စောင့်နေပေးပါရိပေါ် (S-2) (Co...

By minminmin2003

515K 53.6K 4.7K

တကယ်လို့ ဒီsystem လေးဖတ်တော့မယ်ဆိုရင်လေ ကျော်ဇေထက်လေးကို အရင်ဖတ်စေချင်ပါတယ်...မဖတ်ရသေးတဲ့သူတွေကိုပြောတာပါ...(... More

ကြောက်ဖို့ကောင်းလိုက်တာ
Arc-1.1
Arc-1.2
Arc-1.3
Arc-1.4
Arc-1.5
Arc-1.6
Arc-1.7
Arc-1.8
Arc-1.9
Arc-1.10
Arc-1.11
Arc-1.12
Arc-1.13
Arc-1.14(End)
systemနယ်မြေ
Arc-2.1
Arc-2.2
Arc-2.3
Arc-2.4
Arc-2.5
Arc-2.6
Arc-2.7
Arc-2.8
Arc-2.9
Arc-2.10
Arc-2.11
Arc-2.12
Arc-2.13
Arc-2.14
Arc-2.15(end)
system နယ်မြေ
Arc-3.1
Arc-3.2
Arc-3.3
Arc-3.4
Arc-3.5
Arc-3.6
Arc-3.7
Arc-3.8(end)
system နယ်မြေ
Arc-4.1🐰
Arc-4.2🐰
Arc-4.3🐰
Arc-4.4🐰
Arc-4.5🐰
Arc-4.6🐰
Arc-4.7🐰
Arc-4.8🐰
Arc-4.9🐰
Arc-4.10🐰
Arc-4.11🐰
Arc-4.12🐰
Arc-4.13🐰
Arc-4.14🐰
Arc-4.15🐰
Arc-4.16(end)🐰
system နယ်မြေ
Arc-5.1
Arc-5.2
Arc-5.3
Arc-5.4
Arc-5.5
Arc-5.6
Arc-5.7
Arc-5.8
Arc-5.9
Arc-5.10
Arc-5.11
Arc-5.12
Arc-5.13
Arc-5.14
Arc-5.15
Arc-5.16
Arc-5.17
Arc-5.18
Arc-5.19(end)
system နယ်မြေ
Arc-6.1
Arc-6.2
Arc-6.3
Arc-6.4
Arc-6.5
Arc-6.6
Arc-6.7
Arc-6.8
Arc-6.9
Arc-6.10
Arc-6.11(end)
system နယ်​မြေ
Arc-7.1
Arc-7.2
Arc-7.3
Arc-7.4
Arc-7.5
Arc-7.6
Arc-7.7
Arc-7.8
Arc-7.9
Arc-7.10
Arc-7.11
Arc-7.12
Arc-7.13
Arc-7.14(end)
သိဖို့အချိန်တန်ပြီ( သိဖို႔အခ်ိန္တန္ၿပီ)
The end
Extra

အမှန်တရားများ(အမွန္တရားမ်ား)

2.9K 324 21
By minminmin2003

" ဝမ်ရိပေါ် မင်းတကယ်ပဲအဲ့လိုလုပ်တော့မှာလား.."

" အင်း..."

"အခန့်မသင့်ရင်မင်းပျောက်ကွယ်သွားနိုင်တယ်နော်.."

" အင်း.."

" ဟူး..ကောင်းပြီလေငါမတားတော့ဘူး စကြတာပေါ့..."

ပြောနေကြသော်သူနှစ်ဦးဟာ နတ်ဘုံ၌အင်အားကြီးသော် နတ်တွေထဲကနတ်နှစ်ပါးဖြစ်သည်။ စကားများနေသော်နတ်ဟာ ညနတ်သားရန်ဟုန်ဖြစ်ပြီး " အင်း " တစ်လုံးထဲကသာပြောနေသော် နတ်ကတော့နတ်ဘုရားဝမ်ရိပေါ်သာဖြစ်သည်။

နတ်ဘုရားဝမ်ရိပေါ်ကို နတ်သားနတ်ဘုရားတွေသာမက နတ်ဆိုးများ၊ မိစ္ဆာများ ၊ သရဲများစွာကလည်းကြောက်ကြ၏။ ဘာကြောင့်လည်းဆိုတော့သူ့ရဲ့အေးစက်လှတဲ့ မျက်နှာကြောင့်ဖြစ်သည်။ ဒါ့အပြင်အနီရောင်မျက်ဝန်းပြောင်းသွားပြီး ပြုံးပြရင်ပိုပြီးတော့ကြောက်ကြတယ်..

တခြားနတ်တွေက ထိုညနတ်ဘုရားဟာရုပ်ပြောင်းရုပ်လွှဲကို အမြဲတမ်းလုပ်တဲ့အပြင် မျက်လုံးအရောင်ကိုလည်းအမြဲတမ်းပြောင်းတယ်လို့သာထင်ကြသည်။ တကယ်တော့ထိုညနတ်ဘုရားဝမ်ရိပေါ်မှာတခြားသူတွေ မသိတဲ့လျို့ဝှက်ချက်များရှိသည်။ ထိုလျို့ဝှက်ချက်ဟာ ထိုညနတ်ဘုရားဝမ်ရိပေါ်ကိုယ်ထဲ၌ နတ်ဆိုးတစ်ကောင်ရှိလေသည်။

ညနတ်ဘုရားအဖြင့်ဖြစ်တည်လာထဲက ထိုနတ်ဆိုးပါကပ်တွယ်လာတာဖြစ်တယ်..အရင်ထဲကသူ့ကိုယ်ထဲ၌ရှိသော် နတ်ဆိုးကိုဖယ်ရှားဖို့လုပ်ပေးမဲ့ သူမအောင်မြင်ခဲ့။ ဒါ့အပြင်အဲ့နတ်ဆိုးဟာတခြားသူတွေကို ထိခိုက်အောင်မလုပ်တဲ့အပြင် သူ့ကိုလည်းထိခိုက်အောင်မလုပ်တာကြောင့် သူဖယ်ရှားဖို့မလုပ်ခဲ့။

နာမည်လေးတောင်သူပေးခဲ့လိုက်သေးတယ်..ဝမ်ရိဆိုပြီးတော့ပေါ့။ သူငယ်ချင်းလို့တောင်ဖြစ်လာခဲ့တယ်..ညနတ်ဘုရားမှာဝမ်ရိအပြင်နောက်ထက်သူငယ်ချင်းနတ်တစ်ပါးလည်းရှိသေး။ ထိုနတ်ဟာညနတ်သားရန်ဟုန်တာဖြစ်သည်။ သူတို့နှစ်ဦးရဲ့ဖြစ်တည်လာမူ့ဟာနေ့အတူတူဖြစ်တာကြောင့် ညနတ်သားရန်ဟုန်ဟာ ညနတ်ဘုရားဝမ်ရိပေါ် ​ရဲ့တည်တန့်လှတဲ့ ရုပ်ကိုကြည့်တာနဲ့အကုန်သိသည်။

နှစ်ဦးသားအမြဲတမ်းတစ်ပူးပူးတစ်တွဲတွဲနဲ့ပေါ့ ။ ညနတ်ဘုရားဝမ်ရိပေါ်ကိုယ်ထဲမှာ နတ်ဆိုးတစ်ကောင်ရှိတာကိုလည်း သူသိတယ်..ထိုနတ်ဆိုးဝမ်ရိနဲ့တောင်သူငယ်ချင်းဖြစ်သွားခဲ့တယ်..ညနတ်ဘုရားဝမ်ရိပေါ်ဟာ သူ့ရဲ့တကယ့်မျက်နှာကို ဘယ်တုန်းကမှချမပြ..ယခုလည်းတခြားမျက်နှာပုံစံပြောင်းလဲထားတာဖြစ်တယ်..

တစ်နေ့တော့ညနတ်ဘုရားဝမ်ရိပေါ်ဟာ ညနတ်သားရန်ဟုန်နဲ့အတူ လမ်းလျှောက်ထွက်တုန်းက ဒဏ်ရာဒဏ်ချက်များစွာနဲ့လဲလျောင်းနေသော် ကလေးငယ်လေးတစ်ဦးကိုတွေ့လိုက်ရတယ်..ထိုကလေးငယ်လေးကိုကြည့်လိုက်တာနဲ့ ရန်(ကျွန်)ဆိုတာသူသိလိုက်ရတယ်..

ညနတ်ဘုရားဝမ်ရိပေါ်ဟာ ရန်(ကျွန်)ဆိုတဲ့နတ်သူငယ်လေးရဲ့မျက်နှာကို မမြင်ပေမဲ့လည်း လိုချင်တဲ့စိတ်တွေပေါ်လာတာကြောင့် သူ့ဆီမှာနေဖို့ပြောခဲ့တယ်..ထိုကလေးဟာသူ့ကိုစိုက်ကြည့်နေခဲ့တုန်းက သူတစ်ကိုယ်လုံးတုန်လှုပ်နေခဲ့တယ်..ဒါ့အပြင်ပျော်ရွင်တဲ့စိတ်လေးတွေလည်း ဝင်ရောက်လာမိခဲ့တယ်..

ထိုရန်(ကျွန်)ဟာတစ်ခြားသူမဟုတ် ရှောင်ကျန့်သာဖြစ်သည်။ ရှောင်ကျန့်ဟာထိုအချိန်တုန်းက ကလေးငယ်သာသာလေးသာဖြစ်သည်။ သူ့ကိုခေါ်တဲ့သူကဘယ်လိုနတ်မှန်း သူမသိပေမဲ့သူမသိစိတ်က လိုက်သွားလို့ပြောနေသလိုမျိုးခံစားရတာကြောင့် ရှောင်ကျန့်လိုက်သွားခဲ့တယ်..

အရင်ကဆိုရင်ရှောင်ကျန့်ကို တခြားနတ်ငယ်လေးများ၊ ရီ(အစေခံ)များအနိုင်ကျင့်ကြတယ်...ဒါပေမဲ့ယခုတော့ရှောင်ကျန့်ဟာ နတ်ဘုံပေါ်မှာကြောက်ရဆုံးဖြစ်တဲ့ ညနတ်ဘုရားရဲ့ရန်ဖြစ်သွားရော သူ့ကိုဘယ်သူမှအနိုင်မကျင့်ကြတော့ပဲ ရိုရိုသေသေဆက်ဆံလာကြတယ်..

ရှောင်ကျန့်ဟာညနတ်ဘုရားနဲ့ညနတ်သားတို့ရဲ့ လက်အောက်မှာပျော်ပျော်ရွင်ရွင်နဲ့ကြီးပြင်းလာခဲ့တယ်..ရှောင်ကျန့်၌ချစ်ရသောသူငယ်ချင်းတစ်ဦးရှိတယ်..ဒါပေမဲ့ထိုသူငယ်ချင်းဟာပျောက်နေတာကြောင့် နတ်ဘုရားနဲ့နတ်သားတို့ကိုအကူညီ​တောင်းခဲ့တယ်..ဒီနေ့ဒီအချိန်ထိတော့ရှောင်ကျန့်ဟာ သူ့သူငယ်ချင်းကိုမတွေ့သေးပေ။

ညနတ်ဘုရားရဲ့မူလမျက်နှာကို ရှောင်ကျန့်မြင်ဖူးလေသည်။နှစ်တွေကြာလာတာနဲ့အမျှ ရှောင်ကျန့်ဟာပိန်လိန်ချောက်ကပ်နေသော သူမဟုတ်တော့ပဲ..ဝဝဖြိုးဖြိုးနဲ့ဖြစ်လာခဲ့တယ်..ဒါ့အပြင်နတ်ဘုံပေါ်၌အချောဆုံးနတ်တွေထဲက ဖြစ်လာခဲ့တယ်..

နတ်ဘုံတင်မက နတ်ဆိုးတိုင်းပြည်ရော၊ မိစ္ဆာ တိုင်းပြည်မှာရော နာမည်ကြီးလာခဲ့တယ်..ရှောင်ကျန့်ကြောင့်စစ်ပွဲများတောင်ဖြစ်လာသေး။ တစ်ချို့ရဲတင်းတဲ့နတ်ဆိုးတွေဆိုရင် ညနတ်ဘုရားရဲ့အိမ်တော်ကို ခိုးဝင်ပြီးရှောင်ကျန့်ကိုခိုးဖို့တောင်လုပ်သေးတယ်..ဒါပေမဲ့နတ်ဘုရားဝမ်ရိပေါ်ရဲ့လက်ချက်အောက်မှာ သေဆုံးသွားကြရတယ်..

နတ်ဘုရားဝမ်ရိပေါ်ဟာ ရှောင်ကျန့်ကြောင့်အမြဲတမ်းခေါင်းကိုက်နေခဲ့။ ရှောင်ကျန့်ကိုဖွန်လာကြောင်တဲ့ သူတွေကြောင့်မဟုတ်ပဲ။ သူ့ရဲ့ကိုယ်ထဲကဝမ်ရိနတ်ဆိုးကြောင်ဖြစ်တယ်..သူ့ကိုသတိလစ်အောင်လည်းအမျိုးမျိုးလုပ်ပြီး ရှောင်ကျန့်ကိုအသားယူနေတက်တယ်..ဒါ့ကြောင့်သူစိတ်ညစ်နေရ။

ဝမ်ရိကသူ့ရဲ့နတ်ဆိုးဆိုပေမဲ့ ရှောင်ကျန့်ကိုထိတာတော့သူမကြိုက်ပေ။ ဒီအတော်အတွင်းလည်းတစ်ခါတစ်လေ၌ သတိလစ်တဲ့အချိန်တွေအများကြီးရှိလာခဲ့တယ်..ဒါ့ကြောင့်သူ့ကိုယ်ထဲကနတ်ဆိုးကို ဖယ်ရှားဖို့ညနတ်ဘုရားဝမ်ရိပေါ်ဆုံးဖြတ်ခဲ့တယ်..

ရှောင်ကျန့်လေးကသူ့ကိုဗျစ်စောင်းလက်ဆောင်ပေးခဲ့တယ်..ထိုဗျစ်စောင်းပေါ်မှာသူကိုယ်တိုင် ရှောင်ကျန့်ရဲ့နာမည်ကိုထိုးခဲ့တယ်..ရှောင်ကျန့်လေးကိုသူပလွေလက်ဆောင်ပေးဖို့လုပ်တဲ့နေ့မှာ သူ့ကိုယ်ကိုနတ်ဆိုးဝမ်ရိသိမ်းပိုက်လိုက်တယ်..သူပြန်သတိရတဲ့အချိန်မှာ သူအကျည်းချုပ်ခံထားရတာကို သိလိုက်တယ်...

