် ဒုက္ခမပေးမိအောင် ကြိုးစားခဲ့လေသည်။ ရှင်ယဲ့က အခြေအနေတွေအကုန်လုံးကို ထိန်းချုပ်သွားနိုင်တဲ့အချိန်မှာတော့ ရှင်ရှော့မှာ တဇွတ်ထိုးလုပ်တတ်သည့် အကျင့်ဆိုတာ မရှိတော့ချေ။

ရှောင်ရှော့ကသာ နည်းနည်းလောက် ထင်ရာစိုင်းတတ်ပြီး၊  QR code ကို ရှင်ယဲ့ဆီ စောစောစီးစီး ပြခဲ့မည်ဆိုလျှင်၊ အရာအားလုံးက ပြောင်းလဲသွားနိုင်ခဲ့မှာပင်။

ရှင်ယဲ့ ထာဝရ အိပ်စက်နေတော့မည့် သူ့ ညီလေးမျက်နှာကို ပြန်တွေးကြည့်မိလိုက်တော့၊ မှန်ကို မနေနိုင်စွာ ပြောမိသွားသည်: “မင်း နည်းနည်းလောက်ပိုပြီး တဇွတ်ထိုးဆန်လို့ရပါတယ်”

မှန်: “ဟမ်?”

“ဉပမာ ပြောရရင်၊ ငါ့ကို ကျိုးကြောင်းမသင့်ဘဲ မှော်ဝင်မှန်ကို မသုံးနဲ့လို့ လာပြောတာမျိုး၊ အဲ့ဒါဆို မင်းရဲ့ အသိစိတ်ကိုလည်း ဆုံးရှုံးရမှာ မဟုတ်ဘူးလေ” ရှင်ယဲ့ ဉပမာပေးလိုက်၏။

မှန်: အဲ့ဒါဆို မင်း နောက်ပိုင်း ဂါထာကို ထပ်မရွတ်တော့ဘူးပေါ့?

“စိတ်မကောင်းပေမဲ့ မရလောက်ဘူး” ရှင်ယဲ့ ခေါင်းခါလိုက်သည်။ “တကယ်လို့ နယ်စားမင်း ဂါဆီယာက ငါ့ကို ဒီအတိုင်းသတ်လိုက်မယ်ဆိုလို့ရှိရင်၊ သူ မှန်ကို လိုမှာမဟုတ်ဘူး။ အဲ့လိုမဟုတ်ဘဲ သူက ရည်မှန်းချက်ကြီးကြီး ရှိတယ်ဆိုရင်၊ ငါက သူ့ရဲ့ ယုံကြည်မှုကိုရအောင် သူ့ရှေ့မှာ မှော်ဝင်မှန်ကို တစ်ကြိမ်လောက်တော့ ထုတ်သုံးပြရလိမ့်မယ်”

မှန်: အဲ့လိုဆို ငါ့ကို တစ်ဇွတ်ထိုးဆန်ခိုင်းလို့ ဘာအကျိုးရှိမှာလဲ!

“ငါ မင်းအပေါ် လေးစားပေးပြီး၊ မင်းနဲ့ တိုင်ပင်ဆွေးနွေးဖို့ ကြိုးစားနေတာပါ” ရှင်ယဲ့ ပြောလိုက်သည်။ “အခုကကော မင်းရဲ့ ခွင့်ပြုချက်ကို တောင်းခံနေတာ မဟုတ်ဘူးလား?”

မှန်မှာ အနည်းငယ် ပျော်ရွှင်သွားသည်။ သူ ခဏလောက် စဉ်းစားလိုက်ပြီးနောက် တွန့်ဆုတ်စွာဖြင့် ရေးသားလိုက်၏: တစ်ကြိမ်ပဲ

“ကောင်းပြီ” ရှင်ယဲ့ ပြုံးလိုက်လေသည်။

သူက သဘာဝလွန် ကမ္ဘာထဲမှာ ပိတ်မိနေပြီး၊ သူ့ညီလေး၏ ခန္ဓာကိုယ်ကတော့ စျာပနခန်းမထဲမှာပဲ လှဲလျောင်းလျက် ရှိနေသေးသည်။ သို့သော်လည်း Systemကို စိတ်ရှည်ရှည်နှင့် ရင်ဆိုင်ရမှာဖြစ်ပြီး၊ ပြီးပြည့်စုံသည့် ဇာတ်သိမ်းတစ်ခုကို ဖန်တီးနိုင်ဖို့ ကြိုးပမ်းရမှာဖြစ်သည်။

ရှင်ယဲ့ ဒီဒုက္ခကို ခံနိုင်ရည်ရှိတယ်ဆိုသော်လည်း၊ စိတ်ထဲမှာ ဝမ်းမနည်းမိဘူးဟု မဆိုလိုပေ။ မှန်လိုမျိုး ရိုးရှင်းသည့် အပေါင်းအပါတစ်ယောက် ဘေးမှာရှိနေသည်က ရှင်ယဲ့အတွက် နှစ်သိမ့်မှုတစ်ခု ဖြစ်လေသည်။

လူတစ်ယောက်နှင့် မှန်တစ်ချပ်တို့ အပြန်အလှန် စကားပြောလိုက်ကြပြီးနောက်၊ မှန်က ရုတ်တရက် ပြုတ်ကျသွားသည်:  ဇာတ်သိမ်းပြီးသွားရင်လည်း ငါက itemတစ်ခု ဖြစ်နေဦးမှာပါပဲ။

“မင်း ငါနဲ့မတွေ့ခင်တုန်းက ဘယ်လိုအခြေအနေဖြစ်ခဲ့တာလဲ?” ရှင်ယဲ့ မေးလိုက်၏။

မှန်:  ငါ mission ရှုံးသွားပြီးတော့ မှန်ထဲမှာ ပိတ်မိနေခဲ့တာ။ ငါ အချိန်ရွေ့လျားတာကိုလည်း ခံစားလို့မရတော့ဘူး။ ဘယ်လောက်ကြာသွားမှန်းလဲ မသိတော့ဘူး။ ဒါပေမဲ့ တစ်နေ့မှာ ငါ မြစ်ထဲကို ကန်ထုတ်ခံလိုက်ရတယ်။ အဲ့ဒီအချိန်မှာ Systemက မြစ်ထဲကနေ တွားတက်ခိုင်းပြီးတော့ ငါ့ကို ကန်ချလိုက်တဲ့ လူကို ရှာရမယ်၊ ပြီးရင် သူ့ကို အလုပ်အကျွေးပြုရမယ်ဆိုပြီး ပြောတယ်။

မှန်က တစ်ကြိမ်တည်းမှာပဲ စာအများကြီးရေးတာ ရှားလေသည်။ စိတ်ထဲက တော်တော်လေး မကျေမနပ်ဖြစ်နေပုံပေါ်သည်။

ရှင်ယဲ့:  “....”

