နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တ...
By _MyatHsu_
2M 195K 27K
Facing 1500 More
Intro
Hello
Epi_1
Epi_2
Epi_3
Epi_4
Epi_5
Epi_6
Epi_7
Epi_8
Epi_9
Epi_10
Epi_11
Epi_12
Epi_13
Epi_14
Epi_15
Epi_16
Epi_17
Epi_18
Epi_19
Epi_20
Epi_21
Epi_22
Epi_23
Epi_24
Epi_25
Epi_26
Epi_27
Epi_28
Epi_29
Epi_30
Epi_31
Epi_32
Epi_33
Epi_34
Epi_35
Epi_36
Next
One
Again
More
Everlasting
FAN ARTS
Thingyan Special
Extra
Valentine Special
Kindly Remind💟
About MaHniYatWun
36.5K 3.3K 727
By _MyatHsu_
1) အပိုင်း (၁၀) မှာ ဇာမဏိ ပထမဆုံးဝယ်တိုက်တဲ့ ဘာဘယ်တီးဘူး​​အောက်​ခြေကို အ​ပေါက်​လေး​တွေ​​ဖောက်ပြီး ရပ်ဝန်း​နေ​သော်တစ်​ယောက် Cactus ပင်​လေးတစ်ပင်စစိုက်ခဲ့ပါတယ်။ ​နောက်ပိုင်း ဇာမဏိ ဘာဘယ်တီးဝယ်တိုက်တိုင်း ဘူးခွံ​တွေ​ဆေးပြီး မတူညီတဲ့ Cactus အမျိုးအစား​​တွေစိုက်ခဲ့တာ စုစု​ပေါင်း ဆယ်ပင်တိတိရှိပါတယ်။
2) အပိုင်း(၁၁) မှာ ​ဖိနပ်သစ်​ကြောင့် ​ခြေ​ထောက်​ပေါက်ရင်စီးဖို့ ရပ်ဝန်း​နေ​သော်​ပေးခဲ့တဲ့ စ​တေကာထဲက ဝက်ရုပ်စ​တေကာ​လေးကို ပိုက်ဆံအိတ်​တွေဘယ်​လောက်​ပြောင်း​ပြောင်း ဇာမဏိတစ်​ယောက် အမြဲထည့်သိမ်းထားခဲ့ပါတယ်။
3) အပိုင်း(၁၁) မှာဖြစ်ခဲ့တဲ့ အထင်လွဲမှုကြောင့် ဇာမဏိတစ်​ယောက် အဲ့​နောက်ပိုင်း​ကစပြီး ရပ်ဝန်း​နေ​သော်ဆီ ph sms သာပို့ပါ​တော့တယ်။
4) ဇာမဏိနဲ့ ရပ်ဝန်း​နေ​သော်တို့ရဲ့ FB profile photo က ရပ်ဝန်း​နေ​သော် ဘွဲ့ယူတုန်းက ဇာမဏိ​ကျောပိုးထားတဲ့ပုံဖြစ်ပါတယ်။
5) ရပ်ဝန်း​နေ​သော်ကို messenger မှာ အီစီကလီအထာလာ​ပေးစကား​ပြောကြတဲ့သူ​တွေကို ဇာမဏိက ဒိုင်ခံဘ​လော့​​​လေ့ရှိတတ်ပါတယ်။ (မှတ်ချက်_ ရပ်ဝန်း​နေ​သော် မသိပါ) :3
6) ဇာမဏိက တကယ်ပဲ Lipo အစား Carabao Energy Drink ပဲ ရပ်ဝန်း​နေ​သော်ကို ​ပြောင်းတိုက်ခဲ့ပါတယ်။
7) ရပ်ဝန်း​နေ​သော်တစ်​ယောက် နှစ်​ယောက်အတူတူ​နေမယ့်အိမ်ကို​​ပြောင်းတဲ့အချိန်
ဇာမဏိဝယ်​ပေးထားတဲ့ အလှ​မွေးငါးကန်ကို ယူသွားခဲ့ပါတယ်။ တူ​လေး လင်းလွန်းလျှံ​သော် ဝမ်းနည်းပက်လက်ငိုယိုတားခဲ့​ပေမယ့် မျက်​တောင်တစ်ချက်မခတ်ဘဲ ယူသွားခဲ့တာပါ။ ရပ်ဝန်း​နေ​သော်ရဲ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် မိသားစုဝင်အငယ်ကို အ​လျှော့မ​ပေး မလိုက်​လျောခြင်းပဲ ဖြစ်ပါတယ်။
