ခြံထဲသို့ကားကွေ့ဝင်လိုက်သည်နှင့် လက်ကလေးကိုကားမှန်သို့အားပြုလျက်ဒူးလေးထောက်ကာ မြင်သမျှအရာရာကိုပါးစပ်လေးဟကာငေးနေသူက အောင်ဘုန်းဟန်ရဲ့အသစ်ကျပ်ချွတ်ညီလေး ဘုန်းပြည့်ချမ်းဟန်...။
"ဘုန်းပြည့်လေးကဒီနေ့ကစပြီး ဒီမှာဘဲတစ်သက်လုံးနေရတော့မှာ"
သူ့အသံကြောင့်ပါးစပ်လေးဟကာငေးနေသူက နောက်လှည့်ကြည့်လာပြီး...
"ထုန်းကျေ့ရေးဂဘယ်ဒူရဲ"
"ညီလေးနာမည်...ညီလေးနာမည်ကဘုန်းပြည့်ချမ်းဟန်ဖြစ်သွားပြီ မှတ်ထားနော်"
"တားနာမည်ရား..."
"အင်း...ညီလေးနာမည်"
"ဟုတ်ကဲ့..."
ထိုစဥ်အိမ်ရှေ့သို့ရောက်လာပြီဖြစ်တဲ့ကားလေးသည် ငြိမ့်ခနဲထိုးရပ်သွားသည့်အတွက် ကိုကိုကညီလေးလက်ကိုဆွဲကာကားပေါ်မှဦးဆောင်ဆင်းသွားလေတော့သည်။
"ဖွားမှုံရေ !!! ဖွားမှုံ ဒီမှာလာကြည့်ပါဦး ! ဘယ်သူပါလာလဲလို့"
အိမ်ရှေ့မှအော်သံစူးစူးကြောင့် ကြီးမှုံလည်းမီးဖိုခန်းမှကပျာကယာထွက်လာတော့ တွေ့လိုက်ရသည်က ကလေးလေးတစ်ယောက်ကိုလက်ဆွဲခေါ်လာသော မြေးဘုန်းကိုပင်။ ကလေးတစ်ယောက်ပါလာမည်မှန်း မနေ့ကတည်းကကြိုသိထား၍သိပ်တော့မအံ့ဩမိပေမယ့် ထိုကလေးကိုလက်ဆွဲထားသူက မြေးဘုန်းဖြစ်နေ၍ ကြီးမှုံတစ်ယောက်ဘုရားတ,ချင်ချင်ဖြစ်သွားရပါသည်။သူမ,ရော မောင်မြတ်ဟန်တို့ဇနီးမောင်နှံပါကလေးတစ်ယောက်ခေါ်လာလျှင် မြေးဘုန်းမကျေမနပ်ဖြစ်နေမှာကိုတွေးပူထား၍ပင်။သို့သော် ယခုမြေးဘုန်းပုံစံကြည့်ရသည်မှာ ကလေးကိုကြည်ဖြူပုံရရုံမက မကြားရတာကြာပြီဖြစ်သောအော်သံစူးစူးလေးများထွက်ပေါ်လာသည်အထိအခြေအနေကောင်းနေပါ၏။
အဝါဝမ်းဆက်နှင့်ကလေးလေးအနားရောက်လာတော့ ကြီးမှုံတစ်ယောက်သေချာကြည့်မိရင်း တစ်စုံတစ်ယောက်ကိုသတိရမိလိုက်သည်။
"ပြောပါဦး...မြေးကဘယ်သူလေးခေါ်လာတာတုန်း"
"ညီလေး...သားညီလေးခေါ်လာတာ သားနဲ့မတူဘူးလား"
"ဟုတ်ပ ကြည့်ပါဦး...ညီအစ်ကိုတွေကချစ်စရာလေးတွေ ဟောဒီကမြေးငယ်လေးကဖွားဖွားဆီလာပါဦး"
ကြီးမှုံ သူမ,ဆီလှုပ်လှုပ်လှုပ်လှုပ်လာနေသောကလေးကို ပေါင်ပေါ်ပွေ့တင်လိုက်တော့...
"ဖွားဂနားရေးဒွေဂိုနွေးအောင်ရုပ်ပေးတဲ့ဖွားရား"
"ဟင် !! မြေးငယ်လေးကဘာတွေပြောနေတာတုန်း"
ထူးထူးဆန်းဆန်းစကားကြောင့် ကြီးမှုံကလေးကိုသေချာကြည့်ပြီးပြန်မေးလေတော့ မြေးဘုန်းကကြားဖြတ်ပြောလာ၏။
"ဘုန်းပြည့်ကရေကန်ထဲကငါးတွေအေးနေမှာဆိုပြီးထိုင်ငိုနေလို့ သားကအိမ်မှာငါးကိုနွေးအောင်လုပ်ပေးနိုင်တဲ့ ဖွားဖွားရှိတယ်ဆိုပြီးခေါ်လာတာ"
"အလိုတော်...ဖွားကငါးကိုနွေးအောင်လုပ်ပေးနိုင်တယ် ဟုတ်လား မြေး"
"ဟုတ်တယ်လေ...ဖွားမှုံ သားကိုငါးနဲ့ထမင်းကျွေးရင်ငါးတွေကနွေးနေတာဘဲလေ"
"အယ်တော် ! အဲ့ဒါငါးကိုကြော်ထားတာလေ မြေးရဲ့"
ထိုအခါ သားကြီးမျက်နှာမှာစူပုပ်လာပြီး...
