Sewing Machine's Love Story (...
By LuuLuu252
125K 20.1K 824
Author : Jing Shui Bian EN translator: Rinisnotgold Chapters: 24 Chapters All Credit to Original Author and... More
Story Description
Chap 1 (Part 1)
Chap 1(Part 2)
Chap 2
Chap 3
Chap 4
Chap 5
Chap 6
Chap 7
Chap 8
Chap 9
Chap 10
Chap 11
Chap 12
Chap 13
Chap 14
Chap 15
Chap 16
Chap 17
Chap 18
Chap 19
Chap 20
Chap 21
Chap 22
Chap 23 (Part 1)
Chap 23 (Part 2)
Chap 24 (Part 1)
Recommend Please!!
Chap 24 (Final Part)
6.4K 779 35
By LuuLuu252
Warning: မက်ကျူးဝါး အွန်ထားပါတယ်နော်☻
Zaw
"ဘာလို့လဲ?"
"........"
"မင်းက အရမ်း ချိုတယ်....."
ရွှီနျန် : "......"
"......"
ချန်းချန် : "......"
"အဲဒါက အဆင်ပြေနေပြီ"
သူ၏ ရှေ့နောက် နှစ်နေရာစလုံးမှာ စိုစွတ်ချောမွေ့နေပြီဖြစ်ကာ ချန်းချန်အား စိတ်မရှည်စွာ တိုက်တွန်းလိုက်သည်။
ချန်းချန် : "......"
"ဝိုး....အကြီးကြီးပဲ....."
"ပါးစပ် ပိတ်ထား!"
ရွှီနျန်က နားမလည်ပေ။
"အမ်း.......အာ့....."
ရွှီနျန် : "......."
"ဟိုမို ကောင်စုတ်လေး!"
".....နိုး"
ချန်းချန် : "......"
ပြီးပါပြီ
T/N
မာ : hard
ညီလေး : di*k
__________________
Uni
'လူပျိုစစ်စစ် တစ်ယောက်အနေနှင့် ပထမဆုံးအကြိမ်အား အောင်အောင်မြင်မြင် ပြီးမြောက်နိုင်ရန် မည်သို့မည်ပုံ ဆောင်ရွက်ရမည်နည်း' ဆိုသည်မှာ လွယ်လည်းလွယ်ကူသလို တစ်ချိန်တည်းမှာပင် ခက်ခဲသည်ဟုလည်း ဆိုနိုင်၏။
ရွှီနျန်က အတွေ့အကြုံမရှိခဲ့ဖူးသူတစ်ယောက် ဆိုသော်ငြားလည်း သူသည် ထက်မြတ်ပြီး သင်ယူရသည်ကို နှစ်သက်သည့် လူငယ်လေးပင်။ ထို့ကြောင့် မတိုင်ခင်က သူကြိုးစားအားထုတ်ခဲ့သမျှနှင့် သူလှမ်းခဲ့သည့် ခြေလှမ်းတိုင်းသည် ဤအခိုက်အတန့်လေး အတွက်ပင် ဖြစ်လေသည်။
အမှန်အတိုင်း ပြောရလျှင် သူ့ကဲ့သို့  ပရောဖက်ရှင်နယ်ကျလွန်းကာ s*xလုပ်ကြဖို့ရန် အတော်လေး အဆင်သင့်ဖြစ်နေတတ်သည့် သကြားဘေဘီလေး ဆိုသည်မှာ ရှာတွေ့နိုင်ရန် တကယ်ပင်ခက်ခဲရှားပါးကာ ပြောရမည်ဆိုလျှင် သူမှလွဲ တစ်ခြားတစ်ယောက် ရှိကို မရှိနိုင်ပေ။
ဤကဲ့သို့သော အချိန်၌ နောက်ဆုံးတော့ ချန်းချန်သည်  ပုံမှန် သကြားဒယ်ဒီ တစ်ယောက်နှင့် တူလာပြီဖြစ်ပေမဲ့လည်း ထို သကြားဒယ်ဒီမှာ စိတ်လည်း အတော်လေး လှုပ်ရှားနေသေးလေ၏။ သူက လေ့လာမှုပြုထားမပြုထား ဆိုသည်ကို ရွှီနျန်မသိပေ။ တကယ်တော့ ချန်းချန်သည် နှစ်ပေါင်းများစွာ လိင်တူချစ်သူများအား ရွှံ့မုန်းသူတစ်ယောက်အဖြစ် ရပ်တည်ခဲ့သည့်အပြင် သူ့ဒေါသသည်လည်း အတော်ပြင်းထန်ဆိုးရွားသည်မို့ သူ့အနေနှင့် ထိုလူကြီးအား တာဝန်သိတတ်ပြီး ဂရုစိုက်တတ်သူတစ်ယောက် ဖြစ်ဖို့ရန် မမျှော်လင့်ထားခဲ့ပါပေ။
သို့သော်လည်း လက်တွေ့ကတော့ အတော်လေး မမျှော်လင့်ထားစွာပင်။
သူ ရေချိုးကန်ထဲသို့ ရောက်သွားချိန်တွင် ချန်းချန်သည် အလေးအနက်ဖြစ်လာခဲ့သည်။ မင်္ဂလာဆောင်ပြီးစ ရှက်သွေးဖြာနေသည့် သတို့သမီးအသစ်လေးကဲ့သို့ အလေးအနက်ဖြစ် ပုံမျိုးမဟုတ်ဘဲ အတော်လေး ခက်ခဲရှုပ်ထွေးပြီး ဖော်ပြဖို့ရန် အလွန်ခက်သည့် အလေးအနက် ပုံစံမျိုး ဖြစ်သည်။
ရွှီနျန်သည်လည်းပဲ နည်းနည်းလောက် ရှက်သွားခဲ့သည်။
"ခင်ဗျား မျက်လုံးကို ပိတ်ထားမလားဟင်?"
