Zawgyi Version
သူမ၏ အမုန္းတရားမ်ားေၾကာင့္ မူလက လွပခဲ့ေသာ လီခ်ိဳးေ႐ႊ၏ မ်က္နွာသည္ သဟဇာတပ်က္စီးလာသည္။ ၿပီးေတာ့ သူမစကားမ်ားက လူပရိသတ္အား ထိတ္လန္႔တုန္လႈပ္ေစသည္။ ဒါဆို ဒီလိုေပါ့...
လူတိုင္းက အႀကီးအက်ယ္ထိတ္လန္႔ေနၾကသည္။ ဝမ္ရမ္လဲ့က မုရံုခ်ီခ်ီအား မယံုၾကည္နိုင္စြာ ၾကည့္လိုက္သည္။ သူ႔အၾကည့္က ရႈပ္ေထြးေနလ်က္....
တႀကိမ္တေလမွာ မင္ယြဲ႕က သူမနွင့္ တူသည့္ သမီးေလးတေယာက္ ေမြးဖြားေပးဖို႔ သူ ေမွ်ာ္လင့္မိခဲ့သည္။ ထို႔ေနာက္ သူက ထိုကေလးအား သူ႔အခ်စ္မ်ားအားလံုးကုိ ေပးအပ္လိုက္မည္။(ေယာက်္ားနွင့္ မိန္းမၾကား ရွိသည့္ အခ်စ္မဟုတ္) ၿပီးေတာ့ သူမကို ကမာၻေပၚမွာ အေပ်ာ္ဆံုးလူသား ျဖစ္ေစရမည္။ လီခ်ိဳးေ႐ႊက မင္ယြဲ႕ကို သယ္လာတုန္းက မင္ယြဲ႕၏ ေဖာင္းကားေနေသာ ဝမ္းဗိုက္မွာ ျပားခ်ပ္ေနေလၿပီ။
သူက ဒီကေလးကို ေသၿပီဟု ထင္ကာ သူ႔အတြက္ အၾကာႀကီး ဝမ္းနည္းေနခဲ့ရသည္။ သို႔ေပမယ့္ မုရံုခ်ီခ်ီက မင္ယြဲ႕မ်က္နွာ၊ ဖုန္းရွဲ႔မ်က္လံုးနွင့္ သူ႔ေရွ႕မွာ အသက္ရွင္လွ်က္ ရပ္ေနတာ ျမင္ေသာအခါ ဝမ္ရမ္လဲ့၏ ေသဆံုးသြားေသာ နွလံုးသားမွာ ျပန္လည္ ခုန္ေပါက္လာသည္ဟု ခံစားရသည္။
"ငါ နင့္ကို ဘာလို႔ ခ်ီခ်ီလို႔ နာမည္ေပးခဲ့လဲ သိလား? ဘာလို႔လည္း ဆုိေတာ့ နင္က ဇူလိုင္လ ၇ရက္ေန႔မွာ ေမြးခဲ့လို႔ပဲ! ၇နွစ္လံုးထပ္ ပြဲေတာ္(တရုတ္ခ်စ္သူမ်ားေန႔) ႏြားေက်ာင္းသားနဲ႔ ယက္ကန္းသမေလးတို႔ ေတြ႕ဆံုတဲ့ေန႔ပဲ! မင္ယြဲ႕က နင့္ကို ေမြးဖို႔ သူမရဲ႕ အားအကုန္သံုးခဲ့ရတယ္။ သူမက နင့္ကို ငါ့ဆီအပ္ၿပီး ေပက်ိဳးကို ေခၚသြားၿပီး နင့္ကို မယ္ေတာ္ႀကီးလက္ထဲ ထည့္ေပးေစခ်င္ခဲ့တယ္"
မုရံုခ်ီခ်ီ နာမည္က ခ်ီခ်ီဆိုတာ ၇၇လို႔ အဓိပၸာယ္ရတယ္တဲ့
"ဟား ဟား သူမက အရမ္းကို မိုက္မဲတာပဲ! သူမက တကယ္ပဲ ငါ့ကို သူမရဲ႕ သူငယ္ခ်င္းေကာင္းအျဖစ္ ယူဆၿပီး သူမဆႏၵကို ၿပီးေျမာက္ဖို႔ ငါ့ကို ကူညီေစခ်င္ခဲ့တယ္။ ဒါမွသာ သူမက ေျမေအာက္ကမာၻကို သြားၿပီး ဖုန္းရွဲ႔ကို ေတြ႕နိုင္မွာေလ... ငါက သူမဆႏၵေတြကို မျဖစ္ေျမာက္ေစရဘူး! ဖုန္းရွဲ႔က ေသၿပီ! သူမ ဖုန္းရွဲ႔ကို သြားၿပီး အေဖာ္ျပဳမွာကို ငါ မျဖစ္ေစခ်င္ဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူမက အရည္အခ်င္းမရွိလို႔ပဲ! ဒါ့ေၾကာင့္ ငါ နင့္ကို ယူလာခဲ့တယ္! ငါ ဒီေန႔ကို ေစာင့္ေနခဲ့တယ္! နင့္နာမည္ကို သမိုင္းမွာ နာမည္ဆိုးတခုအေနနဲ႔ က်န္ရစ္ခဲ့ေအာင္ ငါ ေစာင့္ေနခဲ့တယ္!"
လီခ်ိဳးေ႐ႊ၏ အသံထဲမွာ ရူးသြပ္ေနသည့္ ရယ္ေမာသံေတြ ပါဝင္ေနၿပီး သူမမ်က္လံုးမ်ားမွ မ်က္ရည္မ်ား က်ဆင္းေနသည္။ ဒီေန႔ကို ေရာက္ဖို႔အတြက္ သူမ နွစ္ေပါင္းမ်ားစြာ ေစာင့္ဆိုင္းခဲ့ရသည္။
"ရွင္က အရမ္းရက္စက္တယ္! ရွင္က ကိုယ့္သမီးရင္းကိုေတာင္ ျပန္သတ္ပစ္ရက္တယ္!"
မုရံုခ်ီခ်ီက အရာအားလံုးကို နားလည္သြားၿပီ ျဖစ္သည္။
"ထီြ... အဲ့ဒီကေလးက ငါ့သမီးမဟုတ္ဘူး!
လီခ်ိဳးေ႐ႊက သူမေခါင္းကို အနည္းငယ္ေစာင္း၍ မုရံုခ်ီခ်ီအား ၾကည့္လိုက္သည္။
"ငါက ငါခ်စ္တဲ့ ေယာက်္ားရဲ႕ ကေလးေတြကိုပဲ ေမြးေပးခ်င္တာ! ဒါေပမယ့္ သူက ငါ့ကို မခ်စ္ဘဲ တျခားတေယာက္ကို လက္ထပ္သြားတယ္! ဒါ့ေၾကာင့္ ငါက တျခားေယာက်္ားတေယာက္ရဲ႕ ကေလးကို ေမြးမေပးဖို႔ ကိုယ့္ကိုယ္ကိုယ္ ကတိျပဳထားခဲ့တယ္။ ငါ ကိုယ္ဝန္ေဆာင္ရၿပီဆိုကတည္းက ငါ ရက္စက္ရေတာ့မွာပဲ!"
"ေ႐ႊအာ... မင္း ဘာေျပာလိုက္တယ္! မင္း တကယ္ပဲ ငါတို႔ကေလးကို သတ္ပစ္လိုက္တာလား? "
အသံေရာက္လာသလို မုရံုထိုက္ကလည္း မယံုၾကည္နိုင္သည့္ အမူအယာျဖင့္ လူတိုင္း၏ ေရွ႕တြင္ ေရာက္ရွိလာသည္။
"ငါ့ကို ေျပာပါ မင္းေျပာတာက အမွန္မဟုတ္ဘူးလို႔!"
လူတိုင္းက မုရံုထိုက္ကို ျမင္ေသာအခါ အံ့ၾသသြားၾကသည္။ ရွီးခ်ီ၏ ဂုဏ္သိကၡာရွိေသာ ဝန္ႀကီးခ်ဳပ္သည္ လံုဇယ္က်င့္ထ်န္း၏ အေစခံဟန္ေဆာင္၍ ဒီကို လိုက္ပါလာမည္ဟု မည္သူမွ ထင္မထားခဲ့ေပ။ သူ႔မ်က္နွာေပၚမွ လူ႔အေရျပားမ်က္နွာဖံုးသာ ဖယ္မခ်လိုက္လွ်င္ ဘယ္သူမွ သတိျပဳမိမည္ မဟုတ္ေပ။
"ရွင္ ကြၽန္မေနာက္ လိုက္လာတာလား?"
မုရံုထိုက္ကို ျမင္ေသာအခါ အံ့ၾသမႈအျပင္ လီခ်ိဳးေ႐ႊက ေဒါသပါ ျဖစ္လာသည္။
"မုရံုထိုက္ ဘယ္တုန္းက ရွင္ ဒီလို ျဖစ္လာရတာလဲ? ရွင္ တကယ္ပဲ ကြၽန္မေနာက္ကို ေနာက္ေယာင္ခံလိုက္ရဲတယ္! ရွင္က ေတာ္ေတာ္႐ြံစရာေကာင္းတယ္! ရွင္ ဒီလိုလူမ်ိဳး ျဖစ္လိမ့္မယ္လို႔ ကြၽန္မ ထင္မထားခဲ့ဘူး!"
"မင္းက ျမန္ျမန္ထြက္သြားတာေလ... မင္း တခုခုျဖစ္မွာ ငါ စိုးရိမ္လို႔! ဒါ့ေၾကာင့္ ငါ မင္းေနာက္ကို လိုက္ခဲ့တာ။ မင္း ရန္ၿမိဳ႕ေတာ္ကို သြားလိမ့္မယ္လို႔ ငါ ထင္မထားခဲ့ဘူး! ငါ့ကို ေျပာစမ္းပါ မင္းေျပာသမွ်က အမွန္မဟုတ္ဘူးဆိုတာ! ခ်ီခ်ီက ငါတို႔ကေလး... ဖုန္းရွဲ႔သမီး မဟုတ္ဘူးဆိုတာကို! ငါ့ကို ေျပာစမ္းပါ ခ်ီခ်ီက ငါတို႔ သမီးရင္းဆိုတာကို"
မုရံုထိုက္က လီခ်ိဳးေ႐ႊလက္ကို ဆုပ္ကိုင္ကာ အၾကမ္းပတမ္းျဖင့္ ဆြဲခါလိုက္သည္။ သူ သူမေနာက္က ေနာက္ေယာင္ခံလိုက္ခဲ့ေသာ္လည္း ဒီလိုစကားမ်ိဳးကို ၾကားရလိမ့္မည္ဟု သူ ထင္မထားခဲ့ေပ။ သူ တသက္လံုး ခ်စ္ခဲ့သည့္ အမ်ိဳးသမီးက သူတို႔ကေလးေတြကို တကယ္ပဲ သတ္ပစ္ခဲ့သည္။ သူမက ဒီလိုအရာမ်ိဳးကို လုပ္ရဲသည္။ မုရံုထိုက္က အမွန္တကယ္ကို မယံုၾကည္နိုင္ေပ။
ဒါက လီခ်ိဳးေ႐ႊ၏ ေဒါသစကားမ်ား ျဖစ္မည္။ ဒီလိုပဲ ျဖစ္ရမည္! ခ်ီခ်ီက ေသခ်ာေပါက္ သူတို႔ကေလး ျဖစ္ရမည္! ဘယ္လိုလုပ္ ဖုန္းရွဲ႔နွင့္ ဝမ္ရမ္မင္ယြဲ႕ ကေလး ျဖစ္ရမည္နည္း? ဒါကို ေျပာလိုက္လို႔ သူမအတြက္ ဘာျဖစ္သြားမွာမို႔လို႔လဲ? သူ တခုခု အမွားလုပ္ထားလို႔လား?
"ေ႐ႊအာ... သူတို႔ကို ေျပာလိုက္! မင္း သူတို႔ကို လိမ္ေနတာပါလို႔ ေျပာလိုက္ေလ! ခ်ီခ်ီက ငါ့သမီး ! သူမက ငါ့သမီးပဲ!"
"****"
ဒဏ္ရာ ရရွိထားေသာ္လည္း လီခ်ိဳးေ႐ႊက သိုင္းပညာေလ့က်င့္ထားသူတေယာက္ ျဖစ္လို႔ အားနည္းတဲ့ စာေပပညာရွင္ မုရံုထိုက္ထက္ ပိုၿပီး သန္မာသည္။ လက္ဖဝါးခ်က္ တခ်က္ထဲနွင့္ပင္ သူမက မုရံုထိုက္ကို ေျမေပၚသို႔ တြန္းပစ္လိုက္သည္။
"ရွင့္ရဲ႕ ညီွေစာ္နံတဲ့ လက္ေတြနဲ႔ ကြၽန္မကို မထိနဲ႔ ! ကြၽန္မကို ႐ြံရွာေစတယ္!"
