High Energy QR Code [ Myanmar...

By Inix_ss

115K 22.5K 842

Title - High Energy QR Code 高能二维码 Gāonéng èr wéi mǎ Author - Cyan Wings 青色羽翼 Genre - Survival, Fa... More

Intro
Chapter 1 _ QR code
Chapter 2 _ ကံကောင်းခြင်း
Chapter 3 _ မှန်တစ်ချပ်
Chapter 4 _ အစေခံ
Chapter 5 _ ဇာတ်သိမ်းဟု ခေါ်သည့်အရာ
Chapter 6 _ ကြီးမားသော မီးတောက်
Chapter 7 _ အဝတ်များ ဝယ်ခြင်း
Chapter 8 _ မှန်ထဲက ပုံပြင်
Chapter 9 _ မြို့ထဲသို့ ဝင်ရောက်ခြင်း
Chapter 10 _ ရွှေလက်ချောင်း
Chapter 11 _ အမျိုးသမီးဝတ်စုံ
Chapter 12 _ ပဋိပက္ခ
Chapter 14 _ ထောင်ချောက်
Chapter 15 _ ညအချိန်၌ ချိန်းတွေ့ခြင်း
Chapter 16 _ ​ဖြားယောင်းသိမ်းသွင်းခြင်း
Chapter 17 _ မှော်ဝင်မှန်
Chapter 18 _ စည်းမျဉ်းများ
Chapter 19 _ ရှုပ်ထွေးပွေလီကမ္ဘာ စတင်ခြင်း
Chapter 20 _ အဆောင်
Chapter 21 _ လူဦးခေါင်း
Chapter 22 _ အပေးအယူ
Chapter 23 _ ပိုက်ဆံ၏ စွမ်းပကား
Chapter 24 _ စန္ဒရား
Chapter 25 _ ပူးပေါင်းသူ
Chapter 26 _ ရေမွှေး
Chapter 27 _ မှန်၏ စွမ်းရည်
Chapter 28 _ ယင်ကောင်
Chapter 29 _ နောက်ဆုံးသော လူ
Chapter 30 _ အခြေခံကျင့်ဝတ်
Chapter 31 _ သတင်းအချက်အလက်
Chapter 32 _ ကျန်းကျင့်ရို
Chapter 33 _ ပုံတူပန်းချီ
Chapter 34 _ သီခွမ့်
Chapter 35 _ ခင်မင်မှု
Chapter 36 _ ပြန်လည်ရေးဆွဲနိုင်သည့် ဘောပင်
Chapter 37 _ တာဝန်ကျရုံးခန်း
Chapter 38 _ အိပ်ရာထက်က စကားစမြည်
Chapter 39 _ ရှင်ယဲ့၏ အတိတ်
Chapter 40 _ နောက်ဆုံးအဆင့်
Chapter 41 _ သူငယ်ချင်းအား ရောင်းစားခြင်း
Chapter 42 _ အပေါ်ယံဇာတ်သိမ်း
Chapter 43 _ ကျန်းဖေးမင်
Chapter 44 _ တိုက်ပွဲမတိုင်မီ
Chapter 45 _ ပြင်းထန်သော တိုက်ပွဲ
Chapter 46 _ အဆုံးသတ်ရလဒ်
Chapter 47 _ ၇/၇
Chapter 48 _ နောက်ဆက်တွဲ
Chapter 49 _ အမှန်တရားကို ဆိုသော မြို့ခံအား ရှာဖွေခြင်း
Chapter 50 _ Neverland
Chapter 51 _ ရုပ်သေးမြို့တော်
Chapter 52 _ မီးခြစ်ဆံရုပ်သေးရုပ်
Chapter 53 _ ပကတိမျက်လုံး
Chapter 54 _ လက်လဲလှယ်ခြင်း
Chapter 55 _ တရားမဝင်မိုင်းတွင်း
Chapter 56 _ ကမ္ဘာဦးအစ ဒဏ္ဍာရီ
Chapter 57 _ ငြီးငွေ့မှု
Chapter 58 _ မြို့ပိုင်
Chapter 59 _ ပရိုဂျက်တာ
Chapter 60 _ အိတ်ဆောင်နာရီ
Chapter 61 _ ပြန်လည်မွေးဖွားသော ကစားသူ
Chapter 62 _ ပျောက်ဆုံးသွားသော မျက်ရည်စများ
Chapter 63 _ သားကလေး
Chapter 64 _ နံပါတ် S
Chapter 65 _ ခဲခယ့်
Chapter 66 _ ရုပ်သေးရုပ်လေး
Chapter 67 _အမှန်တရားကို ဆိုသော ရုပ်သေးရုပ်
Chapter 68 _ အတတ်နိုင်ဆုံး ကူညီခြင်း
Chapter 69 _ မှန်၏ အဆိုပြုချက်
Chapter 70 _ ရုပ်သေးပြဇာတ်
Chapter 71 _ လောင်းကစားသမား၏ သရုပ်ဆောင်စွမ်းရည်
Chapter 72 _ မြစ်ကမ်းပါးတိုက်ပွဲ
Chapter 73 _ ငန်းသွင်သလင်းကျောက်
Chapter 74 _ စိတ်မချမ်းမြေ့သော မှန်
Chapter 75 _ ဗဟိုချက်ထိန်းချုပ်စက်
Chapter 76 _ ရင်းနှီးမှုအမှတ်
Chapter 77 _ ရုပ်သေးမြို့တော်အတွက် ကောင်းချီးဩဘာ (Part 1)
Chapter 77 _ ရုပ်သေးမြို့တော်အတွက် ကောင်းခ‌ျီးဩဘာ (Part 2)

Chapter 13 _ ဓားရေးယှဉ်ခြင်း

1.4K 351 12
By Inix_ss


(Unicode)

ကိစ္စတွေက ဒီအခြေအနေအထိရောက်လာခဲ့သည်မှာ ကောင်းသည့်အရာဟု ပြောလို့ရသည်။ ရှင်ယဲ့ နယ်စားမင်း ဂါဆီယာက ဘုရင်မအား ဆန့်ကျင်ဖို့ကို မမျှော်လင့်ခဲ့ပေ။ ပြောရလျှင် နယ်စားမင်း ဂါဆီယာလို တည်ငြိမ်ရင့်ကျက်တဲ့ လူတစ်ယောက်က ဒီလိုမျိုး လုပ်စရာအကြောင်းမရှိပေ။

သူ၏ ပန်းတိုင်မှာ ကြိုးကိုင်ခြယ်လှယ်သူ သုံးယောက်ကို ရှင်းပစ်ပြီး၊ သူတို့ ပုံပြင်အစ၌ ဖန်တီးထားခဲ့သည့် ဇာတ်သိမ်းများကို ဖြစ်မလာနိုင်အောင် တာဆီးဖို့ပင်ဖြစ်သည်။ ဒီလောက်ဆို လုံလောက်ပြီပင်။ ဖြစ်ပျက်ခဲ့သမျှ ကိစ္စအားလုံးရဲ့ သက်ရောက်မှုအင်အားက ရဲမက်တွေ၏ ကိုယ့်စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်းအပေါ်မှာ မူတည်နေလေသည်။

ရှင်ယဲ့ နယ်စားမင်း ဂါဆီယာ၏ နောက်တွင် ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်ကာ လေးနက်စွာ ဆိုလိုက်၏: "အရှင် နယ်စားမင်း၊ ကျွန်တော့်ရဲ့ ခေါင်းမာမှုကြောင့် အရှင့်ကို ဒုက္ခများစေခဲ့ပါပြီ။ အရှင့်ရဲ့ ဂရုစိုက်ပေးမှုအတွက် အထူးကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ရဲမက်တွေကြားတွေက ပြဿနာကို ဖြေရှင်းဖို့ဆိုရင် ဓားကို သုံးမှရပါလိမ့်မယ်"

ထိုသို့ ပြောလိုက်ပြီးနောက် အစောင့်တပ်မှူးထံသို့ ဆိုလိုက်သည်: "ကျွန်တော် ခင်ဗျားနဲ့ ဓားရေးယှဉ်မယ်။ ကျွန်တော် ရှုံးခဲ့ရင် ကျွန်တော်တို့ ရဲမက်တွေက အစောင့်ရဲမက်တွေဆီမှာ ရှာဖွေစစ်ဆေးခံလိမ့်မယ်။ အရှင် ဘုရင်မနဲ့ နယ်စားမင်းက ဒီကိစ္စနဲ့ ဘာမှ မသက်ဆိုင်ဘူး။ ကျွန်တော် နိုင်ခဲ့ရင်တော့ ခင်ဗျား ကျွန်တော်တို့ရဲမက်တွေကို ကိုယ်တိုင်ကိုယ်ကျ ‌တောင်းပန်ရမယ်။ ပြီးတော့ အရှင် နယ်စားမင်းရဲ့ လူတွေကသာ ကျွန်တော်တို့ကို ရှာဖွေနိုင်ဖို့ ခွင့်ပြုရမယ်။ ရဲမက်တစ်ယောက်အနေနဲ့ ကျွန်တော်တို့ အရှင်သခင်ရဲ့ စစ်ဆေးမေးမြန်းမှုကိုသာ ခွင့်ပြုနိုင်မယ်"

ထို စကားလုံးများက အလွန်ပင် ပနံသင့်လှပေသည်။ စိတ်ဝင်တစား ပွဲလာကြည့်သည့် မင်းမျိုးမင်းနွယ်များကလည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်ထောက်ခံကြ၏။ ၎င်းမှာ စစ်သည်ရဲမက်တစ်ယောက်တွင် ရှိသင့်ရှိထိုက်သည့် စိတ်ထားပင်ဖြစ်လေသည်။

အစောင့်တပ်မှူးမှာ ဒေါသထွက်လွန်းသဖြင့် သေတော့မလို ဖြစ်နေ၏။ ဘာလို့ ဓားရေးယှဉ်တာလဲ? ဘာလို့ နောက်ထပ် ဓားရေးယှဉ်တာပဲလဲ? မင်းတို့ ရဲမက်တွေက အချေအတင်ဖြစ်တာနဲ့ ဓားဆွဲထုတ်ကြတာပဲလား?

