Is Love Real ??

By Sol_Sol_01

7.3K 353 32

သူကလေ တစ်လျှောက်လုံး ကျွန်မကို လိမ်ညာခဲ့တဲ့အပြင် ကတိတစ်ခုတောင်မတည်ဘဲ အမြဲ ရှောင်ပြေးနေတဲ့ မိန်းမမျိုး ကျွန်မ... More

Is Love Real?? (intro)
Is Love Real?? (part 1)
Is Love Real ?? (part 2)
Is Love Real ?? (part3)
Is Love Real ?? (part 4)
Is Love Real ?? (part 5)
Is Love Real?? (part 6)
Is Love Real?? (part 7)
Is Love Real?? (part8)
Is Love Real?? (part10)
Is Love Real?? (part 11)
Is Love Real?? (part12)
Is Love Real?? (part13)
Is Love Real?? (part14)
Is Love Real ??(part 15)
Is Love Real ?? (part 16)
Is Love Real?? (part17)
Is Love Real?? (part18)
Is Love Real?? (part19)
Is Love Real?? (part20)
Is Love Real?? (part21)
Is Love Real?? (part22)
Is Love Real?? (part23)
Is Love Real?? (part 24)

Is Love Real ??(part 9)

130 11 2
By Sol_Sol_01

Anni အတွက် screenshot တွေရိုက်လိုက် edit တွေလုပ်လိုက်နဲ့ယွန်း တစ်ယောက်အလုပ်ရှုပ်နေတာပေါ့

"စဉ်းစားကြည့်မှ ငါ နဲ့ သင်းတို့ရဲ့ couple ပုံလေးမရှိဘူးနော် ဝမ်းနည်းလိုက်တာ"

သင်းနဲ့ ယွန်းတို့က LDRS လေ couple ပုံဆိုတာက မရှိသလောက်ပါဘဲ

သင်း - heyyy သက်ဆိုင်သူလေးဘာလုပ်

ယွန်း - ဘာမှမလုပ်ပါဘူး ဒီအတိုင်း nf ပွတ်လိုက် ဘာလုပ်လိုက်ပေါ့ သင်းကော

ယွန်းအမှန်တော့ video editing အတွက်ပြင်ဆင်နေတာပါ

သင်း - သင်းလည်းဘာမှ မလုပ်ပါဘူး anime ကြည့်နေတာပေါ

ယွန်း - အော်ဟုတ် ထမင်းကောစားပြီးပြီလား

သင်း - စားတော့မှာခဏနေရင်

ယွန်း - ဟုတ် အာ့ဆိုစားလိုက်အုံးနော်

သင်း - ယွန်းလည်း စားလိုက်အုံး

ယွန်း - ဟုတ်ဟုတ်

-------------------------------------------

ယွန်း - ငါ့ကို သက်ဆိုင်သူလေးတဲ့ခေါ်တယ် အမလေး ငါရင်တွေပေါက်ကွဲမတတ်ဘဲ ပျော်လိုက်တာ

ကြယ်စင် - အမယ်" ro ကြပေါ့အေ

ယွန်း - ဟွန့် ro မှာသေချာပေါက်ဘဲ

ကြယ်စင် - အော် အေးပါ"လုပ်ကြပါ

ယွန်း - hehe
------------------------------------------

သင်းက translator group မှာဆိုလည်း ညီမလေးရဲ့ မမဆိုပြီး nickname လေးထားတယ် group ထဲမှာလည်း တစ်ခြား translator တွေနဲ့ စကားပြောရင်း စကားစပ်ရင် ယွန်းကဘယ်လောက်ချစ်ကြောင်း ယွန်းကို ဘယ်လောက်ချစ်ကြောင်းတွေကို ပြောတာ ယွန်း အရမ်းပျော်တာဘဲ သင်းက ယွန်းကို တန်ဖိုးထားတယ်ဆိုတဲ့ခံစားချက်လေးက ဘာနဲ့မှနှိုင်းမပြနိုင်အောင်ပင် အဲ့တာတွေအကုန် ယွန်းသိနေပေမယ့် သင်းကိုမပြောခဲ့ပါဘူး ရှက်တာကြောင့် မသိသလို ဟန်ဆောင်နေခဲ့ပါတယ်

