ေမာင့္လက္ယာ(မောင့်လက်ယာ){comp...

By NweTarKi

461K 32.3K 760

story description>>>>> start-5/10/2021 end-1/1/2022 More

Ep-2
Ep.3
Ep_4
Ep-5
Ep-6
Ep.7
Ep-8
Ep-9
Ep-10
Ep-11
Ep-12
Ep-13
Ep-14
Ep.15
Ep.16
Ep.17
Ep-18
Ep-19
Ep-20
Ep-21
Ep-22
Ep-23
Ep-24
Ep-25
Ep-26
Ep-27
Ep-28
Ep-29(Final)
Season-2
For Readers

Ep-1

49.9K 2.1K 86
By NweTarKi

"လက်ရဲဇက်ရဲ!"

သူ့နာမည်ခေါ်သံကြားတော့တစ်ဖက်လူကို ရိုက်ဖို့ပြင်နေတဲ့ပုလင်းကိုပြန်ချပြီး ပြန်ကြည့်လာသည်။မွေးခါစမှာပင် ဆရာဝန်မရဲ့မျက်နှာကိုလှမ်းရိုက်ခဲ့တဲ့သားဖြစ်သူကို 'လက်ရဲဇက်ရဲ'ဆိုပြီးနာမည်ပေးတဲ့ မိန်းမဖြစ်သူကရှေ့ရေးကိုများ ကြိုမြင်သလားမသိ၊ အသက်
ကြီးလေပိုလက်ရဲဇက်ရဲရှိလာတဲ့ 'လက်ရဲဇက်ရဲ'ပင်။

"လိုက်ခဲ့"

Clubမှာဖြစ်တဲ့ကိစ္စတွေကိုရှင်းဖို့ အတွင်းရေးမှူးကိုပဲလွှဲလိုက်ပြီး ကိုယ့်ကိုမစောင့်ပဲထွက်သွားသည့်သားဖြစ်သူအနောက် မပြေးရုံတမယ်လိုက်ရသည် ။အရင်ကရန်ုဖြစ်တိုင်းကိုယ်ပိုင်တဲ့Clubတွေမို့ ပြသာနာမရှိ၊
အခုသူမ်ားClubဖြစ်တဲ့အပြင် သူနဲ့ဖြစ်တဲ့တစ်ဖက်ကဝန်ကြီးမြေး ၊တစ်ရက်မှရန်မဖြစ်ရရင် ထမင်းစားမဝင်တဲ့သားဖြစ်သူကြောင့် ရန်ပွဲဆိုတာတောင်ကိုယ့်အတွက်မထူးဆန်းတော့သလိုပင် ။

"ဘယ်အချိန်ရှိနေပြီလဲ အပြင်ထွက်လာစရာလား"

ဘုရား...ဘုရား..သူကပဲကိုယ့်ကိုပြောရတယ်ရှိသေး၊သူ့လိုညနဲ့မနက်မှားနေတဲ့လူကလေ.. ။

"လူတွေအိပ်တဲ့အချိန်လေ"

"ဒါဆိုဒယ္ဒီကလူမဟုတ္ဘူးလား"

ရွဲ့စောင်းသလိုပြောလာတဲ့သားဖြစ်သူကြောင့် သက်ပြင်းသာချမိသည် ။ 'ထိပ်ထိပ်ထားရေ မင်းသားကိုငါတကယ်မနိုင်တော့ဘူး' ဟုအတွေးမဆုံးသေးခင်

"သေသွားတဲ့လူကိုတပြီးဒုက္ခပေးမနေနဲ့ နောက်တစ်ခါဒီအချိန်ထွက်မလာနဲ့ ကိုယ့်ရောဂါကိုယ်မသိတာလည်းမဟုတ်ဘဲနဲ့"

ပြောပြီးပြတင်းပေါက်ဘက်မျက်နှာလှည့်သွားတဲ့သူကကိုယ့်ကိုပြန်ဆုံးမသွားသေးသည် ။ ကိုယ့်မှာအဖေသာဖြစ်နေတာ လူမှန်းသိတတ်စကတည်းကသူ့ဆုံးမမှုတွေနဲ့သာနေရသည် ။ဒါကလည်းသူ့ဇနီး ထိပ်ထိပ်ထားရဲ့ပရောဂမကင်း ၊ဒင်းကတော့သားကိုအလိုလိုက်ပြီးစိတ်ချလက်ချကိုယ့်ဆီထားသွားခ​ဲ့ပြီ ။

<<>>

"မောနင်း ဖေကြီး"

"ထိုင် သား"

မနက်ခင်းတိုင်းဖေကြီးကိုနုှတ်ဆက်ရသည်က သူ့ရဲ့အလုပ်တစ်ခု ၊ နေ့တိုင်းတွေ့နေရတဲ့လူတွေကိုအပိုလုပ်နေကြတယ် ပြောလည်းဒါကအပိုမဟုတ်။​သူ့အတွက်တော့အကျင့်ကောင်းတစ်ခုဖြစ်နေပြီဖြစ်သည်။မွေးကတည်းကဆုံးသွားတဲ့အမေအစား ဖခင်ဖြစ်သူကိုပိုချစ်ပြီးပိုဂရုစိုက်ဖြစ်သည် ။အခုလည်းဖေကြီးစိတ်ချမ်းသာဖို့အတွက် သူတစ်ဘဝလုံးပေးရမည် ။တစ်ဦးတည်းသောဆွေမျိုးဖြစ်တဲ့ ဖေကြီးစိတ်ချမ်းသာဖို့ကသူ့အတွက်အရေးကြီးသည် ။

"သားလက်ခံပါတယ် မင်္ဂလာကိစ္စကိုတော့ဖေကြီးအဆင်ပြေသလိုစီစဉ်လိုက်ပါ"

ကိုယ့်စကားကြောင့်အနည်းငယ်အ့ံ​ဩသွား
ပုံရတဲ့ဖေ​ြကီးကတစ်ဆက်တည်း ပျော်ရွှင်သွားသည့်ပုံကြောင့်သူဒီစေ့စပ်ပွဲကိုနောင်တရတော့မည်မဟုတ်။

"ခွန်းကသိပ်လိမ္မာတာ မပူပါနဲ့ ဒီတစ်နှစ်ပြီးတာနဲ့စေ့စပ်ပွဲကိုဖေကြီးကိုယ်တိုင်ဖျက်ပေးမယ်"

