Zawgyi Version
သူမ ဘယ္လိုလုပ္ ျပန္ေရာက္လာခဲ့လဲ မုရံုခ်ီခ်ီ မသိေတာ့ေပ။ သူမအခန္းသို႔ သူမျပန္ေရာက္ေသာအခါ မိုးကုတ္စက္ဝိုင္းပင္ အျဖဴေရာင္ျဖစ္ေနသည္။
စုမိန္နွင့္ စုယြဲ႕ နိုးေနတာ ၾကာလွၿပီျဖစ္ၿပီး မုရံုခ်ီခ်ီအား ေနရာအနွံ႔ လိုက္ရွာေနၾကသည္။ အနည္းငယ္ေၾကာက္႐ြံ႕ထိတ္လန္႔ေနေသာ မုရံုခ်ီခ်ီကို ျမင္ေသာအခါ သူတို႔နွစ္ေယာက္သည္ လ်င္ျမန္စြာ ခ်ဥ္းကပ္လာၾကသည္။
"သခင္မေလး ဘာျဖစ္လို႔လဲ?"
မုရံုခ်ီခ်ီ အဝတ္မ်ားမ်ား ဝတ္မထားသည္ကို စုယြဲ႕ ျမင္လိုက္ရသည္။ သူမက ခ်က္ခ်င္း သူမလက္ကို မုရံုခ်ီခ်ီနဖူးေပၚ တင္လိုက္သည္။
"ကံေကာင္းလို႔ အဖ်ားေတာ့ မရွိဘူး!"
"သခင္မေလး... ဘယ္ကို သြားခဲ့တာလဲ? ဒီေန႔ မဂၤလာေဆာင္ေန႔ေလ ဘာလို႔ အျပင္ကို ထြက္ေနေသးတာလဲ?"
စုမိန္နွင့္ စုယြဲ႕သည္ တေယာက္က ဘယ္၊ တေယာက္က ညာဘက္မွ တြဲကူကာ မုရံုခ်ီခ်ီအား အထဲသို႔ ပို႔လိုက္သည္။ မုရံုခ်ီခ်ီမ်က္နွာအေရာင္ မေကာင္းတာ ျမင္ေသာအခါ စုမိန္က ခ်က္ခ်င္း လူမ်ားအား ေရေႏြးယူခိုင္းလိုက္ေသာေၾကာင့္ မုရံုခ်ီခ်ီသည္ ပန္းပြင့္မ်ားပလံုစီျဖင့္ ေရခ်ိဳးလိုက္ရသည္။
ေရေႏြးေႏြးက သူမကိုယ္အား ရစ္ပတ္လႊမ္းၿခံဳလိုက္ေသာအခါမွ မုရံုခ်ီခ်ီလည္း သူမအာရံုကို ျပန္ရလိုက္သည္။ သူမက ေခါင္းကို ေမာ့လိုက္ၿပီး ပရိေဘာဂမ်ားအား ၾကည့္လိုက္သည္။ ဒါက က်င့္႐ႊမ္နန္းေဆာင္ျဖစ္ၿပီး ဒီေန႔က သူမမဂၤလာပြဲေန႔ ျဖစ္တယ္ဆိုတာကို သူမ သတိရလိုက္သည္။ သို႔ေပမယ့္ သူမ အခု ဘာလုပ္သင့္လဲ?
ထြက္ေျပးရမွာလား? ဒီျပသနာေတြအားလံုးက လြတ္ေျမာက္ေအာင္၊ သူမအဆင့္အတန္းအမွန္က လြတ္ေျမာက္ေအာင္၊ ဖုန္းခ်န္ရဲ႕ အခ်စ္ကေန ထြက္ေျပးလြတ္ေျမာက္ၿပီး ဖုန္းခ်န္ကို သတို႔သမီးမရွိတဲ့ မဂၤလာပြဲတခုနဲ႔ ေခါင္းခံခိုင္းၿပီး ခ်န္ထားခဲ့ရမွာလား? သူ႔တေယာက္တည္းကို လူတိုင္းရဲ႕ ေလွာင္ေျပာင္စရာအရာဝတၳဳတခုအျဖစ္ ထပ္ျဖစ္ေစခိုင္းရမွာလား? သူမကို သူ အရူးအမူးရွာေဖြၿပီး သူမကို မေတြ႕ရေတာာအခါ တျဖည္းျဖည္း စိတ္ဓာတ္က်လာေစခိုင္းမွာလား? အဲ့ဒီလိုဆို ေကာင္းပါအံုးမလား?
ဖုန္းခ်န္သည္ အနည္းငယ္ လြမ္းေဆြးေသာ မ်က္လံုးမ်ားျဖင့္ ၾကင္နာတတ္သည္ကို ေတြးမိေသာအခါ မုရံုခ်ီခ်ီနွလံုးသားက ေပ်ာ့ေပ်ာင္းသြားသည္။ မ်က္ရည္မ်ား က်လာ၏။ သူမ ဒီလိုမရက္စက္နိုင္ေပ။ သူမ ဒါကို မလုပ္နိုင္ပါ။ ဘာပဲ ျဖစ္ပါေစ သူမခံစားခ်က္ကိုပဲ ေတြးၿပီး သူ႔ကို ထားခဲ့ဖို႔၊ အရာအားလံုးကို သူ႔တေယာက္တည္း သည္းခံရင္ဆိုင္ခိုင္းဖို႔က အရမ္းရက္စက္ရာ က်လြန္းသည္။ ဒါကို သူမ မလုပ္နိုင္ဘူး။
ဒါေပမယ့္ သူမ ေနဖို႔ကို ဆံုးျဖတ္လိုက္ေသာအခါ မဂၤလာပြဲက စတင္ေတာ့မည္၊ သူမက သူ႔၏ ညီမရင္း ျဖစ္ေနသည္။ ဒီကမာၻမွာ အစ္ကိုနွင့္ ညီမ တေယာက္ကို တေယာက္ လက္ထပ္တာ တခါမွ မရွိခဲ့ဖူးေပ။ ၎က သယ္ေဆာင္လာသည့္ သက္ေရာက္မႈကို သူတို႔ သည္းခံနိုင္ပါ့မလား?
မုရံုခ်ီခ်ီက သူမတကို္ယ္လံုးကို ေရထဲတြင္ ပုန္းေအာင္းလိုက္သည္။ 'ဖရူး ဖရူး'အသံမ်ားနွင့္အတူ သူမက ပူေဖာင္းမ်ားကို မႈတ္ထုတ္လိုက္သည္။ ေရက သူမကို ျပင္ပကမာၻနွင့္ ပိုင္းျခားေပးလိုက္သည္။ အခု သူမသည္ အတိတ္ဘဝကလို ေရထဲတြင္ ေၾကာက္႐ြံစြာ ပုန္းေနေသာ ေကာင္မေလးတေယာက္ တဖန္ ျပန္ျဖစ္သြားသည္။
"ယီလ်န္... မင္းနွလံုးသားရဲ႕ ေနာက္ကို လိုက္ဖို႔ လိုတယ္ မင္းနွလံုးသားကို ေလးစားမႈ ရွိပါ"
ေမြးစားအေဖ၏ အသံက မုရံုခ်ီခ်ီနားထဲတြင္ ထြက္ေပၚလာသည္။ ယီလ်န္... ဒီနာမည္ကို မၾကားရတာ ေတာ္ေတာ္ၾကာၿပီ! ေမြးစားအေဖ၏ အသံက မုရံုခ်ီခ်ီကို ေနာက္တႀကိမ္ နိုးၾကားလာေစသည္။
*** ယီလ်န္က သူမ ဝိညာဥ္မကူးေျပာင္းမွီ အရင္ဘဝက နာမည္ပါ***
သူမနွလံုးသားေနာက္ကို လိုက္ရမယ္၊ သူမနွလံုးသားကို ေလးစားရမယ္... ဒါေတြက ေမြးစားအေဖ သူမကို မၾကာခဏ ေျပာေလ့ရွိသည့္ စကားလံုးမ်ားပင္။ သူမ အခု ဘာလုပ္သင့္သလဲ? ဒီကိစၥေၾကာင့္ သူမရဲ႕ က်ိဳးေၾကာင္းဆင္ျခင္နိုင္စြမ္းကို ဘယ္လို ဆံုးရံႈးခဲ့လဲ?
မုရံုခ်ီခ်ီ ထြက္လာေသာအခါ ေရကို ပိုင္းခ်လိုက္သည္။ သူမ၏ ဂုဏ္ယူဝင့္ႂကြားေသာ မ်က္ခံုးေပၚတြင္ ေရစက္မ်ား တင္ေနသည္။ သူတို႔သည္ ခရစ္စတယ္လို ၾကည္လင္ေနသည္။ သူမကို ဘာျဖစ္သြားတာလဲ? သူမက တညလံုး ဒီျပသနာေၾကာင့္ ေထာင္ေခ်ာက္ထဲ ပိတ္မိေနခဲ့သည္။ သူမက ယီလန္ပဲ! အခ်ိန္ကူးေျပာင္းလာတဲ့ ယီလန္ပဲေလ! သူမက ဒီကမာၻက မုရံုခ်ီခ်ီ မဟုတ္ဘူးေလ!
ပန္းခ်ီကားထဲက လူက ဝမ္ရမ္မင္ယြဲ႕ဆိုရင္ေတာင္ သူမက ဒီခႏၶာကိုယ္ပိုင္ရွင္ရဲ႕ အေမပဲေလ သူမအေမမွ မဟုတ္တာ! ဒါ့အျပင္ သူမအသြင္အစစ္အမွန္ကလည္း မဆံုးျဖတ္ရေသးဘူး! အနက္ေရာင္ဝတ္စံုနဲလူနဲ႔ ပန္းခ်ီကားတခ်ပ္ေၾကာင့္ ဘာလို႔ သူမနဲ႔ ဖုန္းခ်န္အခ်စ္ကို ေသဒဏ္စီရင္လိုက္ရမွာလဲ? ဒါက သူမပင္ကိုယ္စရို္က္ မဟုတ္သလို သူမပံုစံလည္း မဟုတ္ေပ။
ဇီဝကမၼရူေထာင့္မွ ၾကည့္လွ်င္ သူမက ဖုန္းရွဲ႔နွင့္ ဝမ္ရမ္မင္ယြဲ႕တို႔၏ သမီး ျဖစ္ခဲ့လွ်င္၊ သူမက ဖုန္းခ်န္၏ ညီမအရင္းျဖစ္ေနခဲ့ရင္ ဇီဝကမၼေဗဒအရ သူမနဲ႔ ဖုန္းခ်န္အခ်စ္ကို ျဖတ္ေတာက္ၿပီး မိသားစုအခ်စ္ကို ဘာလို႔ အစားထိုးမယူပဲ ေနရမွာလဲ?
ထိုေယာက်္ားကို သူမက သူ႔ဇနီးအေနျဖင့္ သူ႔ေဘးနားမွာ ရွိမေပးနိုင္ရင္ေတာင္ ဒီကမာၻေပၚမွာ သူနဲ႔ ေသြးတူသည့္ တစ္ဦးတည္းေသာသူ ျဖစ္ရတာ ဘယ္ေလာက္ ဂုဏ္ယူၿပီး ေပ်ာ္စရာေကာင္းတဲ့ အရာလဲ? ဘာေၾကာင့္ သူမက ထြက္သြားသင့္လို႔လဲ?
သူမ ဖုန္းခ်န္ကို လႊတ္မေပးနိုင္ဘူး။ သူမက သူ႔ရဲ႕ သတို႔သမီး မျဖစ္ရရင္ေတာင္ တဘဝလံုး သူမက သူ႔ညီမရင္း ျဖစ္ေနေသးတယ္!
သူမ ဖုန္းခ်န္ရဲ႕ အဆိပ္ေတြကို ကုမေပးရသးဘူး။ သူတို႔ရဲ႕ ဘံုရန္သူက အသက္ရွင္ေနေသးၿပီး ေကာင္းေကာင္းေနနိုင္ေနေသးတယ္! ကလဲ့စားေခ်တာက မစရေသးဘူး! သူမ ျပသနာေတြကို ထြက္ခြာသြားျခင္းအားျဖင့္ ေရွာင္တိမ္းလိုက္မယ္ဆို ဘယ္ေျမေပၚကို ဖုန္းခ်န္က ဆက္ရပ္တည္ရမလဲ? ၿပီးေတာ့ ဖုန္းခ်န္ကေရာ ဘာဆက္လုပ္သင့္လဲ?
နွစ္ေယာက္သား အတူမေနနိုင္ဘူးဆိုရင္ေတာင္ သူ႔ကို ေစာင့္ေရွာက္ေပးၿပီး သူေပ်ာ္႐ႊင္တာကို ေစာင့္ၾကည့္နိုင္ေသးသည္။ တေယာက္က ေပ်ာ္႐ႊင္ေနသည္က နွစ္ေယာက္လံုး ဝမ္းနည္းရတာထက္ ပိုေကာင္းသည္။ အနည္းဆံုးေတာ့ သူလံၿခံဳၿပီး ေပ်ာ္႐ႊင္မည္။ ထို႔ေနာက္ သူမလည္း ေပ်ာ္႐ႊင္ရလိမ့္မည္။ လူတေယာက္ကို ခ်စ္ရျခင္းသည္ သူေပ်ာ္႐ႊင္ဖို႔ လိုလားသည္ မဟုတ္ပါေလာ? သူမ ဖုန္းခ်န္ကို ခ်စ္သည္။ ထို႔ေၾကာင့္ သူ၏ ေပ်ာ္႐ႊင္မႈကို သူမ ကာကြယ္ေပးရမည္။
မုရံုခ်ီခ်ီ ေရခ်ိဳးခန္းမွ ထြက္လာေသာအခါ သူမ စိတ္ဝိညာဥ္သည္ လံုးဝေျပာင္းလဲသြားပံုရသည္။ ထိုအခ်ိန္တြင္ သူမအား အလွျပင္ေပးရန္ ၫႊန္ၾကားျခင္း ခံရထားသည့္ နန္းတြင္းအေစခံအိုႀကီးလည္း ေရာက္ရွိေနေလၿပီ။ မုရံုခ်ီခ်ီက မွန္ေရွ႕တြင္ ထုိုင္လိုက္ၿပီး အေစခံႀကီးအား သူမမ်က္နွာကို လိမ္းျခယ္ေစသည္။
"မင္းသမီးဆံပင္ေတြက အရမ္းလွတာပဲ!"
မုရံုခ်ီခ်ီဆံပင္အား ျပင္ေပးရန္ အထူးဖိတ္ၾကားျခင္း ခံရထားသည့္ သခင္မႀကီးသည္ သူမဆံပင္အား ညင္သာစြာ ၿဖီးေပးေနသည္။ သူမလက္မ်ားမွာ အလြန္ပင္ ေပ်ာ့ေပ်ာင္းသည္။ တခဏအတြင္းမွာပင္ မုရံုခ်ီခ်ီဆံပင္မွာ လွပစြာ ျပဳလုပ္ၿပီးသြားသည္။
"မင္းသမီး... ဒီသရဖူနဲ႔ လက္ဝတ္ရတနာေတြက မယ္ေတာ္ႀကီးက အထူးတလွယ္ ကြၽန္မကို ပို႔ခိုင္းလိုက္တဲ့ဟာေတြပါ။ ဒါေတြက အရင္တုန္းက မင္းသမီးမင္ယြဲ႕သံုးခဲ့တဲ့ ဟာေတြပါ"
ခ်င္းကူက အေစခံေတြကို ဝတ္စံုနွင့္ လက္ဝတ္ရတနာမ်ားအား ယူေဆာင္လာေစသည္။
"မယ္ေတာ္ႀကီးက ေျပာလိုက္ပါတယ္ ဒီဝတ္စံုနဲ႔ လက္ဝတ္ရတနာေတြကို မင္းသမီးရဲ႕ မဂၤလာလက္ဖြဲ႕အျဖစ္ လက္ေဆာင္ေပးလိုက္ပါတယ္တဲ့"
"ေက်းဇူးတင္ပါတယ္ အေဒၚခ်င္း"
မဂၤလာဝတ္စံုအား ပထမဆံုးအႀကိမ္ ထိေတြ႕မိေသာအခါ ဝမ္ရမ္မင္ယြဲ႕နွင့္ နီးကပ္သြားသည္ဟု သူမ ခံစားလိုက္ရသည္။
"အရမ္းလွတာပဲေနာ္!"
