Sewing Machine's Love Story (...

By LuuLuu252

125K 20.1K 824

Author : Jing Shui Bian EN translator: Rinisnotgold Chapters: 24 Chapters All Credit to Original Author and... More

Story Description
Chap 1 (Part 1)
Chap 1(Part 2)
Chap 2
Chap 3
Chap 4
Chap 5
Chap 6
Chap 7
Chap 8
Chap 9
Chap 10
Chap 11
Chap 12
Chap 13
Chap 14
Chap 15
Chap 16
Chap 17
Chap 18
Chap 19
Chap 20
Chap 21
Chap 22
Chap 23 (Part 1)
Chap 24 (Part 1)
Chap 24 (Final Part)
Recommend Please!!

Chap 23 (Part 2)

3.3K 596 21
By LuuLuu252

Zaw

"ငါ့ရဲ႕ သၾကားေဖေဖက ငါနဲ႔အိပ္*လာဖို႔ ဘယ္လိုလုပ္ရမလဲ"
ဆိုသည္မွာ ရႊီႏ်န္လက္ရွိ ရင္ဆိုင္ေနရသည့္ အႀကီးမားဆုံးေသာ ျပသနာႀကီးပင္ျဖစ္သည္။ သို႔ေသာ္ အဓိကအခ်က္မွာ သူက ဘယ္ေလာက္ပင္ ထက္ျမတ္ၿပီး ဂရုတစိုက္စဥ္းစားတတ္သူျဖစ္ပါေစ သူ၏ ျမဴဆြယ္ျဖားေယာင္းသည့္ စြမ္းရည္ကေတာ့ တိုးတက္ျဖစ္ထြန္းလာမႈမရွိဘဲ ေျပာရလၽွင္ အိပ္ရာထက္၌ တစ္စုံတစ္ေယာက္အား ျမဴဆြယ္ျဖားေယာင္းသည့္ သူ၏ စြမ္းရည္က ေျပာပေလာက္စရာမရွိေလာက္ေအာင္ အေတာ္ေလးကို နိမ့္ေလသည္။

ထို႔ေၾကာင့္ပင္ ထိုကိစၥအား ထိုအတိုင္းေရႊ႕ဆိုင္း အခ်ိန္ဆြဲေနခဲ့သည္မွာ ေႏြရာသီထိတိုင္ေအာင္ပင္ ျဖစ္သည္။ သူႏွင့္ ခ်န္းခ်န္၏ ဆက္ဆံေရးသည္ကား ယခုတိုင္ မပူလြန္း မေအးလြန္း*သည့္ ဆုံမွတ္တစ္ခုတြင္ ရွိေနခဲ့သည္။ သူတို႔အတူ စားေသာက္သည္။ အိပ္သည္(ရိုးရိုး)၊ အတူ လည္ပတ္သည္။ ထို႔အျပင္ တစ္ခါတစ္ရံတြင္ အနမ္းမ်ားလည္း ဖလွယ္တတ္ၾကၿပီး လက္လည္း ကိုင္ထားတတ္ၾက၏။ သို႔ေပမဲ့ ထိုလုပ္ေဆာင္ခ်က္မ်ား၏ အႀကိမ္တိုင္းလိုိလို နီးပါးကေတာ့ ရႊီႏ်န္မွအစျပဳခဲ့သည္မ်ားသာျဖစ္ၿပီး ထိုသို႔ေသာလုပ္ေဆာင္ခ်က္မ်ား ၿပီးဆုံးခ်ိန္တိုင္းမွာေတာ့ ခ်န္းခ်န္ထံမွ "မသင့္ေလၽွာ္လိုက္တာ" ဟူ၍ အဆူေငါက္ခံရလိမ့္မည္လည္း ျဖစ္ေလသည္။

တကယ္ကိုပင္ ၊ ရႊီႏ်န္သည္ သူတို႔၏ ဆက္ဆံေရးသည္ကား ဆိုးဝါးၾကမ္းတမ္းစြာ အစျပဳခဲ့သည့္အတြက္ေၾကာင့္ ဤကဲ့သို႔ သန္႔စင္ကာ သင့္တင့္ေလ်ာက္ပတ္သည့္ အျဖဴထည္ ဆက္ဆံေရးတစ္ခု ျဖစ္ေပၚ တိုးတက္လာခဲ့ျခင္းသည္ အလြန္ကိုမွ အံ့အားသင့္ဖြယ္ရာ ကံၾကမၼာအမ်ိဳးအစားပင္ ျဖစ္သည္ဟု ခံစားရေလသည္။

ရႊီႏ်န္ တတိယႏွစ္ေရာက္ေသာအခါ  အလုပ္သင္ဆင္းရန္အတြက္ စတင္ ျပင္ဆင္ေနခဲ့ၿပီျဖစ္သည္။ ခ်န္းခ်န္သည္ ဤကိစၥအေပၚ သူ႔ထက္ပို၍ပင္ စိတ္ဝင္စားပူပန္ေနခဲ့ကာ သူ႔ပိုင္ကုမၸဏီသို႔ ဝင္ေရာက္လာႏိုင္ေစရန္ သူ႔အတြက္ အေစာႀကီးကတည္းက စီစဥ္ေပးခဲ့ေလသည္။

သူဝင္ေရာက္ရမည့္ ဌာနမွာ မားကတ္တင္း(ေစ်းကြက္ရွာေဖြေရး) ဌာနျဖစ္သည္။ ထိုေနရာတြင္ ရႊီႏ်န္တြင္ ရွိေနႏုိင္သည့္ ေက်ာေထာက္ေနာက္ခံႏွင့္ ပတ္သတ္၍ ေျပာဆိုသူမ်ား မရွိမဟုတ္ ရွိသည္ျဖစ္ေပမဲ့ သူသည္ B တကၠသိုလ္မွ အဆင့္ျမင့္ပညာတတ္ေက်ာင္းသားျဖစ္ကာ အျပဳအမူတို႔သည္လည္း ပညာတတ္ဆန္သည္မို႔ ထိုသို႔ ရႈပ္ေထြးစြာေတြးၾကသူမ်ားသည္ သိပ္မမ်ားေပ။

မားကတ္တင္းဌာနရွိ မန္ေနဂ်ာ၏ ေနာက္ဆုံးနာမည္သည္ 'မာ' ဟူ၍ျဖစ္သည္။ ခ်န္းခ်န္၏ ကုမၸဏီတြင္ တစ္ႏွစ္တာ၏ ႏွစ္ဝက္တိုင္း၌ ကုမၸဏီ၏ေလ့လာေရးခရီး အစီစဥ္ရွိၿပီး ဤတစ္ႀကိမ္ကေတာ့ အပူေရွာင္ရန္ ၿမိဳ႕ျပင္အားလပ္ရက္ခရီးစဥ္သြားၾကမည္ျဖစ္၏။

ရႊီႏ်န္သည္ မားကတ္တင္းဌာနဘတ္စ္ကားျဖင့္ လိုက္ပါမည္ျဖစ္ကာ ထို႔ေၾကာင့္ပင္ ခ်န္းခ်န္သည္ ႀကီးသည္လည္းမဆိုသာ ေသးလည္းမေသးသည့္  ျပသနာမ်ားရွာေလေတာ့သည္။

ရႊီႏ်န္သည္ ထိုလူႀကီးအား အေတာ္ေလးၾကာေအာင္ ေခ်ာ့ေမာ့လိုက္ရကာ အဆုံးမွာေတာ့ သူမသြားေသးခင္၊ ထိုလူႀကီးသတိမထားမိသည့္ အခ်ိန္ေလးတြင္ ထိုလူႀကီး၏ပါးကို နမ္လိုက္ေလသည္။

