Is Love Real ??

Af Sol_Sol_01

7.3K 353 32

သူကလေ တစ်လျှောက်လုံး ကျွန်မကို လိမ်ညာခဲ့တဲ့အပြင် ကတိတစ်ခုတောင်မတည်ဘဲ အမြဲ ရှောင်ပြေးနေတဲ့ မိန်းမမျိုး ကျွန်မ... Mere

Is Love Real?? (intro)
Is Love Real?? (part 1)
Is Love Real ?? (part 2)
Is Love Real ?? (part3)
Is Love Real ?? (part 4)
Is Love Real ?? (part 5)
Is Love Real?? (part 6)
Is Love Real?? (part 7)
Is Love Real?? (part8)
Is Love Real ??(part 9)
Is Love Real?? (part10)
Is Love Real?? (part 11)
Is Love Real?? (part12)
Is Love Real?? (part13)
Is Love Real?? (part14)
Is Love Real ?? (part 16)
Is Love Real?? (part17)
Is Love Real?? (part18)
Is Love Real?? (part19)
Is Love Real?? (part20)
Is Love Real?? (part21)
Is Love Real?? (part22)
Is Love Real?? (part23)
Is Love Real?? (part 24)

Is Love Real ??(part 15)

101 10 0
Af Sol_Sol_01

ယွန်း - ယွန်းကောင်မလေးအဖြစ် တစ်သက်လုံး ရှိပေးနိုင်မလား တစ်နေ့ကျ တွေ့ကြပြီး ယွန်းဘေးမှာအမြဲနေပြီး အကြာကြီး ချစ်ပေးနိုင်မလား ပြီးတော့ ယွန်းတို့ တစ်ယောက်အကြောင်း တစ်ယောက်ပိုသိအောင်လုပ်ပြီး ယွန်တို့ဆက်လျှောက်မယ့် အနာဂတ်လမ်းမှာ သင်းက ယွန်းဘေးကနေရှိနေပေးနိုင်မလား ကုန်"ပြောရရင် အိုမင်းတဲ့အထိ......

ယွန်းအဲ့စကား အိုမင်းတဲ့ထိဆိုတာက propose လုပ်လိုက်တဲ့ သဘောမျိုးပါ ဘာလို့ဆို ယွန်းကောင်မလေးအနေနဲ့ သင်းနဲ့ ဘယ်အချိန်မဆိုအမြဲ ဘေးနားမှာရှိပေးစေချင်တာကြောင့်ပါ

သင်းက စာ ဖတ်ပြီး စာရိုက်တာအရမ်းကြာနေတာကြောင့် အစတည်းက အရမ်းရှက်တတ်တဲ့ ယွန်းလည်း အဲ့လိုမျိုးစကားကို ပြောလိုက်ရတာကြောင့် ရှက်ရမ်း"ဖြစ်ကာ စတဲ့ပုံစံနဲ့ သင်းကို တစ်ခု ထပ်ပြောလိုက်တယ်

ယွန်း - အဆင်မပြေလည်းရပါတယ် ဖတ်" သင်းသာ ထားသွားရင် ဒီအတိုင်းတော့မရဘူးကောင်မလေးအသစ်ရှာပေးရမယ်နော် haha

ယွန်း အမှန်ဆို စကားမှားသွားတယ် ဖုံးကွယ်ထားတဲ့ တစ်ဖက်ကပြသာနာကြောင့် အဲ့လိုပြောရင် ဘာဖြစ်သွားမလဲကို မစဉ်းစားနိုင်ခဲ့ဘူး တောင်းပန်ပါတယ်

သင်း - မသိသေးဘူး ဖြစ်ချင်တာက အဆုံးထိ အတူနေချင်တယ် အနာဂတ်စဉ်းစားရင် ယွန်းမပြောနဲ့ တစ်ယောက်တည်းရပ်တည်ဖို့တောင် ယုံကြည်ချက်မရှိသေးဘူး ယုံကြည်ချက်ရှိတဲ့နေ့ မပြတ်သေးရင် အဆုံးထိလျှောက်မယ် မပြတ်ဘူးမထားဘူးဆိုက နောက်ပြသာနာအမျိုး"ကြုံလာရင် ဘာဖြစ်မလဲ မသိနိုင်ဘူးလေ အခူတောင်စစ်တွေဖြစ်နေတာ အဲ့စစ်ထဲ သင်းသေသွားနိုင်တာဘဲလေ

ယွန်းလိုချင်တဲ့ အဖြေမျိုးတော့မဟုတ်ခဲ့ဘူး ပြီးတော့ ယွန်းဒေါသထွက်သွားတယ် သေတယ်ဆိုတဲ့ စကားကြောင့် ယွန်းအရမ်းမုန်းတယ် သေတယ်လို့ပြောတာကို ဘာလို့ဆို ယွန်းလည်း အဲ့လိုမျိုးကနေ မနည်းရုန်းကန်လာရတာမလို့လေ အဲ့ဒါကြောင့် ပြီးစလွယ် သေတယ်မပြောဘဲ အဆုံးထိ ကိုယ်တတ်နိုင်သလောက်ကို ကြိုးစားစေချင်ခဲ့တာ......

အဲ့စိတ်တွေနဲ့ ယွန်းရဲ့ တစ်ဖက်က ဖုံးကွယ်ထားတဲ့ ပြသာနာကြောင့်ရလာတဲ့ စိတ်ခံစားမှုတွေကို စတင် ရော"နှော" ဖြစ်ချင်လာတာပေါ့.....

