ဗီလိန်ရဲ့ လမ်းပြကြယ်

Da CrystalKyi

783K 131K 3.7K

ဝတ္ထုစာအုပ်ထဲကို ဝိဉာဉ္ကူးပြောင်းလာတဲ့ ချောင်လန်တစ်ယောက် သူမရဲ့ နေရာက ဇာတ်လိုက် မင်းသားကို ကြိုက် မိသွားတဲ့ ဗ... Altro

မိတ်ဆက်
အပိုင်း (၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း (၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း(၁၅)
အပိုင်း(၁၆)
အပိုင်း(၁၇)
အပိုင်း(၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
အပိုင်း(၂၁)
အပိုင်း(၂၂)
အပိုင်း(၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
အပိုင်း(၂၆)
အပိုင်း(၂၇)
အပိုင်း(၂၈)
အပိုင်း(၂၉)
အပိုင်း (၃၀)
အပိုင်း(၃၁)
အပိုင်း(၃၂)
အပိုင်း(၃၃)
အပိုင်း (၃၄)
အပိုင်း(၃၅)
အပိုင်း(၃၆)
အပိုင်း(၃၇)
အပိုင်း(၃၈)
အပိုင်း(၃၉)
အပိုင်း(၄၀)
အပိုင်း(၄၁)
အပိုင်း(၄၂)
အပိုင်း(၄၃)
အပိုင်း(၄၄)
အပိုင်း(၄၅)
အပိုင်း(၄၆)
အပိုင်း(၄၇)
အပိုင်း(၄၈)
အပိုင်း(၄၉)
အပိုင်း(၅၀)
အပိုင်း(၅၁)
အပိုင်း(၅၂)
အပိုင်း(၅၃)
အပိုင်း(၅၄)
အပိုင်း(၅၅)
အပိုင်း(၅၆)
အပိုင်း(၅၇)
အပိုင်း(၅၈)
အပိုင်း(၅၉)
Not Upade!!!
အပိုင်း(၆၀)
အပိုင်း(၆၁)
အပိုင်း(၆၂)
အပိုင်း(၆၃)
အပိုင်း(၆၄)
အပိုင်း(၆၅)
အပိုင်း(၆၆)
အပိုင်း(၆၇)
အပိုင်း(၆၈)
အပိုင်း(၆၉)
အပိုင်း(၇၀)
အပိုင်း(၇၁)
အပိုင်း(၇၂)
အပိုင်း(၇၃)
အပိုင်း(၇၄)
အပိုင်း(၇၅)
အပိုင်း(၇၆)
အပိုင်း(၇၇)
အပိုင်း(၇၈)
အပိုင်း(၇၉)
အပိုင်း(၈၀)
အပိုင်း(၈၁)
အပိုင်း(၈၂)
အပိုင်း(၈၃)
အပိုင်း(၈၄)
အပိုင်း(၈၅)
အပိုင်း(၈၆)
အပိုင်း(၈၇)
အပိုင်း(၈၈)
အပိုင်း(၈၉)
အပိုင်း(၉၀)
အပိုင်း(၉၁)
အပိုင်း(၉၂)
အပိုင်း(၉၃)
အပိုင်း(၉၄)
အပိုင်း(၉၅)
အပိုင်း(၉၆)
အပိုင်း(၉၇)
အပိုင်း(၉၈)
အပိုင်း(၉၉)
အပိုင်း(၁၀၀)
အပိုင်း(၁၀၁)
အပိုင်း(၁၀၂)
အပိုင်း(၁၀၃)
အပိုင်း(၁၀၄)
အပိုင်း(၁၀၅)
အပိုင်း(၁၀၆)
အပိုင်း(၁၀၇)
အပိုင်း(၁၀၈)
အပိုင်း(၁၀၉)
အပိုင်း(၁၁၀)
အပိုင်း(၁၁၁)
အပိုင်း(၁၁၂)
အပိုင်း(၁၁၃)
အပိုင်း(၁၁၄)
အပိုင်း(၁၁၅)
အပိုင်း(၁၁၆)
အပိုင်း(၁၁၇)
အပိုင်း(၁၁၈)
အပိုင်း(၁၁၉)
အပိုင်း(၁၂၀)
အပိုင်း(၁၂၁)
အပိုင်း(၁၂၂)
အပိုင်း(၁၂၃)
အပိုင်း(၁၂၄)
အပိုင်း(၁၂၅)
အပိုင်း(၁၂၆)
အပိုင်း(၁၂၇)
အပိုင်း(၁၂၈)
အပိုင်း(၁၂၉)
အပိုင်း(၁၃၀)
အပိုင်း(၁၃၁)
အပိုင်း(၁၃၂)
အပိုင်း(၁၃၃)
အပိုင်း(၁၃၄)
အပိုင်း(၁၃၅)
အပိုင်း(၁၃၆)
အပိုင်း(၁၃၇)
အပိုင်း(၁၃၈)
အပိုင်း(၁၄၀)
အပိုင်း(၁၄၁)
အပိုင်း(၁၄၂)
အပိုင်း(၁၄၃)
အပိုင်း(၁၄၄)
အပိုင်း(၁၄၅)
အပိုင်း(၁၄၆)
အပိုင်း(၁၄၇)
အပိုင်း(၁၄၈)
အပိုင်း(၁၄၉)

အပိုင်း(၁၃၉)

2.9K 481 11
Da CrystalKyi

Unicode

လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ လူ၂ယောက်ပျောက်နေတာကိုတွေ့လို့ ၁၀မိနစ်လောက် လိုက်ရှာနေရတဲ့ အတန်းပိုင်ဆရာ : " ........ "

ဘယ်အချိန်များ မင်းတို့က စကားမပြောဘဲနေလို့လဲ။ ဘယ်နေရာမှာများ စကားမပြောနိုင်လို့လဲ။ ဒီလိုကျောင်းဆောင်၂ခုကြားက ငှက်တောင်လာပြီး ချီးမပါတဲ့ နေရာကိုလာပြီး စကားပြောဖို့လိုလို့လား။ ပြီးတော့ စကားပြောစရာရှိတာ ကျောင်းဆင်းတဲ့အထိမစောင့်နိုင်ဘူးလား။ အခုအချိန်ကြီးမှာ လာပြောရတယ်လို့။

အတန်းပိုင်ဆရာက ပိုပြီးတော့တောင် ဒေါသထွက်လာတယ်။

သူက ဒီ၂ယောက်လုပ်သမျှကို မျက်စိတစ်ဖက်မှိတ်ထားပေးပြီး ဘာပဲဖြစ်ဖြစ် လွှတ်ပေးခဲ့တယ်။ ဘာပဲပြောပြော ဒီ၂ယောက်က အမှတ်တွေမကျနေခဲ့ဘူးလေ။ ဒါပေမဲ့ ဒီနေ့အပြုအမူကတော့ တစ်ကယ်လို့ လွန်လွန်းသွားပြီ။ သူက စာသင်လာတာ ဆယ်စုနှစ်ကျော်နေပြီ။ ဒါပေမဲ့ ဒီလောက် သတ္တိနဲ့ ရည်းစားထားရဲတဲ့လူကိုတော့ မမြင်ဖူးပါဘူး။

တော်သေးတာပေါ့ တွေ့တဲ့လူက သူဖြစ်နေလို့။ တစ်ကယ်လို့ ဒါကို ကျောင်းအုပ်ဆရာကြီးကသာ တွေ့သွားမယ်ဆိုရင် သူ့ကို အားလုံးရှေ့ခေါ်ပြီး ဆူတော့မှာလေ။

ဒီကိစ္စကို ဒီတိုင်းထားလို့ မဖြစ်တော့ဘူး။ သေသေချာချာ စီမံမှ ဖြစ်တော့မယ်။

မင်းတို့ မိသားစုချင်း ကတောင် သိပြီး အဆင်ပြေနေတယ်ဆိုရင်တောင်၊ မင်းတို့ တစ်တန်းလုံးမှာ အဆင့်၁နဲ့ ၂ရနေတယ်ဆိုရင်တောင် ဒါကိုဖြေရှင်းရဦးမှာပဲ။ တစ်ကယ်လို့ တစ်ခုခုဖြစ်သွားရင် သူတို့ကို သင်ကြားပေးတဲ့နေရာမှာ ကျရှုံးသွားခဲ့ရင် ဘယ်သူက တာဝန်ယူရမှာလဲ။

