Book-1 (မှော်ဆေးဧကရာဇ်၊ သိုင်...

By Xiaosuwang

69.7K 6K 21

ကိုယ်တိုင်ရေးမဟုတ်ပါ။ ဖတ်ချင်လို့saveထားတာပါ။ မှော်ဆေးဧကရာဇ် ၊ သိုင်းနတ်ဘုရား ချင်းမင် ချင်းမင်သည် ဆေးနတ်ဘုရာ... More

စာစဥ် ၁၊အပိုင်း၁
စာစဥ် ၁၊အပိုင်း၂
စာစဥ် ၁၊အပိုင်း၃
စာစဥ် ၁၊အပိုင်း၄
စာစဥ် ၁၊အပိုင်း၅
စာစဥ် ၁၊အပိုင်း၆
စာစဥ် ၁၊အပိုင်း၇
စာစဥ် ၁၊အပိုင်း၈
အပိုင်း-9
အပိုင်း-10
အပိုင်း-11
အပိုင်း-12
အပိုင်း-13
အပိုင်း-14
အပိုင်း-15
အပိုင်း-16
အပိုင်း-17
အပိုင်း-18
အပိုင်း-19
အပိုင်း-20
စာစဥ်-2၊ အပိုင်း-21
အပိုင်း-22
အပိုင်း-23
အပိုင်း-24
အပိုင်း-25
အပိုင်း-26
အပိုင်း-27
အပိုင်း- 28
အပိုင်း-29
အပိုင်း-30
အပိုင်း-31
အပိုင်း-32
အပိုင်း-33
အပိုင်း-34
အပိုင်း-35
အပိုင်း-36
အပိုင်း-37
အပိုင်း-38
အပိုင်း-39
အပိုင်း-40
စာစဥ်-3၊ အပိုင်း-41
အပိုင်း-42
အပိုင်း-43
အပိုင်း-44
အပိုင်း-45
အပိုင်း-46
အပိုင်း-47
အပိုင်း-48
အပိုင်း-49
အပိုင်း-50
အပိုင်း-51
အပိုင်း-52
အပိုင်း-53
အပိုင်း-54
အပိုင်း-55
အပိုင်း-56
အပိုင်း-57
အပိုင်း-58
အပိုင်း-59
အပိုင်း-60
စာစဥ်-4 ၊ အပိုင်း-61
အပိုင်း-62
အပိုင်း-63
အပိုင်း-64
အပိုင်း-65
အပိုင်း-66
အပိုင်း-67
အပိုင်း-68
အပိုင်း-69
အပိုင်း-70
အပိုင်း-71
အပိုင်း-72
အပိုင်း-73
အပိုင်း-74
အပိုင်း-75
အပိုင်း-76
အပိုင်း-77
အပိုင်း-78
အပိုင်း-79
အပိုင်း-80
အပိုင်း-81
အပိုင်း-82
အပိုင်း-83
အပိုင်း-84
အပိုင်း-85
အပိုင်း-86
အပိုင်း-87
အပိုင်း-88
အပိုင်း-89
အပိုင်း-90
စာစဥ်-5၊ အပိုင်း-91
အပိုင်း-93
အပိုင်း-94
အပိုင်း-95
အပိုင်း-96
အပိုင်း-97
အပိုင်း-98
အပိုင်း-99
အပိုင်း-100
စာစဥ်-6၊အပိုင်း-101
အပိုင်း-102
အပိုင်း-103
အပိုင်း-104
အပိုင်း-105
အပိုင်း-106
အပိုင်း-107
အပိုင်း-108
အပိုင်း-109
အပိုင်း-110
အပိုင်း-111
အပိုင်း-112
အပိုင်း-113
အပိုင်း-114
အပိုင်း-115
အပိုင်း-116
အပိုင်း-117
အပိုင်း-118
အပိုင်း-119
အပိုင်း-120
စာစဥ်-7၊ အပိုင်း-121
အပိုင်း-122
အပိုင်း-123
အပိုင်း-124
အပိုင်း-125
အပိုင်း-126
အပိုင်း-127
အပိုင်း-128
အပိုင်း-129
အပိုင်း-130
အပိုင်း-131
အပိုင်း-132
အပိုင်း-133
အပိုင်း-134
အပိုင်း-135
အပိုင်း-136
အပိုင်း-137
အပိုင်း-138
အပိုင်း-139
အပိုင်း-140
စာစဥ်-8၊ အပိုင်း-141
အပိုင်း-142
အပိုင်း-143
အပိုင်း-144
အပိုင်း-145
အပိုင်း-146
အပိုင်း-147
အပိုင်း-148
အပိုင်း-149
အပိုင်း-150
အပိုင်း-151
အပိုင်း-152
အပိုင်း-153
အပိုင်း-154
အပိုင်း-155
အပိုင်း-156
အပိုင်း-157
အပိုင်း-158
အပိုင်း-159
အပိုင်း-160
စာစဥ်-9၊ အပိုင်း-161
အပိုင်း-162
အပိုင်း-163
အပိုင်း-164
အပိုင်း-165
အပိုင်း-166
အပိုင်း-167
အပိုင်း-168
အပိုင်း-169
အပိုင်း-170
အပိုင်း-171
အပိုင်း-172
အပိုင်း-173
အပ်ုင်း-174
အပိုင်း-175
အပိုင်း-176
အပိုင်း-177
အပိုင်း-178
အပိုင်း-179
အပိုင်း-180
စာစဥ်-10၊ အပိုင်း-181
အပိုင်း-182
အပိုင်း-183
အပိုင်း-184
အပိုင်း-185
အပိုင်း-186
အပိုင်း-187
အပိုင်း-188
အပိုင်း-189
အပိုင်း-190
အပိုင်း-191
အပိုင်း-192
အပိုင်း-193
အပိုင်း-194
အပိုင်း-195
အပိုင်း-196
အပိုင်း-197
အပိုင်း-198
အပိုင်း-199
အပိုင်း-200

