Bellတီးသံကြောင့် ထယ်ယောင်းလဲ အပြင်သွားရန်ပြင်ဆင်နေတာကို လတ်စသတ်ပီး တံခါးဆီလှမ်းလာခဲ့သည်။ဂျောင်ကုအိမ်ကိုလာတာ ဘယ်သူဖြစ်နိုင်လဲ။ဒီနေရာက ဘယ်သူမှမသိတဲ့နေရာလေ...
"ဟင် ! အန်တီ"
ဂျောင်ကုအမေကိုသူမှတ်မိသည်။အရင်ကလိုပဲဘာမှမပြောင်းလဲတဲ့ အန်တီက သူ့ကိုခြေဆုံးခေါင်းဆုံးကြည့်လေသည်။ပီးနောက် သူ့ကိုရှောင်ဖယ်၍ အခန်းထဲဝင်လာလေသည်။
"ဂျွန်ဂျောင်ကုတို့များ စည်းကမ်းတွေပျက်နေလိုက်တာ။အိမ်တခုလုံးလဲ ရှုပ်ပွနေတာပဲ။ဒီဆေးလိပ်တိုတွေကရော သိမ်းမဲ့သူမရှိဘူးလား။ဒါတွေက မင်းသောက်တာမဟုတ်လား ငါ့သားကဆေးလိပ်မသောက်တတ်ဘူး"
ထယ်ယောင်းကို မေးငေါ့ကာပြောပီး ထိုင်ခုံပေါ်တွင်ဝင်ထိုင်လေသည်။
"ဟုတ်တယ် ကျွန်တော်သောက်တာ"
"ဟူး!!ကဲ ကင်မ်ထယ်ယောင်း ခနထိုင်ပါဦး မင်းကိုပြောစရာရှိနေတယ်"
ထယ်ယောင်းပုံစံကိုသူမနဲနဲလေးမှမကြိုက်ပါ။ဝတ်ထားတော့လဲ ဘောင်းဘီခပ်ကျပ်ကျပ်ထဲကို ရှပ်အကျီထိုးထည့်ထားသောကြောင့် လုံးထွက်နေတဲ့ တင်ပါးနှင့်ခါးသိမ်သိမ်။
နားကပ်တဖက်ကို တိုးလို့တွဲလောင်းဖြင့် မြင်ရတာထောင့်ကိုမကျိုးဘူး။Idol တော်တော်များများကို မြင်ဖူးပီး ခေတ်ရေစီးကြောင်းကို နားလည်ပေမဲ့ ဒီကောင်လေးကိုမှ ကွက်ပီးကြည့်မရဖြစ်နေတာ သားကြောင့်ပဲဖြစ်မည်။
"အန်တီ ဂျောင်ကုနဲ့ လမ်းခွဲခိုင်းမလို့လာတာဆိုရင် ကျွန်တော်မလုပ်ပေးနိုင်ဘူးနော်"
"ငါဘာပြောရသေးလို့လဲ"
"ကြိုပြောပြထားတာပါ~အန်တီအဲ့ကိစ္စအတွက်ပဲလာစရာအကြောင်းရှိတာ ကျွန်တော်ခန့်မှန်းမိပါတယ်"
ဂျောင်ကုအမေက ပိုက်ဆံတွေဘာတွေထုတ်ပေးပီး ငါ့သားနားကထွက်သွားဆို ထယ်ယောင်းကတော့ ပိုက်ဆံပါအောင်ယူပီး မောင့်ကိုခေါ်၍ ခိုးထွက်သွားရုံ။
"ဒါဆိုလဲ လိုရင်းပဲပြောမယ်။မင်းတို့မိသားစုကျေးဇူးရှိတာသိတယ်။ဒါပေမဲ့ကျေးဇူးကို ငါ့သားကိုထိုးကျွေးပီးတော့ မဆပ်နိုင်ဘူး။
ငါ့သားက အညွန့်တလူလူတက် နေတဲ့ကလေး။သူ့လိုကလေးက မင်းကြောင့်မို့ သူ့အောင်မြင်မှုတွေထိခိုက်နေရပီ။မင်းကြောင့်နဲ့ လူတွေရဲ့ အထင်အမြင်သေးခြင်းကိုခံနေရပီ။မင်းကြောင့် ငါ့သားဘဝကပျက်ရတော့မယ်။မင်းလိုဘာမှမဟုတ်တဲ့ ကလေးနဲ့ငါ့သားကို လုံးဝသဘောမတူနိုင်ဘူး။အပြတ်ပြောထားတာ ကင်ထယ်ယောင်း မင်းနဲ့ ဘယ်နည်းနဲ့မဆိုခွဲရလိမ့်မယ်။ဂျောင်ကုကို ထိခိုက်ရင်တောင် မင်းနဲ့တော့ဘယ်တော့မှ သဘောတူလာမှာမဟုတ်ဘူး"
"အဟက်!အန်တီပြောလို့ပီးပီလား?
ကျတော်လို့ ဘာမမဟုတ်တဲ့ကောင်ကို အန်တီ့သားက တမ်းတမ်းစွဲ ဖြစ်နေတာ~ အန်တီ့သားကကို လိုလိုချင်ချင်နဲ့ အိပ်ယာထဲထိ တောင်းဆိုနေတာလေ"
ထယ်ယောင်းရဲ့ အပြောကြောင့် ဂျောင်ကုအမေရှူးရှူးရှဲရှဲဖြစ်လာနေသည်။သူစိတ်ရှုပ်စွာ ဆံပင်တွေကို ဆွဲဖွလိုက်ပီး ထိုင်နေရာကနေ ထရပ်လိုက်ပီး ခါးထောက်လိုက်မိသည်။
"မင်း!!အရိုင်းအစိုင်းပဲ...စောင့်ကြည့်နေလိုက်လေ ရှေ့ဆက်တိုးရင် ထိခိုက်ရမှာက မင်းမဟုတ်ဘူး ဂျောင်ကုပဲဆိုတာ မမေ့နဲ့"
"အန်တီလဲ သိပ်ကိုအတ္တကြီးတာပဲ။ငယ်ငယ်တုန်းကလဲ ဆင်းရဲမှာကြောက်ပီး သားကို ပစ်သွားတယ်။ကြီးလာပြန်တော့လဲ အန်တီ့စီးပွားရေးထိမှာကြောက်တာနဲ့ပဲ အန်တီ့သားကိုအန်တီကိုယ်တိုင် နစ်နာအောင်လုပ်တယ်။စိတ်ချ အန်တီ့ကို ဂျောင်ကုက မုန်းနေပီး ကျတော့်ကိုတော့ ရူးလောက်အောင် ချစ်နေမှာပဲ"
အဟက်!သူနဲ့လမ်းခွဲလိုက်ရင်ရော ဂျောင်ကုက အန်တီ့ကို ပိုမုန်းမှာမသိဘူးတဲ့လား...
"ကျွန်တော် ကလပ်သွားလိုက်ဦးမယ် ဘိုင့်!!"
