[Zawgyi]
အိပ္ေရးမဝေသးသလိုမ်ိဳး ေလးလံေနသည့္ မ်က္ခံြမ်ားကို အားယူၿပီး သြန္းအုပ္ ဖြင့္လိုက္သည္။ ေျခာက္ကပ္ေနသည့္ ႏႈတ္ခမ္းတို႔ကေတာ့ ေရဆာေနသလိုလိုရွိ၏။ ေရရွာရန္ ခႏၶာကိုယ္ကို အမွတ္တမဲ့ လႈပ္ရွားမိလိုက္ခ်ိန္၌
ေဝဒနာကင္းစြာျဖင့္ ေပါ့ပါးသြက္လက္ေနတာကို ခံစားလိုက္ရသည္။
အခု သူအိပ္ေပ်ာ္ေနရင္းနဲ႔ ေသသြားလို႔ နတ္ျပည္ေရာက္လာတာမ်ားလား?
ေသခ်ာေအာင္ ေနရာေဘးပတ္လည္ကို စူးစမ္းၾကည့္ေတာ့....
"ဒါ.. ဒါက!"
ဒါက သူ႔အခန္း။ တိတိက်က်ေျပာရလွ်င္ ဒီေနရာက
"သြန္းမဟာစံအိမ္"ရဲ႕အေပၚထပ္မွာရွိတဲ့ သူ႔အိပ္ခန္း။
ဘုရားေရ...
သူစိတ္စြဲၿပီး မကြၽတ္မလြတ္နဲ႔ ဒီမွာၿပိတၱာလာျဖစ္ၿပီထင္၏။
သူလုပ္ထားတဲ့ကုသိုလ္ေတြက နည္းခဲ့တာလည္းမဟုတ္ပါပဲ။
အမွတ္တမဲ့ႏွင့္ မွန္တစ္ခ်ပ္ကိုလွမ္းၾကည့္မိေတာ့..
မွန္ထဲကေန သူ႔ကို အံၾသစြာျပန္ၾကည့္ေနသူက ဆယ္ေက်ာ္သက္ေပါက္စအ႐ြယ္ သြန္းအုပ္ေလး။
ဝုန္းခနဲ အခန္းတံခါးကိုဖြင့္ၿပီး အိမ္ေအာက္ထပ္ ေျပးဆင္းလာခဲ့စဥ္ ေလွကားထိပ္၌ တည့္တည့္တိုးတာက...
"ႀကီးေငြ?"
"သြန္းေလး ဘာလိုလို႔လဲ"
သြန္းအုပ္ ဘာျပန္ေျဖရမယ္မသိ။
ေလာေလာဆယ္ လိုေနတာကေတာ့ ျဖစ္ေနသမွ်ေတြကို သူကိုယ္တိုင္ နားလည္ႏိုင္ဖို႔။ အဲ့ဒီအတြက္ သူ႔အေနျဖင့္ အရာအားလုံးကို ေသခ်ာလိုက္ၿပီးသုံးသပ္ၾကည့္ဖို႔သာ
အေရးတႀကီးလိုအပ္ေနျခင္း။
သြန္းအုပ္၏အေျဖကို ေစာင့္နားေထာင္ေနပုံရသည့္ ႀကီးေငြအား...
"ခဏ.. ကြၽန္ေတာ္ၿခံထဲကို ခဏဆင္းၾကည့္လိုက္ဦးမယ္"
-
-
ၿခံထဲက ျမင္ကြင္းေတြက သူကေလးအ႐ြယ္ေလာက္တုန္းက ပုံစံေတြအတိုင္း။ ေမလြန္းကိုယ္တိုင္ ဂ႐ုတစိုက္ႏွင့္ ေရေလာင္းေပါင္းသင္ေလ့ရွိသည့္ ပန္းအိုးမ်ားကလည္း ေဝေဝဆာဆာ ဖူးပြင့္လ်က္ရွိေနၾကသည္။
တျဖည္းျဖည္းႏွင့္ ရိပ္မိသလိုရွိလာသည့္အရာေၾကာင့္ သြန္းအုပ္ရင္ထဲမွာ ဆူညံသံေတြေျဗာင္းဆန္ေနၿပီ။
အဲ့ဒီေနရာကသာ အရင္အတိုင္းပဲ ရွိေနခဲ့မယ္ဆိုရင္..
