{Zawgyi}
"အရွင္မင္းႀကီး နတ္႐ြာစံသြားတာမွမၾကာေသးေတာ္
အခုမင္းအသစ္က အရူးဘုံေျမာက္သလိုလိုလုပ္ေနတယ္ေတာ့"
"ဟယ္...ဟုတ္ပါ့ ဟုတ္ပါ့ ေသြးမေတာ္သားမစပ္နဲ႔ ရာဇပလႅင္ကိုလုယူရဲတာ က်ဳပ္ေတာ့ျဖင့္ ဘဝင္မေတြ႕ပါဘူး"
အုတ္ေအာ္ေသာင္းနင္းဆူညံေနသည့္ ေဈးလမ္းတြင္ ဝဏၷဳေဇဒါ၏ ျပည့္ရွင္မင္းအသစ္အေၾကာင္း ဟိုတစ္စဒီတစ္စနွင့္ ျပန္႔နွ႔ံလို႔ေနသည္။
လြန္ခဲ့တဲ့၃နွစ္က ထိုေန႔လိုမ်ဳိးအျဖစ္နွင့္ လုံးလုံးလ်ားလ်ားႀကီးကြဲျပားေနေသာ အေျခအေနေၾကာင့္ ေသရည္ဆိုင္ထဲရွိ အမ်ိဳးသားတစ္ဦးမွာ ခပ္မဲ့မဲ့ျပဳံးကာ လက္က်န္ေသရည္အား အကုန္အစင္ေမာ့ခ်လိုက္ေလသည္။
ယိုင္နဲ႔နဲ႔ေျခလွမ္းတို႔ျဖင့္ လာရာလမ္းအတိုင္း ျပန္လွည့္ရန္ျပင္လိုက္ပါေသာ္လည္း ေသရည္အားအလြန္အကြၽံေသာက္မိျခင္းေၾကာင့္ စားေသာက္ဆိုင္၏ ေလွကားေပၚမွဒလိမ့္ေကာက္ေကြးျပဳတ္က်ေလေတာ့သည္။
ဆိုင္ပိုင္ရွင္အား အလုံအေလာက္ေပးထားေသာ ေငြစမ်က္နွာေၾကာင့္ ထိုေယာက္်ားသားအား မည္သူမ်ွရန္စမရွာရဲေသာ္လည္း တစ္ဆိုင္လုံးက သူ႔အားသိပ္ၾကည္ပုံမရ။
အထင္ေသးျခင္းတို႔ျပည့္ေနသည့္ မ်က္ဝန္းတို႔ဆီမွ သူ႔အားစက္ဆုပ္႐ြံရွာေနသည္အား အတိုင္းသားခံစားမိသည္။
ကိုယ္ကိုျပန္ထိန္းကာ မတ္တပ္ရပ္လ်က္ ေရွ႕သို႔ဦးတည္ရာမဲ့သာ ဆက္ေလ်ွာက္ရန္ဆုံးျဖတ္လိုက္ေတာ့သည္။
လူ႔ဘဝႀကီးက ၿငီးေငြ႕ဖြယ္ေကာင္းလိုက္ေလျခင္း~~
^^^^^^^^^^^^^^
တားျမစ္သစ္ေတာထဲအား အခြင့္မရွိပဲဝင္ေရာက္လာသူသည္ ေတာအလယ္နားက လာေနၾက လွိုဏ္ဂူထဲရွိ ေရကန္နံေဘး၌ ေက်ာခ်ရန္ျပင္သည္။
တိတ္ဆိတ္ေနသည့္ပတ္ဝန္းက်င္သည္ သူ၏စိတ္အား ပုံမွန္အခ်ိန္မ်ားထက္ပိုရွင္းေစသည္။
ေရာက္တတ္ရာရာနယ္ခ်ဲ့မိေသာ အေတြးတို႔က လြန္ခဲ့သည့္ ၃နွစ္ေက်ာ္ကအျဖစ္အပ်က္ဆီအလည္အပတ္ေရာက္သြားသည္။
ျပင္းထန္လွေသာ နန္းတြင္းစစ္ပြဲနွင့္ ေနာက္ဆက္တြဲ အိမ္ေရွ႕စံ၏ အဆုံးစီရင္မႈ၊ ကုန္သည္ေခါင္းေဆာင္၏ ကြပ္မ်က္ခံရမႈ၊ ေနာက္ၿပီး....သူ၏ ထီးနန္းဆက္ခံပြဲ။
တစ္စုံတစ္ရာေပ်ာက္ဆုံးေနတယ္လို႔ မထင္မိေပဘူးလား။
အဲ့တာ သူကိုယ္တိုင္မ်ားလား...။
သူ႔ရဲ႕ အစိတ္အပိုင္းတစ္ခုလား။
မွန္ပါ၏....။
ထိုအနွီ အေယာင္ေဆာင္ထားေသာေယာက္်ားသားသည္ ေနာ္ခြန္း႐ြယ္ဆိုသည့္ ဝဏၷဳေဇဒါ၏ လက္ရွိျပည့္ရွင္မင္းသာ။
ေတြးေလေတြးေလ ေခါင္းကိုက္ရမည့္အစား တဆစ္ဆစ္နွင့္ နာလာပါေသာ ရင္ဘတ္ထဲက ေဝဒနာက ေနာ္ခြန္း႐ြယ္အား ေဒါသထြက္ေစသည္။
"ေသသြားလိုက္ပါေတာ့ေကာလား...."
အတိတ္တို႔ကို အႀကိမ္ႀကိမ္တူးဆြၾကည့္သည္။ သို႔ေပမဲ့ဒုံရင္းသာ..။
ကေလးဘဝမွအစ အ႐ြယ္ေရာက္သည္အထိ အကုန္အစင္မွတ္မိေနေသာ သူက အတိတ္ေမ့သည္ဆိုသည့္ ေခါင္းစဥ္ေတာ့မတပ္နိုင္ပါေခ်။
ထူးျခားသည့္ျဖစ္စဥ္အေနနဲ႔ကေတာ့...
နန္းတြင္းစစ္ပြဲျဖစ္သည့္ညက အေၾကာင္းအရာကိုလုံးလုံးလ်ားလ်ားမမွတ္မိသည္ကလြဲလို႔ေပါ့...။
စစ္ပြဲျဖစ္သည့္ အေၾကာင္းရင္းကိုစဥ္းစားမရသလို မည္သူနွင့္တိုက္ခိုက္ခဲ့သည္ဆိုသည္ကိုပါ ေတြးမရ။
အဲ့တုန္းက ေတာ္ေတာ္ေလးျပႆနာႀကီးခဲ့ဟန္တူသည္။
ထားပါေတာ့ေလ....။
ရွိေစေတာ့။
မ်က္ဝန္းတို႔အား ေမွးမွိတ္ကာ တေရးတေမာအိပ္ရန္ဆုံးျဖတ္လိုက္ေသာ ေနာ္ခြန္း႐ြယ္မွာ အခ်ိန္အခ်ိဳ႕က ပက္သက္မႈတို႔အားလည္းမွတ္မိပုံမေပၚေတာ့ေခ်။
ဦးေနွာက္ေဆးခံရသည့္ လူတစ္ေယာက္အလား တစ္စုံတစ္ေယာက္နွင့္ပက္သက္သမ်ွ မွတ္ဉာဏ္သာလ်ွင္ ကြက္ေမ့ေနသည္ဆိုတာသာ ေနာ္ခြန္း႐ြယ္ ကိုယ္တိုင္သိခဲ့ပါလ်ွင္ အဘယ္သို႔ေသာ ဆုံးျဖတ္ခ်က္အား ခ်ျဖစ္မည္နည္း။
^^^^^^^^^^^^^
"သူခိုးဗ်ိဳ႕ သူခိုး...."
