Sewing Machine's Love Story (...

By LuuLuu252

131K 20.5K 828

Author : Jing Shui Bian EN translator: Rinisnotgold Chapters: 24 Chapters All Credit to Original Author and... More

Story Description
Chap 1 (Part 1)
Chap 1(Part 2)
Chap 2
Chap 3
Chap 4
Chap 5
Chap 6
Chap 7
Chap 8
Chap 9
Chap 10
Chap 11
Chap 12
Chap 13
Chap 14
Chap 15
Chap 16
Chap 17
Chap 18
Chap 19
Chap 20
Chap 21
Chap 22
Chap 23 (Part 2)
Chap 24 (Part 1)
Chap 24 (Final Part)
Recommend Please!!

Chap 23 (Part 1)

3.6K 624 35
By LuuLuu252

Zaw

ရႊီႏ်န္အတြက္၊ ဤထမင္းဝိုင္းသည္ ကိုးရိုးကားရားႏိုင္ေသာ အဆင္မေျပမႈအခ်ိဳ႕ႏွင့္ ၿပီးဆုံးသြားခဲ့ၿပီး....ကိုးရိုးကားရားႏိုင္ေစသည့္  အဓိကအခ်က္မွာ လီဖန္၏ အလြန္အကၽြံျဖစ္လုနီးပါး လိွုက္လွဲပ်ဴငွာျခင္းႏွင့္ စိတ္ခံစားမႈတို႔ေၾကာင့္ပင္။..... တကယ္ေတာ့ သူ႔မိခင္သည္ သူႏွင့္ ခ်န္းခ်န္း၏ ဆက္ဆံေရးအမွန္ကို မသိခဲ့ေပ။ သို႔ေပမဲ့ သူမက ထို 'ႏြားလို ျမင္းလို အလုပ္လုပ္' ဆိုသည့္စကားကို ေျပာလိုက္ခ်ိန္တြင္ ရႊီႏ်န္ကဲ့သို႔ အေရျပားထူ*သူကိုေတာင္မွ မ်က္ႏွာတစ္စစီေၾကမြသြားသလို ခံစားရေစခဲ့သည္။

တဖက္တြင္ ခ်န္းခ်န္ကိုေတာ့ လုံးဝ သက္ေရာက္မႈ မရွိခဲ့ေခ်။ သူက ပုံမွန္ပင္ စားလိုက္ ေသာက္လိုက္ျဖင့္ ရႊီႏ်န္ ခ်က္ျပဳတ္ထားေသာ ေဂၚဖီခ်ည္ငါးဟင္း ကိုပင္ ခ်ီးက်ဴးလိုက္ေသးသည္။

စားေသာက္ၿပီးေသာအခါ ခ်န္သိက ပန္ကန္ေဆး တာဝန္ခံျဖစ္သြားခဲ့သည္။လီဖန္၏ ခႏၶာကိုယ္က ေျဖးေျဖးသက္သာေနရန္ လိုအပ္ေနေသးတာေၾကာင့္ သူမက သူမအခန္းဆီသို႔ ျပန္သြားခဲ့သည္။

ရႊီႏ်န္က ခ်န္းခ်န္ႏွင့္အတူ ဧည္ခန္းသို႔ ထြက္လာခဲ့ၿပီး တစ္ခ်ိန္တည္းမွာပင္ ခ်န္သိထြက္လာသည္ကို ေစာင့္ေနလိုက္သည္။

"ခင္ဗ်ား TV ၾကည့္ခ်င္လား?"

ရႊီႏ်န္က ရီမုတ္ကြန္ထရိုးကို ကိုင္ကာ ခ်န္နယ္မ်ားေျပာင္းေနလိုက္သည္။

ခ်န္းခ်န္က သူ၏ မ်က္ခုံးမ်ားကို တြန္႔လိုက္ၿပီး ေမး၏။

"မင္းအိမ္မွာ ကြန္ပ်ဴေတာင္ မရွိဘူးလား?"

ရႊီႏ်န္က ျပန္ေျဖသည္။

"လက္ပ္ေတာ့*တစ္လုံးေတာ့ရွိတယ္။ ကၽြန္ေတာ္တို႔ ရုပ္ရွင္ၾကည့္ရေအာင္လို႔ သြားယူလိုက္ရမလား?"

ခ်န္းခ်န္က သေဘာတူသလို မတူသလိုျဖင့္ 'ဟမ့္'ခနဲ႔ ေရရြတ္လိုက္သည္။

ဤ 'ဟမ့္'သည္ကား အေျခခံအားျဖင့္ 'အင္း' ဆိုသည္ႏွင့္ ညီမၽွေလသည္။

ရႊီႏ်န္က လက္ပ္ေတာ့ကိုသြားယူလာကာ ခ်န္းခ်န္ ရုပ္ရွင္ကား ေရြးႏိုင္ရန္ ၾကဳံရာ ရုပ္ရွင္ဝက္ဘ္ဆိုက္တစ္ခုကို ဖြင့္ေပးလိုက္သည္။
သူက ခ်န္သိအားၾကည့္ရန္ မီးဖိုေခ်ာင္သို႔သြားလိုက္ျပီးေနာက္ ေတြ႕လိုက္ရသည္က အတြင္းေရးမႉး၏ ေၾကာက္စရာေကာင္းလွေသာ အလြန္ေႏွးေကြးလွသည့္ ပန္းကန္ေဆးႏႈန္းကိုပင္။

"ခင္ဗ်ား အကူအညီလိုေသးလား?"

