မုရုံချီချီ သို့ မကောင်းဆိုးဝ...
By December_Moe
14.6K 2.5K 299
... More
Chapter 99
Chapter 100
Chpater 101
Chapter 102
Chapter : 103
Chapter 104
Chapter 105
Chapter 106
Chapter 107
Chapter 108
Chapter 109
Chapter 110
Chapter 111
Chapter 112
Chapter 113
Chapter 114
Chapter 115
Chapter 116
Chapter 117
Chapter 118
Chapter 119
Chapter 121
Chapter 122
Chapter 123
Chapter 124
Chapter 125
Chapter 126
Chapter 127
Chapter 128
Chapter 129
Chapter 130
Chapter 131
Chapter 132
Not update
Chapter 133
Chapter 134
Chapter 135
Chapter 136
Chapter 137
Chapter 120
261 59 7
By December_Moe
Zawgyi Version
"Mn..."
"ကျွတ် ကျွတ်... ယောက်ျားတယောက်ဟာ ဘာလို့ ဒီလောက်တောင် လှရက်နိုင်တာလဲ?"
"အာ"
"အိုက်ယား!"
"မင်္ဂလာနံနက်ခင်းပါ"
"Mn...."
ငုံ့ကာ"အား!"
"ဂလု!"
"ချင်းချင်း..."
"cuckoo... cuckoo!"
"ဝမ်ရယ်?!"
"ပြီးပြီ!"
ဝတ်ဆင်ရမည်။
"ဝင်လာပါ"
"အမ်း!"
"ကျင်းတဲ့! ကျင်းတဲ့!"
"ချန်ရှီလား?"
"ခွင့်ပြုတယ်!"
"ကျန်း မသေသေးပါဘူး!"
"ဖြည်းဖြည်း!"
****************************
Unicode vwrsion
ညက အလွန်ကို တိတ်ဆိတ်နေသည်။ ဖုန်းချန်က မုရုံချီချီ အသက်ရှူသံကိုသာ ကြားနေရသည်။ထိုအသံမှာ ပန်းပွင့်သံကဲ့သို့ ညင်သာသည်။ ၎င်းက ဖုန်းချန်နှလုံးသားကို ယားယံစေပြီး သူလည်း ဘာလုပ်ရမှန်း မသိပေ။
"လူတွေကို ညှင်းပန်းနှိပ်စက်တတ်တဲ့ နတ်ဆိုးမလေး!"
ဖုန်းချန်က မုရုံချီချီနားနားတွင် တီးတိုးပြောဆိုလိုက်သည်။ အနှေးနှင့် အမြန် သူက သူမနှလုံးသားကို ရအောင် ယူ၍ သူမအား အမှန်တကယ် သူ့မိန်းကလေး ဖြစ်လာစေရမည်။ အဲ့ဒီရက်က သိပ်မဝေးတော့ဖို့ သူမျှော်လင့်မိသည် သို့မဟုတ်ပါက အနှေးနှင့် အမြန် သူသည် ဒါကို ထိန်းချုပ်ထားရလို့ အတွင်းဒဏ်ရာ ရသွားနိုင်သည်။
ပျော်ရွှင်မှုဟု ခေါ်ဆိုသော အရာသည် ဖုန်းချန်နှလုံးသားထဲတွင် ပျံ့နှံ့နေသည်။ သူမကို ဤသို့ ဖက်တွယ်ထားရခြင်းနှင့် သူမအား သူ့ရင်ခွင်ထဲ အိပ်စက်စေခြင်းတို့မှာ ဖုန်းချန် ကြာရှည်စွာ စိတ်ကူးယဉ်ခဲ့ရသည့် အရာပင် ဖြစ်သည်။ အခု ထိုအိပ်မက်က အမှန်တကယ် ဖြစ်လာသည်။ သူက ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးလူဟု ဖုန်းချန်က ခံစားမိသည်။ မုရုံချီချီကို , မုရုံချီချီအား သူ့ဘေးတွင် ထားရှိနိုင်ခြင်းသည် သူ့အတွက်တော့ အကောင်းဆုံးအရာပင်။ အလွန်ကောင်းမွန်သည်! အစစ်အမှန်ပင်!
ကောင်းမွန်စွာ အိပ်စက်ရသော ညတစ်ညဖြစ်သည်။ ဒါက မုရုံချီချီအတွက် အချိန်အကြာကြီး ကောင်းကောင်းအိပ်စက်ရသည့်အချိန် ဖြစ်သည်။ ပိုင်ဆိုင်ရခြင်းသည်ပုံမှန်အားဖြင့် သူမသည် ခြောက်ဆယ်ရာခိုင်နှုန်းက အိပ်ပြီး လေးဆယ်ရာခိုင်နှုန်းက နိုးကြားလေ့ရှိသည်။ သူမ အမြဲတမ်း တည်ငြိမ်စွာ မအိပ်စက်နိုင်ပါ။ ဒီတခေါက်တော့ သူမ  နေ့သစ် မစခင်အထိ အိပ်ပျော်နေခဲ့သည်။
ကောင်းကောင်းမွန်မွန်အိပ်စက်နိုင်ပြီး
"Mn..."
မုရုံချီချီ  အနည်းငယ် လှုပ်လိုက်ကာ သူမမျက်လုံးကို ဖွင့်လိုက်သည်။ ပြတင်းပေါက်အပြင်ဘက်မှ အလင်းရောင်သည် မျက်လုံးကို တိုက်ရိုက်ကျရောက်နေသည်။ သူမခန္ဓာကိုယ်အောက်မှ နူးညံ့မှုနှင့် နွေးထွေးမှုက နောက်ဆုံးတွင် ဒါဟာ သူမရဲ့ မင်္ဂလာဦးည ဖြစ်တယ်ဆိုတာကို  သူမတကယ်ပဲ မနက်ထိ အိပ်ပျော်ခဲ့သည်။ ဒါက အပြင်ကို ရောက်သွားပါက လူတွေက လက်မခံနိုင် ဖြစ်ကြလိမ့်မည်။
သူမက ဖုန်းချန်လက်မောင်းကို သူမခေါင်းအုံးအဖြစ် အသုံးပြုထားသည်။ ဒီတခေါက်တွင် ဖုန်းချသိမြင်စေခဲ့သည်။န်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်။ ရှည်လျားသော မျက်တောင်တို့မှာ စုတ်တံလို ထူထဲသည်။ သူတို့သည် အထူးဂရုတစိုက်ရေးဆွဲထားသော မျက်ခုံးနှစ်ခု၏ အောက်တွင် ရှိသည်။ ဖုန်းချန်၏ နှာတံသည် မြင့်ပြီး ပြီးပြည့်စုံသော ကောက်ကြောင်း ရှိသည်။ လှပသည့် နှာတံအောက်တွင် နှင်းဆီရောင်နှုတ်ခမ်း ရှိသည်။
"ကျွတ် ကျွတ်... ယောကျ်ားတယောက်ဟာ ဘာလို့ ဒီလောက်တောင် လှရက်နိုင်တာလဲ?"