ယွန်း - အဲ့လိုသေတာကြီးကို မပြောနဲ့ ယွန်းမကြိုက်ဘူး

ပြီးတော့ သင်းလည်း သူ့အရင်တုန်းက အကြောင်းတွေကို ပြန်ပြောကာ သူ ၉တန်းက ဘယ်လိုဖြစ်ခဲ့တာတွေ ကအစပြောပြခဲ့တယ် ယွန်းကလည်း သင်းကို အဲ့လိုတွေဖြစ်လည်း
ဝမ်းမနည်းအောင် ယုံကြည်ချက်တွေရှိလာအောင် အားပေးခဲ့တယ်

သင်း - အခု ပြတ်ဖို့က ခေါင်းထဲမှာတောင်မရှိပါ...

နှစ်ယောက်လုံး ကိုယ်စီအကြောင်း"နဲ့ long conversation ကြီးဖြစ်ခဲ့ပေမယ့် စကားပြောတာ အဆင်မပြေခဲ့ကြဘူး စကားလုံးတွေက အရင်လိုချိုသာပြီး လှနေတာမျိုးမဟုတိခဲ့ဘူးပေါ့

ယွန်းစိတ်ထဲမှာလည်း ပျော်တာနဲ့ ဝမ်းနည်းတာတွေရောပြီး အသိစိတ်လွတ်မလိုနဲ့ ခံစာချက်တွေရောနေချိန်ပေါ့ အဲ့လိုဖြစ်လည်း ယွန်း အဲ့ခံစားချက်တွေကို ကိုယ့်ဘာသာမြိုသိပ်ပြီး ဟန်ဆောင်နေတာပေါ့.......

ယွန်းကြယ်စင်ဆီသွားပြီး ဖြစ်တာလေးတွေကို ပြောပြလိုက်တယ်...

ယွန်း - ငါမေးလိုက်တယ် သူပြောတဲ့ အဖြေက ငါခန့်မှန်းထားသလို မဟုတ်ပေမယ့် သူ့ Dark side ကို ငါမြင်လိုက်ရတယ် ငါသူ့ Dark side ကို ပါချစ်မိသွားပြီ

ကြယ်စင် - ဟမ် Dark side...ကိုပါ ချစ်တယ်?? နင် လွတ်သွားပြီလား

ယွန်း - မလွတ်ပါဘူးဟ တကယ်ပြောနေတာ သူ့ Dark side က အစ ချစ်သွားတဲ့ အကြောင်းအရင်းက ငါ့ dark side ကလည်း သူ့ပုံစံမလို့ ငါ့ကိုယ်ငါ ပြန်မြင်နေရသလိုမျိုးလေး

ကြယ်စင် - အော် ငါသိပြီ .........

ယွန်း - သူအဲ့လိုဖြစ်လေ ငါ့ကိုယ်ငါ မြင်ယောင်ပြီး သင်းအတွက် အကောင်းဆုံးဖြစ်စေချက်တဲ့ စိတ်က ပေါ်လာတယ် အဲ့ဒါကြောင့် အဲ့လိုချိန်တွေမှာ သူ့ဘေးနားကနေ အမြဲ နေပြီး အားပေးချင်တယ်

ကြယ်စင် - နင် တကယ် ချစ်မိနေပြီဘဲ အဲ့လောက်ချစ်တာတောင် ဟို ရှာပေးရမယ်ဆိုတဲ့ စကားကို ပြောထွက်တယ်နော်

ယွန်း - haha နင်ကလည်း ငါ့သူ့ကို ဒီလောက်အရမ်းချစ်တာ အဲ့တာကို ငါတကယ်ပြောလိုက်တယ်ထင်လို့လား ရှက်ရမ်း"နဲ့ ရှောက်ပြောချလိုက်တာ..... သင်းလို ကောင်မလေးမျိုးကို ငါဘယ်တော့မှ ထပ်ရှာမတွေ့နိုင်တော့ဘူး သင်းက ငါ့အတွက် ဘာနဲ့မှ အစားထိုးလို့မရတဲ့ ကြီးမားတဲ့ ပျော်ရွှင်မှုဘဲ......

ကြယ်စင် - အမလေးဟဲ့ ဒီမှာ လာချစ်နေပါတယ်ဗျို့

ယွန်း - haha နင်ကလည်း...

ယွန်း စိတ်ရင်းအမှန်က စကားတွေကို ကြယ်စင်ဆီမှာ သွားပြောနေမိတယ်.....သင်းနဲ့ ယွန်းရဲ့ တူညီတဲ့ အချက်တွေအများကြီးကြောင့် ယွန်းတစ်ယောက် သင်းအပေါ် တစ်နေ့ထက် တစ်နေ့ ပိုချစ်လာတာက Dark side ကိုပါချစ်တဲ့အထိ ဆိုတာ အမှန်ပါဘဲ သင်းကို ဘယ်လိုနည်းနဲ့မှ လက်မလွှတိချင်ဘူး ယွန်းရဲ့ တန်းဖိုးအရှိဆုံး ပျော်ရွှင်မှု အစစ်ကို သင်းဆီကဘဲ ရတာမလို့ပေါ့....

" ဟူး ......ငါ စိတ်ကို relax လုပ်ပြီး အိပ်တော့မယ် မနက်ကျ အဆင်ပြေမှာပါ.....စိတ်လျော့ မဟုတ်ရင် နင်ခံစားချက်တွေရောပြီး ဘာမှန်းမသိဘဲ အသိစိတိလွတိသွားလိမ့်မယ် မဖြစ်ဘူး" ဆိုကာ ယွန်းရဲ့ ဖုံးကွယ်ထားတဲ့ ဘက်က ဖြစ်တဲ့ ပြသာနာတွေကြောင့် ဖြစ်ပေါ်လာတဲ့ Dark side ကို အတင်း ဖုံးကွယ်ကာ အနားယူလိုက်တာပေါ့....