ရႊီႏ်န္က သူ႔အက်ႌလက္မ်ားကို ေခါက္တင္လိုက္ရန္ေျခတစ္လွမ္းသာ လိုေတာ့သည့္ပုံရသည္။

ခ်န္သိက အလ်င္စလိုေျပာလိုက္သည္။

"ဟင့္အင္း မလိုဘူး မလိုဘူး၊ မင္း ေဘာ့စ္နဲ႔အတူသြားေနလိုက္ပါ။"

"ဒါေပမယ့္ ခင္ဗ်ားေဆးေနတာ......"

ခ်န္သိ၏ မ်က္ႏွာထက္ရွိ အမူအရာက "ငါေတာင္းပန္ပါတယ္ မင္းပါးစပ္ေလးပိတ္ထားေပး" ဟူ၍ ေအာ္ဟစ္ေနလ်က္။
ထို႔ေနာက္ စိတ္ကုန္စြာျဖင့္၊ တိုးတိုးေလး ေျပာလိုက္သည္။

"ငါ မင္းတို႔ႏွစ္ေယာက္ ခ်စ္ၾကည္ႏူးၾကမယ့္ ႏွစ္ယာက္တည္းကမၻာ အေငြ႕အသက္ေလး ဖန္တီးႏိုင္ေအာင္ ကူညီေပးေနတာကြ!"

ရႊီႏ်န္ : "......"

အခ်ိန္အနည္းငယ္ ၾကာၿပီးေနာက္ ခ်န္းခ်န္က သိသာစြာပင္ ရုပ္ရွင္တစ္ကားေရြး လို႔ ၿပီးသြားခဲ့ျပီျဖစ္သည္။ သူ၏မ်က္ႏွာက အနည္းငယ္ စိတ္မရွည္ပုံေပၚေနလ်က္ ေမးလာ၏။

"ငါတို႔ ရုပ္ရွင္ၾကည့္ၾကမွာ မဟုတ္ဘူးလား?"

ရႊီႏ်န္က သစ္သီးလက္ဘက္ရည္အခ်ိဳ႕ ယူရန္သာ ေရခဲေသတၱာဆီသို႔ သြားလိုက္ေတာ့သည္။

"ကၽြန္ေတာ္က အတြင္းေရးမႉးခ်န္ အကူအညီမ်ား လိုေနသလား သြားၾကည့္ခ်င္ရုံပါ...."

"မင္းက ကိုယ့္ကိုပဲ ဝန္ေဆာင္မႈေပးရမွာ၊ သူ႔ကို မဟုတ္ဘူး"

ရွီႏ်န္ : "......"

သေဘာတရားမ်ားအရ ေျပာမည္ဆိုလၽွင္ ခ်န္းခ်န္သည္သာ "ငါ့ကိုဝန္ေဆာင္မႈေပး"ဟု ေျပာႏိုင္သည့္ တစ္ဦးတည္းေသာသူ ျဖစ္သည္မွာ အမွန္ပင္။

ရႊီႏ်န္က ထိုလူႀကီးထံသို႔ ျဖည္းျဖည္းခ်င္းတိုးသြား လိုက္ၿပီး၊

"ကၽြန္ေတာ္တို႔ ဘာၾကည့္ၾကမွာလဲ?"

"Totoro"

ရႊီႏ်န္က အနည္းငယ္ မယုံၾကည္ႏိုင္ျဖစ္သြားသည္။

"..........ဘာလို႔ Totoro ၾကည့္ဖို႔ စဥ္းစားလိုက္တာလဲ?"

ခ်န္းခ်န္က
"ကိုယ္ ႀကိဳက္လို႔"
ဟု အေတာ္ေလးအမူအရာမဲ့စြာျဖင့္ ျပန္ေျဖ လိုက္ေသာ္လည္း လက္ပ္ေတာ့ေအာက္ရွိ ထိုလူႀကီး၏ ေျခေထာက္တို႔က အနည္းငယ္ လႈပ္ေနခဲ့ေလသည္။

ရႊီႏ်န္ : "......."

ခင္ဗ်ား အဲဒါကို ဘယ္ေလာက္ေတာင္ႀကိဳက္တာတုန္း..ဟင္? ေျခေထာက္ေတြေတာင္ လႈပ္လို႔ပါလား!