ချန်းချန်က မျက်မှောင်ကြုတ်ကာ မေးလာသည်။
"ဘာလို့လဲ?"
ရွှီနျန်က အနည်းငယ် ကိုးရိုးကားရား နိုင်စွာဖြင့် ပြောလိုက်သည်။
"ကျွန်တော်ကို ကြည့်နေရင် ခင်ဗျားဟာက မာ* မလာနိုင်မှာ စိုးရိမ်လို့......."
ချန်းချန်က ဘာမှမပြောပေ။ သူ့ပါးစပ်က အနည်းငယ် လှုပ်ရှားသွားသည်။ သူ့နားရွက်တို့ကတော့ အပြည့်အဝရဲရဲနီနေလေကာ အချိန်အနည်းငယ်အကြာတွင် သူက တိုးတိုးလေး ရေရွတ်လာ၏။
"ကိုယ် အစောကြီးကတည်းက မာနေတာ"
"........"
ရွှီနျန် နည်းနည်းလောက် မယုံကြည်နိုင် ဖြစ်သွားခဲ့ကာ မျက်တောင်ခတ်လိုက်သည်။ သူက ထိုအရာအား ထိကြည့်ဖို့ရန် သူ့လက်ကို မစဉ်းစားဘဲ အောက်ဘက်သို့ ရွှေ့လိုက်၏။ သို့သော်လည်း ထိုနေရာသို့ထိမိဖို့ရန် ဆံချည်တစ်မျှင်ခန့် အလိုတွင် ချန်းချန်က ချဉ်တင်တင် အမူအရာဖြင့် သူ့လက်အား ရိုက်ထုတ်လိုက်လေ၏။
"မင်း ထိလို့ရတယ်လို့ ဘယ်သူပြောလဲ!?"
ချန်းချန်၏ မျက်နှာက မုန်တိုင်းထန်လျက်။
ရွှီနျန်က သူ့အား ကြောက်မသွားသည့်အပြင် အရှက်မဲ့စွာပင် ပြောလိုက်၏။
"ကျွန်တော်က ခင်ဗျား ဘယ်လောက်ထိ မာနေပြီလဲဆိုတာ တစ်ချက်လောက် စမ်းကြည့်ချင်ရုံတင်ကို......."
ချန်းချန်က တစ်စုံတစ်ရာ တီးတိုး ရေရွတ်လိုက်ပေမယ့် ရွှီနျန် မကြားလိုက်ရပေ။ သူ့လက်ကောက်ဝတ်က ဖမ်းကိုင်ကာ ဆွဲယူခြင်းကို ခံလိုက်ရသည်။
ရေးချိုးကန်ကြွေဇလုံသည် အရမ်းကြီး မကြီးပေ။  ရွှီနျန်က ဒူးထောက်လျှက်သားလေးဖြင့် ချန်းချန်၏ ခပ်ကျယ်ကျယ်ဟထားသည့် ခြေထောက်များကြားထဲတွင် ရှိနေခဲ့လျက် သူ့ခါးတို့က ချန်းချန်၏ မြဲမြံစွာ ပွေ့ဖက်ခြင်းကို ခံထားရလေသည်။
ဤ အနေအထားမှာ အနမ်းပေးဖို့ရန် အတော်လေးကို သင့်တော်နေကာ၊ ထို့ကြောင့်ပင် နှစ်ဦးသားတို့၏ နှစ်ခမ်းသားတို့က နောက်ထပ် ခွဲခွာဖို့ရန် မဖြစ်နိုင်တော့သည့်အလား ဖိကပ်သွားကြလေသည်။
ရွှီနျန် တွေးလိုက်မိသည်က နှုတ်ခမ်းသားတို့အား ကိုက်ခဲလျက် လျှက်ခြင်း၊စုပ်ယူခြင်း နှင့် နှုပ်ခမ်းသားအချင်းချင်း ပွတ်တိုက်ခြင်း  သို့မဟုတ် တခြားသော မည်သည့် အနမ်းပေးခြင်း ပညာရပ်တို့တွင်မဆို ချန်းချန်က သူ့ထက်ပို၍ အနည်းငယ် အတွေ့အကြုံ ပြည့်ဝသည် ဟု။
သူ မနေနိုင်စွာပင် သူ့မျက်ခွံကို တစ်ဝက်လောက် ပင့်မ၍ တိတ်တိတ်လေးခိုးကြည့် လိုက်ချိန်တွင် တွေ့လိုက်ရသည်က ချန်းချန်က မျက်လုံး မှိတ်မထားသည့်အပြင် သူ့အား စိုက်ကြည့်လျှက် ရှိနေသည်ကိုပင်။
"မင်းက အရမ်း ချိုတယ်....."