"မသိဘူးဗျာ...ညကျရင်ဘုန်းပြည့်ကိုငါးနဲ့ထမင်းကျွေးပေး အဲ့ဒါဆို ဖွားမှုံရဲ့ငါးကနွေးတယ်ဆိုတာညီလေးသိသွားလိမ့်မယ်"
ကြီးမှုံတစ်ယောက်သူတို့ပြောသမျှကိုကြည့်ကာ အူရွှင်နေသောလင်မယားကို မင်းတို့သားကိုတော့မနိုင်ပါဆိုတဲ့သဘောဖြင့် ခေါင်းယမ်းပြမိလိုက်ပါ၏။ ယခုမှစကားတွေဖောင်ဖွဲ့ကာပြောနေသော သားဖြစ်သူကိုကြည့်ပြီး ဦးမြတ်ဟန်တို့ဇနီးမောင်နှံလည်းကျေနပ်ပျော်ရွှင်နေရပါသည်။
ဦးမြတ်ဟန် ကြီးမှုံပေါင်ပေါ်မှသားငယ်ကိုမ,ချီလိုက်ကာ သူ့ပေါင်ပေါ်ထိုင်စေပြီးနောက်...
"သားငယ်ကငါးလေးတွေချမ်းမှာစိုးလို့ စိတ်မကောင်းဖြစ်နေတာလား"
"ဟုတ်..."
"ဟုတ်ပါပြီဗျာ...ညကျရင်တော့ငါးနွေးနွေးလေးတွေတွေ့ရမှာပါ သားရဲ့..အခုတော့ ဖေဖေပြောတာသေချာနားထောင်နော်"
ထိုအခါ သားငယ်သည်သူ့မျက်ခုံးတန်းလေးကိုကုတ်လိုက်ပြီး အာရုံစိုက်ဟန်ပြုလေတော့ ဦးမြတ်ဟန် သဘောကျစွာပြုံးမိလိုက်ပါ၏။ ထို့နောက်...
"ဖေဖေ့နာမည်ကဦးမြတ်ဟန်၊ မေမေ့နာမည်ကဒေါ်မေသူအောင်၊ ကိုကို့နာမည်က ကိုကိုအောင်ဘုန်းဟန် ဟော့ဒီကဖွားဖွားက ဖွားမှုံတဲ့...ပြီးတော့ ဒီကသားငယ်လေးနာမည်က....."
"ထုန်းကျေ့ချမ်းဟန်"
သူမပြောရသေးခင်ဖြတ်ပြောလာတဲ့အသံလေးကြောင့် ဦးမြတ်ဟန်တို့သားငယ်အားချစ်စနိုးကြည့်လိုက်မိကြပါသည်။ သားကြီးပြောထားတဲ့အတိုင်း သူ့နာမည်လေးအားအတိအကျမှတ်ထားသောကလေးငယ်လေး။
"ဟားဟား...! ဟုတ်ပါတယ်ဗျာ ...သားနာမည်ကဘုန်းပြည့်ချမ်းဟန်ပါ ဒီနေ့ကစပြီးသားက ဖေဖေမေမေတို့သားဖြစ်သွားပြီနော် ဟုတ်ပြီလား"
"ဟုတ်..."
ကလေးငယ်အားကြည့်ပြီး ဒေါ်မေသူအောင်၏စိတ်ထဲ ဝမ်းနည်းဝမ်းသာခံစားချက်များဖြင့်ရောပြွမ်းနေ၏။
(ဘုန်းပြည့်ချမ်းဟန်တဲ့လား...ဟုတ်ပါတယ် သားကမေမေတို့သားငယ်ပါဘဲ။ သားကြီးနဲ့သားငယ်ကိုမေမေတို့က အကောင်းဆုံးပျိုးထောင်ပေးရမှာပေါ့)
ထိုစဥ် သူမ,တို့ကိုပြုံးပြုံးကြီးကြည့်နေသော ကြီးမှုံလည်းမျက်ရည်တွေဝဲလာပြီးနောက် ငါးသွားကြော်ဦးမယ်ဆိုကာထထွက်သွားလေ၏။
"ကဲ ! ကို...ကလေးနှစ်ယောက်ကိုရေချိုးပေးဖို့လုပ်လိုက်တော့ မေ,ကြီးမှုံနားသွားလိုက်ဦးမယ်"
"ဟုတ်ပါပြီဗျာ..ကဲ ကဲ ကလေးတွေ ဖေဖေနဲ့ရေတူတူချိုးကြမယ် သွားမယ်ဟေ့...သွားမယ်ဟေ့ !"
