ကိုကိုနဲ့ဖုန်းလုံးဝမပြောဖြစ်တာ တစ်လလောက်ရှိတော့မယ်။ ပို့ထားတဲ့စာတွေကိုလည်း reply မပြန်မိ၊ဖုန်းဆက်တော့လည်းမကိုင်ဆိုတော့ သူတော်တော်များလွန်သွားပြီလား။
"သားကြီးနဲ့ဖုန်းပြောနေတာလား မေလည်းပြောမယ်"
ဖေဖေကပြုံးပြီးခေါင်းညိတ်ပြလာရင်း မေမေ့နားကပ်ထိုင်ကာ တစ်ဖက်မှအကုန်မြင်ရစေရန်ဖုန်းကိုအနည်းငယ်မြှောက်လိုက်၏။ကိုကိုမေမေကဖုန်းမှတစ်ဆင့်မြင်နေရသည့်ကိုကို့ကိုချစ်မြတ်နိုးစွာဖြင့်...
"သား..."
("အမေ... နေကောင်းလား ဘာတွေလုပ်နေတာလဲ")
"အမေဒေါင်ဒေါင်မြည်ပါတော်... ဒီမှာလေ သားငယ်သွေးတိုင်းပေးနေတာ.. သားရော ကြည့်ပါဦးအဲ့ဒီမုတ်ဆိတ်မွေး နှုတ်ခမ်းမွေးတွေကဘာဖြစ်နေတာတုန်း"
မေမေ့အပြောကြောင့် ချမ်း,ကိုကို့ကိုလှစ်ခနဲတစ်ချက်ကြည့်လိုက်တော့ မြင်နေကျမဟာနဖူးကိုမမြင် ရဘဲ ဆံသားနက်နက်တို့ကနဖူးပေါ်ဝဲကျနေတာသာမြင်လိုက်ရ၏။ စိမ်းဖန့်နေသောနှုတ်ခမ်းမွေး မုတ်ဆိတ်မွေးနေရာတို့တွင် အနည်းငယ်ရှည်စပြုနေသောအမွေး အမှင်အချို့။ ပြီးတော့ယခင်လိုကြည်တောက် နေသောမျက်ဝန်းအစုံနေရာတွင် ညှိုးငယ်ရိပ်လွှမ်းနေ၏။ချမ်း,စိုးထိတ်သွားရပြီးသူ့ဘက်သို့အကြည့်မရောက်ခင်မျက်နှာလွှဲလိုက်မိသည်။
(ကိုကို နေများမကောင်းဘူးလား)
("မအားလို့မရိတ်မိတာပါ အမေရဲ့... ဘာလဲ အမေ့သားကပိုခန့်သွားလို့ ရင်ခုန်သွားတာလား")
"ရင်ခုန်တာပေါ့ အမေ့သားကဂိုဏ်းစတားပုံပေါက်နေတာကိုး"
ကိုကိုကခပ်သော့သော့လေးရီလိုက်ပြီး...
("အမေကတော့လုပ်ပြီ... ဖွားမှုံတို့ရော နေကောင်းရဲ့လား")
"တစ်အိမ်လုံးကောင်း.. အကုန်ကောင်း အော်.. ဒါနဲ့သား ညီလေးဘွဲ့ယူအမီတော့ပြန်လာမယ်မလား"
ချမ်း,မေမေ့ကိုဆီးချိုပါတိုင်းပေးပြီး ဖေဖေ့ကိုပါတိုင်းပေးရန်အထ မေမေ့အမေးစကားကြောင့်တစ်ဘက်မှအဖြေကိုအသာနားစွင့်နေရင်းလေသံအနိမ့်လေးဖြင့်...
"ဖေဖေ သွေးတိုင်းရအောင်"
"အေး အေး သား"
ဖေဖေကလည်းသူ့လေသံလေးအတိုင်းပြန်ဖြေလာပြီး လက်တစ်ဖက်ထိုးပေးလာ၏။ ဖေဖေ့ကိုသွေးတိုင်းပေးမယ့်လက်အစုံက တစ်ဘက်မှအဖြေစကားကြောင့်အနည်းငယ်တွန့်သွားရသည်။
("မလာဖြစ်လောက်တော့ဘူး အမေ")
"ဟေ... ဘာလို့တုန်းသားကြီးရ"
"သားကလည်းကွယ် တစ်နှစ်မှလည်းပြန်မလာ ညီလေးဘွဲ့ယူအမီတော့ပြန်လာမယ်ထင်နေတာလေ"
("သား ဒီနှစ်ထဲတော့ပြန်လာတော့မှာပါ သူဘွဲ့ယူမယ့်နေ့ကဒီမှာသားအစားဝင်မယ့်တစ်ယောက်ကို hand overလုပ်ပေးရမယ့်ရက်တွေနဲ့သွားတိုက်နေတယ်အမေရဲ့... ")
"ဟင်း..အင်း.... တကယ့်နေ့မှာမှ သားရယ်"
မေမေကသက်ပြင်းကိုလေးပင်စွာချရင်းဆို၏။
("အဖေနဲ့အမေရှိတာဘဲ သားမရှိလည်းဘာမှမဖြစ်လောက်ပါဘူး")
ထိုစကားသံအဆုံးမှာ ချမ်း,နားထဲတွင် သားမရှိလည်း သားမရှိလည်း ဆိုသည့်အသံများပဲ့တင်ထပ်နေပြီး ရင်ထဲတင်းကျပ်သွားရသည်။
ဖေဖေက...
"အဲ့လိုတော့ဘယ်ဟုတ်မလဲသားကြီးရဲ့ စကားကိုဘယ်လိုတွေပြောနေတာလဲ"
ချမ်း,ငိုချင်လာရကာ နေရာမှထထွက်သွားလိုစိတ်တွေဖြစ်လာတာကြောင့် သွေးတိုင်းပေးအပြီးဖေဖေ့ကိုခွင့်တောင်းကာ အပေါ်တက်ခဲ့လေတော့၏။ဖေဖေတို့ကတော့ ဖုန်းပြောကျန်နေရစ်ခဲ့သည်။
သားကြီးဖုန်းချသွားတော့ မေက...
"ညီအစ်ကိုတွေရန်များဖြစ်ထားသလား ကို"
ဦးမြတ်ဟန် ကော်ဖီတစ်ငုံသောက်လိုက်ရင်း...
"မသိပါဘူး မေရယ်...သားယောက်ျားလေးတွေဘဲတစ်ခါတလေတော့ကတောက်ကဆလေးတွေရှိမှာပေါ့..."
