အပိုင်း-93

296 23 0
                                    

မှော်ဆေးဧကရာဇ် ၊ သိုင်းနတ်ဘုရား ချင်းမင်

စာစဉ် - 5

အပိုင်း - 93

" ချင်းမင်..၊ ကျူးမင်အရောင်းခန်းမမှာ သိုင်းအရှင်တွေရှိတယ်ဆိုတာ သားသေချာလို့လား.."

ချင်းယွမ်က ယခုထက်ထိ မယုံနိုင်သေးချေ။

ချင်းမင်က ခေါင်းညိတ်ပြလိုက်၏။

" ဒီအကြောင်းတွေက ကျနော့်ဆရာ ကျနော့်ကို ပြောထားတာ..၊ နောက်ပြီး ဆရာက ကျနော့်ကို ကျူးမင်အရောင်းခန်းမနဲ့ ပတ်သက်တဲ့ သတင်းတချို့ကိုလည်း ပြောပြထားသေးတယ်..၊ အဲ့တာကြောင့် ကျနော်လည်း သိနေတာ.."

ချင်းမင်က သူအလွန်ထူးချွန်ထက်မြက်နေသည့်ပုံစံ မဖမ်းလိုပေ။ တစ်ခါတရံတွင် ထူးချွန်ထက်မြက်လွန်းခြင်းက ကောင်းသည့်အရာဖြစ်သော်လည်း သာမန်ထက်ပိုပြီး ထူးချွန်လွန်းနေခြင်းကား မကောင်းဆိုးဝါးဆန်စွာ ထက်မြက်လွန်းနေခြင်းသာ ဖြစ်သည်။

ချင်းမင်က ထိုသို့ မကောင်းဆိုးဝါးဆန်ဆန် ထူးချွန်ထက်မြက်သူ ဖြစ်သည်နှင့်အညီ ထိုအရာကို မည်သို့ဖုံးကွယ်ဟန်ဆောင်ရမည်ကိုလည်း ကောင်းကောင်းကြီး နားလည်ထားသူလည်း ဖြစ်၏။

သူ့ခွန်အားက သူ့ကိုယ်သူ ကာကွယ်နိုင်သည့်အဆင့်သို့ မရောက်မချင်း သိုသိုသိပ်သိပ်နေသည်ကသာ အကောင်းဆုံးဖြစ်လေသည်။

ရေကဲ့သို့ နေထိုင်ခြင်းက အကောင်းဆုံး မဟုတ်လော။

ချင်းယွမ်က သူ့သားစကားကို ကြားတော့ စိတ်လှုပ်ရှားသွားသည်။

" အဲ့တာဆို အဖေတို့ချင်းမိသားစုမှာ ကျူးမင်အရောင်းခန်းမကိုတောင် လှုပ်လှုပ်ရှားရှားဖြစ်သွားစေနိုင်တဲ့ ပစ္စည်းမျိုး ရှိလား.."

ချင်းမင် ပြုံးလိုက်မိသည်။ ထို့နောက် သူ့အဖေအား အရောင်တောက်နေသည့် မျက်ဝန်းတို့နှင့် ကြည့်လိုက်ပြီး

" အဖေ..၊ အဖေ မြို့တော်ဝန်လုပ်ရမယ်ဆိုရင်ရော ဘယ်လိုသဘောရလဲ..၊ လုပ်ချင်လား..."

အဖေ မြို့တော်ဝန် ဖြစ်ချင်လား...တဲ့လား..။

ဖြစ်ချင်သည်။ ချင်းယွမ် အမှန်တကယ်ပင် မြို့တော်ဝန် ဖြစ်ချင်မိသည်။ ၎င်းက သူ နှစ်ရှည်လများ မက်ခဲ့ရသည့် အိပ်မက်လည်း ဖြစ်၏။

Book-1 (မှော်ဆေးဧကရာဇ်၊ သိုင်းနတ်ဘုရား ချင်းမင်)Where stories live. Discover now