လီခ်ိဳးေ႐ႊစကားလံုးက မုရံုထိုက္ကို နက္နက္ရိႈင္းရိႈင္း နာက်င္ေစသည္။ ေယာက်္ားတေယာက္ပင္ ျဖစ္ေသာ္လည္း မုရံုထိုက္၏ မ်က္လံုးမ်ားမွာ စိုစြတ္လာသည္။ သူက ႐ြံစရာေကာင္းတယ္လို႔ သူမက ခံစားရတယ္တဲ့လား? ဘာေၾကာင့္ ဒီလိုျဖစ္ရတာလဲ? သူမ ဘုရားေက်ာင္းမွာ ဘာေၾကာင့္ ေနခဲ့ရတယ္ဆိုတဲ့ အေၾကာင္းျပခ်က္လား?
"ငါ့ကို ေျပာစမ္းပါ! ဒါက အမွန္မဟုတ္ဘူးလို႔! ငါ့ကို ေျပာစမ္းပါ! ခ်ီခ်ီက ငါတို႔ကေလးဆိုတာကို!"
"ဟား ဟား ဟား"
မုရံုထိုက္စကားက လီခ်ိဳးေ႐ႊအတြက္ ဟာသတခုလိုပင္။ သူမက မုရံုထိုက္ဆီကို ဘုရင္မတပါးလို ေလွ်ာက္လာသည္။ သူမက မုရံုထိုက္ကို မတန္မရာလို ၾကည့္လိုက္သည္။ သူမမ်က္လံုးမ်ားတြင္ အထင္ေသးမႈမ်ား ျပည့္နွက္ေနကာ
"ရွင္က ဆင္းရဲတဲ့ ေက်းေတာသားတေယာက္ပဲ! ရွင့္မွာ ေကာင္းမြန္တဲ့ မ်က္ႏွာေလးနဲ႔ စာေပအရည္အခ်င္းေလးရွိတာက လြဲရင္ ဒီလိုဒီလိုပါပဲ! လီမ်ိဳးရိုးရဲ႕ အႀကီးဆံုးသခင္မေလးက ရွင့္ကို တကယ္သေဘာက်လိမ့္မယ္လို႔ ရွင္ထင္ေနတာလား?"
"မုရံုထိုက္... ကြၽန္မနဲ႔ ကြၽန္မေနာက္က လီမိသားစုေၾကာင့္သာ မဟုတ္ရင္ ရွင္က က်ဆံုးေနတဲ့ စာသင္သား တေယာက္သာ ျဖစ္ၿပီး ဆင္းရဲတဲ့ ေနရာမွာ ရွိတဲ့ ရွင့္အိမ္က လယ္ကြင္းကို ထြန္ယက္စိုက္ပ်ိဳး တူးဆြေနရတဲ့သူပဲ ျဖစ္ေနလိမ့္မယ္! အမ်ားဆံုးမွ ရွင္က ဆင္းရဲတဲ့ ေက်ာင္းဆရာတေယာက္ ျဖစ္ေနရံုပဲ! ရွင္ ဘာလုပ္နိုင္လို႔လဲ? ရွင့္ကိုယ္ရွင္ ဘယ္သူလို႔ ထင္ေနလို႔လဲ?"
"ရွင့္ကိုယ္ရွင္ ဝန္ႀကီးခ်ဳပ္ဝတ္စံု ဝတ္ဆင္လိုက္တာနဲ႔ တျခားသူေတြထက္ ပိုလွသြားၿပီလို႔ ထင္ေနတာလား? ကြၽန္မသာ မရွိခဲ့ရင္ ရွင္လည္း ဘာေကာင္မွ ျဖစ္လာမွာ မဟုတ္ဘူး!"
"ငါ!"
မုရံုထိုက္ႏႈတ္ခမ္းေတြက တုန္ရီေနသည္။ လီခ်ိဳးေ႐ႊႏွလံုးသားထဲမွာ သူက ဒီေလာက္ သည္းမခံနိုင္စရာ ျဖစ္ေနမယ္လို႔ ထင္မထားခဲ့ေပ။ လီခ်ိဳးေ႐ႊ သူ႔ကို ေ႐ြးခ်ယ္ခဲ့စဥ္တုန္းက သူ႔ကို ေၾကာက္႐ြံစိတ္ေတြ စိတ္လႈပ္ရွားမႈေတြ အၾကာႀကီး ျဖစ္ေစခဲ့သည္။ လီခ်ိဳးေ႐ႊကို လက္ထပ္ရျခင္းက သူ႔ဘဝ၏ အႀကီးမားဆံုးေသာ ေကာင္းခ်ီးမဂၤလာျဖစ္သည္ဟု မုရံုထိုက္ တခါတုန္းက ေတြးခဲ့ဖူးသည္။ သို႔ေသာ္လည္း လီခ်ိဳးေ႐ႊက သူ႔ကို ဒီလိုပံုစံနွင့္ ၾကည့္ခဲ့လိမ့္မည္ဟု သူ တခါမွ ေတြးမထားမိခဲ့ေပ။
"မုရံုထိုက္... ကြၽန္မ ရွင့္ကို ေျပာမယ္! ကြၽန္မ ဘယ္တုန္းကမွ ရွင့္ကို မခ်စ္ခဲ့ဘူး! ခ်ီခ်ီက ရွင့္သမီး မဟုတ္သလို ႐ႊယ္လ်န္ကလည္း မဟုတ္ဘူး! ကြၽန္မ ဘယ္တုန္းကမွ ရွင့္ကို မခ်စ္ခဲ့သလို ရွင္နဲ႔လည္း ကေလးမရွိခဲ့ဘူး! ကြၽန္မ ဘယ္တုန္းကမွ ဆႏၵမရွိခဲ့ဘူး! ရွင္ ကြၽန္မကို ထိတဲ့အခါတိုင္း ကြၽန္မ ဘာေၾကာင့္ ေရခ်ိဳးလဲ ရွင္သိလား? ရွင္ကေတာ့ ထင္လိမ့္မယ္ ကြၽန္မက မိန္းမတယာက္မို႔ ဒါကို ဂရုစိုက္တယ္ဆိုၿပီး! ကြၽန္မ ရွင့္ကို ေျပာမယ္ ရွင္ မွားတယ္! ကြၽန္မ ခႏၶာကိုယ္ေပၚမွာ တျခားေယာက်္ားတေယာက္ရဲ႕ အနံ႔အသက္ေတြ ရွိတာကို ကြၽန္မ မုန္းလို႔ပဲ! ညစ္ပတ္တယ္! အရမ္းညစ္ပတ္တယ္!"
လီခ်ိဳးေ႐ႊ၏ ေနာက္ဆံုးစကားက မုရံုထိုက္အား ရံႈးနိမ့္သြားေစသည္။
သူ႔ရဲ႕ ဆယ့္ေျခာက္နွစ္ၾကာ အေတြးမ်ားနွင့္ အမွတ္တရမ်ားသည္ လီခ်ိဳးေ႐ႊ၏ ' ဆႏၵမရွိ' ဟုေသာ စကားတြင္ ပ်က္စီးသြားခဲ့သည္။ ဒါဆို သူမထံမွ ခ်စ္ျခင္းေမတၱာဆိုတာ ဟန္ေဆာင္မႈေပါ့! ဒါဆို သူမအေတြးထဲမွာ ဖုန္းရွဲ႔သာ အၿမဲတမ္း ရွိေနခဲ့ၿပီး ဘယ္တုန္းကမွ ဖုန္းရွဲ႔ကို လႊတ္မခ်ခဲ့ဘူးေပါ့!ဒါဆို သူက အရူးတေယာက္ေပါ့! နွစ္ေပါင္းမ်ားစြာ သူက အရူးတေယာက္လို သူမကို ေစာင့္ေနခဲ့တာေပါ့!
"မင္း ငါ့ကို မခ်စ္ဘူးဆိုမွေတာ့ ဘာေၾကာင့္ မင္း ငါ့ကို လက္ထပ္ခဲ့တာလဲ? "
ဒီတေခါက္ မုရံုထိုက္၏ ရုပ္ရည္မွာ သနားစရာေကာင္းေနသည္။ လီခ်ိဳးေ႐ႊ သူ႔ကို အမွန္တရားကို ေျပာျပေသာအခါ သူ႔နွလံုးသားက ရံႈးနိမ့္မႈကို ခံစားလိုက္ရသည္။ တခဏအတြင္းမွာ သူက အမ်ားႀကီး အိုစာသြားသလို သူ႔မ်က္နွာက ျဖဴဖပ္ျဖဴေလ်ာ္ျဖစ္ၿပီး သူ႔အမူအယာေတြကလည္း ပ်က္ယြင္းေနသည္။
ဒီအခ်က္တြင္ မုရံုထိုက္ အေလးထားသည့္ အရာမွာ တိုင္းျပည္တခု၏ ဝန္ႀကီးခ်ဳပ္မ်က္နွာ မဟုတ္ေပ။ သူ႔အား အမွန္တကယ္ ထိခိုက္ေစေသာ အရာမွာ လီခ်ိဳးေ႐ႊ၏ နွလံုးသားကင္းမဲ့ၿပီး ရက္စက္သည့္ စကားမ်ားနွင့္ လီခ်ိဳးေ႐ႊက သူ႔အား ဘယ္တုန္းကမွ မခ်စ္ခဲ့ဘူးဆိုတာပင္။
မုရံုထိုက္က ေမွ်ာ္လင့္ခ်က္ မကုန္ဆံုးေသးဘဲ သူ႔နွလံုးသား၏အနက္ရိႈင္းဆံုးမွ ထိုအရာကို လိုခ်င္ခဲ့သည္။
"ဘာလို႔လဲဆိုေတာ့ ရွင္က က်ိဳးႏြံၿပီး နာခံတတ္လို႔ပဲ... ဘာလို႔လဲဆိုေတာ့ ရွင့္မွာ ေနာက္ခံအင္အားနဲ႔ အာဏာမရွိလို႔ပဲ! ရွင္ပိုၿပီး အာဏာရွိလိုရင္ ရွင့္အေနနဲ႔ ကြၽန္မကို မွီခိုဖို႔ လိုအပ္တယ္! ရွင္ ကြၽန္မရဲ႕ ခ်ဳပ္ကိုင္မႈထဲက ထြက္မရနိုင္ဘူး ဘာလို႔လည္း ဆိုေတာ့ ရွင္က ကြၽန္မရဲ႕ ေခြးျဖစ္ခ်င္လို႔ပဲ! ကြၽန္မေခၚမယ့္ အခ်ိန္တိုင္း နားစြင့္ေနတယ္ ကြၽန္မရဲ႕ ခ်ယ္လွယ္မႈတိုင္းကို ခံယူေနခ်င္လို႔ပဲ!"
"ဘန္း!"
အစက မတ္တပ္ရပ္ေနသည့္ မုရံုထိုက္မွာ မူးေဝလာသလို ခံစားလိုက္သည္။ ထို႔ေနာက္ သူသည္ ၾကမ္းျပင္ေပၚ လဲက်သြားသည္။ သူ အလြန္အသံုးမက်သည့္သူ ျဖစ္ေနေသာအခါ လီခ်ိဳးေ႐ႊမ်က္နွာေပၚရွိ ေလွာင္ေျပာင္ျခင္းနွင့္ ရႈတ္ခ်ျခင္းတို႔မွာ ပိုမိုျပင္းထန္လာသည္။
"ကြၽတ္ ကြၽတ္ ကြၽတ္ ရွင့္ကိုယ္ရွင္ ၾကည့္ပါအံုး! တကယ္ကို ေက်ာရိုးမရွိတဲ့ သရဲေဘာေၾကာင္သူပဲ! ကြၽန္မ ဒီထိေတာင္ ေျပာလာမွေတာ့ ရွင့္ကို ဆက္ေျပာလိုက္အံုးမယ္! ကြၽန္မ ႐ႊယ္လ်န္ကို ေကာက္လာတာ! သူမက ကြၽန္မနဲ႔ ရွင္နဲ႔ ရတဲ့ ကေလးမဟုတ္ဘူး! ကေလးေမြးတုန္းကတည္းက အဲ့ဒီကေလးကို စြန္႔ပစ္ခိုင္းခဲ့တာ! ကြၽန္မ မခ်စ္တဲ့ ေယာက်္ားတေယာက္အတြက္ ကေလးေတြ ေမြးမေပးနိုင္ဘူး! အထူးသျဖင့္ ရွင္ပဲ! ရွင္က လံုးဝ မထိုက္တန္ဘူး!"
ဒီျဖစ္စဥ္တြင္ တိုင္းျပည္၏ ဧကရာဇ္ျဖစ္သူ ဝမ္ရမ္လဲ့ေရာ မယ္ေတာ္ႀကီး တုန္ဖန္လန္ပါ လီခ်ိဳးေ႐ႊစကားမ်ားေၾကာင့္ ထိတ္လန္႔ကုန္ၾကသည္။ တကယ့္ကို ရက္စက္တဲ့ မိန္းမပဲ! တကယ္ကိုပဲ!
