Sewing Machine's Love Story (...

By LuuLuu252

125K 20.1K 824

Author : Jing Shui Bian EN translator: Rinisnotgold Chapters: 24 Chapters All Credit to Original Author and... More

Story Description
Chap 1 (Part 1)
Chap 1(Part 2)
Chap 2
Chap 3
Chap 4
Chap 5
Chap 6
Chap 7
Chap 8
Chap 9
Chap 10
Chap 11
Chap 12
Chap 13
Chap 14
Chap 15
Chap 16
Chap 17
Chap 19
Chap 20
Chap 21
Chap 22
Chap 23 (Part 1)
Chap 23 (Part 2)
Chap 24 (Part 1)
Chap 24 (Final Part)
Recommend Please!!

Chap 18

3.3K 659 15
By LuuLuu252

Zaw

တစ္လက္မလၽွင္ တရုတ္ယြမ္ 1200 တန္ဖိုးရွိ 5A အမဲသားဟင္းလ်ာ သည္ ငရုပ္ေကာင္းႏွင့္ဆား အနည္းငယ္ ျဖဴးထားသည္။ လတ္ဆတ္သည့္ တူနာငါးအသားလႊာ၏ ပန္းႏုေရာင္ အသားလႊာသည္ ပါးစပ္ထဲမွာပင္ ခ်က္ခ်င္း ေပ်ာ္က်သြားႏိုင္သည့္ ခ်ဳိၿမိန္သည့္အရသာအျပည့္ျဖင့္။ တန္ပူရာစတိုင္ေၾကာ္ထားေသာ ဆာကူရာပုဇြန္ေၾကာ္ႏွင့္ က်န္ရွိသည့္ပုဇြန္ေခါင္းျဖင့္ ခ်က္ျပဳတ္ထားသည့္ စြပ္ျပဳတ္တစ္ခြက္။
အနက္ေရာင္ caviar* အုပ္ထားေသာ ၾကက္ဥေပါင္းဟင္းလ်ာ သည္ကား အေငြ႕တေထာင္းေထာင္းထလၽွက္ စြဲမက္ဖြယ္အရသာႏွင့္ ပူပူေလာင္ေလာင္ပင္။

ရႊီႏ်န္က မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္ေနသည့္ ခ်န္းခ်န္ကို ၾကည့္လိုက္သည္။

သူ၏ခ်စ္လွစြာေသာေဘာ့စ္သည္ ညႇိႏွိုင္းစည္းေဝးပြဲႀကီးမ်ားတတ္လ်င္ပင္ ဤသို႔ ဝတ္စုံျပည့္ တခမ္းတနားႀကီး ဝတ္စားျခင္း မရွိခဲ့ေပ။

ၾကက္ေသြးနီေရာင္ဝတ္စုံ ၊ အလြန္ေတာက္ပေျပာင္လက္ေနသည္အထိ တိုက္ခြ်တ္ထားသည့္ သားေရဖိနပ္၊ ဖေယာင္းကဲ့သို႔ ေတာက္ပ ေခ်ာေမြ႕ေနသည့္ ထိုလူႀကီး၏ ဆံပင္။

ပထမတြင္ သူထင္ထားခဲ့သည္က ခ်န္းခ်န္တစ္ေယာက္ ဤမွ်ေစ်းႀကီးသည့္ ဟင္းလ်ာမ်ား စားေသာက္ၿပီးလၽွင္ စိတ္ေက်နပ္ေပလိမ့္မည္ဟု။ သို႔ေသာ္လည္း အစားအေသာက္မ်ား တစ္ခုၿပီး တစ္ခု ျမည္းစမ္းၿပီးေနာက္တြင္ ေဘာ့စ္၏ အမူအရာမွာ ပို၍ ပို၍ပင္ ရုပ္ဆိုးလာေလသည္။ ေနာက္ဆုံး အခ်ိဳပြဲမ်ားသုံးေဆာင္ၿပီးခ်ိန္တြင္ေတာ့ သူ႔အမူအရာမွာ ေဒါသထြက္ေနလ်က္ တခ်ိန္တည္းပင္  သနားစဖြယ္*လည္း ေကာင္းလွသည္ဟု ေျပာႏိုင္ေလသည္။

"လက္ေဆာင္က ဘယ္မွာလဲ?"

ခ်န္းခ်န္က ေမးလာသည္။ အမူအရာတို႔ကေတာ့ မဲေမွာင္လ်က္။

ရႊီႏ်န္ : "......."

ခ်န္းခ်န္က သူ႔ေရွ႕တြင္ ရွိေနသည့္ ကိတ္ကို ညႊန္ျပကာ

"မင္း ႀကိဳတင္ျပင္ဆင္ထားတဲ့ supurise gift ကို ကိတ္ထဲမွာထည့္ထားၿပီး ဆြဲထုတ္ျပရမွာ မဟုတ္ဘူးလား?"

"......... အဲ့ဒီကိတ္အေပၚမွာေရာ မီးပန္းေလးေတြပါ ရွိေနေစခ်င္ေသးလား?"