ဘာတွေဖြစ်သွားလည်းဆိုတာ သူလုံးဝလိုက်မမှီခဲ့။ သူ့ဆီညနတ်သားရန်ဟုန်ရောက်လာပြီး ဖြစ်ကြောင်းကုန်စင်ပြောမှသူနားလည်သွားတော့တယ်..နတ်ဆိုးဝမ်ရိဟာရှောင်ကျန့်ကို ဒုက္ခပေးဖို့ကြိုးစားတဲ့နတ်သမီးတွေကိုနတ်သက်ကြွေအောင် လုပ်လိုက်တယ်ဆိုတာပေါ့။ အဲ့ကိစ္စကြောင့်သူအကျည်းချုပ်ခံရတာဆိုတော့ သူစိတ်မပူမိ။

အဲ့ဒါတွေအပြင်တခြားဘာတွေဖြစ်သွားလည်း ဆိုတာသူမေးဖို့ကြံတဲ့အချိန်ရှောင်ကျန့်ရောက်လာခဲ့တယ်..ညနတ်သားရန်ဟုန်ဟာအလိုက်သိစွာနဲ့ထွက်သွားပေးခဲ့တယ်..ရှောင်ကျန့်ဟာပလွေတစ်လက်ကိုထုတ်လိုက်ပြီး ဝမ်ရိပေါ်ကိုနာမည်လေးတစ်ခုပြလိုက်တယ်..

" ဝမ်ရိ.."
အဲ့နာမည်ကိုဝမ်ရိပေါ်မြင်ရော ရှောင်ကျန့်ကိုမေးပါလေရော။ ဘာကြောင့်နာမည်အပြည့်အစုံမထိုးတာလည်းပေါ့။ ရှောင်ကျန့်ကနာမည်အပြည့်အစုံထိုးဖို့လုပ်ပေမဲ့ ဝမ်ရိပေါ်ကမထိုးခိုင်းတာလေ ဆိုပြီးပြန်ပြောခဲ့တယ်..အဲ့အခါမှာဝမ်ရိပေါ်သိသွားခဲ့တယ်..နတ်ဆိုးဝမ်ရိလုပ်လိုက်တာကိုပေါ့။

သူနောက်ကပေါ်ဆိုတာကို ရေးဖို့ရှောင်ကျန့်ကိုပြောမဲ့အချိန် ထက်ပြီးနတ်ဆိုးဝမ်ရိသူ့ကိုယ်ကိုအပိုင်စီးခဲ့တယ်..ဘာတွေထက်ဖြစ်သွားလည်းဆိုတာသူမသိတော့။ ဒါကြောင့်သူ့ကိုယ်ထဲကဝမ်ရိဆိုတဲ့ နတ်ဆိုးကိုထုတ်ဖို့လုပ်တော့တယ်...ညနတ်ဘုရားဝမ်ရိပေါ်ဟာ သူလွတ်လာတာနဲ့ ညနတ်သားရန်ဟုန်နဲ့တိုင်ပင်ပြီး နတ်ဆိုးဝမ်ရိထွက်သွားအောင်လုပ်တော့တယ်..

ရှောင်ကျန့်ကတော့ဒါတွေကို သူမသိပေ။ ညနတ်ဘုရားဝမ်ရိပေါ်ဟာ နာကျင်မူ့များစွာကိုကြိတ်မှိတ်သည်းခံပြီးတဲ့အချိန် သူလိုချင်တဲ့ ဆန္ဒပြည့်သွားခဲ့တယ်..သူ့ကိုယ်ထဲကနေနတ်ဆိုးဝမ်ရိကိုထုတ်နိုင်ခဲ့တယ်..နတ်ဆိုးဝမ်ရိဟာဝမ်ရိပေါ်ရဲ့တကယ့်မျက်နှာအတိုင်းဖြစ်သည်။ မတူတာဆိုလို့အမြဲတမ်းပြုံးနေတဲ့ နှုတ်ခမ်းနဲ့အနီရောင်မျက်ဝန်းသာဖြစ်တယ်..

" ဝမ်ရိပေါ် ငါ့ကိုမင်းကိုယ်ထဲကထုတ်နိုင်တာနဲ့ မင်းရှောင်ကျန့်ကိုပိုင်နိုင်ပြီမထင်နဲ့.."

"...."

" ဟားဟား..."
ရယ်မောပြီးထိုနေရာကနေထွက်သွားတော့တယ်..ဝမ်ရိပေါ်ဘာမှပြန်မပြောဘူးဆိုတာ ​ကြောက်လို့မဟုတ် စကားမပြောချင်တာကြောင့်ဖြစ်တယ်..သူ့ကိုယ်ထဲကဝမ်ရိကိုထုတ်ပြီးတာနဲ့ အရင်ဦးဆုံးရှောင်ကျန့်ဆီသူသွားပြီး သူ့ရဲ့လျို့ဝှက်ချက်တွေကိုပြောပြခဲ့တယ်..

အစပိုင်းရှောင်ကျန့်လုံးဝကို မယုံကြည်နိုင်အောင်ဖြစ်ခဲ့။ သူတကယ်ချစ်တာဝမ်ရိပေါ်လာဝမ်ရိကိုလာဆိုတာကို သူစဥ်းစားခဲ့ရတယ်..သူနောက်တော့အဖြေကိုသိလာခဲ့ရ။ သူတကယ်ချစ်တာညနတ်ဘုရားဝမ်ရိပေါ်ဆိုတာကိုပေါ့။

နောက်တော့ညနတ်ဘုရားဝမ်ရိပေါ်နဲ့ ရှောင်ကျန့်တို့ဟာချစ်သူတွေ ဖြစ်သွားခဲ့တယ်..နတ်ဘုံကနတ်တွေအကုန်လုံးဟာလည်း သိသွားခဲ့။ ဝမ်ရိပေါ်ကိုသဘောကျတဲ့နတ်တွေဟာ ရှောင်ကျန့်ကိုအမျိုးမျိုး ဒုက္ခပေးခဲ့ကြတယ်..ရှောင်ကျန့်ဟာသူတို့လုပ်သမျှကိုငြိမ်ခံနေသောသူမဟုတ်။

သူ့ကိုပြသနာလာရှာတဲ့သူတိုင်းကို ပညာပေးပြီးပြန်လွှတ်ခဲ့။ တစ်ချို့ဆိုရင်ရှောင်ကျန့်ကိုတောင် ကြောက်သွားကြတယ်..နှစ်တွေကြာလာတော့ ရှောင်ကျန့်ကိုဘယ်သူကမှမထိရဲတော့ ညနတ်ဘုရားဝမ်ရိပေါ်ကြောင့်မဟုတ်ပဲ ရှောင်ကျန့်ကိုကြောက်လို့သာဖြစ်တယ်..ရှောင်ကျန့်ဟာဝမ်ရိပေါ်ရှေ့မှာဆိုရင် ယုန်ငယ်လေးတစ်ကောင်လိုဖြစ်ပြီး။ ကျန်သူများရှေ့မှာဆိုရင်တော့ ကျားတစ်ကောင်ဖြစ်တယ်..

ဝမ်ရိပေါ်ကိုကြိုက်တဲ့သူတွေရှေ့ဆိုရင် ပိုဆိုးသည်။ ညနတ်သားရန်ဟုန်ကတော့ ရှောင်ကျန့်နဲ့ဝမ်ရိပေါ်တို့ရိုသမျှကို ထိုင်ကြည့်နေရတဲ့သူသာဖြစ်သည်။ ပျော်ရွင်မူ့တွေပြီးဆုံးသွားတော့ ဝမ်းနည်းမူ့များရောက်လာခဲ့သည်။ အမြဲတမ်းငြိမ်သက်နေခဲ့တဲ့ နတ်ဆိုးတိုင်းပြည်ဟာ နတ်ဘုံကိုလာပြီးတိုက်ခိုက်တော့၏။

နတ်ဆိုးဘုရင်ကဘယ်သူဆိုတာကို မည်သူမျှမသိကြပေ။ နတ်ဆိုးဘုရင်ရဲ့ညာလက်ရုံးနဲ့ဘယ်လက်ရုံးတို့သာအစေခံ နတ်ဆိုးများနဲ့လာတိုက်ခိုက်ကြတယ်..ရှောင်ကျန့်နဲ့ဝမ်ရိပေါ်တို့ဟာလည်း ပြန်လည်ပြီးတိုက်ခိုက်ခဲ့။ ထိုတိုက်ပွဲဟာအရင်နှစ်ပေါင်းများစွာက တိုက်ခိုက်ပွဲတွေထက်အစမတန် ပိုပြီးကြီးမားသည်။

ရှောင်ကျန့်သူနတ်ဆိုးတွေကို တိုက်ခိုက်နေစဥ် နတ်ဆိုးတစ်ချို့ရဲ့ထောင်ခြောက်ထဲ ဝင်သွားခဲ့တယ်.. သူ့ကိုထောင်ခြောက်ဆင်တဲ့နတ်ဆိုးတွေကိုသူမညှာမတာသတ်ခဲ့တယ်..သူမောပန်းလို့နားနေတဲ့အချိန် သူမထင်မှတ်ထားတဲ့သူတစ်ယောက်ကို တွေ့ခဲ့တယ်..ထိုသူကတော့သူချစ်ရတဲ့သူငယ်ချင်းရှောင်ပိုင်ကိုပဲ။ ဒါပေမဲ့သူငယ်ချင်းဆိုတဲ့ရင်းနှီးတဲ့ အငွေ့အသက်ကိုရပေမဲ့အမူအရာတွေဟာ လုံးဝကိုကွဲထွက်ခဲ့တယ်..

သူ့ရှောင်ပိုင်လေးငယ်ငယ်တုန်းက မိန်းကလေးများ ရှူံးရလောက်တဲ့အထိကိုနုဖက်လှတယ်..ဒါ့အပြင်ပင်လယ်ရေလိုအပြာရောင်မျက်ဝန်းလေးနဲ့ အဖြူရောင်ဆံနွယ်လေးကိုပိုင်ဆိုင်ထားတယ်..သူ့ကိုလည်းအမြဲတမ်းနွေးထွေးလှတဲ့အကြည့်တွေနဲ့ကြည့်တယ်...ဒါပေမဲ့ယခုသူမြင်တဲ့ရှောင်ပိုင်ဟာ သူ့ကိုရဲတောက်နေတဲ့ အနီရောင်မျက်ဝန်းတစ်စုံနဲ့စိုက်ကြည့်နေတယ်..

ထိုအကြည့်ထဲမှာနွေးထွေးမူ့တွေမပါခဲ့။ သားကောင်ကိုအမဲဖြတ်တော့မဲ့ အကြည့်တွေနဲ့သာကြည့်နေခဲ့တယ်..ဒါ့အပြင်ငယ်ငယ်ကလိုအဖြူရောင်ဆံနွယ်လေးမဟုတ်တော့ပဲ နက်မှောင်လှတဲ့ဆံနွယ်ဖြစ်နေခဲ့တယ်..ရှောင်ကျန့်ဟာသူ့သူငယ်ချင်းကို တွေ့ရောအပျော်လွန်ပြီးပြေးဖက်ဖို့ လုပ်ပေမဲ့သူ့သူငယ်ချင်းရှောင်ပိုင်ဟာ ရှောင်ကျန့်ကိုတိုက်ခိုက်တော့တယ်..

ရှောင်ကျန့်အစပိုင်းကြောင်နေပေမဲ့ နောက်တော့သူ့ကိုလာတိုက်ခိုက်တာတွေကို ပြန်ခုခံခဲ့တယ်..သူ့သူငယ်ချင်းထိခိုက်ဒဏ်ရာတွေ ရသွားမှာစိုးရိမ်တာကြောင့် အစွမ်းတွေကိုလျော့ချခဲ့တယ်..သူတိုက်ခို​က်နေပေမဲ့ ရှောင်ပိုင်ကိုစကားတွေပြောနေခဲ့တယ်..တစ်ဖက်ကရှောင်ပိုင်ကတော့ ရှောင်ကျန့်ကိုဘာမှပြန်မပြောခဲ့ ရှောင်ကျန့်ကိုသဲကြီးမဲကြီးသာတိုက်ခိုက်တော့တယ်..

ရှောင်ကျန့်သတိတစ်ချက်လွတ်သွားတဲ့အချိန် တစ်ဖက်ကလူဟာသူ့ရဲ့စွမ်းအားနဲ့ ရှောင်ကျန့်ကိုဒဏ်ရာအကြီးအကျယ်ရအောင်တိုက်ခိုက်လိုက်တော့တယ်..ရှောင်ကျန့်ထိုဒဏ်ရာကြောင့် သူ့အစွမ်းတွေထုတ်မသုံးနိုင်အောင်ဖြစ်ခဲ့တယ်..သူ့ကိုသတိမရဖြစ်နေတဲ့ရှောင်ပိုင်ကို...

" ရှောင်ပိုင်...ရှောင်ပိုင်..."

"...."

" ရှောင်ပိုင်..ငါ့ကိုမမှတ်မိဘူးလား..ငါလေ..ငါရှောင်ကျန့်လေကွာ..မင်းရဲ့သူငယ်ချင်းရှောင်ကျန့်လေ.."

"...."
ရှောင်ကျန့်အဲ့လိုမျိုးအော်ပြောနေတဲ့အချိန် ရှောင်ပိုင်ဟာကြောင်အအဖြစ်သွားခဲ့တယ်..သူဘာတွေးနေတယ်ဆိုတာကိုတော့ ရှောင်ကျန့်လည်းမသိ။

ရှောင်ပိုင်ကြောင်အအဖြစ်နေတာကို ရှောင်ကျန့်မြင်ရောသူအခွင့်အရေးရလို့ ပျော်သွားခဲ့တယ်..ဒါ့ကြောင့်သူငယ်ငယ်ကသူနဲ့ရှောင်ပိုင်တို့ ပြောခဲ့တာတွေကိုပြန်ပြောတော့တယ်..

" ရှောင်ပိုင်..မင်းပဲငါ့ကိုကာကွယ်ပေးမယ်ဆို.."

" ...."

" ငါတို့နှစ်​ယောက်ကငယ်ငယ်လေးထဲက အတူတူဆော့လာကြတာလေ မင်းမမှတ်မိတော့ဘူးလား..."

" ..."

" ရှောင်ပိုင်.."

" အား...."
ရှောင်ပိုင်ဟာ သူ့ရဲ့ခေါင်းကိုလက်နှစ်ဖက်နဲ့ဖိပြီး နာကျင်စွာအော်ရင်း ပြေးထွက်သွားတော့တယ်...ကျန်ခဲ့တဲ့ရှောင်ကျန့်ဟာရှောင်ပိုင်ရဲ့နာမည်ကို အော်ရင်းကျန်ခဲ့တယ်..ရှောင်ကျန့်သူ့မှာရှိသမျှအားတွေကိုစုပြီး ရှောင်ပိုင်ပြေးသွားတဲ့နောက်ကို လိုက်သွားတော့တယ်..ရှောင်ကျန့်ပြေးနေရင်းထူးဆန်းတဲ့အမွှေးနံသာကို ရူမိလိုက်တာကြောင့်သူမေ့မျှော်သွားခဲ့တယ်..