ပါဝင္ပတ္သက္သည့္ သူမ်ားထဲတြင္ တည္ၿငိမ္မႈကို ထိန္းသိမ္းထားနိုင္သူမွာ မုရံုခ်ီခ်ီပင္ ျဖစ္သည္။ အမွန္တရားက ဒီလိုျဖစ္တယ္ဆိုတာ သူမ တခါမွ မေတြးခဲ့ဖူးေပ။ အခင္းျဖစ္ပြားသည့္ ေနရာရွိ အနက္ေရာင္ဝတ္ဆင္ထားသည့္ သက္လတ္ပိုင္းအ႐ြယ္ လွပသည့္ မိန္းမတေယာက္ကို ၾကည့္ရင္း မုရံုခ်ီခ်ီက တလွမ္းၿပီး တလွမ္း သူမဆီ ေလွ်ာက္လာသည္။
"ရွင္ ဖုန္းရွဲ႔ကို ခ်စ္ၿပီး သူက ရွင့္ကို မခ်စ္တာနဲ႔ ရွင္က ဒါေတြ အားလံုးကို ႀကံစည္ခဲ့တယ္ေပါ့? ဒါ့ေၾကာင့္ ကြၽန္မ လက္မထပ္ခင္တုန္းက ကြၽန္မကို ျမန္ျမန္ကေလးယူဖို႔ ေျပာၿပီး မဂၤလာဝတ္စံုမွာ စိတ္ႂကြေဆးေတြ သံုးခဲ့တယ္ေပါ့ ဟုတ္လား?"
"နင္ ရွာေတြ႕ခဲ့တာလား?"
လီခ်ိဳးေ႐ႊက မုရံုခ်ီခ်ီ၏ လိမ္မာပါးနပ္မႈကို တခစ္ခစ္ရယ္ေမာလိုက္သည္္။
"ဒါေပမယ့္ နင္ရွာေတြ႕တာ ေနာက္က်သြားၿပီ ထင္ပါရဲ႕! အခု အရမ္းေနာက္က်သြားၿပီ! မေန႔ညက နင္နဲ႔ ဖုန္းခ်န္က မဂၤလာဦးညကို ကုန္ဆံုးခဲ့တယ္လို႔ ငါ ၾကားခဲ့တယ္... ဟားဟားဟား ဟားဟားဟား..."
"ငါ အရမ္းေပ်ာ္တယ္! ငါ အရင္တုန္းက တခါမွ ဒီေလာက္ မေပ်ာ္ဖူးဘူး! ဝမ္ရမ္မင္ယြဲ႕သာ သူ႔သမီးနဲ႔ သူ႔သားက လက္ထပ္ၿပီး မဂၤလာဦးညကို အတူတူကုန္ဆံုးခဲ့တယ္ဆိုတာသာ သိရင္ သူမ ေဒါသျဖစ္လြန္းလို႔ ေခါင္းတလားထဲကေတာင္ ခုန္ထြက္ေလာက္တယ္မလား? သူမ ေနာက္ဘဝမွာ သာယာေအးခ်မ္းမွာ မဟုတ္ေလာက္ဘူးမလား? ဒါ ငါခ်စ္တဲ့ ေယာက်္ားကို ယူသြားတဲ့အတြက္ ေပးဆပ္ရမယ့္ တန္ဖိုးပဲ! ဟား ဟား ဟား!"
လီခ်ိဳးေ႐ႊစကားမ်ားကို ၾကားေသာအခါ တုန္ဖန္လန္က မူးေဝသြားၿပီး ေမ့လဲလုနီးပါးပင္! ခ်င္းကူက သူမကို လက္တဖက္ျဖင့္ အျမန္ေထာက္ထားလိုက္သည္။
"မယ္ေတာ္ႀကီး... မယ္ေတာ္ႀကီး... ဘာျဖစ္လို႔လဲ?"
"ငါ...."
တုန္ဖန္လန္၏ နွလံုးသားထဲတြင္ အသက္ရႈရတာ မြန္းၾကပ္လာသည္။ အသက္ရႈရတာ အထက္မတက္သလို ေအာက္လည္း မက်ေတာ့ေပ။
လက္ကိုင္ပဝါေပၚက အနီေရာင္ကို ေတြးမိေတာ့တုန္ဖန္လန္က သတိလစ္လုနီးပါးပင္! ေကာင္းကင္ဘံုေရ သူမ ဘာအမွားေတြမ်ား လုပ္ခဲ့ရလို႔ ဒီလို အျပစ္ေပးမႈကို ခံခဲ့ရတာလဲ? သူမသမီးနဲ႔ သားမက္က ေၾကကြဲစရာအေသဆိုးနဲ႔ ေသခဲ့ရတယ္! သူမေျမး လက္ထပ္လိုက္တဲ့ ဇနီးက သူမေျမးအရင္းျဖစ္ေနတယ္! ဘယ္သူပဲ ျဖစ္ျဖစ္ ဒီလိုသတင္းမ်ိဳးကို လက္ခံလိုက္ရရင္ ဘယ္သူမွ သည္းခံနိုင္မွာမဟုတ္ဘူး!
"အဘြားေတာ္!"
တုန္ဖန္လန္ ထိုသို႔ျဖစ္ေနတာကို ျမင္ေသာအခါ မုရံုခ်ီခ်ီက သူမအား တြဲကူရန္ ေရွ႕တိုးလာသည္။ သူမလက္ေလးေတြက အႀကီးအကဲ၏ ေနာက္ေက်ာမွာ ထားထားသည္။ ေႏြးေထြးမႈတခုက တုန္ဖန္လန္ရင္ဘတ္သို႔ ျဖတ္သန္းေပၚေပါက္လာသည္။
ခဏအၾကာတြင္ တုန္ဖန္လန္က အသက္ျပန္ရႈနိုင္သြားသည္။
"ခ်ီခ်ီ"
တုန္ဖန္လန္က မုရံုခ်ီခ်ီလက္ကို ကိုင္ထားသည္။ သူမ်က္ရည္မ်ားက က်ဆင္းလာသည္။
" အိုက္က်ား မင္းကို ရင္းနွီးေနတယ္လို႔ ခံစားေနရတာ အံၾသစရာမရွိေတာ့ပါဘူး!အိုက္က်ား မင္းမ်က္လံုးေတြက တေယာက္ေယာက္နဲ႔ တူတယ္လို႔ ခံစားရၿပီး နီးစပ္သလို ခံစားရတာ မထူးဆန္းေတာ့ပါဘူး! အိုက္က်ား ဘာကို ထင္မထားခဲ့တာလဲဆိုေတာ့ မင္းက အိုက္က်ားရဲ႕ ေျမးအရင္း ျဖစ္ေနတယ္ဆိုတာကိုပဲ! ငါ့ရဲ႕ သနားစရာကေလးေလး!"
တုန္ဖန္လန္မ်က္ရည္မ်ားက လီခ်ိဳးေ႐ႊအား အႀကီးမားဆံုး ေက်နပ္မႈကို ေပးစြမ္းနိုင္သည္။ သူမႏႈတ္ခမ္းက ႀကီးႀကီးက်ယ္က်ယ္ေလွာင္ေျပာင္လိုသည့္ ေထာင့္ခ်ိဳးတခုသို႔ ျမင့္တက္သြားသည္။ သူမက မုရံုခ်ီခ်ီလက္ေမာင္းၾကားထဲမွာ ငိုေနသည့္ တုန္ဖန္လန္အား စိုက္ၾကည့္လိုက္သည္။
"နင္တို႔ မဂၤလာဦးညကို ကုန္ဆံုးလိုက္တယ္လို႔ ငါၾကားထားတယ္! ဟား ဟား ဟား ဂုဏ္ယူပါတယ္! နင္တို႔က ကမာၻေပၚမွာ ပထမဆံုးစံုတြဲ ျဖစ္သြားၿပီ!"
"ပါးစပ္ပိတ္ထား!"
ဝမ္ရမ္လဲ့က ေအာ္ဟစ္၍ လီခ်ိဳးေ႐ႊအား ေနွာက္ယွက္လိုက္သည္။ ရလဒ္က သူ႔ေမွ်ာ္လင့္ထားမႈထက္ သာလြန္ေနသည္။ မုရံုခ်ီခ်ီက တကယ္ပဲ မင္ယြဲ႕၏ သမီးျဖစ္ၿပီး သူ၏ တူမျဖစ္သည္။ ဝမ္ရမ္လဲ့နွလံုးသားက ဒါကို မခံစားနိုင္ေပ။ အခု ဖုန္းခ်န္နဲ႔ မုရံုခ်ီခ်ီက ျဖစ္ေတာင္ျဖစ္ ....။
"ပါးစပ္ပိတ္ရမယ္? ငါေျပာတာက အမွန္ပဲေလ! ငါ မေျပာလိုက္တာနဲ႔ပဲ ဒီကိစၥက မရွိေတာ့ဘူးလား?"
"မလိုပါဘူး..."
ဖုန္းခ်န္၏ အသံက ေအးစက္မႈအရိပ္အေယာင္မ်ားျဖင့္ ေအးစက္ေနသည္။
တခ်ိန္လံုး ၿငိမ္သက္ေနသည့္ ဖုန္းခ်န္က စကားစေျပာလာသည္ကို ျမင္ေသာအခါ လီခ်ိဳးေ႐ႊက ေပ်ာ္႐ႊင္သြားသည္။
"ဘာလဲ? နင္က နင္တို႔ၾကားမွာ ဘာခံစားခ်က္မွ မရွိဘူးလို႔ ေျပာခ်င္ေသးတာလား? နင္တို႔ၾကားမွာ ဘာမွမျဖစ္ခဲ့ဘူးလို႔ ေျပာရဲေသးတာလား? နင္တို႔ မဂၤလာဦးညကို တူတူမကုန္ဆံုးခဲ့ဘူးလို႔ ေျပာရဲေသးတာလား?"
"ခင္ဗ်ားကို စိတ္ပ်က္ေစတဲ့အတြက္ စိတ္မေကာင္းပါဘူး! မေန႔ညက ပန္ဝမ္က သိပ္ေနမေကာင္းလို႔ မဂၤလာဦးညကို မကုန္ဆံုးလိုက္ရဘူး။ လက္ကိုင္ပဝါေပၚက အရာက ပန္ဝမ္ကိုယ္တိုင္ ခိုတေကာင္ဆီက ယူထားတဲ့ ေသြးပဲ! ခင္ဗ်ား ထင္ေနသလို မဟုတ္ဘူး"
"ဘယ္လို?"
အားလံုးက တၿပိဳင္တည္းနီးနီး ေရ႐ြတ္လိုက္သည္။ လူေတြက မတူညီၾကေသာ္လည္း သူတို႔အားလံုး၏ အသံထဲတြင္ အံၾသမႈမွ ျဖစ္တည္ေသာ ေပ်ာ္႐ႊင္မႈအရိပ္အေယာင္မ်ား ထုတ္ေဖာ္ေနၾကသည္။ ၎တို႔သည္ လံုဇယ္က်င့္ထ်န္းနွင့္ ဝမ္ရမ္ဟုန္တို႔ပင္။
မုရံုခ်ီခ်ီက ေရစႏၵာေၾကးမံုကို ဖယ္လိုက္ေသာအခါ လံုဇယ္က်င့္ထ်န္းသည္ သူမကို သိလိုက္သည္... တုရွန္းအာပင္!
သူ အၾကာႀကီး ရွာေဖြခဲ့ရသည့္ မိန္းကေလးသည္ သူေရွ႕မွာပင္ ျဖစ္သည္။ ထို႔အျပင္ သူက သာမာန္သူမကို ခ်စ္ေနေသးသည္။ ထိုအရာသည္ လံုဇယ္က်င့္ထ်န္းကို ဤကမာၻႀကီး၏ ကံၾကမၼာအား အံ့အားသင့္စြာ ခ်ီးက်ဴးဂုဏ္ျပဳရံုမွတပါး တျခားမရွိေတာ့ေပ။ မုရံုခ်ီခ်ီက အမွန္တကယ္ တုရွန္းအာ ျဖစ္သည္မွာ ေပၚထြက္လာေလၿပီ! သူမက တကယ္ပဲ သူ႔ကို ကစားခဲ့ၿပီး သူမလက္ဖဝါးထဲက အရုပ္တရုပ္လို သေဘာထားခဲ့သည္။ သူ႔မွာ သူမနွင့္ လြဲေခ်ာ္လုနီးပါးပင္!