သူ့ကိုအားနာသလိုပြောလာတဲ့ဖေကြီးကြောင့် သူဘာမှပြန်မပြောဖြစ်တော့ပေ ။ ကိုယ်လည်းသူ့ကိုအားနာသလိုပြောပြီးထားခဲ့ရသည်မဟုတ်လား ၊ သုံးနှစ်ကြာတွဲလာတဲ့နှင်းပွင့်က သူလက်ထပ်မည်ဟုစိတ်ကူးထားသည့်သူ့ရဲ့အနာဂတ်သတို့သမီးလောင်း ။အခုတော့ဖေ
ကြီးနဲ့အချစ် ဖေကြီးကိုသာရွေးခဲ့သည် ။ဒီကိစ္စကြောင့်သူနောင်တမရပေမယ့် တစ်ဖက်မိန်းကလေးကိုတော့သူတကယ်အားနာခဲ့ရသည် ။

"ဒါဆိုခွန်းအရင်သွားနှင့်မယ်နော် ဖေကြီး"

မနက်စာမစားပဲထသွားတဲ့သားဖြစ်သူကို ပြန်မခေါ်မိတော့ပေ ။ အမြဲတမ်းဖခင်ဖြစ်သူမျက်နှာကိုသာကြည့်ခဲ့သည့်သားဖြစ်သူက အခုလည်းဖခင်ကြောင့်​ေယာကျာ်းလေးတစ်ယောက်နဲ့စေ့စပ်ရတော့မည်။

သားကသူ့အမေ 'ခွန်းမမ'နှင့်သိပ်တူသည်။
မမကသူ့ထက်အသက်ကြီးပေမယ့် အမြဲတမ်းသူ့ကိုလေးလေးစားစားဆက်ဆံတတ်သည် ။သူအရမ်းချစ်ရတဲ့မမက မသေခင်တောင်သူ့အတွက်သားဖြစ်သူ
'ခွန်းလက်ယာ'ကိုထားပေးခဲ့သေးသည် ။ 'ငယ်သောသား ၊ကြီးသောအား'ဆိုသည့်အတိုင်း သားဖြစ်သူကအရွယ်ရောက်လာလေ သူ့အတွက်အားဖြစ်လေဖြစ်သည် ။

<<<>>>

"အဲ့ဒါဘာဖြစ်နေကြတာလဲ"

သားအခန်းရှေ့မှာစုစုဝေးဝေးဖြစ်နေကြတဲ့ အိမ်ကကလေးမသုံးယောက်ကို သူအော်လိုက်တော့ အလန့်တကြားလှည့်ကြည့်လာကြသည် ။

"ဟို ဟို...အကိုလေးကိုအိပ်ယာနိုှးမလို့"

"သွားမနိုှုးနဲ့ နင်တို့ပဲအမဲခံရမယ်"

နေ့နဲ့ညမှားနေတဲ့ကောင်ကို အခုလိုစောစောစီးစီးသွားနိုှးတဲ့သူတို့ ပြန်ထွက်လာရင်အသက်တောင်ပါပါ့မလားမသိ ၊

"မဟုတ်..အကိုလေးကနှိုးခိုင်းထားတာ"

"ဟမ် ဘာလုပ်ဖို့တုန်း"

"သူ...သူ့ကောင်မလေးကိုလေဆိပ်မှာသွားကြိုမလို့တဲ့ "

"မနှိူးနဲ့ ကိုယ့်အလုပ်ကိုယ်သွားလုပ်ကြ"

သူပြောတာတောင်သွားရမလား ၊မသွားရမလားစဉ်းစားနေတဲ့အရှေ့ကသုံးယောက်က သူမျက်စပြမှထွက်သွားကြသည် ။ ခက်သည် ၊အိမ်မှာကိုယ့်ထက်အဲ့ကောင်ကိုပိုကြောက်နေကြတဲ့ အလုပ်သမားတွေက
အလုပ်ရှင်မှားနေပုံရသည် ။အခုတောင်သူ့ကိုနှိုးဖိူ့မသွားရဲကြတာ ၊ဟိုကအိပ်ရေးပျက်လို့ထအော်ရင် သေးပါထွက်ကျနေဦးမည် ။

"တောက်စ်...ငါ့ကိုနှိုးလို့မပြောထားဘူးလား ဟမ်"

အလုပ်သွားဖို့အခန်းထဲကအထွက် ကိုယ့်ခြေထောက်ရှေ့ရောက်လာတဲ့ ကြွေကွဲစတွေကြောင့်ဧည့်ခန်းကပန်းအိုးတစ်အိုးကွဲသွားပြီမှန်းသိလိုက်သည် ။

"ဆူမနေနဲ့ ငါမနိုှးခိုင်းတာ
ဒါတွေတစ်ယောက်ရှင်းလိုက်စမ်း"

အခန်းတံခါးရှေ့တစ်စစီပြန့်ကျဲနေတဲ့ဖန်ကွဲစတွေကကိုကျော်ခွပြီးမနက်စာစားဖို့ ထမင်းစားခန်းထဲဝင်လိုက်သည်။အနောက်ကနေလိုက်လာတဲ့ သားဖြစ်သူကြောင့်သူပြုံးလိုက်သည် ။သူရုပ်ရှင်နည်းနည်းရိုက်ရတော့မည်။

"ခေါင်းမူးနေလို့လား"

သောက်နေကြကော်ဖီအစား သံပုရာရည်သောက်နေတဲ့ဖခင်ကိုမနေနိုင်စွာမေးမိသည်။ သွေးတိုးရောဂါရှိသည့်ဖခင်ကို သူစိတ်ပူရသေးသည် ။

"အင်း နည်းနည်း"

"အလုပ်အဆင်မပြေလို့လား"

ဖခင်သွေးတိုးရခြင်းရဲ့ကိုးဆယ့်ရှစ်ရာခိုင်နုှန်းက အလုပ်ကြောင့်သာ ၊ကျန်တဲ့နှစ်ရာခို်င်နုှန်းကတော့ ကိုယ့်ကြောင့်ပေါ့ ။

"အင်း အပင်မြင့်လေ၊လေတိုက်လေ ဆိုတော့တစ်ယောက်ထဲရပ်တည်နေရတာခက်ခဲတယ်"

