Is Love Real ??

By Sol_Sol_01

7.3K 353 32

သူကလေ တစ်လျှောက်လုံး ကျွန်မကို လိမ်ညာခဲ့တဲ့အပြင် ကတိတစ်ခုတောင်မတည်ဘဲ အမြဲ ရှောင်ပြေးနေတဲ့ မိန်းမမျိုး ကျွန်မ... More

Is Love Real?? (intro)
Is Love Real?? (part 1)
Is Love Real ?? (part3)
Is Love Real ?? (part 4)
Is Love Real ?? (part 5)
Is Love Real?? (part 6)
Is Love Real?? (part 7)
Is Love Real?? (part8)
Is Love Real ??(part 9)
Is Love Real?? (part10)
Is Love Real?? (part 11)
Is Love Real?? (part12)
Is Love Real?? (part13)
Is Love Real?? (part14)
Is Love Real ??(part 15)
Is Love Real ?? (part 16)
Is Love Real?? (part17)
Is Love Real?? (part18)
Is Love Real?? (part19)
Is Love Real?? (part20)
Is Love Real?? (part21)
Is Love Real?? (part22)
Is Love Real?? (part23)
Is Love Real?? (part 24)

Is Love Real ?? (part 2)

278 18 0
By Sol_Sol_01

ဒီလိုနဲ့ တစ်ပတ်ခန့်ကြာသောအခါ Japan စာ ပညာဒါန group ဟာ စတင်လာခဲ့ပြီး ယွန်းနဲ့ သင်းတို့ရဲ့ ပထမဆုံး online video call တွေ့ဆုံမှုဖြစ်တဲ့ zoom ခေါ်ပြီး စာလုပ်ရန်အချိန်ကလည်း ရောက်ရှိလာခဲ့ပြီပေါ့........

တစ်နေ့သော မနက်ခင်းအချိန်တွင် ယွန်း နိုးထလာခဲ့ပြန်ပြီ လူငယ်ပီ" နိုးထလာသည်နှင့် ဖုန်းအရင်ဖွင့်ကာ fb တွင် nf ပွတ်နေစဉ်....

"ဒီနေ့ကစပြီး ဆရာမတို့ရဲ့ ဂျပန်စာပညာဒါနဟာ စတင်တော့မှာ နေ့စဉ် မြန်မာ စံတော်ချိန်နေ့လည် ၁၁ နာရီတွင် video အသစ်တွေကို တင်ပေးမှာဖြစ်ပြီး ကျောင်းသားကျောင်းသူအားလုံး ပျော်ရွှင်စွာ အတူတူစာလုပ်ကြရအောင်" ဆိုပြီး ပညာဒါန အတန်းဟာ စတင်လာခဲ့ပြီး ယွန်းရဲ့ အတွေးထဲမှာတော့....

"ငါသင်းနဲ့ အတူ Zoom ဝင်ပြီး စာလုပ်ရတော့မှာဘဲ ပျော်လိုက်တာ" ဆိုပြီး မနက်ခင်းအချိန်တွင် ယွန်းရဲ့ မျက်နှာမှာ အပြုံးတွေဝေဆာလျက်...

ခဏကြာသောအခါ-----

ယွန်း - ဟေး နိုးပြီလား ပညာဒါန အတန်း စပြီနော် စာတူတူလုပ်ရတော့မယ် ပျော်လိုက်တာ

သင်း - ဟုတ်လား အတန်းစပြီလား စာတူတူလုပ်ရတော့မှာဘဲ ပျင်းနေလို့မဖြစ်ဘူး ကြိုးစားရမယ်

ယွန်း - haha ဟုတ်ပါပြီ ဒီနေ့ အတန်းဝင်ကြမလား ဒါပေမယ့် ဒီနေ့က ထုံးစံအတိုင်း project ကို trans ရမယ့် ရက်ဖြစ်နေတယ် ဘယ်လိုလုပ်
ပါမလဲ

သင်း- ရတယ်လေ ဘာမှမဖြစ်ဘူး မနက်ဖြန်မှ လုပ်ကြတာပေါ့ ဒီနေ့ trans ကိုသာ ပြီးအောင်လုပ်လိုက်

