Zawgyi Version
"ဟုတ္ကဲ့"
ဒီတေခါက္တြင္ က်င္းတဲ့လည္း အက်ပ္အတည္းက်သြားသည္။ ယြဲ႕လန္က်စ္က ဒီလို ဂုဏ္သိကၡာ က်ေစသည့္ အျပဳအမူမ်ိဳး လုပ္လိမ့္မည္ဟု ဘယ္သူမွ ထင္မထားခဲ့ေပ။ သူက အေထြအထူး မေတြးနိုင္ေပ။ က်င္းတဲ့သည္ ဓားကို ထုတ္ယူလိုက္ၿပီး ယြဲ႕လန္က်စ္ေနာက္ေက်ာသို႔ ထိုးစိုက္လိုက္သည္။ ထက္ျမေသာ ဓားသြားသည္ ယြဲ႕လန္က်စ္နံရိုးကို ထြင္းေဖာက္သြားကာ သူမ၏ လႈပ္ရွားေသာ နွလံုးသားကို ထိုးစိုက္သြားသည္။
"ဘုန္း... ဘုန္း... ဘုန္း..."
နွလံုးခုန္သံသည္ တျဖည္းျဖည္းခ်င္း ရပ္တန္႔သြားသည္။ ယြဲ႕လန္က်စ္၏ လွပေသာ မ်က္ဝန္းသည္ က်ယ္ေလာင္စြာ ပြင့္ဟေနသည္။
ဆႏၵမရွိမႈအမ်ားအျပား၊ အမုန္းတရားအမ်ားအျပားသည္ ေသျခင္းတရားနွင့္ ခ်န္ထားရစ္ေလသည္။
ယြဲ႕လန္က်စ္ ေသဆံုးသြားေသာ္လည္း သူမသြားက ေျပေလ်ာ့မသြားေသးပါ။ သူမက ေၾကာက္မက္ဖြယ္ရာ ဖိကိုက္ထားၿပီး လႊတ္ေပးမည့္ အရိပ္အေယာင္ မျမင္ေပ။
"ျမန္ျမန္! ျမန္ျမန္လာၿပီး လႊတ္ေပ... အရူး!"
ဘယ္တုန္းက ဝမ္ရမ္လဲ့က ဒီလို ခံစားရဖူးလို႔လဲ? ဒီမွာ သူရယ္၊ က်င္းတဲ့ရယ္၊ မိန္းကေလးရယ္ သံုးေယာက္ပဲ ရွိေနသည္။ မိန္းကေလးမွာ ေၾကာက္လန္႔လြန္းလို႔ တုန္ရီေနသည္။ က်င္းတဲ့က ဝမ္ရမ္လဲ့ေဘးသို႔ ေလွ်ာက္သြားလိုက္သည္။
က်င္းတဲ့သည္ ယြဲ႕လန္က်စ္၏ သြားမ်ားကို ထိုးကေလာ္ၿပီး ဖြင့္ခ်င္ေသာ္လည္း သူ႔တြင္ မည္သည့္ကိရိယာတန္ဆာပလာမွ မပါေပ။ သူ႔အေနျဖင့္ သူမပါးစပ္ကို ဖ်က္စီးပစ္ဖို႔ရာ နည္းလမ္းတခုသာ ရွိေတာ့ေသာ္လည္း ယြဲ႕လန္က်စ္ပံုမွာ သူမ ေသသြားသည့္တိုင္ ဝမ္ရမ္လဲ့အား အလြတ္ေပးခ်င္ပံု မေပၚေပ။ သူမသြားမ်ားက အက်ဥ္းေထာင္တခု၏ တံခါးမ်ားသဖြယ္ တခုနွင့္ တခု ျပင္းထန္စြာ ကိုက္ခဲေနသည္။ ဝမ္ရမ္လဲ့၏ နားတဝက္ေလာက္မွာ သူမပါးစပ္ထဲ ကိုက္မ်ိဳျခင္း ခံထားၿပီး သူမက ေထြးထုတ္ဖို႔ ဆႏၵမရွိေခ်။
"ျမန္ျမန္ ကူဖို႔ လူသြားရွာခ်ည္! မင္း အရူးေကာင္!"
ယြဲ႕လန္က်စ္၏ ေခြးသြားမ်ားက ဝမ္ရမ္လဲ့နားအား ကိုက္ေနသည္။ ေသြးမ်ားက သူ႔ပါးတေလွ်ာက္ စီးက်ေနသည္။ က်င္းတဲ့က ပ်ာတီးပ်ာယာျဖစ္ေနသည္ကို ျမင္ေသာအခါ ဝမ္ရမ္လဲ့က သူ႔၏ ေျခသလံုးကို ပိတ္ကန္လိုက္သည္။
"ျမန္ျမန္ လူသြားရွာခ်ည္! စဥ္းစားတတ္တဲ့သူတေယာက္ကို ရွာခဲ့!"
"ဟုတ္! ဟုတ္! ဟုတ္ကဲ့!"
က်င္းတဲ့က စိတ္ေစာမႈေၾကာင့္ ေခြၽးမ်ားပင္ ျပန္ေနသည္။ သူက အေျပးအလႊား
"မင္းႀကီး! မင္းႀကီး အဆင္ေျပရဲ႕လား?"
မိန္းကေလးက အလြန္ပင္ ေၾကာက္႐ြံ႕ေနသည္။သူမမ်က္ရည္မ်ား က်ဆင္းလာသည္။ သူမ ငိုရံုကလြဲၿပီး ဘာမွမလုပ္ေပးနိုင္ျခင္းက ဝမ္ရမ္လဲ့အား ထိုမိန္းကေလးကို သတ္ပစ္ခ်င္စိတ္ ျဖစ္ေပၚလာေအာင္ တြန္းအားေပးေနသည္။
ေသြးမ်ားက ဆက္လက္က်ဆင္းေနသည္။ ဝမ္ရမ္လဲ့က ဆဲဆိုလုနီးပါး နာက်င္ေနသည္။ ရုတ္တရက္ သူသည္ "goo goo goo" ဆိုေသာ အသံကို အေဝးမွ နီးလာသည္ကို ၾကားရသည္။
"Goo goo goo goo"
ဝမ္ရမ္လဲ့က ပထမ အံ့ၾသသြားၿပီး ခ်က္ခ်င္း ထဖို႔ ရုန္းကန္လိုက္သည္။
ထိုသည္က ရိုးရွင္းပါသည္။ သူ႔၏ လတ္ဆတ္ေသာ ေသြးက ယြဲ႕လန္က်စ္ဗိုက္ထဲရွိ မိခင္ကူအား ဆြဲေဆာင္လိုက္သည္။ အခု မိခင္ကူသည္ သက္ရွိတေယာက္၏ ေသြးအနံ႔ကို ရလိုက္သည္။ ၎မွာ အလြန္ စိတ္လႈပ္ရွားစရာေကာင္းသည္။ သူက ယြဲ႕လန္က်စ္လည္ေခ်ာင္းတေလွ်ာက္ တြားသြားကာ တက္လာသည္။
"Goo goo goo goo"
အသံက တစ တစ နီးကပ္လာသည္။ ဝမ္ရမ္လဲ့ အခုပင္ ေသလိုက္ခ်င္သည္။ f*** က်င္းတဲ့က ခုထိ ဘာလို႔ ျပန္မလာရေသးတာလဲ? ၿပီးေတာ့ ဒီေကာင္မစုတ္ ယြဲ႕လန္က်စ္သည္ တကယ္ပင္ ေခြးမျဖစ္သည္။ မေသခင္ကပင္ သူကို အကြက္ခ်သြားေသးသည္။ တကယ့္ကို မိန္းမယုတ္ပဲ!
ဝမ္ရမ္လဲ့က သူ႔နား႐ြက္ကို ဆြဲထုတ္ရန္ ရုန္းကန္လိုက္သည္။ မေမွ်ာ္လင့္ပဲ သူ႔နား႐ြက္ စုတ္ၿပဲသြားကာ သူလည္း နာက်င္မႈေၾကာင့္ ေအာ္ဟစ္လိုက္ရသည္။ ပူေႏြးသည့္ ေသြးမ်ားက ပိုၿပီး ပန္းထြက္လာသည္။ နာက်င္မွာကို ေၾကာက္႐ြံ႕ေသာေၾကာင့္ ဝမ္ရမ္လဲ့က မလႈပ္ရွားရဲေတာ့ေပ။ သို႔ေသာ္ သူ႔နား႐ြက္ဆီမွ တ႐ြ႐ြနာက်င္မႈ ျဖစ္လာေသာအခါ သူ႔အေနျဖင့္ အၾကာႀကီး တံု႔ဆိုင္းမေနလိုက္ရပါ။
"အား အား အား!"
ေနာက္ဆံုး မိခင္ကူ၏ ကိုက္ခဲျခင္း ခံလိုက္ရေသာ ဝမ္ရမ္လဲ့က ေအာ္ဟစ္လိုက္သည္။ သူ ခက္ခက္ခဲခဲဆြဲကာ ယြဲ႕လန္က်စ္ပါးစပ္ထဲမွ သူ႔နား႐ြက္တပိုင္းကို ဆြဲထုတ္လိုက္သည္။ အစက သူအဆင္ေျပၿပီဟု ထင္ခဲ့ေသာ္လည္း မိန္းကေလးက ရုတ္တရက္ ထေအာ္လိုက္သည္။
"မင္း... မင္းႀကီး... ပိုး ပိုးေကာင္!"
ဝမ္ရမ္လဲ့နားေပၚတြင္ လက္မအ႐ြယ္အစားေလာက္ ရွိေသာ ပိုးေကာင္တေကာင္က တက္ေနသည္။ ၎သည္ အလြန္နီရဲေနသည္။ ထိုပိုးေကာင္သည္ ဝမ္ရမ္လဲ့နားကို ဖမ္းဆုပ္ထားၿပီး လႊတ္ေပးဖို႔ ဆႏၵမရွိေပ။ ဝမ္ရမ္လဲ့က အလြန္နာက်င္ေနၿပီး ေအာ္ဟစ္ခုန္ေပါက္ေနသည္။
"ျဖန္း!"
ဝမ္ရမ္လဲ့က ထိုပိုးေကာင္းကို ေျမေပၚသို႔ ျပဳတ္က်ေအာင္ ရိုက္ထုတ္ေသာ္လည္း မထင္မွတ္ပဲ ထိုပိုးေကာင္က ဥာဏ္မ်ားလြန္းသည္။ အႏၲရာယ္ကို အာရံုခံမိေသာအခါ ခ်က္ခ်င္း ဝမ္ရမ္လဲ့နားထဲ ဝင္ေရာက္သြားသည္။
"မင္းႀကီး သူ သူ ဝင္သြားၿပီ!"
မိန္းကေလးက အဆက္မျပတ္ေအာ္ဟစ္ေနသည္။ ဒီလိုျမင္ကြင္းမ်ိဳးမွာ အလြန္ေၾကာက္လန္႔စရာေကာင္းသည္။ ထိုေဖာင္းကားနီရဲေနေသာ ပိုးေကာင္သည္ ကိုယ္အား လွည့္ကာ ဝမ္ရမ္လဲ့နားတြင္းတေလွ်ာက္ တူးေဖာ္လိုက္သည္။ ဝမ္ရမ္လဲ့က မိခင္ကူကို ကိုင္ကာ လႊင့္ပစ္လိုက္ခ်င္ေသာ္လည္း မိခင္ကူက ေခ်ာ့ေမြ႕သည့္အၿမီးကိုသာ ခ်န္ရစ္ထားခဲ့ေလသည္။ ၎သည္ ဝမ္ရမ္လဲ့လက္ထဲမွ အၿမီးကို ဆြဲထုတ္ရန္ ရုန္းကန္ခဲ့သည္။ ရုတ္တရက္ ရုန္းကန္ေနစဥ္ ၎သည္ ဝမ္ရမ္လဲ့ဦးေနွာက္ထဲ က်ေရာက္သြားသည္။
ဒီတႀကိမ္တြင္ ဝမ္ရမ္လဲ့ေခါင္းသည္ တဂ်ိမ္းဂ်ိမ္းျဖင့္ က်ယ္ေလာင္စြာ ၾကားေနရသည္။ က်င္းတဲ့က လူမ်ားေခၚၿပီး ျပန္လာေသာအခါ ဝမ္ရမ္လဲ့က သူ႔ေခါင္းသူ ကိုင္ကာ ေျမေပၚတြင္ လူးလိမ့္ေနသည္။
"အရွင္မင္းႀကီး အရွင္မင္းႀကီး ဘာျဖစ္လို႔လဲ?"
က်င္းတဲ့ က အရမ္းစိုးရိမ္ပူပန္ၿပီး ထိုမိန္းကေလးအား ေမးလိုက္သည္။ ထိုမိန္းကေလးကလည္း အလြန္ေၾကာက္လန္႔ေနသည္။ သူမ အသက္အၾကာႀကီး ရႈၿပီးမွသာ ေျပာနိုင္ေတာ့သည္။
"ပိုးေကာင္... မင္းႀကီးနားထဲကို ဝင္သြားတယ္"
ဒါက ဆိုးတာပဲ! မိန္းကေလးဆီမွ ထိုစကားၾကားေသာအခါ က်င္းတဲ့နွလံုးသားက ခုန္ေပါက္သြားသည္။ မိန္းကေလး ေျပာလိုက္သည့္ ပိုးေကာင္ဆိုသည္မွာ မိခင္ကူပဲ ျဖစ္ရမည္။ အခု မိခင္ကူက ဧကရာဇ္ကိုယ္ထဲ ဝင္သြားၿပီ! သူတို႔ ဘာလုပ္သင့္လဲ?
"ျမန္ျမန္ ျမန္ျမန္ မင္းႀကီး ထနိုင္ေအာင္ ကူညီေပးလိုက္!"
က်င္းတဲ့က စိုးရိမ္ပူပန္မႈေၾကာင့္ ေခြၽးမ်ား ထြက္လာသည္။ သူက လူေတြကို ဝမ္ရမ္လဲ့အား ေျမေအာက္ခန္းမွ ထုတ္လာေစရန္ ေစခိုင္းလိုက္သည္။ ေတာ္ဝင္သမားေတာ္ ေရာက္ရွိလာေသာအခါ ဝမ္ရမ္လဲ့သည္ နာက်င္မႈေၾကာင့္ ေမ့ေမ်ာေနသည္။
က်င္းတဲ့က ဝမ္ရမ္လဲ့ ေမ့လဲသြားသည့္သတင္းကို ပိတ္ထားခ်င္ေသာ္လည္း နန္းေတာ္တြင္းတြင္ နားေပါင္းမ်ားစြာ ရွိေလသည္။ တခဏအတြင္းတြင္ ထိုသတင္းက မိဖုရားေခါင္နွင့္ တယ့္ေဖးဆီ ေရာက္ရွိသြားသည္။ နွစ္ေယာက္သား ခ်က္ခ်င္း အေျပးအလႊားေရာက္လာၾကသည္။ အားလံုးက တဖက္တြင္ရပ္ကာ စံုစမ္းစစ္ေဆးမႈအေျဖကို ေစာင့္ေနၾကသည္။
ေတာ္ဝင္သမားေတာ္ငါးေယာက္က ဝမ္ရမ္လဲ့ကို အလွည့္က် စစ္ေဆးၾကသည္။ ေနာက္ဆံုးတေယာက္မွာ သမားအိုႀကီးျဖစ္သည္။
"အရွင္မင္းႀကီးရဲ႕ ေရာဂါက ေတာ္ေတာ္ထူးဆန္းတယ္!"