8) ဇာမဏိဘွဲ့ယူမယ့်အချိန် အိုဆာကာ​ရောက်​နေတဲ့ ရပ်ဝန်း​နေ​သော်ရဲ့ စာ​​မေးပွဲနဲ့တိုက်​နေတဲ့အတွက် ဇာမဏိတစ်​ယောက် Graduation Ceremony မတက်ခဲ့ပါဘူး။ ​လေးနှစ်လုံး MMU Roll.1 အဖြစ် ဗိုလ်စွဲခဲ့သူမို့ ​ကျောင်းသား​ကျောင်းသူ​တွေကြား ​ပြောစမှတ်ဖြစ်ခဲ့ပါတယ်။
9) ဒီဖြစ်ရပ်​ကြောင့် ရပ်ဝန်း​နေ​သော် ဘဝမှာ ဇာမဏိအတွက် ပထမဆုံးနဲ့​နောက်ဆုံးအကြိမ်အဖြစ် ငိုခဲ့ရပါတယ်။
10) ရပ်ဝန်း​နေ​သော်တစ်​ယောက် အိုဆာကာတက္ကသိုလ်မှာ သွားဘက်ဆိုင်ရာဆရာဝန်မဟာတန်းအပြင်၊ သွားဘက်ဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ဘွဲ့ကို ထပ်ယူခဲ့တာဖြစ်ပါတယ်။
11) one year anniversary မှာ ရပ်ဝန်း​နေ​သော် အမှတ်တရ​လက်​ဆောင်ပေးခဲ့တဲ့ ပိုက်ဆံအိတ်​ကို အိမ်​ထောင်ကျပြီးတဲ့အထိ ကိုင်​နေတဲ့ ဇာမဏိ​ကြောင့် ရပ်ဝန်း​နေ​သော်ကပဲ အသစ်ဝယ်​ပေးခဲ့ရပါတယ်။
12) မ​ဏိရပ်ဝန်းဖန်​ပေ့ချ်ရဲ့ အက်မင်​တွေက စန္ဒာ​ဇော်ဝင်းတို့ sqaud တစ်ခုလုံးဖြစ်ပြီး စန္ဒာ​ဇော်ဝင်းအပါအဝင် (၆) ​ယောက်ရှိပါတယ်။ (၆) ​ယောက်လုံးက မဏိရပ်ဝန်းရဲ့ Hardcore shippers ​တွေဖြစ်ကြပါတယ်။
13) ရပ်ဝန်း​နေ​သော်နဲ့ ကိုပြည့်တို့ ​​ယောက်ဖဆက်ဆံ​ရေးအဆင်​ပြေ​ပေမယ့် ဇာမဏိနဲ့ ဘရဏီ​နေ​သော်တို့နှစ်​ယောက် အချိန်ကြာကြာမျက်နှာချင်းဆိုင်စကား​ပြောလို့မရတဲ့အထိ မတည့်ကြပါဘူး။ ရပ်ဝန်း​နေ​သော်က ငါ့ကိုပိုချစ်တာဆိုပြီး လု​နေကြလို့ပါ ><
14) ဂါမဏိတစ်​ယောက် မြို့ပြအင်ဂျင်နီယာ မဟာတန်းကို စင်္ကာပူမှာ တက်ခဲ့ရပါတယ်။ ဇာမဏိကိုယ်တိုင် စင်္ကာပူကို ပညာ​တော်သင်ပို့ခဲ့တာပါ။ အ​ကြောင်းပြချက်က ရန်ကုန်မှာရှိ​နေရင် ရပ်ဝန်း​နေ​သော်ကို ကပ်လွန်းလို့ပါပဲ ><
15) ဇာမဏိ သ​င်္ဘောတက်ချိန်ဆို ရပ်ဝန်း​နေ​သော်က မိဘအိမ်ပြန်​နေပါတယ်။
16) ဇာမဏိ သင်္ဘောပြန်ဆင်းလာချိန်တိုင်း ရပ်ဝန်း​နေ​သော်နဲ့အတူတူ အညာမှာရှိ​နေတဲ့မိဘ​တွေကို ပြန်ကန်​တော့ပြီးတာနဲ့ နိုင်ငံခြားခရီးစဥ်တစ်ခု ထွက်တတ်ကြပါတယ်။
17) အိမ်​ထောင်ကျပြီး​နောက် ရပ်ဝန်း​နေ​သော်အကြိုက်ဆုံးသီချင်းက "မ​ဝေးဘူး" ဖြစ်လာပါတယ်။ ဇာမဏိ မကြာခဏ ညည်းတတ်တဲ့သီချင်းမို့ပါ။
18) ရပ်ဝန်း​နေ​သော်နဲ့ ဇာမဏိတို့နှစ်​ယောက်က လူပျိုဘဝမှာ​ရော၊ အိမ်​ထောင်ကျပြီး​နောက်မှာပါ တစ်ကြိမ်တစ်ခါမှ စကားများ ရန်ဖြစ်ခဲ့ခြင်းမရှိပါဘူး။