ချန်းချန်က တိုးတိုးလေးပြောလာသည်။
"သကြားလုံး စားထားတာလား?"
'သေချာပေါက် မဟုတ်ဘူးပေါ့၊'
ရွှီနျန် တိတ်တဆိတ်ပင် တွေးလိုက်မိသည်။
'တကယ်တမ်း အရမ်းချိုနေတာက ခင်ဗျားပါနော်'
သူက လက်တစ်ဖက်ကို ဆန့်လိုက်ကာ ချန်းချန်၏ ဆံပင်များကြား လက်ဖြင့် ထိုးဖွလိုက်သည်။ ကြောက်ရွံ့စရာကောင်းစွာ မာကျောသည့် စရိုက်နှင့် ဆန့်ကျင်စွာပင် ချန်းချန်၏ ဆံပင်တို့သည်ကား ခေါင်းအစခြေအဆုံး အချစ်တို့ဖြင့် ပြည့်နေသည့် ကြင်နာတတ်သူ လူကြီးတစ်ယောက်ကဲ့သိုု့ နူးညံ့ပျော့ပြောင်းကာ ကောင်းမွန်လှသည်။
ဤလူကြီးသည် အလွန်တကူ ဒေါသထွတ်တတ်သော်လည်း စိတ်ကျေနပ်စေရန်နှင့် တည်ငြိမ်စေရန် ချောမော့ရသည်မှာလည်း အတော်လေး လွယ်ကူလှသည့် နူးညံ့သော နှလုံးသားနှင့် ကြင်နာတတ်သူတစ်ယောက်ဖြစ်သည်။ ဤလူကြီးသည် အလွန် ချစ်စရာကောင်းသည်။ သို့သော်လည်း စိတ်တိုစရာကောင်းအောင် ပြုမူရန် နှစ်သက်သူတစ်ယောက်လည်း ဖြစ်နေပြန်သေး၏။
ရွှီနျန်က ချန်းချန်၏နှုတ်ခမ်းတို့ကို နမ်းလိုက်ပြီးနောက် ဤလူကြီး၏ မျက်နှာအနှ့ံကိုလည်းပဲ နမ်းချင်လာသည့်စိတ်အား မခုခံနိုင်ပေ။ သူ့မျက်နှာအနှံ့ နမ်းပြီးနောက် သူ့မျက်ခွံတို့အားလည်း နမ်းချင်ပြန်သေးသည်။ သူသည် ပေါင်မုန့်အစအနများအား နှုတ်သီးဖြင့် လိုက်ကောက်နေသည့် ကြက်တစ်ကောင်ကဲ့သို့ပင် ချန်းချန်၏ မျက်နှာအနှံ့ နေရာလပ်မကျန် လိုက်နမ်းနေတော့သည်......။
ချန်းချန်မှာ သည်းမခံနိုင်တော့ဘဲ သူ့ဆံပင်ကို ဆုပ်ကိုင်၍ သူ့ခေါင်းကို ဆွဲခွာလိုက်ကာ အနည်းငယ် ရွံရှာနေပုံဖြင့် ပြောလာ၏။
"တံတွေးတွေ အများကြီးပဲ"
ရွှီနျန် : "......"