"မင္းသမီးနဲ႔ မင္ယြဲ႕မင္းသမီးတို႔ရဲ႕ အ႐ြယ္အစားက ဆင္တယ္။ မင္းသမီးသာ ဒါကို ဝတ္လိုက္ရင္ ကြက္တိက်ေလာက္တယ္"
ေျပာရင္းဆိုရင္းျဖင့္ စုမိန္နွင့္ စုယြဲ႕က မဂၤလာဝတ္စံုအား မုရံုခ်ီခ်ီကို ကူညီဝတ္ဆင္ေပးလို္က္သည္။
"လံုးဝ ကြက္တိပဲ! အရမ္းလွတာပဲ!"
ခ်င္းကူ၏ မ်က္လံုးမ်ားသည္ အံ့ၾသမႈမ်ားျဖင့္ ျပည့္နွက္ေနသည္။
"မင္ယြဲ႕မင္းသမီး လက္ထပ္တဲ့ အဲ့ဒီနွစ္ကလည္း ဒီအသက္အ႐ြယ္ေလာက္မွာပဲ။ ဒီအေစခံ ပိုၾကည့္ေလ မင္းသမီးနဲ႔ တူတယ္လို႔ ဒီအေစခံပိုၿပီး ခံစားမိေလေတာ့ စိတ္မထိန္းနိုင္ပဲ မင္ယြဲ႕မင္းသမီးကိုေတာင္ ေတြးမိလာၿပီ"
ထိုသို႔ ေျပာၿပီးေနာက္ ခ်င္းကူမ်က္လံုးမ်ားသည္ စိုစြတ္လာသည္။ သူမက သူမမ်က္နွာကို တဖက္သို႔ လွည့္လိုက္ကာ မ်က္ရည္မ်ားကို သုတ္လိုက္သည္။
"ဒီအေစခံကို ၾကည့္ပါအံုး! ဒီေန႔က မင္းသမီးရဲ႕ အခါႀကီးရက္ႀကီး ျဖစ္တာကို ဒီအေစခံက ဝမ္းနည္းစရာေတြကို နိုးဆြေနမိတယ္။ ဒီအေစခံက တကယ္ပဲ မရွိသင့္ပါဘူး။ မင္းသမီး... သခင္ႀကီလည္း နန္းေတာ္ထဲကို ေရာက္ေနပါၿပီ။ သူ အရင္ဆံုး ဧကရာဇ္နဲ႔ မိဖုရားေခါင္ကို သြားႏႈတ္ဆက္ေနလို႔ပါ။ ခဏေလာက္ဆိုရင္ သူ ျပန္လာေတာ့မွာပါ။ ဒီအေစခံကေတာ့ မယ္ေတာ္ႀကီးဆီ အရင္သြားနွင့္ပါေတာ့မယ္။ မင္းသမီးလည္း ျပင္ဆင္လိုက္ပါအံုး"
ဒီေနရာမွာ ဝမ္ရယ္ကို သခင္ႀကီး(Lord)ဟု သံုၿပီး ဝမ္ေဖးကိုေတာ့ ကေတာ္/အမ်ိဳးသမီး(lady) လို႔ သံုးပါတယ္။
ဖုန္းခ်န္ ေရာက္ေသာအခါ မုရံုခ်ီခ်ီကလည္း က်င္႐ႊယ္နန္းေဆာင္နန္းေဆာင္၏ ခန္းမေဆာင္ထဲသို႔ ဝင္လာသည္။ သူ႔ဆီ လမ္းေလွ်ာက္လာသည့္ အနီေရာင္ဝတ္စံုျပည့္နွင့္ မုရံုခ်ီခ်ီအား ၾကည့္ရင္း ဖုန္းခ်န္က သူ႔လမ္းေၾကာင္းကို ရပ္လိုက္သည္။
"ခ်င္းခ်င္း..."
သူ မုရံုခ်ီခ်ီကို မေတြ႕ရတာ တညတည္းသာ ျဖစ္သာ္လည္း အဲ့ဒါက အခ်ိန္ေတာ္ေတာ္ၾကာၿပီဟု ဖုန္းခ်န္ ခံစားရသည္။ ေနာင္တြင္ ဒီလို ထပ္မခြဲရဖို႔ သူေမွ်ာ္လင့္မိသည္။ သူ႔ေဘးမွာ သူမ ရွိေနမွသာ သူ႔နွလံုးသားလည္း ၿငိမ္းေအးနိုင္မည္။
ဖုန္းခ်န္က မုရံုခ်ီခ်ီအား ခ်စ္ခင္နွစ္သက္စြာ ၾကည့္ေနသည္။ အေဝးမွသည္ သူရပ္ေနသည့္ ေနရာသို႔ တလွမ္းခ်င္း တလွမ္းခ်င္း ေျဖးညႇင္းစြာ ေလွ်ာက္လာေနေသာ သူမကို သူ ေစာင့္ၾကည့္ေနသည္။ သူ႔ေရွ႕သို႔ သူမေရာက္လာေသာအခါ ဖုန္းခ်န္က သူ႔ဘယ္လက္ကို ဆန္႔ထုတ္လိုက္သည္။
"ခ်င္းခ်င္း ဒီေန႔ အရမ္းလွတာပဲ!"
ဖုန္းခ်န္နွင့္ မ်က္နွာခ်င္းဆိုင္မိေသာအခါ စိုးရိမ္ပူပန္မႈအားလံုး ေပ်ာက္ကြယ္သြားသည္။ ခ်စ္ျခင္းတရားမ်ား ျပည့္နွက္ေနသည့္ သူ႔မ်က္လံုးမ်ားထက္ သူမအား လႈပ္ရွားေစနိုင္သည့္အရာ ထပ္မရွိနိုင္ေတာ့ၿပီ။ ေၾကာက္႐ြံ႕ျခင္း၊ ရႈပ္ေထြးျခင္းနွင့္ ေနာက္ဆုတ္လိုေသာ စိတ္တို႔သည္ ရိုးသားေသာ မ်က္လံုးတစံုနွင့္ ရင္ဆိုင္မိေသာအခါဝယ္ အားလံုး ေပ်ာက္ကြယ္သြားသည္။
"ကြၽန္မရဲ႕ သခင္ႀကီး... ရွင္လည္း အရမ္းကို ဆြဲေဆာင္မႈ ရွိတာပဲ!" (ဆြဲေဆာင္မႈဆိုတဲ့ စကားလံုးကို ဖ်ားေယာင္းေသြးေဆာင္သလို ဆြဲေဆာင္မႈကို သံုးထားတာ)
မုရံုခ်ီခ်ီစကားေတြ သူမပါးစပ္က ထြက္က်လာသည့္ တခဏ သူမေနာက္မွ စုမိန္နွင့္ စုယြဲ႕တုိ႔၏ ရယ္သံမ်ားကို ၾကားလိုက္ရသည္။ ေယာက်္ားတေယာက္ကို ေဖာ္ျပဖို႔ ဘယ္သူက 'ဆြဲေဆာင္မႈ' ဆိုတာကို သံုးလို႔လဲ? သို႔ေပမယ့္ ဒီေန႔ေတာ့ ဖုန္းခ်န္သည္ အမွန္ပင္ ညိဳွ႕ငင္ဖမ္းစားနိုင္စြမ္းရွိေနသည္။
ပံုမွန္အားျဖင့္ ဒီနတ္ဆိုးဆန္ေသာ အလွေလးသည္ အျဖဴေရာင္ကိုသာ ဝတ္ဆင္ေလ့ရွိသည္။ သူ၏ ကိုယ္ပိုင္ခ်စ္စရာေကာင္းမႈနွင့္ စြဲမက္ဖြယ္ေကာင္းေသာ သြင္ျပင္ေၾကာင့္ အျဖဴေရာင္က သူ၏ နတ္ဆိုးဆန္စြာ လွပေသာ ပံုစံကို ဖိနွိပ္ထားနိုင္ၿပီး သူအား ေကာင္းကင္ဘံုမွ မေသမ်ိဳးတေယာက္အလား ျဖစ္ေစသည္။ ဒါေပမယ့္ ဒီေန႔တြင္ ေတာက္ပသည့္ အနီေရာင္က ဖုန္းခ်န္၏ နတ္ဆိုးဆန္စြာ လွပေသာ မ်က္နွာကို သူပံုစံတမ်ိဳးကဲ့သို႔ တမူထူးျခားေစသည္။ အထူးသျဖင့္ ေတာက္ပမႈအျပည့္ ရွိေနသည့္ ရွည္လ်ားက်ဥ္းေျမာင္းေသာ ဖီးနစ္မ်က္လံုးမ်ားပင္။ လူမ်ား၏အၾကည့္သည္ ထိုမ်က္လံုးမ်ားနွင့္ ဆံုေသာအခါ ထိုမ်က္လံုးထဲတြင္ ယစ္မူးသြားသလိုပင္။
"ခ်င္းခ်င္း မင္းသာ ကိုယ့္ကို ဒီလိုဆက္ၾကည့္ေနမယ္ဆိုရင္ ကိုယ့္ကိုယ္ကိုယ္ မထိန္းနိုင္ပဲ ဒီေနရာမွာတင္ မင္းကို နမ္းမိသြားမွာ ကိုယ္ေၾကာက္မိတယ္"
ဖုန္းခ်န္က မုရံုခ်ီခ်ီဘက္ကို မွီလိုက္ရင္း သူမနားနားသို႔ ေလပူတခ်ိဳ႕ မႈတ္ထုတ္ကာ ထိုစကားမ်ားကို တီးတိုးဆိုလိုက္သည္။
ယားသည္! ထံုသည္! မုရံုခ်ီခ်ီက ခ်က္ခ်င္း ဖုန္းခ်န္အား ကာလိုက္သည္။ ထိုအခ်ိန္တြင္ သူမ၏ ေသးငယ္ၾကည္လင္သည့္ မ်က္နွာေလးမွာ နီလာ၏။ မုရံုခ်ီခ်ီနွလံုးသားသည္ လ်င္ျမန္စြာ ခုန္လာေလသည္။
မုရံုခ်ီခ်ီ ရွက္သြားတာကို ျမင္ေသာအခါ ဖုန္းခ်န္က ေက်နပ္သြားသည္။ သူက တခ်က္ရယ္လိုက္ကာ မုရံခ်ီခ်ီအား ခန္းမေဆာင္ထဲသို႔ ဆြဲေခၚလာသည္။ သူတို႔က မယ္ေတာ္ႀကီးအား နႈတ္ဆက္လိုက္ျကသည္။
"ေကာင္းတယ္! အရမ္းေကာင္းတယ္!"
သူမသမီး၏ မဂၤလာဝတ္စံုသည္ မုရံုခ်ီခ်ီကိုယ္ေပၚတြင္ ေကာင္းေကာင္းမြန္မြန္ ခ်ပ္ခ်ပ္ရပ္ရပ္ ျဖစ္ေနတာကို ျမင္ေသာအခါ တုန္ဖန္လန္က ေခါင္းညိတ္ကာ ေျမႇာက္ပင့္ေျပာဆိုလိုက္သည္။
"ဒီသတို႔သမီးကလည္း အရမ္းလွ! ဒီသတို႔သားကလည္း အရမ္းေခ်ာေမာခန္႔ညားလွတယ္! အရမ္းေကာင္းတယ္!"
ထိုသို႔ ေျပာၿပီးေနာက္ နားမလည္နိုင္စြာပင္ တုန္ဖန္လန္မ်က္လံုးမ်ားက စိုစြတ္လာသည္။
"ခ်န္ေလး ဒီကို လာပါအံုး! ခ်ီခ်ီ... ဒီမယ္ေတာ္ႀကီးက မင္းကို အဲ့ဒီလို ေခၚလို႔ရမလား? မင္းလည္း လာပါအံုး!"
ခ်န္အာမွ ခ်န္ေလး ျဖစ္သြားသည္။
နွစ္ေယာက္သား တုန္ဖန္လန္ေရွ႕ ေရာက္ေသာအခါ သူတို႔လက္ေတြကို အတူထပ္ကိုင္ထားလိုက္သည္။
"မင္းတို႔နွစ္ေယာက္ကို ျမင္ရတာ မင္ယြဲ႕လက္ထပ္တုန္းက မင္ယြဲ႕ပံုစံကို မယ္ေတာ္ႀကီး ျမင္ရသလိုပဲ! မင္ယြဲ႕နဲ႔ ဖုန္းရွဲ႔သာ ေျမေအာက္ေလာကကေန သိခဲ့ရင္၊ မင္းတို႔ကိုသာ ျမင္ရရင္ သူတို႔လည္း ေသခ်ာေပါက္ ေပ်ာ္႐ႊင္ေနၾကမွာပဲ! မင္းတို႔နွစ္ေယာက္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနထိုင္ရမယ္ ၿပီးေတာ့ ဒီမယ္ေတာ္ႀကီးကို သိပ္မၾကာခင္ ျမစ္ေတာ္ေလး ထိန္းခြင့္ရေအာင္ လုပ္ေပးရမယ္!"
"အဖြားေတာ္... ကြၽန္ေတာ္ အေကာင္းဆံုးလုပ္မွာပါ"
ဖုန္းခ်န္က ထိုသို႔ ေျပာရင္း မုရံုခ်ီခ်ီအား အထူးတလွယ္ တခ်က္ငဲ့ၾကည့္လိုက္သည္။ တုန္ဖန္လန္က နွစ္ေယာက္သား တေယာက္ကိုတေယာက္ တက္ႂကြစြာ အၾကည့္ဖလွယ္ေနၾကသည္ကို ျမင္ေသာအခါ ပို၍ ေပ်ာ္႐ႊင္မိသည္။
တုန္ဖန္လန္က သူမဘယ္လက္မွ ဖီးနစ္လက္ေကာက္ကို ဆြဲခြၽတ္ကာ မုရံုခ်ီခ်ီ လက္ေကာက္ဝတ္တြင္ ဝတ္ေပးလိုက္သည္။
"အစကေတာ့ ဒါက တစ္စံု ရွိတာ! ဒါေပမယ့္ ဒီမယ္ေတာ္ႀကီးက မင္ယြဲ႕ကို နဂါးလက္ေကာက္ ေပးလိုက္တယ္။ ဖီးနစ္လက္ေကာက္ပဲ က်န္ေနေတာ့တာ။ ဒီေန႔ မယ္ေတာ္ႀကီးက ဒါကို မင္းဆီ ေပးလိုက္ေတာ့မယ္။ မင္းတို႔နွစ္ေယာက္ အတူတကြ အိုမင္းၾကၿပီး နွစ္တရာတိုင္ ခ်စ္ခင္နိုင္ပါေစလို႔ မယ္ေတာ္ႀကီး ဆုေတာင္းေပးလိုက္ပါတယ္ကြယ္"
"ေက်းဇူးတင္ပါတယ္ အဖြားေတာ္"
မုရံုခ်ီခ်ီ သူမကို ပထမဆံုးအႀကိမ္ ျမင္ဖူးတုန္းက ၾကမ္းတမ္းခက္ထန္မႈနွင့္ ျပတ္သားမႈတို႔သည္ အခု သူမေရွ႕က အႀကီးအကဲတြင္ ေပ်ာက္ကြယ္သြားေလသည္။ ခ်စ္ခင္နွစ္သက္ျခင္းသာ သူမမ်က္လံုးထဲတြင္ က်န္ရွိေလေတာ့သည္။
မုရံုခ်ီခ်ီနွင့္ ဖုန္းခ်န္တို႔သည္ တုန္ဖန္လန္ေရွ႕တြင္ ဒူးေထာက္လိုက္သည္။ သူတို႔က ဒီအႀကီးအကဲကို ရိုေသစြာ ဂါရဝျပဳလိုက္ၾကသည္။ နွစ္ေယာက္သား အေဝးေရာက္သြားသည့္တိုင္ တုန္ဖန္လန္မ်က္လံုးထဲတြင္ မ်က္ရည္မ်ား က်ဆင္းေနသည္။ မင္ယြဲ႕ေရ... ကေလးေတြကို ေကာင္းခ်ီးေပးၿပီး ကာကြယ္ေပးပါ! သူတို႔ကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေနထိုင္ခြင့္ေပးပါ!