ဒါပေမယ့် အဲ့ Dark side က အရမ်း ဖိအားများလာရင် ဘယ်လောက်ဘဲ ဖုံးကွယ်ထားပါစေ ပေါက်ကွဲလာတတ်တာဘဲ မဟုတ်ဘူးလား........

နောက်တစ်နေ့ သင်းနဲ့ ယွန်းတို့ ပုံမှန်ပြန်ဖြစ် ပုံမှန်ကားပြောဖြစ်ကြတယ် ဒါပေမယ့် အဲ့နေ့မှာလည်း ယွန်း ပြသာနာ တစ်ခုကြောင့် ထပ် စိတ်ညစ်နေရတာပေါ့ ဘယ်လို ပြသာနာဘဲရှိနေ" သင်းနဲ့ရှိနေရင် စိတ်ညစ်တာ အကုန် ​ပျောက်သွားလို့ သင်းနဲ့ဘဲ စကားပြောကာ အာရုံလွှဲထားတာပေါ့....

"ဟယ် ငါဘယ်လိုလူမျိုးလဲ test ဖြေတာ gay ပါနေပါလား အမလေး" ရှက်တာဟယ်... နေပါအုံး ရှက်စရာမှ မဟုတ်တာ Gay နေလို့လည်း သင်းကိုဘဲ မျက်လုံးထဲမြင်ပြီး ဘယ် boy မှ မျက်လုံးထဲ မမြင်တော့ဘူးလေ......ဟုတ်သားဘဲ ငါသင်းကိုလည်း ဒါလုပ်ခိုင်းကြည့်အုံးမှ".....

ယွန်း - သင်းရေ ဒါလေး ဖြေကြည့်ပါလား ပြီးရင် ရတဲ့ အဖြေကိုပြကြည့်

သင်း - အရင်ကဖြေသေးတယ် မေးခွန်းတွေမသိတော့ လျှောက်ဖြေထားတာ

ယွန်း - အာ့ဆို အခု သေချာ ဖြေကြည့်လေ မသိရင်မေး ပြောပြမယ်

သင်း - omm

ဒီလိုနဲ့ ၁၅ မိနစ်လောက်ကြာတော့ သင်းက အဖြေလေးကို ပို့လာတယ်

သင်း - ဒီမှာပါ

ယွန်း ကြည့်လိုက်ပြီး နည်း"အံ့ဩသွားတယ် ဘာလို့ဆို သင်းမှာ gay မပါဘဲ Bi ဘဲပါနေတာပေါ့နော် အဲ့အတွေးနဲ့အတူ "သင်းက Bi ဘဲလား မ gay ဘူးဆိုတဲ့သဘောလား အဲ့တော့ တစ်ခြား ယောကျာ်းလေးတွေကိုတွေ့ရင် ငါ့ကို မချစ်တော့ဘဲနေမှာလား ပြီးတော့ ငါက သင်းဘေးမှာ ရှိနေပေးနိုင်တဲ့သူလည်းမဟုတ်ဘူး" ဆိုပြီး ယွန်း အနည်းငယ် အားငယ်မိသွားတယ်

ယွန်း - အော် အဲ့လိုလား

သင်း - ယွန်းဟာကော ပြကြည့်လေ

ယွန်း - အဲ့ app ကရူးနေတာ ယွန်း ဘယ်နှစ်ခါစစ်စစ် gay ဘဲ ပြနေတာ ယွန်းက Bi လေ gay မဟုတ်ဘူးလို့!!!!!

ယွန်း လိမ်လိုက်တယ် သင်းက Bi ဘဲ ပါနေတော့
သင်းကိုဘဲချစ်လို့ ယွန်းလည်း gay သွားတယ်ပြောရင် သင်း စိတ်ပျက်သွားမလား.......အဲ့ဒါကြောင့် Bi ဘဲလို့ ယွန်း ငြင်းနေခဲ့ပါတယ်

သင်း - haha ဟုတ်ပါပြီ

ယွန်း - အာ့ဆို တစ်ခုမေးမယ်နော်

သင်း - ဟုတ်မေးပါ

ယွန်း - သင်းက Neko အသံနဲ့ Neko လိုမျိုးချွဲတာတွေရှိရက်နဲ့ ဘာလို့ tachi ဖြစ်ချင်ရတာလဲ

သင်း - အဲ့တာတော့ မပြောတတ်ဘူး tachi ဖြစ်ချင်တယ်လည်း မဟုတ်ပေါ့

ယွနိး - အဲ့တော့ သင်းက ဖြောင့်တာလား

သင်း - ဖြောင့်တာက Takahashi တို့လို ကောင်လေးတွေနဲ့တွေ့မှပါ 1% လောက်ဘဲ အဲ့ဒါကြောင့် Bi ဖြစ်နေတာ uke လေးတွေကို ဘုချင်တယ် ဟဲ" ရိုင်းတာ

ယွန်း - ကြောက်စရာကြီး...

သင်း - သင်းသာ ကောင်လေးဖြစ်နေရင် မုဒိမ်းမှုနဲ့ထောင်ကျနေမှာ မဟုတ်ရင် ဘုမှုနဲ့ နာမည်ပျက်နေမှာ haha မုဒိမ်းမှု ကတော့ ကိုယ်တိုင်လည်း မုန်းလို့မလုပ်ပါဘူး ဘုတာကတော့ ဘုမှာဘဲ uke တွေဆို ဟဲ"

ယွန်း - uke တွေအတွက် မျက်ရည်တစ်စက်

သင်း - အဲ့လိုပြောလို့ မကြိုက်လဲ ပြောနော်
တယ်

မေးရက်တယ် ဘယ်လိုလုပ်ကြိုက်မှာလဲ ကိုယ်အရမ်းချစ်တဲ့ ကောင်မလေးက ဒီလိုမျိုး တစ်ခြား တစ်ယောက်ကို ကြိုက်လို့ပြောတဲ့ပုံစံနဲ့ပြောနေတာ လုံးဝမကြိုက်ဘူး အရမ်းသဝန်တိုတယ် .....