သူ့၏ germophobia(ပိုးမွှားကြောက်သည့် အသန့်လွန်ရောဂါ) ထလာချိန်တွင်တော့ ဘော့စ်ချန်းမှာ ချစ်စရာမကောင်းတော့ပါချေ။
ချန်းချန်က သူ့မျက်နှာကို သုတ်လိုက်သည်။ ထို့နောက်တွင် ရွှီနျန်အား သူ၏ ပေါင်ထက်သို့ ဆွဲတင်လိုက်သည်။ သူက တစ်ဖက်လူ၏ ဖြူဖွေးကာအစွန်းထင်းကင်းသော လည်တိုင်လေးကို နမ်းလိုက်ပြီး သူ့လက်ချောင်းများအား တစ်စုံတစ်ခုအတွင်းသို့ နှစ်လိုက်ကာ ရွှီနျန်၏ နောက်ဖက်တစ်နေရာသို့ သုတ်လိမ်းလိုက်၏။
ရွှီနျန်သည် ဝက်သားမစားသော်လည်း ဝက်လမ်းလျှောက်သည်ကိုတော့ မြင်ဖူးပါသည်*။ ထို့ထက်ပိုသည်က ဤအခြေအနေအား သူက နှစ်နဲ့ချီ၍ စောင့်ဆိုင်း အစီစဉ်ချလာခဲ့သည်လည်း ဖြစ်ပေရာ သူကြည့်ခဲ့သည့် အွန်လိုင်းမှ နည်းလမ်းများနှင့် အပြာဗီဒီယိုများကို ထည့်မတွက်သေးဘဲ၊ ခန္ဓာဗေဒပိုင်းဆိုင်ရာကို ကြည့်မည်ဆိုလျှင်ပင် ရွှီနျန်သည် B တက္ကသိုလ်မှ  ဘွဲ့ရထားသည်ဆိုသည့် အမှန်တရားအရ သူ့အနေဖြင့် ထိုဘာသာရပ်အား အက်ဆေး ဆယ်မျက်နှာလောက်အထိပင် ရေးနိုင်လေသည်။
ရုပ်ပိုင်းဆိုင်ရာတွင်လည်း သူက လိင်တူဆက်ဆံခြင်းအတွက် အစောကြီးကတည်းက အသင့်ပြင်ဆင်ထားပီးဖြစ်ကာ စိတ်ပိုင်းဆိုင်ရာအရဆိုလျှင်လည်း၊ ပရောဖက်ရှင်နယ် သကြားဘေဘီ တစ်ယောက်ဖြစ်သည့် သူက ဘော့စ်နှင့်အတူ အိပ်ချင်သည့် ရည်ရွယ်ချက်လည်း ပြင်းပြသေးလေ၏။
ထို့ကြောင့် သူ၏ အဝင်ပေါက်ကလေး  ဖြေလျှော့ခံနေရချိန်တွင် ရွှီနျန်သည် အနည်းငယ်မျှ မသက်မသာမခံစားရပေ။ သူ့မှာ အနည်းငယ်တောင် စိတ်မရှည်ဖြစ်ကာ ရင်ခုန်စိတ်လှုပ်ရှာနေသေးလေ၏။
"......"
ချန်းချန်က မျက်ခုံးတို့ကို တွန့်ကြုတ်လိုက်သောကြောင့် သူ့နှဖူးပြင်တွင် နက်ရှိုင်းသည့် အရေပြား အတွန့်ကလေး ပေါ်လာသည်။
"မင်း ဘာလို့ တအား ညစ်ညမ်းနေရတာလဲ?!"
ရွှီနျန်က မျက်တောင်ခတ်လိုက်ကာ မတရားခံရပုံလေးဖြင့် တိုးညှင်းစွာပြောလိုက်သည်။
"အဲ့လိုဖြစ်ရတာ ခင်ဗျားကြောင့်ပဲလေ.......မရဘူးလား?"
ချန်းချန် နှုတ်ခမ်းတို့ ပွင့်ဟ သွားသည်။ သူက ဘာပြန်ပြောလိုက်ရမည်မှန်း မသိဖြစ်သွားပေမဲ့လည်း သူ့နှလုံးသားထဲတွင်တော့ ချဉ်တင်တင်နှင့် နူးညံ့မှုတို့အား ခံစားနေရသည့်ပြင် အနည်းငယ် ကျေနပ်မှုနှင့် စိတ်ကြီးဝင်သည့် ခံစားချက်တို့လည်း ဖြစ်ပေါ်နေသေးလေ၏။
ရွှီနျန်က ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။
"ခင်ဗျားခြေထောက်လှုပ်နေတာ ရပ်လိုက်ပါတော့၊ ကန်ထဲကရေတွေ အပြင်ကို လျှံကျကုန်ပြီလို့"
ချန်းချန် : "......"
ဘော့စ်အား မကောင်းပြောမိသည့် အကျိုးဆက်အဖြစ် ရွှီနျန်၏ တင်ပါးမှာ အကြောင်းရင်းမရှိ ခပ်ဆတ်ဆတ် အရိုက်ခံလိုက်ရလေသည်။
ရိုက်ချက်မှာ မနာသော်လည်း သဘာဝအတိုင်း ဖြူဖွေးလှသည့်အသားအရေကို ပိုင်ဆိုင်ထားသည့် ရွှီနျန်၏ တင်ပါးဖြူဖြူလေးထက်တွင်တော့ အရိုင်းဆန်ကာ တချိန်တည်းမှာပင် ရမ္မက်နိုးကြွစေသည့် အနီရောင် လက်ဝါးရာက ထင်ထင်းကြီး ပုံနှိပ်ထားသလို ပေါ်သွားတော့သည်။  ချန်းချန်က သူ့ကို ရိုက်လိုက်ပြီးနောက်တွင် စိတ်မကောင်းဖြစ်
်သွားကာ သူ့တွင်းပေါက်လေးအား ဖြေလျှော့ပေးရင်းပင် တင်ပါးကိုလည်း နှိပ်နယ်ပေးလာသည်။