"ကၽြန္ေတာ္တို႔ဟိုကိုေရာက္ရင္ တစ္ခန္းတည္း ေနရမွာပဲေလ"

ရႊီႏ်န္က ထိုလူႀကီး၏ လည္ပင္းထက္တြင္ ႏွာေခါင္းေလးျဖင့္ ပြတ္သီးပြတ္သပ္လုပ္ေနလ်က္၊

"ကၽြန္ေတာ္ အပူလွ်ပ္တာ ကာကြယ္ရေအာင္ ဇီးခ်ဥ္သီးစြပ္ျပဳတ္ နည္းနည္းယူလာခဲ့တယ္"

ခ်န္းခ်န္က လိုက္လိုက္ေလ်ာေလ်ာပင္ အနမ္းခံလိုက္ေပမဲ့ ကားေနာက္ခန္းခုံေပၚတြင္ ရွိေနသည့္ သူ႔ေျခေထာက္ေတြကေတာ့ ထိန္းခ်ဳပ္မရႏိုင္စြာ လႈပ္ေနခဲ့ေလသည္။ သို႔ေပမဲ့ ထိုကိစၥႏွင္ပတ္သတ္၍ လူေရွ႕တြင္ေတာ့ သူက တင္းမာေနဆဲျဖစ္ကာ ဖုံးကြယ္ထားႏိုင္ရန္ ႏွာမႈတ္လိုက္ေသးသည္။

ရႊီႏ်န္က ကားထဲမွထြက္လိုက္ကာ ဘတ္စ္ကားဆီသို႔ သြားလိုက္သည္။ မန္ေနဂ်ာမာ က သူ႔ကို ျမင္လိုက္သည္ႏွင့္ ခ်က္ခ်င္းပင္ ေပ်ာ္ရႊင္သြားေတာ့သည္။

"ႏ်ႏ္်န္ေလး! ဒီကိုျမန္ျမန္လာခဲ့! "

မန္ေနဂ်ာမာက က်ယ္က်ယ္ေလာင္ေလာင္ေအာ္ေခၚလိုက္သည္။

"ဒီအစ္ကိုႀကီး အစ္မႀကီးေတြအတြက္ သီခ်င္းတစ္ပုဒ္ေလာက္ ဆိုေပးပါဦး"

ခရီးစဥ္တစ္ေလၽွာက္လုံးတြင္ ခ်န္းခ်န္၏မ်က္ႏွာက မာေက်ာကာ အစိမ္းေရာင္သန္းေနခဲ့ၿပီး ခ်န္သိမွာ ထိန္႔လန္႔မႈမ်ားအျပည့္ျဖင့္ ကားေမာင္းခဲ့ရေလသည္။

"သူတို႔ေတြ သူ႔ကို ဘယ္လိုေခၚလိုက္တာလဲ?"

ခ်န္းခ်န္က ရုတ္တရတ္ေမးလာ၏။

ခ်န္သိသည္ သူ႔ကိုယ္သူ မ်က္မျမင္ နားမၾကားသူကဲ့သို႔ ဟန္ေဆာင္လိုက္ကာ တိတ္တိတ္ေလးသာ ေနလိုက္သည္။

ခ်န္းခ်န္က ေအးစက္စက္ေျပာလာသည္။

"ႏ်န္ႏ်န္ေလး။  ၿပီးေတာ့ သူတို႔က သူ႔ကို သီခ်င္းတစ္ပုဒ္ေတာင္ ဆိုခိုင္းလိုက္ေသးတယ္၊ သူက အရက္ဆိုင္က အေရာင္းျမႇင့္တင္ေရး အစီစဥ္တင္ဆက္သူမို႔လို႔လား?!"

ခ်န္သိက ေနာက္ၾကည့္မွန္ကို တခ်က္လွမ္းၾကည့္လိုက္ကာ အားနည္းညႇင္သာစြာျဖင့္ ေျပာလိုက္သည္။

"အခုေခတ္မွာ အစီစဥ္တင္ဆက္သူေတြ သီခ်င္းမဆိုၾကေတာ့ပါဘူး........."

ခ်န္းခ်န္က သြားႀကိတ္လိုက္ကာ

"မင္းကအရမ္း နားညီးတယ္!"

ခ်န္သိ : "......."

ဒီတစ္ႀကိမ္တြင္ ကုမၸဏီအဖြဲ႕သည္ ေရကူးကန္ ကလပ္၊ ဟိုတယ္ ၊ လယ္ယာေျမမ်ား၊ စားေသာက္ဆိုင္မ်ား ႏွင့္ တိုတိုေျပာရလွ်င္ လိုအပ္သမွ်အားလုံး ရႏိုင္သည့္  ၿမိဳ႕ျပင္ရွိ အပန္းေျဖ စခန္း တစ္ခုသို႔ သြားၾကမွာျဖစ္သည္။ လိုက္ပါလာခဲ့သည့္ ဘတ္စ္ကားခရီးစဥ္ တစ္ေလၽွာက္လုံးတြင္ ရႊီႏ်န္သည္ ေဘာ့စ္၏ အတိတက် မည္ေရြ႕မည္မွ်ခ်မ္းသာသည္၊ စေတာ့ရွယ္ယာ ကေတာ့ မည္ေရႊ႕မည္မွ်ပိုင္ဆိုင္သည္ စသည္ျဖင့္....စသည္ျဖင့္ လက္ရွိအေျခအေနမ်ားအား သိရွိသြားခဲ့ၿပီးျဖစ္သည္။ မန္ေနဂ်ာ မွသည္ ဝန္ထမ္းမ်ားအားလုံးအထိ အားလုံး၏မ်က္ႏွာထက္တြင္ အတင္းအဖ်င္းမ်ား ေဝငွေပးရျခင္းအတြက္ ထက္သန္စိတ္လႈပ္ရွားမႉမ်ားအာ အထင္အရွားျမင္ႏိုင္ေလ၏။

နားေထာင္ေနသည့္ ရႊီႏ်န္၏မ်က္ႏွာအမူအရာသည္လည္းပဲ စိတ္လႈပ္ရွားကာ စိတ္ဝင္တစားျဖစ္ေနသည္ဟု ေျပာႏိုင္ေပမဲ့ သူ၏ ရႉေထာင့္အျမင္တြင္ေတာ့ အားလုံးေသာ ေကာလာဟလမ်ားႏွင့္ အတင္းအဖ်င္းမ်ားသည္ အမွန္ေတာ့ အတိတ္မွ အေတာ္ေလး အိုေဟာင္းခဲ့ၿပီးသည့္ အရာမ်ားအျဖစ္ ေျပာင္းလဲသြားခဲ့ၿပီးျဖစ္သည္။.....

ထို႔အျပင္ တျခားေသာ ကြာျခားခ်က္မ်ားသည္ကား အလြန္ႀကီးမားေသး၏။ ဥပမာအားျဖင့္.......

မန္ေနဂ်ာမာက ေက်နပ္ဂုဏ္ယူစြာေျပာသည္။

"ႏ်န္ေလး ၊မင္းေသခ်ာေပါက္သိမွာမဟုတ္ဘူး၊ ေဘာ့စ္ခ်န္းမွာ သၾကားေဘဘီရွိတယ္ဆိုတာကို!"

ရႊီႏ်န္က မ်က္ေတာင္ခတ္လိုက္ကာ တည္တည္ၿငိမ္ၿငိမ္ပင္ ေမးလိုက္သည္။

"အိုး.....ဘယ္သူမ်ားလဲဗ်?"