ဒါပေမယ့်လည်း ယွန်း ထပ်လိမ်လိုက်တယ်

ယွန်း - ရပါတယ် ဘာမှမဖြစ်ပါဘူး အမှန်ပြောတာဘဲကို ယွန်းလည်း နောက်ပိုင်း အရမ်း သဝန်တိုတာတွေကို လျော့ပါမယ်

ယွန်း အရမ်းသဝန်တိုတတ်လို့ သင်းကို ချုပ်ချယ်မိတာမျိုးလည်း မဖြစ်စေချင်ဘူး သဝန်တိုလွန်းလို့ ယွန်းကို အခုလိုအမှန်တွေ မပြောတော့မှာလဲ ကြောက်တယ် အဲ့လိုလုပ်တာထက်စာရင် လိမ်လိုက်ပြီး ဒီလိုပုံစံဘဲနေတာ ပိုကောင်းမယ်လို့ယွန်းတွေးခဲ့တယ်.....ဒါပေမယ့်လည်း ယွန်းစိတ်တွေ စတင်ရောနှောလာခဲ့ပြီး..ဖုံးကွယ်ထားတဲ့ ပြသာနာတွေကြောင့် ရနေတဲ့ စိတ်ဖိစီးမှုတွေရယ် သင်းကို အရမ်းသဝန်တိုနေတဲ့ စိတ်ရယ် စတင်ရောနှောသွားပြီ...... ယွန်းရဲ့ စိတ်က အဆိုးဘက်ကို ဦးတည်နေပြီပေါ့....

ပြီးတော့ သင်းနဲ့ အလိုက်တသင့် ဖြစ်အောင် ယွန်း စိတိထဲကမပါလည်း....

ယွန်း - ယွန်းက Daddy ဆို အရမ်းကြိုက် သင်းသိပါတယ် ထိပ်ဆုံးက ခံပေးမှာဟဲ" uke တွေကတော့ type တူလို့ Fri ဘဲလုပ်မှာ

သင်း - haha ယွန်းသာ သင်းနဲ့ ဆက်တွဲဖြစ်ရင် အဖြောင့်ဖြစ်မှာပါ စိတ်မပူနဲ့ သင်းက လိင်ပြောင်းရင်ပြောင်း မပြောင်းရင် ရင်သားဖြတ်မှာ

ယွန်း - လိင်ပြောင်းတာက Girl တော့မသိဘူး boy ဆိုတော်"နာမှာ သိလား

သင်း - omm ရင်သားတွေလည်းလုံးဝမကြိုက်ဘူး တစ်နေ့ တစ်နေ့ $ကျိုးကို မပေးဘူး

ယွန်း - ဟမ် ဘာဖြစ်လို့

သင်း - ကွကိုယ် လုံခြုံတယ်လို့ မခံစားရလို့

ယွန်း - ဟမ် what??? လုံခြုံတယ်မခံစားရဘူး ယွန်းကို သနားပါအုံး သင်းရယ်

သင်း - ဟမ် တို့ယွန်းလေးက ဘာဖြစ်လို့လဲ

ယွန်း - ယွန်းက ရှိတာထက် ထင်းထွက်နေတာ ဆိုဒ်ကြီးတဲ့ထဲပါတယ်

သင်း - ကိုင်ချင်ယို့

ယွန်း - ကြောက်ပြီ"

သင်း - ကြောက်ပါနဲ့ ဟဲ"

ဒီလိုနဲ့ သင်းနဲ့ယွန်းတို့စကားတွေအများကြီးပြောဖြစ်ပြီး good night ဆိုပြီး conversationလေးအဆုံးသတ်သွားကြတယ်

ယွန်းရဲ့ စိတ်တွေကတော့ ပုံမှန် ဟုတ်မနေတော့ဘူး

ယွန်း - ဒီမှာကြည့်"

ကြယ်စင် - haha နင့်ကောင်မလေး horny တာဘဲ

ယွန်း - horny တာထက် ကြည့်လိုက်အုံး ငါမဟုတ်တဲ့ uke တွေကိုဘဲ ပြောသွားတာ ကြည့်အုံး အကယ်၍ သူသာ ဖြောင့်သွားရင် သူငါ့ကို မချစ်တော့ဘဲ ထားသွားမလားမသိဘူး

ကြယ်စင် - နင်က uke နေရာမှာ နင့်ကို ပြောတာခံချင်တယ်ပေါ့ အဲ"

ယွန်း - စမနေနဲ့ အတည်ပြောနေတာ

ကြယ်စင် - ငါလည်း အတည်ပြောတာလေ

ယွန်း - နင်ကလည်း ဘယ်သူမဆို ကိုယ်အ
ရမ်းချစ်တဲ့ကောင်မလေးက တစ်ခြားသူကို အဲ့လိုမျိုးနဲ့ ပြောနေရင်ကြိုက်မလား တစ်ခြားသူအစား ကိုယ်ဘဲ ဖြစ်ချင်တာပေါ့

ကြယ်စင် - haha ဝန်ခံပြီ"