ရုတ်တရက် အပြစ်ရှိစိတ် အနည်းငယ် ဝင်သွားခဲ့သည်ပင်။

သူ ပြန်ချော့လိုက်လေ၏: “စိတ်မပူပါနဲ့၊ ငါထင်တာကတော့ Systemက မင်းကို ပုံပြင် ဇာတ်ဝင်ပစ္စည်းအဖြစ်ပြောင်းထားကတည်းက၊ ဇာတ်သိမ်းပြီးရင် ‌ရွေးချယ်စရာတွေ ရှိဦးမှာပါ။ သူ့ရဲ့ ရည်ရွယ်ချက်က ကြိုးကိုင်ခြယ်လှယ်မယ်၊ ထိန်းချုပ်မယ်၊ ပြီးရင် လူတွေ အသူတရာချောက်နက်ထဲမှာ ရုန်းကန်နေရတာကို ထိုင်ကြည့်မယ်။ ဒါပေမဲ့ သူက တကယ့် မျှော်လင့်ချက်ကို ကုန်ဆုံးအောင် လုပ်နိုင်မှာမဟုတ်ဘူး။ ရှေ့မှာ အရမ်းခက်ခဲတဲ့ လမ်းတစ်လမ်းက မင်းကို စောင့်မျှော်နေမှာပဲ။ အရှုံးမပေးလိုက်နဲ့”

မှန်မှာ ရှင်ယဲ့၏ ဦးနှောက်ကို အလွန်ယုံကြည်တာကြောင့် အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။



(Zawgyi)
        
  Chapter 16 _ ျဖားေယာင္းသိမ္းသြင္းျခင္း

“မင္း ဘာမဟုတ္တာေတြ ေျပာေနတာလဲ?” နယ္စားမင္း ဂါဆီယာက လုံးဝ မယုံၾကည္ႏိုင္ေပ။ ထိုသို႔ မယုံၾကည္သည္ကိုကပင္ သူ၏ စိတ္အေျခအေနက ပုံမွန္ျဖစ္သည္ဆိုတာကို သက္ေသျပေနသည္။

ရွင္ယဲ့ကလည္း ရွင္းျပဖို႔ ရည္႐ြယ္ခ်က္မရွိဘဲ၊ စကားကိုသာ ဆက္လိုက္၏: “အရွင္ နယ္စားမင္း ယုံၾကည္သည္ျဖစ္ေစ၊ မယုံၾကည္သည္ျဖစ္ေစ၊ ကြၽန္ေတာ္ကေတာ့ နန္းေတာ္ကိုသြားၿပီး ဘုရင္မကို  လုပ္ႀကံရမွာပါပဲ။ ဒီနည္းလမ္းတစ္ခုတည္းကပဲ အခ်ိန္နဲ႔ ဒီေရကို တဖန္ျပန္ၿပီး စီးဆင္းႏိုင္ေစမွာပါ”

ထိုသို႔ ဆိုလိုက္ၿပီးေနာက္၊ သတိလစ္ေနသည့္ ဘုရင္မအခ်စ္ေတာ္အား ဆြဲမလိုက္ၿပီး ထြက္သြားမလို႔ျပင္လိုက္ေလသည္။ ဂါဆီယာက ခ်က္ခ်င္းပဲ သူ႔အား တားလိုက္ေတာ့သည္: “မင္း ရပ္လိုက္!”

သူ႔မွာ ကိုက္ခဲေနသည့္ သူ၏ နားထင္မ်ားကို ႏွိပ္လ်က္ သူ႔ ေရွ႕တြင္ ရွိေနေသာ အမ်ိဳးသမီးကို ဘာလုပ္လို႔လုပ္ရမွန္းမသိျဖစ္ေနေလသည္။

ရွင္ယဲ့လည္း ထိုအေျခအေနကို ျမင္ျမင္ခ်င္းပင္ ရပ္တန႔္လိုက္ၿပီး။ ေခါင္းကိုငုံ႔ကာ ဆိုေလ၏: “ကြၽန္ေတာ္ နားလည္ပါၿပီ။ အရွင္နယ္စားမင္း ကြၽန္ေတာ့္ကို အဆုံးစီရင္ေတာ္မူပါ”

“ဟမ္?” နယ္စားမင္း ဂါဆီယာမွာ ရွင္ယဲ့၏ အေတြးမ်ားကို လိုက္မမွီႏိုင္ေတာ့ေခ်။

“အရွင္ နယ္စားမင္းက ကြၽန္ေတာ့္ကို မယုံၾကည္ေပမဲ့ ကြၽန္ေတာ္က ဘုရင္မကို လုပ္ႀကံဖို႔ ႀကိဳးစားေနဦးမွာပဲ။ အဲ့လိုဆိုသာရင္ နယ္စားမင္း စံအိမ္အတြက္ ျပႆနာျဖစ္လာလိမ့္မယ္။ ကြၽန္ေတာ့္ကို တားႏိုင္မယ့္ တစ္ခုတည္းေသာနည္းလမ္းက ကြၽန္ေတာ့္ကို သတ္ပစ္လိုက္တာပဲ။ အကယ္၍ အရွင္ နယ္စားမင္းက ကြၽန္ေတာ့္ကို ယုံၾကည္တယ္၊ ဒါေပမဲ့ ဘုရင္မအေပၚသစၥာရွိတယ္ဆိုရင္ ကြၽန္ေတာ့္ကို ဒီကမာၻေပၚမွာ ရွင္သန္ခြင့္ေပးဖို႔ မျဖစ္ႏိုင္တဲ့အတြက္ေၾကာင့္ ရွင္းပစ္ရလိမ့္မယ္။ ေနာက္ဆုံး အရွင္ နယ္စားမင္းက ကြၽန္ေတာ့္ကိုလည္း ယုံၾကည္တယ္၊ နတ္ဆိုးဘုရင္မကိုလည္း သုတ္သင္ခ်င္တယ္ဆိုရင္ေတာ့ ကြၽန္ေတာ့္ရဲ႕ ေသြးကိုယူၿပီး ဘုရင္မကို သတ္ပစ္ရလိမ့္မယ္”