မန္ေနဂ်ာမာက လၽွို႔ဝ်က္စြာျဖင့္ေျပာသည္။

"မၾကာေသးခင္က အေတာ္ေလး နာမည္ႀကီးလာတဲ့ မိန္းကေလးအဆိုေတာ္အဖြဲ႕ရဲ႕ ေခါင္းေဆာင္အဆိုေတာ္တဲ့ေလ!"

ရႊီႏ်န္ : "......."

"ၿပီးခဲ့တဲ့တစ္ေခါက္ ငါအစီရင္ခံစာသြားတင္ေတာ့ ေဘာ့စ္ခ်န္းရဲ႕ စားပြဲေပၚမွာ တင္ထားတဲ့ မိန္းကေလးအဖြဲ႕ရဲ႕ ေဖ်ာ္ေျဖပြဲလက္မွတ္ေတြကို ေတြ႕ခဲ့တယ္!"

မန္ေနဂ်ာမာက ေျပာသည္။

"......"

ရႊီႏ်န္သည္ ထို မိန္းကေလးအဖြဲ႕အား အမွန္တကယ္ႀကိဳက္သူမွာ သူသာျဖစ္ေၾကာင္း ေျပာျပလိုက္ရန္ အေတာ္ေလး ရွက္ရြံ႕ေနမိသည္........ေဖ်ာ္ေျဖပြဲလက္မွတ္အား သူတို႔ခ်ိန္းေတြ႕ေနခ်ိန္တြင္းမွာ မွာယူခဲ့တာျဖစ္ကာ ရႊီႏ်န္သည္ ပြဲအတြင္း တျခားေသာ ပရိတ္သတ္မ်ားႏွင့္အတူ da call*မ်ား မနားတမ္း ျပင္းျပင္းထန္ထန္ ေအာ္ဟစ္အားေပးခဲ့သည္ေၾကာင့္  ေဖ်ာ္ေျဖပြဲၾကည့္ၿပီးေနာက္ တစ္ပတ္ေလာက္အထိ ခ်န္းခ်န္၏ သဝန္တိုျခင္းကို ခံခဲ့ရေသးေလသည္။

မန္ေနဂ်ာမာက ရုတ္တရတ္ တစုံတစ္ရာသတိရသြားကာ အံ့အားသင့္စြာ ေျပာလာသည္။

"အိုး ဟုတ္သား!ေဘာ့စ္ျပန္လာေတာ့ သူက
da call* ဆိုတာ ဘာကိုဆိုလိုတာလဲ ဆိုၿပီးလည္း ေမးေသးတယ္!"

ရႊီႏ်န္ ေခ်ာင္းဟန္႔လိုက္ကာ ေမးလိုက္သည္။

"ဒါဆို ဘယ္လို ရွင္းျပလိုက္လဲ၊ ဆရာ?"

မန္ေနဂ်ာမာက ျပန္ေျဖသည္။

"အဲဒါက ဘာကိုဆိုလိုတယ္ဆိုတာ ငါက ဘယ္လိုလုပ္သိမတဲ့လဲ? ငါဒီအတိုင္း တည့္တည့္ပဲ ဘာသာျပန္လိုက္ၿပီး ေျပာလိုက္တယ္၊ အဲဒါက ဖုန္းေခၚပါ*လို႔ ဆိုလိုတဲ့အေၾကာင္း"

ရႊီႏ်န္သက္ျပင္းခ်လိုက္ကာ ဘာမွျပန္မေျပာခ်င္ေတာ့ေပ။

မန္ေနဂ်ာမာ ျဖန္႔ခဲ့သည့္ ဤအတင္းအဖ်င္း သတင္းအခ်က္အလက္မ်ားမွာ နားႏွင့္ ပါးစပ္ မည္ေရြ႕မည္မွ်အထိ ပ်ံ႕ႏွံ႔သြားခဲ့ၿပီးမွန္း မသိႏိုင္ေပ။ သို႔ေပမဲ့ အဆုံးမွာေတာ့ သၾကားေဘဘီဆိုသည္မွာ ေခါင္းေဆာင္အဆိုေတာ္တစ္ေယာက္တည္းသာ မကဘဲ အဖြဲ႕၏ ရုပ္ရည္အေခ်ာဆုံးသူ၊ ေခါင္းေဆာင္အကသမား၊ ႏွင့္ အဓိက ဟာသျပဳလုပ္သူ တို႔ပါ အပါအဝင္ျဖစ္လာခဲ့ေလေတာ့သည္။ အတင္းအဖ်င္းမ်ားသည္ မိန္းကေလးအဖြဲ႕၏ ရုပ္ရည္မွအစ အရပ္အျမင့္မ်ားအထိ စီစစ္ခြဲျခားလာခဲ့ၾကကာ  အဆုံးသတ္မွာေတာ့ ေဘာ့စ္သည္ အဖြဲ႕ဝင္မိန္းကေလးအားလုံးအား ခ်ဳပ္ကိုင္ထားသည္မွာ ျဖစ္ႏိုင္ေခ်အရွိဆုံးဟူ၍ ေကာက္ခ်က္ခ်လိုက္ၾကေတာ့သည္။

ရႊီႏ်န္ : "......."

သူေတြးလိုက္မိသည္။
'ခင္ဗ်ားတို႔ရဲ႕ ေဘာ့စ္က အရွက္အေၾကာက္ႀကီးတဲ့ မိန္းမငယ္ေလးလိုမ်ိဳး မဂၤလာဦးညမွာ ကၽြန္ေတာ္ဆီကိုပဲလာမွာ။ တျခားလူ ငါးေယာက္ ေျခာက္ေယာက္ရွိဦးမယ္? ......အိပ္မက္ထဲမွာပဲ ျဖစ္ႏိုင္လိမ့္မယ္'

အပန္းေျဖအရီးတစ္ခုလုံးအား ခ်န္းခ်န္မွ စီစဥ္ေပးခဲ့တာျဖစ္ၿပီး ျဖဳန္းတီးမႈမ်ားေၾကာင့္ပင္ အလုပ္သမားဒါဇင္ေက်ာ္တို႔သည္ တစ္ေယာက္ တစ္ခန္းက်စီတည္းခိုခြင့္ ရခဲ့ၾကေလသည္။ ရႊီႏ်န္က အခန္းေသာ့ယူၿပီး သြားေတာ့မည့္အခ်ိန္တြင္ ခ်န္သိေရာက္လာခဲ့သည္။

"ငါ့ကိုေပး"

အတြင္းေရးမႉးခ်န္က ကၽြမ္းက်င္ဝန္ထမ္း ပီသစြာပင္၊

"မင္းနဲ႔ ေဘာ့စ္က အခန္းမွ်သုံးရမွာ"

ရႊီႏ်န္က ပတ္ပတ္လည္ကို တစ္ခ်က္ေဝ့ၾကည့္လိုက္ၿပီး၊

"ခ်န္းခ်န္က ဘယ္မွာလဲ?"

ခ်န္သိက တိုးညႇင္းစြာ ေျပာသည္။

"သူ မေပ်ာ္မရႊင္ျဖစ္ေနတယ္၊ ျမန္ျမန္သြားၿပီး သူ႔ကို ႏွစ္သိမ့္ေပးလိုက္ဦး"

ရႊီႏ်န္ : "....."