အခုေလးတင္ လံုဇယ္က်င့္ထ်န္းက သူ မုရံုခ်ီခ်ီကို ဘယ္ခ်ိန္က စၿပီး အမွားက်ဴးလြန္ခဲ့သလဲဆိုတာကို ေတြးၾကည့္မိသည္။ ေနာက္ဆံုးတြင္ သူမွတ္မိလာသည္။ သူတို႔ ပထမဆံုး စေတြ႕သည့္ အခ်ိန္မွ ျဖစ္သည္။ သူမက သူ႔ကို ကယ္ၿပီးေနာက္ သူက ေစ့စပ္ေၾကာင္းလမ္းမႈကို ဖ်က္သိမ္းၿပီး ဝန္ႀကီးခ်ဳပ္အိမ္ေတာ္မွ အမိႈက္မကို ဖယ္ရွားပစ္မည္ဟု ေျပာခဲ့သည္။ သူမ ဒါကို ၾကားၿပီး သူ႔ကို လက္စားေခ်လိုက္တာ ျဖစ္မည္။
ေစာေစာက မုရံုခ်ီခ်ီ၏ တကယ့္ရုပ္သြင္ကို ျမင္ေသာအခါ လံုဇယ္က်င့္ထ်န္းမွာ အသက္ရႈရပ္မတတ္ပင္! အဲ့ဒီေန႔က ညအခ်ိန္တြင္ ျဖစ္သည္။ လေရာင္ေအာက္တြင္ သူမက သန္႔စင္ေသာ လီလီပန္းေလးလို ျဖစ္သည္။ ဒီေန႔ အနီေရာင္နန္းတြင္းဝတ္စံုကို ဝတ္ဆင္ထားေသာအခါ သူမက ဆူးေတြဝန္းရံထားေသာ နွင္းဆီပန္းေလးနွင့္ တူၿပီး လူေတြကို သူမအား ခ်စ္ျခင္းမွ မရပ္တန္႔နိုင္ေအာင္ ျဖစ္ေစသည္။ ေစာေစာက လီခ်ိဳးေ႐ႊေျပာတာ ၾကားေသာအခါ သူ႔နွလံုးသားမွာ လည္ေခ်ာင္းထဲမွ ခုန္ထြက္မလိုပင္ ခံစားရသည္။
သူမသာ ဖုန္းခ်န္၏ ညီမရင္း ျဖစ္ခဲ့ၿပီး သူတို႔ၾကားမွာ အမွန္တကယ္ တခုခုျဖစ္ခဲ့ရင္ေတာင္ မုရံုခ်ီခ်ီကို သူ ဘယ္လိုကာကြယ္ရမလဲဆိုတာ သူေတြးထားခဲ့သည္။ လီခ်ိဳးေ႐ႊကို သတ္ၿပီး ဒီျဖစ္ရပ္ကို ဖံုးကြယ္ထားလိုက္မည္... ဝမ္ရမ္လဲ့ ဆႏၵရွိေနတဲ့ မဟာမိတ္ျပဳလက္ထပ္ျခင္းကို အခြင့္ေကာင္းယူၿပီး မုရံုခ်ီခ်ီကို လက္ထပ္လိုက္မည္ ဒါမွမဟုတ္....
အခု ဖုန္းခ်န္က သူတို႔ၾကားတြင္ ဘာမွမျဖစ္ခဲ့ဘူးဟု ေျပာေနသည္။ လက္ကိုင္ပဝါေပၚမွာ ေသြးမ်ားမွာ ခုိုေသြးမ်ားဟု ဆိုေနသည္။ လံုဇယ္က်င့္ထ်န္းနွလံုးသားမွာ သူ႔လည္ေခ်ာင္းထဲမွ ခုန္ထြက္မတတ္ပင္! ဒါက ေကာင္းကင္ဘံုက ေပးတဲ့ လက္ေဆာင္နဲ႔ ေကာင္းခ်ီးပဲလား? သူ႔ရဲ႕ ေပ်ာက္ဆံုးေနတဲ့ ရတနာကို ျပန္ေပးလိုက္တာလား? မုရံုခ်ီခ်ီကို ရဖို႔ သူ႔ကို အခြင့္အေရးထပ္ေပးလိုက္တာလား?
လံုဇယ္က်င့္ထ်န္းနွင့္ ယွဥ္ေသာ္ ဝမ္ရမ္ဟုန္မ်က္လံုးမ်ားက ဆႏၵေတြကို ျပသေနသည္။
ေဒၚေလးဝမ္ရမ္မင္ယြဲ႕မွာ ေလာကနံပါတ္တစ္ အလွတရားပိုင္ရွင္ ျဖစ္သည္။ သူမ၏ ရုပ္ရည္နွင့္ အၿပံဳးမွာ ငယ္႐ြယ္ေသာ ဝမ္ရမ္ဟုန္၏ နွလံုးသားထဲတြင္ ထြင္းထုထားသလို ျဖစ္သည္။ သူ အ႐ြယ္ေရာက္လာတာေတာင္ တခါတရံ သူ႔ေဒၚေလးဝမ္ရမ္မင္ယြဲ႕အား အိပ္မက္မက္ေလ့ရွိသည္။ အခု မုရံုခ်ီခ်ီကို ျမင္ရေသာအခါ သူမက ဝမ္ရမ္မင္ယြဲ႕ထက္ေတာင္ ပိုလွေနေသးသည္။ ဝမ္ရမ္ဟုန္နွလံုးသားက အလြန္လ်င္ျမန္စြာ ခုန္လာသည္။ သူက မုရံုခ်င္းလ်န္ကိစၥကို တိမ္ေပၚ လႊင့္ပစ္လိုက္သည္မွာ ၾကာလွေလၿပီ။
ခမည္းေတာ္က ဖုန္းခ်န္ကို အလြန္အလိုလိုက္သည္။ မုရံုခ်ီခ်ီ၏ သရုပ္မွန္ကို သိရေသာအခါ ေသခ်ာေပါက္ သူမကိုလည္း အလိုလိုက္လိမ့္မည္။ ခမည္းေတာ္သည္ အိမ္နွင့္ အိမ္ကက်ီးကန္းကို ခ်စ္ၿပီး အိမ္ေရွ႕စံျဖစ္သည့္ သူ႔ကိုေရာ ပိုဂရုမစိုက္သင့္လား? ၿပီးေတာ့ ဖုန္းခ်န္က သူ႔ဆီလာၿပီး ထီးနန္းမခိုးယူဘူးလို႔ေရာ မေျပာနိုင္ဘူးလား?
အမွန္တကယ္ေပ်ာ္႐ႊင္ေနသည့္ သူမ်ားမွာ တုန္ဖန္လန္နွင့္ ဝမ္ရမ္လဲ့တို႔ ျဖစ္ၾကသည္။ ဖုန္းခ်န္နွင့္ မုရံုခ်ီခ်ီၾကား ဘာမွမျဖစ္ခဲ့ၾကဘူးဆိုတာက ဒီကေလးႏွစ္ေယာက္၏ ဂုဏ္သိကၡာကို မထိခိုက္နိုင္ေတာ့ ဟု ဆိုလိုသလို ဒီကိစၥေၾကာင့္ သူတို႔လည္း စိတ္ပိုင္းဆိုင္ရာ၊ ရုပ္ပိုင္းဆိုင္ရာ ထိခိုက္ေတာ့မည္မဟုတ္ေပ။ ဒါေပါ့ အေကာင္းဆံုးအရာပဲ!
ဝမ္ရမ္လဲ့အတြက္ကေတာ့ သူ႔ခံစားခ်က္က ရႈပ္ေထြးေနသည္။ နွစ္ရွည္လမ်ား ေပ်ာက္ဆံုးသြားေသာ တူမကို ရွာေတြ႕လိုက္ရျခင္းက ဝမ္ရမ္လဲ့ကို တခါမွ မခံစားဖူးတဲ့ ခံစားခ်က္မ်ိဳး ခံစားရေစသည္။ ေျခာက္ေသြ႕ေနသည့္ ျမစ္က မိုးေရနွင့္ ေတြ႕သြားတာနွင့္ တူသည္။ အခု မုရံုခ်ီခ်ီ၏ ပံုစံမွာ ဝမ္ရမ္မင္ယြဲ႕ လက္မထပ္ခင္က ပံုစံလို သန္႔စင္ၿပီး အျပစ္ကင္းစင္းသည့္ ပံုစံက သူ၏ နွလံုးသားအိုႀကီးကို အလြန္လ်င္ျမန္စြာ ခုန္ေပါက္လာေစသည္။
မင္ယြဲ႕ မင္းေနာက္ဆံုးေတာ့ ငါ့နွလံုးသားကို နားလည္သြားလို႔ မဟုတ္လား? ဒါ့ေၾကာင့္ မင္း ခ်ီခ်ီကို ပို႔လိုက္တာမဟုတ္လား? ငါ ေသခ်ာေပါက္ ခ်ီခ်ီကို ဂရုစိုက္လိုက္ပါ့မယ္! ငါ သူမကို ကမာၻေပၚမွာ ရွိတဲ့ အေကာင္းဆံုးအရာေတြကို ေပးအပ္မယ္! ငါ သူမကို ကမာၻေပၚမွာ အေလးစားခံရဆံုးနဲ႔ အဖိုးတန္ဆံုး မိန္းကေလးတေယာက္ ျဖစ္လာေစရမယ္!
ဝမ္ရမ္လဲ့၏ ေပ်ာ္႐ႊင္မႈက မိဖုရားေခါင္နွင့္ တယ့္ေဖး၏ မ်က္လံုးထဲသို႔ ေရာက္ရွိသြားသည္။ နွစ္ေယာက္သား အသံတိတ္ျဖင့္ 'ဆိုးၿပီ'ဟု ေအာ္လိုက္သည္။
ဖုန္းရွဲ႔နွင့္ ဝမ္ရမ္မင္ယြဲ႕တို႔၏ မ်က္နွာေၾကာင့္ ဝမ္ရမ္လဲ့က ဖုန္းခ်န္အား အထူးမ်က္နွာသာေပးသည္။ အခု မုရံုခ်ီခ်ီတေယာက္ ရွိလာၿပီ! ဖုန္းမိသားစုခ်ည္း အက်ိဳးအျမတ္ေတြ ရေနသလို မျဖစ္ဘူးလား? ဒါက ဘယ္လိုလုပ္မွန္နိုင္မွာလဲ? မုရံုခ်ီခ်ီနဲ႔ ဖုန္းခ်န္ရဲ႕ ဆက္ဆံေရးက အစကတည္းက ေကာင္းေနခဲ့တာ! ဒီမိန္းမသာ ဘယ္လိုလွည့္ကြက္ေတြ သံုးရမယ္ဆိုတာ သိၿပီး ဝမ္ရမ္လဲ့က ဖုန္းခ်န္ကို ထီးနန္းလႊဲေပးဖို႔ ေျပာခဲ့ရင္ ဝမ္ရမ္လဲ့အတြက္ မလုပ္ဘူးဆုိတာ မျဖစ္နိုင္ဘူး။
ဘာလုပ္ရမလဲ? မိန္းမနွစ္ေယာက္၏ ပထမတံု႔ျပန္မႈမွာ သူတို႔သားေတြ ထီးနန္းရရွိေရးအတြက္ပင္! ဝမ္ရမ္ဟုန္က မုရံုခ်ီခ်ီကို ၾကည့္ေနတဲ့ပံုကို လီပင္းျမင္ေသာအခါ သူမသား ဘာလိုခ်င္တယ္ဆိုတာကို သူမ ခ်က္ခ်င္း နားလည္လိုက္သည္။
မုရံုခ်ီခ်ီသာ တကယ္ပဲ ဖုန္းရွဲ႔နွင့္ ဝမ္ရမ္မင္ယြဲ႕တို႔၏ သမီးျဖစ္ရင္ ေကာင္းၿပီ... သူမက လက္ထပ္ဖို႔ အ႐ြယ္ေရာက္ေနၿပီ! သူမကို ဝမ္ရမ္ဟုန္ဆီ ပို႔လိုက္တာက အေကာင္းဆံုးပဲ! ဒီလိုအားျဖင့္ မုရံုခ်ီခ်ီေပၚ ထားသည့္ ဝမ္ရမ္လဲ့၏ အခ်စ္ကို အသံုးခ်ကာ ဝမ္ရမ္ဟုန္အဆင့္အတန္းကို တည္ၿမဲေစမည္။
လင္းကဲ့ရွင္းက ဘယ္လိုလုပ္ ဒီအေမနဲ႔ ဒီသားရဲ႕ အေတြးကို မသိဘဲ ေနမွာလဲ? သူတို႔က လွလွပပေတြးေနတယ္! အခု သူတို႔က မုရံုခ်ီခ်ီဟာ တကယ္ပဲ ဖုန္းရွဲ႔နဲ႔ ဝမ္ရမ္မင္ယြဲ႕ရဲ႕ သမီးဆိုတာ ေသခ်ာမသိရေသးဘူး။ သူမက တကယ္ဆိုရင္ ဝမ္ရမ္ဟုန္မွာက အိမ္ေရွ႕စံမင္းသမီး ရွိၿပီသားေလ။ သူမရဲ႕ ဝမ္ရမ္ရီကသာ အဓိကဇနီး မရွိေသးတာ။ ဝမ္ရမ္ခန္ဆို စီေဖးေတာင္ မရွိေသးဘူး။ မုရံုခ်ီခ်ီက ေသခ်ာေပါက္ သူမရဲ႕ ေခြၽးမျစ္လာရမယ္!
ကိစၥက ရွင္းရွင္းလင္းလင္း မျဖစ္ေသးခင္ လူေတြက မုရံုခ်ီခ်ီအတြက္ ဘယ္လိုယွဥ္ၿပိဳင္ရမယ္ဆိုတာကို ေတြးေတာေနၾကသည္။
ဖုန္းခ်န္က မဂၤလာဦးညမွာ သူတို႔ ဘာမွမျဖစ္ခဲ့ဘူးဟု လီခ်ိဳးေ႐ႊအား ေျပာေသာအခါ သူမက မယံုၾကည္နိုင္ေပ။
"ဟြန္႔! နန္လင္းဝမ္ရဲ႕ တုံ႔ျပန္မႈက တကယ္ျမန္တာပဲ! အခု နင္က ဒီလိုေျပာေတာ့ ငါတို႔ကို အရူးေတြလို႔ ထင္လို႔လား? ငါ ယံုမယ္လို႔ေရာ နင္ထင္လို႔လား? ပန္းလို ႏူးညံ့သိမ္ေမြ႕ၿပီး အဖိုးတန္ေက်ာက္စိမ္းလို သန္႔စင္တဲ့ မိန္းမတေယာက္ နင့္ေဘးမွာ ရွိေနတာ... ဒါ့အျပင္ သူမက နင္ခ်စ္တဲ့ မိန္းမတေယာက္လည္း ျဖစ္ေနတယ္ နင္ စိတ္မလႈပ္ရွားဘူးလား?"