ဒေါ်မေသူအောင်အပေါ်ထပ်သို့တစ်သီတစ်တန်းတက်သွားကြသော သားအဖတွေအားရပ်ကြည့်နေပြီးမှမီးဖိုခန်းဘက်ထွက်လာခဲ့လိုက်ပါတော့သည်။ ပြီးခဲ့သောနှစ်များကတိတ်ဆိတ်နေခဲ့သောအိမ်ကလေးသည် ရယ်မောသံ၊စကားပြောသံ၊စနောက်သံများဖြင့်ပြန်လည်အသက်ဝင်လာခဲ့ပြီဖြစ်ပါ၏။
--------------------------------------------------------------------------
"ဖွားမှုံ ! ဖွားမှုံ ငါးကြော်ထားလား ! "
အငယ်လေးကိုလက်ဆွဲလာကာထမင်းစားခန်းထဲဝင်လာသောမြေးဘုန်း၏မေးသံကြောင့်...
"ကြော်ထားပါတယ်ရှင်...မြေးအတွက်ရော မြေးငယ်အတွက်ရော အရိုးလေးတွေပါနွှင်ထားပြီးသားပါနော်"
ဖွားမှုံ၏အဖြေကြောင့်မျက်လုံးများမှိတ်ကျသွားတဲ့အထိပြုံးလိုက်သူက ညီဖြစ်သူအားသူ့ဘေးတွင်ထိုင်စေလိုက်ပါ၏။
"မောင်မြတ်ဟန်...မင့်သားကအရင်အောင်လေးဟုတ်ပါတယ်နော် လူစားများထိုးလာသလားကွယ်"
"ကျွန်တော်တို့ကိုယ်တိုင်တောင်မယုံနိုင်ဖြစ်နေတာကြီးမှုံရေ...ဘာဘဲဖြစ်ဖြစ်အခုလိုလေးမြင်ရတာကိုဘဲကျေနပ်ပါပြီဗျာ"
"ဟုတ်ပ...ဟုတ်ပ ကျေးဇူးတင်ပါတယ် ကိုအောင်လေးရယ်"
ညီဖြစ်သူပန်းကန်ထဲဟင်းတချို့ထည့်ပေးနေတဲ့သားကြီးကတော့ သူတို့ပြောသမျှမကြားသယောင်ပင်။
"ရော့...ဒီမှာ ငါးနွေးနွေးလေးစား"
ပန်းကန်ထဲရောက်လာတဲ့ငါးအသားဖြူဖြူတွေကိုကြည့်ပြီးမျက်နှာပျက်လာတဲ့ကလေးက....
"နားဂလှုပ်မှမလှုပ်တော့တာ ... တေနေဘီရေ..."
ခေါင်းလေးငုံ့သွားပြီးအသံတိမ်ဝင်သွားသောအငယ်လေးရယ်...ပြောစရာစကားပျောက်သွားသလိုကြောင်ကြောင်လေးဖြစ်သွားတဲ့သားကြီးရယ်ကြောင့် ဒေါ်မေသူအောင်လှလှလေးညာပြောရတော့၏။
"ဒီငါးတွေကသားငယ်တွေ့ခဲ့တဲ့ငါးလေးတွေနဲ့မတူဘူး သားရဲ့...သူတို့ကငါးဆိုးဆိုးကောင်တွေ အရမ်းဆိုးလို့ကြော်ပြီးအပြစ်ပေးထားတာ ... ဘာမှမဖြစ်ဘူးစားလို့ရတယ်နော်"
"တဂယ်ကြောတာရား မေမေ"
"အင်း...တကယ်ပေါ့ သားရဲ့"
"အဲ့ဒါဆိုတားချားမယ်နော်"
"စားပါရှင်...စားပါ"
ထိုအခါမှစိတ်ချလက်ချခပ်ယူစားနေလေသောကလေးအားကြည့်ပြီး ဒေါ်မေသူအောင်ဖွဖွလေးပြုံးမိပါ၏။
"မေ,ဒါဆို...မနက်ဖြန်ကျရင်ကြက်ဆိုးဆိုးလေးကိုဘူးသီးဆိုးဆိုးလေးနဲ့ချက်စားကြရအောင်နော်"
"ကိုကတော့...မကြီးမငယ်နဲ့"
"မဟုတ်ဘူးလေ မေ,ရဲ့...ကိုယ်က...."
"အဖေ...!"
