Zawgyi Version
ဖုန္းခ်န္၏ အနမ္း က်ေရာက္မလာခင္ မုရံုခ်ီခ်ီက ေျခဖ်ားေထာက္ကာ အရင္ဦးေအာင္ အစပ်ိဳးမႈယူၿပီး ဖုန္းခ်န္ႏႈတ္ခမ္းကို နမ္းလိုက္သည္။
"ဝမ္းကြဲမရီးေတာ္က ရွိန္ေလာက္စရာပဲ!"
ဝမ္ရမ္ခန္က ေအာ္ဟစ္ကာ ေလခြၽန္လိုက္သည္။ သူ႔ေဘးမွ လူမ်ားလည္း အလြန္ပင္ ေပ်ာ္႐ႊင္ေနၾကသည္။ ဝမ္ရယ္ႏွင့္ ဝမ္ေဖး၏ ဆက္ဆံေရးမွာ အလြန္ေကာင္းပံုရ၏။ ထိုအရာသည္ လူတို႔အား ေပ်ာ္႐ႊင္ေအာင္ ျပဳလုပ္နိုင္သည္။
နွစ္ေယာက္သားမွာ သူတို႔ေဘးတြင္ ဘယ္သူမွ မရွိသည့္အလား... ကမာၻေပၚတြင္ သူတို႔နွစ္ေယာက္တည္းသာ ရွိသည့္အလား နမ္းရိႈက္ေနၾကသည္။
"႐ႊီ!" "ဘုန္း!"
ကိုးရာ ကိုးဆယ့္ကိုးေခ်ာင္းေသာ မီးပန္းမ်ားကို ထြန္းညိွလိုက္ၾကသည္။ ဝမ္ဖူတခုလံုး၏ ေကာင္းကင္သည္ ေန႔ခင္းဘက္အလား လင္းလက္ ေတာက္ပေနသည္။ ခမ္းနားသည့္ မီးပန္းမ်ားသည္ ေကာင္းကင္ထက္တြင္ ဖူးပြင့္ေနၾကသည္။ ၎သည္ ၿမိဳ႕ေတာ္တခုလံုးကို ဆြဲေဆာင္ထားၿပီး နန္းေတာ္ထဲတြင္ ရွိေသာ ဝမ္ရမ္လဲ့ကို ေျခာက္လွန္႔ေစသည္။
တရုတ္တြင္ ကိုးဂဏန္းဟာ ထာဝရတည္ၿမဲခိုင္ခန္႔တယ္လို႔ အဓိပၸာယ္ရသည္။ ခ်စ္သူမ်ားေန႔တြင္ ပန္းကိုးဆယ့္ကိုးပြင့္၊ ကိုးရာကိုးဆယ့္ကိုးပြင့္ အစရွိသျဖင့္တို႔ကို သူတို႔၏ ထာဝရခ်စ္ျခင္းေမတၱာကို ေဖာ္ျပေသာအားျဖင့္ ေပးေလ့ရွိသည္။
"ဘာေတြ ျဖစ္ေနတာလဲ? က်င္းတဲ့ တေယာက္ေယာက္ကို လႊတ္ၿပီး စံုစမ္းခိုင္းခ်ည္!"
ဝမ္ရမ္လဲ့က သူၾကည့္ေနသည့္ ေလွ်ာက္တင္လႊာကို ခ်လိုက္သည္။ သူသည္ ျပတင္းေပါက္နားကို ေလွ်ာက္သြားၿပီး သိပ္မေဝးလွသည့္ ေကာင္းကင္မွ အေရာင္စံု အပိုင္းအစမ်ားကို ၾကည့္လိုက္သည္။ သူက မ်က္ေမွာင္ၾကဳတ္လိုက္သည္။
"ၾကည့္ရတာ နန္လင္းဝမ္ဖူကပဲ! ျမန္ျမန္! လူလႊတ္ၿပီး သြားစစ္ခိုင္းခ်ည္!"
နန္းေတာ္ သာမက ရွီးခ်ီက လူမ်ားေနထိုင္ေသာ သံရံုးကိုလည္း သတိေပးလိုက္သလို ျဖစ္သြားသည္။
နန္လင္းဝမ္ဖူ၏ အထက္ရွိ မီးရွဴးမီးပန္းမ်ားျဖင့္ ျပည့္နွက္ေနေသာ ေကာင္းကင္ကို ၾကည့္ရင္း ရွန္႔ကြမ္းဝူက်ိ၏ ႏႈတ္ခမ္းမ်ားသည္ မ်ဥ္းေျဖာင့္တေၾကာင္းလို တင္းတင္းေစ့သြားသည္။ သူ မုရံုခ်ီခ်ီကို ေပက်ိဳးသို႔ ပို႔ေဆာင္ၿပီးသည္မွ အခုခ်ိန္ထိ သူ႔အလုပ္မွာ မုရံုခ်ီခ်ီမဂၤလာေဆာင္အား ေစာင့္ရန္ပင္။ ဖုန္းခ်န္၏ ဇနီးအျဖစ္ သူမ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖစ္လာၿပီးေနာက္မွသာ သူ႔တာဝန္က ၿပီးဆံုးလိ္မ့္မည္။
အခု မုရံုခ်ီခ်ီ မဂၤလာေဆာင္ နီးကပ္လာေလၿပီ... နီးကပ္လာတာမွ သူ႔မွာ နန္လင္းဝမ္ဖူသို႔ မသြားရဲေအာင္ပင္။ မုရံုခ်ီခ်ီကို ေတြ႕ၿပီးေနာက္ သူ႔နွလံုးသားနာက်င္မႈဒဏ္ကို ခံနိုင္ရည္မရွိမွာ သူ ေၾကာက္မိသည္။ သူ႔စိတ္ထဲတြင္ သူမအား ေတြ႕လိုေသာ္လည္း သူမကို ျမင္ရျခင္းသည္ အခုခ်ိန္တြင္ သူ႔အတြက္ တန္ဖိုးႀကီးမားေသာ အရာ ျဖစ္လာသည္။ ထိုသို႔ ျဖစ္လာကာမွေတာ့ သူမကို မေတြ႕ရ မဆံုရသည္က သူ႔အတြက္ ပိုေကာင္းေလသည္။ သူမက သူ႔နွလံုးသားထဲတြင္ မိန္းမပ်ိဳေလးအျဖစ္ ရွိေနလိမ့္မည္.... ဘယ္ေတာ့မွ ေျပာင္းလဲမသြား၊ အိုမင္းမသြားဘဲ အၿမဲ သူ႔နွလံုးသားထဲတြင္ ရွိေနေပလိမ့္မည္။
"နန္လင္းဝမ္ဖူက ဘာျဖစ္တာလဲ?"
လံုဇယ္က်င့္ထ်န္းက တေယာက္ကို လႊတ္၍ စံုစမ္းေစသည္။ တခဏၾကာၿပီးေနာက္ ထိုလူက ျပန္လာသည္။
"ဝမ္ရယ္ကို ေလွ်ာက္တင္ပါတယ္။ နန္လင္းဝမ္က ေက်ာက္ယန္မင္းသမီးကို ခ်စ္ခြင့္ပန္တာပါ။ သူက မီးပန္းကိုးရာ ကိုးဆယ့္ကိုးခုကို ျပင္ဆင္ထားပါတယ္တဲ့! ဒီခ်စ္ခြင့္ပန္တာက ဘာအတြက္လဲဆိုေတာ့ ဒီငယ္သားလည္း မသိရပါဘူး"
"ခ်စ္ခြင့္ပန္တာ?!"
လွပသည့္ မီးပန္းမ်ား ပြင့္ဖူးေနသည့္ ညေကာင္းကင္ကို ၾကည့္ရင္း လံုဇယ္က်င့္ထ်န္းက တိတ္ဆိတ္သြားသည္။ သူ႔စိတ္ထဲတြင္ ဒီအေရာင္စံုေကာင္းကင္ေအာက္တြင္ မုရံုခ်ီခ်ီ၏ အၿပံဳးမ်ား မည္မွ် ခမ္းနားေတာက္ပေနမည္ဆိုတာကို စိတ္ကူးယဥ္ပံုေဖာ္မိသည္။
သူ တကယ္ပဲ လြဲေခ်ာ္ခဲ့ၿပီလား? လံုဇယ္က်င့္ထ်န္းသည္ သူ ေပက်ိဳးသို႔ မေရာက္မွီ သူ႔လူမ်ားအား အိမ္ေရွ႕စံမင္းသမီး ယြီရွစ္ရွစ္ထံ ေစလႊတ္ကာ ထိုနွစ္ေယာက္ၾကား ျပသနာ ျဖစ္ေအာင္ လုပ္ဖို႔ ေျပာခဲ့ေသာ္လည္း ၾကည့္ရတာ ဟိုမိ္န္းမက နည္းနည္းေလးမွ အသံုးမက်ေပ။
ထို႔ျပင္ အေရးအႀကီးဆံုးအရာမွာ မုရံုခ်ီခ်ီနွလံုးသားထဲတြင္ ဖုန္းခ်န္ကို လႈပ္ရွားခဲ့သည္။ သူမ ၾကည့္ရတာ သူနွင့္ ခ်စ္ေနၾကပံုပင္။ သူ တကယ္လို႔ သူမကို ျပန္ရလွ်င္ပင္ သူမနွလံုးသားထဲမွာ တျခားတေယာက္ရွိေသာေၾကာင့္ သူမက သူ႔အား အခ်စ္ကို ေပးနိုင္ပါ့မလာ?
လံုဇယ္က်င့္ထ်န္းသည္ မ်က္ေမွာင္ၾကဳတ္ၿပီး အေရာင္စံုေကာင္းကင္ကို စိုက္ၾကည့္ေနသည္။ သူသည္ စကားတခြန္းမွ မေျပာေပ။ သူ ဘာလုပ္သင့္လဲ? လႊတ္ခ်လိုက္ၿပီး သူမကို ေပ်ာ္႐ႊင္ေစရမွာလား? သူက သိပ္သေဘာမေကာင္းေပ။ ဘယ္လိုပဲ ျဖစ္ျဖစ္ သူမကို သူ႔အနားေနဖို႔ ဖိအားေပးခဲ့ရင္ သူမအၿပံဳးတျဖည္းျဖည္း ေပ်ာက္ကြယ္တာကို ၾကည့္ရင္း သူဘာမွ မတတ္နိုင္ေပ။သူ ဘာလုပ္သင့္လဲ?
ရွန္႔ကြမ္းဝူက်ိနွင့္ လံုဇယ္က်င့္ထ်န္းတို႔ ဘာေတြေတြးေနသည္ကို ဂရုမစိုက္ဘဲ... အရံႈးကို ခံစားရရံုမွအပ လီယြင္ခ်င္းနွလံုးသားသည္ တည္ၿငိမ္ေနသည္။ သူ ထိုေယာက်္ားကို ျမင္ဖူးသလို ဆံုလည္း ဆံုဖူးသည္။ သူသည္ ေကာင္းကင္ဘံုမွ မေသမ်ိဳးတပါး၏ သြင္ျပင္ကဲ့သုိ႔ ရွိၿပီး ေကာင္းကင္ဘံုက ဂုဏ္ယူရမည့္ သားေတာ္တပါးပင္။ ဒီလိုလူမ်ိဳးက သူမနွင့္ ထိုက္တန္ေပသည္။
အခုမွစ သူမနွင့္ဆိုလွ်င္ သူသည္ သူမ၏ ဝမ္းကြဲအစ္ကိုအျဖစ္ ေသြးသားေတာ္စပ္ျခင္းမွအပ တျခား မရွိေတာ့ေပ။ သူ႔အခ်စ္အားလံုးကို သူ႔နွလံုးသားထဲတြင္ သိမ္းဆည္းထားရံုမွလြဲ၍ တျခားဘာလုပ္စရာ ရွိေသးမည္နည္း? က်ယ္ေျပာလွတဲ့ လူပင္လယ္ထဲမွာ ဘဝအတြက္ တဦးတည္းေသာ လက္တြဲေဖာ္ကို ရွာေတြ႕ၿပီဆိုမွေတာ့ ရယူလိုက္ပါ။ သူ႔ကံၾကမၼာက သူ႔ဘဝ မဟုတ္ေပ... သူမ ေပ်ာ္ေနတယ္ဆိုရင္ ဒါက သူလိုခ်င္တဲ့အရာပဲ မဟုတ္ဘူးလား?
လူသံုးေယာက္က စကားမဆိုၾကေလေသာအခါ ေလထုက ေလးလံလာသည္။
မိန္းမလွေလးဆီက အၿပံဳးကို ရဖို႔ ဖုန္းခ်န္က ဒီလို ႀကီးမားတဲ့ အတိုင္းအတာကို အသံုးျပဳသည္ဟု ပိုင္ယီယြဲ႕ၾကားေသာအခါ သူမသည္ မုရံုခ်ီခ်ီအတြက္ သူမ နွလံုးသားထဲက လိႈက္လိႈက္လွဲလွဲ ေပ်ာ္႐ႊင္မိသည္။ ဒီမိန္းကေလးသည္ သူမ၏ စစ္မွန္ေသာ စိတ္သေဘာထားကို ျပခဲ့သည္။ ေလေပၚ လႊင့္ေနတာ သို႔မဟုတ္ အေပ်ာ္လြန္ေနတာ သို႔မဟုတ္ ခ်စ္စိတ္အျပည့္ျဖင့္ ပ်ံသန္းတာ ဘာပဲ ျဖစ္ပါေစ အားလံုးက စစ္မွန္ေသာ သူမျဖစ္ေနျခင္း လိင္တူသည့္ ပိုင္ယီယြဲ႕ကိုပင္ သူမအား နွစ္သက္လာေစေၾကာင့္ ဆန္႔က်င္ဘက္လိင္မ်ားကိုေတာ့ ထည့္ေျပာစရာပင္ မလိုေတာ့ေပ။
ိထိုအခ်ိန္တြင္ တေယာက္ေသာသူစိတ္အေျခအေနမွာ အဆိုးဆံုးျဖစ္သည္။
မုရံုခ်င္းလ်န္က ႏႈတ္ခမ္းကို ကိုက္လိုက္ၿပီး နန္လင္းဝမ္ဖူအထက္ရွိ ေကာင္းကင္ကို ၾကည့္လိုက္သည္။ သူမ အလြန္မနာလိုျဖစ္မိသည္။ ဘာေၾကာင့္ သူမက မုရံုခ်ီခ်ီလို ကံမေကာင္းရတာလဲ? ဘာေၾကာင့္ အၾကာႀကီးၾကာမွ လံုဇယ္က်င့္ထ်န္းက သူမအေပၚ ေအးစက္သြားရတာလဲ? သူမက မုရံုခ်ီခ်ီထက္ အမ်ားႀကီး ပိုသာေသာ္လည္း ဘာေၾကာင့္ လူေတြက မုရံုခ်ီခ်ီက ေကာင္းတယ္လို႔ပဲ ထ္ေနရတာလဲ?