"ဘာတွေဖြစ်နေကြတာလဲ?" ကျက်သရေရှိကာ ခွေလျှနွမ်းချိနေသည့် အမျိုးသမီးတစ်ယောက်၏ အသံက ထွက်ပေါ်လာသည်။

ရဲမက်များကြား အုတ်အော်သောင်းတင်းဖြစ်နေမှုက ဘုရင်မကို စိတ်ဝင်စားအောင် ဆွဲဆောင်ခဲ့လေသည်။ သူမက ခမ်နားကြီးကျယ်သည့် ဂါဝန်ကို ဝတ်ဆင်ထားပြီး၊ မျက်နှာပေါ်တွင် ပုဝါလွှမ်းခြုံထားသည်။ သူမ၏လက်များက ချောမခန့်ညားသည့် ယောကျ်ားတစ်ယောက်၏ ပုခုံးထက်တွင် ရှိနေ၏။ နောက်တွင်မူ သာမန်ရုပ်ရှည်မျှသာရှိသော အစေခံမြောက်များစွာက လိုက်ပါလာကြသည်။

ရှင်ယဲ့ ဘုရင်မရှေ့တွင် ချက်ချင်းဒူးထောက်လိုက်ကာ အစောင့်တပ်မှူးထက်ဦးပြီး အသနားခံလိုက်သည်: "အရှင် ဘုရင်မ၊ ကျွန်တော်မျိုးရဲ့ အသိပညာတိမ်ပါးမှုကြောင့် ဘုရင်မကို အနှောင့်အယှက်ပြုစေခဲ့မိရင် တောင်းပန်ပါတယ်။ ဒါပေမဲ့လည်း ရဲမက်တစ်ယောက်အနေနဲ့ လက်မလျှော့ဘဲ စွဲမြဲမြဲဆုပ်ကိုင်ထားရမယ့် ခံယူချက်တွေက ရှိနေပါတယ်။ ကျွန်တော်မျိုးရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့အတွက် အစောင်တပ်မှူးနဲ့ ဓားရေးယှဉ်ပွဲကို အရှင် ဘုရင်မ ခွင့်ပြုပေးဖို့ တောင်းဆိုချင်ပါတယ်"

ပထမဆုံး မင်းမျိုးမင်းနွယ်ရဲမက်တွေကို စော်ကားသည့်အပြစ်ကို အစောင့်တပ်မှူး၏ ခေါင်းပေါ်သို့ ပုံချလိုက်သည်။ ထို့နောက် ဓားရေးယှဉ်ဖို့ရန် ခွင့်တောင်းလိုက်သည်။ ဒီခေတ်၏ ဓလေ့ထုံးတမ်းများအရ ဘယ်သူကမှ ငြင်းဆန်မှာ မဟုတ်ပေ။

ဘုရင်မက ဒေါ်သမထွက်ဘဲ ပြုံးတောင်ပြုံးလိုက်သေးသည်: "ရဲမက်တွေက အမြဲတမ်း စိတ်လိုက်မာန်ပါ လုပ်တတ်ကြတာပါပဲ။ ဒါကလည်း ငယ်ရွယ်မှုရဲ့ ကောင်းကျိုးတစ်ခုပါပဲလေ။ ကောင်းပြီလေ၊ ရဲမက်တွေကြား အငြင်းအခုန်ဖြစ်ကြတဲ့ ကိစ္စဆိုတော့ ဓားရေးနဲ့ပဲ ဖြေရှင်းကြတာပေါ့"

တကယ်တမ်း ပြောရလျှင်၊ ရဲမက်တွေဆိုသည်မှာ မင်းမျိုးမင်းနွယ်တို့၏ မျက်လုံးထဲမှာတော့ အဆင့်မြင့် အစေခံတွေထက်မပိုပေ။ နှစ်တိုင်းလိုလို ပွဲတော်ရက်များ၌ ရဲမက်များ အသေအကြေ ဓားရေးယှဉ်ကာ တိုက်ခိုက်ကြသည်က မင်းမျိုးမင်းနွယ်များအတွက်မူ အပျင်းပြေစေသော ပြပွဲတစ်ခုသာ ဖြစ်သည်။ အကယ်၍ ရှင်ယဲ့က ဘာမှမလုပ်ခဲ့ဘူးဆိုရင်တောင် ဘုရင်မက တိုက်ရည်ခိုက်ရည်ရှိဟန်ရသည့် ရဲမက်နှစ်ယောက်ကို ခေါ်ကာ ဓားရေးယှဉ်ခိုင်းနိုင်ချေရှိသည်။ ယခုအချိန်က တကယ့်ကို အချိန်ကိုက်ပင်။

မူလ တော်ဝင်မိသားစု၏ အစောင့်တပ်မှူးမှာ ထိပ်တန်းအဆင့် အရည်အချင်းရှိရမှာဖြစ်သော်လည်း၊ သူ့ရှေ့က တစ်ယောက်ကတော့၊ ဟဲ ဟဲ...

ရှင်ယဲ့နဲ့ အစောင့်တပ်မှူးတို့အား တရားဝင် ဓားရေးယှဉ်ပြိုင်ရမည့်နေရာသို့ ခေါ်ဆောင်သွားကြ၏။

မင်းမျိုးမင်းနွယ်များကတော့ ပွဲကြည့်စင်တွင် ထိုင်လိုက်ကြပြီး၊ အစေခံအမျိုးသမီးက သူတို့နှစ်ယောက်ကို ဓားတစ်ချောင်းစီ ပေးအပ်လာခဲ့သည်။ နယ်စားမင်း ဂါဆီယာကတော့ ထိုင်ခုံမှာ ထိုင်နေရင်းဖြင့် မျက်မှောင်များကြုတ်လျက်ရှိနေသည်။ ထို့နောက် သူ့ကိုယ်သူ ရေရွတ်ပြောဆိုလေ၏: "ဘာလို့ သူက ဒီလောက်ခေါင်းမာရတာလဲ? ငါသူ့ကို ကူညီပေးနိုင်တာကို။ သူက ငါ့ကို ဒုက္ခမပေးချင်တာမှန်ပေမဲ့ ဖြေရှင်းဖို့ ဒီလိုနည်းလမ်းကိုရအောင် ရွေးလိုက်တယ်လား။ ဒါပေမဲ့ သူက..."

လူတိုင်း မြင်နိုင်သည့် မြင်ကွင်းအောက်တွင် ပြိုင်ပွဲမှာ ဘယ်လိုရလဒ်မျိုးပဲ ထွက်လာပါစေ နှစ်ဖက်လုံးက သူငယ်ချင်းကောင်းများသာ ဖြစ်ကြပြီး၊ အချင်းချင်း မုန်းတီးစိတ်မရှိကြဟူသည့် ပုံစံအား ပြသရန် ရှင်ယဲ့နှင့် အစောင့်တပ်မှူးချုပ်တို့ အချင်းချင်း လက်ဆွဲနှုတ်ဆက်ကာ ဖက်တလှဲကင်းပြုကြလေ၏။

အစောင့်တပ်မှူးက ဒီအခွင့်အရေးကို သုံးပြီး ရှင်ယဲ့ နားဆီသို့ တီးတိုးပြောလိုက်သည်: "မင်း ရူးနေလား? ဘာတွေလုပ်ဖို့ ကြိုးစားနေတာလဲ?"

ရှင်ယဲ့ ခပ်သဲ့သဲ့ ပြုံးလိုက်၏: "တတိယမြောက်လူကို ထွက်လာအောင်လုပ်ဖို့ ကြိုးစားနေရုံပါပဲ"

ထိုကဲ့သို့ ဆိုလိုက်ပြီးနောက် တစ်ဖက်ကို အဝေးသို့ အမြန်တွန်းပို့လိုက်ကာ သူ့လက်ထဲရှိ ဓားရိုးအား ဆွဲကိုင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားများမှာ တင်းမာနေပြီး အမဲလိုက်ထွက်တော့မည့် ကျားသစ်တစ်ကောင်သဏ္ဌာန် ဖြစ်လို့နေ၏။

အစောင့်တပ်မှူးကလည်း ဓားကို ဆွဲကိုင်လိုက်သည်။ မရှုံးခင် ဓားကွက် နှစ်ကွက်လောက် ဟန်ပြချလိုက်ပြီး၊ ခန္ဓာကိုယ်ရှာဖွေဖို့ နည်းလမ်းကို နောက်မှ စဉ်းစားမည်ဟု တွေးနေလေသည်။

ဓားရေးယှဉ်ပွဲ စပြီဖြစ်ကြောင်း ခရာမှုတ်သံကို ကြားလိုက်သည့်အခါ ရှင်ယဲ့ အစောင့်တပ်မှူးထံသို့ ပြေးသွားလိုက်သည်။ သူ၏ အရှိန်နှုန်းမှာ အလွန်မြန်ဆန်ပြီး၊ လှုပ်ရှားမှုများမှာလည်း တိကျပြတ်သားသည်။ ထို့ကြောင့် အစောင့်တပ်မှူးမှာ တုန့်ပြန်ချိန်တောင်မရှိလိုက်ပေ။

အစောင့်တပ်မှူးမှာ ဓားကိုတောင် ဆွဲမထုတ်လိုက်ရချေ။ ရှင်ယဲ့က သူ့ရှေ့တည့်တည့်တွင် ပေါ်လာသည်ကို မြင်ရသည့်အချိန်၊ ချက်ချင်းဆိုသလို သူ့လည်ပင်းမှ အေး‌အေးစက်စက်သွေးများ ပန်းထွက်လာသည်ကို တွေ့လိုက်ရလေသည်။

အစောင့်တပ်မှူးမှာ လဲကျသွားချိန်တွင်၊ ရင်ဘတ်ရှိ လက်ကိုင်ပုဝါကို ထုတ်ပြီး ဓားပေါ်၌ ပေနေသော သွေးများကို ခြောက်အောင်သုတ်နေသည့် ရှင်ယဲ့အား ဝိုးတဝါးသာ မြင်လိုက်ရ၏။ နောက်ဆုံးတော့ မကျေမချမ်းဖြစ်စွာပဲ မျက်လုံးများကို မှိတ်လိုက်ရလေသည်။

သူ ဘယ်လိုတောင်? သူ ဘယ်လိုတောင် လုပ်ရဲတာလဲ? ဒီကံကြမ္မာ ဆန့်ကျင်တဲ့အဖွဲ့က ကွပ်မျက်သူက ဘုရင်မရဲ့ မွေးနေ့မှာ တော်ဝင်အစောင့်တပ်မှူးကို သတ်ဖို့ ဘယ်လိုစဉ်းစားနိုင်ရတာလဲ?