ၿခဳံေျပာရရင္ေတာ့၊ နယ္စားမင္းေရ ကြၽန္‌ေတာ့္ကိုသာ သတ္လိုက္ပါ။

“ဒါေပမဲ့” ရွင္ယဲ့ ဘုရင္မအခ်စ္ေတာ္ကို ကန္လိုက္ၿပီးေနာက္ ဆိုေလသည္။ “ဒီလူကေတာ့ နန္းေတာ္ထဲ ျပန္သြားႏိုင္မွာ မဟုတ္ေတာ့ဘူး။ သူက ကြၽန္ေတာ့္ လွ်ိဳ႕ဝွက္ခ်က္ကို သိေနတယ္ဆိုေတာ့ ဒီအတိုင္း မထားႏိုင္ဘူး”

နယ္စားမင္း ဂါဆီယာက ေနာက္ဆုံးက်န္တဲ့ ႀကိဳးကိုင္ျခယ္လွယ္သူကို သတ္လိုက္တာကသာ အေကာင္းဆုံးျဖစ္ေပလိမ့္မည္။

“ေနဦး!” နယ္စားမင္း ဂါဆီယာက လူသတ္မလို႔ လုပ္ေနသည့္ ရွင္ယဲ့ကို လက္ေျမႇာက္တားဆီးလိုက္၏။ “ဒါ အရမ္း ႐ုတ္တရက္ဆန္လြန္းတယ္။ မင္း ငါ့ကို စဥ္းစားဖို႔ အခ်ိန္ခဏေပး”

“အဲ့လိုဆို၊ ကြၽန္ေတာ္ ဒီမွာပဲ အရွင့္ကို ေစာင့္ေနပါ့မယ္”

ရွင္ယဲ့က ဘုရင္မအခ်စ္ေတာ္၏ ေက်ာကို တက္နင္းထားေသာ္လည္း အေသသတ္ဖို႔ ရည္႐ြယ္ခ်က္မရွိေပ။ သူ႔ အစီအစဥ္အရ ႀကိဳးကိုင္ျခယ္လွယ္သူမွာ သူ႔ထက္စာလွ်င္ နယ္စားမင္း ဂါဆီယာထံက အသတ္ခံရသင့္ေလသည္။ အဲ့လိုမွသာ ျဖစ္ႏိုင္ေခ်မ်ား အားလုံးကို ေရွာင္လႊဲႏိုင္မွာျဖစ္သည္။

ဂါဆီယာက အခန္းထဲတြင္ ေလွ်ာက္သြားေနရင္းျဖင့္၊ သူ၏ ခရီးေဆာင္နာရီကို ၾကည့္လိုက္၊ အခန္းထဲမွာ ရပ္ေနသည့္ ေကာင္မေလးကို ၾကည့္လိုက္ လုပ္ေနေလ၏။ သူမက နယ္စားမင္း စံအိမ္၏ အေစခံဝတ္စုံကို ဝတ္ဆင္ထားသည္မွာ အလြန္လွပေလသည္။ ဂါဆီယာမွာ အေစခံဝတ္စုံက ဒီေလာက္အထိ လွႏိုင္လိမ့္မည္ဟု တစ္ခါမွ မထင္ဖူးခဲ့ေခ်။

ခဏအၾကာေလာက္ စိတ္ေသာကေရာက္လိုက္ၿပီးေနာက္မွာေတာ့၊ သူ၏ ထိုင္ခုံေပၚတြင္ ျပန္ထိုင္လိုက္ၿပီး၊ တည္ၿငိမ္စြာ ဆိုလိုက္ေလသည္: “ဘုရင္မက အသက္ရွင္ေနတာ ႏွစ္ငါးရာေတာင္ရွိေနၿပီ။ အဲ့ဒါကို မင္းမ်ိဳးမင္းႏြယ္ေတြနဲ႔ Churchေက်ာင္းကလည္း သိတယ္။ သူက နတ္ဆိုးေတြနဲ႔ အေပးအယူလုပ္ထားတယ္ဆိုတာကို ငါတို႔အားလုံးသိၾကတာပဲ။ ဒါေပမဲ့ အဲ့တာက ဘာမွမဟုတ္ဘူး။ ေလာရင့္စ္၊ မင္းလို သာမန္ေနာက္ခံကလာတဲ့ လူတစ္ေယာက္က ဒါကို နားလည္မွာ မဟုတ္ဘူး။ ငါတို႔ရဲ႕ မ်က္လုံးထဲမွာေတာ့၊ ဘုရင္မအသက္ကို ဆြဲဆန႔္ဖို႔အတြက္ ဆယ္ႏွစ္တစ္ႀကိမ္ လွပတဲ့ မိန္းကေလးတစ္ေယာက္ကို သတ္ပစ္တာက ႀကီးမားတဲ့ ျပႆနာမဟုတ္ဘူး”

ရွင္ယဲ့ ေသခ်ာေပါက္ နားလည္သည္ပင္။ ဒီေခတ္အေျခအေနမွာေတာ့၊ မင္းမ်ိဳးမင္းႏြယ္ေတြက သာမန္ အရပ္သားေတြရဲ႕ ေသရင္းရွင္ေရးကို ဂ႐ုစိုက္ႏိုင္စရာ အေၾကာင္းမရွိေပ။