မုရံုခ်င္းလ်န္သည္ ေလးနိုင္ငံၿပိဳင္ပြဲတုန္းက မုရံုခ်ီခ်ီက သူမအေပၚ သက္ညႇာေပးခဲ့သည္ကို လံုးဝေမ့ေပ်ာက္သြားၿပီ ျဖစ္၏။ အခု မုရံုခ်ီခ်ီသည္ နန္လင္းဝမ္ဖူတြင္သာ ရွိေနၿပီး သူမကို လာရွာတာ သို႔မဟုတ္ ရန္စတာမ်ိဳး မလုပ္ခဲ့ေသာ္လည္း သူမနွလံုးသားသည္ အဆက္မျပတ္ ခ်ဲ့ထြင္ၿပီး ျပသနာမ်ား အားလံုးကို မုရံုခ်ီခ်ီအေပၚ ပံုခ်တတ္သည့္ ဓာတ္ပစၥည္း စားသံုးထားသလိုပင္။
နန္းေတာ္အတြင္းတြင္ က်င္းတဲ့က နန္လင္းဝမ္ဖူမွာ ျဖစ္ခဲ့သမွ်ကို ဝမ္ရမ္လဲ့အား အစီရင္ခံေနသည္။ ဖုန္းခ်န္က ဒူးတဖက္ေထာက္ၿပီး မုရံုခ်ီခ်ီအား ခ်စ္ခြင့္ပန္သည္ဟု ၾကားေသာအခါ သူသည္ ေတြေဝသြားသည္။
" ဒီတေခါက္ေတာ့ သူ႔နွလံုးသားက တကယ္ကို လႈပ္ရွားခဲ့တာပဲ!"
"အမွန္ပဲ! ဖုန္းခ်န္ရဲ႕ အထက္စီးဆန္တဲ့ စိတ္နဲ႔ဆိုရင္ လူပံုအလယ္မွာ ေသခ်ာေပါက္ သူ ဒါမ်ိဳး လုပ္မွာမဟုတ္ဘူး! အရွင္မင္းႀကီး... နန္လင္းဝမ္က ေက်ာက္ယန္မင္းသမီးကို တကယ္ပဲ သူ႔နွလံုးသားရဲ႕ အေသြးအသားအျဖစ္ သတ္မွတ္ထားတာပဲ!"
ဒီစကားကို ၾကားေသာအခါ ဝမ္ရမ္လဲ့က ရက္စက္ေသာ အၿပံဳးကို ထုတ္ေဖာ္လိုက္သည္။
" ဒါ ေကာင္းတယ္! က်န္း သူ႔နွလံုးသားရဲ႕ အေသြးအသားကို ျဖတ္ပစ္ၿပီး သူ အသက္ဆက္မရွင္ခ်င္ေလာက္ေအာင္ထိ နာက်င္ခံစားရေအာင္ လုပ္မယ္!"
ညအခါတြင္ စုမိန္နွင့္ စုယြဲ႕က ဆုတ္ခြာသြားသည္။ သူတို႔က အခုေလးတင္မွ ကတိသစၥာျပဳခဲ့သည့္ ခ်စ္သူနွစ္ဦးျဖစ္သည့္ ဖုန္းခ်န္နွင့္ မုရံုခ်ီခ်ီအား ေနရာေပးရန္ ထြက္ခြာသြားၾကျခင္းပင္။
အခန္းတြင္းတြင္ သူတို႔အား ပန္းရနံ႔မ်ားက လႊမ္းၿခံဳထားသည္။ မုရံုခ်ီခ်ီက ဖုန္းခ်န္လက္ေမာင္းၾကားတြင္ မွီတြယ္ေနသည္။ သူမလက္ေခ်ာင္းမ်ားက ဖုန္းခ်န္၏ ဆံပင္မ်ားအား ရစ္ပတ္ေနသည္။ သူမက ပ်င္းရိေနတဲ့ ေၾကာင္ကေလးတေကာင္လို သူမမ်က္လံုးမ်ားအား ပ်င္းရိစြာ ေမွးက်ဥ္းထားသည္။
"ပထမဆံုးအႀကိမ္ ကို္ယ္လက္ထပ္ေတာ့ အဲ့ဒီညမွာ ကိုယ့္ေရာဂါက ထလာတယ္။ ေနာက္ဆံုးေတာ့ တဖက္လူက ေၾကာက္ၿပီး ေသသြားတယ္..."
"ဒုတိယအႀကိမ္ တဖက္လူက ကိုယ့္မ်က္လံုးခရမ္းေရာင္ျဖစ္ေနတာကို အမွတ္မထင္ ေတြ႕မိသြားတယ္။ သူမက ေၾကာက္လန္႔ၿပီး ေအာ္လိုက္ေတာ့ ရူရီ သတ္တာ ခံလိုက္ရတယ္" (အဆိပ္ထရင္ ခရမ္းေရာင္ျဖစ္တာ သိတယ္မလား)
"တတိယအႀကိမ္ တဖက္လူက ကိုယ့္ရဲ႕ မေကာင္းသတင္းျဖစ္တဲ့ ကို္ယ့္ဇနီးေတြေပၚ က်ိန္စာသင့္ေစတယ္ဆိုတဲ့ အေၾကာင္းကို ၾကားထားတယ္။ သူမက ထြက္ေျပးခ်င္တယ္။ ေနာက္ဆံုးေတာ့ သူမ နံရံေပၚကေန ျပဳတ္က်ၿပီး လည္ပင္းက်ိဳးသြားတယ္"
"စတုတၳအႀကိမ္ ထမ္းစင္ ေရာက္မလာေသးခင္ သူမက လက္ေကာက္ဝတ္ကို ျဖတ္လိုက္တယ္"
"ပဥၥမတေယာက္ကေတာ့ ဝင္လာၿပီး ကိုယ့္ကို ျမဴဆြယ္ခ်င္ခဲ့တယ္။ သူမက အခန္းထဲမွာ စိတ္ႂကြေစတဲ့ အေမႊးတိုင္ကို ထြန္းခဲ့တာ။ ကိုယ္ သူ႔ကို သတ္ပစ္လိုက္တယ္"
"ဆဌမတေယာက္က ရုတ္တရက္ ေသသြားတယ္။ သူမက အဆိပ္မိတာ"
"သတၱမတေယာက္က လက္မထပ္ခင္ သူမ ျဖဴစင္မႈ ဆံုးရံႈးသြားလို႔ သူမကိုယ္ သူမ သတ္ေသသြားတယ္"
"အ႒မ တေယာက္က ကိုယ့္ေျခသံၾကားလိုက္တာနဲ႔ ေၾကာက္ၿပီး ေသသြားတယ္"
ဖုန္းခ်န္က သူ႔အတိတ္အေၾကာင္းကို ေျပာျပတာ နားေထာင္ရင္း သူ႔အေတြ႕အႀကံဳမ်ား အေၾကာင္း ၾကားလိုက္ရေသာအခါ မုရံုခ်ီခ်ီက လွည့္လာၿပီး သူ႔ရင္ခြင္ထဲ ထိုင္လိုက္သည္။
"ဝမ္ရယ္ ရွင့္မွာ အခ်စ္ေရးကိစၥေတြ အမ်ားႀကီး ရွိခဲ့တာပဲ! အား! ဒါကို ၾကားရတာ မတရားသလိုပဲ! ဒါက ကြၽန္မအတြက္ ပထမဆံုးအႀကိမ္ လက္ထပ္တာ ဆိုေပမယ့္ ရွင္ကေတာ့ အႀကိမ္ေပါင္းမ်ားစြာ လက္ထပ္ၿပီးသြားၿပီ။ အဲ့ဒီအေၾကာင္းကို ေတြးလိုက္တာနဲ႔ ကြၽန္မကို မတရားသလို ခံစားရေစတယ္။ ကြၽန္မလည္း ဘာလို႔ ရွစ္ႀကိမ္ေလာက္ လက္မထပ္ဘဲ ေနရမွာလဲ? ဒါမွ ကြၽန္မတို႔ စဥ္းစားလို႔ ရနိုင္မယ္"
"မင္း လုပ္ရဲလား!"
ဖုန္းခ်န္လက္က မုရံုခ်ီခ်ီခါးအား တင္းၾကပ္စြာ ေပြ႕ဖက္ထားလိုက္သည္။
"မင္းက ကိုယ့္အပိုင္ပဲ! ဒီတဘဝလံုး မင္းက ကိုယ့္မ်ိဳးရိုးနာမည္ကိုပဲ ဆက္ခံရမယ္! ကိုယ္က လြဲရင္ တေလာကလံုးမွာ ဘယ္သူမွ မင္းကို လက္ထပ္ပိုင္ခြင့္ မရွိေစရဘူး!"
"ဘာေၾကာင့္လဲ?"
မုရံုခ်ီခ်ီက မ်က္ခံုးကို ပင့္လိုက္ၿပီး စိတ္ရႈပ္ေထြးဟန္ေဆာင္လိုက္သည္။
"ဘာလို႔လဲဆိုေတာ့ တျခားသူေတြက ကိုယ့္မိန္းမကို ထိခ်င္ရင္ သူတို႔ကို ခြင့္ျပဳမျပဳဆိုတာ ကိုယ့္ဓားကို အရင္ေမးၾကည့္ဖို႔ လိုတယ္"
ဖုန္းခ်န္၏ မူပိုင္ခြင့္ေၾကျငာခ်က္ကို ၾကားေသာအခါ မုရံုခ်ီခ်ီက အလြန္ပင္ ေပ်ာ္႐ႊင္မိသည္။ ဖုန္းခ်န္၏ လႊမ္းမိုးနိုင္စြမ္းရွိသည့္ ပံုစံကို သူမ ႀကိဳက္သည္။ သူ႔စကားသံထဲ ေဖာ္ျပေနေသာ ျပင္းျပသည့္ ပိုင္ဆိုင္လိုစိတ္နွင့္ သဝန္တိုမႈတို႔သည္ နားေထာင္ရသူအား ေပ်ာ္႐ႊင္ေစသည္။
"ကြၽတ္ ကြၽတ္ ဝမ္ရယ္ အဲ့ဒါက မမွန္ဘူး။ အရင္တုန္းက ရွင္ မိန္းမေတြ အမ်ားႀကီးနဲ႔ လက္ထပ္ခဲ့ဖူးေပမယ့္ ကြၽန္မ သဝန္မတိုခဲ့ရဘူးေလ။ အဲ့အစား ရွင္က ဘာလို႔ ခံစားရတဲ့သူ ျဖစ္ေနရတာလဲ?"
မုရံုခ်ီခ်ီက ႏႈတ္ခမ္းဆူလိုက္သည္။ သူမသည္ ဖုန္းခ်န္၏ မိမိကိုယ္မိမိ ယံုၾကည္လြန္းေသာ စကားမ်ားကို ေႂကြမိေသာ္လည္း သူမ အနည္းငယ္ မေပ်ာ္သလို ခံစားမိသည္။
"ရွင္က တျခားမိန္းမတေယာက္ရဲ႕ ေယာက်္ားျဖစ္လုနီးပါး ျဖစ္ၿပီး တျခားသူနဲ႔ ကေလးေတြ ရေတာ့မလို ျဖစ္တာကို ေတြးမိတာနဲ႔ ကြၽန္မကို စိတ္မေကာင္းျဖစ္ေစတယ္"
ဖုန္းခ်န္လည္း မုရံုခ်ီခ်ီ သဝန္တိုမႈကို နားလည္နိုင္သည္။ သူက မုရံုခ်ီခ်ီကို သူ႔ေရွ႕သို႔ ဆြဲယူကာ သူမနဖူးကို နမ္းရိႈက္လိုက္သည္။
"ခ်င္းခ်င္း... မင္းနဲ႔မေတြ႕ခင္တုန္းက အခ်စ္ဆိုတာ ဘာမွန္း မသိခဲ့ဘူး။ ကိုယ့္မ်က္လံုးထဲမွာ မိန္းမဆိုတာ မိသားစုကို ဆြဲခ်နိုင္တဲ့ တန္ဆာပလာေတြလို႔ပဲ ကိုယ္ထင္တယ္လို႔ ေျပာရင္ မင္း စိတ္ဆိုးမွာလား?"
"ကို္ယ့္ မိဘေတြ ဆံုးပါးသြားေတာ့ အဖြားေတာ္က ကိုယ့္ကို အမွန္တကယ္ခ်စ္တဲ့ တဦးတည္းေသာသူပဲ! ဖုန္းမ်ိဳးႏြယ္မွာ အေမြဆက္ခံသူနည္းနည္းပဲ ရွိတယ္။ ကိုယ့္မ်ိဳးဆက္မွာ ကိုယ္တေယာက္ပဲ ရွိတယ္။ သူမက ဖုန္းမ်ိဳးႏြယ္ရဲ႕ မ်ိဳးဆက္အတြက္ စိုးရိမ္ေနတာ။ ဒါ့ေၾကာင့္ အခ်ိန္တိုင္း သူမက ခ်စ္တယ္ဆိုၿပီး ကိုယ့္ကို လက္ထပ္ဖို႔ အမိန္႔ေတြခ်ခ်ေနတာ။ ဒါေပမယ့္ ေနာက္ဆံုးေတာ့ သူမလည္း မေအာင္ျမင္ဘူး။ အဲ့ဒီအစား အဲ့ဒီအရာကပဲ သူမကို ပိုၿပီး စိုးရိမ္လာေစသလို ပိုၿပီး စိတ္ေစာေသာကေရာက္လာေစတယ္။ ေနာက္ဆံုးေတာ့ လက္ရွိအေျခအေနကို ေရာက္လာတာပဲ!"
"ဒီေတာ့ ရွင္က ဘယ္လိုျငင္းရမယ္ဆိုတာ မသိဘူးလား?!"