နန္းေတာ္ထဲမွထြက္လာသည္မွာ ရက္အေတာ္ၾကာျမင့္ေနၿပီျဖစ္ေသာေၾကာင့္ အျပန္လမ္းသို႔ဦးတည္လာပါေသာ ေနာ္ခြန္း႐ြယ္မွာ တစ္စုံတစ္ေယာက္၏ အရွိန္ျဖင့္ဝင္တိုက္ျခင္းေၾကာင့္ ေျမျပင္ေပၚတြင္ ေက်ာခ်လ်က္သား အေနအထားျဖင့္ တစ္စုံတစ္ေယာက္၏ ေအာက္သို႔ ေရာက္သြားေလသည္။
အေပၚစီးကေနသူ႔အား ငုံ႔ကိုင္းၾကည့္ေနေသာသူကေတာ့ ျပဴးတူးတူးေၾကာင္ေတာင္ေတာင္ျဖင့္ သူ႔အားၾကည့္ေနဆဲပင္။
ဝိုင္းစက္ေနသည့္ ပင္လယ္ျပာေရာင္မ်က္ဝန္းတို႔က သူ႔အားအထူးအဆန္းလိုၾကည့္လာေလသည္။
ငါဘယ္သူလဲ သိလို႔မ်ားလား။
ခဏအၾကာတြင္ ပတ္ပတ္လည္တြင္စုရုံးေရာက္လာသည့္ လူအခ်ိဳ႕က ထိုအနွီလူသားအား တစ္ဖက္တစ္ခ်ပ္စီမွခ်ဳပ္ကာျဖင့္ သက္ဆိုင္ရာဆီသြားအပ္ၾကဟန္တူသည္။
ူငါနဲ႔ဆိုင္တာမွမဟုတ္ပဲေလ။
ထိုလူအားေက်ာခိုင္းၿပီးေနာက္တြင္ ေနာ္ခြန္း႐ြယ္၏ အာရုံထဲက စြဲက်န္ရစ္ခဲ့ပါေသာ ထိုပင္လယ္ျပာေရာင္မ်က္ဝန္းတို႔၏ ဆြဲငင္အားက အလြန္နီးကပ္ေနေသာ အနာဂတ္တြင္ သူ႔အား ဒုကၡေပးမည့္ လူသားျဖစ္မည္ဆိုတာသာ သိနိုင္မည္ဆိုလ်ွင္...။
^^^^^^^^^^^^^^^^
'လြန္းငယ္~~~'
'အသယၤာ.....'
'အေမာင့္ကိုျမတ္နိုးပါစ?'
ေဝေဝဝါးဝါးၾကားေနတဲ့ အသံတစ္ခ်ိဳ႕က ႐ႊင္ျမဴးရိပ္တို႔သန္းေနလ်က္ တစ္စုံတစ္ေယာက္က သူ၏ခ်စ္ေသာနွင့္ စကားစျမည္ေျပာေနပုံရသည္။
သူမဟုတ္ေသာသူက အိမ္မက္ထဲတြင္ နွစ္လိုဖြယ္အတိျဖစ္ေသာ အျပဳံးတို႔ျဖင့္ လူသားတစ္ေယာက္အား ေဖာေဖာသီသီျပဳံးျပလို႔ေနသည္။
ရယ္စရာေတာ့ အနည္းငယ္ေကာင္းေနၿပီမဟုတ္ပါလား...။
အရယ္အျပဳံးပင္မရွိေတာ့တဲ့သူက ေပ်ာ္စရာဆိုတာဘာမွန္းသိဦးမတဲ့လား...။
အထီးက်န္ေနလို႔မ်ား ေရာက္တတ္ရာရာေတြေလ်ွာက္ေတြးမိေနတယ္တူပါရဲ႕...
'အေမာင္....အေမာင့္ကိုေလ အကြၽန္စုံမက္တယ္...။
ဒီအသက္ခႏၶာတစ္ခုလုံးနဲ႔ရင္းၿပီး အကြၽန္ကေလ အေမာင့္ကိုခ်စ္ရပါတယ္'
ျပတ္ျပတ္သားသားကို ၾကားေနရတဲ့စကားသံအခ်ိဳ႕က ေနာ္ခြန္း႐ြယ္အား အိပ္မက္မွနွိုးဖို႔ လုံေလာက္၏။
စကားသံပင္မထြက္နိုင္ေလာက္ေအာင္ ရင္ထဲတင္းၾကပ္ေနသည့္ ေဝဒနာက ေနာ္ခြန္း႐ြယ္အား ကေလးသူငယ္လို ငိုေစခဲ့သည္။
နန္းတြင္းေရး၊တိုင္းျပည္ေရး၊ အဖက္ဖက္မွ အဆုိးဝါးဆုံးအေျခအေနေတြနဲ႔ ၾကဳံေနရသည့္တိုင္ တုပ္တုပ္မ်ွမလႈပ္ေသာ သူ႔လိုလူက ဘာမဟုတ္သည့္ အိပ္မက္ထဲကပုံရိပ္ေယာင္ေၾကာင့္ ငိုသည္တဲ့။
ဝမ္းနည္းဝမ္းသာေရာႁပြန္းေနသည့္ခံစားခ်က္ကို မည္သို႔မ်ား ေခါင္းစဥ္တပ္လို႔ရအံ့။
တစ္ဆက္ထဲမွာပင္ ေခါင္းထဲေပၚလာသည္က ေန႔ခင္းက သူ႔အားတေမ့တေမာေငးေနခဲ့ေသာ ပင္လယ္ျပာေရာင္မ်က္ဝန္းတစ္စုံ။
"အဓိပၸါယ္မရွိတာေတြေတြးေနမိပါေကာလား ေနာ္ခြန္း႐ြယ္ရဲ႕...."