ေတာ္ဝင္သမားေတာ္အိုႀကီးက သူ႔မ်က္လံုးကို က်ဥ္းေျမာင္းလိုက္သည္။ အခ်ိန္ေတာ္ေတာ္ၾကာစစ္ေဆးၿပီးေနာက္ သူက ေခါင္းေမာ့လာသည္။
"ဧကရာဇ္ရဲ႕နားက တေယာက္ေယာက္ ကိုက္ထားပံုေပၚတယ္။ သူ႔နား႐ြက္ေဘးမွာ ေသြးေတြ စီးက်ေနတယ္။ တေယာက္ေယာက္က အရွင္မင္းႀကီးကို တိုက္ခိုက္ခဲ့ပံုေပၚတယ္။ မင္းႀကီးက နာက်င္မႈေၾကာင့္ ေမ့ေမ်ာသြားတာပါ။ စိုးရိမ္စရာေတာ့ မရွိပါဘူး!"
တစံုတေယာက္က ဝမ္ရမ္လဲ့ကို တိုက္ခိုက္ခဲ့ၿပီး သူ႔နားကို ကိုက္ခဲ့သည္ဟု မိဖုရားေခါင္က ၾကားေသာအခါ ခ်က္ခ်င္း ထရပ္လိုက္သည္။
"က်င္းတဲ့ ဘယ္သူက မင္းႀကီးကို လုပ္ႀကံခ်င္ေနတာလဲ?"
ထိုအရာက လီပင္းပါးစပ္ထဲ ေရာက္လာေသာအခါ လုပ္ႀကံသတ္ျဖတ္မႈ ျဖစ္သြားသည္။
"ဒါက..."
ဝမ္ရမ္လဲ့က နိုးမလာေသးသျဖင့္ ဒီကိစၥကို လီပင္းအား ဘယ္လိုေျဖရမည္မွန္း က်င္းတဲ့လည္း မသိေပ။ က်င္းတဲ့က ထိုသို႔ ျဖစ္ေနသည္ကို ျမင္ေသာအခါ လီပင္းက မိဖုရားေခါင္ဟူသည့္ သေဘာထားကို ခ်က္ခ်င္း ထုတ္ျပန္လိုက္သည္။
"က်င္းတဲ့... ဘာျဖစ္တာလဲ? ဘာေၾကာင့္ မင္းႀကီးက ဒီလိုျဖစ္သြားရတာလဲ? မင္းက မေျပာျပခ်င္ဘူးဆိုေတာ့ မင္းလည္း လုပ္ႀကံသူနဲ႔ ႀကံရာပါ ျဖစ္နိုင္မလား?"
'ႀကံရာပါ'ဟု စြပ္စြဲခံရျခင္းက က်င္းတဲ့အား တုန္လႈပ္ေျခာက္ျခားေစသည္။ သူက ခ်က္ခ်င္း ၾကမ္းျပင္ေပၚ ဒူးေထာက္လိုက္ကာ
"မယ္မယ္ကို ေလွ်ာက္တင္ပါတယ္! အဲ့ဒါက ဟြမ္ေကြ႕ေဖးပါ"
သူက အံႀကိတ္လိုက္ကာ ေသဆံုးေနတာ ၾကာျမင့္ၿပီ ျဖစ္ေသာ ယြမ္လန္က်စ္အား ဓားစာခံ လုပ္လိုက္သည္။
"ေကြ႕ေဖးယြဲ႕လား?"
ထိုနာမည္ကို ၾကားေသာအခါ လီပင္းသြားမ်ားက ကိုက္ခဲလာသည္။ ထိုမိန္းမသည္ ဝမ္ရမ္လဲ့အား အပိုင္စီးထားၿပီး သူမအား အမည္ခံသက္သက္သာ ျဖစ္ၿပီး အေနာက္နန္းေဆာင္တခုလံုး၏ ရယ္စရာျဖစ္ေစသည္။ ဒါကို သူမ ဘယ္လိုလုပ္ လက္ခံနိုင္မည္နည္း? အခု သူမ ေနာက္ဆံုးတြင္ ယြဲ႕လန္က်စ္၏ အၿမီးေလးကို ဖမ္းမိခဲ့ၿပီ။ သူမက ယြဲ႕လန္က်စ္အား ေကာင္းေကာင္းညႇင္းပမ္းနွိပ္စက္ရမည္။
"သူမက ဘယ္မွာလဲ?"
လင္းကဲ့ရွင္း ဝင္လာကတည္းက ယြဲ႕လန္က်စ္ကို မျမင္မိေပ။ ဒါက ေကာင္းတဲ့အရာပဲ! ယြဲ႕လန္က်စ္က မင္းႀကီးကို တိုက္ခိုက္ခဲ့တယ္! ဒီျပစ္မႈက ဘယ္ေလာက္ႀကီးသလဲ? မိဖုရားေခါင္၏ ပံုစံၾကည့္ရတာ သူမက ထိုကိစၥမွ သင္ခန္းစာတခုခု ဆြဲထုတ္ခ်င္ပံုရသည္။ ထို႔ေနာက္ သူမက ပြဲႀကီးပြဲေကာင္းကို ေစာင့္ၾကည့္ရံုပင္။
"လြတ္ေျမာက္သြားပါတယ္"
က်င္းတဲ့က ေနာက္တႀကိမ္ အံႀကိတ္လိုက္သည္။ အခု ဝမ္ရမ္လဲ့က မနိုးလာေသးေပ။ သူ႔ကို ေက်ာေထာက္ေနာက္ခံျပဳေပးမယ့္သူ မရွိနိုင္ပါ။ မင္းႀကီး နိုးလာရင္ေတာင္ ဒီကိစၥကို ရွင္းျပနိုင္ဖို႔ နည္းလမ္းမရွိေသးေပ။ သူတို႔က ဒီကိစၥကို ယြဲ႕လန္က်စ္ဆီကိုသာ တြန္းပို႔ရလိမ့္မည္။
"လြတ္ေျမာက္သြားတယ္လား?"
ဒါကို လီပင္းၾကားလိုက္ရေသာအခါ သူမက ေဒါသျဖစ္သြားသည္။
"အေစခံေတြ... နန္းေတာ္ကို ခ်ိတ္ပိတ္ထားလိုက္! လုပ္ႀကံသူ ယြဲ႕လန္က်စ္ကို ရွာေဖြၾကစမ္း! တဖက္လူက ထြက္ေျပးဖို႔ႀကိဳးစားရင္ ေတြေဝစရာမလိုပဲ သတ္ပစ္လိုက္!"
လီပင္းသည္ မ်က္နွာသာေပးျခင္း မခံရေသာ္လည္း သူမသည္ မိဖုရားေခါင္ ျဖစ္ေနေသးသည္၊ သူမသည္ အေနာက္နန္းေဆာင္၏ သခင္မ ျဖစ္ေနေသးသည္။ ထို႔အျပင္ သူမသားသည္ အိမ္ေရွ႕စံမင္းသားျဖစ္ၿပီး ေနာင္တက္လာမည့္ ဧကရာဇ္ျဖစ္သည္။ ထို႔ေၾကာင့္ ဒီကိစၥတြင္ ဘယ္သူမွ သူမကို လ်စ္လ်ဴရႈလို႔ မရနိုင္ေပ။ ခ်က္ခ်င္း နန္းေတာ္တခုလံုး အလုပ္ရႈပ္ကုန္ၾကသည္။
"ဘာျဖစ္ၾကတာလဲ?"
အိပ္ေပ်ာ္ေနေသာ မယ္ေတာ္ႀကီးတုန္ဖန္လန္သည္ အျပင္ဘက္မွ လႈပ္ရွားမႈမ်ားေၾကာင့္ နိုးထလာသည္။ သူမက ခ်က္ခ်င္း ခ်င္းကူကို ေခၚကာ ဘာျဖစ္လဲဟု ေမးလိုက္သည္။
"သခင္မေလး... မင္းႀကီးက ယြဲ႕ေကြ႕ေဖးတိုက္ခိုက္တာ ခံရၿပီး အခု သတိလစ္ေနပါတယ္"
"ဒီလို ကိစၥမ်ိဳး ျဖစ္တာလား?"
တုန္ဖန္လန္က ဝမ္ရမ္လဲ့ဒဏ္ရာအား စိတ္ပူၿပီး ေဆာင္းဦးရွည္ၾကာနန္းေဆာင္သို႔ သြားကာ သူ႔အား ၾကည့္ခ်င္ခဲ့သည္။ သို႔ေသာ္ သူမက ခ်င္းကူ၏ တားဆီးျခင္းကို ခံလိုက္ရသည္။
"သခင္မေလး... မိဖုရားေခါင္နဲ႔ တယ့္ေဖးတို႔လည္း အဲ့ဒီကို ေရာက္ရွိေနပါတယ္! ၾကည့္ပါအံုး! ညလယ္ေခါင္မွာ မင္းႀကီးကို ၾကည့္ရႈေစာင့္ေရွာက္ဖို႔ သူတို႔ ရွိေနပါတယ္။ စိတ္မပူပါနဲ႔! ေတာ္ဝင္သမားေတာ္ေျပာတာ မင္းႀကီးက သတိလစ္ေနရံုပဲတဲ့! ဘာမွျဖစ္လာမွာ မဟုတ္ပါဘူး။ ဒီအေစခံက သခင္မေလးကိုယ္စား သြားပါရေစ"
ခ်င္းကူက တုန္ဖန္လန္ကို စိုးရိ္မ္ေနသည္။ ဒီလိုေဆာင္းရာသီႀကီးမွာ ေဆာင္းဦးရွည္ၾကာနန္းေဆာင္နွင့္ က်င္႐ႊယ္နန္းေဆာင္မွာ အလွမ္းေဝးလွသည္။ တုန္ဖန္လန္က အသက္အ႐ြယ္ရေနၿပီျဖစ္သည္။ သူမသာ သြားလိုက္ၿပီး အေအးမိသြားပါက ဆိုး႐ြားသြားလိမ့္မည္။ ခ်င္းကူက စဥ္းစားေပးတတ္တာကို သိေသာအခါ တုန္ဖန္လန္က သတိေပးခ်က္တခ်ိဳ႕ကို ေျပာျပကာ အေျခအေန ဘယ္လိုရွိလဲ သိရန္ ေဆာင္းဦးရွည္ၾကာနန္းေဆာင္သို႔ လႊတ္လို္က္သည္။
ခ်င္းကူ ေရာက္ရွိသည့္အခါ ဝမ္ရမ္လဲ့က သတိလစ္ေနတုန္းပင္။ ခ်င္းကူက မယ္ေတာ္ႀကီး အမိန္႔ျဖင့္ လာျခင္းျဖစ္ၿပီး တစ္အခ်က္ မင္းႀကီးအား ကုသေပးဖို႔ ေတာ္ဝင္သမားေတာ္အား ေျပာရန္နွင့္ နွစ္အခ်က္ မိဖုရားေခါင္အား အေျခအေနအရပ္ရပ္ကို ထိန္းခ်ဳပ္ထားဖို႔ ေျပာရန္ပင္ ျဖစ္သည္။
"ခ်န္ခ်ဲ့... မယ္ေတာ္ႀကီးေပးတဲ့ အမိန္႔ေတြကို လိုက္နာလုပ္ေဆာင္ပါ့မယ္"
တုန္ဖန္လန္၏ အမိန္႔စာနွင့္ အတူ လီပင္းက အရာအားလံုးကို ေခ်ာေမြ႕စြာ ေဆာင္႐ြက္နိုင္သည္။ ခ်င္းကူက တျခားသတိေပးစရာတခ်ိဳ႕ကို ေျပာၿပီး ျပန္ထြက္မလို႔ လုပ္စဥ္ အျဖဴေရာင္ဝတ္စံု ဝတ္ဆင္ထားေသာ မိန္းကေလးတေယာက္ကို ျမင္လိုက္သည္။ ထိုမိန္းကေလးကို ၾကည့္ရတာ ရင္းနွီးသလို ရွိေသာေၾကာင့္ အနားသို႔ ေလွ်ာက္လာသည္။ သူမက က်ယ္ေလာင္စြာ ေအာ္ဟစ္လုနီးပါးပင္။
"မင္းက ဘယ္သူလဲ?"
"ကြၽန္မ ဘာမွ မသိဘူး! ကြၽန္မ တကယ္ ဘာမွ မသိဘူး!"
မိန္းကေလးက အလြန္ေၾကာက္႐ြံ႕ေနေသာေၾကာင့္ ရူးေၾကာင္ေၾကာင္လို ျဖစ္ေနသည္။ ပထမအခ်က္က ယြဲ႕လန္က်စ္၏ အလြန္ဝမ္းနည္းစရာေကာင္းေသာ ေသဆံုးမႈေၾကာင့္ ျဖစ္ၿပီး ဒုတိယအခ်က္က မိခင္ကူက ဝမ္ရမ္လဲ့ဦးေနွာက္ထဲ ဝင္သြားေသာေၾကာင့္ ျဖစ္သည္။ ဘယ္တခုကမ်ား ထိတ္လန္႔စရာမေကာင္းလဲ? ဘယ္တစ္ခုကမ်ား အလြန္အမင္းေၾကာက္လန္႔စရာမေကာင္းလဲ?
ထိုအရာမ်ားကို တညထဲတြင္ ႀကံဳေတြ႕လိုက္ရေသာေၾကာင့္ မိန္းကေလးမွာ ရူးသြပ္မလိုပင္။ အထူးသျဖင့္ အသားစားပိုးေကာင္က ဝမ္ရမ္လဲ့ဦးေနွာက္ထဲ ဝင္သြားေသာ ပံုစံကို သူမ သတိရမိလွ်င္ စိတ္မထိန္းနိုင္ေတာ့ပဲ အန္မိသည္။
မိန္းကေလးက ထိုသို႔ေျပာေသာအခါ ခ်င္းကူက မ်က္ေမွာင္ၾကဳတ္မိသည္။ ဘာေၾကာင့္ သူမ ဒီမွာ မင္းသမီးမင္ယြဲ႕နဲ႔ ရုပ္ခ်င္းအရမ္းတူတဲ့သူကိုေတြ႕လိုက္ရတာလဲ? ဒီမိန္းကေလးက ဘယ္သူလဲ? ဘာေၾကာင့္ ဒီမွာ ရွိေနတာလဲ?