"စကားပြောတာမတွေ့မိသလားလို့ပါ"
"ထားလိုက်ပါ မေရယ်...ပြီးရင်ပြန်တည့်ကြလိမ့်မယ် သူတို့လားနေနိုင်မှာ"
အခန်းထဲရောက်တော့ ကုတင်ပေါ်အရုပ်ကြိုးပြတ်ထိုင်ချမိ၏။ သူတော်တော်လွန်နေပြီထင်ပါသည်။ကိုကိုသူ့အပေါ်ခံစားချက်တွေရှိနေလည်း ဒီတိုင်းလေးမသိချင်ယောင်ဆောင်ပြီးအလိုက်အထိုက်လေးနေပေးရမှာကို အခုတော့သက်သက်မဲ့ကိုကို့အပေါ်စိမ်းကားသလိုဖြစ်နေပြီ။ သူဆင်ဆင်ခြင်ခြင်နေရကျိုးနပ်တယ်ထင်ပါရဲ့... ကိုကိုကရှိစေချင်နေတဲ့အခမ်းအနားကိုတောင်မလာတော့ဘူးတဲ့လေ...။
ချမ်း,ထိုင်နေရာမှထလိုက်ပြီး အဝတ်ဗီဒိုဆီလျှောက်သွားကာ ဗီဒိုအတွင်းဘက်ဆုံးမှ မလျှော်တာ ၆နှစ်ကျော်ပြီဖြစ်သည့် အင်္ကျီအပြာလေးကိုထုတ်ယူလိုက်သည်။ ထိုအင်္ကျီလေးကိုအသာအယာပွတ်သပ်နေရင်း..
(ကိုကိုမရှိလို့ဖြစ်တယ်တဲ့လား မဟုတ်ရပါဘူး ကိုကိုရယ်... ချမ်း ဘာလုပ်ရမလဲ .. ဒီလိုမှမနေရင် ကိုကိုကရှေ့ဆက်တိုးလာမှာသိတယ်... အဲ့ဒီအခါကျရင်မေမေတို့ကိုချမ်း,ဘယ်လိုအင်အားမျိုး ဘယ်လိုမျက်နှာမျိုးနဲ့ရင်ဆိုင်ရမှာလဲကိုကိုရယ်...)
ချမ်း,သက်ပြင်းမောကိုမှုတ်ထုတ်လိုက်ပြီး...
"ဟူး... အဆင်ပြေသွားလိမ့်မယ် ခဏပါဘဲ ခဏလေးတောင့်ခံလိုက် ပုံမှန်ဖြစ်သွားလိမ့်မယ်"
ထို့နောက် ချမ်း,ရေချိုးခန်းထဲသွားပြီးမျက်နှာကိုခပ်ကြမ်းကြမ်းသစ်ပစ်လိုက်လေ၏။ မှန်ထဲကရေစိုနေတဲ့မျက်နှာကိုမြင်တော့ မသိအောင်တုံးခံလိုက်ရသည့်ကတုံးမျက်နှာလေးကိုမြင်ယောင်လာပြီးပြုံးမိပြန်သည်။
(အဲ့လို ထင်ရာတွေတဇွတ်ထိုးလုပ်တတ်လို့ ချမ်း,လန့်နေရတာ ကိုကိုရေ!!)
စိတ်ရှုပ်နေရင် လက်ဖက်ရည်လေးသောက်လိုက်..အချိုဓာတ်ကစိတ်ဖိစီးမှုလျော့တယ်လို့ ကြားဖူးတယ်ကိုကိုဖျော်လာပေးမယ်နော်...
စာတွေကျက်ရလွန်းလို့ လမ်းပျောက်သလိုဖြစ်ကာစိတ်တွေရှုပ်ထွေးလာတိုင်း ကိုကိုပြောနေကျစကားလေးများ...။
" လက်ဖက်ရည်လေးဖျော်သောက်ကြည့်ရမလား"
ချမ်း,လက်ဖက်ရည်ဖျော်ဖို့အောက်ဆင်းလာတော့ဧည့်ခန်းမှာမေမေကဇာတ်လမ်းတွဲထိုင်ကြည့်နေကာဖေဖေကတော့ဖုန်းသုံးနေ၏။ ဆင်းလာတဲ့သူ့ကိုဖေဖေကမေးဆတ်ပြတော့...
"သား လက်ဖက်ရည်လေးသောက်ချင်လာလို့"
"ဒေါက်တာလည်းညဘက်ကြီးလက်ဖက်ရည်တွေသောက်နေလိုက်"
"တစ်ခါတလေပါ ဖေဖေခင်ဗျ"
"သိပ်အချိုကြီးမသောက်နဲ့နော် သား"
"ဟုတ်... မေမေ"
ဦးမြတ်ဟန်ဖုန်းသုံးနေရင်း သတင်းတစ်ခုကိုအတွေ့သက်ပြင်းသာချမိသည်။ သူ့အသံကြောင့် မေက..
"ဘာဖြစ်လို့လဲ ကို"
"အင်း...ကိုကျော်စွာ.. ကိုကျော်စွာကိုမေသိတယ်မလား"
"သိတယ်လေ ဘာဖြစ်လို့လဲကိုရဲ့"
"သူ့သားကိုအမွေဖြတ်ကြောင်းတင်ထားလို့"
"ဟယ်တော့ သူ့မှာအဲ့သားတစ်ယောက်ဘဲရှိတာမဟုတ်ဘူးလားဘာတွေဖြစ်လို့တုန်း"
"ကောင်လေးကသူ့ရည်းစားနဲ့ခိုးရာလိုက်ပြေးသွားတယ်လေ..."
"အို...ခိုးရာလိုက်ပြေးတာနဲ့ဘဲသားကိုစွန့်လွှတ်စရာလား"
ဦးမြတ်ဟန် ဖုန်းကိုအသာချလိုက်ပြီး...
"ကောင်လေးကယောက်ျားခိုးသွားတာ မေရဲ့.."
လက်ဖက်ရည်ခွက်ကိုင်ရင်းအပေါ်ပြန်တက်ဖို့လှေကားသုံးပုံတစ်ပုံအရောက်ဖေဖေ့အပြောကြောင့် သူ့ခြေလှမ်းတွေတန့်သွားရသည်။
ဒေါ်မေသူအောင် ဦးမြတ်ဟန်ကိုအံ့ဩတကြီးကြည့်မိလေ၏။
"သားတစ်ယောက်တည်းဆိုတော့ အများကြီးမျှော်လင့်ထားတာလေ အခုကိုကျော်စွာရှက်လို့အပြင်တောင်မထွက်ဘူးပြောတယ်"
"အင်း...ဒီခေတ်ကလေးတွေလည်းခက်သားနော်"
"မေ.."
"ဟင်.."
"တကယ်လို့လေ ကိုယ်တို့သားတွေသာအဲ့လိုမျိုးတွေဖြစ်ခဲ့ရင်ဘယ်လိုလုပ်ကြမလဲ"
ဒေါ်မေသူအောင်အလန့်တကြားဖြင့်...
