Is Love Real ??

De Sol_Sol_01

7.3K 353 32

သူကလေ တစ်လျှောက်လုံး ကျွန်မကို လိမ်ညာခဲ့တဲ့အပြင် ကတိတစ်ခုတောင်မတည်ဘဲ အမြဲ ရှောင်ပြေးနေတဲ့ မိန်းမမျိုး ကျွန်မ... Mai multe

Is Love Real?? (intro)
Is Love Real ?? (part 2)
Is Love Real ?? (part3)
Is Love Real ?? (part 4)
Is Love Real ?? (part 5)
Is Love Real?? (part 6)
Is Love Real?? (part 7)
Is Love Real?? (part8)
Is Love Real ??(part 9)
Is Love Real?? (part10)
Is Love Real?? (part 11)
Is Love Real?? (part12)
Is Love Real?? (part13)
Is Love Real?? (part14)
Is Love Real ??(part 15)
Is Love Real ?? (part 16)
Is Love Real?? (part17)
Is Love Real?? (part18)
Is Love Real?? (part19)
Is Love Real?? (part20)
Is Love Real?? (part21)
Is Love Real?? (part22)
Is Love Real?? (part23)
Is Love Real?? (part 24)

Is Love Real?? (part 1)

617 30 4
De Sol_Sol_01

ဒီလိုနဲ့ ယွန်း နဲ့ သင်းတို့ ခင်မင်လာတာဟာ နှစ်လကျော်လောက်ကြာလာခဲ့ကြပြီ ပိုလည်းရင်းနှီးလာခဲ့ကြတယ်
ရန်ကုန် နဲ့ မန္တလေးကနေပြီး online ကတွေ့ခဲ့ပေမယ့် တကယ့် best friend အတိုင်းပါဘဲ.....

တစ်နေ့ စကားလက်ဆုံကြနေရင်း.....

သင်း - အိုင်ကလေ အသားမာတွေ မစားနိုင်ဘူး သွားမကောင်းဘူး တခါတစ်လေဆို အစားတောင်ကောင်း"မစားနိုင်ဘူး

ယွန်း - ဟုတ်လား သွားသေချာမတိုက်ဘူးလား တစ်နေ့ဘယ်နှစ်ကြိမ်တိုက်လဲ ညဘက်တွေကောတိုက်လား

သင်း - ညဘက်ကတော့ မတိုက်ဖြစ်ဘူး

ယွန်း- မဖြစ်ဘူးလေ နောက်တစ်ခါဆို ညဘက်ပါတိုက်ရမယ် ကြာရင်အဲ့ဒါမကောင်းဘူး နေ့တိုင်းလာသတိပေးမယ် ဟုတ်ပြီလား အဲ့ခါကြရင် ပုံနဲ့ သွားတိုက်ကြောင်း သက်သေပြရမယ် ဒီနေ့ညစလုပ် ဟုတ်ပြီလား

သင်း- ဟုတ်ပါပြီဗျ~~~

ည ၉ နာရီခွဲသို့ရောက်သောအခါ ~~~

ယွန်းမှ သင်းဆီသို့ စာပို့လိုက်သည်..

ယွန်း - ယူစားပြီးပြီလား နောက်ထပ် အစားမစားတော့ရင် သွားတိုက်တော့နော် ပြီးရင်တိုက်ကြောင်းပြ

သင်း - ဟုတ်ကဲ့ပါဗျ

ခဏကြာသော် သင်းဘက်မှ ပုံလေးနဲ့အတူ စာပို့လာခဲ့သည်~~~

သင်း - ဒီမှာပါ သွားတိုက်ပြီးပါပြီနော်

ယွန်း - ဟုတ်ပြီ" လိမ္မာတယ် နောက်နေ့လည်း အဲ့လိုဘဲ လုပ်ရမယ်နော် သတိလာပေးမယ်

သင်း - ဟုတ်ပါပြီဗျာ ~~~

ဒီလိုနဲ့ သူတို့ anime အကြောင်းတွေပြော စကားလက်ဆုံကြရင်းကနေ conversation လေးဟာ ည ၁၂ ကျော်လောက်မှာ Goodnight ဆိုပြီး အဆုံးသတ်ခဲ့ကြတယ်...