ထယ်ယောင်းလဲ ဆွေ့ဆွေ့ခုန်နေတဲ့ ဂျောင်ကုအမေကို ထားခဲ့ကာ အခန်းထဲကထွက်လာခဲ့သည်။ကားပေါ်ရောက်သည်နှင့် တင်းထားတဲ့စိတ်တို့သည် အလဲလဲအပျိုပျို။သူဂျောင်ကုအမေကို အနိုင်ပိုင်းခဲ့ပေမဲ့ တကယ်ထိခိုက်ရမှာက ဂျောင်ကုဖြစ်နေတာတော့ ငြင်းမရ။
သူ့လိုလူက နာမည်ပျက်တော့ရော ဘာအရေးလဲ။ဂျောင်ကုက တစ်ကမ္ဘာလုံးနီးပါးသိတဲ့သူ။Korea တင်မက တခြားနိုင်ငံက Fan တွေကပါ ဂျောင်ကုအတွက် စိတ်ပူစိုးရိမ်နေကြတာ သူလဲအသိ။
သူဆက်လုပ်သင့်လဲဆိုတာ ခေါင်းအေးအေးထားစဉ်းစားရမည်။ကလပ်ဟုပြောကာထွက်လာသော်လည်း တကယ်ရောက်လာတာက ကော်ဖီဆိုင်လေးတစ်ဆိုင်သာ။
ထောင့်စွန်းဝိုင်းလေးမှာထိုင်ပီး သူနဲ့ ဂျောင်ကုအကြောင်းစဉ်းစားနေမိသည်။သူမောင့်ကိုသိပ်ချစ်တာပေါ့။ငယ်ငယ်ထဲကချစ်ခဲ့ရသလို မောင်က ထားသွားတာတောင် အကြာကြီးမမုန်းနိုင်ခဲ့။
မောင့်ကို အပြည့်အဝချစ်ပေးချင်လို့ အနားမှာရှိနေပေးခဲ့တဲ့ ဂျီမင်းကိုတောင် ထားပစ်ရက်ခဲ့သည်။
မောင့်ကိုမခွဲနိုင်သလို မေ့လဲမမေ့နိုင်ပါ။သို့သော် မောင့်အနာဂတ်က ကိုယ့်လက်ထဲမှာမို့ အတ္တမကြီးရက်ဘူးကွယ်....
"ဟဲ့ နင်တို့ကြားပီးပီလား။JKက Gay တဲ့ အခုယောက်ကျားလေးတစ်ေယာက်နဲ့ Dating ထွက်နေတယ်။သူ့ကောင်လေးကလဲ ချောလိုက်တာဟယ်။Idolတွေလိုပဲ ~မဟုတ်ဘူး ...idolတွေထက်တောင်ချောတယ်"
"ဟုတ်လား!ငါကတော့ သဘောမကျပါဘူးဟယ် စိတ်ပျက်စရာကြီး ငါတို့နိုင်ငံမှာအဲလိုကြီးတွေရှိတာမယုံနိုင်ဘူး"
"အေးလေဟာ အဲတာထက် အဖွဲ့ကဖျက်ရမှာထင်တယ်။အဲလို အဖွဲ့တွေဆို အစိုးရက ပိတ်လိုက်ရောတဲ့ ငါလဲကြားဖူးတာပါ။နှမျောတော့ နှမျောစရာကြီး သူတို့အရမ်းအောင်မြင်နေတာကို"
တချိန်လုံး ငြိမ်နေတဲ့၃ယောက်မြောက်ကလေးမက ထပြောသည်။
"JKမကောင်းတာနဲ့ အကုန်လုံးပါဖျက်ရမယ်ဆို မတရားဘူးလေ။ထွက်ရင်သူတစ်ယောက်ပဲထွက်ပေါ့။ငါတော့ JKတွဲတဲ့ ကောင်ကိုလဲ လုပ်ချင်တယ်။JKကိုလဲ လုပ်ချင်တယ်။ကျန်တဲ့ Oppaတွေလဲ နှမျောစရာကြီး"
"အင်းနော် နင်ပြောတာလဲ ဟုတ်တာပဲ။အာ မသိဘူးဟာ ပျက်တော့လဲပျက်ပေါ့ တခြားအဖွဲ့ပြောင်းကြိုက်ရုံပေါ့ ခိခိ! သူတို့အသစ်ထွက်မဲ့ Album,ဝယ်မလို့ကို မဝယ်တော့ဘူးဟယ် ပိုက်ဆံအလကားဖြစ်နေဦးမှ ငါရင်ကွဲမှာ"
"ဟီးဟီး ဟုတ်တယ်"
ကလေးမလေးတွေက တခြားအကြောင်းအရာပြောင်းသွားသော်လည်း ထယ်ယောင်းရဲ့ နားထဲမှာတော့ အခါခါကြားယောင်နေမိသည်။
ဖုန်းထုတ်ကြည့်ပြန်တော့လဲ နိုင်ငံတကာဘက်ကပါ ဝေဖန်ထားတာတွေအများကြီးဖြစ်နေပြန်သည်။JK Gay ဆိုတဲ့ ခေါင်းစဉ်ကြီးကို မမြင်ရက်။
မောင်ကလေ Gayမှမဟုတ်တာ။သူ့တစ်ယောက်ထဲကိုပဲချစ်တဲ့ ဖြူစင်ရိုးသားတဲ့ကောင်လေးပါ ဆိုတာကို အားလုံးသိအောင်အော်ပြောလိုက်ချင်သည်။
Messageလေးက မောင့်ထံကနေဝင်လာတာကြောင့်ဖွင့်ဖတ်လိုက်တော့...
*ယောင်းရေ မောင်ဒီမှာ ပြသနာပ်ိစိလေး ရှင်းနေလို့ ကြာဦးမယ်။တစ်ခုခုစားထားနှင့်နော် ညနည်းနည်းလေး နောက်ကျမယ်။ချစ်တယ် မောင့်ကောင်လေးရေ*
မောင်!!ငါတော့ တစ်ခုခုကို ဆုံးဖြတ်ချိန်ရောက်ပီ ထင်ပါရဲ့....
__________
သူ့ရဲ့ဆုံးဖြတ်ချက်သည်မောင့်အတွက်မတရားတာသိသည်။မောင့်အမေရဲ့ စကားကိုနားထောင်တာမဟုတ်ဘူးမောင်။မင်းအတွက် မင်းအနာဂတ်ကို ငါစောင့်ရှောက်ပေးရုံပါ။
အိမ်ပြန်ရောက်တာနဲ့ မောင်ဝယ်ပေးထားတဲ့ ပစ္စည်းလေးတွေကအစ အားလုံးကို အိတ်တစ်လုံးထဲစုထည့်လိုက်သည်။
သူမျက်ရည်မကျတာကြာပီ။ဒါပေမဲ့ ဒီနေ့တော့ငိုချင်သည်။မောင့်အတွက် ယောင်းနှလုံးသားလေးကို ယောင်းကိုယ်တိုင် နာကျင်အောင်လုပ်နေရတာကိုမောင်နားလည်ဖို့ကောင်းတယ်။
နှလုံးသားကအောင့်မျက်လာသည်နှင့်တပြိုင်နက် မျက်ရည်တစ်ပေါက်က လိမ့်ဆင်းသွားသည်။ဆေးလိပ်တဘူးလုံးလဲ ကုန်သွားသလို လူလဲ ပျော့ခွေနေချေပီ။အိပ်ယာထက် ကွေးကွေးလေးနေပီး မောင့်ပုံလေးကို ရင်ဘတ်ထဲသွင်းကာပိုက်ထားမိသည်။
ဒီပုံလေးက မောင်ငယ်ငယ်ကပုံလေးမို့ ဘယ်သွားသွားပါသည်။မောင့်ရဲ့ အငွေ့အသက်တွေရောပြွန်းနေတဲ့ အခန်းလေးထဲ ထယ်ယောင်း အသက်ရှုသံသာရှိသည်။
မခွဲရသေးဘူး ကြိုလွမ်းနေပီမောင်!