"အို....ကိုကလည်းဘာတွေလျှောက်တွေးနေတာလဲ..မေတို့သားတွေလားအဲ့လိုဖြစ်မှာ.. သားကြီးပုံစံနဲ့ပိုလို့တောင်မဖြစ်နိုင် သေး...အဓိပ္ပါယ်မရှိတာတွေ"
မေမေ့ရဲ့ခါးခါးသီးသီးစကားကြောင့် ချမ်း,တစ်ကိုယ်လုံးတောင့်ခဲသွားရပြီး လက်ဖက်ရည်ခွက်လေးကိုပို၍တင်းတင်းဆုပ်ကိုင်မိသည်။ အပေါ်ထပ်သို့မနည်းအားတင်းတက်လာရင်း ... စာကြည့်စားပွဲတွင်ထိုင်လိုက်ကာဓာတ်ပုံလေးတွေဆီအကြည့်ပို့မိ၏။
သူ၏အတွေးတွေထဲမှာတော့...
(မေမေ့သားနှစ်ယောက်လုံးကမရိုးသားကြတော့ဘူးမေမေ.. ဦးကျော်စွာကရှက်လို့အိမ်ပြင်တောင်မထွက်ရဲဘူးတဲ့... ဖေဖေတို့မေမေတို့ကိုသာအဲ့လိုအဖြစ်မျိုးရောက်စေခဲ့ရင် သားကတော်တော်ကျေးဇူးကန်းတဲ့သားမိုက်ဖြစ်မှာ)
==================================
ချမ်း,သူ့ဖုန်းကိုမကိုင်ဘူး စာတွေလည်းreplyမပြန်ဘူး..အဖေတို့ကိုမေးဖို့ကလည်းမသင့်တော်တာမို့တစ်ယောက်တည်းအတွေးပေါင်းသောင်းခြောက် ထောင်နဲ့ဗျာများနေခဲ့၏။ ဒီနေ့အဖေနဲ့ဖုန်းပြောတော့အမေနဲ့ပါပြောဦးဆိုလာသည့်စကားအဆုံးမှာတော့ အတွေ့ချင်ဆုံးမျက်နှာလေးကိုလျှပ်တစ်ပြက်တွေ့လိုက်ရသည်။ နေများမကောင်းဘူးလား ဘာတွေအဆင်မပြေများဖြစ်နေလဲဆိုတဲ့တစ်ကိုယ်တော်မေးခွန်းတွေကို ခဏလေးတွေ့လိုက်ရသည့်မျက်နှာ
လေးက အကုန်အဆင်ပြေနေကြောင်းဖြေသွားခဲ့သည်။
အကုန်အဆင်ပြေနေသော်လည်း ကိုယ့်ကိုတစ်ချက်မကြည့်လာသည့်မျက်လုံးလေးတွေကြောင့် မိမိနဲ့ပတ်သက်ပြီးစိတ်ခုစရာတစ်ခုခုရှိနေမှန်းသိလိုက်ရသည်။ မေးထူးခေါ်ပြောကနေ လုံးဝဖြတ်ချလိုက်တဲ့အဆင့်မှာတော့ သူ့ Graduation capကို ကိုယ့်ခေါင်းပေါ်တင်သူ့ပခုံးကိုဟန်ပါပါဆွဲဖက်ပြီး အမှတ်တရပုံရိုက်လိုသည့်ဆန္ဒအစုံကိုလုံးဝချိုးနှိမ်လိုက်တော့သည်။
(မင်းအမျှော်လင့်ဆုံးပွဲလေးမှာ ကိုကို့ကြောင့်နဲ့တော့အနှောင့်အယှက်မဖြစ်စေချင်ဘူး။ ဒီတစ်ခါဘဲအလျှော့ပေးမယ် ချမ်း .. ဒီတစ်ခါဘဲ။ ငါအမျှော်လင့်ဆုံးပွဲမှာတော့ မင်း မပါလို့မဖြစ်ဘူး။)
====================================
ဒီလို ဒီလိုနဲ့... ဒီလို ဒီလိုနဲ့။
ကိုကိုမပါတဲ့ချမ်းရဲ့ဘွဲ့နှင်းသဘင်ကတော့ ပျော်ရွှင်မှု၅၀%နဲ့ပြီးဆုံးသွားပါတယ်။ ဖေဖေ မေမေနဲ့ ဖွားမှုံ ၊မဇာတို့လင်မယားပါမကျန် သူငယ်ချင်းတွေအဆုံးအကုန်ခေါ်သွားတဲ့သူ့ဘွဲ့ယူပွဲရဲ့ ပျောက်ရှနေတဲ့ ၅၀%ကို ဘယ်လိုပြန်ရှာရမလဲ။
အဲ့နေ့က အဖြစ်ချင်ခဲ့ဆုံးသောဘဝကိုစတင်လျှောက်လှမ်းရတော့မှာမို့ သူ ဝမ်းသာမျက်ရည်ကျခဲ့ပါသည်။ အသက်ပေါင်းများစွာကယ်ခဲ့တဲ့မေမေ့ကိုလေးစားအားကျရင်းတစ်ထပ်တည်းကျအောင်နင်းခဲ့တဲ့ခြေလှမ်းတွေရဲ့ခရီးတစ်ထောက်အဆုံးမှာတော့ သူ့လက်နဲ့ကိုယ်တိုင်ဆက်ပေးရတော့မည့် အသက်ရှုသံလေးတွေကိုကြားယောင်မိတော့ ဒီမိသားစုထဲရောက်အောင်ဆွဲခေါ်လာပေးသည့်သူရဲ့ရင်အုပ်ကျယ်ထဲဝင်ကာအားရပါးရငိုချပစ်ချင်ခဲ့ပါသည်။
မျက်ရည်တွေနဲ့သူ့ကိုဖေဖေနဲ့မေမေကအသာထွေးပွေ့ထားပေးတော့ လူတစ်လုံးသူတစ်လုံးဖြစ်အောင်ပျိုးထောင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်စိတ် ,ဒီလိုလူမျိုးတွေရဲ့သားကိုမှအရောင်တွေစွန်းထင်းစေခဲ့တဲ့အတွက် ရှက်ရွံ့အားနာစိတ်တို့ဖြင့် ခေါင်းမဖော်ဝံ့ဘဲထပ်ခါထပ်ခါငိုကြွေးနေခဲ့မိသည်။
အဲ့ဒီအချိန်ကမ္ဘာကြီးရဲ့အနောက်ခြမ်းမှလူကတော့တက်လာတဲ့ဓာတ်ပုံလေးတွေကိုကြည့်ရင်း... သူ့ရဲ့ပွဲလေးရောက်ဖို့အချိန်ကျပြီဟုဆိုကာ ၇နှစ်နီးပါးခွဲနေခဲ့ရသည့် အရှေ့တောင်အာရှနိုင်ငံငယ်လေးမှရင်ခွင်ငယ်လေးကိုအပိုင်သိမ်းရန်ချီတက်ဖို့တာစူနေခဲ့လေပြီ။
