"အဲ့ကောင်ကိုထောက်ထားပြီး သံဇကာနှစ်ထပ်။ ဟုတ်တယ် ကိုဘုန်း"
သစ်ရွက်တွေပွတ်တိုက်လှုပ်ခတ်သံနဲ့အတူ ဒီဝန်းကျင်ကိုအုပ်စိုးထားသည့် ကျွန်တော့်အမျိုးသားအသံ။ ဘုန်းကြီးဆွမ်းကျွေး၊ ဟိုတယ်မှာ တစ်ခါ၊ Dinner party တစ်ပွဲနဲ့ အသစ်စက်စက်မင်္ဂလာစုံတွဲက ဟန်နီးမွန်းမသွားခင် လူရင်းတွေချည်း ထပ်စုတာ သန်လျင်မှာဝယ်ထားတဲ့ သူတို့ရဲ့အပန်းဖြေအိမ်မှာဖြစ်သည်။ ဦးဆောင်တာက ဖြိုးလေးနဲ့ စန္ဒာဇော်ဝင်းဖြစ်ပေမယ့် အကျွေးအမွေးကို ကျွန်တော်နဲ့ဇာမဏိ တာဝန်ယူရသည်။ နေရာကောင်းကောင်းတစ်ခုမှာ ဘိုကင်ယူစီစဥ်လိုက်မယ်ဆိုတာကို ပြိုင်တူခေါင်းခါပြီး ဖြိုးလေးရဲ့ခြံမှာသာဝိုင်းဖို့ ညီညွတ်ပြကြသည်။
ကျောင်းသားဘဝတုန်းကလည်း တစ်ခါတစ်လေရောက်ဖူးတဲ့နေရာဖြစ်ပေမယ့် အခုတော့ တိုက်ကိုနှစ်ထပ်ထပ်တင်ပြီး အခန်းတွေပါချဲ့ထားတာမို့ ဒီမှာပဲ ညအိပ်ဖို့ထိ စီစဥ်ထားကြသည်။ ခြံအကျယ်ကြီးထဲ သိုင်းဝိုင်းနေတာက သရက်၊ မာလကာနဲ့ ဇီးပင်၊ ခရေပင်ထိရှိသည်။ ခြံကနေ အိမ်ကိုဝင်ရာ လမ်းတလျှောက် ရွှေသပြေတွေနဲ့ ရွက်လှတို့ကို မြေအိုးညိုတို့နဲ့ တန်းစီစိုက်ပျိုးထားပြီး အပင်တိုင်းကိုဝိုင်းနေအောင် ပုံဖော်ထားကြသည်။ အိမ်ရဲ့ရှေ့ညာဘက်တစ်ခြမ်းလုံးကို အပန်းဖြေနေရာအဖြစ် ခုံတန်းရှည်တွေ စားပွဲတွေခင်းထားသည်။
ဒီနေရာမှာပဲ ဘာဘီကျူးလုပ်ဖို့လိုအပ်တဲ့ သံစည်ပိုင်းပြတ်သုံးခုကို ပုံစံဖော်ပြီး သံဇကာထည့်နေတာက ဇာမဏိနဲ့ ဖြိုးလေး၊ ရဲဘုန်းတို့ဖြစ်၏။ စီနီယာတွေနဲ့ ကျွန်တော်တို့အတန်းက သူငယ်ချင်းအချို့က ညနေစောင်းမှလာကြမည်မို့ ကျွန်တော်တို့ပဲ စီစဥ်လုပ်ကိုင်နေရခြင်းဖြစ်သည်။ နေ့လယ်ခင်း အိမ်ရောက်ပြီဆိုတည်းက စန္ဒာဇော်ဝင်းနဲ့ ကူညီဖို့ခေါ်လာသည့် ကလေးမလေးနှစ်ယောက်က သန်လျင်ဈေးပြေးပြီး ကြက်၊ ဝက်၊ ဆိတ်၊ ပင်လယ်စာမျိုးစုံကို ဟင်းခတ်နဲ့နယ်ကြသည်။ ကျွန်တော်တို့ယောက်ျားလေးတွေက နေရာထိုင်ခင်းနဲ့ ဘာဘီကျူးကင်ဖို့ စည်ပိုင်းပြတ်တွေကို နေရာချရသည်။ ဒါတောင် အိပ်ဖို့အခန်းအပြင်အဆင်တွေကို ဖြိုးလေးတို့အိမ်ကလူလွှတ်ပြီး လာရှင်းပေးသွားလို့။
ချလပ်!
"စန္ဒာဇော်ဝင်း!"
ဂစ်တာကိုပိုက်ထားပြီး အလုပ်ရှုပ်နေသူဘက်ငေးနေရာက ကျွန်တော့်မြင်ကွင်းလင်းလက်သွားတာမို့ မော့ကြည့်လိုက်တော့ ဖုန်းကိုင်ပြီး ပြုံးစစလုပ်နေသည့် စန္ဒာဇော်ဝင်း။
"အဲ့ဒါ နင့်လူပါဟာ။ အဲ့လောက်ကြီး ငေးမနေနဲ့။ အိမ်ထောင်ကျသွားတာချင်းအတူတူကို သူ့ကျမှ အကဲပို"
ညနေ နေကျခါနီးဖြစ်လို့ သစ်ရွက်တွေကိုဖြတ်လာတဲ့အပူဓါတ်က အအေးဓါတ်အနည်းငယ်ရောသည်။ နွမ်းနေတဲ့နေမင်းရောင်က လိမ္မော်ရောင်ဖျော့ဖျော့။ သောက်စရာတွေသယ်ထုတ် စီချပေးပြီး အနားက ကျောက်တုံးပေါ်အမောပန်းဖြေနေတုန်း စန္ဒာဇော်ဝင်း လာနှောက်ခြင်းပင်။
"သူ သင်္ဘောမတက်ခင်လေး ငေးလို့ရသလောက်ပေါ့"
ကျွန်တော်အပြုံးနဲ့ပြောတာဖြစ်ပေမယ့် စန္ဒာဇော်ဝင်းက အားနာသွားပုံရသည်။
"အေး...ဆောရီးဟာ။ သူ့အရည်အချင်းနဲ့ဆို သင်္ဘောမလိုက်လည်း တခြားအလုပ်တွေအများကြီးကို။ နင် ဖျောင်းဖျကြည့်ပါလား"
"အလုပ်ကပေါတယ်။ ဝါသနာနဲ့ ထပ်တူကျဖို့ခက်တယ် စန္ဒာ။ အနေဝေးလည်း စိတ်ချင်းမဝေးဖို့က အဓိကပါ"
တစ်သက်လုံး စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားခဲ့တဲ့ သူ့ရဲ့ပင်လယ်ခရီးကို ကျွန်တော် မဖျက်ဆီးပစ်နိုင်။ လွမ်းနေရမှာ တစ်ကဏ္ဍဖြစ်ပေမယ့် သူ ရည်ရွယ်ရာခရီးပြည့်စုံအောင်မြင်အောင် ပါရမီဖြည့်ပေးချင်တာလည်း ကျွန်တော့်ဘဝရဲ့အရေးကြီးဆုံးအစိတ်အပိုင်းပင်။ ယောက်ျားလေးနှစ်ယောက်တည်ဆောက်ထားတဲ့ဘဝမို့ အချိန်ပြည့် မခွဲမခွာနေဖို့ မဖြစ်နိုင်မှန်း သူရော ကျွန်တော်ပါ သိနားလည်ထားပြီးသား။
စန္ဒာဇော်ဝင်းပုံစံက ထပ်ပြောချင်တာတွေကို မြိုချလိုက်ရပုံပေါက်သွားပေမယ့် ဘာပြောချင်မှန်း ကျွန်တော်သိနေသည်။
ဆယ်စုနှစ်ရဲ့ကာလတစ်ဝက်ကျော် ဖြတ်သန်းခဲ့ရသည့်ရည်စားသက်တမ်း။ သူ ကျွန်တော့်အပေါ် ဘယ်လောက်ထိ ထိန်းချုပ်စည်းစောင့်နိုင်သလဲ။ ကျွန်တော့် မိသားစုတွေရှေ့မှာပါ ကျွန်တော် မရှက်မရွံ့ပြောနိုင်တဲ့အထိ သူ့စိတ်ထားမြင့်မြတ်တည်ကြည်ခဲ့ပုံ။ သစ္စာတွေ၊ မေတ္တာတွေလို့ပြောရင် ဒီလောကမှာ မြင်တွေ့ရဖို့ခက်တဲ့ ရှားပါးမျိုးစိတ်ဗီဇတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ ကျွန်တော်ချစ်ရသူ။ ယုံလားလို့မေးစရာမလိုအောင် ကျွန်တော့်အတွေးထဲအထိ သံသယကင်းနေစေဖို့ သူ့အချစ်တွေအကုန်လုံး ကျွန်တော့်ထံပုံအပ်ထားပြီးသား။
အညစ်အကြေးတွေနဲ့ ကျွန်တော့်နှလုံးသားကို သူ့အကြင်နာမေတ္တာတွေနဲ့ သန့်စင်ပေးခဲ့သူလေ။ သူနဲ့သက်ဆိုင်သမျှ ကျွန်တော် ခံစားရတာ အဆိပ်အတောက်ကင်းတဲ့ ချစ်ခြင်းတွေ။ သူ့အပေါ် ကျွန်တော့်ယုံကြည်မှုလို့ပြောရင် တည်ကိန်း၊ စားကိန်း အပြတ်အသပ်နဲ့ သံသယအကြွင်းမဲ့။
"ကိုထွဋ်အကြောင်း ဖြိုးလေးတို့နှစ်ကောင် ပြောပြသေးလား"
"ဘာလဲ ဘာမှမပြောဘူး"
"ကိုထွဋ်ကို သူ့မိန်းမက ကွာရှင်းခွင့်တောင်းထားတာ"
"ဟမ်!"
ကိုထွဋ်အိမ်ထောင်ပြုတဲ့အကြောင်းတောင် ကျွန်တော်မသိတာ ကွဲဖို့အကြောင်းဆိုအဝေးကြီး။ ဘွဲ့ယူပြီး ဂျပန်ထွက်လိုက်တည်းက အဆက်အသွယ်ပြတ်သွားတာတွေ အတော်များသည်။
"နင် ဂျပန်သွားပြီး နှစ်နှစ်လောက်နေတော့ ယူတာပဲ။ ငါတို့ကို မဖိတ်ပါဘူး။ ငါတို့ကိုမပြောနဲ့ သူ့အတန်းဖော်တွေတောင် သတင်းစာထဲပါလာမှ သိတာ။ သူ့အဘွားအသည်းအသန်ဖြစ်လို့ မျက်စိမမှိတ်ခင် လုပ်လိုက်ရတယ်တော့ ကြားတာပဲ။ ကွာရှင်းဖို့လျှောက်တာတော့ နင် ပြန်မလာခင် နှစ်လအလိုလောက်မှ"
"ဖြိုးလေးရော၊ ရဲဘုန်းရော ဘာမှမပြောကြဘူး"
"အဲ့တုန်းက နင့်ဆီ mail ပို့ပြီး ငါပြောမလို့ပဲ။ အဲ့နှစ်ကောင်က နင်သပ်သပ် အာရုံနောက်မယ် မပြောနဲ့ဆိုလို့"
"နောက်စရာမရှိပါဘူးဟာ။ ပြောပြော မပြောပြော ထူးတော့လည်းမထူးပါဘူး။ ကိုထွဋ်လို အရာရာပြည့်စုံချင်တဲ့လူက အိမ်ထောင်ရေးထိခိုက်တယ်ဆိုတာတော့ အံ့ဩစရာပဲ"
"ထူးတော့မထူးဆန်းပါဘူး နေသော်ရယ်။ အိမ်ထောင်ရေးဆိုတာ ဂုဏ်ငွေကြေးရှိရုံနဲ့တင် ပြည့်စုံတာမှမဟုတ်တာ။ ချစ်သူနဲ့သာဆို တူနှစ်ကိုယ်တဲအိုပျက်မှာ ထမင်းရည်သောက်ရသောက်ရ ဆိုတဲ့စကားပုံကို ရှေးလူကြီးတွေ အားအားယားယား မှတ်ကျောက်တင်ခဲ့တာမဟုတ်ဘူး။ အမေ့တစ်ဗိုက်တည်းကထွက်တဲ့မောင်နှမချင်းတောင် စိတ်သဘောထားမတိုက်ဆိုင်တာတွေများတာ။ အခုက မရင်းနှီးတဲ့ သူစိမ်းနှစ်ယောက် အတူတူနေပြီး နားလည်မှုနဲ့ညီညွတ်အောင်နေရတဲ့ကိစ္စကြီး။ သည်းခံရမယ့်အတူတူ ချစ်တာတွေ၊ မေတ္တာတွေတော့လိုချင်ကြတာပေါ့ဟာ။ အဲဒါတွေမပါမှတော့ ဘယ်လိုလုပ် ရှေ့ဆက်သွားလို့ရမလဲ"
စန္ဒာဇော်ဝင်းက သက်ပြင်းဖွဖွချပြီး သူ့လူကိုလည်း လှမ်းကြည့်သည်။ စန္ဒာဇော်ဝင်းကြည့်တာမြင်တော့ ဖြိုးလေးကလည်း လက်ပြ၏။ အပြုံးတွေဆုံစည်းသွားကြတဲ့ ရပ်ဝန်းကို နေရောင်ဖျော့ဖျော့က အားကျမှုအပြည့်နဲ့ ငေးမောလေ၏။
"ငါနဲ့ဖြိုးလေး မန္တလေးဆင်းတဲ့တစ်ခေါက် Mingalar Diamond မှာ သူတို့လင်မယားကိုတွေ့တယ်လေ။ သူ့အမျိုးသမီးက မချောပေမယ့် ကြည်ကြည်လင်လင်ဖော်ဖော်ရွေရွေနဲ ခေတ်ဆန်ပုံလည်းရတယ်။ ကိုထွဋ်ကတော့ သူ့ပုံစံအတိုင်း မတုန်မလှုပ်ကြီး။ မချစ်တာကတော့ သိသာတယ်ဟယ်။ မိဘပေးစားတဲ့ ပွဲတက်မယားကို လူရိုသေရှင်ရိုသေ တွဲသွားတွဲလာလုပ်နေတာပါလို့ နဖူးမှာ စာမကပ်ထားရုံတမယ်ပဲ"
"စန္ဒာဇော်ဝင်းရာ နင်ကလည်း ပြောလိုက်ရင်"
ရယ်စရာမဟုတ်ပေမယ့် ကျွန်တော်တို့နှစ်ယောက်လုံး ပြိုင်တူရယ်မိသည်။ စကားတွေ ပြတ်တောက်သွားတိုင်း ငေးကြည့်ဖြစ်တာက နှလုံးသားရဲ့မီးအိမ်ရှင်ရှိရာဆီ။ ကျွန်တော်တို့ ကြည့်နေတုန်းမှာပဲ ပုံဖော်ပြီးစီးသွားတဲ့ သံစည်ပိုင်း သုံးလုံးကို နေရာချပြီး ကျွန်တော်တို့ထိုင်နေရာဘက် လျှောက်လာကြ၏။
"ဘာတွေ သဘောကျနေလဲ ကျွန်တော့်အစ်ကို"
"မောနေပြီလား"
"မမောဘူးဗျာ"
ကျွန်တော်ထိုင်နေတဲ့ကျောက်တုံးရဲ့ လွတ်နေတဲ့အစွန်အဖျားလေးကို ကပ်သပ်ထိုင်ပြီး ပုခုံးတစ်ဖက်ပေါ်လက်တင်လာ၏။ ဘေးစားပွဲက ရေတစ်ဘူးလှမ်းယူပြီး ဖောက်ပေးတော့ မော့သောက်ပစ်တာ ထက်ဝက်ကျိုး။
ချလပ်!
