အပိုင်း-80

346 24 0
                                    

မှော်ဆေးဧကရာဇ် ၊ သိုင်းနတ်ဘုရား ချင်းမင်

စာစဉ် - 4

အပိုင်း - 80

" ချင်းမိသားစုက အကြီးအကဲတွေ ထွက်လာပြီး ရန်သူကို တိုက်ခိုက်ကြ..."

ချင်းယွမ်နှင့် အကြီးအကဲချင်တို့မှာ အနက်ဝတ် ရန်သူ ၂ ယောက်၏ တိုက်ခိုက်မှုများကို တားဆီးလိုက်ပြီးနောက် ချက်ချင်းဆိုသလို အမိန့်ပေးလိုက်သည်။

အစောပိုင်းက ချင်းယွမ်က ချင်းမိသားစုများအား နောက်ပြန်ဆုတ်ရန် အမိန့်ပေးခဲ့ခြင်းမှာ မလိုလားအပ်သည့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်လာမည် စိုးသောကြောင့် ဖြစ်လေသည်။

သို့သော် ယခုတွင်တော့ မတူတော့ချေ။ အနက်ဝတ် ရန်သူ ၂ ယောက်နှင့် တိုက်ခိုက်လိုက်စဉ်တွင် သူတို့က အောက်စည်းသို့ ရောက်ရှိသွားကြောင်း ချင်းယွမ် ခံစားမိလိုက်၏။ ထို့ကြောင့် ယခုအချိန်တွင် သူတို့အတွက် ရနိုင်သမျှ ခွန်အားအနည်းငယ်ကပင် အလွန်အဖိုးတန်နေချေပြီ။

ထို့အပြင် ဤရန်သူ ၂ ယောက်က သူတို့ ချင်းမိသားစုအား အန္တရာယ်ပေးရန် ရည်ရွယ်ချက်ရှိထားဟန် မတူချေ။ ထို့ကြောင့် ချင်းယွမ်က ချင်းမိသားစုဖက်မှ အကြီးအကဲများကို ခေါ်ထုတ်လိုက်ခြင်း ဖြစ်လေသည်။

အကြီးအကဲများကလည်း ချင်းယွမ်၏ အမိန့်ကို စောင့်ဆိုင်းနေကြသည်ဖြစ်ရာ အမိန့်ပေးလိုက်သည်နှင့် ချက်ချင်းပင် လက်နက်များ ထုတ်၍ တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာကြသည်။ ၎င်းတို့၏ ပစ်မှတ်ကား မိသားစုတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် အနက်ဝတ် ရန်သူ ၂ ဦး ဆီသို့။

ထိုအခါ မူလက အနက်ဝတ်ရန်သူ ၂ ဦး၏ နှစ်ယောက်တွဲ ဖွဲ့စည်းထားသော အချိတ်အဆက်က ရုတ်ခြည်း ပျက်စီးသွားတော့သည်။ ထိုလူနှစ်ယောက်က မူလကတည်းက အကြီးအကဲချင်အား ရင်ဆိုင်ရန် ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်ဖြစ်ရာ ယခုတွင် သူတို့ ၂ ယောက်၏ ပူးပေါင်းတိုက်ကွက်မှာလည်း ပျက်စီးသွားပေပြီ။

အကြီးအကဲချင်က မည်သူနည်း။ သိုင်းဘုရင်အဆင့် ပညာရှင် ဖြစ်လေသည်။ ထို့ကြောင့် ချင်းမိသားစုဖက်မှ အကြီးအကဲများ ဝင်ရောက်တိုက်ခိုက်လိုက်သည့် မျက်စိတစ်မှိတ်အချိန်အတွင်း တိုက်ပွဲအခြေအနေအား ပြောင်းလဲပစ်နိုင်ခဲ့သည်။

Book-1 (မှော်ဆေးဧကရာဇ်၊ သိုင်းနတ်ဘုရား ချင်းမင်)Donde viven las historias. Descúbrelo ahora