=================================
"ဟားခါးကိုတစ်နှစ်တာဝန်ကျတယ် ဖေဖေ"
ဆိုသည့် ဒေါက်တာပေါက်စ,စကားအဆုံးမှာ သူတို့တစ်အိမ်လုံးကျောင်းစတက်မည့်ကလေးကိုပြင်ဆင်ပေးသကဲ့သို့ အုန်းအုန်းထကြပြန်သည်။
ဖွားမှုံရဲ့အရည်အသွေးကောင်းကရမက်တုံးများထည့်ထားသည့်ခြင်း... မေမေရဲ့ 'ဟိုမှာ အရမ်းအေးမှာ'ဟုဆိုကာ ထည့်ပေးလိုက်သည့်အနွေးထည်များနှင့်မာဖလာအထပ်ထပ်...ဖေဖေ့ရဲ့အန္တရာယ်ကင်းစေရန်ဆိုကာထည့်ပေးပြန်သည့် စိပ်ပုတီးတစ်ကုံးကကျောပိုးအိတ်အပေါ်ဆုံးအကန့်မှာနေရာယူလျက်...အကိုလေးအစားအသောက်ခက်နေမည်စိုးသဖြင့် လင်မယားနှစ်ယောက်မိုးပြဲဒယ်နဲ့ကြော်ပေးလိုက်သည့် ချဥ်ပေါင်ကြော်နဲ့ဘာလချောင်ကြော်ကလည်းမပါမဖြစ်။ ပြီးတော့ ချမ်း,ရဲ့အရေးကြီးဆုံးသောဓာတ်ပုံနှစ်ပုံနဲ့ ၇နှစ်နီးပါးမလျှော်ရသေးသည့်အင်္ကျီအပြာတစ်ထည်ကလည်းစလွယ်သိုင်းအိတ်ထဲမှာသီးသန့်ဖြစ်တည်ရင်း ဟားခါးခရီးစဥ်အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။
====================================
ရုံးရောက်တော့ ၁၁နာရီတောင်ထိုးတော့မည်။ သားတော်မောင်ကိုကားဂိတ်ပို့ ဇနီးကိုဆေးရုံဝင်ပို့ခဲ့သည့်ဦးမြတ်ဟန် ထိုင်ခုံပေါ်ခြေပစ်လက်ပစ်ထိုင်ချရုံရှိသေး... တုန်ခါလာတဲ့ဖုန်းကြောင့်ထုတ်ယူကြည့်လိုက်တော့ Oversea နံပါတ်....
"အေး...အောင်ဘုန်းဟန်ပြော"
("တစ်ယောက်မှဖုန်းမကိုင်ကြဘူး ဘာတွေဖြစ်နေကြ
တာလဲ ဦးမြတ်ဟန်")
"ဘုန်းပြည့်ချမ်းဟန်ကိုကားဂိတ်လိုက်ပို့ပြီး ဒေါ်မေသူအောင်ဆေးရုံဝင်ပို့ရတယ်လေကွာ...ကျုပ်အခုမှရုံးရောက်တာ"
ကားဂိတ်ဆိုသည့်စကားကြောင့် ဘုန်းဟန်မျက်ခုံးများတွန့်ချိုးသွားရပြီး...
("ကားဂိတ် .. ကားဂိတ်ကဘာသွားလုပ်တာလဲ")
"ဟေ!!! မင်းညီကိုလိုက်ပို့တာလေကွာ "
("သူကဘာသွားလုပ်တာလဲလို့ အဖေရဲ့!")
"ဟ ! သူဟားခါးကိုတာဝန်ကျတယ်လေ မင်းမသိဘူးလား ပြောပြီးပြီဆို"
ဘုန်းဟန် အံများတင်းတင်းကြိတ်သွားရင်း.. စကားသံခေတ္တတိတ်သွား၏။
("သား ပြန်လာလို့ရပြီလား ဒီလောက်ဆိုအဖေ့ဆီမှာအလုပ်ပြန်ဝင်လို့ရပြီမလား")
"အစောကြီးတည်းကရတယ်... မင်းပြန်မလာချင်သေးဘူးဆိုလို့သာအဖေဘာမှမပြောတာ.. အဖေကငါ့သားကိုမလိုအပ်ဘဲနေမလား"
("သား သန်ဖက်ခါပြန်လာတော့မယ်")
"မင်းကလည်းပြန်လာချင်တော့လည်းချက်ချင်း.. သဘောဗျာ...သဘော နေပါဦး နေပါဦး သားငယ်ကဘာမှမပြောသွားတာလား အဖေတို့ကိုတော့သူပြောပြီးပြီဆိုလို့သားဆီဖုန်းမဆက်ဖြစ်တာလေ"
("အဲ့ကောင် ကျွန်တော့်ကိုကောက်ပြီးစကားမပြောတာငါးလရှိတော့မယ် အဖေရဲ့ !!!")
အော်ပြောလိုက်တာကြောင့် ဦးမြတ်ဟန်ဖုန်းကိုနားမှအမြန်ခွါမိကာ တစ်ဖက်မှစကားအဆုံးပါးစပ်အဟောင်းသားဖြင့်...
"ဟေ...!"
အဲ့ကောင်ရဲ့ကိုကို နံရံဆီသို့ဖုန်းကိုပစ်ပေါက်လိုက်ပြီး...
"ပြေးတယ်ပေါ့..ဘုန်းပြည့်ချမ်းဟန် မင်းတော့လား!!
_______________________________________________
𝙆𝙈𝙏-💜-
𝟐𝟔 𝙊𝘾𝙏,𝟐𝟎𝟐𝟏-♒-
Zawgyi ⬇️
ကိုကိုနဲ႔ဖုန္းလုံးဝမေျပာျဖစ္တာ တစ္လေလာက္ရွိေတာ့မယ္။ ပို႔ထားတဲ့စာေတြကိုလည္း reply မျပန္မိ၊ဖုန္းဆက္ေတာ့လည္းမကိုင္ဆိုေတာ့ သူေတာ္ေတာ္မ်ားလြန္သြားၿပီလား။
"သားႀကီးနဲ႔ဖုန္းေျပာေနတာလား ေမလည္းေျပာမယ္"
ေဖေဖကၿပဳံးၿပီးေခါင္းညိတ္ျပလာရင္း ေမေမ့နားကပ္ထိုင္ကာ တစ္ဖက္မွအကုန္ျမင္ရေစရန္ဖုန္းကိုအနည္းငယ္ေျမႇာက္လိုက္၏။ကိုကိုေမေမကဖုန္းမွတစ္ဆင့္ျမင္ေနရသည့္ကိုကို႔ကိုခ်စ္ျမတ္ႏိုးစြာျဖင့္...
"သား..."