မုရံုခ်ီခ်ီရင္ထဲက ေဒါသက အျပည့္အဝ မေပ်ာက္ကြယ္နိုင္ေသးေပ။ ဒီလူေတြအားလံုးက အခုေတာ့ အတိတ္တခုသာ ျဖစ္ေနေသာ္လည္း သူတု႔ိသည္ တခ်ိန္က ဖုန္းခ်န္နွင့္ ပါဝင္ပတ္သက္ခဲ့ဖူးၾကျခင္းက သူ႔နွလံုးသားထဲတင္ တေယာက္တည္းေသာ သူ ျဖစ္လိုသည့္ သူမအား အနည္းငယ္ သဝန္တိုေစသည္။
"ခ်င္းခ်င္း... ကိုယ္ျငင္းလိုက္ရင္ တေယာက္ေသာသူက မေပ်ာ္မ႐ႊင္ ျဖစ္ေနလိမ့္မယ္"
ထိုအခ်က္တြင္ ဖုန္းခ်န္မ်က္နွာေပၚမွ အၿပံဳးမွာ အလြန္ထူးဆန္းလာသည္။ သေဘာထားျပည့္ဝမႈပါဝင္သလို ေအးစက္မႈခပ္ပါးပါးလည္း ပါဝင္သည္။ ဖုန္းခ်န္၏ ေလသံမွ တစံုတရာမွားယြင္းေနသလို မုရံုခ်ီခ်ီ ခံစားလိုက္ရသည္။ အထဲမွာ ဖုံးကြ
္ထားတာ တခုခုမ်ား ရွိေနမလား?
"ပထမဆံုးအႀကိမ္ ကိုယ္လက္ထပ္ေတာ့ ကူအဆိပ္က ရုတ္တရက္ ထႂကြလာတယ္။ အဲ့ဒီေန႔က ဆယ့္ငါးရက္ေန႔ မဟုတ္ဘူး။ ၿပီးေတာ့ သတို႔သမီးေတြ ဝမ္ဖူကို ဝင္လာၿပီး ကိုယ္တို႔ ေကာင္းကင္နဲ႔ ေျမႀကီးကို ကန္ေတာ့ၿပီးတဲ့ ညတိုင္း ကူအဆိပ္က ထႂကြတယ္။ အဲ့ဒီမိန္းမေတြ အတြက္ကေတာ့ သူတို႔ဘာသာ အဆိပ္မိတာပဲ ျဖစ္ျဖစ္ သတ္ေသတာပဲ ျဖစ္ျဖစ္ ျဖဴစင္မႈကို ဆံုးရံႈးရတာပဲ ျဖစ္ျဖစ္ အားလံုးက လူေတြရဲ႕ ဇာတ္တိုက္ထားတာေတြလို႔ ေဖာ္ထုတ္နိုင္ခဲ့တယ္"
"ရွင္ေျပာတာက တေယာက္ေယာက္က သူတို႔ကို သတ္ၿပီး မေတာ္တဆမႈဆိုၿပီး ဖံုးကြယ္ထားတာလား? ရွင့္ရဲ႕ ဂုဏ္သိကၡာကို အေရာင္စြန္းေစခ်င္တဲ့တစံုတေယာက္ ရွိေနတာလား?"
မုရံခ်ီခ်ီက ရုတ္တရက္ နားလည္သေဘာေပါက္မႈတခုကို ေရာက္ရွိလာသည္။ သူမက မ်က္ေမွာင္ၾကဳတ္လိုက္ကာ
"အဲ့ဒါ ဘယ္သူလဲ? ဘာေၾကာင့္ သူက ဒီလိုလုပ္ရတာလဲ? အဲ့လူက ရွင့္ကို ပင္လယ္ေလာက္ နက္ရိႈင္းတဲ့ အမုန္းတရား ရွိေနလို႔လား?"
ဖုန္းခ်န္က ၿပံဳးလိုက္ၿပီး အေျဖျပန္မေပးေပ။ ထူထဲသည့္ မ်က္ေတာင္မ်ားေနာက္မွ အနက္ေရာင္မ်က္လံုးထဲက ေအးစက္မႈက အျပင္ကို ေဖာက္ထြက္လာသည္။ သူ႔လက္ေတြက မုရံုခ်ီခ်ီဆံပင္အား ညင္သာစြာ ေခါင္းၿဖီးေပးေနသည္။
"မေန႔က မတိုင္ခင္ တရက္က ကိုယ္ နန္းေတာ္ထဲကို သြားခဲ့တယ္။ ဧကရာဇ္က ကိုယ့္ကို အခ်ိဳပြၾတခ်ိဳ႕ စားေစၿပီး လက္ဖက္ရည္ေသာက္ေစတယ္။ ေတာ္ဝင္စာၾကည့္ေဆာင္ကေန ကိုယ္ျပန္ထြက္လာေတာ့ အဲ့ဒါေတြကို လက္ကိုင္ပဝါထဲ ကိုယ္ေထြးထုတ္လိုက္တယ္။ ကိုယ္ ျပန္ေရာက္လာေတာ့ က်င္မိုက အဲ့ဒါေတြကို ၾကည့္တယ္။ သူေျပာတာက အခ်ိဳမုန္႔နဲ႔ လက္ဖက္ရည္ထဲမွာ ကူအဆိပ္ထႂကြတာကို လ်င္လ်င္ျမန္ျမန္ျဖစ္ေစတဲ့ ေဆးဝါးေတြ ပါတယ္တဲ့..."
"အဲ့ဒါဆို ဝမ္ရမ္လဲ့ေပါ့!"
ထိုရလဒ္က မုရံုခ်ီခ်ီအား အလြန္အံ့ျသေစသည္။ ဘာေၾကာင့္လဲ? ဘာေၾကာင့္ ဒီလိုျဖစ္ရတာလဲ? ဝမ္ရမ္လဲ့က ဖုန္းခ်န္ကို အခ်စ္ဆံုးမဟုတ္ဘူးလား? ဒီတေခါက္ သူတို႔ လက္ထပ္ၾကမည္ဆိုေသာအခါ ဝမ္ရမ္လဲ့က နန္လင္းဝမ္ဖူသို႔ လက္ေဆာင္မ်ား ေန႔စဥ္ေပးပို႔ေပးေနသည္။ နန္းေတာ္ထဲရွိ အဖိုးတန္ရတနာမ်ားအားလံုး ဒီကို ေ႐ြ႕လာလုနီးပါးပင္။ ဒါေတြအားလံုးဟာ ဟန္ေဆာင္မႈမ်ား ျဖစ္ေနမလား?
"ထမ္းစင္ခံုေပၚမွာ သူမလက္ေကာက္ဝတ္ကို သူမဘာသာ ျဖတ္ပစ္တဲ့ ေလးေယာက္ေျမာက္ သတို႔သမီးတုန္းကဆိုရင္ တခုခုမွားေနတာကို ကိုယ္ျမင္လိုက္ရတယ္။ အဲ့ဒီမိန္းမက သတ္ေသခဲ့တာမဟုတ္ဘူး... အသတ္ခံလိုက္ရတာ! သတို႔သမီးက သူမရဲ႕ျဖဴစင္မႈဆံုးရံႈးလို႔ ကိုယ့္ကိုယ္ကိုယ္ေသေၾကာင္းႀကံလိုက္တဲ့ သတၱမႀကိမ္ေျမာက္တုန္းကပဲ ဒီမေတာ္တဆမႈေတြရဲ႕ ေနာက္ကြယ္က လူက ဝမ္ရမ္လဲ့ဆိုတာကို ကိုယ္ ေသခ်ာသိလိုက္ရတာ"
"သူက ရွင့္ရဲ ဦးေလးအရင္း မဟုတ္ဘူးလား? ဘာေၾကာင့္ သူက ရွင့္ကို ဒီလိုဆက္ဆံရတာလဲ? ဒီေကာလဟလေတြကမ်ား မွားေနတာ ျဖစ္မလား? ေပက်ိဳး ဧကရာဇ္က နန္လင္းဝမ္ကို မ်က္နွာသာေပးတယ္ဆိုတဲ့အရာအားလံုးက အလိမ္အညာေတြပဲလား?"
အေျဖက အလြန္ကို ယံုရခက္ခက္ပင္။ ဖုန္းခ်န္ေျပာတာသာ အမွန္ဆို ဒီအမွန္တရားက အလြန္ရက္စက္လြန္းသည္။ လူတေယာက္က ဘာလို႔ ဒီလိုေၾကာင္သူေတာ္တေယာက္ ျဖစ္ေနတာလဲ? တဖက္တြင္ သူသည္ ေလးစားထိုက္သည့္ အႀကီးအကဲတေယာက္လို ၾကင္နာသည္။ တျခားတဖက္တြင္ သူသည္ တြက္ခ်က္မႈေတြနွင့္ ျပည့္နွက္ေနၿပီး ဒီလိုရက္စက္သည့္ နည္းလမ္းကိုပင္ အသံုးျပဳေလသည္။
"ဒါက ဘာလို႔လဲဆိုေတာ့ ကိုယ္က လြန္ခဲ့တဲ့ ဆ
့္ငါးနွစ္က ယန္တန္းေတာင္ေပၚမွာ ဘာေတြ တကယ္ ျဖစ္ခဲ့တယ္ဆိုတာကို စံုစမ္းခဲ့လို႔ပဲ! တေလာကလံုးက ဖုန္းရွဲ႔ဟာ မုရံုထိုက္လက္ထဲမွာ ရံႈးနိမ့္ခဲ့တယ္လို႔ ေျပာၾကတယ္။ အာ! မုရံုထိုက္လို လူမ်ိဳးက ဘယ္လိုလုပ္ ကိုယ့္အေဖလို လူစားမ်ိဳးကို ယွဥ္နိုင္မွာလဲ?"
ထိုစကားကို ေျပာေနရင္း ဖုန္းခ်န္က မုရံုခ်ီခ်ီအား ေတာင္းပန္သလို တခ်က္ၾကည့္လိုက္သည္။ မုရံုထိုက္အေၾကာင္းကို ဒီလိုေျပာရျခင္းက သိပ္မမွန္သလို သူ ခံစားမိသည္။ ဒါကို ေျပာရမည္ဆိုလွ်င္ မုရံုထိုက္သည္ လက္ရွိတြင္ သူ၏ ေယာကၡမ ျဖစ္ေနသည္။
"ဆက္ေျပာပါ! အဆင္ေျပပါတယ္!"
လီခ်ိဳးေ႐ႊဆီမွ သူမသည္ မုရံုထိုက္၏ သမီးမဟုတ္ေၾကာင္း သိထားရသျဖင့္ မုရံုခ်ီခ်ီသည္ စိတ္သက္သာရသလို ခံစားရသည္။ သူမကိုယ္တိုင္ပင္ ဒီေအးစက္ၿပီး လ်စ္လ်ဴရႈတတ္ေသာ လူမ်ိဳးကို အေဖအျဖစ္ လက္မခံလိုေပ။
"အဲ့အခ်ိန္တုန္းက အေဖက ေအာင္ျမင္မႈကို သူ႔လက္ထဲမွာ ရရွိေနၿပီးၿပီ။ အေဖရဲ႕ စစ္တပ္ကို ဦးေဆာင္တဲ့ နည္းဗ်ဴဟာေတြနဲ႔ဆို မုရံုထိုက္တေယာက္ မေျပာနဲ႔ ဆယ္ေယာက္ဆိုရင္ေတာင္ အေဖ့ကို မယွဥ္နိုင္ဘူး!"
"ဝမ္ရယ္ ရွင္ဆိုလိုတာက ယန္တန္းေတာင္မွာ မဟာစစ္သူႀကီး ဖုန္းရွဲ႔ ရံႈးနိမ့္သြားရတဲ့ကိစၥမွာ မုရံုထိုက္အရည္အခ်င္းေၾကာင့္ မဟုတ္ဘဲနဲ႔ သူရံႈးနိမ့္ရတာ သူ႔လူေတြေၾကာင့္ေပါ့ ဟုတ္လား?"
"ေတာ္တယ္!"
ဖုန္းခ်န္က မုရံုခ်ီခ်ီနွာေခါင္းကို တို႔လိုက္သည္။
"မင္း ဒါကို တႀကိမ္တည္းနဲ႔ ဖမ္းမိတယ္။ ခ်င္းခ်င္းက အရမ္းေတာ္တာပဲ!"
မုရံုခ်ီခ်ီက ဖုန္းခ်န္၏ ေျမႇာက္ပင့္မႈမွာ ၿပံဳးရံုသာ ၿပံဳးေနသည္။ အခု ဘယ္သူက ဖုန္းရွင့္အား သစၥာေဖာက္သည္ကို သူမ သိလိုသည္။ ဘယ္သူက ဖုန္းခ်န္ အသက္ငယ္ငယ္႐ြယ္႐ြယ္မွာ သူ႔မိဘေတြကို ဆံုးရံႈးေစခဲ့တာလဲ? သူ႔အတြက္ ဒီလိုကိစၥမ်ိဳးကို ျပဳလုပ္ေစခဲ့ေအာင္ ဖုန္းရွဲ႔ကို ဘ
္သူကမ်ား ႀကီးမားတဲ့ အမုန္းေတြ ရွိေနရတာလဲ?
"ကိုယ္ ခန္႔မွန္းတာ မမွားဘူးဆိုရင္ အဲ့ဒီလူက ကိုယ့္ရဲ႕ ခ်စ္လွစြာေသာ ဦးေလး ဝမ္ရမ္လဲ့ပဲ!"
"ဘာေျပာလိုက္တယ္?!"