လီခ်ိဳးေ႐ႊက ထိုအရာကို မယံုနိုင္ေပ။ မုရံုခ်ီခ်ီကလည္း ရွင္းျပရန္ ပ်င္းရိလွသည္။ သူမက ဓားေျမႇာင္ကို ယူကာ သူမ ဘယ္ဘက္လက္ေမာင္းေပၚမွ အက်ႌစကို ၿဖဲလိုက္ကာ သူမ၏ ဟင္းရိုင္းေတာက္တဲ့အမွတ္ကို ေဖာ္ျပလိုက္သည္။ လီခ်ိဳးေ႐ႊက သူမပါးစပ္ကိုေတာင္ မပိတ္နိုင္ေတာ့ဘဲ
"ဒါ ဘယ္လိုျဖစ္နိုင္မွာလဲ? ဒါ ဘယ္လိုျဖစ္နိုင္မွာလဲ? မျဖစ္နိုင္တာ..."
လီခ်ိဳးေ႐ႊက အေျပးအလႊားသြားၿပီး ၾကည့္လိုေသာ္လည္း သူမကို ဖုန္းခ်န္က လက္တဖက္တည္းနွင့္ အေဝးကို တြန္းထုတ္လိုက္သည္။ ထို႔ေနာက္ ဖုန္းခ်န္၏ အေပၚဝတ္ရံုျဖင့္ မုရံုခ်ီခ်ီကို ပတ္ေပးလိုက္သည္။
"ရွင့္ရဲ႕ အႀကံအစည္ေတြကို အလကားျဖစ္ေသခဲ့လို႔ ေတာင္းပန္ပါတယ္"
လီခ်ိဳးေ႐ႊ၏ ၾကက္ေသေသေနသည့္ အမူအယာကို ၾကည့္ရင္း မုရံုခ်ီခ်ီက ေအးစက္စြာ နွာမႈတ္လိုက္သည္။
"ရွင္က ကြၽန္မကို ကြၽန္မအေမ မင္းသမီးမင္ယြဲ႕ဆီက ယူလာတယ္ဆိုေတာ့ မင္းသမီးမင္ယြဲ႕က ဘယ္မွာလဲ? သူမက ကြၽန္မအေဖဖုန္းရွဲ႔နဲ႔ အတူတူ မီးသၿဂႋဳလ္လိုက္တာ မဟုတ္ဘူးလား? ဒါဆို ေသသြားတဲ့သူက သူမမဟုတ္တာလား?"
*************************
Unicode Version
သူမ၏ အမုန်းတရားများကြောင့် မူလက လှပခဲ့သော လီချိုးရွှေ၏ မျက်နှာသည် သဟဇာတပျက်စီးလာသည်။ ပြီးတော့ သူမစကားများက လူပရိသတ်အား ထိတ်လန့်တုန်လှုပ်စေသည်။ ဒါဆို ဒီလိုပေါ့...
လူတိုင်းက အကြီးအကျယ်ထိတ်လန့်နေကြသည်။ ဝမ်ရမ်လဲ့က မုရုံချီချီအား မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ သူ့အကြည့်က ရှုပ်ထွေးနေလျက်....
တကြိမ်တလေမှာ မင်ယွဲ့က သူမနှင့် တူသည့် သမီးလေးတယောက် မွေးဖွားပေးဖို့ သူ မျှော်လင့်မိခဲ့သည်။ ထို့နောက် သူက ထိုကလေးအား သူ့အချစ်များအားလုံးကို ပေးအပ်လိုက်မည်။(ယောကျ်ားနှင့် မိန်းမကြား ရှိသည့် အချစ်မဟုတ်) ပြီးတော့ သူမကို ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသား ဖြစ်စေရမည်။ လီချိုးရွှေက မင်ယွဲ့ကို သယ်လာတုန်းက မင်ယွဲ့၏ ဖောင်းကားနေသော ဝမ်းဗိုက်မှာ ပြားချပ်နေလေပြီ။
သူက ဒီကလေးကို သေပြီဟု ထင်ကာ သူ့အတွက် အကြာကြီး ဝမ်းနည်းနေခဲ့ရသည်။ သို့ပေမယ့် မုရုံချီချီက မင်ယွဲ့မျက်နှာ၊ ဖုန်းရှဲ့မျက်လုံးနှင့် သူ့ရှေ့မှာ အသက်ရှင်လျှက် ရပ်နေတာ မြင်သောအခါ ဝမ်ရမ်လဲ့၏ သေဆုံးသွားသော နှလုံးသားမှာ ပြန်လည် ခုန်ပေါက်လာသည်ဟု ခံစားရသည်။
"ငါ နင့်ကို ဘာလို့ ချီချီလို့ နာမည်ပေးခဲ့လဲ သိလား? ဘာလို့လည်း ဆိုတော့ နင်က ဇူလိုင်လ ၇ရက်နေ့မှာ မွေးခဲ့လို့ပဲ! ၇နှစ်လုံးထပ် ပွဲတော်(တရုတ်ချစ်သူများနေ့) နွားကျောင်းသားနဲ့ ယက်ကန်းသမလေးတို့ တွေ့ဆုံတဲ့နေ့ပဲ! မင်ယွဲ့က နင့်ကို မွေးဖို့ သူမရဲ့ အားအကုန်သုံးခဲ့ရတယ်။ သူမက နင့်ကို ငါ့ဆီအပ်ပြီး ပေကျိုးကို ခေါ်သွားပြီး နင့်ကို မယ်တော်ကြီးလက်ထဲ ထည့်ပေးစေချင်ခဲ့တယ်"
မုရုံချီချီ နာမည်က ချီချီဆိုတာ ၇၇လို့ အဓိပ္ပာယ်ရတယ်တဲ့
"ဟား ဟား သူမက အရမ်းကို မိုက်မဲတာပဲ! သူမက တကယ်ပဲ ငါ့ကို သူမရဲ့ သူငယ်ချင်းကောင်းအဖြစ် ယူဆပြီး သူမဆန္ဒကို ပြီးမြောက်ဖို့ ငါ့ကို ကူညီစေချင်ခဲ့တယ်။ ဒါမှသာ သူမက မြေအောက်ကမ္ဘာကို သွားပြီး ဖုန်းရှဲ့ကို တွေ့နိုင်မှာလေ... ငါက သူမဆန္ဒတွေကို မဖြစ်မြောက်စေရဘူး! ဖုန်းရှဲ့က သေပြီ! သူမ ဖုန်းရှဲ့ကို သွားပြီး အဖော်ပြုမှာကို ငါ မဖြစ်စေချင်ဘူး။ ဘာကြောင့်လဲဆိုတော့ သူမက အရည်အချင်းမရှိလို့ပဲ! ဒါ့ကြောင့် ငါ နင့်ကို ယူလာခဲ့တယ်! ငါ ဒီနေ့ကို စောင့်နေခဲ့တယ်! နင့်နာမည်ကို သမိုင်းမှာ နာမည်ဆိုးတခုအနေနဲ့ ကျန်ရစ်ခဲ့အောင် ငါ စောင့်နေခဲ့တယ်!"
လီချိုးရွှေ၏ အသံထဲမှာ ရူးသွပ်နေသည့် ရယ်မောသံတွေ ပါဝင်နေပြီး သူမမျက်လုံးများမှ မျက်ရည်များ ကျဆင်းနေသည်။ ဒီနေ့ကို ရောက်ဖို့အတွက် သူမ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသည်။
"ရှင်က အရမ်းရက်စက်တယ်! ရှင်က ကိုယ့်သမီးရင်းကိုတောင် ပြန်သတ်ပစ်ရက်တယ်!"
မုရုံချီချီက အရာအားလုံးကို နားလည်သွားပြီ ဖြစ်သည်။
"ထွီ... အဲ့ဒီကလေးက ငါ့သမီးမဟုတ်ဘူး!
လီချိုးရွှေက သူမခေါင်းကို အနည်းငယ်စောင်း၍ မုရုံချီချီအား ကြည့်လိုက်သည်။
"ငါက ငါချစ်တဲ့ ယောကျ်ားရဲ့ ကလေးတွေကိုပဲ မွေးပေးချင်တာ! ဒါပေမယ့် သူက ငါ့ကို မချစ်ဘဲ တခြားတယောက်ကို လက်ထပ်သွားတယ်! ဒါ့ကြောင့် ငါက တခြားယောကျ်ားတယောက်ရဲ့ ကလေးကို မွေးမပေးဖို့ ကိုယ့်ကိုယ်ကိုယ် ကတိပြုထားခဲ့တယ်။ ငါ ကိုယ်ဝန်ဆောင်ရပြီဆိုကတည်းက ငါ ရက်စက်ရတော့မှာပဲ!"
"ရွှေအာ... မင်း ဘာပြောလိုက်တယ်! မင်း တကယ်ပဲ ငါတို့ကလေးကို သတ်ပစ်လိုက်တာလား? "
အသံရောက်လာသလို မုရုံထိုက်ကလည်း မယုံကြည်နိုင်သည့် အမူအယာဖြင့် လူတိုင်း၏ ရှေ့တွင် ရောက်ရှိလာသည်။
"ငါ့ကို ပြောပါ မင်းပြောတာက အမှန်မဟုတ်ဘူးလို့!"
လူတိုင်းက မုရုံထိုက်ကို မြင်သောအခါ အံ့သြသွားကြသည်။ ရှီးချီ၏ ဂုဏ်သိက္ခာရှိသော ဝန်ကြီးချုပ်သည် လုံဇယ်ကျင့်ထျန်း၏ အစေခံဟန်ဆောင်၍ ဒီကို လိုက်ပါလာမည်ဟု မည်သူမှ ထင်မထားခဲ့ပေ။ သူ့မျက်နှာပေါ်မှ လူ့အရေပြားမျက်နှာဖုံးသာ ဖယ်မချလိုက်လျှင် ဘယ်သူမှ သတိပြုမိမည် မဟုတ်ပေ။
"ရှင် ကျွန်မနောက် လိုက်လာတာလား?"
မုရုံထိုက်ကို မြင်သောအခါ အံ့သြမှုအပြင် လီချိုးရွှေက ဒေါသပါ ဖြစ်လာသည်။
"မုရုံထိုက် ဘယ်တုန်းက ရှင် ဒီလို ဖြစ်လာရတာလဲ? ရှင် တကယ်ပဲ ကျွန်မနောက်ကို နောက်ယောင်ခံလိုက်ရဲတယ်! ရှင်က တော်တော်ရွံစရာကောင်းတယ်! ရှင် ဒီလိုလူမျိုး ဖြစ်လိမ့်မယ်လို့ ကျွန်မ ထင်မထားခဲ့ဘူး!"
"မင်းက မြန်မြန်ထွက်သွားတာလေ... မင်း တခုခုဖြစ်မှာ ငါ စိုးရိမ်လို့! ဒါ့ကြောင့် ငါ မင်းနောက်ကို လိုက်ခဲ့တာ။ မင်း ရန်မြို့တော်ကို သွားလိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး! ငါ့ကို ပြောစမ်းပါ မင်းပြောသမျှက အမှန်မဟုတ်ဘူးဆိုတာ! ချီချီက ငါတို့ကလေး... ဖုန်းရှဲ့သမီး မဟုတ်ဘူးဆိုတာကို! ငါ့ကို ပြောစမ်းပါ ချီချီက ငါတို့ သမီးရင်းဆိုတာကို"
မုရုံထိုက်က လီချိုးရွှေလက်ကို ဆုပ်ကိုင်ကာ အကြမ်းပတမ်းဖြင့် ဆွဲခါလိုက်သည်။ သူ သူမနောက်က နောက်ယောင်ခံလိုက်ခဲ့သော်လည်း ဒီလိုစကားမျိုးကို ကြားရလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ သူ တသက်လုံး ချစ်ခဲ့သည့် အမျိုးသမီးက သူတို့ကလေးတွေကို တကယ်ပဲ သတ်ပစ်ခဲ့သည်။ သူမက ဒီလိုအရာမျိုးကို လုပ်ရဲသည်။ မုရုံထိုက်က အမှန်တကယ်ကို မယုံကြည်နိုင်ပေ။
ဒါက လီချိုးရွှေ၏ ဒေါသစကားများ ဖြစ်မည်။ ဒီလိုပဲ ဖြစ်ရမည်! ချီချီက သေချာပေါက် သူတို့ကလေး ဖြစ်ရမည်! ဘယ်လိုလုပ် ဖုန်းရှဲ့နှင့် ဝမ်ရမ်မင်ယွဲ့ ကလေး ဖြစ်ရမည်နည်း? ဒါကို ပြောလိုက်လို့ သူမအတွက် ဘာဖြစ်သွားမှာမို့လို့လဲ? သူ တခုခု အမှားလုပ်ထားလို့လား?