အဲ့တာကြောင့် အတန်းပိုင်ဆရာက ချောင်လန်နဲ့ထန်းမော့တို့ကို ဒေါသတကြီးနဲ့ ခေါ်လာခဲံပြီး အတန်းထဲကနေ နောက်တစ်ခါပြန်ခေါ်ထုတ်သွားတာကို အခန်း၁၈က ကျောင်းသူကျောင်းသားတွေ အကုန်လုံးမြင်လိုက်ကြတယ်။ သူတို့က တရုတ်စာအတန်းချိန်တစ်ချိန်လုံး ပျောက်သွားခဲ့တယ်။ အတန်းပြီးသွားတာတောင် ပြန်ပေါ်မလာခဲ့ဘူး။

ချောင်လန်နဲ့ ထန်းမော့တို့က အပြစ်ရှိကြောင်း ဝန်ခံစာ၊ တောင်းပန်စာ ရေးခဲ့တယ်။ ချောင်လန်ကတော့ လေးလေးနက်နက်နဲ့ စာလုံး၈၀၀ကို လိမ်လိမ်မာမာ ရေးခဲ့တယ်။ ထန်းမော့စာမှာတော့ စာကြောင်းတစ်ကြောင်းပဲ ရှိတယ်။ တောင်းပန်ပါတယ်ဆရာ ကျွန်တော်မှားပါတယ် တဲ့လေ။

သူတို့၂ယောက် ဘာတွေလုပ်နေမှန်း ဘယ်သူမှ မသိကြဘူး။ ဘယ်သူက သူတို့၂ယောက်ကို စာဒီလောက်တောင်အောင် လုပ်ခိုင်းခဲ့လို့လဲ။ ပိုင်ယွီတောင်မှ အတန်းပိုင်ဆရာက သူတို့ကို စာနဲ့ပတ်သက်လို့ ခေါ်ဆွေးနွေးတယ်လို့ ထင်နေတာလေ။

နောက်ဆုံးတော့ အတန်းပိုင်ဆရာက သူတို့၂ယောက်ကို ပညာပေးတာ ပြီးသွားတော့တယ်။ ပြီးတော့ ကျောင်းမှာ နောက်တစ်ခါဒီလို ရဲတင်းတာမျိုး မလုပ်ဖို့ တင်းတင်းကြပ်ကြပ် တားမြစ်လိုက်တယ်။

အဲ့တာကြောင့် ပညာအပေးခံလိုက်ရတဲ့၂ယောက်က နောက်ဆုံးတော့ ရက်အတော်ကြာ ငြိမ်းငြိမ်းချမ်းချမ်းနေကြတော့တယ်။

တစ်ကယ်တော့ အဲ့တာက အတန်းပိုင်ဆရာ့ကြောင့်မဟုတ်ပါဘူး။ ချောင်လန့်ရဲ့ ဖွင့်ပြောမှုကြောင့် ထန်းမော့က နောက်ဆုံးတော့ သူ့ကိုဂနာမငြိမ်အောင်လုပ်နေတဲ့ ကိုယ့်ကိုယ်ကိုသံသယဖြစ်မှုတွေကို ပြီးဆုံးအောင် လုပ်နိုင်သွားခဲ့တယ်လေ။ ဖွင့်ပြောတာက အရမ်းကိုချိုမြိန်တာရယ်၊ သူက တုံ့ပြန်တာအရမ်းနှေးတာကြောင့်ရယ်လေ။ အရူးတစ်ယောက်လိုပဲ ရက်အတော်ကြာ ပျော်နေခဲ့တယ်။

သောကြာနေ့ည ချောင်လန့်စကားလုံးတွေရဲ့ ပါဝါကနှေးကျသွားပြီဆိုတော့မှ ထန်းမော့ရဲ့ ချိုမြိန်ပြီး ရီဝေဝေဖြစ်နေတဲ့ ခေါင်းက နောက်ဆုံးတော့ ကျိုးကြောင်းသင့် စဥ်းစားနိုင်သွားပြီလေ။ နောက်ဆုံးတော့ အရူးလေးက မတုံးတော့ဘူး၊ စိတ်လှုပ်ရှားလာတယ်။

ညနေပိုင်းစာကြည့်ချိန် ပြီးခါနီးတော့ ချောင်လန်က ထန်းမော့ wechat မက်ဆေ့ကို ရခဲ့တယ်။ ထန်းမော့က သူက စာသင်ဆောင်ရှေ့မှာ ရောက်နေတယ်လို့ ပြောတယ်။

ချောင်လန်က စင်မြင့်ပေါ်မှာထိုင်နေတဲ့ bio ဆရာကို လှမ်းကြည့်လိုက်တယ်။

အရမ်းကောင်းတာပဲ။ ဒီနေ့ညနေခင်း study ချိန်က အတန်းပိုင်ဆရာအလှည့် မဟုတ်လို့။ အတန်းပိုင်ဆရာက ဒီနေ့ညမှာ ပေါ်မလာခဲ့ဘူး။ ကြည့်ရတာ လုံးဝမလာတော့ဘူးနဲ့တူတယ်။

ချောင်လန်က bio ဆရာဆီကနေ ခွင့်သွားတောင်းခဲ့တယ်။ bio ဆရာက ချောင်လန့်လို ကျောင်းသူကောင်းတစ်ယောက်ကို လုံးဝသံသယမဝင်ခဲ့ဘူး။ ပြီးတော့ သူမကို ခန္ဓာကိုယ်ကို သေချာဂရုစိုက်ဖို့ အရမ်းကို ပူပန်ပေးနေခဲ့သေးတယ်။

ချောင်လန်က နာခံစွာနဲ့ ခေါင်းငြိမ့်လိုက်ပြီး စာသင်ခန်းထဲက ထွက်လာကာ အပြင်ဘက်ကိုလျှောက်လာခဲ့တယ်။ သူမက လှေကားကနေဆင်းလိုက်လိုက်ချင်းမှာပဲ အဖက်ခံလိုက်ရတယ်။

ထန်းမော့က သူမကို လေထဲထိတောင် မြှောက်မတက်ပဲ။ ချောင်လန်က ထန်းမော့လည်ပင်းကို အလန့်တကြားနဲ့ ဖက်လိုက်ပြီး တိုးတိုးလေးပြောလိုက်တယ်။ " ဒီနေ့ညမှ ဘာလို့ ရုတ်တရက်ကြီး ဒီကိုရောက်လာရတာလဲ "

" နင့်ကို လွမ်းလို့ " ထန်းမော့က သူ့ပါးကို ချောင်လန့်ညှပ်ရိုးပေါ်အပ်လိုက်ပြီး တိုးတိုးလေးပြန်ပြောလိုက်တယ်။

" ငါမနက်ဖြန်ပိတ်ရက်ကျ အိမ်ပြန်လာလို့ရပြီလေ။ " ချောင်လန်က ထန်းမော့ခေါင်းကို ထိလိုက်ပြီး ပြောလိုက်တယ်။ " နင်က ဒီနေ့ရုတ်တရက်ကြီး ရောက်လာစရာမလိုပါဘူးဟ။ "

" ငါနင့်ကို လွမ်းလို့ " ထန်းမော့က နောက်တစ်ခါထပ်ပြောလိုက်တယ်။ " ဟိုနေ့က နင်ပြောခဲ့တာတွေက အကျုံးဝင်သေးလား။ "

" ဘာ?? " ချောင်လန်က တမင်သက်သက်မေးလိုက်တယ်။ " ငါအဲ့နေ့က အများကြီးပဲ ပြောခဲ့တာလေ။ "

ထန်းမော့က သူမကို အောက်ကိုချလိုက်ပြီး သူ့ခေါင်းကိုငုံ့လိုက်ကာ ချောင်လန့်နဖူးနဲ့ သူ့နဖူးနဲ့ကို သာသာလေးပွတ်လိုက်တယ်။ " နင်ပဲပြောတာလေ ငါနားထောင်ချင်သရွေ့ နင်က ပြောပြနိုင်တယ်လို့လေ။ အခု ငါနားထောင်ချင်တယ်။ "

ချောင်လန်က ရယ်လိုက်တယ်။ သူမလက်ချောင်းတွေက ထန်းမော့ပါးကို ပွတ်လိုက်ပြီး နောက်ဆုံးသူ့နားသီးလေးကို ဆွဲဆိပ်လိုက်တယ်။ " ဘာလဲ။ ငါနင့်ကိုကြိုက်တယ်၊ ငါနင့်ကို အရမ်းကြိုက်တယ်၊ ငါနင့်ကို အကြိုက်ဆုံးပဲ။ ဘယ်တစ်ခုကို နင်သဘောကျလဲ။ "

အခုအချိန် ထန်းမော့စိတ်ထဲမှာ စကားလုံး၃လုံးက ပေါ်ထွက်လာခဲ့တယ်။

နတ်သမီး...

