မြူတွေဆိုင်းနေတဲ့အေးစက်စက်မနက်ခင်းတစ်ခု...
တိတိပပဆိုရလျှင်...၂၀၀၅ ခုနစ် ဒီဇင်ဘာ ၃၀ရက်မနက် ၄နာရီ။ ရန်ကုန်မြို့ဆောင်းတွင်းရဲ့အအေးဆုံးအချိန်ဟုဆိုလျှင်လည်းမမှား...။ ထိုအချိန်ကြီးမှာမှသီချင်းအကျယ်ကြီးဆိုပြီရေထချိုးနေသူတစ်ယောက်လည်းရှိပါ၏။
♫︎ ခေါင်းလောင်းလေးတွေ မြည်နေပြီ...
ငှက်ကလေးတွေလည်း တေးဆိုသီ...
နာရီစင်က သုံးချက်တီးသံမြည်...
နှင်း..တွေလည်းကျနေသည်...
ဒီဆောင်း...မြောက်လေ...မြူးပြီ..
အခုတော့သိပြီ သူ့ကို..ကိုယ်..ချစ်သည်...♫︎
ဟုတ်တယ်...သူ့ကိုကိုယ်ချစ်တယ်။ ပြောင်းလဲလာတဲ့ခေတ်နဲ့အရွယ်ရောက်လာလို့တဖြည်းဖြည်းသိလာရတဲ့အသိဉာဏ်တွေအရ...ငယ်ငယ်တည်းကအဖြေရှာခဲ့တဲ့အဖြေတစ်ခုကို ကိုးတန်းနွေရာသီကျောင်းပိတ်ရက်မှာရှင်းရှင်းလင်းလင်းသိလိုက်ရတဲ့တစ်ဆက်တည်းမှာဘဲ ကိုယ်ချစ်နေတာမိန်းကလေးတစ်ယောက်ကိုမဟုတ်ဘဲ... ကိုယ်နဲ့လိင်တူအမျိုးသားလေးတစ်ယောက်ကိုဆိုတော့ နည်းနည်းတော့လန့်စရာကောင်းတယ်။ ထပ်ပြီးတော့ ကိုယ်ချစ်မိနေတာ တခြားသူမဟုတ်ဘဲ အများကကိုယ့်ညီလို့သိထားတဲ့ကောင်လေးဖြစ်နေလေတော့ သူနည်းနည်းတော့စိုးရိမ်တာပေါ့။
ဒါပေမယ့် အချစ်ကအချစ်ဘဲလို့ကျွန်တော်ထင်တယ်။အချစ်ကဒြပ်မဲ့ဘဲလေ..မင်းကယောက်ျားလေးမို့မိန်းကလေးကိုဘဲချစ်ရမယ်လို့မပြဌာန်းထားဘူးထင်ပါရဲ့..။ကျွန်တော့်အတွေးပါ... မင်း အတွေးကြီးကမှားနေတယ်လို့လာပြောခဲ့ရင်လည်း ပြောတဲ့သူကို ဘာများထိခိုက်နေပါသလဲလို့ပြန်မေးကြည့်ချင်ပါရဲ့။
အင်း...ကျွန်တော်ချစ်တဲ့သူကထိခိုက်ပါတယ်လို့ပြောလာရင်တော့ စဥ်းစားစရာဖြစ်ပြီပေါ့။
ဆုံးသွားတဲ့ညီလေးကိုလည်းအားနာမိပါတယ်။သူ့အစ်ကိုကသူ့နေရာရောက်နေတဲ့သူကိုအရောင်ဆိုးချင်နေမှန်းသိရင် အဖေပြောတဲ့နတ်သားပိစိလေးဖြစ်နေပြီဆိုတဲ့ ညီလေးစိတ်မကောင်းများဖြစ်နေမလား။
ဒုန်း ဒုန်း ဒုန်း!!!
"ကိုကို..! ကိုကိုရေ! ..ကိုကို!!!"
ရေချိုးခန်းတံခါးခေါက်သံနဲ့တစ်ဆက်တည်းထွက်ပေါ်လာတဲ့အသံလေးတစ်ခု။ ငယ်ငယ်တုန်းကအသံလေးနဲ့မတူတော့ဘူး နည်းနည်းအောအောလေးဖြစ်လာပြီဗျ။
"ဝေး !"
"လေးနာရီထိုးပြီးနေပြီ မြန်မြန်လုပ် အအေးပက်မယ်"
"ဟုတ်ကဲ့...ကိုကြီး"
ဘုန်းပြည့်,ရေချိုးခန်းထဲမှလူကိုရည်ရွယ်ကာနှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း အဝတ်ဗီရိုဆီလျှောက်လာလိုက်သည်။
ဒီနေ့ကျောင်းမှာဒီဇင်ဘာလမ်းလျှောက်ပွဲရှိတယ်။ ၅နာရီအရောက်ကျောင်းမှာစုရမယ်လို့မှာထားတဲ့အတွက် သူတို့စောစောထပြီးပြင်ဆင်နေကြခြင်း။
(လေးနာရီကြီးရေထချိုးနေတယ် မအေးဘူးလားမသိဘူး..ကိုကိုကတော့သူထင်ရာလုပ်နေတော့တာဘဲ )
ကိုကို့အတွက်ဗီရိုထဲမှအဖြူအစိမ်းယူနီဖောင်းရယ် ကျောင်းတံဆိပ်ပါတဲ Hoodieတစ်ထည်ရယ်ထုတ်ယူလိုက်ပြီးကုတင်ပေါ်အသင့်တင်ပေးထားလိုက်၏။ ကုတင်ဘေးကစာကြည့်စားပွဲဆီအကြည့်ရောက်တော့ ချစ်စဖွယ်ရယ်ပြနေတဲ့ကောင်လေးနှစ်ယောက်ရဲ့ဓာတ်ပုံလေးကမပြောင်းမလဲရှိနေဆဲပါ။ ပြောင်းလဲသွားတာဆိုလို့တစ်ယောက်တစ်ခန်းဖြစ်သွားခြင်းပင်။ ဖေဖေကအရွယ်ရောက်လာတဲ့သားယောက်ျားလေးနှစ်ယောက်အတွက်ဤအခန်းကကျဉ်းတယ်ဟုဆိုကာ ကျွန်တော့်ကို,ကိုကိုနဲ့ကပ်ရက်အခန်းမှာနေစေသည်။ အင်း..ကိုကိုကအအိပ်ကြမ်းတော့ကျွန်တော်လည်းတစ်ယောက်တည်းအိပ်ချင်နေတာတော်တော်ကြာပြီ။