ယွန်း - ရား !!!!!!! တော်တော့ ဘာတွေမေးမှန်းမသိ

ကြယ်စင် - အေးပါဟ haha

ယွန်း - ငါအရင် ဘယ်လောက်ကြိုက်ခဲ့ပါတယ် ဆိုတဲ့ anime boys တွေ daddy တွေတောင် သင်းနဲ့ယှဉ်ရင် အကုန် နံပါတ် ၂ ဘဲ သင်းက ပထမဘဲ အဲ့တာကို သူကအဲ့လိုပြောတော့ ငါက အားငယ်တာပေါ့

ကြယ်စင် - အားငယ်စရာမလိုပါဘူးဟာ သူနင့်ကို ချစ်ပါတယ် over thinking လုပ်မနေနဲ့ အိပ်တော့

ယွန်း - အေးပါ ငါလည်း သူအဲ့လိုပြောလို့ အရမ်းသဝန်တိုမိပြီး အားငယ်သွားပေမယ့် အနည်းဆုံးတော့ သူအမှန်တိုင်းပြောတယ်ဆိုတဲ့ positive thinking လေးဝင်တယ်

ကြယ်စင် - အေး အဲ့တာကောင်းတယ်

ဒီလိုနဲ့ အတွေးများစွာနဲ့ ယွန်းလည်းအိပ်ရာဝင်သွားတယ်

နောက်တစ်နေ့ မနက်ရောက်လာခဲ့ပြန်ပြီပေါ့ ဒီနေ့လဲ အရင်လိုပါဘဲ ပြသာနာ ထပ်ဖြစ်တယ် ရက်တွေက ဆက်လာတယ် ယွန်း ဆက်မသည်းခံနိုင်တော့ဘူး

"ဘာဖြစ်လို့လဲ ဘာဖြစ်လို့ ငါ့ကိုမှလဲ ဘာဖြစ်လို့လဲ" ယွန်း ထိန်းထားတဲ့ မျက်ရည်တွေကျလာတယ် " မဟုတ်တဲ့ ကိစ္စကို ပြသာနာကြီးအောင်ချဲ့နေတယ် ဘာလို့လဲ" ......

ယွန်း သင်းရှိတယ်ဆိုတာကို အသိရနေပေမယ့်လည်း လုံးဝအသိစိတ်လွတ်သွားတယ် ပုံမှန်မဟုတ်တော့ဘူး ပြောရရင် Dark side ထဲ လုံး"ဝင်သွားပြီပေါ့

ယွန်းတစ်နေကုန် ဘာခံစားချက်မရှိ အေးစက်စွာနဲ့ နေနေခဲ့တယ်

သင်းနဲ့ ပုံမှန်စကားပြောခဲ့ပေမယ့် ပုံမှန်အသုံးနှုန်းတွေမဟုတ်တော့ဘဲ စကားတွေကအစ အေးစက်သွားခဲ့တယ်

ဒါကို သင်း သတိထားမိသွားတယ်ထင်ပါရဲ့ညနေလောက်ကျ စကားလက်ဆုံကြရင်း.....

သင်း - အိုင်လပ်ဖြူ ယွန်း ချစ်တယ်

အဲ့အချိန်မှာယွန်းက အသိစိတ်လွတ်နေပြီဖြစ်တဲ့အတွက် အရင်က စိတ်ဖြေရင်းတွေးနေကြဖြစ်တဲ့ ငါ့ကိုချစ်တယ် သင်းရှိသေးပါလား ဆိုတဲ့ အတွေးပါ ပျောက်သွားတယ် အဲ့ဒါကြောင့် သင်းကို ပြောနေကြဖြစ်တဲ့ ပိုချစ်တယ်ဆိုတဲ့ စကားကို မပြောနိုင်ခဲ့ဘူး အဲ့အစား တစ်ခြား စကားတွေကိုဘဲ ဆက်နေခဲ့တယ်

သင်း - ဒီ keyboard လေးသိလား ချစ်စရာလေး ကြည့်ကြည့်

ယွန်း- omm လှသားဘဲ

သင်း - ဒီမှာ ပုံတွေ အများကြီးရှိတယ် ကြိုက်တာ ထားလို့ရတယ်

ယွန်း - အော် omm

သင်း - ယွန်းနဲ့ couple ပုံထားလို့ရတယ် သိလား ဒီမှာ couple ပုံတွေ

ယွန်း - အော် app က

သင်း - face emoji keyboard အဲ့မှာ ဝင်ကြည့်ကြည့်လိုက် အများကြီးရှိတယ် ဘယ်ဟာ ထားချင်လဲ

ယွန်း couple ပုံကို မကြည့်တော့ဘဲ ပထမဆုံးမြင်တဲ့ ရိုးရိုးပုံကိုပြောလိုက်တယ်

ယွန်း - ပထမဆုံးဟာလေးဘဲ ကောင်းပါတယ်

သင်း - အော် ဟုတ်

ဒီလို စကားပြောနေရင်း သင်းက mention လည်းခေါ်သလို cb မှာလာပို့ပြီးတော့

သင်း - ဒီ သီချင်းက စာသားတွေကလေ သင်း ယွန်းကို ပြောချင်တာနဲ့ အတူတူဘဲသိလား

ယွန်း - omm

သီချင်းစာသားက

"Oh..I'll fucked up if you can't be right here, I do the same I told you that I never would , I told you I would change even when I knew , I never could know that I can't find nobody else as good as you I need you to stay...."