ဆက်ပြောမည့်စကားတွေက သားကြီးခေါ်သံကြောင့်ရပ်တန့်သွားရပါ၏။
"ဟေ ! ပြော...သားကြီး"
"ညီလေးကိုသားနဲ့သိပ်နော်"
"ညီလေးအခန်းပြင်ထားတယ်လေ သားရဲ့"
"မရဘူး...ညီလေးကကလေးဘဲရှိသေးတယ် တစ်ယောက်တည်းမအိပ်ခိုင်းပါနဲ့ အဖေရဲ့"
"အေးကွာ ! ငါ့သားကြီးသဘောကွာ"
"အဟီးးး ...ညီလေး ကိုကိုနဲ့အတူအိပ်မယ်နော်"
"ဟုတ်..."
လိုချင်တာဖြစ်သွားသည့်အတွက်ကျေနပ်သွားသောသားကြီးအားကြည့်ပြီး ဦးမြတ်ဟန်ဇနီးဖြစ်သူအားလေသံတိုးတိုးဖြင့်...
"မေ...ကိုယ်တို့သားစကားတွေတအားများနေသလိုဘဲကွ..နော်"
ထိုအခါ ဇနီးဖြစ်သူကသူ့လေသံနှုန်းအတိုင်းပြောလာသည်မှာ...
"မေတော့အရမ်းကျေနပ်တယ်"
ထို့ကြောင့် ဦးမြတ်ဟန်လည်းမည်သည့်စကားမှဆက်မဆိုတော့ဘဲထမင်းသာငုံ့စားနေလိုက်ပါတော့သည်။
-------------------------------------------------------------------
ညစာစားပြီးနောက် ဦးမြတ်ဟန်တို့ဧည့်ခန်းမှာထိုင်ကာအချိုတည်းနေကြရင်း ပုံပြင်ဖတ်ပြနေသောသားကြီးနှင့်ထိုင်နားထောင်နေသောသားငယ်တို့ကိုကြည့်ကာ စကားတချို့ပြောဖြစ်ကြပြန်သည်။
"လာမယ့်နှစ်ကျရင်အငယ်လေးကိုမူကြိုစထားလိုက်ကြမလား မေ"
"မေ,တော့သူငယ်တန်း တန်းထားလိုက်ချင်တယ်"
ဇနီးသည်အပြောကြောင့် ဦးမြတ်ဟန်သူမ,ကိုကြည့်လိုက်မိပါ၏။
"ဖြစ်ပါ့မလား မေ,ရဲ့..ကလေးကလာမယ့်နှစ်မှာမှ လေးနှစ်ဘဲရှိဦးမှာလေ"
"ဖြစ်မှာပါ...သားငယ်ကဥာဏ်ကောင်းမယ့်ပုံ ပြီးတော့သားကြီးနဲ့လည်းအတန်းသိပ်မကွာစေချင်လို့ပါ ကိုရဲ့"
"အင်းးး မေ့,သဘောပါ ဘယ်လိုလဲကိုယ်တို့သားငယ်ပြန်ရောက်လာတယ်လို့မခံစားရဘူးလား မေ"
ထိုအခါ မေ,ကသူ့အားအပြုံးဖြင့်သာကြည့်လာပါသည်။ ဦးမြတ်ဟန်လည်းဇနီးသည်လက်အစုံကိုအုပ်ကိုင်လိုက်ကာဖျစ်ညှစ်လိုက်မိပါတော့သည်။ ထို့နောက်မှာတော့ ခြေပစ်လက်ပစ်အိပ်ပျော်နေပြီဖြစ်သောကလေးနှစ်ယောက်အား တစ်ယောက်စီချီပိုးပြီးအပေါ်ထပ်အိပ်ခန်းများဆီတက်လာခဲ့ကြပါတော့၏။
လာမည့်နေ့ရက်များဟာ သူတို့မိသားစုအတွက်ပျော်စရာနေ့ရက်များသာဖြစ်လာပေတော့မည်။
______________________________________________
𝙆𝙈𝙏-💜-
𝟕 𝙊𝘾𝙏,𝟐𝟎𝟐𝟏-♒-
Zawgyi ⬇️
ၿခံထဲသို႔ကားေကြ႕ဝင္လိုက္သည္ႏွင့္ လက္ကေလးကိုကားမွန္သို႔အားျပဳလ်က္ဒူးေလးေထာက္ကာ ျမင္သမွ်အရာရာကိုပါးစပ္ေလးဟကာေငးေနသူက ေအာင္ဘုန္းဟန္ရဲ႕အသစ္က်ပ္ခြၽတ္ညီေလး ဘုန္းျပည့္ခ်မ္းဟန္...။
"ဘုန္းျပည့္ေလးကဒီေန႔ကစၿပီး ဒီမွာဘဲတစ္သက္လုံးေနရေတာ့မွာ"
သူ႔အသံေၾကာင့္ပါးစပ္ေလးဟကာေငးေနသူက ေနာက္လွည့္ၾကည့္လာၿပီး...