မုရံုခ်ီခ်ီသည္ လံုးဝၾကက္ေသေသသြားသည္။ ဖုန္းခ်န္ကိုယ္တိုင္ ေျပာတာသာ မဟုတ္ဘူးဆိုရင္ ဘယ္ဟာမွ သူမ ယံုနိုင္စရာ မရွိေပ။ သို႔ေပမယ့္ ဒီအေျဖက အရမ္းကို ထိတ္လန္႔စရာေကာင္းလွသည္။
ေပက်ိဳးသာ အဲ့ဒီယန္တန္းေတာင္ တိုက္ပြဲမွာ အနိုင္ရရွိခဲ့ပါက ေပက်ိဳးသည္ ရွီးခ်ီကို တိုက္ရိုက္ေခ်မႈန္းနိုင္ၿပီး ရွီးခ်ီသည္ ရာဇဝင္တခုအေနျဖင့္သာ က်န္ရစ္ခဲ့ေပလိမ့္မည္။ ဝမ္ရမ္လဲ့သည္လည္း ဒီပိုင္နက္တြင္ အျမင့္ျမတ္ဆံုးသူ ျဖစ္လာလ္မ့္မည္။ ႀကီးမားသည့္ ေတာင္ေတြ၊ ျမစ္ေတြသည္ ေပက်ိဳးအပိုင္ ျဖစ္လာလိမ့္မည္။ ဖုန္းခ်န္ေျပာတာသာ အမွန္ျဖစ္မယ္ဆိုရင္ ဝမ္ရမ္လဲ့က ဘာေၾကာင့္ဒီလိုလုပ္ရတာလဲ? သူ ဒီလို လုပ္လိုက္တာက ပင္လယ္ေလးခုကို ေပါင္းစည္းခ်င္တဲ့ သူ႔ရဲ႕ ရည္႐ြယ္ခ်က္ကို ရိုက္ခ်ိဳးလိုက္တာနဲ႔ မတူဘူးလား?
"အေၾကာင္းျပခ်က္က ဘာလဲ? ဘာေၾကာင့္ သူက ဒီလိုလုပ္ရတာလဲ?"
မုရံုခ်ီခ်ီသည္ ေစာေစာက ထိတ္လန္႔မႈမွ တည္ၿငိမ္မႈကို ျပန္လည္ရရွိလိုက္သည္။ သူမ ဖုန္းခ်န္ကို ယံုသည္။ သို႔ေသာ္ ဒီကိစၥ၏ ေနာက္ကြယ္က အေၾကာင္းျပခ်က္က ဘာလဲ? ဘယ္လိုအေၾကာင္းျပခ်က္မ်ိဳးက ဝမ္ရမ္လဲ့အား သူ႔ရဲ႕ ရည္႐ြယ္ခ်က္ကို စြန္႔လႊတ္ေစၿပီး သူ႔လက္ေမာင္းတဖက္ကို သူကိုယ္တိုင္ ဖ်က္စီးေစတာလဲ? (ဖုန္းရွဲ႔ကို သူ႔လက္ေမာင္းတဖက္ဟု တင္စားထားျခင္း) ဖုန္းရွဲ႔က သူ၏ ငယ္သူငယ္ခ်င္း ျဖစ္၏။ သူတို႔နွစ္ေယာက္သည္ အတူတကြ ႀကီးျပင္းလာၿပီး သူတို႔ဆက္ဆံေရးမွာ သံကဲ့သို႔ပင္ ျဖတ္ေတာက္မရနိုင္ေပ။ ထို႔အျပင္ ဖုန္းရွဲ႔သည္ သူ႔၏ ေယာက္ဖေတာ္ ျဖစ္ၿပီး ေပက်ိဳးစစ္တပ္၏ ဝိညာဥ္လည္း ျဖစ္သည္။ ဘာေၾကာင့္ ဝမ္ရမ္လဲ့က ဖုန္းရွဲ႔အား ဖ်က္စီးခ်င္ပါသနည္း?
"ကိုယ့္ရဲ႕ ေရာဂါသာ မဂၤလာဦးညတိုင္း ထေဖာက္ခဲ့တာသာ မဟုတ္ရင္၊ အျပစ္မရွိတဲ့ အဲ့ဒီမိန္းမေတြသာ အခ်ိန္မွန္ ေသဆံုးခဲ့ၿပီး ကိုယ္သာ သက္ေသအေထာက္အထားတခ်ိဳ႕ ရွာေတြ႕ခဲ့တာသာ မဟုတ္ခဲ့ရင္ ကိုယ္ ဝမ္ရမ္လဲ့ကို သံသယရွိမိမွာ မဟုတ္ဘူး။ ကိုယ္လည္း ဘာေၾကာင့္ သူ ဒီလို လုပ္ခဲ့တယ္ဆိုတာကို သိခ်င္ေနတယ္။ ကိုယ့္အေမက သူ႔အခ်စ္ဆံုးညီမရင္း၊ ကို္ယ့္အေဖက သူ႔ရဲ႕ သူငယ္ခ်င္းေကာင္း...။ ဘယ္အရာကမ်ား သူ႔ကို ဒီလိုရက္စက္တဲ့လက္ကို အသံုးျပဳေစခဲ့တာလဲ? အခုထိ အဲ့ဒီေနာက္ကြယ္က လွ်ိဳ႕ဝွက္ခ်က္ကို ကိုယ္ ရွာမေတြ႕ေသးဘူး"
ဖုန္းရွဲ႔၊ ဝမ္ရမ္မင္ယြဲ႕နွင့္ မေမြးဖြားရေသးေသာ ကေလးေလးတို႔၏ အလြန္ေၾကကြဲဖြယ္ေကာင္းေသာ ေသဆံုးျခင္းကို ေတြးမိရံုျဖင့္ ဖုန္းခ်န္သည္ လက္သီးကို တင္းတင္းဆုပ္ထားမိသည္။ သူသည္ ဝမ္ရမ္လဲ့အား ဖမ္းခ်ဳပ္ၿပီး အေျဖကို သိေအာင္ ညႇင္းပန္းနွိပ္စက္နိုင္ပါေစဟု ဆႏၵျပဳမိသည္။
"ဒါဆို မုရံုထိုက္ကိုေရာ မစံုစမ္းဘူးလား? ဒါ တကယ္လို႔သာ ဝမ္ရမ္လဲ့က စစ္တပ္သတင္းကို ေရာင္းစားတဲ့သူဆို မုရံုထိုက္လည္း သိသင့္ေလာက္တယ္။ ဒါ့အျပင္ ဒီကိစၥကလည္း မုရံုထိုက္ လုပ္ခဲ့တာေလ"
"ကိုယ္ တခုမွ ရွာမေတြ႕ခဲ့ဘူး! မုရံုဖူမွာ နလန္ရွင္း မင္းကို သင္ေပးရတုန္းကလည္း သူ အခြင့္ေကာင္းယူၿပီး မုရံုဖူတခုလံုးကို ရွာတာ။ သူ မုရံုထိုက္ရဲ႕ ေျမေအာက္ခန္းကိုေတာင္ သြားခဲ့တယ္။ ဒါေပမယ့္ ဘာမွ ရွာမေတြ႕ခဲ့ဘူး။ သဲလြန္စအားလံုးကို တခါမွ မျဖစ္ပ်က္ဖူးသလို ဖ်က္စီးထားၾကတယ္။ မုရံုထိုက္က ဓားတလက္သာ ျဖစ္ၿပီး ဓားလက္ကိုင္ တျခားသူလက္ထဲမွာပဲ ရွိေနေသးတာလည္း ျဖစ္နိုင္တယ္"
"ဝမ္ရယ္... "
သူမ ေရွ႕က လူအတြက္ နွလံုးသားနာက်င္ကိုက္ခဲမႈကို မုရံုခ်ီခ်ီ ခံစားလိုက္ရသည္။ ထြက္ေပၚလာသည့္ အမွန္တရားသည္ အလြန္ရက္စက္လြန္းသည္။ အျပင္လူမ်ား အျမင္တြင္ ဖုန္းခ်န္သည္ ျမင့္မားေသာ အေနအထားတြင္ ရွိသည္၊ ခ်မ္းသာႂကြယ္ဝကာ ဂုဏ္က်က္သေရရွိၿပီး အလြန္ထင္ရွားေလသည္။ သို႔ေသာ္ သူ႔ေနာက္ကြယ္တြင္ ဒီလိုရွိေနတယ္ဆိုတာကိုေတာ့ ဘယ္သူက သိမွာလဲ?
သူက မုရံုခ်ီခ်ီစိတ္ကို ဖတ္မိသည့္အလား သူမကို တဖန္ သူ႔ရင္ခြင္ထဲသို႔ ဆြဲယူလိုက္သည္။ သူ႔ေခါင္းကို မုရံုခ်ီခ်ီလည္ပင္းၾကားတြင္ ျမဳွပ္နွံထားလိုက္သည္။
"ခ်င္းခ်င္း... အစကေတာ့ ဒါေတြအားလံုးက ကိုယ့္ျပသနာေတြပါပဲ! ဒီဝဲဂယက္ထဲကို မင္းကိုပါ ဆြဲသြင္းခဲ့မိတဲ့အတြက္ ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္မိတယ္။ မင္းက အရမ္းလွတယ္ ကိုယ္ မင္းကို သြားခြင့္မေပးနိုင္ဘူး! ဒီကိစၥေတြအားလံုးကို ကိုယ္ခ်ဳပ္ကိုင္နိုင္တဲ့အခါက် မင္းက တျခားတေယာက္ရဲ႕ ဇနီး ျဖစ္ေနမွာကို ကိုယ္ေၾကာက္မိတယ္။ ကိုယ့္ရဲ႕ ပိုင္ဆိုင္လိုစိတ္နဲ႔ဆို မင္းကို ျပန္ရနိုင္ဖို႔ နည္းလမ္းအားလံုးကို ကိုယ္ သံုးမိလိမ့္မယ္!" (သာမာန္ရုပ္ရည္ေလာက္ ရုပ္ဖ်က္ထားတဲ့ ရုပ္ကိုေတာင္ အရမ္းလွတယ္ထင္ေနတဲ့ အကိုႀကီးရယ္ပါ)
မုရံုခ်ီခ်ီက သူမလက္ကို ထုတ္လိုက္ကာ ဖုန္းခ်န္အား ဖက္ထားလိုက္သည္။ ဒီလူကေတာ့... သူမ ဘာေျပာသင့္တယ္ဆိုတာေတာင္ သူမ မသိေတာ့ေပ။
"ဝမ္ရယ္... ရွင္နဲ႔ ကြၽန္မက ခုဆို ခင္ပြန္းနဲ႔ ဇနီး ျဖစ္ေနၿပီေလ။ ေယာက်္ားမွာ အခက္အခဲေတြ ရွိေနရင္ မိန္းမတေယာက္အေနနဲ႔ ကြၽန္မက ရွင့္ေဘးမွာ ရွိေနသင့္ၿပီး ရွင့္ျပသနာေတြကို ကူညီေျဖရွင္းေပးသင့္တာေပါ့! ဝမ္ရယ္က ကြၽန္မအတြက္ ဒီကမာၻေပၚမွာ အေရးအႀကီးဆံုးသူပဲ! အခု ရွင္ ဒီလိုေျပာေနတာက ကြၽန္မတို႔ခံစားခ်က္ေတြကို ရွင္က ခြဲျခားထားခ်င္လို႔လား?"
"ခ်င္းခ်င္း..."
မုရံုခ်ီခ်ီစကားအား ဖုန္းခ်န္အသံအား အနည္းငယ္တုန္ရီသြားေစသည္။
"တခါတေလက် ကိုယ္က တကိုယ္ေကာင္းဆန္တယ္လို႔ ခံစားမိတယ္။ ကို္ယ္ မင္းကို မ်က္စိက်တဲ့ အခ်ိန္ကစၿပီး မင္းကို လက္ဝါးႀကီးအုပ္ၿပီး မင္းကို ကိုယ့္တေယာက္တည္းပိုင္ ျဖစ္ေစခ်င္ခဲ့တယ္။ ၿပီးေတာ့ ဒီကမာၻေပၚမွာ ကိုယ့္အာရံုကို ဖမ္းစားနိုင္ၿပီး အဲ့ဒါကို နွစ္သက္လာေစတဲ့အရာမ်ိဳး နည္းနည္းေလာက္ပဲ ရွိတယ္။ ဒါ့ေပမယ့္... ကိုယ့္ကမာၻႀကီးက အရမ္းကို ရႈပ္ေထြးတယ္။ အဲ့ဒီအရာေတြကို မင္းကိုပါ ရင္ဆိုင္ခိုင္းေစမိတဲ့ ကိုယ္ဟာ တကယ္ကို တကိုယ္ေကာင္းဆန္တယ္"
မုရံုခ်ီခ်ီအား ဖုန္းခ်န္မ်က္လံုးမ်ာမွ စိတ္အားငယ္မႈ အရိပ္အေယာင္မ်ား ဘာေၾကာင့္ ျပသေနရသည္ ဖုန္းခ်န္၏ စကားမ်ားမွ ေနာက္ဆံုးေတာ့ သူမ သေဘာေပါက္လာသည္။ သူက ေသြးေႂကြးကို သယ္ေဆာင္ထားရလို႔ေပါ! ဒါ့ေၾကာင့္ သူက မေပ်ာ္နိုင္ေနတာေပါ့!
"ဝမ္ရယ္..."
မုရံုခ်ီခ်ီက ဖုန္းခ်န္လက္ကို ကိုင္လိုက္ၿပီး သူ႔အား ခိုင္ၿမဲစြာ ၾကည့္လိုက္သည္။
"ဝမ္ရယ္ ဘယ္အခ်ိန္ ဘယ္ေနရာပဲ ျဖစ္ျဖစ္ ဘာေတြပဲ ျဖစ္ေနပါေစ ဓားေတာင္ကို ေက်ာ္ၿပီး မီးပင္လယ္ကို ျဖတ္ရမယ္ဆိုရင္ေတာင္ ကြၽန္မ ရွင့္ကို အေဖာ္ျပဳေပးမယ္! ရွင့္ေဘးနားမွာ ရွိေနရတာနဲ႔တင္ ကြၽန္မ ေက်နပ္ဝမ္းေျမာက္မိပါတယ္။ ဒါက ကြၽန္မရဲ႕ စိတ္ေစတနာပဲ"
"ကြၽန္မတို႔ မေသဆံုးေတာ့မယ့္အခ်စ္ေတြကို ကတိသစၥာျပဳၿပီးၾကၿပီ! မဟာစစ္သူႀကီးက ကြၽန္မအေဖပဲ! မင္းသမီးမင္ယြဲ႕က ကြၽန္မအေမပဲ! မိဘေတြအတြက္ လက္စားေခ်ရျခင္းက ေကာင္းကင္ထက္ေတာင္ ႀကီးတယ္! ကြၽန္မတို႔ ဒါကို လက္စားေခ်ရမယ္! ကြၽန္မတို႔ သူတို႔ကို အမုန္းတရားနဲ႔အတူ ေသခိုင္းရမယ္!"