"ရွှေအာ... သူတို့ကို ပြောလိုက်! မင်း သူတို့ကို လိမ်နေတာပါလို့ ပြောလိုက်လေ! ချီချီက ငါ့သမီး ! သူမက ငါ့သမီးပဲ!"
"****"
ဒဏ်ရာ ရရှိထားသော်လည်း လီချိုးရွှေက သိုင်းပညာလေ့ကျင့်ထားသူတယောက် ဖြစ်လို့ အားနည်းတဲ့ စာပေပညာရှင် မုရုံထိုက်ထက် ပိုပြီး သန်မာသည်။ လက်ဖဝါးချက် တချက်ထဲနှင့်ပင် သူမက မုရုံထိုက်ကို မြေပေါ်သို့ တွန်းပစ်လိုက်သည်။
"ရှင့်ရဲ့ ညှီစော်နံတဲ့ လက်တွေနဲ့ ကျွန်မကို မထိနဲ့ ! ကျွန်မကို ရွံရှာစေတယ်!"
လီချိုးရွှေစကားလုံးက မုရုံထိုက်ကို နက်နက်ရှိုင်းရှိုင်း နာကျင်စေသည်။ ယောကျ်ားတယောက်ပင် ဖြစ်သော်လည်း မုရုံထိုက်၏ မျက်လုံးများမှာ စိုစွတ်လာသည်။ သူက ရွံစရာကောင်းတယ်လို့ သူမက ခံစားရတယ်တဲ့လား? ဘာကြောင့် ဒီလိုဖြစ်ရတာလဲ? သူမ ဘုရားကျောင်းမှာ ဘာကြောင့် နေခဲ့ရတယ်ဆိုတဲ့ အကြောင်းပြချက်လား?
"ငါ့ကို ပြောစမ်းပါ! ဒါက အမှန်မဟုတ်ဘူးလို့! ငါ့ကို ပြောစမ်းပါ! ချီချီက ငါတို့ကလေးဆိုတာကို!"
"ဟား ဟား ဟား"
မုရုံထိုက်စကားက လီချိုးရွှေအတွက် ဟာသတခုလိုပင်။ သူမက မုရုံထိုက်ဆီကို ဘုရင်မတပါးလို လျှောက်လာသည်။ သူမက မုရုံထိုက်ကို မတန်မရာလို ကြည့်လိုက်သည်။ သူမမျက်လုံးများတွင် အထင်သေးမှုများ ပြည့်နှက်နေကာ
"ရှင်က ဆင်းရဲတဲ့ ကျေးတောသားတယောက်ပဲ! ရှင့်မှာ ကောင်းမွန်တဲ့ မျက်နှာလေးနဲ့ စာပေအရည်အချင်းလေးရှိတာက လွဲရင် ဒီလိုဒီလိုပါပဲ! လီမျိုးရိုးရဲ့ အကြီးဆုံးသခင်မလေးက ရှင့်ကို တကယ်သဘောကျလိမ့်မယ်လို့ ရှင်ထင်နေတာလား?"
"မုရုံထိုက်... ကျွန်မနဲ့ ကျွန်မနောက်က လီမိသားစုကြောင့်သာ မဟုတ်ရင် ရှင်က ကျဆုံးနေတဲ့ စာသင်သား တယောက်သာ ဖြစ်ပြီး ဆင်းရဲတဲ့ နေရာမှာ ရှိတဲ့ ရှင့်အိမ်က လယ်ကွင်းကို ထွန်ယက်စိုက်ပျိုး တူးဆွနေရတဲ့သူပဲ ဖြစ်နေလိမ့်မယ်! အများဆုံးမှ ရှင်က ဆင်းရဲတဲ့ ကျောင်းဆရာတယောက် ဖြစ်နေရုံပဲ! ရှင် ဘာလုပ်နိုင်လို့လဲ? ရှင့်ကိုယ်ရှင် ဘယ်သူလို့ ထင်နေလို့လဲ?"
"ရှင့်ကိုယ်ရှင် ဝန်ကြီးချုပ်ဝတ်စုံ ဝတ်ဆင်လိုက်တာနဲ့ တခြားသူတွေထက် ပိုလှသွားပြီလို့ ထင်နေတာလား? ကျွန်မသာ မရှိခဲ့ရင် ရှင်လည်း ဘာကောင်မှ ဖြစ်လာမှာ မဟုတ်ဘူး!"
"ငါ!"
မုရုံထိုက်နှုတ်ခမ်းတွေက တုန်ရီနေသည်။ လီချိုးရွှေနှလုံးသားထဲမှာ သူက ဒီလောက် သည်းမခံနိုင်စရာ ဖြစ်နေမယ်လို့ ထင်မထားခဲ့ပေ။ လီချိုးရွှေ သူ့ကို ရွေးချယ်ခဲ့စဉ်တုန်းက သူ့ကို ကြောက်ရွံစိတ်တွေ စိတ်လှုပ်ရှားမှုတွေ အကြာကြီး ဖြစ်စေခဲ့သည်။ လီချိုးရွှေကို လက်ထပ်ရခြင်းက သူ့ဘဝ၏ အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာဖြစ်သည်ဟု မုရုံထိုက် တခါတုန်းက တွေးခဲ့ဖူးသည်။ သို့သော်လည်း လီချိုးရွှေက သူ့ကို ဒီလိုပုံစံနှင့် ကြည့်ခဲ့လိမ့်မည်ဟု သူ တခါမှ တွေးမထားမိခဲ့ပေ။
"မုရုံထိုက်... ကျွန်မ ရှင့်ကို ပြောမယ်! ကျွန်မ ဘယ်တုန်းကမှ ရှင့်ကို မချစ်ခဲ့ဘူး! ချီချီက ရှင့်သမီး မဟုတ်သလို ရွှယ်လျန်ကလည်း မဟုတ်ဘူး! ကျွန်မ ဘယ်တုန်းကမှ ရှင့်ကို မချစ်ခဲ့သလို ရှင်နဲ့လည်း ကလေးမရှိခဲ့ဘူး! ကျွန်မ ဘယ်တုန်းကမှ ဆန္ဒမရှိခဲ့ဘူး! ရှင် ကျွန်မကို ထိတဲ့အခါတိုင်း ကျွန်မ ဘာကြောင့် ရေချိုးလဲ ရှင်သိလား? ရှင်ကတော့ ထင်လိမ့်မယ် ကျွန်မက မိန်းမတယာက်မို့ ဒါကို ဂရုစိုက်တယ်ဆိုပြီး! ကျွန်မ ရှင့်ကို ပြောမယ် ရှင် မှားတယ်! ကျွန်မ ခန္ဓာကိုယ်ပေါ်မှာ တခြားယောကျ်ားတယောက်ရဲ့ အနံ့အသက်တွေ ရှိတာကို ကျွန်မ မုန်းလို့ပဲ! ညစ်ပတ်တယ်! အရမ်းညစ်ပတ်တယ်!"
လီချိုးရွှေ၏ နောက်ဆုံးစကားက မုရုံထိုက်အား ရှုံးနိမ့်သွားစေသည်။
သူ့ရဲ့ ဆယ့်ခြောက်နှစ်ကြာ အတွေးများနှင့် အမှတ်တရများသည် လီချိုးရွှေ၏ ' ဆန္ဒမရှိ' ဟုသော စကားတွင် ပျက်စီးသွားခဲ့သည်။ ဒါဆို သူမထံမှ ချစ်ခြင်းမေတ္တာဆိုတာ ဟန်ဆောင်မှုပေါ့! ဒါဆို သူမအတွေးထဲမှာ ဖုန်းရှဲ့သာ အမြဲတမ်း ရှိနေခဲ့ပြီး ဘယ်တုန်းကမှ ဖုန်းရှဲ့ကို လွှတ်မချခဲ့ဘူးပေါ့!ဒါဆို သူက အရူးတယောက်ပေါ့! နှစ်ပေါင်းများစွာ သူက အရူးတယောက်လို သူမကို စောင့်နေခဲ့တာပေါ့!
"မင်း ငါ့ကို မချစ်ဘူးဆိုမှတော့ ဘာကြောင့် မင်း ငါ့ကို လက်ထပ်ခဲ့တာလဲ? "
ဒီတခေါက် မုရုံထိုက်၏ ရုပ်ရည်မှာ သနားစရာကောင်းနေသည်။ လီချိုးရွှေ သူ့ကို အမှန်တရားကို ပြောပြသောအခါ သူ့နှလုံးသားက ရှုံးနိမ့်မှုကို ခံစားလိုက်ရသည်။ တခဏအတွင်းမှာ သူက အများကြီး အိုစာသွားသလို သူ့မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်ပြီး သူ့အမူအယာတွေကလည်း ပျက်ယွင်းနေသည်။
ဒီအချက်တွင် မုရုံထိုက် အလေးထားသည့် အရာမှာ တိုင်းပြည်တခု၏ ဝန်ကြီးချုပ်မျက်နှာ မဟုတ်ပေ။ သူ့အား အမှန်တကယ် ထိခိုက်စေသော အရာမှာ လီချိုးရွှေ၏ နှလုံးသားကင်းမဲ့ပြီး ရက်စက်သည့် စကားများနှင့် လီချိုးရွှေက သူ့အား ဘယ်တုန်းကမှ မချစ်ခဲ့ဘူးဆိုတာပင်။
မုရုံထိုက်က မျှော်လင့်ချက် မကုန်ဆုံးသေးဘဲ သူ့နှလုံးသား၏အနက်ရှိုင်းဆုံးမှ ထိုအရာကို လိုချင်ခဲ့သည်။
"ဘာလို့လဲဆိုတော့ ရှင်က ကျိုးနွံပြီး နာခံတတ်လို့ပဲ... ဘာလို့လဲဆိုတော့ ရှင့်မှာ နောက်ခံအင်အားနဲ့ အာဏာမရှိလို့ပဲ! ရှင်ပိုပြီး အာဏာရှိလိုရင် ရှင့်အနေနဲ့ ကျွန်မကို မှီခိုဖို့ လိုအပ်တယ်! ရှင် ကျွန်မရဲ့ ချုပ်ကိုင်မှုထဲက ထွက်မရနိုင်ဘူး ဘာလို့လည်း ဆိုတော့ ရှင်က ကျွန်မရဲ့ ခွေးဖြစ်ချင်လို့ပဲ! ကျွန်မခေါ်မယ့် အချိန်တိုင်း နားစွင့်နေတယ် ကျွန်မရဲ့ ချယ်လှယ်မှုတိုင်းကို ခံယူနေချင်လို့ပဲ!"
"ဘန်း!"
အစက မတ်တပ်ရပ်နေသည့် မုရုံထိုက်မှာ မူးဝေလာသလို ခံစားလိုက်သည်။ ထို့နောက် သူသည် ကြမ်းပြင်ပေါ် လဲကျသွားသည်။ သူ အလွန်အသုံးမကျသည့်သူ ဖြစ်နေသောအခါ လီချိုးရွှေမျက်နှာပေါ်ရှိ လှောင်ပြောင်ခြင်းနှင့် ရှုတ်ချခြင်းတို့မှာ ပိုမိုပြင်းထန်လာသည်။
"ကျွတ် ကျွတ် ကျွတ် ရှင့်ကိုယ်ရှင် ကြည့်ပါအုံး! တကယ်ကို ကျောရိုးမရှိတဲ့ သရဲဘောကြောင်သူပဲ! ကျွန်မ ဒီထိတောင် ပြောလာမှတော့ ရှင့်ကို ဆက်ပြောလိုက်အုံးမယ်! ကျွန်မ ရွှယ်လျန်ကို ကောက်လာတာ! သူမက ကျွန်မနဲ့ ရှင်နဲ့ ရတဲ့ ကလေးမဟုတ်ဘူး! ကလေးမွေးတုန်းကတည်းက အဲ့ဒီကလေးကို စွန့်ပစ်ခိုင်းခဲ့တာ! ကျွန်မ မချစ်တဲ့ ယောကျ်ားတယောက်အတွက် ကလေးတွေ မွေးမပေးနိုင်ဘူး! အထူးသဖြင့် ရှင်ပဲ! ရှင်က လုံးဝ မထိုက်တန်ဘူး!"
ဒီဖြစ်စဉ်တွင် တိုင်းပြည်၏ ဧကရာဇ်ဖြစ်သူ ဝမ်ရမ်လဲ့ရော မယ်တော်ကြီး တုန်ဖန်လန်ပါ လီချိုးရွှေစကားများကြောင့် ထိတ်လန့်ကုန်ကြသည်။ တကယ့်ကို ရက်စက်တဲ့ မိန်းမပဲ! တကယ်ကိုပဲ!