ယွန်း - ဟုတ် အာ့ဆို မနက်ဖြန်မှ တူတူလုပ်တာပေါ့ အခု trans အမြန် ပြီးအောင်လုပ်မယ် fighting ဆိုပြီး

ယွန်းဟာ တစ်နေ့တည်း trans ကို အမြန်ပြီးအောင် trans ပြီး အကြွေး မကျန်အောင်လုပ်ပါတော့သည် တစ်ဖက် စိတ်ထဲမှာလည်း သင်းနဲ့ အတူတူ စာသင်ရမှာကို အလွန်ပျော်နေသောကြောင့် အမြန်အဆန်ကို လုပ်နေမိတော့သည်........

ဒီလိုနဲ့ ညရောက်လာသောအခါတွင်လည်း ထုံးစံအတိုင်း သွားတိုက်ရန်သတိပေးကာ စကားစမြည်ပြောကြရင်း

ယွန်း - trans က ပြီးသွားပြီး yayyy အဲ့တော့ မနက်ဖြန် စာလုပ်လို့ရပြီ ဘယ်အချိန်လုပ်ကြမလဲဟင်

သင်း- ဟုတ်လား အာ့ဆိုနေ့လည် ၁ နာရီလောက်ကော စားသောက်ပြီး ဘာညာနဲ့ အေးဆေးပေါ့

ယွန်း - omm အဲ့တာကောင်းတယ် မနက်အစောကြီးလည်း မထနိုင်ဆိုတော့ အကုန် ပြင်ဆင်ပြီးဆိုတော့ အဆင်ပြေတယ်

သင်း - OK အာ့ဆို မနက်ဖြန် နေ့လည် ၁ တွေ့မယ်နော်

ယွန်း - okk အခုလည်း နောက်ကျနေပြီစောအိပ်တော့ မနက်ဖြန်စာလုပ်ရမှာဆိုတော့လေ

သင်း - omm good night

ယွန်း - good night ဆိုပြီး အပြန်အလှန်နှုတ်ဆက်ကြရင်း ည conversation လေးဟာ ထပ်မံပြီးဆုံးသွားပြန်ခဲ့ပြီ ယွန်းဟာတော့ အတွေးများစွာနဲ့ အပြုံးတွေ ဝေဆာစွာနဲ့ အိပ်သွားတယ်...

ဒီလိုနဲ့ မနက် ၁၀ နာရီ သို့ရောက်ရှိလာခဲ့သည်----

ယွန်းတစ်ယောက်ပျော်ရွှင်စွာနဲ့ မနက်ခင်းကိုစတင်လိုက်သည် ထို့နောက် သင်းကို သတိပေးရန်အတွင်း messenger သို့ ဝင်လိုက်သည်

ယွန်း - နိုးပြီ ယူ ဒီနေ့ ၁ နာရီ စာတူတူ လုပ်ရမယ်နော် မမေ့နဲ့အုံး

နာရီဝက်ခန့်ကြာသော သင်းဘက်မှ စာပြန်လာခဲ့သည်----

သင်း - ဟုတ် ညက နောက်ကျမှ အိပ်လိုက်တာ အိပ်ရေးမဝလို့လားမသိဘူး ခေါင်းနောက်နေသလိုဘဲ

ယွန်းထိုစာကိုတွေ့"ချင်း လုံးဝကို စိတ်အပူမိသွားပြီး ရင်ထဲတွင် ပြာကလပ်ဆန် ဖြစ်ကာ ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်းမသိဖြစ်သွားသည် အဲ့ဒါကြောင့် ယွန်း ပထမဆုံးလုပ်လိုက်တာက----

ယွန်း - ညကဘယ်အချိန်မှ စော"အိပ်လို့ ပြောတာကို မအိပ်ဘူး အခုကြည့် တွေ့ပြီဖြစ်လား စာလုပ်ဖို့ရှိလို့ စော"အိပ်ခိုင်းတာကို မအိပ်ဘူး တကယ်ဘဲ အခုဘယ်လိုနေသေးလဲ သံပုရာရည်သောက် မဟုတ်ရင် ဆက်အိပ်လိုက်တော့ ဆိုပြီး  ဆူလိုက်မိတယ်

သင်းဘက်ကလည်း ထိုဆူတာလေးကို သဘောကျစွာနဲ့.....