“Churchေက်ာင္းက သူတို႔ရဲ႕အယူဝါဒကို ပိုၿပီးထြန္းကားေအာင္လုပ္ဖို႔အတြက္ ေတာ္ဝင္မိသားစုရဲ႕ အကူအညီကို လိုအပ္တယ္။ မင္းမ်ိဳးမင္းႏြယ္ေတြကလည္း Churchေက်ာင္းက ကြၽန္ေတြကို အယူဝါဒေတြ႐ိုက္သြင္းေပးေနတာကို ဆန႔္က်င္ဖို႔အတြက္ ဘုရင္မရဲ႕ေထာက္ခံမႈ လိုအပ္တယ္။ အဲ့တာေတြအတြက္ ဘုရင္မက ႏွစ္ရာေပါင္းမ်ားစြာ အာဏာသုံးခု အညီအမွ်ရပ္တည္ေနႏိုင္ေအာင္ အၿမဲတမ္း အဆင္ေျပေျပလုပ္ေပးႏိုင္ခဲ့တယ္။ ဘယ္သူကမွ ဒီလိုမ်ိဳး ဟန္ခ်က္ညီေနတာကို မဖ်က္ဆီးခ်င္ဘူး။ အဲ့လိုဆိုေတာ့ ငါတို႔က သူ နတ္ဆိုးေတြနဲ႔ အေပးအယူလုပ္ထားတာကို သိေနေတာ့ေရာ ဘာလုပ္ရမွာလဲ” နယ္စားမင္း ဂါဆီယာက ဂ႐ုမစိုက္စြာ ေျပာေလသည္။

ပုံျပင္မွာ အျပင္ကကမာၻႏွင့္ ကြာျခားသည္ဆိုတာကို ရွင္ယဲ့ ရွင္းရွင္းလင္းလင္း သိေလသည္။ ဘုရင္မက ဒီတိုင္းျပည္ကို ေမွာ္စြမ္းအားႏွင့္ အုပ္ခ်ဳပ္ထားႏိုင္တာ မဟုတ္ေပ။ တိုင္းျပည္ရွိ တျခား အာဏာရွိသူမ်ားအား ဘုရင္မလုပ္သမွ်ကို လက္ခံလာေအာင္လုပ္ဖို႔ အက်ိဳးအျမတ္အခ်ိဳ႕ ေပးရမည္သာျဖစ္သည္။

“ကြၽန္ေတာ္ နားလည္ပါတယ္။ ဒါေပမဲ့ ေထာက္တိုင္သုံးေခ်ာင္းေပါင္းထားရင္ေတာင္မွ ႀကီးမားတဲ့ အင္အားတစ္ခုကို ဘယ္ေတာ့မွ ယွဥ္ႏိုင္မွာမဟုတ္ပါဘူး” ရွင္ယဲ့ ျဖားေယာင္းသိမ္းသြင္းကာ ဆိုေလ၏။ “ဘာေၾကာင့္ ဘုရင္မရဲ႕ မေကာင္းဆိုးဝါး သ႐ုပ္မွန္ကို လူထုေရွ႕မွာ ခ်မျပတာပါလဲ။ ၿပီးရင္ အျပစ္ေတြအကုန္လုံးကို Churchေက်ာင္းကို ပုံခ်လိုက္ၿပီး၊ ဘုရင္မနဲ႔ Churchေက်ာင္းက နတ္ဆိုးရဲ႕ လွည့္ဖ်ားျခင္းကို ခံထားရတာေၾကာင့္ အျပစ္မရွိတဲ့ မိန္းကေလးငယ္ေတြကို ႏွစ္ေပါင္းမ်ားစြာ ႏွိပ္စက္ညႇင္းပန္းခဲ့တယ္လို႔ လူေတြကို အသိေပးလိုက္ပါ။ အရွင္ နယ္စားမင္း၊ အရွင္က စစ္တပ္အင္အားေကာ၊ ရာထူးေကာ ရွိပါရက္နဲ႔ ဘာလို႔ ေတာ္ဝင္မိသားစုနဲ႔ Churchေက်ာင္းရဲ႕ ႏိုင္ထက္စီးနင္းလုပ္တာကို သည္းခံေနရမွာပါလဲ? ဒါက ဘုရင္မကို ျဖဳတ္ခ်ၿပီး၊ ေတာ္ဝင္မိသားစုရဲ႕ အာဏာနဲ႔ ဂုဏ္သိကၡာကို ထိန္းသိမ္းႏိုင္ဖို႔အတြက္ အမိန႔္နာခံမယ့္ ႐ုပ္ေသး႐ုပ္တစ္႐ုပ္ကို ေထာက္ပံ့ေပးဖို႔ ေကာင္းတဲ့ အခြင့္အေရးတစ္ခုပါ။ အရွင္က မင္းမ်ိဳးမင္းႏြယ္အခ်ိဳ႕ကို စုစည္းလိုက္္ၿပီး ပါလီမန္တစ္ခုကို ေထာင္လိုက္မယ္၊ ေတာ္ဝင္မိသားစုရဲ႕ အာဏာကိုလည္း ဖယ္ရွားႏိုင္မယ္ဆိုရင္ ဒီတိုင္းျပည္က အရွင့္အတြက္ပါပဲ”

ဒါက သမိုင္းစာအုပ္ေတြထဲမွာ ေရးထားသကဲ့သို႔ပင္ျဖစ္သည္။ အခ်ိန္အၾကာႀကီး ကြဲကြာေနၾကၿပီးလွ်င္ ျပန္လည္ေပါင္းစည္းရမွာပင္။ ႏွစ္၅၀၀ၾကာ ဟန္ခ်က္ညီေနမႈက စိုးရိမ္ေရမွတ္သို႔ ေရာက္ဟန္ရွိလာေသာေၾကာင့္၊ ေျပာင္းလဲရမည့္ အခ်ိန္သို႔ ေရာက္ေနၿပီ ျဖစ္ေလ၏။

“မင္းက အရမ္း ရဲတင္းလြန္းပါလား!” နယ္စားမင္း ဂါဆီယာက ႐ိုးက်ိဳးနာခံသည့္ မ်က္ႏွာႏွင့္ ရွင္ယဲ့ စူးစိုက္ၾကည့္လိုက္၏။ ထိုသို႔ ရက္စက္သည့္ စကားမ်ားကို ေျပာသြားတာ သူမဟုတ္သလိုပင္။

ေလာရင့္စ္၊ ရက္စက္ၿပီး လွပတဲ့ မိန္းကေလးတစ္ေယာက္။ သူမ၏ ရဲရင့္ျပတ္သားမႈကလည္း ထိတ္လန႔္စရာျဖစ္ေနသည္။ သူ႔လိုလူမ်ိဳးက သူမကို အသက္ရွင္လ်က္ထားစရာအေၾကာင္းမရွိေပ။