အခုအချိန်မှာ ချောင်လန်က တစ်ကယ့်ကို နတ်သမီးလေးပဲ။ သူ့မှာရှိတဲ့ အရာအားလုံးကို လိုလိုလားလားနဲ့ ပုံပေးချင်အောင် လုပ်တဲ့ နတ်သမီးလေးပေါ့။

အရမ်းဆိုးဝါးတာပဲ။

ထန်းမော့က လွန်ခဲ့တဲ့ ၂ရက်လုံးလုံး အရမ်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့ရတာ။ သူလုပ်နိုင်တာ ဘာမှမရှိဘူး။ ပြီးတော့ သူ့စိတ်က အရမ်းကိုလှုပ်ရှားနေခဲ့တယ်။ ဒီနေ့တော့ သူကပြန်ပြီး လန်းဆန်းသွားပြီ။ ချောင်လန့်ကို တွေ့ပြီးသွားတဲ့အချိန်မှာ ထန်းမော့က သူ့တစ်ကိုယ်လုံးက ထပ်ပြီး လောင်ကျွမ်းနေတယ်လို့ ခံစားလာရပြန်တယ်။

အဲ့တာကြောင့်ပဲ သူကချောင်လန့်ကို မစတာလေ။ ဒါပေမဲ့ ချောင်လန်က အရမ်းဆိုးတာပဲ။ သူ့ကိုလာစနေတယ်လေ။ သူ့ရဲ့နားနားက ကောင်မလေးရဲ့ တီးတိုးပြောသံတွေက သူ့ကို ညို့ယူနေသလိုပဲ။ သူ့အရိုးထဲထိတောင် အဲ့စကားတွေက ပျော်ဝင်သွားတယ်။

ထန်းမော့ခန္ဓာကိုယ်ပေါ်က အာရုံကြောတိုင်းက တောင့်တင်းသွားတယ်။ ချောင်လန့်လက်တွေကို ကိုင်ထားပြီး သူမကို သူ့လက်မောင်းထဲမှာ ချေမွပစ်ချင်စိတ် ပေါက်နေတယ်။

သူက မခံနိုင်စွာပဲ ကောင်မလေးရဲ့ ခါးကို ဖက်လိုက်တယ်။ သူမကို လေထဲကို မြှောက်လိုက်တယ်။ ချောင်လန်က လေပေါ်ကို အမြှောက်ခံလိုက်ရတော့ နည်းနည်းအံ့ဩသွားတယ်။ ထန်းမော့က သူမကို လှည့်လိုက်တယ်။ သူမနောက်ကျောက နံရံကို ကပ်သွားတယ်။

ကောင်လေးရဲ့ အသက်ရှူသံက ပြင်းထန်စွာပဲ နဖူး၊ မျက်လုံးတွေ၊ နှာခေါင်း ပြီးတော့ နူးညံ့လှတဲ့ နှုတ်ခမ်းတွေပေါ်ကို တစ်လက်မပြီးတစ်လက်မ ဖိချလာတယ်။

ကျောင်းရဲ့ညပိုင်းက မှောင်မဲပြီး တိတ်ဆိတ်တယ်။ ပြီးတော့ ပစ္စည်းဝယ်ဖို့ ပြေးထွက်လာတဲ့ ကျောင်းသား ကျောင်းသူတွေ၊ ကျောင်းရဲ့ စူပါမားကတ်ဘက်ကို ၂ယောက်တစ်တွဲ၃ယောက်တစ်တွဲ သွားနေကြတဲ့ ကျောင်းသားကျောင်းသူတွေ ရှိတယ်။ ခုနတုန်းက စနိုင်သေးတဲ့ ချောင်လန်တစ်ယောက်ကတော့ ချက်ချင်းကိုပဲ ကြောင်သွားတယ်။

သူမက ထန်းမော့လောက် အတင့်မရဲဘူးလေ။ အဲ့တာကြောင့် သူမက လက်ကိုထုတ်လိုက်ပြီး ထန်းမော့ရင်ဘတ်ကို တွန်းလိုက်တယ်။ " တော်တော့ "

" ဘာမှမဖြစ်ဘူး " ထန်းမော့က မျက်နှာကို ဘေးကိုလှည့်လိုက်ပြီး သူ့အကြည့်က ချောင်လန့်ရဲ့နည်းနည်းပွင့်နေတဲ့ နှုတ်ခမ်းပေါ်ကို ရောက်သွားကာ ဖြေးဖြေးချင်း ညင်သာစွာ ထိလိုက်တယ်။

အရင်တစ်ခေါက်က အနမ်းနဲ့ယှဥ်ရင် ဒီအနမ်းက တိတ်ဆိတ်ပြီး ဖြူစင်တယ်။

ထန်းမော့ရဲ့ အနည်းငယ်မြန်နေတဲ့ အသက်ရှူသံက ချောင်လန့်နှုတ်ခမ်းတွေပေါ်ကို ကျသွားတယ်။ ပြီးတော့ သူကစကားပြောဖို့တောင် ခွာဖို့ တွန့်ဆုတ်နေတယ်။ " ၁၃ရက် "

ချောင်လန်က တစ်ယောက်ယောက်မြင်သွားမှာကို စိုးရိမ်နေတာ။ ပြီးတော့ သူ့ရဲ့ အရမ်းကိုညင်သာလှတဲ့ အနမ်းကြောင့် ကြောင်သွားပြီး တိုးတိုးလေးပြောလိုက်တယ်။ " ဘာ၁၃ရက်လဲ "

" အရင်တစ်ခေါက်အနမ်းပြီးသွားတာ ၁၃ရက်ကြာသွားပြီလေ " ထန်းမော့က သူ့ရဲ့လက်ကို ချောင်လန့်ရဲ့ လည်ပင်းအနောက်မှာ တင်လိုက်တယ်။ သူမရဲ့ အရမ်းကို sensitive ဖြစ်တဲ့ လည်ပင်းကို သူ့လက်မနဲ့ ပွတ်လိုက်ပြီး အသံတိုးတိုးလေးနဲ့ အလေးအနက်ပြောလိုက်တယ်။ " ငါအဲ့တာကို နေ့တိုင်း သေသေချာချာ မှတ်မိတယ်။ "

ချောင်လန်က လန့်သွားခဲ့တယ်။ " ဘယ်သူက အဲ့လိုအရာတွေကို မှတ်ထားလို့လဲ "

ထန်းမော့က သူဘာလို့ သေသေချာချာ မှတ်မိနေရတာလဲဆိုတဲ့ အကြောင်းပြချက်ကို လေးနက်စွာ စဥ်းစားလိုက်ပြီး " ဖြစ်နိုင်တာက. "

ဒါကိုပြောတဲ့အချိန်မှာ ထန်းမော့က ရပ်လိုက်ပြီး ရုတ်တရက် မတရားခံနေရတဲ့ အသံပေါက်သွားတယ်။ ပြီးတော့ အသံကလဲ နည်းနည်းရှက်နေတဲ့အသံကြီးနဲ့ " အကြိမ်အရေအတွက်က အရမ်းနည်းလို့နေမှာ။ "

ချောင်လန် : " ....... "

" တစ်ကယ်လို့ ငါက အကြိမ်နည်းနည်းလောက် ထပ်နမ်းလိုက်ရင် သေသေချာချာ မှတ်မိတော့မှာ မဟုတ်တော့ဘူး။ " ထန်းမော့က ဆက်ပြောလိုက်တယ်။ " အရမ်းကျိုးကြောင်းသင့်လျော်တယ်မလား "