ေဘာ့စ္သည္ တကယ္ေတာ့ သာမန္ဝန္ထမ္းမ်ားႏွင့္ ကြဲျပားေနဆဲျဖစ္ကာ သူတည္းခိုသည့္ အခန္းသည္ကား အေကာင္းဆုံးေသာ presidential suite* ပင္ျဖစ္သည္။ ရႊီႏ်န္သည္ keypad တံခါးေသာ့ထဲသို႔ လၽွဳိ႕ဝွက္နံပါတ္ ရိုက္ထည့္ကာ တံခါးဖြင့္ၿပီး အခန္းထဲသို႔ ဝင္သြားလိုက္သည္၊ ခ်န္းခ်န္က မည္သည့္ေနရာတြင္ ရွိေနသည္ကို သူေသခ်ာ မသိေခ်။

သူသည္ သူခိုးတစ္ေယာက္ကဲ့သို႔ ေျခေဖာ့ေလွ်ာက္ကာ အတြင္းဘက္အက်ဆုံးအခန္း အိပ္ရာထက္တြင္ရွိေနသည့္  ေဘာ့စ္ႀကီးအား မေတြ႕ရခင္အထိ အခန္း တစ္ခုခ်င္းစီကို လိုက္ရွာလိုက္သည္။

ရႊီႏ်န္က မဝ့ံမရဲျဖင့္ ဂရုတစိုက္ အနားကပ္သြားလိုက္သည္။

ခ်န္းခ်န္က မ်က္လုံးတို႔ကို မွိတ္ထားလ်က္ရွိၿပီး သူ႔နဖူးအေရျပားကို တြန္႔ထားသည္မွာ မ်က္ခုံးႏွစ္ခုၾကားတြင္ ေတာင္(山)တစ္လုံးပုံစံ ေပၚေနသည္အထိပင္။ ၎မွာ ဘယ္လိုပင္ၾကည့္ၾကည့္ စိတ္ဆိုးေဒါသ စိတ္အေႏွာင့္အယွက္မ်ားျဖင့္ အိပ္ေပ်ာ္သြားရသူတစ္ဦး၏ အသြင္အျပင္ပင္ျဖစ္ေလသည္။ ၎က နဂိုအတိုင္းျပန္ျဖစ္သြားျပန္ကာ ထိုသည္က အိပ္မေပ်ာ္ခင္တြင္ ႏို႔မေသာက္လိုက္ရသည့္ ကေလးေပါက္စေလး အိပ္ေပ်ာ္ေနသကဲသို႔ပင္။

ရႊီႏ်န္က ထိုအေၾကာင္းအား ခဏမွ်စဥ္းစားလိုက္ၿပီးေနာက္ အိပ္ရာထဲသို႔မသြားမီ ေရအရင္ခ်ိဳးလိုက္ရန္ ဆုံးျဖတ္လိုက္သည္။ သို႔ေပေသာ္လည္း အဝတ္အစား တစ္ဝက္ခန္႔ ခၽြတ္ၿပီးခ်ိန္တြင္ သူ႔ဖုန္းကတုန္လာေလသည္။ ရႊီႏ်န္က ေရခ်ိဳးခန္းထဲသို႔သြားကာ ဖုန္းကို ထုတ္ၾကည့္လိုက္ခ်ိန္တြင္ ေခၚဆိုသူမွာ 'မန္ေနဂ်ာမာ' ျဖစ္သည္ကို ေတြ႕လိုက္ရသည္။

"အာ..ေရွာင္ႏ်န္ႏ်န္ "

မန္ေနဂ်ာမာ၏ အသံက အေတာ္ေလး ဖ်က္လက္တတ္ႂကြေနကာ အသက္ေလးဆယ္ေက်ာ္ လူလတ္ပိုင္းတစ္ေယာက္ဟု မထင္ရေပ။

"ဆင္းလာၿပီး ေရလာကူးပါလား၊ အမ်ိဳးသမီးေတြအားလုံးက မင္းကို ေစာင့္ေနၾကတယ္!"

ရႊီႏ်န္ ေခါင္းကိုက္သြားသည္။

"မန္ေနဂ်ာမာ......ကၽြန္ေတာ္ အိပ္ခ်င္ေနလို႔"

"ဘာလို႔အိပ္မွာလဲ လူငယ္ေလးရာ?မင္းအခန္းနံပါတ္က ဘယ္ေလာက္လဲ ? ငါမင္းကို လာေခၚမယ္"

ရႊီႏ်န္သက္ျပင္းခ်လိုက္ကာ အေလ်ာ့ေပးရုံသာတတ္ႏိုင္ေတာ့သည္။

"ဒါျဖင့္ ခဏေစာင့္ပါ၊ ကၽြန္ေတာ္ဆင္းလာခဲ့မယ္"

သူဖုန္းခ်လိုက္ၿပီး ကံၾကမၼာကိုလက္ခံလိုက္ကာ သူ႔အက်ႌကို ျပန္ဝတ္လိုက္ၿပီး အျပင္ထြက္ရန္အသင့္ျပင္လိုက္သည္။ ေရခ်ိဳးခန္းတံခါးဖြင့္လိုက္ခ်ိန္တြင္ သူပထမဆုံးျမင္လိုက္ရသည္က မုန္းတိုင္းထန္သည့္မ်က္ႏွာျဖင့္ အိပ္ရာထက္တြင္ ထိုင္ေနသည့္ ခ်န္းခ်န္ကိုပင္။

"......"

ရႊီႏ်န္သည္ အနည္းငယ္ အျပစ္ရွိသလို ခံစားလိုက္ရကာ ေမးလိုက္သည္။

"ခင္ဗ်ားႏိုးၿပီလား?"

ခ်န္းခ်န္ : "ဟမ့္!"

ရႊီႏ်န္ သူ႔အား စိတ္ေက်နပ္ေစရန္ႀကိဳးစားသည့္အေနျဖင့္ ေျပာလိုက္သည္။

"ခင္ဗ်ား ေရသြားကူးခ်င္လားဟင္?"

ခ်န္းခ်န္က ဘာမွျပန္မေျပာဘဲ သူ႔အား ေအးစက္စြာစိုက္ၾကည့္ေန၏။

ရႊီႏ်န္က တခဏမၽွစဥ္းစားလိုက္ကာ ရလဒ္အားဂရုမစိုက္ေတာ့ဘဲ ဂရုတစိုက္ျဖင့္သတိထားေနမႈမ်ားအားလုံးကို ေလထဲဝဲပစ္လိုက္ကာ ေျပာလိုက္သည္။

"အတူသြားရေအာင္ေလ၊ ကၽြန္ေတာ့္ရဲ႕ ေရကူးဝတ္စုံအတိုကို ခင္ဗ်ားကိုျပမယ္"

ခ်န္းခ်န္ "......"

T/N

အိပ္ : ရိုးရိုးအိပ္တာမဟုတ္ဘဲ ဟိုလိုအိပ္တာကိုေျပာတာပါေနာ္☻

မပူလြန္း မေအးလြန္း :ရည္းစားမက် သၾကားသားအဖ ဆက္ဆံေရးမကေပါ့။ သၾကားသားအဖ မဟုတ္ေတာ့ေပမယ့္ တရားဝင္ခ်စ္သူေတြလည္း မျဖစ္ေသးတဲ့ အလယ္အလတ္မွာပဲရွိေသးတာကိုေျပာတာပါ။

(da call) : (hit Call) 打call ဆိုတာက ငါတို႔မင္းကိုခ်စ္တယ္၊မင္းရဲ႕သီခ်င္း ဒါမွမဟုတ္ မင္းက အေကာင္းဆုံးပဲ စသည္ျဖင့္ ေျပာတာ၊ ေခၚတာမ်ိဳးကို ဆိုလိုပါတယ္။ ဂ်ပန္ဗာရွင္းမွာဆို Wotagei/Otagei စတဲ့ စကားစုေတြပါ။
တိုတိုေျပာရရင္ စင္ေအာက္မွာ ကိုယ့္ idol ကို ေအာ္ဟစ္အားေပးတဲ့စကားစုေတြကို ဆိုလိုပါတယ္။