ရႊီႏ်န္က ေမးလိုက္သည္။

ခ်န္းခ်န္က ထိုကိစၥႏွင္ ပတ္သတ္၍ စဥ္းစားလိုက္ၿပီးေနာက္ အမွန္တကယ္ပင္ ေလးနက္စြာျဖင့္ ျပန္ေျဖ၏။

"အဲလိုဆိုရင္ေတာ့ အေကာင္းဆုံးေပါ့"

ရႊီႏ်န္ : "......."

က်သင့္ေငြ ရွင္းရမည့္အခ်ိန္ေရာက္သည့္အခါတြင္ ရႊီႏ်န္၏ ႏွလုံးသားတြင္ ေသြးတစက္စက္ က်ေနေလၿပီျဖစ္သည္။
သူက က်သင့္ေငြစာရင္းအား အႀကိမ္ႀကိမ္အထပ္ထပ္ စစ္ေဆး အတည္ျပဳၿပီးေနာက္ ပိုက္ဆံမ်ားကမ္းေပးလိုက္သည့္အခ်ိန္တြင္ နက္ရႈိင္းသည့္ ခါးသီးမႈမ်ားျဖင့္ သက္ျပင္းခ်လိုက္မိေလသည္။

သူသည္ ခ်န္းခ်န္ႏွင့္ အေၾကာင္းအရာမ်ားအား  ေဆြးေႏြးဖို႔ရန္ အခြင့္အေရးတစ္ခုေလာက္ ရွာသင့္ၿပီျဖစ္ေၾကာင္း ေတြးလိုက္မိသည္။ ဥပမာအားျဖင့္ တစ္ပတ္တာ၏ အဂၤါ ၊ ၾကာသပေတး ႏွင့္ စေနေန႔မ်ား၌ သူက ခ်န္းခ်န္ကို လိုက္ကာ ပိုးပန္း မည္ျဖစ္ၿပီး၊ က်န္သည့္ တနလာၤ ၊ ဗုဒၶဟူး၊ ေသာၾကာ ႏွင့္ တနဂၤေႏြေန႔ မ်ားတြင္ေတာ့ ခ်န္းခ်န္က သူ႔အား လိုက္သင့္သည္ဟူ၍။
ရႊီႏ်န္တြင္ ျမင့္မားေသာ ေတာင္းဆိုခ်က္မ်ား မရွိေပ၊ သူ၏ ခ်ိန္းေတြ႕ျခင္းစရိတ္စကမ်ား ျပန္၍ ေထမိကာမိလၽွင္ ေက်နပ္ျပီျဖစ္သည္။

ေဘာ့စ္သည္ ပိုးပန္းရာတြင္ အစားအေသာက္ တစ္နပ္တည္းသည္ကား လုံေလာက္မႈ မရွိေသးဘဲ ညစာစားၿပီးေနာက္တြင္ တျခားေသာ အစီစဥ္မ်ား ရွိေနေသးသင့္သည္ဟု ေတြးပုံရသည္။

ရႊီႏ်န္သည္ ထိုသည္အား ဆက္၍ လက္မခံႏိုင္ေတာ့ေခ်။ သူ ပိုက္ဆံကို ေခၽြတာခ်င္သည္ေလ။

"ကၽြန္ေတာ္တို႔ လမ္းေလွ်ာက္ထြက္ၾကမလား?"

ခ်န္းခ်န္က လက္ေလ်ာ့ခ်င္စိတ္မရွိေသးေပ။

"လမ္းေလၽွာက္ရုံပဲလား?"

"ခင္ဗ်ားသိလား၊ ကၽြန္ေတာ္အရမ္းႀကိဳက္တဲ့ သီခ်င္းတစ္ပုဒ္ရွိတယ္။ အဲဒီထဲက စာသားတစ္ခုက ဘယ္လိုမ်ိဳးလဲဆိုတာ သိခ်င္လား?:

"ဘယ္လိုမ်ိဳးလဲ?"

ခ်န္းခ်န္ကေမးလိုက္သည္။

ရႊီႏ်န္က အသံနိမ့္ျမင့္မမွန္စြာျဖင့္ ဆိုျပလိုက္သည္။

"အတိတ္က ငယ္ရြယ္ႏုပ်ိဳတဲ့ေန႔ရက္မ်ား၊
ကားေတြ ျမင္းေတြ နဲ႔ ပို႔စာေတြဟာ အရမ္းမျမန္ေပဘူး။
ဘဝတစ္သက္တာက တစ္ေယာက္တည္းကိုသာ ခ်စ္ဖို႔လုံေလာက္ေပတယ္"

ခ်န္းခ်န္သည္ အရမ္းကို သိသိသာသာပင္ စိတ္လႈပ္ရွားသြားေပမယ့္လည္း ထုံစံအတိုင္း အရာအားလုံး ဖုံးကြယ္ထားဖို႔ကိုသာ အသားက်ေနဆဲျဖစ္ေလသည္။ ကံမေကာင္းစြာပင္ စားပြဲေအာက္ရွိ သူ႔ေျခေထာက္ေတြကေတာ့ တုန္႔ျပန္မႈကို ခုခံႏိုင္စြမ္းမဲ့ေနခဲ့ေလသည္။