ရီစရာကောင်းသား မောင့်ကို သူကရက်စက်ရမယ်တဲ့။မောင့်ကိုရူးလောက်အောင်ချစ်တဲ့သူက ကိုယ်တိုင်ထားသွားရမယ်တဲ့။မောင့်ကို ပထမဆုံးကိုယ်ချင်းဆာတတ်လာသည်။
လွန်ခဲ့တဲ့ ၅နှစ်က မောင်လဲ ဒီလိုခံစားခဲ့ရမှာပဲ။မောင့်မှာလဲ အခက်အခဲတွေကြားက ထားခဲ့ရတာကို တွေးမိတော့ မောင့်ကိုနားလည်လာသည်။ပိုချစ်တဲ့သူက ရှုံးသည်တဲ့။
အခုသူရှုံးနေရပီ။မောင့်ကို ပိုချစ်လို့သာဖြစ်မည်။
တံခါး Pw ရိုက်သံကြားသည်နှင့် သူထထိုင်လိုက်မိသည်။မျက်ရည်စတွေကို ဖိသုတ်ရင်း အပူရုပ်ကိုဟန်လုပ်လိုက်မိသည်။မောင်က ခေါင်းမာတယ်လေ သူမှမရက်စက်ပဲ ပျော့အိပြနေရင် မောင်က လွယ်လွယ်နဲ့လက်ခံမှာမဟုတ်ဘူး။
အခန်းထဲထိတန်းဝင်လာတဲ့ မောင့်မျက်နှာလေးက နွမ်းဖတ်နေတယ်။ရင်ထဲမှာ တဆစ်ဆစ်နဲ့ နာလာရတယ်။မောင်က ပြုံးနေတာနဲ့ပဲလိုက်ဖက်တာလေ....
"ယောင်း စောင့်နေရတာကြာပီလား~ ဆောရီးပါကွာ မောင်မုန့်ဝယ်လာတယ် လာမောင်ပြင်ပေးမယ် အတူတူစားရအောင်နော်"
မောင်က မီးဖိုခန်းထဲဝင်ရန်ပြင်နေပြန်တယ်။လက်ထဲက အထုတ်တွေကို မြှောက်ပြရင်း ထယ်ယောင်းကို ခေါ်နေတာ။
"လမ်းခွဲရအောင်!!"
ပြတ်သားကြည်လင်သော ထိုအသံက ဂျောင်ကုရဲ့ ခြေလှမ်းတွေကို ရပ်တန့်သွားစေတယ်။ယောင်းက သူနောက်ကျလို့စနေတာ...
"မောင်နောက်ကျလို့ စိတ်ကောက်နေတာလား။ယောင်းရယ် မောင်ပြသနာတွေရှင်းနေရလို့ပါကွာ။ပီးတော့ အကိုတွေကို လဲသေချာနားလည်အောင် တောင်းပန်နေရသေးတယ်လေ အဲတာကြောင့်ပါ စမနေနဲ့ မောင် မင်းကြိုက်တဲ့ ပီဇာဝယ်လာတယ် လာ! စားရအောင်"
မောင်ကဂရုမစိုက်စွာ မီးဖိုခန်းထဲဝင်သွားတာမို့ ထယ်ယောင်းအနောက်ကနေ လိုက်လာမိတယ်။
မောင်က ခုံပေါ်မှာ အကျအနပြင်နေတဲ့ထိ ထယ်ယောင်း ရပ်ကြည့်နေမိတော့တာ။
တောင်းပန်ပါတယ်မောင် နဲနဲလေးတော့ မင်းနာကျင်ရမှာပေါ့။ပီးရင် အဆင်ပြေသွားမှာပါ။
"မောင်ရေချိုးလိုက်ဦးမယ်နော် ယောင်းစားနှင့်တော့ ဆာနေရောပေါ့"
ပြောပီးအခန်းထဲဝင်သွားပြန်တဲ့ မောင့်နောက်တခါလိုက်ရပြန်သည်။မဖြစ်ဘူးလေ မောင်သူ့ကိုနားကျည်းမှ မောင်အဆင်ပြေမှာမဟုတ်လား...
"လမ်းခွဲကြမယ်လို့...ဂျွန်ဂျောင်ကု"
အကျီချွတ်လတ်စမောင်က ထယ်ယောင်းကို နားမလည်နိုင်သလို ကြည့်လာတယ်။ထယ်ယောင်းရဲ့ နှုတ်ခမ်းဆီရောက်လာတဲ့ မောင့်အနမ်းတွေကို ရှောင်တော့ မောင့်မျက်နှာကခပ်ရဲရဲ။
"ယောင်း အဲ့စကားကို စတာပဲဖြစ်ဖြစ် မပြောနဲ့ မောင်မကြိုက်ဘူး"
အကျီကို လျော်မဲ့ခြင်းထဲပစ်ထည့်လိုက်ပီး မောင်က ရေချိုးခန်းထဲဝင်ရန်ပြင်နေတာမို့ ထယ်ယောင်းလဲ အားယူကာ...
"ငါတကယ်ပြောနေတာ မယုံလဲမင်းသဘောပဲ...ငါသွားပီ ဂျောင်ကု"
ဘေးနားက အထုတ်ကို ကောက်ဆွဲနေတဲ့ ထယ်ယောင်းနားကို မောင်က လျင်မြန်သော အရှိန်နဲ့ ရောက်လာတယ်။
အခုမှအထုတ်ကိုပါတွေ့တာမို့ မောင်က အလွန်အံဩနေဟန်။
"ယောင်း!ဘာတွေပြောနေတာလဲ ဘာလို့လမ်းခွဲရမှာလဲ။ဘယ်ကို ထွက်သွားမှာလဲ။မောင်ဘာအမှားလုပ်မိလို့လဲကွာ"
ထယ်ယောင်းဆီက အထုတ်ကြီးကို မောင်ကဆွဲယူပီး သူ့အနောက်ဖက်သို့ပို့ကာ ဖွင့်ကြည့်သည်။
ဟင်!တကယ်ပဲ ယောင်းက ထွက်သွားဖို့လုပ်ထားတာ...
"ငါမင်းကို မချစ်ခဲ့ဘူး။မင်းကို ကလဲ့စားချေချင်လို့ ပတ်သက်ခဲ့တာ။မင်းလိုပဲ ငါလဲ ထားခဲ့ဖူးချင်လို့ မင်းကို ပြန်လက်ခံခဲ့တာ။ဂျောင်ကု မင်းက အရမ်းတုံးတာပဲ။လွယ်လွယ်နဲ့ ငါက မင်းလုပ်ရပ်တွေကိုမေ့ပစ်နိုင်မယ်ထင်နေတာလား...မင်းကို မချစ်ခဲ့ဖူးဘူး အခုကအချိန်ကောင်းပဲလေ ဟုတ်တယ်မလား "
"ကင်မ်ထယ်ယောင်း!!မင်း ဘာတွေပြောနေတာလဲ။မောင် မယုံဘူး ယောင်း...ယောင်းမောင့်ကိုချစ်တာမောင်သိတယ်"
ကျစ်လစ်တဲ့ မောင့်ရင်ဘတ်ဟာ နိမ့်ချဉ်မြင့်ချဉ်ဖြင့် လှုပ်ရှားနေကြတယ်။မောင် အရမ်းဒေါသထွက်နေပီပဲ...
