Is Love Real ??

By Sol_Sol_01

7.3K 353 32

သူကလေ တစ်လျှောက်လုံး ကျွန်မကို လိမ်ညာခဲ့တဲ့အပြင် ကတိတစ်ခုတောင်မတည်ဘဲ အမြဲ ရှောင်ပြေးနေတဲ့ မိန်းမမျိုး ကျွန်မ... More

Is Love Real?? (intro)
Is Love Real?? (part 1)
Is Love Real ?? (part 2)
Is Love Real ?? (part3)
Is Love Real ?? (part 5)
Is Love Real?? (part 6)
Is Love Real?? (part 7)
Is Love Real?? (part8)
Is Love Real ??(part 9)
Is Love Real?? (part10)
Is Love Real?? (part 11)
Is Love Real?? (part12)
Is Love Real?? (part13)
Is Love Real?? (part14)
Is Love Real ??(part 15)
Is Love Real ?? (part 16)
Is Love Real?? (part17)
Is Love Real?? (part18)
Is Love Real?? (part19)
Is Love Real?? (part20)
Is Love Real?? (part21)
Is Love Real?? (part22)
Is Love Real?? (part23)
Is Love Real?? (part 24)

Is Love Real ?? (part 4)

191 17 0
By Sol_Sol_01

ဒီလိုနဲ့ ရက်အနည်းငယ်ကြာတဲ့အခါ သင်းရဲ့ မွေးနေ့ဟာလည်း နီးစပ်လာသလို သင်းကလည်း ဝမ်းနည်းတာမရှိ အဆင်ပြေနေသောကြောင့် အရာအားလုံးဟာ တစ်ဖန်ပုံမှန်ပြန်လှည့်ပတ်လာခဲ့ပြီ.........

" သင်းမွေးနေ့ကနီးနေပြီ သူ့အတွက် Birthday wish ကို စာစီနေတာ အခုထိမရသေးဘူး အရမ်းကြီး sweet အောင်ရေးလိုက်ရင် ငါသူ့ကိုကြိုက်နေတယ်ဆိုတာ ရိပ်မိသွားမလား စိတ်ညစ်တယ် ဘာလုပ်ရမှာလဲ တော်ပြီ"ငါကမေ့တတ်တယ် စာရေးပြီးမှ မှတ်လိုက်မယ်" ဆိုကာ သင်းမွေးနေ့အတွက်   online ကဆိုပေမယ့် the best from online present ဖြစ်ချင်ကာ အကောင်းဆုံးကြိုးစားနေမိသည် ထို့အတူ သူ့ကို Birthday Wish ပေးတဲ့သူတွေထဲမှာ First person လည်း ဖြစ်ချင်မိတာကြောင့် အစွမ်းကုန်ကြိုးစားနေတာပေါ့----

ဒီလို ယွန်းဘက်က အကောင်းဆုံးကြိုးစားနေပေမယ့် သင်းကိုတော့ လုံးဝမပြောခဲ့ပါ surprise တိုက်ချင်သောကြောင့်ဖြစ်သည် ထို့ကြောင့် သင်းနဲ့ကတော့ ပုံမှန်လိုဘဲ ဆက်နေဖြစ်လာခဲ့တယ်.....

ဒီလိုနဲ့ May 27 ရက်နေ့ ည ယွန်း ပထမဆုံး ချစ်ဖူးတဲ့ ကောင်မလေးရဲ့ မွေးနေ့ရောက်လာခဲ့ပြီလေ.......

" ၁၁:၅၉ မှာ vd ပို့ရမယ် ၁၂ မှပို့ရင် internet ကြာတာနဲ့ ၁၂:၁ မှ ရောက်ရင် ငါ first person မဟုတ်တော့ရင်ဘာ်လိုလုပ်မလဲ မဖြစ်ဘူး စာတွေပါ copy ထားရမယ်"

ယွန်း တစ်ယောက် ထိုင်မရထမရနဲ့ တစ်ယောက်တည်းပြာယာခပ်နေခဲ့သည် ...

ည ၁၁ နာရီ ဘဲရှိသေးပေမယ့် ကြည့်နေရင်းတန်းလန်းဖြစ်နေတဲ့ anime ကိုတောင် ယွန်း ဆက်မကြည့်နိုင်တော့ပါ အရမ်းစိတ်လှုပ်ရှားနေသောကြောင့် ခေါင်းထဲမှာလည်း အတွေးများစွာနဲ့ ရင်ခုန်နေလျက် .......