"မင္းက ဘယ္နန္းေဆာင္က အေစခံလဲ? လာပါအံုး! မေၾကာက္ပါနဲ႔!"
ခ်င္းကူက ထိုမိန္းကေလး၏ လက္အား ဆြဲယူကာ အားလံုး၏ ေရွ႕တြင္ မတ္တပ္ရပ္ေစသည္။ ထိုမိန္းကေလး၏ သြင္ျပင္အား ျမင္လိုက္ရေသာအခါ လီပင္းနွင့္ လင္းကဲ့ရွင္းတို႔က ၾကက္ေသေသသြားသည္။ ဒါက ဝမ္ရမ္မင္ယြဲ႕ရဲ႕ ပံုတူပြားမဟုတ္ဘူးလား? ဘာေတြ ျဖစ္ေနတာလဲ?
"ကြၽန္မ ဘာမွမသိဘူး... သူတို႔က ဒီကို ေခၚလာၿပီး ကြၽန္မကို ဟြမ္ေကြ႕ေဖး လုပ္ခိုင္းမယ္တဲ့... ကြၽန္မ တျခားေတာ့ ဘာမွ မသိဘူး..."
မိန္းကေလးက မနွစ္ၿမိဳ႕မႈ အရိပ္အေယာင္ေတြ ျပည့္နွက္ေနေသာ မ်က္လံုးမ်ားအား ၾကည့္လိုက္သည္။ ငိုရင္းျဖင့္ သူမက ေခါင္းကိုခါရမ္းလိုက္သည္။
ဟြမ္ေကြ႕ေဖးလား? မိန္းကေလးငယ္၏ စကားက သူတို႔အားလံုးအား မူးေမ့ေစမလိုပင္။ လီပင္းက သူမပါးစပ္ဟမလို႔ ျပင္ဆဲတြင္ က်င္းတဲ့က ေရွ႕ထြက္လာၿပီး ထိုမိန္းကေလး၏ ဝမ္းဗိုက္ကို ဓားျဖင့္ ထိုးလိုက္သည္။
"မင္းႀကီး... က်င္းတဲ့ မင္းႀကီးအတြက္ လက္စားေခ်ေပးမယ္!"
"သူ႔ကို ဖမ္းထားလိုက္စမ္း!"
လီပင္းက လ်င္ျမန္စြာ လူေတြကို က်င္းတဲ့အား တားဆီးေစခဲ့ေသာ္လည္း မိန္းကေလးက ေျမေပၚတြင္ လဲက်ေန၍ အသက္လည္း မရႈေတာ့ေပ။
"မင္း ဘာလို႔ သူ႔ကို သတ္လိုက္တာလဲ?"
သူမသိခ်င္သည့္ အေျဖမသိရေသးေသာေၾကာင့္ လီပင္းက အနည္းငယ္ ေဒါသျဖစ္မိသည္။ က်င္းတဲ့က ရိုက်ိဳးလြန္းသည္လည္း မဟုတ္ သည္းခံလြန္းသည္လည္း မဟုတ္ဘဲ
"မယ္မယ္ကို ေလွ်ာက္တင္ပါတယ္။ သူမနဲ႔ ဟြမ္ေကြ႕ေဖးမယ္မယ္တို႔က မင္းႀကီးကို တိုက္ခိုက္ခဲ့တာပါ။ ဒါ့ေၾကာင့္ မင္းႀကီးက ခုထိ သတိလစ္ေနတာပါ။ ေစာေစာက ဒီအေစခံက အလုပ္ရႈပ္ေနတာေၾကာင့္ သူမကို သတိမျပဳလိုက္ခဲ့ဘူး။ သူမ ဒီမွာ ပုန္းေနလိမ့္မယ္လို႔ ဒီအေစခံက တကယ္ပဲထင္မထားမိခဲ့တာပါ။ သူမက တကယ့္ကို ရဲတင္းလြန္းတယ္"
က်င္းတဲ့စကားထဲမွာ ဟာကြက္ေတြ ရွိေနေသာ္လည္း ထိုမိန္းကေလးက သူ႔လက္ခ်က္ျဖင့္ ေသနွင့္ၿပီးေနသည္။ လူေသက သက္ေသခံလို႔မရေတာ့ေပ။ လီပင္းတြင္ က်င္းတဲ့အား ကိုင္တြယ္ေျဖရွင္းရန္ နည္းလမ္းမရွိေတာ့ေပ။
ၿပီးေတာ့ က်င္းတဲ့ ဝမ္ရမ္လဲ့ကို နွစ္ေပါင္းမ်ားစြာ ခစားလာခဲ့သူ ျဖစ္သည္။ သူက မင္းႀကီး၏ လူယံုျဖစ္သည္။ သူမက က်င္းတဲ့ကို သံသယျဖစ္ဖြယ္တခုျဖင့္ အျပစ္ေပးလိုက္ပါက ဝမ္ရမ္လဲ့နိုးလာသည့္အခါ ကံမေကာင္းျဖစ္မည့္သူမွာ သူမပဲ ျဖစ္လိမ့္မည္။ ထို႔ေၾကာင့္ သူမတြင္ သံသယေတြ ရွိေနပါေသာ္လည္း လီပင္းက ထိုသံသယမ်ားကို ေအာက္ခ်ထားရသည္။
သူမလိုပဲ သံသယဝင္ေနသူတေယာက္မွာ ခ်င္းကူပင္။ သူမက နန္းေတာ္ထဲမွာ နွစ္ေပါင္းမ်ားစြာ ေနထိုင္လာခဲ့ၿပီး ႀကီးမားေသာ လိႈင္းဒဏ္၊ ေလဒဏ္မ်ားကို ႀကံဳေတြ႕ခဲ့ရသည္။ သေဘာသဘာဝအေလ်ာက္ သူမက ထိုသံသယမ်ားကိုထုတ္မျပေပ။ သူမက မိဖုရားေခါင္နွင့္ တယ္ေဖးကို ဂါရဝျပဳလိုက္သည္။ ခ်င္းကူသည္ ေဆာင္ဦးရွည္ၾကာနန္းေဆာင္မွ ထြက္ခြာလာခဲ့သည္။
ဝမ္ရမ္လဲ့အား ဟြမ္ေကြ႕ေဖးမွ တိုက္ခိုက္ခဲ့သည္ဆိုေသာ သတင္းသည္ နန္လင္းဝမ္ဖူသို႔ ေရာက္ရွိရန္ အခ်ိန္သိပ္မယူလိုက္ရေပ။ နလန္ရွင္းသည္ ထိုသတင္းနွင့္ အတူ တင္းစံုအေဆာင္၏ ေရွ႕တြင္ မတ္တပ္ရပ္ေနသည္။ အခုက ဝင္သြားလို႔ ေကာင္းသည့္ အခ်ိန္မဟုတ္ေသာ္လည္း ေနာက္ဆုတ္ဖို႔ ေကာင္းသည္လည္း မဟုတ္ေပ။
ဒီေန႔သည္ ဖုန္းခ်န္၏ ေန႔ထူးေန႔ျမတ္ျဖစ္၏။ ထံုးစံအရ ေႏြဦးအခိုက္အတန္႔သည္ ေထာင္ခ်ီတန္သည္။ သူသာ အေဆာတလ်င္ဝင္သြားၿပီး ဝမ္ရယ္၏ ေပ်ာ္႐ႊင္မႈကို ေနွာက္ယွက္မိပါက ဖုန္းခ်န္က သူ႔အား အေရခြံႏႊာထည့္လိုက္လိမ့္မည္။ သို႔ေသာ္ ဝမ္ရမ္လဲ့တြင္ တစံုတရာ ျဖစ္ပ်က္သြားသည့္ သတင္းက အလြန္တုန္လႈပ္စရာေကာင္းလွသည္။ သူသာ မေျပာလိုက္ဘဲ ဝမ္ရယ္ရဲ႕ ကိစၥေတြ ၾကန္႔ၾကာသြားေစပါက အဆိုးျဖစ္မသြားေပးဘူးလား?
နလန္ရွင္းသည္ တင္းစံုအေဆာင္၏ အျပင္ဘက္တြင္ အေရွ႕အေနာက္ လမ္းေလွ်ာက္ေနသည္။ သူ အခုဝင္သြားသင့္သလား မနက္ျဖန္မွ လာရမလားဆိုတာကို မဆံုးျဖတ္နိုင္ျဖစ္ေနသည္။ သူက အေရွ႕နွင့္ အေနာက္ ေလွ်ာက္ကာ ဘာလုပ္သင့္သလဲ စဥ္းစားမရနိုင္ျဖစ္ေနသည္။ ရုတ္တရက္ သူသည္ တခစ္ခစ္ရယ္သံကို ၾကားလိုက္သည္။ သူလွည့္ၾကည့္လို္က္ေသာအခါ ၎မွာ မုရံုခ်ီခ်ီ၏ အေစခံ စုယြဲ႕ျဖစ္ေနသည္ကို ိလိုက္သည္။
"ဆရာနလန္က ဝမ္ရယ္ကို လာရွာတာလား?"
နလန္ရွင္းက မုရံုခ်ီခ်ီကို သင္ခန္းစာေတြ သင္ေပးခဲ့၍ စုမိန္နွင့္ စုယြဲ႕သည္ သူ႔အား ဆရာဟု ေခၚတာ အက်င့္ပါေနသည္။
"ဟုတ္တယ္... ကြၽန္ေတာ္ ကိစၥတခုရွိလို႔.. ဒါေပမယ့္ ဝမ္ရယ္ကို ေနွာက္ယွက္မိမွာလည္း စိုးရိမ္မိ..."
နလန္ရွင္း၏ ရွင္းျပခ်က္က စုယြဲ႕အား ျပင္းျပင္းထန္ထန္ရယ္ေမာေစသည္။
"ဆရာနလန္... ဘယ္ကိစၥကမ်ား ဝမ္ရယ္နဲ႔ ဝမ္ေဖးတို႔ရဲ႕ မဂၤလာဦးညထက္ အေရးႀကီးလို႔လဲ? မိန္းကေလးတေယာက္အတြက္ မဂၤလာဦးညက ဘယ္ေလာက္အေရးႀကီးတယ္ဆိုတာ ဆရနလန္က မသိလို႔မ်ားလား? ဒါက ဝမ္ေဖးရဲ႕ မဂၤလာဦးညပဲ! ဆရာနလန္ရဲ႕ ေနွာက္ယွက္တာ ခံလိုက္ရရင္ ဝမ္ေဖး ဘယ္ေလာက္ရွက္သြားမလဲဆိုတာ တကယ္မသိနိုင္ဘူး။ ဒါမွမဟုတ္ ဝမ္ရယ္နွလံုးသားထဲမွာ ရွင့္အတြက္ ေနရာက ဝမ္ေဖးထက္ပိုအေရးႀကီးေနလို႔လား?"
စုယြဲ႕ထိုသို႔ ေျပာၿပီးေနာက္ နလန္ရွင္းက နားလည္သြားသည္။ သူက ဖုန္းခ်န္ေနာက္ကို လိုက္လာတာ နွစ္ေပါင္းၾကာၿပီဆုိေပမယ့္ ဘယ္လိုလုပ္ မုရံုခ်ီခ်ီကို ယွဥ္နိုင္လိမ့္မလဲ? မုရံုခ်ီခ်ီက ဖုန္းခ်န္နွလံုးသားထဲက ကေလးေလးတေယာက္ ျဖစ္ၿပီး ဖုန္းခ်န္ ခ်စ္ခင္ျမတ္နိုးရဆံုးသူလည္း ျဖစ္သည္။ သူက ဘယ္လိုလုပ္ မုရံုခ်ီခ်ီကို ယွဥ္နိုင္မွာလဲ?
"ဆရာ... ဝမ္ရယ္ကို တခုခုေျပာခ်င္တယ္ဆိုရင္ မနက္မွ လာရွာတာက ပိုေကာင္းလိမ့္မယ္! ကြၽန္မ ဆရာကို ေျပာျပရရင္ ကြၽန္မတို႔သခင္မေလးက အၿငိဳးအေတးအႀကီးဆံုးသူပဲ! ဆရာကသာ ကြၽန္မတို႔သခင္မေလးကို ေဒါသျဖစ္ေစရင္ ေနာက္က် ဆရာပဲ ခံစားရလိမ့္မယ္! ဆရာက မယားေျပာတညဆိုတဲ့ အစြမ္းကို မခံစားဖူးလို႔ ျဖစ္မယ္"
ထိုသုိ႔ ေျပာရင္း စုယြဲ႕က ၿပံဳးလိုက္သည္။ သူမပါးေပၚမွာ ပါးခ်ိဳင့္နွစ္ခုသည္ ေရးေရးေပၚလာသည္။ လေရာင္ေအာက္တြင္ သူမက အစိမ္းေရာင္ဝတ္စံုျဖင့္ နတ္သမီးေလးနွင့္ပင္ တူေနသည္။ ပထမအႀကိမ္ နလန္ရွင္းက စုယြဲ႕သည္ လွပေသာ မိန္းမတေယာက္ဆိုတာကို ရွာေတြ႕ခဲ့သည္။
"ကြၽန္ေတာ့ကို အသိဝင္ေစတဲ့အတြက္ မိန္းကေလးစုယြဲ႕ကို ေက်းဇူးတင္ပါတယ္"
နလန္ရွင္းက စုယြဲ႕အား အနည္းငယ္ဦးၫႊတ္လိုက္သည့္အတြက္ စုယြဲ႕အား အနည္းငယ္ေတြေဝသြားေစသည္။ သူမက စကားတခြန္းမွ မဆိုေတာ့ဘဲ ေခါင္းညိတ္ျပကာ လွည့္ထြက္သြားသည္။
တင္းစံုအေဆာင္ထဲတြင္ ဖုန္းခ်န္က သူ႔ငယ္ဘဝပံုျပင္မ်ားအေၾကာင္း ေျပာျပရင္း မုရံုခ်ီခ်ီအား ဖက္ထားသည္။ ဖုန္းရွဲ႔နွင့္ ဝမ္ရမ္မင္ယြဲ႕တို႔၏ အခ်စ္ပံုျပင္အား နားေထာင္ရၿပီးေနာက္ မုရံုခ်ီခ်ီက အနည္းငယ္ အားက်မိသည္။ မိသားစုအခ်စ္ကို လိုလားေတာင္းတသည့္ စိတ္က သူမနွလံုးသားထဲ၌ ထြက္ေပၚလာသည္။
"ဝမ္ရယ္... စစ္သူႀကီးနဲ႔ မင္းသမီးတို႔သာ သက္ရွိထင္ရွားရွိေနေသးရင္ သူတို႔က ေကာင္းကင္ဘံုက နတ္ဖက္တဲ့စံုတြဲပဲ!"
"Mm..."