"မချစ်ပါဘူးဆို ဇွတ်ချစ်တယ်လုပ်နေတယ်။မင်းသိတယ်မလား ဟိုနေ့ကငါ ဂျီမင်းနဲ့ ဟိုတယ်သွားတာ။ငါကအဲလိုလူပါဆို...မင်းကိုလဲ ငါအပျော်သာသာသဘောထားခဲ့တာလေ"
မောင့်မျက်လုံးတွေ တဖြေးဖြေးနီရဲလာတယ်။လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ထားရာကနေ ထယ်ယောင်းရဲ့ ပုခုံးနှစ်ဖက်ကို ကိုင်လှုပ်လာလေသည်။
"ငါတို့ အတူတူ အိပ်ယာပေါ်မှာ ချစ်ခဲ့ကြတာတွေကရော? ဟမ် မင်းပြော!!"
"ဂျောင်ကု မင်းလဲယောက်ကျားပဲ။ဒါက သာယာမှုရရုံဆိုတာမင်းလဲသိတာပဲမဟုတ်လား။အဲတာပဲ ဘာမှမပိုဘူး"
"တောက်!!ငါကွာ....မင်းကို ငါသတ်မှာ..ငါ့ကိုထားသွားရင် မင်းကိုသတ်မှာ"
ဒေါသကြောင့်မောင်ဟာ သူ့ရဲ့ လည်ပင်းအကျီစတွေကို စုကိုင်ကာ ထယ်ယောင်းမျက်နှာနားထိ တိုးကပ်လာခဲ့သည်။အံကိုကြိတ်ကာ ပြောနေပုံက မောင်ရဲ့ ဆောက်တည်ရာမရခြင်းတွေကို ပြသနေတယ်။
"အဟွတ်!!လွှတ်စမ်း ဂျောင်ကု"
သူလည်ပင်းအစ်လာပီး မောင့်ရင်ဘတ်တွေကို အညှာအတာကင်းမဲ့စွာထုလိုက်မှ မောင်ကအသိဝင်လာသူလို လွှတ်ပေးကာ သူ့လက်တွေကို သူနံရံဆီပြေးထိုးလေသည်။
သွေးစက်တို့ဖြင့် ပေပွနေသော မောင့်လက်တွေဟာ နံရံကိုအညှာအတာမဲ့စွာ ထိုးနေတယ်။
"တော်တော့!!မင်းထိုးနေလဲအပိုပဲ ။ငါသွားပီ ဂျောင်ကု"
အိတ်ကို ဆွဲကာ လည့်ထွက်လိုက်တော့ မောင်ရပ်တန့်သွားလေသည်။ဟင်!အခု မောင်ဘာလုပ်လိုက်တာ??
"ယောင်း!!မောင်တောင်းပန်ပါတယ် မသွားပါနဲ့၊မင်းမရှိတဲ့ ဘဝမှာ မောင်မနေနိုင်လို့ပါ။မောင် မှားတာတွေကို ဒီလို တောင်းပန်တာမို့ ထားမသွားပါနဲ့ကွာ..."
ထယ်ယောင်းရဲ့ ခြေထောက်ကို မောင်က လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ ဒူးထောက်၍ တောင်းပန်နေခြင်း။မောင်ငိုနေတယ်...
ဟင့်အင်း!မငိုရဘူး မောင်။ငါ့အတွက်နဲ့ မောင်မငိုရဘူးလေ...
ထယ်ယောင်း မောင်ကိုင်ထားတဲ့ ခြေထောက်တွေကို ခါထုတ်လိုက်တယ်။သူ့ရင်ထဲလဲ အရမ်းကို နာကျင်နေရပေမဲ့ သူကဟန်ဆောင်ကောင်းတယ်လေ။တစ်ခုပဲ မောင်ဆက်် ငိုနေရင် ကြာကြာဟန်မဆောင်န်ိုင်တော့ မှာစိုးရတယ်။
"တော်ပီဂျောင်ကု မင်းငိုနေလဲ မသနားဘူး။လွှတ်စမ်း ငါ့ကို နောက်လဲ မပတ်သက်နဲ့။မင်းနဲ့ငါက ပတ်သက်လို့ရတဲ့သူတွေမဟုတ်တော့ဘူး"
ထယ်ယောင်းရဲ့ စကားသံအဆုံးမောင်ဟာ ခေါင်းငိုက်စိုက်ကျသွားခဲ့တယ်။ပီးနောက် ဖြေးဖြေးချင်းထလာပီး လက်တွေကို အုပ်ကိုင်လာပြန်တယ်။
"ယောင်း အရမ်းသွားချင်နေရင် မနက်မှသွားနော်။မောင့်ကောင်လေးက ညဘက်ကြီး ထွက်သွားတာမျိုး မောင်မလိုချင်ဘူး။ဒီတစ်ညတော့ ယောင်းဒီမှာပဲနေလိုက်ပါ။မောင်နဲ့ မနေချင်ဘူးဆိုလဲရတယ်။မောင်အပြင်ထွက်အိပ်ပေးပါ့မယ်။အခုက ၁၀နာရီတောင်ကျော်နေပီ နော် ။မနက်မှ ယောင်းသွားချင်တဲ့ နေရာကိုသွားပါ"
ဂျောင်ကုပုံစံက စိတ်လျော့လိုက်ပုံရပီး ပြောတာလဲ မှန်သည်မို့ ထယ်ယောင်းလဲ ဒီညတော့ နေရန်ဆုံးဖြတ်လိုက်သည်။
မောင့်ကို လျော့တွက်ရင် မှားသွားမှာပေါ့ယောင်းရယ်။မောင့်ကို ထားသွားရင် သတ်ပစ်မှာလို့ပြောထားပီးသား......
____________
BeeBee
1.11.2021
နောက် ၂ပိုင်းလောက်ပဲကျန်တော့တယ်ဟေ့ 😁
***********
Bellတီးသံေၾကာင့္ ထယ္ေယာင္းလဲ အျပင္သြားရန္ျပင္ဆင္ေနတာကို လတ္စသတ္ပီး တံခါးဆီလွမ္းလာခဲ့သည္။ေဂ်ာင္ကုအိမ္ကိုလာတာ ဘယ္သူျဖစ္နိုင္လဲ။ဒီေနရာက ဘယ္သူမွမသိတဲ့ေနရာေလ...