ဆွေးဆွေးမြေ့မြေ့ပြောလာတဲ့ဖခင်ကို သူအကြည့်လွှဲဲလိုက်သည် ။ အပိုတွေ အခုလိုအချမ်းသာဆုံးစာရင်းဝင်အောင်တောင်တစ်ယောက်ထဲ လုပ်ခဲ့တဲ့သူကလာ
ညီးပြနေသေးသည် ။ဒါမျိုးဆို လက်ရဲဇက်ရဲတို့ကရိုးနေပြီ ၊သူ့ကုမ္ပဏီမှာကိုယ့်ကိုလုပ်ခိုင်းတော့မှာလေ။

"အဲ့တာဘယ်လဲ"

"စော်ကိုသွားကြိုမလို့"

"ဖြတ်လိုက်တော့"

အေးအေးဆေးဆေးသံပရာရည်သောက်နေရင်း ပြောလာတဲ့ဒယ်ဒီ့စကားကြောင့် သူအံ့သြမိသည် ။ ဘယ်တုန်းကများရည်းစားကိစ္စတွေ ဝင်ပြောဖူးလို့လဲ..။

"မင်းစေ့စပ်ရမယ့်လူရှိတယ်"

"ဘယ္သူလဲ ဘီလီ့ကိုမှမရရင်ဘယ်မိန်းမမှမယူဘူး"

"မပူနဲ့ မိန်းမမယူခိုငး်ဘူး ယောကျာ်းယူခိုင်းတာ"

ဒယ့်ဒီစကားကြောင့် ထပ်ဆင့်အံ့ဩရပြန်သည်။ဒီနေ့ကဘာနေ့တုန်း ၊သူ့အတွက်အံ့ဩစရာတွေကတစ်ခုပြီးတစ်ခု ။အရင်ဆုံးသူ့ရည်းစားနဲ့ဖြတ်ခိုင်းတယ် ဒါကထားတော့စော်ဆိုတာတစ်ယောက်သွားတစ်ယောက်လာ ၊အခုတော့ယောကျာ်းယူရမယ်တဲ့လား
ဘယ်လိုပေါက်ကရစကားကြီးလဲ ။

"စီးပွားရေးကြောင့် ခဏသာစေ့စပ်တာ မင်းသိမှာပါ ငါဘယ်တုန်းကမှမင်းကိုမချုပ်ခြယ်ဘူး ဒီတစ်ခါတော့ငါတကယ်အဆင်မပြေလို့ မင်းကိုအကူအညီတောင်းတာ စေ့စပ်ရုံလောက်ပဲ "

ဘယ္လို !စေ့စပ်တာကိုစီးပွားရေးအရလို့ပြောရအောင်လည်းသူမွေးထားတာသားဆိုတာ မေ့နေပြီလား။မိန်းကလေးဆိုစီးပွားရေးအရ လမ်းဖောက်တာထားတော့ ၊အခုကသားကိုလင်ပေးစားပြီးစီးပွားရေးလမ်းဖောက်နေတာ ။

"ဘယ်သူ့မှမယူသလို စေ့စပ်မှာမဟုတ်ဘူး"

"ကျွတ် ကျွတ် ခေါင်းမူးလိုက်တာ ဦးရဲသီဟတို့များသားသမီးကံမကောင်းလိုက်တာ"

"ဟ !"

သေချာသည် ၊သူဒီစေ့စပ်ပွဲကိုလက်ခံရတော့မည်။သူမနိုင်ရင်ရောဂါနဲ့ခြိမ်းခြောက်တဲ့ဖခင်က နိုင်ကွက်ကိုအမြဲထုတ်သုံးသည် ။ဘာဖြစ်လဲ ကိုယ်ကယောကျာ်းလေးလေ ၊ကိုယ်မုဆိုးဖိုဖြစ်သွားရင်တောင် လက်မလွတ်နိုင်ဖြစ်နေမယ့်မိန်းမတွေက ဒုနဲ့ဒေးဟုမှတ်လိုက်တော့သည်။

<<<>>>

"ကိုယ့်ပြိုင်ဘက်နယ်မြေမှာ အဆောက်အဦးအသစ်ဆောက်တာက အဲ့လောက်တောင်ဖြစ်သွားတာလား"

သူ့ရဲ့ခနတဲ့စကားအပြီး သိသိသာသာမျက်နှာပျက်သွားကြတဲ့ မြေခွေးအိုတွေကရယ်ရသည် ။ K.Comရဲ့ပြိုင်ဖက်တဖြစ်လည်း မြန်မာနိုင်ငံရဲ့အချမ်းသာဆုံးဖြစ်တဲ့ YTရဲ့နေရာတစ်ခုမှာ အဆောက်အဦးဆောက်မှာကို အသေအလဲတားဆီးနေကြသည်တဲ့လေ ။ ကျောင်းပြီးတည်းကK.Comကိုလွှဲ​ေပးခဲ့တဲ့ဖခင်ဖြစ်သူကို မကျေနပ်ကျတဲ့ရှယ်ယာရှင်တွေကအခွင့်အရေးရတိုင်းမိမိကိုဆွဲချဖို့ကြိုးစားနေကြသည်။

"မောင်ရင်လည်းသိမှာပေါ့ အခုလိုရန်သူု့နယ်မြေမှာ
ဆောက်လုပ်ရေးလုပ်မယ်ဆိုတာက စွန့်စားရာကျသလိုYTလို ကုမ္ပဏီကြီးကိုရန်စသလိုဖြစ်သွားနိုင်တယ်လေ"

"ဒါဆိုYTကခွင့်ပြုချက်ရမယ်ဆိုရင်ရော"

"ဒါဆိုတစ်မျိုးပေါ့လေ"