ဖုန္းခ်န္က သူမလက္ေခ်ာင္းထိပ္ကို အနည္းငယ္ကိုက္ကာ
"ဘာေၾကာင့္ မင္းက သူတို႔ကို မင္းသမီးနဲ႔ စစ္သူႀကီးလို႔ ေခၚေနေသးတာလဲ ဟမ္? မင္းက အခု သူတို႔ကို အေဖနဲ႔ အေမလို႔ ေခၚသင့္တယ္"
ဖုန္းခ်န္စကားက မုရံုခ်ီခ်ီမ်က္လံုးအား စိုစြတ္လာေစသည္။ ဒါက အမွန္ပဲ! အေျဖက ဘာပဲျဖစ္ျဖစ္ ဖုန္းရွဲ႔နဲ႔ ဝမ္ရမ္မင္ယြဲ႕က သူမအေဖနဲ႔ အေမပဲ! သူမက သူတို႔သမီးျဖစ္ခဲ့ရင္ သူတို႔က သူမ အေဖရင္းနဲ႔ အေမရင္းပဲ! သူမက သူတို႔ရဲ႕ ေခြၽးမျဖစ္ခဲ့ရင္လည္း သူတို႔က သူမအေဖနဲ႔ အေမပဲ!
"ေကာင္းၿပီ!"
မုရံုခ်ီခ်ီက ရယ္ေမာလိုက္ေသာအခါ ဖုန္းခ်န္မွာ ဝိညာဥ္ေပ်ာက္ဆံုးမလိုပင္။
"ခ်င္းခ်င္း... မင္းက ဘာေၾကာင့္ ကိုယ့္မ်က္လံုးထဲမွာ လွသထက္ လွလာရတာလဲ? အရမ္းလွတာပဲ ကိုယ္ေတာ့ မင္းရင္ခြင္ထဲ မူးလဲေတာ့မွာပဲ!"
ဖုန္းခ်န္၏ ခ်ိဳသာေသာ စကားမ်ားက အဆံုးမရွိေလေတာ့ မုရံုခ်ီခ်ီနွလံုးသားမွာ ပို၍ပို၍ ခ်ိဳၿမိန္လာသည္။ သူတို႔နွစ္ေယာက္သည္ ေခတၱမွ် တိတ္ဆိ္သြားသည္။ ထို႔ေနာက္ ဖုန္းခ်န္က မုရံုခ်ီခ်ီအား ဖက္လိုက္ကာ
"ခ်င္းခ်င္း... ဒါက ကိုယ္တို႔ အားယူရမယ့္အခ်ိန္ပဲ!"
ဖုန္းခ်န္ပါးစပ္မွ ထြက္လာေသာ ထိုစကားမ်ားတြင္ ရွက္႐ြံ႕မႈမ်ား ပါဝင္ေနသည္။ သူက ေယာက်္ားရင့္မာႀကီးျဖစ္ၿပီး အသက္နွစ္ဆယ့္ငါးနွစ္ ရွိၿပီဆိုေသာ္လည္း ဒီနယ္ပယ္တြင္ သူက စကၠဴတရက္လို ဗလာျဖစ္ေနသည္။ သူလည္း မုရံုခ်ီခ်ီထက္ေတာ့ ပိုမသာေပ။
"ဝမ္ရယ္... ကြၽန္မ..."
အနားယူ ဆိုေသာစကားကို ၾကားေသာအခါ သူမခႏၶာကိုယ္မွာ ေတာင့္တင္းသြားသည္။ မုရံုခ်ီခ်ီအရမ္းထိတ္လန္႔ေနတာကို ျမင္ေသာအခါ ဖုန္းခ်န္၏ ႀကီးမားေသာ လက္က မုရံုခ်ီခ်ီေနာက္ေက်ာအား ညင္သာစြာ ပုတ္လိုက္သည္။
"ခ်င္းခ်င္း... ကိုယ္ မင္းကို ဖိအားမေပးပါဘူးလို႔ ကိုယ္မေျပာခဲ့ဘူးလား? ကိုယ္ မင္းကို ေစာင့္ေနမယ္! မင္း ကို္ယ့္ကို လက္ခံလာတဲ့အထိ ကို္ယ္ မင္းကို ေစာင့္မယ္! ကိုယ္နဲ႔ ပတ္သက္တဲ့ အရာအားလံုးကို လက္ခံလာတဲ့အထိေပါ့!"
ဖုန္းခ်န္က အရမ္းႏူးညံ့ၿပီး စဥ္းစားတတ္တာေၾကာင့္ မုရံုခ်ီခ်ီမွာ အရမ္းလႈပ္ရွားသြားသည္။
"ဝမ္ရယ္ ကြၽန္မကို အခ်ိန္ေပးပါအံုး! ကြၽန္မကိုအခ်ိန္တခ်ိဳ႕ ေပးပါအံုး!"
"ေကာင္းပါၿပီဗ်ာ"
မုရံုခ်ီခ်ီ၏ ေအးစက္ေနေသာ လက္ကို ကိုင္ရင္း ဖုန္းခ်န္က အလြန္ပေရာပရီဆန္သည့္ အၾကည့္ျဖင့္ ၾကည့္ကာ
"ခ်စ္လွစြာေသာ ၾကင္ယာေတာ္... ပန္ဝမ္ တေန႔လံုး ဟိုဟိုဒီဒီ သြားေနရတာ အရမ္းပင္ပန္းလွၿပီ! ကိုယ္တို႔ အခုခ်ိန္မွ မအိပ္ေသးရင္ မနက္ျဖန္က် နန္းေတာ္ကို သြားၿပီး ေက်းဇူးတင္ေၾကာင္းျပသဖို႔ မထနိုင္ပဲ ျဖစ္ေနလိမ့္မယ္!"
ဖုန္းခ်န္ရဲ႕ ကိုယ့္ကိုယ္ကိုယ္ ခ်စ္စရာေကာင္းေအာင္ လုပ္ေဆာင္မႈမွာ မုရံုခ်ီခ်ီစိတ္အား ပိုၿပီး ေကာင္းလာေစသည္။ နွစ္ေယာက္သား အဝတ္အစားမ်ားကို လဲလွယ္လိုက္ကာ အိပ္ရာဝင္လိုက္ၾကသည္။ ဖုန္းခ်န္က မီးမွိတ္လိုက္သည္။ အခန္းတခုလံုး မွိန္ေဖ်ာ့သြားသည္။
နွစ္ေယာက္သား အိပ္ရာနွင့္ ေခါင္းအံုးကို မွ်ေဝသံုးစြဲၾကသည္မွာ ဒါ ပထမဆံုးအႀကိမ္ျဖစ္သည္။ မုရံုခ်ီခ်ီခႏၶာကိုယ္မွာ အနည္းငယ္ ေတာင့္တင္းေနသည္။ ဖုန္းခ်န္လည္း ပိုမေကာင္းေနေပ။ နွစ္ေယာက္သား အခ်ိန္ေတာ္ေတာ္ၾကာ ေတာင့္တင္းေနသည္။ ေနာက္ဆံုးတြင္ ဖုန္းခ်န္က ထရယ္လိုက္ကာ တင္းမာေနေသာ ေလထုကို ၿဖိဳခြဲလိုက္သည္။
"ခ်င္းခ်င္း... ကိုယ္ မင္းကို ဖက္ထားလို႔ ရမလား?"
"ေကာင္းပါၿပီ!"
မုရံုခ်ီခ်ီက ႏူးညံ့စြာျဖင့္ ေျပာလိုက္သည္။ ေနာက္ခဏအၾကာတြင္ သူမသည္ ဖုန္းခ်န္၏ က်ယ္ျပန္႔ေသာ ရင္ခြင္အတြင္း ေရာက္ရွိသြားသည္။
သူ႔လက္ေမာင္းၾကားမွ ပန္းသီးစိမ္းရနံ႔ကို အနံခံရင္း ဖုန္းခ်န္က အလြန္ေက်နပ္မိသည္။ သူမကို ဤကဲ့သို႔ ဖက္တြယ္ထားရရံုနွင့္ပင္ တေလာကလံုးကို သူအပိုင္စားရလိုက္သလို ခံစားမိသည္။ သူ႔နွလံုးသားတခုလံုး ေပ်ာ္႐ႊင္မႈျဖင့္ ျပည့္နွက္ေနသည္။ ဖုန္းခ်န္၏ ရင္ခြင္က မထင္မွတ္ထားေလာက္ေအာင္ ေႏြးေထြးေသာေၾကာင့္ မုရံုခ်ီခ်ီအား ယစ္မူးသြားေစသည္။
မေန႔ညက သူမ အနားမယူခဲ့ရတာေၾကာင့္ ျဖစ္ေကာင္းျဖစ္နိုင္သလို၊ ဒီေန႔ တေန႔လံုး မဂၤလာပြဲေၾကာင့္ သူမ အရမ္းပင္ပန္းခဲ့ရတာ ျဖစ္ေကာင္းျဖစ္နိုင္သလို၊ ဖုန္းခ်န္၏ ရင္ခြင္က အရမ္းေမြ႕ေလ်ာ္စရာေကာင္းတာေၾကာင့္ ျဖစ္ေကာင္းျဖစ္နိုင္ေသာေၾကာင့္ မုရံုခ်ီခ်ီက လ်င္လ်င္ျမန္ျမန္ အိပ္ေမာက်သြားၿပီး အသက္ရွဴႏႈန္း မွန္လာသည္။
မုရံုခ်ီခ်ီ၏ အနည္းငယ္ေစာင္းေနေသာ မ်က္နွာေလးကို ၾကည့္ရင္း ဖုန္းခ်န္နွလံုးသားက နာက်င္မိသည္။ မဂၤလာပြဲက သူမကို ပင္ပန္းေစလိမ့္မည္။ ဒီမိန္းကေလးငယ္ေလးက တခါတရံ သူမ၏ သန္မာသည့္အျခမ္းကို လႊတ္ခ်လိုက္ေသာအခါ လူအမ်ား၏ နွလံုးသားကို သူမအတြက္ နာက်င္လာေစသည္။
အနမ္းတခုက မုရံုခ်ီခ်ီ နဖူးေပၚသို႔ က်ေရာက္လာသည္။ ဖုန္းခ်န္က သူမအား သူ႔ရင္ခြင္ထဲ ဆက္ေနေစကာ...
"ေကာင္းေသာညပါ! ကိုယ္အခ်စ္ရဆံုး ကေလးေလး..." (my most beloved little babyတဲ့)
မုရံုခ်ီခ်ီက နွစ္နွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေနသေလာက္ ဖုန္းခ်န္က အနည္းငယ္မွ အိပ္ခ်င္သည့္ အရိ္ပ္အေယာင္ မရွိေပ။ အခုက ဇီရွီအခ်ိန္(11pm to 1am) သို႔ပင္ ေရာက္ရွိေနသည္။ ျဖစ္လာသင့္သည့္ အရာသည္ ျဖစ္မလာေသးေပ။ ဒါက ဘာကိုဆိုလိုတာလဲ?
အရင္တုန္းက အခ်ိန္တိုင္း ဟိုင္ရွီအခ်ိန္(9pm to 11pm) မတိုင္ခင္ သူ႔၏ ကူအဆိပ္က ထႂကြခဲ့သည္။ အခု ဇီရွီအခ်ိန္သို႔ပင္ ေရာက္ရွိလာၿပီ... သူ႔ခႏၶာကိုယ္မွ အဆင္မေျပျဖစ္တာမ်ိဳး နည္းနည္းမွ မရွိေပ။ သူက ကူအဆိပ္ရဲ႕ မူလေဆးကို အန္ထုတ္ပစ္ခဲ့လို႔လား?
သူ႔လက္ၾကားထဲ လူေလး၏ အိပ္စက္သည့္အက်င့္မွာ နည္းနည္းမွ မေကာင္းေပ။ မုရံုခ်ီခ်ီက ဖုန္းခ်န္အား ေရဘဝဲတေကာင္လို အနိုင္က်င့္ထားဖို႔ အခ်ိန္နည္းနည္းသာ ၾကာလိုက္သည္။ သူမတကို္ယ္လံုးသည္ ဂ်ံဳမႈန္႔ညက္တခုလို ကခုန္ေနၿပီး ဖုန္းခ်န္အား မခြာတမ္းကပ္ထားသည္။
သူသာ က်န္းမာသန္စြမ္းတဲ့ ေယာက်္ားတေယာက္ဆိုတာ ဒီမိန္းကေလးက မသိလို႔ေပလား? ဖုန္းခ်န္အေတြးက ကူအဆိပ္အေၾကာင္းမွသည္ မုရံုခ်ီခ်ီဘက္သို႔ ကူးေျပာင္းသြားသည္။ တညလံုးလိုလို သူမ၏ ပန္းသီးစိမ္းရနံ႔က ဖုန္းခ်န္စိတ္ကို ႏိႈးဆြေပးသလို ျဖစ္ေနေတာ့ သူ႔အား ပိုပိုၿပီး ယစ္မူးလာေစသည္။
"mm..."
မုရံုခ်ီခ်ီက တႀကိမ္'mm'ဟု ေယာင္လိုက္သည္။ သူမက သူ႔၏ အေႏြးဓာတ္ကို ထပ္ၿပီး လိုခ်င္လာသလို သူမေခါင္းေလးက ဖုန္းခ်န္ရင္ခြင္သို႔ တိုးဝင္လာသည္။
သူမအျပဳအမူက ကိစၥမရွိေပမယ့္ ဖုန္းခ်န္ခႏၶာကိုယ္မွ အိပ္ေပ်ာ္ေစေသာ ဆဲလ္မ်ားကို နိုးၾကားလာေစသည္။ မိန္းမလွေလးက သူ႔ရင္ခြင္ထဲ ေရာက္ေနသည္။ သူ႔ခႏၶာကိုယ္တခုလံုး တုန္ရီသြားၿပီး သူ႔တကိုယ္လံုးအား မုရံုခ်ီခ်ီထံသို႔ ပစ္ေပးရန္ ေျပာေနသည္။ မျဖစ္နိုင္ဘူး! ဖုန္းခ်န္က သူ႔ႏႈတ္ခမ္းသူ ကိုက္လိုက္သည္။ သူမကို တြန္းအားမေပးပါဘူး သူမကို ေစာင့္ပါမယ္လို႔ သူ ကတိေပးထားသည္။ သူမ အိပ္ေပ်ာ္ေနတဲ့ အခ်ိန္မွ ဘာလို႔ လူႀကီးလူေကာင္းမဆန္သည့္ အျပဳအမူမ်ိဳး သူ ဘာလို႔လုပ္ရမွာလဲ?