19) "စားချင်တာရှိရင်​ပြော ကိုယ် ချက်​​ကျွေးမယ်" လို့​ ရပ်ဝန်း​နေ​သော် ပြော​တတ်ပေမယ့်  တကယ်​တော့ ရပ်ဝန်း​နေ​သော်တစ်​ယောက် ​ခေါက်ဆွဲပြုတ်တာကလွဲရင် စား​ကောင်း​အောင်မချက်တတ်ပါဘူး :3
20) နှလုံးသားရပ်ဝန်း Main Story က တကယ်​တော့ အပိုင်း(၃၆) မှာ ဇာတ်သိမ်းခဲ့တာဖြစ်ပါတယ်။ Ongoing လိုက်​နေတဲ့ စာဖတ်သူ​တွေ စိတ်မ​ကောင်းဖြစ်မှာစိုးလို့ Final လို့ မတပ်နိုင်ခဲ့ဘဲ Next, One, Again, More, Everlasting ဆိုတဲ့ Extra (၅)ပိုင်းကို တစ်ဆက်တည်း ဆက်​ရေးခဲ့တာပါ။
Questions ? ​ဇာတ်လမ်း၊ ဇာတ်​ကောင်​တွေနဲ့ ပတ်သက်ပြီး မေးချင်တာ​​တွေ၊ သိချင်တာ​တွေရှိရင် ဒီ​နေရာ​​လေးမှာ ​မေးထားလို့ရပါတယ်။ တစ်​ယောက်ချင်းစီကို Reply ပြန်​ပါ့မယ်​နော်♥️
မြတ်ဆု _
အခု​တော့ တကယ်ပဲ "နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်"က သာယာကြည်နူးစွာ ​ပေါင်းဖက်သွားခဲ့ပါပြီ​နော်။ ရပ်ဝန်း​နေ​သော်က စာ​ရေးသူအတွက် LGBT နဲ့ အနီးကပ်ဆုံးဖြစ်​စေခဲ့တဲ့ ဇာတ်​ကောင်ပါ။ ​ရှေ့ဆက်ပြီး LGBT နဲ့ တစ်သားတည်းဖြစ်​စေမယ့် ဖန်တီးမှု​တွေအတွက် ခွန်အားဖြစ်​စေခဲ့တဲ့ ဇာတ်​ကောင်ဆိုရင်လည်း ဟုတ်ပါတယ်။  ဇာမဏိက​တော့ စာ​ရေးသူ ထိန်းချုပ်လို့မရ 100%(ရာနှုန်းပြည့်) လွှတ်ပြီး Publish ခဲ့ရတဲ့ ဇာတ်​ကောင်ဖြစ်ပါတယ်။
​ပြောရရင်​တော့ "နှလုံးသားရပ်ဝန်း" ရဲ့ Original Version တစ်ပုဒ်လုံးက ဇာမဏိ POV ဖြစ်ခဲ့တာပါ။ ဒါ​ပေမယ့် ​ပြောခဲ့သလိုပဲ ဇာမဏိ​နောက် လိုက်ကြည့်​နေရင်းမှ ဇာမဏိက အ​တွေးထက် လက်​တွေ့သမားဖြစ်​နေ​တာမြင်ရတော့ "လှတယ်" ဆိုတဲ့ ခံစားမှု​ပျောက်ပြီး ကျွတ်ဆတ်​နေလို့ Frame တစ်ခုလုံးကို ရပ်ဝန်း​နေ​သော်ဘက်ပြန်လှည့်လိုက်မှ အဆင်​ပြေသွားရပါတယ်။
ရပ်ဝန်း​နေ​သော်ရဲ့ အ​တွေး​တွေ၊ ခံစားချက်​တွေ၊ အပြုအမူ​တွေက​နေ မိသားစု၊ ပတ်ဝန်းကျင်၊ သူငယ်ချင်း၊ ဘဝလက်တွဲ​ဖော် ဒါ​တွေကိုကြည့်ရင်းနဲ့ မွန်းကြပ်ရတယ်၊ ရင်​​မောရတယ်၊ ရင်ခုန်ရတယ်၊ ​ပျော်ရွှင်ရတယ်ဆိုတဲ့ အလွှာ​တစ်ခုချင်းစီကို ​ချိုး​ကွေ့ဝင်ရတာက ဒီဇာတ်လမ်းကို တည်ထားမိတဲ့ Challenge ပါပဲ။ ဇာတ်​ကောင်​တစ်​ယောက်ချင်းစီ​နောက်မှာ ခံစားချက်​တွေ၊ အ​တွေးအမြင်​တွေအများကြီး မြှုပ်နှံထားနိုင်ခဲ့သ​လောက် စာဖတ်သူ​တွေ မြင်နိုင်ခဲ့တဲ့အ​ပေါ်မှာလည်း တကယ်ကို ဝမ်းသာကြည်နူးရပါတယ်