သူ့မျက်နှာချင်းဆိုင်ကအဘိုးကြီး ဦးထက်မြတ်အောင်ကသူပြီးရင်ကုမ္ပဏီရဲ့ရှယ်ယာအများဆုံး ၊အထူးသဖြင့်YTနဲ့K.Comရဲ့ပူးပေါင်းမှုကို ကြောက်လန့်နေတဲ့လူတွေထဲကတစ်ယောက်ပေါ့ ။K.Comဆိုတာ
MAရဲ့ကုမ္ပဏီခွဲတစ်ခု ၊MAနဲ့YTဆိုတာကလည်းစတည်ထောင်တည်းကပြိုင်ဘက်
တွေဖြစ်ခဲ့ကြတာ ။
ဒါကလည်းYTရဲ့ဥက္ကဋ္ဌဦးရဲသီဟနဲ့ MAကုမ္ပဏီရဲ့Ceoတဖြစ်လည်းမိမိ၏ဖခင်ဖြစ်သည့် ဦးလက်ယာအောင်တို့ရဲ့ထက်မြတ်မုှတွေကြောင့်ပင် ။ဒီလိုကုမ္ပဏီနှစ်ခုသာပူးပေါင်းလိုက်ရင် မြန်မာနိုင်ငံစီးပွားရေးခုနှစ်ဆယ်ရာခိုင်နုှန်းလောက်က YTနဲ့MAရဲ့နယ်မြေတွေဖြစ်သွားမှာကိုကြောက်နေကြတာဖြစ်သည်။

"ဒါဆိုဒီနေ့အစည်းအဝေးပြီးပြီပေါ့"

ဒီလိုအာဏာရူး ၊ငွေရူးတွေကြားမှာကြာကြာမနေချင်တာကြောင့်သူထွက်လာမိသည် ။အခုK.Comကိုသူတာဝန်ယူထားရတာက ဖခင်ကိုစိတ်ဆင်းရဲမည်ဆိုးတာကြောင့်ပင် ၊ကျောင်းပြီးချင်းချင်းသာသနာ့ဘောင်ထဲဝင်သည့်မိမိကို ဘုန်းကြီးကျောင်းထိလာခေါ်သော
ဖခင်ငရဲကြီးမည်ဆိုးသောကြောင့်သာ လူထွက်ပြီးစီးပွားရေးလုပ်ခဲ့ရတာ။ သူဒီအလုပ်တွေတကယ်မလုပ်ချင်သော်လည်း ဖခင်နေရာကိုအမြဲချောင်းနေတဲ့မြေခွေးအိုတွေကြောင့်သူရှိနေရတာဖြစ်သည်။

<<<<>>>>

"မင်္ဂလာပါ အန်ကယ် "

အစည်းအဝေးပြီးပြီးချင်းMAစီအပြေးလာရသည်မို့ကိစ္စတစ်ခုခုရှိမှန်းသိသည် ။အခုတော့သူ့ကိစ္စဖြစ်နေတာကို ၊ အသက်၅၀ပြည့်ခါနီးဖြစ်သည့်ဦးရဲသီဟက​ြမန်မာနိုင်ငံစီးပွားရေးရဲ့ဘုရင်တစ်ယောက်လိုပင် ။လူကြီးလူကောင်းတစ်ယောက်မို့သူ့ဘက်က သတိထားဆက်ဆံသည် ။ကိုယ့်ကြောင့်ဖခင်မျက်နှာပျက်မှာဘယ်တော့မှအဖြစ်မခံ ။

"ခွန်းတို့ကအသက်ကြီးလေကြည့်ကောင်းလေကွာ"

"အန်ကယ်ကလည်းအသက်ကြီးလေပိုထက်မြတ်လာလေပါပဲ"

ကိုယ့်စကားကိုသဘောတကျပြုံးနေတဲ့ ဦးရဲသီဟကြောင့်သူလည်းပြုံးမိသည် ။ အန်ကယ်ကအခြားသူတွေကိုမျက်နှာတင်းတင်းဆက်ဆံပေမယ့် ဖေကြီးနှင့်သူ့ကိုတော့မိတ်ရင်းဆွေရင်းတွေလိုသဘောထားသည် ။

"ဖေကြီးသားကိုခေါ်တာက ဦးရဲသီဟကအကူအညီတောင်းလို့လေ"

"အေးကွာ မင်းနဲ့အခုစေ့စပ်မယ့်အန်ကယ့်သားကိုစီးပွားရေးလောကထဲထည့်ပေးချင်တာ သူကနိုင်ငံခြားမှာသာကျောင်းပြီးလာတာ အခုထိအလုပ်ကိုစိတ်မဝင်စားဘူးလေ "

အင်း...သူသတင်းတွေကြားထားပါသည်။
အန်ကယ်ကစီးပွားရေးမှာထက်မြတ်သလောက် သူ့သားဖြစ်သူကတော့ ပိုက်ဆံရှိပြီးထင်တိုင်းကြဲနေသည့်ကောင်လေးတစ်ယောက်သာ ၊မိမိထက်အသက်ငယ်သူမို့ သူသေချာသင်ပြပေးဖို့တော့တွေးမိသည်။

"အန်ကယ်ပြောချင်တဲ့သဘောကိုခွန်းနားလည်ပါတယ် ဒါဆိုမနက်ဖြန်သူ့ကိုK.Comကိုပဲလွတ်လိုက်ပါ"

"ကျေးဇူးပဲသားခွန်းရယ် မင်းတို့ကလည်းမကြာခင်စေ့စပ်ရတော့မယ့်သူတွေဆိုတော့ အနီးကပ်လေ့လာထားလို့ရတာပေါ့"

အနီးကပ်လေ့လာရမယ်ဆိုတဲ့စကားကြောင့်
သူစိတ်ထဲရယ်ချင်မိသည် ။လေ့လာစရာမလိုအောင်ကိုသတင်းထွက်နေတဲ့ လက်ရဲဇက်ရဲဆိုတဲ့ကောင်လေးကသေချာပေါက်ဂျစ်ကန်ကန်ဖြစ်နေမှာ ။

-------
thx for reading & voting💙

Zg

"လက္ရဲဇက္ရဲ!"