သူက သူႏွင့္ခ်န္းခ်န္ အတြက္ သစ္သီးလက္ဘက္ရည္အနည္းငယ္ ငွဲ႔လိုက္ၿပီးေနာက္ အတူတူ Totoro ၾကည့္ရန္ ႏွစ္ေယာက္သား ေဘးခ်င္းကပ္ထိုင္လိုက္ၾကသည္။ အမွန္တိုင္းေျပာရလွ်င္ေတာ့ ရႊီႏ်န္သည္လည္းပဲ Totoro ကို အေတာ္ေလး ႀကိဳက္ေလသည္။ ဧရာမ သစ္ရြက္အား ထီးသဖြယ္ကိုင္ထားသည့္ Totoro ထြက္ေပၚလာခ်ိန္တြင္ သူသည္ မေနႏိုင္စြာပင္ ျပဳံးလိုက္မိသည္။ သူက ခ်န္းခ်န္အား လွည့္ၾကည့္လိုက္ခ်ိန္တြင္ ထိုလူႀကီးမွာ လုံးလုံးလ်ားလ်ား အမူအရာမဲ့ ျဖစ္ေနဆဲေပမယ့္လည္း သူ႔ေျခေထာက္၏ လႈပ္ရွားမႈတို႔သည္ကား အေတာ္ေလး သိသိသာသာပင္။

ရႊီႏ်န္မွာ ေရြးစရာမရွိစြာပင္ ထိုလူႀကီ၏ ေျခေထာက္တို႔အား အေပၚမွဖိထားလိုက္ရေတာ့သည္။

"မလႈပ္နဲ႔ေတာ့၊ အရမ္းလႈပ္ေနရင္ ကၽြန္ေတာ္တို႔ မ်က္ႏွာျပင္ကို ရွင္းရွင္းလင္းလင္း မျမင္ရေတာ့ဘူးေလ"

ခ်န္းခ်န္မွာ ေအးခဲသြားကာ သူ၏ ေျခေထာက္တစ္ေခ်ာင္းလုံးမွာ မီးဆြသံေခ်ာင္းပူပူျဖင့္ အထိုးခံလိုက္ရသလို ခံစားလိုက္ရၿပီး အပူအားလုံးသည္ကား သူ႔အားထိထားသည့္ ရႊီႏ်န္၏ လက္ဖဝါးထက္တြင္ စုရုံးသြားေလသည္။

ရႊီႏ်န္က ေမ့ေနသည္လား ဒါမွမဟုတ္ ရည္ရြယ္ခ်က္ရွိရွိလား သူေသခ်ာမသိေသာ္လည္း ရႊီႏ်န္၏လက္က ေနာက္ပိုင္းတြင္လည္း ဖယ္မသြားခဲ့ေခ်။

ရႊီႏ်န္သည္ ရုပ္ရွင္ကို စိတ္ပါလက္ပါၾကည့္ေနေပမဲ့လည္း သူ၏ လက္ဖဝါးကေတာ့ ခ်န္းခ်န္၏ေပါင္အား ညင္သာစြာ ပြတ္သပ္ေနလ်က္။
ေဘာ့စ္ႀကီးမွာ အဆုံး၌ သူ၏ေျခေထာက္မွ အေမႊးမ်ားအားလုံး ေထာင္ေနၿပီး ဆင္ဖိုနီသံစုံတီးဝိုင္း တစ္ခုျဖစ္လာသည့္ႏွယ္ပင္ ခံစားလိုက္ရသည္။
ဂီတသံစဥ္ညႊန္ၾကားသူ၏လက္ လႈပ္ရွားလိုက္သည့္ အခါတိုင္း ႀကက္သီးထလာၿပီး လက္လႈပ္ရာေနာက္ လိုက္ေနသကဲ့သို႔ပင္။
(t/n :  xn လက္နဲ႔ ပြတ္လိုက္တဲ့ေနရာတိုင္း ၾကက္သီးထၿပီး ေျခေထာက္ေမႊးေတြ ေထာင္သြားတာကို ေျပာခ်င္တာပါ။ ဖတ္ရတာမရွင္းရင္ ေတာင္းပန္ပါတယ္ေနာ္)

ရႊီႏ်န္က ရုတ္တရတ္ေျပာလိုက္သည္။

"ခင္ဗ်ားရဲ႕ နားရြက္ေတြ အရမ္းနီေနတယ္"

ခ်န္းခ်န္ : "......"

ထို႔ေနာက္ ရႊီႏ်န္က ေမးလိုက္သည္။

"အရမ္းပူေနလို႔လား"

ခ်န္းခ်န္ : "......"

ရႊီႏ်န္က သူ၏ကံကို ဆက္၍ တြန္းအားေပးလိုက္၏။

"ခင္ဗ်ားအဝတ္ေတြ ခၽြတ္ထားခ်င္လား?"

ခ်န္းခ်န္က အသက္ျပင္းျပင္းတစ္ခ်က္ ရႉလိုက္ကာ ထိးခ်ဳပ္မႈကို ျပန္၍ရယူႏိုင္ရန္ အျပင္းအထန္ႀကိဳးစားလိုက္ၿပီးေနာက္  အထစ္ထစ္အေငါ့ေငါ့ ျဖင့္ပင္ ရက္စက္စြာေျပာေလ၏။

"ၿပီးစလြယ္သက္သက္ ႏွာ-ႏွာဘူး လို လုပ္-လုပ္မ မေနနဲ႔!"