ရႊီႏ်န္သည္ ေဖ်ာ္ေျဖေရး အသိုင္းအဝိုင္းရွိ နာမည္ႀကီး ဆယ္လီမ်ားကို စိတ္ဝင္စားမႈမရွိသည့္ သူ၏ေဘာ့စ္အား အလြန္ပင္ေလးေလးနက္နက္ ေက်းဇူးတင္မိသည္။ မဟုတ္လၽွင္ လူတိုင္းက ထိုလူႀကီးအား ဤသို႔  တစ္ေခါက္မွ် သီခ်င္းဆိုျပခဲ့ပါက ထိုလူႀကီး ေျခေထာက္မ်ားသည္ ေသခ်ာေပါက္ အလြန္ျပင္းျပင္းထန္ထန္ လႈပ္လြန္း၍ က်ိဳးပင္ က်ိဳးသြားႏိုင္ေသးသည္။

အဆုံးတြင္ေတာ့ ခ်န္းခ်န္သည္ ရႊီႏ်န္ႏွင့္အတူ ေအးေအးလူလူ လမ္းေလၽွာက္ထြက္ေပးခဲ့ေလသည္။

B ၿမိဳ႕တြင္ လူလုပ္ေရကန္မ်ား အမ်ားအျပားရွိၿပီး အရမ္းႀကီး ေအးစိမ့္စိမ့္ျဖစ္မေနေသးသ၍ ကန္ေဘးတြင္ ေအးေအးသက္သာ လမ္းေလ်ာက္ျခင္းသည္ အေတာ္ေလး စိတ္ေက်နပ္ဖြယ္ေကာင္းသည့္ လုပ္ေဆာင္ခ်က္ပင္ျဖစ္သည္။

သို႔ေပမဲ့ ရႊီႏ်န္သည္ ယခုအခ်ိန္သည္ကား ဒီဇင္ဘာလပင္ ေရာက္ေတာ့မည္ျဖစ္သည္ကို ေမ့ေနခဲ့၏။

ခ်န္းခ်န္ ဝတ္ဆင္ထားသည့္ ၾကက္ေသြးနီေရာင္ဝတ္စုံသည္ သုံးထပ္ပါ အေနာက္တိုင္းဝတ္စုံျဖစ္သည္။ သူ႔ပုံစံက  ႏွစ္သစ္ကူးေတြ႕ဆုံႏႈတ္ဆက္ပြဲအၿပီး သူ႔ဇနီးျဖစ္သူအိမ္၏အိမ္မွ ျပန္လာေသာ  Dong Bei* မွ  အသစ္စက္စက္ သတို႔သားတစ္ေယာက္ ကဲ့သို႔ပင္ အျပင္ကုတ္ကို ယူမလာခဲ့ေပ။ သူသည္   ညနက္နက္၏အေမွာင္ထဲရွိ အေတာက္ပဆုံး တရုတ္အနီေရာင္* စုတ္ခ်က္ တစ္ခ်က္ကဲ့သို႔ ေလတိုက္ခတ္ေနသည့္ ေရကန္နံေဘးတြင္ ရပ္ေနခဲ့သည္။

ရႊီႏ်န္သည္ အေအးဒဏ္ေၾကာင့္ မထိန္းႏိုင္စြာပင္ တုန္ရီေနေတာ့သည္။ သူက တိုးတိုးေလး ေျပာလိုက္သည္။

"............ကၽြန္ေတာ္တို႔ ေကာ္ဖီဆိုင္တစ္ဆိုင္ေလာက္ ရွာၾကမလားဟင္?"

ခ်န္းခ်န္က ႏွာေခါင္း ရႈံ႕လိုက္ကာ၊
(t/n ဒီတစ္ခါ ႏွာေခါင္းရႈံ႕တာက ေအးလြန္းလို႔ပါ🤭)

"ငါမေအးဘူး"

ရႊီႏ်န္၏ ႏႈတ္ခမ္းမ်ား တြန္႔သြားကာ ေဘာ့စ္၏ ခံစားရသည့္အတိုင္း မေျပာတတ္သည့္ အက်င့္မွာ တဖန္ အသက္ဝင္လာျပန္တာကို သိလိုက္ၿပီျဖစ္သည္။

သူက အနီအနားကို လွည့္ပတ္ၾကည့္လိုက္ၿပီးေနာက္ မီးရႈးမီးပန္းမ်ားေရာင္းသည့္ ဆိုင္ခန္းငယ္ေလး တစ္ခုကို ေတြ႕သြားသည္။
သူကတစ္စုံတစ္ခုကို ေတြးမိပုံရၿပီး ဆိုင္ခန္းငယ္ေလးရွိရာဆီသို႔ အေျပးသြားလိုက္ကာ အေတာ္ေလးႀကီးမားလွသည့္ မီးရႈးမီးပန္းအစည္းလိုက္ႀကီးကို ဝယ္ခ်လာသည္။

"ခင္ဗ်ား ဒါေတြကို မီးညႇိခ်င္လား?"

