စာစဥ် ၁၊အပိုင်း၂

950 74 0
                                    

မှော်ဆေးဧကရာဇ် ၊ သိုင်းနတ်ဘုရား ချင်းမင်

စာစဉ် - 1

အပိုင်း - 2

" ဒါပဲကွ..၊ မင်းလည်း ငါနဲ့အတူတူ ပြန်မွေးဖွားလာတာပဲ..၊ ဒီတော့ ငါ့ ဝိညာည်ထဲမှာ ဒဏ္ဍာရီထဲက မွေးရာပါ စွမ်းအား က တစ်ကယ်ကြီး ပါလာတာပဲ..."

" ဆေးနတ်ဘုရား ခန္ဓာကိုယ်..၊ သန့်စင်စမ်း...."

ပြာလဲ့လဲ့ အရောင်နှင့် အနီရောင်တို့ ရောစပ်နေသည့် မီးတောက်တစ်ခုက ချင်းမင်၏ ရှေ့တွင် ထွက်ပေါ်လာသည်။

" ဒါနဲ့ဆို ဆေးလုံးတွေဖော်စပ်ဖို့ ဆေးမီးဖို မလိုတော့ဘူးပဲ..၊ လေထဲမှာတင် တိုက်ရိုက် ဆေးလုံး သန့်စင်လို့ရပြီ..."

" ဆေးနတ်ဘုရား ခန္ဓာကိုယ်..၊ တိုက်ခိုက်...."

ချင်းမင်၏ ချီများက လျှင်မြန်စွာ မြင့်တက်လာသည်။ အချိန်တိုအတွင်းမှာပင် သူ၏ ကျင့်ကြံမှုက သိုင်းစစ်သည် အဆင့် 1 မှ သိုင်းအရှင် အဆင့် 1 သို့ ခုန်ပေါက် ရောက်ရှိသွားသည်။

ဤ ကမဿဘာကြီးတွင် သိုင်းအဆင့်များကို ဤသို့ ခွဲခြားထား၏။

1. ခန္ဓာကိုယ် တည်ဆောက်ခြင်း၊
2. သိုင်းစစ်သည်၊
3. သိုင်းသခင်၊
4. သိုင်းအရှင်၊
5. သိုင်းဂိုဏ်းချုပ်၊
6. သိုင်းဝိဉာဉ်၊
7. သိုင်းဘုရင်၊
8. သိုင်းအင်ပါယာ၊
9. သိုင်းဧကရာဇ်၊
10.သိုင်းသူတော်စင် နှင့်
11.သိုင်းပညာရှိ ဟူ၍။

အဆင့်တစ်ခုချင်းစီ၏ ကွာခြားချက်မှာ အလွန်ပင် ကြီးမားလေသည်။ ထို့ကြောင့် မိမိထက် အဆင့်ပိုမြင့်သည့်လူကို ထိပ်တိုက်ရင်ဆိုင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်သည့် အရာ ဖြစ်လေသည်။ တစ်ဖက်တွင်တော့ ချင်းမင် ကဲ့သို့ နတ်ဘုရားအဆင့် ပါရမီပိုင်ဆိုင်ထားသူမှသာ ထိုသို့ အဆင့်ပိုမြင့်သူကို ရင်ဆိုင်နိုင်လေသည်။ ချင်းမင်ကား အဆင့်ကြီး တစ်ဆင့်ပိုမြင့်သူကိုသာမက အဆင့်ကြီး သုံးဆင့်တိတိပင် ကျော်လွန်ကာ တိုက်ခိုက်နိုင်စွမ်းရှိ၏။

" အင်း..၊ ဝိညာဉ်ချီ ကုန်ဆုံးနှုန်းက အတော်လေးမြင့်မားတာပဲ.."

သူ့အနေဖြင့် ဆေးနတ်ဘုရား ခန္ဓာကိုယ်အား အသုံးပြုလိုက်သည့်အခါတွင် အတိတ်ဘဝမှ ဝိညာည်ချီများအားလုံးသည် သူ၏ ဆေးနတ်ဘုရား ခန္ဓာကိုယ်ထဲတွင် သိမ်းဆည်းလျက်ရှိနေကြောင်း သိလိုက်သည်။ သို့သော် ၎င်းဝိညာည်ချီများသည် အရင်းအမြစ် ကင်းမဲ့သည့် ဝိဉာဉ်ချီများ ဖြစ်လေသည်။ ၎င်းတို့အား အသုံးပြုလိုက်သည်နှင့် ကုန်ဆုံးသွားသည့် ဝိညာဉ်ချီများကို ပြန်လည် ဖြည့်တင်းနိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် ချင်းမင် အနေဖြင့် ၎င်းတို့ကို အရမ်းကာရော လျှောက်မသုံးပစ်ဝံ့ချေ။ ချင်းမင်က ဆေးနတ်ဘုရား ခန္ဓာကိုယ်အား ဖွင့်လှစ်လိုက်သည်။

Book-1 (မှော်ဆေးဧကရာဇ်၊ သိုင်းနတ်ဘုရား ချင်းမင်)Where stories live. Discover now