ဒီလောက်သင်းက ယွန်းကို ဂရုတစိုက်ချစ်ပေးနေတဲ့ အချိန်မှာ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်တဲ့ ယွန်းကို မုန်းတယ်

သင်း - သင်းတစ်သက်လုံး ယွန်းနဲ့အတူနေသွားပြီး ဂျပန်နိုင်ငံသားပါခံယူပြီး ကိုယ့်ရည်မှန်းချက်ကို ဖြစ်အောင်လုပ်မယ် တစိသက်လုံး အတူနေသွားမယ် confident တွေရှိပြီ ဟီး"

ဒီစကားလေးက ယွန်းအရမ်းကြားချင်ခဲ့တဲ့ စကားလေးပါ အဲ့တာကြောင့် အရမ်းပျော်ပါတယ် ယွန်းသာ Dark mood မဝင်ခဲ့ရင် သင်းကိုအရမ်းချစ်တယ် ဘာညာဆိုပြီး romantic ဆန်တဲ့စကားတွေနဲ့ ပြောနေခဲ့မှာ

ဒါပေမယ့် ယွန်းက စိတ်လွတ်နေပြီမလို့ သင်းအဲ့လိုပြောလိုက်ချိန်မှာ ရင်ထဲ တစ်နေရာမှာ တစ်ခုခုဖြစ်သွားသလို ခံစားလိုက်ရပေမယ့် ဘာမှန်းမသိခဲ့ဘူး တကယ်တော့ အဲ့တာပျော်ပြီး ရင်ခုန်သွားတာပါ ဒါပေမယ့် မသိတော့တာကြောင့် အစတည်းက စကားကို အေးစက်ပြောပြီး အကုန် Negative စိတ်နဲ့ သင်းပြောသမျှ ရွဲ့နေချိန်မှာ ပိုရွဲ့ချင်သွားတယ် ........ယွန်းရဲ့ Dark side လုံးဝပေါ်သွားပြီပေါ့ မဆိုင်တဲ့သူအပေါ် ပြသာနာရှာခြင်းလေ.....

ယွန်း - ဟမ် ဘာကို ယွန်းနဲ့ အတူနေမှာလဲ ဟိုနေ့က ဘယ်လိုပြောထားလဲ.....ပြောပြီး

သင်း mention ခေါ်တာ တွေ့တဲ့စာမှာလည်း "သင်း မထားသွားတဲ့ ချိန်ထိ နေပေးမယ် ဆိုပြီးပြောလိုက်တယ်

သင်း - အဲ့နေ့ ကပြောတာတွေကို မေ့လိုက်တော့ သင်းဆိုလိုချင်တာ အဲ့လို မဟုတ်ဘူး ဘာဖြစ်နေတာလဲ ယွန်း

ယွန်း - အမျိုး"ပြောတာ ဘယ်ဟာကို အတည်ယူရမှာလဲ မျှော်မှန်းထားချိန် နဲ့ မမျှော်မှန်းထားချိန်နဲ့ လုပ်ချင်သလို လုပ်နေတာ

သင်း - တောင်းပန်းပါတယ်

ယွန်း - ရတယ် မလိုဘူး ဘာမှ မဖြစ်ဘူး ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး မျှော်လင့်ချက်ထားတာကိုလည်း မလုပ်တော့ဘူး

သင်း - တောင်းပန်ပါတယ်

ယွန်းအဲ့လို ပြောတာတွေက ယွန်းရဲ့ တကယ်ပြောချင်ခဲ့တဲ့ ခံစားချက်တွေ မဟုတ်ခဲ့ဘူး ယွန်းရဲ့ True Mind ကဟာတွေနဲ့ ဆန့်ကျင်ဘက်ကိုပြောခဲ့မိတယ် Negative အတွေးတွေဝင်နေလို့ပေါ့..

ယွန်းရဲ့ မထိန်းနိုင်တဲ့ Dark side ကြောင့် ဘာမှမဆိုင်တဲ့ သင်းကို ဆွဲထည့်မိလိုက်ပြီး ဒဏ်ရာတွေ ပေးမိသွားတယ် တောင်းပန်ပါတယ် သင်း.....

သင်းလည်းအဲ့လိုပြောပြီး active off သွားတယ် အဲ့တာကို ယွန်း သတိထားမိသွားလို့ စိတ်မကောင်းဖြစ်သွားတယ် သင်း စိတ်ထိခိုက်သွားလားဆိုပြီးပေါ့

ယွန်း - ဘာဖြစ်သွားတာလဲ ယွန်းကြောင့် စိတ်ညစ်သွားလို့လား

သင်း - ယွန်းကြောငိ့ မဟုတ်ဘူး ကွကိုယ် စိတ်တိုတာ

ယွန်း - မဟုတိဘူး သင်းကြောင့် မဟုတ်ဘူး ယွန်း စကားမှားသွားတယ် သင်းကို ထိခိုက်စေအောင် ရည်ရွယ်ပြီး ပြောလိုက်တာမဟုတ်ဘူး

"တကယ်ပါ သင်းအမှားတွေ မဟုတ်ပါဘူး ယွန်း Negative အတွေးတွေ မြင်နေတာမလို့ ဘယ်ဟာမှ အကောင်းမမြင်တော့ဘဲ တကယ့်ရင်ထဲက စကားတွေနဲ့ ဆန့်ကျင်ဘက် မှန်သမျှ ပြောခဲ့တယ် ယွန်းအမှားတွေပါ..."

သင်း စာမပြန်လာခဲ့ဘူး

ယွန်း - သင်း မကျေနပ်ခဲ့ရင် ပြတ်မယ်လေ

သင်း - ပြတ်မယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဘူးလေ

ယွန်း - သင်း ယွန်းကြောင့် စိတ်ပျက်သွားတယ်မလား ဝမ်းနည်းသွားတယ်မလား......

သင်း စာမပြန်ခဲ့ဘူး......