ရှောင်ကျန့်ရဲ့ကိုယ်လေးမြေပြင်ပေါ်ကို မကျခင်လူတစ်ယောက်က ရှောင်ကျန့်ရဲ့ကိုယ်ကိုပွေ့ချီလိုက်တယ်..ထိုသူဟာအမဲရောင်ဝတ်စုံရှည်ကိုဝတ်ဆင်ထားသည်။ အနီရောင်မျက်ဝန်းတစ်စုံကိုလည်းပိုင်ဆိုင်ထားတယ်..စွဲမက်စွာကောင်းလှတဲ့အပြုံးကိုလည်း ပန်ဆင်ထားသည်။

ရှောင်ကျန့်သူနိုးလာရော မရင်းနှီးတဲ့နေရာကိုရောက်နေတာ ချက်ချင်းသိလိုက်တယ်..သူထွက်ပြေးဖို့ကြိုးစားပေမဲ့လည်း မအောင်မြင်ခဲ့။ သူ့ကိုဘယ်သူဖမ်းထားတာလည်းဆိုတာသိရော ရှောင်ကျန့်အသေဒေါသတွေထွက်ခဲ့တယ်...ဒီတိုက်ပွဲကိုစတင်ဆင်နွဲတဲ့ နတ်ဆိုးဘုရင်ဟာဝမ်ရိဆိုတာကိုလည်း သူသိလိုက်ရတယ်..

ဝမ်ရိအမြဲတမ်းရှောင်ကျန့်ဆီကိုလာလာပြီး သူ့ကိုရွေးချယ်ပေးဖို့ပြောခဲ့။ ဒါပေမဲ့ရှောင်ကျန့်ကတော့ ဝမ်ရိကိုဘယ်သောအခါမှရွေးချယ်မည်မဟုတ်။ သူချစ်တဲ့သူဟာဝမ်ရိပေါ်ဖြစ်တာကြောင့် ဝမ်ရိပေါ်ကိုသာရွေးချယ်မှာဖြစ်သည်။ ဝမ်ရိဟာရှောင်ကျန့်ရဲ့အဖြေကြောင့်ဒေါသထွက်ပေမဲ့လည်း ရှောင်ကျန့်ကိုထိခိုက်ဒဏ်ရာရအောင်တော့ မလုပ်ပေ။

နတ်ဆိုးဝမ်ရိရဲ့ညာဘက်လက်ရုံးတော်ဟာ လျှန့် ဆိုတဲ့နတ်ဆိုးဖြစ်သည်။ သူ့ကိုဝမ်ရိဟာဝမ်ရိပေါ်ကိုယ်ထဲမှာ ရှိနေထဲကခိုးပြီးကယ်ထားသောသူဖြစ်တယ်..လျှန့်ကိုငယ်ငယ်လေးထဲက ဝမ်ရိပျိုးထောင်ခဲ့တာဖြစ်တယ်..ဝမ်ရိရဲ့အကြောင်းစုံကို လျှန့် သိသည်။

ဝမ်ရိရဲ့ဘယ်ဘက်လုံးရုံးတော်ကတော့ ရှောင်ကျန့်ရဲ့သူငယ်ချင်း ရှောင်ပိုင်သာဖြစ်သည်။ ရှောင်ပိုင်ကိုတော့ဝမ်ရိဟာ ဖမ်းဆီးထားခဲ့တာဖြစ်တယ်..ရှောင်ပိုင်သူ့ရဲ့အကြောင်းတွေကိုမေ့အောင်ဝမ်ရိလုပ်ထားတာဖြစ်တယ်..ဒါ့ကြောင့်ရှောင်ကျန့်ကိုမမှတ်မိနိုင်တာဖြစ်တယ်..

ဝမ်ရိရှောင်ပိုင်ကိုခေါ်ထားတယ်ဆိုတာ ရှောင်ပိုင်ရဲ့ဒဏ်ရာတွေကိုအမြန်ကုစားနိုင်တဲ့ အထူးစွမ်းရေကြောင့် ဖြစ်တယ်..ရှောင်ကျန့်ဝမ်ရိဆီမှာ ဖမ်းခံထားရတဲ့အချိန် ရှောင်ပိုင်သူ့ကိုမှတ်နိုင်အောင် ငယ်ငယ်ကအကြောင်းတွေကိုထက်ခါထက်ခါပြောခဲ့တယ်..ရှောင်ပိုင်ရဲ့မျက်နှာကတည်တန့်ပေမဲ့ စိတ်တွေရှုပ်ထွေးနေတာကိုတော့ သူသိတယ်...သူမရပ်မနားပဲပြောနေခဲ့တယ်..

ထူးဆန်းတာတစ်ခုကတော့ ဝမ်ရိရဲ့ညာလက်ရုံးလျှန့်ဟာ သူ့ကိုကြည့်တဲ့အကြည့်တွေထဲမှာ သတ်ဖြတ်ချင်တဲ့အကြည့်တွေပါနေတာပဲ။ ဝမ်ရိရှေ့မှာဆိုရင် မျက်စိကြိမ်းလောက်အောင်ပြုံးပြနေတာကြောင့် သူ့မျက်လုံးတောင်ကမ်းနိုင်တယ်..ရှောင်ကျန့်ကတော့ ထိုနေရာမှာနေတဲ့တစ်ချိန်လုံး ရှောင်ပိုင်မှတ်မိအောင်သာလုပ်နေတော့တယ်..

သူချစ်ရတဲ့ဝမ်ရိပေါ်ကိုလည်း သူလွမ်းနေခဲ့တယ်..ရှောင်ကျန့်ရဲ့လုပ်ရပ်ဟာလုံးဝကိုအကျိုးရှိခဲ့တယ်..ရှောင်ပိုင်ဟာသူ့အကြောင်းကို လုံးဝမှတ်မိသွားခဲ့တယ်..ဒါ့ကြောင့်ရှောင်ကျန့်လွတ်အောင်ဆိုပြီး လွှတ်ပေးခဲ့တယ်..ရှောင်ကျန့်ကလွတ်တော့မဲ့အချိန် ရှောင်ပိုင်စိတ်ရိုင်းတွေဝင်လာပြီးရှောင်ကျန့်ကိုတိုက်ခိုက်တော့တယ်..

ကံကောင်းချင်တော့ ရှောင်ကျန့်ဟာဒဏ်ရာတွေ အားလုံးပျောက်သွားတာကြောင့် ရှောင်ပိုင်ကိုနိုင်အောင်ချနိုင်ခဲ့တယ်..ရှောင်ပိုင်ကိုမေ့အောင်လုပ်ပြီး နတ်ဆိုးတိုင်းပြည်ကနေထွက်ဖို့လုပ်နေတဲ့အချိန် သူ့ရဲ့ကိုယ်ကိုတစ်စုံတစ်ဦးကထိန်းချုပ်လိုက်သလိုခံစားလိုက်ရတယ်..နောက်တော့တစ်ဖြေးဖြေးထိုနေရာကနေပျောက်သွားခဲ့တယ်..

ရှောင်ကျန့်ဟာဝမ်ရိပေါ်ရှေ့ကိုရောက်သွားတာဖြစ်တယ်..ဝမ်ရိပေါ်ဗျစ်စောင်းတီးပြီး ရှောင်ကျန့်ကိုဆင့်ခေါ်လိုက်တာဖြစ်တယ်..သူအခုမှအောင်မြင်သွားခဲ့တာဖြစ်တယ်..ဝမ်ရိပေါ်လက်မှာဆိုရင် လက်ထိတ်မှာသွေးများစွာထွက်နေခဲ့။

သူနတ်ဆိုးတိုင်းပြည်ကိုဝင်ဖို့လည်းအကြိမ်ကြိမ်ကြိုးစားခဲ့တယ် ဒါပေမဲ့မအောင်မြင်ခဲ့တာကြောင့် သူတစ်ယောက်ထဲသာသိတဲ့ဆင့်ခေါ်နည်းနဲ့ရှောင်ကျန့်ကို ဆင့်ခေါ်ခဲ့တာဖြစ်တယ်...ဝမ်ရိပေါ်လက်ကိုဂရုစိုက်ရင်းရှောင်ပိုင်ရှိနေတဲ့ နေရာကိုသွားရှာပေးဖို့​တောင်းဆိုခဲ့။

ညနတ်သားရန်ဟုန်ကိုယ်တိုင်ရှောင်ကျန့်ပြောသော နေရာကိုသွားပြီးရှောင်ပိုင်ကိုသွားရှာပေမဲ့ မတွေ့ခဲ့။ ရှောင်ကျန့်ဟာနတ်ဆိုးတိုင်းပြည်မှာ ဖြစ်ခဲ့တဲ့ကိစ္စတွေကိုရောသူ့သူငယ်ချင်းရှောင်ပိုင်အကြောင်းကိုရောပေါ့။ နတ်ဘုံပေါ်ကနတ်တွေအားလုံးက အတူတူစည်းရုံးပြီး နတ်ဆိုးတွေကိုတိုက်ခိုက်ဖို့ လုပ်ကြတော့တယ်..

နောက်ဆုံးတော့ ကြီးမားလှတဲ့နတ်တွေကြားက စစ်ပွဲရောက်ရှိလာတော့တယ်..နှစ်ဖက်လုံးရှိသမျှစွမ်းအားတွေဖြင့် တိုက်ခိုက်တော့တယ်..ဝမ်ရိပေါ်ဟာနတ်ဆိုးဘုရင်ဝမ်ရိနဲ့ ထိတ်တိုက်ရင်ဆိုင်နေတော့တယ်..သူတို့နှစ်ယောက်ဟာလက်ရေအတူတူသာဖြစ်နေသည်။

ရှောင်ကျန့်ကတော့သူ့သူငယ်ချင်းအရေးကြီးဖြစ်တဲ့ ရှောင်ပိုင်နဲ့တိုက်ခိုက်နေရတယ်..ရှောင်ပိုင်ဟာစိတ်ရိုင်းများစွာဝင်နေခဲ့။ ရှောင်ကျန့်ဟာအရင်တိုင်းသူ့ကို မှတ်မိလာအောင်တိုက်ခိုက်ရင်း အော်ပြောနေတောတယ်..

ဒီတစ်ခါတော့ရှောင်ပိုင်ဟာ လွယ်လွယ်နဲ့သူ့ကိုမမှတ်မိနိုင်ဖြစ်နေသည်။ သူရှောင်ပိုင်နဲ့တိုက်ခိုက်နေတုန်း သူ့ကိုလျှန့်ဟာခြုံခိုတိုက်ခိုက်တော့တယ်..သူသတိလွတ်သွားတာကြောင့် ထိခိုက်ဒဏ်ရာရသွားခဲ့တယ်..သူဒဏ်ရာရတာကိုလျန့်ဟာ ပျော်ရွင်စွာနဲ့ကြည့်နေခဲ့တယ်..

ရှောင်ကျန့်သူဒဏ်ရာရတာကိုပဲ ကျေးဇူးတင်ရမလားတောင်မသိ။ ဘာကြောင့်လည်းဆိုတော့ သူဒဏ်ရာလည်းရသွားရော ရှောင်ပိုင်ဟာသူ့ကိုပြန်မှတ်မိလာပြီး လျှန့်ကိုတိုက်ခိုက်တော့တယ်..ရှောင်ကျန့်လည်းအတွေးတစ်ခုရသွားတာကြောင့် ဒဏ်ရာရသွားတဲ့​နေရာကို အသေဖိလိုက်ပြီး နာကျင်စွာနဲ့အော်လိုက်တော့တယ်..

အဲ့အခါမှာပဲ သူထင်ထားတဲ့အတိုင်းရှောင်ပိုင်ဒေါသတွေထွက်လာပြီး လျှန့်ကိုအသေအကြေချနေတော့တယ်..ရှောင်ပိုင်တင်မက ဝမ်ရိပေါ်ရောပဲ ရှောင်ကျန့်နာနေတာကိုမြင်ရော ဒေါသတွေအလှိပ်ထွက်သွားပြီး ဝမ်ရိကိုအသေအကြေတိုက်ခိုက်တော့တယ်..ဝမ်ရိဟာရှောင်ကျန့်ဒဏ်ရာကြောင့် သတိလက်လွတ်ဖြစ်သွားခဲ့တယ်..

ဒါ့ကြောင့်ဝမ်ရိပေါ်ရဲ့တိုက်ခိုက်သမျှကို မခုခံနိုင်တော့ပဲ ခံလိုက်ရတော့တယ်...လျှန့်ဟာဝမ်ရိဒဏ်ရာရနေတာကို မြင်ရောရှောင်ပိုင်နဲ့တိုက်ခိုက်နေတာကို ရပ့်လိုက်ပြီးဝမ်ရိဆီပြေးသွားကာ ကူညီရင်းတိုက်ခိုက်နေတော့တယ်..ရှောင်ကျန့်နဲ့ရှောင်ပိုင်ကတော့ သူ့တို့နားကိုဝိုင်းလာတဲ့ နတ်ဆိုးတွေကိုတိုက်ခိုက်နေတော့တယ်..

သူတို့ဘယ်လောက်ပဲတိုက်ခိုက်နေပါစေ နတ်ဆိုးတွေဟာများသထက်များလာခဲ့တယ်..တစ်ဖြေးဖြေးနဲ့သူတို့လည်းအားအင်တွေ ဆုတ်လျော့လာခဲ့။ သူတို့နားကနတ်ဆိုးတွေကိုတိုက်ခိုက်ပြီး ရှောင်ကျန့်နားရင်းရှောင်ပိုင်ကိုစကားပြောဖို့ ရှောင်ပိုင်ကိုကြည့်လိုက်တဲ့အခါ သူ့ကိုအဝေးကနေပြုံးပြနေတဲ့ ရှောင်ပိုင်လေးကိုမြင်လိုက်ရတယ်..

သူ့ရင်တွေလှုပ်ခတ်သွားခဲ့တယ်..ထားသွားတော့မယ်ဆိုတဲ့အတွေးလည်းဝင်လာခဲ့တယ်..သူရှောင်ပိုင်ဆီကိုပြေးသွားမလိုလုပ်ပေမဲ့ သူလုံးဝကိုလှုပ်မရခဲ့။ ရှောင်ကျန့်လှုပ်လို့မရအောင် ရှောင်ပိုင်လုပ်လိုက်တာဖြစ်တယ်..ဘာကြောင့်လည်းဆိုတော့ သူ့ကိုယ်သူဖောက်ခွဲတော့မှာဖြစ်တယ်..