ေတာ္ဝင္မဂၤလာပြဲသည္ သာမာန္လူမ်ား၏ မဂၤလာပြဲနွင့္ ကြာျခားသည္။
ပထမဆံုး ဖုန္းခ်န္သည္ ဝမ္ရမ္လဲ့အား ေလးစားမႈကို ျပသရန္နွင့္ ေက်းဇူးတင္ေၾကာင္း ေျပာရန္ မုရံုခ်ီခ်ီအား ေခၚသြားရန္လိုသည္။ ထို႔ေနာက္ စူတို႔သည္ ရံုးေတာ္မွ တာဝန္ေပးအပ္ခံရသည့္ သက္ေသမ်ားေရွ႕တြင္ ေကာင္းကင္နွင့္ ေျမႀကီးအား ကန္ေတာ့ရန္ လိုသည္။ နန္းေတာ္မွ သူတို႔အတြက္ ျပင္ဆင္ေပးထားေသာ စားေသာက္ပြဲကိုလည္း တက္ရန္လိုသည္။ ေနာက္ဆံုးတြင္ ညေရာက္ေသာအခါ သူတို႔သည္ မင္းသားအိမ္ေတာ္သို႔ ျပန္သြားရမည္ ျဖစ္သည္။ ၿပီးေတာ့ နန္းေတာ္အတြင္းတြင္ မုရံုခ်ီခ်ီသည္ သာမာန္မိန္းကေလးေတြလို အနီေရာင္ေခါင္းေဆာင္း ေဆာင္းထားရန္ မလိုေပ။ ၎သည္ ပိုၿပီး သက္ေတာင့္သက္သာ ရွိေစသည္။
"ဘုရားေပးတဲ့ စာသင္သားနဲ႔ မိန္းမလွေလး! အရည္အခ်င္းရွိတဲ့ ေယာက်္ားနဲ႔ လွပတဲ့ မိန္းကေလးပဲ!"
သူတို႔ ဝမ္ရမ္လဲ့ကို ျမင္ေသာအခါ ပထမဆံုး သူေျပာလိုက္သည့္စကားသည့္ ေျမႇာက္လံုးတခုပင္။
"ေကာင္းတယ္! အရမ္းေကာင္းတယ္!"
***ဘုရားေပးတဲ့ စာသင္သားနဲ႔ မိန္းမလွေလး! အရည္အခ်င္းရွိတဲ့ ေယာက်္ားနဲ႔ လွပတဲ့ မိန္းကေလး - စံျပစံုတြဲ***
မုရံုခ်ီခ်ီကို ဖုန္းခ်န္ လက္ထပ္လိုက္ျခင္းသည္ မိဖုရားေခါင္နွင့္ တယ့္ေဖးကို စိတ္သက္သာရာရေစသည္။ နွစ္ေယာက္သား ဝမ္ရမ္လဲ့ေဘးတြင္ ထပ္ကာထပ္ကာ မ်က္နွာခ်ိဳေသြးေနသည္။
"မင္းသမီးက ဒီေန႔ အရမ္းလွေနတာ!"
ရယ္ေမာေနေသာ လီပင္းသည္ မုရံုခ်ီခ်ီအတြက္ သူမျပင္ဆင္ထားေသာ လက္ေဆာင္ကို အေစခံမ်ားအား ယူေဆာင္လာေစသည္။
"ခ်စ္ခ်စ္ခင္ခင္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ကေလးေတြ ျမန္ျမန္ရပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္"
မိဖုရားေခါင္လီပင္း၏ လက္ေဆာင္မွာ လက္ရာေျမာက္ေသာ ေက်ာက္စိမ္းလက္ေကာက္တစံုပင္။ သူမက ခ်က္ခ်င္း ဝမ္ရမ္လဲ့၏ ခ်ီးက်ဴးမႈကို ရရွိခဲ့သည္။ မိဖုရားေခါင္က အရမ္းရက္ေရာေနတာ ျမင္ေသာအခါ တယ့္ေဖးကလည္း အစြန္အဖ်ား မျဖစ္လိုေတာ့ေပ။ သူမလက္ေဆာင္မွာ ကေလးေမြးဖြားေစသည့္ နတ္မင္းပံုကို ထြင္းထုထားေသာ ေက်ာက္စိမ္းအေဆာင္ တခု ျဖစ္သည္။ (ကြၽိယန္နတ္မင္း ဖုန္းရွင့္လားမွ မသိ) ထိုေက်ာက္စိမ္း၏ ကိုယ္ထည္မွာ အစြန္းအထင္းလံုးဝ မရွိသည့္ နို႔ကဲ့သို႔ ျဖဴေဖြးေနသည္။ အထူးေကာင္းမြန္ေသာ ဂုဏ္သတင္းနဲ႔ တြဲဖက္လိုက္ေသာအခါ လူအမ်ားက ထိုအရာကို ခ်ီးက်ဴးၾကေလသည္။
"သားေတြ မ်ားေလ ေပ်ာ္စရာ ပိုေကာင္းေလပဲ! ေကာင္းတယ္!"
ဝမ္ရမ္လဲ့၏ 'ေကာင္းတယ္' ဆိုေသာ စကားက လင္းခဲ့ရွင္းအား ေပ်ာ္႐ႊင္လာေစသည္။ သူမက ဂုဏ္ယူမႈအျပည့္ျဖင့္ လီပင္းကို ရန္စသလို တခ်က္ၾကည့္လိုက္သည္။
ထို႔ေနာက္ တေယာက္ၿပီး တေယာက္ လက္ေဆာင္မ်ား လာေပးၾကသည္။ မုရံုခ်ီခ်ီက အားလံုးကို လက္ခံလို္က္သည္။ သူမက စုမိန္နွင့္ စုယြဲ႕ကို ထိုပစၥည္းမ်ားအား လက္လႊဲယူေစသည္။
"မင္းႀကီး... အရွင္က အရွင့္ရဲ႕လက္ေဆာင္မေပးရေသးဘူးေနာ္!"
လင္းခဲ့ရွင္း၏ ႏူးညံ့ေသာအသံထဲတြင္ ကလူသလို ျမဴသလို အသံမ်ဳိး ပါဝင္ေနသည္။ လြန္ခဲ့သည့္ နွစ္ရက္က ဝမ္ရမ္လဲ့သည္ သူမ၏ က်င့္ရွင္းနန္းေဆာင္တြင္ ေနခဲ့သည္။ ေယာက်္ားတေယာက္၏ အစိုဓာတ္ရွိေသာေၾကာင့္ လင္ခဲ့ရွင္းမ်က္နွာပိုၿပီး လႈပ္ရွားသက္ဝင္ေနသည္။ သူမက အသက္ေလးဆယ္ေက်ာ္ၿပီ ျဖစ္ေသာ္လည္း လူငယ္တေယာက္လို ကလူျမဴဆြယ္ေနပံုက မုရံုခ်ီခ်ီအား ၾကက္သီးထလာေစသည္။
"အင္းးး ဒီဧကရာဇ္က ေက်ာက္ယန္မင္းသမီးကို ပထမအဆင့္ မင္းသမီးဘြဲ႕ကို ေပးအပ္မယ္! သူမက ဒီဧကရာဇ္ကို ဦးၫႊတ္စရာမလိုသလို အမိန္႔စာမပါပဲ နန္းေတာ္ထဲကို ဝင္နိုင္ထြက္နိုင္တယ္။ အဝါေရာင္ၾကယ္သီးတပ္ မန္ဒရင္းအက်ႌကို ဆုခ်ေစၿပီး ပထမအဆင့္ နန္လင္းမင္းသားကဲ့သို႔ တူညီေသာ လုပ္ပိုင္ခြင့္ကို ရရွိခံစားေစ"
ဝမ္ရမ္လဲ့၏ စကားက ခန္းမေဆာင္တလံုးကို အေၾကာ္အိုးတခုအျဖစ္ ေျပာင္းလဲသြားေစသည္။ ဒါက ဘာကို ဆိုလိုတာလဲ? မုရံုခ်ီခ်ီလို အမ်ဳိးသမီးတေယာက္က နန္လင္းဝမ္လို လုပ္ပိုင္ခြင့္ကို ခံစားေစ ဟုတ္လား? ဖုန္းခ်န္သည္ ေပက်ိဳးစစ္တပ္ကို ထိန္းခ်ဳပ္ကြပ္ကြဲရသည္။ ဝမ္ရမ္လဲ့နွင့္ ေတြ႕လွ်င္ သူသည္ ဦးၫႊတ္စရာမလို။ သူ၏ အဆင့္အတန္းသည္ လက္ရွိဧကရာဇ္မွ ေမြးဖြားေသာ မင္းသားတပါးနွင့္ တူညီသည္။ အခု မုရံုခ်ီခ်ီ၏ အျပဳအမူမွာ အိမ္ေရွ႕စံမင္းသမီး ယြီရွစ္ရွစ္ထက္ပင္ ပိုၿပီး သာလြန္သည္။ ဒီလိုဆိုေတာ့ ဝမ္ရမ္လဲ့က အိမ္ေရွ႕စံမင္းသားကို ေျပာင္းလဲမည္ဟု ဆိုလိုေနတာလား?
ဧကရာဇ္၏ စိတ္သည္ လူမ်ား မခန္႔မွန္းနိုင္ေသာ အရာပင္။ သူတို႔ တေယာက္ကို တေယာက္ အၾကည့္ခ်င္း ဖလွယ္ရံုသာ ရွိသည္။ ေျပာရဲဆိုရဲ ရွိသူမ်ားသာ တခြန္းစ နွစ္ခြန္းစ ေျပာၾကသည္။ မင္းသားမ်ားကေတာ့ မတ္မတ္ထိုင္ေနဆဲပင္။ အေပၚယံတြင္ သူတို႔က တည္ၿငိမ္ဟန္ေပါက္ေသာ္လည္း သူတို႔စိတ္ထဲ ဘာေတြ ေတြးေနလဲဆိုတာကိုေတာ့ ဘယ္သူမွ မသိနိုင္ေပ။
သူ႔၏ စိတ္ရင္းမွန္ကို ေဖာ္ျပသည့္ တစ္ဦးတည္းေသာသူမွာ ဝမ္ရမ္ဟုန္ ျဖစ္သည္။ သူက သူ႔ခြက္ကို ဖိဆုပ္လိုက္သည္။ သူ႔လက္ေပၚမွ ေသြးေၾကာမ်ား ေထာင္ထလာသည္။ ဝမ္ရမ္ဟုန္လက္ကို ျမင္ၿပီးေနာက္ သူ႔ေဘးနား ထိုင္ေနသည့္ ယြီရွစ္ရွစ္မွာ အနည္းငယ္တုန္ရီသြားသည္။ ဝိုင္တစက္မွာ သူ႔အဝတ္အစားေပၚသို႔ လႊင့္စင္လာသည္။
"အရွင့္သား...."
ယြီရွစ္ရွစ္လည္း ဘာေျပာရမည္မွန္း မသိေပ။ ဒီေယာက်္ားသည္ သူမ ခ်စ္ရေသာ သူတေယာက္ မဟုတ္ေသာ္လည္း သူမတို႔အက်ိဳးစီးပြားမွာ အတူတကြ ေပါင္းစည္းထားၾကသည္။ ထို႔ေၾကာင့္ မင္းသား၏ အက်ိဳးစီးပြားကို ပ်က္စီးေစျခင္းသည္ သူမ၏ အက်ိဳးစီးပြားကို ပ်က္စီးေစသည္မွာ သံသယျဖစ္စရာ မလိုေပ။ ထိုအခ်က္တြင္ သူမသည္ ဝမ္ရမ္ဟုန္နွင့္ တစခန္းတည္း ရပ္တည္ရမည္။
"ဒီအိမ္ေရွ႕စံက အဆင္ေျပပါတယ္"
ဝမ္ရမ္ဟုန္က အံ့ႀကိတ္၍ ဖုန္းခ်န္ေနာက္ေက်ာအား စိုက္ၾကည့္လိုက္သည္။ ဘာေၾကာင့္ မင္းက ငါနဲ႔ အရာရာတိုင္းမွာ တိုက္ခိုက္ဖို႔ လိုအပ္ေနရတာလဲ? ဘာေၾကာင့္ ခမည္းေတာ္က ငါ့ထက္ မင္းကို ပိုၿပီးေကာင္းေပးရတာလဲ? ဘာေၾကာင့္ ငါ့ပစၥည္းေတြအားလံုးက ေနာက္ဆံုးမွာ မင္းဟာေတြ ျဖစ္သြားရတာလဲ?
ဝမ္ရမ္ဟုန္သည္ အရံႈးကို လက္ခံဖို႔ ျငင္းဆန္ေနသလို အရံႈးကို ဝန္ခံဖို႔လည္း ျငင္းဆန္ေနသည္။ သူနွင့္ တူညီသည့္ အေတြးရွိသည့္ တေယာက္မွာ ဒုတိယမင္းသား ဝမ္ရမ္ရီ ျဖစ္သည္။ ဖုန္းခ်န္သာ မရွိလွ်င္၊ ဝမ္ရမ္ဟုန္နွင့္ သူပဲ ရွိခဲ့လွ်င္ သူက ေသခ်ာေပါက္ ဝမ္ရမ္ဟုန္ထက္ သာလြန္ၿပီး ႀကီးျမတ္သည့္ ဧကရာဇ္ျဖစ္လာလိမ့္မည္။
သို႔ေသာ္လည္း အခု ဖုန္းခ်န္က ရွိေနသည္။ ခမည္းေတာ္ကလည္း ဖုန္းခ်န္ကို သူ႔သားအရင္းမ်ားထက္ ပိုခ်စ္ေနသည္။ ထိုအရာက ဒုတိယမင္းသားအား တခါမွ အက်ပ္အတည္း မျဖစ္ေပၚေစပါ။ သူက သူ႔ေဘးမွ ေဒါသထြက္ေနေသာ မ်က္နွာထားရွိသည့္ သူ႔အစ္ကိုေတာ္ကို ၾကည့္ကာ အႀကံတခုက ဝမ္ရမ္ရီစိတ္ထဲတြင္ ထြက္ေပၚလာသည္။
သူနွင့္ ဝမ္ရမ္ဟုန္ မည္မွ်ပင္ တိုက္ခိုက္ၾကေစကာမူ သူတို႔သည္ ဝမ္ရမ္မိသားစု၏ ေသြးသားမ်ား ျဖစ္သည္။ အမ်ားအားျဖင့္ အိမ္တြင္းပဋိပကၡပင္။ ဒါေပမယ့္ ကြဲျပားသည့္ မ်ိဳးရိုးရွိသည့္ မင္းသားျဖစ္သူ ဖုန္းခ်န္သည္ အဆင့္အတန္းေရာ လုပ္ပိုင္ခြင့္အာဏာပါ သူတို႔အထက္တြင္ ရွိသည္။ ဒီတေခါက္ သူတို႔ အရင္ဆံုး အျပင္လူကို ဆန္႔က်င္သင့္သလား? ဖုန္းခ်န္ကို ဖယ္ရွားၿပီး ဒီကိစၥကို ေျဖရွင္းသင့္သလား?