"ဟင္ ! အန္တီ"
ေဂ်ာင္ကုအေမကိုသူမွတ္မိသည္။အရင္ကလိုပဲဘာမွမေျပာင္းလဲတဲ့ အန္တီက သူ႔ကိုေျခဆုံးေခါင္းဆုံးၾကည့္ေလသည္။ပီးေနာက္ သူ႔ကိုေရွာင္ဖယ္၍ အခန္းထဲဝင္လာေလသည္။
"ဂၽြန္ေဂ်ာင္ကုတို႔မ်ား စည္းကမ္းေတြပ်က္ေနလိုက္တာ။အိမ္တခုလုံးလဲ ရွုပ္ပြေနတာပဲ။ဒီေဆးလိပ္တိုေတြကေရာ သိမ္းမဲ့သူမရွိဘူးလား။ဒါေတြက မင္းေသာက္တာမဟုတ္လား ငါ့သားကေဆးလိပ္မေသာက္တတ္ဘူး"
ထယ္ေယာင္းကို ေမးေငါ့ကာေျပာပီး ထိုင္ခုံေပၚတြင္ဝင္ထိုင္ေလသည္။
"ဟုတ္တယ္ ကၽြန္ေတာ္ေသာက္တာ"
"ဟူး!!ကဲ ကင္မ္ထယ္ေယာင္း ခနထိုင္ပါဦး မင္းကိုေျပာစရာရွိေနတယ္"
ထယ္ေယာင္းပုံစံကိုသူမနဲနဲေလးမွမႀကိဳက္ပါ။ဝတ္ထားေတာ့လဲ ေဘာင္းဘီခပ္က်ပ္က်ပ္ထဲကို ရွပ္အက်ီထိုးထည့္ထားေသာေၾကာင့္ လုံးထြက္ေနတဲ့ တင္ပါးႏွင့္ခါးသိမ္သိမ္။
နားကပ္တဖက္ကို တိုးလို႔တြဲေလာင္းျဖင့္ ျမင္ရတာေထာင့္ကိုမက်ိဳးဘူး။Idol ေတာ္ေတာ္မ်ားမ်ားကို ျမင္ဖူးပီး ေခတ္ေရစီးေၾကာင္းကို နားလည္ေပမဲ့ ဒီေကာင္ေလးကိုမွ ကြက္ပီးၾကည့္မရျဖစ္ေနတာ သားေၾကာင့္ပဲျဖစ္မည္။
"အန္တီ ေဂ်ာင္ကုနဲ႔ လမ္းခြဲခိုင္းမလို႔လာတာဆိုရင္ ကၽြန္ေတာ္မလုပ္ေပးနိုင္ဘူးေနာ္"
"ငါဘာေျပာရေသးလို႔လဲ"
"ႀကိဳေျပာျပထားတာပါ~အန္တီအဲ့ကိစၥအတြက္ပဲလာစရာအေၾကာင္းရွိတာ ကၽြန္ေတာ္ခန႔္မွန္းမိပါတယ္"
ေဂ်ာင္ကုအေမက ပိုက္ဆံေတြဘာေတြထုတ္ေပးပီး ငါ့သားနားကထြက္သြားဆို ထယ္ေယာင္းကေတာ့ ပိုက္ဆံပါေအာင္ယူပီး ေမာင့္ကိုေခၚ၍ ခိုးထြက္သြား႐ုံ။
"ဒါဆိုလဲ လိုရင္းပဲေျပာမယ္။မင္းတို႔မိသားစုေက်းဇူးရွိတာသိတယ္။ဒါေပမဲ့ေက်းဇူးကို ငါ့သားကိုထိုးေကၽြးပီးေတာ့ မဆပ္နိုင္ဘူး။
ငါ့သားက အညြန့္တလူလူတက္ ေနတဲ့ကေလး။သူ႔လိုကေလးက မင္းေၾကာင့္မို႔ သူ႔ေအာင္ျမင္မွုေတြထိခိုက္ေနရပီ။မင္းေၾကာင့္နဲ႔ လူေတြရဲ့ အထင္အျမင္ေသးျခင္းကိုခံေနရပီ။မင္းေၾကာင့္ ငါ့သားဘဝကပ်က္ရေတာ့မယ္။မင္းလိုဘာမွမဟုတ္တဲ့ ကေလးနဲ႔ငါ့သားကို လုံးဝသေဘာမတူနိုင္ဘူး။အျပတ္ေျပာထားတာ ကင္ထယ္ေယာင္း မင္းနဲ႔ ဘယ္နည္းနဲ႔မဆိုခြဲရလိမ့္မယ္။ေဂ်ာင္ကုကို ထိခိုက္ရင္ေတာင္ မင္းနဲ႔ေတာ့ဘယ္ေတာ့မွ သေဘာတူလာမွာမဟုတ္ဘူး"
"အဟက္!အန္တီေျပာလို႔ပီးပီလား?
က်ေတာ္လို႔ ဘာမမဟုတ္တဲ့ေကာင္ကို အန္တီ့သားက တမ္းတမ္းစြဲ ျဖစ္ေနတာ~ အန္တီ့သားကကို လိုလိုခ်င္ခ်င္နဲ႔ အိပ္ယာထဲထိ ေတာင္းဆိုေနတာေလ"
ထယ္ေယာင္းရဲ့ အေျပာေၾကာင့္ ေဂ်ာင္ကုအေမရွူးရွူးရွဲရွဲျဖစ္လာေနသည္။သူစိတ္ရွုပ္စြာ ဆံပင္ေတြကို ဆြဲဖြလိုက္ပီး ထိုင္ေနရာကေန ထရပ္လိုက္ပီး ခါးေထာက္လိုက္မိသည္။
"မင္း!!အရိုင္းအစိုင္းပဲ...ေစာင့္ၾကည့္ေနလိုက္ေလ ေရွ႕ဆက္တိုးရင္ ထိခိုက္ရမွာက မင္းမဟုတ္ဘူး ေဂ်ာင္ကုပဲဆိုတာ မေမ့နဲ႔"
"အန္တီလဲ သိပ္ကိုအတၱႀကီးတာပဲ။ငယ္ငယ္တုန္းကလဲ ဆင္းရဲမွာေၾကာက္ပီး သားကို ပစ္သြားတယ္။ႀကီးလာျပန္ေတာ့လဲ အန္တီ့စီးပြားေရးထိမွာေၾကာက္တာနဲ႔ပဲ အန္တီ့သားကိုအန္တီကိုယ္တိုင္ နစ္နာေအာင္လုပ္တယ္။စိတ္ခ် အန္တီ့ကို ေဂ်ာင္ကုက မုန္းေနပီး က်ေတာ့္ကိုေတာ့ ႐ူးေလာက္ေအာင္ ခ်စ္ေနမွာပဲ"
အဟက္!သူနဲ႔လမ္းခြဲလိုက္ရင္ေရာ ေဂ်ာင္ကုက အန္တီ့ကို ပိုမုန္းမွာမသိဘူးတဲ့လား...
"ကၽြန္ေတာ္ ကလပ္သြားလိုက္ဦးမယ္ ဘိုင့္!!"
ထယ္ေယာင္းလဲ ေဆြ႕ေဆြ႕ခုန္ေနတဲ့ ေဂ်ာင္ကုအေမကို ထားခဲ့ကာ အခန္းထဲကထြက္လာခဲ့သည္။ကားေပၚေရာက္သည္ႏွင့္ တင္းထားတဲ့စိတ္တို႔သည္ အလဲလဲအပ်ိဳပ်ိဳ။သူေဂ်ာင္ကုအေမကို အနိုင္ပိုင္းခဲ့ေပမဲ့ တကယ္ထိခိုက္ရမွာက ေဂ်ာင္ကုျဖစ္ေနတာေတာ့ ျငင္းမရ။
သူ႔လိုလူက နာမည္ပ်က္ေတာ့ေရာ ဘာအေရးလဲ။ေဂ်ာင္ကုက တစ္ကမၻာလုံးနီးပါးသိတဲ့သူ။Korea တင္မက တျခားနိုင္ငံက Fan ေတြကပါ ေဂ်ာင္ကုအတြက္ စိတ္ပူစိုးရိမ္ေနၾကတာ သူလဲအသိ။
သူဆက္လုပ္သင့္လဲဆိုတာ ေခါင္းေအးေအးထားစဥ္းစားရမည္။ကလပ္ဟုေျပာကာထြက္လာေသာ္လည္း တကယ္ေရာက္လာတာက ေကာ္ဖီဆိုင္ေလးတစ္ဆိုင္သာ။
ေထာင့္စြန္းဝိုင္းေလးမွာထိုင္ပီး သူနဲ႔ ေဂ်ာင္ကုအေၾကာင္းစဥ္းစားေနမိသည္။သူေမာင့္ကိုသိပ္ခ်စ္တာေပါ့။ငယ္ငယ္ထဲကခ်စ္ခဲ့ရသလို ေမာင္က ထားသြားတာေတာင္ အၾကာႀကီးမမုန္းနိုင္ခဲ့။
ေမာင့္ကို အျပည့္အဝခ်စ္ေပးခ်င္လို႔ အနားမွာရွိေနေပးခဲ့တဲ့ ဂ်ီမင္းကိုေတာင္ ထားပစ္ရက္ခဲ့သည္။
ေမာင့္ကိုမခြဲနိုင္သလို ေမ့လဲမေမ့နိုင္ပါ။သို႔ေသာ္ ေမာင့္အနာဂတ္က ကိုယ့္လက္ထဲမွာမို႔ အတၱမႀကီးရက္ဘူးကြယ္....