မုရုံချီချီက တခစ်ခစ်ရယ်မောရင်း တီးတိုးပြောဆိုလိုက်သည်။ သူမက စိတ်ကို မထိန်းနိုင်ပဲ လက်ချောင်းကို ဆန့်ထုတ်ကာ ဖုန်းချန်နဖူးမှ လျောဆင်းသွားသည်။ သူ့မျက်ခုံးများကို ဖြတ်ပြီး နှုတ်ခမ်းဆီသို့ ရောက်ရှိလာသည်။
"အာ"
ဖုန်းချန်က သူ့ပါးစပ်ကို ဟကာ မုရုံချီချီလက်ချောင်းကို ကိုက်ကာ ကျားတကောင်လို အမူအယာကို တပ်ဆင်ထားလိုက်သည်။
"အိုက်ယား!"
ဖုန်းချန်က နိုးနေလိမ့်မယ်လို့ မုရုံချီချီက ထင်မှတ်မထားခဲ့ပေ။ သူမ လုပ်ခဲ့တာတွေကို သူ သေချာပေါက် သိနေလိမ့်မည်။
မုရုံချီချီဆံပင်တွေက သူမပခုံးပေါ်တွင်  တွဲလဲခိုနေသည်။ နူးညံ့ပြီး နက်မှောင်သည့် ဆံပင်များမှာ လှပသော ဖဲသားလိုပင်။ ဖုန်းချန်က မုရုံချီချီလက်ကို ကိုင်ကာ ပြောလိုက်သည်။
"မင်္ဂလာနံနက်ခင်းပါ"
ဖုန်းချန်က သူမလုပ်ခဲ့တဲ့ ရှက်စရာ ကိစ္စတွေကို ထည့်မပြောလေတော့ မုရုံချီချီက သက်သာရာ ရသွားသည်။ ကံကောင်းလို့ သူ ထည့်မပြောတာ!
လျော့တိလျော့ရဲ"မင်္ဂလာနံနက်ခင်းပါ"
မုရုံချီချီက ချိုသာစွာ ပြုံးလိုက်သည်။  ရုတ်တရက် သူမ မျက်လုံးရှေ့ ပုံရိပ်တခုက ပေါ်လာသည်။ ဘာလဲဆိုတာ သူမ နားမလည်သေးခင် ဖုန်းချန်နှုတ်ခမ်းက သူမနှုတ်ခမ်းပေါ် ကျရောက်လာသည်။ သူမက အံ့သြမှုကြောင့် နှုတ်ခမ်းပွင့်ဟမိသွားစဉ် တဖက်လူက သူမ၏ တုံ့ပြန်မှုကို အလွန် သဘောကျသွားတယ်ထင်... အထဲသို့ တိုက်ရိုက်ဝင်ရောက်လာသည်။
အချိန်တွေက အေးခဲသွားပုံပေါ်သည်။ မုရုံချီချီစိတ်က ဗလာဖြစ်သွားသည်။ ဘာကို သူမ စဉ်းစားသင့်လဲ ဘာကို မစဉ်းစားသင့်လဲဆိုတာကိုတောင် မတွေးနိုင်တော့ပေ။ သူမက ဖုန်းချန်အား သူမ၏ သေးသွယ်သောခါးကို ဖက်ထားစေပြီး သူ့ရင်ခွင်ထဲ၌သာ နေနေလိုက်သည်။ ထို့နောက် သူမက သူမနှုတ်ခမ်းပေါ်မှ ရနံ့ပေါ်မှာသာ မွေ့လျော်နေတော့သည်။
မူလက သူသည် မင်္ဂလာဦးညမှာ သူ့ကို ခံစားရစေခဲ့သောကြောင့် မုရုံချီချီအား အပြစ်ပေးလိုခဲ့သည်။
သို့သော်လည်း သူမ၏ နှုတ်ခမ်းလွှာများကို သူနမ်းရှိုက်လိုက်သောအခါ ဖုန်းချန်၏ သေးငယ်သောလက်စားချေလိုစိတ်ကလေးသည် လေထဲ ပျံဝဲသွားသည်။
အခု သူသည် သူ့ကိုယ်ပိုင်လက်ဆောင်ဖြင့် ပျော်ရွှင်နေတော့သည်။ ဒီလိုချိုမြိန်တဲ့ နှုတ်ခမ်းတစုံကို သူ လွှတ်မပေးနိုင်အောင် ဖြစ်နေသည်။ သူက ရှာပြီးရင်း ရှာဖွေနေသည်။ သူမကို သူ့အရိုးထဲသို့တိုင် ပွတ်သပ်ပြီး သူမနှင့် တပေါင်းတစည်းထဲ ဖြစ်လိုသည်။
"Mn...."
မုရုံချီချီက ပေါ့ပါးသည့် အသံတချက် ထွက်လာသည်က ဖုန်းချန်အား သူ့စိတ်စွမ်းအားကိုတောင် ချိုးဖျက်လုနီးပါး ဖြစ်စေသည်။ ဒီမိန်းကလေးက တကယ့်ကို ဒီလောက၏ နံပါတ်တစ် နတ်ဆိုးမလေး ဖြစ်၏။ သူမအပေါ်ကို သူအခု ခုန်တက်နိုင်ပါစေဟု ဆုတောင်းမိသည်။
ဒါက ဘာလဲ? မုရုံချီချီက ဖုန်းချန်နှုတ်ခမ်းမှ ခွာလိုက်သည်။ သူမက ခေါင်းကို  ကြည့်လိုက်သည်။ သူမလက်က ဘာကို ဆုပ်ကိုင်ထားတာလဲ မြင်ရပြီးနောက် မုရုံချီချီမျက်နှာကို သွေးများ ဆောင့်တိုးလာသည်။ ရှက်စိတ်နှင့် အာရုံခံစားလွယ်မှုမှ သွေးများအားလုံးသည် သူမခေါင်းထဲသို့ ဆောင့်တိုးလာသည်။ ရုတ်တရက် သူမ၏ ဖြူဖျော့နေသော မျက်နှာလေးသည် သွေးရောင်သန်းလာသည်။
ငုံ့ကာ"အား!"
မုရုံချီချီက အော်လိုက်ကာ မတ်တပ်ထရပ်လိုခဲ့သည်။ သို့ပေမယ့် မထင်မှတ်ပဲ သူမ ပိုးသားစောင်ပေါ်သို့ ခြေချမိသောအခါ ခြေချော်ပြီး ဖုန်းချန်အား သူမအောက် ပို့မိရက်သား ဖြစ်သွားသည်။ ဒီကိုယ်ဟန်အနေအထားက ဘယ်လောက်တောင် ရမက်ဆန်လိုက်သလဲ? မုရုံချီချီက ဖုန်းချန်ကိုယ်ပေါ်တွင် မြင်းစီးသည့် ပုံစံဖြင့်  သူမကိုယ်အပေါ်ပိုင်းမှာ ဖုန်းချန်နှင့် ထိကပ်နေသည်။
ပိုးထည်အဝတ်ကို ဖြတ်၍ ဖုန်းချန်က မုရုံချီချီရင်ဘတ်မှ တိမ်စိုင်နှစ်ခုကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။ အဲ့ဒါက အဝတ်ကို ဖြတ်၍ဆိုသော်လည်း ထိုတိမ်နှစ်စကို သူ ခံစားနိုင်သေးသည်။ သူမအသက်ရှူသံကို လိုက်၍ မြင့်လိုက် နိမ့်လိုက် ဖြစ်နေသောကြောင့် တခါတရံ ဝေးကွာထိုင်နေပြီးသွားပြီး တခါတရံ နီးကပ်လာသည်။
"ဂလု!"