ယွန်းရဲ့စိတ်ထဲမှာတော့~~~

"ဟူး ..ငါဘာလို့ သူ့ကို အဲ့လောက်ဂရုစိုက်နေမိပါလိမ့် သူနဲ့ စကားပြောနေရရင်လည်း အရမ်းပျော်တယ် သူ့ကိုဂရုစိုက်ပေးရလို့လည်း ပင်ပန်း စိတ်ပျက်တာမရှိဘဲ ပျော်နေမိတယ် ငါ့စကားလိုက်နားထောင်ပြီး လုပ်ပေးတာကအစ ပျော်နေမိတယ် ဘာလို့ပါလိမ့်... Bestie မလို့နေမှာပါ ဟုတ်ပါတယ် အဲ့ဒါကြောင့်နေမှာ တော်ပြီ" နောက်ကျနေပြီအတွေးရပ်ပြီး အိပ်တော့မယ်" ဆိုပြီး ယွန်းရဲ့ အတွေးလေးဟာ အဆုံးသတ်သွားခဲ့တယ်

တကယ်တော့ ယွန်းရဲ့ မသိစိတ်မှာ တစ်ခုခုပေါက်ဖွားလာနေတာကို သူကိုယ်တိုင် သတိမထားမိဘူးပေါ့~~~

ဒီလိုနောက်တစ်နေ့ ရောက်လာခဲ့တယ်~~

ယွန်းဟာ translator group ထဲမှာ စကားသိပ်မပြောဖြစ်ဘူး သူနဲ့ အရမ်းခင်တဲ့ သင်းနဲ့သာ စကားပြောဖြစ်ကြတယ်

ယွန်း - ယူသိလား ဒီနေ့ အိုင့် project က အပိုင်းသစ်ထွက်မှာ ongoing ကြီးယူထားမိလိုက်တာ အပတ်တိုင်း မနားရပါလား ဟူး~~

သင်း - အိုင်ကိုင်ထားတာ complete လေ အဲ့တော့ ယူ့လို အပတ်တိုင်းလိုက်စရာမလိုဘူး အဲ့တော့ ဖင်လေးတာပေါ့ haha

ဒီလိုနဲ့ Conversation လေးဟာ ဟာသတွေနဲ့ ရယ်မောပျော်ရွှင်နေကြတယ်~~

ယွန်း - ဒါနဲ့လေ ယူက Japan စာ သင်လားဟင်

သင်း - သင်တာပေါ့ တက်နေတယ်

ယွန်း - ဟုတ်လား N ဘယ်လောက်ရောက်ပြီလဲ

သင်း - basic နဲ့ N5 ပေါ့ ယူကကော..

ယွန်း - ဟုတ်လား အာ့ဆို တူတူဘဲ ဒါပေမယ့် အိုင်က N5 ပြီးတယ်ဆိုပေမယ့် စာမေးပွဲ မဖြေလိုက်ရဘူး ဆရာမဘက်ကလည်း ဘာမှ အကြောင်းမပြန် အဆက်အသွယ်မရနဲ့ အဆတ်ပြတ်ထားတော့ စာတောင် သေချာရပါတော့မလားမသိဘူး စာပြန်လုပ်ရအုံးမယ်

သင်း - အော် ဟုတ်လား အိုင်လည်း စာသင်တယ်ဆိုပေမယ့် ဖင်လေးနေတာနဲ့ သေချာမလုပ်ဖြစ်ပါဘူး ပြီးတော့ သင်နေတဲ့ ဆရာမနှစ်ယောက်က ခွဲထွက်သွားတော့ နှစ်မျိုး ဖြစ်နေတာ