-
-
-
အိမ္ႀကီးကိုေငးၾကည့္ၿပီး စပ္စုခ်င္ေနပုံရသည့္ ေကာင္ေလး။
သြန္းအုပ္ ဝမ္းသာလြန္းလို႔ ရယ္မိလိုက္စဥ္ မ်က္ရည္တို႔က လြင့္စင္က်လာသည္။
ဒါက..
ဒါက...
ကိုကို႔ရဲ႕ကေလးေလး။
သူေရာက္ေနတာကို မျမင္ေသးသည့္ထိုကေလးက
ေတြးလို႔၊ေငးလို႔ေကာင္းေနတုန္း။ သြန္းအုပ္ မ်က္ရည္မ်ားကိုသုတ္ၿပီး ခါးေထာက္၍ၾကည့္လိုက္သည္။ ေပ်ာ္ေနသည့္စိတ္ကို မရမကဖုံးဖိရင္း မ်က္ႏွာကိုတည္ေသာ္လည္း မရ။
ၿပဳံးစစျဖင့္ပင္...
"မင္းက ဘယ္ကေကာင္လဲ။ ငါ့ျခံထဲမွာ ဘာဝင္လုပ္ေနတာလဲ"
"•••"
သူ႔အသံၾကားၾကားခ်င္း လွည့္ၾကည့္လာသည့္ မ်က္လုံးေလးေတြ။ သူ႔ကိုျမင္ျမင္ခ်င္း စုကုတ္သြားသည့္ မ်က္ခုံးေတြ။ ႏႈတ္ခမ္းကစူခ်င္ေသး။
ေနပါဦး။ ဒီကေလး စိတ္ေကာက္ေနတဲ့ ပုံစံနဲ႔။
ေစာင့္ရတာၾကာသြားလို႔လား။
"ငါ့ဘာသာ ဘယ္သူျဖစ္ျဖစ္ကြာ။ မင္းေမးတာကို ေျဖစရာလား"
ရန္ျပန္ေတြ႕ေနသည့္ ကေလးက သူ႔ကိုလုံးဝမသိဖူးသည့္ပုံ။
အရင္က အဲ့လိုလည္းမစြာတတ္ပဲနဲ႔။
သြန္းအုပ္ သူ႔ေရွ႕က ေနမင္းခေပါက္စေလးကိုၾကည့္ရင္း မ်က္ရည္တို႔က တလိမ့္လိမ့္က်ေနဆဲ။ ဒါဟာ ေပ်ာ္လြန္း၍ ငိုမိျခင္း။ သူ႔အား မႈန္ကုပ္ကုပ္မ်က္ႏွာေပးျဖင့္ ေပေစာင္းေစာင္းျပန္ၾကည့္ေနသည့္ မင္းခေသးေသးေလးအား အသည္းယားစိတ္တို႔ မထိန္းႏိုင္ေတာ့။
ဘယ္ေလာက္မွကြာေဝးမေနေသာ္လည္း ထိုေကာင္ေလးက ေနရာမွာရပ္ေနဆဲမို႔ သူက အေရာက္ေျပးသြားလိုက္သည္။
--------------------
အၿမဲတမ္းေစာင့္ေနေပးတာက မင္းရဲ႕ဝတၱရားဆိုရင္
မင္းဆီအေရာက္လွမ္းခဲ့ရမယ့္ ေျခလွမ္းေတြအတြက္
ကိုကိုက တာဝန္ေက်ေပးပါ့မယ္။
ကံတရားက ဘယ္လိုပုံစံနဲ႔ပဲ
ျပန္ဆုံစည္းဖို႔ သတ္မွတ္ပါေစ...