ယွန်းကတော့ translator group နဲ့ မရင်းနှီးတဲ့အတွက် မပြောဖြစ်ပါဘူး အဲ့အစား ယွန်း သူငယ်ချင်းတွေရဲ့ post တွေမှာ "ငါ့မမက ငါ့ကိုဘယ်လောက်ချစ်ကြောင်း ငါ့ကိုဘယ်လောက်တန်ဖိုးထားတယ် ငါကလည်းသူ့ကိုအရမ်းချစ်ကြောင်းတွေကို" လိုက်ပြောပြီး စနောက်တာ အစဉ်အလာလေးတစ်ခုလိုဖြစ်လို့ပေါ့

သင်းက ယွန်းရဲ့ သူငယ်ချင်းတွေနဲ့ friend မဖြစ်ထားတော့ ဒါတွေကိုတော့ သင်းမမြင်ဖူးပေါ့ အဲ့ဒါကြောင့်သင်းကို ယွန်းခေါ်ချင်တဲ့ပုံစံလေးနဲ့ မရှက်ဘဲကြိုက်သလိုခေါ်ပြီး ကြိုက်သလိုပြောနိုင်တာပေါ့ ဥပမာ ငါ့အပိုင်တို့ ငါ့မမတို့ ငါ့ချစ်သူလေး ငါ့ကောင်မလေး ငါ့ခလေးဆိုးလေးတို့ ဘာညာ အကုန်ပြောဖြစ်ပါတယ် အဲ့လိုတွေပြောဖြစ်ပေမယ့် သင်းအရှေ့မှာတော့ တစ်ခါမှ မခေါ်ဖူးဘူး ရှက်လို့ပါ သင်းက ရည်းစားဦးလေးဆိုတော့လည်း ခေါ်ဖို့က အသစ်အဆန်းဖြစ်နေပြီး အရမ်းရှက်မိတာပေါ့

ဒီလိုနဲ့ တစ်နေ့ ယွန်း သင်း acc ကို တစ်ခုလုပ်လိုက်ပါတယ်--

See first ဖြစ်တဲ့ favorite ဆိုတဲ့အရာလေးပေါ့ ယွန်းက see first လုပ်တယ်ဆိုတာ တအားရှားပါးတယ် idol တွေရဲ့သာမာန် acc တောင် see first မလုပ်ပါဘူး ကိုယ်ကြိုက်တဲ့ page တွေကိုသာ see first လုပ်လေ့ရှိတာပါ သင်းကတော့ ချွင်းချွက်အနေနဲ့ page မဟုတ်ဘဲ သာမာန် acc လေးဖြစ်ရက်နဲ့ ယွန်းရဲ့ favorite see first list ထဲပါနေခဲ့တာပေါ့---

အဲ့ see first ကြောင့် သင်း က translator friend တွေထဲ မန့်ဝင်ရေးတာတို့ သင်းကို ဘယ်သူတွေ post tag တာတို့ ဘာ post share တာတို့က အစ noti တက်ပြီး အမြဲထိပ်ဆုံးမှာမြင်ရတာပေါ့

သင်းကလည်း translator friends တွေနဲ့ post တော်"များ"မှာ မန့်တာတို့တွေ့နေရတာပေါ့ ယွန်းနဲ့ပက်သက်ပြီး ment တာတွေလည်းရှိတယ် ဘယ်လောက်ချစ်တယ် ဘာညာတို့ စရင်းနဲ့ မန့်ကြတာပေါ့ အဲ့တာတွေအကုန် အသေးစိတိကအစ ယွန်းသိနေခဲ့ပါတယ် ဘယ်သူ့ဆီမှာ ဘယ်လိုမန့် ဘယ်နှစ်ခုမန့်တယ်ဆိုတာက အစပေါ့ အဲ့လိုမန့်လေးတွေမြင်ရင် ယွန်း ss ယူပြီးသိမ်းထားမိတယ် တစ်ခါတစ်လေကြ ကြယ်စင်ဆီလာပြီး ဘယ်လောက်ပျော်ရကြောင်း ရင်ဖွင့်မိတယ်

ယွန်းကဒီလိုတွေလုပ် ဒီလိုတွေသိတယ်ဆိုတာကိုတော့ သင်းသိမယ်မထင်ပါ ဘာလို့ဆို ယွန်း သင်းကိုမပြောဖစ်ခဲ့ဘူး ရှက်လို့ပါ translator တွေနဲ့လည်းမရင်းနှီးတော့ ဝင်မပြောရဲခဲ့ဘူးပေါ့ မသိသလိုဘဲ ဟန်ဆောင်ကာ နေ"မိတာပေါ့ ပြောရရင် ဟန်ဆောင်ကောင်းတာပေါ့