ဝမ္ရမ္လဲ့၏ 'ေက်းဇူးေတာ္'ကို မုရံုခ်ီခ်ီသည္ '႐ႊင္လန္းဝမ္းေျမာက္'ခဲ့သည္။ သူမသည္ ေတာ္ဝင္ခ်ီးေျမႇာက္မႈကို ခ်က္ခ်င္း ေက်းဇူးတင္ေၾကာင္း ျပသလိုက္သည္။ ဝမ္ရမ္လဲ့က သူ႔ေရွ႕မွ ခ်စ္သူစံုတြဲကို ၿပံဳးၿပံဳး႐ႊင္႐ႊင္ျဖင့္ ၾကည့္ေနသည္။ သူက သူတို႔နွစ္ဦးအား အရမ္းေက်နပ္အားရေနသည္။
အခမ္းအနားကို တက္ေရာက္လာၾကေသာ ေဘးတဖက္ရွိ ရွီးခ်ီမွ လူမ်ားသည္ မုရံုခ်ီခ်ီအား ျမင္ရၿပီးေနာက္ လူတိုင္းက သူတို႔နွလံုးသားထဲတြင္ မတူညီေသာ ရသတခုကို ခံစားလိုက္ရသည္။
အရင္က ရွန္႔ကြမ္းဝူက်ိက လက္လႊတ္မေပးနိုင္ခဲ့သာ္လည္း အခု မုရံုခ်ီခ်ီ၏ ေပ်ာ္႐ႊင္မႈမ်ားျဖင့္ ျပည့္ေနေသာ အၿပံဳးအား ျမင္လိုက္ရေသာအခါ ရွန္႔ကြမ္းဝူက်ိနွလံုးသားသည္ 'လက္လႊတ္သည္'ဟုေသာ အရသာကို ခံစားလိုက္ရသည္။ အရင္က သူ ဝန္မခံခဲ့ခ်င္ေသာ္လည္း ခုခ်ိန္တြင္ တျခားေယာက်္ားတေယာက္က သူမအား ေပ်ာ္႐ႊင္မႈ ေပးစြမ္းနိုင္သည္ကို သူ ဝန္ခံရေတာ့ေပမည္။ သို႔ေပမယ့္ ပန္းေလးတစ္ပြင့္ကဲ့သို႔ေသာ သူမအၿပံဳးကို ျမင္ရေသာအခါ သူ႔နွလံုးသားထဲရွိ ထိုေလးလံေနေသာ အေတြးမ်ားသည္ လံုးဝ အရည္ေပ်ာ္က်သြားသည္။
"သူက သူမကို ေပ်ာ္႐ႊင္ျခင္းေတြ ေပးစြမ္းလိမ့္မယ္!"
တူညီေသာ အရာတခုကို ခံစားဖူးသူ လီယြင္ခ်င္းအေနျဖင့္ ရွန္႔ကြမ္းဝူက်ိအေတြးမ်ားကို ဘာေၾကာင့္ မသိဘဲ ေနအံ့နည္း? ရွန္႔ကြမ္းဝူက်ိမ်က္လံုးမ်ားက လူေတြကို အရူးမလုပ္နိုင္ေပ။ ထို႔ျပင္ လီယြင္ခ်င္းသည္လည္း ဤကဲ့သို႔ေသာ ခံစားခ်က္မ်ိဳးမွ တလွမ္းခ်င္း တလွမ္းခ်င္း ထြက္လာခဲ့ရသည္မဟုတ္ပါေလာ...။
"ကြၽန္ေတာ္လည္း ဒီလိုပဲ ေမွ်ာ္လင့္ပါတယ္!"
ရွန္႔ကြမ္းဝူက်ိက ဝိုင္ကို တက်ိဳက္တည္း ေမာ့ခ်လိုက္သည္။
"ဖုန္းခ်န္သာ သူမကို သစၥာေဖာက္ခဲ့ရင္ ကြၽန္ေတာ္ ဖုန္းခ်န္ကို ေသခ်ာေပါက္ အလြတ္မေပးဘူး!"
"မင္းတင္ပဲလား... ငါလည္း အလြတ္မေပးဘူး!"
လီယြင္ခ်င္းက ရွန္႔ကြမ္းဝူက်ိအတြက္ ဝိုင္ေလာင္းထည့္ေပးလိုက္သည္။ သူကယသူ႔ခြက္ထဲကိုလည္း ျဖည့္လိုက္သည္။ နွစ္ေယာက္သားမွာ ကတိသစၥာျပဳသလို တခ်ိန္တည္းမွာပဲ ဝိုင္ကို ေနာက္တခါ ေသာက္လိုက္ၾကသည္။
လံုဇယ္က်င့္ထ်န္းလည္း သူတို႔နွစ္ေယာက္၏ စကားကို ရွင္းရွင္းလင္းလင္း ၾကားလိုက္ရသည္။ ဒါဆို သူတို႔က ဒီလိုအေတြးမ်ိဳး ရွိၾကတယ္ေပါ့... ဒါပဲ... သူတို႔က လႊတ္ခ်ၿပီး သူမက တျခားတေယာက္ရဲ႕ သတို႔သမီး ျဖစ္သြားတာကို ေအးေအးေဆးေဆး လြတ္လြတ္လပ္လပ္ ေစာင့္ၾကည့္ေနနိုင္ေသာ္လည္း သူကေတာ့ မလုပ္နိုင္ေပ။ လံုဇယ္က်င့္ထ်န္းနွလံုးသားထဲတြင္ သူမက သူပိုင္သည္ဟု ေအာ္ဟစ္ေနသည္။ မုရံုခ်ီခ်ီက မင္းရဲ႕ ပထမအဆင့္ မင္းသမီးပဲ!
ဤအသံသည္ လံုဇယ္က်င့္ထ်န္းနွလံုးသားထဲတြင္ အျမစ္တြယ္ေနသည္မွာ ၾကာျမင့္လွၿပီ! ဖုန္းခ်န္ သူမကို ေပးသည့္ အရာေတြ... အာဏာလား၊ အဆင့္အတန္းလား ဒါမွမဟုတ္ ခ်မ္းသာႂကြယ္ဝမႈလား... သူလည္းပဲ အားလံုးကုိ ေပးနိုင္သည္။ အစစ္အမွန္နွလံုးသားအတြက္ကေတာ့ သူသည္ ဖုန္းခ်န္ထက္ မနိမ့္က်နိုင္။ သူက ဒါကို ညိွႏိႈင္းဖို႔ ဆႏၵမရွိေပ။
လံုဇယ္က်င့္ထ်န္းအၾကည့္က မုရံုခ်ီခ်ီထံတြင္ စူးစိုက္ေနေသာ္လည္း သူ႔ကို စြဲလန္းေသာ မ်က္လံုးမ်ားျဖင့္ ၾကည့္ေနေသာ မိန္းမနွစ္ေယာက္ကို သူ သတိမျပဳမိေပ။
တေယာက္က မုရံုခ်င္းလ်န္! သင္ မရရွိနိုင္သည့္ အရာမွာ အေကာင္းဆံုးျဖစ္သည္ ဆိုေသာစကားမွာ ျဖစ္ေကာင္းျဖစ္နိုင္သည္။ လံုဇယ္က်င့္ထ်န္းက သူမအေပၚ မည္မွ်ေအးစက္စြာ ဆက္ဆံပါေစ သူမက သူ႔ကို သေဘာက်ေနဆဲ။ သူမမ်က္လံုးထဲတြင္ အလြယ္တကူ မခ်စ္တတ္ေသာ ေယာက်္ားတေယာက္သည္ အခ်စ္စစ္က ဘာလဲဆိုတာ သိသူ ျဖစ္သည္။ သူမသာ ဤကဲ့သို႔ေသာ ေယာက်္ားတေယာက္၏ အခ်စ္ကို ရပါက သူမဘဝလံုး ေပ်ာ္႐ႊင္ေနရလိမ့္မည္။
တျခားတေယာက္မွာ ဝမ္ရမ္ေပါင္က်ဴး ျဖစ္၏။ ဒီကာလအတြင္း ဝမ္ရမ္ဟုန္ေၾကာင့္ သူမသည္ ေသလုေမ်ာပါး ညႇင္းပန္းနွိပ္စက္ျခင္း ခံေနရသည္။
ထိုေရာဂါသည္သည္ သူ အားလပ္ခ်ိန္မ်ားတြင္ 'သူတို႔ေမာင္နွမအခ်စ္ကို ပိုမိုနက္ရိႈင္းေစလိုသည္' ဟု ေျပာကာ လူလႊတ္၍ သူမအား ဖိတ္ေခၚေစသည္။ တကယ္တမ္းေတာ့ ဒါဟာ သူမကို အနိုင္က်င့္ရန္ပင္။ သူမ၏ သနားစရာ အိမ္ေနာက္ေဖးမွာ မသက္သာေသးခင္ ထိုအရာမွ ေနာက္ထပ္ေသြးမ်ား က်ဆင္းလာျပန္သည္။ အခုေတာင္ သူမ ေကာင္းေကာင္းမထိုင္နိုင္ေပ။ ထိုင္ခံုနွင့္ ထိမိလွ်င္ ပူေလာင္နာက်င္ေနရသည္။ ကိုယ္အေလးခ်ိန္အားလံုး တဖက္တည္းတြင္သာ က်ဆင္းေနေစရန္ သူမမွာ တဖက္တည္းကိုပဲ ေစာင္းထိုင္ေနရသည္။ ထိုတဖက္မွာ ေတာင့္တင္းလာလွ်င္ သူမက တျခားတဖက္ကို ေျပာင္းေစာင္းထိုင္ရသည္။
ဝမ္ရမ္ေပါင္က်ဴးနွလံုးသားထဲတြင္ သူမအား ကယ္တင္နိုင္သည့္ တစ္ဦးတည္းေသာသူမွာ လံုဇယ္က်င့္ထ်န္း ျဖစ္သည္။ ေပက်ိဳးနွင့္ ရွီးခ်ီသာ မဟာျပဳလက္ထပ္ပြဲ ျပဳလုပ္လိုက္ပါက သူမက လံုဇယ္က်င့္ထ်န္းကို ေအာင္ျမင္စြာ လက္ထပ္နိုင္လိမ့္မည္။ ေရာဂါသည္ဝမ္ရမ္ဟုန္၏ ညႇင္းပန္းနွိပ္စက္ျခင္းကို သူမ ထပ္သည္းခံစရာ မလိုေတာ့ေပ။
လံုဇယ္က်င့္ထ်န္းအၾကည့္သည္ မုရံုခ်ီခ်ီေပၚတြင္သာ ေက်ာက္ခ်ေနသည္။ ထိုအရာကို ဝမ္ရမ္ေပါင္က်ဴး ရွင္းရွင္းလင္းလင္း ျမင္နိုင္သည္။ သို႔ေသာ္လည္း သူမမ်က္လံုးထဲတြင္ မုရံုခ်ီခ်ီသည္ ပထမအဆင့္ နန္လင္းမင္းသမီး ျဖစ္၏။ သူမ၏ အခ်စ္ၿပိဳင္ဘက္ ဆက္မျဖစ္နိုင္ေတာ့ေပ။ သူမ၏ ဆူးေညႇာင့္ခလုတ္ျဖစ္လာသည့္ တခုတည္းေသာအရာမွာ မုရံုခ်င္းလ်န္ ျဖစ္သည္။
မုရံုအိမ္ေတာ္တြင္ မုရံုခ်င္းလ်န္၏ အဆင့္အတန္းမွာ သူမထက္ ျမင့္သည္။ မုရံုထိုက္ကသာ ထိုမဂၤလာပြဲကို အရင္ေလွ်ာက္ထားလွ်င္ လံုဇယ္ယုအေနျဖင့္ သေဘာတူေကာင္း တူလိမ့္မည္။ သူမေနရာကို မုရံုခ်င္းလ်န္ယူသြားမွာကို သူမ လက္မခံနိုင္ေပ။ သူမသည္သာ ပထမအဆင့္ က်င္းမင္းသမီး ျဖစ္၍ ေနာင္တြင္ သူမသည္ ရွီးခ်ီ၏ မိဖုရားေခါင္ျဖစ္ရမည္။
ထိုသို႔ စဥ္းစားရင္း သူမအိမ္ေနာက္ေဖးက နာလာျပန္သည္။ သူမပါးစပ္က မထိန္းနိုင္ဘဲ အနည္းငယ္ ညည္းျငဴမိသည္။ သူမက ေဘးတဖက္ရွိ ေဒါသထြက္ေနေသာ မ်က္နွာနွင့္ ထိုင္ေနေသာ ဝမ္ရမ္ဟုန္ကို ၾကည့္လိုက္သည္။ ဒီေန႔သည္ ႀကံဳေတာင့္ႀကံဳခဲ အခြင့္အေရးျဖစ္ၿပီး သူမက ဘာေၾကာင့္ မုရံုခ်င္းလ်န္ကို မဖ်က္စီးပဲ ေနရမည္နည္း?! သူမကို ဝမ္ရမ္ဟုန္၏ အမ်ိဳးသမီး ျဖစ္ေစမည္။ ထို႔ေနာက္ ဒီျပသနာသည္ ေျဖရွင္းၿပီး ျဖစ္သြားမည္။ ဝမ္ရမ္ဟုန္အား အသစ္တေယာက္ ရွာေပးကာ သူမအား ဒီကိစၥေၾကာင့္ လႊတ္ေပးေစ၍ သူမသည္လည္း လံုဇယ္က်င့္ထ်န္းနွင့္ စံုတြဲျဖစ္လာကာ ဒီဆိုးဝါးေသာ ေနရာမွ ထြက္ခြာနိုင္မည္။
ဝမ္ရမ္ေပါင္က်ဴးက မုရံုခ်င္းလ်န္အား မည္သို႔ ထိခိုက္ေအာင္ ျပဳလုပ္ရမည္ကို ေတြးေတာေနသည္။ ထိုအခ်ိန္တြင္ ဖုန္းခ်န္နွင့္ မုရံုခ်ီခ်ီတို႔မွာ ဘိုးေဘးမ်ားအား ပူေဇာ္ရန္ ဘိုးေဘးအေဆာင္သို႔ သြားကာ မုရံုခ်ီခ်ီအမည္အား ဖုန္းမ်ိဳးရိုး၏ မ်ိဳးရိုးစဥ္ဆက္မွတ္တမ္းတြင္ ေရးသြင္းလိုက္သည္။ ထို႔ေနာက္ သူတို႔သည္ နန္းေတာ္သို႔ ျပန္လာၿပီး ဝမ္ရမ္လဲ့၏ ၫႊန္ၾကားမႈေအာက္တြင္ ေကာင္းကင္နွင့္ ေျမႀကီးအား ကန္ေတာ့ေလသည္။
ဒီအခ်ိန္တြင္ မုရံုခ်ီခ်ီေခါင္းကို အနီေရာင္ေခါင္းေဆာင္းျဖင့္ ဖံုးလႊမ္းထားသည္။ ၎မွာ မႈန္ဝါးဝါးျဖစ္ေနၿပီး ထူးထူးျခားျခား လွပေနသည္။ ဖုန္းခ်န္၏ လက္သည္ အနီေရာင္ဖဲႀကိဳးကုိ ကိုင္ထားကာ မုရံုခ်ီခ်ီအား ဦးေဆာင္လိုက္သည္။
"ေကာင္းကင္နွင့္ ေျမႀကီးအား!"
"နွစ္ ဂါရဝျပဳ ၾကမယ္!"
"သံုး ဧကရာဇ္အား ေက်းဇူးတင္မယ္!"
"ဇနီးေမာင္နွံအခ်င္းခ်င္း ဂါရဝျပဳၾကမယ္!"