ေရာက္တတ္ရာရာ အေတြးတို႔ကိုေဖ်ာက္ကာ ထပ္မံအနားယူခ်င္ပါေသာ္လည္း အိပ္ေပ်ာ္မည္မဟုတ္ေတာ့ေသာ မ်က္လုံးတို႔ေၾကာင့္ ေနာ္ခြန္း႐ြယ္သည္ သူ၏ပ်င္းရိဖြယ္ေကာင္းလွေသာ ေန႔သစ္တစ္ေန႔ကို စတင္ရပါေတာ့သည္။
^^^^^^^^^^^^
ညီလာခံတြင္ အမတ္တို႔၏ ျငင္းခုန္သံကို နားေသြးထြက္ေလာက္ေအာင္ နားေထာင္ၿပီးသည့္ေနာက္တြင္ ေနာ္ခြန္း႐ြယ္တစ္ေယာက္ ထုံးစံအတိုင္းသာ နန္းျပင္ထြက္ဖို႔ႀကံ႐ြယ္ျပန္သည္။
ေဟာင္းႏြမ္းေနတဲ့အဝတ္အစားတို႔က သူနွင့္မလိုက္ဖက္လွစြာ ကိုယ္ေပၚတြင္ေနရာအျပည့္ယူျပန္သည္။
မလိုလားအပ္ေသာ ေကာလဟာလတို႔အား ႀကိဳတင္တားရန္ရည္႐ြယ္၍ သူတစ္ဦးတည္းသာသိေသာ စားဖိုေဆာင္ေဘးမွ နန္းေတာ္အျပင္ဘက္သို႔ဆက္သြယ္ထားေသာ တံခါးဝမွ ထုံးစံအတိုင္းထြက္ရန္ႀကံသည္။
"ရွာၾကစမ္း!! "
မနီးမေဝးမွ အတိုင္းသားၾကားေနရသည့္ ရဲမက္အုပ္စုတို႔၏ တစ္စုံတစ္ခုအား အပူတျပင္းရွာေနသံက ေနာ္ခြန္း႐ြယ္အား ေျခလွမ္းတို႔ကိုေခတၱရပ္တန္႔ေစသည္။
အင္း သူ႔ကိုဒီေနရာမွာ ဒီလိုပုံစံနဲ႔မ်ားေတြ႕သြားရင္ ေကာင္းတဲ့အရာတစ္စုံတစ္ခုမွျဖစ္မလာနိုင္ေခ်။
အလ်င္အျမန္ ထြက္ရန္ျပင္ေနသည့္ ေနာ္ခြန္း႐ြယ္သည္ ထိုတံခါးဝနားေလးတြင္ပင္ တစ္စုံတစ္ေယာက္နွင့္ ထပ္မံ၍တိုက္မိျပန္သည္။
သူခုတေလာ လူေတြနဲ႔ ခဏခဏဘာလို႔တိုက္မိေနတာပါလိမ့္။
လဲက်သြားသည့္ သူ႔အား ထူေပးရန္လက္လွမ္းလာပါေသာ အနွီလူသားအားေမာ့ၾကည့္လိုက္သည့္အခိုက္တြင္ တစ္ခ်ိန္ကေတြ႕ဖူးေသာ သူစိမ္း၏ ပင္လယ္ျပာေရာင္မ်က္ဝန္းတို႔နွင့္ ထိပ္တိုက္တိုးသည္။
"မင္း...?"
အေမးစကားတို႔ကိုဆုံးေအာင္ေျပာခြင့္မရခင္မွာပင္ သူ၏ပါးစပ္အား လက္ဝါးျဖင့္အုပ္ကာ တံခါးဝမွအျပင္သို႔ ဆြဲေခၚသြားေသာ ထိုသူစိမ္း၏ လက္ထဲတြင္ ေနာ္ခြန္း႐ြယ္တစ္ေယာက္ ယက္ကန္ယက္ကန္ျဖင့္ပါသြားေခ်ၿပီ။
ဘာေတြျဖစ္..?
နန္းေတာ္အျပင္ဖက္ေတာ္ေတာ္ေဝးေဝးသို႔ေရာက္ကာမွ ေနာ္ခြန္း႐ြယ္အားလႊတ္ေပးေသာ ထိုသူစိမ္းမွာ ဘယ္ၾကည့္ညာၾကည့္ျဖင့္ တစ္ေယာက္တည္းအလုပ္မ်ားလ်က္ရွိသည္။
အႀကံစည္ျဖင့္ သူ႔ထံခ်ဥ္းကပ္လာသူဟုတ္မဟုတ္မသိရသျဖင့္ အလ်င္အျမန္ပင္ ထိုသူစိမ္း၏ လက္အားေနာက္ျပန္ခ်ဳပ္ကာ ခႏၶာကိုယ္အား အေပၚမွဖိလ်က္ ေျမျပင္နွင့္ကပ္ထားလိုက္ေလသည္။
"မင္းဘယ္သူလဲ..ေျပာစမ္းပါ့!"
"အာ့...အ..လက္..လက္ ရုတ္တရက္ႀကီး ဘာလို႔ က်ဳပ္ကိုထခ်ဳပ္တာတုန္း..."
"စကားေတြရွည္မေနစမ္းနဲ႔...ေမးတာသာေျဖစမ္း!
ဒီေနရာမွာပဲ အသက္ေပ်ာက္ခ်င္သပ"
"အား..အာ့...သခင္ေလး သခင္ေလး ခ်မ္းသာေပးပါ့...ကြၽန္ေတာ္မ်ိဳး ေမးသမ်ွေျဖပါ့မယ္"
ထိုအနွီသူစိမ္း၏ အသနားခံမႈေနာက္တြင္ မယုံခ်င္ယုံခ်င္ျဖင့္လႊတ္ေပးလိုက္ေသာ ေနာ္ခြန္း႐ြယ္မွာ ထိုလူအားေခါင္းစေျခဆုံးအကဲခတ္ၾကည့္ေလသည္။
"ဆိုလိုတာက....မင္းကခါးပိုက္နွိုက္လို႔အစြပ္စြဲခံရၿပီး အဖမ္းခံလိုက္ရတယ္...အဲ့တာကို ဒီမနက္ ေထာင္ေဖာက္ေျပးလာတယ္? ဟုတ္စ?"