("အေမ... ေနေကာင္းလား ဘာေတြလုပ္ေနတာလဲ")
"အေမေဒါင္ေဒါင္ျမည္ပါေတာ္... ဒီမွာေလ သားငယ္ေသြးတိုင္းေပးေနတာ.. သားေရာ ၾကည့္ပါဦးအဲ့ဒီမုတ္ဆိတ္ေမြး ႏႈတ္ခမ္းေမြးေတြကဘာျဖစ္ေနတာတုန္း"
ေမေမ့အေျပာေၾကာင့္ ခ်မ္း,ကိုကို႔ကိုလွစ္ခနဲတစ္ခ်က္ၾကည့္လိုက္ေတာ့ ျမင္ေနက်မဟာနဖူးကိုမျမင္ ရဘဲ ဆံသားနက္နက္တို႔ကနဖူးေပၚဝဲက်ေနတာသာျမင္လိုက္ရ၏။ စိမ္းဖန္႔ေနေသာႏႈတ္ခမ္းေမြး မုတ္ဆိတ္ေမြးေနရာတို႔တြင္ အနည္းငယ္ရွည္စျပဳေနေသာအေမြး အမွင္အခ်ိဳ႕။ ၿပီးေတာ့ယခင္လိုၾကည္ေတာက္ ေနေသာမ်က္ဝန္းအစုံေနရာတြင္ ညႇိဳးငယ္ရိပ္လႊမ္းေန၏။ခ်မ္း,စိုးထိတ္သြားရၿပီးသူ႔ဘက္သို႔အၾကည့္မေရာက္ခင္မ်က္ႏွာလႊဲလိုက္မိသည္။
(ကိုကို ေနမ်ားမေကာင္းဘူးလား)
("မအားလို႔မရိတ္မိတာပါ အေမရဲ႕... ဘာလဲ အေမ့သားကပိုခန္႔သြားလို႔ ရင္ခုန္သြားတာလား")
"ရင္ခုန္တာေပါ့ အေမ့သားကဂိုဏ္းစတားပုံေပါက္ေနတာကိုး"
ကိုကိုကခပ္ေသာ့ေသာ့ေလးရီလိုက္ၿပီး...
("အေမကေတာ့လုပ္ၿပီ... ဖြားမႈံတို႔ေရာ ေနေကာင္းရဲ႕လား")
"တစ္အိမ္လုံးေကာင္း.. အကုန္ေကာင္း ေအာ္.. ဒါနဲ႔သား ညီေလးဘြဲ႕ယူအမီေတာ့ျပန္လာမယ္မလား"
ခ်မ္း,ေမေမ့ကိုဆီးခ်ိဳပါတိုင္းေပးၿပီး ေဖေဖ့ကိုပါတိုင္းေပးရန္အထ ေမေမ့အေမးစကားေၾကာင့္တစ္ဘက္မွအေျဖကိုအသာနားစြင့္ေနရင္းေလသံအနိမ့္ေလးျဖင့္...
"ေဖေဖ ေသြးတိုင္းရေအာင္"
"ေအး ေအး သား"
ေဖေဖကလည္းသူ႔ေလသံေလးအတိုင္းျပန္ေျဖလာၿပီး လက္တစ္ဖက္ထိုးေပးလာ၏။ ေဖေဖ့ကိုေသြးတိုင္းေပးမယ့္လက္အစုံက တစ္ဘက္မွအေျဖစကားေၾကာင့္အနည္းငယ္တြန္႔သြားရသည္။
("မလာျဖစ္ေလာက္ေတာ့ဘူး အေမ")
"ေဟ... ဘာလို႔တုန္းသားႀကီးရ"
"သားကလည္းကြယ္ တစ္ႏွစ္မွလည္းျပန္မလာ ညီေလးဘြဲ႕ယူအမီေတာ့ျပန္လာမယ္ထင္ေနတာေလ"
("သား ဒီႏွစ္ထဲေတာ့ျပန္လာေတာ့မွာပါ သူဘြဲ႕ယူမယ့္ေန႔ကဒီမွာသားအစားဝင္မယ့္တစ္ေယာက္ကို hand overလုပ္ေပးရမယ့္ရက္ေတြနဲ႔သြားတိုက္ေနတယ္အေမရဲ႕... ")
"ဟင္း..အင္း.... တကယ့္ေန႔မွာမွ သားရယ္"
ေမေမကသက္ျပင္းကိုေလးပင္စြာခ်ရင္းဆို၏။
("အေဖနဲ႔အေမရွိတာဘဲ သားမရွိလည္းဘာမွမျဖစ္ေလာက္ပါဘူး")
ထိုစကားသံအဆုံးမွာ ခ်မ္း,နားထဲတြင္ သားမရွိလည္း သားမရွိလည္း ဆိုသည့္အသံမ်ားပဲ့တင္ထပ္ေနၿပီး ရင္ထဲတင္းက်ပ္သြားရသည္။
ေဖေဖက...
"အဲ့လိုေတာ့ဘယ္ဟုတ္မလဲသားႀကီးရဲ႕ စကားကိုဘယ္လိုေတြေျပာေနတာလဲ"
ခ်မ္း,ငိုခ်င္လာရကာ ေနရာမွထထြက္သြားလိုစိတ္ေတြျဖစ္လာတာေၾကာင့္ ေသြးတိုင္းေပးအၿပီးေဖေဖ့ကိုခြင့္ေတာင္းကာ အေပၚတက္ခဲ့ေလေတာ့၏။ေဖေဖတို႔ကေတာ့ ဖုန္းေျပာက်န္ေနရစ္ခဲ့သည္။
သားႀကီးဖုန္းခ်သြားေတာ့ ေမက...
"ညီအစ္ကိုေတြရန္မ်ားျဖစ္ထားသလား ကို"
ဦးျမတ္ဟန္ ေကာ္ဖီတစ္ငုံေသာက္လိုက္ရင္း...
"မသိပါဘူး ေမရယ္...သားေယာက္်ားေလးေတြဘဲတစ္ခါတေလေတာ့ကေတာက္ကဆေလးေတြရွိမွာေပါ့..."
"စကားေျပာတာမေတြ႕မိသလားလို႔ပါ"
"ထားလိုက္ပါ ေမရယ္...ၿပီးရင္ျပန္တည့္ၾကလိမ့္မယ္ သူတို႔လားေနႏိုင္မွာ"
အခန္းထဲေရာက္ေတာ့ ကုတင္ေပၚအ႐ုပ္ႀကိဳးျပတ္ထိုင္ခ်မိ၏။ သူေတာ္ေတာ္လြန္ေနၿပီထင္ပါသည္။ကိုကိုသူ႔အေပၚခံစားခ်က္ေတြရွိေနလည္း ဒီတိုင္းေလးမသိခ်င္ေယာင္ေဆာင္ၿပီးအလိုက္အထိုက္ေလးေနေပးရမွာကို အခုေတာ့သက္သက္မဲ့ကိုကို႔အေပၚစိမ္းကားသလိုျဖစ္ေနၿပီ။ သူဆင္ဆင္ျခင္ျခင္ေနရက်ိဳးနပ္တယ္ထင္ပါရဲ႕... ကိုကိုကရွိေစခ်င္ေနတဲ့အခမ္းအနားကိုေတာင္မလာေတာ့ဘူးတဲ့ေလ...။
ခ်မ္း,ထိုင္ေနရာမွထလိုက္ၿပီး အဝတ္ဗီဒိုဆီေလွ်ာက္သြားကာ ဗီဒိုအတြင္းဘက္ဆုံးမွ မေလွ်ာ္တာ ၆ႏွစ္ေက်ာ္ၿပီျဖစ္သည့္ အက်ႌအျပာေလးကိုထုတ္ယူလိုက္သည္။ ထိုအက်ႌေလးကိုအသာအယာပြတ္သပ္ေနရင္း..