ဖုန်းချန်က စိတ်မထိန်းနိုင်ဘဲ တံထွေးမြိုချမိသည်။ သူက စိတ်လှုပ်ရှားနေသလို မျှော်လည်း မျှော်လင့်မိနေသည်။
အခု မုရုံချီချီသည် အလွန်ရှက်နေပြီ ဖြစ်သည်။ ကံကောင်းလို့ ဘေးမှာ တယောက်မှ မရှိတာ! အဲ့ဒီလိုမှ မဟုတ်ရင် သူမက ဖုန်းချန်ကို ခုန်တက်ပြီး သူ့ကို ဖိအားပေးတယ်လို့ ထင်ကြတော့မည်! သူတို့အနေအထားက အလွန်ရမက်ဆန်နေပြီး သူမလက်နှစ်ဖက်က ဖုန်းချန်နားနောက်ကို ကိုင်ထားပုံက သူမက သူအား အတင်းအြပ် နမ်းနေသလိုပင်။ ဘယ်အချိန်တုန်းက သူမက အရမ်းဆာလောင်သွားတာလဲ?
"ချင်းချင်း..."
ဖုန်းချန်နဖူးပေါ်တွင် ချွေးများ စို့နေသည်။ သူ့အသက်ရှုသံသည် လေးလံလာသည်။ သူမက သူ့ကို ကပ်နေပြီး ကွက်တိကျနေပုံက သူ့၏ ထိန်းချုပ်ထားသော နှလုံးသားကို လှိုင်းထလာစေ၏။
"ချင်းချင်း... မင်းသာ မထသေးဘူးဆိုရင် မင်းဆန္ဒရှိတယ်လို့ ကိုယ် မှတ်ယူလိုက်တော့မှာနော်..."
ဖုန်းချန်က ရှင်းရှင်းလင်းလင်း ပြောမှတော့ သူ့အသံထဲက ပြင်းထန်တဲ့ ခံစားချက်တွေကို မုရုံချီချီက မကြားနိုင်တာ ဘယ်လိုမှ မဖြစ်နိုင်ပေ။ ပြီးတော့ သူ့၏ တင်းကြပ်လွန်းသော ခန္ဓာကိုယ်က သူ့စကားတွေ အမှန်ဖြစ်ကြောင်းကို သက်သေပြဖို့ အဆင်သင့် ဖြစ်နေပုံ ပေါ်သည်။
ရှက်သွေးဖြာမှုနှင့်အတူ မုရုံချီချီက အိပ်ရာဘေးကို လှည့်လိုက်သည်။ မုရုံချီချီ ထွက်ခွာသွားပြီးနောက် ဖုန်းချန်က  ခံစားချက်တခု ပေါက်ကွဲသွားသည်။ သူတို့သာ ရှေ့ဆက်ခဲ့ရင် ဘယ်လောက်ကောင်းလိမ့်မလဲ? လူကြီးလူကောင်း ဖြစ်ရတာ တော်တော်ခက်တယ်! တကယ့်ကို ခက်တယ်!
"ဝမ်ရယ်... မယ်တော်ကြီးနဲ့ ဧကရာဇ်ကို ကျွန်မဆုံးရှုံးလိုက်ရသည့်တို့ရဲ့ လေးစားမှုကို ပြသဖို့ နန်းတော်ထဲ သွားဖို့ လိုသေးတယ်နော်!"
ဖုန်းချန်မျက်နှာပေါ်မှ နောင်တကို မြင်သောအခါ မုရုံချီချီနှလုံးသားက အနည်းငယ် ကိုက်ခဲသွားသည်။ သူမလည်း သူ့ရဲ့ အားကောင်းတဲ့ ဆန္ဒကို ခံစားနိုင်သည်။ သို့ပေမယ့် စိတ်ချမ်းသာသလို လုပ်မရသည့် အရာများလည်း ရှိသေးသည်။
သူ့၏ နက်ရှိုင်းသည့် အတွေးများမှ မုရုံချီချီ၏ နှိုးခြင်း ခံလိုက်ရေသောအခါ ဖုန်းချန်က ထရပ်လိုက်သည်။ နိုးနိုးချင်း ပထမဆုံး သူလုပ်သည့် အလုပ်မှာ ခစားဖို့ လူတွေ ခေါ်ခြင်းမဟုတ်ဘဲ လေချွန်လိုက်ခြင်းပင်။
"cuckoo... cuckoo!"
အဖြူရောင်ခိုတကောင်က ပြတင်းပေါက်နားတွင် ပေါ်လာပြီး အထဲကို ပျံသန်းဝင်ရောက်လာကာ ဖုန်းချန်လက်ပေါ်တွင် နားလိုက်သည်။
"ဝမ်ရယ်?!"
ခိုတကောင် ရုတ်တရက် ပေါ်လာမှုသည် မုရုံချီချီအား အံ့သြစေသည်။ ဖုန်းချန်က ဒီခိုတကောင်နဲ့ ဘာလုပ်ချင်မှန်း သူမ မသိပေ။ ဖုန်းချန်က ခို၏ လည်ပင်းတွင် ဓားဖြင့် ဖြတ်လိုက်သည်ကို သူမ မြင်လိုက်ရသည်။ သူက ခိုသွေးကို အသုံးပြုကာ မင်္ဂလာဆောင် လက်ကိုင်ပဝါပေါ်တွင် စွန်းထင်းစေလိုက်သည်။ အခုမှသာ မုရုံချီချီက သွေးနှင့် ပြုလုပ်ရမည့် အရာကို
"ခိုသွေးက လူ့သွေးနဲ့ အတူဆုံးပဲ!"
ခိုကို ဂရုတစိုက် လုပ်ပေးပြီးနောက် ဖုန်းချန်က အဝတ်အစား ဝတ်ဆင်လိုက်သည်။ ထို့နောက် သူက မုရုံချီချီအား ဝတ်ဆင်ပေးသည်။
ဖုန်းချန်သည် မုရုံချီချီ အံ့သြစေလောက်အောင် သတိရတော့သည်။အရည်အချင်း ရှိလွန်းလှသည်။ သူမ ဒီကမ္ဘာကို ရောက်ရှိလာခဲ့တာက ခြောက်နှစ်ရှိပြီဆိုသော်လည်း အဝတ်အစားဝတ်ဆင်ရာမှာ မကျွမ်းကျင်သေးပေ။ သူမက ဒီရှုပ်ထွေးလှတဲ့ လုပ်ငန်းစဉ်ကို မတတ်မြောက်နိုင်ပေ။ ထို့ကြောင့် သူမက ရိုးရှင်းသည့် ပုံစံကိုသာ ဝတ်ဆင်လေ့ရှိသည်။ ဒီနေ့ သူမက နန်းတော်သို့ သွားရန် လိုအပ်ပြီးနန်းတွင်းအဝတ်အစားကို  ထို့ကြောင့် အရမ်းဒုက္ခရောက်ရပြီး ဖုန်းချန်အပေါ်သာ မှီခိုရန် ရှိတော့သည်။
"ပြီးပြီ!"