နောက်ဆုံးတော့ ည ၁၁ နာရီ ၅၉ မိနစ်သို့ရောက်လာခဲ့ပြီလေ ~~~

Vd ကို တန်းပို့ပြီး"ချင်း
ယွန်း - Happy Birthday ဆိုတဲ့ voice message လေးနဲ့အတူ
"Happy Thin Day
Wish you all the best
Thanks for being my Bestie
Ahh I wanna be your Bestie for many years
Stay safe and take care your health" ဆိုပြီး ရိုး"ရှင်း"လေးကို မှ ခံစားချက်များစွာ အဓိပ္ပါယ်များစွာနဲ့ ပို့ပေးခဲ့တယ် တကယ်တော့ သင်းကို bestie ထက်ကို ပိုလိုချင်နေခဲ့မိတယ် လောဘများကြီးနေမိလား -------

သင်း - UwU ယူက ပထမဆုံး Birthday wish ပေးတဲ့သူဘဲ အရမ်း လည်း surprise ဖြစ်တယ် ပျော်လည်းပျော်တယ်ကွာ

ယွန်း - ဟဲ" တမင် အဲ့လို first person ဖြစ်ချင်လို့ကို ကြိုလုပ်ကြိုပြင်ထားတာပေါ့

သင်း - ahhh I love you so much

ယွန်း - ဒီကလည်း I love you so much ပါ

ဆိုပြီး Birthday present ကို သင်းက ကြိုက်တာကြောင့်ကော first person ဖြစ်ခွင့်
တာကြောင့်ကော ပျော်နေမိသည် သင်းက ဘယ်လိုသဘောထားနဲ့ I love you လို့ ပြောလိုက်လဲ ယွန်း မသိပေမယ့် ယွန်းပြောလိုက်တဲ့ I love you ဟာ သူငယ်ချင်းဆိုတာထက်ကို ပိုနေပါတယ်
ဒါပေမယ့် လည်း ဟန်ဆောင်ကောင်းတယ်ပြောရမလား စိတ်ထဲကဘယ်လောက်ဘဲ သင်းကို ချစ်နေမိပါစေ တည်ငြိမ်အောင်ထိန်းထားနိုင်ဆဲပေါ့

ခဏကြာတော့ သင်းဟာ ယွန်း edit ပေးထားတဲ့ video လေးကို tag လေးတွဲကာ my day မှာ တင်ခဲ့တယ်---

ယွန်းလည်း မြင်"ချင်း အရမ်းပျော်သွားတယ် ငါ့ကို သူတန်ဖိုးထားပါလားဆိုတဲ့ အသိလေးနဲ့အတူတူပေါ့...........

ဒီလိုနဲ့ May 28 ရက်ဖြစ်တဲ့ သင်းရဲ့ မွေးနေ့လေးဟာ ပျော်ရွှင်စရာများစွာနဲ့ ဖြတ်သန်း ဖြစ်သွားတယ် သင်းက birthday ကျင်းပပုံ vd လေးတွေပို့လာတာကြောင့် သူပျော်နေတာ မြင်ရတောင်ကြောင့် ကိုယ်ပါ မျက်ရည်ကြလာမိတယ် ထိုမျက်ရည်စီးကြောင်းများနဲ့အတူ အချစ်တွေဟာလည်း တိုးပွားလျှက်ပေါ့------

မကြာခင် May 31 ယွန်း Birthday ရောက်လာတော့မယ်လေ .........

ယွန်း Birthday မှာ အများကြီး မမျှော်လင့်ထားဘူး ယွန်းကို တကယ်ချစ်တဲ့သူတွေရှိရဲ့လား သိချင်တော့ ယွန်း Birthday နီးလာကြောင်းကို တစ်စပ်မှ မဟခဲ့သလို စကားလမ်းတောင်မစခဲ့ဘူး

ယွန်းသိချင်တယ် အခုတောင် May 29 က 30 ထဲဝင်နေပြီ ယွန်းမိဘ ကိုယ်တိုင်က ယွန်း Birthday ကိုမဟခဲ့ဘူး သူတို့မေ့နေမှာ သေချာပါတယ်