ယွန်း - အော် ဟုတ်လား

သင်း - ဟုတ်တယ် အဲ့တော့ Japan စာလုပ်တယ်ဆိုတော့ တူတူလုပ်ကြမလားဟင်

ယွန်း - ဟုတ် လုပ်ချင်တယ် အဖော်လိုနေတာနဲ့ အတော်ဘဲ အပျင်းပြေတာပေါ့

သင်း - ဟုတ်တယ် တူတူဘဲ translator team က admin စစ်က translator တွေကို free Japan စာသင်ပေးမယ်ဆိုလားဘဲ အဲ့ထဲ join ကြမလား

ယွန်း - ဟုတ်စိတ်ဝင်းစားတယ် join တာပေါ့

သင်း - ဟုတ်ပြီလေ အဲ့ admin လုပ်ဖြစ်တဲ့အခါ ခေါ်လိုက်မယ်လေ

ယွန်း - ဟုတ် ဟုတ်

..ဒီလိုနဲ့ သူတို့ရဲ့ နေ့လည်ပိုင်း conversation
လေးဟာအဆုံးသတ်သွားခဲ့တယ်..

ယွန်းကလည်း သူ့အလုပ်ဖြစ်တဲ့ trans ကို trans လိုက် nf ပွတ်လိုက်နဲ့ ဇိမ်ဆွဲရင်း trans ရာကနေ ညနေရောက်လာခဲ့ရင်း ယွန်းစိတ်ထဲတွင်~~~

"ငါသူ့ကို ညကျ သွားတိုက်ဖို့ သတိပေးရအုံးမှာဘဲ မေ့လို့မဖြစ်ဘူး စိတ်ထဲမှတ်ထား" ဆိုပြီး ခေါင်းကို သာ"လေးထုကာ သတိပေးနေမိသည်......

ညသို့ရောက်လာသောအခါ ယွန်းက သူ့ trans ကို ပြီးအောင် လတ်ဆသတ်ရင်း နောက်ကျသွားရာ ၁၀ နာရီခွဲသို့ ရောက်သွားသည် ယွန်းစိတ်ထဲတွင် နောက်ကျသွားတာကြောင့် ပြာယာခတ်သွားသည် ......

ယွန်း - အိုင်နောက်ကျသွားတယ် sorry ပါယူသွားတိုက်ပြီးပြီလားဟင်

သင်း - sorry စရာမလိုပါဘူး အစာလည်း စောနကမှ စားပြီးလို့ ခဏနေတိုက်တော့မှာပါ

ယွန်း - အော်ဟုတ်လား အာ့ဆိုလည်း ပြီးရင် ပုံနဲ့ ပြအုံးနော်

သင်း - ဟုတ်ကဲ့ပါ~~

ဒီလိုနဲ့ ခဏကြာတော့ ပုံလေးတစ်ပုံနဲ့ အတူ စာလေးရောက်လာခဲ့သည် ယွန်းစိတ်ထဲတွင် သူမှန်းသိနေသောကြောင့် အမြန်ဝင်ဖတ်လိုက်သည်......

ဒါပေမယ့် သင်းပို့လိုက်တဲ့ပုံက အရင်ကလို သွားတိုက်ကြောင်းကို သီးသန့်ပြတဲ့ ပုံမဟုတ်ဘဲ သင်းရဲ့ မျက်နှာပြုံး"လေးနဲ့ သွားတိုက်နေတဲ့ပုံလေးကို ပို့လာခဲ့တယ်....

~~ယွန်းအဲ့ပုံကိုမြင်"ချင်း စိတ်ထဲမှာ ဗလောင်ဆူသွားတယ် အရမ်းပျော်ပြီး သူပါချက်ချင်းပြုံးလာခဲ့တယ် တကယ်တော့ ယွန်းဟာ ရင်ခုန်သွားတာပါ ဒါပေမယ့် သူရင်ခုန်သွားမှန်း သူ့စိတ်ကို သူမသိခဲ့ပါဘူး~~

ယွန်း- တိုက်ပြီးပြီပေါ့နော် လိမ္မာတယ် နေ့တိုင်းအဲ့လိုတိုက်ရမယ်နော်

သင်း - ဟုတ်

ဒီလိုနဲ့ဘဲ ထုံစံအတိုင်း ည conversation စကားဆက်လာကြရင်း..... အရင်တုန်းက အကြောင်းတွေပြောဖြစ်ကြရင်း...