မင္းရဲ႕လက္ကိုသာ ေနာက္တစ္ႀကိမ္ဆုပ္ကိုင္ရမယ္ဆိုရင္
ငရဲလမ္းဆိုရင္ေတာင္ ႁခြင္းခ်က္မရွိ ကိုကိုကလိုက္ခဲ့ဦးမယ္။
ထပ္ၿပီးေတာ့ နာက်င္ရတာေတြ ရွိလာခဲ့ရင္ေတာင္
အရင္ထက္ပိုၿပီး ေၾကကြဲရမယ့္အခ်ိန္ေတြ ႀကဳံဆုံလာခဲ့ရရင္ေတာင္
ကိုကိုက မင္းအတြက္သာဆိုရင္....။
---------------------
"အြန႔္!"
သိမ့္က်ဳံးၿပီးေျပးဖက္တာ ခံလိုက္ရတာေၾကာင့္ မင္းခ နည္းနည္းလန႔္သြားၿပီး ၿငီးသံကေလးထြက္သြားမိသည္။
ဒီေကာင္ေလးက ဘာလဲ။ ေၾကာင္ေတာင္ေတာင္နဲ႔!
"ေက်းဇူးတင္ပါတယ္။ ကိုကို႔ကို ေစာင့္ေနေပးလို႔ ေက်းဇူးတင္ပါတယ္။ အၾကာႀကီးေစာင့္ေနေပးလို႔ ေက်းဇူးတင္ပါတယ္။ အခုခ်ိန္ထိ ခ်စ္ေနေပးလို႔လည္း ေက်းဇူးတင္ပါတယ္။ အာ..မဟုတ္ေသးဘူး။ အခု မခ်စ္ေသးရင္လည္း ကိုကိုက ေနာက္တစ္ေခါက္ ခ်စ္လာေပးမယ့္အထိ ေစာင့္ပါမယ္။ ကိုကိုက"
စူပူပ္ပုပ္ မင္းခ၏ႏႈတ္ခမ္းေလးက အေရွ႕ကို ပိုေထာ္သြားသည္။ ဒီေကာင္ေလးက ႐ူးေနတာလားမသိ။
သူ႔ကိုလည္းမသိဘဲ အတင္းလာဖက္ေနသည္။
ေနာက္ၿပီး..ဘာတဲ့! သူ႔ကိုယ္သူလည္း ကိုကိုဆိုတာကို
ပါးစပ္ေသးေသးေလးကေနမခ်။ ေပါက္ကရေတြေျပာၿပီး သူ႔ကိုလာဖက္ရင္းႏွင့္ ငိုေနသည့္ေကာင္ေလးက ေတာ္ေတာ္ေလး စိတ္ရႈပ္စရာေကာင္းသည္။
-
-
သို႔ေသာ္လည္းး
အဝါေရာင္အက်ႌေလးႏွင့္ ထိုေကာင္ေလးက အရမ္းခ်စ္စရာေကာင္းေနတာမို႔ အ႐ူးေလးဆိုေသာ္လည္း သည္းခံၿပီးၿငိမ္ေနေပးလိုက္သည္။
သူငိုလွ်င္ ေလးသက္ေခ်ာ့သလို ထိုေကာင္ေလး
အငိုတိတ္ေအာင္ ခပ္ဖြဖြျပန္ဖက္ေပးၿပီး ႏွစ္သိမ့္လိုက္ေတာ့
ထိုေကာင္ေလးက ပိုငိုသြားသည္။
ဒီေကာင္ေလး ေတာ္ေတာ္႐ူးေၾကာင္ေၾကာင္ႏိုင္လြန္းသည္။ သို႔ေသာ္လည္း သူႏွင့္ေတြ႕ရတာကို ေပ်ာ္ေနမိပါသည္။
****************the end
11.June.22
A/N