သို႔ေသာ္လည္း သူခ်စ္သည့္ မိန္းကေလးက သူ႔ရင္ခြင္ထဲတြင္ ရွိေနသည္။ သူက သူမကို သိသိသာသာ ခ်စ္မိေနၿပီး သူမကို လံုးဝပိုင္ဆိုင္ခ်င္ေသာ္လည္း သူ႔ခမ်ာ မတတ္သာပဲ လူႀကီးလူေကာင္းဆိုသည့္ ဇာတ္ရုပ္ကို သရုပ္ေဆာင္ေနရသည္။ ဒါက ဆာေလာင္ေနသည့္ လူတေယာက္ကို ေရနွင့္ စားစရာကို ျပထားၿပီး စားခြင့္ေပးမထားသည္နွင့္ တူသည္။ ဝမ္းသြားခ်င္ေနၿပီး အိမ္သာမသြားနိုင္သည္နွင့္ တူသည္။ တကယ့္ကို ေသာက္ရမ္း နွိပ္စက္ေနသည္။ အရမ္း အသက္ရွဴၾကပ္သည္။
"လူဆိုးမေလး... ဘယ္ခ်ိန္မွ မင္းရဲ႕နွလံုးသားကို ကိုယ့္ဆီ လံုးဝဖြင့္ေပးမွာလဲ? "
ဖုန္းခ်န္က မုရံုခ်ီခ်ီ၏ ေသးသြယ္ေသာ လက္ေခ်ာင္းေလးေတြကို ကူကယ္ရာမဲ့စြာ ကိုင္လိုက္သည္။ သူက နမ္းလိုက္ကာ မုရံုခ်ီခ်ီဆီမွ မိန္းမတေယာက္၏ ရနံ႔ကို ရႈရိႈက္လိုက္သည္။
"ခ်င္းခ်င္း... ကို္ယ္ မင္းကို ပိုင္ဆိုင္ခ်င္လြန္းလို႔ ရူးသြပ္နီးနီး ျဖစ္ေနတာ မင္း သိရဲ႕လား?"
TN(C to E)
ကူအေၾကာင္း အနည္းငယ္ ရွင္းျပစရာ ရွိပါတယ္။ ကူဆိုတာ လူ႔ရဲ႕အေသြးအသားကို စားေသာက္ၿပီး အသက္ရွင္ေနထိုင္တဲ့ ပိုးမႊားတမ်ိဳး ျဖစ္တယ္။ ၿငိမ္သက္ေနတဲ့အခ်ိန္ ဘာမွမျဖစ္ဘူး။ သူတို႔ကို ဝီစီ၏ ထူးျခားေသာ အသံျဖင့္ နိုးလာေသာအခါ ဝီစီသံ အမိန္႔ေပးသည့္အတိုင္း လုပ္ေဆာင္ၾကသည္။ ဒီဇာတ္လမ္းထဲတြင္ ဝမ္ရမ္လဲ့သည္ ဝမ္ရမ္မင္ယြဲ႕နွင့္တူသည့္ ၾကင္ယာေတာ္မ်ား ယူျခင္းမွာ တစ္အခ်က္ သူ႔ဆႏၵကို ျဖည့္ဆည္းဖို႔အျပင္ နွစ္အခ်က္ ကူပိုးေကာင္က အိမ္ရွင္လိုအပ္ေသာေၾကာင့္ ျဖစ္သည္။ သူ႔ကို အသံုးျပဳသည့္အခါ အိမ္ရွင္မရွိလွ်င္ ထိုပိုးေကာင္က ေသဆံုးသြားလိမ့္မည္။
My TN##
ကိုယ့္မွာ အခက္အခဲျဖစ္ေနလို႔ update က အရင္ထက္ နည္းနည္းၾကာပါမယ္
****************************
Unicode Version
"ဟုတ်ကဲ့"
ဒီတခေါက်တွင် ကျင်းတဲ့လည်း အကျပ်အတည်းကျသွားသည်။ ယွဲ့လန်ကျစ်က ဒီလို ဂုဏ်သိက္ခာ ကျစေသည့် အပြုအမူမျိုး လုပ်လိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့ပေ။ သူက အထွေအထူး မတွေးနိုင်ပေ။ ကျင်းတဲ့သည် ဓားကို ထုတ်ယူလိုက်ပြီး ယွဲ့လန်ကျစ်နောက်ကျောသို့ ထိုးစိုက်လိုက်သည်။ ထက်မြသော ဓားသွားသည် ယွဲ့လန်ကျစ်နံရိုးကို ထွင်းဖောက်သွားကာ သူမ၏ လှုပ်ရှားသော နှလုံးသားကို ထိုးစိုက်သွားသည်။
"ဘုန်း... ဘုန်း... ဘုန်း..."
နှလုံးခုန်သံသည် တဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။ ယွဲ့လန်ကျစ်၏ လှပသော မျက်ဝန်းသည် ကျယ်လောင်စွာ ပွင့်ဟနေသည်။
ဆန္ဒမရှိမှုအများအပြား၊ အမုန်းတရားအများအပြားသည် သေခြင်းတရားနှင့် ချန်ထားရစ်လေသည်။
ယွဲ့လန်ကျစ် သေဆုံးသွားသော်လည်း သူမသွားက ပြေလျော့မသွားသေးပါ။ သူမက ကြောက်မက်ဖွယ်ရာ ဖိကိုက်ထားပြီး လွှတ်ပေးမည့် အရိပ်အယောင် မမြင်ပေ။
"မြန်မြန်! မြန်မြန်လာပြီး လွှတ်ပေ... အရူး!"
ဘယ်တုန်းက ဝမ်ရမ်လဲ့က ဒီလို ခံစားရဖူးလို့လဲ? ဒီမှာ သူရယ်၊ ကျင်းတဲ့ရယ်၊ မိန်းကလေးရယ် သုံးယောက်ပဲ ရှိနေသည်။ မိန်းကလေးမှာ ကြောက်လန့်လွန်းလို့ တုန်ရီနေသည်။ ကျင်းတဲ့က ဝမ်ရမ်လဲ့ဘေးသို့ လျှောက်သွားလိုက်သည်။
ကျင်းတဲ့သည် ယွဲ့လန်ကျစ်၏ သွားများကို ထိုးကလော်ပြီး ဖွင့်ချင်သော်လည်း သူ့တွင် မည်သည့်ကိရိယာတန်ဆာပလာမှ မပါပေ။ သူ့အနေဖြင့် သူမပါးစပ်ကို ဖျက်စီးပစ်ဖို့ရာ နည်းလမ်းတခုသာ ရှိတော့သော်လည်း ယွဲ့လန်ကျစ်ပုံမှာ သူမ သေသွားသည့်တိုင် ဝမ်ရမ်လဲ့အား အလွတ်ပေးချင်ပုံ မပေါ်ပေ။ သူမသွားများက အကျဉ်းထောင်တခု၏ တံခါးများသဖွယ် တခုနှင့် တခု ပြင်းထန်စွာ ကိုက်ခဲနေသည်။ ဝမ်ရမ်လဲ့၏ နားတဝက်လောက်မှာ သူမပါးစပ်ထဲ ကိုက်မျိုခြင်း ခံထားပြီး သူမက ထွေးထုတ်ဖို့ ဆန္ဒမရှိချေ။
"မြန်မြန် ကူဖို့ လူသွားရှာချည်! မင်း အရူးကောင်!"
ယွဲ့လန်ကျစ်၏ ခွေးသွားများက ဝမ်ရမ်လဲ့နားအား ကိုက်နေသည်။ သွေးများက သူ့ပါးတလျှောက် စီးကျနေသည်။ ကျင်းတဲ့က ပျာတီးပျာယာဖြစ်နေသည်ကို မြင်သောအခါ ဝမ်ရမ်လဲ့က သူ့၏ ခြေသလုံးကို ပိတ်ကန်လိုက်သည်။
"မြန်မြန် လူသွားရှာချည်! စဉ်းစားတတ်တဲ့သူတယောက်ကို ရှာခဲ့!"
"ဟုတ်! ဟုတ်! ဟုတ်ကဲ့!"
ကျင်းတဲ့က စိတ်စောမှုကြောင့် ချွေးများပင် ပြန်နေသည်။ သူက အပြေးအလွှား
"မင်းကြီး! မင်းကြီး အဆင်ပြေရဲ့လား?"
မိန်းကလေးက အလွန်ပင် ကြောက်ရွံ့နေသည်။သူမမျက်ရည်များ ကျဆင်းလာသည်။ သူမ ငိုရုံကလွဲပြီး ဘာမှမလုပ်ပေးနိုင်ခြင်းက ဝမ်ရမ်လဲ့အား ထိုမိန်းကလေးကို သတ်ပစ်ချင်စိတ် ဖြစ်ပေါ်လာအောင် တွန်းအားပေးနေသည်။
သွေးများက ဆက်လက်ကျဆင်းနေသည်။ ဝမ်ရမ်လဲ့က ဆဲဆိုလုနီးပါး နာကျင်နေသည်။ ရုတ်တရက် သူသည် "goo goo goo" ဆိုသော အသံကို အဝေးမှ နီးလာသည်ကို ကြားရသည်။
"Goo goo goo goo"
ဝမ်ရမ်လဲ့က ပထမ အံ့သြသွားပြီး ချက်ချင်း ထဖို့ ရုန်းကန်လိုက်သည်။
ထိုသည်က ရိုးရှင်းပါသည်။ သူ့၏ လတ်ဆတ်သော သွေးက ယွဲ့လန်ကျစ်ဗိုက်ထဲရှိ မိခင်ကူအား ဆွဲဆောင်လိုက်သည်။ အခု မိခင်ကူသည် သက်ရှိတယောက်၏ သွေးအနံ့ကို ရလိုက်သည်။ ၎င်းမှာ အလွန် စိတ်လှုပ်ရှားစရာကောင်းသည်။ သူက ယွဲ့လန်ကျစ်လည်ချောင်းတလျှောက် တွားသွားကာ တက်လာသည်။
"Goo goo goo goo"
အသံက တစ တစ နီးကပ်လာသည်။ ဝမ်ရမ်လဲ့ အခုပင် သေလိုက်ချင်သည်။ f*** ကျင်းတဲ့က ခုထိ ဘာလို့ ပြန်မလာရသေးတာလဲ? ပြီးတော့ ဒီကောင်မစုတ် ယွဲ့လန်ကျစ်သည် တကယ်ပင် ခွေးမဖြစ်သည်။ မသေခင်ကပင် သူကို အကွက်ချသွားသေးသည်။ တကယ့်ကို မိန်းမယုတ်ပဲ!
ဝမ်ရမ်လဲ့က သူ့နားရွက်ကို ဆွဲထုတ်ရန် ရုန်းကန်လိုက်သည်။ မမျှော်လင့်ပဲ သူ့နားရွက် စုတ်ပြဲသွားကာ သူလည်း နာကျင်မှုကြောင့် အော်ဟစ်လိုက်ရသည်။ ပူနွေးသည့် သွေးများက ပိုပြီး ပန်းထွက်လာသည်။ နာကျင်မှာကို ကြောက်ရွံ့သောကြောင့် ဝမ်ရမ်လဲ့က မလှုပ်ရှားရဲတော့ပေ။ သို့သော် သူ့နားရွက်ဆီမှ တရွရွနာကျင်မှု ဖြစ်လာသောအခါ သူ့အနေဖြင့် အကြာကြီး တုံ့ဆိုင်းမနေလိုက်ရပါ။
"အား အား အား!"
နောက်ဆုံး မိခင်ကူ၏ ကိုက်ခဲခြင်း ခံလိုက်ရသော ဝမ်ရမ်လဲ့က အော်ဟစ်လိုက်သည်။ သူ ခက်ခက်ခဲခဲဆွဲကာ ယွဲ့လန်ကျစ်ပါးစပ်ထဲမှ သူ့နားရွက်တပိုင်းကို ဆွဲထုတ်လိုက်သည်။ အစက သူအဆင်ပြေပြီဟု ထင်ခဲ့သော်လည်း မိန်းကလေးက ရုတ်တရက် ထအော်လိုက်သည်။
"မင်း... မင်းကြီး... ပိုး ပိုးကောင်!"
ဝမ်ရမ်လဲ့နားပေါ်တွင် လက်မအရွယ်အစားလောက် ရှိသော ပိုးကောင်တကောင်က တက်နေသည်။ ၎င်းသည် အလွန်နီရဲနေသည်။ ထိုပိုးကောင်သည် ဝမ်ရမ်လဲ့နားကို ဖမ်းဆုပ်ထားပြီး လွှတ်ပေးဖို့ ဆန္ဒမရှိပေ။ ဝမ်ရမ်လဲ့က အလွန်နာကျင်နေပြီး အော်ဟစ်ခုန်ပေါက်နေသည်။
"ဖြန်း!"
ဝမ်ရမ်လဲ့က ထိုပိုးကောင်းကို မြေပေါ်သို့ ပြုတ်ကျအောင် ရိုက်ထုတ်သော်လည်း မထင်မှတ်ပဲ ထိုပိုးကောင်က ဉာဏ်များလွန်းသည်။ အန္တရာယ်ကို အာရုံခံမိသောအခါ ချက်ချင်း ဝမ်ရမ်လဲ့နားထဲ ဝင်ရောက်သွားသည်။
"မင်းကြီး သူ သူ ဝင်သွားပြီ!"
မိန်းကလေးက အဆက်မပြတ်အော်ဟစ်နေသည်။ ဒီလိုမြင်ကွင်းမျိုးမှာ အလွန်ကြောက်လန့်စရာကောင်းသည်။ ထိုဖောင်းကားနီရဲနေသော ပိုးကောင်သည် ကိုယ်အား လှည့်ကာ ဝမ်ရမ်လဲ့နားတွင်းတလျှောက် တူးဖော်လိုက်သည်။ ဝမ်ရမ်လဲ့က မိခင်ကူကို ကိုင်ကာ လွှင့်ပစ်လိုက်ချင်သော်လည်း မိခင်ကူက ချော့မွေ့သည့်အမြီးကိုသာ ချန်ရစ်ထားခဲ့လေသည်။ ၎င်းသည် ဝမ်ရမ်လဲ့လက်ထဲမှ အမြီးကို ဆွဲထုတ်ရန် ရုန်းကန်ခဲ့သည်။ ရုတ်တရက် ရုန်းကန်နေစဉ် ၎င်းသည် ဝမ်ရမ်လဲ့ဦးနှောက်ထဲ ကျရောက်သွားသည်။
ဒီတကြိမ်တွင် ဝမ်ရမ်လဲ့ခေါင်းသည် တဂျိမ်းဂျိမ်းဖြင့် ကျယ်လောင်စွာ ကြားနေရသည်။ ကျင်းတဲ့က လူများခေါ်ပြီး ပြန်လာသောအခါ ဝမ်ရမ်လဲ့က သူ့ခေါင်းသူ ကိုင်ကာ မြေပေါ်တွင် လူးလိမ့်နေသည်။
"အရှင်မင်းကြီး အရှင်မင်းကြီး ဘာဖြစ်လို့လဲ?"