အခန်းပြောင်းတုန်းကလည်းကိုကိုတစ်ယောက်ဂယက်တွေထနေခဲ့သည်။ အခန်းနံရံဖွင့်လိုက်ရင်ရတာဘဲပြောလို့ ဖေဖေနဲ့စကားနိုင်လုနေကြသေးသည်။ အခန်းနံရံဖွင့်လိုက်ရင်လည်းတစ်ယောက်တည်းဘဲအိပ်ပါရစေ။ဘာလို့ဆိုကိုကိုတစ်နေ့တခြားကြီးထွားလာလိုက်တာ တခြားဆယ်တန်းအစ်ကိုတွေနဲ့မတူဘဲသူတစ်ယောက်တည်းနည်းနည်းထွားထွားကြီးဖြစ်နေ၏။ ဘာစိတ်ကူးပေါက်လဲမသိပါဘူး ကိုးတန်းကျောင်းပိတ်တည်းကဆော့လိုက်တဲ့ gym..အခုဆယ်တန်းရောက်လာပြန်တော့လည်းတစ်ပတ်တစ်ရက်သွားနေတုန်း။ ဖေဖေကစာအာရုံစိုက်ဖို့ပြောတော့တစ်နှစ်တည်းအောင်ရင်ပြီးရောမလားတဲ့။ မအောင်ရင်အိမ်ပေါ်ကဆင်းဆိုတော့ အသက်မပြည့်သေးတဲ့သားကိုအဲ့လိုလက်လွတ်စပယ်ပြောလို့ရလားတဲ့...။ ကဲ...မခက်ဘူးလား။ ဖေဖေကတော့ကိုကို့ကိုလက်ရောခြေရောမြှောက်ပါတယ်တဲ့။
"သားငယ်"
သူအတွေးလွန်နေတုန်းမေမေအခန်းထဲရောက်လာတာတောင်မသိလိုက်။
"ဟင်..မေမေ"
"အင်း သားငယ်..သားအစ်ကိုရေချိုးနေတုန်းလား"
"ဟုတ် မေမေ..မေမေကဘာလို့ထလာတာဘဲအိပ်နေတာမဟုတ်ဘူး"
မနေ့က Operation တစ်ခုရှိ၍တော်တော်ဉာဥ့်နက်မှပြန်ရောက်လာမှန်းသိသဖြင့် သားငယ်ကအတင်းပြန်အိပ်ခိုင်းနေခြင်းပင်။
"မေမေပြန်အိပ်ပါ့မယ်..ဒီမှာ ဒါလေးယူသွားသူငယ်ချင်းတွေကိုလည်းမုန့်ဝယ်ကျွေးလိုက်"
လက်ထဲရောက်လာတာက တစ်ထောင်တန်ငါးရွက်။
"သားမှာရှိပါတယ်မေမေရဲ့...သားဝယ်ကျွေးလိုက်ပါ့မယ်"
"ယူထားပါသားရဲ့..တစ်ခါတလေမှသွားတာ..ဒါနဲ့မေမေလိုက်ပို့ပေးရမလား"
"ရတယ် မေမေ..မေမေနားပါ ကိုကိုကစက်ဘီးနဲ့သွားမယ်တဲ့.."
စက်ဘီးဖြင့်သွားမည်ဆို၍ မေမေကရေချိုးခန်းကိုကြည့်ကာ...
"ဒီကောင်လေးကလေလွယ်တာကိုခက်အောင်လုပ်နေ တယ်..အပြင်မှာဒီလောက်အေးနေတာကို"
ကိုကိုကလည်းကိုကိုပင်..ဖေဖေကအလုပ်ကိစ္စနဲ့စင်္ကာပူသို့ခရီးထွက်နေရ၍ကိုကြီးဝင်းနိုင်ကိုလိုက်ပို့ခိုင်းမယ်ဆိုတော့လည်းမဟုတ်။စက်ဘီးနဲ့ဘဲသွားမယ်တကဲကဲဖြစ်နေသည်။
"အေးပါ သားတို့အဆင်ပြေရင်ပြီးရော မသွားခင်နွားနို့လေးတော့သောက်သွားကြဦး ဖွားမှုံကအစောကြီးထလုပ်ပေးထားရတာ..."
"ဟုတ် မေမေ သားတို့သောက်သွားလိုက်ပါ့မယ်..မေမေနည်းနည်းထပ်အိပ်လိုက်ဦးနော်..."
"အေးပါ သားရဲ့..အဲ့ဒါဆိုမေမေသွားမယ်"
"မေမေ..."
လှည့်ကြည့်လာသောအပြုံးနှင့်မေမေ့အား သူနှစ်လိုဖွယ်ပြန်ပြုံးပြလိုက်ပြီး...
"သား ချစ်တယ်နော်"
"မေမေကလည်းချစ်ပါတယ်"
မွေးစားသားဆိုပေမယ့်သားအရင်းကဲ့သို့မေတ္တာမျိုးပေးတဲ့မေမေတို့ကျေးဇူးတွေကအလွန်နွေးထွေးပါသည်။ ကျေးဇူးတင်ပါတယ်ဖေဖေနဲ့မေမေ ချစ်လည်းချစ်ရပါတယ်။
မေမေအခန်းထဲဝင်တာကြည့်နေရင်းလည်ဂုတ်ဆီမှအေးခနဲခံစားချက်ကြောင့်အလန့်တကြားလှည့်ကြည့်လိုက်တော့ကြွက်သားအနည်းငယ်ထွက်စပြုနေတဲ့ခန္ဓာကိုယ်ကိုအပေါ်ပိုင်းဗလာကျင်းထားကာအောက်ပိုင်းကိုတဘက်တစ်ထည်ပတ်ထားသောကိုကိုကသူ့လက်အေးအေးနဲ့ဘုန်းပြည့်,လည်ဂုတ်ကိုလှမ်းကိုင်ကာစလိုက်ခြင်း။
"အေးတယ် ကိုကိုရ.."