ယွန်း - ယူလေ ကောင်လေ ဘာလေးမလိုချင်ဘူးလား uke လေးဖြစ်" အိုင့်မှာ uke Fri ရှိတယ် အောင်သွယ်ပေးရမလား ဟဲ"

တကယ်တော့ ယွန်းက uke လေးတစ်ယောက်နဲ့စကားပြောဖြစ်ရင်း သူ မိန်းကလေးဆို tachi လိုချင်တာ်ဆိုစကားလေးကြောင့် သင်းနဲ့ စကားဆက်နေရာမှ စကားစလိုက်ခြင်းဖြစ်တယ် အမှန်ဆို ယွန်းရဲ့ မသိစိတ်မှာက အဲ့စကားကို လုံးဝမပြောခြင်အောင်ကို တားမြစ်နေတာပေါ့ ......

သင်း - မယူချင်ပါဘူး ယောကျာ်းလေးတွေဆို 9 တန်းပြီးလောက်တည်းက ဘယ်လိုမှ feel မလာတော့တာ အဲ့ဒါကြောင့် မလိုချင်ဘူး သူ့ကို တစ်ခြားလင်သာပေးစားလိုက်

ယွန်း - haha ဟုတ်ပါပြီ"

....ယွန်းရဲ့ မသိစိတ်မှာ အလွန်ပင်ပျော်ပြီး ဝမ်းသာမိသွားတယ် .....

ယွန်း - ဒါနဲ့ ယူက ဘယ်လိုမျိုးလေး လိုချင်တာလဲ

သင်း- ပြော ရရင် Neko လေးပေါ့ hehe

ယွန်း - ဟုတ်လား အာ့ဆို ယွန်းရှာပေးမယ်လေ neko လေး

သင်း - ဟုတ်လား တကယ်လား

ယွန်း -အင်း တကယ် အားသာကိုးလိုက်

သင်း - hehe အာ့ဆိုကောင်မလေးရတော့မှာပေါ့ အားကိုးမယ်နော်

ယွန်း - ဟုတ်ပါပြီ ........

ဒီလိုနဲ့ သူတို့ရဲ့ ည conversation လေးဟာ အရင်လိုဘဲ ထပ်မံအဆုံးသတ်သွားပြန်ပါပြီ..

~~ ယွန်းရဲ့ မသိစိတ်မှာလည်း အဲ့အရာတစ်ခုဟာ တစ်ဖြည်း"ကြီးထွားလို့နေလျက် ~~

ဒီလိုနဲ့ နောက်နေ့ မနက်သို့ရောက်လာခဲ့သည်..

Admin စစ်သည် တစ်ဖွဲ့လျှင် ၅ ယောက်စီနဲ့ group ခွဲကာ Japan စာသင်ပေးရန်အတွက် ပြင်ဆင်လိုက်သည် Group 1 တွင် သင်းပါသွားပြီ Group 2 တွင် ယွန်းပါသွားတာကြောင့် အဖွဲ့ကွဲသွားကြသည်.......

ယွန်း - အိုင်က group 2 မှာ ယူ့ကို မတွေ့ဘူး ယူက ဘယ် group မှာလဲ

သင်း - အိုင်က group 1 မှာ

ယွန်း - အော် ဟုတ်လား အဖွဲ့ကွဲသွားပြီနော်

သင်း - အင်း ဟုတ်တယ်

....တကယ်တော့ ယွန်းရဲ့စိတ်ထဲမှာ အနည်းငယ်ဝမ်းနည်းသွားပါတယ် .....