တစ္ခါတစ္ရံတြင္၊ ရႊီႏ်န္သည္ ခ်န္းခ်န္ႏွင့္အတူရွိေနခ်ိန္၌ သူတို႔၏ ေနရာက႑မွာေျပာင္းျပန္ျဖစ္ေနသည္ဟု အထင္မွားတတ္ေလသည္။ သၾကားကေလးေလး တစ္ေယာက္အေနႏွင့္ သူကသာ အလ်င္ ေရွ႕သို႔တက္ကာ သူ႔သၾကားေဖေဖ၏ ေပါင္ကို အစျပဳ ထိေတြ႕တတ္ေပမယ့္ သူ၏ သၾကားေဖေဖထံမွ အိေျႏၵသိကၡာမဲ့သည္ဟု အဆူေငါက္ခံေနရဆဲျဖစ္ေလရာ ဤသည္မွာ အမွန္ပင္ ျပသနာႀကီးတစ္ခုပင္ျဖစ္သည္။

သူ၏ ေဘာ့စ္၊ ထိုတစ္ေယာက္သည္ ရႊီႏ်န္ကို သူက ႀကိဳက္မေနဟု ေျပာခဲ့ခ်ိန္တြင္၊ သူ႔အားေတြ႕ခ်ိန္မ်ား၌ ထိုတစ္ေယာက္၏ ေျခေထာက္သည္ ေခြးအၿမီးကဲ့သို႔ တယမ္းယမ္းလႈပ္ေနသည္ကို ျမင္ရလိမ့္မွာျဖစ္သည္။ သို႔ေပမဲ့ ထိုတစ္ေယာက္သည္ သူ႔ကို ႀကိဳက္တယ္ဟုေျပာၿပီးေနာက္ သူက ထိုတစ္ေယာက္၏ ေပါင္ကိုထိရုံျဖင့္ပင္ အိေျႏၵသိကၡာမရွိဟု အေအာ္ခံရေလ၏။
ရႊီႏ်န္မွာ မည္မွ်ပင္ ထက္ျမက္ေနပါေစ ၎အား နားမလည္ႏိုင္ေသးပါေခ်။

ဤကဲ့သို႔ေသာ အခ်ိန္မ်ိဳးတြင္ ခ်န္သိမွာ အေတာ္ေလး အေရးပါလာေလသည္။

ရႊီႏ်န္က မစၥတာအတြင္းေရးမႉ၏.လမ္းကို ပိတ္ထားလိုက္ခ်ိန္တြင္ တဖက္လူသည္ သူ၏ အျပဳအမူေၾကာင့္ စိတ္ရႉပ္ေထြးသြားခဲ့သည္။

"ဘာျဖစ္တာလဲ? မင္းတို႔ႏွစ္ေယာက္ ရန္ျဖစ္ၾကတာလား?"

ရႊီႏ်န္က ေခါင္းယမ္းလိုက္ၿပီး၊

"ကၽြန္ေတာ္ ေမးစရာရွိလို႔၊ ေဘာ့စ္ရဲ႕အရင္ ရည္းစားေကာင္မေလးေတြအားလုံးက ဘယ္လိုပုံစံမ်ိဳးလဲဆိုတာ ?"

"သူက ခ်စ္စရာယုန္ေပါက္ေလးလို ပုံစံမ်ိဳးေတြကို ႀကိဳက္တယ္"

ခ်န္သိကစဥ္းစားလိုက္ေသးကာ ထပ္ျဖည့္ေျပာသည္။

"ဒါေပမယ့္ ဒီေခတ္မွာ ဒီလိုပုံစံမ်ိဳး ဘယ္နားမွာ သြားရွာႏိုင္ေတာ့မွာလဲ? ဥပမာအားျဖင့္ မင္း၊ ၾကည့္လိုက္ရင္ အႏၱရာယ္အကင္းဆုံး နဲ႔  အခ်ိဳသာဆုံးပုံစံေလးပဲ၊ ဒါေပမယ့္ တကယ္ေတာ့ ဒီေလာက္နက္ရွိုင္းတဲ့ ပရိယာယ္ေတြနဲ႔ ဟိုမိုတစ္ေယာက္ဆိုတာ ဘယ္သူက ခန္႔မွန္းမိမွာလဲ?"

"......"

ရႊီႏ်န္မွာ သူ ခုေလးတင္ ခ်ီးမြမ္းခံလိုက္ရသည္လား ေစာ္ကားခံလိုက္ရသည္လား မသိေခ်။

ခ်န္သိက ဆက္ေျပာသည္။

"ဒါေပမဲ့ မင္းက လွံတစ္ေခ်ာင္းလို အေျဖာင့္ တစ္ေယာက္ကိုေတာင္ ေကြးသြားေအာင္ ေျပာင္းလဲႏိုင္တဲ့ အထင္ႀကီးေလာက္တဲ့သူ ျဖစ္ေနတုန္းပါပဲ"

ရႊီႏ်န္က သက္ျပင္းခ်သည္။

"ကၽြန္ေတာ္သူ႔ကို ခုထိ ေကြးေအာင္ မလုပ္ရေသးပါဘူးဗ်ာ၊ မေန႔ကေတာင္မွ သူ႔ေျခေထာက္ကိုထိမိလို႔ အေအာ္ခံလိုက္ရေသးတယ္"

ခ်န္သိက ျပန္ေျပာ၏။

"မင္းက ေျခေထာက္ေတာင္ ထိႏိုင္ေနၿပီ၊ အရင္က အဲ့ဒီရည္းစားေတြဆိုရင္ သူ႔လက္ကိုေတာင္ ထိခြင့္ျပဳခဲ့တာ မဟုတ္ဘူးကြ!!!"