အားလုံးကိုႏႈတ္ဆက္ခ်ိန္ ေရာက္လာပါၿပီ။ ပ်င္းစရာေကာင္းတဲ့ ခရီးရွည္ႀကီးကို မၿငီးမျငဴ လိုက္ပါစီးေမ်ာေပးခဲ့ၾကတဲ့ YDစာဖတ္သူအားလုံးကို အႀကီးႀကီး၊အႀကီးႀကီးခ်စ္ၿပီး အမ်ားႀကီး၊အမ်ားႀကီး ေက်းဇူးတင္ပါတယ္။
အပန္းမႀကီးရင္ အမွတ္တရစကားတစ္ခုခုေတာ့ လက္ေဆာင္ျပန္ေပးခဲ့ၾကဖို႔ ေျပာခ်င္ပါတယ္။
အားလုံးပဲBye Byeပါ(♡ >ω< ♡)
Noted: No extra, No sidestory,
No season-2
[Unicode]
အိပ်ရေးမဝသေးသလိုမျိုး လေးလံနေသည့် မျက်ခွံများကို အားယူပြီး သွန်းအုပ် ဖွင့်လိုက်သည်။ ခြောက်ကပ်နေသည့် နှုတ်ခမ်းတို့ကတော့ ရေဆာနေသလိုလိုရှိ၏။ ရေရှာရန် ခန္ဓာကိုယ်ကို အမှတ်တမဲ့ လှုပ်ရှားမိလိုက်ချိန်၌
ဝေဒနာကင်းစွာဖြင့် ပေါ့ပါးသွက်လက်နေတာကို ခံစားလိုက်ရသည်။
အခု သူအိပ်ပျော်နေရင်းနဲ့ သေသွားလို့ နတ်ပြည်ရောက်လာတာများလား?
သေချာအောင် နေရာဘေးပတ်လည်ကို စူးစမ်းကြည့်တော့....
"ဒါ.. ဒါက!"
ဒါက သူ့အခန်း။ တိတိကျကျပြောရလျှင် ဒီနေရာက
"သွန်းမဟာစံအိမ်"ရဲ့အပေါ်ထပ်မှာရှိတဲ့ သူ့အိပ်ခန်း။
ဘုရားရေ...
သူစိတ်စွဲပြီး မကျွတ်မလွတ်နဲ့ ဒီမှာပြိတ္တာလာဖြစ်ပြီထင်၏။
သူလုပ်ထားတဲ့ကုသိုလ်တွေက နည်းခဲ့တာလည်းမဟုတ်ပါပဲ။
အမှတ်တမဲ့နှင့် မှန်တစ်ချပ်ကိုလှမ်းကြည့်မိတော့..
မှန်ထဲကနေ သူ့ကို အံသြစွာပြန်ကြည့်နေသူက ဆယ်ကျော်သက်ပေါက်စအရွယ် သွန်းအုပ်လေး။
ဝုန်းခနဲ အခန်းတံခါးကိုဖွင့်ပြီး အိမ်အောက်ထပ် ပြေးဆင်းလာခဲ့စဉ် လှေကားထိပ်၌ တည့်တည့်တိုးတာက...
"ကြီးငွေ?"
"သွန်းလေး ဘာလိုလို့လဲ"
သွန်းအုပ် ဘာပြန်ဖြေရမယ်မသိ။
လောလောဆယ် လိုနေတာကတော့ ဖြစ်နေသမျှတွေကို သူကိုယ်တိုင် နားလည်နိုင်ဖို့။ အဲ့ဒီအတွက် သူ့အနေဖြင့် အရာအားလုံးကို သေချာလိုက်ပြီးသုံးသပ်ကြည့်ဖို့သာ
အရေးတကြီးလိုအပ်နေခြင်း။
သွန်းအုပ်၏အဖြေကို စောင့်နားထောင်နေပုံရသည့် ကြီးငွေအား...