သေသေသပ်သပ်ညှပ်ထားသောရေစိုနေသည့်ဆံပင်နက်နက်တို့ကနဖူးပေါ်ဟိုတစ်စဒီတစ်စဝဲကျနေသည်။မျက်ခုံးနက်နက်တို့အောက်မှမျက်ဝန်းနက်နက်တို့ကသူ့ကိုရယ်ရွှင်ရိပ်မြူးစွာကြည့်နေရင်း...
"မင်း ရေမချိုးဘူးလား..ညစ်ပတ်လေး"
"ညတည်းကချိုးပြီးသား..ကိုကိုကခေါင်းပါလျှော်လိုက်တာလား..အချိန်မမီဘဲနေဦးမယ် "
ပြောရင်းဆိုရင်းဆံပင်အညိုဖျော့ဖျော့ထူထူအုပ်အုပ်နဲ့ကောင်လေးက Dryer ဆွဲယူလာ၏။
"ကိုကို့်ဆံပင်ကတိုတိုလေးမြန်မြန်ခြောက်တယ်..အဲ့ဒါကြီးထားခဲ့ အောက်မှာသွားစောင့်နေ သွားတော့.."
ထိုအခါ ကောင်လေးက Dryerကိုစားပွဲပေါ်တင်လိုက်ပြီး...
"ပြီးရော.. အောက်မှာနွားနို့သွားသောက်တော့မယ် မေမေနွားနို့သောက်သွားတဲ့...မြန်မြန်ဆင်းခဲ့နော် ကိုကို..ဇိမ်ဆွဲမနေနဲ့"
စကားအလွန်များသောထိုကောင်လေးကိုသူဆွဲယမ်းပစ်လိုက်ချင်နေပါပြီ။
"နားငြီးတာကွာ...အမြန်သွားတော့"
"အကောင်းလည်းပြောရသေးတယ်..."
ပြောပြီးတာနဲ့ချာခနဲလှည့်ထွက်သွားသူကတော့ သူ့ဂုတ်ပိုးမွေးညင်းစိမ်းလေးတွေကိုအူယားနေသည့်သူတစ်ယောက်ရှိမှန်းသိချင်မှသိပါလိမ့်မည်။
ဘုန်းဟန်,ခန္ဓာကိုယ်ရှိရေစက်များအားခြောက်အောင်သုတ်လိုက်ပြီးနောက် ကုတင်ပေါ်မှာအသင့်တွေ့ရတဲ့အဝတ်အစားလေးတွေကိုပြုံးကြည့်လိုက်ရင်းမြန်မြန်ယူဝတ်လိုက်ပါ၏။
ဆံပင်များကိုအပေါ်လှန်ဖြီးပြီးနောက် သူ၏ပြင်ဆင်ခြင်းအမှုအားလုံးပြီးဆုံးသွားလေပြီ။ အောက်ထပ်ရောက်တော့နွားနို့တစ်ဝက်ကျိုးနေသူက..
"ကြာလိုက်တာကိုကိုရာ လေးနာရီခွဲနေပြီ"
"မလောနဲ့လေ ကျောင်းကြီးကထွက်မပြေးပါဘူးကွ"
"နောက်မကျချင်လို့ပါ..ရော့ နွားနို့..."
စကားတောင်မဆုံးသေး ဆွဲယူပြီးတဂွပ်ဂွပ်မော့သောက်လိုက်သူကိုပြူးကြည့်နေမိသည်။ ကိုကိုကဖန်ခွက်အလွတ်ကိုပြန်ချလာရင်း...သူ့ကိုကြည့်နေတဲ့ကျွန်တော့်နှုတ်ခမ်းမှာပေနေတဲ့နွားနို့အချို့ကိုလက်မနဲ့ဖိပွတ်လိုက်ကာထိုလက်မကိုသူ့ပါးစပ်ထဲထည့်လိုက်ပြန်သည်။
"ကိုကိုစက်ဘီးသွားထုတ်လိုက်ဦးမယ် အေးဆေးသောက်ပြီးလိုက်ခဲ့..."
လှည့်ထွက်သွားတဲ့ကျောပြင်ကွယ်သွားသည်နှင့်...
"ဖွားမှုံ...ကိုကိုကဘာလို့ပဲအရမ်းများလာတာလဲ.."
"မြေးဘုန်းကပဲများတယ် ဟုတ်လားမြေး"
"ဟုတ်တယ်လေ..အဲ့မှာကြည့်ပါလားဖွားမှုံရဲ့ ပြင်လို့ဆင်လို့်ကိုမပြီးတော့ဘူး ပြီးရင်ထွက်လာရင်လည်းဒီတိုင်းဘဲဟာကို"
ထို့နောက်လက်ကျန်နွားနို့ကိုမော့ချလိုက်ပြီးကိုကို့ဖန်ခွက်ပါယူကာ ဘေစင်တွင်ဆေးနေရင်း...
"ဆယ်တန်းဆိုတော့ကျောင်းမှာအကြီးဆုံးဘဲလေ အဲ့ဒါကြောင့်များရှိုးတွေဘာတွေထုတ်ချင်နေလားမသိပါဘူး"
သူ့အပြောကြောင့်ဖွားမှုံကသဘောတကျရီလိုက်ရင်း ..
"မြေးရယ်..မြေးအစ်ကိုကပဲမများပါဘူးကွယ်..အရွယ်ရောက်လာလို့ပါ.."
"အဲ့ဒါလည်းဟုတ်မှာပေါ့နော်"
ထို့နောက် ဘုန်းပြည့်,လက်မှနာရီအားကြည့်လိုက်ပြီး...
"ဒါဆို သားတို့သွားတော့မယ်နော် ဖွားမှုံ"
ပြောရင်းနဲ့မှဖွားမှုံ၏ကရမက်နံ့သင်းနေသောပါးအိအိနှစ်ဖက်ကိုအားရပါးရမွှေးကြူလိုက်လေတော့...
"အမလေး အချွဲလေးပါတော် အချွဲလေးပါ သတိထားသွားကြဦး ညီအစ်ကိုတွေ..."
"သားကဒီအနံ့လေးကိုသိပ်ကြိုက်တာ...သွားပြီ ဖွားမှုံတာ့တာ..."
"တာ့တာ တာ့တာ..."