သူ၏ လှုပ်ရှားမှုများက အတွေအကြုံမရှိမှုကြောင့် အနည်းငယ် ကြမ်းတမ်းသော်လည်း အမှန်တော့ သူက အတော်လေး ညင်သာစွာ ပြုမှုနေတာ ဖြစ်သည်။ ဖြေလျှော့ပေးနေစဉ်တစ်လျှောက်လုံး၌ ချန်းချန်သည် ရွှီနျန်၏ မျက်နှာကိုသာ ကြည့်နေလေကာ သူ(xn)က နည်းနည်းလောက် မျက်ခုံးတွန့်မိတော့မလို အရိပ်အယောင်ပေါ်သည်နှင့်  သူ့(cc)လက်လှုပ်ရှားမှုတို့အား ချက်ချင်းပင် ရပ်တန့်လိုက်လိမ့်မည်ဖြစ်သည်။
"အဲဒါက အဆင်ပြေနေပြီ"
ရွှီနျန်မှာ သူ့ခြေထောက်များ အနည်းငယ် အားနည်းနေသလို ခံစားလိုက်ရသည်။ သူမျက်နှာထက်တွင်တော့ တပ်မက်မိန်းမောမှူတို့ ပြည့်နှက်နေခဲ့ကာ ချစ်စိတ်ပြင်းပြမှုတို့ဖြင့် ကြက်သွေးရောင်သမ်းနေခဲ့လျက်။
သူ၏ ရှေ့နောက် နှစ်နေရာစလုုံးမှာ စိုစွတ်ချောမွေ့နေပြီဖြစ်ကာ ချန်းချန်အား စိတ်မရှည်စွာ တိုက်တွန်းလိုက်သည်။
"မြန်မြန်လေး...အထဲဝင်လာခဲ့တော့"
ချန်းချန်က သဘောမတူသလို ငြင်းလည်းမငြင်းပေ။ သို့ပေမဲ့ သူ့ကို ကြည့်ရသည်က အထဲသို့ဝင်ရန် အလျင်လိုနေပုံလည်း မရချေ။
ရွှီနျန်မှာ မျက်လုံးသာ လှိမ့်လိုက်မိတော့သည်။ ထို့နောက် သူက ချန်းချန်၏ ပေါင်ထက်တွင်လျှက် တဖက်လူ၏ ညီီလေး*အား ထိတွေ့ကိုင်တွယ်ဖို့ရန် ဆုံးဖြတ်လိုက်သည်။
ချန်းချန် : "......"
ရွှီနျန် ထိုအရာ*အား ထိမိချိန်တွင် ၎င်းမှာ သူမျှော်လင့်ထားခဲ့သည့် အရွယ်အစားမဟုတ်မှန်း ထင်ထင်ရှားရှား သိလိုက်ရကာ အံ့ဩစွာဖြင့် အသံပြုလိုက်မိသည်။
"ဝိုး....အကြီးကြီးပဲ....."
ချန်းချန် သွားကြိတ်လိုက်ကာ၊
"ပါးစပ် ပိတ်ထား!"
ရွှီနျန်က နားမလည်ပေ။
"ဘာလို့လဲ? ကျွန်တော်က ခင်ဗျားကို ချီးကျူးနေတာကို"
ချန်းချန်က နှုတ်ခမ်းစေ့ကာပြောလာ၏။
"မင်း ငါ့ကို ချီးကျူးဖို့ မလိုဘူး"
ရွှီနျန် နှုတ်ခမ်း ဆူသွားသည်။ သို့ပေမဲ့ ဘာမှပြန်မပြောလိုက်ပေ။ သူက ကွန်ဒုံးအိတ်ခွံကို ကိုက်ဖြဲလိုက်ပေမဲ့ ချန်းချန်၏ ညီလေးပေါ်တွင် စွပ်ပေးနိုင်ရန် အတော်လေးကြာအောင် ကြိုးစားလိုက်ရသည်။
မည်သို့ပင် ဆိုစေကာမူ နှိုးဆွခံရကာ အပြည့်အဝ ထောင်မတ်နေပြီဖြစ်သည့် ဘော့စ်ချန်းညီလေး ၏ အရွယ်အစားမှာ နည်းနည်းတော့ စဉ်းစားစရာပင်။
အမျိုးသားများကြားတွင် အရွယ်အစားချင်း နှိုင်းယှဉ်လိုကြသည်မှာ သဘာဝပင်ဖြစ်ကာ ထို့ကြောင့်ပင် သူက အောက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သော်ငြားလည်း ရှီနျန်မှာ နည်းနည်းတော့ မနာလိုအားကျဖြစ်မိနေဆဲပင်။
သူက သူ့တင်ပါးကို ကြိုးစား ပင့်မြှောက်ကာ တစ်ဖက်လူ၏ ညီလေးအပေါ်မှ တစ်လက်မချင်းစီ ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။ သို့သော်လည်း တစ်ဝက်လောက်တောင် မဝင်သေးခင်မှာပင် ဤသည်က လွယ်ကူသည့် ကိစ္စမဟုတ်ကြောင်းကို သဘောပေါက်သွားတော့၏။ ချန်းချန်က မလှုပ်ရဲဖြစ်နေကာ ရွှီနျန်သည်လည်းပဲ လှုပ်ရှားလိုက်ဖို့ကို ကြောက်နေမိနေလေပြီ။ ဤသည်မှာ အတွေ့အကြုံမရှိခဲ့ဖူးသည့် နှစ်ဦးစလုံးအတွက် ပထမဆုံးအကြိမ်ဖြစ်ကာ ဤသို့သော အခြေအနေ၊ ဤသို့သော အကျပ်အတည်းသည်ကား အမှန်ပင် မမျှော်ထားသည့် ပြသနာတစ်ရပ်ဖြစ်လေသည်။
"ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲဟင်.......?"