သူ ဒီဓားရေးယှဉ်ပွဲမှာ ရှုံးသွားလျှင် အများဆုံးတော့ အရိုက်ခံရပြီး ရှာဖွေစစ်ဆေးဖို့ အခွင့်အရေးဆုံးရှုံးသွားမည်ဟုသာ ထင်ခဲ့သည်။ ဒါပေမဲ့ ဘာကြောင့် ဒီလိုမျိုး အဆုံးသတ်သွားရတာလဲ? အစောင့်တပ်မှူးမှာ သူသေသည့်တိုင်အောင် နားမလည်ခဲ့ပေ။ ရှင်ယဲ့က ဒီလိုမျိုး အံ့အားသင့်စရာအလုပ်ကို လုပ်ပြီး ဘာတွေကြံစည်နေလဲ ဆိုတာကိုပင်။

ရှင်ယဲ့ ဓားအား ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက်၊ မယုံကြည်မှု၊ ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေသည့် အစောင့်တပ်မှူး၏ မျက်နှာအား ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။

ဒီကြိုးကိုင်ခြယ်လှယ်သူမှာ အများပြည်သူရှေ့တွင် ကျင်းပသည့် ဓားရေးယှဉ်ပွဲတစ်ခု၌ နယ်စားမင်း ဂါဆီယာလက်အောက်က ရဲမက်တစ်ယောက်၏ ဓားချက်အောက်တွင် ဇာတ်သိမ်းရမည်ဟု လုံးဝတွေးထင်ထားခဲ့မိမှာ မဟုတ်ချေ။

ကြိုးကိုင်ခြယ်လှယ်သူတစ်ယောက်ကို ရှင်းထုတ်ပစ်ပြီးသည့်အခါ၊ ရှင်ယဲ့ ခေါင်းကိုမော့လိုက်ပြီး၊ ကြည့်ရှုနေကြသော လူတိုင်း၏ မျက်နှာအမူအရာကို အကဲခတ်လိုက်၏။ ထို့နောက်တွင်မူ ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည့် ကြားမှ နယ်စားမင်း ဂါဆီယာကို ဦးတည်လျက် ဒူးထောက်ထိုင်ချကာ ကျယ်လောင်စွာ ဆိုလိုက်သည်: "အရှင် နယ်စားမင်း၊ ကျွန်တော် လက်လွန်မိသွားပါတယ်။ ကျွန်တော်က တော်ဝင်အစောင့်တပ်မှူးကို အရမ်းလက်ရုံးရည်ပြည့်ဝတယ်လို့ ထင်ခဲ့တာ။ အဲ့ဒါကြောင့် စစချင်းတည်းက အားကုန်ထုတ်သုံးခဲ့မိတာပါ။ ဒါပေမဲ့ ဒီလိုမျိုး မမျှော်လင့်ခဲ့.....

ဘာပဲဖြစ်ဖြစ်၊ ကျွန်တော် လူသတ်တဲ့ အပြစ်ကို ကျူးလွန်မိသွားပါပြီ။ နယ်စားမင်း ကျေးဇူးပြုပြီး ကျွန်တော်မျိုးကို ကွပ်မျက်‌ေတာ်မူပါ"

လူနှစ်ယောက်က ရှင်ယဲ့ကို ဓားရေးယှဉ်သည့်နေရာမှ ဘုရင်မနှင့် နယ်စားမင်းတို့ရှိရာသို့ ခေါ်ဆောင်သွားခဲ့သည်။ ဘုရင်မနောက်တွင် ရှိနေသော ချောမောခန့်ညားသည့် အမျိုးသား၏ မျက်နှာမှာ မဲ့ရွဲ့နေပြီး လက်ချောင်းများမှာလည်း တုန်ယင်နေလေသည်။

မင်းဖြစ်နေတာကိုး။ ရှင်ယဲ့ စိတ်ထဲက တွေးလိုက်၏။

ဂိမ်းထဲတွင် သေသွားသည့် ကစားသူများက အပြင်မှာ တကယ် သေသွားခြင်းမဟုတ်ဘဲ၊ ရှုံးနိမ့်သည်ဟု သတ်မှတ်ခံရပြီး System လွင်ပြင်သို့ သာ ပြန်လည်ရောက်ရှိမှာဖြစ်သည်။ ထို့ကြောင့် သူတကယ် မသေဘူးဆိုတာ သိသည့်အတွက်၊ ရှင်ယဲ့ အပြစ်ရှိစိတ်မဝင်ဘဲ တွေဝေခြင်းမရှိ လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဒီလိုလုပ်ရသည့် အကြောင်းအရင်းက ထိတ်လန့်စေဖို့သာ ဖြစ်ပြီး၊ အချိန်ခဏတာလောက် ထိတ်လန့်မှုက တတိယမြောက် ကြိုးကိုင်ခြယ်လှယ်သူကို သူ၏ ဟာကွက်များအား ထုတ်ဖော်လာအောင် လုပ်ပေးနိုင်၏။ သူတို့ မယုံကြည်နိုင်ဖြစ်ကြတာကို မပြောလျှင်တောင်၊ တခြားတစ်ကမ္ဘာမှ ရောက်လာသည့် ကြိုးကိုင်ခြယ်လှယ်သူတစ်ယောက်က သူရှေ့မှာတင် သူ၏ အပေါင်းအပါတွေ သေသွားရတာကို မြင်လျှင်၊ ထိတ်လန့်မှုအပြင် ဝမ်းနည်းမှုနှင့် ကြောက်ရွံ့မှုတို့ကိုပါ ခံစားရမှာဖြစ်သည်။

နောက်ဆုံးကျန်သည့် ကြိုးကိုင်ခြယ်လှယ်သူက ဘုရင်မ၏ အချစ်တော် ဖြစ်နေသည်ပင်။ ဘုရင်မ၏ ဆုံးဖြတ်ချက်များကို အိပ်ရာဝင်ချစ်စကားများနှင့် လွှမ်းမိုးနိုင်သည်မှာ မဆန်းတော့ပေ။

ရှင်ယဲ့ ကြောက်ရွံ့မှုကင်းမဲ့စွာဖြင့် နယ်စားမင်း ဂါဆီယာရှေ့တွင် ဒူးထောက်ခဲ့ခြင်းဖြစ်သည်။

အကယ်၍ ဂါဆီယာကသာ သူ့ကို သတ်လိုက်မည် ဆိုလျှင်၊ ထိုအရာကို မမြင်ချင်ဆုံးက တတိယမြောက် ကြိုးကိုင်ခြယ်လှယ်သူသာ ဖြစ်ပေလိမ့်မည်။ ကြိုးကိုင်ခြယ်လှယ်သူတွေ သူ့အတွက် ပြင်ဆင်ထားသည့် ဇာတ်သိမ်းနှစ်ခုမှာ ဘုရင်မဆီက အသတ်ခံရတာနှင့် ဘုရင်မကို အနိုင်ယူလိုက်နိုင်တာသာဖြစ်၏။ နယ်စားမင်း ဂါဆီယာထံမှ ကွပ်မျက်ခံရသည့် ဇာတ်သိမ်းတော့ ဖြစ်နိုင်စရာအကြောင်း မရှိပေ။

ထင်ထားသည့်အတိုင်း၊ ထို ချောမောသည့်လူက ဘုရင်မ၏ နားထဲသို့ စကားလေးတစ်ခွန်း၊ နှစ်ခွန်းလောက် ပြောလိုက်သည်နှင့် ဘုရင်မက ပြုံးလာလေသည်: "ဓားရေးယှဉ်ပြိုင်ပွဲတွေဆိုတာ အမြဲတမ်း အသေအရှင်တိုက်ခိုက်တတ်ကြတာပါပဲ။ ဒီအစောင့်တပ်မှူးက သူများတွေလောက် အရည်အချင်းမရှိဖြစ်နေတာဆိုတော့ ရာထူးနဲ့ မထိုက်တန်တဲ့ အစောင့်တစ်ယောက်ကို ဖယ်ရှားပေးတဲ့ ဒီက ရဲမက်ကိုပဲ ကျေးဇူးတင်ရမှာပဲ။ ဒီလို အရည်အသွေးညံ့ဖျင်းတဲ့ ကိုယ်ရံတော်အစောင့်ဆီက ကာကွယ်ပေးခံခဲ့ရတာကို စဉ်းစားမိရုံနဲ့တင် ကြောက်မိတယ်"

နယ်စားမင်း ဂါဆီယာမှာ စိတ်သာရာရစွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး၊ ရှင်ယဲ့ကို ဆိုလိုက်၏: "အရှင် ဘုရင်မက ဘဘောထားကြီးစွာနဲ့ မင်းကို ခွင့်လွှတ်ပေးလိုက်ပေမဲ့၊ ငါကတော့ ဒီအတိုင်းမထားလိုက်နိုင်ဘူး။ လောရင့်စ်၊ မင်းက အတင့်ရဲလွန်းတာပဲ!"

ရှင်ယဲ့ ရိုကျိုးစွာပဲ ခေါင်းငုံ့နာခံလိုက်သည်။

"မင်းကို ဒုတိယအဆင့်ရဲမက်အဖြစ် ရာထူးချလိုက်ပြီ။ မင်း မကျေမနပ်စရာ မရှိဘူးမလား?"

ဒုတိယအဆင့်ရဲမက်မှာ ပထမအဆင့်ရဲမက်နှင့် နှိုင်းစာလျှင် အစစအရာရာ ကွာခြားမှုက ကြီးမားလေသည်။ သို့စေကာမူ၊ နယ်စားမင်း ဂါဆီယာ၏ လက်ထဲမှာတင် ဖြေရှင်းလို့ရသည့် ကိစ္စဖြစ်သည့်အတွက်၊ ပထမဆင့်ရဲမက်အဖြစ် ပြန်လည် ရာထူးပေးဖို့ရန် စကားလေးတစ်ခွန်း၊ နှစ်ခွန်းလောက်ပြောလိုက်ဖို့ရာမှာ နယ်စားမင်းအတွက် အပန်းကြီးသည့်ကိစ္စ မဟုတ်ပေ။

သူမ၏ အစောင့်တပ်မှူးမှာ သုံးစားမရရုံသာမက၊ ဓားချက်တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရသည့်အတွက် ဘုရင်မ၏ စိတ်အခြေအနေမှာ ‌တော်တော် ဆိုးရွားသွားခဲ့သည်။ နယ်စားမင်း ဂါဆီယာက အစေခံများအား သူ၏ ရဲမက်များကို ရှာဖွေစစ်ဆေးခိုင်းခြင်းဖြင့် ဘုရင်မ၏ သိက္ခာကို ပြန်ဆယ်ပေးပြီးနောက်တွင်၊ ဘုရင်မက ပင်ပန်းသည်ဟုဆိုကာ အနားယူဖို့ ပြန်သွားလေ၏။

ရှင်ယဲ့ကို ရှာဖွေရသည့် အစေခံမှာ နယ်စားမင်း၏ အမိန့်အတိုင်း ဟန်ပြသာ ရှာဖွေရလေသည်။ သူမက ရှင်ယဲ့၏ ရင်ဘတ်နားကို ထိထောင်မထိရဲပေ။ ထို့ကြောင့်လည်း ရှင်ယဲ့၏ အိတ်ကပ်ထဲတွင် ဖွက်ထားသော မှန်ကို ရှာတွေနိုင်စရာအကြောင်း မရှိတော့ချေ။