"ဟဲ့ နင္တို႔ၾကားပီးပီလား။JKက Gay တဲ့ အခုေယာက္က်ားေလးတစ္ေယာက္နဲ႔ Dating ထြက္ေနတယ္။သူ႔ေကာင္ေလးကလဲ ေခ်ာလိုက္တာဟယ္။Idolေတြလိုပဲ ~မဟုတ္ဘူး ...idolေတြထက္ေတာင္ေခ်ာတယ္"
"ဟုတ္လား!ငါကေတာ့ သေဘာမက်ပါဘူးဟယ္ စိတ္ပ်က္စရာႀကီး ငါတို႔နိုင္ငံမွာအဲလိုႀကီးေတြရွိတာမယုံနိုင္ဘူး"
"ေအးေလဟာ အဲတာထက္ အဖြဲ႕ကဖ်က္ရမွာထင္တယ္။အဲလို အဖြဲ႕ေတြဆို အစိုးရက ပိတ္လိုက္ေရာတဲ့ ငါလဲၾကားဖူးတာပါ။ႏွေမ်ာေတာ့ ႏွေမ်ာစရာႀကီး သူတို႔အရမ္းေအာင္ျမင္ေနတာကို"
တခ်ိန္လုံး ၿငိမ္ေနတဲ့၃ေယာက္ေျမာက္ကေလးမက ထေျပာသည္။
"JKမေကာင္းတာနဲ႔ အကုန္လုံးပါဖ်က္ရမယ္ဆို မတရားဘူးေလ။ထြက္ရင္သူတစ္ေယာက္ပဲထြက္ေပါ့။ငါေတာ့ JKတြဲတဲ့ ေကာင္ကိုလဲ လုပ္ခ်င္တယ္။JKကိုလဲ လုပ္ခ်င္တယ္။က်န္တဲ့ Oppaေတြလဲ ႏွေမ်ာစရာႀကီး"
"အင္းေနာ္ နင္ေျပာတာလဲ ဟုတ္တာပဲ။အာ မသိဘူးဟာ ပ်က္ေတာ့လဲပ်က္ေပါ့ တျခားအဖြဲ႕ေျပာင္းႀကိဳက္႐ုံေပါ့ ခိခိ! သူတို႔အသစ္ထြက္မဲ့ Album,ဝယ္မလို႔ကို မဝယ္ေတာ့ဘူးဟယ္ ပိုက္ဆံအလကားျဖစ္ေနဦးမွ ငါရင္ကြဲမွာ"
"ဟီးဟီး ဟုတ္တယ္"
ကေလးမေလးေတြက တျခားအေၾကာင္းအရာေျပာင္းသြားေသာ္လည္း ထယ္ေယာင္းရဲ့ နားထဲမွာေတာ့ အခါခါၾကားေယာင္ေနမိသည္။
ဖုန္းထုတ္ၾကည့္ျပန္ေတာ့လဲ နိုင္ငံတကာဘက္ကပါ ေဝဖန္ထားတာေတြအမ်ားႀကီးျဖစ္ေနျပန္သည္။JK Gay ဆိုတဲ့ ေခါင္းစဥ္ႀကီးကို မျမင္ရက္။
ေမာင္ကေလ Gayမွမဟုတ္တာ။သူ႔တစ္ေယာက္ထဲကိုပဲခ်စ္တဲ့ ျဖဴစင္ရိုးသားတဲ့ေကာင္ေလးပါ ဆိုတာကို အားလုံးသိေအာင္ေအာ္ေျပာလိုက္ခ်င္သည္။
Messageေလးက ေမာင့္ထံကေနဝင္လာတာေၾကာင့္ဖြင့္ဖတ္လိုက္ေတာ့...
*ေယာင္းေရ ေမာင္ဒီမွာ ျပသနာပ္ိစိေလး ရွင္းေနလို႔ ၾကာဦးမယ္။တစ္ခုခုစားထားႏွင့္ေနာ္ ညနည္းနည္းေလး ေနာက္က်မယ္။ခ်စ္တယ္ ေမာင့္ေကာင္ေလးေရ*
ေမာင္!!ငါေတာ့ တစ္ခုခုကို ဆုံးျဖတ္ခ်ိန္ေရာက္ပီ ထင္ပါရဲ့....
__________
သူ႔ရဲ့ဆုံးျဖတ္ခ်က္သည္ေမာင့္အတြက္မတရားတာသိသည္။ေမာင့္အေမရဲ့ စကားကိုနားေထာင္တာမဟုတ္ဘူးေမာင္။မင္းအတြက္ မင္းအနာဂတ္ကို ငါေစာင့္ေရွာက္ေပး႐ုံပါ။
အိမ္ျပန္ေရာက္တာနဲ႔ ေမာင္ဝယ္ေပးထားတဲ့ ပစၥည္းေလးေတြကအစ အားလုံးကို အိတ္တစ္လုံးထဲစုထည့္လိုက္သည္။
သူမ်က္ရည္မက်တာၾကာပီ။ဒါေပမဲ့ ဒီေန႔ေတာ့ငိုခ်င္သည္။ေမာင့္အတြက္ ေယာင္းႏွလုံးသားေလးကို ေယာင္းကိုယ္တိုင္ နာက်င္ေအာင္လုပ္ေနရတာကိုေမာင္နားလည္ဖို႔ေကာင္းတယ္။
ႏွလုံးသားကေအာင့္မ်က္လာသည္ႏွင့္တၿပိဳင္နက္ မ်က္ရည္တစ္ေပါက္က လိမ့္ဆင္းသြားသည္။ေဆးလိပ္တဘူးလုံးလဲ ကုန္သြားသလို လူလဲ ေပ်ာ့ေခြေနေခ်ပီ။အိပ္ယာထက္ ေကြးေကြးေလးေနပီး ေမာင့္ပုံေလးကို ရင္ဘတ္ထဲသြင္းကာပိုက္ထားမိသည္။
ဒီပုံေလးက ေမာင္ငယ္ငယ္ကပုံေလးမို႔ ဘယ္သြားသြားပါသည္။ေမာင့္ရဲ့ အေငြ႕အသက္ေတြေရာႁပြန္းေနတဲ့ အခန္းေလးထဲ ထယ္ေယာင္း အသက္ရွုသံသာရွိသည္။
မခြဲရေသးဘူး ႀကိဳလြမ္းေနပီေမာင္!