မျက်ရည်များတောင် စီးကျလာပြီဖြစ်သည့် ရွှီနျန်မှာ မျက်ရည်တစမ်းစမ်းဖြင့်။
ချန်းချန်က အသက်ပြင်းပြင် ရူှလိုက်ကာ စိတ်မရှည်စွာဖြင့် ဒေါသထွက်လာတော့သည်။ သူက ရွှီနျန်၏ လည်တိုင်ကို ဆွဲယူလိုက်ပြီး စိုစွတ်သော အနမ်းတစ်ခု ဖန်တီးလိုက်သည်။ အနည်းငယ် နူးညံ့ပျော့ပြောင်းနေခဲ့သည့် ရွှီနျန့် ဂျူနီလေးအား ချန်းချန်က ညင်သာစွာ ပွတ်သပ်ပေးလာ၏။ သူ၏ အရှေ့ပိုင်းက တက်ကြွလာသောအခါ သူ၏အာရုံကြောတို့မှာ ပြေလျှော့လာခဲ့ပြီး တဖြည်းဖြည်းနှင့် သက်တောင့်သက်သာ ဖြစ်လာခဲ့သည်။
"အမ်း.......အာ့....."
တုန်လှုပ်မှုကြောင့် ရွှီနျန်မှာ ညင်သာစွာ ပင့်သက်ရှိုက်လိုက်မိသည်။ ချန်းချန်၏ ပစ္စည်းသည်ကား သူ့အတွင်းထဲသို့ နည်းနည်းပို၍ နက်နက်ရှိုင်းရှိုင်း ဝင်သွားခဲ့ပုံပင်။
ချန်းချန်က သူ့တင်ပါးကို ကိုင်ညှစ်ကာ ပြောလိုက်သည်။
"နည်းနည်းလောက်ပိုပြီး စိတ်လျှော့ထားပါဦး"
ရွှီနျန် ရှည်လျားစွာ အသက်ရှုလိုက်သည်။ သူ၏ အရှေ့ပိုင်းက ပြီးမြောက်ကာ ထုတ်လွှတ်ဖို့ရန် နီးကပ်နေပြီဖြစ်သည်။
ချန်းချန်က ရွှီနျန့်ဂျူနီယာ၏ အောက်ခြေကို ရက်စက်စွာ ဆုပ်ကိုင်လိုက်ကာ
"မင်း ဘာများ လုပ်ချင်နေတာပါလိမ့်?"
ရွှီနျန် နှုတ်ခမ်းစူသွားသည်။ ထို့နောက်တွင်နော့ သူ့နောက်ပိုင်းလေးမှာ နောက်တစ်ဖန် ထပ်၍ ထိုးသွင်း ခံလိုက်ရသည်။
ချန်းချန်မှာ ကျေနပ်သာယာမှုတို့ဖြင့် ပင့်သက်ရှိုက်မိသွားသည်။ သူညီလေးကို အတွင်းထဲသို့ အပြည့်အဝ ထိုးသွင်းလိုက်နိုင်ပြီ။
သိသိသာသာပင် နောက်မှလိုက်လာသော အသွင်းအထုတ် ထိုးသွင်းချက်များ သည် ရွှီနျန်အတွက် ခံနိုင်ရန် ပို၍ခက်ခဲ့လာ၏။ အပြင်ဘက်ရှိ သူ့ဂျူနီယာလေးမှာလည်း ချန်းချန်၏ ဆုပ်ကိုင်ခြင်းကို ခံထားရသောကြောင့် ထုတ်လွှတ်ခွင့် မရနိုင်သေးချေ။ တစ်ဖက်လူ၏ သက်လုံနှင့် စိတ်ရှည်မှုတို့မှာ ပြောင်မြောက်လွန်းလှပြီး ထိုးသွင်းချက်တိုင်းသည်ကား သူ၏ အထိမခံနိုင်သည့်နေရာသို့ တိုက်ရိုက်ထိမှန်နေခဲ့လျက်။
ဤအသွင်းအထုတ် လှုပ်ရှားမှုများသည်ကား ချန်းချန်တစ်ယောက် သူ၏ မကျေနပ်ချက်များအတွက် လက်စားချေနေသကဲ့သို့ပင်။ ထို့ပြင် သူ့နှုတ်ခမ်းမှ ထွက်လာသော စကားတို့သည်လည်း ယဉ်ကျေးမနေတော့ပေ။
"ဟိုမိုကောင်စုတ်လေး....မင်းလေးက တအား ညစ်ညမ်းနေပါ့လား!"