"လုပ်ပြန်ပြီ စန္ဒာရာ"
ဇာမဏိက ဘာလဲဆိုသည့်ပုံစံနဲ့ မေးဆတ်ပြတော့ စန္ဒာဇော်ဝင်းမျက်နှာက အစောပိုင်းနဲ့မတူတော့ဘဲ ဆရာမကြီးပုံပေါက်သွားပြန်၏။
"မဏိရပ်ဝန်းပေ့ချ်က မကြာခင် followers 1M ပြည့်တော့မှာလေ။ အဲ့အတွက် ပုံတွေစုနေရတာ။ နေသော် ဂျပန်သွားနေတုန်းက moment တွေမရှိလို့ shippers တွေအော်နေကြတာဟယ်။ အခုမှ အတိုးချတင်ပေးရမယ်"
"သဲ အဲ့လောက်အားနေရင် မောင့်အတွက် ရေဘူးလေးဖောက်ပေးပါလား"
"ဟန်နီးမွန်းတောင် မထွက်ရသေးဘူး ခိုင်းစားဖို့ပဲ"
"ခိုင်းစားတာ မဟုတ်ဘူးလေ။ ဒီလိုလေးတွေ အစစရာရာဂရုစိုက်တာခံချင်လို့ အိမ်ထောင်ပြုတာပေါ့ သဲရယ်။ သဲမှ ဂရုမစိုက်ရင် မောင့်ဘဝက ရဲဘုန်းနဲ့ ဘာထူးတော့မလဲ"
ရဲဘုန်းလက်ထဲက ရေလက်ကျန်အကပ်အသပ်နဲ့ဘူးက ဖြိုးလေးခေါင်းကို မိတ်ဆက်သွား၏။
"ဆွဲထည့်မလာနဲ့။ အပူမရှာချင်လို့ အေးဆေးနေနေတာ။ စိတ်တိုလာရင် ဆယ်ယောက်လောက် ကောက်ယူပြလိုက်မယ်"
"ဝက်တွေလား"
ဖြိုးလေးက ရယ်ကျဲကျဲနဲ့ ထပ်ဖောက်သည်။ ရှူးရှူးရှားရှားဖြစ်သွားတဲ့ ရဲဘုန်းက လက်ခလယ်ထောင်ပြပြီး အသံတိတ်ကြိတ်ဆဲ၏။
ညနေခင်းကို ရစ်သိုင်းလွှမ်းခြုံထားတာ ရယ်မောခြင်းတွေ။ အနှောင်အဖွဲ့ကင်းတဲ့ လွတ်လပ်ခြင်းတို့က အပြုံးတွေအပြည့်။
********************
"အား...ရေချိုးလိုက်မှ လန်းသွားတယ်နော် အစ်ကို။ တစ်နေကုန် မီးသွေးနံ့၊ အသားစိမ်းနံ့တွေနဲ့လုံးနေတာပဲ"
"အအေးမိမယ်။ ရေမြန်မြန်သုတ်"
ဒီတိုင်းရပ်ကြည့်မနေတတ်တဲ့အကျင့်က မျက်နှာသုတ်ပဝါတစ်ထည်ဆွဲယူပြီး သူ့ဆံပင်တွေခြောက်သွေ့အောင်ကူပေးမိ၏။ တစ်နေကုန်လုပ်ကိုင်လှုပ်ရှားထားတာပေမယ့် ဆောင်းညနေခင်းကို စိန်ခေါ်ရလောက်အောင်တော့ အပူမကဲ။ အိမ်နေရင်း ပုဆိုးသာဝတ်တတ်သူကို ဒီနေ့တော့ အားကစားဘောင်းဘီရှည်နဲ့ တီရှပ်အပေါ်ကထပ်ဖို့ စွယ်တာလက်ရှည်ထုတ်ထားပေးလိုက်သည်။ သူနဲ့ဆင်တူဘောင်းဘီ ဝတ်ထားတဲ့ကျွန်တော့်ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး အပြုံးတွေချိုမြနေပြန်၏။
"အနံ့နဲ့တင် အူက ဂလိုင်ခေါက်နေပြီ။ အပြင်အဆင်ကလည်း ရှယ်ပဲဟေ့။ ငထွဋ်က ပြန်ဖို့ရက်ရွှေ့သွားတာကို ငါ ဆွဲခေါ်ခဲ့တာ"
"ကောင်းတာပေါ့ ကိုကျော်ရာ။ လာဗျာ ကိုထွဋ်ရော။ ကျွန်တော်က ကိုထွဋ် ပြန်ပြီထင်လို့ contact မလုပ်လိုက်မိတာ"
ဧည့်ခန်းကအသံတွေ ကျွန်တော်တို့ အိပ်ခန်းထိ လျှံတက်လာသည်။
"ရောက်လာကြပြီထင်တယ်။ သွားရအောင်"
ဖြိုးလေးက အိမ်ရှင်ပီပီ ဖော်ဖော်ရွေရွေ ကြိုဆို၏။ ရောက်ချလာတာတော့ ကိုထွဋ်တို့ တစ်ဖွဲ့လုံး လူစုံတက်စုံဖြစ်သည်။ ညနေအတော်စောင်းမှ ကျွန်တော်တို့အတန်းက စန္ဒာဇော်ဝင်း မိန်းကလေးသူငယ်ချင်းတွေလည်းပါလာတော့ လူကအတော်စည်သည်။
အဆင်သင့်ပြင်ထားတဲ့အသားနဲ့ပင်လယ်စာတွေကို ကြိုက်နှစ်သက်ရာ ကိုယ်တိုင်ယူကင်ရုံမို့ ပစ္စည်းတွေနေရာချပြီးတာနဲ့ အိမ်ရှေ့ခြံဝိုင်းက ရယ်သံတွေ၊ အစားအသောက်ရနံ့တွေနဲ့ လှုပ်ရှားယိမ်းထိုးနေတော့၏။ သောက်စရာတွေ ဒိုင်ခံစပ်တာကတော့ ကျွန်တော်နဲ့ရဲဘုန်း။ ဇာမဏိနဲ့ ဖြိုးလေးက လိုအပ်တဲ့ မီးတွေ၊ ထင်းတွေ ကူဖြည့်လိုက် ပန်းကန်တွေသယ်ပေးလိုက်နှင့်ပင်။ စီနီယာဝိုင်းက ထင်းမီးပုံတစ်ခုထပ်ဖိုပြီး ဝိုင်းချလိုက်တော့ ဒီဇင်ဘာအအေးဓါတ်က ကျွန်တော်တို့ကို မခြယ်လှယ်နိုင်တော့။
မိန်းကလေးအင်အားတိုးလာတော့ မီနူးအသစ်တွေထပ်ရောက်လာတာ ခေါက်ဆွဲကြော်၊ ကြာဆန်ကြော်နဲ့ သီးစုံထမင်းကြော်။
"ပါးစပ်ဟ"
ရေဘူးကဒ်တွေမနေတဲ့ ဇာမဏိလက်ကိုသွားဆွဲပြီး ခွံ့ကျွေးလိုက်တာ အသားကင်တွေ။ ပင်လယ်စာမစားတဲ့သူ့အတွက် မီးဖိုသပ်သပ်ခွဲထုတ်ပြီး ကင်ထားတဲ့ အသားကင်အစုံက ဟင်းခတ်တွေနဲ့နယ်ထားတာမို့ မွှေးကြိုင်နေသည်။
"ကောင်းလား"
"အင်း..."
နှုတ်အဖြေက ကျွန်တော်ပါးပြင်ထဲ ရွှတ်ခနဲပွတ်တိုက်ကြင်နာပြီးမှ ထွက်လာသံဖြစ်သည်။ မလုံမလဲနဲ့ နောက်ပြန်လှည့်ကြည့်မိတော့ လူအုပ်နဲ့ အလှမ်းဝေးနေတဲ့ ကျွန်တော်တို့ကို ဘယ်သူမှ သတိမထားမိကြ။
"အမောပြေဆေးလေး"
လူတွေသတိမထားမိတာသိတော့ ကျန်နေတဲ့ပါးတစ်ဖက်ကိုပါ ငုံ့ကိုင်းနမ်းရှိုက်တာ ဖျတ်ခနဲ။
"ကိုယ့် ကောင်လေးက သတ္တိအရမ်းကောင်း"
လုပ်ချင်ရာလုပ်ပြီး ရယ်နေတဲ့ သူ့နားရွက်တစ်ဖက်ကို လိမ်ဆွဲပြီးမှ ချွေးစတွေစိုနေတဲ့ နားသယ်ဆံစပ်တွေကို လက်ခုံနဲ့ ဖိသုတ်ပေးရ၏။
"ကိုယ် ဗိုက်ဆာနေပြီ။ အဲ့ဒါတွေထားလိုက်တော့"
ကြာဆန်ကြော်၊ ခေါက်ဆွဲကြော်နဲ့ အသားကင်အစုံကို ကြွေပန်းကန်ပြားဖြူတစ်ချပ်ထဲထည့်ပြီး နှစ်ယောက်အတူတူစားနေတာ မြင်သွားတဲ့ စန္ဒာဇော်ဝင်းရဲ့မျက်စောင်းဒဏ်ကို ညနေခင်းတစ်ခုလုံး လှိမ့်ပိန့်ခံရ၏။
ဗိုက်ပြည့်အောင်ဖြည့်ပြီး အတော်ကြာမှ သန်လျင်မြို့ကောင်းကင်မှာမြင်ရတဲ့ ညရဲ့ကြယ်ပွင့်မှုန်မှုန်တို့ကို ရောစပ်ထားတဲ့ အသူရာရည်နဲ့မြည်းရသည်။
"ဟေ့ နေသော် အဲ့လို တစ်ယောက်တည်း ချနေလို့ရမလား။ ဒီလာခဲ့"
ကိုကျော်က ကျွန်တော့်လက်မောင်းကနေဆွဲခေါ်ပြီး ပြိုင်သောက်တာ One Shot တွေချည်း။ သောက်ဖြစ်တာ အပျော့တွေ၊ အပြင်းတွေအကုန် ရောသမမွှေ။ ကျွန်တော့်လက်ထဲ တစ်ခွက်ပြီးတစ်ခွက်ရောက်လာတာ ဘယ်သူတွေလာထည့်နေမှန်းတောင် သတိမထားမိတော့။
"ကိုထွဋ် လစ်မစ်ကျော်နေပြီမလား"
အပြင်းတွေချည်းချနေတဲ့ ကိုထွဋ်ကို ဖြိုးလေးတို့ လင်မယားက တားချင်နေ၏။ ဘီယာ၊ ဝိုင်လောက်နဲ့ ငြိမ့်ချင်တဲ့ မိန်းကလေးတွေက တစ်ဝိုင်း။ အပြင်းတွေအကိုင်များတဲ့ ကျွန်တော်တို့ယောက်ျားလေးအဖွဲ့က တစ်လိုင်း။ မီးပုံကို ပတ်လည်ဝိုင်းထိုင်နေတာဖြစ်ပေမယ့် နှစ်ခြမ်းကွဲနေကြသည်။ ညနက်ရဲ့ လေပြည်ညှင်းက ရီဝေယစ်မူးမှု လယ်ဗယ်တိုးအောင် ကျွန်တော်တို့ကြား ပွတ်တိုက်ပြေးလွှားနေ၏။ မမူးစဖူး ဝေဝါးနေပေမယ့် ကျွန်တော့်ဘေးနားရှိသူရဲ့ ကိုယ်သင်းနံ့က ကျွန်တော့်အာရုံထွက်မပြေးအောင် ကူညီဖေးမနေ၏။
"ကိုယ် သောက်ဦးမယ်နော်"
"ကြိုက်သလောက်သောက်ပါ အစ်ကိုရဲ့။ ကျွန်တော်ရှိနေတာပဲ"
ကျွန်တော့်ပုခုံးတစ်ဖက်ကိုထိစပ်ထိန်းထားပေးသူမျက်နှာပေါ် မီးပုံက ထင်းမီးရောင် ဝါကျင့်ကျင့်ထင်ဟပ်နေပုံက တည်ကြည်အေးချမ်းလွန်းနေ၏။ သူကိုယ်တိုင်က သိပ်မသောက်ဘဲ ကျွန်တော်သွားရာနောက် မနီးမဝေးကနေလိုက်ပြီး ထိန်းပေးသည်။ ကိုကျော်တို့ပြောနေတာတွေကို ထောက်ခံရုံ ခေါင်းညိတ်ရင်း ကျွန်တော်ကြည့်နေမိတာ သူ့တစ်မျက်နှာ။
မသောက်တာကြာလို့ပဲ အစာအိမ်က အရည်တွေနဲ့မယဥ်ပါးတော့တာလား။ သူ ကျွန်တော့်နားရှိနေလို့ပဲ လုံခြုံလွတ်လပ်စိတ်နဲ့ လွင့်ချင်တိုင်းလွင့်မိတာလားတောင် မသိတော့။ စကားသံတွေကြားနေရပေမယ့် ကျွန်တော့်အာရုံတစ်ခုလုံး ကိုကျော့်ခွက်ကို လှမ်းဖြည့်ပေးတဲ့ သူ့ဆီမှာသာ ရှိတော့သည်။
အပူခိုးဝေတဲ့မျက်လုံးတွေနဲ့ ငေးမိတာမို့ အင်္ကျီလက်ရှည်ကို ပင့်တင်ထားတဲ့ လက်ဖျံသွေးကြောကနေ၊ ဆင်ကြယ်စိမ်းစီးထားတဲ့ ခြေချောင်းရှည်ရှည်တွေထိ ကျွန်တော့်ရင်ခုန်သံကိုအားဖြည့်ဖို့ ကဗျာတွေဖြစ်လာတာမျိုး။ ရင်ထဲမှာ လှုပ်ရှားမိလာသမျှ မတည်မပြုံးနဲ့ သူ့နှုတ်ခမ်းတွေက ကျွန်တော့်ရင်ထဲကအပူတွေကို ထပ်လောင်းဖျော်ချပေးနေတဲ့ နေရောင်လိုပင်။
"ဒီတိုင်းသောက်နေရတာ ပျင်းတယ်လေ။ နေသော် လက်စွမ်းပါဦး"
စီနီယာဝိုင်းက အစ်မတစ်ယောက် ထအော်တာဖြစ်သည်။
"ဟုတ်တယ် နေသော်။ မင်းလက်ရာ မကြားရတာကြာပြီ။ လုပ်လိုက်ဦး"
လက်ခုပ်လက်ဝါးတွေပါတီးပြီး အားပေးအားမြှောက်လုပ်တော့ အရည်တွေဝင်ထားတဲ့ ကျွန်တော့်ခန္ဓာ ခပ်ပင့်ပင့်ဖြစ်လာ၏။ ရဲဘုန်း ကမ်းပေးတဲ့ ဂစ်တာကို ထယူဖို့ပြင်ပေမယ့် တကယ်တမ်းပါသွားတာ ကိုထွဋ်လက်ထဲ။
"ကိုယ် တီးပေးမယ်"
လက်ခေါက်မှုတ်ပြီး အားပေးတာကြသူတွေကို ကျွန်တော်ခေါင်းခါပြလိုက်သည်။ တည်သွားတဲ့ ကိုထွဋ်မျက်နှာအတွက် ကျွန်တော် အားနာစိတ်လည်းမဝင်မိတော့။ အလိုက်တသိနဲ့ ကိုထွဋ်လက်ထဲက ဂစ်တာကို ဆွဲယူလာသူထံ ကျွန်တော့်အာရုံတစ်ခုလုံး မှီခိုနေ၏။ ဂစ်တာကြိုးမှာ ညှပ်ထားတဲ့ လက်ခပ်အထိ ကျွန်တော့်လက်ထဲအဆင်သင့် ပြင်ဆင်ပေးနေတာတွေကို တိတ်တဆိတ်အကဲခတ်နေကြတာတွေလည်း ကျွန်တော်သိသည်။
ယောက်ျားလေးနှစ်ယောက်ကြားက အပြုအမူဆိုတာမျိုးတွေအတွက် စောင့်ကြည့်လေ့လာနေတာမျိုးတွေ။ ကြည့်ကြပါစေ။ ကျွန်တော့်ချစ်သူ ဘယ်လောက်ထိ ချစ်တတ်ကြောင်း မြင်ကြပါစေ။ ဒီလိုအချစ်တွေကို ရယူပိုင်ဆိုင်ထားတဲ့ကောင်ကလည်း ကျွန်တော်တစ်ယောက်တည်းဖြစ်တဲ့အကြောင်း တွေ့ကြပါစေ။
ဂစ်တာကြိုးပေါ်တင်မိတဲ့ လက်ဖျားတွေကတောင် ချစ်သူရဲ့ဂရုစိုက်တတ်ခြင်းတို့ကြောင့် ပေါ့ပါးသွက်လက်နေခဲ့၏။ သူ့ထိုင်ခုံကို ကျွန်တော့်ဘက်ထပ်တိုးကပ်လာတဲ့ သူ့ဆီက ချစ်ခြင်းရနံ့တွေ ကျွန်တော့်ကိုယ်ပေါ် လွှမ်းခြုံသည်။ အပြုံးနဲ့ငေးနေခဲ့တဲ့ သူ့မျက်ဝန်းတို့က ကျွန်တော် ပျော်ဝင်ငြိတွယ်မိတဲ့ အောက်စီဂျင်လို...