ချောင်လန် : " ....... နင်ပဲ ကျိုးကြောင်းသင့်လျော်နေ။ ဖယ်တော့။ တစ်ယောက်ယောက် လာနေပြီ။ "

" မလွှတ်ဘူး " ထန်းမော့က ချောင်လန့်ကို ဆက်ဖက်ထားပြီး သူ့မေးစေ့နဲ့ ချောင်လန့်ပုခုံးကို ပွတ်လိုက်တယ်။ ချောင်လန်ကလဲ ထန်းမော့ဆံပင်ကို သပ်လိုက်ပြီး " ဒီနေ့ဘာဖြစ်လို့လဲ "

" ဘာမှမဖြစ်ပါဘူး " ထန်းမော့က ခေါင်းခါလိုက်ပြီး ပြောလိုက်တယ်။ " ငါက နင်ဟိုနေ့က ပြောခဲ့တာကို အကြာကြီးစဥ်းစားနေခဲ့တာ။ "

ချောင်လန်က နောက်ထပ် မရယ်ပဲမနေနိုင်တော့ဘူး။ " စကားလေးနည်းနည်းလေးပဲကို ဒီလောက်အကြာကြီး စဥ်းစားနေရလား "

"ဘာလို့လဲဆိုတော့ ငါကနင့်ကို သဘောကျတာ အချိန်အကြာကြီး ရှိနေပြီမလို့လေ။ " ထန်းမော့က သူ့ရဲ့စူပုတ်နေတဲ့ မျက်နှာကို ချောင်လန့်ပုခုံးပေါ်တင်လိုက်ပြီး ရေရွတ်လိုက်တယ်။ " ငါက ငါတို့၂ယောက်က တစ်ကယ်ကြီး တူတူရှိနိုင်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး။ ချစ်သူများနေ့ရော၊ ပြီးတော့ နင်ဟိုနေ့က ပြောခဲ့တာတွေရောက အိမ်မက်မက်နေတဲ့ အတိုင်းပဲ..... "

ချောင်လန်က နည်းနည်းစိတ်ထဲမှာ နာကျင်သွားတယ်။ သူမခေါင်းကိုလှည့်လိုက်ပြီး ထန်းမော့ပါးကို နမ်းလိုက်တယ်။ " အိမ်မက်မဟုတ်ဘူး။ ဒါတွေအကုန်လုံးက တစ်ကယ့် အစစ်တွေချည်းပဲ။ ငါနင့်ကို နမ်းလိုက်တာကို နင်ခံစားမိလား။ "

" ဟင့်အင်း " ထန်းမော့က ဒီတစ်ခေါက်တော့ လျင်သွားပြီ။ ဆက်ပြီး ထိုင်းမှိုင်းစွာနဲ့ ပြောလိုက်တယ်။ " ဒါမှမဟုတ် နင်နောက်တစ်ခါလောက် နမ်းကြည့်လေ။ "

တစ်ကယ်ပါပဲ ထန်းမော့က ဆိုးလာပြီ။

" တော်ပြီး မလုပ်တော့ဘူး " ချောင်လန်က ငြင်းလိုက်တယ်။ " အိုကေနော်။ နင် ကလေးလိုမျိုး ထပ်မလုပ်ရဘူး။ ညနေပိုင်း study ဆင်းတာတွေက ထွက်လာတော့မှာ။ အမြန်အိမ်ပြန်တော့။ မနက်ဖြန်မှ အိမ်တူတူပြန်ကြမယ်။ "

" အင်း " ထန်းမော့က ကတိပေးလိုက်တယ်။ ဒါပေမဲ့ သူ့ကိုယ်ကတော့ အခုထိ ချောင်လန့်ကို ဖက်ထားတုန်းပဲ။ ပြီးတော့မှ ပြောလိုက်တယ်။ " ငါလဲ နင့်ကို ပြောစရာရှိတယ်။ "

သူတုံ့ပြန်တာက နှေးတယ်။ ချောင်လန့်ရဲ့ စကားလုံးတွေကို သေသေချာချာနားလည်ဖို့ သူအချိန်၃ရက် ယူလိုက်ရတယ်။ သူကနောက်ဆုံး ရီဝေဝေဖြစ်နေရာကနေ အသိဝင်လာတော့ သူက အရာတွေအများကြီးကို နားလည်ချင်ခဲ့တာလေ။ ပြီးတော့ များစွာသော အကြောင်းအရာတွေကိုလဲ အတည်ပြုချင်ခဲ့တာ။

" ငါက ငါ့တစ်ဘဝလုံးမှာ သဘောကျတယ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ ငါနင်နဲ့ ဆုံတွေ့ခဲ့တယ်။ ပြီးတော့ နင်နဲ့ အတူရှိဖို့ကိုလဲ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးဘူး။ ဒါပေမဲ့ နင်ကအရင်စပြီး တွဲရအောင်လို့ ပြောခဲ့တယ်။ "

" ဒါနဲ့တင် လုံလောက်နေပြီလို့ ငါစဥ်းစားခဲ့ဖူးတယ်။ နင်ကတစ်နေ့မှာ ငါ့ကို စွန့်ခွာသွားရင်တောင် ငါနင့်ကို မတားဘူးလို့ပေါ့။ ဒါပေမဲ့ အခုတော့ ချောင်လန် နင်က ငါ့ကို တစ်သက်လုံး အတူရှိသွားချင်တယ်လို့ ပြောခဲ့တာနော်။ တစ်ကယ်လို့ အနာဂတ်မှာ နင်ငါ့ဆီက ထွက်သွားချင်မယ်ဆိုရင်တောင် ငါသဘောတူမှာ မဟုတ်ဘူး။ နင့်ကို အဲ့လိုလုပ်ဖို့ အခွင့်အရေးတောင်ပေးမှာ မဟုတ်ဘူးနော်။ "

တစ်ခါတုန်းက နင့်ကို ငါ့ဘေးမှာ အမြဲချည်နှောင်ထားဖို့ တွေးခဲ့ဖူးတယ်။ နင်နဲ့ ဘယ်တော့မှ မခွဲခွာရဖို့ပေါ့။ ဒါပေမဲ့ ငါမလုပ်ရက်ခဲ့ဘူး။ မလုပ်နိုင်ခဲ့ဘူး။

ဒါပေမဲ့ အခုတော့ ချောင်လန်က အရင်စပြီး သူ့ကို ချဥ်းကပ်လာခဲ့တယ်။ သူမက အရင်စပြီး ကိုယ့်ကိုယ်ကို သူ့ဘက်ကို ပေးပို့ပေးခဲ့တယ်။ ထန်းမော့က သူတော်စင်မှ မဟုတ်တာ။ သူက သူမကိုမထိခိုက်ဖို့ သူ့ကိုယ်သူ တားလို့ရတယ်။ ဒါပေမဲ့ သူမကိုလက်မခံဖို့ကိုတော့ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘူး။

တစ်ခါလက်ခံလိုက်ပြီဆိုတာနဲ့၊ တစ်ကယ့်ကို တစ်ခါလောက် စွဲလမ်းသွားပြီဆိုတာနဲ့ ထန်းမော့က ချောင်လန့်ကို ထပ်ပြီး ဘယ်တော့မှ ထွက်သွားဖို့ ခွင့်ပြုတော့မှာ မဟုတ်ဘူး။

တစ်ကယ်လို့ တစ်နေ့မှာ ချောင်လန်က သူ့ကိုမကြိုက်တော့ဘူး၊ သူ့ကို သည်းမခံနိုင်တော့ဘူး၊ သူ့ကိုငြီးငွေ့ပြီး မုန်းလာမယ်ဆိုရင်တောင် သူကလွှတ်မပေးနိုင်ဘူး။

သူက အရမ်းကိုတစ်ကိုယ်ကောင်းဆန်တယ်လေ။

ချောင်လန်က သူပြောတာတွေကို သေသေချာချာနားထောင်ပြီးသွားတော့ သူမကထန်းမော့လက်ကို ကိုင်လိုက်ပြီး သူ့လက်ချောင်းတွေနဲ့ ယှက်နွယ်လိုက်တယ်။ တစ်ကယ်လို့ ထန်းမော့က တစ်ကိုယ်ကောင်းဆန်တယ်ဆိုရင် သူမက သူ့ဘေးမှာ နေပေးမှာ။