ဘုန်းပြည့်,အိမ်ရှေ့ရောက်တော့စက်ဘီးကိုစစ်ဆေနေတဲ့ကိုကိုကအနားလျှောက်လာပြီးHoodieခေါင်းစွပ်ကိုစွပ်ချပေးကာ လေမဝင်စေရန်အတွက်ကြိုးစနှစ်ဖက်ကိုပါဆွဲချပေးလာ၏။
"လေတိုးပြီးအေးနေမယ်..အခုတည်းကနားရွက်ဖျားတွေကအေးနေပြီ လာ တက်..သွားမယ်"
လုပ်ပေးသမျှကိုပြုံးပြုံးလေးငြိမ်ခံနေတဲ့ကောင်လေးက...
"စက်ဘီးကတစ်စီးတည်းလားကိုကို နှစ်စီးမသွားဘူးလား"
"မှောင်နေသေးတယ်လေ.. မင်းကိုတစ်စီးပေးစီးဖို့ ကိုကိုစိတ်မချဘူး လာပါတက်တော့ နောက်ကျနေမယ်"
ဘုန်းပြည့်,လည်းထပ်ပြောမနေတော့ဘဲကယ်ရီယာခုံပေါ်တင်ပလွှဲဝင်ထိုင်လိုက်ရင်း ကိုကို့ခါးနားကအင်္ကျီစနှစ်ဖက်ကိုကိုင်လိုက်တော့ မျက်ခုံးကြီးတွန့်ချိုးပြီးကြည့်လာသူကြောင့် ဘာလို့လဲဟုမေးဆတ်ပြလိုက်တော့..
"ကျစ် !"
ဘာမှမပြောဘဲစုတ်သပ်လိုက်သူက အရှေ့ပြန်လှည့်သွားပြီးစက်ဘီးစတင်နင်းလေတော့၏။
============================
အိမ်မှထွက်ပြီးငါးမိနစ်ခန့်အကြာ...သူ့ကျောပြင်ကိုလာလာထိနေတဲ့ခေါင်းလုံးလုံးကြောင့်...
"ချမ်း...မင်းငိုက်မယ်ဆိုလည်း ငါ့ကိုသေချာကိုင်ထားပြီးငိုက်..ပြုတ်ကျနေမယ်"
ရုတ်တရက်ခေါ်လိုက်သံကြောင့် ဘုန်းပြည့်,တုန်တက်သွားရ၏။ထို့နောက် ပြောလာသူအလိုကျဖြစ်စေရန် လက်နှစ်ဖက်ဖြင့်ခါးအားတင်းတင်းဖက်လိုက်ပြီး ကျောပြင်ဆီညာဘက်ပါးအပ်လိုက်ကာ အချိန်ရသလောက်လေးအိပ်ရန်မျက်လုံးများမှိတ်ချလိုက်ပါသည်။
အရှေ့ကလူကတော့ကျေနပ်ပြုံးကြီးနဲ့ပေါ့...။
*ချမ်း* ဟုတ်ပါတယ်...သူဆယ်တန်းစတက်ကတည်းကကျွန်တော့်ကိုအဲ့နာမ်စားစခေါ်တော့တာဘဲ...ဘာလို့လဲမေးတော့ ဘုန်းပြည့်နဲ့ညီလေးဆိုတဲ့နာမ်စားက ခေါ်ရတာရှည်လို့တဲ့ခင်ဗျ။*ချမ်း* ဆိုတာကိုသူတစ်ယောက်တည်းအသက်တွေကြီးတဲ့အထိခေါ်မယ်တဲ့။ ကျွန်တော့်သူငယ်ချင်းတွေကိုလည်း အဲ့ဒီနာမ်စားသုံးပြီးမခေါ်စေနဲ့တဲ့လေ။ တစ်ခါတစ်ခါကျရင် ကိုကို့အတွေးတွေကိုကျွန်တော်လိုက်မမီဘူးခင်ဗျ။
ဟော... အခုလည်းကြည့်သီချင်းအော်ဆိုနေပြန်ပြီ။
♫︎ တစ်နေ့ကသူ့မျက်နှာတွေ့လိုက်ရသည်..
ကိုယ်လေသေလုမျောပါးကွယ်...ခံစားရတဲ့အဖြစ်ကို
ဆန်းစစ်ကြည့်ရင်..ဪ...ချစ်တာဘဲဖြစ်မည်..
သူ့ရဲ့အပြုံးဟာရင်ခုန်သည် တစ်သက်လုံးဒီတိုင်း
ချစ်ချင်သည်...အကြင်နာချစ်စကား ပြောခွင့်ပေးပါ
အတည်...
အသည်းမှာလည်းစိုးရိမ်သည်...သူများဦးမှာတွေး
ကြောက်သည်...
အခုတော့..သိပြီ....သူ့ကို ကိုယ်ချစ်သည်....♫︎
__________________________________________
𝙆𝙈𝙏-💜-
𝟏𝟑 𝙊𝘾𝙏,𝟐𝟎𝟐𝟏-♒-
Zawgyi ⬇️
ျမဴေတြဆိုင္းေနတဲ့ေအးစက္စက္မနက္ခင္းတစ္ခု...
တိတိပပဆိုရလွ်င္...၂၀၀၅ ခုနစ္ ဒီဇင္ဘာ ၃၀ရက္မနက္ ၄နာရီ။ ရန္ကုန္ၿမိဳ႕ေဆာင္းတြင္းရဲ႕အေအးဆုံးအခ်ိန္ဟုဆိုလွ်င္လည္းမမွား...။ ထိုအခ်ိန္ႀကီးမွာမွသီခ်င္းအက်ယ္ႀကီးဆိုၿပီေရထခ်ိဳးေနသူတစ္ေယာက္လည္းရွိပါ၏။
♫︎ ေခါင္းေလာင္းေလးေတြ ျမည္ေနၿပီ...
ငွက္ကေလးေတြလည္း ေတးဆိုသီ...
နာရီစင္က သုံးခ်က္တီးသံျမည္...
ႏွင္း..ေတြလည္းက်ေနသည္...
ဒီေဆာင္း...ေျမာက္ေလ...ျမဴးၿပီ..