နယ္စားမင္း ဂါဆီယာက တိုင္းျပည္၏ ႏိုင္ငံေရးစနစ္ကို ျပဳျပင္ေျပာင္းလဲဖို႔အတြက္ ေတာ္ဝင္အာဏာကို စိန္ေခၚဖို႔ သတၱိရွိလားမရွိလားဆိုတာကို ရွင္ယဲ့ ဂ႐ုမစိုက္ေပ။ သူ ဒီေန႔ေျပာလိုက္သည့္ စကားေၾကာင့္ သူ႔အတြက္ ဇာတ္သိမ္းႏွစ္ခုကသာ ေစာင့္ေမွ်ာ္ေနလိမ့္ေပမည္။

ပထမ၊ ဂါဆီယာက သူေျပာတာကို လက္မခံဘဲ၊ သူ႔ကို အရမ္း အႏၲရာယ္မ်ားတယ္လို႔ စဥ္းစားတာေၾကာင့္၊ သူ၏ မိသားစုကို အမႈပတ္ျခင္းမွ တားဆီးဖို႔ရာအတြက္ ရွင္ယဲ့ကို တိတ္တဆိတ္ ကြပ္မ်က္ပစ္လိမ့္မည္။ ဒုတိယ၊ ဂါဆီယာက ရည္မွန္းခ်က္ႀကီးၿပီး၊ လုပ္ႏိုင္စြမ္းရွိတာေၾကာင့္ ဘုရင္မကို ႏွိမ္နင္းဖို႔ရာ ရွင္ယဲ့က သူ႔ကို ကူညီေပးၿပီး၊ ဘုရင္မ၏ သ႐ုပ္မွန္ကို လူေတြေရွ႕မွာ ထုတ္ေဖာ္ျပသလိုက္မည္။ အလယ္ေခတ္မ်ားတြင္ စုန္းမမ်ားကို မီးရႈိ႕သတ္ျဖတ္ျခင္းက ေခတ္စားေလသည္။ ထို႔ေၾကာင့္ သူႏွင့္ မွန္က ဘုရင္မကိုယ္ထဲက နတ္ဆိုးအား ဖမ္းခ်ဳပ္ဖို႔ နည္းလမ္းကို စဥ္းစားၿပီးလွ်င္၊ မီးရႈိ႕သတ္လိုက္ဖို႔သာ လိုေတာ့သည္။

ဇာတ္သိမ္းႏွစ္ခု၊ ထိုႏွစ္ခုထဲက ဘယ္တစ္ခုကိုမွ Systemက သတ္မွတ္ထားျခင္းမရွိေပ။

ကစားသူက Systemက ျပ႒ာန္းထားေသာ ေဘာင္အတြင္းမွာပဲ ေနသည့္အခါ၊ သူ၏ စဥ္းစားေတြးေခၚမႈမ်ားမွာလည္း ကန႔္သတ္ခံေနရလိမ့္မည္။ သူ၏ ကမာၻက ဒီေလာက္ေလးပဲ က်ယ္ျပန႔္သည္ဟုသာ ေတြးလိုက္ၿပီး၊ Systemက ဖန္တီးေပးထားသည့္ ေ႐ြးခ်ယ္မႈႏွစ္ခုသာရွိသည္ဟု ထင္ေနလိမ့္မည္ပင္။

သို႔ေသာ္လည္း ဒါက နတ္သမီးပုံျပင္တစ္ခုမဟုတ္ေခ်။ ၿပီးျပည့္စုံေသာ ကမာၻတစ္ခုသာျဖစ္သည္။ ဒီကမာၻေပၚမွာ ဘုရင္မ၊ ကလယ္ရာႏွင့္ မွန္ဆိုသည့္ ဇာတ္ေကာင္သုံးခုသာ ရွိသည္မဟုတ္ဘဲ၊ အဆုံးမရွိက်ယ္ျပန႔္ေသာ ကမာၻသည္သာျဖစ္၏။ ေ႐ြးခ်ယ္မႈမ်ားမွာလည္း မေရမတြက္ႏိုင္ေပ။

ရွင္ယဲ့ ၾကမ္းျပင္ေပၚမွာလဲက်ေနသည့္ ႀကိဳးကိုင္ျခယ္လွယ္သူကို ငုံ႔ၾကည့္လိုက္သည္။ ကံေကာင္းခ်င္ခဲ့ေသာ္လည္း၊ အခ်ိန္မ်ားကို လြယ္လြယ္ကူကူ ေအးေအးေဆးေဆး ျဖတ္သန္းခ်င္ခဲ့ေသာ္လည္း၊ ကံၾကမၼာဆိုေသာ လွပသည့္ ေလွာင္အိမ္ထဲမွာ ပိတ္မိေနေသာ စာဝါငွက္ေလးတစ္ေကာင္ကဲ့သို႔  ေကာင္းကင္ယံထက္ ရဲရဲဝင့္ဝင့္ ပ်ံသန္းႏိုင္မည့္ အခြင့္အေရးမ်ားဆုံးရႈံးသြားၿပီး၊ အရင္တုန္းက ကိုယ့္ကိုယ္ကိုယ္ ျပန္ျမင္ရသည့္အတိုင္းသာ ျဖစ္လို႔ေနေလေတာ့သည္။

သနားစရာေကာင္းလိုက္တာ။

“ေလာရင့္စ္၊ ဒီျပႆနာက အရမ္း အေရးႀကီးတယ္။ ငါအခုခ်က္ခ်င္း ဆုံးျဖတ္ခ်က္ခ်လို႔မရဘူး” ဂါဆီယာက ဆိုေလ၏။ “ငါမင္းကို အခ်ိန္တစ္ခုအထိ အိမ္အက်ယ္ခ်ဳပ္ခ်ထားမယ္။ မင္း နယ္စားမင္း စံအိမ္ထဲကေန ထြက္သြားလို႔မရဘူး။ နားလည္လား?”