ဒါပေမယ့် တစ်ခုက "သင်းကဘယ်လိုဘဲလုပ်"ဘာဘဲဖြစ်နေ" ပါးစပ်ကနေဖွင့်ပြီး မပြောတတ်အောင်အရမ်းချစ်တယ်ဆိုတာပါဘဲ"

ဒီလိုနဲ့ ဘာလိုလိုနဲ့ first anni လေးလာတော့မယ်လေ ယွန်းစိတ်ထဲ တစ်ခုကိုသေချာသိနေတာကသင်းအဲ့လိုတွေသိလောက်မယ်မထင်ဘူး ဆိုတာကိုပေါ့ မေ့ရင်လည်း မေ့နေနိုင်တယ်ပေါ့

"မနက်ဖြန် anni ရောက်ပြီး video လည်း ပြင်ဆင်ပြီး စကားလည်း ပြင်ဆင်ပြီး OK အကုန်အဆင်သင့်ဘဲ ဟီး"

ယွန်း - ဒါနဲ့လေ မနက်ဖြန်က ငါတို့ anni သိလား

ကြယ်စင် - ဟုတ်လား one month ရှိသွားပြီပေါ့

ယွန်း - အေး ငါဒီကြားထဲ anni ကိုလုံးဝမဟထားဘူး ဘယ်လိုဖြစ်မလဲ သိချင်လို့ ငါ့စိတ်ထဲထင်နေတာက သူကဒီလိုတွေသိမယ့်သူမဟုတ်ဘူးလို့ထင်နေတယ်

ကြယ်စင်- အေး စောင့်ကြည့်ကြတာပေါ့

ယွန်း - omm

ယွန်းလည်း သိချင်စိတ်များစွာနဲ့ အိပ်လိုက်လေသည်

ဒီလိုနဲ့ anni 18 သို့ရောက်လာပြီလေ ----

ယွန်းဘာမှမပြောဘဲ သင်းသိမလားလို့ စောင့်နေလိုက်တယ်

သင်း - good morning အတန်းတက်နေပြီလား

ယွန်း - omm တက်နေတယ်

သင်း - အော် မနက်စာစားအုံးနော် ပြီးကျမှတွေ့မယ်

ယွန်း - အင်း

သင်းက ထုံးစံအတိုင်းဘဲ ဖြစ်နေလို့ ယွန်း hint လေးပေးလိုက်တယ်

ယွန်း - သင်းတော့နော် စိတ်ဆိုးခံရတော့မယ် မြင်ယောင်နေပြီ

သင်း - ဟင် ဘာလို့လဲ

ယွန်း - သေချာစဉ်းစားလေ

သင်း - ဟင် သိဝူး

ယွန်းလည်း class brek time ရတုန်း တစ်ဖန် ပြန်ကာ

ယွန်း - အခုထိ မသိသေးဘူးလား

သင်း - ဟုတ်တယ် မသိဘူး ဘာလို့လဲ ပြောပြလေ

ယွန်း video လေးပို့ကာ Happy One Month ဆိုပြီး စိတ်ကောက်ချင်ယောင်ဆောင်ကာ ပို့လိုက်တယ် ယွန်းအစတည်းက မသိလောက်ဘူးဆိုတာ ထင်နေတော့ ဘာမှ စိတ်ဆိုးတာ စိတ်ကောက်တာ ဖြစ်မနေပါဘူး စချင်တာရယ် သင်းဘယ်လိုလေးဖြစ်သွားမလဲ သိချင်တာရယ်ကြောင့် လုပ်လိုက်မိတယ်

သင်း - ဟင် ကောင်မလေး ကောင်မလေး ဗျို့ကောင်မလေးရေ စိတ်ကောက်သွားတာလား သင်းမှားပါတယ် သင်းက အဲ့လို anni တွေ ရှိမှန်းမသိခဲ့ဘူး one year မှရှိတယ်ထင်တာ တော်"ပြင်ဆင်ထားပုံရတယ် video လေးက
သင်းတောင်းပန်ပါတယ်