ကျင်းတဲ့ က အရမ်းစိုးရိမ်ပူပန်ပြီး ထိုမိန်းကလေးအား မေးလိုက်သည်။ ထိုမိန်းကလေးကလည်း အလွန်ကြောက်လန့်နေသည်။ သူမ အသက်အကြာကြီး ရှုပြီးမှသာ ပြောနိုင်တော့သည်။
"ပိုးကောင်... မင်းကြီးနားထဲကို ဝင်သွားတယ်"
ဒါက ဆိုးတာပဲ! မိန်းကလေးဆီမှ ထိုစကားကြားသောအခါ ကျင်းတဲ့နှလုံးသားက ခုန်ပေါက်သွားသည်။ မိန်းကလေး ပြောလိုက်သည့် ပိုးကောင်ဆိုသည်မှာ မိခင်ကူပဲ ဖြစ်ရမည်။ အခု မိခင်ကူက ဧကရာဇ်ကိုယ်ထဲ ဝင်သွားပြီ! သူတို့ ဘာလုပ်သင့်လဲ?
"မြန်မြန် မြန်မြန် မင်းကြီး ထနိုင်အောင် ကူညီပေးလိုက်!"
ကျင်းတဲ့က စိုးရိမ်ပူပန်မှုကြောင့် ချွေးများ ထွက်လာသည်။ သူက လူတွေကို ဝမ်ရမ်လဲ့အား မြေအောက်ခန်းမှ ထုတ်လာစေရန် စေခိုင်းလိုက်သည်။ တော်ဝင်သမားတော် ရောက်ရှိလာသောအခါ ဝမ်ရမ်လဲ့သည် နာကျင်မှုကြောင့် မေ့မျောနေသည်။
ကျင်းတဲ့က ဝမ်ရမ်လဲ့ မေ့လဲသွားသည့်သတင်းကို ပိတ်ထားချင်သော်လည်း နန်းတော်တွင်းတွင် နားပေါင်းများစွာ ရှိလေသည်။ တခဏအတွင်းတွင် ထိုသတင်းက မိဖုရားခေါင်နှင့် တယ့်ဖေးဆီ ရောက်ရှိသွားသည်။ နှစ်ယောက်သား ချက်ချင်း အပြေးအလွှားရောက်လာကြသည်။ အားလုံးက တဖက်တွင်ရပ်ကာ စုံစမ်းစစ်ဆေးမှုအဖြေကို စောင့်နေကြသည်။
တော်ဝင်သမားတော်ငါးယောက်က ဝမ်ရမ်လဲ့ကို အလှည့်ကျ စစ်ဆေးကြသည်။ နောက်ဆုံးတယောက်မှာ သမားအိုကြီးဖြစ်သည်။
"အရှင်မင်းကြီးရဲ့ ရောဂါက တော်တော်ထူးဆန်းတယ်!"
တော်ဝင်သမားတော်အိုကြီးက သူ့မျက်လုံးကို ကျဉ်းမြောင်းလိုက်သည်။ အချိန်တော်တော်ကြာစစ်ဆေးပြီးနောက် သူက ခေါင်းမော့လာသည်။
"ဧကရာဇ်ရဲ့နားက တယောက်ယောက် ကိုက်ထားပုံပေါ်တယ်။ သူ့နားရွက်ဘေးမှာ သွေးတွေ စီးကျနေတယ်။ တယောက်ယောက်က အရှင်မင်းကြီးကို တိုက်ခိုက်ခဲ့ပုံပေါ်တယ်။ မင်းကြီးက နာကျင်မှုကြောင့် မေ့မျောသွားတာပါ။ စိုးရိမ်စရာတော့ မရှိပါဘူး!"
တစုံတယောက်က ဝမ်ရမ်လဲ့ကို တိုက်ခိုက်ခဲ့ပြီး သူ့နားကို ကိုက်ခဲ့သည်ဟု မိဖုရားခေါင်က ကြားသောအခါ ချက်ချင်း ထရပ်လိုက်သည်။
"ကျင်းတဲ့ ဘယ်သူက မင်းကြီးကို လုပ်ကြံချင်နေတာလဲ?"
ထိုအရာက လီပင်းပါးစပ်ထဲ ရောက်လာသောအခါ လုပ်ကြံသတ်ဖြတ်မှု ဖြစ်သွားသည်။
"ဒါက..."
ဝမ်ရမ်လဲ့က နိုးမလာသေးသဖြင့် ဒီကိစ္စကို လီပင်းအား ဘယ်လိုဖြေရမည်မှန်း ကျင်းတဲ့လည်း မသိပေ။ ကျင်းတဲ့က ထိုသို့ ဖြစ်နေသည်ကို မြင်သောအခါ လီပင်းက မိဖုရားခေါင်ဟူသည့် သဘောထားကို ချက်ချင်း ထုတ်ပြန်လိုက်သည်။
"ကျင်းတဲ့... ဘာဖြစ်တာလဲ? ဘာကြောင့် မင်းကြီးက ဒီလိုဖြစ်သွားရတာလဲ? မင်းက မပြောပြချင်ဘူးဆိုတော့ မင်းလည်း လုပ်ကြံသူနဲ့ ကြံရာပါ ဖြစ်နိုင်မလား?"
'ကြံရာပါ'ဟု စွပ်စွဲခံရခြင်းက ကျင်းတဲ့အား တုန်လှုပ်ခြောက်ခြားစေသည်။ သူက ချက်ချင်း ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ကာ
"မယ်မယ်ကို လျှောက်တင်ပါတယ်! အဲ့ဒါက ဟွမ်ကွေ့ဖေးပါ"
သူက အံကြိတ်လိုက်ကာ သေဆုံးနေတာ ကြာမြင့်ပြီ ဖြစ်သော ယွမ်လန်ကျစ်အား ဓားစာခံ လုပ်လိုက်သည်။
"ကွေ့ဖေးယွဲ့လား?"
ထိုနာမည်ကို ကြားသောအခါ လီပင်းသွားများက ကိုက်ခဲလာသည်။ ထိုမိန်းမသည် ဝမ်ရမ်လဲ့အား အပိုင်စီးထားပြီး သူမအား အမည်ခံသက်သက်သာ ဖြစ်ပြီး အနောက်နန်းဆောင်တခုလုံး၏ ရယ်စရာဖြစ်စေသည်။ ဒါကို သူမ ဘယ်လိုလုပ် လက်ခံနိုင်မည်နည်း? အခု သူမ နောက်ဆုံးတွင် ယွဲ့လန်ကျစ်၏ အမြီးလေးကို ဖမ်းမိခဲ့ပြီ။ သူမက ယွဲ့လန်ကျစ်အား ကောင်းကောင်းညှင်းပမ်းနှိပ်စက်ရမည်။
"သူမက ဘယ်မှာလဲ?"
လင်းကဲ့ရှင်း ဝင်လာကတည်းက ယွဲ့လန်ကျစ်ကို မမြင်မိပေ။ ဒါက ကောင်းတဲ့အရာပဲ! ယွဲ့လန်ကျစ်က မင်းကြီးကို တိုက်ခိုက်ခဲ့တယ်! ဒီပြစ်မှုက ဘယ်လောက်ကြီးသလဲ? မိဖုရားခေါင်၏ ပုံစံကြည့်ရတာ သူမက ထိုကိစ္စမှ သင်ခန်းစာတခုခု ဆွဲထုတ်ချင်ပုံရသည်။ ထို့နောက် သူမက ပွဲကြီးပွဲကောင်းကို စောင့်ကြည့်ရုံပင်။
"လွတ်မြောက်သွားပါတယ်"
ကျင်းတဲ့က နောက်တကြိမ် အံကြိတ်လိုက်သည်။ အခု ဝမ်ရမ်လဲ့က မနိုးလာသေးပေ။ သူ့ကို ကျောထောက်နောက်ခံပြုပေးမယ့်သူ မရှိနိုင်ပါ။ မင်းကြီး နိုးလာရင်တောင် ဒီကိစ္စကို ရှင်းပြနိုင်ဖို့ နည်းလမ်းမရှိသေးပေ။ သူတို့က ဒီကိစ္စကို ယွဲ့လန်ကျစ်ဆီကိုသာ တွန်းပို့ရလိမ့်မည်။
"လွတ်မြောက်သွားတယ်လား?"
ဒါကို လီပင်းကြားလိုက်ရသောအခါ သူမက ဒေါသဖြစ်သွားသည်။
"အစေခံတွေ... နန်းတော်ကို ချိတ်ပိတ်ထားလိုက်! လုပ်ကြံသူ ယွဲ့လန်ကျစ်ကို ရှာဖွေကြစမ်း! တဖက်လူက ထွက်ပြေးဖို့ကြိုးစားရင် တွေဝေစရာမလိုပဲ သတ်ပစ်လိုက်!"
လီပင်းသည် မျက်နှာသာပေးခြင်း မခံရသော်လည်း သူမသည် မိဖုရားခေါင် ဖြစ်နေသေးသည်၊ သူမသည် အနောက်နန်းဆောင်၏ သခင်မ ဖြစ်နေသေးသည်။ ထို့အပြင် သူမသားသည် အိမ်ရှေ့စံမင်းသားဖြစ်ပြီး နောင်တက်လာမည့် ဧကရာဇ်ဖြစ်သည်။ ထို့ကြောင့် ဒီကိစ္စတွင် ဘယ်သူမှ သူမကို လျစ်လျူရှုလို့ မရနိုင်ပေ။ ချက်ချင်း နန်းတော်တခုလုံး အလုပ်ရှုပ်ကုန်ကြသည်။
"ဘာဖြစ်ကြတာလဲ?"
အိပ်ပျော်နေသော မယ်တော်ကြီးတုန်ဖန်လန်သည် အပြင်ဘက်မှ လှုပ်ရှားမှုများကြောင့် နိုးထလာသည်။ သူမက ချက်ချင်း ချင်းကူကို ခေါ်ကာ ဘာဖြစ်လဲဟု မေးလိုက်သည်။
"သခင်မလေး... မင်းကြီးက ယွဲ့ကွေ့ဖေးတိုက်ခိုက်တာ ခံရပြီး အခု သတိလစ်နေပါတယ်"
"ဒီလို ကိစ္စမျိုး ဖြစ်တာလား?"
တုန်ဖန်လန်က ဝမ်ရမ်လဲ့ဒဏ်ရာအား စိတ်ပူပြီး ဆောင်းဦးရှည်ကြာနန်းဆောင်သို့ သွားကာ သူ့အား ကြည့်ချင်ခဲ့သည်။ သို့သော် သူမက ချင်းကူ၏ တားဆီးခြင်းကို ခံလိုက်ရသည်။
"သခင်မလေး... မိဖုရားခေါင်နဲ့ တယ့်ဖေးတို့လည်း အဲ့ဒီကို ရောက်ရှိနေပါတယ်! ကြည့်ပါအုံး! ညလယ်ခေါင်မှာ မင်းကြီးကို ကြည့်ရှုစောင့်ရှောက်ဖို့ သူတို့ ရှိနေပါတယ်။ စိတ်မပူပါနဲ့! တော်ဝင်သမားတော်ပြောတာ မင်းကြီးက သတိလစ်နေရုံပဲတဲ့! ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီအစေခံက သခင်မလေးကိုယ်စား သွားပါရစေ"
ချင်းကူက တုန်ဖန်လန်ကို စိုးရိမ်နေသည်။ ဒီလိုဆောင်းရာသီကြီးမှာ ဆောင်းဦးရှည်ကြာနန်းဆောင်နှင့် ကျင်ရွှယ်နန်းဆောင်မှာ အလှမ်းဝေးလှသည်။ တုန်ဖန်လန်က အသက်အရွယ်ရနေပြီဖြစ်သည်။ သူမသာ သွားလိုက်ပြီး အအေးမိသွားပါက ဆိုးရွားသွားလိမ့်မည်။ ချင်းကူက စဉ်းစားပေးတတ်တာကို သိသောအခါ တုန်ဖန်လန်က သတိပေးချက်တချို့ကို ပြောပြကာ အခြေအနေ ဘယ်လိုရှိလဲ သိရန် ဆောင်းဦးရှည်ကြာနန်းဆောင်သို့ လွှတ်လိုက်သည်။
ချင်းကူ ရောက်ရှိသည့်အခါ ဝမ်ရမ်လဲ့က သတိလစ်နေတုန်းပင်။ ချင်းကူက မယ်တော်ကြီး အမိန့်ဖြင့် လာခြင်းဖြစ်ပြီး တစ်အချက် မင်းကြီးအား ကုသပေးဖို့ တော်ဝင်သမားတော်အား ပြောရန်နှင့် နှစ်အချက် မိဖုရားခေါင်အား အခြေအနေအရပ်ရပ်ကို ထိန်းချုပ်ထားဖို့ ပြောရန်ပင် ဖြစ်သည်။
"ချန်ချဲ့... မယ်တော်ကြီးပေးတဲ့ အမိန့်တွေကို လိုက်နာလုပ်ဆောင်ပါ့မယ်"
တုန်ဖန်လန်၏ အမိန့်စာနှင့် အတူ လီပင်းက အရာအားလုံးကို ချောမွေ့စွာ ဆောင်ရွက်နိုင်သည်။ ချင်းကူက တခြားသတိပေးစရာတချို့ကို ပြောပြီး ပြန်ထွက်မလို့ လုပ်စဉ် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးတယောက်ကို မြင်လိုက်သည်။ ထိုမိန်းကလေးကို ကြည့်ရတာ ရင်းနှီးသလို ရှိသောကြောင့် အနားသို့ လျှောက်လာသည်။ သူမက ကျယ်လောင်စွာ အော်ဟစ်လုနီးပါးပင်။
"မင်းက ဘယ်သူလဲ?"
"ကျွန်မ ဘာမှ မသိဘူး! ကျွန်မ တကယ် ဘာမှ မသိဘူး!"
မိန်းကလေးက အလွန်ကြောက်ရွံ့နေသောကြောင့် ရူးကြောင်ကြောင်လို ဖြစ်နေသည်။ ပထမအချက်က ယွဲ့လန်ကျစ်၏ အလွန်ဝမ်းနည်းစရာကောင်းသော သေဆုံးမှုကြောင့် ဖြစ်ပြီး ဒုတိယအချက်က မိခင်ကူက ဝမ်ရမ်လဲ့ဦးနှောက်ထဲ ဝင်သွားသောကြောင့် ဖြစ်သည်။ ဘယ်တခုကများ ထိတ်လန့်စရာမကောင်းလဲ? ဘယ်တစ်ခုကများ အလွန်အမင်းကြောက်လန့်စရာမကောင်းလဲ?
ထိုအရာများကို တညထဲတွင် ကြုံတွေ့လိုက်ရသောကြောင့် မိန်းကလေးမှာ ရူးသွပ်မလိုပင်။ အထူးသဖြင့် အသားစားပိုးကောင်က ဝမ်ရမ်လဲ့ဦးနှောက်ထဲ ဝင်သွားသော ပုံစံကို သူမ သတိရမိလျှင် စိတ်မထိန်းနိုင်တော့ပဲ အန်မိသည်။
မိန်းကလေးက ထိုသို့ပြောသောအခါ ချင်းကူက မျက်မှောင်ကြုတ်မိသည်။ ဘာကြောင့် သူမ ဒီမှာ မင်းသမီးမင်ယွဲ့နဲ့ ရုပ်ချင်းအရမ်းတူတဲ့သူကိုတွေ့လိုက်ရတာလဲ? ဒီမိန်းကလေးက ဘယ်သူလဲ? ဘာကြောင့် ဒီမှာ ရှိနေတာလဲ?