“နားလည္ပါတယ္” ရွင္ယဲ့ နာခံစြာ ဆိုလိုက္သည္။ “ကြၽန္ေတာ့္မွာ ဆႏၵတစ္ခုပဲရွိပါတယ္။ အကယ္၍ အရွင္နယ္စားမင္းက ဒီကိစၥကို ဖုံးဖိဖို႔ စဥ္းစားထားတယ္ဆိုရင္၊ ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကို ဘုရင္မလက္ထဲ မအပ္ပါနဲ႔။ ကြၽန္‌ေတာ္ နယ္စားမင္း ဂါဆီယာရဲ႕ ရဲမက္တစ္ေယာက္အျဖစ္နဲ႔ပဲ ေသခ်င္ပါတယ္”

ဂါဆီယာက ေသရမွာကိုေတာင္မေၾကာက္သည့္ မိန္းကေလးအား ၾကည့္လိုက္ကာ သက္ျပင္းခ်လိုက္၏: “မပူပါနဲ႔၊ တိုင္းျပည္တစ္ျပည္လုံးကို ကြၽမ္းထိုးေမွာက္ခုံျဖစ္ေအာင္လုပ္ဖို႔ ႀကိဳးစားေနတဲ့ ႐ူးသြပ္တဲ့ မိန္းမတစ္ေယာက္ ရွိတယ္ဆိုတာ ငါ တျခားလူေတြကို အသိမေပးႏိုင္ပါဘူး”

ဒီေလာက္ဆို လုံေလာက္ပါၿပီ။ ရွင္ယဲ့ စိတ္ထဲက ၿပဳံးလိုက္၏။

“ေၾသာ္၊ ဟုတ္သားပဲ” ရွင္ယဲ့ ႀကိဳးကိုင္ျခယ္လွယ္သူကို လက္ညႇိဳးထိုးျပလိုက္သည္။ “ဒီလူကို သတ္ရေအာင္ပါ။ ရဲမက္ေတြကလည္းျမင္ၿပီးသြားၿပီဆိုေတာ့၊ သူ အသက္ရွင္လို႔မရဘူး”

ဂါဆီယာမွာ ေခါင္းကိုက္လြန္းသျဖင့္ ေခါင္းက ေပါက္ကြဲထြက္ေတာ့မလိုေတာင္ ခံစားေနရသည္။ ဘယ္လိုလုပ္ၿပီး ဒီလို ၿဂိဳလ္ေမႊတဲ့ ရဲမက္တစ္ေယာက္ကို လက္ခံထားမိလိုက္ရတာလဲ!

“ငါသိၿပီ။ ဘုရင္မအခ်စ္ေတာ္ အေႁခြအရံက နန္းေတာ္ထဲက ခိုးထြက္ၿပီး နယ္စားမင္း ဂါဆီယာရဲ႕ အေစခံကို  ေသြးေဆာင္ျဖားေယာင္းတဲ့အတြက္ ငါ့ဆီက ကြပ္မ်က္ခံလိုက္ရတာေပါ့။ ငါ ဘုရင္မကို ငယ္ၿပီး ေခ်ာတဲ့ ေယာက်ာ္းေလးအေႁခြအရံအခ်ိဳ႕ နဲ႔ အစားထိုးေပးလိုက္မယ္။ အျပင္မွာ ေဖာက္ျပန္တဲ့ အေႁခြအရံတစ္ေယာက္အတြက္နဲ႔ေတာ့ ဘုရင္မက မင္းမ်ိဳးမင္းႏြယ္ေတြကို မ်က္ႏွာပ်က္ေအာင္လုပ္မွာ မဟုတ္ပါဘူး” ဂါဆီယာက အမႈမထားဘဲ ေျပာလိုက္ေလသည္။ သာမည အေႁခြအရံေလးတစ္ေယာက္နဲ႔ အေစာင့္တပ္မႉးေလာက္ကိုေတာ့ မင္းမ်ိဳးမင္းႏြယ္တို႔က မ်က္လုံးထဲျမင္မွာမဟုတ္ေခ်။

ေနာက္ဆုံးေတာ့၊ ရွင္ယဲ့ အကုန္လုံးၿပီးေျမာက္ေအာင္ လုပ္ႏိုင္ခဲ့ၿပီျဖစ္သည္။

နယ္စားမင္း ဂါဆီယာက သူ႔အေပၚ ေကာင္းေကာင္းဆက္ဆံေလသည္။ ေနအိမ္အက်ယ္ခ်ဳပ္ဟု ဆိုေသာ္လည္း၊ လက္နက္ကိုင္ေဆာင္ခြင့္ႏွင့္ စံအိမ္က ထြက္ခြင့္မရတာသာရွိသည္။ ရွင္ယဲ့မွာ ေန႔တိုင္း စားလိုက္ေသာက္လိုက္ျဖင့္ ဘဝကို သက္ေတာင့္သက္သာရွိစြာ ျဖတ္သန္းေနေလ၏။

ထိုညမွာေတာ့ ဘုရင္မအခ်စ္ေတာ္က ေသဆုံးသြားခဲ့ၿပီး၊ ႀကိဳးကိုင္ျခယ္လွယ္သူ သုံးေယာက္လုံးကို သုတ္သင္ႏိုင္ခဲ့ၿပီျဖစ္သည္။ သို႔ေသာ္ ပုံျပင္ဇာတ္ေၾကာင္းကေတာ့ ဆက္သြားေနေသးသည္။

မွန္: ဘာလို႔ ဒီလိုျဖစ္ရတာလဲ?

အရင္တုန္းက၊ သူ ကံၾကမၼာဆန႔္က်င္သည့္ အဖြဲ႕ကလူမ်ားကို သတ္ၿပီးလွ်င္ mission အႏိုင္ရခဲ့တာခ်ည္းပင္။ သို႔ရာတြင္ ဒီတစ္ခ်ိန္ မွန္က ဆန္က်င္သည့္အဖြဲ႕ရဲ႕ item ျဖစ္လာေတာ့မွသာ၊ ကံၾကမၼာလိုက္နာသည့္ အဖြဲ႕ကလူမ်ား ေသသြားရင္ေတာင္ ဂိမ္းကအဆုံးမသတ္ဘူးဆိုတာကို သိခြင့္ရခဲ့သည္။