သူတို့အဖွဲ့ စံအိမ်သို့ ပြန်ရောက်သည့်အခါ၊ ဂါဆီယာက စိတ်မကောင်းဖြစ်သည့် မျက်နှာအမူအရာဖြင့် ဆိုလာသည်: "လောရင့်စ်၊ မင်းက အရမ်း စိတ်လိုက်မာန်ပါလုပ်တာပဲ"

ရှင်ယဲ့ အပြစ်ဒဏ်ကို နာခံစွာ စောင့်ဆိုင်းနေလိုက်သည်။

ကျန်သည့် ရဲမက်များက ရှင်ယဲ့အပြစ်ပေးခံရသည်ကို တွေ့သည့်အခါ မနေနိုင်ကြပေ။ ဝေါကာကလည်း သူ့အတွက်ကို အသနားခံပေးလေသည်: "အရှင် နယ်စားမင်း၊ လောရင့်စ်က အရှင် နယ်စားမင်းရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးတာပါ။ အဲ့ဒီအစောင့်တပ်မှူးကသာ ကျွန်တော်တို့ကို အနိုင်ကျင့်ပြီး လူရှေ့သူရှေ့မှာ လောရင့်စ်ရဲ့ အင်္ကျီတွေကို ဆုတ်ဖြဲဖို့ လုပ်ခဲ့တာပါ။ ဒီဝတ်စုံတွေက အရှင်နယ်စားမင်းကိုယ်တိုင် အိမ််တော်ရဲ့ အမှတ်အသားအဖြစ်နဲ့ ရဲမက်တွေအတွက် အထူးချုပ်လုပ်ပေးခိုင်းခဲ့တဲ့ ဝတ်စုံတွေပါ။ ဘယ်လိုလုပ် အဖျက်အဆီးခံလို့ ဖြစ်ပါ့မလဲ!"

"သူ့အတွက် ကူပြောပေးစရာ မလိုဘူး" ဂါဆီယာက ဆို၏။ "သူ့အတွက်သူ ပိုစဉ်းစားပြီး လုပ်ခဲ့တာကို ငါသိတယ်"

ရှင်ယဲ့ ခေါင်းကိုငုံနေကာ သူ့အတွက်သူ ဘာတစ်ခွန်းမှ ပြန်လည်မချေပချေ။

ဂါဆီယာက ခေါင်းမာလှသည့် အမျိုးသမီးအား ကြည့်လိုက်သည်။ သူမ၏ ရဲရင့်မှုကြောင့် အထိတ်တလန့်ဖြစ်ခဲ့ရပြီး၊ သူမ၏ ခေါင်းမာမှုကြောင့်လည်း စိတ်ထဲတွင် နာကျင်မိခဲ့ရသည်။

သူ လောရင့်စ်၏ ရင်ဘတ်ပေါ်က ရဲမက်တံဆိပ်ကို ကိုယ်တိုင်ကိုယ်ကျ ဖြုတ်ပေးလိုက်ပြီး၊ ဒုတိယအဆင့် ရဲမက်တံဆိပ်ဖြင့် အစားထိုးပေးလိုက်သည်။ လောရင့်စ်က ဘာဆင်ခြေမှ ပေးဖို့ အစီအစဉ်မရှိတာကို မြင်သည့်အခါ သက်ပြင်းချလေ၏: "သွားပြီး နားလိုက်တော့။ ဒုတိယအဆင့်ရဲမက်ရာထူးကို လျှော့ချခံလိုက်ရပေမဲ့၊ မင်းရဲ့ ခံစားခွင့်တွေက ယာယီမှာတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး"

"အရှင့်ရဲ့ သက်ညှာပေးမှုအတွက် ကျေးဇူးတင်ပါတယ်" ရှင်ယဲ့ ဆိုလိုက်သည်။

ကျန်သည့် ရဲမက်များထံမှ နှစ်သိမ့်မှုနှင့် လေစားမှုတို့ကို ခံယူလိုက်ပြီးနောက်တွင်၊ သူ့အခန်းကို ပြန်သွားကာ သွေးစွန်းနေသည့် အဝတ်များကို ချွတ်လိုက်သည်။ ထို့နောက် ထိုအဝတ်များကို လျှော်ဖို့ရန် အစေခံတစ်ယောက်အား ပေးလိုက်၏။

သူတစ်ယောက်တည်း ရှိနေသည့်အချိန်၊ ရှင်ယဲ့ မှန်ကို ထုတ်လိုက်သည်။ အံ့သြစရာမရှိစွာပဲ ထင်ရှားတောက်ပသော စာလုံးကြီးများဖြင့် ရေးသားထားသည့် "ရက်စက်တယ်" ဆိုသည့်စာလုံးက မှန်ပေါ်တွင် ပေါ်လာခဲ့သည်။

"ကောင်းတာပဲလေ" ရှင်ယဲ့ ဘာမှမဖြစ်သလိုပင် ဆိုလိုက်၏: "အစောင့်တပ်မှူးက 'ငါကတုံးတယ်၊ ငါ့ကို လာပြီး သတ်လိုက်ပါ'လို့ ပြောနေသလိုပဲ။ အဲ့ဒါကြောင့် မသတ်ပစ်ရင် နှမြောစရာကောင်းတယ်လေ"

မှန်: အစောင့်တပ်မှူးက မင်းကို ခေါ်ထုတ်ဖို့ လူတစ်ယောက်ကို တိတ်တဆိတ်လွှတ်လိုက်ပြီး၊ မင်းရဲ့ ခန္ဓာကိုယ်ကို ရှာဖွေစစ်ဆေးခိုင်းမှာ မကြောက်ဖူးလား?

"အဲ့လိုဆိုရင် ငါ့အဝတ်တွေကို ချွတ်၊ ငါ့ရင်ဘတ်ကို ဖုံးပြီး 'အဓမ္မကျင့်နေပါတယ်' ဆိုပြီး အော်လိုက်မှာပေါ့" ရှင်ယဲ့ အရေးတယူမလုပ်ဘဲ ဖြေလိုက်သည်။ "ငါ့ရဲ့ မိန်းကလေး ခန္ဓာကိုယ်က အားနည်းချက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ လက်နက်တစ်ခုလည်း ဖြစ်တယ်။ ငါက နယ်စားမင်း ဂါဆီယာရှေ့မှာ အမှန်အတိုင်း တင်ပြထားပြီးသွားပြီဆို‌တော့ သူက သိနေပြီးသားပဲ။ အဲ့လိုအခြေအနေမျိုးမှာ နယ်စားမင်း ဂါဆီယာက သူ့ရဲ့ ချစ်သူကို ရဲမက်အဖြစ်ဝတ်ဆင်ပြီး နေခိုင်းထားတယ်လို့ ထင်စရာကောင်းသွားတာပေါ့။ အဲ့လို ထင်ကြေးတွေက စိတ်ဝင်စားစရာကောင်းတယ်လေ။ အဲ့ဒီတော့ နယ်စားမင်းရဲ့ ချစ်သူကို စော်ကားရဲတဲ့ အစောင့်တပ်မှူးက ဘယ်လိုမှ အသက်ရှည်ရှည်နေနိုင်မှာမဟုတ်ဘူး။ ပြောရရင် ငါ နန်းတော်ထဲကို ခြေချလိုက်တဲ့ အချိန်ကစပြီး၊ အစောင့်တပ်မှူးက ဘယ်လိုပဲဖြစ်ဖြစ် သေကို သေရမှာပဲ"

မှန်မှာ အဖြစ်အပျက်တစ်ခုလုံးကို ပြန်လည်စဉ်းစားလိုက်ရာ၊ ရှင်ယဲ့က နယ်စားမင်း ဂါဆီယာ၏ ရဲမက်ဖြစ်လာချိန်မှစပြီး ဒီကိစ္စတစ်ခုလုံးကို အစီအစဉ်ဆွဲထားခဲ့ကြောင်း နားလည်သွားခဲ့သည်။

အဲ့ဒီအချိန်ကဆို ကျန်တဲ့ ကြိုးကိုင်ခြယ်လှယ်သူနှစ်ယောက်က ဘယ်သူတွေမှန်းတောင် မသိသေးဘူးလေ။ ဒီလူက ဘယ်လောက်တောင် ကွက်ကြိုမြင်နိုင်ရတာလဲ?

မှန်မှာ ရှင်ယဲ့ကို ချီးကျူးချင်သော်လည်း၊ အဖြစ်အပျက်များကို အချိန်ယူကာ အပြန်ပြန်အလှန်လှန် စဉ်းစားလိုက်ပြီး နောက်ဆုံး၌ စာလုံးအချို့ကိုသာ ရေးလိုက်၏: အရှက်မရှိတဲ့ လူ၊ ကမ္ဘာပေါ်မှာ အရှက်မရှိဆုံးလူပဲ!

အင်အားကြီးသည့် လူတစ်ယောက်။ သာလွန်ထူးခြားသော အရည်အချင်းများရှိသည့် ယောကျ်ားတစ်ယောက်က မိန်းကလေးခန္ဓာကိုယ်တစ်ပိုင်းဖြစ်သွားတာကို မကျေမနပ်မဖြစ်သည့်အပြင်၊ ထိုသရုပ်မှန်အား ပြိုင်ဘက်ကို တိုက်ခိုက်ဖို့ရာအတွက် ချွန်ထက်သည့် ဓားသွားတစ်လက်အဖြစ် အသုံးချလိုက်သေးသည်။

ပုံမှန်အခြေအနေမျိုးမှာ သာမန်လူတွေကသာ ယောကျ်ားမဟုတ်၊ မိန်းမမဟုတ် ခန္ဓာကိုယ်ဖြစ်သွားတာကို မြင်လိုက်ရရင်၊ သူတို့ သရုပ်မှန်ကို ဖုံးကွယ်ဖို့ ကြိုးစားရင်းနဲ့ ဖော်ထုတ်ခံရမှာ စိုးရိမ်ပြီး နေ့တိုင်းလိုလို ကြောက်ရွံ့တုန်လှုပ်နေရမှာ မဟုတ်ဘူးလား?

သူက ဘယ်လိုတောင် သဘာဝကျကျ နေနိုင်ရတာလဲ?

မှန်: မင်း မိန်းကလေးလို ဝတ်ရတာကို စွဲလမ်းသွားတာလား?

ရှင်ယဲ့: "....."