အပိုင်း-92

305 25 0
By Xiaosuwang

မှော်ဆေးဧကရာဇ် ၊ သိုင်းနတ်ဘုရား ချင်းမင်

စာစဉ် - 5

အပိုင်း - 92

" နည်းလမ်းတွေကတော့ အများကြီးပဲ..၊ ဒါပေမယ့် အလွယ်ဆုံးနည်းလမ်းကတော့ ကျနော်ပြောခဲ့သလို အကျိုးအမြတ်ပေးဖို့ပဲ..။

သူတို့ ကျေနပ်လောက်မယ့် အကျိုးအမြတ်မျိုးသာ ပေးနိုင်မယ်ဆိုရင် သိုင်းအရှင်အဆင့်လို သေးသေးနုပ်နုပ် ပညာရှင်တွေမပြောနဲ့ သိုင်းဘုရင်တွေ၊ သိုင်းအင်ပါယာတွေတင်မကဘူး၊ သိုင်းသူတော်စင်တွေကိုတောင် ကျနော်တို့ကို ကူညီပေးဖို့ ဖိတ်ခေါ်လို့ရတယ်.."

ချင်းမင်၏ လေသံက ကျွမ်းကျင်ပိုင်နိုင်နေသည့်နှယ်။

သူ့အတိတ်ဘဝတုန်းက ယခုကဲ့သို့ပင် သိုင်းပညာရှင်များကို အကြိမ်ပေါင်းများစွာ ဖိတ်ခေါ်စုဆောင်းခဲ့ဖူး၏။ ထိုပညာရှင်များအထဲတွင် သိုင်းဘုရင်များ၊ သိုင်းအင်ပါယာများနှင့် သိုင်းသူတော်စင်များပင် ပါဝင်ခဲ့သည်။

ထို့ကြောင့် ယခုလို သိုင်းပညာရှင်များအား စုဆောင်းဖိတ်ခေါ်သည့် ကိစ္စနှင့် ပတ်သက်၍ ချင်းမင်အနေနှင့် ကောင်းကောင်းကြီးသိထားလေသည်။

ပုံမှန်အားဖြင့် ပညာရှင်များကို ဖိတ်ခေါ်စုဆောင်းရာ၌ မအောင်မြင်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ

ပထမအချက်အားဖြင့် တစ်ဖက်လူ ကျေနပ်နိုင်လောက်သည့် အကျိုးအမြတ်မျိုးနှင့် မကမ်းလှမ်းနိုင်သောကြောင့် ဖြစ်လေသည်။