အဲ့ဒါကြောင့် ယွန်း ကြယ်စင် ဆီ သွားပြီ အတိုချုပ်ပြောပြလိုက်တယ်

ယွန်း - ငါဘာဆက်လုပ်ရမလဲ

ကြယ်စင် - နင်ဟာ မဟုတ်တော့ဘူး ၁ ပတ်အနားယူလိုက် သွားပြော

ယွန်း - အေး
-------------------------------------------

ယွန်း - ယွန်းတို့ ၁ ပတ်လောက်စိတ်အနားပေးရအောင်

သင်း - OK လေ သင်းလည်း ၁ ပတ်အတွင်း ကွကိုယ်ပြုပြင်မယ်

ယွန်း - ဟုတ် ယွန်းလည်း ပြုပြင်ပြီး အနားယူမယ်

သင်း - OK တစ်ပတ်နေရင်တွေ့မယ်

ယွန်း - omm တစ်ပတ်အတွင်း ကောင်း"မွန်"နေပါ

သင်း - ယွန်းကောဘဲ

ဒီလိုမျိုး ယွန်းကို လက်မလွှတ်ပေးခဲ့တဲ့ သင်းကို အရမ်းလည်းကျေးဇူးတင်သလို တောင်းပန်းပါတယ်

-------------------------------------------

ယွန်း ကြယ်စင်ပြောခိုင်းလို့သာ ပြောလိုက်ပေမယ့် ၁ ပတ်ဆိုတာကြီးက ယွန်းလုံးဝအနေနိုင်တာကြောင့် စိတ်ထဲ ဘဝင်မကျ ဖြစ်နေတယ်

ယွန်း - နင်ပြောသလို လုပ်ပြီးပြီ

ကြယ်စင် - အခု ငါ့ကို သေချာရှင်းပြ

ယွန်းလည်း အကုန် ရှင်းပြလိုက်တယ်

ကြယ်စင် - နင် ငါသိတဲ့ ယွန်း မဟုတ်ဘူး နင် ဘာဖြစ်နေတာလဲ

ယွန်း - ငါဘာဖြစ်လို့လဲ

ကြယ်စင် - နင်ပုံမှန်မဟုတ်ဘူး နင် ဘာပြသာနာ ရှိနေတာလဲ

ယွန်း - ငါ ....??

ကြယ်စင် - အေး

ယွန်း - ငါ မိသားစု ပြသာနာဖြစ်ထားတယ် အတန်းတွေကလည်း များတော့ stress ပိနေတယ်

ကြယ်စင် - ဒါဘဲလား ဘာကျန်သေးလဲ နင့်စိတ်ကို ချိန်းစေမယ့် အရာ

ယွန်း - ငါ့စိတ် ...?? ဘာလဲ....ငါ period လာနေတယ်

ကြယ်စင် - အေး ငါသိပြီ နင်အခု စိတ်အနားယူလိုက်တော့ ညကျမှ ပြောမယ်

ယွန်း - အေး

ယွန်း လည်း စိတ်အနားယူခဲ့တယ် ပုံမှန်ဆို ဒီလိုချိန်မှာ ယွန်း အသိစိတ်မရှိတော့ဘူး ဒါပေမယ့် သင်းနဲ့ကျမှ သင်းကိုပြောပြီး ရင်ဘက်တစ်နေရာကို အောင့်သလိုမျိုး စိတ်မကောင်းဖြစ်နေတယ်....

ယွန်လည်း အနားယူပြီး လုပ်စရာရှိတာပြီးတဲ့အချိန် ည ၁၀ နာရီလောက်မှာ

ကြယ်စင် - အဆင်ပြေလား

ယွန်း - omm ပြေပြီ

ကြယ်စင် - အေး breath in/out လုပ်

ယွန်း - အေး

ကြယ်စင် - ငါပြောမယ် နင်ဒီနေ့ လုံးဝမှားတယ်
နင်ပြောလိုက်တာတွေ နင်ပြန်ကြည့်စမ်း သင်းကို အရမ်းချစ်ရပါတယ်ဆိုတဲ့ ယွန်းက ဒီလိုမျိုးတွေပြောတယ် နင်က ငါသိတဲ့ ယွန်း မဟုတ်ဘူး နင် အခုစိတ်တွေ အရမ်းညစ်နေတယ်မလား စိတ်ညစ်ချိန်မှာဒီလို စိတ်လိုက်မာန်ပါ မလုပ်သင့်ဘူး လို့ ငါမပြောခဲ့ဘူးလား နင်က အခု တစ်ခြားမှာ စိတ်ညစ်နေတာကို ဘာမှ မဆိုင်တဲ့ သင်း အပေါ် သွားလွှဲချတယ် နင်သာ သင်းနေရာဆို ဘယ်လောက်ခံစားသွားရမလဲ စဉ်းစားလေ နင် အရမ်းစိတ်ညစ်နေတော့ အမှား အမှန်ခွဲခြားမသိဘဲ ပြောချင်ရာပြောတယ် အခုတော့
ပြသာနာတွေ ဖြစ်လာတယ် မဟုတ်ဘူးလား

ယွန်း ပြောစရာစကားမရှိဘဲ ခဏငြိမ်သွားပြီး စဉ်းစားနေခဲ့တယ်

ယွန်း - ငါမှားသွားတယ် ငါတောင်းပန်ပါတယ် ငါ စိတ်လိုက်မာန်ပါမလုပ်ခဲ့သင့်ဘူး အကုန် ငါ့အမှား တောင်းပန်းပါတယ် ငါ စိတ်လွတ်သွားတယ် ငါဘာပြောလိုက်မှန်းတောင် ငါမသိလိုက်ဘူး