လွှင့်ပစ်လိုက်တော့မယ်။ သိမ်းထားလို့လည်း ဘာအကျိုးမှ ရှိတာမဟုတ်ဘူး။



(Zawgyi)

          Chapter 13 _ ဓားေရးယွဥ္ျခင္း

ကိစၥေတြက ဒီအေျခအေနအထိေရာက္လာခဲ့သည္မွာ ေကာင္းသည့္အရာဟု ေျပာလို႔ရသည္။ ရွင္ယဲ့ နယ္စားမင္း ဂါဆီယာက ဘုရင္မအား ဆန႔္က်င္ဖို႔ကို မေမွ်ာ္လင့္ခဲ့ေပ။ ေျပာရလွ်င္ နယ္စားမင္း ဂါဆီယာလို တည္ၿငိမ္ရင့္က်က္တဲ့ လူတစ္ေယာက္က ဒီလိုမ်ိဳး လုပ္စရာအေၾကာင္းမရွိေပ။

သူ၏ ပန္းတိုင္မွာ ႀကိဳးကိုင္ျခယ္လွယ္သူ သုံးေယာက္ကို ရွင္းပစ္ၿပီး၊ သူတို႔ ပုံျပင္အစ၌ ဖန္တီးထားခဲ့သည့္ ဇာတ္သိမ္းမ်ားကို ျဖစ္မလာႏိုင္ေအာင္ တာဆီးဖို႔ပင္ျဖစ္သည္။ ဒီေလာက္ဆို လုံေလာက္ၿပီပင္။ ျဖစ္ပ်က္ခဲ့သမွ် ကိစၥအားလုံးရဲ႕ သက္ေရာက္မႈအင္အားက ရဲမက္ေတြ၏ ကိုယ့္စိတ္ခံစားခ်က္ကို ထိန္းခ်ဳပ္ႏိုင္စြမ္းအေပၚမွာ မူတည္ေနေလသည္။

ရွင္ယဲ့ နယ္စားမင္း ဂါဆီယာ၏ ေနာက္တြင္ ဒူးတစ္ဖက္ေထာက္ ထိုင္ခ်လိုက္ကာ ေလးနက္စြာ ဆိုလိုက္၏: "အရွင္ နယ္စားမင္း၊ ကြၽန္ေတာ့္ရဲ႕ ေခါင္းမာမႈေၾကာင့္ အရွင့္ကို ဒုကၡမ်ားေစခဲ့ပါၿပီ။ အရွင့္ရဲ႕ ဂ႐ုစိုက္ေပးမႈအတြက္ အထူးေက်းဇူးတင္ပါတယ္။ ဒါေပမဲ့ ရဲမက္ေတြၾကားေတြက ျပႆနာကို ေျဖရွင္းဖို႔ဆိုရင္ ဓားကို သုံးမွရပါလိမ့္မယ္"

ထိုသို႔ ေျပာလိုက္ၿပီးေနာက္ အေစာင့္တပ္မႉးထံသို႔ ဆိုလိုက္သည္: "ကြၽန္ေတာ္ ခင္ဗ်ားနဲ႔ ဓားေရးယွဥ္မယ္။ ကြၽန္ေတာ္ ရႈံးခဲ့ရင္ ကြၽန္ေတာ္တို႔ ရဲမက္ေတြက အေစာင့္ရဲမက္ေတြဆီမွာ ရွာေဖြစစ္ေဆးခံလိမ့္မယ္။ အရွင္ ဘုရင္မနဲ႔ နယ္စားမင္းက ဒီကိစၥနဲ႔ ဘာမွ မသက္ဆိုင္ဘူး။ ကြၽန္ေတာ္ ႏိုင္ခဲ့ရင္ေတာ့ ခင္ဗ်ား ကြၽန္ေတာ္တို႔ရဲမက္ေတြကို ကိုယ္တိုင္ကိုယ္က် ‌ေတာင္းပန္ရမယ္။ ၿပီးေတာ့ အရွင္ နယ္စားမင္းရဲ႕ လူေတြကသာ ကြၽန္ေတာ္တို႔ကို ရွာေဖြႏိုင္ဖို႔ ခြင့္ျပဳရမယ္။ ရဲမက္တစ္ေယာက္အေနနဲ႔ ကြၽန္ေတာ္တို႔ အရွင္သခင္ရဲ႕ စစ္ေဆးေမးျမန္းမႈကိုသာ ခြင့္ျပဳႏိုင္မယ္"

ထို စကားလုံးမ်ားက အလြန္ပင္ ပနံသင့္လွေပသည္။ စိတ္ဝင္တစား ပြဲလာၾကည့္သည့္ မင္းမ်ိဳးမင္းႏြယ္မ်ားကလည္း တစ္ေယာက္ၿပီးတစ္ေယာက္ ေခါင္းညိတ္ေထာက္ခံၾက၏။ ၎မွာ စစ္သည္ရဲမက္တစ္ေယာက္တြင္ ရွိသင့္ရွိထိုက္သည့္ စိတ္ထားပင္ျဖစ္ေလသည္။

အေစာင့္တပ္မႉးမွာ ေဒါသထြက္လြန္းသျဖင့္ ေသေတာ့မလို ျဖစ္ေန၏။ ဘာလို႔ ဓားေရးယွဥ္တာလဲ? ဘာလို႔ ေနာက္ထပ္ ဓားေရးယွဥ္တာပဲလဲ? မင္းတို႔ ရဲမက္ေတြက အေခ်အတင္ျဖစ္တာနဲ႔ ဓားဆြဲထုတ္ၾကတာပဲလား?

"ဘာေတြျဖစ္ေနၾကတာလဲ?" က်က္သေရရွိကာ ေခြလွ်ႏြမ္းခ်ိေနသည့္ အမ်ိဳးသမီးတစ္ေယာက္၏ အသံက ထြက္ေပၚလာသည္။

ရဲမက္မ်ားၾကား အုတ္ေအာ္ေသာင္းတင္းျဖစ္ေနမႈက ဘုရင္မကို စိတ္ဝင္စားေအာင္ ဆြဲေဆာင္ခဲ့ေလသည္။ သူမက ခမ္နားႀကီးက်ယ္သည့္ ဂါဝန္ကို ဝတ္ဆင္ထားၿပီး၊ မ်က္ႏွာေပၚတြင္ ပုဝါလႊမ္းၿခဳံထားသည္။ သူမ၏လက္မ်ားက ေခ်ာမခန႔္ညားသည့္ ေယာက်္ားတစ္ေယာက္၏ ပုခုံးထက္တြင္ ရွိေန၏။ ေနာက္တြင္မူ သာမန္႐ုပ္ရွည္မွ်သာရွိေသာ အေစခံေျမာက္မ်ားစြာက လိုက္ပါလာၾကသည္။

ရွင္ယဲ့ ဘုရင္မေရွ႕တြင္ ခ်က္ခ်င္းဒူးေထာက္လိုက္ကာ အေစာင့္တပ္မႉးထက္ဦးၿပီး အသနားခံလိုက္သည္: "အရွင္ ဘုရင္မ၊ ကြၽန္ေတာ္မ်ိဳးရဲ႕ အသိပညာတိမ္ပါးမႈေၾကာင့္ ဘုရင္မကို အေႏွာင့္အယွက္ျပဳေစခဲ့မိရင္ ေတာင္းပန္ပါတယ္။ ဒါေပမဲ့လည္း ရဲမက္တစ္ေယာက္အေနနဲ႔ လက္မေလွ်ာ့ဘဲ စြဲၿမဲၿမဲဆုပ္ကိုင္ထားရမယ့္ ခံယူခ်က္ေတြက ရွိေနပါတယ္။ ကြၽန္ေတာ္မ်ိဳးရဲ႕ ဂုဏ္သိကၡာကို ထိန္းသိမ္းဖို႔အတြက္ အေစာင္တပ္မႉးနဲ႔ ဓားေရးယွဥ္ပြဲကို အရွင္ ဘုရင္မ ခြင့္ျပဳေပးဖို႔ ေတာင္းဆိုခ်င္ပါတယ္"

ပထမဆုံး မင္းမ်ိဳးမင္းႏြယ္ရဲမက္ေတြကို ေစာ္ကားသည့္အျပစ္ကို အေစာင့္တပ္မႉး၏ ေခါင္းေပၚသို႔ ပုံခ်လိုက္သည္။ ထို႔ေနာက္ ဓားေရးယွဥ္ဖို႔ရန္ ခြင့္ေတာင္းလိုက္သည္။ ဒီေခတ္၏ ဓေလ့ထုံးတမ္းမ်ားအရ ဘယ္သူကမွ ျငင္းဆန္မွာ မဟုတ္ေပ။

ဘုရင္မက ေဒၚသမထြက္ဘဲ ၿပဳံးေတာင္ၿပဳံးလိုက္ေသးသည္: "ရဲမက္ေတြက အၿမဲတမ္း စိတ္လိုက္မာန္ပါ လုပ္တတ္ၾကတာပါပဲ။ ဒါကလည္း ငယ္႐ြယ္မႈရဲ႕ ေကာင္းက်ိဳးတစ္ခုပါပဲေလ။ ေကာင္းၿပီေလ၊ ရဲမက္ေတြၾကား အျငင္းအခုန္ျဖစ္ၾကတဲ့ ကိစၥဆိုေတာ့ ဓားေရးနဲ႔ပဲ ေျဖရွင္းၾကတာေပါ့"

တကယ္တမ္း ေျပာရလွ်င္၊ ရဲမက္ေတြဆိုသည္မွာ မင္းမ်ိဳးမင္းႏြယ္တို႔၏ မ်က္လုံးထဲမွာေတာ့ အဆင့္ျမင့္ အေစခံေတြထက္မပိုေပ။ ႏွစ္တိုင္းလိုလို ပြဲေတာ္ရက္မ်ား၌ ရဲမက္မ်ား အေသအေၾက ဓားေရးယွဥ္ကာ တိုက္ခိုက္ၾကသည္က မင္းမ်ိဳးမင္းႏြယ္မ်ားအတြက္မူ အပ်င္းေျပေစေသာ ျပပြဲတစ္ခုသာ ျဖစ္သည္။ အကယ္၍ ရွင္ယဲ့က ဘာမွမလုပ္ခဲ့ဘူးဆိုရင္ေတာင္ ဘုရင္မက တိုက္ရည္ခိုက္ရည္ရွိဟန္ရသည့္ ရဲမက္ႏွစ္ေယာက္ကို ေခၚကာ ဓားေရးယွဥ္ခိုင္းႏိုင္ေခ်ရွိသည္။ ယခုအခ်ိန္က တကယ့္ကို အခ်ိန္ကိုက္ပင္။

မူလ ေတာ္ဝင္မိသားစု၏ အေစာင့္တပ္မႉးမွာ ထိပ္တန္းအဆင့္ အရည္အခ်င္းရွိရမွာျဖစ္ေသာ္လည္း၊ သူ႔ေရွ႕က တစ္ေယာက္ကေတာ့၊ ဟဲ ဟဲ...