တေယာက္ကို တေယာက္ အရိုအေသေပးၾကေသာအခါ မုရံုခ်ီခ်ီက ဖုန္းခ်န္အား အနီေရာင္ပဝါမွ ျဖတ္ကာ ၾကည့္လိုက္သည္။ မေန႔က အရာမ်ားသာ မျဖစ္ခဲ့ပါက ဒီေန႔ သူမသည္ ကမာၻေပၚတြင္ အေပ်ာ္႐ႊင္ဆံုးနွင့္ ေကာင္းခ်ီအေပးခံရဆံုး သတို႔သမီး ျဖစ္ေနလိမ့္မည္။ သို႔ေပမယ့္ အခု သူမနွလံုးသားထဲတြင္ ဆူးတေခ်ာင္း ရွိေနသည္။ ၎မွာ မနက္လြန္း မတိမ္လြန္းနွင့္ သူမအား ကိစၥမ်ားကို တည္တည္ၿငိမ္ၿငိမ္ ရင္မဆိုင္နိုင္ေအာင္အၿမဲလႈံ႕ေဆာ္ေနသည္။
မုရံုခ်ီခ်ီက ဖုန္းခ်န္အား မ်က္နွာခ်င္းဆိုင္ရင္း ေျဖးညႇင္းစြာ အရိုအေသေပးလိုက္သည္။ သူမနွလံုးသားထဲတြင္ ဒီေယာက်္ားအား ေက်းဇူးတင္သလို ခံစားရသည္။ သူ႔အား ေက်းဇူးတင္ျခင္းမွာ သူမအား ျပန္လည္ဝင္စားျခင္း၏ အဓိပၸာယ္ကို နားည္ေစလို႔ပင္။ ဖုန္းခ်န္နွင့္ မေတြ႕မီက ျပန္လည္ဝင္စားသည့္ အဓိပၸာယ္ကို သူမ နားမလည္ခဲ့ေပ။ ဒီေယာက်္ားနွင့္ ေတြ႕ဆံုရမွ သူမ နားလည္ခဲ့သည္။ သူ႔အတြက္ သူမက ေရာက္လာခဲ့ရျခင္းပင္။ ဖုန္းခ်န္တေယာက္တည္းအတြက္ ေထာင္စုနွစ္ခုကို သူမ ျဖတ္ေက်ာ္ခဲ့ရသည္။
အိုး အရွင္ဘုရား! တပည့္ေတာ္မကို ဒီတႀကိမ္ေတာ့ တကိုယ္ေကာင္းဆန္ခြင့္ ေပးသနားပါ! ကြၽန္မ ဘာမွ မသိသလို ျပဳမူပါရေစ! ကြၽန္မ သူ႔ရဲ႕ သတို႔သမီးပဲ ျဖစ္ခ်င္ခဲ့ရံုပါ! နာမည္ခံေလးဆိုရင္ေတာင္မွ... တႀကိမ္ေလာက္... တႀကိမ္ေလာက္ဆို လံုေလာက္ပါၿပီ! မုရံုခ်ီခ်ီက သူမနွလံုးသားထဲမွ ဆုေတာင္းမိသည္။
"ထံုးတမ္းစဥ္လာ ၿပီးဆံုးပါၿပီ..."
က်င့္ဝတ္အရာရွိ၏ ရွည္လ်ားေသာ အသံသည္ မုရံုခ်ီခ်ီနားထဲ မေရာက္ခင္ ရာစုနွစ္တခုကို ထိုးေဖာက္ျဖတ္သန္းလာရဟန္ေပၚသည္။ အလြန္ေနွးသည္... ၎သည္ အလယ္တြင္ တစံုတရာ ျဖစ္ပြားသြားမွာကို မုရံုခ်ီခ်ီအား ေၾကာက္႐ြံံ႕ေစသည္။
"ဂုဏ္ယူပါတယ္ ဝမ္းကြဲအစ္ကိုေတာ္နဲ႔ ဝမ္းကြဲမရီးေတာ္!"
ဝမ္ရမ္ခန္က ဖုန္းခ်န္နွင့္ မုရံုခ်ီခ်ီတို႔အား ပထမဆံုး လာေရာက္ဂုဏ္ျပဳသူပင္။
"ဝမ္းကြဲမရီးေတာ္... ကြၽန္ေတာ္တို႔က ေနာက္ဆိုရင္ တမိသားစုတည္း ျဖစ္လာၿပီ! ဒီေမာင္ေလးအတြက္ စုမိန္ကို သိမ္းသြင္းစည္းရံုးေပးဖို႔ ကူညီေပးရမယ္ေနာ္"
********************************
Unicode Version
သူမ ဘယ်လိုလုပ် ပြန်ရောက်လာခဲ့လဲ မုရုံချီချီ မသိတော့ပေ။ သူမအခန်းသို့ သူမပြန်ရောက်သောအခါ မိုးကုတ်စက်ဝိုင်းပင် အဖြူရောင်ဖြစ်နေသည်။
စုမိန်နှင့် စုယွဲ့ နိုးနေတာ ကြာလှပြီဖြစ်ပြီး မုရုံချီချီအား နေရာအနှံ့ လိုက်ရှာနေကြသည်။ အနည်းငယ်ကြောက်ရွံ့ထိတ်လန့်နေသော မုရုံချီချီကို မြင်သောအခါ သူတို့နှစ်ယောက်သည် လျင်မြန်စွာ ချဉ်းကပ်လာကြသည်။
"သခင်မလေး ဘာဖြစ်လို့လဲ?"
မုရုံချီချီ အဝတ်များများ ဝတ်မထားသည်ကို စုယွဲ့ မြင်လိုက်ရသည်။ သူမက ချက်ချင်း သူမလက်ကို မုရုံချီချီနဖူးပေါ် တင်လိုက်သည်။
"ကံကောင်းလို့ အဖျားတော့ မရှိဘူး!"
"သခင်မလေး... ဘယ်ကို သွားခဲ့တာလဲ? ဒီနေ့ မင်္ဂလာဆောင်နေ့လေ ဘာလို့ အပြင်ကို ထွက်နေသေးတာလဲ?"
စုမိန်နှင့် စုယွဲ့သည် တယောက်က ဘယ်၊ တယောက်က ညာဘက်မှ တွဲကူကာ မုရုံချီချီအား အထဲသို့ ပို့လိုက်သည်။ မုရုံချီချီမျက်နှာအရောင် မကောင်းတာ မြင်သောအခါ စုမိန်က ချက်ချင်း လူများအား ရေနွေးယူခိုင်းလိုက်သောကြောင့် မုရုံချီချီသည် ပန်းပွင့်များပလုံစီဖြင့် ရေချိုးလိုက်ရသည်။
ရေနွေးနွေးက သူမကိုယ်အား ရစ်ပတ်လွှမ်းခြုံလိုက်သောအခါမှ မုရုံချီချီလည်း သူမအာရုံကို ပြန်ရလိုက်သည်။ သူမက ခေါင်းကို မော့လိုက်ပြီး ပရိဘောဂများအား ကြည့်လိုက်သည်။ ဒါက ကျင့်ရွှမ်နန်းဆောင်ဖြစ်ပြီး ဒီနေ့က သူမမင်္ဂလာပွဲနေ့ ဖြစ်တယ်ဆိုတာကို သူမ သတိရလိုက်သည်။ သို့ပေမယ့် သူမ အခု ဘာလုပ်သင့်လဲ?
ထွက်ပြေးရမှာလား? ဒီပြသနာတွေအားလုံးက လွတ်မြောက်အောင်၊ သူမအဆင့်အတန်းအမှန်က လွတ်မြောက်အောင်၊ ဖုန်းချန်ရဲ့ အချစ်ကနေ ထွက်ပြေးလွတ်မြောက်ပြီး ဖုန်းချန်ကို သတို့သမီးမရှိတဲ့ မင်္ဂလာပွဲတခုနဲ့ ခေါင်းခံခိုင်းပြီး ချန်ထားခဲ့ရမှာလား? သူ့တယောက်တည်းကို လူတိုင်းရဲ့ လှောင်ပြောင်စရာအရာဝတ္ထုတခုအဖြစ် ထပ်ဖြစ်စေခိုင်းရမှာလား? သူမကို သူ အရူးအမူးရှာဖွေပြီး သူမကို မတွေ့ရတောာအခါ တဖြည်းဖြည်း စိတ်ဓာတ်ကျလာစေခိုင်းမှာလား? အဲ့ဒီလိုဆို ကောင်းပါအုံးမလား?
ဖုန်းချန်သည် အနည်းငယ် လွမ်းဆွေးသော မျက်လုံးများဖြင့် ကြင်နာတတ်သည်ကို တွေးမိသောအခါ မုရုံချီချီနှလုံးသားက ပျော့ပျောင်းသွားသည်။ မျက်ရည်များ ကျလာ၏။ သူမ ဒီလိုမရက်စက်နိုင်ပေ။ သူမ ဒါကို မလုပ်နိုင်ပါ။ ဘာပဲ ဖြစ်ပါစေ သူမခံစားချက်ကိုပဲ တွေးပြီး သူ့ကို ထားခဲ့ဖို့၊ အရာအားလုံးကို သူ့တယောက်တည်း သည်းခံရင်ဆိုင်ခိုင်းဖို့က အရမ်းရက်စက်ရာ ကျလွန်းသည်။ ဒါကို သူမ မလုပ်နိုင်ဘူး။
ဒါပေမယ့် သူမ နေဖို့ကို ဆုံးဖြတ်လိုက်သောအခါ မင်္ဂလာပွဲက စတင်တော့မည်၊ သူမက သူ့၏ ညီမရင်း ဖြစ်နေသည်။ ဒီကမ္ဘာမှာ အစ်ကိုနှင့် ညီမ တယောက်ကို တယောက် လက်ထပ်တာ တခါမှ မရှိခဲ့ဖူးပေ။ ၎င်းက သယ်ဆောင်လာသည့် သက်ရောက်မှုကို သူတို့ သည်းခံနိုင်ပါ့မလား?
မုရုံချီချီက သူမတကိုယ်လုံးကို ရေထဲတွင် ပုန်းအောင်းလိုက်သည်။ 'ဖရူး ဖရူး'အသံများနှင့်အတူ သူမက ပူဖောင်းများကို မှုတ်ထုတ်လိုက်သည်။ ရေက သူမကို ပြင်ပကမ္ဘာနှင့် ပိုင်းခြားပေးလိုက်သည်။ အခု သူမသည် အတိတ်ဘဝကလို ရေထဲတွင် ကြောက်ရွံစွာ ပုန်းနေသော ကောင်မလေးတယောက် တဖန် ပြန်ဖြစ်သွားသည်။
"ယီလျန်... မင်းနှလုံးသားရဲ့ နောက်ကို လိုက်ဖို့ လိုတယ် မင်းနှလုံးသားကို လေးစားမှု ရှိပါ"
မွေးစားအဖေ၏ အသံက မုရုံချီချီနားထဲတွင် ထွက်ပေါ်လာသည်။ ယီလျန်... ဒီနာမည်ကို မကြားရတာ တော်တော်ကြာပြီ! မွေးစားအဖေ၏ အသံက မုရုံချီချီကို နောက်တကြိမ် နိုးကြားလာစေသည်။
*** ယီလျန်က သူမ ဝိညာဉ်မကူးပြောင်းမှီ အရင်ဘဝက နာမည်ပါ***
သူမနှလုံးသားနောက်ကို လိုက်ရမယ်၊ သူမနှလုံးသားကို လေးစားရမယ်... ဒါတွေက မွေးစားအဖေ သူမကို မကြာခဏ ပြောလေ့ရှိသည့် စကားလုံးများပင်။ သူမ အခု ဘာလုပ်သင့်သလဲ? ဒီကိစ္စကြောင့် သူမရဲ့ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို ဘယ်လို ဆုံးရှုံးခဲ့လဲ?
မုရုံချီချီ ထွက်လာသောအခါ ရေကို ပိုင်းချလိုက်သည်။ သူမ၏ ဂုဏ်ယူဝင့်ကြွားသော မျက်ခုံးပေါ်တွင် ရေစက်များ တင်နေသည်။ သူတို့သည် ခရစ်စတယ်လို ကြည်လင်နေသည်။ သူမကို ဘာဖြစ်သွားတာလဲ? သူမက တညလုံး ဒီပြသနာကြောင့် ထောင်ချောက်ထဲ ပိတ်မိနေခဲ့သည်။ သူမက ယီလန်ပဲ! အချိန်ကူးပြောင်းလာတဲ့ ယီလန်ပဲလေ! သူမက ဒီကမ္ဘာက မုရုံချီချီ မဟုတ်ဘူးလေ!
ပန်းချီကားထဲက လူက ဝမ်ရမ်မင်ယွဲ့ဆိုရင်တောင် သူမက ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အမေပဲလေ သူမအမေမှ မဟုတ်တာ! ဒါ့အပြင် သူမအသွင်အစစ်အမှန်ကလည်း မဆုံးဖြတ်ရသေးဘူး! အနက်ရောင်ဝတ်စုံနဲလူနဲ့ ပန်းချီကားတချပ်ကြောင့် ဘာလို့ သူမနဲ့ ဖုန်းချန်အချစ်ကို သေဒဏ်စီရင်လိုက်ရမှာလဲ? ဒါက သူမပင်ကိုယ်စရိုက် မဟုတ်သလို သူမပုံစံလည်း မဟုတ်ပေ။
ဇီဝကမ္မရူထောင့်မှ ကြည့်လျှင် သူမက ဖုန်းရှဲ့နှင့် ဝမ်ရမ်မင်ယွဲ့တို့၏ သမီး ဖြစ်ခဲ့လျှင်၊ သူမက ဖုန်းချန်၏ ညီမအရင်းဖြစ်နေခဲ့ရင် ဇီဝကမ္မဗေဒအရ သူမနဲ့ ဖုန်းချန်အချစ်ကို ဖြတ်တောက်ပြီး မိသားစုအချစ်ကို ဘာလို့ အစားထိုးမယူပဲ နေရမှာလဲ?
ထိုယောကျ်ားကို သူမက သူ့ဇနီးအနေဖြင့် သူ့ဘေးနားမှာ ရှိမပေးနိုင်ရင်တောင် ဒီကမ္ဘာပေါ်မှာ သူနဲ့ သွေးတူသည့် တစ်ဦးတည်းသောသူ ဖြစ်ရတာ ဘယ်လောက် ဂုဏ်ယူပြီး ပျော်စရာကောင်းတဲ့ အရာလဲ? ဘာကြောင့် သူမက ထွက်သွားသင့်လို့လဲ?
သူမ ဖုန်းချန်ကို လွှတ်မပေးနိုင်ဘူး။ သူမက သူ့ရဲ့ သတို့သမီး မဖြစ်ရရင်တောင် တဘဝလုံး သူမက သူ့ညီမရင်း ဖြစ်နေသေးတယ်!
သူမ ဖုန်းချန်ရဲ့ အဆိပ်တွေကို ကုမပေးရသးဘူး။ သူတို့ရဲ့ ဘုံရန်သူက အသက်ရှင်နေသေးပြီး ကောင်းကောင်းနေနိုင်နေသေးတယ်! ကလဲ့စားချေတာက မစရသေးဘူး! သူမ ပြသနာတွေကို ထွက်ခွာသွားခြင်းအားဖြင့် ရှောင်တိမ်းလိုက်မယ်ဆို ဘယ်မြေပေါ်ကို ဖုန်းချန်က ဆက်ရပ်တည်ရမလဲ? ပြီးတော့ ဖုန်းချန်ကရော ဘာဆက်လုပ်သင့်လဲ?
နှစ်ယောက်သား အတူမနေနိုင်ဘူးဆိုရင်တောင် သူ့ကို စောင့်ရှောက်ပေးပြီး သူပျော်ရွှင်တာကို စောင့်ကြည့်နိုင်သေးသည်။ တယောက်က ပျော်ရွှင်နေသည်က နှစ်ယောက်လုံး ဝမ်းနည်းရတာထက် ပိုကောင်းသည်။ အနည်းဆုံးတော့ သူလံခြုံပြီး ပျော်ရွှင်မည်။ ထို့နောက် သူမလည်း ပျော်ရွှင်ရလိမ့်မည်။ လူတယောက်ကို ချစ်ရခြင်းသည် သူပျော်ရွှင်ဖို့ လိုလားသည် မဟုတ်ပါလော? သူမ ဖုန်းချန်ကို ချစ်သည်။ ထို့ကြောင့် သူ၏ ပျော်ရွှင်မှုကို သူမ ကာကွယ်ပေးရမည်။
မုရုံချီချီ ရေချိုးခန်းမှ ထွက်လာသောအခါ သူမ စိတ်ဝိညာဉ်သည် လုံးဝပြောင်းလဲသွားပုံရသည်။ ထိုအချိန်တွင် သူမအား အလှပြင်ပေးရန် ညွှန်ကြားခြင်း ခံရထားသည့် နန်းတွင်းအစေခံအိုကြီးလည်း ရောက်ရှိနေလေပြီ။ မုရုံချီချီက မှန်ရှေ့တွင် ထိုင်လိုက်ပြီး အစေခံကြီးအား သူမမျက်နှာကို လိမ်းခြယ်စေသည်။
"မင်းသမီးဆံပင်တွေက အရမ်းလှတာပဲ!"