မုရံုခ်ီခ်ီက ထိုစကားမ်ားကို လက္သည္းလွီးသလို၊ သံျဖတ္သလို ေျပာလိုက္ကာ သူမအသံသည္ အလြန္သူရဲေကာင္းဆန္ေနသည္။ ဖုန္းခ်န္က လေရာင္ေအာက္မွာ သီခ်င္းဆိုေနေသာ ျမင့္ျမတ္ၿပီး မာနႀကီးသည့္ မိန္းကေလးတေယာက္ကို ျမင္ေယာင္လိုက္ရသလိုပင္။ သူ တစံုတရာ ေျပာမလိုအခ်ိန္တြင္ တံခါးေပါက္အျပင္ဘက္မွ အသံတသံကို ၾကားလိုက္ရသည္။
***လက္သည္းလွီးသလို၊ သံျဖတ္သလို - ရည္႐ြယ္ခ်က္ခိုင္မာၿပီး ဆံုးျဖတ္ခ်က္ျပတ္သား***
"ဘယ္သူလဲ?"
ဖုန္းခ်န္နွင့္ မုရံုခ်ီခ်ီသည္ တခ်ိန္တည္းမွာပဲ လႈပ္ရွားလိုက္သည္။ နွစ္ေယာက္သား တံခါးေပါက္ကို ကန္လိုက္သည္။ နံရံေပၚတြင္ လူတေယာက္ရပ္ေနတာကို သူတို႔ ေတြ႕လိုက္ရသည္။ ထိုလူသည္ အရုပ္မ်က္နွာဖံုးကို တပ္ဆင္ထားသည္။ မုရံုခ်ီခ်ီက အံ့အားသင့္လ်က္
"သူပဲ! ဝမ္ရယ္... ဟိုညက ေရပူစမ္းမွာ ေတြ႕ခဲ့တဲ့သူက သူပဲ!"
လႈပ္ရွားမႈမ်ားသည္ အေျပာထက္ ျမန္သည္။ အျဖဴေရာင္ပံုရိပ္သည္ အနက္ေရာင္အရိပ္ေနာက္ကို လိုက္သြားသည္။ ဖုန္းခ်န္က အနက္ေရာင္ဝတ္စံုနွင့္လူနားသို႔ ေရာက္ရွိေနေလၿပီ။ တခဏအတြင္း နွစ္ေယာက္သား အၾကည့္ေပါင္းမ်ားစြာ ဖလွယ္မိၾကသည္။
"မေကာင္းေတာ့ဘူး! သူ ထြက္ေျပးခ်င္ေနတယ္!"
မုရံုခ်ီခ်ီကပါ ခုန္တက္လိုက္ၿပီး ကူညီေသာ လက္တစံုကမ္းလင့္ခ်င္ေသာ္လည္း မထင္မွတ္ထားစြာ တဖက္လူက မီးခိုးေငြ႕ထြက္ေစေသာ တစံုတရာကို ပစ္လႊတ္လိုက္သည္။ မီးခိုးေငြ႕မ်ား ေလ်ာ့ပါးသြားေသာအခါ တဖက္လူက မရွိေတာ့ေပ။
***********************************
Unicode Version
ဖုန်းချန်၏ အနမ်း ကျရောက်မလာခင် မုရုံချီချီက ခြေဖျားထောက်ကာ အရင်ဦးအောင် အစပျိုးမှုယူပြီး ဖုန်းချန်နှုတ်ခမ်းကို နမ်းလိုက်သည်။
"ဝမ်းကွဲမရီးတော်က ရှိန်လောက်စရာပဲ!"
ဝမ်ရမ်ခန်က အော်ဟစ်ကာ လေချွန်လိုက်သည်။ သူ့ဘေးမှ လူများလည်း အလွန်ပင် ပျော်ရွှင်နေကြသည်။ ဝမ်ရယ်နှင့် ဝမ်ဖေး၏ ဆက်ဆံရေးမှာ အလွန်ကောင်းပုံရ၏။ ထိုအရာသည် လူတို့အား ပျော်ရွှင်အောင် ပြုလုပ်နိုင်သည်။
နှစ်ယောက်သားမှာ သူတို့ဘေးတွင် ဘယ်သူမှ မရှိသည့်အလား... ကမ္ဘာပေါ်တွင် သူတို့နှစ်ယောက်တည်းသာ ရှိသည့်အလား နမ်းရှိုက်နေကြသည်။
"ရွှီ!" "ဘုန်း!"
ကိုးရာ ကိုးဆယ့်ကိုးချောင်းသော မီးပန်းများကို ထွန်းညှိလိုက်ကြသည်။ ဝမ်ဖူတခုလုံး၏ ကောင်းကင်သည် နေ့ခင်းဘက်အလား လင်းလက် တောက်ပနေသည်။ ခမ်းနားသည့် မီးပန်းများသည် ကောင်းကင်ထက်တွင် ဖူးပွင့်နေကြသည်။ ၎င်းသည် မြို့တော်တခုလုံးကို ဆွဲဆောင်ထားပြီး နန်းတော်ထဲတွင် ရှိသော ဝမ်ရမ်လဲ့ကို ခြောက်လှန့်စေသည်။
တရုတ်တွင် ကိုးဂဏန်းဟာ ထာဝရတည်မြဲခိုင်ခန့်တယ်လို့ အဓိပ္ပာယ်ရသည်။ ချစ်သူများနေ့တွင် ပန်းကိုးဆယ့်ကိုးပွင့်၊ ကိုးရာကိုးဆယ့်ကိုးပွင့် အစရှိသဖြင့်တို့ကို သူတို့၏ ထာဝရချစ်ခြင်းမေတ္တာကို ဖော်ပြသောအားဖြင့် ပေးလေ့ရှိသည်။
"ဘာတွေ ဖြစ်နေတာလဲ? ကျင်းတဲ့ တယောက်ယောက်ကို လွှတ်ပြီး စုံစမ်းခိုင်းချည်!"
ဝမ်ရမ်လဲ့က သူကြည့်နေသည့် လျှောက်တင်လွှာကို ချလိုက်သည်။ သူသည် ပြတင်းပေါက်နားကို လျှောက်သွားပြီး သိပ်မဝေးလှသည့် ကောင်းကင်မှ အရောင်စုံ အပိုင်းအစများကို ကြည့်လိုက်သည်။ သူက မျက်မှောင်ကြုတ်လိုက်သည်။
"ကြည့်ရတာ နန်လင်းဝမ်ဖူကပဲ! မြန်မြန်! လူလွှတ်ပြီး သွားစစ်ခိုင်းချည်!"
နန်းတော် သာမက ရှီးချီက လူများနေထိုင်သော သံရုံးကိုလည်း သတိပေးလိုက်သလို ဖြစ်သွားသည်။
နန်လင်းဝမ်ဖူ၏ အထက်ရှိ မီးရှူးမီးပန်းများဖြင့် ပြည့်နှက်နေသော ကောင်းကင်ကို ကြည့်ရင်း ရှန့်ကွမ်းဝူကျိ၏ နှုတ်ခမ်းများသည် မျဉ်းဖြောင့်တကြောင်းလို တင်းတင်းစေ့သွားသည်။ သူ မုရုံချီချီကို ပေကျိုးသို့ ပို့ဆောင်ပြီးသည်မှ အခုချိန်ထိ သူ့အလုပ်မှာ မုရုံချီချီမင်္ဂလာဆောင်အား စောင့်ရန်ပင်။ ဖုန်းချန်၏ ဇနီးအဖြစ် သူမ ပျော်ပျော်ရွှင်ရွှင် ဖြစ်လာပြီးနောက်မှသာ သူ့တာဝန်က ပြီးဆုံးလိမ့်မည်။
အခု မုရုံချီချီ မင်္ဂလာဆောင် နီးကပ်လာလေပြီ... နီးကပ်လာတာမှ သူ့မှာ နန်လင်းဝမ်ဖူသို့ မသွားရဲအောင်ပင်။ မုရုံချီချီကို တွေ့ပြီးနောက် သူ့နှလုံးသားနာကျင်မှုဒဏ်ကို ခံနိုင်ရည်မရှိမှာ သူ ကြောက်မိသည်။ သူ့စိတ်ထဲတွင် သူမအား တွေ့လိုသော်လည်း သူမကို မြင်ရခြင်းသည် အခုချိန်တွင် သူ့အတွက် တန်ဖိုးကြီးမားသော အရာ ဖြစ်လာသည်။ ထိုသို့ ဖြစ်လာကာမှတော့ သူမကို မတွေ့ရ မဆုံရသည်က သူ့အတွက် ပိုကောင်းလေသည်။ သူမက သူ့နှလုံးသားထဲတွင် မိန်းမပျိုလေးအဖြစ် ရှိနေလိမ့်မည်.... ဘယ်တော့မှ ပြောင်းလဲမသွား၊ အိုမင်းမသွားဘဲ အမြဲ သူ့နှလုံးသားထဲတွင် ရှိနေပေလိမ့်မည်။
"နန်လင်းဝမ်ဖူက ဘာဖြစ်တာလဲ?"
လုံဇယ်ကျင့်ထျန်းက တယောက်ကို လွှတ်၍ စုံစမ်းစေသည်။ တခဏကြာပြီးနောက် ထိုလူက ပြန်လာသည်။
"ဝမ်ရယ်ကို လျှောက်တင်ပါတယ်။ နန်လင်းဝမ်က ကျောက်ယန်မင်းသမီးကို ချစ်ခွင့်ပန်တာပါ။ သူက မီးပန်းကိုးရာ ကိုးဆယ့်ကိုးခုကို ပြင်ဆင်ထားပါတယ်တဲ့! ဒီချစ်ခွင့်ပန်တာက ဘာအတွက်လဲဆိုတော့ ဒီငယ်သားလည်း မသိရပါဘူး"
"ချစ်ခွင့်ပန်တာ?!"
လှပသည့် မီးပန်းများ ပွင့်ဖူးနေသည့် ညကောင်းကင်ကို ကြည့်ရင်း လုံဇယ်ကျင့်ထျန်းက တိတ်ဆိတ်သွားသည်။ သူ့စိတ်ထဲတွင် ဒီအရောင်စုံကောင်းကင်အောက်တွင် မုရုံချီချီ၏ အပြုံးများ မည်မျှ ခမ်းနားတောက်ပနေမည်ဆိုတာကို စိတ်ကူးယဉ်ပုံဖော်မိသည်။
သူ တကယ်ပဲ လွဲချော်ခဲ့ပြီလား? လုံဇယ်ကျင့်ထျန်းသည် သူ ပေကျိုးသို့ မရောက်မှီ သူ့လူများအား အိမ်ရှေ့စံမင်းသမီး ယွီရှစ်ရှစ်ထံ စေလွှတ်ကာ ထိုနှစ်ယောက်ကြား ပြသနာ ဖြစ်အောင် လုပ်ဖို့ ပြောခဲ့သော်လည်း ကြည့်ရတာ ဟိုမိန်းမက နည်းနည်းလေးမှ အသုံးမကျပေ။
ထို့ပြင် အရေးအကြီးဆုံးအရာမှာ မုရုံချီချီနှလုံးသားထဲတွင် ဖုန်းချန်ကို လှုပ်ရှားခဲ့သည်။ သူမ ကြည့်ရတာ သူနှင့် ချစ်နေကြပုံပင်။ သူ တကယ်လို့ သူမကို ပြန်ရလျှင်ပင် သူမနှလုံးသားထဲမှာ တခြားတယောက်ရှိသောကြောင့် သူမက သူ့အား အချစ်ကို ပေးနိုင်ပါ့မလာ?
လုံဇယ်ကျင့်ထျန်းသည် မျက်မှောင်ကြုတ်ပြီး အရောင်စုံကောင်းကင်ကို စိုက်ကြည့်နေသည်။ သူသည် စကားတခွန်းမှ မပြောပေ။ သူ ဘာလုပ်သင့်လဲ? လွှတ်ချလိုက်ပြီး သူမကို ပျော်ရွှင်စေရမှာလား? သူက သိပ်သဘောမကောင်းပေ။ ဘယ်လိုပဲ ဖြစ်ဖြစ် သူမကို သူ့အနားနေဖို့ ဖိအားပေးခဲ့ရင် သူမအပြုံးတဖြည်းဖြည်း ပျောက်ကွယ်တာကို ကြည့်ရင်း သူဘာမှ မတတ်နိုင်ပေ။သူ ဘာလုပ်သင့်လဲ?
ရှန့်ကွမ်းဝူကျိနှင့် လုံဇယ်ကျင့်ထျန်းတို့ ဘာတွေတွေးနေသည်ကို ဂရုမစိုက်ဘဲ... အရှုံးကို ခံစားရရုံမှအပ လီယွင်ချင်းနှလုံးသားသည် တည်ငြိမ်နေသည်။ သူ ထိုယောကျ်ားကို မြင်ဖူးသလို ဆုံလည်း ဆုံဖူးသည်။ သူသည် ကောင်းကင်ဘုံမှ မသေမျိုးတပါး၏ သွင်ပြင်ကဲ့သို့ ရှိပြီး ကောင်းကင်ဘုံက ဂုဏ်ယူရမည့် သားတော်တပါးပင်။ ဒီလိုလူမျိုးက သူမနှင့် ထိုက်တန်ပေသည်။
အခုမှစ သူမနှင့်ဆိုလျှင် သူသည် သူမ၏ ဝမ်းကွဲအစ်ကိုအဖြစ် သွေးသားတော်စပ်ခြင်းမှအပ တခြား မရှိတော့ပေ။ သူ့အချစ်အားလုံးကို သူ့နှလုံးသားထဲတွင် သိမ်းဆည်းထားရုံမှလွဲ၍ တခြားဘာလုပ်စရာ ရှိသေးမည်နည်း? ကျယ်ပြောလှတဲ့ လူပင်လယ်ထဲမှာ ဘဝအတွက် တဦးတည်းသော လက်တွဲဖော်ကို ရှာတွေ့ပြီဆိုမှတော့ ရယူလိုက်ပါ။ သူ့ကံကြမ္မာက သူ့ဘဝ မဟုတ်ပေ... သူမ ပျော်နေတယ်ဆိုရင် ဒါက သူလိုချင်တဲ့အရာပဲ မဟုတ်ဘူးလား?