သူတို့နှစ်ယောက်ဒီတိုင်းသာဆက်တိုက်နေရင် ကြိမ်သေပေါက်သူတို့နှစ်ယောက်သေဆုံးမှာ သူသိတယ်..ဒါ့ကြောင့်သူ့ကိုယ်သူစွန့်လွှတ်လိုက်ပြီး ရှောင်ကျန့်ခဏလေးဖြစ်ဖြစ် နားလို့ရအောင်လုပ်ပေးမယ်လို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်.." တောင်းပန်ပါတယ်ရှောင်ကျန့်.." ထိုစကားကိုသူပြောလိုက်တယ်..

ရှောင်ကျန့်မကြားနိုင်တာသူသိပေမဲ့ပေါ့။ နောက်တော့သူပြုံးပြလိုက်ပေမဲ့လည်း မျက်ရည်များကျဆင်းလာခဲ့တယ်..နောက်တော့သူ့အနောက်ကိုနတ်ဆိုးများရောက်လာတဲ့ အသံကိုလည်းကြားရောသူ့ကိုယ်သူဖောက်ခွဲလိုက်တော့တယ်..သူနဲ့အတူရောက်လာခဲ့တဲ့နတ်ဆိုးတွေဟာ အစအနကိုမရှိပျောက်သွားတော့သည်။

ရှောင်ပိုင်ပျောက်ကွယ်သွားရော ရှောင်ကျန့်လှုပ်ရှားလို့ရလာခဲ့တယ်..ရှောင်ကျန့်ရှောင်ပိုင်နေနေခဲ့တဲ့ နေရာကိုပြေးသွားပြီးရှောင်ပိုင်ကိုလိုက်ရှာတော့တယ်..သူရှာတယ်ရှောင်ပိုင်ရဲ့အလောင်းတင်မက ရှောင်ပိုင်နဲ့သက်ဆိုင်တဲ့အရာတွေ တစ်ခုကိုမှသူမတွေ့။ ရှောင်ကျန့်အော်ဟစ်ပြီး ငိုနေတော့တယ်..

အဲ့အချိန်မှာပဲ သူ့မျက်လုံးဒေါင့်ကနေနတ်ဆိုးတစ်အုပ်စုကို မြင်ရောရှောင်ကျန့်ငိုနေတာရပ်လိုက်ပြီး သူ့မှာရှိသမျှအစွမ်းတွေနဲ့ထိုနတ်ဆိုးများကို သတ်ပြစ်တော့တယ်..ရှောင်ကျန့်မရပ်မနားသူမြင်နေသမျှနတ်ဆိုးတွေကို သတ်ပြစ်နေ၏။ ရှောင်ကျန့်ဟာရန်(ကျွန်)ဆိုပေမဲ့လည်း ထူးဆန်းစွာနဲ့သူ့မှာတခြားသူတွေမသိနိုင်တဲ့ စွမ်းရည်များရှိနေသည်။

ရှောင်ကျန့်ပလွေကိုထုတ်လိုက်ပြီး မှုတ်နေတော့တယ်.. သံဇဥ်ကိုနားလည်တဲ့သူတစ်ချို့ဟာ ရှောင်ကျန့်မှုတ်နေတဲ့သံဇဥ်ရဲ့ အဓိပ္ပာယ်ကိုလည်းကြားရော ကြောက်စိတ်တွေမွှန်ထူသွားတော့တယ်..နားမလည်တဲ့သူတွေလည်းကြောက်နေကြတယ်..နတ်ဆိုးတွေဆိုရင်ထိုသံဇဥ်လည်းကြားရော သူတို့ကိုယ်ထဲအကောင်တစ်ကောင်ကောင်က လျောက်သွားနေသလိုခံစားသွားရတယ်..

နောက်တော့ ကိုယ်ထဲ၌သွေးများစွာခမ်းခြောက်လာပြီး တစ်ဖြေးဖြေးနဲ့သေဆုံးသွားကြတော့တယ်..ရှောင်ကျန့်မှုတ်သောသံဇဥ်ကို မကြားနိုင်အောင်ဆိုပြီး နားပိတ်ပေမဲ့လည်းမရ။ ဒါ့ကြောင့်နတ်ဆိုးများရပ်ပေးဖို့ တောင်းဆိုကြတယ်..ရှောင်ကျန့်မကြားသလိုပြုမူနေပြီ မှုတ်နေတော့တယ်..

နတ်ဆိုးများတင်မက နတ်ဘုရားနတ်သား၊နတ်သမီးတွေတောင် ရှောင်ကျန့်ကိုကြောက်သွားကြတယ်...တစ်ဖက်မှာတော့ ဝမ်ရိနဲ့လျှန့်ဟာပူးပေါင်းပြီး ဝမ်ရိပေါ်ကိုတိုက်ခိုက်ကြတယ်..သူတို့ဘယ်လောက်ပဲအတူတူတိုက်ခိုက်ကြပါစေ ဝမ်ရိပေါ်ကတော့တုန့်တုန့်မျှမလှုပ်။

ဒါ့ကြောင့်ဝမ်ရိပေါ်ကိုတိုက်ခိုက်နေရာကနေ ဘက်ပြောင်းလိုက်ပြီးရှောင်ကျန့်ကို သွားတိုက်ခိုက်တော့တယ်..ဝမ်ရိပေါ်ဟာရှောင်ကျန့်ဘက်ကိုစိတ်ရောက်သွားတာကြောင့် ဝမ်ရိတိုက်ခိုက်မူ့ကိုခံလိုက်ရတယ်..ဝမ်ရိပေါ်အစွမ်းတွေသုံးမရဖြစ်သွားခဲ့တယ်..ဒါကိုဝမ်ရိဟာအခွင့်ကောင်းယူပြီး ဝမ်ရိပေါ်ကိုနတ်သက်ကြွေအောင်လုပ်ဖို့ သူ့ရဲ့အစွမ်း100% အကုန်လုံးကိုစုပေါင်းပြီး ပစ်လိုက်တော့တယ်...

ဝမ်ရိပေါ်ထိုအစွမ်းကိုမရှောင်နိုင်ဖြစ်နေတဲ့အချိန် ရှောင်ကျန့်ဝမ်ရိပေါ်ရှေ့ရောက်လာပြီး ထိုအစွမ်းကိုခံယူလိုက်တော့တယ်..ရှောင်ကျန့်ထိသွားရော တိုက်ခိုက်နေတာတွေအကုန်ရပ်သွားတော့တယ်..အကုန်လုံးဟာရှောင်ကျန့်ကိုသာမယုံနိုင်စွာကြည့်နေတော့တယ်..ဝမ်ရိပေါ်ကတော့ရှောင်ကျန့်နာမည်ကို ခေါ်ရင်းသတိမမေ့ဖို့ပြောနေတော့တယ်..

ရှောင်ကျန့်ဟာသူမနေနိုင်တော့တာသိတာကြောင့် ဝမ်ရိပေါ်ကိုပြုံးပြပြီးချစ်တယ်လို့သာ​ပြောခဲ့တော့တယ်..နောက်တော့ရှောင်ကျန့်ရဲ့ကိုယ်ဟာအဖြူရောင် အငွေ့တန်းလိုပြောင်းသွားပြီးပျောက်ကွယ်သွားတော့တယ်..ဝမ်ရိပေါ်ရှောင်ကျန့်ပျောက်ကွယ်သွားရော အရူးတစ်ပိုင်းဖြစ်ပြီးသူ့ကိုယ်ထဲမှာရှိသမျှ အစွမ်းတွေကိုအကုန်လုံးသုံးပြီး နတ်ဆိုးတွေကိုသတ်ပြစ်တော့တယ်..

နတ်ဆိုးဘုရင်ဝမ်ရိကိုတော့ သူမသတ်နိုင်ပေမဲ့ သူ့အစွမ်းများဖြင့် နတ်ဘုံရဲ့နေရာတစ်နေရာမှာ ချိတ်ပိတ်ဖမ်းဆီးထားခဲ့တယ်..ထိုနေရာကိုဘယ်သူမှလာလို့မရအောင် ဝမ်ရိပေါ်အစွမ်းများစွာထားခဲ့တယ်..ဝမ်ရိဟာဝမ်ရိပေါ်လုပ်သမျှကို ငြိမ်ခံနေတော့တယ်..သူ့ကြောင့်သူချစ်ရတဲ့ရှောင်ကျန့်လေး ပျောက်ဆုံးသွားတာကြောင့် သူ့ကိုယ်သူအပြစ်တင်ရင်းနဲ့သာ နေနေတော့သည်။

လျှန့်ဆိုတဲ့နတ်ဆိုးကတော့ ပျောက်ချင်းမလှပျောက်သွားခဲ့တယ်..ခုနကကြီးမားလှတဲ့စစ်ပွဲဟာငြိမ်သက်သွားတော့သည်။ နတ်များသာအနိုင်ရသွားခဲ့တယ်..ညနတ်ဘုရားဝမ်ရိပေါ်ဟာ အကုန်လုံးကိုလုပ်ပြီးတာနဲ့သူလည်း အပြာရောင်အငွေ့တန်းဖြင့်သို့ ပြောင်းသွားပြီးပျောက်ကွယ်သွားတော့သည်။

ညနတ်ဘုရားဝမ်ရိပေါ်နဲ့ ရန်(ကျွန်) ရှောင်ကျန့်တို့ဟာ သူတို့အသက်ကိုသူတို့စွန့်ပြီး နတ်ဘုံကိုကယ်တင်သွားတယ်လို့ လောကသုံးပါး၌ပျံလွင့်ခဲ့တယ်..ထိုအချိန်ကစပြီးနတ်ဆိုးများဟာ နတ်ဘုံကိုရန်မစရဲကျတော့ပေ။ သူများတွေထင်တာတော့ ရှောင်ကျန့်နဲ့ဝမ်ရိပေါ်တို့ဟာဒီကမ်ဘာပေါ်ကနေ ပျောက်ကွယ်သွားကြပြီလို့ ထင်နေကြတယ်...

တကယ့်တကယ်ကတော့သူတို့မပျောက်ကွယ်သွားပေ။ သူတို့ရဲ့အသက်ဝိညာဥ်သေးသေးလေးတွေကို ကောင်းကင်နတ်ဘုရားနဲ့ကောင်းကင်နတ်သားတို့ဟာ သိမ်းဆည်းထားသည်။ သူတို့နှစ်ယောက်ရဲ့ကိုယ်အပြည့်အစုံရအောင်ဆိုပြီး ကောင်းကင်နတ်ဘုရားနဲ့ကောင်းကင်နတ်သားတို့ဟာအမျိုးမျိုး ကြိုးစားခဲ့ရတယ်...

ဒီအ​ကြောင်းကိုညနတ်သားရန်ဟုန်နဲ့ သူတို့နှစ်ယောက်သာသိသည်။ တကယ်တော့ရှောင်ပိုင်ဟာလည်း မပျောက်ကွယ်သွားပေ။ သူ့ရဲ့ဝိညာဥ်အပိုင်းအစတစ်ခုကို ကောင်းကင်နတ်သားအမှတ်မထင် ရရှိခဲ့တယ်.. ထိုဝိညာဥ်အပိုင်းအစကို system တစ်ခုထဲထည့်ခဲ့တယ်..ဒါ့ကြောင့်system 005 ဖြစ်လာခဲ့တယ်..

ရှောင်ကျန့်နဲ့ဝမ်ရိပေါ်ဝိညာဥ်တွေ ပြည့်စုံအောင်လုပ်ဖို့နှစ်တွေအများကြီးကုန်ဆုံးခဲ့တယ်..အောင်မြင်သွားတဲ့အချိန် သူတို့နှစ်ယောက်ကိုလူ့လောကထဲ ပို့ဆောင်ခဲ့တယ်..ရှောင်ကျန့်ကိုတော့မိဘမဲ့ဂေဟာပို့ခဲ့တယ်..ဝမ်ရိပေါ်ကိုတော့သူဌေးသားအိမ်တော်ကိုပို့ခဲ့တယ်..နှစ်ယောက်လုံးကိုခမ်းနားထည်ဝါတဲ့နေရာကို ပို့လို့ရပေမဲ့အခက်ခဲတွေကြားက အဆင်ပြေသွားအောင်ဆိုပြီးထိုသို့ပို့ခဲ့တာဖြစ်တယ်..

ဘယ်သူထင်မှာလည်းရှောင်ကျန့် မတော်တဆဖြစ်ပြီး system နယ်မြေထဲကိုရောက်လာမယ်ဆိုတာကိုပေါ့။ ကံကြမ္မာကသူတို့ချစ်သူနှစ်ယောက်မြန်မြန်အဆင်ပြေအောင်လုပ်ပေးလိုက်တာကြောင့် ဒီလိုမျိုးအရာအားလုံးမြန်မြန်သိသွားဖို့ အကြောင်းဖန်လာတော့သည်။

......................................................................

စာရေးဆရာ - ဒါဒါလေးတို့ရှည်တယ်နော်..

ရှောင်ပိုင်- ဟေးဟေးဘာရှည်တာလည်းကွ..

စာရေးဆရာ ငါပြောတာက ငါစာရှည်ရှည်လေးရေးပေးထားတယ်လို့ ပြောတာနင့်ဘာသာအတွေးလွန်နေပြီးတော့ („ಡωಡ„)

ရှောင်ပိုင် - သူ့ဘာသာစကားရှင်းအောင် မပြောပဲနဲ့ ( ̄Д ̄)┍

(Zg)

" ဝမ္ရိေပၚ မင္းတကယ္ပဲအဲ့လိုလုပ္ေတာ့မွာလား.."

" အင္း..."

"အခန့္မသင့္ရင္မင္းေပ်ာက္ကြယ္သြားနိုင္တယ္ေနာ္.."

" အင္း.."

" ဟူး..ေကာင္းၿပီေလငါမတားေတာ့ဘူး စၾကတာေပါ့..."

ေျပာေနၾကေသာ္သူႏွစ္ဦးဟာ နတ္ဘုံ၌အင္အားႀကီးေသာ္ နတ္ေတြထဲကနတ္ႏွစ္ပါးျဖစ္သည္။ စကားမ်ားေနေသာ္နတ္ဟာ ညနတ္သားရန္ဟုန္ျဖစ္ၿပီး " အင္း " တစ္လုံးထဲကသာေျပာေနေသာ္ နတ္ကေတာ့နတ္ဘုရားဝမ္ရိေပၚသာျဖစ္သည္။

နတ္ဘုရားဝမ္ရိေပၚကို နတ္သားနတ္ဘုရားေတြသာမက နတ္ဆိုးမ်ား၊ မိစ္ဆာမ်ား ၊ သရဲမ်ားစြာကလည္းေၾကာက္ၾက၏။ ဘာေၾကာင့္လည္းဆိုေတာ့သူ႕ရဲ႕ေအးစက္လွတဲ့ မ်က္ႏွာေၾကာင့္ျဖစ္သည္။ ဒါ့အျပင္အနီေရာင္မ်က္ဝန္းေျပာင္းသြားၿပီး ၿပဳံးျပရင္ပိုၿပီးေတာ့ေၾကာက္ၾကတယ္..