🎵ငါလေ အကုန်ဖြတ်ကျော်လာမယ်
ဘယ်လို ကာရံထားပါ
mount ဧဝရက်ပဲကာရံ
မီးပင်လယ်တွေကြားဖြတ်ကျော်မှာ
ဘယ်လိုပင်လိုအင်တွေရယ်ဆိုလေ ငါ့အနားမှာ
မင်းမရှိတဲ့အခိုက်အတန့်ဘဝမှာ
ငါမနေချင်ပါဘူး ချစ်သူရာ
ဘယ်လောက်ထိဝေးလို့ ဘယ်လောက်အဆက်အသွယ်တွေမဲ့
မင်းအချစ်နဲ့ထပ်တူကျမယ့်ချစ်သူ နောက်ထပ်လည်းမရှိနိုင်ပါ
အို ဘယ်လောက်ထိ ဟိုး...မိဘတွေ အဆက်အသွယ်တွေဖြတ်
တကယ်ဒီလိုနှစ်ယောက် ရင်ထဲရှိတဲ့အချစ်များ
ယုံနေတယ် မခွဲဘူး
ယုံကြည်တယ်မဝေးဘူး
honey မင်းဘက်က သစ္စာမပျက်ခဲ့ဘူးသလို
ငါလဲမဖောက်ပြားပါ
မဝေးဘူး ယုံကြည်တယ် မခွဲဘူး honey
မင်းရဲ့ဘက်ကသစ္စာမပျက်ခဲ့ဘူးသလို
ငါလည်းမဖောက်ပြားပါ
ဘယ်လောက်ထိဝေးလို့ ဘယ်လောက်အဆက်အသွယ်တွေမဲ့
မင်းအချစ်နဲ့ထပ်တူကျမယ့်ချစ်သူ နောက်ထပ်လည်းမရှိနိုင်ပါ
အို ဘယ်လောက်ထိ ဟိုး...မိဘတွေ အဆက်အသွယ်တွေဖြတ်
တကယ်ဒီလိုနှစ်ယောက် ရင်ထဲရှိတဲ့အချစ်များ
ယုံနေတယ် မခွဲဘူး
ယုံကြည်တယ်မဝေးဘူး
honey မင်းဘက်က သစ္စာမပျက်ခဲ့ဘူးသလို
ငါလဲမဖောက်ပြားပါ
မဝေးဘူး ယုံကြည်တယ် မခွဲဘူး honey
မင်းရဲ့ဘက်ကသစ္စာမပျက်ခဲ့ဘူးသလို
ငါလည်းမဖောက်ပြားပါ🎵
ဂစ်တာကြိုးပေါ်က ရုပ်သိမ်းလိုက်တဲ့ ကျွန်တော့်လက်က လက်ဖဝါးပြင်ကျယ်တစ်ခုရဲ့ဆွဲယူခံရခြင်းကြောင့်နွေးသွား၏။ အပြုံးနဲ့ငေးတဲ့မျက်ဝန်းနက်တွေက ညနက်နက်ကောင်းကင်မှာသာတဲ့လမင်းလို တောက်ပဝင့်ကြွားနေသည်။ ဝေါခနဲ အော်သံတွေကြားလိုက်ပေမယ့် ကျွန်တော်က လေဟာနယ်ထဲ ပြုတ်ကျသွားသလို အသံတွေဝေးသွားရ၏။ ကျွန်တော် ခံစားသိရှိနေတာ နဖူးပေါ်က စိုမြနွေးထွေးသည့် အထိအတွေ့တစ်ခုတည်း။
*****************************
"အစ်ကို အိပ်ခန်းထဲဝင်လှဲနေပါလား။ ကျွန်တော် မြန်မြန်ပြန်လာမယ်လေ"
"Nope! ကိုယ့်ကိုစိတ်မပူပါနဲ့။ ဒီနားလေးမှာ ငြိမ်ငြိမ်ထိုင်ပြီး မင်းကိုကြည့်နေမယ်လေ။ မင်းကို ကြည့်နေချင်တယ်"
အရည်တွေထဲနစ်သွားတဲ့ ကျွန်တော့်နှလုံးသားရီဝေယစ်မူးနေခြင်းကို ဇာမဏိလည်း မထိန်းနိုင်တော့။
"ဒါဆို ဒီမှာထိုင်နေနော်"
နဖူးပေါ် ဖျတ်ခနဲငုံ့နမ်းပြီး ဖြိုးလေးတို့လင်မယားသိမ်းဆည်းနေတဲ့ဆီ ပြန်ပြေးသွား၏။ မနက် ၃နာရီရဲ့ကောင်းကင်က သန်းခေါင်လောက်အရောင်မရင့်တော့။ ပေါ်တီကိုဘေးထုတ်ထားတဲ့ ဝရန်တာမှာထိုင်ရင်း ကျွန်တော့်ရှေ့မလှမ်းမကမ်းက မြင်ကွင်းကိုငေးနေမိသည်။
သွက်လက်တက်ကြွစွာ လှုပ်ရှားနေတဲ့ ကျွန်တော့်ချစ်သူက သန်းခေါ်ကျော်ထွက်ပေါ်လာတဲ့ ဓူဝံကြယ်လိုလင်းလက်နေတုန်း။ ဟုတ်တယ် သူက ကျွန်တော်တစ်ယောက်တည်းအတွက် ဓူဝံကြယ်။ ကျွန်တော့်ခိုနားရာ နှလုံးသားအေးရိပ်ကို အမြဲဖန်တီးပေးထားတဲ့ အချစ်ရပ်ဝန်းက ဓူဝံကြယ်။
"မဝင်သေးဘူးလား"
ဝရန်တာပေါ်တက်လာပြီး နှုတ်ဆက်သူကို ကျွန်တော် ခေါင်းခါပြဖြစ်၏။
"ကိုထွဋ်ရော"
"အိပ်မရသေးလို့။ ယူဦးမလား"
ကမ်းပေးလာတာ စီးကရက်တစ်လိပ်။
"မသောက်တော့တာကြာပြီ ကိုထွဋ်"
"ဘာလို့လဲ။ ကိုယ်တားတုန်းကတောင် နေသော် သောက်တာပဲမလား"
"မလိုတော့ဘူးလေ။ အဲ့တုန်းက စိတ်အဆာပြေဖို့သောက်တာ။ အခုက အာဟာရပြည့်နေပြီ"
"အချစ်ကြောင့်လား"
"သေချာတယ် ကျွန်တော့်လူကြောင့်"
"ကိုယ် တကယ်မထင်ခဲ့ဘူး နေသော် သိလား"
"ဘာကိုလဲ"
ကိုထွဋ်က ဝရန်တာမှာ လက်နှစ်ဖက်ထောက်ပြီး ကျွန်တော်ငေးနေတဲ့မြင်ကွင်းကို လိုက်ကြည့်၏။
"နေသော်တို့နှစ်ယောက် ဒီလောက်ထိ မြဲနေလိမ့်မယ်လို့"
"ကျွန်တော်ပြောခဲ့ဖူးတယ်လေ။ ကျွန်တော့်တစ်သက်တာဆုပ်ကိုင်ခဲ့တာ သာမန်လူတစ်ယောက်မဟုတ်ဘူး။ ကျွန်တော်ကချစ်ပြီး ကျွန်တော့်ကိုချစ်တဲ့သူရဲ့လက်"
"အချစ်ကို ကိုးကွယ်ကြတာပေါ့။ ကိုယ်တော့ အယုံအကြည်နည်းနေတုန်းပဲ"
"ဘယ်လူမျိုး၊ ဘယ်ဘာသာရဲ့အချစ်နတ်ဘုရားမဆို မာနကြီးကြတယ်တဲ့။ ယုံကြည်စွာကိုးကွယ်တဲ့သူဆီမှာပဲ တစ်သက်တာမြဲတယ်။ ကိုထွဋ်လည်း အထွဋ်အမြတ်ထားကြည့်လိုက်။ မိန်းမနဲ့အဆင်ပြေသွားလိမ့်မယ်"
ကိုထွဋ် နှုတ်ခမ်းထောင့်စွန်းတွေပေါ် ကျွန်တော့်စကားလုံးတွေ အရှိန်ပြင်းစွာ ဝင်တိုက်သွားပုံရ၏။ နာကျင်ပြုံးက မပီမပြင်။ ပစ္စည်းတွေသိမ်းဆည်းပြီးလို့ အိမ်ဘက်ကို လှည့်လာတဲ့ ဇာမဏိက ကျွန်တော်နဲ့ ကိုထွဋ်ကို မြင်သွားပုံရ၏။ ဖြိုးလေးတို့လင်မယားနဲ့ ရဲဘုန်းပါ အိမ်ဘက်ကို ပြန်လျှောက်လာကြပြီ။ ကျွန်တော်လည်း အိပ်ငိုက်ပြီမို့ စကားဝိုင်းကို ဖြတ်ချင်သည်။ ဒါပေမယ့် ရှင်းစရာရှိနေတာက...
"ကိုထွဋ်"
ထိုင်ခုံလက်ရန်းတွေကို အားပြုရင်း မတ်တပ်ရပ်တဲ့ ကျွန်တော့်ဘက် ကိုထွဋ်လှည့်လာသည်။ အကွာအဝေးက ခြေလှမ်း ၅လှမ်းစာ။ ကျွန်တော့်ဆီ အပြေးတစ်ပိုင်းလာနေတဲ့ ချစ်သူကြောင့် ကျွန်တော့်ကိုယ်မှာ အားအင်တွေဖြစ်နေရရင်း ကိုထွဋ်ရှေ့ တိုးသွားမိတာက...
ခွပ်!
ကိုထွဋ် မေးရိုးထင်းထင်းက ကျွန်တော့်လက်သီးနဲ့ ထိထိမိမိ။ မထင်မှတ်ထားတာမို့ ကိုထွဋ်ယိုင်လဲပြိုကျသွား၏။ ကျွန်တော်တို့အနား ပြေးလာသူတွေ မရောက်ခင် ကျွန်တော် ကိုထွဋ်မျက်ဝန်းတွေထဲ စိုက်ကြည့်ဖြစ်ရင်း...
"ကိုထွဋ် မေ့တတ်လာပြီထင်တယ်။ ကျွန်တော် ခဏခဏ ပြောတယ်။ ကျွန်တော့်အမျိုးသားနာမည်က ဇာမဏိ။ ကိုထွဋ် သူ့ကိုမှကွက်ပြီး ရိုင်းချင်နေတာတွေ ကျွန်တော် မမြင်တတ်ဘူးမထင်နဲ့။ ကျွန်တော်တို့ခင်ခဲ့တဲ့နှစ်တွေကို အခွင့်ကောင်းယူပြီး သူ့အပေါ် မလိုသလိုအမူအရာတွေလုပ်နေတာကို ကျွန်တော်ခွင့်ပြုမယ်တော့ မထင်ဘူးမလား။ သူက စကားနဲ့ရော၊ အပြုအမူနဲ့ပါ ကိုထွဋ် ငြူစူတာခံရဖို့အကြောင်း လုံးဝမရှိဘူး။ ကျွန်တော် သတိပေးတာ။ ဒါနောက်ဆုံးပဲ ကိုထွဋ်"
"အစ်ကို"
"ဇာမဏိ"
ကျွန်တော့်လက်မောင်းကနေကိုင်ပြီး ရင်ခွင်ထဲဆွဲထည့်သူဆီ အလိုက်သင့်ခိုဝင်လိုက်၏။ ဖြိုးလေးက ကိုထွဋ်ကိုပြေးထူပြီး ရဲဘုန်းက မျက်ရိပ်မျက်ကဲနဲ့မေးသည်။ တိတ်ဆိတ်မှုအုပ်မိုးထားတဲ့ညဖြစ်လို့ ကျွန်တော့်စကားသံတွေကို သူတို့ကြားလိုက်မှာပင်။
"ကိုယ် အိပ်ငိုက်နေပြီ"
"လာ။ ကျောပေါ်တက်"
ညရဲ့ တိတ်ဆိတ်စွာ အေးစက်မှုတို့က ကျောပြင်နွေးနွေးကြောင့် ဝေးဝေးလွင့်လွင့်။
****************************
"လက်ဆစ်တွေ နာကုန်ပြီမလား"
"Nope, ပျော်နေတယ်"
ကျွန်တော့်လက်ကို သူ့လက်ဖဝါးနှစ်ဖက်ထဲထည့်ပြီး စိုးရိမ်စွာ တဖွဖွလုပ်ပေးနေသူရဲ့ ပါးပြင်ကိုအသံမြည်တဲ့အထိ ကျွန်တော် နမ်းရှိုက်ပစ်မိ၏။ မြူနှင်းကြောင့် အေးစက်နေတဲ့အဝတ်တွေကို သူပဲလဲပေးပြီး ကျွန်တော့်တစ်ကိုယ်လုံးကို ရင်ခွင်ထဲထည့်ဖက်ထားတာ တင်းကြပ်လွန်းသည်။
"အစ်ကိုတို့ အသိုင်းအဝိုင်းထဲ ဒီသတင်းပျံ့သွားရင် ဘယ်လိုလုပ်မလဲ"
"မင်းကလွဲပြီး ဘာကိုမှ ဂရုမစိုက်ဘူး။ Graduation Dinner မှာတည်းက တစ်ချက်လောက် ထိုးပစ်ချင်ခဲ့တာ။ အဲ့အချိန်တုန်းကသာ လုပ်မိခဲ့ရင် ကိုယ့်အလွန်ဖြစ်မှာဆိုးလို့။ ကိုယ်ရိုင်းစိုင်းတာတွေ မင်းအပေါ် သက်ရောက်သွားမှာဆိုးလို့။ ကိုယ့်ကို စိတ်ဆိုးသွားတာလား။ ဇာမဏိ!"
သုန်မှုန်နေတဲ့ သူ့မျက်နှာကို မေးဖျားကနေမော့ယူလိုက်ကြည့်တော့ ခေါင်းခါပြ၏။
"အသေးအဖွဲလေးကအစ အစ်ကို ကျွန်တော့်ကိုချစ်ပေးနေတော့ ပျော်လို့။ ကြည်နူးနေတာပါ အစ်ကိုရဲ့။ ရင်ထဲမှာ အရမ်း ထိထိရှရှ ခံစားနေရတာ အစ်ကို့အချစ်တွေကြောင့်။ သူများတွေအမြင်မှာ ကျွန်တော်က အစ်ကို့ထက်ပိုချစ်နိုင်တယ်ထင်နေကြတာ။ တကယ်တမ်း ဒီအချစ်ကြောင့် ကျွန်တော် ခေါင်းမော့ရင်ကော့နေနိုင်အောင် ထားတာ အစ်ကိုပါ။ အစ်ကို့ကို အချစ်ပေးနိုင်ဆုံးကောင်လို့ ကိုယ့်ကိုကိုယ် သတ်မှတ်ထားပြီး ဘယ်သူ့ကိုမှ ပြိုင်ဘက်စာရင်းထဲမထည့်ခဲ့ပေမယ့်။ တကယ်တမ်း ပြိုင်ဘက်တွေကို အလှဲထိုးပေးထားခဲ့တာ အစ်ကိုပဲ။ တော်သေးတယ် ဒီကောင် ဒီလိုပျော်ရွှင်နေနိုင်အောင် အခွင့်အရေးတွေ ပေးခဲ့လို့။ ချစ်လိုက်တာ အစ်ကိုရဲ့"
ရင်ခွင်ထဲကို ဆွဲယူနှစ်ထည့်ရင်း စကားတွေဆိုတဲ့ချစ်သူ။ ကျွန်တော်ကိုယ်တိုင်လည်း စုပြုံနေတဲ့ခံစားချက်တွေနဲ့ အထိအခိုက်မခံတော့လောက်အောင် နူးညံ့မိသွားတဲ့ နှလုံးသားက ကျွန်တော့်မျက်ဝန်းတွေကို စိုစွတ်သွားစေ၏။ ရီဝေယစ်မူးရတာတွေက အယ်လ်ကိုဟောကြောင့် မဟုတ်ခဲ့ဘဲ သူကြင်နာစွာကြဲချတဲ့ အနမ်းပွင့်တွေကြောင့်။
အသေးအမွှားဆိုရင်တောင် ကျွန်တော်ချစ်ရသူရဲ့နှလုံးသားထဲ ကျောက်ခဲသလဲလို မျက်ရှခံခက်တဲ့ ခံစားချက်မျိုးတွေ မဖြစ်စေချင်တော့တာ။ ချစ်သူရဲ့ပျော်ရွှင်ခြင်းအတွက် မစင်ကြယ်ခြင်းတွေကို ဖယ်ထုတ်ပေးရတဲ့အကြိမ်တိုင်း ကျွန်တော့်ပျော်ရွှင်မှုဆထက်တိုးလာတာ။
ဖြစ်နိုင်ရင်တော့ ချစ်သူကိုယ်ပေါ်ဖြာကျတဲ့ ခရမ်းလွန်ရောင်ခြည်ကို စစ်ထုတ်ပေးမယ့် အိုဇုန်းလွှာလေးအထိ ကျွန်တော်ပဲ ဖြစ်ချင်တော့တာ...
*************************************
ဖြိုးလေးဆီမှာ သော့တောင်းထားပြီး ကျွန်တော်တို့နှစ်ယောက် တနင်္လာနေ့ ညနေအထိ ဆက်နေဖို့ ကျန်နေခဲ့ဖြစ်သည်။ ကျွန်တော်တို့နိုးလာချိန်က နေအတော်မြင့်နေပြီမို့ ဖြိုးလေးတို့လင်မယားနဲ့ ရဲဘုန်းကလွဲပြီး မရှိတော့။ ညကဖြစ်ပျက်ခဲ့တာတွေ ကိုထွဋ်ဘက်က ဘာမှ complain မတက်ဘူးဆိုတဲ့အကြောင်း ရဲဘုန်းကပဲ တိုးတိုးကပ်ပြောသွားသည်။ စန္ဒာဇော်ဝင်းတို့ ပြင်ဆင်ပေးတဲ့ ထမင်းကြော်၊ ကော်ဖီနဲ့ နှစ်ပါးသွားချိန်က နေ့လယ်စာချိန်ပင် ဖြစ်နေလေပြီ။
နှစ်ယောက်တည်းကျန်ခဲ့တဲ့ အပန်းဖြေအိမ်က တိတ်ဆိတ်သွားပေမယ့် ခြောက်ကပ်သွားခြင်းတော့မရှိ။ နေ့လယ် ၂နာရီကျော်မှ နေ့လယ်စာအတွက် ကြက်သားပြုတ်ထဲ ကြက်ဥခေါက်ဆွဲတွေထည့်၊ အရွက်တွေထည့်။ တစ်နာရီနီးပါး ကြိုးကြိုးစားစားချက်ခဲ့ပေမယ့် ထွက်လာတဲ့အရသာက...