သူ႕နာမည္ေခၚသံၾကားေတာ့တစ္ဖက္လူကို ရိုက္ဖို႔ျပင္ေနတဲ့ပုလင္းကိုျပန္ခ်ၿပီး ျပန္ၾကည့္လာသည္။ေမြးခါစမွာပင္ ဆရာဝန္မရဲ႕မ်က္ႏွာကိုလွမ္းရိုက္တဲ့သားျဖစ္သူကို 'လက္ရဲဇက္ရဲ'ဆိုၿပီးနာမည္ေပးတဲ့ မိန္းမျဖစ္သူကေရွ႕ေရးကိုမ်ား ႀကိဳျမင္သလားမသိ၊ အသက္
ႀကီးေလပိုလက္ရဲဇက္ရဲရွိလာတဲ့ 'လက္ရဲဇက္ရဲ'ပင္။

"လိုက္ခဲ့"

Clubမွာျဖစ္တဲ့ကိစၥေတြကိုရွင္းဖို႔ အတြင္းေရးမႉးကိုပဲလြဲလိုက္ၿပီး ကိုယ့္ကိုမေစာင့္ပဲထြက္သြားသည့္သားျဖစ္သူအေနာက္ မေျပး႐ုံတမယ္လိုက္ရသည္ ။အရင်ကရန်ုဖြစ်တိုင်းကိုယ်ပိုင်တဲ့Clubေတြမို႔ ျပသာနာမရွိ၊
အခုသူမ္ားClubျဖစ္တဲ့အျပင္ သူနဲ႕ျဖစ္တဲ့တစ္ဖက္ကဝန္ႀကီးေျမး ၊တစ္ရက္မွရန္မျဖစ္ရရင္ ထမင္းစားမဝင္တဲ့သားျဖစ္သူေၾကာင့္ ရန္ပြဲဆိုတာေတာင္ကိုယ့္အတြက္မထူးဆန္းေတာ့သလိုပင္ ။

"ဘယ္အခ်ိန္ရွိေနၿပီလဲ အျပင္ထြက္လာစရာလား"

ဘုရား...ဘုရား..သူကပဲကိုယ့္ကိုေျပာရတယ္ရွိေသး၊
သူ႕လိုညနဲ႕မနက္မွားေနတဲ့လူကေလ.. ။

"လူေတြအိပ္တဲ့အခ်ိန္ေလ"

"ဟ ဒါဆိုဒယၵီကလူမဟုတၻဴးလား"

႐ြဲ႕ေစာင္းသလိုေျပာလာတဲ့သားျဖစ္သူေၾကာင့္ သက္ျပင္းသာခ်မိသည္ ။ 'ထိပ္ထိပ္ထားေရ မင္းသားကိုငါတကယ္မနိုင္ေတာ့ဘူး' ။

"ေသသြားတဲ့လူကိုတၿပီးဒုကၡေပးမေနနဲ႕ ေနာက္တစ္ခါဒီအခ်ိန္ထြက္မလာနဲ႕ ကိုယ့္ေရာဂါကိုယ္မသိတာလည္းမဟုတ္ဘဲနဲ႕"

ေျပာၿပီးျပတင္းေပါက္ဘက္မ်က္ႏွာလွည့္သြားတဲ့သူက
ကိုယ့္ကိုျပန္ဆုံးမသြားေသးသည္ ။ ကိုယ့္မွာအေဖသာျဖစ္ေနတာ လူမွန္းသိတတ္စကတည္းကသူ႕ဆုံးမမႈေတြနဲ႕သာေနရသည္ ။ဒါကလည္းသူ႕ဇနီး ထိပ္ထိပ္ထားရဲ႕ပေရာဂမကင္း ၊ဒင္းကေတာ့သားကိုအလိုလိုက္ၿပီးစိတ္ခ်လက္ခ်ကိဳယ့္ဆီထားသြားသည္ ။

<<>>

"ေမာနင္း ေဖႀကီး"

"ထိုင္ သား"

မနက်ခင်းတိုင်းဖေကြီးကိုနုှတ်ဆက်ရသည်က သူ႕ရဲ႕အလုပ္တစ္ခု ၊ ေန႕တိုင္းေတြ႕ေနရတဲ့လူေတြက
အပိုလုပ္ေနၾကတယ္ ေျပာလည္းဒါကအပိုမဟုတ္။
ေမြးကတည္းကထားသြားတဲ့အေမအစား ဖခင္ျဖစ္သူကိုပိုခ်စ္ၿပီးပိုဂ႐ုစိုက္ျဖစ္သည္ ။အခုလည္းေဖႀကီးစိတ္ခ်မ္းသာဖို႔အတြက္ သူတစ္ဘဝလုံးေပးရမည္ ။တစ္ဦးတည္းေသာေဆြမ်ိဳးျဖစ္တဲ့ ေဖႀကီးစိတ္ခ်မ္းသာဖို႔ကသူ႕အတြက္အေရးႀကီးသည္ ။

"သားလက္ခံပါတယ္ မဂၤလာကိစၥကိုေတာ့ေဖႀကီးအဆင္ေျပသလိုစီစဥ္လိုက္ပါ"

ကိုယ့္စကားေၾကာင့္အနည္းငယ္အ့ံၾသသြားပုံရတဲ့ေဖ
ႀကီးကတစ္ဆက္တည္း ေပ်ာ္႐ြင္သြားသည့္ပုံေၾကာင့္
သူဒီေစ့စပ္ပြဲကိုေနာငိတရေတာ့မည္မဟုတ္။

"ခြန္းကသိပ္လိမၼာတာ မပူပါနဲ႕ ဒီတစ္ႏွစ္ၿပီးတာနဲ႕
ေစ့စပ္ပြဲကိုေဖႀကီးကိုယ္တိုင္ဖ်က္ေပးမယ္"

သူ႕ကိုအားနာသလိုေျပာလာတဲ့ေဖႀကီးေၾကာင့္ သူဘာမွျပန္မေျပာျဖစ္ေတာ့ေပ ။ ကိုယ္လည္းသူ႕ကိုအားနာသလိုေျပာၿပီးထားခဲ့ရသည္မဟုတ္လား ၊ သုံးႏွစ္ၾကာတြဲလာတဲ့ႏွင္းပြင့္က သူလက္ထပ္မည္စိတ္ကူးထားတဲ့သူ႕ရဲ႕အနာဂတ္သတို႔သမီးေလာင္း ။အခုေတာ့ေဖ
ႀကီးနဲ႕အခ်စ္ ေဖႀကီးကိုသာေ႐ြးခဲ့သည္ ။ဒီကိစၥေၾကာင့္
သူေနာင္တမရေပမယ့္ တစ္ဖက္မိန္းကေလးကိုေတာ့
သူတကယ္အားနာခဲ့ရသည္ ။

"ဒါဆိုခြန္းအရင္သြားႏွင့္မယ္ေနာ္ ေဖႀကီး"