ဖုန္းေခၚပါ : (make a phone call) 打call/da call ကို မန္ေနဂ်ာမာက 打电话 ဆိုၿပီး တိုက္ရိုက္ေျပာင္းၿပီး ဘာသာျပန္လိုက္တာပါ။ ဖုန္းေခၚသည္၊ ဖုန္းေခၚပါ ဆိုၿပီးအဓိပၸါယ္ရပါတယ္။
မွာေနတာရွိရင္ ေထာက္ျပေပးပါေနာ္။

presidential suite: သမၼတနဲ႔ ႏိုင္ငံေခါင္းေဆာင္ေတြ တည္းခိုဖို႔ သင့္ေတာ္တဲ့ ဟိုတယ္ေတြရဲ႕ အေကာင္းဆုံးအခန္း။

ဇီခ်ဥ္သီးစြပ္ျပဳတ္ :စြပ္ျပဳတ္ဆိုေပမယ့္ အေအးနဲ႔ပိုတူပါတယ္။ အရသာက ခ်ဥ္ခ်ိဳေလးျဖစ္ၿပီး ပူေနတဲ့အခ်ိန္မွာ အရမ္းေသာက္လို႔ေကာင္းတဲ့ ေဖ်ာ္ရည္ေပါ့။တရုတ္အပူပိုင္းေဒသေတြမွာ အမ်ားဆုံးေသာက္တတ္ၾကပါတယ္။

________________

Uni

"ငါ့ရဲ့ သကြားဖေဖေက ငါနဲ့အိပ်*လာဖို့ ဘယ်လိုလုပ်ရမလဲ"
ဆိုသည်မှာ ရွှီနျန်လက်ရှိ ရင်ဆိုင်နေရသည့် အကြီးမားဆုံးသော ပြသနာကြီးပင်ဖြစ်သည်။ သို့သော် အဓိကအချက်မှာ သူက ဘယ်လောက်ပင် ထက်မြတ်ပြီး ဂရုတစိုက်စဉ်းစားတတ်သူဖြစ်ပါစေ သူ၏ မြူဆွယ်ဖြားယောင်းသည့် စွမ်းရည်ကတော့ တိုးတက်ဖြစ်ထွန်းလာမှုမရှိဘဲ ပြောရလျှင် အိပ်ရာထက်၌ တစ်စုံတစ်ယောက်အား မြူဆွယ်ဖြားယောင်းသည့် သူ၏ စွမ်းရည်က ပြောပလောက်စရာမရှိလောက်အောင် အတော်လေးကို နိမ့်လေသည်။

ထို့ကြောင့်ပင် ထိုကိစ္စအား ထိုအတိုင်းရွှေ့ဆိုင်း အချိန်ဆွဲနေခဲ့သည်မှာ နွေရာသီထိတိုင်အောင်ပင် ဖြစ်သည်။ သူနှင့် ချန်းချန်၏ ဆက်ဆံရေးသည်ကား ယခုတိုင် မပူလွန်း မအေးလွန်း*သည့် ဆုံမှတ်တစ်ခုတွင် ရှိနေခဲ့သည်။ သူတို့အတူ စားသောက်သည်။ အိပ်သည်(ရိုးရိုး)၊ အတူ လည်ပတ်သည်။ ထို့အပြင် တစ်ခါတစ်ရံတွင် အနမ်းများလည်း ဖလှယ်တတ်ကြပြီး လက်လည်း ကိုင်ထားတတ်ကြ၏။ သို့ပေမဲ့ ထိုလုပ်ဆောင်ချက်များ၏ အကြိမ်တိုင်းလိိုလို နီးပါးကတော့ ရွှီနျန်မှအစပြုခဲ့သည်များသာဖြစ်ပြီး ထိုသို့သောလုပ်ဆောင်ချက်များ ပြီးဆုံးချိန်တိုင်းမှာတော့ ချန်းချန်ထံမှ "မသင့်လျှော်လိုက်တာ" ဟူ၍ အဆူငေါက်ခံရလိမ့်မည်လည်း ဖြစ်လေသည်။

တကယ်ကိုပင် ၊ ရွှီနျန်သည် သူတို့၏ ဆက်ဆံရေးသည်ကား ဆိုးဝါးကြမ်းတမ်းစွာ အစပြုခဲ့သည့်အတွက်ကြောင့် ဤကဲ့သို့ သန့်စင်ကာ သင့်တင့်လျောက်ပတ်သည့် အဖြူထည် ဆက်ဆံရေးတစ်ခု ဖြစ်ပေါ် တိုးတက်လာခဲ့ခြင်းသည် အလွန်ကိုမှ အံ့အားသင့်ဖွယ်ရာ ကံကြမ္မာအမျိုးအစားပင် ဖြစ်သည်ဟု ခံစားရလေသည်။

ရွှီနျန် တတိယနှစ်ရောက်သောအခါ  အလုပ်သင်ဆင်းရန်အတွက် စတင် ပြင်ဆင်နေခဲ့ပြီဖြစ်သည်။ ချန်းချန်သည် ဤကိစ္စအပေါ် သူ့ထက်ပို၍ပင် စိတ်ဝင်စားပူပန်နေခဲ့ကာ သူ့ပိုင်ကုမ္ပဏီသို့ ဝင်ရောက်လာနိုင်စေရန် သူ့အတွက် အစောကြီးကတည်းက စီစဉ်ပေးခဲ့လေသည်။

သူဝင်ရောက်ရမည့် ဌာနမှာ မားကတ်တင်း(စျေးကွက်ရှာဖွေရေး) ဌာနဖြစ်သည်။ ထိုနေရာတွင် ရွှီနျန်တွင် ရှိနေနိုင်သည့် ကျောထောက်နောက်ခံနှင့် ပတ်သတ်၍ ပြောဆိုသူများ မရှိမဟုတ် ရှိသည်ဖြစ်ပေမဲ့ သူသည် B တက္ကသိုလ်မှ အဆင့်မြင့်ပညာတတ်ကျောင်းသားဖြစ်ကာ အပြုအမူတို့သည်လည်း ပညာတတ်ဆန်သည်မို့ ထိုသို့ ရှုပ်ထွေးစွာတွေးကြသူများသည် သိပ်မများပေ။

မားကတ်တင်းဌာနရှိ မန်နေဂျာ၏ နောက်ဆုံးနာမည်သည် 'မာ' ဟူ၍ဖြစ်သည်။ ချန်းချန်၏ ကုမ္ပဏီတွင် တစ်နှစ်တာ၏ နှစ်ဝက်တိုင်း၌ ကုမ္ပဏီ၏လေ့လာရေးခရီး အစီစဉ်ရှိပြီး ဤတစ်ကြိမ်ကတော့ အပူရှောင်ရန် မြို့ပြင်အားလပ်ရက်ခရီးစဉ်သွားကြမည်ဖြစ်၏။

ရွှီနျန်သည် မားကတ်တင်းဌာနဘတ်စ်ကားဖြင့် လိုက်ပါမည်ဖြစ်ကာ ထို့ကြောင့်ပင် ချန်းချန်သည် ကြီးသည်လည်းမဆိုသာ သေးလည်းမသေးသည့်  ပြသနာများရှာလေတော့သည်။

ရွှီနျန်သည် ထိုလူကြီးအား အတော်လေးကြာအောင် ချော့မော့လိုက်ရကာ အဆုံးမှာတော့ သူမသွားသေးခင်၊ ထိုလူကြီးသတိမထားမိသည့် အချိန်လေးတွင် ထိုလူကြီး၏ပါးကို နမ်လိုက်လေသည်။

"ကျွန်တော်တို့ဟိုကိုရောက်ရင် တစ်ခန်းတည်း နေရမှာပဲလေ"