ရွင္ယဲ့က မွန္ကို စိတ္ရွည္ရွည္ႏွင့္ ရွင္းျပေပး၏: “ဘာလို႔လဲဆိုေတာ့ ငါတို႔ရဲ႕ ၿပိဳင္ဘက္က ကံၾကမၼာလိုက္နာတဲ့ အဖြဲ႕မဟုတ္လို႔ပဲ။ မင္းတို႔ေတြက Systemက ကံၾကမၼာဆန႔္က်င္တဲ့ အဖြဲ႕ကလူေတြနဲ႔ ၿပိဳင္ဘက္ကစားဖို႔ ခ်ေပးထားတဲ့ နယ္႐ုပ္ေတြပဲ။ နယ္႐ုပ္ေတြအကုန္လုံး အစားခံလိုက္ရေပမဲ့၊ စစ္တုရင္ ကစားကြက္ကေတာ့ ဆက္ရွိေနဦးမွာပဲ။ ဇာတ္သိမ္းကိုမေရာက္မခ်င္း၊ ပုံျပင္ကလည္း အဆုံးသတ္မွာ မဟုတ္ဘူး။

မွန္မွာ တိတ္ဆိတ္သြားကာ၊ အနည္းငယ္ စိတ္မေကာင္းျဖစ္သြားသည္။

ရွင္ယဲ့က သူမ်ားေတြကို ႏွစ္သိမ့္ေပးသည့္ ေနရာမွာ မေတာ္ေခ်။ သူအခုအခ်ိန္မွာ လုပ္ႏိုင္တဲ့ တစ္ခုတည္းေသာအရာက ဆိတ္ဆိတ္ေနျခင္းသာျဖစ္သည္။

သူက “ေမွာ္ဝင္မွန္ေရ.. ငါ့ကိုေျပာစမ္းပါ” လို႔ေျပာလိုက္လွ်င္၊ မွန္၏ အသိစိတ္က ဖယ္ရွားခံသြားရမွာျဖစ္သည္။ ဘယ္သူကမွ ကိုယ့္စိတ္ကို ဆုံးရႈံးရတာကို ႀကိဳက္မည္မဟုတ္ေပ။ မွန္မွာ မေပ်ာ္ေသာ္လည္း စိတ္ရွည္ရေလသည္။ ရွင္ယဲ့က ေမွာ္ဝင္မွန္ဆီက သတင္းအခ်က္အလက္မ်ား လိုအပ္‌ေသာေၾကာင့္ျဖစ္သည္။ သူ ရွင္ယဲ့ကို ဂါထာကို မ႐ြတ္နဲ႔လို႔ မေျပာႏိုင္ေခ်။

သူက လူတစ္ေယာက္မဟုတ္ေတာ့ေပ။ လြတ္လပ္မႈမရွိသည့္ မွန္တစ္ခ်ပ္သာ ျဖစ္သည္။

ခက္ခက္ခဲခဲျဖတ္သန္းခဲ့ရသည့္ ေန႔ရက္ေတြတုန္းက၊ သူ႔ညီေလး ရွင္ေရွာ့ဟာလည္း ယခုလို ပုံစံမ်ိဳးပဲျဖစ္ခဲ့သည္။ ျဖစ္ခ်င္တာေတြကို သတိရွိရွိ ခ်ဳပ္တည္းထားတတ္ၿပီး၊ သူ႔အစ္ကိုကို တတ္ႏိုင္သေလာက္ ဒုကၡမေပးမိေအာင္ ႀကိဳးစားခဲ့ေလသည္။ ရွင္ယဲ့က အေျခအေနေတြအကုန္လုံးကို ထိန္းခ်ဳပ္သြားႏိုင္တဲ့အခ်ိန္မွာေတာ့ ရွင္ေရွာ့မွာ တဇြတ္ထိုးလုပ္တတ္သည့္ အက်င့္ဆိုတာ မရွိေတာ့ေခ်။

ေရွာင္ေရွာ့ကသာ နည္းနည္းေလာက္ ထင္ရာစိုင္းတတ္ၿပီး၊  QR code ကို ရွင္ယဲ့ဆီ ေစာေစာစီးစီး ျပခဲ့မည္ဆိုလွ်င္၊ အရာအားလုံးက ေျပာင္းလဲသြားႏိုင္ခဲ့မွာပင္။

ရွင္ယဲ့ ထာဝရ အိပ္စက္ေနေတာ့မည့္ သူ႔ ညီေလးမ်က္ႏွာကို ျပန္ေတြးၾကည့္မိလိုက္ေတာ့၊ မွန္ကို မေနႏိုင္စြာ ေျပာမိသြားသည္: “မင္း နည္းနည္းေလာက္ပိုၿပီး တဇြတ္ထိုးဆန္လို႔ရပါတယ္”

မွန္: “ဟမ္?”

“ဉပမာ ေျပာရရင္၊ ငါ့ကို က်ိဳးေၾကာင္းမသင့္ဘဲ ေမွာ္ဝင္မွန္ကို မသုံးနဲ႔လို႔ လာေျပာတာမ်ိဳး၊ အဲ့ဒါဆို မင္းရဲ႕ အသိစိတ္ကိုလည္း ဆုံးရႈံးရမွာ မဟုတ္ဘူးေလ” ရွင္ယဲ့ ဉပမာေပးလိုက္၏။

မွန္: အဲ့ဒါဆို မင္း ေနာက္ပိုင္း ဂါထာကို ထပ္မ႐ြတ္ေတာ့ဘူးေပါ့?

“စိတ္မေကာင္းေပမဲ့ မရေလာက္ဘူး” ရွင္ယဲ့ ေခါင္းခါလိုက္သည္။ “တကယ္လို႔ နယ္စားမင္း ဂါဆီယာက ငါ့ကို ဒီအတိုင္းသတ္လိုက္မယ္ဆိုလို႔ရွိရင္၊ သူ မွန္ကို လိုမွာမဟုတ္ဘူး။ အဲ့လိုမဟုတ္ဘဲ သူက ရည္မွန္းခ်က္ႀကီးႀကီး ရွိတယ္ဆိုရင္၊ ငါက သူ႔ရဲ႕ ယုံၾကည္မႈကိုရေအာင္ သူ႔ေရွ႕မွာ ေမွာ္ဝင္မွန္ကို တစ္ႀကိမ္ေလာက္ေတာ့ ထုတ္သုံးျပရလိမ့္မယ္”

မွန္: အဲ့လိုဆို ငါ့ကို တစ္ဇြတ္ထိုးဆန္ခိုင္းလို႔ ဘာအက်ိဳးရွိမွာလဲ!