ဒုတိယအချက်အနေနှင့် ပြောရလျှင် ဖိတ်ခေါ်သူ၏ ဂုဏ်ပုဒ် အဆင့်အတန်းက လုံလောက်အောင် မြင့်မားခြင်း မရှိသောကြောင့် ဖြစ်သည်။

လုံလောက်သည့် ဂုဏ်ပုဒ် အဆင့်အတန်းမရှိပါက မိမိ ဖိတ်ခေါ်လိုသည့် ပညာရှင်နှင့် တွေ့ခွင့်ရရန်ပင် အဘယ်မှာ ဖြစ်နိုင်ပါမည်နည်း။ ဖိတ်ခေါ်ရန်မူကား ဝေးစွ။

" အခုအခြေအနေမှာ အဖေတို့အတွက် အရေးအကြီး‌ဆုံးက အချိန်ပဲ..၊ မြန်မြန်လုပ်မှ ဖြစ်မယ်ထင်တယ်.."

ချင်းယွမ်က ပြောလိုက်သည်။

ချင်းမင်ကလည်း သေချာနေသည့်ဟန်နှင့် ပြန်ပြောသည်။

" ကျနော်တို့ အလောတကြီး လှုပ်ရှားဖို့တော့ မလိုသေးပါဘူး..၊ နောက်ပြီး အဖေမေ့နေတာတော့ မဟုတ်ပါဘူးနော်..၊ ခရီးသွားလာဖို့ တခြားနည်းလမ်းတွေလည်း ရှိသေးတယ်မလား..၊ ဥပမာ ပျံသန်းနိုင်တဲ့ မိုးပျံသားရဲကြီးတွေသုံးပြီး သွားလို့လည်း ရတယ်လေ...။

ပျံသန်းနိုင်တဲ့ မိုးပျံသားရဲတွေကို ငှားယမ်းခ ဈေးနှုန်းက အရမ်းမြင့်နေလို့သာ ဘယ်သူမှ မတတ်နိုင်ကြတာ..။

နောက်ပြီး ကျနော်တို့က အဲ့ပညာရှင်တွေကို အချိန်အတိုင်းအတာတစ်ခုအထိပဲ ဖိတ်ခေါ်တာ၊ သူတို့ကို တစ်သက်လုံး ခေါ်ထားမှာမဟုတ်ဘူး..၊ အဲ့တာကြောင့် ဖိတ်ခေါ်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာပြသနာမှ မရှိလောက်ဘူးလို့ ထင်တယ်.."

ချင်းယွမ်တစ်ယောက် ယခုမှပင် အမှောင်ထဲမှ အလင်းတန်းလေးတစ်ခုကို မြင်လိုက်ရတော့သည်။ သူက ချက်ချင်း ပြန်မေးလိုက်၏။

" ချင်းမင်..သား သူတို့ကို ဖိတ်ခေါ်စုဆောင်းတဲ့အခါ ဘယ်လိုအကျိုးအမြတ်မျိုးနဲ့ ကမ်းလှမ်းမှာလဲ..။

အဖေတို့ ချင်းမိသားစုတစ်ခုလုံး ပျက်စီးသွားမယ့်အရာမျိုးကလွဲရင် ဘယ်လိုအကျိုးအမြတ်မျိုးမဆို ပြောသာပြောလိုက်..၊ အဖေတို့ ပေးမယ်.."

ချင်းမင်က သူ့အဖေ၏ စကားအားကြားလျှင် ပြုံးလိုက်သည်။

" အဖေ..၊ အဲ့လောက်ကြီးလည်း စိုးရိမ်လွန်မနေပါနဲ့လေ..၊ နောက်ပြီး ကျနော်တို့အတွက် ရလာမယ့် အကျိုးအမြတ်ကိုလည်း မမေ့လိုက်နဲ့ဦး..."

" ဘာအကျိုးအမြတ်ရမှာတုန်း..၊ ဒီလိုအခြေအနေမျိုးမှာတောင် အဖေတို့က အကျိုးအမြတ်ရနိုင်ဦးမှာလား..."