ရွှီနျန်က ထိုလူကြီး၏ လည်ပင်းထက်တွင် နှာခေါင်းလေးဖြင့် ပွတ်သီးပွတ်သပ်လုပ်နေလျက်၊

"ကျွန်တော် အပူလျှပ်တာ ကာကွယ်ရအောင် ဇီးချဉ်သီးစွပ်ပြုတ် နည်းနည်းယူလာခဲ့တယ်"

ချန်းချန်က လိုက်လိုက်လျောလျောပင် အနမ်းခံလိုက်ပေမဲ့ ကားနောက်ခန်းခုံပေါ်တွင် ရှိနေသည့် သူ့ခြေထောက်တွေကတော့ ထိန်းချုပ်မရနိုင်စွာ လှုပ်နေခဲ့လေသည်။ သို့ပေမဲ့ ထိုကိစ္စနှင်ပတ်သတ်၍ လူရှေ့တွင်တော့ သူက တင်းမာနေဆဲဖြစ်ကာ ဖုံးကွယ်ထားနိုင်ရန် နှာမှုတ်လိုက်သေးသည်။

ရွှီနျန်က ကားထဲမှထွက်လိုက်ကာ ဘတ်စ်ကားဆီသို့ သွားလိုက်သည်။ မန်နေဂျာမာ က သူ့ကို မြင်လိုက်သည်နှင့် ချက်ချင်းပင် ပျော်ရွှင်သွားတော့သည်။

"နျန်ျန်လေး! ဒီကိုမြန်မြန်လာခဲ့! "

မန်နေဂျာမာက ကျယ်ကျယ်လောင်လောင်အော်ခေါ်လိုက်သည်။

"ဒီအစ်ကိုကြီး အစ်မကြီးတွေအတွက် သီချင်းတစ်ပုဒ်လောက် ဆိုပေးပါဦး"

ခရီးစဉ်တစ်လျှောက်လုံးတွင် ချန်းချန်၏မျက်နှာက မာကျောကာ အစိမ်းရောင်သန်းနေခဲ့ပြီး ချန်သိမှာ ထိန့်လန့်မှုများအပြည့်ဖြင့် ကားမောင်းခဲ့ရလေသည်။

"သူတို့တွေ သူ့ကို ဘယ်လိုခေါ်လိုက်တာလဲ?"

ချန်းချန်က ရုတ်တရတ်မေးလာ၏။

ချန်သိသည် သူ့ကိုယ်သူ မျက်မမြင် နားမကြားသူကဲ့သို့ ဟန်ဆောင်လိုက်ကာ တိတ်တိတ်လေးသာ နေလိုက်သည်။

ချန်းချန်က အေးစက်စက်ပြောလာသည်။

"နျန်နျန်လေး။  ပြီးတော့ သူတို့က သူ့ကို သီချင်းတစ်ပုဒ်တောင် ဆိုခိုင်းလိုက်သေးတယ်၊ သူက အရက်ဆိုင်က အရောင်းမြှင့်တင်ရေး အစီစဉ်တင်ဆက်သူမို့လို့လား?!"

ချန်သိက နောက်ကြည့်မှန်ကို တချက်လှမ်းကြည့်လိုက်ကာ အားနည်းညှင်သာစွာဖြင့် ပြောလိုက်သည်။

"အခုခေတ်မှာ အစီစဉ်တင်ဆက်သူတွေ သီချင်းမဆိုကြတော့ပါဘူး........."

ချန်းချန်က သွားကြိတ်လိုက်ကာ

"မင်းကအရမ်း နားညီးတယ်!"

ချန်သိ : "......."

ဒီတစ်ကြိမ်တွင် ကုမ္ပဏီအဖွဲ့သည် ရေကူးကန် ကလပ်၊ ဟိုတယ် ၊ လယ်ယာမြေများ၊ စားသောက်ဆိုင်များ နှင့် တိုတိုပြောရလျှင် လိုအပ်သမျှအားလုံး ရနိုင်သည့်  မြို့ပြင်ရှိ အပန်းဖြေ စခန်း တစ်ခုသို့ သွားကြမှာဖြစ်သည်။ လိုက်ပါလာခဲ့သည့် ဘတ်စ်ကားခရီးစဉ် တစ်လျှောက်လုံးတွင် ရွှီနျန်သည် ဘော့စ်၏ အတိတကျ မည်ရွေ့မည်မျှချမ်းသာသည်၊ စတော့ရှယ်ယာ ကတော့ မည်ရွှေ့မည်မျှပိုင်ဆိုင်သည် စသည်ဖြင့်....စသည်ဖြင့် လက်ရှိအခြေအနေများအား သိရှိသွားခဲ့ပြီးဖြစ်သည်။ မန်နေဂျာ မှသည် ဝန်ထမ်းများအားလုံးအထိ အားလုံး၏မျက်နှာထက်တွင် အတင်းအဖျင်းများ ဝေငှပေးရခြင်းအတွက် ထက်သန်စိတ်လှုပ်ရှားမှူများအာ အထင်အရှားမြင်နိုင်လေ၏။

နားထောင်နေသည့် ရွှီနျန်၏မျက်နှာအမူအရာသည်လည်းပဲ စိတ်လှုပ်ရှားကာ စိတ်ဝင်တစားဖြစ်နေသည်ဟု ပြောနိုင်ပေမဲ့ သူ၏ ရှူထောင့်အမြင်တွင်တော့ အားလုံးသော ကောလာဟလများနှင့် အတင်းအဖျင်းများသည် အမှန်တော့ အတိတ်မှ အတော်လေး အိုဟောင်းခဲ့ပြီးသည့် အရာများအဖြစ် ပြောင်းလဲသွားခဲ့ပြီးဖြစ်သည်။.....

ထို့အပြင် တခြားသော ကွာခြားချက်များသည်ကား အလွန်ကြီးမားသေး၏။ ဥပမာအားဖြင့်.......

မန်နေဂျာမာက ကျေနပ်ဂုဏ်ယူစွာပြောသည်။

"နျန်လေး ၊မင်းသေချာပေါက်သိမှာမဟုတ်ဘူး၊ ဘော့စ်ချန်းမှာ သကြားဘေဘီရှိတယ်ဆိုတာကို!"

ရွှီနျန်က မျက်တောင်ခတ်လိုက်ကာ တည်တည်ငြိမ်ငြိမ်ပင် မေးလိုက်သည်။

"အိုး.....ဘယ်သူများလဲဗျ?"

မန်နေဂျာမာက လျှို့ဝျက်စွာဖြင့်ပြောသည်။

"မကြာသေးခင်က အတော်လေး နာမည်ကြီးလာတဲ့ မိန်းကလေးအဆိုတော်အဖွဲ့ရဲ့ ခေါင်းဆောင်အဆိုတော်တဲ့လေ!"

ရွှီနျန် : "......."

"ပြီးခဲ့တဲ့တစ်ခေါက် ငါအစီရင်ခံစာသွားတင်တော့ ဘော့စ်ချန်းရဲ့ စားပွဲပေါ်မှာ တင်ထားတဲ့ မိန်းကလေးအဖွဲ့ရဲ့ ဖျော်ဖြေပွဲလက်မှတ်တွေကို တွေ့ခဲ့တယ်!"

မန်နေဂျာမာက ပြောသည်။

"......"

