စာစဥ်-9၊ အပိုင်း-161

243 22 1
                                    

မှော်ဆေးဧကရာဇ် ၊ သိုင်းနတ်ဘုရား ချင်းမင်

စာစဉ် - 9

အပိုင်း - 161

" ကျနော့်..ကျနော့်ကို ချမ်းသာပေးပါခင်ဗျာ..၊ အရှင်လိုချင်တာမှန်သမျှ အကုန်လုံး ပေးပါ့မယ်..။ စစ်မာကလန်တစ်ခုလုံးလိုချင်ရင်တောင် ပေးပါ့မယ်ခင်ဗျာ..."

စစ်မာကလန်ခေါင်းဆောင်တစ်ယောက် သွေးရူးသွေးတန်း အော်ဟစ်လိုက်၏။ လက်ရှိ၌ သူ့စိတ်ထဲတွင် ကျန်တာဘာမှ ရှိမနေချေ။ သိုင်းဝိညာဉ်အဆင့် အဖိုးအိုက သူ့အား ချမ်းသာပေးရန်တစ်ခုသာ ရှိတော့လေသည်။

သို့သော် သူ့ကံကား ဆိုးလှချေ၏။ အဖိုးအိုက သူ့အား သတ်ဖြတ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်ဟန်ရ၏။ အဖိုးအိုကား စစ်မာကလန်တစ်ခုလုံး၏ ပိုင်ဆိုင်မှုများနှင့်ပင် ဆွဲဆောင်၍ မရခဲ့။ ထိုအခိုက် နဂါးသားရဲက စစ်မာကလန်ခေါင်းဆောင်ဆီသို့ ဆတ်ကနဲ ပြေးဝင်လာသည်။

ဘုန်း..........။

ကမ္ဘာမြေတစ်ခုလုံး တုန်ဟည်းသွားစေလောက်သည့် အသံကြီးတစ်ခုက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ လူတိုင်းမှာလည်း စစ်မာကလန်ခေါင်းဆောင်ဆီသို့ အပြေးအလွှားကြည့်လိုက်မိကြသည်။

သူတို့မြင်လိုက်ရသည့်မြင်ကွင်းကား စစ်မာကလန်ခေါင်းဆောင်က သူ့ထံတဟုန်ထိုး ပြေးဝင်လာသည့် နဂါးသားရဲအား လက်နှစ်ဖက်နှင့် ဆီးကာလိုက်သည်ကို တွေ့လိုက်ကြရလေသည်။ နဂါးကြီး၏ တိုက်ခိုက်မှုအား စစ်မာကလန်ခေါင်းဆောင်က လက်နှစ်ဖက်နှင့် ကာကွယ်တားဆီးခဲ့၏။

" ဂရား...."

နဂါးသားရဲကြီးက သူ၏ ကြီးမားလှသော ပါးစပ်ကြီးအား ဖွင့်ကာ ဟိန်းဟောက်လိုက်သည်။ နဂါးသားရဲကြီး၏ ဟိန်းဟောက်သံက ကျယ်လောင်လွန်းလှသဖြင့် ကောင်းကင်တစ်ခွင်လုံးကိုပင် လှုပ်ခါသွားသယောင်ပင်။

နဂါးသားရဲကြီးက စစ်မာကလန်ခေါင်းဆောင်၏ တိုက်ခိုက်မှုအား လျစ်လျူရှုလိုက်ပြီး လေထဲသို့ တစ်ဖန် ပျံတက်သွားပြန်သည်။ တဖြည်းဖြည်းနှင့် နဂါးကြီးက ကောင်းကင်ထက်တွင် ပို၍ပို၍ မြင့်တက်သွားသည်။

Book-1 (မှော်ဆေးဧကရာဇ်၊ သိုင်းနတ်ဘုရား ချင်းမင်)Where stories live. Discover now