ယွန်း စာတွေဆက်တိုက်တက်လာတာကြောင့် ဝင်ကြည့်မယ်လုပ်ချိန်မှာ အမေခေါ်တာကြောင့်ရယ် လုပ်စရာ ကိစ္စတွေပေါ်လာတာကြောင့် သေချာမဖတ်မိဘဲ လိုင်းဆင်းသွားလိုက်ရတာပေါ့

ညနေ ၄ ခွဲလောက်မှ ကိစ္စအကုန်လုံးပြီးအားတော့မှ လိုင်းတက်လာချိန်မှာ

"ဟယ် ဘယ်လိုတွေတောင်လား Viber တွေကော messenger တွေကော tele တွေကော Facebook တွေကပါ noti တွေပါလား" ဆိုပြီး ယွန်း ဝင်ကြည့်လိုက်ချိန်မှာ

သင်းက video လေးပြန် edit ကာ happy one month ပါတဲ့ sorry I forget ဆိုပြီး ပို့လာတယ် Viber တွေကနေလည်း sorry ကြောင်းတွေ မှားသွားပါတယ်ဆိုတာတွေ Facebook မှာလည်း မှားသွားပါတယ်ဆိုပြီး gift လေးနဲ့ချွဲပြီး tag ထားတာ ဘယ်လောက်တောင်ချစ်ဖို့ကောင်းပါလိမ့်

ယွန်း - ဟွန့် anni ကိုမေ့ရတယ်လို့

သင်း - မေ့တာမဟုတ်ဘူး အဲ့လိုလုပ်ရမယ်မှန်းကိုမသိတာ အငယ်မမေးကြည့်တော့မှ အဲ့လိုတွေရှိမှန်းသိတာ counting app တွေကအစပေါ့

ယွန်းစိတ်ထဲမှာတော့ "ဒါသင်းအတွက် ပထမဆုံးလား သင်းရဲ့ ပထမဆုံး ဖြစ်နေလို့ ဒါတွေ မသိတာများလား အာ့ဆို one month ဆိုတဲ့ဒီလိုတွေကို သိအောင်ပထမဆုံးလုပ်ပေးတဲ့သူက ငါပေါ့ ငါက first လားမသိဘူး" ယွန်းစိတ်ထဲ တွေးချင်တွေးကာ anni မသိလို့ ကောက်ရမယ့်အစားပျော်နေတော့တယ်

သင်း - ယွန်း surprise လုပ်မယ် ပြောထားတာ ဒီ counting app လား

ယွန်း - omm ဟုတ်တယ် ဒီမှာကြည့်ပုံ

သင်း - အရမ်းချစ်တယ် အမှန်ဆိုလေ ယွန်းအခုလို ပထမဆုံး စိတ်ကောက်တဲ့အတွက် ပျော်မိတယ်သိလား

ယွန်း - ဟင် ဘာလို့ပျော်တာလဲ

သင်း - ယွန်းက သင်းတို့ရဲ့ relationship ကိုအရေးထားလို့လေ အရမ်းချစ်တယ်

ယွန်း - ဒီကလည်း ဘယ်လောက်ချစ်တယ်ဂရုစိုက်တာကို ပြောစရာမလိုတော့ပါဘူးနော် သက်သေပြပြီးပြီနော်

သင်း - ဟုတ်ပါပြီ ဟဲ"

ယွန်း တကယ်ကို စိတ်မကောက်ခဲ့ပါဘူး ပျော်နေခဲ့တာပါ ဒါပေမယ့် သင်းက ယွန်း စိတ်ကောက်တယ်ထင်ပြီး ပျော်နေတော့ ယွန်းလည်း အမှန်ကို မပြောပြခဲ့ပါဘူး ဒီအတိုင်းထားလိုက်တော့တယ်

ဒီလို ကိစ္စလေးအတွက်နဲ့ ယွန်း စိတ်ကောက်ပြီး ဝမ်းနည်းတတ်သူမဟုတ်ပါဘူး ဘာလို့ဆို ယွန်းမှာ အဲ့ထက်ကြီးမားတဲ့ တစ်ခြား ပြသာနာ စိတ်ဖိစီးမှုတွေ စိတ်ညစ်စရာတွေ များစွာနဲ့ ကြုံခဲ့ရပြီးပြီလေ အဲ့တော့ဒါလေးက ယွန်းအတွက် စိတ်ညစ်စေမယ့်အစား သင်းအပြောအဆို လုပ်ပုံကိုင်ပုံလေးတွေကြောင့်ပိုပျော်နေခဲ့တာပေါ့