"ထုန္းေက်႕ေရးဂဘယ္ဒူရဲ"
"ညီေလးနာမည္...ညီေလးနာမည္ကဘုန္းျပည့္ခ်မ္းဟန္ျဖစ္သြားၿပီ မွတ္ထားေနာ္"
"တားနာမည္ရား..."
"အင္း...ညီေလးနာမည္"
"ဟုတ္ကဲ့..."
ထိုစဥ္အိမ္ေရွ႕သို႔ေရာက္လာၿပီျဖစ္တဲ့ကားေလးသည္ ၿငိမ့္ခနဲထိုးရပ္သြားသည့္အတြက္ ကိုကိုကညီေလးလက္ကိုဆြဲကာကားေပၚမွဦးေဆာင္ဆင္းသြားေလေတာ့သည္။
"ဖြားမႈံေရ !!! ဖြားမႈံ ဒီမွာလာၾကည့္ပါဦး ! ဘယ္သူပါလာလဲလို႔"
အိမ္ေရွ႕မွေအာ္သံစူးစူးေၾကာင့္ ႀကီးမႈံလည္းမီးဖိုခန္းမွကပ်ာကယာထြက္လာေတာ့ ေတြ႕လိုက္ရသည္က ကေလးေလးတစ္ေယာက္ကိုလက္ဆြဲေခၚလာေသာ ေျမးဘုန္းကိုပင္။ ကေလးတစ္ေယာက္ပါလာမည္မွန္း မေန႔ကတည္းကႀကိဳသိထား၍သိပ္ေတာ့မအံ့ဩမိေပမယ့္ ထိုကေလးကိုလက္ဆြဲထားသူက ေျမးဘုန္းျဖစ္ေန၍ ႀကီးမႈံတစ္ေယာက္ဘုရားတ,ခ်င္ခ်င္ျဖစ္သြားရပါသည္။သူမ,ေရာ ေမာင္ျမတ္ဟန္တို႔ဇနီးေမာင္ႏွံပါကေလးတစ္ေယာက္ေခၚလာလွ်င္ ေျမးဘုန္းမေက်မနပ္ျဖစ္ေနမွာကိုေတြးပူထား၍ပင္။သို႔ေသာ္ ယခုေျမးဘုန္းပုံစံၾကည့္ရသည္မွာ ကေလးကိုၾကည္ျဖဴပုံရ႐ုံမက မၾကားရတာၾကာၿပီျဖစ္ေသာေအာ္သံစူးစူးေလးမ်ားထြက္ေပၚလာသည္အထိအေျခအေနေကာင္းေနပါ၏။
အဝါဝမ္းဆက္ႏွင့္ကေလးေလးအနားေရာက္လာေတာ့ ႀကီးမႈံတစ္ေယာက္ေသခ်ာၾကည့္မိရင္း တစ္စုံတစ္ေယာက္ကိုသတိရမိလိုက္သည္။
"ေျပာပါဦး...ေျမးကဘယ္သူေလးေခၚလာတာတုန္း"
"ညီေလး...သားညီေလးေခၚလာတာ သားနဲ႔မတူဘူးလား"
"ဟုတ္ပ ၾကည့္ပါဦး...ညီအစ္ကိုေတြကခ်စ္စရာေလးေတြ ေဟာဒီကေျမးငယ္ေလးကဖြားဖြားဆီလာပါဦး"
ႀကီးမႈံ သူမ,ဆီလႈပ္လႈပ္လႈပ္လႈပ္လာေနေသာကေလးကို ေပါင္ေပၚေပြ႕တင္လိုက္ေတာ့...
"ဖြားဂနားေရးေဒြဂိုေႏြးေအာင္႐ုပ္ေပးတဲ့ဖြားရား"
"ဟင္ !! ေျမးငယ္ေလးကဘာေတြေျပာေနတာတုန္း"
ထူးထူးဆန္းဆန္းစကားေၾကာင့္ ႀကီးမႈံကေလးကိုေသခ်ာၾကည့္ၿပီးျပန္ေမးေလေတာ့ ေျမးဘုန္းကၾကားျဖတ္ေျပာလာ၏။
"ဘုန္းျပည့္ကေရကန္ထဲကငါးေတြေအးေနမွာဆိုၿပီးထိုင္ငိုေနလို႔ သားကအိမ္မွာငါးကိုေႏြးေအာင္လုပ္ေပးႏိုင္တဲ့ ဖြားဖြားရွိတယ္ဆိုၿပီးေခၚလာတာ"
"အလိုေတာ္...ဖြားကငါးကိုေႏြးေအာင္လုပ္ေပးႏိုင္တယ္ ဟုတ္လား ေျမး"
"ဟုတ္တယ္ေလ...ဖြားမႈံ သားကိုငါးနဲ႔ထမင္းေကြၽးရင္ငါးေတြကေႏြးေနတာဘဲေလ"
"အယ္ေတာ္ ! အဲ့ဒါငါးကိုေၾကာ္ထားတာေလ ေျမးရဲ႕"
ထိုအခါ သားႀကီးမ်က္ႏွာမွာစူပုပ္လာၿပီး...