"မင်းက ဘယ်နန်းဆောင်က အစေခံလဲ? လာပါအုံး! မကြောက်ပါနဲ့!"
ချင်းကူက ထိုမိန်းကလေး၏ လက်အား ဆွဲယူကာ အားလုံး၏ ရှေ့တွင် မတ်တပ်ရပ်စေသည်။ ထိုမိန်းကလေး၏ သွင်ပြင်အား မြင်လိုက်ရသောအခါ လီပင်းနှင့် လင်းကဲ့ရှင်းတို့က ကြက်သေသေသွားသည်။ ဒါက ဝမ်ရမ်မင်ယွဲ့ရဲ့ ပုံတူပွားမဟုတ်ဘူးလား? ဘာတွေ ဖြစ်နေတာလဲ?
"ကျွန်မ ဘာမှမသိဘူး... သူတို့က ဒီကို ခေါ်လာပြီး ကျွန်မကို ဟွမ်ကွေ့ဖေး လုပ်ခိုင်းမယ်တဲ့... ကျွန်မ တခြားတော့ ဘာမှ မသိဘူး..."
မိန်းကလေးက မနှစ်မြို့မှု အရိပ်အယောင်တွေ ပြည့်နှက်နေသော မျက်လုံးများအား ကြည့်လိုက်သည်။ ငိုရင်းဖြင့် သူမက ခေါင်းကိုခါရမ်းလိုက်သည်။
ဟွမ်ကွေ့ဖေးလား? မိန်းကလေးငယ်၏ စကားက သူတို့အားလုံးအား မူးမေ့စေမလိုပင်။ လီပင်းက သူမပါးစပ်ဟမလို့ ပြင်ဆဲတွင် ကျင်းတဲ့က ရှေ့ထွက်လာပြီး ထိုမိန်းကလေး၏ ဝမ်းဗိုက်ကို ဓားဖြင့် ထိုးလိုက်သည်။
"မင်းကြီး... ကျင်းတဲ့ မင်းကြီးအတွက် လက်စားချေပေးမယ်!"
"သူ့ကို ဖမ်းထားလိုက်စမ်း!"
လီပင်းက လျင်မြန်စွာ လူတွေကို ကျင်းတဲ့အား တားဆီးစေခဲ့သော်လည်း မိန်းကလေးက မြေပေါ်တွင် လဲကျနေ၍ အသက်လည်း မရှုတော့ပေ။
"မင်း ဘာလို့ သူ့ကို သတ်လိုက်တာလဲ?"
သူမသိချင်သည့် အဖြေမသိရသေးသောကြောင့် လီပင်းက အနည်းငယ် ဒေါသဖြစ်မိသည်။ ကျင်းတဲ့က ရိုကျိုးလွန်းသည်လည်း မဟုတ် သည်းခံလွန်းသည်လည်း မဟုတ်ဘဲ
"မယ်မယ်ကို လျှောက်တင်ပါတယ်။ သူမနဲ့ ဟွမ်ကွေ့ဖေးမယ်မယ်တို့က မင်းကြီးကို တိုက်ခိုက်ခဲ့တာပါ။ ဒါ့ကြောင့် မင်းကြီးက ခုထိ သတိလစ်နေတာပါ။ စောစောက ဒီအစေခံက အလုပ်ရှုပ်နေတာကြောင့် သူမကို သတိမပြုလိုက်ခဲ့ဘူး။ သူမ ဒီမှာ ပုန်းနေလိမ့်မယ်လို့ ဒီအစေခံက တကယ်ပဲထင်မထားမိခဲ့တာပါ။ သူမက တကယ့်ကို ရဲတင်းလွန်းတယ်"
ကျင်းတဲ့စကားထဲမှာ ဟာကွက်တွေ ရှိနေသော်လည်း ထိုမိန်းကလေးက သူ့လက်ချက်ဖြင့် သေနှင့်ပြီးနေသည်။ လူသေက သက်သေခံလို့မရတော့ပေ။ လီပင်းတွင် ကျင်းတဲ့အား ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းမရှိတော့ပေ။
ပြီးတော့ ကျင်းတဲ့ ဝမ်ရမ်လဲ့ကို နှစ်ပေါင်းများစွာ ခစားလာခဲ့သူ ဖြစ်သည်။ သူက မင်းကြီး၏ လူယုံဖြစ်သည်။ သူမက ကျင်းတဲ့ကို သံသယဖြစ်ဖွယ်တခုဖြင့် အပြစ်ပေးလိုက်ပါက ဝမ်ရမ်လဲ့နိုးလာသည့်အခါ ကံမကောင်းဖြစ်မည့်သူမှာ သူမပဲ ဖြစ်လိမ့်မည်။ ထို့ကြောင့် သူမတွင် သံသယတွေ ရှိနေပါသော်လည်း လီပင်းက ထိုသံသယများကို အောက်ချထားရသည်။
သူမလိုပဲ သံသယဝင်နေသူတယောက်မှာ ချင်းကူပင်။ သူမက နန်းတော်ထဲမှာ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ပြီး ကြီးမားသော လှိုင်းဒဏ်၊ လေဒဏ်များကို ကြုံတွေ့ခဲ့ရသည်။ သဘောသဘာဝအလျောက် သူမက ထိုသံသယများကိုထုတ်မပြပေ။ သူမက မိဖုရားခေါင်နှင့် တယ်ဖေးကို ဂါရဝပြုလိုက်သည်။ ချင်းကူသည် ဆောင်ဦးရှည်ကြာနန်းဆောင်မှ ထွက်ခွာလာခဲ့သည်။
ဝမ်ရမ်လဲ့အား ဟွမ်ကွေ့ဖေးမှ တိုက်ခိုက်ခဲ့သည်ဆိုသော သတင်းသည် နန်လင်းဝမ်ဖူသို့ ရောက်ရှိရန် အချိန်သိပ်မယူလိုက်ရပေ။ နလန်ရှင်းသည် ထိုသတင်းနှင့် အတူ တင်းစုံအဆောင်၏ ရှေ့တွင် မတ်တပ်ရပ်နေသည်။ အခုက ဝင်သွားလို့ ကောင်းသည့် အချိန်မဟုတ်သော်လည်း နောက်ဆုတ်ဖို့ ကောင်းသည်လည်း မဟုတ်ပေ။
ဒီနေ့သည် ဖုန်းချန်၏ နေ့ထူးနေ့မြတ်ဖြစ်၏။ ထုံးစံအရ နွေဦးအခိုက်အတန့်သည် ထောင်ချီတန်သည်။ သူသာ အဆောတလျင်ဝင်သွားပြီး ဝမ်ရယ်၏ ပျော်ရွှင်မှုကို နှောက်ယှက်မိပါက ဖုန်းချန်က သူ့အား အရေခွံနွှာထည့်လိုက်လိမ့်မည်။ သို့သော် ဝမ်ရမ်လဲ့တွင် တစုံတရာ ဖြစ်ပျက်သွားသည့် သတင်းက အလွန်တုန်လှုပ်စရာကောင်းလှသည်။ သူသာ မပြောလိုက်ဘဲ ဝမ်ရယ်ရဲ့ ကိစ္စတွေ ကြန့်ကြာသွားစေပါက အဆိုးဖြစ်မသွားပေးဘူးလား?
နလန်ရှင်းသည် တင်းစုံအဆောင်၏ အပြင်ဘက်တွင် အရှေ့အနောက် လမ်းလျှောက်နေသည်။ သူ အခုဝင်သွားသင့်သလား မနက်ဖြန်မှ လာရမလားဆိုတာကို မဆုံးဖြတ်နိုင်ဖြစ်နေသည်။ သူက အရှေ့နှင့် အနောက် လျှောက်ကာ ဘာလုပ်သင့်သလဲ စဉ်းစားမရနိုင်ဖြစ်နေသည်။ ရုတ်တရက် သူသည် တခစ်ခစ်ရယ်သံကို ကြားလိုက်သည်။ သူလှည့်ကြည့်လိုက်သောအခါ ၎င်းမှာ မုရုံချီချီ၏ အစေခံ စုယွဲ့ဖြစ်နေသည်ကို ိလိုက်သည်။
"ဆရာနလန်က ဝမ်ရယ်ကို လာရှာတာလား?"
နလန်ရှင်းက မုရုံချီချီကို သင်ခန်းစာတွေ သင်ပေးခဲ့၍ စုမိန်နှင့် စုယွဲ့သည် သူ့အား ဆရာဟု ခေါ်တာ အကျင့်ပါနေသည်။
"ဟုတ်တယ်... ကျွန်တော် ကိစ္စတခုရှိလို့.. ဒါပေမယ့် ဝမ်ရယ်ကို နှောက်ယှက်မိမှာလည်း စိုးရိမ်မိ..."
နလန်ရှင်း၏ ရှင်းပြချက်က စုယွဲ့အား ပြင်းပြင်းထန်ထန်ရယ်မောစေသည်။
"ဆရာနလန်... ဘယ်ကိစ္စကများ ဝမ်ရယ်နဲ့ ဝမ်ဖေးတို့ရဲ့ မင်္ဂလာဦးညထက် အရေးကြီးလို့လဲ? မိန်းကလေးတယောက်အတွက် မင်္ဂလာဦးညက ဘယ်လောက်အရေးကြီးတယ်ဆိုတာ ဆရနလန်က မသိလို့များလား? ဒါက ဝမ်ဖေးရဲ့ မင်္ဂလာဦးညပဲ! ဆရာနလန်ရဲ့ နှောက်ယှက်တာ ခံလိုက်ရရင် ဝမ်ဖေး ဘယ်လောက်ရှက်သွားမလဲဆိုတာ တကယ်မသိနိုင်ဘူး။ ဒါမှမဟုတ် ဝမ်ရယ်နှလုံးသားထဲမှာ ရှင့်အတွက် နေရာက ဝမ်ဖေးထက်ပိုအရေးကြီးနေလို့လား?"
စုယွဲ့ထိုသို့ ပြောပြီးနောက် နလန်ရှင်းက နားလည်သွားသည်။ သူက ဖုန်းချန်နောက်ကို လိုက်လာတာ နှစ်ပေါင်းကြာပြီဆိုပေမယ့် ဘယ်လိုလုပ် မုရုံချီချီကို ယှဉ်နိုင်လိမ့်မလဲ? မုရုံချီချီက ဖုန်းချန်နှလုံးသားထဲက ကလေးလေးတယောက် ဖြစ်ပြီး ဖုန်းချန် ချစ်ခင်မြတ်နိုးရဆုံးသူလည်း ဖြစ်သည်။ သူက ဘယ်လိုလုပ် မုရုံချီချီကို ယှဉ်နိုင်မှာလဲ?
"ဆရာ... ဝမ်ရယ်ကို တခုခုပြောချင်တယ်ဆိုရင် မနက်မှ လာရှာတာက ပိုကောင်းလိမ့်မယ်! ကျွန်မ ဆရာကို ပြောပြရရင် ကျွန်မတို့သခင်မလေးက အငြိုးအတေးအကြီးဆုံးသူပဲ! ဆရာကသာ ကျွန်မတို့သခင်မလေးကို ဒေါသဖြစ်စေရင် နောက်ကျ ဆရာပဲ ခံစားရလိမ့်မယ်! ဆရာက မယားပြောတညဆိုတဲ့ အစွမ်းကို မခံစားဖူးလို့ ဖြစ်မယ်"
ထိုသို့ ပြောရင်း စုယွဲ့က ပြုံးလိုက်သည်။ သူမပါးပေါ်မှာ ပါးချိုင့်နှစ်ခုသည် ရေးရေးပေါ်လာသည်။ လရောင်အောက်တွင် သူမက အစိမ်းရောင်ဝတ်စုံဖြင့် နတ်သမီးလေးနှင့်ပင် တူနေသည်။ ပထမအကြိမ် နလန်ရှင်းက စုယွဲ့သည် လှပသော မိန်းမတယောက်ဆိုတာကို ရှာတွေ့ခဲ့သည်။
"ကျွန်တော့ကို အသိဝင်စေတဲ့အတွက် မိန်းကလေးစုယွဲ့ကို ကျေးဇူးတင်ပါတယ်"
နလန်ရှင်းက စုယွဲ့အား အနည်းငယ်ဦးညွှတ်လိုက်သည့်အတွက် စုယွဲ့အား အနည်းငယ်တွေဝေသွားစေသည်။ သူမက စကားတခွန်းမှ မဆိုတော့ဘဲ ခေါင်းညိတ်ပြကာ လှည့်ထွက်သွားသည်။
တင်းစုံအဆောင်ထဲတွင် ဖုန်းချန်က သူ့ငယ်ဘဝပုံပြင်များအကြောင်း ပြောပြရင်း မုရုံချီချီအား ဖက်ထားသည်။ ဖုန်းရှဲ့နှင့် ဝမ်ရမ်မင်ယွဲ့တို့၏ အချစ်ပုံပြင်အား နားထောင်ရပြီးနောက် မုရုံချီချီက အနည်းငယ် အားကျမိသည်။ မိသားစုအချစ်ကို လိုလားတောင်းတသည့် စိတ်က သူမနှလုံးသားထဲ၌ ထွက်ပေါ်လာသည်။
"ဝမ်ရယ်... စစ်သူကြီးနဲ့ မင်းသမီးတို့သာ သက်ရှိထင်ရှားရှိနေသေးရင် သူတို့က ကောင်းကင်ဘုံက နတ်ဖက်တဲ့စုံတွဲပဲ!"
"Mm..."
ဖုန်းချန်က သူမလက်ချောင်းထိပ်ကို အနည်းငယ်ကိုက်ကာ
"ဘာကြောင့် မင်းက သူတို့ကို မင်းသမီးနဲ့ စစ်သူကြီးလို့ ခေါ်နေသေးတာလဲ ဟမ်? မင်းက အခု သူတို့ကို အဖေနဲ့ အမေလို့ ခေါ်သင့်တယ်"
ဖုန်းချန်စကားက မုရုံချီချီမျက်လုံးအား စိုစွတ်လာစေသည်။ ဒါက အမှန်ပဲ! အဖြေက ဘာပဲဖြစ်ဖြစ် ဖုန်းရှဲ့နဲ့ ဝမ်ရမ်မင်ယွဲ့က သူမအဖေနဲ့ အမေပဲ! သူမက သူတို့သမီးဖြစ်ခဲ့ရင် သူတို့က သူမ အဖေရင်းနဲ့ အမေရင်းပဲ! သူမက သူတို့ရဲ့ ချွေးမဖြစ်ခဲ့ရင်လည်း သူတို့က သူမအဖေနဲ့ အမေပဲ!
"ကောင်းပြီ!"