သူမ မှန်ရှေ့ရပ်လိုက်သောအခါ ဖုန်းချန်ကို စိတ်ထဲမှ လေးစားသွားမိသည်။ သူက ဒီငြီးငွေ့ဖွယ်ကောင်းသည့် အဝတ်အစားများကို လှပစွာ ဂရုစိုက်နိုင်သည်။
ဝတ်ဆင်ရမည်။
"ဝမ်ရယ်၊ ဝမ်ဖေး... နန်းတော်က အစေခံကြီး ရောက်ရှိနေပါပြီ!"
အပြင်ဘက်က စုယွဲ့အသံက ထွက်ပေါ်လာသည်။ မုရုံချီချီက နူးညံ့စွာ ပြောလိုက်သည်။
"ဝင်လာပါ"
တံခါးက ပွင့်သွားပြီး အစေခံကြီးတယောက် ဝင်ရောက်လာသည်။ သူမက သက်သေခံပစ္စည်းကို ယူရန် လာခြင်းပင်။
မုရုံချီချီပုံစံက အရမ်းကောင်းမွန်နေသောကြောင့် အစေခံကြီးမှာ အံ့သြမိသွားသည်။ ဖုန်းချန်က ဇနီးရှစ်ယောက်လုံး သေစေတဲ့အထိ ကျိန်စာသင့်နေတဲ့သူ မဟုတ်ဘူးလား? ဒီနေ့ အစေခံကြီးက ပျော်စရာအဖြစ်အပျက်သည် နာရေးအသွင် ပြောင်းလဲသွားမည်ဟု တွေးခဲ့သည်။ မုရုံချီချီက တစုံတယောက်၏ ဇနီးဖြစ်ရခြင်းအတွက် ကျေနပ်မှု၊ ရှက်ရွံ့မှုတို့နှင့်အတူ ကောင်းကောင်းမွန်မွန် ထိုင်နေလိမ့်မည်ဟု သူမ 
သူမ ပြန်ကြည့်လိုက်သောအခါ အဖြူရောင်ပိုးစသည် အနီရောင်သွေးများ ရှိနေသည်ကို တွေ့ရသောအခါ အစေခံအိုကြီးက အားရပါးရပြုံးလိုက်သည်။ ပျော်ရွှင်သောအပြုံးကြောင့် သူမ၏ အရေးအကြောင်းများဖြင့် ပြည့်နေသော မျက်နှာမှာ ဆယ်နှစ်စာ ငယ်ရွယ်သွားသလိုပင်။
မမျှော်လင့်ထားခဲ့ပေ။"ဂုဏ်ယူပါတယ် ဝမ်ရယ်! ဂုဏ်ယူပါတယ် ဝမ်ဖေး! ဝမ်ရယ်နဲ့ ဝမ်ဖေးတို့ သားတော်လေးတပါး အမြန်ဆုံး မွေးဖွားနိုင်ပါစေလို့ ဆုတောင်းပါတယ်! ပြီးတော့ သားသမီးတွေ အများကြီး ရှိလာပါစေ!"
"အမ်း!"
ဖုန်းချန်က ခေါင်းညိတ်လိုက်သည်။ အစေခံအိုကြီးက အဖြူရောင်အစကို ယူကာ မယ်တော်ကြီးအား သတင်းပို့ရန် နန်းတော်သို့ ပျော်ရွှင်စွာ ပြန်သွားသည်။
မင်းသားအိမ်တော်၏ အပြင်ဘက်မှ လျှို့ဝှက်စွာ စောင့်ကြည့်နေသော သူများသည် အစေခံအိုကြီး ပျော်ပျော်ရွှင်ရွှင်ဖြင့် လှည်းပေါ်တက်သွားသည်ကို မြင်သောအခါ သူတို့က ပဟေဠိဖြစ်သွားသည်။ အရင်ကဆို ဝမ်ဖူ၏ အနီရောင်မီးအိမ်များကို ဒီအချိန်ဆို အဖြူရောင်  အခုချိန်ဆို အိမ်တော်မှာ ရှိတဲ့ အစေခံအားလုံး လွမ်းဆွတ်တမ်းတခြင်း ဝတ်စုံ ဝတ်ဖို့ လိုအပ်လာပြီ။ သို့သော် အခုထိတိုင်အောင် ဘာသတင်းမှ ဘာလို့ ထွက်မလာရသေးတာလဲ? မုရုံချီချီ မသေလို့များလား?
မင်္ဂလာဦးညမှာ နန်လင်းဝမ်ဖေး အသက်ရှင်နိုပြောင်းလိုက်သည်။င်ခဲ့သော အဖြစ်သည် ယန်မြို့တော်တခုလုံးကို လေလို ပျံ့နှံ့သွားစေသည်။
မင်္ဂလာဦးညမှာ ဝမ်ဖေးသေမည်ဟု လောင်းထားသော သူများသည် သူတို့ရင်ဘတ်ကို ထု၊ ခြေကို ဆောင့်ကာ ငိုကြကုန်သည်။ လူအများစုက သူတို့ပိုင်ဆိုင်သမျှကို လောင်းထားကြသည်။ ဒီတခေါက်က ချွင်းချက်ဖြစ်ပြီး သူတို့ဘောင်းဘီကိုတောင် ဆုံးရှုံးလိုက်မယ်လို့ သူတို့ မထင်ထားခဲ့ပေ။ ဒီတကြိမ်အတွက် မကျေမနပ်ငိုကြွေးသံများသည် မြို့တော်၏ လမ်းတိုင်းတွင် ပြည့်နှက်နေသည်။ ဖုန်းချန်၏ မင်္ဂလာပွဲမှ ပိုက်ဆံရှာချင်သူများသည် အခုတော့ ကြောက်မက်ဖွယ်ရာ ဆုံးရှုံးရလေသည်။
ဆောင်းဦရှည်ကြာနန်းဆောင်တွင်  မျှော်လင့်ချက်အောက် ဝမ်ရမ်လဲ့က ပြန်လည် သတိရလာသည်။ သူ့ဘယ်ဘက်နားမှ နာကျင်မှုသည် မနေ့က အဖြစ်အပျက်ကို သူ့အား သတိပေးနေသလို ရှိသည်။
အသားစားမိခင်ကူက အခု သူ့ကိုယ်ထဲ ရှိနေသည်ဆိုသည့်အတွေးက ဝမ်ရမ်လဲ့အား ရုတ်တရအားလုံး၏က် ထအန်မိရင်းက အိပ်ရာပေါ်သို့ လဲလှောင်းမိသည်။
"အရှင်မင်းကြီး! အရှင်မင်းကြီး! ဘာကိစ္စရှိလို့လဲ?"