အခုေတာ့သိၿပီ သူ႔ကို..ကိုယ္..ခ်စ္သည္...♫︎
ဟုတ္တယ္...သူ႔ကိုကိုယ္ခ်စ္တယ္။ ေျပာင္းလဲလာတဲ့ေခတ္နဲ႔အ႐ြယ္ေရာက္လာလို႔တျဖည္းျဖည္းသိလာရတဲ့အသိဉာဏ္ေတြအရ...ငယ္ငယ္တည္းကအေျဖရွာခဲ့တဲ့အေျဖတစ္ခုကို ကိုးတန္းေႏြရာသီေက်ာင္းပိတ္ရက္မွာရွင္းရွင္းလင္းလင္းသိလိုက္ရတဲ့တစ္ဆက္တည္းမွာဘဲ ကိုယ္ခ်စ္ေနတာမိန္းကေလးတစ္ေယာက္ကိုမဟုတ္ဘဲ... ကိုယ္နဲ႔လိင္တူအမ်ိဳးသားေလးတစ္ေယာက္ကိုဆိုေတာ့ နည္းနည္းေတာ့လန႔္စရာေကာင္းတယ္။ ထပ္ၿပီးေတာ့ ကိုယ္ခ်စ္မိေနတာ တျခားသူမဟုတ္ဘဲ အမ်ားကကိုယ့္ညီလို႔သိထားတဲ့ေကာင္ေလးျဖစ္ေနေလေတာ့ သူနည္းနည္းေတာ့စိုးရိမ္တာေပါ့။
ဒါေပမယ့္ အခ်စ္ကအခ်စ္ဘဲလို႔ကြၽန္ေတာ္ထင္တယ္။အခ်စ္ကျဒပ္မဲ့ဘဲေလ..မင္းကေယာက္်ားေလးမို႔မိန္းကေလးကိုဘဲခ်စ္ရမယ္လို႔မျပဌာန္းထားဘူးထင္ပါရဲ႕..။ကြၽန္ေတာ့္အေတြးပါ... မင္း အေတြးႀကီးကမွားေနတယ္လို႔လာေျပာခဲ့ရင္လည္း ေျပာတဲ့သူကို ဘာမ်ားထိခိုက္ေနပါသလဲလို႔ျပန္ေမးၾကည့္ခ်င္ပါရဲ႕။
အင္း...ကြၽန္ေတာ္ခ်စ္တဲ့သူကထိခိုက္ပါတယ္လို႔ေျပာလာရင္ေတာ့ စဥ္းစားစရာျဖစ္ၿပီေပါ့။
ဆုံးသြားတဲ့ညီေလးကိုလည္းအားနာမိပါတယ္။သူ႔အစ္ကိုကသူ႔ေနရာေရာက္ေနတဲ့သူကိုအေရာင္ဆိုးခ်င္ေနမွန္းသိရင္ အေဖေျပာတဲ့နတ္သားပိစိေလးျဖစ္ေနၿပီဆိုတဲ့ ညီေလးစိတ္မေကာင္းမ်ားျဖစ္ေနမလား။
ဒုန္း ဒုန္း ဒုန္း!!!
"ကိုကို..! ကိုကိုေရ! ..ကိုကို!!!"
ေရခ်ိဳးခန္းတံခါးေခါက္သံနဲ႔တစ္ဆက္တည္းထြက္ေပၚလာတဲ့အသံေလးတစ္ခု။ ငယ္ငယ္တုန္းကအသံေလးနဲ႔မတူေတာ့ဘူး နည္းနည္းေအာေအာေလးျဖစ္လာၿပီဗ်။
"ေဝး !"
"ေလးနာရီထိုးၿပီးေနၿပီ ျမန္ျမန္လုပ္ အေအးပက္မယ္"
"ဟုတ္ကဲ့...ကိုႀကီး"
ဘုန္းျပည့္,ေရခ်ိဳးခန္းထဲမွလူကိုရည္႐ြယ္ကာႏွာေခါင္းတစ္ခ်က္ရႈံ႕လိုက္ရင္း အဝတ္ဗီ႐ိုဆီေလွ်ာက္လာလိုက္သည္။
ဒီေန႔ေက်ာင္းမွာဒီဇင္ဘာလမ္းေလွ်ာက္ပြဲရွိတယ္။ ၅နာရီအေရာက္ေက်ာင္းမွာစုရမယ္လို႔မွာထားတဲ့အတြက္ သူတို႔ေစာေစာထၿပီးျပင္ဆင္ေနၾကျခင္း။
(ေလးနာရီႀကီးေရထခ်ိဳးေနတယ္ မေအးဘူးလားမသိဘူး..ကိုကိုကေတာ့သူထင္ရာလုပ္ေနေတာ့တာဘဲ )
ကိုကို႔အတြက္ဗီ႐ိုထဲမွအျဖဴအစိမ္းယူနီေဖာင္းရယ္ ေက်ာင္းတံဆိပ္ပါတဲ Hoodieတစ္ထည္ရယ္ထုတ္ယူလိုက္ၿပီးကုတင္ေပၚအသင့္တင္ေပးထားလိုက္၏။ ကုတင္ေဘးကစာၾကည့္စားပြဲဆီအၾကည့္ေရာက္ေတာ့ ခ်စ္စဖြယ္ရယ္ျပေနတဲ့ေကာင္ေလးႏွစ္ေယာက္ရဲ႕ဓာတ္ပုံေလးကမေျပာင္းမလဲရွိေနဆဲပါ။ ေျပာင္းလဲသြားတာဆိုလို႔တစ္ေယာက္တစ္ခန္းျဖစ္သြားျခင္းပင္။ ေဖေဖကအ႐ြယ္ေရာက္လာတဲ့သားေယာက္်ားေလးႏွစ္ေယာက္အတြက္ဤအခန္းကက်ဥ္းတယ္ဟုဆိုကာ ကြၽန္ေတာ့္ကို,ကိုကိုနဲ႔ကပ္ရက္အခန္းမွာေနေစသည္။ အင္း..ကိုကိုကအအိပ္ၾကမ္းေတာ့ကြၽန္ေတာ္လည္းတစ္ေယာက္တည္းအိပ္ခ်င္ေနတာေတာ္ေတာ္ၾကာၿပီ။