တျခားနတ္ေတြက ထိုညနတ္ဘုရားဟာ႐ုပ္ေျပာင္း႐ုပ္လႊဲကို အၿမဲတမ္းလုပ္တဲ့အျပင္ မ်က္လုံးအေရာင္ကိုလည္းအၿမဲတမ္းေျပာင္းတယ္လို႔သာထင္ၾကသည္။ တကယ္ေတာ့ထိုညနတ္ဘုရားဝမ္ရိေပၚမွာတျခားသူေတြ မသိတဲ့လ်ိဳ႕ဝွက္ခ်က္မ်ားရွိသည္။ ထိုလ်ိဳ႕ဝွက္ခ်က္ဟာ ထိုညနတ္ဘုရားဝမ္ရိေပၚကိုယ္ထဲ၌ နတ္ဆိုးတစ္ေကာင္ရွိေလသည္။

ညနတ္ဘုရားအျဖင့္ျဖစ္တည္လာထဲက ထိုနတ္ဆိုးပါကပ္တြယ္လာတာျဖစ္တယ္..အရင္ထဲကသူ႕ကိုယ္ထဲ၌ရွိေသာ္ နတ္ဆိုးကိုဖယ္ရွားဖို႔လုပ္ေပးမဲ့ သူမေအာင္ျမင္ခဲ့။ ဒါ့အျပင္အဲ့နတ္ဆိုးဟာတျခားသူေတြကို ထိခိုက္ေအာင္မလုပ္တဲ့အျပင္ သူ႕ကိုလည္းထိခိုက္ေအာင္မလုပ္တာေၾကာင့္ သူဖယ္ရွားဖို႔မလုပ္ခဲ့။

နာမည္ေလးေတာင္သူေပးခဲ့လိုက္ေသးတယ္..ဝမ္ရိဆိုၿပီးေတာ့ေပါ့။ သူငယ္ခ်င္းလို႔ေတာင္ျဖစ္လာခဲ့တယ္..ညနတ္ဘုရားမွာဝမ္ရိအျပင္ေနာက္ထက္သူငယ္ခ်င္းနတ္တစ္ပါးလည္းရွိေသး။ ထိုနတ္ဟာညနတ္သားရန္ဟုန္တာျဖစ္သည္။ သူတို႔ႏွစ္ဦးရဲ႕ျဖစ္တည္လာမူ႕ဟာေန႕အတူတူျဖစ္တာေၾကာင့္ ညနတ္သားရန္ဟုန္ဟာ ညနတ္ဘုရားဝမ္ရိေပၚ ​ရဲ႕တည္တန့္လွတဲ့ ႐ုပ္ကိုၾကည့္တာနဲ႕အကုန္သိသည္။

ႏွစ္ဦးသားအၿမဲတမ္းတစ္ပူးပူးတစ္တြဲတြဲနဲ႕ေပါ့ ။ ညနတ္ဘုရားဝမ္ရိေပၚကိုယ္ထဲမွာ နတ္ဆိုးတစ္ေကာင္ရွိတာကိုလည္း သူသိတယ္..ထိုနတ္ဆိုးဝမ္ရိနဲ႕ေတာင္သူငယ္ခ်င္းျဖစ္သြားခဲ့တယ္..ညနတ္ဘုရားဝမ္ရိေပၚဟာ သူ႕ရဲ႕တကယ့္မ်က္ႏွာကို ဘယ္တုန္းကမွခ်မျပ..ယခုလည္းတျခားမ်က္ႏွာပုံစံေျပာင္းလဲထားတာျဖစ္တယ္..

တစ္ေန႕ေတာ့ညနတ္ဘုရားဝမ္ရိေပၚဟာ ညနတ္သားရန္ဟုန္နဲ႕အတူ လမ္းေလွ်ာက္ထြက္တုန္းက ဒဏ္ရာဒဏ္ခ်က္မ်ားစြာနဲ႕လဲေလ်ာင္းေနေသာ္ ကေလးငယ္ေလးတစ္ဦးကိုေတြ႕လိုက္ရတယ္..ထိုကေလးငယ္ေလးကိုၾကည့္လိုက္တာနဲ႕ ရန္(ကြၽန္)ဆိုတာသူသိလိုက္ရတယ္..

ညနတ္ဘုရားဝမ္ရိေပၚဟာ ရန္(ကြၽန္)ဆိုတဲ့နတ္သူငယ္ေလးရဲ႕မ်က္ႏွာကို မျမင္ေပမဲ့လည္း လိုခ်င္တဲ့စိတ္ေတြေပၚလာတာေၾကာင့္ သူ႕ဆီမွာေနဖို႔ေျပာခဲ့တယ္..ထိုကေလးဟာသူ႕ကိုစိုက္ၾကည့္ေနခဲ့တုန္းက သူတစ္ကိုယ္လုံးတုန္လႈပ္ေနခဲ့တယ္..ဒါ့အျပင္ေပ်ာ္႐ြင္တဲ့စိတ္ေလးေတြလည္း ဝင္ေရာက္လာမိခဲ့တယ္..

ထိုရန္(ကြၽန္)ဟာတစ္ျခားသူမဟုတ္ ေရွာင္က်န့္သာျဖစ္သည္။ ေရွာင္က်န့္ဟာထိုအခ်ိန္တုန္းက ကေလးငယ္သာသာေလးသာျဖစ္သည္။ သူ႕ကိုေခၚတဲ့သူကဘယ္လိုနတ္မွန္း သူမသိေပမဲ့သူမသိစိတ္က လိုက္သြားလို႔ေျပာေနသလိုမ်ိဳးခံစားရတာေၾကာင့္ ေရွာင္က်န့္လိုက္သြားခဲ့တယ္..

အရင္ကဆိုရင္ေရွာင္က်န့္ကို တျခားနတ္ငယ္ေလးမ်ား၊ ရီ(အေစခံ)မ်ားအနိုင္က်င့္ၾကတယ္...ဒါေပမဲ့ယခုေတာ့ေရွာင္က်န့္ဟာ နတ္ဘုံေပၚမွာေၾကာက္ရဆုံးျဖစ္တဲ့ ညနတ္ဘုရားရဲ႕ရန္ျဖစ္သြားေရာ သူ႕ကိုဘယ္သူမွအနိုင္မက်င့္ၾကေတာ့ပဲ ရိုရိုေသေသဆက္ဆံလာၾကတယ္..

ေရွာင္က်န့္ဟာညနတ္ဘုရားနဲ႕ညနတ္သားတို႔ရဲ႕ လက္ေအာက္မွာေပ်ာ္ေပ်ာ္႐ြင္႐ြင္နဲ႕ႀကီးျပင္းလာခဲ့တယ္..ေရွာင္က်န့္၌ခ်စ္ရေသာသူငယ္ခ်င္းတစ္ဦးရွိတယ္..ဒါေပမဲ့ထိုသူငယ္ခ်င္းဟာေပ်ာက္ေနတာေၾကာင့္ နတ္ဘုရားနဲ႕နတ္သားတို႔ကိုအကူညီ​ေတာင္းခဲ့တယ္..ဒီေန႕ဒီအခ်ိန္ထိေတာ့ေရွာင္က်န့္ဟာ သူ႕သူငယ္ခ်င္းကိုမေတြ႕ေသးေပ။

ညနတ္ဘုရားရဲ႕မူလမ်က္ႏွာကို ေရွာင္က်န့္ျမင္ဖူးေလသည္။ႏွစ္ေတြၾကာလာတာနဲ႕အမွ် ေရွာင္က်န့္ဟာပိန္လိန္ေခ်ာက္ကပ္ေနေသာ သူမဟုတ္ေတာ့ပဲ..ဝဝၿဖိဳးၿဖိဳးနဲ႕ျဖစ္လာခဲ့တယ္..ဒါ့အျပင္နတ္ဘုံေပၚ၌အေခ်ာဆုံးနတ္ေတြထဲက ျဖစ္လာခဲ့တယ္..

နတ္ဘုံတင္မက နတ္ဆိုးတိုင္းျပည္ေရာ၊ မိစ္ဆာ တိုင္းျပည္မွာေရာ နာမည္ႀကီးလာခဲ့တယ္..ေရွာင္က်န့္ေၾကာင့္စစ္ပြဲမ်ားေတာင္ျဖစ္လာေသး။ တစ္ခ်ိဳ႕ရဲတင္းတဲ့နတ္ဆိုးေတြဆိုရင္ ညနတ္ဘုရားရဲ႕အိမ္ေတာ္ကို ခိုးဝင္ၿပီးေရွာင္က်န့္ကိုခိုးဖို႔ေတာင္လုပ္ေသးတယ္..ဒါေပမဲ့နတ္ဘုရားဝမ္ရိေပၚရဲ႕လက္ခ်က္ေအာက္မွာ ေသဆုံးသြားၾကရတယ္..

နတ္ဘုရားဝမ္ရိေပၚဟာ ေရွာင္က်န့္ေၾကာင့္အၿမဲတမ္းေခါင္းကိုက္ေနခဲ့။ ေရွာင္က်န့္ကိုဖြန္လာေၾကာင္တဲ့ သူေတြေၾကာင့္မဟုတ္ပဲ။ သူ႕ရဲ႕ကိုယ္ထဲကဝမ္ရိနတ္ဆိုးေၾကာင္ျဖစ္တယ္..သူ႕ကိုသတိလစ္ေအာင္လည္းအမ်ိဳးမ်ိဳးလုပ္ၿပီး ေရွာင္က်န့္ကိုအသားယူေနတက္တယ္..ဒါ့ေၾကာင့္သူစိတ္ညစ္ေနရ။

ဝမ္ရိကသူ႕ရဲ႕နတ္ဆိုးဆိုေပမဲ့ ေရွာင္က်န့္ကိုထိတာေတာ့သူမႀကိဳက္ေပ။ ဒီအေတာ္အတြင္းလည္းတစ္ခါတစ္ေလ၌ သတိလစ္တဲ့အခ်ိန္ေတြအမ်ားႀကီးရွိလာခဲ့တယ္..ဒါ့ေၾကာင့္သူ႕ကိုယ္ထဲကနတ္ဆိုးကို ဖယ္ရွားဖို႔ညနတ္ဘုရားဝမ္ရိေပၚဆုံးျဖတ္ခဲ့တယ္..

ေရွာင္က်န့္ေလးကသူ႕ကိုဗ်စ္ေစာင္းလက္ေဆာင္ေပးခဲ့တယ္..ထိုဗ်စ္ေစာင္းေပၚမွာသူကိုယ္တိုင္ ေရွာင္က်န့္ရဲ႕နာမည္ကိုထိုးခဲ့တယ္..ေရွာင္က်န့္ေလးကိုသူပေလြလက္ေဆာင္ေပးဖို႔လုပ္တဲ့ေန႕မွာ သူ႕ကိုယ္ကိုနတ္ဆိုးဝမ္ရိသိမ္းပိုက္လိုက္တယ္..သူျပန္သတိရတဲ့အခ်ိန္မွာ သူအက်ည္းခ်ဳပ္ခံထားရတာကို သိလိုက္တယ္...

ဘာေတြျဖစ္သြားလည္းဆိုတာ သူလုံးဝလိုက္မမွီခဲ့။ သူ႕ဆီညနတ္သားရန္ဟုန္ေရာက္လာၿပီး ျဖစ္ေၾကာင္းကုန္စင္ေျပာမွသူနားလည္သြားေတာ့တယ္..နတ္ဆိုးဝမ္ရိဟာေရွာင္က်န့္ကို ဒုကၡေပးဖို႔ႀကိဳးစားတဲ့နတ္သမီးေတြကိုနတ္သက္ေႂကြေအာင္ လုပ္လိုက္တယ္ဆိုတာေပါ့။ အဲ့ကိစၥေၾကာင့္သူအက်ည္းခ်ဳပ္ခံရတာဆိုေတာ့ သူစိတ္မပူမိ။

အဲ့ဒါေတြအျပင္တျခားဘာေတြျဖစ္သြားလည္း ဆိုတာသူေမးဖို႔ႀကံတဲ့အခ်ိန္ေရွာင္က်န့္ေရာက္လာခဲ့တယ္..ညနတ္သားရန္ဟုန္ဟာအလိုက္သိစြာနဲ႕ထြက္သြားေပးခဲ့တယ္..ေရွာင္က်န့္ဟာပေလြတစ္လက္ကိုထုတ္လိုက္ၿပီး ဝမ္ရိေပၚကိုနာမည္ေလးတစ္ခုျပလိုက္တယ္..

" ဝမ္ရိ.."
အဲ့နာမည္ကိုဝမ္ရိေပၚျမင္ေရာ ေရွာင္က်န့္ကိုေမးပါေလေရာ။ ဘာေၾကာင့္နာမည္အျပည့္အစုံမထိုးတာလည္းေပါ့။ ေရွာင္က်န့္ကနာမည္အျပည့္အစုံထိုးဖို႔လုပ္ေပမဲ့ ဝမ္ရိေပၚကမထိုးခိုင္းတာေလ ဆိုၿပီးျပန္ေျပာခဲ့တယ္..အဲ့အခါမွာဝမ္ရိေပၚသိသြားခဲ့တယ္..နတ္ဆိုးဝမ္ရိလုပ္လိုက္တာကိုေပါ့။

သူေနာက္ကေပၚဆိုတာကို ေရးဖို႔ေရွာင္က်န့္ကိုေျပာမဲ့အခ်ိန္ ထက္ၿပီးနတ္ဆိုးဝမ္ရိသူ႕ကိုယ္ကိုအပိုင္စီးခဲ့တယ္..ဘာေတြထက္ျဖစ္သြားလည္းဆိုတာသူမသိေတာ့။ ဒါေၾကာင့္သူ႕ကိုယ္ထဲကဝမ္ရိဆိုတဲ့ နတ္ဆိုးကိုထုတ္ဖို႔လုပ္ေတာ့တယ္...ညနတ္ဘုရားဝမ္ရိေပၚဟာ သူလြတ္လာတာနဲ႕ ညနတ္သားရန္ဟုန္နဲ႕တိုင္ပင္ၿပီး နတ္ဆိုးဝမ္ရိထြက္သြားေအာင္လုပ္ေတာ့တယ္..

