အပိုင်း-151

223 18 0
                                    

မှော်ဆေးဧကရာဇ် ၊ သိုင်းနတ်ဘုရား ချင်းမင်

စာစဉ် - 8

အပိုင်း - 151

" ထားလိုက်ပါလေ...၊ အဲ့ မိသားစုလေးတွေ ပြသနာရှာချင်တယ်ဆိုလည်း ရှာကြစမ်းပါစေ..၊

နောက်ပြီ ဝမ်မိသားစုကိုလည်း သူတို့ဟာသူတို့ ဘာပဲ လုပ်လုပ် လွှတ်ထားပေးလိုက်..."

ချင်းယွမ်က သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။ သူအလွန် စိတ်ပင်ပန်းနေချေပြီ။

ဝမ်မိသားစုအပါအဝင် လျူမြို့ထဲမှ မိသားစုများအားလုံးသည် သူတို့ချင်းမိသားစုအတွက်တော့ အရေးသိပ်မပါသည့် ပမွှားလေးများသာ ဖြစ်၏။ တကယ့်အရေးကြီးသည်က စစ်မာကလန် ပင်..။

အကယ်၍ သူတို့သာ စစ်မာကလန် ဟူသော ကပ်ဘေးကြီးအား အောင်မြင်စွာ ဖြတ်ကျော်နိုင်ပြီးပါက လျူမြို့မှ မိသားစုတိုင်းကို သူ ဖိနှိပ်နိုင်စွမ်းရှိလေသည်။

ချင်းယွမ်၏ စကားအားကြားလျှင် အကြီးအကဲများမှာလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ကြတော့သည်။ ထို့နောက် ထိုင်ခုံများမှထကာ အစည်းအဝေးခန်းမ တံခါးဝဆီသို့ ထွက်ခွာသွားကြတော့၏။

ဤသို့သော အခြေအနေမျိုးက သူတို့အတွက် ပထမဆုံးအကြိမ်မဟုတ်တော့ပေ။ ယခုလတ်တလာအတွင်း ချင်းမိသားစု ရင်ဆိုင်ရမည့် အရေးကိစဿစနှင့် ပတ်သက်ပြီး ဆွေးနွေးကြတိုင်း ဤသို့သော အခြေအနေမျိုးက ကြုံနေရသည်ချည်းသာ။ အကြီးအကဲများ၏ စိတ်ထဲတွင်လည်း ယခုအချိန်မျိုး၌ အစွမ်းထက် ပညာရှင်ကြီး တစ်ပါးပါး ရုတ်တရက် ပေါ်ထွက်လာကာ သူတို့ ချင်းမိသားစုအား ကယ်တင်ပေးသွားပါက မည်မျှကောင်းလိုက်မည်နည်း ဟူသော အတွေးများအားလည်း မကြာခဏ တွေးမိကြသည်ချည်း ဖြစ်၏။

သို့သော်လည်း စိတ်ကူးက စိတ်ကူးသက်သက်သာ..။ တကယ့်လက်တွေ့ အခြေအနေအား ပြန်စဉ်းစားလိုက်မိလျှင် လူတိုင်း ရင်မောနေကြရပြန်သည်။

သို့သော်လည်း တကယ့်တကယ် စစ်မာကလန်အား လုံး၀ မနိုင်နိုင်တော့ပါက ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ကြရန်လည်း ဆုံးဖြတ်ထားကြပြီး ဖြစ်လေသည်။ ရန်သူ့လက်ထဲတွင်တော့ အသေမခံနိုင်ပေ။

Book-1 (မှော်ဆေးဧကရာဇ်၊ သိုင်းနတ်ဘုရား ချင်းမင်)Where stories live. Discover now