အခန္းေျပာင္းတုန္းကလည္းကိုကိုတစ္ေယာက္ဂယက္ေတြထေနခဲ့သည္။ အခန္းနံရံဖြင့္လိုက္ရင္ရတာဘဲေျပာလို႔ ေဖေဖနဲ႔စကားႏိုင္လုေနၾကေသးသည္။ အခန္းနံရံဖြင့္လိုက္ရင္လည္းတစ္ေယာက္တည္းဘဲအိပ္ပါရေစ။ဘာလို႔ဆိုကိုကိုတစ္ေန႔တျခားႀကီးထြားလာလိုက္တာ တျခားဆယ္တန္းအစ္ကိုေတြနဲ႔မတူဘဲသူတစ္ေယာက္တည္းနည္းနည္းထြားထြားႀကီးျဖစ္ေန၏။ ဘာစိတ္ကူးေပါက္လဲမသိပါဘူး ကိုးတန္းေက်ာင္းပိတ္တည္းကေဆာ့လိုက္တဲ့ gym..အခုဆယ္တန္းေရာက္လာျပန္ေတာ့လည္းတစ္ပတ္တစ္ရက္သြားေနတုန္း။ ေဖေဖကစာအာ႐ုံစိုက္ဖို႔ေျပာေတာ့တစ္ႏွစ္တည္းေအာင္ရင္ၿပီးေရာမလားတဲ့။ မေအာင္ရင္အိမ္ေပၚကဆင္းဆိုေတာ့ အသက္မျပည့္ေသးတဲ့သားကိုအဲ့လိုလက္လြတ္စပယ္ေျပာလို႔ရလားတဲ့...။ ကဲ...မခက္ဘူးလား။ ေဖေဖကေတာ့ကိုကို႔ကိုလက္ေရာေျခေရာေျမႇာက္ပါတယ္တဲ့။
"သားငယ္"
သူအေတြးလြန္ေနတုန္းေမေမအခန္းထဲေရာက္လာတာေတာင္မသိလိုက္။
"ဟင္..ေမေမ"
"အင္း သားငယ္..သားအစ္ကိုေရခ်ိဳးေနတုန္းလား"
"ဟုတ္ ေမေမ..ေမေမကဘာလို႔ထလာတာဘဲအိပ္ေနတာမဟုတ္ဘူး"
မေန႔က Operation တစ္ခုရွိ၍ေတာ္ေတာ္ဉာဥ့္နက္မွျပန္ေရာက္လာမွန္းသိသျဖင့္ သားငယ္ကအတင္းျပန္အိပ္ခိုင္းေနျခင္းပင္။
"ေမေမျပန္အိပ္ပါ့မယ္..ဒီမွာ ဒါေလးယူသြားသူငယ္ခ်င္းေတြကိုလည္းမုန႔္ဝယ္ေကြၽးလိုက္"
လက္ထဲေရာက္လာတာက တစ္ေထာင္တန္ငါး႐ြက္။
"သားမွာရွိပါတယ္ေမေမရဲ႕...သားဝယ္ေကြၽးလိုက္ပါ့မယ္"
"ယူထားပါသားရဲ႕..တစ္ခါတေလမွသြားတာ..ဒါနဲ႔ေမေမလိုက္ပို႔ေပးရမလား"
"ရတယ္ ေမေမ..ေမေမနားပါ ကိုကိုကစက္ဘီးနဲ႔သြားမယ္တဲ့.."
စက္ဘီးျဖင့္သြားမည္ဆို၍ ေမေမကေရခ်ိဳးခန္းကိုၾကည့္ကာ...
"ဒီေကာင္ေလးကေလလြယ္တာကိုခက္ေအာင္လုပ္ေန တယ္..အျပင္မွာဒီေလာက္ေအးေနတာကို"
ကိုကိုကလည္းကိုကိုပင္..ေဖေဖကအလုပ္ကိစၥနဲ႔စကၤာပူသို႔ခရီးထြက္ေနရ၍ကိုႀကီးဝင္းႏိုင္ကိုလိုက္ပို႔ခိုင္းမယ္ဆိုေတာ့လည္းမဟုတ္။စက္ဘီးနဲ႔ဘဲသြားမယ္တကဲကဲျဖစ္ေနသည္။
"ေအးပါ သားတို႔အဆင္ေျပရင္ၿပီးေရာ မသြားခင္ႏြားႏို႔ေလးေတာ့ေသာက္သြားၾကဦး ဖြားမႈံကအေစာႀကီးထလုပ္ေပးထားရတာ..."
"ဟုတ္ ေမေမ သားတို႔ေသာက္သြားလိုက္ပါ့မယ္..ေမေမနည္းနည္းထပ္အိပ္လိုက္ဦးေနာ္..."
"ေအးပါ သားရဲ႕..အဲ့ဒါဆိုေမေမသြားမယ္"
"ေမေမ..."
လွည့္ၾကည့္လာေသာအၿပဳံးႏွင့္ေမေမ့အား သူႏွစ္လိုဖြယ္ျပန္ၿပဳံးျပလိုက္ၿပီး...
"သား ခ်စ္တယ္ေနာ္"
"ေမေမကလည္းခ်စ္ပါတယ္"
ေမြးစားသားဆိုေပမယ့္သားအရင္းကဲ့သို႔ေမတၱာမ်ိဳးေပးတဲ့ေမေမတို႔ေက်းဇူးေတြကအလြန္ေႏြးေထြးပါသည္။ ေက်းဇူးတင္ပါတယ္ေဖေဖနဲ႔ေမေမ ခ်စ္လည္းခ်စ္ရပါတယ္။
ေမေမအခန္းထဲဝင္တာၾကည့္ေနရင္းလည္ဂုတ္ဆီမွေအးခနဲခံစားခ်က္ေၾကာင့္အလန႔္တၾကားလွည့္ၾကည့္လိုက္ေတာ့ႂကြက္သားအနည္းငယ္ထြက္စျပဳေနတဲ့ခႏၶာကိုယ္ကိုအေပၚပိုင္းဗလာက်င္းထားကာေအာက္ပိုင္းကိုတဘက္တစ္ထည္ပတ္ထားေသာကိုကိုကသူ႔လက္ေအးေအးနဲ႔ဘုန္းျပည့္,လည္ဂုတ္ကိုလွမ္းကိုင္ကာစလိုက္ျခင္း။
"ေအးတယ္ ကိုကိုရ.."