ကြယ်စင် - အေး နင့်အမှားနင်သိရင် ရပြီ

ယွန်း - ငါက သင်းအတွက်အကောင်းဆုံးတွေဖန်တီးပေးချင်လို့ ငါ့ Dark side တောင် ဖုံးကွယ်ပြီး သူ့ဘေးနားကနေ အမြဲ supporting လုပ်ပေးခဲ့တဲ့ငါက အခု ငါကိုယ်တိုင် Dark side ကို ပြန်ပြခဲ့တယ်

ကြယ်စင် - အေး နင် သင်ခန်းစာရမယ် ထင်ပါတယ် စိတ်ညစ်နေချိန် စိတ်လိုက်မာန်ပါမလုပ်ရဘူးဆိုတာကိုလေ

ယွန်း - ငါမှားတယ် ငါသွားတောင်းပန်းမယ်

ကြယ်စင် - မလုပ်နဲ့တော့ နင် တစ်ပတ်အချိန်ယူလိုက် အဲ့တစ်ပတ်မှာ ကွကိုယ်ပြင်

ယွန်း- ငါမှားသွားတယ် !!!!!!!!!!

ယွန်းလည်း ဘာမှဆက်မလုပ်နိုင်တော့ဘဲ သင်းကိုပြောခဲ့တာတွေကို စဉ်းစားမိပြီး အရမ်းစိတ်မကောင်း ဝမ်းနည်းဖြစ်မိသွားတယ် ကိုယ့်ကိုယ်လည်း အပြစ်တင်တာ မဆုံးခဲ့ဘူး

-------------------------------------------
ခဏနေကြတော့

ကောင်းမြတ် - ဟဲ့ နင်တို့ ဘာဖြစ်တာလဲ

ယွန်း - ဘာကိုလဲ

ကောင်းမြတ် - ဟိုတစ်ယောက် group မှာ ပြောတာတွေ့လိုက်တယ်

ယွန်း - အော် (အတိုချုပ်ရှင်းပြလိုက်တယ်)

ကောင်းမြတ် - နင်မှားတယ် နင် စိတ်လိုက်မာန်ပါမလုပ်သင့်ဘူး

ယွန်းငိုနေမိတော့တယ်.....

ယွန်း - သိပါပြီ $ ကောင်ရဲ့ .....

ကြယ်စင်ကော ကောင်းမြတ်ကော ဆူတာကို ယွန်းခံနေရတာကြောင့် အဲ့နေ့က ယွန်း အရမ်းနောင်တရကာ ကွကိုယ် မုန်းသွားတဲ့အထိပါဘဲ

ကောင်းမြတ် - နင်အခုမနေနိုင်ဘူးမလား

ယွန်း - အေး

ကောင်းမြတ် - ခံလေ စိတ်လိုက်မာန်ပါလုပ်တာကို

ယွန်း - $ကောင်ရဲ့ ပိုငိုအောင်လုပ်နေတယ် သွားနင်နဲ့ မပြောတော့ဘူး ဆိုကာ ယွန်းကောင်းမြတ်ကိုပါ မောင်းထုတ်လိုက်တယ်

အဲ့ဒီနေ့ည ယွန်း တစ်ညလုံး ငိုနေခဲ့တယ် မနက် ၃ နာရီလောက်မှ ယွန်း တစ်ညလုံးငိုထားတဲ့ အရှိန်ကြောင့် ပင်ပန်းကာ အိပ်ပျော်သွားတော့တယ်

မဆိုင်တဲ့သင်းကို ဒေါသတွေလွှဲချပြီး ပြောခဲ့တဲ့ ယွန်းရဲ့ စိတ် အဲ့စိတ်ကို ဖြစ်ပေါ်စေတဲ့ dark side အဲ့ dark side ကို ဖုံးကွယ် မရအောင်ပေးတဲ့ ဖိအား အဲ့ဖိအားကို များလာလုပ်တာပြသာနာတွေရဲ့အစ............

" အခုထိ ဒီအကြောင်းကို စဥ်းစားတိုင်း ကိုယ့်ကိုယ်ကို မျက်ရည်များစွာနဲ့ အပြစ်တင်လို့ မဆုံးခဲ့ဘူး ယွန်းရဲ့ Dark side ကို သင်းဆီမှာ ပထမဆုံး ထုတ်ပြမိလိုက်တဲ့နေ့...အဲ့လိုဖြစ်သွားတာတောင် ယွန်းကို လက်မလွှတ်သွားတဲ့ သင်းကို အရမ်းလည်းချစ်သလို တောင်းလည်းပန်းပါတယ်"~~~~

နောက်အပိုင်း ယွန်းဖုံးကွယ်ထားတဲ့ အကြောင်းတွေ ပါပါမယ်🙇‍♀️ ပထမဆုံးရေးသားခြင်းလို့ အရေးအသားကောင်းသည်ရှိသော် စာလုံးပေါင်းမှားသည် ရှိသော် တောင်းပန်ပါတယ် 🙇‍♀️

SOL

Fortsæt med at læse

You'll Also Like

1.4K 96 17
After the events of the Winter Formal, Derek Hale is now the alpha, Sage and Allison are back together, Lydia and Grace are in the hospital from Pete...
14.6K 930 75
Greatest and Inspiring Quotes Of Islam and it's Circles by Yasmin Mogahed
1.6K 127 5
''ဆုံဆည်းမှုဟာ...သိပ်နောက်ကျခဲ့လေတော့....စွန့်လွှတ်ဖို့ဖြစ်လာရပြန်တယ်''
14.9K 439 21
မိသားစု ပြဿနာ တွေ ကြောင့် ဂျစ်ကန်ကန် ဆိုး နေတဲ့ ကောင်းမလေး နဲ့ အပြုံး မပျက် သည်းခံနိုင် တဲ့ မမ