“ငါ မင္းအေပၚ ေလးစားေပးၿပီး၊ မင္းနဲ႔ တိုင္ပင္ေဆြးေႏြးဖို႔ ႀကိဳးစားေနတာပါ” ရွင္ယဲ့ ေျပာလိုက္သည္။ “အခုကေကာ မင္းရဲ႕ ခြင့္ျပဳခ်က္ကို ေတာင္းခံေနတာ မဟုတ္ဘူးလား?”

မွန္မွာ အနည္းငယ္ ေပ်ာ္႐ႊင္သြားသည္။ သူ ခဏေလာက္ စဥ္းစားလိုက္ၿပီးေနာက္ တြန႔္ဆုတ္စြာျဖင့္ ေရးသားလိုက္၏: တစ္ႀကိမ္ပဲ

“ေကာင္းၿပီ” ရွင္ယဲ့ ၿပဳံးလိုက္ေလသည္။

သူက သဘာဝလြန္ ကမာၻထဲမွာ ပိတ္မိေနၿပီး၊ သူ႔ညီေလး၏ ခႏၶာကိုယ္ကေတာ့ စ်ာပနခန္းမထဲမွာပဲ လွဲေလ်ာင္းလ်က္ ရွိေနေသးသည္။ သို႔ေသာ္လည္း Systemကို စိတ္ရွည္ရွည္ႏွင့္ ရင္ဆိုင္ရမွာျဖစ္ၿပီး၊ ၿပီးျပည့္စုံသည့္ ဇာတ္သိမ္းတစ္ခုကို ဖန္တီးႏိုင္ဖို႔ ႀကိဳးပမ္းရမွာျဖစ္သည္။

ရွင္ယဲ့ ဒီဒုကၡကို ခံႏိုင္ရည္ရွိတယ္ဆိုေသာ္လည္း၊ စိတ္ထဲမွာ ဝမ္းမနည္းမိဘူးဟု မဆိုလိုေပ။ မွန္လိုမ်ိဳး ႐ိုးရွင္းသည့္ အေပါင္းအပါတစ္ေယာက္ ေဘးမွာရွိေနသည္က ရွင္ယဲ့အတြက္ ႏွစ္သိမ့္မႈတစ္ခု ျဖစ္ေလသည္။

လူတစ္ေယာက္ႏွင့္ မွန္တစ္ခ်ပ္တို႔ အျပန္အလွန္ စကားေျပာလိုက္ၾကၿပီးေနာက္၊ မွန္က ႐ုတ္တရက္ ျပဳတ္က်သြားသည္:  ဇာတ္သိမ္းၿပီးသြားရင္လည္း ငါက itemတစ္ခု ျဖစ္ေနဦးမွာပါပဲ။

“မင္း ငါနဲ႔မေတြ႕ခင္တုန္းက ဘယ္လိုအေျခအေနျဖစ္ခဲ့တာလဲ?” ရွင္ယဲ့ ေမးလိုက္၏။

မွန္:  ငါ mission ရႈံးသြားၿပီးေတာ့ မွန္ထဲမွာ ပိတ္မိေနခဲ့တာ။ ငါ အခ်ိန္ေ႐ြ႕လ်ားတာကိုလည္း ခံစားလို႔မရေတာ့ဘူး။ ဘယ္ေလာက္ၾကာသြားမွန္းလဲ မသိေတာ့ဘူး။ ဒါေပမဲ့ တစ္ေန႔မွာ ငါ ျမစ္ထဲကို ကန္ထုတ္ခံလိုက္ရတယ္။ အဲ့ဒီအခ်ိန္မွာ Systemက ျမစ္ထဲကေန တြားတက္ခိုင္းၿပီးေတာ့ ငါ့ကို ကန္ခ်လိုက္တဲ့ လူကို ရွာရမယ္၊ ၿပီးရင္ သူ႔ကို အလုပ္အေကြၽးျပဳရမယ္ဆိုၿပီး ေျပာတယ္။

မွန္က တစ္ႀကိမ္တည္းမွာပဲ စာအမ်ားႀကီးေရးတာ ရွားေလသည္။ စိတ္ထဲက ေတာ္ေတာ္ေလး မေက်မနပ္ျဖစ္ေနပုံေပၚသည္။

ရွင္ယဲ့:  “....”

႐ုတ္တရက္ အျပစ္ရွိစိတ္ အနည္းငယ္ ဝင္သြားခဲ့သည္ပင္။

သူ ျပန္ေခ်ာ့လိုက္ေလ၏: “စိတ္မပူပါနဲ႔၊ ငါထင္တာကေတာ့ Systemက မင္းကို ပုံျပင္ ဇာတ္ဝင္ပစၥည္းအျဖစ္ေျပာင္းထားကတည္းက၊ ဇာတ္သိမ္းၿပီးရင္ ‌ေ႐ြးခ်ယ္စရာေတြ ရွိဦးမွာပါ။ သူ႔ရဲ႕ ရည္႐ြယ္ခ်က္က ႀကိဳးကိုင္ျခယ္လွယ္မယ္၊ ထိန္းခ်ဳပ္မယ္၊ ၿပီးရင္ လူေတြ အသူတရာေခ်ာက္နက္ထဲမွာ ႐ုန္းကန္ေနရတာကို ထိုင္ၾကည့္မယ္။ ဒါေပမဲ့ သူက တကယ့္ ေမွ်ာ္လင့္ခ်က္ကို ကုန္ဆုံးေအာင္ လုပ္ႏိုင္မွာမဟုတ္ဘူး။ ေရွ႕မွာ အရမ္းခက္ခဲတဲ့ လမ္းတစ္လမ္းက မင္းကို ေစာင့္ေမွ်ာ္ေနမွာပဲ။ အရႈံးမေပးလိုက္နဲ႔”

မွန္မွာ ရွင္ယဲ့၏ ဦးေႏွာက္ကို အလြန္ယုံၾကည္တာေၾကာင့္ အနည္းငယ္ စိတ္သက္သာရာ ရသြားေလသည္။

Continue Reading

You'll Also Like

1.6M 205K 163
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
239K 27.4K 78
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
2.9M 192K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022