(ကိုကိုမရွိလို႔ျဖစ္တယ္တဲ့လား မဟုတ္ရပါဘူး ကိုကိုရယ္... ခ်မ္း ဘာလုပ္ရမလဲ .. ဒီလိုမွမေနရင္ ကိုကိုကေရွ႕ဆက္တိုးလာမွာသိတယ္... အဲ့ဒီအခါက်ရင္ေမေမတို႔ကိုခ်မ္း,ဘယ္လိုအင္အားမ်ိဳး ဘယ္လိုမ်က္ႏွာမ်ိဳးနဲ႔ရင္ဆိုင္ရမွာလဲကိုကိုရယ္...)
ခ်မ္း,သက္ျပင္းေမာကိုမႈတ္ထုတ္လိုက္ၿပီး...
"ဟူး... အဆင္ေျပသြားလိမ့္မယ္ ခဏပါဘဲ ခဏေလးေတာင့္ခံလိုက္ ပုံမွန္ျဖစ္သြားလိမ့္မယ္"
ထို႔ေနာက္ ခ်မ္း,ေရခ်ိဳးခန္းထဲသြားၿပီးမ်က္ႏွာကိုခပ္ၾကမ္းၾကမ္းသစ္ပစ္လိုက္ေလ၏။ မွန္ထဲကေရစိုေနတဲ့မ်က္ႏွာကိုျမင္ေတာ့ မသိေအာင္တုံးခံလိုက္ရသည့္ကတုံးမ်က္ႏွာေလးကိုျမင္ေယာင္လာၿပီးၿပဳံးမိျပန္သည္။
(အဲ့လို ထင္ရာေတြတဇြတ္ထိုးလုပ္တတ္လို႔ ခ်မ္း,လန္႔ေနရတာ ကိုကိုေရ!!)
စိတ္ရႈပ္ေနရင္ လက္ဖက္ရည္ေလးေသာက္လိုက္..အခ်ိဳဓာတ္ကစိတ္ဖိစီးမႈေလ်ာ့တယ္လို႔ ၾကားဖူးတယ္ကိုကိုေဖ်ာ္လာေပးမယ္ေနာ္...
စာေတြက်က္ရလြန္းလို႔ လမ္းေပ်ာက္သလိုျဖစ္ကာစိတ္ေတြရႈပ္ေထြးလာတိုင္း ကိုကိုေျပာေနက်စကားေလးမ်ား...။
" လက္ဖက္ရည္ေလးေဖ်ာ္ေသာက္ၾကည့္ရမလား"
ခ်မ္း,လက္ဖက္ရည္ေဖ်ာ္ဖို႔ေအာက္ဆင္းလာေတာ့ဧည့္ခန္းမွာေမေမကဇာတ္လမ္းတြဲထိုင္ၾကည့္ေနကာေဖေဖကေတာ့ဖုန္းသုံးေန၏။ ဆင္းလာတဲ့သူ႔ကိုေဖေဖကေမးဆတ္ျပေတာ့...
"သား လက္ဖက္ရည္ေလးေသာက္ခ်င္လာလို႔"
"ေဒါက္တာလည္းညဘက္ႀကီးလက္ဖက္ရည္ေတြေသာက္ေနလိုက္"
"တစ္ခါတေလပါ ေဖေဖခင္ဗ်"
"သိပ္အခ်ိဳႀကီးမေသာက္နဲ႔ေနာ္ သား"
"ဟုတ္... ေမေမ"
ဦးျမတ္ဟန္ဖုန္းသုံးေနရင္း သတင္းတစ္ခုကိုအေတြ႕သက္ျပင္းသာခ်မိသည္။ သူ႔အသံေၾကာင့္ ေမက..
"ဘာျဖစ္လို႔လဲ ကို"
"အင္း...ကိုေက်ာ္စြာ.. ကိုေက်ာ္စြာကိုေမသိတယ္မလား"
"သိတယ္ေလ ဘာျဖစ္လို႔လဲကိုရဲ႕"
"သူ႔သားကိုအေမြျဖတ္ေၾကာင္းတင္ထားလို႔"
"ဟယ္ေတာ့ သူ႔မွာအဲ့သားတစ္ေယာက္ဘဲရွိတာမဟုတ္ဘူးလားဘာေတြျဖစ္လို႔တုန္း"
"ေကာင္ေလးကသူ႔ရည္းစားနဲ႔ခိုးရာလိုက္ေျပးသြားတယ္ေလ..."
"အို...ခိုးရာလိုက္ေျပးတာနဲ႔ဘဲသားကိုစြန္႔လႊတ္စရာလား"
ဦးျမတ္ဟန္ ဖုန္းကိုအသာခ်လိုက္ၿပီး...
"ေကာင္ေလးကေယာက္်ားခိုးသြားတာ ေမရဲ႕.."
လက္ဖက္ရည္ခြက္ကိုင္ရင္းအေပၚျပန္တက္ဖို႔ေလွကားသုံးပုံတစ္ပုံအေရာက္ေဖေဖ့အေျပာေၾကာင့္ သူ႔ေျခလွမ္းေတြတန္႔သြားရသည္။
ေဒၚေမသူေအာင္ ဦးျမတ္ဟန္ကိုအံ့ဩတႀကီးၾကည့္မိေလ၏။
"သားတစ္ေယာက္တည္းဆိုေတာ့ အမ်ားႀကီးေမွ်ာ္လင့္ထားတာေလ အခုကိုေက်ာ္စြာရွက္လို႔အျပင္ေတာင္မထြက္ဘူးေျပာတယ္"
"အင္း...ဒီေခတ္ကေလးေတြလည္းခက္သားေနာ္"
"ေမ.."
"ဟင္.."
"တကယ္လို႔ေလ ကိုယ္တို႔သားေတြသာအဲ့လိုမ်ိဳးေတြျဖစ္ခဲ့ရင္ဘယ္လိုလုပ္ၾကမလဲ"
ေဒၚေမသူေအာင္အလန္႔တၾကားျဖင့္...