"ဟင်းချက်တာတော့ ကိုယ် တကယ် ပါရမီမပါဘူးထင်တယ်"
အပူချိန်လွန်သွားတဲ့ ခေါက်ဆွဲပျော့ပြဲတွေနဲ့ ရွှေဝါရောင်သမ်းသွားပြီဖြစ်တဲ့ မုန်ညှင်းတွေ။
"စားလို့တော့ ရပါတယ် အစ်ကိုရ"
"မစားနဲ့ ဗိုက်နာမယ်။ ညကလည်း အပူအစပ်တွေစားထားတာကို"
"ဒါဆို Deli ကို ဖုန်းဆက်မှာစားကြမယ်လေ။ အစ်ကို ဘာစားချင်လဲ"
"ကြက်ကြော်၊ ပီဇာ၊ ဘာဘယ်တီး"
ကြက်ကြော်တစ်ကောင်၊ ပီဇာနှစ်ချပ်နဲ့ ဘာဘယ်တီးနှစ်ဘူးက ကျွန်တော့်ဗိုက်ထဲအဝင်များသည်။
"ဗိုက်တင်းတော့ အိပ်ငိုက်လာပြန်ပြီ"
"အိပ်လေ အစ်ကိုရဲ့။ အခန်းထဲ သွားမယ် ထ"
"မသွားချင်ဘူး။ ဆိုဖာမှာပဲ လှဲဦးမယ်"
"ဇက်နာမယ်။ နေဦး"
ဆိုဖာပေါ် သူတက်လာတော့ ကျွန်တော့်ကိုယ်တစ်ခြမ်းစောင်းပေးရ၏။ မလွတ်လပ်ဘဲ ရင်ခွင်နှစ်ခုပူးကပ်နေရတာကိုလည်း မွန်းကြပ်တယ်လို့မထင်။ သူ့ခါးပေါ် တင်းတင်းဖက်တွယ်နေတုန်း ကျွန်တော့်လည်ပင်းအောက်လက်လျှိုသွင်းပေးလာတဲ့ သူ့လက်မောင်းပေါ် ခေါင်းအုံးရင်း အိပ်ပစ်ရမယ့်အချိန်တွေကို နှမြောနေမိ၏။
ခြေရင်းရှိ မှန်ပြတင်းမှ တိုးဝင်နေတဲ့လေက ခန်းစီးလိုက်ကာတွေကြား တိုးဝှေ့ပျော်မြူးနေသည်။ ကျွန်တော့်ဆံပင်တွေထဲ သက်ဆင်းလာတာက နွေးထွေးတဲ့အနမ်းပွင့်တွေ။ နိုးတစ်ဝက်၊ အိပ်တစ်ဝက်အသိနဲ့ ဖမ်းဆုပ်ထားမိတာ သူ့ကိုယ်သင်းရနံ့နွေးနွေး။
"သန်လျင်ရောက်နေမှတော့ မင်းတို့ကျောင်းကို ဝင်ကြည့်ပြီးမှ ပြန်မယ်လေ"
တနင်္လာနေ့ နံနက်ခင်းဖြစ်ပေမယ့် ကျွန်တော်တို့ အလောကြီးစရာမလို။ ကျွန်တော့် ဂျူတီက ကြာသပတေး၊ သောကြာမှဝင်ရမည်။ နံနက်စာစားပြီး အထုပ်အပိုးတွေ ကားပေါ်တင်ပြီးကာမှ MMU ဘက် သွားကြည့်ချင်စိတ်ပေါ်လာသည်။
နောက်အပတ်ဆို New Year။ ကျွန်တော်တို့ချစ်သူသက်တမ်း ၇နှစ်ပြည့်။ အိမ်ထောင်သက် တစ်လ။ သူနဲ့ကျွန်တော် ဆုံစည်းဖြစ်တာ ဒီဇင်ဘာအစောပိုင်း။ ချစ်သူဖြစ်တာ ဒီဇင်ဘာနှောင်းပိုင်း။ စတွေ့တည်းက ပြောင်းလဲမသွားတာ သူ့ရဲ့တည်ကြည်တတ်ခြင်းနဲ့ စွဲမြဲစွာစီးတတ်ခဲ့တဲ့ ဆင်ကြယ်စိမ်း။ အစဥ်သဖြင့် ကျွန်တော့်အလိုကိုလိုက်လျောတတ်သူ ခြေချခဲ့ရာ ကျောင်းတော်က နုပျိုနေတုန်းပင်။
ကျောင်းဖွင့်ရက်မို့ ကျောင်းထဲသွားလာနေကြသည့် ဆင်တူဝတ်စုံနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို မြင်ရ၏။ ကျွန်တော်ပေးတဲ့ အပေါ်ထပ်အင်္ကျီဝတ်ပြီး မင်သေသေမျက်နှာနဲ့ လှေကားပေါ်က ဆင်းလာသူရဲ့ပုံရိပ်တွေက မနေ့တစ်နေ့ကအတိုင်း။
ကျွန်တော် သူ့ကိုရပ်ငေးကြည့်ခဲ့ရတဲ့ မလေးရှားပိတောက်ပင်မှာ အပွင့်သစ်တွေဝေနေသည်။ ရွက်စိမ်းဖားဖားကြား ပွင့်နေတဲ့ ပိတောက်ပွင့်နုပ်နုပ်တို့က လှသည်။ ဒါပေမယ့် ကျွန်တော် လှုပ်ရှားသမျှ လိုက်ငေးကြည့်နေတဲ့ ချစ်သူနှုတ်ခမ်းပေါ်ရှိ အပြုံးပွင့်တို့က ပိုလှ၏။
ချစ်သူအပြုံးကို မယှဥ်နိုင်တဲ့ မလေးရှားပိတောက်ပင်ကြီးကို နှစ်သိမ့်ပြုံးနဲ့ မော့ကြည့်ခဲ့ပြီး ပြုံးပြုံးကြီး မတ်တပ်ရပ်နေတဲ့ သူ့ပုခုံးတစ်ဖက်ကို သွားတွန်းတိုက်မိသည်။
ခါးပေါ်ရောက်လာပြီး ဆွဲပွေ့တဲ့ သူ့လက်ကို ကျွန်တော့်လက်နဲ့ အုပ်ကိုင်ဖြစ်၏။ အကြောင်းရင်းမရှိလည်း ရယ်မိကြတာ ထပ်တူညီနှလုံးသားတို့ရဲ့ ဆက်သွယ်ချက်ကြောင့်ဖြစ်မည်။
"ကိုယ် အမြဲသိချင်နေတာတစ်ခုရှိတယ်။ မင်း ဖြေပေးမှရမှာ"
"ဘာများလဲ အစ်ကိုရဲ့"
"မင်း ကိုယ့်ကိုချစ်မိနေတယ်ဆိုတာ ဘယ်အချိန်မှာ သေချာသွားတာလဲ"
"ပဲခူးမှာတုန်းက။ ငြိမိခဲ့တာက အစ်ကို့ name tag ကို ကျွန်တော်ကောက်ရတုန်းက နာမည်မြင်ပြီး ထူးဆန်းတယ်လို့ သတိထားမိခဲ့တာဆိုပေမယ့် ပဲခူးမှာ အချေအတင်ဖြစ်တော့ ပိုသေချာသွားတာ။ အစ်ကို့ကြောင့် အမေနဲ့ညီမလေး ထိခိုက်မလားဆိုပြီး စိုးရိမ်စိတ်တွေဖြစ်နေတဲ့ အစ်ကို့ကိုကြည့်ရင်း ငါ ဒီလူကို အရမ်းချစ်တယ်ဆိုတာကြီးက ကျွန်တော့်အသိစိတ်ရော၊ မသိစိတ်ကိုပါ ရိုက်နှိုးလိုက်သလိုပဲ"
"အဲ့အချိန်တုန်းက ကိုယ် မင်းအပေါ် ရင့်သီးတဲ့စကားတွေ ပြောမိခဲ့တာ"
"အဲ့ဒါကိုပဲ ကြွေကျသွားတာလေ ဒီကောင်က။ ချစ်ရတဲ့လူတွေ ထိခိုက်မှာစိုးလို့ စကားလုံးတွေနဲ့ ပစ်ပေါက်နေတဲ့ အစ်ကို့ပုံစံက အရမ်းမိုက်တယ်။ တော်ရုံကောင်ဆိုရင် စိတ်နာပြီး အစ်ကိုနဲ့ပတ်သက်ဖို့တွေးရဲတော့မှာ မဟုတ်ပေမယ့် ကျွန်တော်က အစ်ကို့ကိုချစ်နေတဲ့ကောင်ဆိုတော့ အစ်ကို့အချစ်ကို သေမတက်လိုချင်သွားတာ။ ဘိလိယက်ပြိုင်ထိုးတဲ့ အစ်ကို့ပုံစံလေးကို လက်မလွှတ်နိုင်လို့ ကိုယ့်ကိုကိုယ် အကြိမ်ကြိမ် ဆန်းစစ်နေခဲ့သမျှ ပဲခူးမှာ အစ်ကိုပေါက်ကွဲပစ်လိုက်တာက ကျွန်တော် အိပ်ပျော်နေတာကို နှိုးလိုက်သလိုမျိုးပေါ့။ ဒါ့ကြောင့် အဲ့နှစ်သင်္ကြန် အညာမပြန်တော့ဘဲ အစ်ကိုနဲ့ပြေလည်မှုရအောင်လုပ်။ အစ်ကို့နားကို တဆင့်ချင်း ချဥ်းကပ်"
"နှစ်ရှည်စီမံကိန်းဆွဲပြီး အပိုင်ကြံခဲ့တာပေါ့"
"အဲ့လို ကျွန်တော့်စိတ်ရောကိုယ်ပါ ရင်းနှီးမြှုပ်နှံကြံစည်ရလောက်တဲ့အထိ အစ်ကို့အချစ်က တန်ဖိုးကြီးတယ်"
လက်နှစ်ဖက်မြောက်ပြပြီး အလံဖြူပြအရှုံးပေးရတဲ့အထိ သူ့စကားကြွယ်မှုကို ကျွန်တော်မနိုင်။ ကျွန်တော့်ပုခုံးကနေဆွဲချပြီး လည်ဂုတ်သားကို ဖိနမ်း၏။
ကျွန်တော် သူ့ခါးကိုဖက်ပြီး ခေါင်းငုံ့ချချိန်နဲ့တိုက်ဆိုင်စွာပဲ သူ့ဆင်ကြယ်ဖိနပ်သဲကြိုးစိမ်းပေါ် ဖေးတင်နေတဲ့ မလေးရှားပိတောက်ပွင့်ငယ်ငယ်။ ပင်ယံထက်က ပွင့်ငယ်ထက် ကျွန်တော့်ချစ်သူ ခြေဖဝါးပေါ်ခစားနေတဲ့ ပွင့်ကြွေက ပိုမိုထည်ဝါဝင့်ကြွား၏။
လေပြည်တွေ ပွတ်တိုက်သဲ့ယူသွားတဲ့ ရပ်ဝန်းထဲ ကျွန်တော်တို့အနမ်းတွေ ပျော်ဝင်စီးဆင်းကုန်သည်။ ချစ်သူရဲ့ ကြင်နာတတ်ခြင်းကို မပြိုင်ဆိုင်နိုင် ရှက်ရွံ့သိမ်ငယ်စွာနဲ့ မလေးရှားပိတောက်ပွင့်တို့ ကြွေကျမြေခပေးရသည်။
ကောင်းကင်ပြာရဲ့ ကြည်လင်သန့်စင်မှုက ချစ်သူနှလုံးသားနဲ့ ထပ်တူ...
သူရိယနေဝန်းရဲ့ ခမ်းနားမှုက ချစ်သူနှလုံးသားနဲ့ ထပ်တူ..
ကျွန်တော့်ရင်ခုန်သံများ ချစ်သူရဲ့ချစ်ခြင်းနဲ့ထပ်တူ...
မဝေးဘူး _ လွှမ်းပိုင်
######################
September 28.2021.(Tuesday)
*************************
ရာသီဥတုသာယာကြည်လင်တဲ့ နှလုံးသားရပ်ဝန်းကို စာဖတ်သူတွေရင်ထဲအရောက်ပို့ သိမ်းဆည်းခဲ့ပါပြီ။ ခဏအနားယူပြီး အောက်တိုဘာမှာ Special Extra နဲ့ပြန်တွေ့ကြမယ်ဗျာ။ ပြီးသွားပြီလို့ မသုံးနှုန်းချင်သေးလို့ မကြာခင်ပြန်တွေ့ကြပါမယ်နော်♥️
🎐🎐🎐🎐🎐🎐🎐
အဲ့ေကာင္ကိုေထာက္ထားၿပီး သံဇကာႏွစ္ထပ္။ ဟုတ္တယ္ ကိုဘုန္း"
သစ္႐ြက္ေတြပြတ္တိုက္လႈပ္ခတ္သံနဲ႔အတူ ဒီဝန္းက်င္ကိုအုပ္စိုးထားသည့္ ကြၽန္ေတာ့္အမ်ိဳးသားအသံ။ ဘုန္းႀကီးဆြမ္းေကြၽး၊ ဟိုတယ္မွာ တစ္ခါ၊ Dinner party တစ္ပြဲနဲ႔ အသစ္စက္စက္မဂၤလာစုံတြဲက ဟန္နီးမြန္းမသြားခင္ လူရင္းေတြခ်ည္း ထပ္စုတာ သန္လ်င္မွာဝယ္ထားတဲ့ သူတို႔ရဲ႕အပန္းေျဖအိမ္မွာျဖစ္သည္။ ဦးေဆာင္တာက ၿဖိဳးေလးနဲ႔ စႏၵာေဇာ္ဝင္းျဖစ္ေပမယ့္ အေကြၽးအေမြးကို ကြၽန္ေတာ္နဲ႔ဇာမဏိ တာဝန္ယူရသည္။ ေနရာေကာင္းေကာင္းတစ္ခုမွာ ဘိုကင္ယူစီစဥ္လိုက္မယ္ဆိုတာကို ၿပိဳင္တူေခါင္းခါၿပီး ၿဖိဳးေလးရဲ႕ၿခံမွာသာဝိုင္းဖို႔ ညီၫြတ္ျပၾကသည္။
ေက်ာင္းသားဘဝတုန္းကလည္း တစ္ခါတစ္ေလေရာက္ဖူးတဲ့ေနရာျဖစ္ေပမယ့္ အခုေတာ့ တိုက္ကိုႏွစ္ထပ္ထပ္တင္ၿပီး အခန္းေတြပါခ်ဲ႕ထားတာမို႔ ဒီမွာပဲ ညအိပ္ဖို႔ထိ စီစဥ္ထားၾကသည္။ ၿခံအက်ယ္ႀကီးထဲ သိုင္းဝိုင္းေနတာက သရက္၊ မာလကာနဲ႔ ဇီးပင္၊ ခေရပင္ထိရွိသည္။ ၿခံကေန အိမ္ကိုဝင္ရာ လမ္းတေလွ်ာက္ ေ႐ႊသေျပေတြနဲ႔ ႐ြက္လွတို႔ကို ေျမအိုးညိဳတို႔နဲ႔ တန္းစီစိုက္ပ်ိဳးထားၿပီး အပင္တိုင္းကိုဝိုင္းေနေအာင္ ပုံေဖာ္ထားၾကသည္။ အိမ္ရဲ႕ေရွ႕ညာဘက္တစ္ျခမ္းလုံးကို အပန္းေျဖေနရာအျဖစ္ ခုံတန္းရွည္ေတြ စားပြဲေတြခင္းထားသည္။
ဒီေနရာမွာပဲ ဘာဘီက်ဴးလုပ္ဖို႔လိုအပ္တဲ့ သံစည္ပိုင္းျပတ္သုံးခုကို ပုံစံေဖာ္ၿပီး သံဇကာထည့္ေနတာက ဇာမဏိနဲ႔ ၿဖိဳးေလး၊ ရဲဘုန္းတို႔ျဖစ္၏။ စီနီယာေတြနဲ႔ ကြၽန္ေတာ္တို႔အတန္းက သူငယ္ခ်င္းအခ်ိဳ႕က ညေနေစာင္းမွလာၾကမည္မို႔ ကြၽန္ေတာ္တို႔ပဲ စီစဥ္လုပ္ကိုင္ေနရျခင္းျဖစ္သည္။ ေန႔လယ္ခင္း အိမ္ေရာက္ၿပီဆိုတည္းက စႏၵာေဇာ္ဝင္းနဲ႔ ကူညီဖို႔ေခၚလာသည့္ ကေလးမေလးႏွစ္ေယာက္က သန္လ်င္ေဈးေျပးၿပီး ၾကက္၊ ဝက္၊ ဆိတ္၊ ပင္လယ္စာမ်ိဳးစုံကို ဟင္းခတ္နဲ႔နယ္ၾကသည္။ ကြၽန္ေတာ္တို႔ေယာက္်ားေလးေတြက ေနရာထိုင္ခင္းနဲ႔ ဘာဘီက်ဴးကင္ဖို႔ စည္ပိုင္းျပတ္ေတြကို ေနရာခ်ရသည္။ ဒါေတာင္ အိပ္ဖို႔အခန္းအျပင္အဆင္ေတြကို ၿဖိဳးေလးတို႔အိမ္ကလူလႊတ္ၿပီး လာရွင္းေပးသြားလို႔။
ခ်လပ္!