ကြယ်စင် - ဘယ်လိုလဲ အဆင်ပြေလား မှတ်မိလား

ယွန်း - omm ပြေတယ် သူမေ့တာမဟုတ်ဘူး အဲ့လိုတွေလုပ်ရမယ်မှန်းမသိတာ

ကြယ်စင်- ဟင်

ယွန်း - (ဖြစ်ကြောင်းအကုန်ရှင်းပြလိုက်တယ်)

ကြယ်စင် - အော် အဲ့လိုကို နင်လည်းအဆင်ပြေတယ်မလား

ယွန်း - ပြေတာပေါ့ မေ့တာမဟုတ်ဘူး မသိတာလေ ပြီးတော့အစထဲက အဲ့လိုဖြစ်လောက်မယ်လို့ ငါလည်းထင်နေတော့ no surprise ပိုတောင်ပျော်သွားသေး

ကြယ်စင် - အေးပါအဆင်ပြေရင်ပြီးတာပါဘဲ

-------------------------------------------

တွဲတာ တစ်လပြည့်ပြီး သွားပြီဆိုတော့ ယွန်းစိတ်ကို ဖွင့်ချလိုက်တော့တယ် အစက သင်းက စိတ်အပြောင်းအလဲ မြန်တတ်လို့ ပြတ်သွားမှာဆိုးတာကြောင့် စိတ်ကိုထိန်းချုပ်ပြီး ချစ်ခဲ့ပေမယ့် အခုနောက်ပိုင်းသိလိုက်တာက သင်းလည်း ယွန်းကို ချစ်တယ်ဆိုတဲ့ အသိလေးကြောင့် ယွန်းစိတ်ကိုဖွင့်ချကာ သင်းကို အားရပါးရတကယ်ချစ်လိုက်တော့တယ်

ဒီလိုနဲ့ တစ်နေ့ ~~~

ယွန်းအမေ - ဦးက မန္တလေးသွားလိမ့်မယ် သမီး ဘာမှာ အုံးမလဲ

ယွန်း - မန္တလေး ?? မီးလည်း လိုက်ချင်တယ်

ယွန်းအမေ - ဘာလို့လိုက်မှာလဲ English ကျောင်းမှာ စာမေးပွဲရှိတယ်မလား

ယွန်း - Test portal လေးပါဘဲ internet ရှိရင်ရပြီ

ယွန်းအမေ - ဒါပေမယ့်လည်း အိမ်မှာက WiFi နဲ့ဆို ပိုအဆင်ပြေတယ်လေ ဟိုမှာက WiFi ကမသေချာ လိုင်းမိလား မမိလားသိတာမဟုတ်

ယွန်း - ရဘူး လိုက်ချင်တယ် မန္တလေးမရောက်တာကြာနေပြီလေ ဒေါ်လေးတို့နဲ့လည်းတွေ့ချင်တာပေါ့

ယွန်းအမေ -  ဦး က October ကျ ထပ်သွားလိမ့်မယ် အဲ့ခါကျမှ အေးဆေး လိုက်တော့​ေလ အဲ့ကျ မေမေပါလိုက်ချင်လိုက်မှာ အခုက exam ရှိတယ်လေ အိမ်မှာဘဲနေလိုက်တော့

ယွန်း - ပြီးရော October ကျမှ လိုက်တော့မယ်

ယွန်းတစ်ကယ်တော့ မန္တလေးလိုက်ချင်နေရတဲ့ အကြောင်းက သင်းက မန္တလေးက မလို့ပါ အဲ့ဒါကြောင့် သင်းများ အဆင်ပြေရင် တွေ့ခွင့်ရနိုင်မလားဆိုတဲ့ စိတ်နဲ့ မန္တလေးကို အရမ်းလိုက်ချင်နေခဲ့တာပါ သင်းနဲ့တွေ့ခွင့်ရဖို့ပေါ့------