ရီစရာေကာင္းသား ေမာင့္ကို သူကရက္စက္ရမယ္တဲ့။ေမာင့္ကို႐ူးေလာက္ေအာင္ခ်စ္တဲ့သူက ကိုယ္တိုင္ထားသြားရမယ္တဲ့။ေမာင့္ကို ပထမဆုံးကိုယ္ခ်င္းဆာတတ္လာသည္။
လြန္ခဲ့တဲ့ ၅ႏွစ္က ေမာင္လဲ ဒီလိုခံစားခဲ့ရမွာပဲ။ေမာင့္မွာလဲ အခက္အခဲေတြၾကားက ထားခဲ့ရတာကို ေတြးမိေတာ့ ေမာင့္ကိုနားလည္လာသည္။ပိုခ်စ္တဲ့သူက ရွုံးသည္တဲ့။
အခုသူရွုံးေနရပီ။ေမာင့္ကို ပိုခ်စ္လို႔သာျဖစ္မည္။
တံခါး Pw ရိုက္သံၾကားသည္ႏွင့္ သူထထိုင္လိုက္မိသည္။မ်က္ရည္စေတြကို ဖိသုတ္ရင္း အပူ႐ုပ္ကိုဟန္လုပ္လိုက္မိသည္။ေမာင္က ေခါင္းမာတယ္ေလ သူမွမရက္စက္ပဲ ေပ်ာ့အိျပေနရင္ ေမာင္က လြယ္လြယ္နဲ႔လက္ခံမွာမဟုတ္ဘူး။
အခန္းထဲထိတန္းဝင္လာတဲ့ ေမာင့္မ်က္ႏွာေလးက ႏြမ္းဖတ္ေနတယ္။ရင္ထဲမွာ တဆစ္ဆစ္နဲ႔ နာလာရတယ္။ေမာင္က ျပဳံးေနတာနဲ႔ပဲလိုက္ဖက္တာေလ....
"ေယာင္း ေစာင့္ေနရတာၾကာပီလား~ ေဆာရီးပါကြာ ေမာင္မုန႔္ဝယ္လာတယ္ လာေမာင္ျပင္ေပးမယ္ အတူတူစားရေအာင္ေနာ္"
ေမာင္က မီးဖိုခန္းထဲဝင္ရန္ျပင္ေနျပန္တယ္။လက္ထဲက အထုတ္ေတြကို ေျမႇာက္ျပရင္း ထယ္ေယာင္းကို ေခၚေနတာ။
"လမ္းခြဲရေအာင္!!"
ျပတ္သားၾကည္လင္ေသာ ထိုအသံက ေဂ်ာင္ကုရဲ့ ေျခလွမ္းေတြကို ရပ္တန႔္သြားေစတယ္။ေယာင္းက သူေနာက္က်လို႔စေနတာ...
"ေမာင္ေနာက္က်လို႔ စိတ္ေကာက္ေနတာလား။ေယာင္းရယ္ ေမာင္ျပသနာေတြရွင္းေနရလို႔ပါကြာ။ပီးေတာ့ အကိုေတြကို လဲေသခ်ာနားလည္ေအာင္ ေတာင္းပန္ေနရေသးတယ္ေလ အဲတာေၾကာင့္ပါ စမေနနဲ႔ ေမာင္ မင္းႀကိဳက္တဲ့ ပီဇာဝယ္လာတယ္ လာ! စားရေအာင္"
ေမာင္ကဂ႐ုမစိုက္စြာ မီးဖိုခန္းထဲဝင္သြားတာမို႔ ထယ္ေယာင္းအေနာက္ကေန လိုက္လာမိတယ္။
ေမာင္က ခုံေပၚမွာ အက်အနျပင္ေနတဲ့ထိ ထယ္ေယာင္း ရပ္ၾကည့္ေနမိေတာ့တာ။
ေတာင္းပန္ပါတယ္ေမာင္ နဲနဲေလးေတာ့ မင္းနာက်င္ရမွာေပါ့။ပီးရင္ အဆင္ေျပသြားမွာပါ။
"ေမာင္ေရခ်ိဳးလိုက္ဦးမယ္ေနာ္ ေယာင္းစားႏွင့္ေတာ့ ဆာေနေရာေပါ့"
ေျပာပီးအခန္းထဲဝင္သြားျပန္တဲ့ ေမာင့္ေနာက္တခါလိုက္ရျပန္သည္။မျဖစ္ဘူးေလ ေမာင္သူ႔ကိုနားက်ည္းမွ ေမာင္အဆင္ေျပမွာမဟုတ္လား...
"လမ္းခြဲၾကမယ္လို႔...ဂၽြန္ေဂ်ာင္ကု"
အက်ီခၽြတ္လတ္စေမာင္က ထယ္ေယာင္းကို နားမလည္နိုင္သလို ၾကည့္လာတယ္။ထယ္ေယာင္းရဲ့ ႏွုတ္ခမ္းဆီေရာက္လာတဲ့ ေမာင့္အနမ္းေတြကို ေရွာင္ေတာ့ ေမာင့္မ်က္ႏွာကခပ္ရဲရဲ။
"ေယာင္း အဲ့စကားကို စတာပဲျဖစ္ျဖစ္ မေျပာနဲ႔ ေမာင္မႀကိဳက္ဘူး"
အက်ီကို ေလ်ာ္မဲ့ျခင္းထဲပစ္ထည့္လိုက္ပီး ေမာင္က ေရခ်ိဳးခန္းထဲဝင္ရန္ျပင္ေနတာမို႔ ထယ္ေယာင္းလဲ အားယူကာ...
"ငါတကယ္ေျပာေနတာ မယုံလဲမင္းသေဘာပဲ...ငါသြားပီ ေဂ်ာင္ကု"
ေဘးနားက အထုတ္ကို ေကာက္ဆြဲေနတဲ့ ထယ္ေယာင္းနားကို ေမာင္က လ်င္ျမန္ေသာ အရွိန္နဲ႔ ေရာက္လာတယ္။
အခုမွအထုတ္ကိုပါေတြ႕တာမို႔ ေမာင္က အလြန္အံဩေနဟန္။
"ေယာင္း!ဘာေတြေျပာေနတာလဲ ဘာလို႔လမ္းခြဲရမွာလဲ။ဘယ္ကို ထြက္သြားမွာလဲ။ေမာင္ဘာအမွားလုပ္မိလို႔လဲကြာ"
ထယ္ေယာင္းဆီက အထုတ္ႀကီးကို ေမာင္ကဆြဲယူပီး သူ႔အေနာက္ဖက္သို႔ပို႔ကာ ဖြင့္ၾကည့္သည္။
ဟင္!တကယ္ပဲ ေယာင္းက ထြက္သြားဖို႔လုပ္ထားတာ...