လူသုံးယောက်က စကားမဆိုကြလေသောအခါ လေထုက လေးလံလာသည်။
မိန်းမလှလေးဆီက အပြုံးကို ရဖို့ ဖုန်းချန်က ဒီလို ကြီးမားတဲ့ အတိုင်းအတာကို အသုံးပြုသည်ဟု ပိုင်ယီယွဲ့ကြားသောအခါ သူမသည် မုရုံချီချီအတွက် သူမ နှလုံးသားထဲက လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်မိသည်။ ဒီမိန်းကလေးသည် သူမ၏ စစ်မှန်သော စိတ်သဘောထားကို ပြခဲ့သည်။ လေပေါ် လွှင့်နေတာ သို့မဟုတ် အပျော်လွန်နေတာ သို့မဟုတ် ချစ်စိတ်အပြည့်ဖြင့် ပျံသန်းတာ ဘာပဲ ဖြစ်ပါစေ အားလုံးက စစ်မှန်သော သူမဖြစ်နေခြင်း လိင်တူသည့် ပိုင်ယီယွဲ့ကိုပင် သူမအား နှစ်သက်လာစေကြောင့် ဆန့်ကျင်ဘက်လိင်များကိုတော့ ထည့်ပြောစရာပင် မလိုတော့ပေ။
ိထိုအချိန်တွင် တယောက်သောသူစိတ်အခြေအနေမှာ အဆိုးဆုံးဖြစ်သည်။
မုရုံချင်းလျန်က နှုတ်ခမ်းကို ကိုက်လိုက်ပြီး နန်လင်းဝမ်ဖူအထက်ရှိ ကောင်းကင်ကို ကြည့်လိုက်သည်။ သူမ အလွန်မနာလိုဖြစ်မိသည်။ ဘာကြောင့် သူမက မုရုံချီချီလို ကံမကောင်းရတာလဲ? ဘာကြောင့် အကြာကြီးကြာမှ လုံဇယ်ကျင့်ထျန်းက သူမအပေါ် အေးစက်သွားရတာလဲ? သူမက မုရုံချီချီထက် အများကြီး ပိုသာသော်လည်း ဘာကြောင့် လူတွေက မုရုံချီချီက ကောင်းတယ်လို့ပဲ ထ်နေရတာလဲ?
မုရုံချင်းလျန်သည် လေးနိုင်ငံပြိုင်ပွဲတုန်းက မုရုံချီချီက သူမအပေါ် သက်ညှာပေးခဲ့သည်ကို လုံးဝမေ့ပျောက်သွားပြီ ဖြစ်၏။ အခု မုရုံချီချီသည် နန်လင်းဝမ်ဖူတွင်သာ ရှိနေပြီး သူမကို လာရှာတာ သို့မဟုတ် ရန်စတာမျိုး မလုပ်ခဲ့သော်လည်း သူမနှလုံးသားသည် အဆက်မပြတ် ချဲ့ထွင်ပြီး ပြသနာများ အားလုံးကို မုရုံချီချီအပေါ် ပုံချတတ်သည့် ဓာတ်ပစ္စည်း စားသုံးထားသလိုပင်။
နန်းတော်အတွင်းတွင် ကျင်းတဲ့က နန်လင်းဝမ်ဖူမှာ ဖြစ်ခဲ့သမျှကို ဝမ်ရမ်လဲ့အား အစီရင်ခံနေသည်။ ဖုန်းချန်က ဒူးတဖက်ထောက်ပြီး မုရုံချီချီအား ချစ်ခွင့်ပန်သည်ဟု ကြားသောအခါ သူသည် တွေဝေသွားသည်။
" ဒီတခေါက်တော့ သူ့နှလုံးသားက တကယ်ကို လှုပ်ရှားခဲ့တာပဲ!"
"အမှန်ပဲ! ဖုန်းချန်ရဲ့ အထက်စီးဆန်တဲ့ စိတ်နဲ့ဆိုရင် လူပုံအလယ်မှာ သေချာပေါက် သူ ဒါမျိုး လုပ်မှာမဟုတ်ဘူး! အရှင်မင်းကြီး... နန်လင်းဝမ်က ကျောက်ယန်မင်းသမီးကို တကယ်ပဲ သူ့နှလုံးသားရဲ့ အသွေးအသားအဖြစ် သတ်မှတ်ထားတာပဲ!"
ဒီစကားကို ကြားသောအခါ ဝမ်ရမ်လဲ့က ရက်စက်သော အပြုံးကို ထုတ်ဖော်လိုက်သည်။
" ဒါ ကောင်းတယ်! ကျန်း သူ့နှလုံးသားရဲ့ အသွေးအသားကို ဖြတ်ပစ်ပြီး သူ အသက်ဆက်မရှင်ချင်လောက်အောင်ထိ နာကျင်ခံစားရအောင် လုပ်မယ်!"
ညအခါတွင် စုမိန်နှင့် စုယွဲ့က ဆုတ်ခွာသွားသည်။ သူတို့က အခုလေးတင်မှ ကတိသစ္စာပြုခဲ့သည့် ချစ်သူနှစ်ဦးဖြစ်သည့် ဖုန်းချန်နှင့် မုရုံချီချီအား နေရာပေးရန် ထွက်ခွာသွားကြခြင်းပင်။
အခန်းတွင်းတွင် သူတို့အား ပန်းရနံ့များက လွှမ်းခြုံထားသည်။ မုရုံချီချီက ဖုန်းချန်လက်မောင်းကြားတွင် မှီတွယ်နေသည်။ သူမလက်ချောင်းများက ဖုန်းချန်၏ ဆံပင်များအား ရစ်ပတ်နေသည်။ သူမက ပျင်းရိနေတဲ့ ကြောင်ကလေးတကောင်လို သူမမျက်လုံးများအား ပျင်းရိစွာ မှေးကျဉ်းထားသည်။
"ပထမဆုံးအကြိမ် ကိုယ်လက်ထပ်တော့ အဲ့ဒီညမှာ ကိုယ့်ရောဂါက ထလာတယ်။ နောက်ဆုံးတော့ တဖက်လူက ကြောက်ပြီး သေသွားတယ်..."
"ဒုတိယအကြိမ် တဖက်လူက ကိုယ့်မျက်လုံးခရမ်းရောင်ဖြစ်နေတာကို အမှတ်မထင် တွေ့မိသွားတယ်။ သူမက ကြောက်လန့်ပြီး အော်လိုက်တော့ ရူရီ သတ်တာ ခံလိုက်ရတယ်" (အဆိပ်ထရင် ခရမ်းရောင်ဖြစ်တာ သိတယ်မလား)
"တတိယအကြိမ် တဖက်လူက ကိုယ့်ရဲ့ မကောင်းသတင်းဖြစ်တဲ့ ကိုယ့်ဇနီးတွေပေါ် ကျိန်စာသင့်စေတယ်ဆိုတဲ့ အကြောင်းကို ကြားထားတယ်။ သူမက ထွက်ပြေးချင်တယ်။ နောက်ဆုံးတော့ သူမ နံရံပေါ်ကနေ ပြုတ်ကျပြီး လည်ပင်းကျိုးသွားတယ်"
"စတုတ္ထအကြိမ် ထမ်းစင် ရောက်မလာသေးခင် သူမက လက်ကောက်ဝတ်ကို ဖြတ်လိုက်တယ်"
"ပဉ္စမတယောက်ကတော့ ဝင်လာပြီး ကိုယ့်ကို မြူဆွယ်ချင်ခဲ့တယ်။ သူမက အခန်းထဲမှာ စိတ်ကြွစေတဲ့ အမွှေးတိုင်ကို ထွန်းခဲ့တာ။ ကိုယ် သူ့ကို သတ်ပစ်လိုက်တယ်"
"ဆဌမတယောက်က ရုတ်တရက် သေသွားတယ်။ သူမက အဆိပ်မိတာ"
"သတ္တမတယောက်က လက်မထပ်ခင် သူမ ဖြူစင်မှု ဆုံးရှုံးသွားလို့ သူမကိုယ် သူမ သတ်သေသွားတယ်"
"အဋ္ဌမ တယောက်က ကိုယ့်ခြေသံကြားလိုက်တာနဲ့ ကြောက်ပြီး သေသွားတယ်"
ဖုန်းချန်က သူ့အတိတ်အကြောင်းကို ပြောပြတာ နားထောင်ရင်း သူ့အတွေ့အကြုံများ အကြောင်း ကြားလိုက်ရသောအခါ မုရုံချီချီက လှည့်လာပြီး သူ့ရင်ခွင်ထဲ ထိုင်လိုက်သည်။
"ဝမ်ရယ် ရှင့်မှာ အချစ်ရေးကိစ္စတွေ အများကြီး ရှိခဲ့တာပဲ! အား! ဒါကို ကြားရတာ မတရားသလိုပဲ! ဒါက ကျွန်မအတွက် ပထမဆုံးအကြိမ် လက်ထပ်တာ ဆိုပေမယ့် ရှင်ကတော့ အကြိမ်ပေါင်းများစွာ လက်ထပ်ပြီးသွားပြီ။ အဲ့ဒီအကြောင်းကို တွေးလိုက်တာနဲ့ ကျွန်မကို မတရားသလို ခံစားရစေတယ်။ ကျွန်မလည်း ဘာလို့ ရှစ်ကြိမ်လောက် လက်မထပ်ဘဲ နေရမှာလဲ? ဒါမှ ကျွန်မတို့ စဉ်းစားလို့ ရနိုင်မယ်"
"မင်း လုပ်ရဲလား!"
ဖုန်းချန်လက်က မုရုံချီချီခါးအား တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်သည်။
"မင်းက ကိုယ့်အပိုင်ပဲ! ဒီတဘဝလုံး မင်းက ကိုယ့်မျိုးရိုးနာမည်ကိုပဲ ဆက်ခံရမယ်! ကိုယ်က လွဲရင် တလောကလုံးမှာ ဘယ်သူမှ မင်းကို လက်ထပ်ပိုင်ခွင့် မရှိစေရဘူး!"
"ဘာကြောင့်လဲ?"
မုရုံချီချီက မျက်ခုံးကို ပင့်လိုက်ပြီး စိတ်ရှုပ်ထွေးဟန်ဆောင်လိုက်သည်။
"ဘာလို့လဲဆိုတော့ တခြားသူတွေက ကိုယ့်မိန်းမကို ထိချင်ရင် သူတို့ကို ခွင့်ပြုမပြုဆိုတာ ကိုယ့်ဓားကို အရင်မေးကြည့်ဖို့ လိုတယ်"
ဖုန်းချန်၏ မူပိုင်ခွင့်ကြေငြာချက်ကို ကြားသောအခါ မုရုံချီချီက အလွန်ပင် ပျော်ရွှင်မိသည်။ ဖုန်းချန်၏ လွှမ်းမိုးနိုင်စွမ်းရှိသည့် ပုံစံကို သူမ ကြိုက်သည်။ သူ့စကားသံထဲ ဖော်ပြနေသော ပြင်းပြသည့် ပိုင်ဆိုင်လိုစိတ်နှင့် သဝန်တိုမှုတို့သည် နားထောင်ရသူအား ပျော်ရွှင်စေသည်။
"ကျွတ် ကျွတ် ဝမ်ရယ် အဲ့ဒါက မမှန်ဘူး။ အရင်တုန်းက ရှင် မိန်းမတွေ အများကြီးနဲ့ လက်ထပ်ခဲ့ဖူးပေမယ့် ကျွန်မ သဝန်မတိုခဲ့ရဘူးလေ။ အဲ့အစား ရှင်က ဘာလို့ ခံစားရတဲ့သူ ဖြစ်နေရတာလဲ?"
မုရုံချီချီက နှုတ်ခမ်းဆူလိုက်သည်။ သူမသည် ဖုန်းချန်၏ မိမိကိုယ်မိမိ ယုံကြည်လွန်းသော စကားများကို ကြွေမိသော်လည်း သူမ အနည်းငယ် မပျော်သလို ခံစားမိသည်။
"ရှင်က တခြားမိန်းမတယောက်ရဲ့ ယောကျ်ားဖြစ်လုနီးပါး ဖြစ်ပြီး တခြားသူနဲ့ ကလေးတွေ ရတော့မလို ဖြစ်တာကို တွေးမိတာနဲ့ ကျွန်မကို စိတ်မကောင်းဖြစ်စေတယ်"
ဖုန်းချန်လည်း မုရုံချီချီ သဝန်တိုမှုကို နားလည်နိုင်သည်။ သူက မုရုံချီချီကို သူ့ရှေ့သို့ ဆွဲယူကာ သူမနဖူးကို နမ်းရှိုက်လိုက်သည်။
"ချင်းချင်း... မင်းနဲ့မတွေ့ခင်တုန်းက အချစ်ဆိုတာ ဘာမှန်း မသိခဲ့ဘူး။ ကိုယ့်မျက်လုံးထဲမှာ မိန်းမဆိုတာ မိသားစုကို ဆွဲချနိုင်တဲ့ တန်ဆာပလာတွေလို့ပဲ ကိုယ်ထင်တယ်လို့ ပြောရင် မင်း စိတ်ဆိုးမှာလား?"
"ကိုယ့် မိဘတွေ ဆုံးပါးသွားတော့ အဖွားတော်က ကိုယ့်ကို အမှန်တကယ်ချစ်တဲ့ တဦးတည်းသောသူပဲ! ဖုန်းမျိုးနွယ်မှာ အမွေဆက်ခံသူနည်းနည်းပဲ ရှိတယ်။ ကိုယ့်မျိုးဆက်မှာ ကိုယ်တယောက်ပဲ ရှိတယ်။ သူမက ဖုန်းမျိုးနွယ်ရဲ့ မျိုးဆက်အတွက် စိုးရိမ်နေတာ။ ဒါ့ကြောင့် အချိန်တိုင်း သူမက ချစ်တယ်ဆိုပြီး ကိုယ့်ကို လက်ထပ်ဖို့ အမိန့်တွေချချနေတာ။ ဒါပေမယ့် နောက်ဆုံးတော့ သူမလည်း မအောင်မြင်ဘူး။ အဲ့ဒီအစား အဲ့ဒီအရာကပဲ သူမကို ပိုပြီး စိုးရိမ်လာစေသလို ပိုပြီး စိတ်စောသောကရောက်လာစေတယ်။ နောက်ဆုံးတော့ လက်ရှိအခြေအနေကို ရောက်လာတာပဲ!"
"ဒီတော့ ရှင်က ဘယ်လိုငြင်းရမယ်ဆိုတာ မသိဘူးလား?!"