"ခဏ.. ကျွန်တော်ခြံထဲကို ခဏဆင်းကြည့်လိုက်ဦးမယ်"
-
-
ခြံထဲက မြင်ကွင်းတွေက သူကလေးအရွယ်လောက်တုန်းက ပုံစံတွေအတိုင်း။ မေလွန်းကိုယ်တိုင် ဂရုတစိုက်နှင့် ရေလောင်းပေါင်းသင်လေ့ရှိသည့် ပန်းအိုးများကလည်း ဝေဝေဆာဆာ ဖူးပွင့်လျက်ရှိနေကြသည်။
တဖြည်းဖြည်းနှင့် ရိပ်မိသလိုရှိလာသည့်အရာကြောင့် သွန်းအုပ်ရင်ထဲမှာ ဆူညံသံတွေဗြောင်းဆန်နေပြီ။
အဲ့ဒီနေရာကသာ အရင်အတိုင်းပဲ ရှိနေခဲ့မယ်ဆိုရင်..
-
-
-
အိမ်ကြီးကိုငေးကြည့်ပြီး စပ်စုချင်နေပုံရသည့် ကောင်လေး။
သွန်းအုပ် ဝမ်းသာလွန်းလို့ ရယ်မိလိုက်စဉ် မျက်ရည်တို့က လွင့်စင်ကျလာသည်။
ဒါက..
ဒါက...
ကိုကို့ရဲ့ကလေးလေး။
သူရောက်နေတာကို မမြင်သေးသည့်ထိုကလေးက
တွေးလို့၊ငေးလို့ကောင်းနေတုန်း။ သွန်းအုပ် မျက်ရည်များကိုသုတ်ပြီး ခါးထောက်၍ကြည့်လိုက်သည်။ ပျော်နေသည့်စိတ်ကို မရမကဖုံးဖိရင်း မျက်နှာကိုတည်သော်လည်း မရ။
ပြုံးစစဖြင့်ပင်...
"မင်းက ဘယ်ကကောင်လဲ။ ငါ့ခြံထဲမှာ ဘာဝင်လုပ်နေတာလဲ"
"•••"
သူ့အသံကြားကြားချင်း လှည့်ကြည့်လာသည့် မျက်လုံးလေးတွေ။ သူ့ကိုမြင်မြင်ချင်း စုကုတ်သွားသည့် မျက်ခုံးတွေ။ နှုတ်ခမ်းကစူချင်သေး။
နေပါဦး။ ဒီကလေး စိတ်ကောက်နေတဲ့ ပုံစံနဲ့။
စောင့်ရတာကြာသွားလို့လား။
"ငါ့ဘာသာ ဘယ်သူဖြစ်ဖြစ်ကွာ။ မင်းမေးတာကို ဖြေစရာလား"
ရန်ပြန်တွေ့နေသည့် ကလေးက သူ့ကိုလုံးဝမသိဖူးသည့်ပုံ။
အရင်က အဲ့လိုလည်းမစွာတတ်ပဲနဲ့။
သွန်းအုပ် သူ့ရှေ့က နေမင်းခပေါက်စလေးကိုကြည့်ရင်း မျက်ရည်တို့က တလိမ့်လိမ့်ကျနေဆဲ။ ဒါဟာ ပျော်လွန်း၍ ငိုမိခြင်း။ သူ့အား မှုန်ကုပ်ကုပ်မျက်နှာပေးဖြင့် ပေစောင်းစောင်းပြန်ကြည့်နေသည့် မင်းခသေးသေးလေးအား အသည်းယားစိတ်တို့ မထိန်းနိုင်တော့။
ဘယ်လောက်မှကွာဝေးမနေသော်လည်း ထိုကောင်လေးက နေရာမှာရပ်နေဆဲမို့ သူက အရောက်ပြေးသွားလိုက်သည်။
--------------------
အမြဲတမ်းစောင့်နေပေးတာက မင်းရဲ့ဝတ္တရားဆိုရင်
မင်းဆီအရောက်လှမ်းခဲ့ရမယ့် ခြေလှမ်းတွေအတွက်
ကိုကိုက တာဝန်ကျေပေးပါ့မယ်။
ကံတရားက ဘယ်လိုပုံစံနဲ့ပဲ
ပြန်ဆုံစည်းဖို့ သတ်မှတ်ပါစေ...