"စႏၵာေဇာ္ဝင္း!"
ဂစ္တာကိုပိုက္ထားၿပီး အလုပ္ရႈပ္ေနသူဘက္ေငးေနရာက ကြၽန္ေတာ့္ျမင္ကြင္းလင္းလက္သြားတာမို႔ ေမာ့ၾကည့္လိုက္ေတာ့ ဖုန္းကိုင္ၿပီး ၿပဳံးစစလုပ္ေနသည့္ စႏၵာေဇာ္ဝင္း။
"အဲ့ဒါ နင့္လူပါဟာ။ အဲ့ေလာက္ႀကီး ေငးမေနနဲ႔။ အိမ္ေထာင္က်သြားတာခ်င္းအတူတူကို သူ႔က်မွ အကဲပို"
ညေန ေနက်ခါနီးျဖစ္လို႔ သစ္႐ြက္ေတြကိုျဖတ္လာတဲ့အပူဓါတ္က အေအးဓါတ္အနည္းငယ္ေရာသည္။ ႏြမ္းေနတဲ့ေနမင္းေရာင္က လိေမၼာ္ေရာင္ေဖ်ာ့ေဖ်ာ့။ ေသာက္စရာေတြသယ္ထုတ္ စီခ်ေပးၿပီး အနားက ေက်ာက္တုံးေပၚအေမာပန္းေျဖေနတုန္း စႏၵာေဇာ္ဝင္း လာေႏွာက္ျခင္းပင္။
"သူ သေဘၤာမတက္ခင္ေလး ေငးလို႔ရသေလာက္ေပါ့"
ကြၽန္ေတာ္အၿပဳံးနဲ႔ေျပာတာျဖစ္ေပမယ့္ စႏၵာေဇာ္ဝင္းက အားနာသြားပုံရသည္။
"ေအး...ေဆာရီးဟာ။ သူ႔အရည္အခ်င္းနဲ႔ဆို သေဘၤာမလိုက္လည္း တျခားအလုပ္ေတြအမ်ားႀကီးကို။ နင္ ေဖ်ာင္းဖ်ၾကည့္ပါလား"
"အလုပ္ကေပါတယ္။ ဝါသနာနဲ႔ ထပ္တူက်ဖို႔ခက္တယ္ စႏၵာ။ အေနေဝးလည္း စိတ္ခ်င္းမေဝးဖို႔က အဓိကပါ"
တစ္သက္လုံး စိတ္ေရာကိုယ္ပါႏွစ္ၿပီး ႀကိဳးစားခဲ့တဲ့ သူ႔ရဲ႕ပင္လယ္ခရီးကို ကြၽန္ေတာ္ မဖ်က္ဆီးပစ္ႏိုင္။ လြမ္းေနရမွာ တစ္က႑ျဖစ္ေပမယ့္ သူ ရည္႐ြယ္ရာခရီးျပည့္စုံေအာင္ျမင္ေအာင္ ပါရမီျဖည့္ေပးခ်င္တာလည္း ကြၽန္ေတာ့္ဘဝရဲ႕အေရးႀကီးဆုံးအစိတ္အပိုင္းပင္။ ေယာက္်ားေလးႏွစ္ေယာက္တည္ေဆာက္ထားတဲ့ဘဝမို႔ အခ်ိန္ျပည့္ မခြဲမခြာေနဖို႔ မျဖစ္ႏိုင္မွန္း သူေရာ ကြၽန္ေတာ္ပါ သိနားလည္ထားၿပီးသား။
စႏၵာေဇာ္ဝင္းပုံစံက ထပ္ေျပာခ်င္တာေတြကို ၿမိဳခ်လိုက္ရပုံေပါက္သြားေပမယ့္ ဘာေျပာခ်င္မွန္း ကြၽန္ေတာ္သိေနသည္။
ဆယ္စုႏွစ္ရဲ႕ကာလတစ္ဝက္ေက်ာ္ ျဖတ္သန္းခဲ့ရသည့္ရည္စားသက္တမ္း။ သူ ကြၽန္ေတာ့္အေပၚ ဘယ္ေလာက္ထိ ထိန္းခ်ဳပ္စည္းေစာင့္ႏိုင္သလဲ။ ကြၽန္ေတာ့္ မိသားစုေတြေရွ႕မွာပါ ကြၽန္ေတာ္ မရွက္မ႐ြံ႕ေျပာႏိုင္တဲ့အထိ သူ႔စိတ္ထားျမင့္ျမတ္တည္ၾကည္ခဲ့ပုံ။ သစၥာေတြ၊ ေမတၱာေတြလို႔ေျပာရင္ ဒီေလာကမွာ ျမင္ေတြ႕ရဖို႔ခက္တဲ့ ရွားပါးမ်ိဳးစိတ္ဗီဇေတြနဲ႔ ဖြဲ႕စည္းတည္ေဆာက္ထားတဲ့ ကြၽန္ေတာ္ခ်စ္ရသူ။ ယုံလားလို႔ေမးစရာမလိုေအာင္ ကြၽန္ေတာ့္အေတြးထဲအထိ သံသယကင္းေနေစဖို႔ သူ႔အခ်စ္ေတြအကုန္လုံး ကြၽန္ေတာ့္ထံပုံအပ္ထားၿပီးသား။
အညစ္အေၾကးေတြနဲ႔ ကြၽန္ေတာ့္ႏွလုံးသားကို သူ႔အၾကင္နာေမတၱာေတြနဲ႔ သန္႔စင္ေပးခဲ့သူေလ။ သူနဲ႔သက္ဆိုင္သမွ် ကြၽန္ေတာ္ ခံစားရတာ အဆိပ္အေတာက္ကင္းတဲ့ ခ်စ္ျခင္းေတြ။ သူ႔အေပၚ ကြၽန္ေတာ့္ယုံၾကည္မႈလို႔ေျပာရင္ တည္ကိန္း၊ စားကိန္း အျပတ္အသပ္နဲ႔ သံသယအႂကြင္းမဲ့။
"ကိုထြဋ္အေၾကာင္း ၿဖိဳးေလးတို႔ႏွစ္ေကာင္ ေျပာျပေသးလား"
"ဘာလဲ ဘာမွမေျပာဘူး"
"ကိုထြဋ္ကို သူ႔မိန္းမက ကြာရွင္းခြင့္ေတာင္းထားတာ"
"ဟမ္!"
ကိုထြဋ္အိမ္ေထာင္ျပဳတဲ့အေၾကာင္းေတာင္ ကြၽန္ေတာ္မသိတာ ကြဲဖို႔အေၾကာင္းဆိုအေဝးႀကီး။ ဘြဲ႕ယူၿပီး ဂ်ပန္ထြက္လိုက္တည္းက အဆက္အသြယ္ျပတ္သြားတာေတြ အေတာ္မ်ားသည္။
"နင္ ဂ်ပန္သြားၿပီး ႏွစ္ႏွစ္ေလာက္ေနေတာ့ ယူတာပဲ။ ငါတို႔ကို မဖိတ္ပါဘူး။ ငါတို႔ကိုမေျပာနဲ႔ သူ႔အတန္းေဖာ္ေတြေတာင္ သတင္းစာထဲပါလာမွ သိတာ။ သူ႔အဘြားအသည္းအသန္ျဖစ္လို႔ မ်က္စိမမွိတ္ခင္ လုပ္လိုက္ရတယ္ေတာ့ ၾကားတာပဲ။ ကြာရွင္းဖို႔ေလွ်ာက္တာေတာ့ နင္ ျပန္မလာခင္ ႏွစ္လအလိုေလာက္မွ"
"ၿဖိဳးေလးေရာ၊ ရဲဘုန္းေရာ ဘာမွမေျပာၾကဘူး"
"အဲ့တုန္းက နင့္ဆီ mail ပို႔ၿပီး ငါေျပာမလို႔ပဲ။ အဲ့ႏွစ္ေကာင္က နင္သပ္သပ္ အာ႐ုံေနာက္မယ္ မေျပာနဲ႔ဆိုလို႔"
"ေနာက္စရာမရွိပါဘူးဟာ။ ေျပာေျပာ မေျပာေျပာ ထူးေတာ့လည္းမထူးပါဘူး။ ကိုထြဋ္လို အရာရာျပည့္စုံခ်င္တဲ့လူက အိမ္ေထာင္ေရးထိခိုက္တယ္ဆိုတာေတာ့ အံ့ဩစရာပဲ"
"ထူးေတာ့မထူးဆန္းပါဘူး ေနေသာ္ရယ္။ အိမ္ေထာင္ေရးဆိုတာ ဂုဏ္ေငြေၾကးရွိ႐ုံနဲ႔တင္ ျပည့္စုံတာမွမဟုတ္တာ။ ခ်စ္သူနဲ႔သာဆို တူႏွစ္ကိုယ္တဲအိုပ်က္မွာ ထမင္းရည္ေသာက္ရေသာက္ရ ဆိုတဲ့စကားပုံကို ေရွးလူႀကီးေတြ အားအားယားယား မွတ္ေက်ာက္တင္ခဲ့တာမဟုတ္ဘူး။ အေမ့တစ္ဗိုက္တည္းကထြက္တဲ့ေမာင္ႏွမခ်င္းေတာင္ စိတ္သေဘာထားမတိုက္ဆိုင္တာေတြမ်ားတာ။ အခုက မရင္းႏွီးတဲ့ သူစိမ္းႏွစ္ေယာက္ အတူတူေနၿပီး နားလည္မႈနဲ႔ညီၫြတ္ေအာင္ေနရတဲ့ကိစၥႀကီး။ သည္းခံရမယ့္အတူတူ ခ်စ္တာေတြ၊ ေမတၱာေတြေတာ့လိုခ်င္ၾကတာေပါ့ဟာ။ အဲဒါေတြမပါမွေတာ့ ဘယ္လိုလုပ္ ေရွ႕ဆက္သြားလို႔ရမလဲ"
စႏၵာေဇာ္ဝင္းက သက္ျပင္းဖြဖြခ်ၿပီး သူ႔လူကိုလည္း လွမ္းၾကည့္သည္။ စႏၵာေဇာ္ဝင္းၾကည့္တာျမင္ေတာ့ ၿဖိဳးေလးကလည္း လက္ျပ၏။ အၿပဳံးေတြဆုံစည္းသြားၾကတဲ့ ရပ္ဝန္းကို ေနေရာင္ေဖ်ာ့ေဖ်ာ့က အားက်မႈအျပည့္နဲ႔ ေငးေမာေလ၏။
"ငါနဲ႔ၿဖိဳးေလး မႏၲေလးဆင္းတဲ့တစ္ေခါက္ Mingalar Diamond မွာ သူတို႔လင္မယားကိုေတြ႕တယ္ေလ။ သူ႔အမ်ိဳးသမီးက မေခ်ာေပမယ့္ ၾကည္ၾကည္လင္လင္ေဖာ္ေဖာ္ေ႐ြေ႐ြနဲ ေခတ္ဆန္ပုံလည္းရတယ္။ ကိုထြဋ္ကေတာ့ သူ႔ပုံစံအတိုင္း မတုန္မလႈပ္ႀကီး။ မခ်စ္တာကေတာ့ သိသာတယ္ဟယ္။ မိဘေပးစားတဲ့ ပြဲတက္မယားကို လူ႐ိုေသရွင္႐ိုေသ တြဲသြားတြဲလာလုပ္ေနတာပါလို႔ နဖူးမွာ စာမကပ္ထား႐ုံတမယ္ပဲ"
"စႏၵာေဇာ္ဝင္းရာ နင္ကလည္း ေျပာလိုက္ရင္"
ရယ္စရာမဟုတ္ေပမယ့္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံး ၿပိဳင္တူရယ္မိသည္။ စကားေတြ ျပတ္ေတာက္သြားတိုင္း ေငးၾကည့္ျဖစ္တာက ႏွလုံးသားရဲ႕မီးအိမ္ရွင္ရွိရာဆီ။ ကြၽန္ေတာ္တို႔ ၾကည့္ေနတုန္းမွာပဲ ပုံေဖာ္ၿပီးစီးသြားတဲ့ သံစည္ပိုင္း သုံးလုံးကို ေနရာခ်ၿပီး ကြၽန္ေတာ္တို႔ထိုင္ေနရာဘက္ ေလွ်ာက္လာၾက၏။
"ဘာေတြ သေဘာက်ေနလဲ ကြၽန္ေတာ့္အစ္ကို"
"ေမာေနၿပီလား"
"မေမာဘူးဗ်ာ"
ကြၽန္ေတာ္ထိုင္ေနတဲ့ေက်ာက္တုံးရဲ႕ လြတ္ေနတဲ့အစြန္အဖ်ားေလးကို ကပ္သပ္ထိုင္ၿပီး ပုခုံးတစ္ဖက္ေပၚလက္တင္လာ၏။ ေဘးစားပြဲက ေရတစ္ဘူးလွမ္းယူၿပီး ေဖာက္ေပးေတာ့ ေမာ့ေသာက္ပစ္တာ ထက္ဝက္က်ိဳး။
ခ်လပ္!