ေရွာင္က်န့္ကေတာ့ဒါေတြကို သူမသိေပ။ ညနတ္ဘုရားဝမ္ရိေပၚဟာ နာက်င္မူ႕မ်ားစြာကိုႀကိတ္မွိတ္သည္းခံၿပီးတဲ့အခ်ိန္ သူလိုခ်င္တဲ့ ဆႏၵျပည့္သြားခဲ့တယ္..သူ႕ကိုယ္ထဲကေနနတ္ဆိုးဝမ္ရိကိုထုတ္နိုင္ခဲ့တယ္..နတ္ဆိုးဝမ္ရိဟာဝမ္ရိေပၚရဲ႕တကယ့္မ်က္ႏွာအတိုင္းျဖစ္သည္။ မတူတာဆိုလို႔အၿမဲတမ္းၿပဳံးေနတဲ့ ႏႈတ္ခမ္းနဲ႕အနီေရာင္မ်က္ဝန္းသာျဖစ္တယ္..

" ဝမ္ရိေပၚ ငါ့ကိုမင္းကိုယ္ထဲကထုတ္နိုင္တာနဲ႕ မင္းေရွာင္က်န့္ကိုပိုင္နိုင္ၿပီမထင္နဲ႕.."

"...."

" ဟားဟား..."
ရယ္ေမာၿပီးထိုေနရာကေနထြက္သြားေတာ့တယ္..ဝမ္ရိေပၚဘာမွျပန္မေျပာဘူးဆိုတာ ​ေၾကာက္လို႔မဟုတ္ စကားမေျပာခ်င္တာေၾကာင့္ျဖစ္တယ္..သူ႕ကိုယ္ထဲကဝမ္ရိကိုထုတ္ၿပီးတာနဲ႕ အရင္ဦးဆုံးေရွာင္က်န့္ဆီသူသြားၿပီး သူ႕ရဲ႕လ်ိဳ႕ဝွက္ခ်က္ေတြကိုေျပာျပခဲ့တယ္..

အစပိုင္းေရွာင္က်န့္လုံးဝကို မယုံၾကည္နိုင္ေအာင္ျဖစ္ခဲ့။ သူတကယ္ခ်စ္တာဝမ္ရိေပၚလာဝမ္ရိကိုလာဆိုတာကို သူစဥ္းစားခဲ့ရတယ္..သူေနာက္ေတာ့အေျဖကိုသိလာခဲ့ရ။ သူတကယ္ခ်စ္တာညနတ္ဘုရားဝမ္ရိေပၚဆိုတာကိုေပါ့။

ေနာက္ေတာ့ညနတ္ဘုရားဝမ္ရိေပၚနဲ႕ ေရွာင္က်န့္တို႔ဟာခ်စ္သူေတြ ျဖစ္သြားခဲ့တယ္..နတ္ဘုံကနတ္ေတြအကုန္လုံးဟာလည္း သိသြားခဲ့။ ဝမ္ရိေပၚကိုသေဘာက်တဲ့နတ္ေတြဟာ ေရွာင္က်န့္ကိုအမ်ိဳးမ်ိဳး ဒုကၡေပးခဲ့ၾကတယ္..ေရွာင္က်န့္ဟာသူတို႔လုပ္သမွ်ကိုၿငိမ္ခံေနေသာသူမဟုတ္။

သူ႕ကိုျပသနာလာရွာတဲ့သူတိုင္းကို ပညာေပးၿပီးျပန္လႊတ္ခဲ့။ တစ္ခ်ိဳ႕ဆိုရင္ေရွာင္က်န့္ကိုေတာင္ ေၾကာက္သြားၾကတယ္..ႏွစ္ေတြၾကာလာေတာ့ ေရွာင္က်န့္ကိုဘယ္သူကမွမထိရဲေတာ့ ညနတ္ဘုရားဝမ္ရိေပၚေၾကာင့္မဟုတ္ပဲ ေရွာင္က်န့္ကိုေၾကာက္လို႔သာျဖစ္တယ္..ေရွာင္က်န့္ဟာဝမ္ရိေပၚေရွ႕မွာဆိုရင္ ယုန္ငယ္ေလးတစ္ေကာင္လိုျဖစ္ၿပီး။ က်န္သူမ်ားေရွ႕မွာဆိုရင္ေတာ့ က်ားတစ္ေကာင္ျဖစ္တယ္..

ဝမ္ရိေပၚကိုႀကိဳက္တဲ့သူေတြေရွ႕ဆိုရင္ ပိုဆိုးသည္။ ညနတ္သားရန္ဟုန္ကေတာ့ ေရွာင္က်န့္နဲ႕ဝမ္ရိေပၚတို႔ရိုသမွ်ကို ထိုင္ၾကည့္ေနရတဲ့သူသာျဖစ္သည္။ ေပ်ာ္႐ြင္မူ႕ေတြၿပီးဆုံးသြားေတာ့ ဝမ္းနည္းမူ႕မ်ားေရာက္လာခဲ့သည္။ အၿမဲတမ္းၿငိမ္သက္ေနခဲ့တဲ့ နတ္ဆိုးတိုင္းျပည္ဟာ နတ္ဘုံကိုလာၿပီးတိုက္ခိုက္ေတာ့၏။

နတ္ဆိုးဘုရင္ကဘယ္သူဆိုတာကို မည္သူမွ်မသိၾကေပ။ နတ္ဆိုးဘုရင္ရဲ႕ညာလက္႐ုံးနဲ႕ဘယ္လက္႐ုံးတို႔သာအေစခံ နတ္ဆိုးမ်ားနဲ႕လာတိုက္ခိုက္ၾကတယ္..ေရွာင္က်န့္နဲ႕ဝမ္ရိေပၚတို႔ဟာလည္း ျပန္လည္ၿပီးတိုက္ခိုက္ခဲ့။ ထိုတိုက္ပြဲဟာအရင္ႏွစ္ေပါင္းမ်ားစြာက တိုက္ခိုက္ပြဲေတြထက္အစမတန္ ပိုၿပီးႀကီးမားသည္။

ေရွာင္က်န့္သူနတ္ဆိုးေတြကို တိုက္ခိုက္ေနစဥ္ နတ္ဆိုးတစ္ခ်ိဳ႕ရဲ႕ေထာင္ေျခာက္ထဲ ဝင္သြားခဲ့တယ္.. သူ႕ကိုေထာင္ေျခာက္ဆင္တဲ့နတ္ဆိုးေတြကိုသူမညွာမတာသတ္ခဲ့တယ္..သူေမာပန္းလို႔နားေနတဲ့အခ်ိန္ သူမထင္မွတ္ထားတဲ့သူတစ္ေယာက္ကို ေတြ႕ခဲ့တယ္..ထိုသူကေတာ့သူခ်စ္ရတဲ့သူငယ္ခ်င္းေရွာင္ပိုင္ကိုပဲ။ ဒါေပမဲ့သူငယ္ခ်င္းဆိုတဲ့ရင္းႏွီးတဲ့ အေငြ႕အသက္ကိုရေပမဲ့အမူအရာေတြဟာ လုံးဝကိုကြဲထြက္ခဲ့တယ္..

သူ႕ေရွာင္ပိုင္ေလးငယ္ငယ္တုန္းက မိန္းကေလးမ်ား ရႉံးရေလာက္တဲ့အထိကိုႏုဖက္လွတယ္..ဒါ့အျပင္ပင္လယ္ေရလိုအျပာေရာင္မ်က္ဝန္းေလးနဲ႕ အျဖဴေရာင္ဆံႏြယ္ေလးကိုပိုင္ဆိုင္ထားတယ္..သူ႕ကိုလည္းအၿမဲတမ္းႏြေးေထြးလွတဲ့အၾကည့္ေတြနဲ႕ၾကည့္တယ္...ဒါေပမဲ့ယခုသူျမင္တဲ့ေရွာင္ပိုင္ဟာ သူ႕ကိုရဲေတာက္ေနတဲ့ အနီေရာင္မ်က္ဝန္းတစ္စုံနဲ႕စိုက္ၾကည့္ေနတယ္..

ထိုအၾကည့္ထဲမွာႏြေးေထြးမူ႕ေတြမပါခဲ့။ သားေကာင္ကိုအမဲျဖတ္ေတာ့မဲ့ အၾကည့္ေတြနဲ႕သာၾကည့္ေနခဲ့တယ္..ဒါ့အျပင္ငယ္ငယ္ကလိုအျဖဴေရာင္ဆံႏြယ္ေလးမဟုတ္ေတာ့ပဲ နက္ေမွာင္လွတဲ့ဆံႏြယ္ျဖစ္ေနခဲ့တယ္..ေရွာင္က်န့္ဟာသူ႕သူငယ္ခ်င္းကို ေတြ႕ေရာအေပ်ာ္လြန္ၿပီးေျပးဖက္ဖို႔ လုပ္ေပမဲ့သူ႕သူငယ္ခ်င္းေရွာင္ပိုင္ဟာ ေရွာင္က်န့္ကိုတိုက္ခိုက္ေတာ့တယ္..

ေရွာင္က်န့္အစပိုင္းေၾကာင္ေနေပမဲ့ ေနာက္ေတာ့သူ႕ကိုလာတိုက္ခိုက္တာေတြကို ျပန္ခုခံခဲ့တယ္..သူ႕သူငယ္ခ်င္းထိခိုက္ဒဏ္ရာေတြ ရသြားမွာစိုးရိမ္တာေၾကာင့္ အစြမ္းေတြကိုေလ်ာ့ခ်ခဲ့တယ္..သူတိုက္ခို​က္ေနေပမဲ့ ေရွာင္ပိုင္ကိုစကားေတြေျပာေနခဲ့တယ္..တစ္ဖက္ကေရွာင္ပိုင္ကေတာ့ ေရွာင္က်န့္ကိုဘာမွျပန္မေျပာခဲ့ ေရွာင္က်န့္ကိုသဲႀကီးမဲႀကီးသာတိုက္ခိုက္ေတာ့တယ္..

ေရွာင္က်န့္သတိတစ္ခ်က္လြတ္သြားတဲ့အခ်ိန္ တစ္ဖက္ကလူဟာသူ႕ရဲ႕စြမ္းအားနဲ႕ ေရွာင္က်န့္ကိုဒဏ္ရာအႀကီးအက်ယ္ရေအာင္တိုက္ခိုက္လိုက္ေတာ့တယ္..ေရွာင္က်န့္ထိုဒဏ္ရာေၾကာင့္ သူ႕အစြမ္းေတြထုတ္မသုံးနိုင္ေအာင္ျဖစ္ခဲ့တယ္..သူ႕ကိုသတိမရျဖစ္ေနတဲ့ေရွာင္ပိုင္ကို...

" ေရွာင္ပိုင္...ေရွာင္ပိုင္..."

"...."

" ေရွာင္ပိုင္..ငါ့ကိုမမွတ္မိဘူးလား..ငါေလ..ငါေရွာင္က်န့္ေလကြာ..မင္းရဲ႕သူငယ္ခ်င္းေရွာင္က်န့္ေလ.."

"...."
ေရွာင္က်န့္အဲ့လိုမ်ိဳးေအာ္ေျပာေနတဲ့အခ်ိန္ ေရွာင္ပိုင္ဟာေၾကာင္အအျဖစ္သြားခဲ့တယ္..သူဘာေတြးေနတယ္ဆိုတာကိုေတာ့ ေရွာင္က်န့္လည္းမသိ။

ေရွာင္ပိုင္ေၾကာင္အအျဖစ္ေနတာကို ေရွာင္က်န့္ျမင္ေရာသူအခြင့္အေရးရလို႔ ေပ်ာ္သြားခဲ့တယ္..ဒါ့ေၾကာင့္သူငယ္ငယ္ကသူနဲ႕ေရွာင္ပိုင္တို႔ ေျပာခဲ့တာေတြကိုျပန္ေျပာေတာ့တယ္..

" ေရွာင္ပိုင္..မင္းပဲငါ့ကိုကာကြယ္ေပးမယ္ဆို.."

" ...."

" ငါတို႔ႏွစ္​ေယာက္ကငယ္ငယ္ေလးထဲက အတူတူေဆာ့လာၾကတာေလ မင္းမမွတ္မိေတာ့ဘူးလား..."

" ..."

" ေရွာင္ပိုင္.."

" အား...."
ေရွာင္ပိုင္ဟာ သူ႕ရဲ႕ေခါင္းကိုလက္ႏွစ္ဖက္နဲ႕ဖိၿပီး နာက်င္စြာေအာ္ရင္း ေျပးထြက္သြားေတာ့တယ္...က်န္ခဲ့တဲ့ေရွာင္က်န့္ဟာေရွာင္ပိုင္ရဲ႕နာမည္ကို ေအာ္ရင္းက်န္ခဲ့တယ္..ေရွာင္က်န့္သူ႕မွာရွိသမွ်အားေတြကိုစုၿပီး ေရွာင္ပိုင္ေျပးသြားတဲ့ေနာက္ကို လိုက္သြားေတာ့တယ္..ေရွာင္က်န့္ေျပးေနရင္းထူးဆန္းတဲ့အေမႊးနံသာကို ႐ူမိလိုက္တာေၾကာင့္သူေမ့ေမွ်ာ္သြားခဲ့တယ္..

ေရွာင္က်န့္ရဲ႕ကိုယ္ေလးေျမျပင္ေပၚကို မက်ခင္လူတစ္ေယာက္က ေရွာင္က်န့္ရဲ႕ကိုယ္ကိုေပြ႕ခ်ီလိုက္တယ္..ထိုသူဟာအမဲေရာင္ဝတ္စုံရွည္ကိုဝတ္ဆင္ထားသည္။ အနီေရာင္မ်က္ဝန္းတစ္စုံကိုလည္းပိုင္ဆိုင္ထားတယ္..စြဲမက္စြာေကာင္းလွတဲ့အၿပဳံးကိုလည္း ပန္ဆင္ထားသည္။

ေရွာင္က်န့္သူနိုးလာေရာ မရင္းႏွီးတဲ့ေနရာကိုေရာက္ေနတာ ခ်က္ခ်င္းသိလိုက္တယ္..သူထြက္ေျပးဖို႔ႀကိဳးစားေပမဲ့လည္း မေအာင္ျမင္ခဲ့။ သူ႕ကိုဘယ္သူဖမ္းထားတာလည္းဆိုတာသိေရာ ေရွာင္က်န့္အေသေဒါသေတြထြက္ခဲ့တယ္...ဒီတိုက္ပြဲကိုစတင္ဆင္ႏြဲတဲ့ နတ္ဆိုးဘုရင္ဟာဝမ္ရိဆိုတာကိုလည္း သူသိလိုက္ရတယ္..