ရွင္ယဲ့နဲ႔ အေစာင့္တပ္မႉးတို႔အား တရားဝင္ ဓားေရးယွဥ္ၿပိဳင္ရမည့္ေနရာသို႔ ေခၚေဆာင္သြားၾက၏။

မင္းမ်ိဳးမင္းႏြယ္မ်ားကေတာ့ ပြဲၾကည့္စင္တြင္ ထိုင္လိုက္ၾကၿပီး၊ အေစခံအမ်ိဳးသမီးက သူတို႔ႏွစ္ေယာက္ကို ဓားတစ္ေခ်ာင္းစီ ေပးအပ္လာခဲ့သည္။ နယ္စားမင္း ဂါဆီယာကေတာ့ ထိုင္ခုံမွာ ထိုင္ေနရင္းျဖင့္ မ်က္ေမွာင္မ်ားၾကဳတ္လ်က္ရွိေနသည္။ ထို႔ေနာက္ သူ႔ကိုယ္သူ ေရ႐ြတ္ေျပာဆိုေလ၏: "ဘာလို႔ သူက ဒီေလာက္ေခါင္းမာရတာလဲ? ငါသူ႔ကို ကူညီေပးႏိုင္တာကို။ သူက ငါ့ကို ဒုကၡမေပးခ်င္တာမွန္ေပမဲ့ ေျဖရွင္းဖို႔ ဒီလိုနည္းလမ္းကိုရေအာင္ ေ႐ြးလိုက္တယ္လား။ ဒါေပမဲ့ သူက..."

လူတိုင္း ျမင္ႏိုင္သည့္ ျမင္ကြင္းေအာက္တြင္ ၿပိဳင္ပြဲမွာ ဘယ္လိုရလဒ္မ်ိဳးပဲ ထြက္လာပါေစ ႏွစ္ဖက္လုံးက သူငယ္ခ်င္းေကာင္းမ်ားသာ ျဖစ္ၾကၿပီး၊ အခ်င္းခ်င္း မုန္းတီးစိတ္မရွိၾကဟူသည့္ ပုံစံအား ျပသရန္ ရွင္ယဲ့ႏွင့္ အေစာင့္တပ္မႉးခ်ဳပ္တို႔ အခ်င္းခ်င္း လက္ဆြဲႏႈတ္ဆက္ကာ ဖက္တလွဲကင္းျပဳၾကေလ၏။

အေစာင့္တပ္မႉးက ဒီအခြင့္အေရးကို သုံးၿပီး ရွင္ယဲ့ နားဆီသို႔ တီးတိုးေျပာလိုက္သည္: "မင္း ႐ူးေနလား? ဘာေတြလုပ္ဖို႔ ႀကိဳးစားေနတာလဲ?"

ရွင္ယဲ့ ခပ္သဲ့သဲ့ ၿပဳံးလိုက္၏: "တတိယေျမာက္လူကို ထြက္လာေအာင္လုပ္ဖို႔ ႀကိဳးစားေန႐ုံပါပဲ"

ထိုကဲ့သို႔ ဆိုလိုက္ၿပီးေနာက္ တစ္ဖက္ကို အေဝးသို႔ အျမန္တြန္းပို႔လိုက္ကာ သူ႔လက္ထဲရွိ ဓား႐ိုးအား ဆြဲကိုင္လိုက္သည္။ သူ၏ ခႏၶာကိုယ္တစ္ခုလုံးရွိ ႂကြက္သားမ်ားမွာ တင္းမာေနၿပီး အမဲလိုက္ထြက္ေတာ့မည့္ က်ားသစ္တစ္ေကာင္သဏၭာန္ ျဖစ္လို႔ေန၏။

အေစာင့္တပ္မႉးကလည္း ဓားကို ဆြဲကိုင္လိုက္သည္။ မရႈံးခင္ ဓားကြက္ ႏွစ္ကြက္ေလာက္ ဟန္ျပခ်လိုက္ၿပီး၊ ခႏၶာကိုယ္ရွာေဖြဖို႔ နည္းလမ္းကို ေနာက္မွ စဥ္းစားမည္ဟု ေတြးေနေလသည္။

ဓားေရးယွဥ္ပြဲ စၿပီျဖစ္ေၾကာင္း ခရာမႈတ္သံကို ၾကားလိုက္သည့္အခါ ရွင္ယဲ့ အေစာင့္တပ္မႉးထံသို႔ ေျပးသြားလိုက္သည္။ သူ၏ အရွိန္ႏႈန္းမွာ အလြန္ျမန္ဆန္ၿပီး၊ လႈပ္ရွားမႈမ်ားမွာလည္း တိက်ျပတ္သားသည္။ ထို႔ေၾကာင့္ အေစာင့္တပ္မႉးမွာ တုန႔္ျပန္ခ်ိန္ေတာင္မရွိလိုက္ေပ။

အေစာင့္တပ္မႉးမွာ ဓားကိုေတာင္ ဆြဲမထုတ္လိုက္ရေခ်။ ရွင္ယဲ့က သူ႔ေရွ႕တည့္တည့္တြင္ ေပၚလာသည္ကို ျမင္ရသည့္အခ်ိန္၊ ခ်က္ခ်င္းဆိုသလို သူ႔လည္ပင္းမွ ေအး‌ေအးစက္စက္ေသြးမ်ား ပန္းထြက္လာသည္ကို ေတြ႕လိုက္ရေလသည္။

အေစာင့္တပ္မႉးမွာ လဲက်သြားခ်ိန္တြင္၊ ရင္ဘတ္ရွိ လက္ကိုင္ပုဝါကို ထုတ္ၿပီး ဓားေပၚ၌ ေပေနေသာ ေသြးမ်ားကို ေျခာက္ေအာင္သုတ္ေနသည့္ ရွင္ယဲ့အား ဝိုးတဝါးသာ ျမင္လိုက္ရ၏။ ေနာက္ဆုံးေတာ့ မေက်မခ်မ္းျဖစ္စြာပဲ မ်က္လုံးမ်ားကို မွိတ္လိုက္ရေလသည္။

သူ ဘယ္လိုေတာင္? သူ ဘယ္လိုေတာင္ လုပ္ရဲတာလဲ? ဒီကံၾကမၼာ ဆန႔္က်င္တဲ့အဖြဲ႕က ကြပ္မ်က္သူက ဘုရင္မရဲ႕ ေမြးေန႔မွာ ေတာ္ဝင္အေစာင့္တပ္မႉးကို သတ္ဖို႔ ဘယ္လိုစဥ္းစားႏိုင္ရတာလဲ?

သူ ဒီဓားေရးယွဥ္ပြဲမွာ ရႈံးသြားလွ်င္ အမ်ားဆုံးေတာ့ အ႐ိုက္ခံရၿပီး ရွာေဖြစစ္ေဆးဖို႔ အခြင့္အေရးဆုံးရႈံးသြားမည္ဟုသာ ထင္ခဲ့သည္။ ဒါေပမဲ့ ဘာေၾကာင့္ ဒီလိုမ်ိဳး အဆုံးသတ္သြားရတာလဲ? အေစာင့္တပ္မႉးမွာ သူေသသည့္တိုင္ေအာင္ နားမလည္ခဲ့ေပ။ ရွင္ယဲ့က ဒီလိုမ်ိဳး အံ့အားသင့္စရာအလုပ္ကို လုပ္ၿပီး ဘာေတြႀကံစည္ေနလဲ ဆိုတာကိုပင္။

ရွင္ယဲ့ ဓားအား ဓားအိမ္ထဲသို႔ ျပန္ထည့္လိုက္ၿပီးေနာက္၊ မယုံၾကည္မႈ၊ ရႈပ္ေထြးမႈမ်ားႏွင့္ ျပည့္ႏွက္ေနသည့္ အေစာင့္တပ္မႉး၏ မ်က္ႏွာအား ဖ်တ္ခနဲ လွမ္းၾကည့္လိုက္သည္။

ဒီႀကိဳးကိုင္ျခယ္လွယ္သူမွာ အမ်ားျပည္သူေရွ႕တြင္ က်င္းပသည့္ ဓားေရးယွဥ္ပြဲတစ္ခု၌ နယ္စားမင္း ဂါဆီယာလက္ေအာက္က ရဲမက္တစ္ေယာက္၏ ဓားခ်က္ေအာက္တြင္ ဇာတ္သိမ္းရမည္ဟု လုံးဝေတြးထင္ထားခဲ့မိမွာ မဟုတ္ေခ်။

ႀကိဳးကိုင္ျခယ္လွယ္သူတစ္ေယာက္ကို ရွင္းထုတ္ပစ္ၿပီးသည့္အခါ၊ ရွင္ယဲ့ ေခါင္းကိုေမာ့လိုက္ၿပီး၊ ၾကည့္ရႈေနၾကေသာ လူတိုင္း၏ မ်က္ႏွာအမူအရာကို အကဲခတ္လိုက္၏။ ထို႔ေနာက္တြင္မူ ႐ုတ္႐ုတ္သဲသဲ ျဖစ္ေနၾကသည့္ ၾကားမွ နယ္စားမင္း ဂါဆီယာကို ဦးတည္လ်က္ ဒူးေထာက္ထိုင္ခ်ကာ က်ယ္ေလာင္စြာ ဆိုလိုက္သည္: "အရွင္ နယ္စားမင္း၊ ကြၽန္ေတာ္ လက္လြန္မိသြားပါတယ္။ ကြၽန္ေတာ္က ေတာ္ဝင္အေစာင့္တပ္မႉးကို အရမ္းလက္႐ုံးရည္ျပည့္ဝတယ္လို႔ ထင္ခဲ့တာ။ အဲ့ဒါေၾကာင့္ စစခ်င္းတည္းက အားကုန္ထုတ္သုံးခဲ့မိတာပါ။ ဒါေပမဲ့ ဒီလိုမ်ိဳး မေမွ်ာ္လင့္ခဲ့.....