" အဲ့တာဆို ဆက်ပြီး တစ်ကိုယ်ကောင်းဆန်ပေး။ ငါက နင်တစ်ကိုယ်ကောင်းဆန်တာကို သဘောကျတယ်။ "

သူမထန်းမော့ကို ကြိုက်မိသွားတဲ့ နေ့ကထဲက သူမရဲ့အနာဂတ်အစီအစဥ်တွေထဲမှာ ဒုတိယလူဆိုတာ မရှိတော့ဘူး။

Zawgyi

ေလ့က်င့္ခန္းလုပ္တဲ့အခ်ိန္မွာ လူ၂ေယာက္ေပ်ာက္ေနတာကိုေတြ႕လို႔ ၁၀မိနစ္ေလာက္ လိုက္ရွာေနရတဲ့ အတန္းပိုင္ဆရာ : " ........ "

ဘယ္အခ်ိန္မ်ား မင္းတို႔က စကားမေျပာဘဲေနလို႔လဲ။ ဘယ္ေနရာမွာမ်ား စကားမေျပာႏိုင္လို႔လဲ။ ဒီလိုေက်ာင္းေဆာင္၂ခုၾကားက ငွက္ေတာင္လာၿပီး ခ်ီးမပါတဲ့ ေနရာကိုလာၿပီး စကားေျပာဖို႔လိုလို႔လား။ ၿပီးေတာ့ စကားေျပာစရာရွိတာ ေက်ာင္းဆင္းတဲ့အထိမေစာင့္ႏိုင္ဘူးလား။ အခုအခ်ိန္ႀကီးမွာ လာေျပာရတယ္လို႔။

အတန္းပိုင္ဆရာက ပိုၿပီးေတာ့ေတာင္ ေဒါသထြက္လာတယ္။

သူက ဒီ၂ေယာက္လုပ္သမွ်ကို မ်က္စိတစ္ဖက္မွိတ္ထားေပးၿပီး ဘာပဲျဖစ္ျဖစ္ လြတ္ေပးခဲ့တယ္။ ဘာပဲေျပာေျပာ ဒီ၂ေယာက္က အမွတ္ေတြမက်ေနခဲ့ဘူးေလ။ ဒါေပမဲ့ ဒီေန႔အျပဳအမူကေတာ့ တစ္ကယ္လို႔ လြန္လြန္းသြားၿပီ။ သူက စာသင္လာတာ ဆယ္စုႏွစ္ေက်ာ္ေနၿပီ။ ဒါေပမဲ့ ဒီေလာက္ သတၱိနဲ႔ ရည္းစားထားရဲတဲ့လူကိုေတာ့ မျမင္ဖူးပါဘူး။

ေတာ္ေသးတာေပါ့ ေတြ႕တဲ့လူက သူျဖစ္ေနလို႔။ တစ္ကယ္လို႔ ဒါကို ေက်ာင္းအုပ္ဆရာႀကီးကသာ ေတြ႕သြားမယ္ဆိုရင္ သူ႔ကို အားလုံးေရွ႕ေခၚၿပီး ဆူေတာ့မွာေလ။

ဒီကိစၥကို ဒီတိုင္းထားလို႔ မျဖစ္ေတာ့ဘူး။ ေသေသခ်ာခ်ာ စီမံမွ ျဖစ္ေတာ့မယ္။

မင္းတို႔ မိသားစုခ်င္း ကေတာင္ သိၿပီး အဆင္ေျပေနတယ္ဆိုရင္ေတာင္၊ မင္းတို႔ တစ္တန္းလုံးမွာ အဆင့္၁နဲ႔ ၂ရေနတယ္ဆိုရင္ေတာင္ ဒါကိုေျဖရွင္းရဦးမွာပဲ။ တစ္ကယ္လို႔ တစ္ခုခုျဖစ္သြားရင္ သူတို႔ကို သင္ၾကားေပးတဲ့ေနရာမွာ က်ရႈံးသြားခဲ့ရင္ ဘယ္သူက တာဝန္ယူရမွာလဲ။

အဲ့တာေၾကာင့္ အတန္းပိုင္ဆရာက ေခ်ာင္လန္နဲ႔ထန္းေမာ့တို႔ကို ေဒါသတႀကီးနဲ႔ ေခၚလာခဲံၿပီး အတန္းထဲကေန ေနာက္တစ္ခါျပန္ေခၚထုတ္သြားတာကို အခန္း၁၈က ေက်ာင္းသူေက်ာင္းသားေတြ အကုန္လုံးျမင္လိုက္ၾကတယ္။ သူတို႔က တ႐ုတ္စာအတန္းခ်ိန္တစ္ခ်ိန္လုံး ေပ်ာက္သြားခဲ့တယ္။ အတန္းၿပီးသြားတာေတာင္ ျပန္ေပၚမလာခဲ့ဘူး။

ေခ်ာင္လန္နဲ႔ ထန္းေမာ့တို႔က အျပစ္ရွိေၾကာင္း ဝန္ခံစာ၊ ေတာင္းပန္စာ ေရးခဲ့တယ္။ ေခ်ာင္လန္ကေတာ့ ေလးေလးနက္နက္နဲ႔ စာလုံး၈၀၀ကို လိမ္လိမ္မာမာ ေရးခဲ့တယ္။ ထန္းေမာ့စာမွာေတာ့ စာေၾကာင္းတစ္ေၾကာင္းပဲ ရွိတယ္။ ေတာင္းပန္ပါတယ္ဆရာ ကြၽန္ေတာ္မွားပါတယ္ တဲ့ေလ။

သူတို႔၂ေယာက္ ဘာေတြလုပ္ေနမွန္း ဘယ္သူမွ မသိၾကဘူး။ ဘယ္သူက သူတို႔၂ေယာက္ကို စာဒီေလာက္ေတာင္ေအာင္ လုပ္ခိုင္းခဲ့လို႔လဲ။ ပိုင္ယြီေတာင္မွ အတန္းပိုင္ဆရာက သူတို႔ကို စာနဲ႔ပတ္သက္လို႔ ေခၚေဆြးေႏြးတယ္လို႔ ထင္ေနတာေလ။

ေနာက္ဆုံးေတာ့ အတန္းပိုင္ဆရာက သူတို႔၂ေယာက္ကို ပညာေပးတာ ၿပီးသြားေတာ့တယ္။ ၿပီးေတာ့ ေက်ာင္းမွာ ေနာက္တစ္ခါဒီလို ရဲတင္းတာမ်ိဳး မလုပ္ဖို႔ တင္းတင္းၾကပ္ၾကပ္ တားျမစ္လိုက္တယ္။

အဲ့တာေၾကာင့္ ပညာအေပးခံလိုက္ရတဲ့၂ေယာက္က ေနာက္ဆုံးေတာ့ ရက္အေတာ္ၾကာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေနၾကေတာ့တယ္။

တစ္ကယ္ေတာ့ အဲ့တာက အတန္းပိုင္ဆရာ့ေၾကာင့္မဟုတ္ပါဘူး။ ေခ်ာင္လန္႔ရဲ႕ ဖြင့္ေျပာမႈေၾကာင့္ ထန္းေမာ့က ေနာက္ဆုံးေတာ့ သူ႔ကိုဂနာမၿငိမ္ေအာင္လုပ္ေနတဲ့ ကိုယ့္ကိုယ္ကိုသံသယျဖစ္မႈေတြကို ၿပီးဆုံးေအာင္ လုပ္ႏိုင္သြားခဲ့တယ္ေလ။ ဖြင့္ေျပာတာက အရမ္းကိုခ်ိဳၿမိန္တာရယ္၊ သူက တုံ႔ျပန္တာအရမ္းေႏွးတာေၾကာင့္ရယ္ေလ။ အ႐ူးတစ္ေယာက္လိုပဲ ရက္အေတာ္ၾကာ ေပ်ာ္ေနခဲ့တယ္။