ရႊီႏ်န္က သြားစြယ္ေလးႏွစ္ခုေပၚသည္အထိ ျပဳံးေနေလသည္။ သူကဒူးေကြးကာထိုင္ေနလ်က္မွ သူေဘာ့စ္အား ေမာ့ၾကည့္လိုက္သည္။

"ကၽြန္ေတာ္တို႔ ညေနစာစားေနတုန္းက ခင္ဗ်ားပဲ  ဒါကို ေတြ႕ခ်င္တယ္ဆို?"

ခ်န္းခ်န္က မ်က္ေမွာင္ၾကဳတ္လိုက္ကာ

"မဟုတ္တာ၊ ငါမေျပာခဲ့ပါဘူး"

ရႊီႏ်န္က ျပဳံးကာ ေျပာလိုက္သည္။

"ေကာင္းပါၿပီ ေကာင္းပါၿပီ၊ ခင္းဗ်ား မေျပာပါဘူး"

သူက မီးပန္းအေတာ္မ်ားမ်ားကို မီးညႇိလိုက္ၿပီးေနာက္ အနည္းငယ္ကိုေရြးလိုက္ကာ ခ်န္းခ်န္လက္ထဲသို႔ ထိုးထည့္ေပးလိုက္သည္။ ထို႔ေနာက္တြင္ေတာ့ တစ္ေယာက္က ထိုင္ကာ တစ္ေယာက္က ရပ္ေနလွ်က္ ႏွစ္ဦးစလုံးသည္ ကိုးရိုးကားရားႏုိင္စြာျဖင့္ မီးပြင့္မ်ားျဖာထြက္ေနသည့္ မီးပန္းမ်ားကို ကိုင္ထားခဲ့ၾကေလသည္။

ရႊီႏ်န္က သူ႔လက္ကို ေႏြးေထြးေစရန္ ေတာက္ပလင္းလက္ေနသည့္ အပူစက္ဝိုင္းအနီးသို႔ ကပ္ထားသည္မို႔ ေရႊေရာင္မီးသည္ သူ၏ ၾကည္လင္ေနသည့္ သြင္ျပင္အား ေလာင္ကၽြမ္းေတာ့မလိုပုံေပၚေနခဲ့သည္။

ခ်န္းခ်န္က သူ႔အား အေပၚမွ ငုံ႔ၾကည့္လိုက္ၿပီး ရုတ္တရတ္ေျပာလိုက္သည္။

"ငါ ဒီလို ကေလးဆန္တဲ့ ဟာေတြကို မႀကိဳက္ဘူး"

ရႊီႏ်န္သည္ သူကိုယ္တိုင္ပင္ ဟုတ္သားပဲ၊မွန္တာပဲ
ဟု ေတြးေနခဲ့ေပမဲ့ ေဖာ္ေဖာ္ေရြေရြပင္ ျပန္ေျဖေပးလိုက္သည္။

"ဒါေပါ့၊ ဒါေပါ့"

ခ်န္းခ်န္က ေအးစက္စြာျဖင့္ ေျပာသည္။

"ငါက လမ္းေလၽွာက္ရတာလည္း မႀကိဳက္ဘူး။ အဲဒါက ေသာက္ရမ္းေအးတယ္။"

ရႊီႏ်န္က ထိုလူႀကီးအား တစ္ခ်က္ၾကည့္လိုက္ကာ ျပဳံးလိုက္ၿပီး တိတ္တဆိတ္ ေတြးလိုက္မိသည္။
'ခင္ဗ်ား မႀကိဳက္ဘူးဆိုရင္ ေႏြးေႏြးေထြးေထြးရွိမယ့္တစ္ေနရာကို ဘာလို႔မသြားရတာလဲလို႔?'

ခ်န္းခ်န္သည္ ေနာက္ဆုံး စာေၾကာင္းကို ေျပာၿပီးေနာက္ သူ၏ပါးစပ္ကို ပိတ္လိုက္သည္။

ႏွစ္ေယာက္သားသည္ လက္ထဲတြင္ တလက္လက္ေတာက္ပျဖာလင္းေနသည့္ မီးပန္းမ်ား ကိုယ္စီဆက္၍ကိုင္ထားလ်က္။

ဘယ္ေလာက္ၾကာၿပီးခဲ့သည္မွန္း မသိဘဲ မီးပန္းမ်ားအားလုံးနီးပါး ကုန္သြားခဲ့ၿပီးေနာက္။

ခ်န္းခ်န္က ရုတ္တရတ္ေျပာလိုက္သည္။

"ငါ မင္းကိုလည္း လုံးဝ မႀကိဳက္ဘူး"

ရႊီႏ်န္ေရွ႕ရွိ မီးပန္းသည္ ေနာက္ဆုံးထိပ္ဖ်ားထိ ေတာက္ေလာက္ၿပီးေနၿပီျဖစ္သည္။ ၎သည္ ယခုထိ မၿငိမ္းခ်င္ေသးပုံျဖင့္ အဆုံးထိ ေတာက္ေလာင္ေနေစရန္ အစြမ္းအားလုံးျဖင့္ ရုန္းကန္ေနသကဲ့သို႔ မီးပြားအခ်ိဳ႕အား ျဖစ္ေပၚေနေစခဲ့လ်က္။