ယွန်းလိုချင်ခဲ့တာက ယွန်းသတိမပေးဘဲ ယွန်းမွေးနေ့လေးကို မှတ်မိစေချင်ခဲ့တာ ယွန်းရဲ့ Friend တွေကိုကအစပေါ့ ဒါပေမယ့်လည်း ယွန်း မိဘကိုယ်တိုင်က မေ့သယောင် ဖြစ်နေတဲ့ အခြေအနေမှာ ယွန်း ဘာမှလည်း မမျှော်လင့်တော့သလို ပုံမှန်သာနေခဲ့ပေမယ့် စိတ်ထဲမှာတော့ နာကျင်လျက်ပေါ့-----

ဒီလိုနဲ့ သင်းနဲ့ ယွန်းဟာလည်း ထုံးစံအတိုင်း စကားစမြည်တွေကြား Bestie ကိုရင်းနှီးတယ်ဆိုတာထက် ချစ်တယ်ဆိုတဲ့ထိ ရောက်လာပြီလေ
သင်းကတော့ မသိပေမယ့် ယွန်းဘက်ကတော့ bestie ထက်ကို ပိုပါတယ်............

ဒီလိုနဲ့ May 30 ရောက်လာပြီလေ ........

မနက်စော"စီး"ယွန်း အိပ်ရာအထ အဖေမှ ဖုန်းဆက်လာတယ်

ယွန်း အဖေ - သမီးရေ Happy Birthday ပါ

ယွန်း ဆွံ့အ သွားခဲ့တယ် ဒီနေ့ဟာ ယွန်း မွေးနေ့မဟုတ်ဘူးလေ

ယွန်း - Daddy ဒီနေ့က သမီး မွေးနေ့မဟုတ်ဘူးလေ May 31 မှလေ

ယွန်း အဖေ - အော်ဟုတ်လား ဖေဖေမှားသွားတာ May 30 ထင်လိုက်တာ

ယွန်း - အော် ဟုတ်

ယွန်းလည်း ဘာမှမပြောနိုင်တော့ပါ အရင်တုန်းကတော့ BD ရောက်ရင် အမြဲ စကားလမ်းကြောင်းစပြီး သတိပေးခဲ့ပေမယ့် အခုကတော့ တမင်သိချင်လို့ကို စမ်းခဲ့တာ ထင်တဲ့အတိုင်းပါဘဲ

ထိုနည်းအတူ သူငယ်ချင်းအချို့ဟာလည်း May 30 မှာ Birthday တွေ လာ wish ကြတယ်

ယွန်း ပြက္ခဒိန်ကို ပြန်လှည့်ကြည့်ရသည် အထိပေါ့

"အော် ငါ့ကို တန်ဖိုးထားချက်က .....ငါက ဘယ်သူ့အတွက်မှ အရေးပါတဲ့သူမဟုတ်ခဲ့ပါဘူး ငါဟာ သာမာန်တစ်ယောက်ပါဘဲ" ယွန်းစိတ်ထဲဝမ်းနည်းကာ မျက်ရည်တွေ စို့တက်လာခဲ့တယ်

ဒီလိုနဲ့ May 30 ည သို့ရောက်လာခဲ့ပြီး ယွန်းရဲ့ ထုံးစံအတိုင်း anime ကြည့်ကာ စိတ်ဖြေဖျောက်နေလိုက်တော့တယ် သင်းနဲ့တောင် စကားသေချာ မပြောဖြစ်သည် အထိပေါ့......

May 31 (12:00) ~~~

Messenger မှာ noti လေးနဲ့အတူ စာလေးရောက်လာခဲ့တယ် ဘယ်သူပါလိမ့်.....

သင်း - Happy birthday မွေးနေ့မှာ ပျော်ရွှင်ပါစေရှင့် သင်း လိုငပျင်းလေးကိုလဲဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်
ကိုယ်ခံအားကောင်းအောင်   ကျန်းမာရေးဂရုစိုက်ပါ ခရီးဝေးသွားရင် ကိုယ်တွေနဲ့သာ
ဆိုရင်တော့  စိတ်ချလိုက် ကိုယ်တွေပြုစုပေးမှာမို့လို့
အိုင်ရဲ့ bd wish တော့ ယွန်း ကိုယ်ခံအားကောင်းပါစေလို့ wish လိုက်ပါတယ် ဆိုပြီး vd လေးနဲ့အတူ wish လာပါတယ်

ယွန်း - vd က snap တွေနဲ့ ရုပ်ဆိုးတာ အူတက်နေပြီ  haha အရမ်းပျော်တာဘဲ ယူက အိုင်ရဲ့ Bd wish ပေးတာ first person သိလား ကျေးဇူးလည်း အများကြီးတင်ပါတယ်

သင်း - vd ကတော့ meme ဘဲ စိတ်ဆွဲနေလို့ အဲ့လိုလေးဖြစ်သွားတာ ရုပ်မဆိုးရပါဘူး ဒီလောက် ပါးဖောင်း"လေးနဲ့ ချစ်ဖို့ကောင်းတယ့် အိုင့် bestie လေးကို

ယွန်း - အာ ဟုတ်ပါပြီ ဆိုပြီး ရှက်ယမ်း"နဲ့ဖြေခဲ့မိသည်.....