ဝမ္ရိအၿမဲတမ္းေရွာင္က်န့္ဆီကိုလာလာၿပီး သူ႕ကိုေ႐ြးခ်ယ္ေပးဖို႔ေျပာခဲ့။ ဒါေပမဲ့ေရွာင္က်န့္ကေတာ့ ဝမ္ရိကိုဘယ္ေသာအခါမွေ႐ြးခ်ယ္မည္မဟုတ္။ သူခ်စ္တဲ့သူဟာဝမ္ရိေပၚျဖစ္တာေၾကာင့္ ဝမ္ရိေပၚကိုသာေ႐ြးခ်ယ္မွာျဖစ္သည္။ ဝမ္ရိဟာေရွာင္က်န့္ရဲ႕အေျဖေၾကာင့္ေဒါသထြက္ေပမဲ့လည္း ေရွာင္က်န့္ကိုထိခိုက္ဒဏ္ရာရေအာင္ေတာ့ မလုပ္ေပ။

နတ္ဆိုးဝမ္ရိရဲ႕ညာဘက္လက္႐ုံးေတာ္ဟာ လွ်န့္ ဆိုတဲ့နတ္ဆိုးျဖစ္သည္။ သူ႕ကိုဝမ္ရိဟာဝမ္ရိေပၚကိုယ္ထဲမွာ ရွိေနထဲကခိုးၿပီးကယ္ထားေသာသူျဖစ္တယ္..လွ်န့္ကိုငယ္ငယ္ေလးထဲက ဝမ္ရိပ်ိဳးေထာင္ခဲ့တာျဖစ္တယ္..ဝမ္ရိရဲ႕အေၾကာင္းစုံကို လွ်န့္ သိသည္။

ဝမ္ရိရဲ႕ဘယ္ဘက္လုံး႐ုံးေတာ္ကေတာ့ ေရွာင္က်န့္ရဲ႕သူငယ္ခ်င္း ေရွာင္ပိုင္သာျဖစ္သည္။ ေရွာင္ပိုင္ကိုေတာ့ဝမ္ရိဟာ ဖမ္းဆီးထားခဲ့တာျဖစ္တယ္..ေရွာင္ပိုင္သူ႕ရဲ႕အေၾကာင္းေတြကိုေမ့ေအာင္ဝမ္ရိလုပ္ထားတာျဖစ္တယ္..ဒါ့ေၾကာင့္ေရွာင္က်န့္ကိုမမွတ္မိနိုင္တာျဖစ္တယ္..

ဝမ္ရိေရွာင္ပိုင္ကိုေခၚထားတယ္ဆိုတာ ေရွာင္ပိုင္ရဲ႕ဒဏ္ရာေတြကိုအျမန္ကုစားနိုင္တဲ့ အထူးစြမ္းေရေၾကာင့္ ျဖစ္တယ္..ေရွာင္က်န့္ဝမ္ရိဆီမွာ ဖမ္းခံထားရတဲ့အခ်ိန္ ေရွာင္ပိုင္သူ႕ကိုမွတ္နိုင္ေအာင္ ငယ္ငယ္ကအေၾကာင္းေတြကိုထက္ခါထက္ခါေျပာခဲ့တယ္..ေရွာင္ပိုင္ရဲ႕မ်က္ႏွာကတည္တန့္ေပမဲ့ စိတ္ေတြရႈပ္ေထြးေနတာကိုေတာ့ သူသိတယ္...သူမရပ္မနားပဲေျပာေနခဲ့တယ္..

ထူးဆန္းတာတစ္ခုကေတာ့ ဝမ္ရိရဲ႕ညာလက္႐ုံးလွ်န့္ဟာ သူ႕ကိုၾကည့္တဲ့အၾကည့္ေတြထဲမွာ သတ္ျဖတ္ခ်င္တဲ့အၾကည့္ေတြပါေနတာပဲ။ ဝမ္ရိေရွ႕မွာဆိုရင္ မ်က္စိႀကိမ္းေလာက္ေအာင္ၿပဳံးျပေနတာေၾကာင့္ သူ႕မ်က္လုံးေတာင္ကမ္းနိုင္တယ္..ေရွာင္က်န့္ကေတာ့ ထိုေနရာမွာေနတဲ့တစ္ခ်ိန္လုံး ေရွာင္ပိုင္မွတ္မိေအာင္သာလုပ္ေနေတာ့တယ္..

သူခ်စ္ရတဲ့ဝမ္ရိေပၚကိုလည္း သူလြမ္းေနခဲ့တယ္..ေရွာင္က်န့္ရဲ႕လုပ္ရပ္ဟာလုံးဝကိုအက်ိဳးရွိခဲ့တယ္..ေရွာင္ပိုင္ဟာသူ႕အေၾကာင္းကို လုံးဝမွတ္မိသြားခဲ့တယ္..ဒါ့ေၾကာင့္ေရွာင္က်န့္လြတ္ေအာင္ဆိုၿပီး လႊတ္ေပးခဲ့တယ္..ေရွာင္က်န့္ကလြတ္ေတာ့မဲ့အခ်ိန္ ေရွာင္ပိုင္စိတ္ရိုင္းေတြဝင္လာၿပီးေရွာင္က်န့္ကိုတိုက္ခိုက္ေတာ့တယ္..

ကံေကာင္းခ်င္ေတာ့ ေရွာင္က်န့္ဟာဒဏ္ရာေတြ အားလုံးေပ်ာက္သြားတာေၾကာင့္ ေရွာင္ပိုင္ကိုနိုင္ေအာင္ခ်နိဳင္ခဲ့တယ္..ေရွာင္ပိုင္ကိုေမ့ေအာင္လုပ္ၿပီး နတ္ဆိုးတိုင္းျပည္ကေနထြက္ဖို႔လုပ္ေနတဲ့အခ်ိန္ သူ႕ရဲ႕ကိုယ္ကိုတစ္စုံတစ္ဦးကထိန္းခ်ဳပ္လိုက္သလိုခံစားလိုက္ရတယ္..ေနာက္ေတာ့တစ္ေျဖးေျဖးထိုေနရာကေနေပ်ာက္သြားခဲ့တယ္..

ေရွာင္က်န့္ဟာဝမ္ရိေပၚေရွ႕ကိုေရာက္သြားတာျဖစ္တယ္..ဝမ္ရိေပၚဗ်စ္ေစာင္းတီးၿပီး ေရွာင္က်န့္ကိုဆင့္ေခၚလိုက္တာျဖစ္တယ္..သူအခုမွေအာင္ျမင္သြားခဲ့တာျဖစ္တယ္..ဝမ္ရိေပၚလက္မွာဆိုရင္ လက္ထိတ္မွာေသြးမ်ားစြာထြက္ေနခဲ့။

သူနတ္ဆိုးတိုင္းျပည္ကိုဝင္ဖို႔လည္းအႀကိမ္ႀကိမ္ႀကိဳးစားခဲ့တယ္ ဒါေပမဲ့မေအာင္ျမင္ခဲ့တာေၾကာင့္ သူတစ္ေယာက္ထဲသာသိတဲ့ဆင့္ေခၚနည္းနဲ႕ေရွာင္က်န့္ကို ဆင့္ေခၚခဲ့တာျဖစ္တယ္...ဝမ္ရိေပၚလက္ကိုဂ႐ုစိုက္ရင္းေရွာင္ပိုင္ရွိေနတဲ့ ေနရာကိုသြားရွာေပးဖို႔​ေတာင္းဆိုခဲ့။

ညနတ္သားရန္ဟုန္ကိုယ္တိုင္ေရွာင္က်န့္ေျပာေသာ ေနရာကိုသြားၿပီးေရွာင္ပိုင္ကိုသြားရွာေပမဲ့ မေတြ႕ခဲ့။ ေရွာင္က်န့္ဟာနတ္ဆိုးတိုင္းျပည္မွာ ျဖစ္ခဲ့တဲ့ကိစၥေတြကိုေရာသူ႕သူငယ္ခ်င္းေရွာင္ပိုင္အေၾကာင္းကိုေရာေပါ့။ နတ္ဘုံေပၚကနတ္ေတြအားလုံးက အတူတူစည္း႐ုံးၿပီး နတ္ဆိုးေတြကိုတိုက္ခိုက္ဖို႔ လုပ္ၾကေတာ့တယ္..

ေနာက္ဆုံးေတာ့ ႀကီးမားလွတဲ့နတ္ေတြၾကားက စစ္ပြဲေရာက္ရွိလာေတာ့တယ္..ႏွစ္ဖက္လုံးရွိသမွ်စြမ္းအားေတြျဖင့္ တိုက္ခိုက္ေတာ့တယ္..ဝမ္ရိေပၚဟာနတ္ဆိုးဘုရင္ဝမ္ရိနဲ႕ ထိတ္တိုက္ရင္ဆိုင္ေနေတာ့တယ္..သူတို႔ႏွစ္ေယာက္ဟာလက္ေရအတူတူသာျဖစ္ေနသည္။

ေရွာင္က်န့္ကေတာ့သူ႕သူငယ္ခ်င္းအေရးႀကီးျဖစ္တဲ့ ေရွာင္ပိုင္နဲ႕တိုက္ခိုက္ေနရတယ္..ေရွာင္ပိုင္ဟာစိတ္ရိုင္းမ်ားစြာဝင္ေနခဲ့။ ေရွာင္က်န့္ဟာအရင္တိုင္းသူ႕ကို မွတ္မိလာေအာင္တိုက္ခိုက္ရင္း ေအာ္ေျပာေနေတာတယ္..

ဒီတစ္ခါေတာ့ေရွာင္ပိုင္ဟာ လြယ္လြယ္နဲ႕သူ႕ကိုမမွတ္မိနိုင္ျဖစ္ေနသည္။ သူေရွာင္ပိုင္နဲ႕တိုက္ခိုက္ေနတုန္း သူ႕ကိုလွ်န့္ဟာၿခဳံခိုတိုက္ခိုက္ေတာ့တယ္..သူသတိလြတ္သြားတာေၾကာင့္ ထိခိုက္ဒဏ္ရာရသြားခဲ့တယ္..သူဒဏ္ရာရတာကိုလ်န့္ဟာ ေပ်ာ္႐ြင္စြာနဲ႕ၾကည့္ေနခဲ့တယ္..

ေရွာင္က်န့္သူဒဏ္ရာရတာကိုပဲ ေက်းဇူးတင္ရမလားေတာင္မသိ။ ဘာေၾကာင့္လည္းဆိုေတာ့ သူဒဏ္ရာလည္းရသြားေရာ ေရွာင္ပိုင္ဟာသူ႕ကိုျပန္မွတ္မိလာၿပီး လွ်န့္ကိုတိုက္ခိုက္ေတာ့တယ္..ေရွာင္က်န့္လည္းအေတြးတစ္ခုရသြားတာေၾကာင့္ ဒဏ္ရာရသြားတဲ့​ေနရာကို အေသဖိလိုက္ၿပီး နာက်င္စြာနဲ႕ေအာ္လိုက္ေတာ့တယ္..

အဲ့အခါမွာပဲ သူထင္ထားတဲ့အတိုင္းေရွာင္ပိုင္ေဒါသေတြထြက္လာၿပီး လွ်န့္ကိုအေသအေၾကခ်ေနေတာ့တယ္..ေရွာင္ပိုင္တင္မက ဝမ္ရိေပၚေရာပဲ ေရွာင္က်န့္နာေနတာကိုျမင္ေရာ ေဒါသေတြအလွိပ္ထြက္သြားၿပီး ဝမ္ရိကိုအေသအေၾကတိုက္ခိုက္ေတာ့တယ္..ဝမ္ရိဟာေရွာင္က်န့္ဒဏ္ရာေၾကာင့္ သတိလက္လြတ္ျဖစ္သြားခဲ့တယ္..

ဒါ့ေၾကာင့္ဝမ္ရိေပၚရဲ႕တိုက္ခိုက္သမွ်ကို မခုခံနိုင္ေတာ့ပဲ ခံလိုက္ရေတာ့တယ္...လွ်န့္ဟာဝမ္ရိဒဏ္ရာရေနတာကို ျမင္ေရာေရွာင္ပိုင္နဲ႕တိုက္ခိုက္ေနတာကို ရပ့္လိုက္ၿပီးဝမ္ရိဆီေျပးသြားကာ ကူညီရင္းတိုက္ခိုက္ေနေတာ့တယ္..ေရွာင္က်န့္နဲ႕ေရွာင္ပိုင္ကေတာ့ သူ႕တို႔နားကိုဝိုင္းလာတဲ့ နတ္ဆိုးေတြကိုတိုက္ခိုက္ေနေတာ့တယ္..

သူတို႔ဘယ္ေလာက္ပဲတိုက္ခိုက္ေနပါေစ နတ္ဆိုးေတြဟာမ်ားသထက္မ်ားလာခဲ့တယ္..တစ္ေျဖးေျဖးနဲ႕သူတို႔လည္းအားအင္ေတြ ဆုတ္ေလ်ာ့လာခဲ့။ သူတို႔နားကနတ္ဆိုးေတြကိုတိုက္ခိုက္ၿပီး ေရွာင္က်န့္နားရင္းေရွာင္ပိုင္ကိုစကားေျပာဖို႔ ေရွာင္ပိုင္ကိုၾကည့္လိုက္တဲ့အခါ သူ႕ကိုအေဝးကေနၿပဳံးျပေနတဲ့ ေရွာင္ပိုင္ေလးကိုျမင္လိုက္ရတယ္..

သူ႕ရင္ေတြလႈပ္ခတ္သြားခဲ့တယ္..ထားသြားေတာ့မယ္ဆိုတဲ့အေတြးလည္းဝင္လာခဲ့တယ္..သူေရွာင္ပိုင္ဆီကိုေျပးသြားမလိုလုပ္ေပမဲ့ သူလုံးဝကိုလႈပ္မရခဲ့။ ေရွာင္က်န့္လႈပ္လို႔မရေအာင္ ေရွာင္ပိုင္လုပ္လိုက္တာျဖစ္တယ္..ဘာေၾကာင့္လည္းဆိုေတာ့ သူ႕ကိုယ္သူေဖာက္ခြဲေတာ့မွာျဖစ္တယ္..

သူတို႔ႏွစ္ေယာက္ဒီတိုင္းသာဆက္တိုက္ေနရင္ ႀကိမ္ေသေပါက္သူတို႔ႏွစ္ေယာက္ေသဆုံးမွာ သူသိတယ္..ဒါ့ေၾကာင့္သူ႕ကိုယ္သူစြန့္လႊတ္လိုက္ၿပီး ေရွာင္က်န့္ခဏေလးျဖစ္ျဖစ္ နားလို႔ရေအာင္လုပ္ေပးမယ္လို႔ ဆုံးျဖတ္လိုက္တာျဖစ္တယ္.." ေတာင္းပန္ပါတယ္ေရွာင္က်န့္.." ထိုစကားကိုသူေျပာလိုက္တယ္..