အေမွာင္ထုထဲရွိ ရႊီႏ်န္၏ ေခါင္းအေနာက္ဖက္သည္  ဆတ္ခနဲဆုပ္ကိုင္ကာ အားျဖင့္ ပင့္ေျမာက္ခံလိုက္ရၿပီး၊

ခ်န္းခ်န္၏ ႏႈတ္ခမ္းတို႔က သူ႔ႏႈတ္ခမ္းတို႔အား ဖိကပ္လိုက္ေလသည္။

သူ၏ အနမ္းတို႔မွာ သူ၏ ႏွလုံးခုန္သံမ်ား ကဲ့သို႔ပင္။

ရွင္းလင္းျပတ္သားလွစြာ။

ၿပီးေတာ့ တည္ၿငိမ္ ခိုင္ျမဲလွစြာျဖင့္။

T/N

5A beef

tuna filet

sakura shrimp tempura

black caviar အုပ္ထားတဲ့ ၾကက္ဥေပါင္း

မီးပန္းေလးေတြပါတဲ့ ကိတ္

တရုတ္ရဲ႕အနီေရာင္ပါ

ေဘာ့စ္ခ်န္း ဝတ္တာ ဒါမ်ိဳး သုံးထပ္ပါ ၾကက္ေသြးနီေရာင္ ဝတ္စုံပါ

သနားစဖြယ္ : မတရားခံေနရသလို မ်က္ႏွာမ်ိဳးျဖစ္ေနတာ ေဘာ့စ္ႀကီးက🤭🤭
 
Dong bei : တရုတ္ႏိုင္ငံေျမာက္ပိုင္း။

_________________

Uni

တစ်လက်မလျှင် တရုတ်ယွမ် 1200 တန်ဖိုးရှိ 5A အမဲသားဟင်းလျာ သည် ငရုပ်ကောင်းနှင့်ဆား အနည်းငယ် ဖြူးထားသည်။ လတ်ဆတ်သည့် တူနာငါးအသားလွှာ၏ ပန်းနုရောင် အသားလွှာသည် ပါးစပ်ထဲမှာပင် ချက်ချင်း ပျော်ကျသွားနိုင်သည့် ချိုမြိန်သည့်အရသာအပြည့်ဖြင့်။ တန်ပူရာစတိုင်ကြော်ထားသော ဆာကူရာပုဇွန်ကြော်နှင့် ကျန်ရှိသည့်ပုဇွန်ခေါင်းဖြင့် ချက်ပြုတ်ထားသည့် စွပ်ပြုတ်တစ်ခွက်။
အနက်ရောင် caviar* အုပ်ထားသော ကြက်ဥပေါင်းဟင်းလျာ သည်ကား အငွေ့တထောင်းထောင်းထလျှက် စွဲမက်ဖွယ်အရသာနှင့် ပူပူလောင်လောင်ပင်။

ရွှီနျန်က မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ချန်းချန်ကို ကြည့်လိုက်သည်။

သူ၏ချစ်လှစွာသောဘော့စ်သည် ညှိနှိုင်းစည်းဝေးပွဲကြီးများတတ်လျင်ပင် ဤသို့ ဝတ်စုံပြည့် တခမ်းတနားကြီး ဝတ်စားခြင်း မရှိခဲ့ပေ။

ကြက်သွေးနီရောင်ဝတ်စုံ ၊ အလွန်တောက်ပပြောင်လက်နေသည်အထိ တိုက်ချွတ်ထားသည့် သားရေဖိနပ်၊ ဖယောင်းကဲ့သို့ တောက်ပ ချောမွေ့နေသည့် ထိုလူကြီး၏ ဆံပင်။

ပထမတွင် သူထင်ထားခဲ့သည်က ချန်းချန်တစ်ယောက် ဤမျှစျေးကြီးသည့် ဟင်းလျာများ စားသောက်ပြီးလျှင် စိတ်ကျေနပ်ပေလိမ့်မည်ဟု။ သို့သော်လည်း အစားအသောက်များ တစ်ခုပြီး တစ်ခု မြည်းစမ်းပြီးနောက်တွင် ဘော့စ်၏ အမူအရာမှာ ပို၍ ပို၍ပင် ရုပ်ဆိုးလာလေသည်။ နောက်ဆုံး အချိုပွဲများသုံးဆောင်ပြီးချိန်တွင်တော့ သူ့အမူအရာမှာ ဒေါသထွက်နေလျက် တချိန်တည်းပင်  သနားစဖွယ်*လည်း ကောင်းလှသည်ဟု ပြောနိုင်လေသည်။

"လက်ဆောင်က ဘယ်မှာလဲ?"

ချန်းချန်က မေးလာသည်။ အမူအရာတို့ကတော့ မဲမှောင်လျက်။

ရွှီနျန် : "......."