ယွန်းအမေဘက်က အမျိုးတွေက မန္တလေးကလေ အမေကိုယ်တိုင်ကလည်း မန္တလေးသူပေါ့ အဘိုးအဘွားက ရန်ကုန်ကို အပြီးပြောင်းလာတဲ့ လွန်ခဲ့တဲ့ ၄ နှစ်လောက်တည်းက ယွန်းလည်း မန္တလေးကို မရောက်ဖြစ်တော့ပါဘူး ကြားထဲအကြောင်း"ကြောင့် အမေတို့ ဦးတို့က သွားဖြစ်နေလည်း ယွန်းမလိုက်ခဲ့ဘူး အခုက မန္တလေးမှာ သင်းရှိနေတယ်ဆိုတဲ့ အကြောင်းလေးကြောင့်ဘဲ မန္တလေးသွားတယ်ဆိုတာကြားတာနဲ့ ယွန်းလိုက်ချင်နေတာပါ
သင်းနဲ့ပက်သက်ရင် ရှိသမျှအကုန် အရမ်းချစ်တာကြောင့် ဒီလောက်ထိဖြစ်နေမိတာပေါ့

-------------------------------------------

ဒီလိုမျိုး တွဲတာ ကြာလာတော့ ယွန်း သတိထားမိလာတာက ယွန်းစိတ်ထဲမှာ ၂၄/၇ လုံး အချိန်ပြည့်နေရာယူထားတာ သင်းပါဘဲ မအိပ်ခင်လည်း သင်းအကြောင်းစဉ်းစားလိုက်ရမှ မနက်နိုးလို့ ဘာလုပ်တိုင်း"လည်း သင်းဘဲ စိတ်ထဲရောက်လာတဲ့ထိ သင်းက ယွန်းရင်ထဲ နေရာအပြည့်ယူထားတဲ့သူပေါ့

တစ်နေ့ သင်းဟာပုံမှန်ဟုတ်မနေခဲ့ဘူး--

ယွန်း - good morning သင်း

သင်း - good morning

ယွန်း - class ပြီးသွားပြီလား

သင်း - omm ပြီးသွားပြီ

ယွန်း - မနက်စာစားအုံးနော်

သင်း - ဟုတ်
-------------------------------------------

အရင်ကဆို စကားစပြောလိုက်နဲ့ ment တွေ မန့်လိုက်နဲ့ group မှာ စကားတွေပြောလိုက်နဲ့ ငြိမ်နေတယ်ဆိုတာ မရှိပါဘူး အခုသင်းငြိမ်နေတယ် လိုင်းလည်း သိပ်မတက်ဘူး ယွန်းစကားလာပြောမှသာ လိုင်းတက်ပြီးလာပြောတာပါ

"သင်း ပုံမှန်မဟုတ်သလိုဘဲ တစ်ခုခုဖြစ်နေမှာ သေချာတယ် ဘာဖြစ်နေတာပါလိမ့်"

ယွန်း ဖြစ်စဉ်အကုန်ကို ကြယ်စင်ကို ပြောပြဘိုက်တယ်

ယွန်း - အဲ့ဒါ သူဘာဖြစ်နေလဲ မသိဘူး

ကြယ်စင် - အေး တစ်ခုခုဖြစ်တာ သေချာတယ် ဒါမှမဟုတ်မအားတာတို့ရော

ယွန်း - မအားတာတော့ မဟုတ်လောက်ဘူး တစ်ခုခုဖြစ်နေတယ်လို့ ငါ့စိတ်ထဲမှာ ထင်နေတယ်

ကြယ်စင် - အာ့ဆို တိုက်ရိုက်မေးကြည့်ပါလား

ယွန်း - တိုက်ရိုက်မေးလည်း ပြောမယ်မထင်ဘူး စမ်းကြည့်လိုက်ပါမယ်

ကြယ်စင် - အေး
-------------------------------------------

ယွန်း - good night သင်း

သင်း - good night

ယွန်း - have a nice dream love yah

သင်း love react လေးပေးကာ လိုင်းဆင်းသွားလေသည် ယွန်းလည်း လိုင်းဆင်းကာ အိပ်ရင်းခေါင်းပေါ်လက်တင်ကာ စဉ်းစားနေမိတယ်

"ဘာဖြစ်လို့ပါလိမ့် စဉ်းစားစမ်း ဟမ်......why why" ခဏအကြာမှာတော့---

"သိပြီ အဲ့လိုပုံစံဖြစ်နေရင် သေချာပေါက်ငါဖြစ်ဖူးသလိုဖြစ်နေတာဘဲ Depression ဝင်နေတာဖြစ်မယ် ယွန်းရယ် နင်ကလည်း မေ့တတ်လိုက်တာဟယ် ကိုယ့်ကောင်မလေး က ကိုယ်ဖြစ်ဖူးတဲ့ ပုံစံဖြစ်နေတာတောင် သတိမထားမိဘူး အ လိုက်တာဟယ် သေချာအောင်မနက်ဖြန် မေးကြည့်ရမယ်" ဆိုကာ ယွန်းကွကိုယ် စိတ်ဆိုးပြီး အိပ်လိုက်လေသည်---