ချင်းယွမ်က နားမလည်ဟန်ဖြင့် မေးသည်။

" ကျနော့်ဆရာက သိုင်းဘုရင်တစ်ယောက်လေ..၊ ဆရာထုတ်ပေးလိုက်တဲ့ ဘယ်ပစ္စည်းမဆိုက သိုင်းအရှင်အဆင့် ပညာရှင်တွေအချင်းချင်း သွေးချောင်းစီးတဲ့အထိ တိုက်ခိုက်လုယက်ရနိုင်လောက်အောင် အဖိုးတန်တယ်..။

သိုင်းဂိုဏ်းချုပ်တစ်ယောက်တောင် လိုချင်တဲ့ ပစ္စည်းမျိုးတွေတောင် ရှိနိုင်သေးတယ်..။ သိုင်းအရှင်တွေဆိုရင် ပြောမနေနဲ့တော့...။

အဖေ..၊ ဘာမှစိုးရိမ်မနေပါနဲ့..၊ သိုင်းအရှင်တွေကို ကမ်းလှမ်းနိုင်တဲ့ ပစ္စည်းမျိုး ကျနော်တို့ဆီမှာ အလုံအလောက် ရှိထားပါတယ်.."

ချင်းမင်က သူ့လက်မှ သိုလှောင်လက်စွပ်အား လက်တစ်ဖက်ဖြင့် လှည့်နေရင်း ပြောသည်။

" ဒါဆို အဖေတို့ ပညာရှင်တွေ ဖိတ်ခေါ်ကမ်းလှမ်းတာကို ဘယ်ကစလုပ်သင့်လဲ.."

ချင်းယွမ်က သံသယနှင့် မေးလေသည်။ ဤအချိန်က အရာရာကို အချိန်လုကာ လုပ်ရတော့မည့် အချိန်ဖြစ်နေပြီ မဟုတ်ပါလား။ ယခုမှ ချန်ယန်းမြို့သို့ လူသူစုဆောင်းရန်၊ ပညာရှင်များကို ဖိတ်ခေါ်ကမ်းလှမ်းရန် သွားမည်ဆိုပါက နောက်ကျနေပြီ ဖြစ်လေသည်။

ချင်းမင်က ပြုံးကာ ပြောလိုက်၏။

" အဖေ..၊ ကျနော်တို့ ဒီကိစ္စကို လျူမြို့ထဲမှာတင် လုပ်လို့ရပါတယ်..၊ အဲ့တာကြောင့် လောနေစရာမလိုဘူးလို့ ကျနော်ပြောတာပေါ့....."

" ဒီလျူမြို့ထဲမှာတင်လား.."

သူ့သား၏ စကားကိုကြားတော့ ချင်းယွမ် မျက်မှောင်ကြုတ်သွားသည်။ လျူမြို့အကြောင်းကို သူအသိဆုံး ဖြစ်သည်။

လျူမြို့တွင်ရှိသည့် သိုင်းအရှင်အဆင့် ပညာရှင်တိုင်းကို သူသိထား၏။ သူတို့အား ကူညီပေးမည့် သိုင်းအရှင်များ မရှိနိုင်တော့ပေ။

" ကျူးမင်အရောင်းခန်းမ..."

ချင်းမင်က သူ့ရည်ရွယ်ချက်အား ပြောလိုက်၏။

" ကျူးမင်အရောင်းခန်းမမှာက သိုင်းအရှင်တွေ ရှိလို့လား..."

ချင်းယွမ် အံ့အားသင့်သွားသည်။

အဘယ့်ကြောင့်ဆိုသော ကျူးမင်အရောင်းခန်းမနှင့် ပတ်သက်ပြီး သူအကုန်သိထားသည် မဟုတ်ပါလား။ ကျူးမင်အရောင်းခန်းမက ဝိညာဉ်ဆေးပင်များနှင့် ဆေးလုံးများကိုသာ အဓိကရောင်းချသည့် နေရာ ဖြစ်လေသည်။ သို့သော် လျူမြို့ထဲတွင်တော့ ကျူးမင်အရောင်းခန်းမက အဆင့် ၂ ဆေးလုံးများကိုသာ ရောင်းချလေသည်။ သို့ဖြစ်ရာ ကျူးမင်အရောင်းခန်းမ၌ သိုင်းအရှင်အဆင့် ပညာရှင်များ ရှိသည်ဟု ချင်းယွမ် မကြားဖူးပေ။

" အဖေ..၊ ကျူးမင်အရောင်းခန်းမကို အထင်မသေးနုဲ့..၊ သူတို့က ကိစ္စတော်တော်များများကို ဖုံးကွယ်ထားတာ...။

ကျူးမင်အရောင်းခန်းမက မဟာရှားအင်ပါယာ တစ်ခုလုံးမှာ သူတို့ ဌာနခွဲတွေအများကြီးပဲ..၊ နောက်ပြီး သူတို့ ဒီလျူမြို့မှာ ဆိုင်ခွဲလာဖွင့်ထားတယ်ဆိုတာ ဝိညာဉ်ကျောက်တုံးတွေ ရှာဖွေဖို့သက်သက်ပဲ မဟုတ်ဘူး..၊ အဓိကက သတင်းစုံစမ်းဖို့ပဲ.."