သင်း - အဲ့လောက်လည်း မဟုတ်ပါဘူး အခု သက်သာသွားပါပြီ  hehe

ယွန်း - တကယ်သက်သာတာသေချာရဲ့လား ဟုတ်လို့လား

သင်း - ဟုတ်ပါတယ် စော"က ချက်ချင်းထမိသွားလို့နေမှာပါ

ယွန်း - အော် ဟုတ်လား အာ့ဆို ​ပြီးရော"ဂရုတော့စိုက်အုံးနော်

သင်း - ဟုတ်ပါပြီ ဒီနေ့ နေ့လည် ၁ နာရီ တွေ့မှာမလား

ယွန်း - ဟုတ်တယ် ID နဲ့ password ပို့လိုက်မယ် zoom down ထားနော်

သင်း - ဟုတ်ပါပြီ အာ့ဆို အခုလုပ်စရာရှိတာ ကြိုပြင်လိုက်အုံးမယ်နော်

ယွန်း - omm အိုင်လည်း လုပ်လိုက်အုံးမယ်

ဒီလိုနဲ့ ကိုယ်စီ အလုပ်တွေလုပ်ကြ သန့်ရှင်းရေးလုပ်ကြဆိုပေမယ့် အလုပ်တွေမပြီးသောကြောင့် နောက်ကျကာ ၁ နာရီခွဲမှ zoom ဝင်ဖြစ်သွားသည်

ယွန်း - ဒီမှာ ID နဲ့ password နော် အဲ့ဒါထဲ ဝင်လာခဲ့

သင်း - ဟုတ်

ဒီလိုနဲ့ ခဏကြာတော့ သင်းနဲ့ ယွန်းတို့ရဲ့ တွေ့ဆုံမှုလေးဟာ စတင်လာခဲ့ပြီလေ ရောက်"ချင်း camera ဖွင့်ရမှာ နှစ်ယောက်လုံး ရှက်နေကြသည် အဲ့ဒါနဲ့ ပထမဆုံး စကားပြောဖြစ်ကြတယ်

သင်း - Ohayou ဆိုပြီး သင်းဘက်ကစနှုတ်ဆက်လာခဲ့တယ် သင်းရဲ့အသံလေးဟာ ပျော်စရာမရှိအောင်ချိုသာလွန်းတယ် သူပြောဖူးတဲ့အတိုင်း တကယ့် Neko အသံလေးနဲ့ပေါ့ ယွန်းရင်တွေအစမရှိခုန်လျက်----

ယွန်း - ohayou ဆိုပြီးပြန်နှုတ်ဆက်လိုက်လေသည် ယွန်းရဲ့အသံဟာ တကယ်တော့ သင်းလိုချင်တဲ့ tachi သံလိုဖြစ်နေတော့တယ်

ဒီလိုနဲ့ စကားတွေပြောကြပြီး ခဏကြာတော့ နှစ်ဘက်လုံးမှ camera ဖွင့်လာကြသည် သင်းကို မြင်"ချင်း ယွန်းအရမ်းပျော်သွားသောကြောင့် ရင်ခုန်သံတွေမှာ ထိန်းမရပင်------

ထို့ကြောင့်ယွန်းဘက်မှ စကားအရင်စလိုက်သည်

ယွန်း - Day 1 က video တွေ ကြည့်ပြီးပြီလား

သင်း - ကြည့်ရသေးဘူး

ယွန်း - အော်ဟုတ်လား အာါဆို Day 1 ကစကြည့်ကြတာပေါ့ ဆိုပြီး screen share ကာ ဆရာပြောတာကို သေချာနားထောင်ကာ စာလိုက်လုပ်နေကြသည် ......

တစ်နာရီခန့်ကြာသောအခါ ထိုစာကို ယွန်းက ကြည့် ပြီးပြီဖြစ်သောကြောင့် ပျင်းလာကာ သန်းလာတော့သည် လုပ်ချင်ရာတွေလည်း လုပ်နေပေမယ့်လည်း သင်းကို တစ်ချက်"ခိုးကြည့်နေမိသည်.....