ရႊီႏ်န္ : "......"

T/N

အေရျပားထူသူ: (အေရထူသူ)လြယ္လြယ္နဲ႔ စိတ္မဆိုးတတ္သူ၊ ေစာ္ကားေဝဖန္တာေတြလည္း လြယ္လြယ္မတုန္႔ျပန္တတ္သူ။

လက္ပ္ေတာ့ : laptop





Totor : ဂ်ပန္ကာတြန္းကားပါ။ မၾကည့္ရေသးရင္ ၾကည့္ၾကည့္ပါေနာ္ အရမ္းခ်စ္စရာေကာင္းပါတယ္။


ေဂၚဖီခ်ဥ္ငါးဟင္း

________________


Uni


ရွှီနျန်အတွက်၊ ဤထမင်းဝိုင်းသည် ကိုးရိုးကားရားနိုင်သော အဆင်မပြေမှုအချို့နှင့် ပြီးဆုံးသွားခဲ့ပြီး....ကိုးရိုးကားရားနိုင်စေသည့်  အဓိကအချက်မှာ လီဖန်၏ အလွန်အကျွံဖြစ်လုနီးပါး လှိုက်လှဲပျူငှာခြင်းနှင့် စိတ်ခံစားမှုတို့ကြောင့်ပင်။..... တကယ်တော့ သူ့မိခင်သည် သူနှင့် ချန်းချန်း၏ ဆက်ဆံရေးအမှန်ကို မသိခဲ့ပေ။ သို့ပေမဲ့ သူမက ထို 'နွားလို မြင်းလို အလုပ်လုပ်' ဆိုသည့်စကားကို ပြောလိုက်ချိန်တွင် ရွှီနျန်ကဲ့သို့ အရေပြားထူ*သူကိုတောင်မှ မျက်နှာတစ်စစီကြေမွသွားသလို ခံစားရစေခဲ့သည်။

တဖက်တွင် ချန်းချန်ကိုတော့ လုံးဝ သက်ရောက်မှု မရှိခဲ့ချေ။ သူက ပုံမှန်ပင် စားလိုက် သောက်လိုက်ဖြင့် ရှီနျန် ချက်ပြုတ်ထားသော ဂေါ်ဖီချည်ငါးဟင်းကိုပင် ချီးကျူးလိုက်သေးသည်။

စားသောက်ပြီးသောအခါ ချန်သိက ပန်ကန်ဆေး တာဝန်ခံဖြစ်သွားခဲ့သည်။လီဖန်၏ ခန္ဓာကိုယ်က ဖြေးဖြေးသက်သာနေရန် လိုအပ်နေသေးတာကြောင့် သူမက သူမအခန်းဆီသို့ ပြန်သွားခဲ့သည်။

ရွှီနျန်က ချန်းချန်နှင့်အတူ ဧည်ခန်းသို့ ထွက်လာခဲ့ပြီး တစ်ချိန်တည်းမှာပင် ချန်သိထွက်လာသည်ကို စောင့်နေလိုက်သည်။

"ခင်ဗျား TV ကြည့်ချင်လား?"

ရွှီနျန်က ရီမုတ်ကွန်ထရိုးကို ကိုင်ကာ ချန်နယ်များပြောင်းနေလိုက်သည်။

ချန်းချန်က သူ၏ မျက်ခုံးများကို တွန့်လိုက်ပြီး မေး၏။

"မင်းအိမ်မှာ ကွန်ပျူတောင် မရှိဘူးလား?"

ရွှီနျန်က ပြန်ဖြေသည်။

"လက်ပ်တော့*တစ်လုံးတော့ရှိတယ်။ ကျွန်တော်တို့ ရုပ်ရှင်ကြည့်ရအောင်လို့ သွားယူလိုက်ရမလား?"

ချန်းချန်က သဘောတူသလို မတူသလိုဖြင့် 'ဟမ့်'ခနဲ့ ရေရွတ်လိုက်သည်။

ဤ 'ဟမ့်'သည်ကား အခြေခံအားဖြင့် 'အင်း' ဆိုသည်နှင့် ညီမျှလေသည်။

ရွှီနျန်က လက်ပ်တော့ကိုသွားယူလာကာ ချန်းချန် ရုပ်ရှင်ကား ရွေးနိုင်ရန် ကြုံရာ ရုပ်ရှင်ဝက်ဘ်ဆိုက်တစ်ခုကို ဖွင့်ပေးလိုက်သည်။
သူက ချန်သိအားကြည့်ရန် မီးဖိုချောင်သို့သွားလိုက်ပြီးနောက် တွေ့လိုက်ရသည်က အတွင်းရေးမှူး၏ ကြောက်စရာကောင်းလှသော အလွန်နှေးကွေးလှသည့် ပန်းကန်ဆေးနှုန်းကိုပင်။

"ခင်ဗျား အကူအညီလိုသေးလား?"