"လုပ္ျပန္ၿပီ စႏၵာရာ"
ဇာမဏိက ဘာလဲဆိုသည့္ပုံစံနဲ႔ ေမးဆတ္ျပေတာ့ စႏၵာေဇာ္ဝင္းမ်က္ႏွာက အေစာပိုင္းနဲ႔မတူေတာ့ဘဲ ဆရာမႀကီးပုံေပါက္သြားျပန္၏။
"မဏိရပ္ဝန္းေပ့ခ်္က မၾကာခင္ followers 1M ျပည့္ေတာ့မွာေလ။ အဲ့အတြက္ ပုံေတြစုေနရတာ။ ေနေသာ္ ဂ်ပန္သြားေနတုန္းက moment ေတြမရွိလို႔ shippers ေတြေအာ္ေနၾကတာဟယ္။ အခုမွ အတိုးခ်တင္ေပးရမယ္"
"သဲ အဲ့ေလာက္အားေနရင္ ေမာင့္အတြက္ ေရဘူးေလးေဖာက္ေပးပါလား"
"ဟန္နီးမြန္းေတာင္ မထြက္ရေသးဘူး ခိုင္းစားဖို႔ပဲ"
"ခိုင္းစားတာ မဟုတ္ဘူးေလ။ ဒီလိုေလးေတြ အစစရာရာဂ႐ုစိုက္တာခံခ်င္လို႔ အိမ္ေထာင္ျပဳတာေပါ့ သဲရယ္။ သဲမွ ဂ႐ုမစိုက္ရင္ ေမာင့္ဘဝက ရဲဘုန္းနဲ႔ ဘာထူးေတာ့မလဲ"
ရဲဘုန္းလက္ထဲက ေရလက္က်န္အကပ္အသပ္နဲ႔ဘူးက ၿဖိဳးေလးေခါင္းကို မိတ္ဆက္သြား၏။
"ဆြဲထည့္မလာနဲ႔။ အပူမရွာခ်င္လို႔ ေအးေဆးေနေနတာ။ စိတ္တိုလာရင္ ဆယ္ေယာက္ေလာက္ ေကာက္ယူျပလိုက္မယ္"
"ဝက္ေတြလား"
ၿဖိဳးေလးက ရယ္က်ဲက်ဲနဲ႔ ထပ္ေဖာက္သည္။ ရႉးရႉးရွားရွားျဖစ္သြားတဲ့ ရဲဘုန္းက လက္ခလယ္ေထာင္ျပၿပီး အသံတိတ္ႀကိတ္ဆဲ၏။
ညေနခင္းကို ရစ္သိုင္းလႊမ္းၿခဳံထားတာ ရယ္ေမာျခင္းေတြ။ အေႏွာင္အဖြဲ႕ကင္းတဲ့ လြတ္လပ္ျခင္းတို႔က အၿပဳံးေတြအျပည့္။
********************
"အား...ေရခ်ိဳးလိုက္မွ လန္းသြားတယ္ေနာ္ အစ္ကို။ တစ္ေနကုန္ မီးေသြးနံ႔၊ အသားစိမ္းနံ႔ေတြနဲ႔လုံးေနတာပဲ"
"အေအးမိမယ္။ ေရျမန္ျမန္သုတ္"
ဒီတိုင္းရပ္ၾကည့္မေနတတ္တဲ့အက်င့္က မ်က္ႏွာသုတ္ပဝါတစ္ထည္ဆြဲယူၿပီး သူ႔ဆံပင္ေတြေျခာက္ေသြ႕ေအာင္ကူေပးမိ၏။ တစ္ေနကုန္လုပ္ကိုင္လႈပ္ရွားထားတာေပမယ့္ ေဆာင္းညေနခင္းကို စိန္ေခၚရေလာက္ေအာင္ေတာ့ အပူမကဲ။ အိမ္ေနရင္း ပုဆိုးသာဝတ္တတ္သူကို ဒီေန႔ေတာ့ အားကစားေဘာင္းဘီရွည္နဲ႔ တီရွပ္အေပၚကထပ္ဖို႔ စြယ္တာလက္ရွည္ထုတ္ထားေပးလိုက္သည္။ သူနဲ႔ဆင္တူေဘာင္းဘီ ဝတ္ထားတဲ့ကြၽန္ေတာ့္ကို ေျခဆုံးေခါင္းဆုံးၾကည့္ၿပီး အၿပဳံးေတြခ်ိဳျမေနျပန္၏။
"အနံ႔နဲ႔တင္ အူက ဂလိုင္ေခါက္ေနၿပီ။ အျပင္အဆင္ကလည္း ရွယ္ပဲေဟ့။ ငထြဋ္က ျပန္ဖို႔ရက္ေ႐ႊ႕သြားတာကို ငါ ဆြဲေခၚခဲ့တာ"
"ေကာင္းတာေပါ့ ကိုေက်ာ္ရာ။ လာဗ်ာ ကိုထြဋ္ေရာ။ ကြၽန္ေတာ္က ကိုထြဋ္ ျပန္ၿပီထင္လို႔ contact မလုပ္လိုက္မိတာ"
ဧည့္ခန္းကအသံေတြ ကြၽန္ေတာ္တို႔ အိပ္ခန္းထိ လွ်ံတက္လာသည္။
"ေရာက္လာၾကၿပီထင္တယ္။ သြားရေအာင္"
ၿဖိဳးေလးက အိမ္ရွင္ပီပီ ေဖာ္ေဖာ္ေ႐ြေ႐ြ ႀကိဳဆို၏။ ေရာက္ခ်လာတာေတာ့ ကိုထြဋ္တို႔ တစ္ဖြဲ႕လုံး လူစုံတက္စုံျဖစ္သည္။ ညေနအေတာ္ေစာင္းမွ ကြၽန္ေတာ္တို႔အတန္းက စႏၵာေဇာ္ဝင္း မိန္းကေလးသူငယ္ခ်င္းေတြလည္းပါလာေတာ့ လူကအေတာ္စည္သည္။
အဆင္သင့္ျပင္ထားတဲ့အသားနဲ႔ပင္လယ္စာေတြကို ႀကိဳက္ႏွစ္သက္ရာ ကိုယ္တိုင္ယူကင္႐ုံမို႔ ပစၥည္းေတြေနရာခ်ၿပီးတာနဲ႔ အိမ္ေရွ႕ၿခံဝိုင္းက ရယ္သံေတြ၊ အစားအေသာက္ရနံ႔ေတြနဲ႔ လႈပ္ရွားယိမ္းထိုးေနေတာ့၏။ ေသာက္စရာေတြ ဒိုင္ခံစပ္တာကေတာ့ ကြၽန္ေတာ္နဲ႔ရဲဘုန္း။ ဇာမဏိနဲ႔ ၿဖိဳးေလးက လိုအပ္တဲ့ မီးေတြ၊ ထင္းေတြ ကူျဖည့္လိုက္ ပန္းကန္ေတြသယ္ေပးလိုက္ႏွင့္ပင္။ စီနီယာဝိုင္းက ထင္းမီးပုံတစ္ခုထပ္ဖိုၿပီး ဝိုင္းခ်လိုက္ေတာ့ ဒီဇင္ဘာအေအးဓါတ္က ကြၽန္ေတာ္တို႔ကို မျခယ္လွယ္ႏိုင္ေတာ့။
မိန္းကေလးအင္အားတိုးလာေတာ့ မီႏူးအသစ္ေတြထပ္ေရာက္လာတာ ေခါက္ဆြဲေၾကာ္၊ ၾကာဆန္ေၾကာ္နဲ႔ သီးစုံထမင္းေၾကာ္။
"ပါးစပ္ဟ"
ေရဘူးကဒ္ေတြမေနတဲ့ ဇာမဏိလက္ကိုသြားဆြဲၿပီး ခြံ႕ေကြၽးလိုက္တာ အသားကင္ေတြ။ ပင္လယ္စာမစားတဲ့သူ႔အတြက္ မီးဖိုသပ္သပ္ခြဲထုတ္ၿပီး ကင္ထားတဲ့ အသားကင္အစုံက ဟင္းခတ္ေတြနဲ႔နယ္ထားတာမို႔ ေမႊးႀကိဳင္ေနသည္။
"ေကာင္းလား"
"အင္း..."
ႏႈတ္အေျဖက ကြၽန္ေတာ္ပါးျပင္ထဲ ႐ႊတ္ခနဲပြတ္တိုက္ၾကင္နာၿပီးမွ ထြက္လာသံျဖစ္သည္။ မလုံမလဲနဲ႔ ေနာက္ျပန္လွည့္ၾကည့္မိေတာ့ လူအုပ္နဲ႔ အလွမ္းေဝးေနတဲ့ ကြၽန္ေတာ္တို႔ကို ဘယ္သူမွ သတိမထားမိၾက။
"အေမာေျပေဆးေလး"
လူေတြသတိမထားမိတာသိေတာ့ က်န္ေနတဲ့ပါးတစ္ဖက္ကိုပါ ငုံ႔ကိုင္းနမ္းရႈိက္တာ ဖ်တ္ခနဲ။
"ကိုယ့္ ေကာင္ေလးက သတၱိအရမ္းေကာင္း"
လုပ္ခ်င္ရာလုပ္ၿပီး ရယ္ေနတဲ့ သူ႔နား႐ြက္တစ္ဖက္ကို လိမ္ဆြဲၿပီးမွ ေခြၽးစေတြစိုေနတဲ့ နားသယ္ဆံစပ္ေတြကို လက္ခုံနဲ႔ ဖိသုတ္ေပးရ၏။
"ကိုယ္ ဗိုက္ဆာေနၿပီ။ အဲ့ဒါေတြထားလိုက္ေတာ့"
ၾကာဆန္ေၾကာ္၊ ေခါက္ဆြဲေၾကာ္နဲ႔ အသားကင္အစုံကို ေႂကြပန္းကန္ျပားျဖဴတစ္ခ်ပ္ထဲထည့္ၿပီး ႏွစ္ေယာက္အတူတူစားေနတာ ျမင္သြားတဲ့ စႏၵာေဇာ္ဝင္းရဲ႕မ်က္ေစာင္းဒဏ္ကို ညေနခင္းတစ္ခုလုံး လွိမ့္ပိန္႔ခံရ၏။
ဗိုက္ျပည့္ေအာင္ျဖည့္ၿပီး အေတာ္ၾကာမွ သန္လ်င္ၿမိဳ႕ေကာင္းကင္မွာျမင္ရတဲ့ ညရဲ႕ၾကယ္ပြင့္မႈန္မႈန္တို႔ကို ေရာစပ္ထားတဲ့ အသူရာရည္နဲ႔ျမည္းရသည္။
"ေဟ့ ေနေသာ္ အဲ့လို တစ္ေယာက္တည္း ခ်ေနလို႔ရမလား။ ဒီလာခဲ့"
ကိုေက်ာ္က ကြၽန္ေတာ့္လက္ေမာင္းကေနဆြဲေခၚၿပီး ၿပိဳင္ေသာက္တာ One Shot ေတြခ်ည္း။ ေသာက္ျဖစ္တာ အေပ်ာ့ေတြ၊ အျပင္းေတြအကုန္ ေရာသမေမႊ။ ကြၽန္ေတာ့္လက္ထဲ တစ္ခြက္ၿပီးတစ္ခြက္ေရာက္လာတာ ဘယ္သူေတြလာထည့္ေနမွန္းေတာင္ သတိမထားမိေတာ့။
"ကိုထြဋ္ လစ္မစ္ေက်ာ္ေနၿပီမလား"
အျပင္းေတြခ်ည္းခ်ေနတဲ့ ကိုထြဋ္ကို ၿဖိဳးေလးတို႔ လင္မယားက တားခ်င္ေန၏။ ဘီယာ၊ ဝိုင္ေလာက္နဲ႔ ၿငိမ့္ခ်င္တဲ့ မိန္းကေလးေတြက တစ္ဝိုင္း။ အျပင္းေတြအကိုင္မ်ားတဲ့ ကြၽန္ေတာ္တို႔ေယာက္်ားေလးအဖြဲ႕က တစ္လိုင္း။ မီးပုံကို ပတ္လည္ဝိုင္းထိုင္ေနတာျဖစ္ေပမယ့္ ႏွစ္ျခမ္းကြဲေနၾကသည္။ ညနက္ရဲ႕ ေလျပည္ညႇင္းက ရီေဝယစ္မူးမႈ လယ္ဗယ္တိုးေအာင္ ကြၽန္ေတာ္တို႔ၾကား ပြတ္တိုက္ေျပးလႊားေန၏။ မမူးစဖူး ေဝဝါးေနေပမယ့္ ကြၽန္ေတာ့္ေဘးနားရွိသူရဲ႕ ကိုယ္သင္းနံ႔က ကြၽန္ေတာ့္အာ႐ုံထြက္မေျပးေအာင္ ကူညီေဖးမေန၏။
"ကိုယ္ ေသာက္ဦးမယ္ေနာ္"
"ႀကိဳက္သေလာက္ေသာက္ပါ အစ္ကိုရဲ႕။ ကြၽန္ေတာ္ရွိေနတာပဲ"
ကြၽန္ေတာ့္ပုခုံးတစ္ဖက္ကိုထိစပ္ထိန္းထားေပးသူမ်က္ႏွာေပၚ မီးပုံက ထင္းမီးေရာင္ ဝါက်င့္က်င့္ထင္ဟပ္ေနပုံက တည္ၾကည္ေအးခ်မ္းလြန္းေန၏။ သူကိုယ္တိုင္က သိပ္မေသာက္ဘဲ ကြၽန္ေတာ္သြားရာေနာက္ မနီးမေဝးကေနလိုက္ၿပီး ထိန္းေပးသည္။ ကိုေက်ာ္တို႔ေျပာေနတာေတြကို ေထာက္ခံ႐ုံ ေခါင္းညိတ္ရင္း ကြၽန္ေတာ္ၾကည့္ေနမိတာ သူ႔တစ္မ်က္ႏွာ။
မေသာက္တာၾကာလို႔ပဲ အစာအိမ္က အရည္ေတြနဲ႔မယဥ္ပါးေတာ့တာလား။ သူ ကြၽန္ေတာ့္နားရွိေနလို႔ပဲ လုံၿခဳံလြတ္လပ္စိတ္နဲ႔ လြင့္ခ်င္တိုင္းလြင့္မိတာလားေတာင္ မသိေတာ့။ စကားသံေတြၾကားေနရေပမယ့္ ကြၽန္ေတာ့္အာ႐ုံတစ္ခုလုံး ကိုေက်ာ့္ခြက္ကို လွမ္းျဖည့္ေပးတဲ့ သူ႔ဆီမွာသာ ရွိေတာ့သည္။
အပူခိုးေဝတဲ့မ်က္လုံးေတြနဲ႔ ေငးမိတာမို႔ အက်ႌလက္ရွည္ကို ပင့္တင္ထားတဲ့ လက္ဖ်ံေသြးေၾကာကေန၊ ဆင္ၾကယ္စိမ္းစီးထားတဲ့ ေျခေခ်ာင္းရွည္ရွည္ေတြထိ ကြၽန္ေတာ့္ရင္ခုန္သံကိုအားျဖည့္ဖို႔ ကဗ်ာေတြျဖစ္လာတာမ်ိဳး။ ရင္ထဲမွာ လႈပ္ရွားမိလာသမွ် မတည္မၿပဳံးနဲ႔ သူ႔ႏႈတ္ခမ္းေတြက ကြၽန္ေတာ့္ရင္ထဲကအပူေတြကို ထပ္ေလာင္းေဖ်ာ္ခ်ေပးေနတဲ့ ေနေရာင္လိုပင္။
"ဒီတိုင္းေသာက္ေနရတာ ပ်င္းတယ္ေလ။ ေနေသာ္ လက္စြမ္းပါဦး"
စီနီယာဝိုင္းက အစ္မတစ္ေယာက္ ထေအာ္တာျဖစ္သည္။
"ဟုတ္တယ္ ေနေသာ္။ မင္းလက္ရာ မၾကားရတာၾကာၿပီ။ လုပ္လိုက္ဦး"
လက္ခုပ္လက္ဝါးေတြပါတီးၿပီး အားေပးအားေျမႇာက္လုပ္ေတာ့ အရည္ေတြဝင္ထားတဲ့ ကြၽန္ေတာ့္ခႏၶာ ခပ္ပင့္ပင့္ျဖစ္လာ၏။ ရဲဘုန္း ကမ္းေပးတဲ့ ဂစ္တာကို ထယူဖို႔ျပင္ေပမယ့္ တကယ္တမ္းပါသြားတာ ကိုထြဋ္လက္ထဲ။
"ကိုယ္ တီးေပးမယ္"
လက္ေခါက္မႈတ္ၿပီး အားေပးတာၾကသူေတြကို ကြၽန္ေတာ္ေခါင္းခါျပလိုက္သည္။ တည္သြားတဲ့ ကိုထြဋ္မ်က္ႏွာအတြက္ ကြၽန္ေတာ္ အားနာစိတ္လည္းမဝင္မိေတာ့။ အလိုက္တသိနဲ႔ ကိုထြဋ္လက္ထဲက ဂစ္တာကို ဆြဲယူလာသူထံ ကြၽန္ေတာ့္အာ႐ုံတစ္ခုလုံး မွီခိုေန၏။ ဂစ္တာႀကိဳးမွာ ညႇပ္ထားတဲ့ လက္ခပ္အထိ ကြၽန္ေတာ့္လက္ထဲအဆင္သင့္ ျပင္ဆင္ေပးေနတာေတြကို တိတ္တဆိတ္အကဲခတ္ေနၾကတာေတြလည္း ကြၽန္ေတာ္သိသည္။
ေယာက္်ားေလးႏွစ္ေယာက္ၾကားက အျပဳအမူဆိုတာမ်ိဳးေတြအတြက္ ေစာင့္ၾကည့္ေလ့လာေနတာမ်ိဳးေတြ။ ၾကည့္ၾကပါေစ။ ကြၽန္ေတာ့္ခ်စ္သူ ဘယ္ေလာက္ထိ ခ်စ္တတ္ေၾကာင္း ျမင္ၾကပါေစ။ ဒီလိုအခ်စ္ေတြကို ရယူပိုင္ဆိုင္ထားတဲ့ေကာင္ကလည္း ကြၽန္ေတာ္တစ္ေယာက္တည္းျဖစ္တဲ့အေၾကာင္း ေတြ႕ၾကပါေစ။
ဂစ္တာႀကိဳးေပၚတင္မိတဲ့ လက္ဖ်ားေတြကေတာင္ ခ်စ္သူရဲ႕ဂ႐ုစိုက္တတ္ျခင္းတို႔ေၾကာင့္ ေပါ့ပါးသြက္လက္ေနခဲ့၏။ သူ႔ထိုင္ခုံကို ကြၽန္ေတာ့္ဘက္ထပ္တိုးကပ္လာတဲ့ သူ႔ဆီက ခ်စ္ျခင္းရနံ႔ေတြ ကြၽန္ေတာ့္ကိုယ္ေပၚ လႊမ္းၿခဳံသည္။ အၿပဳံးနဲ႔ေငးေနခဲ့တဲ့ သူ႔မ်က္ဝန္းတို႔က ကြၽန္ေတာ္ ေပ်ာ္ဝင္ၿငိတြယ္မိတဲ့ ေအာက္စီဂ်င္လို...
