(Unicode)
နန်းတော်ဆီသို့ သွားသည့် မြေပုံက မှန်မျက်နှာပြင်ပေါ်တွင် တဖြည်းဖြည်းချင်း ပေါ်လာခဲ့ပြီးနောက်၊ နောက်ခံဇာတ်ကြောင်းပြောသူက အချိန်ကိုက်ပင် ရှင်းပြလာလေသည်:
"ဘုရင်မဟာ မှန်ရဲ့တည်ရှိမှုကို သူ့ရဲ့ မှော်စွမ်းအားတွေကနေတစ်ဆင့် သိသွားခဲ့တယ်။ မှန်ရှာတွေ့တဲ့ လူရဲ့ လက်ထဲမှာ မှန်ရှိသေးသည်ဖြစ်စေ မရှိတော့သည်ဖြစ်စေ၊ သူ့ရဲ့ အမိန့်အာဏာကို ဖီဆန်တဲ့ ဘယ်သူ့ကို မဆို သတ်ပစ်မှာဖြစ်တယ်"
"နောက်ခံဇာတ်ကြောင်းပြောသူက ငါမင်းကို ထပ်လွှင့်ပစ်လိုက်ပြီး ဇာတ်ကြောင်းဆက်မသွားနိုင်တော့မှာကို ကြောက်နေတာဖြစ်မယ်။ အဲ့ဒါကြောင့် အခုလို သေချာရှင်းပြနေတာ" ရှင်ယဲ့မှန်ကို လက်ဆွဲ နှုတ်ဆက်လိုက်သည်။ "အဲ့လိုဆိုရင် မင်းက ဒီထက်ပိုပြီး အသုံးမဝင်တော့ဘူးပဲ"
မှန်မှာ မတုံ့ပြန်လာပေ။ ပုံမှန် မှန်တစ်ချပ်ကဲ့သို့သာ မြေပုံကို ဆိတ်ငြိမ်စွာ ဖော်ပြပေးနေလေသည်။
သူ၏ IQမှာ မနိမ့်ပေ။ အထူးသဖြင့် သူ့ရဲ့ သရုပ်မှန်ကို ဖုံးကွယ်ရာတွင် အလွန်သတိထားလေသည်။ ရှင်ယဲ့ မှန်၏ သရုပ်မှန်ကို ဖော်ထုတ်ဖို့ ကြိုးစားတဲ့ အခါတိုင်း၊ စကားထဲက ထောက်ချောက်များကို ရှာတွေ့ပြီး ချက်ချင်းပင် တိတ်ဆိတ်သွားတတ်လေသည်။
ရှင်ယဲ့ မှန်ကို ပြောလိုက်သည်: "ငါ မင်းအကြောင်း နည်းနည်းလေးပဲ သိသေးတယ်။ အခုအချိန်မှာ မင်းနဲ့ ပတ်သက်ပြီး ငါဆုံးဖြတ်လို့ ရနိုင်တာ နှစ်ခုရှိတယ်။ ပထမတစ်ခုက မင်းက ကြိုးကိုင်ခြယ်လှယ်သူ သုံးယောက်ထဲက မဟုတ်ဘူး။ ပြီးတော့ သူတို့က မင်းကို ပုံမှန် နာခံတတ်တဲ့ ပစ္စည်းတစ်ခုလို့ပဲ မြင်ကြတယ်။ ဒုတိယတစ်ခုက မင်းက နောက်ခံဇာတ်ကြောင်းပြောသူရဲ့ အစီအစဉ်တွေကို မဆန့်ကျင်နိုင်ဘူး။ ဒါပေမဲ့ မင်းက မင်းရဲ့ မင်းမကျေနပ်တဲ့ ခံစားချက်လေးတွေကို ဖော်ပြနေတယ်။ ငါ မင်းကို တစ်ခုပဲ မေးစရာရှိတယ်။ မင်း ငါ့ကို 'ရုပ်ဆိုးတယ်' လို့ပြောတာက တကယ်ထင်လို့လား၊ ဒါမှမဟုတ် ဒီအတိုင်း စိတ်ကောက်လို့ ပြောတာလား"
ရှင်ယဲ့ ထိုမေးခွန်းနဲ့ ပတ်သက်ပြီး နည်းနည်း စိတ်ဝင်စားနေမိသည်။ သူ့ရဲ့မျက်လုံးထဲမှာတော့ ရှင်ရှော့က ထူးကဲပြီး ချောမောလေသည်။ ရှင်ရှော့နဲ့ တူသည့် ဒီမျက်နှာကို တစ်စုံတစ်ယောက်က ရုပ်ဆိုးတယ်ဟု ပြောသည်ကို လက်မခံနိုင်ချေ။
မှန်က အမှန်အတိုင်း ဖြေလေသည်: "တစ်ဝက်တစ်ဝက်ပါပဲ။ ရုပ်တော့မဆိုးဘူး။ ဒါပေမဲ့ ငါ့လောက်တော့ မချောဘူး"
"မင်းလောက်မချောဘူး ဟုတ်လား?" ရှင်ယဲ့ မျက်ခုံးများကို ပင့်ကြည့်လိုက်သည်။ "အဲ့ဒါဆို မင်းက လူ၊ ဒါမှမဟုတ် လူပုံစံဖြစ်ခဲ့ဖူးတာပေါ့?"