ရွှီနျန်က သူ့အကျႌလက်များကို ခေါက်တင်လိုက်ရန်ခြေတစ်လှမ်းသာ လိုတော့သည့်ပုံရသည်။

ချန်သိက အလျင်စလိုပြောလိုက်သည်။

"ဟင့်အင်း မလိုဘူး မလိုဘူး၊ မင်း ဘော့စ်နဲ့အတူသွားနေလိုက်ပါ။"

"ဒါပေမယ့် ခင်ဗျားဆေးနေတာ......"

ချန်သိ၏ မျက်နှာထက်ရှိ အမူအရာက "ငါတောင်းပန်ပါတယ် မင်းပါးစပ်လေးပိတ်ထားပေး" ဟူ၍ အော်ဟစ်နေလျက်။
ထို့နောက် စိတ်ကုန်စွာဖြင့်၊ တိုးတိုးလေး ပြောလိုက်သည်။

"ငါ မင်းတို့နှစ်ယောက် ချစ်ကြည်နူးကြမယ့် နှစ်ယာက်တည်းကမ္ဘာ အငွေ့အသက်လေး ဖန်တီးနိုင်အောင် ကူညီပေးနေတာကွ!"

ရွှီနျန် : "......"

အချိန်အနည်းငယ် ကြာပြီးနောက် ချန်းချန်က သိသာစွာပင် ရုပ်ရှင်တစ်ကားရွေး လို့ ပြီးသွားခဲ့ပြီဖြစ်သည်။ သူ၏မျက်နှာက အနည်းငယ် စိတ်မရှည်ပုံပေါ်နေလျက် မေးလာ၏။

"ငါတို့ ရုပ်ရှင်ကြည့်ကြမှာ မဟုတ်ဘူးလား?"

ရွှီနျန်က သစ်သီးလက်ဘက်ရည်အချို့ ယူရန်သာ ရေခဲသေတ္တာဆီသို့ သွားလိုက်တော့သည်။

"ကျွန်တော်က အတွင်းရေးမှူးချန် အကူအညီများ လိုနေသလား သွားကြည့်ချင်ရုံပါ...."

"မင်းက ကိုယ့်ကိုပဲ ဝန်ဆောင်မှုပေးရမှာ၊ သူ့ကို မဟုတ်ဘူး"

ရှီနျန် : "......"

သဘောတရားများအရ ပြောမည်ဆိုလျှင် ချန်းချန်သည်သာ "ငါ့ကိုဝန်ဆောင်မှုပေး"ဟု ပြောနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သည်မှာ အမှန်ပင်။

ရွှီနျန်က ထိုလူကြီးထံသို့ ဖြည်းဖြည်းချင်းတိုးသွား လိုက်ပြီး၊

"ကျွန်တော်တို့ ဘာကြည့်ကြမှာလဲ?"

"Totoro"

ရွှီနျန်က အနည်းငယ် မယုံကြည်နိုင်ဖြစ်သွားသည်။

"..........ဘာလို့ Totoro ကြည့်ဖို့ စဉ်းစားလိုက်တာလဲ?"

ချန်းချန်က
"ကိုယ် ကြိုက်လို့"
ဟု အတော်လေးအမူအရာမဲ့စွာဖြင့် ပြန်ဖြေ လိုက်သော်လည်း လက်ပ်တော့အောက်ရှိ ထိုလူကြီး၏ ခြေထောက်တို့က အနည်းငယ် လှုပ်နေခဲ့လေသည်။

ရွှီနျန် : "......."

ခင်ဗျား အဲဒါကို ဘယ်လောက်တောင်ကြိုက်တာတုန်း..ဟင်? ခြေထောက်တွေတောင် လှုပ်လို့ပါလား!

သူက သူနှင့်ချန်းချန် အတွက် သစ်သီးလက်ဘက်ရည်အနည်းငယ် ငှဲ့လိုက်ပြီးနောက် အတူတူ Totoro ကြည့်ရန် နှစ်ယောက်သား ဘေးချင်းကပ်ထိုင်လိုက်ကြသည်။ အမှန်တိုင်းပြောရလျှင်တော့ ရွှီနျန်သည်လည်းပဲ Totoro ကို အတော်လေး ကြိုက်လေသည်။ ဧရာမ သစ်ရွက်အား ထီးသဖွယ်ကိုင်ထားသည့် Totoro ထွက်ပေါ်လာချိန်တွင် သူသည် မနေနိုင်စွာပင် ပြုံးလိုက်မိသည်။ သူက ချန်းချန်အား လှည့်ကြည့်လိုက်ချိန်တွင် ထိုလူကြီးမှာ လုံးလုံးလျားလျား အမူအရာမဲ့ ဖြစ်နေဆဲပေမယ့်လည်း သူ့ခြေထောက်၏ လှုပ်ရှားမှုတို့သည်ကား အတော်လေး သိသိသာသာပင်။