မုရုံချီချီရင်ထဲက ဒေါသက အပြည့်အဝ မပျောက်ကွယ်နိုင်သေးပေ။ ဒီလူတွေအားလုံးက အခုတော့ အတိတ်တခုသာ ဖြစ်နေသော်လည်း သူတု့ိသည် တချိန်က ဖုန်းချန်နှင့် ပါဝင်ပတ်သက်ခဲ့ဖူးကြခြင်းက သူ့နှလုံးသားထဲတင် တယောက်တည်းသော သူ ဖြစ်လိုသည့် သူမအား အနည်းငယ် သဝန်တိုစေသည်။
"ချင်းချင်း... ကိုယ်ငြင်းလိုက်ရင် တယောက်သောသူက မပျော်မရွှင် ဖြစ်နေလိမ့်မယ်"
ထိုအချက်တွင် ဖုန်းချန်မျက်နှာပေါ်မှ အပြုံးမှာ အလွန်ထူးဆန်းလာသည်။ သဘောထားပြည့်ဝမှုပါဝင်သလို အေးစက်မှုခပ်ပါးပါးလည်း ပါဝင်သည်။ ဖုန်းချန်၏ လေသံမှ တစုံတရာမှားယွင်းနေသလို မုရုံချီချီ ခံစားလိုက်ရသည်။ အထဲမှာ ဖုံးကွ
်ထားတာ တခုခုများ ရှိနေမလား?
"ပထမဆုံးအကြိမ် ကိုယ်လက်ထပ်တော့ ကူအဆိပ်က ရုတ်တရက် ထကြွလာတယ်။ အဲ့ဒီနေ့က ဆယ့်ငါးရက်နေ့ မဟုတ်ဘူး။ ပြီးတော့ သတို့သမီးတွေ ဝမ်ဖူကို ဝင်လာပြီး ကိုယ်တို့ ကောင်းကင်နဲ့ မြေကြီးကို ကန်တော့ပြီးတဲ့ ညတိုင်း ကူအဆိပ်က ထကြွတယ်။ အဲ့ဒီမိန်းမတွေ အတွက်ကတော့ သူတို့ဘာသာ အဆိပ်မိတာပဲ ဖြစ်ဖြစ် သတ်သေတာပဲ ဖြစ်ဖြစ် ဖြူစင်မှုကို ဆုံးရှုံးရတာပဲ ဖြစ်ဖြစ် အားလုံးက လူတွေရဲ့ ဇာတ်တိုက်ထားတာတွေလို့ ဖော်ထုတ်နိုင်ခဲ့တယ်"
"ရှင်ပြောတာက တယောက်ယောက်က သူတို့ကို သတ်ပြီး မတော်တဆမှုဆိုပြီး ဖုံးကွယ်ထားတာလား? ရှင့်ရဲ့ ဂုဏ်သိက္ခာကို အရောင်စွန်းစေချင်တဲ့တစုံတယောက် ရှိနေတာလား?"
မုရံချီချီက ရုတ်တရက် နားလည်သဘောပေါက်မှုတခုကို ရောက်ရှိလာသည်။ သူမက မျက်မှောင်ကြုတ်လိုက်ကာ
"အဲ့ဒါ ဘယ်သူလဲ? ဘာကြောင့် သူက ဒီလိုလုပ်ရတာလဲ? အဲ့လူက ရှင့်ကို ပင်လယ်လောက် နက်ရှိုင်းတဲ့ အမုန်းတရား ရှိနေလို့လား?"
ဖုန်းချန်က ပြုံးလိုက်ပြီး အဖြေပြန်မပေးပေ။ ထူထဲသည့် မျက်တောင်များနောက်မှ အနက်ရောင်မျက်လုံးထဲက အေးစက်မှုက အပြင်ကို ဖောက်ထွက်လာသည်။ သူ့လက်တွေက မုရုံချီချီဆံပင်အား ညင်သာစွာ ခေါင်းဖြီးပေးနေသည်။
"မနေ့က မတိုင်ခင် တရက်က ကိုယ် နန်းတော်ထဲကို သွားခဲ့တယ်။ ဧကရာဇ်က ကိုယ့်ကို အချိုပွတြချို့ စားစေပြီး လက်ဖက်ရည်သောက်စေတယ်။ တော်ဝင်စာကြည့်ဆောင်ကနေ ကိုယ်ပြန်ထွက်လာတော့ အဲ့ဒါတွေကို လက်ကိုင်ပဝါထဲ ကိုယ်ထွေးထုတ်လိုက်တယ်။ ကိုယ် ပြန်ရောက်လာတော့ ကျင်မိုက အဲ့ဒါတွေကို ကြည့်တယ်။ သူပြောတာက အချိုမုန့်နဲ့ လက်ဖက်ရည်ထဲမှာ ကူအဆိပ်ထကြွတာကို လျင်လျင်မြန်မြန်ဖြစ်စေတဲ့ ဆေးဝါးတွေ ပါတယ်တဲ့..."
"အဲ့ဒါဆို ဝမ်ရမ်လဲ့ပေါ့!"
ထိုရလဒ်က မုရုံချီချီအား အလွန်အံ့သြစေသည်။ ဘာကြောင့်လဲ? ဘာကြောင့် ဒီလိုဖြစ်ရတာလဲ? ဝမ်ရမ်လဲ့က ဖုန်းချန်ကို အချစ်ဆုံးမဟုတ်ဘူးလား? ဒီတခေါက် သူတို့ လက်ထပ်ကြမည်ဆိုသောအခါ ဝမ်ရမ်လဲ့က နန်လင်းဝမ်ဖူသို့ လက်ဆောင်များ နေ့စဉ်ပေးပို့ပေးနေသည်။ နန်းတော်ထဲရှိ အဖိုးတန်ရတနာများအားလုံး ဒီကို ရွေ့လာလုနီးပါးပင်။ ဒါတွေအားလုံးဟာ ဟန်ဆောင်မှုများ ဖြစ်နေမလား?
"ထမ်းစင်ခုံပေါ်မှာ သူမလက်ကောက်ဝတ်ကို သူမဘာသာ ဖြတ်ပစ်တဲ့ လေးယောက်မြောက် သတို့သမီးတုန်းကဆိုရင် တခုခုမှားနေတာကို ကိုယ်မြင်လိုက်ရတယ်။ အဲ့ဒီမိန်းမက သတ်သေခဲ့တာမဟုတ်ဘူး... အသတ်ခံလိုက်ရတာ! သတို့သမီးက သူမရဲ့ဖြူစင်မှုဆုံးရှုံးလို့ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံလိုက်တဲ့ သတ္တမကြိမ်မြောက်တုန်းကပဲ ဒီမတော်တဆမှုတွေရဲ့ နောက်ကွယ်က လူက ဝမ်ရမ်လဲ့ဆိုတာကို ကိုယ် သေချာသိလိုက်ရတာ"
"သူက ရှင့်ရဲ ဦးလေးအရင်း မဟုတ်ဘူးလား? ဘာကြောင့် သူက ရှင့်ကို ဒီလိုဆက်ဆံရတာလဲ? ဒီကောလဟလတွေကများ မှားနေတာ ဖြစ်မလား? ပေကျိုး ဧကရာဇ်က နန်လင်းဝမ်ကို မျက်နှာသာပေးတယ်ဆိုတဲ့အရာအားလုံးက အလိမ်အညာတွေပဲလား?"
အဖြေက အလွန်ကို ယုံရခက်ခက်ပင်။ ဖုန်းချန်ပြောတာသာ အမှန်ဆို ဒီအမှန်တရားက အလွန်ရက်စက်လွန်းသည်။ လူတယောက်က ဘာလို့ ဒီလိုကြောင်သူတော်တယောက် ဖြစ်နေတာလဲ? တဖက်တွင် သူသည် လေးစားထိုက်သည့် အကြီးအကဲတယောက်လို ကြင်နာသည်။ တခြားတဖက်တွင် သူသည် တွက်ချက်မှုတွေနှင့် ပြည့်နှက်နေပြီး ဒီလိုရက်စက်သည့် နည်းလမ်းကိုပင် အသုံးပြုလေသည်။
"ဒါက ဘာလို့လဲဆိုတော့ ကိုယ်က လွန်ခဲ့တဲ့ ဆ
့်ငါးနှစ်က ယန်တန်းတောင်ပေါ်မှာ ဘာတွေ တကယ် ဖြစ်ခဲ့တယ်ဆိုတာကို စုံစမ်းခဲ့လို့ပဲ! တလောကလုံးက ဖုန်းရှဲ့ဟာ မုရုံထိုက်လက်ထဲမှာ ရှုံးနိမ့်ခဲ့တယ်လို့ ပြောကြတယ်။ အာ! မုရုံထိုက်လို လူမျိုးက ဘယ်လိုလုပ် ကိုယ့်အဖေလို လူစားမျိုးကို ယှဉ်နိုင်မှာလဲ?"
ထိုစကားကို ပြောနေရင်း ဖုန်းချန်က မုရုံချီချီအား တောင်းပန်သလို တချက်ကြည့်လိုက်သည်။ မုရုံထိုက်အကြောင်းကို ဒီလိုပြောရခြင်းက သိပ်မမှန်သလို သူ ခံစားမိသည်။ ဒါကို ပြောရမည်ဆိုလျှင် မုရုံထိုက်သည် လက်ရှိတွင် သူ၏ ယောက္ခမ ဖြစ်နေသည်။
"ဆက်ပြောပါ! အဆင်ပြေပါတယ်!"
လီချိုးရွှေဆီမှ သူမသည် မုရုံထိုက်၏ သမီးမဟုတ်ကြောင်း သိထားရသဖြင့် မုရုံချီချီသည် စိတ်သက်သာရသလို ခံစားရသည်။ သူမကိုယ်တိုင်ပင် ဒီအေးစက်ပြီး လျစ်လျူရှုတတ်သော လူမျိုးကို အဖေအဖြစ် လက်မခံလိုပေ။
"အဲ့အချိန်တုန်းက အဖေက အောင်မြင်မှုကို သူ့လက်ထဲမှာ ရရှိနေပြီးပြီ။ အဖေရဲ့ စစ်တပ်ကို ဦးဆောင်တဲ့ နည်းဗျူဟာတွေနဲ့ဆို မုရုံထိုက်တယောက် မပြောနဲ့ ဆယ်ယောက်ဆိုရင်တောင် အဖေ့ကို မယှဉ်နိုင်ဘူး!"
"ဝမ်ရယ် ရှင်ဆိုလိုတာက ယန်တန်းတောင်မှာ မဟာစစ်သူကြီး ဖုန်းရှဲ့ ရှုံးနိမ့်သွားရတဲ့ကိစ္စမှာ မုရုံထိုက်အရည်အချင်းကြောင့် မဟုတ်ဘဲနဲ့ သူရှုံးနိမ့်ရတာ သူ့လူတွေကြောင့်ပေါ့ ဟုတ်လား?"
"တော်တယ်!"
ဖုန်းချန်က မုရုံချီချီနှာခေါင်းကို တို့လိုက်သည်။
"မင်း ဒါကို တကြိမ်တည်းနဲ့ ဖမ်းမိတယ်။ ချင်းချင်းက အရမ်းတော်တာပဲ!"
မုရုံချီချီက ဖုန်းချန်၏ မြှောက်ပင့်မှုမှာ ပြုံးရုံသာ ပြုံးနေသည်။ အခု ဘယ်သူက ဖုန်းရှင့်အား သစ္စာဖောက်သည်ကို သူမ သိလိုသည်။ ဘယ်သူက ဖုန်းချန် အသက်ငယ်ငယ်ရွယ်ရွယ်မှာ သူ့မိဘတွေကို ဆုံးရှုံးစေခဲ့တာလဲ? သူ့အတွက် ဒီလိုကိစ္စမျိုးကို ပြုလုပ်စေခဲ့အောင် ဖုန်းရှဲ့ကို ဘ
်သူကများ ကြီးမားတဲ့ အမုန်းတွေ ရှိနေရတာလဲ?
"ကိုယ် ခန့်မှန်းတာ မမှားဘူးဆိုရင် အဲ့ဒီလူက ကိုယ့်ရဲ့ ချစ်လှစွာသော ဦးလေး ဝမ်ရမ်လဲ့ပဲ!"
"ဘာပြောလိုက်တယ်?!"
မုရုံချီချီသည် လုံးဝကြက်သေသေသွားသည်။ ဖုန်းချန်ကိုယ်တိုင် ပြောတာသာ မဟုတ်ဘူးဆိုရင် ဘယ်ဟာမှ သူမ ယုံနိုင်စရာ မရှိပေ။ သို့ပေမယ့် ဒီအဖြေက အရမ်းကို ထိတ်လန့်စရာကောင်းလှသည်။
ပေကျိုးသာ အဲ့ဒီယန်တန်းတောင် တိုက်ပွဲမှာ အနိုင်ရရှိခဲ့ပါက ပေကျိုးသည် ရှီးချီကို တိုက်ရိုက်ချေမှုန်းနိုင်ပြီး ရှီးချီသည် ရာဇဝင်တခုအနေဖြင့်သာ ကျန်ရစ်ခဲ့ပေလိမ့်မည်။ ဝမ်ရမ်လဲ့သည်လည်း ဒီပိုင်နက်တွင် အမြင့်မြတ်ဆုံးသူ ဖြစ်လာလ်မ့်မည်။ ကြီးမားသည့် တောင်တွေ၊ မြစ်တွေသည် ပေကျိုးအပိုင် ဖြစ်လာလိမ့်မည်။ ဖုန်းချန်ပြောတာသာ အမှန်ဖြစ်မယ်ဆိုရင် ဝမ်ရမ်လဲ့က ဘာကြောင့်ဒီလိုလုပ်ရတာလဲ? သူ ဒီလို လုပ်လိုက်တာက ပင်လယ်လေးခုကို ပေါင်းစည်းချင်တဲ့ သူ့ရဲ့ ရည်ရွယ်ချက်ကို ရိုက်ချိုးလိုက်တာနဲ့ မတူဘူးလား?
"အကြောင်းပြချက်က ဘာလဲ? ဘာကြောင့် သူက ဒီလိုလုပ်ရတာလဲ?"