ထိုသူစိမ္းရွင္းျပသည့္အေၾကာင္းအရာတို႔ကိုနားေထာင္ၿပီးေနာက္တြင္ ဇာတ္ရည္လည္သြားေသာ ေနာ္ခြန္း႐ြယ္မွာ သူ႔အၿဖစ္သူျပန္ေတြးၾကည့္မိေသာအခါ ရယ္ရခက္ခက္ ငိုရခက္ခက္ပင္။
တိုင္းျပည္ရဲ႕ ျပည့္ရွင္မင္းက အခု ခါးပိုက္နွိုက္လို႔ သံသယရွိတဲ့အျပင္ ေထာင္ကိုေတာင္ေဖာက္ေျပးလာတဲ့လူနဲ႔ အလိုတူအလိုပါျဖစ္ေနပါေကာလား။
သူ႔ေရွ႕ကေျမျပင္ေပၚတြင္ လူေကာင္နဲ႔မွမလိုက္ က်ဳံ႕က်ဳံ႕ေလးထိုင္ေနေသာ ထိုသူစိမ္းအား ေနာ္ခြန္း႐ြယ္ ထပ္ဆင့္ကာေမးခြန္းးေမးလိုက္ျပန္သည္။
"မင္းတကယ္ မလုပ္ခဲ့ဘူးဆိုရင္ အဘယ့္ေၾကာင့္ ေထာင္ေဖာက္ေျပးလာရသတုန္း...။
အျပစ္မဲ့တယ္ဆို ေျပးစရာမွမရွိပဲေလ"
ေနာ္ခြန္း႐ြယ္၏ ေမးခြန္းကိုၾကားရေသာအခါ ထိုသူစိမ္းမွာ မဝံ့ရဲစြာျဖင့္ ထပ္မံ၍ေျဖေလသည္။
"သခင္ေလး...သခင္ေလးထင္သလို ဒီတိုင္းျပည္က အျပစ္မဲ့တဲ့သူေတြကို ခ်မ္းသာေပးတာမဟုတ္ေတာ့ၿပီ။
ပိုဆိုးတာက ကြၽန္ေတာ္မ်ိဴးက တိုင္းတစ္ပါးသားပါေကာ...။
အခက္အခဲေတြေၾကာင့္ ကြၽန္ေတာ္မ်ိဳးရဲ႕တိုင္းျပည္ကို ျပန္ဖို႔မျဖစ္နိုင္တဲ့အေျခအေနမွာ ဒီတိုင္းျပည္မွာေနၿပီး ရိုးရိုးသားသားအသက္ရွင္ေနထိုင္ခဲ့ပါတယ္။ ဒါမုသားမပါတဲ့ စကားပါ"
ထိုသူစိမ္း၏ ေလ်ွာက္လွဲခ်က္ကိုနားေထာင္ၿပီးေနာက္တြင္ ေနာ္ခြန္း႐ြယ္ မ်က္ခုံးပင့္လိုက္မိသည္။
သူနန္းတက္ၿပီးေနာက္ပိုင္း တိုင္းျပည္က အေျခအေနဆိုးေနခဲ့တာလား။
ဘယ္ေသာအခါမွ တိုင္းျပည္ေရးကိုဂရုမမူသည့္ ေနာ္ခြန္း႐ြယ္မွာ ထိုအမည္မသိေသာ သူစိမ္းေၾကာင့္ ပထမဆုံးအႀကိမ္ ဒီတိုင္းျပည္အေၾကာင္း ေလ့လာဆုံးျဖတ္ရန္ ႀကံ႐ြယ္မိခဲ့သည္။
"မင္း...အမည္က?"
"လြန္း..လို႔ေခၚပါတယ္ သခင္ေလး...."
ထူးထူးဆန္းဆန္း နာမည္တစ္လုံးတည္းသာရွိေသာ ထိုသူစိမ္းအား ေနာ္ခြန္း႐ြယ္အသိခ်င္ဆုံးေသာ ေမးခြန္းအား ေနာက္ဆုံးေမးလိုက္သည္။
"ငါဘယ္သူလဲ သိလား..လြန္း?"
ေနာ္ခြန္း႐ြယ္၏ ေမးခြန္းကို အူေၾကာင္ေၾကာင္မ်က္နွာထားျဖင့္ ေခါင္းအသာအယာခါျပေသာ ထုိလူက သူ႔အားအကဲခတ္ေနပုံရသည္။
"ဘယ္သူလဲဆိုတာေတာ့ ကြၽန္ေတာ္မ်ိဳးမသိရပါဘူး...သို႔ေပမဲ့...သခင္ေလးက.."
စကားကိုဆုံးေအာင္မေျပာပါပဲ မ်က္လုံးေတြကိုေတာင္ၾကည့္ေျမာက္ၾကည့္ျဖင့္ ဂဏာမၿငိမ္ေသာ ထိုလူသားကား ရဲတက္ေနေသာမ်က္နွာကို ေခါင္းငုံ႔ကာဝွက္ထားေလသည္။
"ငါက..?"
"သခင္..သခင္ေလးက အရမ္းလွ..အဲ ခန္႔..ခန္႔ညားလြန္းေတာ့ ကြၽန္ေတာ္မ်ိဳး မေန႔ထဲက မွတ္မိေနလို႔ပါေကာ..။ ကြၽန္ေတာ္မ်ိဳးရဲ႕ ရိုင္းျပတဲ့ အျပဳအမူေတြအတြက္ သေဘာထားႀကီးစြာနဲ႔ ခြင့္လႊတ္ေပးပါ"
နဖူးအား ေျမျပင္နွင့္ထိမတတ္ ဦးၫြတ္ေနသည့္ ထိုလူသားက တကယ္ပဲေနာ္ခြန္း႐ြယ္အား အရိုအေသေပးေနသည္လား..။
သို႔တည္းမဟုတ္ သူ၏ နီရဲေနေသာ မ်က္နွာအားဝွက္ထားသည္လားမေျပာတတ္ေခ်။
"အဟမ္း...ဟား ဟား....မင္းက တကယ္ အဟား ဟား..."
ထိုအနွီလူသား၏ အူေၾကာင္ေၾကာင္ အျပဳအမူတို႔သည္ကား ေနာ္ခြန္း႐ြယ္အား ဟက္ဟက္ပက္ပက္ကိုရယ္ေမာေစပါသည္။
ဒါသူ႔ဘဝမွာ ပထမဆုံးအႀကိမ္ စိတ္လြတ္လက္လြတ္ရယ္ေမာဖူးျခင္းပင္ျဖစ္လိမ့္မည္။
မင္းကေတာ့ တကယ္စိတ္ဝင္စားစရာေလးပါလား..။
ေဆာင္းဦးရာသီမို႔ ေအးျမျမေလညႇင္းတို႔က တိုးေဝွ႔တိုက္ခတ္ေနခိုက္ ထိုေလနွင့္အတူပါလာေသာ ခ်ယ္ရီပြင့္ဖတ္တို႔က ေနာ္ခြန္း႐ြယ္၏ ကပိုကရိုဆံပင္တို႔ထံကပ္ၿငိသည္။
မ်က္လုံးမ်ားတြင္ ပုလဲသီသည္အထိ ရယ္ေမာေနပုံက အပူအပင္လုံးလုံးကင္းစင္ေနသည့္အလား..။
အေရာင္မွိန္မွိန္အဝတ္စားတို႔ျဖင့္ေတာင္ အလွမပ်က္သည့္ ေနာ္ခြန္း႐ြယ္အား တစ္စုံတစ္ေယာက္က ျမတ္နိုးျခင္းတို႔ျပည့္လ်ွံေနေသာ မ်က္ဝန္းမ်ားျဖင့္ ေငးေမာသည္။
[Extra mission first step completed!!