ရွှီနျန်မှာ ရွေးစရာမရှိစွာပင် ထိုလူကြီ၏ ခြေထောက်တို့အား အပေါ်မှဖိထားလိုက်ရတော့သည်။

"မလှုပ်နဲ့တော့၊ အရမ်းလှုပ်နေရင် ကျွန်တော်တို့ မျက်နှာပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ဘူးလေ"

ချန်းချန်မှာ အေးခဲသွားကာ သူ၏ ခြေထောက်တစ်ချောင်းလုံးမှာ မီးဆွသံချောင်းပူပူဖြင့် အထိုးခံလိုက်ရသလို ခံစားလိုက်ရပြီး အပူအားလုံးသည်ကား သူ့အားထိထားသည့် ရွှီနျန်၏ လက်ဖဝါးထက်တွင် စုရုံးသွားလေသည်။

ရွှီနျန်က မေ့နေသည်လား ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိလား သူသေချာမသိသော်လည်း ရွှီနျန်၏လက်က နောက်ပိုင်းတွင်လည်း ဖယ်မသွားခဲ့ချေ။

ရွှီနျန်သည် ရုပ်ရှင်ကို စိတ်ပါလက်ပါကြည့်နေပေမဲ့လည်း သူ၏ လက်ဖဝါးကတော့ ချန်းချန်၏ပေါင်အား ညင်သာစွာ ပွတ်သပ်နေလျက်။
ဘော့စ်ကြီးမှာ အဆုံး၌ သူ၏ခြေထောက်မှ အမွှေးများအားလုံး ထောင်နေပြီး ဆင်ဖိုနီသံစုံတီးဝိုင်း တစ်ခုဖြစ်လာသည့်နှယ်ပင် ခံစားလိုက်ရသည်။
ဂီတသံစဉ်ညွှန်ကြားသူ၏လက် လှုပ်ရှားလိုက်သည့် အခါတိုင်း ကြက်သီးထလာပြီး လက်လှုပ်ရာနောက် လိုက်နေသကဲ့သို့ပင်။
(t/n :  xn လက်နဲ့ ပွတ်လိုက်တဲ့နေရာတိုင်း ကြက်သီးထပြီး ခြေထောက်မွှေးတွေ ထောင်သွားတာကို ပြောချင်တာပါ။ ဖတ်ရတာမရှင်းရင် တောင်းပန်ပါတယ်နော်)

ရွှီနျန်က ရုတ်တရတ်ပြောလိုက်သည်။

"ခင်ဗျားရဲ့ နားရွက်တွေ အရမ်းနီနေတယ်"

ချန်းချန် : "......"

ထို့နောက် ရွှီနျန်က မေးလိုက်သည်။

"အရမ်းပူနေလို့လား"

ချန်းချန် : "......"

ရွှီနျန်က သူ၏ကံကို ဆက်၍ တွန်းအားပေးလိုက်၏။

"ခင်ဗျားအဝတ်တွေ ချွတ်ထားချင်လား?"

ချန်းချန်က အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ ထိးချုပ်မှုကို ပြန်၍ရယူနိုင်ရန် အပြင်းအထန်ကြိုးစားလိုက်ပြီးနောက်  အထစ်ထစ်အငေါ့ငေါ့ ဖြင့်ပင် ရက်စက်စွာပြောလေ၏။

"ပြီးစလွယ်သက်သက် နှာ-နှာဘူး လို လုပ်-လုပ်မ မနေနဲ့!"

တစ်ခါတစ်ရံတွင်၊ ရွှီနျန်သည် ချန်းချန်နှင့်အတူရှိနေချိန်၌ သူတို့၏ နေရာကဏ္ဍမှာပြောင်းပြန်ဖြစ်နေသည်ဟု အထင်မှားတတ်လေသည်။ သကြားကလေးလေး တစ်ယောက်အနေနှင့် သူကသာ အလျင် ရှေ့သို့တက်ကာ သူ့သကြားဖေဖေ၏ ပေါင်ကို အစပြု ထိတွေ့တတ်ပေမယ့် သူ၏ သကြားဖေဖေထံမှ အိန္ဒြေသိက္ခာမဲ့သည်ဟု အဆူငေါက်ခံနေရဆဲဖြစ်လေရာ ဤသည်မှာ အမှန်ပင် ပြသနာကြီးတစ်ခုပင်ဖြစ်သည်။