"မသိဘူးဗ်ာ...ညက်ရင္ဘုန္းျပည့္ကိုငါးနဲ႔ထမင္းေကြၽးေပး အဲ့ဒါဆို ဖြားမႈံရဲ႕ငါးကေႏြးတယ္ဆိုတာညီေလးသိသြားလိမ့္မယ္"
ႀကီးမႈံတစ္ေယာက္သူတို႔ေျပာသမွ်ကိုၾကည့္ကာ အူ႐ႊင္ေနေသာလင္မယားကို မင္းတို႔သားကိုေတာ့မႏိုင္ပါဆိုတဲ့သေဘာျဖင့္ ေခါင္းယမ္းျပမိလိုက္ပါ၏။ ယခုမွစကားေတြေဖာင္ဖြဲ႕ကာေျပာေနေသာ သားျဖစ္သူကိုၾကည့္ၿပီး ဦးျမတ္ဟန္တို႔ဇနီးေမာင္ႏွံလည္းေက်နပ္ေပ်ာ္႐ႊင္ေနရပါသည္။
ဦးျမတ္ဟန္ ႀကီးမႈံေပါင္ေပၚမွသားငယ္ကိုမ,ခ်ီလိုက္ကာ သူ႔ေပါင္ေပၚထိုင္ေစၿပီးေနာက္...
"သားငယ္ကငါးေလးေတြခ်မ္းမွာစိုးလို႔ စိတ္မေကာင္းျဖစ္ေနတာလား"
"ဟုတ္..."
"ဟုတ္ပါၿပီဗ်ာ...ညက်ရင္ေတာ့ငါးေႏြးေႏြးေလးေတြေတြ႕ရမွာပါ သားရဲ႕..အခုေတာ့ ေဖေဖေျပာတာေသခ်ာနားေထာင္ေနာ္"
ထိုအခါ သားငယ္သည္သူ႔မ်က္ခုံးတန္းေလးကိုကုတ္လိုက္ၿပီး အာ႐ုံစိုက္ဟန္ျပဳေလေတာ့ ဦးျမတ္ဟန္ သေဘာက်စြာၿပဳံးမိလိုက္ပါ၏။ ထို႔ေနာက္...
"ေဖေဖ့နာမည္ကဦးျမတ္ဟန္၊ ေမေမ့နာမည္ကေဒၚေမသူေအာင္၊ ကိုကို႔နာမည္က ကိုကိုေအာင္ဘုန္းဟန္ ေဟာ့ဒီကဖြားဖြားက ဖြားမႈံတဲ့...ၿပီးေတာ့ ဒီကသားငယ္ေလးနာမည္က....."
"ထုန္းေက်႕ခ်မ္းဟန္"
သူမေျပာရေသးခင္ျဖတ္ေျပာလာတဲ့အသံေလးေၾကာင့္ ဦးျမတ္ဟန္တို႔သားငယ္အားခ်စ္စႏိုးၾကည့္လိုက္မိၾကပါသည္။ သားႀကီးေျပာထားတဲ့အတိုင္း သူ႔နာမည္ေလးအားအတိအက်မွတ္ထားေသာကေလးငယ္ေလး။
"ဟားဟား...! ဟုတ္ပါတယ္ဗ်ာ ...သားနာမည္ကဘုန္းျပည့္ခ်မ္းဟန္ပါ ဒီေန႔ကစၿပီးသားက ေဖေဖေမေမတို႔သားျဖစ္သြားၿပီေနာ္ ဟုတ္ၿပီလား"
"ဟုတ္..."
ကေလးငယ္အားၾကည့္ၿပီး ေဒၚေမသူေအာင္၏စိတ္ထဲ ဝမ္းနည္းဝမ္းသာခံစားခ်က္မ်ားျဖင့္ေရာႁပြမ္းေန၏။
(ဘုန္းျပည့္ခ်မ္းဟန္တဲ့လား...ဟုတ္ပါတယ္ သားကေမေမတို႔သားငယ္ပါဘဲ။ သားႀကီးနဲ႔သားငယ္ကိုေမေမတို႔က အေကာင္းဆုံးပ်ိဳးေထာင္ေပးရမွာေပါ့)
ထိုစဥ္ သူမ,တို႔ကိုၿပဳံးၿပဳံးႀကီးၾကည့္ေနေသာ ႀကီးမႈံလည္းမ်က္ရည္ေတြဝဲလာၿပီးေနာက္ ငါးသြားေၾကာ္ဦးမယ္ဆိုကာထထြက္သြားေလ၏။
"ကဲ ! ကိုယ္...ကေလးႏွစ္ေယာက္ကိုေရခ်ိဳးေပးဖို႔လုပ္လိုက္ေတာ့ ေမ,ႀကီးမႈံနဲ႔ဟင္းခ်က္ကူလိုက္ဦးမယ္"
"ဟုတ္ပါၿပီဗ်ာ..ကဲ ကဲ ကေလးေတြ ေဖေဖနဲ႔ေရတူတူခ်ိဳးၾကမယ္ သြားမယ္ေဟ့...သြားမယ္ေဟ့ !"