ရွှီနျန်သည် ထို မိန်းကလေးအဖွဲ့အား အမှန်တကယ်ကြိုက်သူမှာ သူသာဖြစ်ကြောင်း ပြောပြလိုက်ရန် အတော်လေး ရှက်ရွံ့နေမိသည်........ဖျော်ဖြေပွဲလက်မှတ်အား သူတို့ချိန်းတွေ့နေချိန်တွင်းမှာ မှာယူခဲ့တာဖြစ်ကာ ရွှီနျန်သည် ပွဲအတွင်း တခြားသော ပရိတ်သတ်များနှင့်အတူ da call*များ မနားတမ်း ပြင်းပြင်းထန်ထန် အော်ဟစ်အားပေးခဲ့သည်ကြောင့်  ဖျော်ဖြေပွဲကြည့်ပြီးနောက် တစ်ပတ်လောက်အထိ ချန်းချန်၏ သဝန်တိုခြင်းကို ခံခဲ့ရသေးလေသည်။

မန်နေဂျာမာက ရုတ်တရတ် တစုံတစ်ရာသတိရသွားကာ အံ့အားသင့်စွာ ပြောလာသည်။

"အိုး ဟုတ်သား!ဘော့စ်ပြန်လာတော့ သူက
da call* ဆိုတာ ဘာကိုဆိုလိုတာလဲ ဆိုပြီးလည်း မေးသေးတယ်!"

ရွှီနျန် ချောင်းဟန့်လိုက်ကာ မေးလိုက်သည်။

"ဒါဆို ဘယ်လို ရှင်းပြလိုက်လဲ၊ ဆရာ?"

မန်နေဂျာမာက ပြန်ဖြေသည်။

"အဲဒါက ဘာကိုဆိုလိုတယ်ဆိုတာ ငါက ဘယ်လိုလုပ်သိမတဲ့လဲ? ငါဒီအတိုင်း တည့်တည့်ပဲ ဘာသာပြန်လိုက်ပြီး ပြောလိုက်တယ်၊ အဲဒါက ဖုန်းခေါ်ပါ*လို့ ဆိုလိုတဲ့အကြောင်း"

ရွှီနျန်သက်ပြင်းချလိုက်ကာ ဘာမှပြန်မပြောချင်တော့ပေ။

မန်နေဂျာမာ ဖြန့်ခဲ့သည့် ဤအတင်းအဖျင်း သတင်းအချက်အလက်များမှာ နားနှင့် ပါးစပ် မည်ရွေ့မည်မျှအထိ ပျံ့နှံ့သွားခဲ့ပြီးမှန်း မသိနိုင်ပေ။ သို့ပေမဲ့ အဆုံးမှာတော့ သကြားဘေဘီဆိုသည်မှာ ခေါင်းဆောင်အဆိုတော်တစ်ယောက်တည်းသာ မကဘဲ အဖွဲ့၏ ရုပ်ရည်အချောဆုံးသူ၊ ခေါင်းဆောင်အကသမား၊ နှင့် အဓိက ဟာသပြုလုပ်သူ တို့ပါ အပါအဝင်ဖြစ်လာခဲ့လေတော့သည်။ အတင်းအဖျင်းများသည် မိန်းကလေးအဖွဲ့၏ ရုပ်ရည်မှအစ အရပ်အမြင့်များအထိ စီစစ်ခွဲခြားလာခဲ့ကြကာ  အဆုံးသတ်မှာတော့ ဘော့စ်သည် အဖွဲ့ဝင်မိန်းကလေးအားလုံးအား ချုပ်ကိုင်ထားသည်မှာ ဖြစ်နိုင်ချေအရှိဆုံးဟူ၍ ကောက်ချက်ချလိုက်ကြတော့သည်။

ရွှီနျန် : "......."

သူတွေးလိုက်မိသည်။
'ခင်ဗျားတို့ရဲ့ ဘော့စ်က အရှက်အကြောက်ကြီးတဲ့ မိန်းမငယ်လေးလိုမျိုး မင်္ဂလာဦးညမှာ ကျွန်တော်ဆီကိုပဲလာမှာ။ တခြားလူ ငါးယောက် ခြောက်ယောက်ရှိဦးမယ်? .....အိပ်မက်ထဲမှာပဲ ဖြစ်နိုင်လိမ့်မယ်'

အပန်းဖြေအရီးတစ်ခုလုံးအား ချန်းချန်မှ စီစဉ်ပေးခဲ့တာဖြစ်ပြီး ဖြုန်းတီးမှုများကြောင့်ပင် အလုပ်သမားဒါဇင်ကျော်တို့သည် တစ်ယောက် တစ်ခန်းကျစီတည်းခိုခွင့် ရခဲ့ကြလေသည်။ ရွှီနျန်က အခန်းသော့ယူပြီး သွားတော့မည့်အချိန်တွင် ချန်သိရောက်လာခဲ့သည်။

"ငါ့ကိုပေး"

အတွင်းရေးမှူးချန်က ကျွမ်းကျင်ဝန်ထမ်း ပီသစွာပင်၊

"မင်းနဲ့ ဘော့စ်က အခန်းမျှသုံးရမှာ"

ရွှီနျန်က ပတ်ပတ်လည်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး၊

"ချန်းချန်က ဘယ်မှာလဲ?"

ချန်သိက တိုးညှင်းစွာ ပြောသည်။

"သူ မပျော်မရွှင်ဖြစ်နေတယ်၊ မြန်မြန်သွားပြီး သူ့ကို နှစ်သိမ့်ပေးလိုက်ဦး"

ရွှီနျန် : "....."

ဘော့စ်သည် တကယ်တော့ သာမန်ဝန်ထမ်းများနှင့် ကွဲပြားနေဆဲဖြစ်ကာ သူတည်းခိုသည့် အခန်းသည်ကား အကောင်းဆုံးသော presidential suite* ပင်ဖြစ်သည်။ ရွှီနျန်သည် keypad တံခါးသော့ထဲသို့ လျှို့ဝှက်နံပါတ် ရိုက်ထည့်ကာ တံခါးဖွင့်ပြီး အခန်းထဲသို့ ဝင်သွားလိုက်သည်၊ ချန်းချန်က မည်သည့်နေရာတွင် ရှိနေသည်ကို သူသေချာ မသိချေ။

သူသည် သူခိုးတစ်ယောက်ကဲ့သို့ ခြေဖော့လျှောက်ကာ အတွင်းဘက်အကျဆုံးအခန်း အိပ်ရာထက်တွင်ရှိနေသည့်  ဘော့စ်ကြီးအား မတွေ့ရခင်အထိ အခန်း တစ်ခုချင်းစီကို လိုက်ရှာလိုက်သည်။

ရွှီနျန်က မဝ့ံမရဲဖြင့် ဂရုတစိုက် အနားကပ်သွားလိုက်သည်။

ချန်းချန်က မျက်လုံးတို့ကို မှိတ်ထားလျက်ရှိပြီး သူ့နဖူးအရေပြားကို တွန့်ထားသည်မှာ မျက်ခုံးနှစ်ခုကြားတွင် တောင်(山)တစ်လုံးပုံစံ ပေါ်နေသည်အထိပင်။ ၎င်းမှာ ဘယ်လိုပင်ကြည့်ကြည့် စိတ်ဆိုးဒေါသ စိတ်အနှောင့်အယှက်များဖြင့် အိပ်ပျော်သွားရသူတစ်ဦး၏ အသွင်အပြင်ပင်ဖြစ်လေသည်။ ၎င်းက နဂိုအတိုင်းပြန်ဖြစ်သွားပြန်ကာ ထိုသည်က အိပ်မပျော်ခင်တွင် နို့မသောက်လိုက်ရသည့် ကလေးပေါက်စလေး အိပ်ပျော်နေသကဲသို့ပင်။

ရွှီနျန်က ထိုအကြောင်းအား ခဏမျှစဉ်းစားလိုက်ပြီးနောက် အိပ်ရာထဲသို့မသွားမီ ရေအရင်ချိုးလိုက်ရန် ဆုံးဖြတ်လိုက်သည်။ သို့ပေသော်လည်း အဝတ်အစား တစ်ဝက်ခန့် ချွတ်ပြီးချိန်တွင် သူ့ဖုန်းကတုန်လာလေသည်။ ရွှီနျန်က ရေချိုးခန်းထဲသို့သွားကာ ဖုန်းကို ထုတ်ကြည့်လိုက်ချိန်တွင် ခေါ်ဆိုသူမှာ 'မန်နေဂျာမာ' ဖြစ်သည်ကို တွေ့လိုက်ရသည်။

"အာ..ရှောင်နျန်နျန် "

မန်နေဂျာမာ၏ အသံက အတော်လေး ဖျက်လက်တတ်ကြွနေကာ အသက်လေးဆယ်ကျော် လူလတ်ပိုင်းတစ်ယောက်ဟု မထင်ရပေ။

"ဆင်းလာပြီး ရေလာကူးပါလား၊ အမျိုးသမီးတွေအားလုံးက မင်းကို စောင့်နေကြတယ်!"