ေသာၾကာေန႔ည ေခ်ာင္လန္႔စကားလုံးေတြရဲ႕ ပါဝါကေႏွးက်သြားၿပီဆိုေတာ့မွ ထန္းေမာ့ရဲ႕ ခ်ိဳၿမိန္ၿပီး ရီေဝေဝျဖစ္ေနတဲ့ ေခါင္းက ေနာက္ဆုံးေတာ့ က်ိဳးေၾကာင္းသင့္ စဥ္းစားႏိုင္သြားၿပီေလ။ ေနာက္ဆုံးေတာ့ အ႐ူးေလးက မတုံးေတာ့ဘူး၊ စိတ္လႈပ္ရွားလာတယ္။

ညေနပိုင္းစာၾကည့္ခ်ိန္ ၿပီးခါနီးေတာ့ ေခ်ာင္လန္က ထန္းေမာ့ wechat မက္ေဆ့ကို ရခဲ့တယ္။ ထန္းေမာ့က သူက စာသင္ေဆာင္ေရွ႕မွာ ေရာက္ေနတယ္လို႔ ေျပာတယ္။

ေခ်ာင္လန္က စင္ျမင့္ေပၚမာထိုင္ေနတဲ့ bio ဆရာကို လမ္းၾကည့္လိုက္တယ္။

အရမ္းေကာင္းတာပဲ။ ဒီေန႔ညေနခင္း study ခ်ိန္က အတန္းပိုင္ဆရာအလွည့္ မဟုတ္လို႔။ အတန္းပိုင္ဆရာက ဒီေန႔ညမွာ ေပၚမလာခဲ့ဘူး။ ၾကည့္ရတာ လုံးဝမလာေတာ့ဘူးနဲ႔တူတယ္။

ေခ်ာင္လန္က bio ဆရာဆီကေန ခြင့္သြားေတာင္းခဲ့တယ္။ bio ဆရာက ေခ်ာင္လန္႔လို ေက်ာင္းသူေကာင္းတစ္ေယာက္ကို လုံးဝသံသယမဝင္ခဲ့ဘူး။ ၿပီးေတာ့ သူမကို ခႏၶာကိုယ္ကို ေသခ်ာဂ႐ုစိုက္ဖို႔ အရမ္းကို ပူပန္ေပးေနခဲ့ေသးတယ္။

ေခ်ာင္လန္က နာခံစြာနဲ႔ ေခါင္းၿငိမ့္လိုက္ၿပီး စာသင္ခန္းထဲက ထြက္လာကာ အျပင္ဘက္ကိုေလွ်ာက္လာခဲ့တယ္။ သူမက ေလကားကေနဆင္းလိုက္လိုက္ခ်င္းမွာပဲ အဖက္ခံလိုက္ရတယ္။

ထန္းေမာ့က သူမကို ေလထဲထိေတာင္ ေျမႇာက္မတက္ပဲ။ ေခ်ာင္လန္က ထန္းေမာ့လည္ပင္းကို အလန္႔တၾကားနဲ႔ ဖက္လိုက္ၿပီး တိုးတိုးေလးေျပာလိုက္တယ္။ " ဒီေန႔ညမွ ဘာလို႔ ႐ုတ္တရက္ႀကီး ဒီကိုေရာက္လာရတာလဲ "

" နင့္ကို လြမ္းလို႔ " ထန္းေမာ့က သူ႔ပါးကို ေခ်ာင္လန္႔ညႇပ္႐ိုးေပၚအပ္လိုက္ၿပီး တိုးတိုးေလးျပန္ေျပာလိုက္တယ္။

" ငါမနက္ျဖန္ပိတ္ရက္က် အိမ္ျပန္လာလို႔ရၿပီေလ။ " ေခ်ာင္လန္က ထန္းေမာ့ေခါင္းကို ထိလိုက္ၿပီး ေျပာလိုက္တယ္။ " နင္က ဒီေန႔႐ုတ္တရက္ႀကီး ေရာက္လာစရာမလိုပါဘူးဟ။ "

" ငါနင့္ကို လြမ္းလို႔ " ထန္းေမာ့က ေနာက္တစ္ခါထပ္ေျပာလိုက္တယ္။ " ဟိုေန႔က နင္ေျပာခဲ့တာေတြက အက်ဳံးဝင္ေသးလား။ "

" ဘာ?? " ေခ်ာင္လန္က တမင္သက္သက္ေမးလိုက္တယ္။ " ငါအဲ့ေန႔က အမ်ားႀကီးပဲ ေျပာခဲ့တာေလ။ "

ထန္းေမာ့က သူမကို ေအာက္ကိုခ်လိုက္ၿပီး သူ႔ေခါင္းကိုငုံ႔လိုက္ကာ ေခ်ာင္လန္႔နဖူးနဲ႔ သူ႔နဖူးနဲ႔ကို သာသာေလးပြတ္လိုက္တယ္။ " နင္ပဲေျပာတာေလ ငါနားေထာင္ခ်င္သေ႐ြ႕ နင္က ေျပာျပႏိုင္တယ္လို႔ေလ။ အခု ငါနားေထာင္ခ်င္တယ္။ "

ေခ်ာင္လန္က ရယ္လိုက္တယ္။ သူမလက္ေခ်ာင္းေတြက ထန္းေမာ့ပါးကို ပြတ္လိုက္ၿပီး ေနာက္ဆုံးသူ႔နားသီးေလးကို ဆြဲဆိပ္လိုက္တယ္။ " ဘာလဲ။ ငါနင့္ကိုႀကိဳက္တယ္၊ ငါနင့္ကို အရမ္းႀကိဳက္တယ္၊ ငါနင့္ကို အႀကိဳက္ဆုံးပဲ။ ဘယ္တစ္ခုကို နင္သေဘာက်လဲ။ "

အခုအခ်ိန္မာ ထန္းေမာ့စိတ္ထဲမွာ စကားလုံး၃လုံးက ေပၚထြက္လာခဲ့တယ္။

နတ္သမီး

အခုအခ်ိန္မွာ ေခ်ာင္လန္က တစ္ကယ့္ကို နတ္သမီးေလးပဲ။ သူ႔မွာရွိတဲ့ အရာအားလုံးကို လိုလိုလားလားနဲ႔ ပုံေပးခ်င္ေအာင္ လုပ္တဲ့ နတ္သမီးေလးေပါ့။

အရမ္းဆိုးဝါးတာပဲ။

ထန္းေမာ့က လြန္ခဲ့တဲ့ ၂ရက္လုံးလုံး အရမ္းကို ျပင္းျပင္းထန္ထန္ တိုက္ခိုက္ေနခဲ့ရတာ။ သူလုပ္ႏိုင္တာ ဘာမွမရွိဘူး။ ၿပီးေတာ့ သူ႔စိတ္က အရမ္းကိုလႈပ္ရွားေနခဲ့တယ္။ ဒီေန႔ေတာ့ သူကျပန္ၿပီး လန္းဆန္းသြားၿပီ။ ေခ်ာင္လန္႔ကို ေတြ႕ၿပီးသြားတဲ့အခ်ိန္မွာ ထန္းေမာ့က သူ႔တစ္ကိုယ္လုံးက ထပ္ၿပီး ေလာင္ကြၽမ္းေနတယ္လို႔ ခံစားလာရျပန္တယ္။

အဲ့တာေၾကာင့္ပဲ သူကေခ်ာင္လန္႔ကို မစတာေလ။ ဒါေပမဲ့ ေခ်ာင္လန္က အရမ္းဆိုးတာပဲ။ သူ႔ကိုလာစေနတယ္ေလ။ သူ႔ရဲ႕နားနားက ေကာင္မေလးရဲ႕ တီးတိုးေျပာသံေတြက သူ႔ကို ညိဳ႕ယူေနသလိုပဲ။ သူ႔အ႐ိုးထဲထိေတာင္ အဲ့စကားေတြက ေပ်ာ္ဝင္သြားတယ္။

ထန္းေမာ့ခႏၶာကိုယ္ေပၚက အာ႐ုံေၾကာတိုင္းက ေတာင့္တင္းသြားတယ္။ ေခ်ာင္လန္႔လက္ေတြကို ကိုင္ထားၿပီး သူမကို သူ႔လက္ေမာင္းထဲမွာ ေခ်မြပစ္ခ်င္စိတ္ ေပါက္ေနတယ္။