Host ဂုဏ္ယူပါတယ္ ပထမအဆင့္ကိုေအာင္ျမင္သြားပါၿပီ]
'အင္း....သူေနာက္တစ္ဆင့္ကိုလည္း လုပ္နိုင္မွာပါ'
က်ခ်င္ခ်င္ျဖစ္ေနသည့္ မ်က္ရည္တို႔ကို ျပန္သိမ္းဆည္းကာ သူသည္လည္းပဲ ေနာ္ခြန္း႐ြယ္နွင့္အတူ ရယ္ေမာရန္ဆုံးျဖတ္လိုက္ေလေတာ့သည္။
ကိုယ္ မင္းကိုအရမ္းလြမ္းေနခဲ့တာ...။
____________________
><အရွည္ႀကီးပဲ
ဖတ္ရတာနည္းနည္းလည္ေနတယ္ဆို လာေမးၾကပါေနာ္ ျမႇဳပ္ကြက္ေတြအမ်ားႀကီးထည့္ထားလို႔
ဒီအပိုင္းမွာ ေနာ္ခြန္း႐ြယ္ကေလ အတိတ္ေမ့တာမဟုတ္ဘူးေနာ္ ေသခ်ာဖတ္ၾကပါ Brainwashခံထားရတာ
ဘာလို႔လဲဆိုတာကေတာ့ျမႇဳပ္ကြက္ပါ:3
updateက ရက္အတိအက်မသိေသးပါဘူး")
အလုပ္အားတဲ့ရက္ လာေရးေပးပါ့မယ္ အရင္လိုေတာ့လနဲ႔မခ်ီေတာ့ပါဘူးလို႔ ဟဲဟဲ😁
ဖတ္ေပးတဲ့အတြက္ေက်းဇူးပါ<3 (လက္ရည္က်သြားတာေတာ့သည္းခံေပးပါေနာ္ အေလ့အက်င့္ျပန္မရေသးလို႔)
_________________________
{Unicode}
"အရှင်မင်းကြီး နတ်ရွာစံသွားတာမှမကြာသေးတော်
အခုမင်းအသစ်က အရူးဘုံမြောက်သလိုလိုလုပ်နေတယ်တော့"
"ဟယ်...ဟုတ်ပါ့ ဟုတ်ပါ့ သွေးမတော်သားမစပ်နဲ့ ရာဇပလ္လင်ကိုလုယူရဲတာ ကျုပ်တော့ဖြင့် ဘဝင်မတွေ့ပါဘူး"
အုတ်အော်သောင်းနင်းဆူညံနေသည့် ဈေးလမ်းတွင် ဝဏ္နုဇေဒါ၏ ပြည့်ရှင်မင်းအသစ်အကြောင်း ဟိုတစ်စဒီတစ်စနှင့် ပြန့်နှံ့လို့နေသည်။
လွန်ခဲ့တဲ့၃နှစ်က ထိုနေ့လိုမျိုးအဖြစ်နှင့် လုံးလုံးလျားလျားကြီးကွဲပြားနေသော အခြေအနေကြောင့် သေရည်ဆိုင်ထဲရှိ အမျိုးသားတစ်ဦးမှာ ခပ်မဲ့မဲ့ပြုံးကာ လက်ကျန်သေရည်အား အကုန်အစင်မော့ချလိုက်လေသည်။
ယိုင်နဲ့နဲ့ခြေလှမ်းတို့ဖြင့် လာရာလမ်းအတိုင်း ပြန်လှည့်ရန်ပြင်လိုက်ပါသော်လည်း သေရည်အားအလွန်အကျွံသောက်မိခြင်းကြောင့် စားသောက်ဆိုင်၏ လှေကားပေါ်မှဒလိမ့်ကောက်ကွေးပြုတ်ကျလေတော့သည်။
ဆိုင်ပိုင်ရှင်အား အလုံအလောက်ပေးထားသော ငွေစမျက်နှာကြောင့် ထိုယောက်ျားသားအား မည်သူမျှရန်စမရှာရဲသော်လည်း တစ်ဆိုင်လုံးက သူ့အားသိပ်ကြည်ပုံမရ။
အထင်သေးခြင်းတို့ပြည့်နေသည့် မျက်ဝန်းတို့ဆီမှ သူ့အားစက်ဆုပ်ရွံရှာနေသည်အား အတိုင်းသားခံစားမိသည်။
ကိုယ်ကိုပြန်ထိန်းကာ မတ်တပ်ရပ်လျက် ရှေ့သို့ဦးတည်ရာမဲ့သာ ဆက်လျှောက်ရန်ဆုံးဖြတ်လိုက်တော့သည်။
လူ့ဘဝကြီးက ငြီးငွေ့ဖွယ်ကောင်းလိုက်လေခြင်း~~
^^^^^^^^^^^^^^
တားမြစ်သစ်တောထဲအား အခွင့်မရှိပဲဝင်ရောက်လာသူသည် တောအလယ်နားက လာနေကြ လှိုဏ်ဂူထဲရှိ ရေကန်နံဘေး၌ ကျောချရန်ပြင်သည်။
တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်သည် သူ၏စိတ်အား ပုံမှန်အချိန်များထက်ပိုရှင်းစေသည်။
ရောက်တတ်ရာရာနယ်ချဲ့မိသော အတွေးတို့က လွန်ခဲ့သည့် ၃နှစ်ကျော်ကအဖြစ်အပျက်ဆီအလည်အပတ်ရောက်သွားသည်။
ပြင်းထန်လှသော နန်းတွင်းစစ်ပွဲနှင့် နောက်ဆက်တွဲ အိမ်ရှေ့စံ၏ အဆုံးစီရင်မှု၊ ကုန်သည်ခေါင်းဆောင်၏ ကွပ်မျက်ခံရမှု၊ နောက်ပြီး....သူ၏ ထီးနန်းဆက်ခံပွဲ။
တစ်စုံတစ်ရာပျောက်ဆုံးနေတယ်လို့ မထင်မိပေဘူးလား။
အဲ့တာ သူကိုယ်တိုင်များလား...။
သူ့ရဲ့ အစိတ်အပိုင်းတစ်ခုလား။
မှန်ပါ၏....။
ထိုအနှီ အယောင်ဆောင်ထားသောယောက်ျားသားသည် နော်ခွန်းရွယ်ဆိုသည့် ဝဏ္နုဇေဒါ၏ လက်ရှိပြည့်ရှင်မင်းသာ။
တွေးလေတွေးလေ ခေါင်းကိုက်ရမည့်အစား တဆစ်ဆစ်နှင့် နာလာပါသော ရင်ဘတ်ထဲက ဝေဒနာက နော်ခွန်းရွယ်အား ဒေါသထွက်စေသည်။
"သေသွားလိုက်ပါတော့ကောလား...."
အတိတ်တို့ကို အကြိမ်ကြိမ်တူးဆွကြည့်သည်။ သို့ပေမဲ့ဒုံရင်းသာ..။
ကလေးဘဝမှအစ အရွယ်ရောက်သည်အထိ အကုန်အစင်မှတ်မိနေသော သူက အတိတ်မေ့သည်ဆိုသည့် ခေါင်းစဉ်တော့မတပ်နိုင်ပါချေ။
ထူးခြားသည့်ဖြစ်စဉ်အနေနဲ့ကတော့...