တညလုံးစောင့်နေကြသည့် မိဖုရားခေါင်နှင့် တယ်ဖေးတို့သည် အိပ်ရာနား အပြေးအလွှား  နှစ်ယောက်သား သစ်တော်ပန်းပွင့်ပေါ်မှ မိုးစက်တွေလို ငိုနေကြသည်။ သူတို့က ဝမ်ရမ်လဲ့အရှေ့သို့ ရောက်လာကာ
"အရှင်မင်းကြီး... ဘယ်လိုနေသေးလဲ?"
ဝမ်ရမ်လဲ့က သူတို့ကို ထွက်သွားဖို့ လက်ဟန်ပြလိုက်သည်။ သူကတော့ ဆက်ပြီး အန်နေသည်။ ရောက်လာကြသည်။လက်ဖက်ရည်ခွက်တဝက်စာ ပွက်ပွက်ဆူအချိန်ကြာပြီးနောက် သူက ရပ်သွားသည်။
တော်တော်ကြာကြာ အန်ထားပေမယ့် ပျို့နေဆဲဖြစ်ကာ နှိပ်စက်မှုတခုကဲ့သို့ ဖြစ်နေဆဲပင်။ ဝမ်ရမ်လဲ့မျက်နှာက အလွန်ဖြူဖျော့နေသည်။ သူ အောက်ကို ပြန်လှဲချလိုက်ပြီးနောက် ကျင်းတဲ့အား ခေါ်လိုက်သည်။
"ကျင်းတဲ့! ကျင်းတဲ့!"
ဘေးတဖက်တွင် ဒူးထောက်နေသည့် ကျင်းတဲ့တယောက်သည် ဝမ်ရမ်လဲ့က သူ့အား ခေါ်လိုက်သည်ကို ကြားသောအခါ ချက်ချင်း ထရပ်ကာ ဝမ်ရမ်လဲ့၏ ဘေးနား ရောက်ရှိလာသည်။
"မင်းကြီး... မင်းကြီး... ဒီအစေခံ ရှိပါတယ်"
"ကျင်းတဲ့ အခု ဘယ်ချိန်ရှိပြီလဲ?"
"မင်းကြီးကို လျှောက်တင်ပါတယ်... အခု ချန်ရှီ(7-9AM) ရှိပါပြီ"
"ချန်ရှီလား?"
ဝမ်ရမ်လဲ့က ရုတ်တရက် သူ့မျက်လုံးကို ဖွင့်လိုက်သည်။
"ချန်ရှီ? ဒါဆို ဖုန်းချန်ရော ဘယ်လိုနေလဲ? ဖုန်းချန်ရော ဘယ်လိုလဲ?"
ဝမ်ရမ်လဲ့ နိုးလာသောအခါ ပထမဆုံး သူသတိရသည့်သူမှာ ဖုန်းချန်ဖြစ်သည်ကို သိရသောအခါ လီပင်းနှင့် လင်းကဲ့ရှင်းတို့၏ မျက်နှာပေါ်တွင် တချိန်တည်းလိုလို ရက်စက်မှုတွေ အရောင်လက်လာသည်။
"မင်းကြီး... ခဏနေဆိုရင် နန်လင်းဝမ်နဲ့ ဝမ်ဖေးတို့ မင်းကြီးကို ကျေးဇူးတင်စကားပြောဖို့ နန်းတော်ထဲ !"
ဖုန်းချန် အဆင်ပြေသည်ဟု ကြားသောအခါ ဝမ်ရမ်လဲ့က သက်ပြင်းချလိုက်သည်။ အခြေအနေကို မသိသူများက သူ စိတ်လှုပ်ရှားနေသည်ဟု ထင်ကြလိမ့်မည်။ ဝမ်ရမ်လဲ့က အခု သူ့စိတ်ထဲမှာ အရမ်းကို နောင်တရနေတယ်ဆိုတာ တခြားသူတွေက ဘယ်လိုလုပ်သိနိုင်မှာလဲ? သူ တကယ်ပဲ ဖုန်းချန်ကို လွတ်မြောက်စေခဲ့ပြီး မုရုံချီချီကို ဝင်လာပါတော့မယ်ချမ်းသာပေးခဲ့သည်။ အားလုံးက ဟိုမိန်းမယုတ်ယွဲ့လန်ကျစ်ကြောင့်ပင်။
"ယွဲ့လန်ကျစ်ရော ဘယ်မှာလဲ?"
သူမ မသေခင် ထိုမိန်းမ၏ ရက်စက်မှုကို ပြန်သတိရမိသောအခါ ဝမ်ရမ်လဲ့မျက်လုံးများက နက်ရှိုင်းသွားသည်။
"မင်းကြီးကို လျှောက်တင်ပါတယ်! ဟွမ်ကွေ့ဖေးက မင်းကြီးကို တိုက်ခိုက်ခဲ့ပါတယ်! ဒါ့ကြောင့်  နန်းတော်အစောင့်ရဲမက်တွေက မြို့တော်တခုလုံးကို ချိတ်ပိတ်ပြီး ဟွမ်ကွေ့ဖေးကို နေရာတိုင်းမှာ ရှာဖွေနေပါတယ်!"
အရာအားလုံးကို ကျင်းတဲ့က အလွန်ရှင်းလင်းစွာ ရှင်းပြခဲ့သည်။ ဝမ်ရမ်လဲ့က ခေါင်းညိတ်ကာ
"အရမ်းကောင်းတယ်! မင်း ကောင်းကောင်းလုပ်နိုင်ခဲ့တယ်!"
ဝမ်ရမ်လဲ့ဆီမှ ထိုစကားနှင့်အတူ ကျင်းတဲ့၏ ဝန်ထုပ်ဝန်ပိုးကြီးမှာလည်း လျော့ကျသွားသည်။
"အရှင်မင်းကြီး... ဟွမ်ကွေ့ဖေးက အရှင့်ကို တိုက်ခိုက်ခဲ့တယ်! သူမက သေဖို့ပဲ ထိုက်တန်တယ်! သူမကို ဖမ်းမိတာနဲ့ သတ်ပစ်ဖို့ လိုလိမ့်မယ်!"
လီပင်းက ယွဲ့လန်ကျစ်ကို လွှတ်မထားနိုင်ပေ။ ထိုမိန်းမက သူမအား အရှက်ကွဲမှုအမျိုးမျိုးကို ကြုံတွေ့စေခဲ့သည်။ သူမသာ သံပူတုန်း မထုလျှင် ရှက်စရာဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် မင်းကြီးအား နတ်ဆိုးမများမှ မဖမ်းစားနိုင်ရန် လီပင်းသည် ဒီဟာကို အခွင့်ကောင်းယူကာ ယွဲ့လန်ကျစ်အား ရှင်းပစ်ချင်ခဲ့သည်။
"ခွင့်ပြုတယ်!"