ချင်းမင်က ရှင်းပြလိုက်သည်။

ယခင်ဘဝတုန်းက သူက ဤသို့သောအဖွဲ့အစည်းများအကြောင်းကို နောကြေစွာ သိရှိနားလည်ခဲ့သည်။ သူ ကျူးမင်အရောင်းခန်းမသို့ ပထမဆုံးအကြိမ် ရောက်ရှိသွားခဲ့စဉ်ကတည်းက ကျူးမင်အရောင်းခန်းမမှာ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိခဲ့သည်။

အစတွင်တော့ အရောင်းခန်းမအား သိုင်းအရှင်အဆင့် ပညာရှင်ဖြစ်သည့် မန်နေဂျာလီက ကိုင်တွယ်ထိန်းချုပ်ခဲ့၏။ သို့သော် ယခုတော့ မန်နေဂျာကျန်းက အုပ်ချုပ်နေလေသည်။ မန်နေဂျာကျန်းသည်လည်း သိုင်းအရှင်တစ်ယောက် ဖြစ်လေသည်။

သိုင်းအရှင်အဆင့် ပညာရှင်များက အရောင်းခန်းမတစ်ခုတွင် မန်နေဂျာရာထူး အဆင့်အတန်းမျှနှင့် အလုပ်ဝင်လုပ်နေရအောင်ထိ ပေါများလွန်းနေသည်လော။

ဤနေရာက လျူမြို့ဖြစ်သည်။ မဟာရှားအင်ပါယာ၏ တော်ဝင်မြို့တော် မဟုတ်ချေ။

သို့ဖြစ်ရာ ထိုကိစ္စအတွက် ဖြေရှင်းချက်တစ်ခု ပေးပါဟု ဆိုလာလျှင် ၎င်းက ကျူးမင်အရောင်းခန်းမ ဌာနခွဲများကို နိုင်ငံတစ်ဝန်း ဖွင့်လှစ်ထားရသည့် အကြောင်းအရင်းမှာ ဝိညာဉ်ကျောက်တုံးများအတွက်မဟုတ်ပဲ သတင်းစုဆောင်းရန်သာ ဖြစ်သည်ဟု ပြန်ဖြေရပေလိမ့်မည်။

ကျူးမင်အရောင်းခန်းမ ချုပ်ကိုင်ထားသည့် အင်အားက အလွန်အင်မတန်မှပင် ကြီးမားလွန်းလှသည်မှာ မုချပင်။

သတင်းစုဆောင်းရန်ဆိုသည့် အကြောင်းပြချက်ကလွဲလျှင် မည်သည့်အဖွဲ့အစည်းမျိုးက သိုင်းအရှင်အဆင့် ပညာရှင်များကို အရောင်းခန်းမတစ်ခု၏ မန်နေဂျာအဆင့်သို့ ပို့နိုင်မည်နည်း။

ကျူးမင်အရောင်းခန်းမ၏ စည်းမျဉ်းစည်းကမ်းများအရ သိုင်းအရှင်အဆင့် ပညာရှင်များသာလျှင် ဆိုင်ခွဲတစ်ခုကို စီမံကွပ်ကဲခွင့် ရှိလေသည်။

Translated by  E=mc²

Continue Reading

You'll Also Like

1.7M 201K 74
Unicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတ...
737K 64.3K 59
မောင်က မင်းကမ္ဘာတစ်ခုထဲကိုပဲ ဦးခိုက်နေမယ့်ကောင်ပါ စဝ်မင်းကမ္ဘာဦးခိုက် time travel (My Universe i...
161K 23.4K 106
Name - Fisherman Author - Island in the World Chapter - 82 parts main Mc /MC Gong ၊ Transmigration ၊ rag to rich ၊ Male prag ၊ sweet and warm ၊ no...