နောက်နေ့မနက်သို့ရောက်လာခဲ့ပြီလေ ဒီနေ့လည်းသင်းထုံးစံအတိုင်းဘဲဖြစ်နေတာပေါ့ ယွန်းမှာ class ရှိနေတာကြောင့် မအားဖြစ်နေတာနဲ့ မမေးဖြစ်ဘဲ လွှတ်ထားရတယ် အရမ်းစိတ်တိုမိတယ် ကိုယ့်ကောင်မလေးက စိတ်ညစ်နေချိန် ဘေးမှာရှိနေပေးရမှာကို ယွန်း မနေပေးနိုင်ဘူး ဒီလိုနဲ့ ညနေရောက်ပြီးအားတော့မှ မေးဖြစ်တော့တယ်.....

ယွန်း - သင်း အဆင်ပြေရဲ့လား သင်းကြည့်ရတာ အခုတလောပုံမှန်မဟုတ်သလိုဘဲ ဘာဖြစ်နေတာလဲ ပြောလေ

သင်း - ဘာမှမဖြစ်ပါဘူး

ယွန်း - ဖြစ်နေပါတယ် စိတ်ညစ်နေတာလား တစ်ခုခုဖြစ်နေတာလား သင်းကြည့်ရတာ ပုံမှန်မဟုတ်ဘူး

သင်း - အဆင်ပြေပါတယ် webtoon ဖတ်ရင်းစိတိဖြေနေတာ အဆင်ပြေသွားပါလိမ့်မယ်

သင်းက အင်းမလုပ် အဲ မလုပ်တည်းက ယွန်းသိသွားပြီလေ ယွန်းလည်း အဲ့လိုဘဲ ကြုံလာရတာ ယွန်းသေချာပေါက်သိတာပေါ့

-------------------------------------------------------

"သင်းကိုမပြောပြခဲ့ဖူးဘူး ယွန်းက သင်းသိနေတဲ့ ယွန်းတစ်ယောက်အနေနဲ့ဘဲ မဟုတ်ဘဲ အဲ့နောက်ကွယ်မှာ ရှိနေတဲ့ ယွန်းရဲ့ Dark side လို့ခေါ်ရမလား အဲ့ဘက်က ယွန်းပုံစံကို မမြင်ဖူးပါဘူး ဒါပေမယ့် ယွန်းအဲ့လိုဖြစ်ချိန်တိုင်း သင်းကိုယ်တိုင်မသိဘဲ ယွန်းကို အားပေးလိုက်တာတွေအများကြီးရှိတယ် အဲ့ဒါတွေက သင်းကိုအရမ်းချစ်နေရတဲ့ထဲ အပါအဝင်ဖြစ်ခဲ့တယ်"~~~

ပထမဆုံးရေးသားခြင်းမလို့ အရေးအသားမကောင်းသည်ဖြစ်သော် စာလုံးမှားသည်ဖြစ်သော် တောင်းပန်ပါတယ်🙇‍♀️

SOL

Continue Reading

You'll Also Like

15.1K 441 21
မိသားစု ပြဿနာ တွေ ကြောင့် ဂျစ်ကန်ကန် ဆိုး နေတဲ့ ကောင်းမလေး နဲ့ အပြုံး မပျက် သည်းခံနိုင် တဲ့ မမ
1.4K 81 7
ကမ္ဘာကုန်ကျယ်သရွှေ့ပြေးစမ်းပါ စေလေ။မေခက်ကတော့ သူမကို တွေ့အောင်ရှာမည်။ဥတုတစ်ဥတု ၌ သူမကိုပြန်ရှာတွေ့နိူင်ကောင်းပါရဲ့။ဟင်း....!ဒီနွေဦးသာဖြစ်လိုက်စမ်းစေခ...
12.5K 954 37
စာမေးပွဲဖြေတုန်းကအခန်းစောင့်တဲ့ဆရာမကလည်း ကိုယ့်အချစ်ဆုံးလူသားဖြစ်လာနိုင်ပါတယ် တီချယ်ကိုလေသမီးအရမ်းချစ်တာ ...