လီပင်း လိုချင်သောအရာသည်  လိုချင်သောအရာပင်။ အခု ယွဲ့လန်ကျစ်က သေသွားပြီ ဖြစ်သော်လည်း သူမအပေါ်မှာ ဒီအရာ စိုက်ပျိုးတာက အကောင်းဆုံး ဖြစ်လိမ့်မည်။ ဝမ်ရမ်လဲ့က လီပင်း၏ အဆိုပြချက်ကို အလွန်ထောက်ခံလေသည်။
မူလက ဝမ်ရမ်လဲ့ ချီတုံချတုံဖြစ်မည်ကို လီပင်းက ဝမ်ရမ်လဲ့စိုးရိမ်ခဲ့သည်။ ဝမ်ရမ်လဲ့ဆီက ခွင့်ပြုတယ်ဆိုတာကို ကြားသောအခါ သူမနားကိုပင် မယုံနိုင်အောင် ဖြစ်ရသည်။ မင်းကြီးနဲ့ ဘာဖြစ်ခဲ့တာလဲ? သူက ယွဲ့လန်ကျစ်ကို မျက်နှာသာအပေးဆုံးမဟုတ်ဘူးလား? ဘာကြောင့် သူက အခု အရမ်းကို အကြင်နာမဲ့ရတာလဲ?
မင်းကြီးက နောက်ဆုံးတော့ နားလည်သွားတာပဲ ဖြစ်မလား? သူ အခု အဲ့ဒီမြေခွေးမရဲ့ မျက်နှာအစစ်ကို မြင်သွားပြီလား? ဒါ့ကြောင့် သူက သူမကို သနားညှာတာမှုမပေးတော့တာလား? ထိုသို့ တွေးပြီးနောက် လီပင်း၏ ပျော်ရွှင်မှုက သူမမျက်နှာပေါ်တွင် ပေါ်လာသည်။
"ဟုတ်ကဲ့! အမိန့်ကို လိုက်နာပါ့မယ်!"
အခု ယွဲ့လန်ကျစ်ဘဝက သူမလက်ထဲတွင် ရှိသည်။ သူမက လင်းကဲ့ရှင်းကို ရန်စသလို တချက်ကြည့်လိုက်သည်။ ဘယ်လိုလဲ? ဒီတခေါက် ငါနိုင်ပြီ!
လီပင်း၏ ရန်စမှုက လင်းကဲ့ရှင်းအား စိတ်အားငယ်မသွားစေပါ။ အခု သူတို့ ယွဲ့လန်ကျစ် ဘယ်မှာမှန်း မသိကြပေ။ သူတို့ သူမကို တွေ့ပြီး အပြတ်ရှင်းခဲ့ရင်တောင် တနေ့နေ့မှာ ဝမ်ရမ်လဲ့က ယွဲ့လန်ကျစ်ရဲ့ ကောင်းကွက်တွေကို အမှတ်ရပြီး လီပင်းကို မုန်းသွားတာမျိုး ဖြစ်နိုင်သည်။ သူမက လီပင်းလို မမိုက်မဲချေ။ သူမအနေဖြင့် မင်းကြီး၏ ခြေလှမ်းနှင့် နီးကပ်စွာ လိုက်ပါနိုင်ဖို့ပဲ လိုအပ်သည်။
ဝမ်ရမ်လဲ့က ဒီမိန်းမတွေရဲ့ တိုက်ခိုက်မှုနှင့် ကြံစည်မှုတွေကို လုံးဝ ဂရုမစိုက်ပေ။ အခု သူအရမ်းစိတ်ဆိုးနေသည်။ သူ့စိတ်ထဲတွင် ယွဲ့လန်ကျစ်အား အကြိမ်ပေါင်း တသောင်းလောက် ဆဲဆိုနေသည်။ နောက်ဆုံးမှာ ယွဲ့လန်ကျစ်က သူ့အပေါ် လှည့်ကွက် ဆင်ခဲ့သည်။ အခု မိခင်ကူက သူ့ကိုယ်ထဲမှာ ရှိနေသည်။ သူ ဘာလုပ်သင့်သနည်း?
အရင်တုန်းက လစဉ် ဆယ့်ငါးရက်နေ့တိုင်း သူက မိခင်ကူကို ညှင်းပန်းနှိပ်စက်ကာ ထိုသည်ကို အခွင့်အရေးယူ၍ ဖုန်းချန်အား နှိပ်စက်ခဲ့သည်။ အခု မိခင်ကူက သူ့ကိုယ်ထဲတွင် ရှိနေသည်။ သူ့ကိုယ်သူ ညှင်းပန်းနှိပ်စက်သင့်လား? သူ ဒီလိုဆိုးရွားတဲ လမ်းစဉ်ကို မခံနိုင်ဘူး! သူ ဘာလုပ်သင့်လဲ?
ပြတင်းပေါက်အပြင်ဘက်က ကောင်းကင်မှာ အလင်းရောင်တွေ တဖြည်းဖြည်းသန်းလာတာကို ကြည့်ရင်း ဝမ်ရမ်လဲ့က ရုတ်တရက် အကြံတခုရလိုက်သည်။ နန်ဖုန်းတိုင်းပြည်က ကူတွေ၏ မွေးဖွားရာဒေသဖြစ်ပြီး ကူတို့၏ မွေးရပ်မြေလည်း ဖြစ်သည်။ အထူးသဖြင့် ချန်းလူမျိုးတို့သည် ကူအဆိပ်ပြုလုပ်ရာတွင် အတော်ဆုံးဖြစ်သည်။ ထိုအကြောင်းကို ပြောရလျှင် ဒီကူကိုလည်း ထိုချန်းလူမျိုးခေါင်းဆောင်မှ သူ့ကို ပေးထားခြင်း ဖြစ်သည်။
မင်ယွဲ့ချန်က ထီးနန်းဆက်ခံပြီး အခြေအနေ မတည်မငြိမ် ဖြစ်နေသေးသည်ဟု သူ ကြားထားသည်။ သူက မင်ယွဲ့ချန်ကို ကူညီပြီး သူ့ကောင်းကွက် ဘာကြောင့် မသိစေရမှာလဲ? အဲ့ဒီအခါကျမှ သူ့ကို ကူညီဖို့ ကူကျွမ်းကျင်သူတယောက်ကို စေလွှတ်စေရမည်။
သူ့အတွင်းဝန်ထုပ်ကို ဖြေရှင်းပြီးနောက် ဝမ်ရမ်လဲ့က ပတ်တီးစည်းထားသော သူ့နားကို ကိုင်လိုက်မိကာ ယွဲ့လန်ကျစ်အား သတိရသွားသည်။ ထိုမိန်းမသည် တကယ့်ကို ရက်စက်လွန်းလှသည်။ F***! ဝမ်ရမ်လဲ့က ယွဲ့လန်ကျစ်ကို တခါထပ်၍ ဆဲလိုက်သည်။ သူ့စိတ်ထဲတွင် ယွဲ့လန်ကျစ်မိသားစုကို သေဒဏ်ပေးပြီးသည်မှာ ကြာလေပြီ။ ဖုန်းချန်နှင့် မုရုံချီချီတို့ နန်းတော်သို့ လာပြီး ဂါရဝပြုကြမည်ဟု ကျင်းတဲ့ ပြောတာ ပြန်တွေးမိသောအခါ ဝမ်ရမ်လဲ့က အိပ်ရာပေါ်မှ လျင်မြန်စွာ ထလိုက်သည်။ ကျင်းတဲ့၊ လီပင်းနှင့် လင်းကဲ့ရှင်းတို့မှာ အကျပ်ရိုက်သွားသည်။
"မင်းကြီး... အရှင်က ဒဏ်ရာရနေတာလေ။ တော်ဝင်သမားတော်က အိပ်ရာပေါ်မှာပဲ နေပြီး အနားယူတာ ကောင်းတယ်လို့ ပြောထားတယ်လေ"
"ကျန်း မသေသေးပါဘူး!"