"ငါမင္းကို မခ်စ္ခဲ့ဘူး။မင္းကို ကလဲ့စားေခ်ခ်င္လို႔ ပတ္သက္ခဲ့တာ။မင္းလိုပဲ ငါလဲ ထားခဲ့ဖူးခ်င္လို႔ မင္းကို ျပန္လက္ခံခဲ့တာ။ေဂ်ာင္ကု မင္းက အရမ္းတုံးတာပဲ။လြယ္လြယ္နဲ႔ ငါက မင္းလုပ္ရပ္ေတြကိုေမ့ပစ္နိုင္မယ္ထင္ေနတာလား...မင္းကို မခ်စ္ခဲ့ဖူးဘူး အခုကအခ်ိန္ေကာင္းပဲေလ ဟုတ္တယ္မလား "
"ကင္မ္ထယ္ေယာင္း!!မင္း ဘာေတြေျပာေနတာလဲ။ေမာင္ မယုံဘူး ေယာင္း...ေယာင္းေမာင့္ကိုခ်စ္တာေမာင္သိတယ္"
က်စ္လစ္တဲ့ ေမာင့္ရင္ဘတ္ဟာ နိမ့္ခ်ဥ္ျမင့္ခ်ဥ္ျဖင့္ လွုပ္ရွားေနၾကတယ္။ေမာင္ အရမ္းေဒါသထြက္ေနပီပဲ...
"မခ်စ္ပါဘူးဆို ဇြတ္ခ်စ္တယ္လုပ္ေနတယ္။မင္းသိတယ္မလား ဟိုေန႔ကငါ ဂ်ီမင္းနဲ႔ ဟိုတယ္သြားတာ။ငါကအဲလိုလူပါဆို...မင္းကိုလဲ ငါအေပ်ာ္သာသာသေဘာထားခဲ့တာေလ"
ေမာင့္မ်က္လုံးေတြ တေျဖးေျဖးနီရဲလာတယ္။လက္သီးကိုက်စ္က်စ္ပါေအာင္ဆုတ္ထားရာကေန ထယ္ေယာင္းရဲ့ ပုခုံးႏွစ္ဖက္ကို ကိုင္လွုပ္လာေလသည္။
"ငါတို႔ အတူတူ အိပ္ယာေပၚမွာ ခ်စ္ခဲ့ၾကတာေတြကေရာ? ဟမ္ မင္းေျပာ!!"
"ေဂ်ာင္ကု မင္းလဲေယာက္က်ားပဲ။ဒါက သာယာမွုရ႐ုံဆိုတာမင္းလဲသိတာပဲမဟုတ္လား။အဲတာပဲ ဘာမွမပိုဘူး"
"ေတာက္!!ငါကြာ....မင္းကို ငါသတ္မွာ..ငါ့ကိုထားသြားရင္ မင္းကိုသတ္မွာ"
ေဒါသေၾကာင့္ေမာင္ဟာ သူ႔ရဲ့ လည္ပင္းအက်ီစေတြကို စုကိုင္ကာ ထယ္ေယာင္းမ်က္ႏွာနားထိ တိုးကပ္လာခဲ့သည္။အံကိုႀကိတ္ကာ ေျပာေနပုံက ေမာင္ရဲ့ ေဆာက္တည္ရာမရျခင္းေတြကို ျပသေနတယ္။
"အဟြတ္!!လႊတ္စမ္း ေဂ်ာင္ကု"
သူလည္ပင္းအစ္လာပီး ေမာင့္ရင္ဘတ္ေတြကို အညႇာအတာကင္းမဲ့စြာထုလိုက္မွ ေမာင္ကအသိဝင္လာသူလို လႊတ္ေပးကာ သူ႔လက္ေတြကို သူနံရံဆီေျပးထိုးေလသည္။
ေသြးစက္တို႔ျဖင့္ ေပပြေနေသာ ေမာင့္လက္ေတြဟာ နံရံကိုအညႇာအတာမဲ့စြာ ထိုးေနတယ္။
"ေတာ္ေတာ့!!မင္းထိုးေနလဲအပိုပဲ ။ငါသြားပီ ေဂ်ာင္ကု"
အိတ္ကို ဆြဲကာ လည့္ထြက္လိုက္ေတာ့ ေမာင္ရပ္တန႔္သြားေလသည္။ဟင္!အခု ေမာင္ဘာလုပ္လိုက္တာ??
"ေယာင္း!!ေမာင္ေတာင္းပန္ပါတယ္ မသြားပါနဲ႔၊မင္းမရွိတဲ့ ဘဝမွာ ေမာင္မေနနိုင္လို႔ပါ။ေမာင္ မွားတာေတြကို ဒီလို ေတာင္းပန္တာမို႔ ထားမသြားပါနဲ႔ကြာ..."
ထယ္ေယာင္းရဲ့ ေျခေထာက္ကို ေမာင္က လက္ႏွစ္ဖက္ျဖင့္ အုပ္ကိုင္ကာ ဒူးေထာက္၍ ေတာင္းပန္ေနျခင္း။ေမာင္ငိုေနတယ္...
ဟင့္အင္း!မငိုရဘူး ေမာင္။ငါ့အတြက္နဲ႔ ေမာင္မငိုရဘူးေလ...
ထယ္ေယာင္း ေမာင္ကိုင္ထားတဲ့ ေျခေထာက္ေတြကို ခါထုတ္လိုက္တယ္။သူ႔ရင္ထဲလဲ အရမ္းကို နာက်င္ေနရေပမဲ့ သူကဟန္ေဆာင္ေကာင္းတယ္ေလ။တစ္ခုပဲ ေမာင္ဆက္္ ငိုေနရင္ ၾကာၾကာဟန္မေဆာင္န္ိုင္ေတာ့ မွာစိုးရတယ္။
"ေတာ္ပီေဂ်ာင္ကု မင္းငိုေနလဲ မသနားဘူး။လႊတ္စမ္း ငါ့ကို ေနာက္လဲ မပတ္သက္နဲ႔။မင္းနဲ႔ငါက ပတ္သက္လို႔ရတဲ့သူေတြမဟုတ္ေတာ့ဘူး"
ထယ္ေယာင္းရဲ့ စကားသံအဆုံးေမာင္ဟာ ေခါင္းငိုက္စိုက္က်သြားခဲ့တယ္။ပီးေနာက္ ေျဖးေျဖးခ်င္းထလာပီး လက္ေတြကို အုပ္ကိုင္လာျပန္တယ္။
"ေယာင္း အရမ္းသြားခ်င္ေနရင္ မနက္မွသြားေနာ္။ေမာင့္ေကာင္ေလးက ညဘက္ႀကီး ထြက္သြားတာမ်ိဳး ေမာင္မလိုခ်င္ဘူး။ဒီတစ္ညေတာ့ ေယာင္းဒီမွာပဲေနလိုက္ပါ။ေမာင္နဲ႔ မေနခ်င္ဘူးဆိုလဲရတယ္။ေမာင္အျပင္ထြက္အိပ္ေပးပါ့မယ္။အခုက ၁၀နာရီေတာင္ေက်ာ္ေနပီ ေနာ္ ။မနက္မွ ေယာင္းသြားခ်င္တဲ့ ေနရာကိုသြားပါ"
ေဂ်ာင္ကုပုံစံက စိတ္ေလ်ာ့လိုက္ပုံရပီး ေျပာတာလဲ မွန္သည္မို႔ ထယ္ေယာင္းလဲ ဒီညေတာ့ ေနရန္ဆုံးျဖတ္လိုက္သည္။
ေမာင့္ကို ေလ်ာ့တြက္ရင္ မွားသြားမွာေပါ့ေယာင္းရယ္။ေမာင့္ကို ထားသြားရင္ သတ္ပစ္မွာလို႔ေျပာထားပီးသား......
____________
BeeBee
1.11.2021
ေနာက္ ၂ပိုင္းေလာက္ပဲက်န္ေတာ့တယ္ေဟ့ 😁
***********