ချန်းချန်က သူ့ရှေ့တွင် ရှိနေသည့် ကိတ်ကို ညွှန်ပြကာ

"မင်း ကြိုတင်ပြင်ဆင်ထားတဲ့ supurise gift ကို ကိတ်ထဲမှာထည့်ထားပြီး ဆွဲထုတ်ပြရမှာ မဟုတ်ဘူးလား?"

"......... အဲ့ဒီကိတ်အပေါ်မှာရော မီးပန်းလေးတွေပါ ရှိနေစေချင်သေးလား?"

ရွှီနျန်က မေးလိုက်သည်။

ချန်းချန်က ထိုကိစ္စနှင် ပတ်သတ်၍ စဉ်းစားလိုက်ပြီးနောက် အမှန်တကယ်ပင် လေးနက်စွာဖြင့် ပြန်ဖြေ၏။

"အဲလိုဆိုရင်တော့ အကောင်းဆုံးပေါ့"

ရွှီနျန် : "......."

ကျသင့်ငွေ ရှင်းရမည့်အချိန်ရောက်သည့်အခါတွင် ရွှီနျန်၏ နှလုံးသားတွင် သွေးတစက်စက် ကျနေလေပြီဖြစ်သည်။
သူက ကျသင့်ငွေစာရင်းအား အကြိမ်ကြိမ်အထပ်ထပ် စစ်ဆေး အတည်ပြုပြီးနောက် ပိုက်ဆံများကမ်းပေးလိုက်သည့်အချိန်တွင် နက်ရှိုင်းသည့် ခါးသီးမှုများဖြင့် သက်ပြင်းချလိုက်မိလေသည်။

သူသည် ချန်းချန်နှင့် အကြောင်းအရာများအား  ဆွေးနွေးဖို့ရန် အခွင့်အရေးတစ်ခုလောက် ရှာသင့်ပြီဖြစ်ကြောင်း တွေးလိုက်မိသည်။ ဥပမာအားဖြင့် တစ်ပတ်တာ၏ အင်္ဂါ ၊ ကြာသပတေး နှင့် စနေနေ့များ၌ သူက ချန်းချန်ကို လိုက်ကာ ပိုးပန်း မည်ဖြစ်ပြီး၊ ကျန်သည့် တနလာင်္ ၊ ဗုဒ္ဓဟူး၊ သောကြာ နှင့် တနင်္ဂနွေနေ့ များတွင်တော့ ချန်းချန်က သူ့အား လိုက်သင့်သည်ဟူ၍။
ရွှီနျန်တွင် မြင့်မားသော တောင်းဆိုချက်များ မရှိပေ၊ သူ၏ ချိန်းတွေ့ခြင်းစရိတ်စကများ ပြန်၍ ထေမိကာမိလျှင် ကျေနပ်ပြီဖြစ်သည်။

ဘော့စ်သည် ပိုးပန်းရာတွင် အစားအသောက် တစ်နပ်တည်းသည်ကား လုံလောက်မှု မရှိသေးဘဲ ညစာစားပြီးနောက်တွင် တခြားသော အစီစဉ်များ ရှိနေသေးသင့်သည်ဟု တွေးပုံရသည်။

ရွှီနျန်သည် ထိုသည်အား ဆက်၍ လက်မခံနိုင်တော့ချေ။ သူ ပိုက်ဆံကို ချွေတာချင်သည်လေ။

"ကျွန်တော်တို့ လမ်းလျှောက်ထွက်ကြမလား?"

ချန်းချန်က လက်လျော့ချင်စိတ်မရှိသေးပေ။

"လမ်းလျှောက်ရုံပဲလား?"

"ခင်ဗျားသိလား၊ ကျွန်တော်အရမ်းကြိုက်တဲ့ သီချင်းတစ်ပုဒ်ရှိတယ်။ အဲဒီထဲက စာသားတစ်ခုက ဘယ်လိုမျိုးလဲဆိုတာ သိချင်လား?:

"ဘယ်လိုမျိုးလဲ?"

ချန်းချန်ကမေးလိုက်သည်။

ရွှီနျန်က အသံနိမ့်မြင့်မမှန်စွာဖြင့် ဆိုပြလိုက်သည်။

"အတိတ်က ငယ်ရွယ်နုပျိုတဲ့နေ့ရက်များ၊
ကားတွေ မြင်းတွေ နဲ့ ပို့စာတွေဟာ အရမ်းမမြန်ပေဘူး။
ဘဝတစ်သက်တာက တစ်ယောက်တည်းကိုသာ ချစ်ဖို့လုံလောက်ပေတယ်"

ချန်းချန်သည် အရမ်းကို သိသိသာသာပင် စိတ်လှုပ်ရှားသွားပေမယ့်လည်း ထုံစံအတိုင်း အရာအားလုံး ဖုံးကွယ်ထားဖို့ကိုသာ အသားကျနေဆဲဖြစ်လေသည်။ ကံမကောင်းစွာပင် စားပွဲအောက်ရှိ သူ့ခြေထောက်တွေကတော့ တုန့်ပြန်မှုကို ခုခံနိုင်စွမ်းမဲ့နေခဲ့လေသည်။