မုရုံချီချီဆံပင်အား ပြင်ပေးရန် အထူးဖိတ်ကြားခြင်း ခံရထားသည့် သခင်မကြီးသည် သူမဆံပင်အား ညင်သာစွာ ဖြီးပေးနေသည်။ သူမလက်များမှာ အလွန်ပင် ပျော့ပျောင်းသည်။ တခဏအတွင်းမှာပင် မုရုံချီချီဆံပင်မှာ လှပစွာ ပြုလုပ်ပြီးသွားသည်။
"မင်းသမီး... ဒီသရဖူနဲ့ လက်ဝတ်ရတနာတွေက မယ်တော်ကြီးက အထူးတလှယ် ကျွန်မကို ပို့ခိုင်းလိုက်တဲ့ဟာတွေပါ။ ဒါတွေက အရင်တုန်းက မင်းသမီးမင်ယွဲ့သုံးခဲ့တဲ့ ဟာတွေပါ"
ချင်းကူက အစေခံတွေကို ဝတ်စုံနှင့် လက်ဝတ်ရတနာများအား ယူဆောင်လာစေသည်။
"မယ်တော်ကြီးက ပြောလိုက်ပါတယ် ဒီဝတ်စုံနဲ့ လက်ဝတ်ရတနာတွေကို မင်းသမီးရဲ့ မင်္ဂလာလက်ဖွဲ့အဖြစ် လက်ဆောင်ပေးလိုက်ပါတယ်တဲ့"
"ကျေးဇူးတင်ပါတယ် အဒေါ်ချင်း"
မင်္ဂလာဝတ်စုံအား ပထမဆုံးအကြိမ် ထိတွေ့မိသောအခါ ဝမ်ရမ်မင်ယွဲ့နှင့် နီးကပ်သွားသည်ဟု သူမ ခံစားလိုက်ရသည်။
"အရမ်းလှတာပဲနော်!"
"မင်းသမီးနဲ့ မင်ယွဲ့မင်းသမီးတို့ရဲ့ အရွယ်အစားက ဆင်တယ်။ မင်းသမီးသာ ဒါကို ဝတ်လိုက်ရင် ကွက်တိကျလောက်တယ်"
ပြောရင်းဆိုရင်းဖြင့် စုမိန်နှင့် စုယွဲ့က မင်္ဂလာဝတ်စုံအား မုရုံချီချီကို ကူညီဝတ်ဆင်ပေးလိုက်သည်။
"လုံးဝ ကွက်တိပဲ! အရမ်းလှတာပဲ!"
ချင်းကူ၏ မျက်လုံးများသည် အံ့သြမှုများဖြင့် ပြည့်နှက်နေသည်။
"မင်ယွဲ့မင်းသမီး လက်ထပ်တဲ့ အဲ့ဒီနှစ်ကလည်း ဒီအသက်အရွယ်လောက်မှာပဲ။ ဒီအစေခံ ပိုကြည့်လေ မင်းသမီးနဲ့ တူတယ်လို့ ဒီအစေခံပိုပြီး ခံစားမိလေတော့ စိတ်မထိန်းနိုင်ပဲ မင်ယွဲ့မင်းသမီးကိုတောင် တွေးမိလာပြီ"
ထိုသို့ ပြောပြီးနောက် ချင်းကူမျက်လုံးများသည် စိုစွတ်လာသည်။ သူမက သူမမျက်နှာကို တဖက်သို့ လှည့်လိုက်ကာ မျက်ရည်များကို သုတ်လိုက်သည်။
"ဒီအစေခံကို ကြည့်ပါအုံး! ဒီနေ့က မင်းသမီးရဲ့ အခါကြီးရက်ကြီး ဖြစ်တာကို ဒီအစေခံက ဝမ်းနည်းစရာတွေကို နိုးဆွနေမိတယ်။ ဒီအစေခံက တကယ်ပဲ မရှိသင့်ပါဘူး။ မင်းသမီး... သခင်ကြီလည်း နန်းတော်ထဲကို ရောက်နေပါပြီ။ သူ အရင်ဆုံး ဧကရာဇ်နဲ့ မိဖုရားခေါင်ကို သွားနှုတ်ဆက်နေလို့ပါ။ ခဏလောက်ဆိုရင် သူ ပြန်လာတော့မှာပါ။ ဒီအစေခံကတော့ မယ်တော်ကြီးဆီ အရင်သွားနှင့်ပါတော့မယ်။ မင်းသမီးလည်း ပြင်ဆင်လိုက်ပါအုံး"
ဒီနေရာမှာ ဝမ်ရယ်ကို သခင်ကြီး(Lord)ဟု သုံပြီး ဝမ်ဖေးကိုတော့ ကတော်/အမျိုးသမီး(lady) လို့ သုံးပါတယ်။
ဖုန်းချန် ရောက်သောအခါ မုရုံချီချီကလည်း ကျင်ရွှယ်နန်းဆောင်နန်းဆောင်၏ ခန်းမဆောင်ထဲသို့ ဝင်လာသည်။ သူ့ဆီ လမ်းလျှောက်လာသည့် အနီရောင်ဝတ်စုံပြည့်နှင့် မုရုံချီချီအား ကြည့်ရင်း ဖုန်းချန်က သူ့လမ်းကြောင်းကို ရပ်လိုက်သည်။
"ချင်းချင်း..."
သူ မုရုံချီချီကို မတွေ့ရတာ တညတည်းသာ ဖြစ်သာ်လည်း အဲ့ဒါက အချိန်တော်တော်ကြာပြီဟု ဖုန်းချန် ခံစားရသည်။ နောင်တွင် ဒီလို ထပ်မခွဲရဖို့ သူမျှော်လင့်မိသည်။ သူ့ဘေးမှာ သူမ ရှိနေမှသာ သူ့နှလုံးသားလည်း ငြိမ်းအေးနိုင်မည်။
ဖုန်းချန်က မုရုံချီချီအား ချစ်ခင်နှစ်သက်စွာ ကြည့်နေသည်။ အဝေးမှသည် သူရပ်နေသည့် နေရာသို့ တလှမ်းချင်း တလှမ်းချင်း ဖြေးညှင်းစွာ လျှောက်လာနေသော သူမကို သူ စောင့်ကြည့်နေသည်။ သူ့ရှေ့သို့ သူမရောက်လာသောအခါ ဖုန်းချန်က သူ့ဘယ်လက်ကို ဆန့်ထုတ်လိုက်သည်။
"ချင်းချင်း ဒီနေ့ အရမ်းလှတာပဲ!"
ဖုန်းချန်နှင့် မျက်နှာချင်းဆိုင်မိသောအခါ စိုးရိမ်ပူပန်မှုအားလုံး ပျောက်ကွယ်သွားသည်။ ချစ်ခြင်းတရားများ ပြည့်နှက်နေသည့် သူ့မျက်လုံးများထက် သူမအား လှုပ်ရှားစေနိုင်သည့်အရာ ထပ်မရှိနိုင်တော့ပြီ။ ကြောက်ရွံ့ခြင်း၊ ရှုပ်ထွေးခြင်းနှင့် နောက်ဆုတ်လိုသော စိတ်တို့သည် ရိုးသားသော မျက်လုံးတစုံနှင့် ရင်ဆိုင်မိသောအခါဝယ် အားလုံး ပျောက်ကွယ်သွားသည်။
"ကျွန်မရဲ့ သခင်ကြီး... ရှင်လည်း အရမ်းကို ဆွဲဆောင်မှု ရှိတာပဲ!" (ဆွဲဆောင်မှုဆိုတဲ့ စကားလုံးကို ဖျားယောင်းသွေးဆောင်သလို ဆွဲဆောင်မှုကို သုံးထားတာ)
မုရုံချီချီစကားတွေ သူမပါးစပ်က ထွက်ကျလာသည့် တခဏ သူမနောက်မှ စုမိန်နှင့် စုယွဲ့တို့၏ ရယ်သံများကို ကြားလိုက်ရသည်။ ယောကျ်ားတယောက်ကို ဖော်ပြဖို့ ဘယ်သူက 'ဆွဲဆောင်မှု' ဆိုတာကို သုံးလို့လဲ? သို့ပေမယ့် ဒီနေ့တော့ ဖုန်းချန်သည် အမှန်ပင် ညိုှ့ငင်ဖမ်းစားနိုင်စွမ်းရှိနေသည်။
ပုံမှန်အားဖြင့် ဒီနတ်ဆိုးဆန်သော အလှလေးသည် အဖြူရောင်ကိုသာ ဝတ်ဆင်လေ့ရှိသည်။ သူ၏ ကိုယ်ပိုင်ချစ်စရာကောင်းမှုနှင့် စွဲမက်ဖွယ်ကောင်းသော သွင်ပြင်ကြောင့် အဖြူရောင်က သူ၏ နတ်ဆိုးဆန်စွာ လှပသော ပုံစံကို ဖိနှိပ်ထားနိုင်ပြီး သူအား ကောင်းကင်ဘုံမှ မသေမျိုးတယောက်အလား ဖြစ်စေသည်။ ဒါပေမယ့် ဒီနေ့တွင် တောက်ပသည့် အနီရောင်က ဖုန်းချန်၏ နတ်ဆိုးဆန်စွာ လှပသော မျက်နှာကို သူပုံစံတမျိုးကဲ့သို့ တမူထူးခြားစေသည်။ အထူးသဖြင့် တောက်ပမှုအပြည့် ရှိနေသည့် ရှည်လျားကျဉ်းမြောင်းသော ဖီးနစ်မျက်လုံးများပင်။ လူများ၏အကြည့်သည် ထိုမျက်လုံးများနှင့် ဆုံသောအခါ ထိုမျက်လုံးထဲတွင် ယစ်မူးသွားသလိုပင်။
"ချင်းချင်း မင်းသာ ကိုယ့်ကို ဒီလိုဆက်ကြည့်နေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ပဲ ဒီနေရာမှာတင် မင်းကို နမ်းမိသွားမှာ ကိုယ်ကြောက်မိတယ်"
ဖုန်းချန်က မုရုံချီချီဘက်ကို မှီလိုက်ရင်း သူမနားနားသို့ လေပူတချို့ မှုတ်ထုတ်ကာ ထိုစကားများကို တီးတိုးဆိုလိုက်သည်။
ယားသည်! ထုံသည်! မုရုံချီချီက ချက်ချင်း ဖုန်းချန်အား ကာလိုက်သည်။ ထိုအချိန်တွင် သူမ၏ သေးငယ်ကြည်လင်သည့် မျက်နှာလေးမှာ နီလာ၏။ မုရုံချီချီနှလုံးသားသည် လျင်မြန်စွာ ခုန်လာလေသည်။
မုရုံချီချီ ရှက်သွားတာကို မြင်သောအခါ ဖုန်းချန်က ကျေနပ်သွားသည်။ သူက တချက်ရယ်လိုက်ကာ မုရံချီချီအား ခန်းမဆောင်ထဲသို့ ဆွဲခေါ်လာသည်။ သူတို့က မယ်တော်ကြီးအား နှုတ်ဆက်လိုက်ကြသည်။
"ကောင်းတယ်! အရမ်းကောင်းတယ်!"
သူမသမီး၏ မင်္ဂလာဝတ်စုံသည် မုရုံချီချီကိုယ်ပေါ်တွင် ကောင်းကောင်းမွန်မွန် ချပ်ချပ်ရပ်ရပ် ဖြစ်နေတာကို မြင်သောအခါ တုန်ဖန်လန်က ခေါင်းညိတ်ကာ မြှောက်ပင့်ပြောဆိုလိုက်သည်။
"ဒီသတို့သမီးကလည်း အရမ်းလှ! ဒီသတို့သားကလည်း အရမ်းချောမောခန့်ညားလှတယ်! အရမ်းကောင်းတယ်!"
ထိုသို့ ပြောပြီးနောက် နားမလည်နိုင်စွာပင် တုန်ဖန်လန်မျက်လုံးများက စိုစွတ်လာသည်။
"ချန်လေး ဒီကို လာပါအုံး! ချီချီ... ဒီမယ်တော်ကြီးက မင်းကို အဲ့ဒီလို ခေါ်လို့ရမလား? မင်းလည်း လာပါအုံး!"
ချန်အာမှ ချန်လေး ဖြစ်သွားသည်။
နှစ်ယောက်သား တုန်ဖန်လန်ရှေ့ ရောက်သောအခါ သူတို့လက်တွေကို အတူထပ်ကိုင်ထားလိုက်သည်။
"မင်းတို့နှစ်ယောက်ကို မြင်ရတာ မင်ယွဲ့လက်ထပ်တုန်းက မင်ယွဲ့ပုံစံကို မယ်တော်ကြီး မြင်ရသလိုပဲ! မင်ယွဲ့နဲ့ ဖုန်းရှဲ့သာ မြေအောက်လောကကနေ သိခဲ့ရင်၊ မင်းတို့ကိုသာ မြင်ရရင် သူတို့လည်း သေချာပေါက် ပျော်ရွှင်နေကြမှာပဲ! မင်းတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင် နေထိုင်ရမယ် ပြီးတော့ ဒီမယ်တော်ကြီးကို သိပ်မကြာခင် မြစ်တော်လေး ထိန်းခွင့်ရအောင် လုပ်ပေးရမယ်!"
"အဖွားတော်... ကျွန်တော် အကောင်းဆုံးလုပ်မှာပါ"
ဖုန်းချန်က ထိုသို့ ပြောရင်း မုရုံချီချီအား အထူးတလှယ် တချက်ငဲ့ကြည့်လိုက်သည်။ တုန်ဖန်လန်က နှစ်ယောက်သား တယောက်ကိုတယောက် တက်ကြွစွာ အကြည့်ဖလှယ်နေကြသည်ကို မြင်သောအခါ ပို၍ ပျော်ရွှင်မိသည်။
တုန်ဖန်လန်က သူမဘယ်လက်မှ ဖီးနစ်လက်ကောက်ကို ဆွဲချွတ်ကာ မုရုံချီချီ လက်ကောက်ဝတ်တွင် ဝတ်ပေးလိုက်သည်။
"အစကတော့ ဒါက တစ်စုံ ရှိတာ! ဒါပေမယ့် ဒီမယ်တော်ကြီးက မင်ယွဲ့ကို နဂါးလက်ကောက် ပေးလိုက်တယ်။ ဖီးနစ်လက်ကောက်ပဲ ကျန်နေတော့တာ။ ဒီနေ့ မယ်တော်ကြီးက ဒါကို မင်းဆီ ပေးလိုက်တော့မယ်။ မင်းတို့နှစ်ယောက် အတူတကွ အိုမင်းကြပြီး နှစ်တရာတိုင် ချစ်ခင်နိုင်ပါစေလို့ မယ်တော်ကြီး ဆုတောင်းပေးလိုက်ပါတယ်ကွယ်"
"ကျေးဇူးတင်ပါတယ် အဖွားတော်"
မုရုံချီချီ သူမကို ပထမဆုံးအကြိမ် မြင်ဖူးတုန်းက ကြမ်းတမ်းခက်ထန်မှုနှင့် ပြတ်သားမှုတို့သည် အခု သူမရှေ့က အကြီးအကဲတွင် ပျောက်ကွယ်သွားလေသည်။ ချစ်ခင်နှစ်သက်ခြင်းသာ သူမမျက်လုံးထဲတွင် ကျန်ရှိလေတော့သည်။
မုရုံချီချီနှင့် ဖုန်းချန်တို့သည် တုန်ဖန်လန်ရှေ့တွင် ဒူးထောက်လိုက်သည်။ သူတို့က ဒီအကြီးအကဲကို ရိုသေစွာ ဂါရဝပြုလိုက်ကြသည်။ နှစ်ယောက်သား အဝေးရောက်သွားသည့်တိုင် တုန်ဖန်လန်မျက်လုံးထဲတွင် မျက်ရည်များ ကျဆင်းနေသည်။ မင်ယွဲ့ရေ... ကလေးတွေကို ကောင်းချီးပေးပြီး ကာကွယ်ပေးပါ! သူတို့ကို ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်ခွင့်ပေးပါ!