နာရီဝက်ခန့်ကြာသောအခါ video တွေအကုန်ကြည့်ပြီးသွားခဲ့ပြီး ဘာလို"နဲ့ အချိန်ဟာ ၃ နာရီနီးပါး ကြာသွားခဲ့တယ် video ကြည့်လိုက် စာနွှေးရင်းနဲ့ပေါ့ -----

ယွန်း - ကဲ စာပြီးပြီဆိုတော့ မနက်ဖြန်မှ တွေ့ကြမယ်နော် စာလုပ်ထားအုံး မနက်ဖြန် စာအလွတ် မေးပြီး လုပ်ကြမယ်

သင်း - ဟုတ် မနက်ဖြန်ကော ဘယ်အချိန်လောက်လဲ

ယွန်း - ၁ နာရီဘဲလေ အဆင်ပြေတယ်မလား

သင်း - omm ပြေတယ် ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက်နှုတ်ဆက်ကာ သူတို့နှစ်ယောက်ရဲ့ ပထမဆုံး zoom လေးဟာပြီးသွားခဲ့ပြီ.....

ခဏကြာသော တိန် ~~~

"စာရောက်တာဘဲ ဘယ်သူလဲမသိဘူး " ဆိုပြီး ယွန်းဖုန်းကိုကောက်ဖွင့်လိုက်တော့ သင်းဘက်မှ ပုံတွေပို့လာခဲ့တယ် ထိုပုံတွေက zoom video call တုန်းက ယွန်းကို ရိုက်ထားတဲ့ ပုံတွေဖြစ်တယ်

ယွန်းလည်း မြင်"ချင်းရှက်တာနဲ့ အံ့ဩဝမ်းသာတာနှစ်မျိုးလုံး တစ်ပြိုင်တည်း ဖြစ်နေတော့သည်

ယွန်း - ahhh ဘယ်တုန်းက ရိုက်လိုက်တာလဲ snap တွေကော ရှက်လိုက်တာ

သင်း - haha ရှက်စရာမလိုပါဘူး အိုင့် Bestie လေးဘဲဟာကို ဒီပုံလေးကြည့် ပါးဖောင်း"လေးနဲ့ လုပ်နေတာလေးက အသက် haha ဆိုပြီး conversation လေးဟာ ရယ်မောချင်းတွေနဲ့အတူ အသက်ဝင်လျက် -----

ဒီလိုနဲ့ သူတို့ရဲ့ daily routine လေးစာ ထုံစံအတိုင်း ပုံမှန်လိုပင် အသက်ဝင်လျက်နှင့်အတူ သူတို့နှစ်ဦးကြားမှာ ရင်းနှီးမှုတွေဟာ Instagram Viber telegram phone number တွေ
ရှိသည်အထိ မြင့်မားလာခဲ့ကြတယ်......

၄ ရက်ခန့်ကြာသောအခါ

သင်း - hiragana တွေမပိုင်သေးဘူး katakana တွေလည်းလာနေပြီ ရောနေပြီ ဘယ်လိုလုပ်ရတော့မလဲ

ယွန်း - hiragana ပိုင်မှ katakana ကိုလုပ်မဟုတ်ရင်ရောလိမ့်မယ် အိုင့်မှာ အတွေ့အကြုံရှိလို့သိတယ်

သင်း - omm ဟုတ်" အာ့လိုနဲ့ timetable တွေဟာ နောက်ကျသွားခဲ့တော့သည်....

ယွန်း - အာ့ဆို zoom မရှိတော့ဘူးပေါ့နော်

သင်း - အော် ဟုတ်လား အင်း"

ယွန်း - omm တစ်ခုပိုင်မှ တစ်ခုတက်နော်

သင်း - ဟုတ်

ဒီလိုနဲ့ သင်းနဲ့ ယွန်းတို့နဲ့ online video call ထုံးစံလေးဟာ အဆုံးသတ်သွားခဲ့သည် ......