ရွှီနျန်သည် ဖျော်ဖြေရေး အသိုင်းအဝိုင်းရှိ နာမည်ကြီး ဆယ်လီများကို စိတ်ဝင်စားမှုမရှိသည့် သူ၏ဘော့စ်အား အလွန်ပင်လေးလေးနက်နက် ကျေးဇူးတင်မိသည်။ မဟုတ်လျှင် လူတိုင်းက ထိုလူကြီးအား ဤသို့  တစ်ခေါက်မျှ သီချင်းဆိုပြခဲ့ပါက ထိုလူကြီး ခြေထောက်များသည် သေချာပေါက် အလွန်ပြင်းပြင်းထန်ထန် လှုပ်လွန်း၍ ကျိုးပင် ကျိုးသွားနိုင်သေးသည်။

အဆုံးတွင်တော့ ချန်းချန်သည် ရွှီနျန်နှင့်အတူ အေးအေးလူလူ လမ်းလျှောက်ထွက်ပေးခဲ့လေသည်။

B မြို့တွင် လူလုပ်ရေကန်များ အများအပြားရှိပြီး အရမ်းကြီး အေးစိမ့်စိမ့်ဖြစ်မနေသေးသ၍ ကန်ဘေးတွင် အေးအေးသက်သာ လမ်းလျောက်ခြင်းသည် အတော်လေး စိတ်ကျေနပ်ဖွယ်ကောင်းသည့် လုပ်ဆောင်ချက်ပင်ဖြစ်သည်။

သို့ပေမဲ့ ရွှီနျန်သည် ယခုအချိန်သည်ကား ဒီဇင်ဘာလပင် ရောက်တော့မည်ဖြစ်သည်ကို မေ့နေခဲ့၏။

ချန်းချန် ဝတ်ဆင်ထားသည့် ကြက်သွေးနီရောင်ဝတ်စုံသည် သုံးထပ်ပါ အနောက်တိုင်းဝတ်စုံဖြစ်သည်။ သူ့ပုံစံက  နှစ်သစ်ကူးတွေ့ဆုံနှုတ်ဆက်ပွဲအပြီး သူ့ဇနီးဖြစ်သူအိမ်၏အိမ်မှ ပြန်လာသော  Dong Bei* မှ  အသစ်စက်စက် သတို့သားတစ်ယောက် ကဲ့သို့ပင် အပြင်ကုတ်ကို ယူမလာခဲ့ပေ။ သူသည်   ညနက်နက်၏အမှောင်ထဲရှိ အတောက်ပဆုံး တရုတ်အနီရောင်* စုတ်ချက် တစ်ချက်ကဲ့သို့ လေတိုက်ခတ်နေသည့် ရေကန်နံဘေးတွင် ရပ်နေခဲ့သည်။

ရွှီနျန်သည် အအေးဒဏ်ကြောင့် မထိန်းနိုင်စွာပင် တုန်ရီနေတော့သည်။ သူက တိုးတိုးလေး ပြောလိုက်သည်။

"............ကျွန်တော်တို့ ကော်ဖီဆိုင်တစ်ဆိုင်လောက် ရှာကြမလားဟင်?"

ချန်းချန်က နှာခေါင်း ရှုံ့လိုက်ကာ၊
(t/n ဒီတစ်ခါ နှာခေါင်းရှုံ့တာက အေးလွန်းလို့ပါ🤭)

"ငါမအေးဘူး"

ရွှီနျန်၏ နှုတ်ခမ်းများ တွန့်သွားကာ ဘော့စ်၏ ခံစားရသည့်အတိုင်း မပြောတတ်သည့် အကျင့်မှာ တဖန် အသက်ဝင်လာပြန်တာကို သိလိုက်ပြီဖြစ်သည်။

သူက အနီအနားကို လှည့်ပတ်ကြည့်လိုက်ပြီးနောက် မီးရှုးမီးပန်းများရောင်းသည့် ဆိုင်ခန်းငယ်လေး တစ်ခုကို တွေ့သွားသည်။
သူကတစ်စုံတစ်ခုကို တွေးမိပုံရပြီး ဆိုင်ခန်းငယ်လေးရှိရာဆီသို့ အပြေးသွားလိုက်ကာ အတော်လေးကြီးမားလှသည့် မီးရှုးမီးပန်းအစည်းလိုက်ကြီးကို ဝယ်ချလာသည်။

"ခင်ဗျား ဒါတွေကို မီးညှိချင်လား?"

ရွှီနျန်က သွားစွယ်လေးနှစ်ခုပေါ်သည်အထိ ပြုံးနေလေသည်။ သူကဒူးကွေးကာထိုင်နေလျက်မှ သူဘော့စ်အား မော့ကြည့်လိုက်သည်။

"ကျွန်တော်တို့ ညနေစာစားနေတုန်းက ခင်ဗျားပဲ  ဒါကို တွေ့ချင်တယ်ဆို?"