ဘာပဲျဖစ္ျဖစ္၊ ကြၽန္ေတာ္ လူသတ္တဲ့ အျပစ္ကို က်ဴးလြန္မိသြားပါၿပီ။ နယ္စားမင္း ေက်းဇူးျပဳၿပီး ကြၽန္ေတာ္မ်ိဳးကို ကြပ္မ်က္တော်မူပါ"

လူႏွစ္ေယာက္က ရွင္ယဲ့ကို ဓားေရးယွဥ္သည့္ေနရာမွ ဘုရင္မႏွင့္ နယ္စားမင္းတို႔ရွိရာသို႔ ေခၚေဆာင္သြားခဲ့သည္။ ဘုရင္မေနာက္တြင္ ရွိေနေသာ ေခ်ာေမာခန႔္ညားသည့္ အမ်ိဳးသား၏ မ်က္ႏွာမွာ မဲ့႐ြဲ႕ေနၿပီး လက္ေခ်ာင္းမ်ားမွာလည္း တုန္ယင္ေနေလသည္။

မင္းျဖစ္ေနတာကိုး။ ရွင္ယဲ့ စိတ္ထဲက ေတြးလိုက္၏။

ဂိမ္းထဲတြင္ ေသသြားသည့္ ကစားသူမ်ားက အျပင္မွာ တကယ္ ေသသြားျခင္းမဟုတ္ဘဲ၊ ရႈံးနိမ့္သည္ဟု သတ္မွတ္ခံရၿပီး System လြင္ျပင္သို႔ သာ ျပန္လည္ေရာက္ရွိမွာျဖစ္သည္။ ထို႔ေၾကာင့္ သူတကယ္ မေသဘူးဆိုတာ သိသည့္အတြက္၊ ရွင္ယဲ့ အျပစ္ရွိစိတ္မဝင္ဘဲ ေတြေဝျခင္းမရွိ လုပ္ေဆာင္ႏိုင္ခဲ့ျခင္းျဖစ္သည္။

ဒီလိုလုပ္ရသည့္ အေၾကာင္းအရင္းက ထိတ္လန႔္ေစဖို႔သာ ျဖစ္ၿပီး၊ အခ်ိန္ခဏတာေလာက္ ထိတ္လန႔္မႈက တတိယေျမာက္ ႀကိဳးကိုင္ျခယ္လွယ္သူကို သူ၏ ဟာကြက္မ်ားအား ထုတ္ေဖာ္လာေအာင္ လုပ္ေပးႏိုင္၏။ သူတို႔ မယုံၾကည္ႏိုင္ျဖစ္ၾကတာကို မေျပာလွ်င္ေတာင္၊ တျခားတစ္ကမာၻမွ ေရာက္လာသည့္ ႀကိဳးကိုင္ျခယ္လွယ္သူတစ္ေယာက္က သူေရွ႕မွာတင္ သူ၏ အေပါင္းအပါေတြ ေသသြားရတာကို ျမင္လွ်င္၊ ထိတ္လန႔္မႈအျပင္ ဝမ္းနည္းမႈႏွင့္ ေၾကာက္႐ြံ႕မႈတို႔ကိုပါ ခံစားရမွာျဖစ္သည္။

ေနာက္ဆုံးက်န္သည့္ ႀကိဳးကိုင္ျခယ္လွယ္သူက ဘုရင္မ၏ အခ်စ္ေတာ္ ျဖစ္ေနသည္ပင္။ ဘုရင္မ၏ ဆုံးျဖတ္ခ်က္မ်ားကို အိပ္ရာဝင္ခ်စ္စကားမ်ားႏွင့္ လႊမ္းမိုးႏိုင္သည္မွာ မဆန္းေတာ့ေပ။

ရွင္ယဲ့ ေၾကာက္႐ြံ႕မႈကင္းမဲ့စြာျဖင့္ နယ္စားမင္း ဂါဆီယာေရွ႕တြင္ ဒူးေထာက္ခဲ့ျခင္းျဖစ္သည္။

အကယ္၍ ဂါဆီယာကသာ သူ႔ကို သတ္လိုက္မည္ ဆိုလွ်င္၊ ထိုအရာကို မျမင္ခ်င္ဆုံးက တတိယေျမာက္ ႀကိဳးကိုင္ျခယ္လွယ္သူသာ ျဖစ္ေပလိမ့္မည္။ ႀကိဳးကိုင္ျခယ္လွယ္သူေတြ သူ႔အတြက္ ျပင္ဆင္ထားသည့္ ဇာတ္သိမ္းႏွစ္ခုမွာ ဘုရင္မဆီက အသတ္ခံရတာႏွင့္ ဘုရင္မကို အႏိုင္ယူလိုက္ႏိုင္တာသာျဖစ္၏။ နယ္စားမင္း ဂါဆီယာထံမွ ကြပ္မ်က္ခံရသည့္ ဇာတ္သိမ္းေတာ့ ျဖစ္ႏိုင္စရာအေၾကာင္း မရွိေပ။

ထင္ထားသည့္အတိုင္း၊ ထို ေခ်ာေမာသည့္လူက ဘုရင္မ၏ နားထဲသို႔ စကားေလးတစ္ခြန္း၊ ႏွစ္ခြန္းေလာက္ ေျပာလိုက္သည္ႏွင့္ ဘုရင္မက ၿပဳံးလာေလသည္: "ဓားေရးယွဥ္ၿပိဳင္ပြဲေတြဆိုတာ အၿမဲတမ္း အေသအရွင္တိုက္ခိုက္တတ္ၾကတာပါပဲ။ ဒီအေစာင့္တပ္မႉးက သူမ်ားေတြေလာက္ အရည္အခ်င္းမရွိျဖစ္ေနတာဆိုေတာ့ ရာထူးနဲ႔ မထိုက္တန္တဲ့ အေစာင့္တစ္ေယာက္ကို ဖယ္ရွားေပးတဲ့ ဒီက ရဲမက္ကိုပဲ ေက်းဇူးတင္ရမွာပဲ။ ဒီလို အရည္အေသြးညံ့ဖ်င္းတဲ့ ကိုယ္ရံေတာ္အေစာင့္ဆီက ကာကြယ္ေပးခံခဲ့ရတာကို စဥ္းစားမိ႐ုံနဲ႔တင္ ေၾကာက္မိတယ္"

နယ္စားမင္း ဂါဆီယာမွာ စိတ္သာရာရစြာ သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး၊ ရွင္ယဲ့ကို ဆိုလိုက္၏: "အရွင္ ဘုရင္မက ဘေဘာထားႀကီးစြာနဲ႔ မင္းကို ခြင့္လႊတ္ေပးလိုက္ေပမဲ့၊ ငါကေတာ့ ဒီအတိုင္းမထားလိုက္ႏိုင္ဘူး။ ေလာရင့္စ္၊ မင္းက အတင့္ရဲလြန္းတာပဲ!"

ရွင္ယဲ့ ႐ိုက်ိဳးစြာပဲ ေခါင္းငုံ႔နာခံလိုက္သည္။

"မင္းကို ဒုတိယအဆင့္ရဲမက္အျဖစ္ ရာထူးခ်လိုက္ၿပီ။ မင္း မေက်မနပ္စရာ မရွိဘူးမလား?"

ဒုတိယအဆင့္ရဲမက္မွာ ပထမအဆင့္ရဲမက္ႏွင့္ ႏႈိင္းစာလွ်င္ အစစအရာရာ ကြာျခားမႈက ႀကီးမားေလသည္။ သို႔ေစကာမူ၊ နယ္စားမင္း ဂါဆီယာ၏ လက္ထဲမွာတင္ ေျဖရွင္းလို႔ရသည့္ ကိစၥျဖစ္သည့္အတြက္၊ ပထမဆင့္ရဲမက္အျဖစ္ ျပန္လည္ ရာထူးေပးဖို႔ရန္ စကားေလးတစ္ခြန္း၊ ႏွစ္ခြန္းေလာက္ေျပာလိုက္ဖို႔ရာမွာ နယ္စားမင္းအတြက္ အပန္းႀကီးသည့္ကိစၥ မဟုတ္ေပ။

သူမ၏ အေစာင့္တပ္မႉးမွာ သုံးစားမရ႐ုံသာမက၊ ဓားခ်က္တစ္ခ်က္တည္းနဲ႔ အသတ္ခံလိုက္ရသည့္အတြက္ ဘုရင္မ၏ စိတ္အေျခအေနမွာ ‌ေတာ္ေတာ္ ဆိုး႐ြားသြားခဲ့သည္။ နယ္စားမင္း ဂါဆီယာက အေစခံမ်ားအား သူ၏ ရဲမက္မ်ားကို ရွာေဖြစစ္ေဆးခိုင္းျခင္းျဖင့္ ဘုရင္မ၏ သိကၡာကို ျပန္ဆယ္ေပးၿပီးေနာက္တြင္၊ ဘုရင္မက ပင္ပန္းသည္ဟုဆိုကာ အနားယူဖို႔ ျပန္သြားေလ၏။

ရွင္ယဲ့ကို ရွာေဖြရသည့္ အေစခံမွာ နယ္စားမင္း၏ အမိန႔္အတိုင္း ဟန္ျပသာ ရွာေဖြရေလသည္။ သူမက ရွင္ယဲ့၏ ရင္ဘတ္နားကို ထိေထာင္မထိရဲေပ။ ထို႔ေၾကာင့္လည္း ရွင္ယဲ့၏ အိတ္ကပ္ထဲတြင္ ဖြက္ထားေသာ မွန္ကို ရွာေတြႏိုင္စရာအေၾကာင္း မရွိေတာ့ေခ်။

သူတို႔အဖြဲ႕ စံအိမ္သို႔ ျပန္ေရာက္သည့္အခါ၊ ဂါဆီယာက စိတ္မေကာင္းျဖစ္သည့္ မ်က္ႏွာအမူအရာျဖင့္ ဆိုလာသည္: "ေလာရင့္စ္၊ မင္းက အရမ္း စိတ္လိုက္မာန္ပါလုပ္တာပဲ"

ရွင္ယဲ့ အျပစ္ဒဏ္ကို နာခံစြာ ေစာင့္ဆိုင္းေနလိုက္သည္။

က်န္သည့္ ရဲမက္မ်ားက ရွင္ယဲ့အျပစ္ေပးခံရသည္ကို ေတြ႕သည့္အခါ မေနႏိုင္ၾကေပ။ ေဝါကာကလည္း သူ႔အတြက္ကို အသနားခံေပးေလသည္: "အရွင္ နယ္စားမင္း၊ ေလာရင့္စ္က အရွင္ နယ္စားမင္းရဲ႕ ဂုဏ္သိကၡာကို ကာကြယ္ေပးတာပါ။ အဲ့ဒီအေစာင့္တပ္မႉးကသာ ကြၽန္ေတာ္တို႔ကို အႏိုင္က်င့္ၿပီး လူေရွ႕သူေရွ႕မွာ ေလာရင့္စ္ရဲ႕ အက်ႌေတြကို ဆုတ္ၿဖဲဖို႔ လုပ္ခဲ့တာပါ။ ဒီဝတ္စုံေတြက အရွင္နယ္စားမင္းကိုယ္တိုင္ အိမ္္ေတာ္ရဲ႕ အမွတ္အသားအျဖစ္နဲ႔ ရဲမက္ေတြအတြက္ အထူးခ်ဳပ္လုပ္ေပးခိုင္းခဲ့တဲ့ ဝတ္စုံေတြပါ။ ဘယ္လိုလုပ္ အဖ်က္အဆီးခံလို႔ ျဖစ္ပါ့မလဲ!"