ယွန်းဘက်တော့ အနည်းငယ်စိတ်မကောင်းဖြစ်လျက်ပေါ့ ဒါပေမယ့် နှစ်ယောက်လုံးက ပျင်းတတ်ကြတဲ့သူတွေဆိုတော့ နားလည်ခဲ့ကြပါတယ်

"ဟူး...သူ့အတွက် birthday present က YouTube မှာ ရှာကြည့်အုံးမယ် edit တွေ ....Am တွေက တော်ခက်တာဘဲ သူ့ပုံအများကြီးလည်း မရှိဘူး ဒါက အဆင်မပြေဘူး ဒါကကော... သီချင်းက အဆင်မပြေတာဟယ်..." ဒီလိုနဲ့ ယွန်းက သူ့အကြိုက်ကို ၁ နာရီလောက်ရှာလိုတော့မှ "ဟူး ဒါလေးမဆိုးဘူး အဆင်ပြေတယ် ဒါလေးကို ငါ့ design နဲ့ ပြန် edit မယ် နောက်ဆုံးတော့ရခဲ့ပြီ" ဆိုပြီး သက်ပျင်းလေးချကာ နားနေရာမှ "ဟူး ပျင်းတာ သင်းနဲ့ စကားလေးသွားပြောအုံးမှ" .....
အဲ့ထဲက ယွန်းကိုယ်တိုင်သတိမထားမိတာက ယွန်းရဲ့ စိတ်ထဲမှာ သင်းကို တမ်းတမိသည်အထိ နေရာယူလာခဲ့ပြီလေ....

ယွန်း - စားပြီးပြီလား ပြီးရင်သွားတိုက်နော် စောတော့စောပါသေးတယ်

သင်း - ဟုတ် စားပြီးတာကြာသေးဘူး ပြီးမှ တိုက်လိုက်မယ်

ယွန်း - ဟုတ်ပြီ ဒါနဲ့.......စကားတွေများစွာပြောရင်း စကားလမ်းကြောင်းဆတ်လာရာမှ

သင်း - ဟိုလေ ယူ့ဆီက တစ်ခု အကြံညဏ်ယူချင်လို့

ယွန်း - ဟုတ်ရတာပေါ့ မေးလေ

သင်း - အိုင်လေ ကောင်မလေးတစ်ယောက်ကို ကြိုက်နေမိတာ ဆိုပြီး screenshot လေးနဲ့အတူပို့လိုက်သည်

ယွန်း - အော်----------

ယွန်းရင်ဝကို ဓားနဲ့ စောင့်ထိုးလိုက်သလိုပါဘဲ အရမ်းပူလောင်လာပြီး ရင်ဘက်တစ်နေရာကနေ နာကျင်လာခဲ့ပြီလေ............

ယွန်းနင်ရိပ်မိပြီလား ~~~

ပထမဆုံး​ေရးသားခြင်းလို့ အမှားပါသည်ရှိသော်အရေးအသားကောင်းသည်ဖြစ်သော် တောင်းပန်းပါတယ် 🙇‍♀️ feedback လေးပေးခဲ့ကြပါ

SOL



Continue Reading

You'll Also Like

11.2K 816 35
စာမေးပွဲဖြေတုန်းကအခန်းစောင့်တဲ့ဆရာမကလည်း ကိုယ့်အချစ်ဆုံးလူသားဖြစ်လာနိုင်ပါတယ် တီချယ်ကိုလေသမီးအရမ်းချစ်တာ ...
31.3K 2.6K 28
တစ်သက်နှင့်တစ်ကိုယ်မရောက်ဖူးသည့် အရက်ဘားတစ်ခုတွင် မြနန္ဒာဟူသော အမျိုးသမီးတစ်ဦးကို ကျွန်မ ရှာဖွေနေကြောင်း သူငယ်ချင်းတွေမြင်ခဲ့လျှင် "ကေသီ၊နင်ရူးသွားပ...
13.1K 389 9
When the Marauder era got a letter from golden era saying that there is second wizarding war, and they are going to watch the life of two Potter in o...
26.6K 1.2K 21
Skye Stark hopes her children, Hope and Lucas will not follow in her footsteps and create weapons and Iron suits. But when Hope starts to create her...