ပါဝင်ပတ်သက်သည့် သူများထဲတွင် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်သူမှာ မုရုံချီချီပင် ဖြစ်သည်။ အမှန်တရားက ဒီလိုဖြစ်တယ်ဆိုတာ သူမ တခါမှ မတွေးခဲ့ဖူးပေ။ အခင်းဖြစ်ပွားသည့် နေရာရှိ အနက်ရောင်ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် လှပသည့် မိန်းမတယောက်ကို ကြည့်ရင်း မုရုံချီချီက တလှမ်းပြီး တလှမ်း သူမဆီ လျှောက်လာသည်။
"ရှင် ဖုန်းရှဲ့ကို ချစ်ပြီး သူက ရှင့်ကို မချစ်တာနဲ့ ရှင်က ဒါတွေ အားလုံးကို ကြံစည်ခဲ့တယ်ပေါ့? ဒါ့ကြောင့် ကျွန်မ လက်မထပ်ခင်တုန်းက ကျွန်မကို မြန်မြန်ကလေးယူဖို့ ပြောပြီး မင်္ဂလာဝတ်စုံမှာ စိတ်ကြွဆေးတွေ သုံးခဲ့တယ်ပေါ့ ဟုတ်လား?"
"နင် ရှာတွေ့ခဲ့တာလား?"
လီချိုးရွှေက မုရုံချီချီ၏ လိမ်မာပါးနပ်မှုကို တခစ်ခစ်ရယ်မောလိုက်သည်။
"ဒါပေမယ့် နင်ရှာတွေ့တာ နောက်ကျသွားပြီ ထင်ပါရဲ့! အခု အရမ်းနောက်ကျသွားပြီ! မနေ့ညက နင်နဲ့ ဖုန်းချန်က မင်္ဂလာဦးညကို ကုန်ဆုံးခဲ့တယ်လို့ ငါ ကြားခဲ့တယ်... ဟားဟားဟား ဟားဟားဟား..."
"ငါ အရမ်းပျော်တယ်! ငါ အရင်တုန်းက တခါမှ ဒီလောက် မပျော်ဖူးဘူး! ဝမ်ရမ်မင်ယွဲ့သာ သူ့သမီးနဲ့ သူ့သားက လက်ထပ်ပြီး မင်္ဂလာဦးညကို အတူတူကုန်ဆုံးခဲ့တယ်ဆိုတာသာ သိရင် သူမ ဒေါသဖြစ်လွန်းလို့ ခေါင်းတလားထဲကတောင် ခုန်ထွက်လောက်တယ်မလား? သူမ နောက်ဘဝမှာ သာယာအေးချမ်းမှာ မဟုတ်လောက်ဘူးမလား? ဒါ ငါချစ်တဲ့ ယောကျ်ားကို ယူသွားတဲ့အတွက် ပေးဆပ်ရမယ့် တန်ဖိုးပဲ! ဟား ဟား ဟား!"
လီချိုးရွှေစကားများကို ကြားသောအခါ တုန်ဖန်လန်က မူးဝေသွားပြီး မေ့လဲလုနီးပါးပင်! ချင်းကူက သူမကို လက်တဖက်ဖြင့် အမြန်ထောက်ထားလိုက်သည်။
"မယ်တော်ကြီး... မယ်တော်ကြီး... ဘာဖြစ်လို့လဲ?"
"ငါ...."
တုန်ဖန်လန်၏ နှလုံးသားထဲတွင် အသက်ရှုရတာ မွန်းကြပ်လာသည်။ အသက်ရှုရတာ အထက်မတက်သလို အောက်လည်း မကျတော့ပေ။
လက်ကိုင်ပဝါပေါ်က အနီရောင်ကို တွေးမိတော့တုန်ဖန်လန်က သတိလစ်လုနီးပါးပင်! ကောင်းကင်ဘုံရေ သူမ ဘာအမှားတွေများ လုပ်ခဲ့ရလို့ ဒီလို အပြစ်ပေးမှုကို ခံခဲ့ရတာလဲ? သူမသမီးနဲ့ သားမက်က ကြေကွဲစရာအသေဆိုးနဲ့ သေခဲ့ရတယ်! သူမမြေး လက်ထပ်လိုက်တဲ့ ဇနီးက သူမမြေးအရင်းဖြစ်နေတယ်! ဘယ်သူပဲ ဖြစ်ဖြစ် ဒီလိုသတင်းမျိုးကို လက်ခံလိုက်ရရင် ဘယ်သူမှ သည်းခံနိုင်မှာမဟုတ်ဘူး!
"အဘွားတော်!"
တုန်ဖန်လန် ထိုသို့ဖြစ်နေတာကို မြင်သောအခါ မုရုံချီချီက သူမအား တွဲကူရန် ရှေ့တိုးလာသည်။ သူမလက်လေးတွေက အကြီးအကဲ၏ နောက်ကျောမှာ ထားထားသည်။ နွေးထွေးမှုတခုက တုန်ဖန်လန်ရင်ဘတ်သို့ ဖြတ်သန်းပေါ်ပေါက်လာသည်။
ခဏအကြာတွင် တုန်ဖန်လန်က အသက်ပြန်ရှုနိုင်သွားသည်။
"ချီချီ"
တုန်ဖန်လန်က မုရုံချီချီလက်ကို ကိုင်ထားသည်။ သူမျက်ရည်များက ကျဆင်းလာသည်။
" အိုက်ကျား မင်းကို ရင်းနှီးနေတယ်လို့ ခံစားနေရတာ အံသြစရာမရှိတော့ပါဘူး!အိုက်ကျား မင်းမျက်လုံးတွေက တယောက်ယောက်နဲ့ တူတယ်လို့ ခံစားရပြီး နီးစပ်သလို ခံစားရတာ မထူးဆန်းတော့ပါဘူး! အိုက်ကျား ဘာကို ထင်မထားခဲ့တာလဲဆိုတော့ မင်းက အိုက်ကျားရဲ့ မြေးအရင်း ဖြစ်နေတယ်ဆိုတာကိုပဲ! ငါ့ရဲ့ သနားစရာကလေးလေး!"
တုန်ဖန်လန်မျက်ရည်များက လီချိုးရွှေအား အကြီးမားဆုံး ကျေနပ်မှုကို ပေးစွမ်းနိုင်သည်။ သူမနှုတ်ခမ်းက ကြီးကြီးကျယ်ကျယ်လှောင်ပြောင်လိုသည့် ထောင့်ချိုးတခုသို့ မြင့်တက်သွားသည်။ သူမက မုရုံချီချီလက်မောင်းကြားထဲမှာ ငိုနေသည့် တုန်ဖန်လန်အား စိုက်ကြည့်လိုက်သည်။
"နင်တို့ မင်္ဂလာဦးညကို ကုန်ဆုံးလိုက်တယ်လို့ ငါကြားထားတယ်! ဟား ဟား ဟား ဂုဏ်ယူပါတယ်! နင်တို့က ကမ္ဘာပေါ်မှာ ပထမဆုံးစုံတွဲ ဖြစ်သွားပြီ!"
"ပါးစပ်ပိတ်ထား!"
ဝမ်ရမ်လဲ့က အော်ဟစ်၍ လီချိုးရွှေအား နှောက်ယှက်လိုက်သည်။ ရလဒ်က သူ့မျှော်လင့်ထားမှုထက် သာလွန်နေသည်။ မုရုံချီချီက တကယ်ပဲ မင်ယွဲ့၏ သမီးဖြစ်ပြီး သူ၏ တူမဖြစ်သည်။ ဝမ်ရမ်လဲ့နှလုံးသားက ဒါကို မခံစားနိုင်ပေ။ အခု ဖုန်းချန်နဲ့ မုရုံချီချီက ဖြစ်တောင်ဖြစ် ....။
"ပါးစပ်ပိတ်ရမယ်? ငါပြောတာက အမှန်ပဲလေ! ငါ မပြောလိုက်တာနဲ့ပဲ ဒီကိစ္စက မရှိတော့ဘူးလား?"
"မလိုပါဘူး..."
ဖုန်းချန်၏ အသံက အေးစက်မှုအရိပ်အယောင်များဖြင့် အေးစက်နေသည်။
တချိန်လုံး ငြိမ်သက်နေသည့် ဖုန်းချန်က စကားစပြောလာသည်ကို မြင်သောအခါ လီချိုးရွှေက ပျော်ရွှင်သွားသည်။
"ဘာလဲ? နင်က နင်တို့ကြားမှာ ဘာခံစားချက်မှ မရှိဘူးလို့ ပြောချင်သေးတာလား? နင်တို့ကြားမှာ ဘာမှမဖြစ်ခဲ့ဘူးလို့ ပြောရဲသေးတာလား? နင်တို့ မင်္ဂလာဦးညကို တူတူမကုန်ဆုံးခဲ့ဘူးလို့ ပြောရဲသေးတာလား?"
"ခင်ဗျားကို စိတ်ပျက်စေတဲ့အတွက် စိတ်မကောင်းပါဘူး! မနေ့ညက ပန်ဝမ်က သိပ်နေမကောင်းလို့ မင်္ဂလာဦးညကို မကုန်ဆုံးလိုက်ရဘူး။ လက်ကိုင်ပဝါပေါ်က အရာက ပန်ဝမ်ကိုယ်တိုင် ခိုတကောင်ဆီက ယူထားတဲ့ သွေးပဲ! ခင်ဗျား ထင်နေသလို မဟုတ်ဘူး"
"ဘယ်လို?"
အားလုံးက တပြိုင်တည်းနီးနီး ရေရွတ်လိုက်သည်။ လူတွေက မတူညီကြသော်လည်း သူတို့အားလုံး၏ အသံထဲတွင် အံသြမှုမှ ဖြစ်တည်သော ပျော်ရွှင်မှုအရိပ်အယောင်များ ထုတ်ဖော်နေကြသည်။ ၎င်းတို့သည် လုံဇယ်ကျင့်ထျန်းနှင့် ဝမ်ရမ်ဟုန်တို့ပင်။
မုရုံချီချီက ရေစန္ဒာကြေးမုံကို ဖယ်လိုက်သောအခါ လုံဇယ်ကျင့်ထျန်းသည် သူမကို သိလိုက်သည်... တုရှန်းအာပင်!
သူ အကြာကြီး ရှာဖွေခဲ့ရသည့် မိန်းကလေးသည် သူရှေ့မှာပင် ဖြစ်သည်။ ထို့အပြင် သူက သာမာန်သူမကို ချစ်နေသေးသည်။ ထိုအရာသည် လုံဇယ်ကျင့်ထျန်းကို ဤကမ္ဘာကြီး၏ ကံကြမ္မာအား အံ့အားသင့်စွာ ချီးကျူးဂုဏ်ပြုရုံမှတပါး တခြားမရှိတော့ပေ။ မုရုံချီချီက အမှန်တကယ် တုရှန်းအာ ဖြစ်သည်မှာ ပေါ်ထွက်လာလေပြီ! သူမက တကယ်ပဲ သူ့ကို ကစားခဲ့ပြီး သူမလက်ဖဝါးထဲက အရုပ်တရုပ်လို သဘောထားခဲ့သည်။ သူ့မှာ သူမနှင့် လွဲချော်လုနီးပါးပင်!
အခုလေးတင် လုံဇယ်ကျင့်ထျန်းက သူ မုရုံချီချီကို ဘယ်ချိန်က စပြီး အမှားကျူးလွန်ခဲ့သလဲဆိုတာကို တွေးကြည့်မိသည်။ နောက်ဆုံးတွင် သူမှတ်မိလာသည်။ သူတို့ ပထမဆုံး စတွေ့သည့် အချိန်မှ ဖြစ်သည်။ သူမက သူ့ကို ကယ်ပြီးနောက် သူက စေ့စပ်ကြောင်းလမ်းမှုကို ဖျက်သိမ်းပြီး ဝန်ကြီးချုပ်အိမ်တော်မှ အမှိုက်မကို ဖယ်ရှားပစ်မည်ဟု ပြောခဲ့သည်။ သူမ ဒါကို ကြားပြီး သူ့ကို လက်စားချေလိုက်တာ ဖြစ်မည်။
စောစောက မုရုံချီချီ၏ တကယ့်ရုပ်သွင်ကို မြင်သောအခါ လုံဇယ်ကျင့်ထျန်းမှာ အသက်ရှုရပ်မတတ်ပင်! အဲ့ဒီနေ့က ညအချိန်တွင် ဖြစ်သည်။ လရောင်အောက်တွင် သူမက သန့်စင်သော လီလီပန်းလေးလို ဖြစ်သည်။ ဒီနေ့ အနီရောင်နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသောအခါ သူမက ဆူးတွေဝန်းရံထားသော နှင်းဆီပန်းလေးနှင့် တူပြီး လူတွေကို သူမအား ချစ်ခြင်းမှ မရပ်တန့်နိုင်အောင် ဖြစ်စေသည်။ စောစောက လီချိုးရွှေပြောတာ ကြားသောအခါ သူ့နှလုံးသားမှာ လည်ချောင်းထဲမှ ခုန်ထွက်မလိုပင် ခံစားရသည်။
သူမသာ ဖုန်းချန်၏ ညီမရင်း ဖြစ်ခဲ့ပြီး သူတို့ကြားမှာ အမှန်တကယ် တခုခုဖြစ်ခဲ့ရင်တောင် မုရုံချီချီကို သူ ဘယ်လိုကာကွယ်ရမလဲဆိုတာ သူတွေးထားခဲ့သည်။ လီချိုးရွှေကို သတ်ပြီး ဒီဖြစ်ရပ်ကို ဖုံးကွယ်ထားလိုက်မည်... ဝမ်ရမ်လဲ့ ဆန္ဒရှိနေတဲ့ မဟာမိတ်ပြုလက်ထပ်ခြင်းကို အခွင့်ကောင်းယူပြီး မုရုံချီချီကို လက်ထပ်လိုက်မည် ဒါမှမဟုတ်....