ချန်းချန်က မျက်မှောင်ကြုတ်လိုက်ကာ

"မဟုတ်တာ၊ ငါမပြောခဲ့ပါဘူး"

ရွှီနျန်က ပြုံးကာ ပြောလိုက်သည်။

"ကောင်းပါပြီ ကောင်းပါပြီ၊ ခင်းဗျား မပြောပါဘူး"

သူက မီးပန်းအတော်များများကို မီးညှိလိုက်ပြီးနောက် အနည်းငယ်ကိုရွေးလိုက်ကာ ချန်းချန်လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ ထို့နောက်တွင်တော့ တစ်ယောက်က ထိုင်ကာ တစ်ယောက်က ရပ်နေလျှက် နှစ်ဦးစလုံးသည် ကိုးရိုးကားရားနိုင်စွာဖြင့် မီးပွင့်များဖြာထွက်နေသည့် မီးပန်းများကို ကိုင်ထားခဲ့ကြလေသည်။

ရွှီနျန်က သူ့လက်ကို နွေးထွေးစေရန် တောက်ပလင်းလက်နေသည့် အပူစက်ဝိုင်းအနီးသို့ ကပ်ထားသည်မို့ ရွှေရောင်မီးသည် သူ၏ ကြည်လင်နေသည့် သွင်ပြင်အား လောင်ကျွမ်းတော့မလိုပုံပေါ်နေခဲ့သည်။

ချန်းချန်က သူ့အား အပေါ်မှ ငုံ့ကြည့်လိုက်ပြီး ရုတ်တရတ်ပြောလိုက်သည်။

"ငါ ဒီလို ကလေးဆန်တဲ့ ဟာတွေကို မကြိုက်ဘူး"

ရွှီနျန်သည် သူကိုယ်တိုင်ပင် ဟုတ်သားပဲ၊မှန်တာပဲ
ဟု တွေးနေခဲ့ပေမဲ့ ဖော်ဖော်ရွေရွေပင် ပြန်ဖြေပေးလိုက်သည်။

"ဒါပေါ့၊ ဒါပေါ့"

ချန်းချန်က အေးစက်စွာဖြင့် ပြောသည်။

"ငါက လမ်းလျှောက်ရတာလည်း မကြိုက်ဘူး။ အဲဒါက သောက်ရမ်းအေးတယ်။"

ရွှီနျန်က ထိုလူကြီးအား တစ်ချက်ကြည့်လိုက်ကာ ပြုံးလိုက်ပြီး တိတ်တဆိတ် တွေးလိုက်မိသည်။
'ခင်ဗျား မကြိုက်ဘူးဆိုရင် နွေးနွေးထွေးထွေးရှိမယ့်တစ်နေရာကို ဘာလို့မသွားရတာလဲလို့?'

ချန်းချန်သည် နောက်ဆုံး စာကြောင်းကို ပြောပြီးနောက် သူ၏ပါးစပ်ကို ပိတ်လိုက်သည်။

နှစ်ယောက်သားသည် လက်ထဲတွင် တလက်လက်တောက်ပဖြာလင်းနေသည့် မီးပန်းများ ကိုယ်စီဆက်၍ကိုင်ထားလျက်။

ဘယ်လောက်ကြာပြီးခဲ့သည်မှန်း မသိဘဲ မီးပန်းများအားလုံးနီးပါး ကုန်သွားခဲ့ပြီးနောက်။

ချန်းချန်က ရုတ်တရတ်ပြောလိုက်သည်။

"ငါ မင်းကိုလည်း လုံးဝ မကြိုက်ဘူး"

ရွှီနျန်ရှေ့ရှိ မီးပန်းသည် နောက်ဆုံးထိပ်ဖျားထိ တောက်လောက်ပြီးန
ပြီဖြစ်သည်။ ၎င်းသည် ယခုထိ မငြိမ်းချင်သေးပုံဖြင့် အဆုံးထိ တောက်လောင်နေစေရန် အစွမ်းအားလုံးဖြင့် ရုန်းကန်နေသကဲ့သို့ မီးပွားအချို့အား ဖြစ်ပေါ်နေစေခဲ့လျက်။

အမှောင်ထုထဲရှိ ရွှီနျန်၏ ခေါင်းအနောက်ဖက်သည်  ဆတ်ခနဲဆုပ်ကိုင်ကာ အားဖြင့် ပင့်မြောက်ခံလိုက်ရပြီး၊

ချန်းချန်၏ နှုတ်ခမ်းတို့က သူ့နှုတ်ခမ်းတို့အား ဖိကပ်လိုက်လေသည်။

သူ၏ အနမ်းတို့မှာ သူ၏ နှလုံးခုန်သံများ ကဲ့သို့ပင်။

ရှင်းလင်းပြတ်သားလှစွာ။

ပြီးတော့ တည်ငြိမ် ခိုင်မြဲလှစွာဖြင့်။

T/N

သနားစဖွယ် : မတရားခံနေရသလိုမျက်နှာမျိုးဖြစ်နေတာ ဘော့စ်ကြီးက🤭🤭
 
Dong bei : တရုတ်နိုင်ငံမြောက်ပိုင်း။

Continue Reading

You'll Also Like

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...
2M 112K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
22.4K 797 19
I'm bad at description T^T This is an au, where Shinichiro is alive! Kazutora musician au! How will Toman react when they find out that a certain so...