"အို....ကိုကလည္းဘာေတြေလွ်ာက္ေတြးေနတာလဲ..ေမတို႔သားေတြလားအဲ့လိုျဖစ္မွာ.. သားႀကီးပုံစံနဲ႔ပိုလို႔ေတာင္မျဖစ္ႏိုင္ ေသး...အဓိပၸါယ္မရွိတာေတြ"
ေမေမ့ရဲ႕ခါးခါးသီးသီးစကားေၾကာင့္ ခ်မ္း,တစ္ကိုယ္လုံးေတာင့္ခဲသြားရၿပီး လက္ဖက္ရည္ခြက္ေလးကိုပို၍တင္းတင္းဆုပ္ကိုင္မိသည္။ အေပၚထပ္သို႔မနည္းအားတင္းတက္လာရင္း ... စာၾကည့္စားပြဲတြင္ထိုင္လိုက္ကာဓာတ္ပုံေလးေတြဆီအၾကည့္ပို႔မိ၏။
သူ၏အေတြးေတြထဲမွာေတာ့...
(ေမေမ့သားႏွစ္ေယာက္လုံးကမ႐ိုးသားၾကေတာ့ဘူးေမေမ.. ဦးေက်ာ္စြာကရွက္လို႔အိမ္ျပင္ေတာင္မထြက္ရဲဘူးတဲ့... ေဖေဖတို႔ေမေမတို႔ကိုသာအဲ့လိုအျဖစ္မ်ိဳးေရာက္ေစခဲ့ရင္ သားကေတာ္ေတာ္ေက်းဇူးကန္းတဲ့သားမိုက္ျဖစ္မွာ)
==================================
ခ်မ္း,သူ႔ဖုန္းကိုမကိုင္ဘူး စာေတြလည္းreplyမျပန္ဘူး..အေဖတို႔ကိုေမးဖို႔ကလည္းမသင့္ေတာ္တာမို႔တစ္ေယာက္တည္းအေတြးေပါင္းေသာင္းေျခာက္ ေထာင္နဲ႔ဗ်ာမ်ားေနခဲ့၏။ ဒီေန႔အေဖနဲ႔ဖုန္းေျပာေတာ့အေမနဲ႔ပါေျပာဦးဆိုလာသည့္စကားအဆုံးမွာေတာ့ အေတြ႕ခ်င္ဆုံးမ်က္ႏွာေလးကိုလွ်ပ္တစ္ျပက္ေတြ႕လိုက္ရသည္။ ေနမ်ားမေကာင္းဘူးလား ဘာေတြအဆင္မေျပမ်ားျဖစ္ေနလဲဆိုတဲ့တစ္ကိုယ္ေတာ္ေမးခြန္းေတြကို ခဏေလးေတြ႕လိုက္ရသည့္မ်က္ႏွာ
ေလးက အကုန္အဆင္ေျပေနေၾကာင္းေျဖသြားခဲ့သည္။
အကုန္အဆင္ေျပေနေသာ္လည္း ကိုယ့္ကိုတစ္ခ်က္မၾကည့္လာသည့္မ်က္လုံးေလးေတြေၾကာင့္ မိမိနဲ႔ပတ္သက္ၿပီးစိတ္ခုစရာတစ္ခုခုရွိေနမွန္းသိလိုက္ရသည္။ ေမးထူးေခၚေျပာကေန လုံးဝျဖတ္ခ်လိုက္တဲ့အဆင့္မွာေတာ့ သူ႔ Graduation capကို ကိုယ့္ေခါင္းေပၚတင္သူ႔ပခုံးကိုဟန္ပါပါဆြဲဖက္ၿပီး အမွတ္တရပုံ႐ိုက္လိုသည့္ဆႏၵအစုံကိုလုံးဝခ်ိဳးႏွိမ္လိုက္ေတာ့သည္။
(မင္းအေမွ်ာ္လင့္ဆုံးပြဲေလးမွာ ကိုကို႔ေၾကာင့္နဲ႔ေတာ့အေႏွာင့္အယွက္မျဖစ္ေစခ်င္ဘူး။ ဒီတစ္ခါဘဲအေလွ်ာ့ေပးမယ္ ခ်မ္း .. ဒီတစ္ခါဘဲ။ ငါအေမွ်ာ္လင့္ဆုံးပြဲမွာေတာ့ မင္း မပါလို႔မျဖစ္ဘူး။)
====================================
ဒီလို ဒီလိုနဲ႔... ဒီလို ဒီလိုနဲ႔။
ကိုကိုမပါတဲ့ခ်မ္းရဲ႕ဘြဲ႕ႏွင္းသဘင္ကေတာ့ ေပ်ာ္႐ႊင္မႈ၅၀%နဲ႔ၿပီးဆုံးသြားပါတယ္။ ေဖေဖ ေမေမနဲ႔ ဖြားမႈံ ၊မဇာတို႔လင္မယားပါမက်န္ သူငယ္ခ်င္းေတြအဆုံးအကုန္ေခၚသြားတဲ့သူ႔ဘြဲ႕ယူပြဲရဲ႕ ေပ်ာက္ရွေနတဲ့ ၅၀%ကို ဘယ္လိုျပန္ရွာရမလဲ။
အဲ့ေန႔က အျဖစ္ခ်င္ခဲ့ဆုံးေသာဘဝကိုစတင္ေလွ်ာက္လွမ္းရေတာ့မွာမို႔ သူ ဝမ္းသာမ်က္ရည္က်ခဲ့ပါသည္။ အသက္ေပါင္းမ်ားစြာကယ္ခဲ့တဲ့ေမေမ့ကိုေလးစားအားက်ရင္းတစ္ထပ္တည္းက်ေအာင္နင္းခဲ့တဲ့ေျခလွမ္းေတြရဲ႕ခရီးတစ္ေထာက္အဆုံးမွာေတာ့ သူ႔လက္နဲ႔ကိုယ္တိုင္ဆက္ေပးရေတာ့မည့္ အသက္ရႈသံေလးေတြကိုၾကားေယာင္မိေတာ့ ဒီမိသားစုထဲေရာက္ေအာင္ဆြဲေခၚလာေပးသည့္သူရဲ႕ရင္အုပ္က်ယ္ထဲဝင္ကာအားရပါးရငိုခ်ပစ္ခ်င္ခဲ့ပါသည္။
မ်က္ရည္ေတြနဲ႔သူ႔ကိုေဖေဖနဲ႔ေမေမကအသာေထြးေပြ႕ထားေပးေတာ့ လူတစ္လုံးသူတစ္လုံးျဖစ္ေအာင္ပ်ိဳးေထာင္ေပးခဲ့တဲ့အတြက္ ေက်းဇူးတင္စိတ္ ,ဒီလိုလူမ်ိဳးေတြရဲ႕သားကိုမွအေရာင္ေတြစြန္းထင္းေစခဲ့တဲ့အတြက္ ရွက္႐ြံ႕အားနာစိတ္တို႔ျဖင့္ ေခါင္းမေဖာ္ဝံ့ဘဲထပ္ခါထပ္ခါငိုေႂကြးေနခဲ့မိသည္။