နန်းတွင်းစစ်ပွဲဖြစ်သည့်ညက အကြောင်းအရာကိုလုံးလုံးလျားလျားမမှတ်မိသည်ကလွဲလို့ပေါ့...။
စစ်ပွဲဖြစ်သည့် အကြောင်းရင်းကိုစဉ်းစားမရသလို မည်သူနှင့်တိုက်ခိုက်ခဲ့သည်ဆိုသည်ကိုပါ တွေးမရ။
အဲ့တုန်းက တော်တော်လေးပြဿနာကြီးခဲ့ဟန်တူသည်။
ထားပါတော့လေ....။
ရှိစေတော့။
မျက်ဝန်းတို့အား မှေးမှိတ်ကာ တရေးတမောအိပ်ရန်ဆုံးဖြတ်လိုက်သော နော်ခွန်းရွယ်မှာ အချိန်အချို့က ပက်သက်မှုတို့အားလည်းမှတ်မိပုံမပေါ်တော့ချေ။
ဦးနှောက်ဆေးခံရသည့် လူတစ်ယောက်အလား တစ်စုံတစ်ယောက်နှင့်ပက်သက်သမျှ မှတ်ဉာဏ်သာလျှင် ကွက်မေ့နေသည်ဆိုတာသာ နော်ခွန်းရွယ် ကိုယ်တိုင်သိခဲ့ပါလျှင် အဘယ်သို့သော ဆုံးဖြတ်ချက်အား ချဖြစ်မည်နည်း။
^^^^^^^^^^^^^
"သူခိုးဗျို့ သူခိုး...."
နန်းတော်ထဲမှထွက်လာသည်မှာ ရက်အတော်ကြာမြင့်နေပြီဖြစ်သောကြောင့် အပြန်လမ်းသို့ဦးတည်လာပါသော နော်ခွန်းရွယ်မှာ တစ်စုံတစ်ယောက်၏ အရှိန်ဖြင့်ဝင်တိုက်ခြင်းကြောင့် မြေပြင်ပေါ်တွင် ကျောချလျက်သား အနေအထားဖြင့် တစ်စုံတစ်ယောက်၏ အောက်သို့ ရောက်သွားလေသည်။
အပေါ်စီးကနေသူ့အား ငုံ့ကိုင်းကြည့်နေသောသူကတော့ ပြူးတူးတူးကြောင်တောင်တောင်ဖြင့် သူ့အားကြည့်နေဆဲပင်။
ဝိုင်းစက်နေသည့် ပင်လယ်ပြာရောင်မျက်ဝန်းတို့က သူ့အားအထူးအဆန်းလိုကြည့်လာလေသည်။
ငါဘယ်သူလဲ သိလို့များလား။
ခဏအကြာတွင် ပတ်ပတ်လည်တွင်စုရုံးရောက်လာသည့် လူအချို့က ထိုအနှီလူသားအား တစ်ဖက်တစ်ချပ်စီမှချုပ်ကာဖြင့် သက်ဆိုင်ရာဆီသွားအပ်ကြဟန်တူသည်။
ူငါနဲ့ဆိုင်တာမှမဟုတ်ပဲလေ။
ထိုလူအားကျောခိုင်းပြီးနောက်တွင် နော်ခွန်းရွယ်၏ အာရုံထဲက စွဲကျန်ရစ်ခဲ့ပါသော ထိုပင်လယ်ပြာရောင်မျက်ဝန်းတို့၏ ဆွဲငင်အားက အလွန်နီးကပ်နေသော အနာဂတ်တွင် သူ့အား ဒုက္ခပေးမည့် လူသားဖြစ်မည်ဆိုတာသာ သိနိုင်မည်ဆိုလျှင်...။
^^^^^^^^^^^^^^^^
'လွန်းငယ်~~~'
'အသင်္ယာ.....'
'အမောင့်ကိုမြတ်နိုးပါစ?'
ဝေဝေဝါးဝါးကြားနေတဲ့ အသံတစ်ချို့က ရွှင်မြူးရိပ်တို့သန်းနေလျက် တစ်စုံတစ်ယောက်က သူ၏ချစ်သောနှင့် စကားစမြည်ပြောနေပုံရသည်။
သူမဟုတ်သောသူက အိမ်မက်ထဲတွင် နှစ်လိုဖွယ်အတိဖြစ်သော အပြုံးတို့ဖြင့် လူသားတစ်ယောက်အား ဖောဖောသီသီပြုံးပြလို့နေသည်။
ရယ်စရာတော့ အနည်းငယ်ကောင်းနေပြီမဟုတ်ပါလား...။
အရယ်အပြုံးပင်မရှိတော့တဲ့သူက ပျော်စရာဆိုတာဘာမှန်းသိဦးမတဲ့လား...။
အထီးကျန်နေလို့များ ရောက်တတ်ရာရာတွေလျှောက်တွေးမိနေတယ်တူပါရဲ့...
'အမောင်....အမောင့်ကိုလေ အကျွန်စုံမက်တယ်...။
ဒီအသက်ခန္ဓာတစ်ခုလုံးနဲ့ရင်းပြီး အကျွန်ကလေ အမောင့်ကိုချစ်ရပါတယ်'
ပြတ်ပြတ်သားသားကို ကြားနေရတဲ့စကားသံအချို့က နော်ခွန်းရွယ်အား အိပ်မက်မှနှိုးဖို့ လုံလောက်၏။
စကားသံပင်မထွက်နိုင်လောက်အောင် ရင်ထဲတင်းကြပ်နေသည့် ဝေဒနာက နော်ခွန်းရွယ်အား ကလေးသူငယ်လို ငိုစေခဲ့သည်။
နန်းတွင်းရေး၊တိုင်းပြည်ရေး၊ အဖက်ဖက်မှ အဆိုးဝါးဆုံးအခြေအနေတွေနဲ့ ကြုံနေရသည့်တိုင် တုပ်တုပ်မျှမလှုပ်သော သူ့လိုလူက ဘာမဟုတ်သည့် အိပ်မက်ထဲကပုံရိပ်ယောင်ကြောင့် ငိုသည်တဲ့။
ဝမ်းနည်းဝမ်းသာရောပြွန်းနေသည့်ခံစားချက်ကို မည်သို့များ ခေါင်းစဉ်တပ်လို့ရအံ့။
တစ်ဆက်ထဲမှာပင် ခေါင်းထဲပေါ်လာသည်က နေ့ခင်းက သူ့အားတမေ့တမောငေးနေခဲ့သော ပင်လယ်ပြာရောင်မျက်ဝန်းတစ်စုံ။
"အဓိပ္ပါယ်မရှိတာတွေတွေးနေမိပါကောလား နော်ခွန်းရွယ်ရဲ့...."