မနက္စာမစားပဲထသြားတဲ့သားျဖစ္သူကို ျပန္မေခၚမိေတာ့ေပ ။ အၿမဲတမ္းဖခင္ျဖစ္သူမ်က္ႏွာကိုသာၾကည့္ခဲ့သည့္သားျဖစ္သူက အခုလည္းဖခင္ေၾကာင့္
ေယာက်ာ္းေလးတစ္ေယာက္နဲ႕ေစ့စပ္ရေတာ့မည္။

သားကသူ႕အေမ 'ခြန္းမမ'ႏွင့္သိပ္တူသည္။
မမကသူ႕ထက္အသက္ႀကီးေပမယ့္ အၿမဲတမ္းသူ႕ကိုေလးေလးစားစားဆက္ဆံတတ္သည္ ။သူအရမ္းခ်စ္ရတဲ့မမက မေသခင္ေတာင္သူ႕အတြက္သားျဖစ္သူ
'ခြန္းလက္ယာ'ကိုထားေပးခဲ့ေသးသည္ ။ 'ငယ္ေသာသား ၊ႀကီးေသာအား'ဆ်ိုသည့်အတိုင်း သားျဖစ္သူကအ႐ြယ္ေရာက္လာေလ သူ႕အတြက္အားျဖစ္ေလျဖစ္သည္ ။

<<<>>>

"အဲ့ဒါဘာျဖစ္ေနၾကတာလဲ"

သားအခန္းေရွ႕မွာစုစုေဝးေဝးျဖစ္ေနၾကတဲ့ အိမ္ကကေလးမသုံးေယာက္ကို သူေအာ္လိုက္ေတာ့ အလန႔္တၾကားလွည့္ၾကည့္လာၾကသည္ ။

"ဟို ဟို...အကိုလေးကိုအိပ်ယာနိုှးမလို့"

"သွားမနိုှုးနဲ့ နင္တို႔ပဲအမဲခံရမယ္"

ေန႕နဲ႕ညမွားေနတဲ့ေကာင္ကို အခုလိုစောစောစီးစီးသွားနိုှးတဲ့သူတို့ ျပန္ထြက္လာရင္အသက္ေတာင္ပါပါ့မလားမသိ ၊

"မဟုတ္..အကိုေလးကႏွိုးခိုင္းထားတာ"

"ဟမ္ ဘာလုပ္ဖို႔တုန္း"

"သူ...သူ႕ေကာင္မေလးကိုေလဆိပ္မွာသြားႀကိဳမလို႔တဲ့ "

"မႏွိူးနဲ႕ ကိုယ့္အလုပ္ကိုယ္သြားလုပ္ၾက"

သူေျပာတာေတာင္သြားရမလား ၊မသြားရမလားစဥ္းစားေနတဲ့အေရွ႕ကသုံးေယာက္က သူမ်က္စျပမွထြက္သြားၾကသည္ ။ ခက္သည္ ၊အိမ္မွာကိုယ့္ထက္အဲ့ေကာင္ကိုပိုေၾကာက္ေနၾကတဲ့ အလုပ္သမားေတြက
အလုပ္ရွင္မွားေနပုံရသည္ ။အခုေတာင္သူ႕ကိုႏွိုးဖိူ႕မသြားရဲၾကတာ ၊ဟိုကအိပ္ေရးပ်က္လို႔ထေအာ္ရင္ ေသးပါထြက္က်ေနဦးမည္ ။

"ေတာက္စ္...ငါ့ကိုႏွိုးလို႔မေျပာထားဘူးလား ဟမ္"

အလုပ္သြားဖို႔အခန္းထဲကအထြက္ ကိုယ့္ေျခေထာက္ေရွ႕ေရာက္လာတဲ့ ေႂကြကြဲစေတြေၾကာင့္ဧည့္ခန္းကပန္းအိုးတစ္အိုးကြဲသြားၿပီမွန္းသိလိုက္သည္ ။

"ဆူမေနနဲ႕ ငါမနိုှးခိုင်းတာ
ဒါေတြတစ္ေယာက္ရွင္းလိုက္စမ္း"

အခန်းတံခါးရှေ့တစ်စစီပြန့်ကျဲနေတဲ့ဖန်ကွဲစတွေက်ို
ေက်ာ္ခြၿပီးမနက္စာစားဖို႔ ထမင္းစားခန္းထဲဝင္လိုက္သည္။အေနာက္ကေနလိုက္လာတဲ့ သားျဖစ္သူေၾကာင့္သူၿပဳံးလိုက္သည္ ။သူ႐ုပ္ရွင္နည္းနည္းရိုက္ရေတာ့မည္။

"ေခါင္းမူးေနလို႔လား"

ေသာက္ေနၾကေကာ္ဖီအစား သံပုရာရည္ေသာက္ေနတဲ့ဖခင္ကိုမေနနိုင္စြာေမးမိသည္။ ေသြးတိုးေရာဂါရွိသည့္ဖခင္ကို သူစိတ္ပူရေသးသည္ ။

"အင္း နည္းနည္း"

"အလုပ္အဆင္မေျပလို႔လား"

ဖခင်သွေးတိုးရခြင်းရဲ့ကိုးဆယ့်ရှစ်ရာခိုင်နုှန်းက အလုပ္ေၾကာင့္သာ ၊ကျန်တဲ့နှစ်ရာခို်င်နုှန်းကတော့ ကိုယ့္ေၾကာင့္ေပါ့ ။

"အင္း အပင္ျမင့္ေလ၊ေလတိုက္ေလ ဆိုေတာ့တစ္ေယာက္ထဲရပ္တည္ေနရတာခက္ခဲတယ္"

ေဆြးေဆြးေျမ့ေျမ့ေျပာလာတဲ့ဖခင္ကို သူအၾကည့္လြဲလိုက္သည္ ။ အပိုေတြ အခုလိုအခ်မ္းသာဆုံးစာရင္းဝင္ေအာင္ေတာင္တစ္ေယာက္ထဲ လုပ္ခဲ့တဲ့သူကလာ
ညီးျပေနေသးသည္ ။ဒါမ်ိဳးဆို လက္ရဲဇက္ရဲတို႔ကရိုးေနၿပီ ၊သူ႕ကုမၸဏီမွာကိုယ့္ကိုလုပ္ခိုင္းေတာ့မွာေလ။

"အဲ့တာဘယ္လဲ"

"ေစာ္ကိုသြားႀကိဳမလို႔"