ေသေသသပ္သပ္ညႇပ္ထားေသာေရစိုေနသည့္ဆံပင္နက္နက္တို႔ကနဖူးေပၚဟိုတစ္စဒီတစ္စဝဲက်ေနသည္။မ်က္ခုံးနက္နက္တို႔ေအာက္မွမ်က္ဝန္းနက္နက္တို႔ကသူ႔ကိုရယ္႐ႊင္ရိပ္ျမဴးစြာၾကည့္ေနရင္း...
"မင္း ေရမခ်ိဳးဘူးလား..ညစ္ပတ္ေလး"
"ညတည္းကခ်ိဳးၿပီးသား..ကိုကိုကေခါင္းပါေလွ်ာ္လိုက္တာလား..အခ်ိန္မမီဘဲေနဦးမယ္ "
ေျပာရင္းဆိုရင္းဆံပင္အညိဳေဖ်ာ့ေဖ်ာ့ထူထူအုပ္အုပ္နဲ႔ေကာင္ေလးက Dryer ဆြဲယူလာ၏။
"ကိုကို႔္ဆံပင္ကတိုတိုေလးျမန္ျမန္ေျခာက္တယ္..အဲ့ဒါႀကီးထားခဲ့ ေအာက္မွာသြားေစာင့္ေန သြားေတာ့.."
ထိုအခါ ေကာင္ေလးက Dryerကိုစားပြဲေပၚတင္လိုက္ၿပီး...
"ၿပီးေရာ.. ေအာက္မွာႏြားႏို႔သြားေသာက္ေတာ့မယ္ ေမေမႏြားႏို႔ေသာက္သြားတဲ့...ျမန္ျမန္ဆင္းခဲ့ေနာ္ ကိုကို..ဇိမ္ဆြဲမေနနဲ႔"
စကားအလြန္မ်ားေသာထိုေကာင္ေလးကိုသူဆြဲယမ္းပစ္လိုက္ခ်င္ေနပါၿပီ။
"နားၿငီးတာကြာ...အျမန္သြားေတာ့"
"အေကာင္းလည္းေျပာရေသးတယ္..."
ေျပာၿပီးတာနဲ႔ခ်ာခနဲလွည့္ထြက္သြားသူကေတာ့ သူ႔ဂုတ္ပိုးေမြးညင္းစိမ္းေလးေတြကိုအူယားေနသည့္သူတစ္ေယာက္ရွိမွန္းသိခ်င္မွသိပါလိမ့္မည္။
ဘုန္းဟန္,ခႏၶာကိုယ္ရွိေရစက္မ်ားအားေျခာက္ေအာင္သုတ္လိုက္ၿပီးေနာက္ ကုတင္ေပၚမွာအသင့္ေတြ႕ရတဲ့အဝတ္အစားေလးေတြကိုၿပဳံးၾကည့္လိုက္ရင္းျမန္ျမန္ယူဝတ္လိုက္ပါ၏။
ဆံပင္မ်ားကိုအေပၚလွန္ၿဖီးၿပီးေနာက္ သူ၏ျပင္ဆင္ျခင္းအမႈအားလုံးၿပီးဆုံးသြားေလၿပီ။ ေအာက္ထပ္ေရာက္ေတာ့ႏြားႏို႔တစ္ဝက္က်ိဳးေနသူက..
"ၾကာလိုက္တာကိုကိုရာ ေလးနာရီခြဲေနၿပီ"
"မေလာနဲ႔ေလ ေက်ာင္းႀကီးကထြက္မေျပးပါဘူးကြ"
"ေနာက္မက်ခ်င္လို႔ပါ..ေရာ့ ႏြားႏို႔..."
စကားေတာင္မဆုံးေသး ဆြဲယူၿပီးတဂြပ္ဂြပ္ေမာ့ေသာက္လိုက္သူကိုျပဴးၾကည့္ေနမိသည္။ ကိုကိုကဖန္ခြက္အလြတ္ကိုျပန္ခ်လာရင္း...သူ႔ကိုၾကည့္ေနတဲ့ကြၽန္ေတာ့္ႏႈတ္ခမ္းမွာေပေနတဲ့ႏြားႏို႔အခ်ိဳ႕ကိုလက္မနဲ႔ဖိပြတ္လိုက္ကာထိုလက္မကိုသူ႔ပါးစပ္ထဲထည့္လိုက္ျပန္သည္။
"ကိုကိုစက္ဘီးသြားထုတ္လိုက္ဦးမယ္ ေအးေဆးေသာက္ၿပီးလိုက္ခဲ့..."
လွည့္ထြက္သြားတဲ့ေက်ာျပင္ကြယ္သြားသည္ႏွင့္...
"ဖြားမႈံ...ကိုကိုကဘာလို႔ပဲအရမ္းမ်ားလာတာလဲ.."
"ေျမးဘုန္းကပဲမ်ားတယ္ ဟုတ္လားေျမး"
"ဟုတ္တယ္ေလ..အဲ့မွာၾကည့္ပါလားဖြားမႈံရဲ႕ ျပင္လို႔ဆင္လို႔္ကိုမၿပီးေတာ့ဘူး ၿပီးရင္ထြက္လာရင္လည္းဒီတိုင္းဘဲဟာကို"
ထို႔ေနာက္လက္က်န္ႏြားႏို႔ကိုေမာ့ခ်လိုက္ၿပီးကိုကို႔ဖန္ခြက္ပါယူကာ ေဘစင္တြင္ေဆးေနရင္း...
"ဆယ္တန္းဆိုေတာ့ေက်ာင္းမွာအႀကီးဆုံးဘဲေလ အဲ့ဒါေၾကာင့္မ်ားရႈိးေတြဘာေတြထုတ္ခ်င္ေနလားမသိပါဘူး"
သူ႔အေျပာေၾကာင့္ဖြားမႈံကသေဘာတက်ရီလိုက္ရင္း ..
"ေျမးရယ္..ေျမးအစ္ကိုကပဲမမ်ားပါဘူးကြယ္..အ႐ြယ္ေရာက္လာလို႔ပါ.."
"အဲ့ဒါလည္းဟုတ္မွာေပါ့ေနာ္"
ထို႔ေနာက္ ဘုန္းျပည့္,လက္မွနာရီအားၾကည့္လိုက္ၿပီး...