သူက မခံႏိုင္စြာပဲ ေကာင္မေလးရဲ႕ ခါးကို ဖက္လိုက္တယ္။ သူမကို ေလထဲကို ေျမာက္လိုက္တယ္။ ေခ်ာင္လန္က ေလေပၚကို အေျမႇာက္ခံလိုက္ရေတာ့ နည္းနည္းအံ့ဩသြားတယ္။ ထန္းေမာ့က သူမကို လွည့္လိုက္တယ္။ သူမေနာက္ေက်ာက နံရံကို ကပ္သြားတယ္။

ေကာင္ေလးရဲ႕ အသက္ရႉသံက ျပင္းထန္စြာပဲ နဖူး၊ မ်က္လုံးေတြ၊ ႏွာေခါင္း ၿပီးေတာ့ ႏူးညံ့လွတဲ့ ႏႈတ္ခမ္းေတြေပၚကို တစ္လက္မၿပီးတစ္လက္မ ဖိခ်လာတယ္။

ေက်ာင္းရဲ႕ညပိုင္းက ေမွာင္မဲၿပီး တိတ္ဆိတ္တယ္။ ၿပီးေတာ့ ပစၥည္းဝယ္ဖို႔ ေျပးထြက္လာတဲ့ ေက်ာင္းသား ေက်ာင္းသူေတြ၊ ေက်ာင္းရဲ႕ စူပါမားကတ္ဘက္ကို ၂ေယာက္တစ္တြဲ၃ေယာက္တစ္တြဲ သြားေနၾကတဲ့ ေက်ာင္းသားေက်ာင္းသူေတြ ရွိတယ္။ ခုနတုန္းက စႏိုင္ေသးတဲ့ ေခ်ာင္လန္တစ္ေယာက္ကေတာ့ ခ်က္ခ်င္းကိုပဲ ေၾကာင္သြားတယ္။

သူမက ထန္းေမာ့ေလာက္ အတင့္မရဲဘူးေလ။ အဲ့တာေၾကာင့္ သူမက လက္ကိုထုတ္လိုက္ၿပီး ထန္းေမာ့ရင္ဘတ္ကို တြန္းလိုက္တယ္။ " ေတာ္ေတာ့ "

" ဘာမွမျဖစ္ဘူး " ထန္းေမာ့က မ်က္ႏွာကို ေဘးကိုလွည့္လိုက္ၿပီး သူ႔အၾကည့္က ေခ်ာင္လန္႔ရဲ႕နည္းနည္းပြင့္ေနတဲ့ ႏႈတ္ခမ္းေပၚကို ေရာက္သြားကာ ေျဖးေျဖးခ်င္း ညင္သာစြာ ထိလိုက္တယ္။

အရင္တစ္ေခါက္က အနမ္းနဲ႔ယွဥ္ရင္ ဒီအနမ္းက တိတ္ဆိတ္ၿပီး ျဖဴစင္တယ္။

ထန္းေမာ့ရဲ႕ အနည္းငယ္ျမန္ေနတဲ့ အသက္ရႉသံက ေခ်ာင္လန္႔ႏႈတ္ခမ္းေတြေပၚကို က်သြားတယ္။ ၿပီးေတာ့ သူကစကားေျပာဖို႔ေတာင္ ခြာဖို႔ တြန္႔ဆုတ္ေနတယ္။ " ၁၃ရက္ "

ေခ်ာင္လန္က တစ္ေယာက္ေယာက္ျမင္သြားမွာကို စိုးရိမ္ေနတာ။ ၿပီးေတာ့ သူ႔ရဲ႕ အရမ္းကိုညင္သာလွတဲ့ အနမ္းေၾကာင့္ ေၾကာင္သြားၿပီး တိုးတိုးေလးေျပာလိုက္တယ္။ " ဘာ၁၃ရက္လဲ "

" အရင္တစ္ေခါက္အနမ္းၿပီးသြားတာ ၁၃ရက္ၾကာသြားၿပီေလ " ထန္းေမာ့က သူ႔ရဲ႕လက္ကို ေခ်ာင္လန္႔ရဲ႕ လည္ပင္းအေနာက္မွာ တင္လိုက္တယ္။ သူမရဲ႕ အရမ္းကို sensitive ျဖစ္တဲ့ လည္ပင္းကို သူ႔လက္မနဲ႔ ပြတ္လိုက္ၿပီး အသံတိုးတိုးေလးနဲ႔ အေလးအနက္ေျပာလိုက္တယ္။ " ငါအဲ့တာကို ေန႔တိုင္း ေသေသခ်ာခ်ာ မွတ္မိတယ္။ "

ေခ်ာင္လန္က လန္႔သြားခဲ့တယ္။ " ဘယ္သူက အဲ့လိုအရာေတြကို မွတ္ထားလို႔လဲ "

ထန္းေမာ့က သူဘာလို႔ ေသေသခ်ာခ်ာ မွတ္မိေနရတာလဲဆိုတဲ့ အေၾကာင္းျပခ်က္ကို ေလးနက္စြာ စဥ္းစားလိုက္ၿပီး " ျဖစ္ႏိုင္တာက.. "

ဒါကိုေျပာတဲ့အခ်ိန္မွာ ထန္းေမာ့က ရပ္လိုက္ၿပီး ႐ုတ္တရက္ မတရားခံေနရတဲ့ အသံေပါက္သြားတယ္။ ၿပီးေတာ့ အသံကလဲ နည္းနည္းရွက္ေနတဲ့အသံႀကီးနဲ႔ " အႀကိမ္အေရအတြက္က အရမ္းနည္းလို႔ေနမာ "

ေခ်ာင္လန္ : " ....... "

" တစ္ကယ္လို႔ ငါက အႀကိမ္နည္းနည္းေလာက္ ထပ္နမ္းလိုက္ရင္ ေသေသခ်ာခ်ာ မွတ္မိေတာ့မွာ မဟုတ္ေတာ့ဘူး။ " ထန္းေမာ့က ဆက္ေျပာလိုက္တယ္။ " အရမ္းက်ိဳးေၾကာင္းသင့္ေလ်ာ္တယ္မလား "

ေခ်ာင္လန္ : " ....... နင္ပဲ က်ိဳးေၾကာင္းသင့္ေလ်ာ္ေန။ ဖယ္ေတာ့။ တစ္ေယာက္ေယာက္ လာေနၿပီ။ "

" မလႊတ္ဘူး " ထန္းေမာ့က ေခ်ာင္လန္႔ကို ဆက္ဖက္ထားၿပီး သူ႔ေမးေစ့နဲ႔ ေခ်ာင္လန္႔ပုခုံးကို ပြတ္လိုက္တယ္။ ေခ်ာင္လန္ကလဲ ထန္းေမာ့ဆံပင္ကို သပ္လိုက္ၿပီး " ဒီေန႔ဘာျဖစ္လို႔လဲ "

" ဘာမွမျဖစ္ပါဘူး " ထန္းေမာ့က ေခါင္းခါလိုက္ၿပီး ေျပာလိုက္တယ္။ " ငါက နင္ဟိုေန႔က ေျပာခဲ့တာကို အၾကာႀကီးစဥ္းစားေနခဲ့တာ။ "

ေခ်ာင္လန္က ေနာက္ထပ္ မရယ္ပဲမေနႏိုင္ေတာ့ဘူး။ " စကားေလးနည္းနည္းေလးပဲကို ဒီေလာက္အၾကာႀကီး စဥ္းစားေနရလား "

"ဘာလို႔လဲဆိုေတာ့ ငါကနင့္ကို သေဘာက်တာ အခ်ိန္အၾကာႀကီး ရွိေနၿပီမလို႔ေလ။ " ထန္းေမာ့က သူ႔ရဲ႕စူပုတ္ေနတဲ့ မ်က္ႏွာကို ေခ်ာင္လန္႔ပုခုံးေပၚတင္လိုက္ၿပီး ေရ႐ြတ္လိုက္တယ္။ " ငါက ငါတို႔၂ေယာက္က တစ္ကယ္ႀကီး တူတူရွိႏိုင္မယ္လို႔ ဘယ္တုန္းကမွ မေတြးခဲ့ဖူးဘူး။ ခ်စ္သူမ်ားေန႔ေရာ၊ ၿပီးေတာ့ နင္ဟိုေန႔က ေျပာခဲ့တာေတြေရာက အိမ္မက္မက္ေနတဲ့ အတိုင္းပဲ..... "