🎵ငါေလ အကုန္ျဖတ္ေက်ာ္လာမယ္
ဘယ္လို ကာရံထားပါ
mount ဧဝရက္ပဲကာရံ
မီးပင္လယ္ေတြၾကားျဖတ္ေက်ာ္မွာ
ဘယ္လိုပင္လိုအင္ေတြရယ္ဆိုေလ ငါ့အနားမွာ
မင္းမရွိတဲ့အခိုက္အတန္႔ဘဝမွာ
ငါမေနခ်င္ပါဘူး ခ်စ္သူရာ
ဘယ္ေလာက္ထိေဝးလို႔ ဘယ္ေလာက္အဆက္အသြယ္ေတြမဲ့
မင္းအခ်စ္နဲ႔ထပ္တူက်မယ့္ခ်စ္သူ ေနာက္ထပ္လည္းမရွိႏိုင္ပါ
အို ဘယ္ေလာက္ထိ ဟိုး...မိဘေတြ အဆက္အသြယ္ေတြျဖတ္
တကယ္ဒီလိုႏွစ္ေယာက္ ရင္ထဲရွိတဲ့အခ်စ္မ်ား
ယုံေနတယ္ မခြဲဘူး
ယုံၾကည္တယ္မေဝးဘူး
honey မင္းဘက္က သစၥာမပ်က္ခဲ့ဘူးသလို
ငါလဲမေဖာက္ျပားပါ
မေဝးဘူး ယုံၾကည္တယ္ မခြဲဘူး honey
မင္းရဲ႕ဘက္ကသစၥာမပ်က္ခဲ့ဘူးသလို
ငါလည္းမေဖာက္ျပားပါ
ဘယ္ေလာက္ထိေဝးလို႔ ဘယ္ေလာက္အဆက္အသြယ္ေတြမဲ့
မင္းအခ်စ္နဲ႔ထပ္တူက်မယ့္ခ်စ္သူ ေနာက္ထပ္လည္းမရွိႏိုင္ပါ
အို ဘယ္ေလာက္ထိ ဟိုး...မိဘေတြ အဆက္အသြယ္ေတြျဖတ္
တကယ္ဒီလိုႏွစ္ေယာက္ ရင္ထဲရွိတဲ့အခ်စ္မ်ား
ယုံေနတယ္ မခြဲဘူး
ယုံၾကည္တယ္မေဝးဘူး
honey မင္းဘက္က သစၥာမပ်က္ခဲ့ဘူးသလို
ငါလဲမေဖာက္ျပားပါ
မေဝးဘူး ယုံၾကည္တယ္ မခြဲဘူး honey
မင္းရဲ႕ဘက္ကသစၥာမပ်က္ခဲ့ဘူးသလို
ငါလည္းမေဖာက္ျပားပါ🎵
ဂစ္တာႀကိဳးေပၚက ႐ုပ္သိမ္းလိုက္တဲ့ ကြၽန္ေတာ့္လက္က လက္ဖဝါးျပင္က်ယ္တစ္ခုရဲ႕ဆြဲယူခံရျခင္းေၾကာင့္ေႏြးသြား၏။ အၿပဳံးနဲ႔ေငးတဲ့မ်က္ဝန္းနက္ေတြက ညနက္နက္ေကာင္းကင္မွာသာတဲ့လမင္းလို ေတာက္ပဝင့္ႂကြားေနသည္။ ေဝါခနဲ ေအာ္သံေတြၾကားလိုက္ေပမယ့္ ကြၽန္ေတာ္က ေလဟာနယ္ထဲ ျပဳတ္က်သြားသလို အသံေတြေဝးသြားရ၏။ ကြၽန္ေတာ္ ခံစားသိရွိေနတာ နဖူးေပၚက စိုျမေႏြးေထြးသည့္ အထိအေတြ႕တစ္ခုတည္း။
*****************************
"အစ္ကို အိပ္ခန္းထဲဝင္လွဲေနပါလား။ ကြၽန္ေတာ္ ျမန္ျမန္ျပန္လာမယ္ေလ"
"Nope! ကိုယ့္ကိုစိတ္မပူပါနဲ႔။ ဒီနားေလးမွာ ၿငိမ္ၿငိမ္ထိုင္ၿပီး မင္းကိုၾကည့္ေနမယ္ေလ။ မင္းကို ၾကည့္ေနခ်င္တယ္"
အရည္ေတြထဲနစ္သြားတဲ့ ကြၽန္ေတာ့္ႏွလုံးသားရီေဝယစ္မူးေနျခင္းကို ဇာမဏိလည္း မထိန္းႏိုင္ေတာ့။
"ဒါဆို ဒီမွာထိုင္ေနေနာ္"
နဖူးေပၚ ဖ်တ္ခနဲငုံ႔နမ္းၿပီး ၿဖိဳးေလးတို႔လင္မယားသိမ္းဆည္းေနတဲ့ဆီ ျပန္ေျပးသြား၏။ မနက္ ၃နာရီရဲ႕ေကာင္းကင္က သန္းေခါင္ေလာက္အေရာင္မရင့္ေတာ့။ ေပၚတီကိုေဘးထုတ္ထားတဲ့ ဝရန္တာမွာထိုင္ရင္း ကြၽန္ေတာ့္ေရွ႕မလွမ္းမကမ္းက ျမင္ကြင္းကိုေငးေနမိသည္။
သြက္လက္တက္ႂကြစြာ လႈပ္ရွားေနတဲ့ ကြၽန္ေတာ့္ခ်စ္သူက သန္းေခၚေက်ာ္ထြက္ေပၚလာတဲ့ ဓူဝံၾကယ္လိုလင္းလက္ေနတုန္း။ ဟုတ္တယ္ သူက ကြၽန္ေတာ္တစ္ေယာက္တည္းအတြက္ ဓူဝံၾကယ္။ ကြၽန္ေတာ့္ခိုနားရာ ႏွလုံးသားေအးရိပ္ကို အၿမဲဖန္တီးေပးထားတဲ့ အခ်စ္ရပ္ဝန္းက ဓူဝံၾကယ္။
"မဝင္ေသးဘူးလား"
ဝရန္တာေပၚတက္လာၿပီး ႏႈတ္ဆက္သူကို ကြၽန္ေတာ္ ေခါင္းခါျပျဖစ္၏။
"ကိုထြဋ္ေရာ"
"အိပ္မရေသးလို႔။ ယူဦးမလား"
ကမ္းေပးလာတာ စီးကရက္တစ္လိပ္။
"မေသာက္ေတာ့တာၾကာၿပီ ကိုထြဋ္"
"ဘာလို႔လဲ။ ကိုယ္တားတုန္းကေတာင္ ေနေသာ္ ေသာက္တာပဲမလား"
"မလိုေတာ့ဘူးေလ။ အဲ့တုန္းက စိတ္အဆာေျပဖို႔ေသာက္တာ။ အခုက အာဟာရျပည့္ေနၿပီ"
"အခ်စ္ေၾကာင့္လား"
"ေသခ်ာတယ္ ကြၽန္ေတာ့္လူေၾကာင့္"
"ကိုယ္ တကယ္မထင္ခဲ့ဘူး ေနေသာ္ သိလား"
"ဘာကိုလဲ"
ကိုထြဋ္က ဝရန္တာမွာ လက္ႏွစ္ဖက္ေထာက္ၿပီး ကြၽန္ေတာ္ေငးေနတဲ့ျမင္ကြင္းကို လိုက္ၾကည့္၏။
"ေနေသာ္တို႔ႏွစ္ေယာက္ ဒီေလာက္ထိ ၿမဲေနလိမ့္မယ္လို႔"
"ကြၽန္ေတာ္ေျပာခဲ့ဖူးတယ္ေလ။ ကြၽန္ေတာ့္တစ္သက္တာဆုပ္ကိုင္ခဲ့တာ သာမန္လူတစ္ေယာက္မဟုတ္ဘူး။ ကြၽန္ေတာ္ကခ်စ္ၿပီး ကြၽန္ေတာ့္ကိုခ်စ္တဲ့သူရဲ႕လက္"
"အခ်စ္ကို ကိုးကြယ္ၾကတာေပါ့။ ကိုယ္ေတာ့ အယုံအၾကည္နည္းေနတုန္းပဲ"
"ဘယ္လူမ်ိဳး၊ ဘယ္ဘာသာရဲ႕အခ်စ္နတ္ဘုရားမဆို မာနႀကီးၾကတယ္တဲ့။ ယုံၾကည္စြာကိုးကြယ္တဲ့သူဆီမွာပဲ တစ္သက္တာၿမဲတယ္။ ကိုထြဋ္လည္း အထြဋ္အျမတ္ထားၾကည့္လိုက္။ မိန္းမနဲ႔အဆင္ေျပသြားလိမ့္မယ္"
ကိုထြဋ္ ႏႈတ္ခမ္းေထာင့္စြန္းေတြေပၚ ကြၽန္ေတာ့္စကားလုံးေတြ အရွိန္ျပင္းစြာ ဝင္တိုက္သြားပုံရ၏။ နာက်င္ၿပဳံးက မပီမျပင္။ ပစၥည္းေတြသိမ္းဆည္းၿပီးလို႔ အိမ္ဘက္ကို လွည့္လာတဲ့ ဇာမဏိက ကြၽန္ေတာ္နဲ႔ ကိုထြဋ္ကို ျမင္သြားပုံရ၏။ ၿဖိဳးေလးတို႔လင္မယားနဲ႔ ရဲဘုန္းပါ အိမ္ဘက္ကို ျပန္ေလွ်ာက္လာၾကၿပီ။ ကြၽန္ေတာ္လည္း အိပ္ငိုက္ၿပီမို႔ စကားဝိုင္းကို ျဖတ္ခ်င္သည္။ ဒါေပမယ့္ ရွင္းစရာရွိေနတာက...
"ကိုထြဋ္"
ထိုင္ခုံလက္ရန္းေတြကို အားျပဳရင္း မတ္တပ္ရပ္တဲ့ ကြၽန္ေတာ့္ဘက္ ကိုထြဋ္လွည့္လာသည္။ အကြာအေဝးက ေျခလွမ္း ၅လွမ္းစာ။ ကြၽန္ေတာ့္ဆီ အေျပးတစ္ပိုင္းလာေနတဲ့ ခ်စ္သူေၾကာင့္ ကြၽန္ေတာ့္ကိုယ္မွာ အားအင္ေတြျဖစ္ေနရရင္း ကိုထြဋ္ေရွ႕ တိုးသြားမိတာက...
ခြပ္!
ကိုထြဋ္ ေမး႐ိုးထင္းထင္းက ကြၽန္ေတာ့္လက္သီးနဲ႔ ထိထိမိမိ။ မထင္မွတ္ထားတာမို႔ ကိုထြဋ္ယိုင္လဲၿပိဳက်သြား၏။ ကြၽန္ေတာ္တို႔အနား ေျပးလာသူေတြ မေရာက္ခင္ ကြၽန္ေတာ္ ကိုထြဋ္မ်က္ဝန္းေတြထဲ စိုက္ၾကည့္ျဖစ္ရင္း...
"ကိုထြဋ္ ေမ့တတ္လာၿပီထင္တယ္။ ကြၽန္ေတာ္ ခဏခဏ ေျပာတယ္။ ကြၽန္ေတာ့္အမ်ိဳးသားနာမည္က ဇာမဏိ။ ကိုထြဋ္ သူ႔ကိုမွကြက္ၿပီး ႐ိုင္းခ်င္ေနတာေတြ ကြၽန္ေတာ္ မျမင္တတ္ဘူးမထင္နဲ႔။ ကြၽန္ေတာ္တို႔ခင္ခဲ့တဲ့ႏွစ္ေတြကို အခြင့္ေကာင္းယူၿပီး သူ႔အေပၚ မလိုသလိုအမူအရာေတြလုပ္ေနတာကို ကြၽန္ေတာ္ခြင့္ျပဳမယ္ေတာ့ မထင္ဘူးမလား။ သူက စကားနဲ႔ေရာ၊ အျပဳအမူနဲ႔ပါ ကိုထြဋ္ ျငဴစူတာခံရဖို႔အေၾကာင္း လုံးဝမရွိဘူး။ ကြၽန္ေတာ္ သတိေပးတာ။ ဒါေနာက္ဆုံးပဲ ကိုထြဋ္"
"အစ္ကို"
"ဇာမဏိ"
ကြၽန္ေတာ့္လက္ေမာင္းကေနကိုင္ၿပီး ရင္ခြင္ထဲဆြဲထည့္သူဆီ အလိုက္သင့္ခိုဝင္လိုက္၏။ ၿဖိဳးေလးက ကိုထြဋ္ကိုေျပးထူၿပီး ရဲဘုန္းက မ်က္ရိပ္မ်က္ကဲနဲ႔ေမးသည္။ တိတ္ဆိတ္မႈအုပ္မိုးထားတဲ့ညျဖစ္လို႔ ကြၽန္ေတာ့္စကားသံေတြကို သူတို႔ၾကားလိုက္မွာပင္။
"ကိုယ္ အိပ္ငိုက္ေနၿပီ"
"လာ။ ေက်ာေပၚတက္"
ညရဲ႕ တိတ္ဆိတ္စြာ ေအးစက္မႈတို႔က ေက်ာျပင္ေႏြးေႏြးေၾကာင့္ ေဝးေဝးလြင့္လြင့္။
****************************
"လက္ဆစ္ေတြ နာကုန္ၿပီမလား"
"Nope, ေပ်ာ္ေနတယ္"
ကြၽန္ေတာ့္လက္ကို သူ႔လက္ဖဝါးႏွစ္ဖက္ထဲထည့္ၿပီး စိုးရိမ္စြာ တဖြဖြလုပ္ေပးေနသူရဲ႕ ပါးျပင္ကိုအသံျမည္တဲ့အထိ ကြၽန္ေတာ္ နမ္းရႈိက္ပစ္မိ၏။ ျမဴႏွင္းေၾကာင့္ ေအးစက္ေနတဲ့အဝတ္ေတြကို သူပဲလဲေပးၿပီး ကြၽန္ေတာ့္တစ္ကိုယ္လုံးကို ရင္ခြင္ထဲထည့္ဖက္ထားတာ တင္းၾကပ္လြန္းသည္။
"အစ္ကိုတို႔ အသိုင္းအဝိုင္းထဲ ဒီသတင္းပ်ံ႕သြားရင္ ဘယ္လိုလုပ္မလဲ"
"မင္းကလြဲၿပီး ဘာကိုမွ ဂ႐ုမစိုက္ဘူး။ Graduation Dinner မွာတည္းက တစ္ခ်က္ေလာက္ ထိုးပစ္ခ်င္ခဲ့တာ။ အဲ့အခ်ိန္တုန္းကသာ လုပ္မိခဲ့ရင္ ကိုယ့္အလြန္ျဖစ္မွာဆိုးလို႔။ ကိုယ္႐ိုင္းစိုင္းတာေတြ မင္းအေပၚ သက္ေရာက္သြားမွာဆိုးလို႔။ ကိုယ့္ကို စိတ္ဆိုးသြားတာလား။ ဇာမဏိ!"
သုန္မႈန္ေနတဲ့ သူ႔မ်က္ႏွာကို ေမးဖ်ားကေနေမာ့ယူလိုက္ၾကည့္ေတာ့ ေခါင္းခါျပ၏။
"အေသးအဖြဲေလးကအစ အစ္ကို ကြၽန္ေတာ့္ကိုခ်စ္ေပးေနေတာ့ ေပ်ာ္လို႔။ ၾကည္ႏူးေနတာပါ အစ္ကိုရဲ႕။ ရင္ထဲမွာ အရမ္း ထိထိရွရွ ခံစားေနရတာ အစ္ကို႔အခ်စ္ေတြေၾကာင့္။ သူမ်ားေတြအျမင္မွာ ကြၽန္ေတာ္က အစ္ကို႔ထက္ပိုခ်စ္ႏိုင္တယ္ထင္ေနၾကတာ။ တကယ္တမ္း ဒီအခ်စ္ေၾကာင့္ ကြၽန္ေတာ္ ေခါင္းေမာ့ရင္ေကာ့ေနႏိုင္ေအာင္ ထားတာ အစ္ကိုပါ။ အစ္ကို႔ကို အခ်စ္ေပးႏိုင္ဆုံးေကာင္လို႔ ကိုယ့္ကိုကိုယ္ သတ္မွတ္ထားၿပီး ဘယ္သူ႔ကိုမွ ၿပိဳင္ဘက္စာရင္းထဲမထည့္ခဲ့ေပမယ့္။ တကယ္တမ္း ၿပိဳင္ဘက္ေတြကို အလွဲထိုးေပးထားခဲ့တာ အစ္ကိုပဲ။ ေတာ္ေသးတယ္ ဒီေကာင္ ဒီလိုေပ်ာ္႐ႊင္ေနႏိုင္ေအာင္ အခြင့္အေရးေတြ ေပးခဲ့လို႔။ ခ်စ္လိုက္တာ အစ္ကိုရဲ႕"
ရင္ခြင္ထဲကို ဆြဲယူႏွစ္ထည့္ရင္း စကားေတြဆိုတဲ့ခ်စ္သူ။ ကြၽန္ေတာ္ကိုယ္တိုင္လည္း စုၿပဳံေနတဲ့ခံစားခ်က္ေတြနဲ႔ အထိအခိုက္မခံေတာ့ေလာက္ေအာင္ ႏူးညံ့မိသြားတဲ့ ႏွလုံးသားက ကြၽန္ေတာ့္မ်က္ဝန္းေတြကို စိုစြတ္သြားေစ၏။ ရီေဝယစ္မူးရတာေတြက အယ္လ္ကိုေဟာေၾကာင့္ မဟုတ္ခဲ့ဘဲ သူၾကင္နာစြာႀကဲခ်တဲ့ အနမ္းပြင့္ေတြေၾကာင့္။
အေသးအမႊားဆိုရင္ေတာင္ ကြၽန္ေတာ္ခ်စ္ရသူရဲ႕ႏွလုံးသားထဲ ေက်ာက္ခဲသလဲလို မ်က္ရွခံခက္တဲ့ ခံစားခ်က္မ်ိဳးေတြ မျဖစ္ေစခ်င္ေတာ့တာ။ ခ်စ္သူရဲ႕ေပ်ာ္႐ႊင္ျခင္းအတြက္ မစင္ၾကယ္ျခင္းေတြကို ဖယ္ထုတ္ေပးရတဲ့အႀကိမ္တိုင္း ကြၽန္ေတာ့္ေပ်ာ္႐ႊင္မႈဆထက္တိုးလာတာ။
ျဖစ္ႏိုင္ရင္ေတာ့ ခ်စ္သူကိုယ္ေပၚျဖာက်တဲ့ ခရမ္းလြန္ေရာင္ျခည္ကို စစ္ထုတ္ေပးမယ့္ အိုဇုန္းလႊာေလးအထိ ကြၽန္ေတာ္ပဲ ျဖစ္ခ်င္ေတာ့တာ...