တော်ဝင်မင်္ဂလာပွဲသည် သာမာန်လူများ၏ မင်္ဂလာပွဲနှင့် ကွာခြားသည်။
ပထမဆုံး ဖုန်းချန်သည် ဝမ်ရမ်လဲ့အား လေးစားမှုကို ပြသရန်နှင့် ကျေးဇူးတင်ကြောင်း ပြောရန် မုရုံချီချီအား ခေါ်သွားရန်လိုသည်။ ထို့နောက် စူတို့သည် ရုံးတော်မှ တာဝန်ပေးအပ်ခံရသည့် သက်သေများရှေ့တွင် ကောင်းကင်နှင့် မြေကြီးအား ကန်တော့ရန် လိုသည်။ နန်းတော်မှ သူတို့အတွက် ပြင်ဆင်ပေးထားသော စားသောက်ပွဲကိုလည်း တက်ရန်လိုသည်။ နောက်ဆုံးတွင် ညရောက်သောအခါ သူတို့သည် မင်းသားအိမ်တော်သို့ ပြန်သွားရမည် ဖြစ်သည်။ ပြီးတော့ နန်းတော်အတွင်းတွင် မုရုံချီချီသည် သာမာန်မိန်းကလေးတွေလို အနီရောင်ခေါင်းဆောင်း ဆောင်းထားရန် မလိုပေ။ ၎င်းသည် ပိုပြီး သက်တောင့်သက်သာ ရှိစေသည်။
"ဘုရားပေးတဲ့ စာသင်သားနဲ့ မိန်းမလှလေး! အရည်အချင်းရှိတဲ့ ယောကျ်ားနဲ့ လှပတဲ့ မိန်းကလေးပဲ!"
သူတို့ ဝမ်ရမ်လဲ့ကို မြင်သောအခါ ပထမဆုံး သူပြောလိုက်သည့်စကားသည့် မြှောက်လုံးတခုပင်။
"ကောင်းတယ်! အရမ်းကောင်းတယ်!"
***ဘုရားပေးတဲ့ စာသင်သားနဲ့ မိန်းမလှလေး! အရည်အချင်းရှိတဲ့ ယောကျ်ားနဲ့ လှပတဲ့ မိန်းကလေး - စံပြစုံတွဲ***
မုရုံချီချီကို ဖုန်းချန် လက်ထပ်လိုက်ခြင်းသည် မိဖုရားခေါင်နှင့် တယ့်ဖေးကို စိတ်သက်သာရာရစေသည်။ နှစ်ယောက်သား ဝမ်ရမ်လဲ့ဘေးတွင် ထပ်ကာထပ်ကာ မျက်နှာချိုသွေးနေသည်။
"မင်းသမီးက ဒီနေ့ အရမ်းလှနေတာ!"
ရယ်မောနေသော လီပင်းသည် မုရုံချီချီအတွက် သူမပြင်ဆင်ထားသော လက်ဆောင်ကို အစေခံများအား ယူဆောင်လာစေသည်။
"ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်နဲ့ ကလေးတွေ မြန်မြန်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်"
မိဖုရားခေါင်လီပင်း၏ လက်ဆောင်မှာ လက်ရာမြောက်သော ကျောက်စိမ်းလက်ကောက်တစုံပင်။ သူမက ချက်ချင်း ဝမ်ရမ်လဲ့၏ ချီးကျူးမှုကို ရရှိခဲ့သည်။ မိဖုရားခေါင်က အရမ်းရက်ရောနေတာ မြင်သောအခါ တယ့်ဖေးကလည်း အစွန်အဖျား မဖြစ်လိုတော့ပေ။ သူမလက်ဆောင်မှာ ကလေးမွေးဖွားစေသည့် နတ်မင်းပုံကို ထွင်းထုထားသော ကျောက်စိမ်းအဆောင် တခု ဖြစ်သည်။ (ကျွိယန်နတ်မင်း ဖုန်းရှင့်လားမှ မသိ) ထိုကျောက်စိမ်း၏ ကိုယ်ထည်မှာ အစွန်းအထင်းလုံးဝ မရှိသည့် နို့ကဲ့သို့ ဖြူဖွေးနေသည်။ အထူးကောင်းမွန်သော ဂုဏ်သတင်းနဲ့ တွဲဖက်လိုက်သောအခါ လူအများက ထိုအရာကို ချီးကျူးကြလေသည်။
"သားတွေ များလေ ပျော်စရာ ပိုကောင်းလေပဲ! ကောင်းတယ်!"
ဝမ်ရမ်လဲ့၏ 'ကောင်းတယ်' ဆိုသော စကားက လင်းခဲ့ရှင်းအား ပျော်ရွှင်လာစေသည်။ သူမက ဂုဏ်ယူမှုအပြည့်ဖြင့် လီပင်းကို ရန်စသလို တချက်ကြည့်လိုက်သည်။
ထို့နောက် တယောက်ပြီး တယောက် လက်ဆောင်များ လာပေးကြသည်။ မုရုံချီချီက အားလုံးကို လက်ခံလိုက်သည်။ သူမက စုမိန်နှင့် စုယွဲ့ကို ထိုပစ္စည်းများအား လက်လွှဲယူစေသည်။
"မင်းကြီး... အရှင်က အရှင့်ရဲ့လက်ဆောင်မပေးရသေးဘူးနော်!"
လင်းခဲ့ရှင်း၏ နူးညံ့သောအသံထဲတွင် ကလူသလို မြူသလို အသံမျိုး ပါဝင်နေသည်။ လွန်ခဲ့သည့် နှစ်ရက်က ဝမ်ရမ်လဲ့သည် သူမ၏ ကျင့်ရှင်းနန်းဆောင်တွင် နေခဲ့သည်။ ယောကျ်ားတယောက်၏ အစိုဓာတ်ရှိသောကြောင့် လင်ခဲ့ရှင်းမျက်နှာပိုပြီး လှုပ်ရှားသက်ဝင်နေသည်။ သူမက အသက်လေးဆယ်ကျော်ပြီ ဖြစ်သော်လည်း လူငယ်တယောက်လို ကလူမြူဆွယ်နေပုံက မုရုံချီချီအား ကြက်သီးထလာစေသည်။
"အင်းးး ဒီဧကရာဇ်က ကျောက်ယန်မင်းသမီးကို ပထမအဆင့် မင်းသမီးဘွဲ့ကို ပေးအပ်မယ်! သူမက ဒီဧကရာဇ်ကို ဦးညွှတ်စရာမလိုသလို အမိန့်စာမပါပဲ နန်းတော်ထဲကို ဝင်နိုင်ထွက်နိုင်တယ်။ အဝါရောင်ကြယ်သီးတပ် မန်ဒရင်းအကျႌကို ဆုချစေပြီး ပထမအဆင့် နန်လင်းမင်းသားကဲ့သို့ တူညီသော လုပ်ပိုင်ခွင့်ကို ရရှိခံစားစေ"
ဝမ်ရမ်လဲ့၏ စကားက ခန်းမဆောင်တလုံးကို အကြော်အိုးတခုအဖြစ် ပြောင်းလဲသွားစေသည်။ ဒါက ဘာကို ဆိုလိုတာလဲ? မုရုံချီချီလို အမျိုးသမီးတယောက်က နန်လင်းဝမ်လို လုပ်ပိုင်ခွင့်ကို ခံစားစေ ဟုတ်လား? ဖုန်းချန်သည် ပေကျိုးစစ်တပ်ကို ထိန်းချုပ်ကွပ်ကွဲရသည်။ ဝမ်ရမ်လဲ့နှင့် တွေ့လျှင် သူသည် ဦးညွှတ်စရာမလို။ သူ၏ အဆင့်အတန်းသည် လက်ရှိဧကရာဇ်မှ မွေးဖွားသော မင်းသားတပါးနှင့် တူညီသည်။ အခု မုရုံချီချီ၏ အပြုအမူမှာ အိမ်ရှေ့စံမင်းသမီး ယွီရှစ်ရှစ်ထက်ပင် ပိုပြီး သာလွန်သည်။ ဒီလိုဆိုတော့ ဝမ်ရမ်လဲ့က အိမ်ရှေ့စံမင်းသားကို ပြောင်းလဲမည်ဟု ဆိုလိုနေတာလား?
ဧကရာဇ်၏ စိတ်သည် လူများ မခန့်မှန်းနိုင်သော အရာပင်။ သူတို့ တယောက်ကို တယောက် အကြည့်ချင်း ဖလှယ်ရုံသာ ရှိသည်။ ပြောရဲဆိုရဲ ရှိသူများသာ တခွန်းစ နှစ်ခွန်းစ ပြောကြသည်။ မင်းသားများကတော့ မတ်မတ်ထိုင်နေဆဲပင်။ အပေါ်ယံတွင် သူတို့က တည်ငြိမ်ဟန်ပေါက်သော်လည်း သူတို့စိတ်ထဲ ဘာတွေ တွေးနေလဲဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပေ။
သူ့၏ စိတ်ရင်းမှန်ကို ဖော်ပြသည့် တစ်ဦးတည်းသောသူမှာ ဝမ်ရမ်ဟုန် ဖြစ်သည်။ သူက သူ့ခွက်ကို ဖိဆုပ်လိုက်သည်။ သူ့လက်ပေါ်မှ သွေးကြောများ ထောင်ထလာသည်။ ဝမ်ရမ်ဟုန်လက်ကို မြင်ပြီးနောက် သူ့ဘေးနား ထိုင်နေသည့် ယွီရှစ်ရှစ်မှာ အနည်းငယ်တုန်ရီသွားသည်။ ဝိုင်တစက်မှာ သူ့အဝတ်အစားပေါ်သို့ လွှင့်စင်လာသည်။
"အရှင့်သား...."
ယွီရှစ်ရှစ်လည်း ဘာပြောရမည်မှန်း မသိပေ။ ဒီယောကျ်ားသည် သူမ ချစ်ရသော သူတယောက် မဟုတ်သော်လည်း သူမတို့အကျိုးစီးပွားမှာ အတူတကွ ပေါင်းစည်းထားကြသည်။ ထို့ကြောင့် မင်းသား၏ အကျိုးစီးပွားကို ပျက်စီးစေခြင်းသည် သူမ၏ အကျိုးစီးပွားကို ပျက်စီးစေသည်မှာ သံသယဖြစ်စရာ မလိုပေ။ ထိုအချက်တွင် သူမသည် ဝမ်ရမ်ဟုန်နှင့် တစခန်းတည်း ရပ်တည်ရမည်။
"ဒီအိမ်ရှေ့စံက အဆင်ပြေပါတယ်"
ဝမ်ရမ်ဟုန်က အံ့ကြိတ်၍ ဖုန်းချန်နောက်ကျောအား စိုက်ကြည့်လိုက်သည်။ ဘာကြောင့် မင်းက ငါနဲ့ အရာရာတိုင်းမှာ တိုက်ခိုက်ဖို့ လိုအပ်နေရတာလဲ? ဘာကြောင့် ခမည်းတော်က ငါ့ထက် မင်းကို ပိုပြီးကောင်းပေးရတာလဲ? ဘာကြောင့် ငါ့ပစ္စည်းတွေအားလုံးက နောက်ဆုံးမှာ မင်းဟာတွေ ဖြစ်သွားရတာလဲ?
ဝမ်ရမ်ဟုန်သည် အရှုံးကို လက်ခံဖို့ ငြင်းဆန်နေသလို အရှုံးကို ဝန်ခံဖို့လည်း ငြင်းဆန်နေသည်။ သူနှင့် တူညီသည့် အတွေးရှိသည့် တယောက်မှာ ဒုတိယမင်းသား ဝမ်ရမ်ရီ ဖြစ်သည်။ ဖုန်းချန်သာ မရှိလျှင်၊ ဝမ်ရမ်ဟုန်နှင့် သူပဲ ရှိခဲ့လျှင် သူက သေချာပေါက် ဝမ်ရမ်ဟုန်ထက် သာလွန်ပြီး ကြီးမြတ်သည့် ဧကရာဇ်ဖြစ်လာလိမ့်မည်။
သို့သော်လည်း အခု ဖုန်းချန်က ရှိနေသည်။ ခမည်းတော်ကလည်း ဖုန်းချန်ကို သူ့သားအရင်းများထက် ပိုချစ်နေသည်။ ထိုအရာက ဒုတိယမင်းသားအား တခါမှ အကျပ်အတည်း မဖြစ်ပေါ်စေပါ။ သူက သူ့ဘေးမှ ဒေါသထွက်နေသော မျက်နှာထားရှိသည့် သူ့အစ်ကိုတော်ကို ကြည့်ကာ အကြံတခုက ဝမ်ရမ်ရီစိတ်ထဲတွင် ထွက်ပေါ်လာသည်။
သူနှင့် ဝမ်ရမ်ဟုန် မည်မျှပင် တိုက်ခိုက်ကြစေကာမူ သူတို့သည် ဝမ်ရမ်မိသားစု၏ သွေးသားများ ဖြစ်သည်။ အများအားဖြင့် အိမ်တွင်းပဋိပက္ခပင်။ ဒါပေမယ့် ကွဲပြားသည့် မျိုးရိုးရှိသည့် မင်းသားဖြစ်သူ ဖုန်းချန်သည် အဆင့်အတန်းရော လုပ်ပိုင်ခွင့်အာဏာပါ သူတို့အထက်တွင် ရှိသည်။ ဒီတခေါက် သူတို့ အရင်ဆုံး အပြင်လူကို ဆန့်ကျင်သင့်သလား? ဖုန်းချန်ကို ဖယ်ရှားပြီး ဒီကိစ္စကို ဖြေရှင်းသင့်သလား?
ဝမ်ရမ်လဲ့၏ 'ကျေးဇူးတော်'ကို မုရုံချီချီသည် 'ရွှင်လန်းဝမ်းမြောက်'ခဲ့သည်။ သူမသည် တော်ဝင်ချီးမြှောက်မှုကို ချက်ချင်း ကျေးဇူးတင်ကြောင်း ပြသလိုက်သည်။ ဝမ်ရမ်လဲ့က သူ့ရှေ့မှ ချစ်သူစုံတွဲကို ပြုံးပြုံးရွှင်ရွှင်ဖြင့် ကြည့်နေသည်။ သူက သူတို့နှစ်ဦးအား အရမ်းကျေနပ်အားရနေသည်။
အခမ်းအနားကို တက်ရောက်လာကြသော ဘေးတဖက်ရှိ ရှီးချီမှ လူများသည် မုရုံချီချီအား မြင်ရပြီးနောက် လူတိုင်းက သူတို့နှလုံးသားထဲတွင် မတူညီသော ရသတခုကို ခံစားလိုက်ရသည်။
အရင်က ရှန့်ကွမ်းဝူကျိက လက်လွှတ်မပေးနိုင်ခဲ့သာ်လည်း အခု မုရုံချီချီ၏ ပျော်ရွှင်မှုများဖြင့် ပြည့်နေသော အပြုံးအား မြင်လိုက်ရသောအခါ ရှန့်ကွမ်းဝူကျိနှလုံးသားသည် 'လက်လွှတ်သည်'ဟုသော အရသာကို ခံစားလိုက်ရသည်။ အရင်က သူ ဝန်မခံခဲ့ချင်သော်လည်း ခုချိန်တွင် တခြားယောကျ်ားတယောက်က သူမအား ပျော်ရွှင်မှု ပေးစွမ်းနိုင်သည်ကို သူ ဝန်ခံရတော့ပေမည်။ သို့ပေမယ့် ပန်းလေးတစ်ပွင့်ကဲ့သို့သော သူမအပြုံးကို မြင်ရသောအခါ သူ့နှလုံးသားထဲရှိ ထိုလေးလံနေသော အတွေးများသည် လုံးဝ အရည်ပျော်ကျသွားသည်။
"သူက သူမကို ပျော်ရွှင်ခြင်းတွေ ပေးစွမ်းလိမ့်မယ်!"