ေခ်ာင္လန္က နည္းနည္းစိတ္ထဲမွာ နာက်င္သြားတယ္။ သူမေခါင္းကိုလွည့္လိုက္ၿပီး ထန္းေမာ့ပါးကို နမ္းလိုက္တယ္။ " အိမ္မက္မဟုတ္ဘူး။ ဒါေတြအကုန္လုံးက တစ္ကယ့္ အစစ္ေတြခ်ည္းပဲ။ ငါနင့္ကို နမ္းလိုက္တာကို နင္ခံစားမိလား။ "

" ဟင့္အင္း " ထန္းေမာ့က ဒီတစ္ေခါက္ေတာ့ လ်င္သြားၿပီ။ ဆက္ၿပီး ထိုင္းမိႈင္းစြာနဲ႔ ေျပာလိုက္တယ္။ " ဒါမွမဟုတ္ နင္ေနာက္တစ္ခါေလာက္ နမ္းၾကည့္ေလ။ "

တစ္ကယ္ပါပဲ ထန္းေမာ့က ဆိုးလာၿပီ။

" ေတာ္ၿပီး မလုပ္ေတာ့ဘူး " ေခ်ာင္လန္က ျငင္းလိုက္တယ္။ " အိုေကေနာ္။ နင္ ကေလးလိုမ်ိဳး ထပ္မလုပ္ရဘူး။ ညေနပိုင္း study ဆင္းတာေတြက ထြက္လာေတာ့မွာ။ အျမန္အိမ္ျပန္ေတာ့။ မနက္ျဖန္မွ အိမ္တူတူျပန္ၾကမယ္။ "

" အင္း " ထန္းေမာ့က ကတိေပးလိုက္တယ္။ ဒါေပမဲ့ သူ႔ကိုယ္ကေတာ့ အခုထိ ေခ်ာင္လန္႔ကို ဖက္ထားတုန္းပဲ။ ၿပီးေတာ့မွ ေျပာလိုက္တယ္။ " ငါလဲ နင့္ကို ေျပာစရာရွိတယ္။ "

သူတုံ႔ျပန္တာက ေႏွးတယ္။ ေခ်ာင္လန္႔ရဲ႕ စကားလုံးေတြကို ေသေသခ်ာခ်ာနားလည္ဖို႔ သူအခ်ိန္၃ရက္ ယူလိုက္ရတယ္။ သူကေနာက္ဆုံး ရီေဝေဝျဖစ္ေနရာကေန အသိဝင္လာေတာ့ သူက အရာေတြအမ်ားႀကီးကို နားလည္ခ်င္ခဲ့တာေလ။ ၿပီးေတာ့ မ်ားစြာေသာ အေၾကာင္းအရာေတြကိုလဲ အတည္ျပဳခ်င္ခဲ့တာ။

" ငါက ငါ့တစ္ဘဝလုံးမွာ သေဘာက်တယ္ဆိုတဲ့ စကားလုံးရဲ႕ အဓိပၸာယ္ကို ဘယ္ေတာ့မွ နားလည္ႏိုင္မွာ မဟုတ္ဘူးလို႔ ထင္ခဲ့တာ။ ဒါေပမဲ့ ငါနင္နဲ႔ ဆုံေတြ႕ခဲ့တယ္။ ၿပီးေတာ့ နင္နဲ႔ အတူရွိဖို႔ကိုလဲ ဘယ္တုန္းကမွ မေမွ်ာ္လင့္ခဲ့ဖူးဘူး။ ဒါေပမဲ့ နင္ကအရင္စၿပီး တြဲရေအာင္လို႔ ေျပာခဲ့တယ္။ "

" ဒါနဲ႔တင္ လုံေလာက္ေနၿပီလို႔ ငါစဥ္းစားခဲ့ဖူးတယ္။ နင္ကတစ္ေန႔မွာ ငါ့ကို စြန္႔ခြာသြားရင္ေတာင္ ငါနင့္ကို မတားဘူးလို႔ေပါ့။ ဒါေပမဲ့ အခုေတာ့ ေခ်ာင္လန္ နင္က ငါ့ကို တစ္သက္လုံး အတူရွိသြားခ်င္တယ္လို႔ ေျပာခဲ့တာေနာ္။ တစ္ကယ္လို႔ အနာဂတ္မွာ နင္ငါ့ဆီက ထြက္သြားခ်င္မယ္ဆိုရင္ေတာင္ ငါသေဘာတူမွာ မဟုတ္ဘူး။ နင့္ကို အဲ့လိုလုပ္ဖို႔ အခြင့္အေရးေတာင္ေပးမွာ မဟုတ္ဘူးေနာ္။ "

တစ္ခါတုန္းက နင့္ကို ငါ့ေဘးမွာ အၿမဲခ်ည္ေႏွာင္ထားဖို႔ ေတြးခဲ့ဖူးတယ္။ နင္နဲ႔ ဘယ္ေတာ့မွ မခြဲခြာရဖို႔ေပါ့။ ဒါေပမဲ့ ငါမလုပ္ရက္ခဲ့ဘူး။ မလုပ္ႏိုင္ခဲ့ဘူး။

ဒါေပမဲ့ အခုေတာ့ ေခ်ာင္လန္က အရင္စၿပီး သူ႔ကို ခ်ဥ္းကပ္လာခဲ့တယ္။ သူမက အရင္စၿပီး ကိုယ့္ကိုယ္ကို သူ႔ဘက္ကို ေပးပို႔ေပးခဲ့တယ္။ ထန္းေမာ့က သူေတာ္စင္မွ မဟုတ္တာ။ သူက သူမကိုမထိခိုက္ဖို႔ သူ႔ကိုယ္သူ တားလို႔ရတယ္။ ဒါေပမဲ့ သူမကိုလက္မခံဖို႔ကိုေတာ့ သူ႔ကိုယ္သူ မထိန္းခ်ဳပ္ႏိုင္ဘူး။

တစ္ခါလက္ခံလိုက္ၿပီဆိုတာနဲ႔၊ တစ္ကယ့္ကို တစ္ခါေလာက္ စြဲလမ္းသြားၿပီဆိုတာနဲ႔ ထန္းေမာ့က ေခ်ာင္လန္႔ကို ထပ္ၿပီး ဘယ္ေတာ့မွ ထြက္သြားဖို႔ ခြင့္ျပဳေတာ့မွာ မဟုတ္ဘူး။

တစ္ကယ္လို႔ တစ္ေန႔မွာ ေခ်ာင္လန္က သူ႔ကိုမႀကိဳက္ေတာ့ဘူး၊ သူ႔ကို သည္းမခံႏိုင္ေတာ့ဘူး၊ သူ႔ကိုၿငီးေငြ႕ၿပီး မုန္းလာမယ္ဆိုရင္ေတာင္ သူကလႊတ္မေပးႏိုင္ဘူး။

သူက အရမ္းကိုတစ္ကိုယ္ေကာင္းဆန္တယ္ေလ။

ေခ်ာင္လန္က သူေျပာတာေတြကို ေသေသခ်ာခ်ာနားေထာင္ၿပီးသြားေတာ့ သူမကထန္းေမာ့လက္ကို ကိုင္လိုက္ၿပီး သူ႔လက္ေခ်ာင္းေတြနဲ႔ ယွက္ႏြယ္လိုက္တယ္။ တစ္ကယ္လို႔ ထန္းေမာ့က တစ္ကိုယ္ေကာင္းဆန္တယ္ဆိုရင္ သူမက သူ႔ေဘးမွာ ေနေပးမွာ။

" အဲ့တာဆို ဆက္ၿပီး တစ္ကိုယ္ေကာင္းဆန္ေပး။ ငါက နင္တစ္ကိုယ္ေကာင္းဆန္တာကို သေဘာက်တယ္။ "

သူမထန္းေမာ့ကို ႀကိဳက္မိသြားတဲ့ ေန႔ကထဲက သူမရဲ႕အနာဂတ္အစီအစဥ္ေတြထဲမွာ ဒုတိယလူဆိုတာ မရွိေတာ့ဘူး။

Continua a leggere

Ti piacerà anche

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...