ရွှီနျန် : "......."
"မင်းလေးက ဒီလောက်ကြီးတဲ့  Pee Pee* ကိုတောင် စားနိုင်တယ်ပေါ့လေ!"
ရွှီနျန်တွင် ဤလူကြီး ပြောသည်များအား အာရုံစိုက်ဖို့ရန် ခွန်အားများ မကျန်တော့ပါချေ။
ချန်းချန်က သူ့ကို အလွတ်မပေးသေးပေ။
"ဟေ့....မင်းလေးက အရှက်မရှိဘူးလား?!"
သူက ညစ်ညမ်းခြင်း၊ အရှက်မဲ့ခြင်း၊ ညှိ့အားပြင်းနှင့် တပ်မက်နေခြင်းတို့အား အတင်းအကျပ် ဝန်ခံခိုင်းလေ၏။ အဆုံးမှာတော့ ရွှီနျန်မှာ ငိုရှိုက်နေရပြီဖြစ်ကာ ချန်းချန်အား ထုတ်လွှတ်ခွင့်ပေးရန် တောင်းပန်ရတော့သည်။
ချန်းချန်သည် ထုတ်လွှတ်ပြီးခဲ့ပြီဖြစ်ပေမယ့် သူ့ညီလေးကတော့ တဝက်မာနေဆဲပင်။ ၎င်းက ရွှီနျန်၏ အပေါက်လေးအား အပြည့်အသိပ် ထိုးသွင်းထားလျက်သား။
"ကိုယ့်ကို ချစ်တယ်လို့ပြော"
ချန်းချန်၏ အမူအရာက လေးနက်ကာ စိတ်အား ထက်သန်နေလျက်။
"ကိုယ့်ကို ချစ်တယ်ပြောရင် ထုတ်ခွင့်ပေးမယ်"
ရွှီနျန် ရှိုက်လိုက်သည်။ ထို့နောက် ထိုလူကြီး၏ နှုတ်ခမ်းကို နမ်းလိုက်ကာ မကျေမနပ်ပုံလေးဖြင့် မသဲမကွဲလေး ပြောလိုက်၏။
"ကျွန်တော် ခင်ဗျားကို ချစ်တယ်၊ ခင်ဗျားကို အရမ်းချစ်တယ်လို့......."
ချန်းချန်က နှာမှုတ်လိုက်ကာ အရေးမပါပုံဖြင့်၊
"မင်းက ကိုယ့် Pee Pee ကြီးကိုပဲ ချစ်တယ်ဆိုတာ လောင်းရဲတယ်"
ဟူ၍ ခွန်းတုံ့ပြန်လိုက်ပြီးနောက်တွင် သူ့အား ပြီးမြောက်ခွင့် ပေးလိုက်တော့သည်။
ထိုည၌ ရွှီနျန်သည် ကိုယ်တုံးလုံးဖြင့်ပင် အသန့်ကြိုက်လွန်သည့် ဘောစ့်ချန်းနှင့် တစ်အိပ်ရာတည်းအတူ အိပ်ခဲ့လေသည်။ သို့ပေမဲ့ ချန်းချန်ကတော့ ဇီဇာကြောင်ကာ  အတွင်းခံဝတ်ရန် အတင်းပင်တိုက်တွန်းလေ၏။
ရွှီနျန်မှာ ပင်ပန်းလွန်းသောကြောင့် အိပ်ချင်စိတ်ထဲ နစ်မြုပ်နေခဲပြီဖြစ်သည်။ သူက မသဲမကွဲညည်းညူလိုက်သည်။
"မဝတ်ပါနဲ့တော့........မနက်ကျရင် တစ်ခေါက်လောက် ထပ်လုပ်ကြရအောင်လေ"
ချန်းချန်က ဘာမှပြန်မပြောပေ။ သူက အနည်းငယ် စိတ်ဆိုးနေပုံဖြင့် ရွှီနျန်၏ နှာခေါင်းကို ကိုက်လိုက်သည်။ သို့သော်လည်း တစ်ဖက်လူမှာ အတော်လေး ပင်ပန်းနေကာ အကိုက်ခံရသဖြင့် နည်းနည်းလောက် နာသွားပေမဲ့လည်း အကိုက်ခံရသည့် နေရာအား အမူမဲ့အမှတ်မဲ့သာ အနည်းငယ် ပွတ်လိုက်သည်။
"ဟိုမို ကောင်စုတ်လေး!"
ချန်းချန်က ဆဲရေးလိုက်ပြီးနောက် ပို၍ မကျေမနပ်ဖြစ်လာကာ
"မင်းက ကိုယ့်ရဲ့ Pee Peeကြီးကိုပဲ ကြိုက်တာမှန်း သိသားပဲ"
".....နိုး"
ရွှီနျန်က သူ့တွင်ကျန်နေသေးသည့် လက်ကျန်အား အနည်းငယ်ဖြင့် ချန်းချန်အား တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။
"ကျွန်တော်က ခင်ဗျားကိုပဲ ကြိုက်တာပါနော်"
ချန်းချန် : "......"