"ျဖတ္လိုက္ေတာ့"

ေအးေအးေဆးေဆးေကာ္ဖီေသာက္ေနရင္း ေျပာလာတဲ့ဒယ္ဒီ့စကားေၾကာင့္ သူအံ့ၾသမိသည္ ။ ဘယ္တုန္းကမ်ားရည္းစားကိစၥေတြ ဝင္ေျပာဖူးလို႔လဲ..။

"မင္းေစ့စပ္ရမယ့္လူရွိတယ္"

"ဘယ္သဴလဲ ဘီလီ့ကိုမွမရရင္ဘယ္မိန္းမမွမယူဘူး"

"မပူနဲ႕ မိန္းမမယူခိုငး္ဘူး ေယာက်ာ္းယူခိုင္းတာ"

ဒယ့္ဒီစကားေၾကာင့္ ထပ္ဆင့္အံ့ၾသရျပန္သည္။
ဒီေန႕ကဘာေန႕တုန္း ၊သူ႕အတြက္surpriseေတြက
တစ္ခုၿပီးတစ္ခု ။အရင္ဆုံးသူ႕ရည္းစားနဲ႕ျဖတ္ခိုင္းတယ္ ဒါကထားေတာ့ေစာ္ဆိုတာတစ္ေယာက္သြားတစ္ေယာက္လာ ၊အခုေတာ့ေယာက်ာ္းယူရမယ္တဲ့လား
ဘယ္လိုေပါက္ကရစကားႀကီးလဲ ။

"စီးပြားေရးေၾကာင့္ ခဏသာေစ့စပ္တာ မင္းသိမွာပါ
ငါဘယ္တုန္းကမွမင္းကိုမခ်ဳပ္ျခယ္ဘူး ဒီတစ္ခါေတာ့ငါတကယ္အဆင္မေျပလို႔ မင္းကိုအကူအညီေတာင္းတာ ေစ့စပ္႐ုံေလာက္ပဲ "

ဘယႅို !ေစ့စပ္တာကိုစီးပြားေရးအရလို႔ေျပာရေအာင္လည္းသူေမြးထားတာသားဆိုတာ ေမ့ေနၿပီလား။
မိန္းကေလးဆိုစီးပြားေရးအရ လမ္းေဖာက္တာထားေတာ့ ၊အခုကသားကိုလင္ေပးစားၿပီးစီးပြားေရးလမ္းေဖာက္ေနတာ ။

"ဘယ္သူ႕မွမယူသလို ေစ့စပ္မွာမဟုတ္ဘူး"

"ကြၽတ္ ကြၽတ္ ေခါင္းမူးလိုက္တာ ဦးရဲသီဟတို႔မ်ား
သားသမီးကံမေကာင္းလိုက္တာ"

"ဟ !"

ေသခ်ာသည္ ၊သူဒီေစ့စပ္ပြဲကိုလက္ခံရေတာ့မည္။
သူမနိုင္ရင္ေရာဂါနဲ႕ၿခိမ္းေျခာက္တဲ့ဖခင္က နိုင္ကြက္ကိုအၿမဲထုတ္သုံးသည္ ။ဘာျဖစ္လဲ ကိုယ္ကေယာက်ာ္းေလးေလ ၊ကိုယ္မုဆိုးဖိုျဖစ္သြားရင္ေတာင္ လက္မလြတ္နိုင္ျဖစ္ေနမယ့္မိန္းမေတြက ဒုနဲ႕ေဒး..။

<<<>>>

"ကိုယ့္ၿပိဳင္ဘက္နယ္ေျမမွာ အေဆာက္အဦးအသစ္ေဆာက္တာက အဲ့ေလာက္ေတာင္ျဖစ္သြားတာလား"

သူ႕ရဲ႕ခနတဲ့စကားအၿပီး သိသိသာသာမ်က္ႏွာပ်က္သြားၾကတဲ့ ေျမေခြးအိုေတြကရယ္ရသည္ ။ K.Comရဲ႕ၿပိဳင္ဖက္တျဖစ္လည္း ျမန္မာနိုင္ငံရဲ႕အ
ခ်မ္းသာဆုံးျဖစ္တဲ့ YTရဲ႕ေနရာတစ္ခုမွာ အေဆာက္အဦးေဆာက္မွာကို အေသအလဲတားဆီးေနၾကသည္တဲ့ေလ ။ ေက်ာင္းၿပီးတည္းကK.Comကိုလြဲေပးခဲ့တဲ့ဖခင္ျဖစ္သူကို မေက်နပ္က်တဲ့ရွယ္ယာရွင္ေတြက
အခြင့္အေရးရတိုင္းမိမိကိုဆြဲခ်ဖိဳ႕ႀကိဳးစားေနၾကသည္။

"ေမာင္ရင္လည္းသိမွာေပါ့ အခုလိုရန်သူု့နယ်မြေမှာ
ေဆာက္လုပ္ေရးလုပ္မယ္ဆိုတာက စြန႔္စားရာက်သလိုYTလို ကုမၸဏီႀကီးကိုရန္စသလိုျဖစ္သြားနိုင္တယ္ေလ"

"ဒါဆိုYTကခြင့္ျပဳခ်က္ရမယ္ဆိုရင္ေရာ"

"ဒါဆိုတစ္မ်ိဳးေပါ့ေလ"

သူ႕မ်က္ႏွာခ်င္းဆိုင္ကအဘိုးႀကီး ဦးထက္ျမတ္ေအာင္ကသူၿပီးရင္ကုမၸဏီရဲ႕ရွယ္ယာအမ်ားဆုံး ၊အထူးသျဖင့္YTနဲ႕K.Comရဲ႕ပူးေပါင္းမႈကို ေၾကာက္လန႔္ေနတဲ့လူေတြထဲကတစ္ေယာက္ေပါ့ ။K.Comဆိုတာ
MAရဲ႕ကုမၸဏီခြဲတစ္ခု ၊MAနဲ႕YTဆိုတာကလည္း
စတည္ေထာင္တည္းကရန္သူေတြျဖစ္ခဲ့ၾကတာ ။
ဒါကလည္းYTရဲ႕ဥကၠ႒ဦးရဲသီဟနဲ႕ MAကုမ္ပဏ်ီရဲ့
Ceoတျဖစ္လည္းမိမိ၏ဖခင္ျဖစ္သည့္ ဦးလက်ယာအောင်တို့ရဲ့ထက်မြတ်မုှတွေကြောင့်ပင် ။ဒီလိုကုမၸဏီ
ႏွစ္ခုသာပူးေပါင္းလိုက္ရင္ မြန်မာနိုင်ငံစီးပွားရေးခုနှစ်ဆယ်ရာခိုင်နုှန်းလောက်က YTနဲ႕MAရဲ႕နယ္ေျမေတြျဖစ္သြားမွာကိုေၾကာက္ေနၾကတာျဖစ္သည္။