*************************************
ၿဖိဳးေလးဆီမွာ ေသာ့ေတာင္းထားၿပီး ကြၽန္ေတာ္တို႔ႏွစ္ေယာက္ တနလၤာေန႔ ညေနအထိ ဆက္ေနဖို႔ က်န္ေနခဲ့ျဖစ္သည္။ ကြၽန္ေတာ္တို႔ႏိုးလာခ်ိန္က ေနအေတာ္ျမင့္ေနၿပီမို႔ ၿဖိဳးေလးတို႔လင္မယားနဲ႔ ရဲဘုန္းကလြဲၿပီး မရွိေတာ့။ ညကျဖစ္ပ်က္ခဲ့တာေတြ ကိုထြဋ္ဘက္က ဘာမွ complain မတက္ဘူးဆိုတဲ့အေၾကာင္း ရဲဘုန္းကပဲ တိုးတိုးကပ္ေျပာသြားသည္။ စႏၵာေဇာ္ဝင္းတို႔ ျပင္ဆင္ေပးတဲ့ ထမင္းေၾကာ္၊ ေကာ္ဖီနဲ႔ ႏွစ္ပါးသြားခ်ိန္က ေန႔လယ္စာခ်ိန္ပင္ ျဖစ္ေနေလၿပီ။
ႏွစ္ေယာက္တည္းက်န္ခဲ့တဲ့ အပန္းေျဖအိမ္က တိတ္ဆိတ္သြားေပမယ့္ ေျခာက္ကပ္သြားျခင္းေတာ့မရွိ။ ေန႔လယ္ ၂နာရီေက်ာ္မွ ေန႔လယ္စာအတြက္ ၾကက္သားျပဳတ္ထဲ ၾကက္ဥေခါက္ဆြဲေတြထည့္၊ အ႐ြက္ေတြထည့္။ တစ္နာရီနီးပါး ႀကိဳးႀကိဳးစားစားခ်က္ခဲ့ေပမယ့္ ထြက္လာတဲ့အရသာက...
"ဟင္းခ်က္တာေတာ့ ကိုယ္ တကယ္ ပါရမီမပါဘူးထင္တယ္"
အပူခ်ိန္လြန္သြားတဲ့ ေခါက္ဆြဲေပ်ာ့ၿပဲေတြနဲ႔ ေ႐ႊဝါေရာင္သမ္းသြားၿပီျဖစ္တဲ့ မုန္ညႇင္းေတြ။
"စားလို႔ေတာ့ ရပါတယ္ အစ္ကိုရ"
"မစားနဲ႔ ဗိုက္နာမယ္။ ညကလည္း အပူအစပ္ေတြစားထားတာကို"
"ဒါဆို Deli ကို ဖုန္းဆက္မွာစားၾကမယ္ေလ။ အစ္ကို ဘာစားခ်င္လဲ"
"ၾကက္ေၾကာ္၊ ပီဇာ၊ ဘာဘယ္တီး"
ၾကက္ေၾကာ္တစ္ေကာင္၊ ပီဇာႏွစ္ခ်ပ္နဲ႔ ဘာဘယ္တီးႏွစ္ဘူးက ကြၽန္ေတာ့္ဗိုက္ထဲအဝင္မ်ားသည္။
"ဗိုက္တင္းေတာ့ အိပ္ငိုက္လာျပန္ၿပီ"
"အိပ္ေလ အစ္ကိုရဲ႕။ အခန္းထဲ သြားမယ္ ထ"
"မသြားခ်င္ဘူး။ ဆိုဖာမွာပဲ လွဲဦးမယ္"
"ဇက္နာမယ္။ ေနဦး"
ဆိုဖာေပၚ သူတက္လာေတာ့ ကြၽန္ေတာ့္ကိုယ္တစ္ျခမ္းေစာင္းေပးရ၏။ မလြတ္လပ္ဘဲ ရင္ခြင္ႏွစ္ခုပူးကပ္ေနရတာကိုလည္း မြန္းၾကပ္တယ္လို႔မထင္။ သူ႔ခါးေပၚ တင္းတင္းဖက္တြယ္ေနတုန္း ကြၽန္ေတာ့္လည္ပင္းေအာက္လက္လွ်ိဳသြင္းေပးလာတဲ့ သူ႔လက္ေမာင္းေပၚ ေခါင္းအုံးရင္း အိပ္ပစ္ရမယ့္အခ်ိန္ေတြကို ႏွေျမာေနမိ၏။
ေျခရင္းရွိ မွန္ျပတင္းမွ တိုးဝင္ေနတဲ့ေလက ခန္းစီးလိုက္ကာေတြၾကား တိုးေဝွ႔ေပ်ာ္ျမဴးေနသည္။ ကြၽန္ေတာ့္ဆံပင္ေတြထဲ သက္ဆင္းလာတာက ေႏြးေထြးတဲ့အနမ္းပြင့္ေတြ။ ႏိုးတစ္ဝက္၊ အိပ္တစ္ဝက္အသိနဲ႔ ဖမ္းဆုပ္ထားမိတာ သူ႔ကိုယ္သင္းရနံ႔ေႏြးေႏြး။
"သန္လ်င္ေရာက္ေနမွေတာ့ မင္းတို႔ေက်ာင္းကို ဝင္ၾကည့္ၿပီးမွ ျပန္မယ္ေလ"
တနလၤာေန႔ နံနက္ခင္းျဖစ္ေပမယ့္ ကြၽန္ေတာ္တို႔ အေလာႀကီးစရာမလို။ ကြၽန္ေတာ့္ ဂ်ဴတီက ၾကာသပေတး၊ ေသာၾကာမွဝင္ရမည္။ နံနက္စာစားၿပီး အထုပ္အပိုးေတြ ကားေပၚတင္ၿပီးကာမွ MMU ဘက္ သြားၾကည့္ခ်င္စိတ္ေပၚလာသည္။
ေနာက္အပတ္ဆို New Year။ ကြၽန္ေတာ္တို႔ခ်စ္သူသက္တမ္း ၇ႏွစ္ျပည့္။ အိမ္ေထာင္သက္ တစ္လ။ သူနဲ႔ကြၽန္ေတာ္ ဆုံစည္းျဖစ္တာ ဒီဇင္ဘာအေစာပိုင္း။ ခ်စ္သူျဖစ္တာ ဒီဇင္ဘာေႏွာင္းပိုင္း။ စေတြ႕တည္းက ေျပာင္းလဲမသြားတာ သူ႔ရဲ႕တည္ၾကည္တတ္ျခင္းနဲ႔ စြဲၿမဲစြာစီးတတ္ခဲ့တဲ့ ဆင္ၾကယ္စိမ္း။ အစဥ္သျဖင့္ ကြၽန္ေတာ့္အလိုကိုလိုက္ေလ်ာတတ္သူ ေျခခ်ခဲ့ရာ ေက်ာင္းေတာ္က ႏုပ်ိဳေနတုန္းပင္။
ေက်ာင္းဖြင့္ရက္မို႔ ေက်ာင္းထဲသြားလာေနၾကသည့္ ဆင္တူဝတ္စုံနဲ႔ ေက်ာင္းသား၊ ေက်ာင္းသူေတြကို ျမင္ရ၏။ ကြၽန္ေတာ္ေပးတဲ့ အေပၚထပ္အက်ႌဝတ္ၿပီး မင္ေသေသမ်က္ႏွာနဲ႔ ေလွကားေပၚက ဆင္းလာသူရဲ႕ပုံရိပ္ေတြက မေန႔တစ္ေန႔ကအတိုင္း။
ကြၽန္ေတာ္ သူ႔ကိုရပ္ေငးၾကည့္ခဲ့ရတဲ့ မေလးရွားပိေတာက္ပင္မွာ အပြင့္သစ္ေတြေဝေနသည္။ ႐ြက္စိမ္းဖားဖားၾကား ပြင့္ေနတဲ့ ပိေတာက္ပြင့္ႏုပ္ႏုပ္တို႔က လွသည္။ ဒါေပမယ့္ ကြၽန္ေတာ္ လႈပ္ရွားသမွ် လိုက္ေငးၾကည့္ေနတဲ့ ခ်စ္သူႏႈတ္ခမ္းေပၚရွိ အၿပဳံးပြင့္တို႔က ပိုလွ၏။
ခ်စ္သူအၿပဳံးကို မယွဥ္ႏိုင္တဲ့ မေလးရွားပိေတာက္ပင္ႀကီးကို ႏွစ္သိမ့္ၿပဳံးနဲ႔ ေမာ့ၾကည့္ခဲ့ၿပီး ၿပဳံးၿပဳံးႀကီး မတ္တပ္ရပ္ေနတဲ့ သူ႔ပုခုံးတစ္ဖက္ကို သြားတြန္းတိုက္မိသည္။
ခါးေပၚေရာက္လာၿပီး ဆြဲေပြ႕တဲ့ သူ႔လက္ကို ကြၽန္ေတာ့္လက္နဲ႔ အုပ္ကိုင္ျဖစ္၏။ အေၾကာင္းရင္းမရွိလည္း ရယ္မိၾကတာ ထပ္တူညီႏွလုံးသားတို႔ရဲ႕ ဆက္သြယ္ခ်က္ေၾကာင့္ျဖစ္မည္။
"ကိုယ္ အၿမဲသိခ်င္ေနတာတစ္ခုရွိတယ္။ မင္း ေျဖေပးမွရမွာ"
"ဘာမ်ားလဲ အစ္ကိုရဲ႕"
"မင္း ကိုယ့္ကိုခ်စ္မိေနတယ္ဆိုတာ ဘယ္အခ်ိန္မွာ ေသခ်ာသြားတာလဲ"
"ပဲခူးမွာတုန္းက။ ၿငိမိခဲ့တာက အစ္ကို႔ name tag ကို ကြၽန္ေတာ္ေကာက္ရတုန္းက နာမည္ျမင္ၿပီး ထူးဆန္းတယ္လို႔ သတိထားမိခဲ့တာဆိုေပမယ့္ ပဲခူးမွာ အေခ်အတင္ျဖစ္ေတာ့ ပိုေသခ်ာသြားတာ။ အစ္ကို႔ေၾကာင့္ အေမနဲ႔ညီမေလး ထိခိုက္မလားဆိုၿပီး စိုးရိမ္စိတ္ေတြျဖစ္ေနတဲ့ အစ္ကို႔ကိုၾကည့္ရင္း ငါ ဒီလူကို အရမ္းခ်စ္တယ္ဆိုတာႀကီးက ကြၽန္ေတာ့္အသိစိတ္ေရာ၊ မသိစိတ္ကိုပါ ႐ိုက္ႏႈိးလိုက္သလိုပဲ"
"အဲ့အခ်ိန္တုန္းက ကိုယ္ မင္းအေပၚ ရင့္သီးတဲ့စကားေတြ ေျပာမိခဲ့တာ"
"အဲ့ဒါကိုပဲ ေႂကြက်သြားတာေလ ဒီေကာင္က။ ခ်စ္ရတဲ့လူေတြ ထိခိုက္မွာစိုးလို႔ စကားလုံးေတြနဲ႔ ပစ္ေပါက္ေနတဲ့ အစ္ကို႔ပုံစံက အရမ္းမိုက္တယ္။ ေတာ္႐ုံေကာင္ဆိုရင္ စိတ္နာၿပီး အစ္ကိုနဲ႔ပတ္သက္ဖို႔ေတြးရဲေတာ့မွာ မဟုတ္ေပမယ့္ ကြၽန္ေတာ္က အစ္ကို႔ကိုခ်စ္ေနတဲ့ေကာင္ဆိုေတာ့ အစ္ကို႔အခ်စ္ကို ေသမတက္လိုခ်င္သြားတာ။ ဘိလိယက္ၿပိဳင္ထိုးတဲ့ အစ္ကို႔ပုံစံေလးကို လက္မလႊတ္ႏိုင္လို႔ ကိုယ့္ကိုကိုယ္ အႀကိမ္ႀကိမ္ ဆန္းစစ္ေနခဲ့သမွ် ပဲခူးမွာ အစ္ကိုေပါက္ကြဲပစ္လိုက္တာက ကြၽန္ေတာ္ အိပ္ေပ်ာ္ေနတာကို ႏႈိးလိုက္သလိုမ်ိဳးေပါ့။ ဒါ့ေၾကာင့္ အဲ့ႏွစ္သၾကၤန္ အညာမျပန္ေတာ့ဘဲ အစ္ကိုနဲ႔ေျပလည္မႈရေအာင္လုပ္။ အစ္ကို႔နားကို တဆင့္ခ်င္း ခ်ဥ္းကပ္"
"ႏွစ္ရွည္စီမံကိန္းဆြဲၿပီး အပိုင္ႀကံခဲ့တာေပါ့"
"အဲ့လို ကြၽန္ေတာ့္စိတ္ေရာကိုယ္ပါ ရင္းႏွီးျမႇဳပ္ႏွံႀကံစည္ရေလာက္တဲ့အထိ အစ္ကို႔အခ်စ္က တန္ဖိုးႀကီးတယ္"
လက္ႏွစ္ဖက္ေျမာက္ျပၿပီး အလံျဖဴျပအရႈံးေပးရတဲ့အထိ သူ႔စကားႂကြယ္မႈကို ကြၽန္ေတာ္မႏိုင္။ ကြၽန္ေတာ့္ပုခုံးကေနဆြဲခ်ၿပီး လည္ဂုတ္သားကို ဖိနမ္း၏။
ကြၽန္ေတာ္ သူ႔ခါးကိုဖက္ၿပီး ေခါင္းငုံ႔ခ်ခ်ိန္နဲ႔တိုက္ဆိုင္စြာပဲ သူ႔ဆင္ၾကယ္ဖိနပ္သဲႀကိဳးစိမ္းေပၚ ေဖးတင္ေနတဲ့ မေလးရွားပိေတာက္ပြင့္ငယ္ငယ္။ ပင္ယံထက္က ပြင့္ငယ္ထက္ ကြၽန္ေတာ့္ခ်စ္သူ ေျခဖဝါးေပၚခစားေနတဲ့ ပြင့္ေႂကြက ပိုမိုထည္ဝါဝင့္ႂကြား၏။
ေလျပည္ေတြ ပြတ္တိုက္သဲ့ယူသြားတဲ့ ရပ္ဝန္းထဲ ကြၽန္ေတာ္တို႔အနမ္းေတြ ေပ်ာ္ဝင္စီးဆင္းကုန္သည္။ ခ်စ္သူရဲ႕ ၾကင္နာတတ္ျခင္းကို မၿပိဳင္ဆိုင္ႏိုင္ ရွက္႐ြံ႕သိမ္ငယ္စြာနဲ႔ မေလးရွားပိေတာက္ပြင့္တို႔ ေႂကြက်ေျမခေပးရသည္။
ေကာင္းကင္ျပာရဲ႕ ၾကည္လင္သန္႔စင္မႈက ခ်စ္သူႏွလုံးသားနဲ႔ ထပ္တူ...
သူရိယေနဝန္းရဲ႕ ခမ္းနားမႈက ခ်စ္သူႏွလုံးသားနဲ႔ ထပ္တူ..
ကြၽန္ေတာ့္ရင္ခုန္သံမ်ား ခ်စ္သူရဲ႕ခ်စ္ျခင္းနဲ႔ထပ္တူ...
မေဝးဘူး _ လႊမ္းပိုင္
#
#####################
September 28.2021.(Tuesday)
*************************
ရာသီဥတုသာယာၾကည္လင္တဲ့ ႏွလုံးသားရပ္ဝန္းကို စာဖတ္သူေတြရင္ထဲအေရာက္ပို႔ သိမ္းဆည္းခဲ့ပါၿပီ။ ခဏအနားယူၿပီး ေအာက္တိုဘာမွာ Special Extra နဲ႔ျပန္ေတြ႕ၾကမယ္ဗ်ာ။ ၿပီးသြားၿပီလို႔ မသုံးႏႈန္းခ်င္ေသးလို႔ မၾကာခင္ျပန္ေတြ႕ၾကပါမယ္ေနာ္♥️
🎐🎐🎐🎐🎐🎐🎐