ေဒၚေမသူေအာင္အေပၚထပ္သို႔တစ္သီတစ္တန္းတက္သြားၾကေသာ သားအဖေတြအားရပ္ၾကည့္ေနၿပီးမွမီးဖိုခန္းဘက္ထြက္လာခဲ့လိုက္ပါေတာ့သည္။ ၿပီးခဲ့ေသာႏွစ္မ်ားကတိတ္ဆိတ္ေနခဲ့ေသာအိမ္ကေလးသည္ ရယ္ေမာသံ၊စကားေျပာသံ၊စေနာက္သံမ်ားျဖင့္ျပန္လည္အသက္ဝင္လာခဲ့ၿပီျဖစ္ပါ၏။
--------------------------------------------------------------------------
"ဖြားမႈံ ! ဖြားမႈံ ငါးေၾကာ္ထားလား ! "
အငယ္ေလးကိုလက္ဆြဲလာကာထမင္းစားခန္းထဲဝင္လာေသာေျမးဘုန္း၏ေမးသံေၾကာင့္...
"ေၾကာ္ထားပါတယ္ရွင္...ေျမးအတြက္ေရာ ေျမးငယ္အတြက္ေရာ အ႐ိုးေလးေတြပါႏႊင္ထားၿပီးသားပါေနာ္"
ဖြားမႈံ၏အေျဖေၾကာင့္မ်က္လုံးမ်ားမွိတ္က်သြားတဲ့အထိၿပဳံးလိုက္သူက ညီျဖစ္သူအားသူ႔ေဘးတြင္ထိုင္ေစလိုက္ပါ၏။
"ေမာင္ျမတ္ဟန္...မင့္သားကအရင္ေအာင္ေလးဟုတ္ပါတယ္ေနာ္ လူစားမ်ားထိုးလာသလားကြယ္"
"ကြၽန္ေတာ္တို႔ကိုယ္တိုင္ေတာင္မယုံႏိုင္ျဖစ္ေနတာႀကီးမႈံေရ...ဘာဘဲျဖစ္ျဖစ္အခုလိုေလးျမင္ရတာကိုဘဲေက်နပ္ပါၿပီဗ်ာ"
"ဟုတ္ပ...ဟုတ္ပ ေက်းဇူးတင္ပါတယ္ ကိုေအာင္ေလးရယ္"
ညီျဖစ္သူပန္းကန္ထဲဟင္းတခ်ိဳ႕ထည့္ေပးေနတဲ့သားႀကီးကေတာ့ သူတို႔ေျပာသမွ်မၾကားသေယာင္ပင္။
"ေရာ့...ဒီမွာ ငါးေႏြးေႏြးေလးစား"
ပန္းကန္ထဲေရာက္လာတဲ့ငါးအသားျဖဴျဖဴေတြကိုၾကည့္ၿပီးမ်က္ႏွာပ်က္လာတဲ့ကေလးက....
"နားဂလႈပ္မွမလႈပ္ေတာ့တာ ... ေတေနဘီေရ..."
ေခါင္းေလးငုံ႔သြားၿပီးအသံတိမ္ဝင္သြားေသာအငယ္ေလးရယ္...ေျပာစရာစကားေပ်ာက္သြားသလိုေၾကာင္ေၾကာင္ေလးျဖစ္သြားတဲ့သားႀကီးရယ္ေၾကာင့္ ေဒၚေမသူေအာင္လွလွေလးညာေျပာရေတာ့၏။
"ဒီငါးေတြကသားငယ္ေတြ႕ခဲ့တဲ့ငါးေလးေတြနဲ႔မတူဘူး သားရဲ႕...သူတို႔ကငါးဆိုးဆိုးေကာင္ေတြ အရမ္းဆိုးလို႔ေၾကာ္ၿပီးအျပစ္ေပးထားတာ ... ဘာမွမျဖစ္ဘူးစားလို႔ရတယ္ေနာ္"
"တဂယ္ေၾကာတာရား ေမေမ"
"အင္း...တကယ္ေပါ့ သားရဲ႕"
"အဲ့ဒါဆိုတားခ်ားမယ္ေနာ္"
"စားပါရွင္...စားပါ"
ထိုအခါမွစိတ္ခ်လက္ခ်ခပ္ယူစားေနေလေသာကေလးအားၾကည့္ၿပီး ေဒၚေမသူေအာင္ဖြဖြေလးၿပဳံးမိပါ၏။
"ေမ,စားေလ...မနက္ျဖန္က်ရင္ၾကက္ဆိုးဆိုးေလးကိုဘူးသီးဆိုးဆိုးေလးနဲ႔ခ်က္စားၾကရေအာင္ေနာ္"
"ကိုယ္ကေတာ့...မႀကီးမငယ္နဲ႔"
"မဟုတ္ဘူးေလ ေမ,ရဲ႕...ကိုယ္က...."