သူ၏ ဘော့စ်၊ ထိုတစ်ယောက်သည် ရွှီနျန်ကို သူက ကြိုက်မနေဟု ပြောခဲ့ချိန်တွင်၊ သူ့အားတွေ့ချိန်များ၌ ထိုတစ်ယောက်၏ ခြေထောက်သည် ခွေးအမြီးကဲ့သို့ တယမ်းယမ်းလှုပ်နေသည်ကို မြင်ရလိမ့်မှာဖြစ်သည်။ သို့ပေမဲ့ ထိုတစ်ယောက်သည် သူ့ကို ကြိုက်တယ်ဟုပြောပြီးနောက် သူက ထိုတစ်ယောက်၏ ပေါင်ကိုထိရုံဖြင့်ပင် အိန္ဒြေသိက္ခာမရှိဟု အအော်ခံရလေ၏။
ရွှီနျန်မှာ မည်မျှပင် ထက်မြက်နေပါစေ ၎င်းအား နားမလည်နိုင်သေးပါချေ။

ဤကဲ့သို့သော အချိန်မျိုးတွင် ချန်သိမှာ အတော်လေး အရေးပါလာလေသည်။

ရွှီနျန်က မစ္စတာအတွင်းရေးမှူ၏.လမ်းကို ပိတ်ထားလိုက်ချိန်တွင် တဖက်လူသည် သူ၏ အပြုအမူကြောင့် စိတ်ရှူပ်ထွေးသွားခဲ့သည်။

"ဘာဖြစ်တာလဲ? မင်းတို့နှစ်ယောက် ရန်ဖြစ်ကြတာလား?"

ရွှီနျန်က ခေါင်းယမ်းလိုက်ပြီး၊

"ကျွန်တော် မေးစရာရှိလို့၊ ဘော့စ်ရဲ့အရင် ရည်းစားကောင်မလေးတွေအားလုံးက ဘယ်လိုပုံစံမျိုးလဲဆိုတာ ?"

"သူက ချစ်စရာယုန်ပေါက်လေးလို ပုံစံမျိုးတွေကို ကြိုက်တယ်"

ချန်သိကစဉ်းစားလိုက်သေးကာ ထပ်ဖြည့်ပြောသည်။

"ဒါပေမယ့် ဒီခေတ်မှာ ဒီလိုပုံစံမျိုး ဘယ်နားမှာ သွားရှာနိုင်တော့မှာလဲ? ဥပမာအားဖြင့် မင်း၊ ကြည့်လိုက်ရင် အန္တရာယ်အကင်းဆုံး နဲ့  အချိုသာဆုံးပုံစံလေးပဲ၊ ဒါပေမယ့် တကယ်တော့ ဒီလောက်နက်ရှိုင်းတဲ့ ပရိယာယ်တွေနဲ့ ဟိုမိုတစ်ယောက်ဆိုတာ ဘယ်သူက ခန့်မှန်းမိမှာလဲ?"

"......"

ရွှီနျန်မှာ သူ ခုလေးတင် ချီးမွမ်းခံလိုက်ရသည်လား စော်ကားခံလိုက်ရသည်လား မသိချေ။

ချန်သိက ဆက်ပြောသည်။

"ဒါပေမဲ့ မင်းက လှံတစ်ချောင်းလို အဖြောင့် တစ်ယောက်ကိုတောင် ကွေးသွားအောင် ပြောင်းလဲနိုင်တဲ့ အထင်ကြီးလောက်တဲ့သူ ဖြစ်နေတုန်းပါပဲ"

ရွှီနျန်က သက်ပြင်းချသည်။

"ကျွန်တော်သူ့ကို ခုထိ ကွေးအောင် မလုပ်ရသေးပါဘူးဗျာ၊ မနေ့ကတောင်မှ သူ့ခြေထောက်ကိုထိမိလို့ အအော်ခံလိုက်ရသေးတယ်"

ချန်သိက ပြန်ပြော၏။

"မင်းက ခြေထောက်တောင် ထိနိုင်နေပြီ၊ အရင်က အဲ့ဒီရည်းစားတွေဆိုရင် သူ့လက်ကိုတောင် ထိခွင့်ပြုခဲ့တာ မဟုတ်ဘူးကွ!!!"

ရွှီနျန် : "......"

T/N

အရေပြားထူသူ: (အရေထူသူ)လွယ်လွယ်နဲ့ စိတ်မဆိုးတတ်သူ၊ စော်ကားဝေဖန်တာတွေလည်း လွယ်လွယ်မတုန့်ပြန်တတ်သူ။

လက်ပ်တော့ : laptop




Totoro : ဂျပန်ကာတွန်းကားပါ။ မကြည့်ရသေးရင် ကြည့်ကြည့်ပါနော် အရမ်းချစ်စရာကောင်းပါတယ်။

sour cabbage fish dish

Continue Reading

You'll Also Like

236K 8.5K 23
Coming from nothing, Alex Grayson fought and clawed his way to the top. Creating and founding The Sinners MC all on his own, he becomes the President...
790K 7.9K 67
𝐢𝐧𝐜𝐥𝐮𝐝𝐞𝐬 𝐚𝐥𝐥 𝐨𝐟 𝐭𝐡𝐞 𝐛𝐨𝐲𝐬 ✦ .  ⁺   . ✦ .  ⁺   . ✦ don't forget to vote, share and comment. 🤍
4.3M 282K 60
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
38M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...