"ဒါဆိုဒီေန႕အစည္းအေဝးၿပီးၿပီေပါ့"

ဒီလိုအာဏာ႐ူး ၊ေငြ႐ူးေတြၾကားမွာၾကာၾကာမေနခ်င္တာေၾကာင့္သူထြက္လာမိသည္ ။အခုk.Comကိုသူတာဝန္ယူထားရတာက ဖခင္ကိုစိတ္ဆင္းရဲမည္ဆိုးတာေၾကာင့္ပင္ ၊ေက်ာင္းၿပီးခ်င္းခ်င္းသာသနာ့ေဘာင္ထဲဝင္သည့္မိမိကို ဘုန္းႀကီးေက်ာင္းထိလာေခၚေသာ
ဖခင္ငရဲႀကီးမည္ဆိုးေသာေၾကာင့္သာ လူထြက္ၿပီးစီးပြားေရးလုပ္ခဲ့ရတာ။ သူဒီအလုပ္ေတြတကယ္မလုပ္ခ်င္ေသာ္လည္း ဖခင်နေရာကိုအမြဲချောင်းနေတဲ့မြေခွေးအိုတွေကြောင့်သူုရှိနေရတာဖြစ်သည်။

<<<<>>>>

"မဂၤလာပါ အန္ကယ္ "

အစည္းအေဝးၿပီးၿပီးခ်င္းMAစီအေျပးလာရသည္မို႔
ကိစၥတစ္ခုခုရွိမွန္းသိသည္ ။အခုေတာ့သူ႕ကိစၥျဖစ္ေနတာကို ၊ အသက္၅၀ျပည့္ခါနီးျဖစ္သည့္ဦးရဲသီဟက
ျမန္မာနိုင္ငံစီးပြားေရးရဲ႕ဘုရင္တစ္ေယာက္လိုပင္ ။
လူႀကီးလူေကာင္းတစ္ေယာက္မို႔သူ႕ဘက္က သတိထားဆက္ဆံသည္ ။ကိုယ့္ေၾကာင့္ဖခင္မ်က္ႏွာ
ပ်က္မွာဘယ္ေတာ့မွအျဖစ္မခံ ။

"ခြန္းတို႔ကအသက္ႀကီးေလၾကည့္ေကာင္းေလကြာ"

"အန္ကယ္ကလည္းအသက္ႀကီးေလပိုထက္ျမတ္လာေလပါပဲ"

ကိုယ့္စကားကိုသေဘာတက်ၿပဳံးေနတဲ့ ဦးရဲသီဟ
ေၾကာင့္သူလည္းၿပဳံးမိသည္ ။ အန္ကယ္ကအျခားသူေတြကိုမ်က္ႏွာတင္းတင္းဆက္ဆံေပမယ့္ ေဖႀကီးႏွင့္သူ႕ကိုေတာ့မိတ္ရင္းေဆြရင္းေတြလိုသေဘာထားသည္ ။

"ေဖႀကီးသားကိုေခၚတာက ဦးရဲသီဟကအကူအညီေတာင္းလို႔ေလ"

"ေအးကြာ မင္းနဲ႕အခုေစ့စပ္မယ့္အန္ကယ့္သားကို
စီးပြားေရးေလာကထဲထည့္ေပးခ်င္တာ သူကနိုင္ငံ
ျခားမွာသာေက်ာင္းၿပီးလာတာ အခုထိအလုပ္ကိုစိတ္မဝင္စားဘူးေလ "

အင္း...သူသတင္းေတြၾကားထားပါသည္။
အန္ကယ္ကစီးပြားေရးမွာထက္ျမတ္သေလာက္ သူ႕သားျဖစ္သူကေတာ့ ပိုက္ဆံရွိၿပီးထင္တိုင္းႀကဲေနသည့္ေကာင္ေလးတစ္ေယာက္သာ ၊မိမိထက္အသက္ငယ္သူမို႔ သူေသခ်ာသင္ျပေပးဖို႔ေတာ့ေတြးမိသည္။

"အန္ကယ္ေျပာခ်င္တဲ့သေဘာကိုခြန္းနားလည္ပါတယ္ ဒါဆိုမနက္ျဖန္သူ႕ကိုK.Comကိုပဲလြတ္လိုက္ပါ"

"ေက်းဇူးပဲသားခြန္းရယ္ မင္းတို႔ကလည္းမၾကာခင္ေစ့စပ္ရေတာ့မယ့္သူေတြဆိုေတာ့ အနီးကပ္ေလ့လာထားလို႔ရတာေပါ့"

အနီးကပ္ေလ့လာရမယ္ဆိုတဲ့စကားေၾကာင့္
သူစိတ္ထဲရယ္ခ်င္မိသည္ ။ေလ့လာစရာမလိုေအာင္ကိုသတင္းထြက္ေနတဲ့ လက္ရဲဇက္ရဲဆိုတဲ့ေကာင္ေလးကေသခ်ာေပါက္ဂ်စ္ကန္ကန္ျဖစ္ေနမွာ ။

-------
thx for reading & voting 💙

Continue Reading

You'll Also Like

291K 4.6K 14
ယောက်ဖကို မြူစွယ်မည့် ဒွိလိင်ကောင်လေးအကြောင်း 21+ ပါ smut အသားပေး fiction တစ်ပုဒ်ဖြစ်လို့ အသက်မပြည့်ရင်မဖတ်စေလိုပါ။
1.3M 48.8K 24
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။
176K 24.2K 65
' အေးစက်တဲ့ မြွေဘုရင်ကြီးကို လက်ထပ်ဖို့ ဖိအားပေးခံ ရတယ် ' ( Forced to marry the cold snake king) 被迫男扮女裝嫁給冰冷蛇王 Original Author - 茶茶花開 Chapter -53 comp...