ယွန်း - စာသင်တာတော့ တူမှာပါ အဲ့ကြမှ တူတူလုပ်တာပေါ့

သင်း - ဟုတ်ပါပြီ အဲ့ကြမှပေါ့....

အဲ့လိုည တစ်ဖန်ပြန်ရောက်လာတော့ ထုံးစံအတိုင်းယွန်းဘက်မှ သတိပေးမည် သွားလုပ်နေစဉ်.....

တိန်~~~ သင်းဘက်မှ စာလေးရောက်လာခဲ့သည် ....

သင်း - ဒီနေ့ စော"စီး" သွားတိုက်ပြီးပြီနော်.. ဆိုပြီး သွားပွတ်တံလေးကို small heart sign လေး ပြနေတဲ့ ပုံလေးနဲ့အတူ စာရောက်လာခဲ့တယ်....

ယွန်း မြင်"ချင်းထိန်းမရနိုင်အောင် အရမ်းပျော်ပြီး ရင်ခုန်သံတွေမြန်လာလို့ ရင်ဘတ်လေးကို လက်လေးနဲ့ ဖိကာ....

ယွန်း - ဒီနေ့သတိပေးစရာတောင်မလိုပါလား လိမ္မာလိုက်တာ

သင်း - ဟုတ်တာပေါ့ အကျင့်လေးရနေပြီဆိုတော့ လိမ္မာပြီလေ hehe

အဲ့လိုကနေဘဲ ည conversation လေးဟာ ထပ်မံအဆုံးပြန်လျက် ဒါပေမယ့် ယွန်းကတော့ ......

"ငါဘာလို့ ဒီပုံကိုကြည့်ပြီး အဲ့လောက်ပြုံးနေရတာလဲဟာ ချစ်စရာလေးဟယ် သူကကောဘာသဘောနဲ့ အသဲပုံလေးနဲ့ ဒီပုံကိုပို့ရတာလဲ .......Bestie ဟုတ်တယ် Bestie မလို့နေမှာပါ ယွန်းရယ်နင်ဘာတွေဖြစ်နေတာလဲ မျက်နှာပိုးသတ် အိပ်စမ်း တကယ်ဘဲ ငါ့နဲ့ ရူးချင်လိုက်တာ ဟူး...."

ဒီလိုနဲ့ နောက်နေ့မနက်မှာ စာသင်ရန်အတွက် စောင့်နေသောလည်း admin စစ်ဟာ အချိန်တွေနဲ့ မအားလတ်တာကြောင့် စာမသင်ပေးဖြစ်န်ုင်ခဲ့ပါ ......

သင်း - ဟိုလေ အိုင့် ဆရာမကလေ ပညာဒါန အတွက် ဖွင့်လိုက်ပြီ အဲ့ဒါ တူတူ join ရင်း စာလုပ်ကြမလားဟင်

ယွန်း - ပညာဒါန group ဆိုတော့ စိတ်ဝင်စားတယ် အဲ့မှာ တူတူလည်း စာလုပ်လို့ရတယ်ဆိုတော့ join မယ်လေ

ဒီလိုနဲ့ ပညာဒါန group မှာ တူတူ ဝင်ဖြစ်ရင်း စာတူတူ လုပ်ဖို့ထိပါ အကြောင်းဖန်လာပါခဲ့တော့သည် ....

ယွန်း - စာပါတူ"လုပ်ရတော့မယ်ဆိုတော့ပျော်လိုက်တာ

သင်း - ဟုတ်ယ် တူတူဘဲ

ယွန်း - စာတူ"လုပ်မယ်ဆိုတော့လေ zoom ဝင်ပြီး တူတူလုပ်ကြမလား အာ့ဆို အဆင်ပြေသလားလို့

သင်း - ဟုတ်တယ် အဲ့တာလည်း အဆင်ပြေပါတယ်

ယွန်း - ဟုတ် အာ့ဆို အဲ့လိုတူတူလုပ်ကြမယ်နော်

သင်း - ဟုတ်ကဲ့ပါ.....