"ဒါဆို သားတို႔သြားေတာ့မယ္ေနာ္ ဖြားမႈံ"
ေျပာရင္းနဲ႔မွဖြားမႈံ၏ကရမက္နံ႔သင္းေနေသာပါးအိအိႏွစ္ဖက္ကိုအားရပါးရေမႊးၾကဴလိုက္ေလေတာ့...
"အမေလး အခြၽဲေလးပါေတာ္ အခြၽဲေလးပါ သတိထားသြားၾကဦး ညီအစ္ကိုေတြ..."
"သားကဒီအနံ႔ေလးကိုသိပ္ႀကိဳက္တာ...သြားၿပီ ဖြားမႈံတာ့တာ..."
"တာ့တာ တာ့တာ..."
ဘုန္းျပည့္,အိမ္ေရွ႕ေရာက္ေတာ့စက္ဘီးကိုစစ္ေဆေနတဲ့ကိုကိုကအနားေလွ်ာက္လာၿပီးHoodieေခါင္းစြပ္ကိုစြပ္ခ်ေပးကာ ေလမဝင္ေစရန္အတြက္ႀကိဳးစႏွစ္ဖက္ကိုပါဆြဲခ်ေပးလာ၏။
"ေလတိုးၿပီးေအးေနမယ္..အခုတည္းကနား႐ြက္ဖ်ားေတြကေအးေနၿပီ လာ တက္..သြားမယ္"
လုပ္ေပးသမွ်ကိုၿပဳံးၿပဳံးေလးၿငိမ္ခံေနတဲ့ေကာင္ေလးက...
"စက္ဘီးကတစ္စီးတည္းလားကိုကို ႏွစ္စီးမသြားဘူးလား"
"ေမွာင္ေနေသးတယ္ေလ.. မင္းကိုတစ္စီးေပးစီးဖို႔ ကိုကိုစိတ္မခ်ဘူး လာပါတက္ေတာ့ ေနာက္က်ေနမယ္"
ဘုန္းျပည့္,လည္းထပ္ေျပာမေနေတာ့ဘဲကယ္ရီယာခုံေပၚတင္ပလႊဲဝင္ထိုင္လိုက္ရင္း ကိုကို႔ခါးနားကအက်ႌစႏွစ္ဖက္ကိုကိုင္လိုက္ေတာ့ မ်က္ခုံးႀကီးတြန႔္ခ်ိဳးၿပီးၾကည့္လာသူေၾကာင့္ ဘာလို႔လဲဟုေမးဆတ္ျပလိုက္ေတာ့..
"က်စ္ !"
ဘာမွမေျပာဘဲစုတ္သပ္လိုက္သူက အေရွ႕ျပန္လွည့္သြားၿပီးစက္ဘီးစတင္နင္းေလေတာ့၏။
============================
အိမ္မွထြက္ၿပီးငါးမိနစ္ခန႔္အၾကာ...သူ႔ေက်ာျပင္ကိုလာလာထိေနတဲ့ေခါင္းလုံးလုံးေၾကာင့္...
"ခ်မ္း...မင္းငိုက္မယ္ဆိုလည္း ငါ့ကိုေသခ်ာကိုင္ထားၿပီးငိုက္..ျပဳတ္က်ေနမယ္"
႐ုတ္တရက္ေခၚလိုက္သံေၾကာင့္ ဘုန္းျပည့္,တုန္တက္သြားရ၏။ထို႔ေနာက္ ေျပာလာသူအလိုက်ျဖစ္ေစရန္ လက္ႏွစ္ဖက္ျဖင့္ခါးအားတင္းတင္းဖက္လိုက္ၿပီး ေက်ာျပင္ဆီညာဘက္ပါးအပ္လိုက္ကာ အခ်ိန္ရသေလာက္ေလးအိပ္ရန္မ်က္လုံးမ်ားမွိတ္ခ်လိုက္ပါသည္။
အေရွ႕ကလူကေတာ့ေက်နပ္ၿပဳံးႀကီးနဲ႔ေပါ့...။
*ခ်မ္း* ဟုတ္ပါတယ္...သူဆယ္တန္းစတက္ကတည္းကကြၽန္ေတာ့္ကိုအဲ့နာမ္စားစေခၚေတာ့တာဘဲ...ဘာလို႔လဲေမးေတာ့ ဘုန္းျပည့္နဲ႔ညီေလးဆိုတဲ့နာမ္စားက ေခၚရတာရွည္လို႔တဲ့ခင္ဗ်။*ခ်မ္း* ဆိုတာကိုသူတစ္ေယာက္တည္းအသက္ေတြႀကီးတဲ့အထိေခၚမယ္တဲ့။ ကြၽန္ေတာ့္သူငယ္ခ်င္းေတြကိုလည္း အဲ့ဒီနာမ္စားသုံးၿပီးမေခၚေစနဲ႔တဲ့ေလ။ တစ္ခါတစ္ခါက်ရင္ ကိုကို႔အေတြးေတြကိုကြၽန္ေတာ္လိုက္မမီဘူးခင္ဗ်။
ေဟာ... အခုလည္းၾကည့္သီခ်င္းေအာ္ဆိုေနျပန္ၿပီ။
♫︎ တစ္ေန႔ကသူ႔မ်က္ႏွာေတြ႕လိုက္ရသည္..
ကိုယ္ေလေသလုေမ်ာပါးကြယ္...ခံစားရတဲ့အျဖစ္ကို
ဆန္းစစ္ၾကည့္ရင္..ဪ...ခ်စ္တာဘဲျဖစ္မည္..
သူ႔ရဲ႕အၿပဳံးဟာရင္ခုန္သည္ တစ္သက္လုံးဒီတိုင္း
ခ်စ္ခ်င္သည္...အၾကင္နာခ်စ္စကား ေျပာခြင့္ေပးပါ
အတည္...
အသည္းမွာလည္းစိုးရိမ္သည္...သူမ်ားဦးမွာေတြး
ေၾကာက္သည္...
အခုေတာ့..သိၿပီ....သူ႔ကို ကိုယ္ခ်စ္သည္....♫︎
__________________________________________
𝙆𝙈𝙏-💜-
𝟏𝟑 𝙊𝘾𝙏,𝟐𝟎𝟐𝟏-♒-