မုရုံချီချီသည် စောစောက ထိတ်လန့်မှုမှ တည်ငြိမ်မှုကို ပြန်လည်ရရှိလိုက်သည်။ သူမ ဖုန်းချန်ကို ယုံသည်။ သို့သော် ဒီကိစ္စ၏ နောက်ကွယ်က အကြောင်းပြချက်က ဘာလဲ? ဘယ်လိုအကြောင်းပြချက်မျိုးက ဝမ်ရမ်လဲ့အား သူ့ရဲ့ ရည်ရွယ်ချက်ကို စွန့်လွှတ်စေပြီး သူ့လက်မောင်းတဖက်ကို သူကိုယ်တိုင် ဖျက်စီးစေတာလဲ? (ဖုန်းရှဲ့ကို သူ့လက်မောင်းတဖက်ဟု တင်စားထားခြင်း) ဖုန်းရှဲ့က သူ၏ ငယ်သူငယ်ချင်း ဖြစ်၏။ သူတို့နှစ်ယောက်သည် အတူတကွ ကြီးပြင်းလာပြီး သူတို့ဆက်ဆံရေးမှာ သံကဲ့သို့ပင် ဖြတ်တောက်မရနိုင်ပေ။ ထို့အပြင် ဖုန်းရှဲ့သည် သူ့၏ ယောက်ဖတော် ဖြစ်ပြီး ပေကျိုးစစ်တပ်၏ ဝိညာဉ်လည်း ဖြစ်သည်။ ဘာကြောင့် ဝမ်ရမ်လဲ့က ဖုန်းရှဲ့အား ဖျက်စီးချင်ပါသနည်း?
"ကိုယ့်ရဲ့ ရောဂါသာ မင်္ဂလာဦးညတိုင်း ထဖောက်ခဲ့တာသာ မဟုတ်ရင်၊ အပြစ်မရှိတဲ့ အဲ့ဒီမိန်းမတွေသာ အချိန်မှန် သေဆုံးခဲ့ပြီး ကိုယ်သာ သက်သေအထောက်အထားတချို့ ရှာတွေ့ခဲ့တာသာ မဟုတ်ခဲ့ရင် ကိုယ် ဝမ်ရမ်လဲ့ကို သံသယရှိမိမှာ မဟုတ်ဘူး။ ကိုယ်လည်း ဘာကြောင့် သူ ဒီလို လုပ်ခဲ့တယ်ဆိုတာကို သိချင်နေတယ်။ ကိုယ့်အမေက သူ့အချစ်ဆုံးညီမရင်း၊ ကိုယ့်အဖေက သူ့ရဲ့ သူငယ်ချင်းကောင်း...။ ဘယ်အရာကများ သူ့ကို ဒီလိုရက်စက်တဲ့လက်ကို အသုံးပြုစေခဲ့တာလဲ? အခုထိ အဲ့ဒီနောက်ကွယ်က လျှို့ဝှက်ချက်ကို ကိုယ် ရှာမတွေ့သေးဘူး"
ဖုန်းရှဲ့၊ ဝမ်ရမ်မင်ယွဲ့နှင့် မမွေးဖွားရသေးသော ကလေးလေးတို့၏ အလွန်ကြေကွဲဖွယ်ကောင်းသော သေဆုံးခြင်းကို တွေးမိရုံဖြင့် ဖုန်းချန်သည် လက်သီးကို တင်းတင်းဆုပ်ထားမိသည်။ သူသည် ဝမ်ရမ်လဲ့အား ဖမ်းချုပ်ပြီး အဖြေကို သိအောင် ညှင်းပန်းနှိပ်စက်နိုင်ပါစေဟု ဆန္ဒပြုမိသည်။
"ဒါဆို မုရုံထိုက်ကိုရော မစုံစမ်းဘူးလား? ဒါ တကယ်လို့သာ ဝမ်ရမ်လဲ့က စစ်တပ်သတင်းကို ရောင်းစားတဲ့သူဆို မုရုံထိုက်လည်း သိသင့်လောက်တယ်။ ဒါ့အပြင် ဒီကိစ္စကလည်း မုရုံထိုက် လုပ်ခဲ့တာလေ"
"ကိုယ် တခုမှ ရှာမတွေ့ခဲ့ဘူး! မုရုံဖူမှာ နလန်ရှင်း မင်းကို သင်ပေးရတုန်းကလည်း သူ အခွင့်ကောင်းယူပြီး မုရုံဖူတခုလုံးကို ရှာတာ။ သူ မုရုံထိုက်ရဲ့ မြေအောက်ခန်းကိုတောင် သွားခဲ့တယ်။ ဒါပေမယ့် ဘာမှ ရှာမတွေ့ခဲ့ဘူး။ သဲလွန်စအားလုံးကို တခါမှ မဖြစ်ပျက်ဖူးသလို ဖျက်စီးထားကြတယ်။ မုရုံထိုက်က ဓားတလက်သာ ဖြစ်ပြီး ဓားလက်ကိုင် တခြားသူလက်ထဲမှာပဲ ရှိနေသေးတာလည်း ဖြစ်နိုင်တယ်"
"ဝမ်ရယ်... "
သူမ ရှေ့က လူအတွက် နှလုံးသားနာကျင်ကိုက်ခဲမှုကို မုရုံချီချီ ခံစားလိုက်ရသည်။ ထွက်ပေါ်လာသည့် အမှန်တရားသည် အလွန်ရက်စက်လွန်းသည်။ အပြင်လူများ အမြင်တွင် ဖုန်းချန်သည် မြင့်မားသော အနေအထားတွင် ရှိသည်၊ ချမ်းသာကြွယ်ဝကာ ဂုဏ်ကျက်သရေရှိပြီး အလွန်ထင်ရှားလေသည်။ သို့သော် သူ့နောက်ကွယ်တွင် ဒီလိုရှိနေတယ်ဆိုတာကိုတော့ ဘယ်သူက သိမှာလဲ?
သူက မုရုံချီချီစိတ်ကို ဖတ်မိသည့်အလား သူမကို တဖန် သူ့ရင်ခွင်ထဲသို့ ဆွဲယူလိုက်သည်။ သူ့ခေါင်းကို မုရုံချီချီလည်ပင်းကြားတွင် မြုှပ်နှံထားလိုက်သည်။
"ချင်းချင်း... အစကတော့ ဒါတွေအားလုံးက ကိုယ့်ပြသနာတွေပါပဲ! ဒီဝဲဂယက်ထဲကို မင်းကိုပါ ဆွဲသွင်းခဲ့မိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ မင်းက အရမ်းလှတယ် ကိုယ် မင်းကို သွားခွင့်မပေးနိုင်ဘူး! ဒီကိစ္စတွေအားလုံးကို ကိုယ်ချုပ်ကိုင်နိုင်တဲ့အခါကျ မင်းက တခြားတယောက်ရဲ့ ဇနီး ဖြစ်နေမှာကို ကိုယ်ကြောက်မိတယ်။ ကိုယ့်ရဲ့ ပိုင်ဆိုင်လိုစိတ်နဲ့ဆို မင်းကို ပြန်ရနိုင်ဖို့ နည်းလမ်းအားလုံးကို ကိုယ် သုံးမိလိမ့်မယ်!" (သာမာန်ရုပ်ရည်လောက် ရုပ်ဖျက်ထားတဲ့ ရုပ်ကိုတောင် အရမ်းလှတယ်ထင်နေတဲ့ အကိုကြီးရယ်ပါ)
မုရုံချီချီက သူမလက်ကို ထုတ်လိုက်ကာ ဖုန်းချန်အား ဖက်ထားလိုက်သည်။ ဒီလူကတော့... သူမ ဘာပြောသင့်တယ်ဆိုတာတောင် သူမ မသိတော့ပေ။
"ဝမ်ရယ်... ရှင်နဲ့ ကျွန်မက ခုဆို ခင်ပွန်းနဲ့ ဇနီး ဖြစ်နေပြီလေ။ ယောကျ်ားမှာ အခက်အခဲတွေ ရှိနေရင် မိန်းမတယောက်အနေနဲ့ ကျွန်မက ရှင့်ဘေးမှာ ရှိနေသင့်ပြီး ရှင့်ပြသနာတွေကို ကူညီဖြေရှင်းပေးသင့်တာပေါ့! ဝမ်ရယ်က ကျွန်မအတွက် ဒီကမ္ဘာပေါ်မှာ အရေးအကြီးဆုံးသူပဲ! အခု ရှင် ဒီလိုပြောနေတာက ကျွန်မတို့ခံစားချက်တွေကို ရှင်က ခွဲခြားထားချင်လို့လား?"
"ချင်းချင်း..."
မုရုံချီချီစကားအား ဖုန်းချန်အသံအား အနည်းငယ်တုန်ရီသွားစေသည်။
"တခါတလေကျ ကိုယ်က တကိုယ်ကောင်းဆန်တယ်လို့ ခံစားမိတယ်။ ကိုယ် မင်းကို မျက်စိကျတဲ့ အချိန်ကစပြီး မင်းကို လက်ဝါးကြီးအုပ်ပြီး မင်းကို ကိုယ့်တယောက်တည်းပိုင် ဖြစ်စေချင်ခဲ့တယ်။ ပြီးတော့ ဒီကမ္ဘာပေါ်မှာ ကိုယ့်အာရုံကို ဖမ်းစားနိုင်ပြီး အဲ့ဒါကို နှစ်သက်လာစေတဲ့အရာမျိုး နည်းနည်းလောက်ပဲ ရှိတယ်။ ဒါ့ပေမယ့်... ကိုယ့်ကမ္ဘာကြီးက အရမ်းကို ရှုပ်ထွေးတယ်။ အဲ့ဒီအရာတွေကို မင်းကိုပါ ရင်ဆိုင်ခိုင်းစေမိတဲ့ ကိုယ်ဟာ တကယ်ကို တကိုယ်ကောင်းဆန်တယ်"
မုရုံချီချီအား ဖုန်းချန်မျက်လုံးမျာမှ စိတ်အားငယ်မှု အရိပ်အယောင်များ ဘာကြောင့် ပြသနေရသည် ဖုန်းချန်၏ စကားများမှ နောက်ဆုံးတော့ သူမ သဘောပေါက်လာသည်။ သူက သွေးကြွေးကို သယ်ဆောင်ထားရလို့ပေါ! ဒါ့ကြောင့် သူက မပျော်နိုင်နေတာပေါ့!
"ဝမ်ရယ်..."
မုရုံချီချီက ဖုန်းချန်လက်ကို ကိုင်လိုက်ပြီး သူ့အား ခိုင်မြဲစွာ ကြည့်လိုက်သည်။
"ဝမ်ရယ် ဘယ်အချိန် ဘယ်နေရာပဲ ဖြစ်ဖြစ် ဘာတွေပဲ ဖြစ်နေပါစေ ဓားတောင်ကို ကျော်ပြီး မီးပင်လယ်ကို ဖြတ်ရမယ်ဆိုရင်တောင် ကျွန်မ ရှင့်ကို အဖော်ပြုပေးမယ်! ရှင့်ဘေးနားမှာ ရှိနေရတာနဲ့တင် ကျွန်မ ကျေနပ်ဝမ်းမြောက်မိပါတယ်။ ဒါက ကျွန်မရဲ့ စိတ်စေတနာပဲ"
"ကျွန်မတို့ မသေဆုံးတော့မယ့်အချစ်တွေကို ကတိသစ္စာပြုပြီးကြပြီ! မဟာစစ်သူကြီးက ကျွန်မအဖေပဲ! မင်းသမီးမင်ယွဲ့က ကျွန်မအမေပဲ! မိဘတွေအတွက် လက်စားချေရခြင်းက ကောင်းကင်ထက်တောင် ကြီးတယ်! ကျွန်မတို့ ဒါကို လက်စားချေရမယ်! ကျွန်မတို့ သူတို့ကို အမုန်းတရားနဲ့အတူ သေခိုင်းရမယ်!"
မုရုံချီချီက ထိုစကားများကို လက်သည်းလှီးသလို၊ သံဖြတ်သလို ပြောလိုက်ကာ သူမအသံသည် အလွန်သူရဲကောင်းဆန်နေသည်။ ဖုန်းချန်က လရောင်အောက်မှာ သီချင်းဆိုနေသော မြင့်မြတ်ပြီး မာနကြီးသည့် မိန်းကလေးတယောက်ကို မြင်ယောင်လိုက်ရသလိုပင်။ သူ တစုံတရာ ပြောမလိုအချိန်တွင် တံခါးပေါက်အပြင်ဘက်မှ အသံတသံကို ကြားလိုက်ရသည်။
***လက်သည်းလှီးသလို၊ သံဖြတ်သလို - ရည်ရွယ်ချက်ခိုင်မာပြီး ဆုံးဖြတ်ချက်ပြတ်သား***
"ဘယ်သူလဲ?"
ဖုန်းချန်နှင့် မုရုံချီချီသည် တချိန်တည်းမှာပဲ လှုပ်ရှားလိုက်သည်။ နှစ်ယောက်သား တံခါးပေါက်ကို ကန်လိုက်သည်။ နံရံပေါ်တွင် လူတယောက်ရပ်နေတာကို သူတို့ တွေ့လိုက်ရသည်။ ထိုလူသည် အရုပ်မျက်နှာဖုံးကို တပ်ဆင်ထားသည်။ မုရုံချီချီက အံ့အားသင့်လျက်
"သူပဲ! ဝမ်ရယ်... ဟိုညက ရေပူစမ်းမှာ တွေ့ခဲ့တဲ့သူက သူပဲ!"
လှုပ်ရှားမှုများသည် အပြောထက် မြန်သည်။ အဖြူရောင်ပုံရိပ်သည် အနက်ရောင်အရိပ်နောက်ကို လိုက်သွားသည်။ ဖုန်းချန်က အနက်ရောင်ဝတ်စုံနှင့်လူနားသို့ ရောက်ရှိနေလေပြီ။ တခဏအတွင်း နှစ်ယောက်သား အကြည့်ပေါင်းများစွာ ဖလှယ်မိကြသည်။
"မကောင်းတော့ဘူး! သူ ထွက်ပြေးချင်နေတယ်!"
မုရုံချီချီကပါ ခုန်တက်လိုက်ပြီး ကူညီသော လက်တစုံကမ်းလင့်ချင်သော်လည်း မထင်မှတ်ထားစွာ တဖက်လူက မီးခိုးငွေ့ထွက်စေသော တစုံတရာကို ပစ်လွှတ်လိုက်သည်။ မီးခိုးငွေ့များ လျော့ပါးသွားသောအခါ တဖက်လူက မရှိတော့ပေ။