ရောက်တတ်ရာရာ အတွေးတို့ကိုဖျောက်ကာ ထပ်မံအနားယူချင်ပါသော်လည်း အိပ်ပျော်မည်မဟုတ်တော့သော မျက်လုံးတို့ကြောင့် နော်ခွန်းရွယ်သည် သူ၏ပျင်းရိဖွယ်ကောင်းလှသော နေ့သစ်တစ်နေ့ကို စတင်ရပါတော့သည်။
^^^^^^^^^^^^
ညီလာခံတွင် အမတ်တို့၏ ငြင်းခုန်သံကို နားသွေးထွက်လောက်အောင် နားထောင်ပြီးသည့်နောက်တွင် နော်ခွန်းရွယ်တစ်ယောက် ထုံးစံအတိုင်းသာ နန်းပြင်ထွက်ဖို့ကြံရွယ်ပြန်သည်။
ဟောင်းနွမ်းနေတဲ့အဝတ်အစားတို့က သူနှင့်မလိုက်ဖက်လှစွာ ကိုယ်ပေါ်တွင်နေရာအပြည့်ယူပြန်သည်။
မလိုလားအပ်သော ကောလဟာလတို့အား ကြိုတင်တားရန်ရည်ရွယ်၍ သူတစ်ဦးတည်းသာသိသော စားဖိုဆောင်ဘေးမှ နန်းတော်အပြင်ဘက်သို့ဆက်သွယ်ထားသော တံခါးဝမှ ထုံးစံအတိုင်းထွက်ရန်ကြံသည်။
"ရှာကြစမ်း!! "
မနီးမဝေးမှ အတိုင်းသားကြားနေရသည့် ရဲမက်အုပ်စုတို့၏ တစ်စုံတစ်ခုအား အပူတပြင်းရှာနေသံက နော်ခွန်းရွယ်အား ခြေလှမ်းတို့ကိုခေတ္တရပ်တန့်စေသည်။
အင်း သူ့ကိုဒီနေရာမှာ ဒီလိုပုံစံနဲ့များတွေ့သွားရင် ကောင်းတဲ့အရာတစ်စုံတစ်ခုမှဖြစ်မလာနိုင်ချေ။
အလျင်အမြန် ထွက်ရန်ပြင်နေသည့် နော်ခွန်းရွယ်သည် ထိုတံခါးဝနားလေးတွင်ပင် တစ်စုံတစ်ယောက်နှင့် ထပ်မံ၍တိုက်မိပြန်သည်။
သူခုတလော လူတွေနဲ့ ခဏခဏဘာလို့တိုက်မိနေတာပါလိမ့်။
လဲကျသွားသည့် သူ့အား ထူပေးရန်လက်လှမ်းလာပါသော အနှီလူသားအားမော့ကြည့်လိုက်သည့်အခိုက်တွင် တစ်ချိန်ကတွေ့ဖူးသော သူစိမ်း၏ ပင်လယ်ပြာရောင်မျက်ဝန်းတို့နှင့် ထိပ်တိုက်တိုးသည်။
"မင်း...?"
အမေးစကားတို့ကိုဆုံးအောင်ပြောခွင့်မရခင်မှာပင် သူ၏ပါးစပ်အား လက်ဝါးဖြင့်အုပ်ကာ တံခါးဝမှအပြင်သို့ ဆွဲခေါ်သွားသော ထိုသူစိမ်း၏ လက်ထဲတွင် နော်ခွန်းရွယ်တစ်ယောက် ယက်ကန်ယက်ကန်ဖြင့်ပါသွားချေပြီ။
ဘာတွေဖြစ်..?
နန်းတော်အပြင်ဖက်တော်တော်ဝေးဝေးသို့ရောက်ကာမှ နော်ခွန်းရွယ်အားလွှတ်ပေးသော ထိုသူစိမ်းမှာ ဘယ်ကြည့်ညာကြည့်ဖြင့် တစ်ယောက်တည်းအလုပ်များလျက်ရှိသည်။
အကြံစည်ဖြင့် သူ့ထံချဉ်းကပ်လာသူဟုတ်မဟုတ်မသိရသဖြင့် အလျင်အမြန်ပင် ထိုသူစိမ်း၏ လက်အားနောက်ပြန်ချုပ်ကာ ခန္ဓာကိုယ်အား အပေါ်မှဖိလျက် မြေပြင်နှင့်ကပ်ထားလိုက်လေသည်။
"မင်းဘယ်သူလဲ..ပြောစမ်းပါ့!"
"အာ့...အ..လက်..လက် ရုတ်တရက်ကြီး ဘာလို့ ကျုပ်ကိုထချုပ်တာတုန်း..."
"စကားတွေရှည်မနေစမ်းနဲ့...မေးတာသာဖြေစမ်း!
ဒီနေရာမှာပဲ အသက်ပျောက်ချင်သပ"
"အား..အာ့...သခင်လေး သခင်လေး ချမ်းသာပေးပါ့...ကျွန်တော်မျိုး မေးသမျှဖြေပါ့မယ်"
ထိုအနှီသူစိမ်း၏ အသနားခံမှုနောက်တွင် မယုံချင်ယုံချင်ဖြင့်လွှတ်ပေးလိုက်သော နော်ခွန်းရွယ်မှာ ထိုလူအားခေါင်းစခြေဆုံးအကဲခတ်ကြည့်လေသည်။
"ဆိုလိုတာက....မင်းကခါးပိုက်နှိုက်လို့အစွပ်စွဲခံရပြီး အဖမ်းခံလိုက်ရတယ်...အဲ့တာကို ဒီမနက် ထောင်ဖောက်ပြေးလာတယ်? ဟုတ်စ?"
ထိုသူစိမ်းရှင်းပြသည့်အကြောင်းအရာတို့ကိုနားထောင်ပြီးနောက်တွင် ဇာတ်ရည်လည်သွားသော နော်ခွန်းရွယ်မှာ သူ့အဖြစ်သူပြန်တွေးကြည့်မိသောအခါ ရယ်ရခက်ခက် ငိုရခက်ခက်ပင်။
တိုင်းပြည်ရဲ့ ပြည့်ရှင်မင်းက အခု ခါးပိုက်နှိုက်လို့ သံသယရှိတဲ့အပြင် ထောင်ကိုတောင်ဖောက်ပြေးလာတဲ့လူနဲ့ အလိုတူအလိုပါဖြစ်နေပါကောလား။
သူ့ရှေ့ကမြေပြင်ပေါ်တွင် လူကောင်နဲ့မှမလိုက် ကျုံ့ကျုံ့လေးထိုင်နေသော ထိုသူစိမ်းအား နော်ခွန်းရွယ် ထပ်ဆင့်ကာမေးခွန်းးမေးလိုက်ပြန်သည်။
"မင်းတကယ် မလုပ်ခဲ့ဘူးဆိုရင် အဘယ့်ကြောင့် ထောင်ဖောက်ပြေးလာရသတုန်း...။
အပြစ်မဲ့တယ်ဆို ပြေးစရာမှမရှိပဲလေ"
နော်ခွန်းရွယ်၏ မေးခွန်းကိုကြားရသောအခါ ထိုသူစိမ်းမှာ မဝံ့ရဲစွာဖြင့် ထပ်မံ၍ဖြေလေသည်။
"သခင်လေး...သခင်လေးထင်သလို ဒီတိုင်းပြည်က အပြစ်မဲ့တဲ့သူတွေကို ချမ်းသာပေးတာမဟုတ်တော့ပြီ။
ပိုဆိုးတာက ကျွန်တော်မျိူးက တိုင်းတစ်ပါးသားပါကော...။
အခက်အခဲတွေကြောင့် ကျွန်တော်မျိုးရဲ့တိုင်းပြည်ကို ပြန်ဖို့မဖြစ်နိုင်တဲ့အခြေအနေမှာ ဒီတိုင်းပြည်မှာနေပြီး ရိုးရိုးသားသားအသက်ရှင်နေထိုင်ခဲ့ပါတယ်။ ဒါမုသားမပါတဲ့ စကားပါ"
ထိုသူစိမ်း၏ လျှောက်လှဲချက်ကိုနားထောင်ပြီးနောက်တွင် နော်ခွန်းရွယ် မျက်ခုံးပင့်လိုက်မိသည်။
သူနန်းတက်ပြီးနောက်ပိုင်း တိုင်းပြည်က အခြေအနေဆိုးနေခဲ့တာလား။
ဘယ်သောအခါမှ တိုင်းပြည်ရေးကိုဂရုမမူသည့် နော်ခွန်းရွယ်မှာ ထိုအမည်မသိသော သူစိမ်းကြောင့် ပထမဆုံးအကြိမ် ဒီတိုင်းပြည်အကြောင်း လေ့လာဆုံးဖြတ်ရန် ကြံရွယ်မိခဲ့သည်။
"မင်း...အမည်က?"