အဲ့ဒီအခ်ိန္ကမာၻႀကီးရဲ႕အေနာက္ျခမ္းမွလူကေတာ့တက္လာတဲ့ဓာတ္ပုံေလးေတြကိုၾကည့္ရင္း... သူ႔ရဲ႕ပြဲေလးေရာက္ဖို႔အခ်ိန္က်ၿပီဟုဆိုကာ ၇ႏွစ္နီးပါးခြဲေနခဲ့ရသည့္ အေရွ႕ေတာင္အာရွႏိုင္ငံငယ္ေလးမွရင္ခြင္ငယ္ေလးကိုအပိုင္သိမ္းရန္ခ်ီတက္ဖို႔တာစူေနခဲ့ေလၿပီ။
=================================
"ဟားခါးကိုတစ္ႏွစ္တာဝန္က်တယ္ ေဖေဖ"
ဆိုသည့္ ေဒါက္တာေပါက္စ,စကားအဆုံးမွာ သူတို႔တစ္အိမ္လုံးေက်ာင္းစတက္မည့္ကေလးကိုျပင္ဆင္ေပးသကဲ့သို႔ အုန္းအုန္းထၾကျပန္သည္။
ဖြားမႈံရဲ႕အရည္အေသြးေကာင္းကရမက္တုံးမ်ားထည့္ထားသည့္ျခင္း... ေမေမရဲ႕ 'ဟိုမွာ အရမ္းေအးမွာ'ဟုဆိုကာ ထည့္ေပးလိုက္သည့္အေႏြးထည္မ်ားႏွင့္မာဖလာအထပ္ထပ္...ေဖေဖ့ရဲ႕အႏၲရာယ္ကင္းေစရန္ဆိုကာထည့္ေပးျပန္သည့္ စိပ္ပုတီးတစ္ကုံးကေက်ာပိုးအိတ္အေပၚဆုံးအကန္႔မွာေနရာယူလ်က္...အကိုေလးအစားအေသာက္ခက္ေနမည္စိုးသျဖင့္ လင္မယားႏွစ္ေယာက္မိုးၿပဲဒယ္နဲ႔ေၾကာ္ေပးလိုက္သည့္ ခ်ဥ္ေပါင္ေၾကာ္နဲ႔ဘာလေခ်ာင္ေၾကာ္ကလည္းမပါမျဖစ္။ ၿပီးေတာ့ ခ်မ္း,ရဲ႕အေရးႀကီးဆုံးေသာဓာတ္ပုံႏွစ္ပုံနဲ႔ ၇ႏွစ္နီးပါးမေလွ်ာ္ရေသးသည့္အက်ႌအျပာတစ္ထည္ကလည္းစလြယ္သိုင္းအိတ္ထဲမွာသီးသန္႔ျဖစ္တည္ရင္း ဟားခါးခရီးစဥ္ေအာင္ျမင္စြာၿပီးဆုံးခဲ့ပါသည္။
====================================
႐ုံးေရာက္ေတာ့ ၁၁နာရီေတာင္ထိုးေတာ့မည္။ သားေတာ္ေမာင္ကိုကားဂိတ္ပို႔ ဇနီးကိုေဆး႐ုံဝင္ပို႔ခဲ့သည့္ဦးျမတ္ဟန္ ထိုင္ခုံေပၚေျခပစ္လက္ပစ္ထိုင္ခ်႐ုံရွိေသး... တုန္ခါလာတဲ့ဖုန္းေၾကာင့္ထုတ္ယူၾကည့္လိုက္ေတာ့ Oversea နံပါတ္....
"ေအး...ေအာင္ဘုန္းဟန္ေျပာ"
("တစ္ေယာက္မွဖုန္းမကိုင္ၾကဘူး ဘာေတြျဖစ္ေနၾက
တာလဲ ဦးျမတ္ဟန္")
"ဘုန္းျပည့္ခ်မ္းဟန္ကိုကားဂိတ္လိုက္ပို႔ၿပီး ေဒၚေမသူေအာင္ေဆး႐ုံဝင္ပို႔ရတယ္ေလကြာ...က်ဳပ္အခုမွ႐ုံးေရာက္တာ"
ကားဂိတ္ဆိုသည့္စကားေၾကာင့္ ဘုန္းဟန္မ်က္ခုံးမ်ားတြန္႔ခ်ိဳးသြားရၿပီး...
("ကားဂိတ္ .. ကားဂိတ္ကဘာသြားလုပ္တာလဲ")
"ေဟ!!! မင္းညီကိုလိုက္ပို႔တာေလကြာ "
("သူကဘာသြားလုပ္တာလဲလို႔ အေဖရဲ႕!")
"ဟ ! သူဟားခါးကိုတာဝန္က်တယ္ေလ မင္းမသိဘူးလား ေျပာၿပီးၿပီဆို"
ဘုန္းဟန္ အံမ်ားတင္းတင္းႀကိတ္သြားရင္း.. စကားသံေခတၱတိတ္သြား၏။
("သား ျပန္လာလို႔ရၿပီလား ဒီေလာက္ဆိုအေဖ့ဆီမွာအလုပ္ျပန္ဝင္လို႔ရၿပီမလား")
"အေစာႀကီးတည္းကရတယ္... မင္းျပန္မလာခ်င္ေသးဘူးဆိုလို႔သာအေဖဘာမွမေျပာတာ.. အေဖကငါ့သားကိုမလိုအပ္ဘဲေနမလား"
("သား သန္ဖက္ခါျပန္လာေတာ့မယ္")
"မင္းကလည္းျပန္လာခ်င္ေတာ့လည္းခ်က္ခ်င္း.. သေဘာဗ်ာ...သေဘာ ေနပါဦး ေနပါဦး သားငယ္ကဘာမွမေျပာသြားတာလား အေဖတို႔ကိုေတာ့သူေျပာၿပီးၿပီဆိုလို႔သားဆီဖုန္းမဆက္ျဖစ္တာေလ"
("အဲ့ေကာင္ ကြၽန္ေတာ့္ကိုေကာက္ၿပီးစကားမေျပာတာငါးလရွိေတာ့မယ္ အေဖရဲ႕ !!!")
ေအာ္ေျပာလိုက္တာေၾကာင့္ ဦးျမတ္ဟန္ဖုန္းကိုနားမွအျမန္ခြါမိကာ တစ္ဖက္မွစကားအဆုံးပါးစပ္အေဟာင္းသားျဖင့္...
"ေဟ...!"
အဲ့ေကာင္ရဲ႕ကိုကို နံရံဆီသို႔ဖုန္းကိုပစ္ေပါက္လိုက္ၿပီး...
"ေျပးတယ္ေပါ့..ဘုန္းျပည့္ခ်မ္းဟန္ မင္းေတာ့လား!!
_______________________________________________
𝙆𝙈𝙏-💜-
𝟐𝟔 𝙊𝘾𝙏,𝟐𝟎𝟐𝟏-♒-