အခု ဖုန်းချန်က သူတို့ကြားတွင် ဘာမှမဖြစ်ခဲ့ဘူးဟု ပြောနေသည်။ လက်ကိုင်ပဝါပေါ်မှာ သွေးများမှာ ခိုသွေးများဟု ဆိုနေသည်။ လုံဇယ်ကျင့်ထျန်းနှလုံးသားမှာ သူ့လည်ချောင်းထဲမှ ခုန်ထွက်မတတ်ပင်! ဒါက ကောင်းကင်ဘုံက ပေးတဲ့ လက်ဆောင်နဲ့ ကောင်းချီးပဲလား? သူ့ရဲ့ ပျောက်ဆုံးနေတဲ့ ရတနာကို ပြန်ပေးလိုက်တာလား? မုရုံချီချီကို ရဖို့ သူ့ကို အခွင့်အရေးထပ်ပေးလိုက်တာလား?
လုံဇယ်ကျင့်ထျန်းနှင့် ယှဉ်သော် ဝမ်ရမ်ဟုန်မျက်လုံးများက ဆန္ဒတွေကို ပြသနေသည်။
ဒေါ်လေးဝမ်ရမ်မင်ယွဲ့မှာ လောကနံပါတ်တစ် အလှတရားပိုင်ရှင် ဖြစ်သည်။ သူမ၏ ရုပ်ရည်နှင့် အပြုံးမှာ ငယ်ရွယ်သော ဝမ်ရမ်ဟုန်၏ နှလုံးသားထဲတွင် ထွင်းထုထားသလို ဖြစ်သည်။ သူ အရွယ်ရောက်လာတာတောင် တခါတရံ သူ့ဒေါ်လေးဝမ်ရမ်မင်ယွဲ့အား အိပ်မက်မက်လေ့ရှိသည်။ အခု မုရုံချီချီကို မြင်ရသောအခါ သူမက ဝမ်ရမ်မင်ယွဲ့ထက်တောင် ပိုလှနေသေးသည်။ ဝမ်ရမ်ဟုန်နှလုံးသားက အလွန်လျင်မြန်စွာ ခုန်လာသည်။ သူက မုရုံချင်းလျန်ကိစ္စကို တိမ်ပေါ် လွှင့်ပစ်လိုက်သည်မှာ ကြာလှလေပြီ။
ခမည်းတော်က ဖုန်းချန်ကို အလွန်အလိုလိုက်သည်။ မုရုံချီချီ၏ သရုပ်မှန်ကို သိရသောအခါ သေချာပေါက် သူမကိုလည်း အလိုလိုက်လိမ့်မည်။ ခမည်းတော်သည် အိမ်နှင့် အိမ်ကကျီးကန်းကို ချစ်ပြီး အိမ်ရှေ့စံဖြစ်သည့် သူ့ကိုရော ပိုဂရုမစိုက်သင့်လား? ပြီးတော့ ဖုန်းချန်က သူ့ဆီလာပြီး ထီးနန်းမခိုးယူဘူးလို့ရော မပြောနိုင်ဘူးလား?
အမှန်တကယ်ပျော်ရွှင်နေသည့် သူများမှာ တုန်ဖန်လန်နှင့် ဝမ်ရမ်လဲ့တို့ ဖြစ်ကြသည်။ ဖုန်းချန်နှင့် မုရုံချီချီကြား ဘာမှမဖြစ်ခဲ့ကြဘူးဆိုတာက ဒီကလေးနှစ်ယောက်၏ ဂုဏ်သိက္ခာကို မထိခိုက်နိုင်တော့ ဟု ဆိုလိုသလို ဒီကိစ္စကြောင့် သူတို့လည်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်တော့မည်မဟုတ်ပေ။ ဒါပေါ့ အကောင်းဆုံးအရာပဲ!
ဝမ်ရမ်လဲ့အတွက်ကတော့ သူ့ခံစားချက်က ရှုပ်ထွေးနေသည်။ နှစ်ရှည်လများ ပျောက်ဆုံးသွားသော တူမကို ရှာတွေ့လိုက်ရခြင်းက ဝမ်ရမ်လဲ့ကို တခါမှ မခံစားဖူးတဲ့ ခံစားချက်မျိုး ခံစားရစေသည်။ ခြောက်သွေ့နေသည့် မြစ်က မိုးရေနှင့် တွေ့သွားတာနှင့် တူသည်။ အခု မုရုံချီချီ၏ ပုံစံမှာ ဝမ်ရမ်မင်ယွဲ့ လက်မထပ်ခင်က ပုံစံလို သန့်စင်ပြီး အပြစ်ကင်းစင်းသည့် ပုံစံက သူ၏ နှလုံးသားအိုကြီးကို အလွန်လျင်မြန်စွာ ခုန်ပေါက်လာစေသည်။
မင်ယွဲ့ မင်းနောက်ဆုံးတော့ ငါ့နှလုံးသားကို နားလည်သွားလို့ မဟုတ်လား? ဒါ့ကြောင့် မင်း ချီချီကို ပို့လိုက်တာမဟုတ်လား? ငါ သေချာပေါက် ချီချီကို ဂရုစိုက်လိုက်ပါ့မယ်! ငါ သူမကို ကမ္ဘာပေါ်မှာ ရှိတဲ့ အကောင်းဆုံးအရာတွေကို ပေးအပ်မယ်! ငါ သူမကို ကမ္ဘာပေါ်မှာ အလေးစားခံရဆုံးနဲ့ အဖိုးတန်ဆုံး မိန်းကလေးတယောက် ဖြစ်လာစေရမယ်!
ဝမ်ရမ်လဲ့၏ ပျော်ရွှင်မှုက မိဖုရားခေါင်နှင့် တယ့်ဖေး၏ မျက်လုံးထဲသို့ ရောက်ရှိသွားသည်။ နှစ်ယောက်သား အသံတိတ်ဖြင့် 'ဆိုးပြီ'ဟု အော်လိုက်သည်။
ဖုန်းရှဲ့နှင့် ဝမ်ရမ်မင်ယွဲ့တို့၏ မျက်နှာကြောင့် ဝမ်ရမ်လဲ့က ဖုန်းချန်အား အထူးမျက်နှာသာပေးသည်။ အခု မုရုံချီချီတယောက် ရှိလာပြီ! ဖုန်းမိသားစုချည်း အကျိုးအမြတ်တွေ ရနေသလို မဖြစ်ဘူးလား? ဒါက ဘယ်လိုလုပ်မှန်နိုင်မှာလဲ? မုရုံချီချီနဲ့ ဖုန်းချန်ရဲ့ ဆက်ဆံရေးက အစကတည်းက ကောင်းနေခဲ့တာ! ဒီမိန်းမသာ ဘယ်လိုလှည့်ကွက်တွေ သုံးရမယ်ဆိုတာ သိပြီး ဝမ်ရမ်လဲ့က ဖုန်းချန်ကို ထီးနန်းလွှဲပေးဖို့ ပြောခဲ့ရင် ဝမ်ရမ်လဲ့အတွက် မလုပ်ဘူးဆိုတာ မဖြစ်နိုင်ဘူး။
ဘာလုပ်ရမလဲ? မိန်းမနှစ်ယောက်၏ ပထမတုံ့ပြန်မှုမှာ သူတို့သားတွေ ထီးနန်းရရှိရေးအတွက်ပင်! ဝမ်ရမ်ဟုန်က မုရုံချီချီကို ကြည့်နေတဲ့ပုံကို လီပင်းမြင်သောအခါ သူမသား ဘာလိုချင်တယ်ဆိုတာကို သူမ ချက်ချင်း နားလည်လိုက်သည်။
မုရုံချီချီသာ တကယ်ပဲ ဖုန်းရှဲ့နှင့် ဝမ်ရမ်မင်ယွဲ့တို့၏ သမီးဖြစ်ရင် ကောင်းပြီ... သူမက လက်ထပ်ဖို့ အရွယ်ရောက်နေပြီ! သူမကို ဝမ်ရမ်ဟုန်ဆီ ပို့လိုက်တာက အကောင်းဆုံးပဲ! ဒီလိုအားဖြင့် မုရုံချီချီပေါ် ထားသည့် ဝမ်ရမ်လဲ့၏ အချစ်ကို အသုံးချကာ ဝမ်ရမ်ဟုန်အဆင့်အတန်းကို တည်မြဲစေမည်။
လင်းကဲ့ရှင်းက ဘယ်လိုလုပ် ဒီအမေနဲ့ ဒီသားရဲ့ အတွေးကို မသိဘဲ နေမှာလဲ? သူတို့က လှလှပပတွေးနေတယ်! အခု သူတို့က မုရုံချီချီဟာ တကယ်ပဲ ဖုန်းရှဲ့နဲ့ ဝမ်ရမ်မင်ယွဲ့ရဲ့ သမီးဆိုတာ သေချာမသိရသေးဘူး။ သူမက တကယ်ဆိုရင် ဝမ်ရမ်ဟုန်မှာက အိမ်ရှေ့စံမင်းသမီး ရှိပြီသားလေ။ သူမရဲ့ ဝမ်ရမ်ရီကသာ အဓိကဇနီး မရှိသေးတာ။ ဝမ်ရမ်ခန်ဆို စီဖေးတောင် မရှိသေးဘူး။ မုရုံချီချီက သေချာပေါက် သူမရဲ့ ချွေးမြစ်လာရမယ်!
ကိစ္စက ရှင်းရှင်းလင်းလင်း မဖြစ်သေးခင် လူတွေက မုရုံချီချီအတွက် ဘယ်လိုယှဉ်ပြိုင်ရမယ်ဆိုတာကို တွေးတောနေကြသည်။
ဖုန်းချန်က မင်္ဂလာဦးညမှာ သူတို့ ဘာမှမဖြစ်ခဲ့ဘူးဟု လီချိုးရွှေအား ပြောသောအခါ သူမက မယုံကြည်နိုင်ပေ။
"ဟွန့်! နန်လင်းဝမ်ရဲ့ တုံ့ပြန်မှုက တကယ်မြန်တာပဲ! အခု နင်က ဒီလိုပြောတော့ ငါတို့ကို အရူးတွေလို့ ထင်လို့လား? ငါ ယုံမယ်လို့ရော နင်ထင်လို့လား? ပန်းလို နူးညံ့သိမ်မွေ့ပြီး အဖိုးတန်ကျောက်စိမ်းလို သန့်စင်တဲ့ မိန်းမတယောက် နင့်ဘေးမှာ ရှိနေတာ... ဒါ့အပြင် သူမက နင်ချစ်တဲ့ မိန်းမတယောက်လည်း ဖြစ်နေတယ် နင် စိတ်မလှုပ်ရှားဘူးလား?"
လီချိုးရွှေက ထိုအရာကို မယုံနိုင်ပေ။ မုရုံချီချီကလည်း ရှင်းပြရန် ပျင်းရိလှသည်။ သူမက ဓားမြှောင်ကို ယူကာ သူမ ဘယ်ဘက်လက်မောင်းပေါ်မှ အကျႌစကို ဖြဲလိုက်ကာ သူမ၏ ဟင်းရိုင်းတောက်တဲ့အမှတ်ကို ဖော်ပြလိုက်သည်။ လီချိုးရွှေက သူမပါးစပ်ကိုတောင် မပိတ်နိုင်တော့ဘဲ
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ? ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ? မဖြစ်နိုင်တာ..."
လီချိုးရွှေက အပြေးအလွှားသွားပြီး ကြည့်လိုသော်လည်း သူမကို ဖုန်းချန်က လက်တဖက်တည်းနှင့် အဝေးကို တွန်းထုတ်လိုက်သည်။ ထို့နောက် ဖုန်းချန်၏ အပေါ်ဝတ်ရုံဖြင့် မုရုံချီချီကို ပတ်ပေးလိုက်သည်။
"ရှင့်ရဲ့ အကြံအစည်တွေကို အလကားဖြစ်သေခဲ့လို့ တောင်းပန်ပါတယ်"
လီချိုးရွှေ၏ ကြက်သေသေနေသည့် အမူအယာကို ကြည့်ရင်း မုရုံချီချီက အေးစက်စွာ နှာမှုတ်လိုက်သည်။
"ရှင်က ကျွန်မကို ကျွန်မအမေ မင်းသမီးမင်ယွဲ့ဆီက ယူလာတယ်ဆိုတော့ မင်းသမီးမင်ယွဲ့က ဘယ်မှာလဲ? သူမက ကျွန်မအဖေဖုန်းရှဲ့နဲ့ အတူတူ မီးသင်္ဂြိုလ်လိုက်တာ မဟုတ်ဘူးလား? ဒါဆို သေသွားတဲ့သူက သူမမဟုတ်တာလား?"