"အေဖ...!"
ဆက္ေျပာမည့္စကားေတြက သားႀကီးေခၚသံေၾကာင့္ရပ္တန္႔သြားရပါ၏။
"ေဟ ! ေျပာ...သားႀကီး"
"ညီေလးကိုသားနဲ႔သိပ္ေနာ္"
"ညီေလးအခန္းျပင္ထားတယ္ေလ သားရဲ႕"
"မရဘူး...ညီေလးကကေလးဘဲရွိေသးတယ္ တစ္ေယာက္တည္းမအိပ္ခိုင္းပါနဲ႔ အေဖရဲ႕"
"ေအးကြာ ! ငါ့သားႀကီးသေဘာကြာ"
"အဟီးးး ...ညီေလး ကိုကိုနဲ႔အတူအိပ္မယ္ေနာ္"
"ဟုတ္..."
လိုခ်င္တာျဖစ္သြားသည့္အတြက္ေက်နပ္သြားေသာသားႀကီးအားၾကည့္ၿပီး ဦးျမတ္ဟန္ဇနီးျဖစ္သူအားေလသံတိုးတိုးျဖင့္...
"ေမ...ကိုယ္တို႔သားစကားေတြတအားမ်ားေနသလိုဘဲကြ..ေနာ္"
ထိုအခါ ဇနီးျဖစ္သူကသူ႔ေလသံႏႈန္းအတိုင္းေျပာလာသည္မွာ...
"ေမေတာ့အရမ္းေက်နပ္တယ္"
ထို႔ေၾကာင့္ ဦးျမတ္ဟန္လည္းမည္သည့္စကားမွဆက္မဆိုေတာ့ဘဲထမင္းသာငုံ႔စားေနလိုက္ပါေတာ့သည္။
-------------------------------------------------------------------
ညစာစားၿပီးေနာက္ ဦးျမတ္ဟန္တို႔ဧည့္ခန္းမွာထိုင္ကာအခ်ိဳတည္းေနၾကရင္း ပုံျပင္ဖတ္ျပေနေသာသားႀကီးႏွင့္ထိုင္နားေထာင္ေနေသာသားငယ္တို႔ကိုၾကည့္ကာ စကားတခ်ိဳ႕ေျပာျဖစ္ၾကျပန္သည္။
"လာမယ့္ႏွစ္က်ရင္အငယ္ေလးကိုမူႀကိဳစထားလိုက္ၾကမလား ေမ"
"ေမ,ေတာ့သူငယ္တန္း တန္းထားလိုက္ခ်င္တယ္"
ဇနီးသည္အေျပာေၾကာင့္ ဦးျမတ္ဟန္သူမ,ကိုၾကည့္လိုက္မိပါ၏။
"ျဖစ္ပါ့မလား ေမ,ရဲ႕..ကေလးကလာမယ့္ႏွစ္မွာမွ ေလးႏွစ္ဘဲရွိဦးမွာေလ"
"ျဖစ္မွာပါ...သားငယ္ကဥာဏ္ေကာင္းမယ့္ပုံ ၿပီးေတာ့သားႀကီးနဲ႔လည္းအတန္းသိပ္မကြာေစခ်င္လို႔ပါ ကိုယ္ရဲ႕"
"အင္းးး ေမ့,သေဘာပါ ဘယ္လိုလဲကိုယ္တို႔သားငယ္ျပန္ေရာက္လာတယ္လို႔မခံစားရဘူးလား ေမ"
ထိုအခါ ေမ,ကသူ႔အားအၿပဳံးျဖင့္သာၾကည့္လာပါသည္။ ဦးျမတ္ဟန္လည္းဇနီးသည္လက္အစုံကိုအုပ္ကိုင္လိုက္ကာဖ်စ္ညႇစ္လိုက္မိပါေတာ့သည္။ ထို႔ေနာက္မွာေတာ့ ေျခပစ္လက္ပစ္အိပ္ေပ်ာ္ေနၿပီျဖစ္ေသာကေလးႏွစ္ေယာက္အား တစ္ေယာက္စီခ်ီပိုးၿပီးအေပၚ
ထပ္အိပ္ခန္းမ်ားဆီတက္လာခဲ့ၾကပါေတာ့၏။
လာမည့္ေန႔ရက္မ်ားဟာ သူတို႔မိသားစုအတြက္ေပ်ာ္စရာေန႔ရက္မ်ားသာျဖစ္လာေပေတာ့မည္။
______________________________________________
𝙆𝙈𝙏-💜-
𝟕 𝙊𝘾𝙏,𝟐𝟎𝟐𝟏-♒-