ယွန်း အရမ်းပျော်ပါတယ် ဘာနဲ့မှ မနှိုင်းယှဉ်ရအောင်ပေါ့ ကိုယ်လိုအပ်နေတဲ့အချိန်လေးမှာ ရောက်လာပေးတာ ယွန်းအတွက် သင်းဟာ အရာအားလုံးဖြစ်လာခဲ့ပြီး ထိန်းချုပ်ထားတဲ့ ချစ်နေမိတဲ့ စိတ်တွေဟာလည်း လျှံထွက်လာခဲ့ပြီပေါ့...

ယွန်းဟာ ရာသီအကူးအပြောင်းအချိန်တွေမှာ အရမ်းဖျားလွယ်ပြီး ဖျားရင် ကလေးတစ်ယောက်လိုဂရုစိုက်ရတာပါ သင်းအဲ့ဒါကို သိနေခဲ့တယ် သူယွန်းကို ဂရုစိုက်တယ်ဆိုတဲ့အသိလေးနဲ့တင် ဝမ်းနည်းနေတဲ့စိတ်ကို ဖျောက်ပေးနိုင်တဲ့သူပါ

"သင်းရယ် ငါနင့်ကိုအရမ်းချစ်နေမိပြီဟာ" ဆိုပြီး ယွန်းပါးစပ်လေးကနေ ကိုယ်တိုင်ဝန်ခံလာခဲ့ပြီ

ထို့အတူ ယွန်းရဲ့ timeline မှာလည်း သူငယ်ချင်းအချို့ရဲ့ Birthday wish တွေဟာလည်းရောက်လာခဲ့ပြီလေ အဲ့ချိန်မှာ ယွန်းဟာ ငါ့ကို သူအပါအဝင် တန်ဖိုးထားပေးတဲ့သူတွေရှိပါသေးပါလား ဆိုပြီး ယွန်းရဲ့ Bd နေ့လေးမှာ အပျော်တွေပြန်လည်ရောက်လာခဲ့ပြီလေ .....

ဒီလိုနဲ့ မနက်ကျတော့လည်း အမေနဲ့ ဦးဆီမှ Birthday wish တွေနဲ့အတူ အငယ်မဆီမှလည်း လက်ဆောင်တွေ မုန့်တွေနဲ့ အတူရခဲ့တယ်...

ဒါပေမယ့်လည်း ယွန်းဟာ Birthday ကို ကောင်း"မကျင်းပလိုက်ရပါဘူး အမေတို့ မအားတာကြောင့်ပါ ဒါပေမာ့်လည်း ညကအပျော်ကူးစက်ထားတာကြောင့် ဝမ်းမနည်းနေခဲ့ပါ အဆင်ပြေပါတယ် .........

ဒီလိုနဲ့ May မှ June အကူး ရာသီဥတု စတင်ပြောင်းလဲလာတာနဲ့အညီ ယွန်းဟာ အအေးမိသွားခဲ့ပါတော့တယ်

ယွန်း - ဟိုလေ covid ကလေ အနံ့မရ အရသာပျက်မှပါနော် ဟုတ်တယ်မလား

သင်း - omm ဟုတ်တယ်လေ

ယွန်း covid နဲ့ ပက်သတ်ပြီး အသေးစိတ် မေးနေမိလိုက်တယ် သင်း သတိထားမိသွားနယ်ထင်ပါရဲ့

သင်း - နေမကောင်းလို့လား covid လား

ယွန်း - covid တော့ဟုတ်ပါဘူး ရာသီတုပ်ကွေးပေါ့

သင်း - အော် ဆေးတွေအချိန်မှန်"သောက် သေချာဂရုစိုက် ဓာတ်ဆားရည်လည်းသောက်နော်

ယွန်း - ဆေးတော့သောက်ပါမယ် ဓာတ်ဆားရည်တော့ သိကြားမင်းဆင်းတိုက်တောင် မသောက်ပါ

သင်း - ဓာတ်ဆားရည်တော့ သောက်မှရမယ်လေ မဖြစ်ဘူး" ယူ အိုင့်ကို ဂရုစိုက်ပေးသလို ဒီတစ်ခါ အိုင့်အလှည့်ပေါ့ အခုကစပြီး သောက်မယ့် ဆေးတွေနဲ့အတူ ပုံရိုက်ပြပြီးသောက်ကြောင်းပြရမယ်