"လွန်း..လို့ခေါ်ပါတယ် သခင်လေး...."
ထူးထူးဆန်းဆန်း နာမည်တစ်လုံးတည်းသာရှိသော ထိုသူစိမ်းအား နော်ခွန်းရွယ်အသိချင်ဆုံးသော မေးခွန်းအား နောက်ဆုံးမေးလိုက်သည်။
"ငါဘယ်သူလဲ သိလား..လွန်း?"
နော်ခွန်းရွယ်၏ မေးခွန်းကို အူကြောင်ကြောင်မျက်နှာထားဖြင့် ခေါင်းအသာအယာခါပြသော ထိုလူက သူ့အားအကဲခတ်နေပုံရသည်။
"ဘယ်သူလဲဆိုတာတော့ ကျွန်တော်မျိုးမသိရပါဘူး...သို့ပေမဲ့...သခင်လေးက.."
စကားကိုဆုံးအောင်မပြောပါပဲ မျက်လုံးတွေကိုတောင်ကြည့်မြောက်ကြည့်ဖြင့် ဂဏာမငြိမ်သော ထိုလူသားကား ရဲတက်နေသောမျက်နှာကို ခေါင်းငုံ့ကာဝှက်ထားလေသည်။
"ငါက..?"
"သခင်..သခင်လေးက အရမ်းလှ..အဲ ခန့်..ခန့်ညားလွန်းတော့ ကျွန်တော်မျိုး မနေ့ထဲက မှတ်မိနေလို့ပါကော..။ ကျွန်တော်မျိုးရဲ့ ရိုင်းပြတဲ့ အပြုအမူတွေအတွက် သဘောထားကြီးစွာနဲ့ ခွင့်လွှတ်ပေးပါ"
နဖူးအား မြေပြင်နှင့်ထိမတတ် ဦးညွတ်နေသည့် ထိုလူသားက တကယ်ပဲနော်ခွန်းရွယ်အား အရိုအသေပေးနေသည်လား..။
သို့တည်းမဟုတ် သူ၏ နီရဲနေသော မျက်နှာအားဝှက်ထားသည်လားမပြောတတ်ချေ။
"အဟမ်း...ဟား ဟား....မင်းက တကယ် အဟား ဟား..."
ထိုအနှီလူသား၏ အူကြောင်ကြောင် အပြုအမူတို့သည်ကား နော်ခွန်းရွယ်အား ဟက်ဟက်ပက်ပက်ကိုရယ်မောစေပါသည်။
ဒါသူ့ဘဝမှာ ပထမဆုံးအကြိမ် စိတ်လွတ်လက်လွတ်ရယ်မောဖူးခြင်းပင်ဖြစ်လိမ့်မည်။
မင်းကတော့ တကယ်စိတ်ဝင်စားစရာလေးပါလား..။
ဆောင်းဦးရာသီမို့ အေးမြမြလေညှင်းတို့က တိုးဝှေ့တိုက်ခတ်နေခိုက် ထိုလေနှင့်အတူပါလာသော ချယ်ရီပွင့်ဖတ်တို့က နော်ခွန်းရွယ်၏ ကပိုကရိုဆံပင်တို့ထံကပ်ငြိသည်။
မျက်လုံးများတွင် ပုလဲသီသည်အထိ ရယ်မောနေပုံက အပူအပင်လုံးလုံးကင်းစင်နေသည့်အလား..။
အရောင်မှိန်မှိန်အဝတ်စားတို့ဖြင့်တောင် အလှမပျက်သည့် နော်ခွန်းရွယ်အား တစ်စုံတစ်ယောက်က မြတ်နိုးခြင်းတို့ပြည့်လျှံနေသော မျက်ဝန်းများဖြင့် ငေးမောသည်။
[Extra mission first step completed!!
Host ဂုဏ်ယူပါတယ် ပထမအဆင့်ကိုအောင်မြင်သွားပါပြီ]
'အင်း....သူနောက်တစ်ဆင့်ကိုလည်း လုပ်နိုင်မှာပါ'
ကျချင်ချင်ဖြစ်နေသည့် မျက်ရည်တို့ကို ပြန်သိမ်းဆည်းကာ သူသည်လည်းပဲ နော်ခွန်းရွယ်နှင့်အတူ ရယ်မောရန်ဆုံးဖြတ်လိုက်လေတော့သည်။
ကိုယ် မင်းကိုအရမ်းလွမ်းနေခဲ့တာ...။
____________________
><အရှည်ကြီးပဲ
ဖတ်ရတာနည်းနည်းလည်နေတယ်ဆို လာမေးကြပါနော် မြှုပ်ကွက်တွေအများကြီးထည့်ထားလို့
ဒီအပိုင်းမှာ နော်ခွန်းရွယ်ကလေ အတိတ်မေ့တာမဟုတ်ဘူးနော် သေချာဖတ်ကြပါ Brainwashခံထားရတာ
ဘာလို့လဲဆိုတာကတော့မြှုပ်ကွက်ပါ:3
updateက ရက်အတိအကျမသိသေးပါဘူး")
အလုပ်အားတဲ့ရက် လာရေးပေးပါ့မယ် အရင်လိုတော့လနဲ့မချီတော့ပါဘူးလို့ ဟဲဟဲ😁
ဖတ်ပေးတဲ့အတွက်ကျေးဇူးပါ<3 (လက်ရည်ကျသွားတာတော့သည်းခံပေးပါနော် အလေ့အကျင့်ပြန်မရသေးလို့)
_________________________