မုရုံချီချီက ရယ်မောလိုက်သောအခါ ဖုန်းချန်မှာ ဝိညာဉ်ပျောက်ဆုံးမလိုပင်။
"ချင်းချင်း... မင်းက ဘာကြောင့် ကိုယ့်မျက်လုံးထဲမှာ လှသထက် လှလာရတာလဲ? အရမ်းလှတာပဲ ကိုယ်တော့ မင်းရင်ခွင်ထဲ မူးလဲတော့မှာပဲ!"
ဖုန်းချန်၏ ချိုသာသော စကားများက အဆုံးမရှိလေတော့ မုရုံချီချီနှလုံးသားမှာ ပို၍ပို၍ ချိုမြိန်လာသည်။ သူတို့နှစ်ယောက်သည် ခေတ္တမျှ တိတ်ဆိသွားသည်။ ထို့နောက် ဖုန်းချန်က မုရုံချီချီအား ဖက်လိုက်ကာ
"ချင်းချင်း... ဒါက ကိုယ်တို့ အားယူရမယ့်အချိန်ပဲ!"
ဖုန်းချန်ပါးစပ်မှ ထွက်လာသော ထိုစကားများတွင် ရှက်ရွံ့မှုများ ပါဝင်နေသည်။ သူက ယောကျ်ားရင့်မာကြီးဖြစ်ပြီး အသက်နှစ်ဆယ့်ငါးနှစ် ရှိပြီဆိုသော်လည်း ဒီနယ်ပယ်တွင် သူက စက္ကူတရက်လို ဗလာဖြစ်နေသည်။ သူလည်း မုရုံချီချီထက်တော့ ပိုမသာပေ။
"ဝမ်ရယ်... ကျွန်မ..."
အနားယူ ဆိုသောစကားကို ကြားသောအခါ သူမခန္ဓာကိုယ်မှာ တောင့်တင်းသွားသည်။ မုရုံချီချီအရမ်းထိတ်လန့်နေတာကို မြင်သောအခါ ဖုန်းချန်၏ ကြီးမားသော လက်က မုရုံချီချီနောက်ကျောအား ညင်သာစွာ ပုတ်လိုက်သည်။
"ချင်းချင်း... ကိုယ် မင်းကို ဖိအားမပေးပါဘူးလို့ ကိုယ်မပြောခဲ့ဘူးလား? ကိုယ် မင်းကို စောင့်နေမယ်! မင်း ကိုယ့်ကို လက်ခံလာတဲ့အထိ ကိုယ် မင်းကို စောင့်မယ်! ကိုယ်နဲ့ ပတ်သက်တဲ့ အရာအားလုံးကို လက်ခံလာတဲ့အထိပေါ့!"
ဖုန်းချန်က အရမ်းနူးညံ့ပြီး စဉ်းစားတတ်တာကြောင့် မုရုံချီချီမှာ အရမ်းလှုပ်ရှားသွားသည်။
"ဝမ်ရယ် ကျွန်မကို အချိန်ပေးပါအုံး! ကျွန်မကိုအချိန်တချို့ ပေးပါအုံး!"
"ကောင်းပါပြီဗျာ"
မုရုံချီချီ၏ အေးစက်နေသော လက်ကို ကိုင်ရင်း ဖုန်းချန်က အလွန်ပရောပရီဆန်သည့် အကြည့်ဖြင့် ကြည့်ကာ
"ချစ်လှစွာသော ကြင်ယာတော်... ပန်ဝမ် တနေ့လုံး ဟိုဟိုဒီဒီ သွားနေရတာ အရမ်းပင်ပန်းလှပြီ! ကိုယ်တို့ အခုချိန်မှ မအိပ်သေးရင် မနက်ဖြန်ကျ နန်းတော်ကို သွားပြီး ကျေးဇူးတင်ကြောင်းပြသဖို့ မထနိုင်ပဲ ဖြစ်နေလိမ့်မယ်!"
ဖုန်းချန်ရဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်စရာကောင်းအောင် လုပ်ဆောင်မှုမှာ မုရုံချီချီစိတ်အား ပိုပြီး ကောင်းလာစေသည်။ နှစ်ယောက်သား အဝတ်အစားများကို လဲလှယ်လိုက်ကာ အိပ်ရာဝင်လိုက်ကြသည်။ ဖုန်းချန်က မီးမှိတ်လိုက်သည်။ အခန်းတခုလုံး မှိန်ဖျော့သွားသည်။
နှစ်ယောက်သား အိပ်ရာနှင့် ခေါင်းအုံးကို မျှဝေသုံးစွဲကြသည်မှာ ဒါ ပထမဆုံးအကြိမ်ဖြစ်သည်။ မုရုံချီချီခန္ဓာကိုယ်မှာ အနည်းငယ် တောင့်တင်းနေသည်။ ဖုန်းချန်လည်း ပိုမကောင်းနေပေ။ နှစ်ယောက်သား အချိန်တော်တော်ကြာ တောင့်တင်းနေသည်။ နောက်ဆုံးတွင် ဖုန်းချန်က ထရယ်လိုက်ကာ တင်းမာနေသော လေထုကို ဖြိုခွဲလိုက်သည်။
"ချင်းချင်း... ကိုယ် မင်းကို ဖက်ထားလို့ ရမလား?"
"ကောင်းပါပြီ!"
မုရုံချီချီက နူးညံ့စွာဖြင့် ပြောလိုက်သည်။ နောက်ခဏအကြာတွင် သူမသည် ဖုန်းချန်၏ ကျယ်ပြန့်သော ရင်ခွင်အတွင်း ရောက်ရှိသွားသည်။
သူ့လက်မောင်းကြားမှ ပန်းသီးစိမ်းရနံ့ကို အနံခံရင်း ဖုန်းချန်က အလွန်ကျေနပ်မိသည်။ သူမကို ဤကဲ့သို့ ဖက်တွယ်ထားရရုံနှင့်ပင် တလောကလုံးကို သူအပိုင်စားရလိုက်သလို ခံစားမိသည်။ သူ့နှလုံးသားတခုလုံး ပျော်ရွှင်မှုဖြင့် ပြည့်နှက်နေသည်။ ဖုန်းချန်၏ ရင်ခွင်က မထင်မှတ်ထားလောက်အောင် နွေးထွေးသောကြောင့် မုရုံချီချီအား ယစ်မူးသွားစေသည်။
မနေ့ညက သူမ အနားမယူခဲ့ရတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို၊ ဒီနေ့ တနေ့လုံး မင်္ဂလာပွဲကြောင့် သူမ အရမ်းပင်ပန်းခဲ့ရတာ ဖြစ်ကောင်းဖြစ်နိုင်သလို၊ ဖုန်းချန်၏ ရင်ခွင်က အရမ်းမွေ့လျော်စရာကောင်းတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သောကြောင့် မုရုံချီချီက လျင်လျင်မြန်မြန် အိပ်မောကျသွားပြီး အသက်ရှူနှုန်း မှန်လာသည်။
မုရုံချီချီ၏ အနည်းငယ်စောင်းနေသော မျက်နှာလေးကို ကြည့်ရင်း ဖုန်းချန်နှလုံးသားက နာကျင်မိသည်။ မင်္ဂလာပွဲက သူမကို ပင်ပန်းစေလိမ့်မည်။ ဒီမိန်းကလေးငယ်လေးက တခါတရံ သူမ၏ သန်မာသည့်အခြမ်းကို လွှတ်ချလိုက်သောအခါ လူအများ၏ နှလုံးသားကို သူမအတွက် နာကျင်လာစေသည်။
အနမ်းတခုက မုရုံချီချီ နဖူးပေါ်သို့ ကျရောက်လာသည်။ ဖုန်းချန်က သူမအား သူ့ရင်ခွင်ထဲ ဆက်နေစေကာ...
"ကောင်းသောညပါ! ကိုယ်အချစ်ရဆုံး ကလေးလေး..." (my most beloved little babyတဲ့)
မုရုံချီချီက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသလောက် ဖုန်းချန်က အနည်းငယ်မှ အိပ်ချင်သည့် အရိပ်အယောင် မရှိပေ။ အခုက ဇီရှီအချိန်(11pm to 1am) သို့ပင် ရောက်ရှိနေသည်။ ဖြစ်လာသင့်သည့် အရာသည် ဖြစ်မလာသေးပေ။ ဒါက ဘာကိုဆိုလိုတာလဲ?
အရင်တုန်းက အချိန်တိုင်း ဟိုင်ရှီအချိန်(9pm to 11pm) မတိုင်ခင် သူ့၏ ကူအဆိပ်က ထကြွခဲ့သည်။ အခု ဇီရှီအချိန်သို့ပင် ရောက်ရှိလာပြီ... သူ့ခန္ဓာကိုယ်မှ အဆင်မပြေဖြစ်တာမျိုး နည်းနည်းမှ မရှိပေ။ သူက ကူအဆိပ်ရဲ့ မူလဆေးကို အန်ထုတ်ပစ်ခဲ့လို့လား?
သူ့လက်ကြားထဲ လူလေး၏ အိပ်စက်သည့်အကျင့်မှာ နည်းနည်းမှ မကောင်းပေ။ မုရုံချီချီက ဖုန်းချန်အား ရေဘဝဲတကောင်လို အနိုင်ကျင့်ထားဖို့ အချိန်နည်းနည်းသာ ကြာလိုက်သည်။ သူမတကိုယ်လုံးသည် ဂျုံမှုန့်ညက်တခုလို ကခုန်နေပြီး ဖုန်းချန်အား မခွာတမ်းကပ်ထားသည်။
သူသာ ကျန်းမာသန်စွမ်းတဲ့ ယောကျ်ားတယောက်ဆိုတာ ဒီမိန်းကလေးက မသိလို့ပေလား? ဖုန်းချန်အတွေးက ကူအဆိပ်အကြောင်းမှသည် မုရုံချီချီဘက်သို့ ကူးပြောင်းသွားသည်။ တညလုံးလိုလို သူမ၏ ပန်းသီးစိမ်းရနံ့က ဖုန်းချန်စိတ်ကို နှိုးဆွပေးသလို ဖြစ်နေတော့ သူ့အား ပိုပိုပြီး ယစ်မူးလာစေသည်။
"mm..."
မုရုံချီချီက တကြိမ်'mm'ဟု ယောင်လိုက်သည်။ သူမက သူ့၏ အနွေးဓာတ်ကို ထပ်ပြီး လိုချင်လာသလို သူမခေါင်းလေးက ဖုန်းချန်ရင်ခွင်သို့ တိုးဝင်လာသည်။
သူမအပြုအမူက ကိစ္စမရှိပေမယ့် ဖုန်းချန်ခန္ဓာကိုယ်မှ အိပ်ပျော်စေသော ဆဲလ်များကို နိုးကြားလာစေသည်။ မိန်းမလှလေးက သူ့ရင်ခွင်ထဲ ရောက်နေသည်။ သူ့ခန္ဓာကိုယ်တခုလုံး တုန်ရီသွားပြီး သူ့တကိုယ်လုံးအား မုရုံချီချီထံသို့ ပစ်ပေးရန် ပြောနေသည်။ မဖြစ်နိုင်ဘူး! ဖုန်းချန်က သူ့နှုတ်ခမ်းသူ ကိုက်လိုက်သည်။ သူမကို တွန်းအားမပေးပါဘူး သူမကို စောင့်ပါမယ်လို့ သူ ကတိပေးထားသည်။ သူမ အိပ်ပျော်နေတဲ့ အချိန်မှ ဘာလို့ လူကြီးလူကောင်းမဆန်သည့် အပြုအမူမျိုး သူ ဘာလို့လုပ်ရမှာလဲ?
သို့သော်လည်း သူချစ်သည့် မိန်းကလေးက သူ့ရင်ခွင်ထဲတွင် ရှိနေသည်။ သူက သူမကို သိသိသာသာ ချစ်မိနေပြီး သူမကို လုံးဝပိုင်ဆိုင်ချင်သော်လည်း သူ့ခမျာ မတတ်သာပဲ လူကြီးလူကောင်းဆိုသည့် ဇာတ်ရုပ်ကို သရုပ်ဆောင်နေရသည်။ ဒါက ဆာလောင်နေသည့် လူတယောက်ကို ရေနှင့် စားစရာကို ပြထားပြီး စားခွင့်ပေးမထားသည်နှင့် တူသည်။ ဝမ်းသွားချင်နေပြီး အိမ်သာမသွားနိုင်သည်နှင့် တူသည်။ တကယ့်ကို သောက်ရမ်း နှိပ်စက်နေသည်။ အရမ်း အသက်ရှူကြပ်သည်။
"လူဆိုးမလေး... ဘယ်ချိန်မှ မင်းရဲ့နှလုံးသားကို ကိုယ့်ဆီ လုံးဝဖွင့်ပေးမှာလဲ? "
ဖုန်းချန်က မုရုံချီချီ၏ သေးသွယ်သော လက်ချောင်းလေးတွေကို ကူကယ်ရာမဲ့စွာ ကိုင်လိုက်သည်။ သူက နမ်းလိုက်ကာ မုရုံချီချီဆီမှ မိန်းမတယောက်၏ ရနံ့ကို ရှုရှိုက်လိုက်သည်။
"ချင်းချင်း... ကိုယ် မင်းကို ပိုင်ဆိုင်ချင်လွန်းလို့ ရူးသွပ်နီးနီး ဖြစ်နေတာ မင်း သိရဲ့လား?"
TN(C to E)
ကူအကြောင်း အနည်းငယ် ရှင်းပြစရာ ရှိပါတယ်။ ကူဆိုတာ လူ့ရဲ့အသွေးအသားကို စားသောက်ပြီး အသက်ရှင်နေထိုင်တဲ့ ပိုးမွှားတမျိုး ဖြစ်တယ်။ ငြိမ်သက်နေတဲ့အချိန် ဘာမှမဖြစ်ဘူး။ သူတို့ကို ဝီစီ၏ ထူးခြားသော အသံဖြင့် နိုးလာသောအခါ ဝီစီသံ အမိန့်ပေးသည့်အတိုင်း လုပ်ဆောင်ကြသည်။ ဒီဇာတ်လမ်းထဲတွင် ဝမ်ရမ်လဲ့သည် ဝမ်ရမ်မင်ယွဲ့နှင့်တူသည့် ကြင်ယာတော်များ ယူခြင်းမှာ တစ်အချက် သူ့ဆန္ဒကို ဖြည့်ဆည်းဖို့အပြင် နှစ်အချက် ကူပိုးကောင်က အိမ်ရှင်လိုအပ်သောကြောင့် ဖြစ်သည်။ သူ့ကို အသုံးပြုသည့်အခါ အိမ်ရှင်မရှိလျှင် ထိုပိုးကောင်က သေဆုံးသွားလိမ့်မည်။
My TN##
ကိုယ့်မှာ အခက်အခဲဖြစ်နေလို့ update က အရင်ထက် နည်းနည်းကြာပါမယ်