ေရွာင္က်န့္မၾကားနိုင္တာသူသိေပမဲ့ေပါ့။ ေနာက္ေတာ့သူၿပဳံးျပလိုက္ေပမဲ့လည္း မ်က္ရည္မ်ားက်ဆင္းလာခဲ့တယ္..ေနာက္ေတာ့သူ႕အေနာက္ကိုနတ္ဆိုးမ်ားေရာက္လာတဲ့ အသံကိုလည္းၾကားေရာသူ႕ကိုယ္သူေဖာက္ခြဲလိုက္ေတာ့တယ္..သူနဲ႕အတူေရာက္လာခဲ့တဲ့နတ္ဆိုးေတြဟာ အစအနကိုမရွိေပ်ာက္သြားေတာ့သည္။

ေရွာင္ပိုင္ေပ်ာက္ကြယ္သြားေရာ ေရွာင္က်န့္လႈပ္ရွားလို႔ရလာခဲ့တယ္..ေရွာင္က်န့္ေရွာင္ပိုင္ေနေနခဲ့တဲ့ ေနရာကိုေျပးသြားၿပီးေရွာင္ပိုင္ကိုလိုက္ရွာေတာ့တယ္..သူရွာတယ္ေရွာင္ပိုင္ရဲ႕အေလာင္းတင္မက ေရွာင္ပိုင္နဲ႕သက္ဆိုင္တဲ့အရာေတြ တစ္ခုကိုမွသူမေတြ႕။ ေရွာင္က်န့္ေအာ္ဟစ္ၿပီး ငိုေနေတာ့တယ္..

အဲ့အခ်ိန္မွာပဲ သူ႕မ်က္လုံးေဒါင့္ကေနနတ္ဆိုးတစ္အုပ္စုကို ျမင္ေရာေရွာင္က်န့္ငိုေနတာရပ္လိုက္ၿပီး သူ႕မွာရွိသမွ်အစြမ္းေတြနဲ႕ထိုနတ္ဆိုးမ်ားကို သတ္ျပစ္ေတာ့တယ္..ေရွာင္က်န့္မရပ္မနားသူျမင္ေနသမွ်နတ္ဆိုးေတြကို သတ္ျပစ္ေန၏။ ေရွာင္က်န့္ဟာရန္(ကြၽန္)ဆိုေပမဲ့လည္း ထူးဆန္းစြာနဲ႕သူ႕မွာတျခားသူေတြမသိနိုင္တဲ့ စြမ္းရည္မ်ားရွိေနသည္။

ေရွာင္က်န့္ပေလြကိုထုတ္လိုက္ၿပီး မႈတ္ေနေတာ့တယ္.. သံဇဥ္ကိုနားလည္တဲ့သူတစ္ခ်ိဳ႕ဟာ ေရွာင္က်န့္မႈတ္ေနတဲ့သံဇဥ္ရဲ႕ အဓိပၸာယ္ကိုလည္းၾကားေရာ ေၾကာက္စိတ္ေတြမႊန္ထူသြားေတာ့တယ္..နားမလည္တဲ့သူေတြလည္းေၾကာက္ေနၾကတယ္..နတ္ဆိုးေတြဆိုရင္ထိုသံဇဥ္လည္းၾကားေရာ သူတို႔ကိုယ္ထဲအေကာင္တစ္ေကာင္ေကာင္က ေလ်ာက္သြားေနသလိုခံစားသြားရတယ္..

ေနာက္ေတာ့ ကိုယ္ထဲ၌ေသြးမ်ားစြာခမ္းေျခာက္လာၿပီး တစ္ေျဖးေျဖးနဲ႕ေသဆုံးသြားၾကေတာ့တယ္..ေရွာင္က်န့္မႈတ္ေသာသံဇဥ္ကို မၾကားနိုင္ေအာင္ဆိုၿပီး နားပိတ္ေပမဲ့လည္းမရ။ ဒါ့ေၾကာင့္နတ္ဆိုးမ်ားရပ္ေပးဖို႔ ေတာင္းဆိုၾကတယ္..ေရွာင္က်န့္မၾကားသလိုျပဳမူေနၿပီ မႈတ္ေနေတာ့တယ္..

နတ္ဆိုးမ်ားတင္မက နတ္ဘုရားနတ္သား၊နတ္သမီးေတြေတာင္ ေရွာင္က်န့္ကိုေၾကာက္သြားၾကတယ္...တစ္ဖက္မွာေတာ့ ဝမ္ရိနဲ႕လွ်န့္ဟာပူးေပါင္းၿပီး ဝမ္ရိေပၚကိုတိုက္ခိုက္ၾကတယ္..သူတို႔ဘယ္ေလာက္ပဲအတူတူတိုက္ခိုက္ၾကပါေစ ဝမ္ရိေပၚကေတာ့တုန့္တုန့္မွ်မလႈပ္။

ဒါ့ေၾကာင့္ဝမ္ရိေပၚကိုတိုက္ခိုက္ေနရာကေန ဘက္ေျပာင္းလိုက္ၿပီးေရွာင္က်န့္ကို သြားတိုက္ခိုက္ေတာ့တယ္..ဝမ္ရိေပၚဟာေရွာင္က်န့္ဘက္ကိုစိတ္ေရာက္သြားတာေၾကာင့္ ဝမ္ရိတိုက္ခိုက္မူ႕ကိုခံလိုက္ရတယ္..ဝမ္ရိေပၚအစြမ္းေတြသုံးမရျဖစ္သြားခဲ့တယ္..ဒါကိုဝမ္ရိဟာအခြင့္ေကာင္းယူၿပီး ဝမ္ရိေပၚကိုနတ္သက္ေႂကြေအာင္လုပ္ဖို႔ သူ႕ရဲ႕အစြမ္း100% အကုန္လုံးကိုစုေပါင္းၿပီး ပစ္လိုက္ေတာ့တယ္...

ဝမ္ရိေပၚထိုအစြမ္းကိုမေရွာင္နိုင္ျဖစ္ေနတဲ့အခ်ိန္ ေရွာင္က်န့္ဝမ္ရိေပၚေရွ႕ေရာက္လာၿပီး ထိုအစြမ္းကိုခံယူလိုက္ေတာ့တယ္..ေရွာင္က်န့္ထိသြားေရာ တိုက္ခိုက္ေနတာေတြအကုန္ရပ္သြားေတာ့တယ္..အကုန္လုံးဟာေရွာင္က်န့္ကိုသာမယုံနိုင္စြာၾကည့္ေနေတာ့တယ္..ဝမ္ရိေပၚကေတာ့ေရွာင္က်န့္နာမည္ကို ေခၚရင္းသတိမေမ့ဖို႔ေျပာေနေတာ့တယ္..

ေရွာင္က်န့္ဟာသူမေနနိုင္ေတာ့တာသိတာေၾကာင့္ ဝမ္ရိေပၚကိုၿပဳံးျပၿပီးခ်စ္တယ္လို႔သာ​ေျပာခဲ့ေတာ့တယ္..ေနာက္ေတာ့ေရွာင္က်န့္ရဲ႕ကိုယ္ဟာအျဖဴေရာင္ အေငြ႕တန္းလိုေျပာင္းသြားၿပီးေပ်ာက္ကြယ္သြားေတာ့တယ္..ဝမ္ရိေပၚေရွာင္က်န့္ေပ်ာက္ကြယ္သြားေရာ အ႐ူးတစ္ပိုင္းျဖစ္ၿပီးသူ႕ကိုယ္ထဲမွာရွိသမွ် အစြမ္းေတြကိုအကုန္လုံးသုံးၿပီး နတ္ဆိုးေတြကိုသတ္ျပစ္ေတာ့တယ္..

နတ္ဆိုးဘုရင္ဝမ္ရိကိုေတာ့ သူမသတ္နိုင္ေပမဲ့ သူ႕အစြမ္းမ်ားျဖင့္ နတ္ဘုံရဲ႕ေနရာတစ္ေနရာမွာ ခ်ိတ္ပိတ္ဖမ္းဆီးထားခဲ့တယ္..ထိုေနရာကိုဘယ္သူမွလာလို႔မရေအာင္ ဝမ္ရိေပၚအစြမ္းမ်ားစြာထားခဲ့တယ္..ဝမ္ရိဟာဝမ္ရိေပၚလုပ္သမွ်ကို ၿငိမ္ခံေနေတာ့တယ္..သူ႕ေၾကာင့္သူခ်စ္ရတဲ့ေရွာင္က်န့္ေလး ေပ်ာက္ဆုံးသြားတာေၾကာင့္ သူ႕ကိုယ္သူအျပစ္တင္ရင္းနဲ႕သာ ေနေနေတာ့သည္။

လွ်န့္ဆိုတဲ့နတ္ဆိုးကေတာ့ ေပ်ာက္ခ်င္းမလွေပ်ာက္သြားခဲ့တယ္..ခုနကႀကီးမားလွတဲ့စစ္ပြဲဟာၿငိမ္သက္သြားေတာ့သည္။ နတ္မ်ားသာအနိုင္ရသြားခဲ့တယ္..ညနတ္ဘုရားဝမ္ရိေပၚဟာ အကုန္လုံးကိုလုပ္ၿပီးတာနဲ႕သူလည္း အျပာေရာင္အေငြ႕တန္းျဖင့္သို႔ ေျပာင္းသြားၿပီးေပ်ာက္ကြယ္သြားေတာ့သည္။

ညနတ္ဘုရားဝမ္ရိေပၚနဲ႕ ရန္(ကြၽန္) ေရွာင္က်န့္တို႔ဟာ သူတို႔အသက္ကိုသူတို႔စြန့္ၿပီး နတ္ဘုံကိုကယ္တင္သြားတယ္လို႔ ေလာကသုံးပါး၌ပ်ံလြင့္ခဲ့တယ္..ထိုအခ်ိန္ကစၿပီးနတ္ဆိုးမ်ားဟာ နတ္ဘုံကိုရန္မစရဲက်ေတာ့ေပ။ သူမ်ားေတြထင္တာေတာ့ ေရွာင္က်န့္နဲ႕ဝမ္ရိေပၚတို႔ဟာဒီကမ္ဘာေပၚကေန ေပ်ာက္ကြယ္သြားၾကၿပီလို႔ ထင္ေနၾကတယ္...

တကယ့္တကယ္ကေတာ့သူတို႔မေပ်ာက္ကြယ္သြားေပ။ သူတို႔ရဲ႕အသက္ဝိညာဥ္ေသးေသးေလးေတြကို ေကာင္းကင္နတ္ဘုရားနဲ႕ေကာင္းကင္နတ္သားတို႔ဟာ သိမ္းဆည္းထားသည္။ သူတို႔ႏွစ္ေယာက္ရဲ႕ကိုယ္အျပည့္အစုံရေအာင္ဆိုၿပီး ေကာင္းကင္နတ္ဘုရားနဲ႕ေကာင္းကင္နတ္သားတို႔ဟာအမ်ိဳးမ်ိဳး ႀကိဳးစားခဲ့ရတယ္...

ဒီအ​ေၾကာင္းကိုညနတ္သားရန္ဟုန္နဲ႕ သူတို႔ႏွစ္ေယာက္သာသိသည္။ တကယ္ေတာ့ေရွာင္ပိုင္ဟာလည္း မေပ်ာက္ကြယ္သြားေပ။ သူ႕ရဲ႕ဝိညာဥ္အပိုင္းအစတစ္ခုကို ေကာင္းကင္နတ္သားအမွတ္မထင္ ရရွိခဲ့တယ္.. ထိုဝိညာဥ္အပိုင္းအစကို system တစ္ခုထဲထည့္ခဲ့တယ္..ဒါ့ေၾကာင့္system 005 ျဖစ္လာခဲ့တယ္..

ေရွာင္က်န့္နဲ႕ဝမ္ရိေပၚဝိညာဥ္ေတြ ျပည့္စုံေအာင္လုပ္ဖို႔ႏွစ္ေတြအမ်ားႀကီးကုန္ဆုံးခဲ့တယ္..ေအာင္ျမင္သြားတဲ့အခ်ိန္ သူတို႔ႏွစ္ေယာက္ကိုလူ႕ေလာကထဲ ပို႔ေဆာင္ခဲ့တယ္..ေရွာင္က်န့္ကိုေတာ့မိဘမဲ့ေဂဟာပို႔ခဲ့တယ္..ဝမ္ရိေပၚကိုေတာ့သူေဌးသားအိမ္ေတာ္ကိုပို႔ခဲ့တယ္..ႏွစ္ေယာက္လုံးကိုခမ္းနားထည္ဝါတဲ့ေနရာကို ပို႔လို႔ရေပမဲ့အခက္ခဲေတြၾကားက အဆင္ေျပသြားေအာင္ဆိုၿပီးထိုသို႔ပို႔ခဲ့တာျဖစ္တယ္..

ဘယ္သူထင္မွာလည္းေရွာင္က်န့္ မေတာ္တဆျဖစ္ၿပီး system နယ္ေျမထဲကိုေရာက္လာမယ္ဆိုတာကိုေပါ့။ ကံၾကမၼာကသူတို႔ခ်စ္သူႏွစ္ေယာက္ျမန္ျမန္အဆင္ေျပေအာင္လုပ္ေပးလိုက္တာေၾကာင့္ ဒီလိုမ်ိဳးအရာအားလုံးျမန္ျမန္သိသြားဖို႔ အေၾကာင္းဖန္လာေတာ့သည္။

......................................................................

စာေရးဆရာ - ဒါဒါေလးတို႔ရွည္တယ္ေနာ္..

ေရွာင္ပိုင္- ေဟးေဟးဘာရွည္တာလည္းကြ..

စာေရးဆရာ ငါေျပာတာက ငါစာရွည္ရွည္ေလးေရးေပးထားတယ္လို႔ ေျပာတာနင့္ဘာသာအေတြးလြန္ေနၿပီးေတာ့ („ಡωಡ„)

ေရွာင္ပိုင္ - သူ႕ဘာသာစကားရွင္းေအာင္ မေျပာပဲနဲ႕ ( ̄Д ̄)┍

Continue Reading

You'll Also Like

1.3M 120K 105
Turƙashi, wannanfa shine cakwakiyoyi ba cakwakiya ba, bamma san yanda zan musalta muku kitimurmurar dake cikin book ɗinnan ba sam, dan wani irin ruɗ...
224K 15.3K 55
Jk : យើងស្រលាញ់ប៉ាឯងណាស់អាល្អិត Jeon Jungkook x Kim Taehyung x Kim TaeJung
361K 66.9K 132
Special Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor...
699K 40.4K 26
Jk - Possessive type #Warning Cv_ Pinterest