လီပင်းစကားကို ဝမ်ရမ်လဲ့က အနည်းငယ် မကြိုက်ပေ။ သူက သူ့လက်ကို ဆန့်ကာ ကျင်းတဲ့ကို သူ့အား နဂါးဝတ်ရုံဝတ်ဆင်ပေးစေသည်။
"ဒီနေ့က ချန်အာက ဝမ်ဖေးအသစ်နဲ့ အတူ နန်းတော်ကို လာတဲ့နေ့ပဲ! ကျန်း အချိန်ကို မလွဲစေချင်ဘူး!"
ဝမ်ရမ်လဲ့၏ ဒီစကားက ဖုန်းချန်အား လူထုနှင့် ရန်သူ ဖြစ်စေသည်။
ကြည့်ပါအုံး! ဝမ်ရမ်လဲ့က ဖုန်းချန်ကို ဘယ်လောက်တောင် ချစ်လဲဆိုတာ ကြည့်ပါအုံး!
သူနိုးလားတုန်းက ပထမဆုံး သူပြောတဲ့စကားက ဖုန်းချန်အတွက် စိုးရိမ်သာကပဲ! အခုလည်း ဖုန်းချန်ကို တွေ့ဖို့ သူ့ခန္ဓာကိုယ်ကိုတောင် ဂရုမစိုက်တော့ဘူး။ ဒါက မကြုံစဖူး ကျေးဇူးတော်ပဲ!
ဝမ်ရမ်လဲ့ ဖန်တီးလိုက်သော လေထုသည် ထိုမိန်းမများ အထူးသဖြင့် မိဖုရားခေါင် လီပင်းနှင့် တယ့်ဖေး လင်းကဲ့ရှင်းတို့၏ မျက်လုံးထဲက ဆူးတချောင်း၊ အသားထဲက လက်သည်းခွံများ ဖြစ်သွားလေသည်။ လီပင်း၏ သားမှာ အိမ်ရှေ့စံမင်းသား ဖြစ်သည်။ လင်းကဲ့ရှင်း၏ အကြီးဆုံးသားမှာ ကိုယ်ကျင့်သိက္ခာကောင်းမွန်သည်ဟု အမည်ရသည်။ နှစ်ယောက်လုံးက ဝမ်ရမ်လဲ့၏ သွေးသားများ ဖြစ်ကြသည်။ အခု ဝမ်ရမ်လဲ့သည် ဖုန်းချန်အား ပထမနေရာတွင် ထားထားသည်။ ဘယ်လို ဖြစ်ရသနည်း?
ဒီမိန်းမတွေ၏ မျက်လုံးများမှ မနာလိုမှု၊ ဝန်တိုမှု၊ အမုန်းတရားတွေကို ဝမ်ရမ်လဲ့ ဘယ်လိုလုပ် မသိဘဲ နေမလဲ? သူ့နှုတ်ခမ်းထောင့်များက ပြုံးနေသည်။ သူက ကျင်းတဲ့အား သူ့ဆံပင်ကို ဖြီးခိုင်းလိုက်သည်။ သူက ဖုန်းချန်ကို အမြင့်ဆုံးနေရာ... မြင့်လွန်းလို့ လူတွေ လက်မခံနိုင်ဖြစ်သည့်နေရာတွင် ထားထားသည်။ ထို့နောက် သူတို့က အုပ်စုဖွဲ့ကာ တိုက်ကြလိမ့်မည်။ သူက သူတပါးဓားကို ငှားပြီး လူသတ်ရသည့် နည်းလမ်းကို အလွန်ကြိုက်နှစ်သက်သည်။ သူက ထိုအရာတွင် အကျွမ်းကျင်ဆုံး ဖြစ်သည်။
ဒီတကြိမ်တွင် နန်လင်းဝမ်ဖူသည် အလွန်စည်ကားနေသည်။ မုရုံချီချီက မင်္ဂလာဦးညရဲ့ ကျိန်စာကို ဖျက်စီးနိုင်စွမ်းရှိခဲ့သည့်အတွက် ဝမ်ဖူတခုလုံးက ဝမ်းမြှောက်နေကြသည်။
အရင်တုန်းက ဝမ်ဖေးအများကြီး သေဆုံးခဲ့သည်။ အပြင်လူများ မဆိုထားနှင့် ဖုန်းချန်နှင့် အနီးတကပ်နေသည့် သူတို့ပင် ကြောက်လန့်မှုကို ခံစားခဲ့ရသည်။ ဒီတခေါက် ဖုန်းချန်၏ မင်္ဂလာကိစ္စသည် လူအများအား 'ဒီဝမ်ဖေးလည်း မင်္ဂလာဦးညကျ သေဆုံးလိမ့်မည်' ဆိုသော အတွေးအား ဝင်ရောက်စေသည်။ မုရုံချီချီက လုံခြုံဘေးကင်းလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပေ။
စောစောက သူမ တင်းစုံအဆောင်မှ ထွက်လာသောအခါ နန်းတွင်းအစေခံကြီးသည် အလုံးစုံ ပြုံးရွှင်လျက် စိတ်အလိုလိုက်ကာ လေထဲ ဝဲပျံသလို ပြေးသွားသည်။
အခု ဝမ်ရယ်ကို ကြည့်သောအခါ သူက အားအင်အပြည့်အဝဖြစ်နေကာ သူ့မျက်ခုံးကြားတွင် နွေဦးရာသီလို သာယာနေတာကို ပြသခဲ့သည်။ ပြီးတော့ မုရုံချီချီမျက်နှာသည်လည်း ရှက်ရွံ့မှု အပြည့်ဖြင့် ဖြစ်နေသည်။ ဒါက ဘာကိုဆိုလိုတာလဲ? ဆိုလိုသည်မှာ ဒီဝမ်ရယ်က မင်္ဂလာဦးညတွင် အလွန်ပျော်ရွှင်ခဲ့သည်... အိုး! ဝမ်ဖေးရော!... ဒါပေါ့.. သူမလည်း အလွန်ပျော်ရွှင်ခဲ့ပုံပင်! အဲ့လိုမှမဟုတ်ရင် ဘာကြောင့် သူမက ရှက်နေလိမ့်မည်နည်း?
ဝမ်ဖူမှ လူများသည် ပွဲလမ်းသဘင်ကို အလွန်ကြိုက်ကြသည်။ ဖုန်းချီက အိမ်တော်ရှိလူများကို အိမ်တော်အဝင်ဝတွင် မီးပန်းများ ထွန်းညှိစေကာ ပျော်ရွှင်မှုကို ဖော်ပြခဲ့ပြီး ဝမ်ဖူအပြင်ဘက်တွင် ပုန်းကာ သူတို့သခင်အကြောင်း စိတ်ကူးယဉ်နေကြသော သူများအား အရှုံးပေးလက်မြှောက်သွားစေသည်။
"ဖြည်းဖြည်း!"