ယွန်း - ဒါနဲ့လေ ယူ့ birthday ကဘယ်နေ့လဲဟင်

သင်း - May 28 ပါ ယူကော

ယွန်း - May 28 ဟုတ်လား အိုင်က May 31...Birthday လပါ တူပြန်ပြီနော်

သင်း - ဟုတ်တယ်နော် ရာသီခွင်ကောဘဲ

ယွန်း - ရာသီခွင်?? အာ့ဆို ယူလည်း Gemini ပေါ့နော်

သင်း - ဟုတ်တာပေါ့

ယွန်း - ရာသီ ခွင်ကအစ အကုန်တူနေတာ မသိရင် အမြွှာ ညီအမတွေလိုဘဲနော် စိတ်ချင်းလည်း အရမ်းဆတ်

သင်း - ဟုတ်ပါ့နော် haha တော်"တူတာဘဲ

ယွန်း - နေရပ် ကလွဲလို့ပေါ့ hahah ဆိုပြီး ရယ်မောသံလေးတွေနဲ့အတူ သူတို့ နှစ်ဦး ရဲ့ conversation လေးဟာ အဆုံးသတ်သွားပေမယ့် စိတ်ထဲမှာတော့ တစ်ယောက်တစ်မျိုးစီ နေရာယူပြီး ကျန်နေခဲ့လျက်....

ယွန်းရဲ့ စိတ်ထဲမှာတော့ "သူနဲ့ zoom မှာ စာတူတူလုပ်ရတော့မယ် အရမ်းပျော်တာဘဲ ပြီးတော့အခုမှ မေလအစဘဲရှိသေးတော့ သူ့ Birthday မတွက် ပြင်ဆင်ဖို့မှီမှာပါ online present အနေနဲ့ ငါ Am နဲ့ သေချာ edit ပြီး လုပ်ပေးချက်တယ် ဟုတ်တယ် အကောင်းဆုံး ဖြစ်အောက်လုပ်ရမယ် ကြိုးစားစမ်း ယွန်း fighting ဆိုပြီး" ကိုယ့်ကို ကိုယ် အားပေးကာ အိပ်ပျော်သွားခဲ့ပြီ

....တကယ်တော့ ယွန်းဟာ Am ကို ကောင်း"မသုံးတတ်သေးပါ သင်း အတွက် အကောင်းဆုံးဖြစ်စေရမယ်ဆိုတဲ့ စိတ်လေးနဲ့အတူ သူ့အတွက် အကောင်းဆုံး ပြင်ဆင်ပေးခဲ့လိုခြင်းဖြစ်ပါတယ်.....

~~~အဲ့လိုစိတ်လေးနဲ့အတူ ယွန်းရဲ့ မသိစိတ်မှာ ဖြစ်ပေါ်နေတဲ့ ခံစာချက်လေးကို ယွန်းသာ စောစော သတိထားမိပြီး သိခဲ့ရရင် ကောင်းခဲ့မှာပါလား~~~

ပထမဆုံး ရေးခြင်းဖြစ်တာကြောင့် စာအရေးအသားများ မကောင်းသော်လည်းကောင်းမှားနေသော်လည်းကောင်း ဖြစ်နေပါက တောင်းပန်းပါတယ်  ......feedback လေးပေးခဲ့ကြပါရှင့်......

Sol









Continuă lectura

O să-ți placă și

768K 15.5K 111
Yaszy Romano has been through so much pain and suffering her entire life but it makes her who she is. Dark Angel...Dangerous, Powerful. An Assassin...
7K 796 80
Incorrect quotes of BTS
26.6K 1.2K 21
Skye Stark hopes her children, Hope and Lucas will not follow in her footsteps and create weapons and Iron suits. But when Hope starts to create her...
8.2K 139 26
This story contains lots of cussing, a few chapters about mental health, and panic attacks. Y/n and Noah have been friends for years. They are neighb...