ယွန်း - အော် ဟုတ်ကဲ့ပါ

သင်း - ပြီးတော့ ဓာတ်ဆားရည်လည်းသောက်နော် မသောက်ရင် Anime character ဘာညာတွေမသိဘူး ယူ့ကို အိုင် ပါးစပ်နဲ့ mouth to mouth တိုက်ပစ်မှာ ကြားလား

ယွန်း - အော် ဟုတ် haha

ဒီလိုနဲ့ နေ့လည် ထမင်းစားပြီးအချိန်တွင်

သင်း - ဆေးသောက်ပြီးပြီလား

ယွန်း - ဟုတ်သောက်ပြီးပါပြီ ဒီမှာပါ ပုံ

သင်း - အိုကေ ဓာတ်ဆားရည်လည်း သောက်နော် မသောက်ရင်မှတ်မိတယ်နော်

ယွန်း - haha ဟုတ်ပါပြီ

သင်း - omm ဂရုစိုက် တစ်ရေးလောက်အိပ် လိုက် ညကျ ထပ်လာသတိပေးမယ်

ယွန်း - ဟုတ်ပါပြီ

ယွန်း တစ်ခါမှ ဒီလောက်ဂရုစိုက်မခံရဖူးပါဘူး အရမ်းပျော်တယ် သူ့ကြောင့်ဘဲ မသောက်တဲ့ ဓာတ်ဆားရည်ကအစ သောက်ခဲ့တယ် သူဟာ ယွန်းရဲ့ အရာရာပါ ယွန်းစိတ်ထဲ အများဆုံးနေရာယူထားပြီး ယွန်းကို အလွန်ဖမ်းစားနိုင်သူလေးပါ သင်းဘက်က ယွန်းကို ဘယ်လိုခံစားရလဲ မသိပေမယ့် ယွန်းကတော့ ဆက်မဟန်ဆောင်နိုင်တော့ပါဘူး

"သင်း ငါနင့်ကို ငါ့ကောင်မလေးအဖြစ် အပိုင်လိုချင်မိနေပြီ ငါလောဘများကြီးသွားမိမလား ငါစွန့်စားလိုက်ရမလား ငါစွန့်စားလိုက်ရင် Friendship ကပျက်သွားမှာလား........... ဒါပေမယ့် ငါနင့်ကို အရမ်းချစ်မိနေပြီဆိုတာ ကိုတော့ သိစေချင်နေမိပြီ" ~~~~

ပထမဆုံးစာရေးသားခြင်းမလို့ အရေးအသာမကောင်းသည်ဖြစ်သော် စာလုံးပေါင်းမှားသည်ဖြစ်သော် တောင်းပန်းပါတယ် 🙇‍♀️ feedback လေးပေးခဲ့ကြပါ 🙇‍♀️

SOL

Continue Reading

You'll Also Like

8.2K 139 26
This story contains lots of cussing, a few chapters about mental health, and panic attacks. Y/n and Noah have been friends for years. They are neighb...
31.6K 2.6K 28
တစ်သက်နှင့်တစ်ကိုယ်မရောက်ဖူးသည့် အရက်ဘားတစ်ခုတွင် မြနန္ဒာဟူသော အမျိုးသမီးတစ်ဦးကို ကျွန်မ ရှာဖွေနေကြောင်း သူငယ်ချင်းတွေမြင်ခဲ့လျှင် "ကေသီ၊နင်ရူးသွားပ...
49.9K 971 8
Sara is your ordinary girl who just wants to enjoy her summer vacation with her boyfriend Kyle. Then one day he shows her that he's a centaur and tha...
34.4K 4.6K 48
"ඒයි ඇටිකිච්ච ඔහොම ඉන්නවා" "නේත්‍ර, නේත්‍ර... මගේ නම නේත්‍ර" "මොකද උඹේ කට ඔච්චර සද්දෙ, මට ඔය වයසට වඩා උඩ පනින්න දඟලන ඇටි කිච්චන්ව පේන්න බෑ. ඒ නිසා මට...