ရွှီနျန်က ဂရုတစိုက်ဖြင့် အလေးအနက် ပြောလိုက်၏။
"ကျွန်တော်က ခင်ဗျားကို အကြိုက်ဆုံးပဲ"
ချန်းချန်က ဘာမှပြန်မပြောချေ။ သူက ရွှီနျန် အိပ်မောကျသွားကာ ဟောက်သံသေးသေးလေး ထွက်လာသည့်အချိန်အထိ အကြာကြီးစောင့်နေခဲ့သည်။
ချန်းချန်သည် ရွှီနျန်၏ နဖူးထက်ရှိ ရှေ့ဆံပင်အား အသာအယာ သပ်လိုက်ကာ တစ်ဖက်လူ၏ မျက်နှာလေးအား စူးစူးစိုက်စိုက်ဖြင့် ဂရုတစိုက် လေ့လာနေလေ၏။
သူက ခေါင်းငုံ့လိုက်ကာ ရွှီနျန်၏ နားရွက်အား သူ့နှုတ်ခမ်းတို့ဖြင့် ဖိကပ်လျှက် အလွန့် အလွန်ကိုပင် ညင်သာစွာဖြင့် ပြောလိုက်လေ၏။
"ကိုယ်ကလည်း မင်းလေးကို အကြိုက်ဆုံးပါပဲ"
ပြီးပါပြီ
T/N
မာ : hard
ဝက်သားမစားသော်လည်း ဝက်လမ်းလျှောက်သည်ကို မြင်ဖူးသည်။ : တစ်စုံတစ်ခုကို မလုပ်ဖူးပေမယ့်လည်း အဲဒါနဲ့ပတ်သတ်ပြီးတော့ သိထားတယ်။
ညီလေး : di*k
Pee Pee : E tran အတိုင်း ပြန်ရေးထားတာပါ။ မြန်မာလို ဘယ်လို ပြန်ရမလဲ မသိလို့။ ချန်းချန်းရဲ့ ညီလေးကို ပြောတာပါနော်။တရုတ်လိုက 鸡鸡/jī jī ပါ၊ တဲ့တိုး ဘာသာပြန်ရင် ကြက် ကြက်ပေါ့😂။အဲဒါက တရုတ်မှာဆို ယောကျာ်း အင်္ဂါကို ပြောတာပါတဲ့။ အဲဒီ ကျီးကျီးက  ကလေးငယ်လေးတွေရဲ့ ....ကို ပြောတဲ့အခါသုံးတာပါတဲ့ ။
တို့ရဲ့ ဘော့စ်ကြီးက သူ့ညီလေးကိုသူ ကလေးတွေပြောသလို ကြက်ကြက်ကြီး လို့ သုံးလိုက်တာပါရှင်။ ရှင်းရင်းနဲ့ ပိုရှုပ်ကုန်ရင် တောင်းပန်ပါတယ်။😁😁
ဒါကတော့ တကယ့် အဆုံးသတ်ပါနော်။
မူရင်း စာရေးဆရာက Weibo မှာ extra တွေ တင်ပေးမယ်လို့ ပြောထားပေမယ့် E tran က မပြန်တော့ဘူးလို့ပြောထားတာရယ်၊ တို့ကလည်း
Weibo မသုံးတာရယ်ကြောင့် လောလောဆယ်တော့ မပြန်ဖြစ်သေးပါဘူးရှင့်။
တကယ့်ကို အားနာပါတယ်နော်။
နောက်ပိုင်းကျ တို့လည်း အရမ်းအရမ်းဖတ်ချင်လာတဲ့အခါ ရှာဖွေပြီး ဘာသာပြန်ဖြစ်မလား မပြောတတ်ဘူးရယ်😁😁။
ဝါကျအထားအသိုအမှား၊ စာလုံးပေါင်းသတ်ပုံအမှား ၊ ဘာသာပြန်အလွဲအမှား စသည်ဖြင့် ပြစ်ချက်တွေ အများကြီးရှိနေတဲ့ ကိုယ့်ရဲ့ ပထမဆုံးသော ဘာသာပြန်ဝတ္တုတိုလေးကို အဆုံးထိ ဖတ်ရှုပြီး ကြယ်လေးတွေ ပေးခဲ့ကြတဲ့ ဖတ်ရှုသူ တစ်ယောက်စီတိုင်းကို ကျေးဇူးအများကြီး တင်ပါတယ်။
သိပ်မကြာခင်မှာ နောက်ထပ် new work နဲ့အတူ ပြန်လာခဲ့ပါဦးမယ်။ ပိုပြီး ကြိုးစားသွားမှာမို့ အားပေးကြပါဦးရှင်😘😘😘😘။
Continue Reading
You'll Also Like
1.7M 120K 44
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
22.4K 797 19
I'm bad at description T^T This is an au, where Shinichiro is alive! Kazutora musician au! How will Toman react when they find out that a certain so...
84.6K 7.6K 71
နောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest
1.4M 35.2K 47
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...