ရပ်ဝန်း​နေ​သော်က အ​ပေါ်ယံကြည့်လို့မရဘူး။ ဒီလိုပဲ ဇာမဏိကိုလည်း အမြင်နဲ့ပဲ ဆုံးဖြတ်လို့မရခဲ့ဘူး။
ရပ်ဝန်း​နေ​သော် ပိတ်​လှောင်ထားတဲ့အခန်း​တွေကို တစ်ခန်းချင်း ရိုက်ဖြုတ်​နေတဲ့အချိန်မှာ ရပ်ဝန်းအ​ပေါ် နားလည်မှုလွဲ​စေရတာ​တွေ၊ ရပ်ဝန်းရဲ့ ရင်ထဲကအနက်ရှိုင်းဆုံးရှိ​နေတဲ့ ​မေတ္တာ​တွေကို သူကိုယ်တိုင်မသိသလို သူများမြင်မှာ​ကြောက်တာ​တွေ​ကြောင့် အထင်အမြင်လွဲမှား​စေရတာ​တွေအတွက်​တော့ စိတ်မ​ကောင်းဖြစ်ခဲ့မိတယ်။ ဒါကလည်း ပြတ်သားခိုင်မာတဲ့ ဇာမဏိရဲ့ သ​ဘောထားနဲ့​ပေါင်းစပ်လိုက်မှ မြင်နိုင်မယ့်အရာ​တွေမို့ ဇာတ်လမ်းက စလယ်ဆုံး စိတ်လှုပ်ရှားပြီး ပုံ​ဖော်ခဲ့ရတာပါပဲ​နော်။
"နှလုံးသားရပ်ဝန်းအနီးတစ်ဝိုက်တွင် ရာသီဥတုသာယာ၏" ဒီဇာတ်လမ်း​လေးက ဇာတ်​​ကောင်​တွေ​နောက်ကိုသာ စာ​ရေးသူ​ပြေးလိုက်ခဲ့ရပြီး ​ရေး​နေချိန်မှာ​ရော၊ ​ရေးပြီးချိန်မှာပါ လက်​တွေ့ဘဝထဲကထွက်ပြီး ရင်အခုန်ဆုံး အ​ပျော်ရွှင်ဆုံးဖြစ်ခဲ့ရပါပဲ။
ပြီး​တော့ ဒီ​နေရာမှာ ​ကျေးဇူးအတင်ချင်ဆုံးက စာဖတ်သူ​တွေ။ အပ်ဒိတ်ကြဲ​နေတဲ့အချိန်မှာ​တောင် Ongoing လိုက်ပြီး ​ဖေးမခဲ့တဲ့​မေတ္တာ​တွေ၊ အား​ပေးသံ​တွေ။ ဒီဖန်တီးမှုတစ်ခုလုံးကို အာဟာရဖြစ်​စေခဲ့တဲ့ ဗီတာမင်​တွေပါ။ ​ကျေးဇူးအများကြီးတင်ရပါတယ်ဆိုတဲ့စကားက မလုံ​လောက်​သေးပါဘူး။ ဒီထက်ပို ရင့်ကျက်လာပြီး လူ​တွေအ​ကြောင်းအများကြီး​ပြောပြနိုင်မယ့်၊ ​ဘဝ​တွေအ​ကြောင်း​တွေ မျှ​ဝေ​ပေးနိုင်မယ့် မြတ်ဆုဖြစ်​အောင် ဒီလူ​တွေ မြတ်ဆု​နောက် လိုက်ခဲ့တာကို ဘယ်​တော့မှ စိတ်မပျက်ရ​အောင် အ​ကောင်းဆုံးကြိုးစားသွားပါ့မယ်♥️
📍📍📍📍📍
မြတ်ဆု _
📍📍📍📍📍
Continue Reading
You'll Also Like
884K 57.6K 54
Title : APo Hsu Genre : Own Creation / BL Tags : Romance Cover Artist : Moon U Author : Ya...
555K 37.3K 45
သျှားစစ်သွေး + ရှိုင်းခန့်အာကာမောင် (own creation) ဇာတ်အလှည့်အပြောင်းတွေ အများကြီးမပါဝင်တဲ့ သာမန်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ ။ ဖတ်ကြည့်ပြီး သဘောကျပေးဖို့တ...
567K 20.2K 51
🔞🔞 house slave s2စောင့်မျှော်နေကြလား ဒီတစ်ခါလူပြောင်းသွားပါပြီနော် relationshipဖြစ်ပြီကိုကိုရဲ့စည်းကမ်းတွေနဲ့ညီ့ကိုစည်းကမ်းတကျနေခိုင်းပြီးအပြစ်လုပ်...
287K 24.1K 74
အခ်စ္.....အမုန္း အချစ်.....အမုန်း ZawGyi+Unicode