တူညီသော အရာတခုကို ခံစားဖူးသူ လီယွင်ချင်းအနေဖြင့် ရှန့်ကွမ်းဝူကျိအတွေးများကို ဘာကြောင့် မသိဘဲ နေအံ့နည်း? ရှန့်ကွမ်းဝူကျိမျက်လုံးများက လူတွေကို အရူးမလုပ်နိုင်ပေ။ ထို့ပြင် လီယွင်ချင်းသည်လည်း ဤကဲ့သို့သော ခံစားချက်မျိုးမှ တလှမ်းချင်း တလှမ်းချင်း ထွက်လာခဲ့ရသည်မဟုတ်ပါလော...။
"ကျွန်တော်လည်း ဒီလိုပဲ မျှော်လင့်ပါတယ်!"
ရှန့်ကွမ်းဝူကျိက ဝိုင်ကို တကျိုက်တည်း မော့ချလိုက်သည်။
"ဖုန်းချန်သာ သူမကို သစ္စာဖောက်ခဲ့ရင် ကျွန်တော် ဖုန်းချန်ကို သေချာပေါက် အလွတ်မပေးဘူး!"
"မင်းတင်ပဲလား... ငါလည်း အလွတ်မပေးဘူး!"
လီယွင်ချင်းက ရှန့်ကွမ်းဝူကျိအတွက် ဝိုင်လောင်းထည့်ပေးလိုက်သည်။ သူကယသူ့ခွက်ထဲကိုလည်း ဖြည့်လိုက်သည်။ နှစ်ယောက်သားမှာ ကတိသစ္စာပြုသလို တချိန်တည်းမှာပဲ ဝိုင်ကို နောက်တခါ သောက်လိုက်ကြသည်။
လုံဇယ်ကျင့်ထျန်းလည်း သူတို့နှစ်ယောက်၏ စကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ ဒါဆို သူတို့က ဒီလိုအတွေးမျိုး ရှိကြတယ်ပေါ့... ဒါပဲ... သူတို့က လွှတ်ချပြီး သူမက တခြားတယောက်ရဲ့ သတို့သမီး ဖြစ်သွားတာကို အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် စောင့်ကြည့်နေနိုင်သော်လည်း သူကတော့ မလုပ်နိုင်ပေ။ လုံဇယ်ကျင့်ထျန်းနှလုံးသားထဲတွင် သူမက သူပိုင်သည်ဟု အော်ဟစ်နေသည်။ မုရုံချီချီက မင်းရဲ့ ပထမအဆင့် မင်းသမီးပဲ!
ဤအသံသည် လုံဇယ်ကျင့်ထျန်းနှလုံးသားထဲတွင် အမြစ်တွယ်နေသည်မှာ ကြာမြင့်လှပြီ! ဖုန်းချန် သူမကို ပေးသည့် အရာတွေ... အာဏာလား၊ အဆင့်အတန်းလား ဒါမှမဟုတ် ချမ်းသာကြွယ်ဝမှုလား... သူလည်းပဲ အားလုံးကို ပေးနိုင်သည်။ အစစ်အမှန်နှလုံးသားအတွက်ကတော့ သူသည် ဖုန်းချန်ထက် မနိမ့်ကျနိုင်။ သူက ဒါကို ညှိနှိုင်းဖို့ ဆန္ဒမရှိပေ။
လုံဇယ်ကျင့်ထျန်းအကြည့်က မုရုံချီချီထံတွင် စူးစိုက်နေသော်လည်း သူ့ကို စွဲလန်းသော မျက်လုံးများဖြင့် ကြည့်နေသော မိန်းမနှစ်ယောက်ကို သူ သတိမပြုမိပေ။
တယောက်က မုရုံချင်းလျန်! သင် မရရှိနိုင်သည့် အရာမှာ အကောင်းဆုံးဖြစ်သည် ဆိုသောစကားမှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ လုံဇယ်ကျင့်ထျန်းက သူမအပေါ် မည်မျှအေးစက်စွာ ဆက်ဆံပါစေ သူမက သူ့ကို သဘောကျနေဆဲ။ သူမမျက်လုံးထဲတွင် အလွယ်တကူ မချစ်တတ်သော ယောကျ်ားတယောက်သည် အချစ်စစ်က ဘာလဲဆိုတာ သိသူ ဖြစ်သည်။ သူမသာ ဤကဲ့သို့သော ယောကျ်ားတယောက်၏ အချစ်ကို ရပါက သူမဘဝလုံး ပျော်ရွှင်နေရလိမ့်မည်။
တခြားတယောက်မှာ ဝမ်ရမ်ပေါင်ကျူး ဖြစ်၏။ ဒီကာလအတွင်း ဝမ်ရမ်ဟုန်ကြောင့် သူမသည် သေလုမျောပါး ညှင်းပန်းနှိပ်စက်ခြင်း ခံနေရသည်။
ထိုရောဂါသည်သည် သူ အားလပ်ချိန်များတွင် 'သူတို့မောင်နှမအချစ်ကို ပိုမိုနက်ရှိုင်းစေလိုသည်' ဟု ပြောကာ လူလွှတ်၍ သူမအား ဖိတ်ခေါ်စေသည်။ တကယ်တမ်းတော့ ဒါဟာ သူမကို အနိုင်ကျင့်ရန်ပင်။ သူမ၏ သနားစရာ အိမ်နောက်ဖေးမှာ မသက်သာသေးခင် ထိုအရာမှ နောက်ထပ်သွေးများ ကျဆင်းလာပြန်သည်။ အခုတောင် သူမ ကောင်းကောင်းမထိုင်နိုင်ပေ။ ထိုင်ခုံနှင့် ထိမိလျှင် ပူလောင်နာကျင်နေရသည်။ ကိုယ်အလေးချိန်အားလုံး တဖက်တည်းတွင်သာ ကျဆင်းနေစေရန် သူမမှာ တဖက်တည်းကိုပဲ စောင်းထိုင်နေရသည်။ ထိုတဖက်မှာ တောင့်တင်းလာလျှင် သူမက တခြားတဖက်ကို ပြောင်းစောင်းထိုင်ရသည်။
ဝမ်ရမ်ပေါင်ကျူးနှလုံးသားထဲတွင် သူမအား ကယ်တင်နိုင်သည့် တစ်ဦးတည်းသောသူမှာ လုံဇယ်ကျင့်ထျန်း ဖြစ်သည်။ ပေကျိုးနှင့် ရှီးချီသာ မဟာပြုလက်ထပ်ပွဲ ပြုလုပ်လိုက်ပါက သူမက လုံဇယ်ကျင့်ထျန်းကို အောင်မြင်စွာ လက်ထပ်နိုင်လိမ့်မည်။ ရောဂါသည်ဝမ်ရမ်ဟုန်၏ ညှင်းပန်းနှိပ်စက်ခြင်းကို သူမ ထပ်သည်းခံစရာ မလိုတော့ပေ။
လုံဇယ်ကျင့်ထျန်းအကြည့်သည် မုရုံချီချီပေါ်တွင်သာ ကျောက်ချနေသည်။ ထိုအရာကို ဝမ်ရမ်ပေါင်ကျူး ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ သို့သော်လည်း သူမမျက်လုံးထဲတွင် မုရုံချီချီသည် ပထမအဆင့် နန်လင်းမင်းသမီး ဖြစ်၏။ သူမ၏ အချစ်ပြိုင်ဘက် ဆက်မဖြစ်နိုင်တော့ပေ။ သူမ၏ ဆူးညှောင့်ခလုတ်ဖြစ်လာသည့် တခုတည်းသောအရာမှာ မုရုံချင်းလျန် ဖြစ်သည်။
မုရုံအိမ်တော်တွင် မုရုံချင်းလျန်၏ အဆင့်အတန်းမှာ သူမထက် မြင့်သည်။ မုရုံထိုက်ကသာ ထိုမင်္ဂလာပွဲကို အရင်လျှောက်ထားလျှင် လုံဇယ်ယုအနေဖြင့် သဘောတူကောင်း တူလိမ့်မည်။ သူမနေရာကို မုရုံချင်းလျန်ယူသွားမှာကို သူမ လက်မခံနိုင်ပေ။ သူမသည်သာ ပထမအဆင့် ကျင်းမင်းသမီး ဖြစ်၍ နောင်တွင် သူမသည် ရှီးချီ၏ မိဖုရားခေါင်ဖြစ်ရမည်။
ထိုသို့ စဉ်းစားရင်း သူမအိမ်နောက်ဖေးက နာလာပြန်သည်။ သူမပါးစပ်က မထိန်းနိုင်ဘဲ အနည်းငယ် ညည်းငြူမိသည်။ သူမက ဘေးတဖက်ရှိ ဒေါသထွက်နေသော မျက်နှာနှင့် ထိုင်နေသော ဝမ်ရမ်ဟုန်ကို ကြည့်လိုက်သည်။ ဒီနေ့သည် ကြုံတောင့်ကြုံခဲ အခွင့်အရေးဖြစ်ပြီး သူမက ဘာကြောင့် မုရုံချင်းလျန်ကို မဖျက်စီးပဲ နေရမည်နည်း?! သူမကို ဝမ်ရမ်ဟုန်၏ အမျိုးသမီး ဖြစ်စေမည်။ ထို့နောက် ဒီပြသနာသည် ဖြေရှင်းပြီး ဖြစ်သွားမည်။ ဝမ်ရမ်ဟုန်အား အသစ်တယောက် ရှာပေးကာ သူမအား ဒီကိစ္စကြောင့် လွှတ်ပေးစေ၍ သူမသည်လည်း လုံဇယ်ကျင့်ထျန်းနှင့် စုံတွဲဖြစ်လာကာ ဒီဆိုးဝါးသော နေရာမှ ထွက်ခွာနိုင်မည်။
ဝမ်ရမ်ပေါင်ကျူးက မုရုံချင်းလျန်အား မည်သို့ ထိခိုက်အောင် ပြုလုပ်ရမည်ကို တွေးတောနေသည်။ ထိုအချိန်တွင် ဖုန်းချန်နှင့် မုရုံချီချီတို့မှာ ဘိုးဘေးများအား ပူဇော်ရန် ဘိုးဘေးအဆောင်သို့ သွားကာ မုရုံချီချီအမည်အား ဖုန်းမျိုးရိုး၏ မျိုးရိုးစဉ်ဆက်မှတ်တမ်းတွင် ရေးသွင်းလိုက်သည်။ ထို့နောက် သူတို့သည် နန်းတော်သို့ ပြန်လာပြီး ဝမ်ရမ်လဲ့၏ ညွှန်ကြားမှုအောက်တွင် ကောင်းကင်နှင့် မြေကြီးအား ကန်တော့လေသည်။
ဒီအချိန်တွင် မုရုံချီချီခေါင်းကို အနီရောင်ခေါင်းဆောင်းဖြင့် ဖုံးလွှမ်းထားသည်။ ၎င်းမှာ မှုန်ဝါးဝါးဖြစ်နေပြီး ထူးထူးခြားခြား လှပနေသည်။ ဖုန်းချန်၏ လက်သည် အနီရောင်ဖဲကြိုးကို ကိုင်ထားကာ မုရုံချီချီအား ဦးဆောင်လိုက်သည်။
"ကောင်းကင်နှင့် မြေကြီးအား!"
"နှစ် ဂါရဝပြု ကြမယ်!"
"သုံး ဧကရာဇ်အား ကျေးဇူးတင်မယ်!"
"ဇနီးမောင်နှံအချင်းချင်း ဂါရဝပြုကြမယ်!"
တယောက်ကို တယောက် အရိုအသေပေးကြသောအခါ မုရုံချီချီက ဖုန်းချန်အား အနီရောင်ပဝါမှ ဖြတ်ကာ ကြည့်လိုက်သည်။ မနေ့က အရာများသာ မဖြစ်ခဲ့ပါက ဒီနေ့ သူမသည် ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံးနှင့် ကောင်းချီအပေးခံရဆုံး သတို့သမီး ဖြစ်နေလိမ့်မည်။ သို့ပေမယ့် အခု သူမနှလုံးသားထဲတွင် ဆူးတချောင်း ရှိနေသည်။ ၎င်းမှာ မနက်လွန်း မတိမ်လွန်းနှင့် သူမအား ကိစ္စများကို တည်တည်ငြိမ်ငြိမ် ရင်မဆိုင်နိုင်အောင်အမြဲလှုံ့ဆော်နေသည်။
မုရုံချီချီက ဖုန်းချန်အား မျက်နှာချင်းဆိုင်ရင်း ဖြေးညှင်းစွာ အရိုအသေပေးလိုက်သည်။ သူမနှလုံးသားထဲတွင် ဒီယောကျ်ားအား ကျေးဇူးတင်သလို ခံစားရသည်။ သူ့အား ကျေးဇူးတင်ခြင်းမှာ သူမအား ပြန်လည်ဝင်စားခြင်း၏ အဓိပ္ပာယ်ကို နားည်စေလို့ပင်။ ဖုန်းချန်နှင့် မတွေ့မီက ပြန်လည်ဝင်စားသည့် အဓိပ္ပာယ်ကို သူမ နားမလည်ခဲ့ပေ။ ဒီယောကျ်ားနှင့် တွေ့ဆုံရမှ သူမ နားလည်ခဲ့သည်။ သူ့အတွက် သူမက ရောက်လာခဲ့ရခြင်းပင်။ ဖုန်းချန်တယောက်တည်းအတွက် ထောင်စုနှစ်ခုကို သူမ ဖြတ်ကျော်ခဲ့ရသည်။
အိုး အရှင်ဘုရား! တပည့်တော်မကို ဒီတကြိမ်တော့ တကိုယ်ကောင်းဆန်ခွင့် ပေးသနားပါ! ကျွန်မ ဘာမှ မသိသလို ပြုမူပါရစေ! ကျွန်မ သူ့ရဲ့ သတို့သမီးပဲ ဖြစ်ချင်ခဲ့ရုံပါ! နာမည်ခံလေးဆိုရင်တောင်မှ... တကြိမ်လောက်... တကြိမ်လောက်ဆို လုံလောက်ပါပြီ! မုရုံချီချီက သူမနှလုံးသားထဲမှ ဆုတောင်းမိသည်။
"ထုံးတမ်းစဉ်လာ ပြီးဆုံးပါပြီ..."
ကျင့်ဝတ်အရာရှိ၏ ရှည်လျားသော အသံသည် မုရုံချီချီနားထဲ မရောက်ခင် ရာစုနှစ်တခုကို ထိုးဖောက်ဖြတ်သန်းလာရဟန်ပေါ်သည်။ အလွန်နှေးသည်... ၎င်းသည် အလယ်တွင် တစုံတရာ ဖြစ်ပွားသွားမှာကို မုရုံချီချီအား ကြောက်ရွံံ့စေသည်။
"ဂုဏ်ယူပါတယ် ဝမ်းကွဲအစ်ကိုတော်နဲ့ ဝမ်းကွဲမရီးတော်!"
ဝမ်ရမ်ခန်က ဖုန်းချန်နှင့် မုရုံချီချီတို့အား ပထမဆုံး လာရောက်ဂုဏ်ပြုသူပင်။
"ဝမ်းကွဲမရီးတော်... ကျွန်တော်တို့က နောက်ဆိုရင် တမိသားစုတည်း ဖြစ်လာပြီ! ဒီမောင်လေးအတွက် စုမိန်ကို သိမ်းသွင်းစည်းရုံးပေးဖို့ ကူညီပေးရမယ်နော်"