မင်းရဲ့လက်ကိုသာ နောက်တစ်ကြိမ်ဆုပ်ကိုင်ရမယ်ဆိုရင်
ငရဲလမ်းဆိုရင်တောင် ခြွင်းချက်မရှိ ကိုကိုကလိုက်ခဲ့ဦးမယ်။
ထပ်ပြီးတော့ နာကျင်ရတာတွေ ရှိလာခဲ့ရင်တောင်
အရင်ထက်ပိုပြီး ကြေကွဲရမယ့်အချိန်တွေ ကြုံဆုံလာခဲ့ရရင်တောင်
ကိုကိုက မင်းအတွက်သာဆိုရင်....။
---------------------
"အွန့်!"
သိမ့်ကျုံးပြီးပြေးဖက်တာ ခံလိုက်ရတာကြောင့် မင်းခ နည်းနည်းလန့်သွားပြီး ငြီးသံကလေးထွက်သွားမိသည်။
ဒီကောင်လေးက ဘာလဲ။ ကြောင်တောင်တောင်နဲ့!
"ကျေးဇူးတင်ပါတယ်။ ကိုကို့ကို စောင့်နေပေးလို့ ကျေးဇူးတင်ပါတယ်။ အကြာကြီးစောင့်နေပေးလို့ ကျေးဇူးတင်ပါတယ်။ အခုချိန်ထိ ချစ်နေပေးလို့လည်း ကျေးဇူးတင်ပါတယ်။ အာ..မဟုတ်သေးဘူး။ အခု မချစ်သေးရင်လည်း ကိုကိုက နောက်တစ်ခေါက် ချစ်လာပေးမယ့်အထိ စောင့်ပါမယ်။ ကိုကိုက"
စူပူပ်ပုပ် မင်းခ၏နှုတ်ခမ်းလေးက အရှေ့ကို ပိုထော်သွားသည်။ ဒီကောင်လေးက ရူးနေတာလားမသိ။
သူ့ကိုလည်းမသိဘဲ အတင်းလာဖက်နေသည်။
နောက်ပြီး..ဘာတဲ့! သူ့ကိုယ်သူလည်း ကိုကိုဆိုတာကို
ပါးစပ်သေးသေးလေးကနေမချ။ ပေါက်ကရတွေပြောပြီး သူ့ကိုလာဖက်ရင်းနှင့် ငိုနေသည့်ကောင်လေးက တော်တော်လေး စိတ်ရှုပ်စရာကောင်းသည်။
-
-
သို့သော်လည်းး
အဝါရောင်အင်္ကျီလေးနှင့် ထိုကောင်လေးက အရမ်းချစ်စရာကောင်းနေတာမို့ အရူးလေးဆိုသော်လည်း သည်းခံပြီးငြိမ်နေပေးလိုက်သည်။
သူငိုလျှင် လေးသက်ချော့သလို ထိုကောင်လေး
အငိုတိတ်အောင် ခပ်ဖွဖွပြန်ဖက်ပေးပြီး နှစ်သိမ့်လိုက်တော့
ထိုကောင်လေးက ပိုငိုသွားသည်။
ဒီကောင်လေး တော်တော်ရူးကြောင်ကြောင်နိုင်လွန်းသည်။ သို့သော်လည်း သူနှင့်တွေ့ရတာကို ပျော်နေမိပါသည်။
****************the end
11.June.22
A/N
အားလုံးကိုနှုတ်ဆက်ချိန် ရောက်လာပါပြီ။ ပျင်းစရာကောင်းတဲ့ ခရီးရှည်ကြီးကို မငြီးမငြူ လိုက်ပါစီးမျောပေးခဲ့ကြတဲ့ YDစာဖတ်သူအားလုံးကို အကြီးကြီး၊အကြီးကြီးချစ်ပြီး အများကြီး၊အများကြီး ကျေးဇူးတင်ပါတယ်။
အပန်းမကြီးရင် အမှတ်တရစကားတစ်ခုခုတော့ လက်ဆောင်ပြန်ပေးခဲ့ကြဖို့ ပြောချင်ပါတယ်။
အားလုံးပဲBye Byeပါ(♡ >ω< ♡)
Noted: No extra, No sidestory,
No season-2