ဖုန်းချန်က မုရုံချီချီလက်ကို ကိုင်ကာ အိမ်တော်အဝင်ဝတွင် ပေါ်လာသည်။ နှစ်ယောက်သား နန်းတော်သို့ သွား၍ ဂါရဝပြုရန် လှည်းပေါ်သို့ တက်လိုက်သည်။ ဝမ်ဖူ၏ အပြင်မှ လူများသည် အလွန်ကောင်းကောင်းမွန်မွန်အသက်ရှင်နေသော မုရုံချီချီအား မြင်သောအခါ ကြက်သေသေသွားကြသည်။
အရမ်းအသက်ရှင်နေတယ်! ကျောက်ယန်မင်းသမီးက မင်္ဂလာဦးညကို ဘေးကင်းကင်းနဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီ!
ဖုန်းချန်နှင့် မုရုံချီချီတို့၏ ချစ်ခင်ယုယနေသော ပုံစံအရ ဘာမှ မဖြစ်ခဲ့ကြပုံပင်။ ဒီတခေါက်တော့ ဖုန်းချန်၏ ကောဟလဟဖြစ်သည့် ဇနီးသည်များအား ကျိန်စာသင့်စေသည်ဟူသော အချက်အား လုံးဝ ချိုးဖျက်လိုက်သည်။ မုရုံချီချီခန္ဓာကိုယ်အပေါ် အကြောင်းပြု၍ အနိုင်ရယူပြီး ချမ်းသာချင်သည့် သူများကို သနားမိသည်။ အခု သူတို့အားလုံး စိတ်ပျက်ညှိုးငယ်နေကြသည်။
နန်းတော်ထဲတွင် အစေခံကြီးက သွေးစွန်းနေသော လက်ကိုင်ပဝါကို လင်ပန်းပေါ် တင်၍ တုန်ဖန်လန်အား ပြလိုက်ကာမှ တညလုံး ထိတ်လန့်မှုတွေနှင့် ကုန်ဆုံးခဲ့ရသည့် မယ်တော်ကြီးလည်း ပြုံးနိုင်တော့သည်။
"ကောင်းတယ်! ကောင်းတယ်! ကောင်းတယ်!အရမ်းကောင်းတယ်! အရမ်းကောင်းတယ်!"
တုန်ဖန်လန်က ဖုန်းချန်အတွက် စိတ်ထဲမှာ လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်မိသည်။ အခု သူမက မုရုံချီချီစည် မုရုံထိုက်၏ သမီးဖြစ်သည့် အကြောင်းကို ထပ်မတွေးတော့ပေ။ မင်္ဂလာဦးညကို ဘေးကင်းလုံခြုံစွာ ဖြတ်သန်းနိုင်ခြင်းက ဒီကလေးက ကောင်းချီးပေးခံရလို့ပဲပင်။ သူမနှင့် ဖုန်းချန်၏ အက္ခရာရှစ်လုံးလည်း ကိုက်ညီသည်ဟု ပြောလို့ရသည်။ ဒါက ကောင်းကင်ဘုံက စုံဖက်ပေးတာ! ကမ္ဘာပေါ်မှာ အလိုက်ဖက်ဆုံး စုံတွဲပဲ!
"ဂုဏ်ယူပါတယ် မယ်တော်ကြီး!"
ထိုအစေခံကြီးမှာ နန်းတော်၏ လူဟောင်းတယောက် ဖြစ်သည်။ သဘာဝကျစွာပဲ မယ်တော်ကြီး ဘာတွေးနေသည်ကို သူတို့ သိသည်။ သူမက ချက်ချင်း တုန်ဖန်လန်ကို ဂုဏ်ပြုလိုက်သည်။
"ကောင်းတယ်! ဆုချီးမြှင့်လိုက်! ဆုချီးမြှင့်လိုက်!"
တုန်ဖန်လန်၏ အမိန့်နှင့်အတူ ချင်းကူသည် ကြီးမားသော ရွှေတုံးတတုံး ယူလာပြီး အစေခံကြီးလက်ထဲ ထည့်ပေးလိုက်သည်။
"အိုက်ယိုး! ဒါက ဘယ်လိုလုပ် အဆင်ပြေပါ့မလဲ? ဒီအစေခံက လုပ်သင့်တဲ့ အလုပ်ကိုပဲ လုပ်ခဲ့တာပါ။ ဒီအစေခံက ဘယ်လိုလုပ် မယ်တော်ကြီးရဲ့ ဆုလာဘ်ကို ယူဆောင်သင့်မလဲ?"
ရွှေတုံး၏ အလေးချိန်မှ အစေခံကြီးသည် ဒီပစ္စည်း၏ တန်ဖိုးကို သိသည်။ သူမက ပြန်ပြီး ချလိုက်သည်။
"မင်းကို ပေးတဲ့ ဆုလာဘ်က မင်းအတွက်ပဲ! လက်ခံလိုက်! အိုက်ကျား ဒီနေ့ ပျော်နေတယ်! လူတိုင်းကဆုရကြလိမ့်မယ်!"
တုန်ဖန်လန်က ပျော်နေသည်။ ကျင်းရွှမ်နန်းဆောင်မှ လူများသည် ပိုပျော်နေကြသည်။ မယ်တာ်ကြီးက နန်လင်းမင်းသားကို အချစ်ဆုံးဆိုတာ လူတိုင်း သိသည်။ အခု နန်လင်းမင်းသားက သူ့ကံကြမ္မာ၏ မိန်းကလေးနှင့်  သူတို့စိတ်ထဲမှ လှိုက်လှိုက်လှဲလှဲဖြင့် ဒီစုံတွဲသစ်အား ဆုမွန်ကောင်းတောင်းပေးလိုက်ကြသည်။
##ဒီနေ့ တချို့တွေ fb မှာလည်း မြင်ကြမှာပါ။ ကိုယ့်ရပ်ကွက်ထဲ မီးလောင်တာကို။ အဲ့ကြောင့် နောက်ကျသွားတယ်လို့
Continue Reading
You'll Also Like
335K 20.1K 42
သစ်လွင်သောဆူး "ဒီမှာ...ရှင် လူကြီး လူကောင်း မဟုတ်ဘူးလား...ညီမနဲ့ လက်ထပ်ထားပြီး သူ့အစ်မကို ကိုယ်အစ်မလို သဘောထားရမှာ မသိဘူးလား.." "မသိဘူး..." "ရှင်..ဘာ...
602K 46.6K 61
ကျုပ်က လူတစ်ယောက်ကို သတ်ပစ်ချင်လောက်အောင် ချစ်တယ်...။ သိပ်ပြီး အရာရာပြည့်စုံတဲ့ ကျောင်းသားခေါင်းဆောင် ခင်ဗျားကိုပေါ့။ School / unilife/Age gap/countr...
1.4M 66.5K 32
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။