"သူ႔အတြက္ ကူေျပာေပးစရာ မလိုဘူး" ဂါဆီယာက ဆို၏။ "သူ႔အတြက္သူ ပိုစဥ္းစားၿပီး လုပ္ခဲ့တာကို ငါသိတယ္"

ရွင္ယဲ့ ေခါင္းကိုငုံေနကာ သူ႔အတြက္သူ ဘာတစ္ခြန္းမွ ျပန္လည္မေခ်ပေခ်။

ဂါဆီယာက ေခါင္းမာလွသည့္ အမ်ိဳးသမီးအား ၾကည့္လိုက္သည္။ သူမ၏ ရဲရင့္မႈေၾကာင့္ အထိတ္တလန႔္ျဖစ္ခဲ့ရၿပီး၊ သူမ၏ ေခါင္းမာမႈေၾကာင့္လည္း စိတ္ထဲတြင္ နာက်င္မိခဲ့ရသည္။

သူ ေလာရင့္စ္၏ ရင္ဘတ္ေပၚက ရဲမက္တံဆိပ္ကို ကိုယ္တိုင္ကိုယ္က် ျဖဳတ္ေပးလိုက္ၿပီး၊ ဒုတိယအဆင့္ ရဲမက္တံဆိပ္ျဖင့္ အစားထိုးေပးလိုက္သည္။ ေလာရင့္စ္က ဘာဆင္ေျခမွ ေပးဖို႔ အစီအစဥ္မရွိတာကို ျမင္သည့္အခါ သက္ျပင္းခ်ေလ၏: "သြားၿပီး နားလိုက္ေတာ့။ ဒုတိယအဆင့္ရဲမက္ရာထူးကို ေလွ်ာ့ခ်ခံလိုက္ရေပမဲ့၊ မင္းရဲ႕ ခံစားခြင့္ေတြက ယာယီမွာေတာ့ ေျပာင္းလဲသြားမွာ မဟုတ္ဘူး"

"အရွင့္ရဲ႕ သက္ညႇာေပးမႈအတြက္ ေက်းဇူးတင္ပါတယ္" ရွင္ယဲ့ ဆိုလိုက္သည္။

က်န္သည့္ ရဲမက္မ်ားထံမွ ႏွစ္သိမ့္မႈႏွင့္ ေလစားမႈတို႔ကို ခံယူလိုက္ၿပီးေနာက္တြင္၊ သူ႔အခန္းကို ျပန္သြားကာ ေသြးစြန္းေနသည့္ အဝတ္မ်ားကို ခြၽတ္လိုက္သည္။ ထို႔ေနာက္ ထိုအဝတ္မ်ားကို ေလွ်ာ္ဖို႔ရန္ အေစခံတစ္ေယာက္အား ေပးလိုက္၏။

သူတစ္ေယာက္တည္း ရွိေနသည့္အခ်ိန္၊ ရွင္ယဲ့ မွန္ကို ထုတ္လိုက္သည္။ အံ့ၾသစရာမရွိစြာပဲ ထင္ရွားေတာက္ပေသာ စာလုံးႀကီးမ်ားျဖင့္ ေရးသားထားသည့္ "ရက္စက္တယ္" ဆိုသည့္စာလုံးက မွန္ေပၚတြင္ ေပၚလာခဲ့သည္။

"ေကာင္းတာပဲေလ" ရွင္ယဲ့ ဘာမွမျဖစ္သလိုပင္ ဆိုလိုက္၏: "အေစာင့္တပ္မႉးက 'ငါကတုံးတယ္၊ ငါ့ကို လာၿပီး သတ္လိုက္ပါ'လို႔ ေျပာေနသလိုပဲ။ အဲ့ဒါေၾကာင့္ မသတ္ပစ္ရင္ ႏွေျမာစရာေကာင္းတယ္ေလ"

မွန္: အေစာင့္တပ္မႉးက မင္းကို ေခၚထုတ္ဖို႔ လူတစ္ေယာက္ကို တိတ္တဆိတ္လႊတ္လိုက္ၿပီး၊ မင္းရဲ႕ ခႏၶာကိုယ္ကို ရွာေဖြစစ္ေဆးခိုင္းမွာ မေၾကာက္ဖူးလား?

"အဲ့လိုဆိုရင္ ငါ့အဝတ္ေတြကို ခြၽတ္၊ ငါ့ရင္ဘတ္ကို ဖုံးၿပီး 'အဓမၼက်င့္ေနပါတယ္' ဆိုၿပီး ေအာ္လိုက္မွာေပါ့" ရွင္ယဲ့ အေရးတယူမလုပ္ဘဲ ေျဖလိုက္သည္။ "ငါ့ရဲ႕ မိန္းကေလး ခႏၶာကိုယ္က အားနည္းခ်က္တစ္ခု ျဖစ္ေကာင္းျဖစ္ႏိုင္ေပမဲ့ လက္နက္တစ္ခုလည္း ျဖစ္တယ္။ ငါက နယ္စားမင္း ဂါဆီယာေရွ႕မွာ အမွန္အတိုင္း တင္ျပထားၿပီးသြားၿပီဆို‌ေတာ့ သူက သိေနၿပီးသားပဲ။ အဲ့လိုအေျခအေနမ်ိဳးမွာ နယ္စားမင္း ဂါဆီယာက သူ႔ရဲ႕ ခ်စ္သူကို ရဲမက္အျဖစ္ဝတ္ဆင္ၿပီး ေနခိုင္းထားတယ္လို႔ ထင္စရာေကာင္းသြားတာေပါ့။ အဲ့လို ထင္ေၾကးေတြက စိတ္ဝင္စားစရာေကာင္းတယ္ေလ။ အဲ့ဒီေတာ့ နယ္စားမင္းရဲ႕ ခ်စ္သူကို ေစာ္ကားရဲတဲ့ အေစာင့္တပ္မႉးက ဘယ္လိုမွ အသက္ရွည္ရွည္ေနႏိုင္မွာမဟုတ္ဘူး။ ေျပာရရင္ ငါ နန္းေတာ္ထဲကို ေျခခ်လိုက္တဲ့ အခ်ိန္ကစၿပီး၊ အေစာင့္တပ္မႉးက ဘယ္လိုပဲျဖစ္ျဖစ္ ေသကို ေသရမွာပဲ"

မွန္မွာ အျဖစ္အပ်က္တစ္ခုလုံးကို ျပန္လည္စဥ္းစားလိုက္ရာ၊ ရွင္ယဲ့က နယ္စားမင္း ဂါဆီယာ၏ ရဲမက္ျဖစ္လာခ်ိန္မွစၿပီး ဒီကိစၥတစ္ခုလုံးကို အစီအစဥ္ဆြဲထားခဲ့ေၾကာင္း နားလည္သြားခဲ့သည္။

အဲ့ဒီအခ်ိန္ကဆို က်န္တဲ့ ႀကိဳးကိုင္ျခယ္လွယ္သူႏွစ္ေယာက္က ဘယ္သူေတြမွန္းေတာင္ မသိေသးဘူးေလ။ ဒီလူက ဘယ္ေလာက္ေတာင္ ကြက္ႀကိဳျမင္ႏိုင္ရတာလဲ?

မွန္မွာ ရွင္ယဲ့ကို ခ်ီးက်ဴးခ်င္ေသာ္လည္း၊ အျဖစ္အပ်က္မ်ားကို အခ်ိန္ယူကာ အျပန္ျပန္အလွန္လွန္ စဥ္းစားလိုက္ၿပီး ေနာက္ဆုံး၌ စာလုံးအခ်ိဳ႕ကိုသာ ေရးလိုက္၏: အရွက္မရွိတဲ့ လူ၊ ကမာၻေပၚမွာ အရွက္မရွိဆုံးလူပဲ!

အင္အားႀကီးသည့္ လူတစ္ေယာက္။ သာလြန္ထူးျခားေသာ အရည္အခ်င္းမ်ားရွိသည့္ ေယာက်္ားတစ္ေယာက္က မိန္းကေလးခႏၶာကိုယ္တစ္ပိုင္းျဖစ္သြားတာကို မေက်မနပ္မျဖစ္သည့္အျပင္၊ ထိုသ႐ုပ္မွန္အား ၿပိဳင္ဘက္ကို တိုက္ခိုက္ဖို႔ရာအတြက္ ခြၽန္ထက္သည့္ ဓားသြားတစ္လက္အျဖစ္ အသုံးခ်လိုက္ေသးသည္။

ပုံမွန္အေျခအေနမ်ိဳးမွာ သာမန္လူေတြကသာ ေယာက်္ားမဟုတ္၊ မိန္းမမဟုတ္ ခႏၶာကိုယ္ျဖစ္သြားတာကို ျမင္လိုက္ရရင္၊ သူတို႔ သ႐ုပ္မွန္ကို ဖုံးကြယ္ဖို႔ ႀကိဳးစားရင္းနဲ႔ ေဖာ္ထုတ္ခံရမွာ စိုးရိမ္ၿပီး ေန႔တိုင္းလိုလို ေၾကာက္႐ြံ႕တုန္လႈပ္ေနရမွာ မဟုတ္ဘူးလား?

သူက ဘယ္လိုေတာင္ သဘာဝက်က် ေနႏိုင္ရတာလဲ?

မွန္: မင္း မိန္းကေလးလို ဝတ္ရတာကို စြဲလမ္းသြားတာလား?

ရွင္ယဲ့: "....."

လႊင့္ပစ္လိုက္ေတာ့မယ္။ သိမ္းထားလို႔လည္း ဘာအက်ိဳးမွ ရွိတာမဟုတ္ဘူး။

Continue Reading

You'll Also Like

650K 71.7K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...
3M 192K 103
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
1.1M 89K 102
All photos I use in this story are not mine. It's all from google. both unicode and zawgyi "mission တေလုပ်ကြမယ် let's go!!!" "အော်... ငါ့ရဲ့hostလေးယေ...
410K 16.8K 34
𝑨𝒓𝒕𝒊𝒔𝒕 : 𝒉𝒖𝒎𝒂𝒏_𝒍𝒐𝒖𝒗𝒓𝒆 𝑻𝒓𝒂𝒏𝒔𝒍𝒂𝒕𝒊𝒐𝒏 : 𝑨𝑷𖣔 and ℳ𝖊𝖊☁️ Latest translator..Twakitt9795