ရွှီနျန် ခေါင်းကိုက်သွားသည်။

"မန်နေဂျာမာ......ကျွန်တော် အိပ်ချင်နေလို့"

"ဘာလို့အိပ်မှာလဲ လူငယ်လေးရာ?မင်းအခန်းနံပါတ်က ဘယ်လောက်လဲ ? ငါမင်းကို လာခေါ်မယ်"

ရွှီနျန်သက်ပြင်းချလိုက်ကာ အလျော့ပေးရုံသာတတ်နိုင်တော့သည်။

"ဒါဖြင့် ခဏစောင့်ပါ၊ ကျွန်တော်ဆင်းလာခဲ့မယ်"

သူဖုန်းချလိုက်ပြီး ကံကြမ္မာကိုလက်ခံလိုက်ကာ သူ့အကျႌကို ပြန်ဝတ်လိုက်ပြီး အပြင်ထွက်ရန်အသင့်ပြင်လိုက်သည်။ ရေချိုးခန်းတံခါးဖွင့်လိုက်ချိန်တွင် သူပထမဆုံးမြင်လိုက်ရသည်က မုန်းတိုင်းထန်သည့်မျက်နှာဖြင့် အိပ်ရာထက်တွင် ထိုင်နေသည့် ချန်းချန်ကိုပင်။

"......"

ရွှီနျန်သည် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရကာ မေးလိုက်သည်။

"ခင်ဗျားနိုးပြီလား?"

ချန်းချန် : "ဟမ့်!"

ရွှီနျန် သူ့အား စိတ်ကျေနပ်စေရန်ကြိုးစားသည့်အနေဖြင့် ပြောလိုက်သည်။

"ခင်ဗျား ရေသွားကူးချင်လားဟင်?"

ချန်းချန်က ဘာမှပြန်မပြောဘဲ သူ့အား အေးစက်စွာစိုက်ကြည့်နေ၏။

ရွှီနျန်က တခဏမျှစဉ်းစားလိုက်ကာ ရလဒ်အားဂရုမစိုက်တော့ဘဲ ဂရုတစိုက်ဖြင့်သတိထားနေမှုများအားလုံးကို လေထဲဝဲပစ်လိုက်ကာ ပြောလိုက်သည်။

"အတူသွားရအောင်လေ၊ ကျွန်တော့်ရဲ့ ရေကူးဝတ်စုံအတိုကို ခင်ဗျားကိုပြမယ်"

ချန်းချန် "......"

T/N

အိပ် : ရိုးရိုးအိပ်တာမဟုတ်ဘဲ ဟိုလိုအိပ်တာကိုပြောတာပါနော်☻

မပူလွန်း မအေးလွန်း :ရည်းစားမကျ သကြားသားအဖ ဆက်ဆံရေးမကပေါ့။ သကြားသားအဖ မဟုတ်တော့ပေမယ့် တရားဝင်ချစ်သူတွေလည်း မဖြစ်သေးတဲ့ အလယ်အလတ်မှာပဲရှိသေးတာကိုပြောတာပါ။

(da call) : (hit Call) 打call ဆိုတာက ငါတို့မင်းကိုချစ်တယ်၊မင်းရဲ့သီချင်း ဒါမှမဟုတ် မင်းက အကောင်းဆုံးပဲ စသည်ဖြင့် ပြောတာ၊ ခေါ်တာမျိုးကို ဆိုလိုပါတယ်။ ဂျပန်ဗာရှင်းမှာဆို Wotagei/Otagei စတဲ့ စကားစုတွေပါ။
တိုတိုပြောရရင် စင်အောက်မှာ ကိုယ့် idol ကို အော်ဟစ်အားပေးတဲ့စကားစုတွေကို ဆိုလိုပါတယ်။

ဖုန်းခေါ်ပါ : (make a phone call) 打call/da call ကို မန်နေဂျာမာက 打电话 ဆိုပြီး တိုက်ရိုက်ပြောင်းပြီး ဘာသာပြန်လိုက်တာပါ။ ဖုန်းခေါ်သည်၊ ဖုန်းခေါ်ပါ ဆိုပြီးအဓိပ္ပါယ်ရပါတယ်။
မှာနေတာရှိရင် ထောက်ပြပေးပါနော်။

presidential suite: သမ္မတနဲ့ နိုင်ငံခေါင်းဆောင်တွေ တည်းခိုဖို့ သင့်တော်တဲ့ ဟိုတယ်တွေရဲ့ အကောင်းဆုံးအခန်း။

ဇီချဉ်သီးစွပ်ပြုတ် :စွပ်ပြုတ်ဆိုပေမယ့် အအေးနဲ့ပိုတူပါတယ်။ အရသာက ချဉ်ချိုလေးဖြစ်ပြီး ပူနေတဲ့အချိန်မှာ အရမ်းသောက်လို့ကောင်းတဲ့ ဖျော်ရည်ပေါ့။တရုတ်အပူပိုင်းဒေသတွေမှာ အများဆုံးသောက်တတ်ကြပါတယ်။

Continue Reading

You'll Also Like

4.8K 92 18
Basically a bunch of totcf one shots for whenever I wanna write a story but don't wanna write a long one👍 Fluff bc I love it +maybe some angst idk y...
84.1K 7.6K 71
နောင်ဘ၀မင်းနဲ့မဆုံချင်တော့ဘူး၏ ဘာသာပြန် (အတွဲ၂)လေးပါ cover photo...credit pinterest
1.7K 308 9
အရှင်ဟာသူဆိုက်ကပ်ချင်တဲ့ ဆိပ်ကမ်းမြို့လေးတစ်ခုဖြစ်ပြီး ဘယ်တော့မှထွက်ခွာမသွားချင်တဲ့ ဘူတာရုံလေးလည်းဖြစ်တယ်။ သူဟာဘတ်စ်ကားထဲက ခရီးသည်တစ်ယောက်သာဆို အရှင...
114K 5.8K 34
|| 𝑹𝒐𝒎𝒂𝒏𝒄𝒆 || || 𝑴𝒂𝒇𝒊𝒂 𝒂𝒖 || || 𝑶𝒃𝒔𝒆𝒔𝒔𝒊𝒐𝒏 || "𝒀𝒐𝒖 𝒈𝒂𝒗𝒆 𝒎𝒆 𝒂 𝒏𝒆𝒘 𝒍𝒊𝒇𝒆 𝒕𝒉𝒂𝒕 𝒊 𝒏𝒆𝒗𝒆𝒓 𝒊𝒎𝒂𝒈𝒊𝒏𝒆𝒅...