မှန်မျက်နှာပြင်မှာ ရုတ်တရက် မှောင်မိုက်သွားပြီး၊ တစ်ချိန်တည်းမှာပဲ 'ဆိုးရွား စက်ဆုပ်ဖို့ကောင်းတယ်' ဆိုတဲ့ စာလုံးက မျက်နှာပြင်ပေါ်တွင် ပေါ်လာလေသည်။
ရှင်ယဲ့ ဒေါသမထွက်မိသည့်အပြင် ရယ်တောင်ရယ်ချင်နေမိသည်။ မှန်က စိတ်အပြောင်းအလဲမြန်တတ်သည့် သခင်လေးတစ်ယောက်နဲ့ တူနေပြီး နည်းနည်းတောင် ချစ်ဖို့ကောင်းနေသေးသည်။
ရှောင်ရှော့မှာ ကလေးဘဝတည်းက အလွန်ပင် လိမ္မာလေသည်။ သူတို့မိဘတွေ ဆုံးသွားပြီးနောက် ငိုတာရော၊ ပြဿနာရှာတာရော တစ်ခါမှ မရှိခဲ့ဖူးပေ။ သူ့ရဲ့ ပြဿနာတွေကြောင့် ရှင်ယဲ့ကို အနှောင့်အယှက်ဖြစ်စေမှာ ကြောက်လေသည်။ ရှင်ယဲ့ သူ့မိသားစု စီးပွားရေးတွေကို စပြီးကိုင်တွယ်ရတဲ့ အချိန်တုန်းက သူ့ညီကို ဂရုစိုက်မယ့်အချိန်မရှိခဲ့ပေ။ သူအချိန်ရလာတဲ့ အခါကျတော့၊ သူ့ညီလေး ရှင်ရှော့က ကိုယ့်အားကိုယ်ကိုးတတ်တဲ့ လူတစ်ယောက်ဖြစ်လာပြီး၊ ကိစ္စတစ်ခုခုရှိလာရင်တောင် သူနဲ့ တိုင်ပင်ဆွေးနွေးတာမျိုး မရှိတော့ချေ။
သူ တကယ်ပဲ ရှင်ရှော့ကို နည်းနည်းလောက်ပိုပြီး ကလေးဆန်စေချင်ခဲ့လေသည်။ တခါတရံ ဒေါသထွက်တတ်ပြီး၊ သုံးဖြုန်းဖို့အတွက် သူ့ဆီက ပိုက်ဆံများတောင်းစေချင်ခဲ့သည်။ ရှင်ယဲ့ သူ့ညီအပေါ် အကြွေးတင်နေသလို ခံစားနေရတာကြောင့်၊ သူဖြစ်ချင်သမျှကို မရရအောင် ဖြည့်ဆည်းပေးခဲ့မှာဖြစ်သည်။
တစ်ချိန်လုံးတင်းမာလာခဲ့သော ရှင်ယဲ့၏ အာရုံကြောများမှာ အခုမှ ပြေလျော့သွားခဲ့သည်။ သူ မှန်ကို ခေါက်လိုက်သည်: "ဘယ်လောက်တောင် ပိုချောတာလဲ? ငါကြွားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါ့မျက်နှာက နာမည်ကြီးတွေအဆင့်လောက်ရှိတယ်။ ငါ့ထက်ချောတဲ့လူတွေကိုတောင် ရှာဖို့ခက်တယ်လေ"
သူတို့ အတူရှိလာတဲ့ အချိန်ခဏလေးအတွင်းမှာ မှန်က မျက်နှာအသွင်အပြင်ကို အရမ်းဂရုစိုက်တတ်ပြီး၊ နည်းနည်း စိတ်တိုလွယ်တတ်တယ် ဆိုတာကို ရှင်ယဲ့ သိခဲ့ရသည်။ ထို့ကဲ့သို့ လှုံ့ဆော်မှုက သေချာပေါက် မှန်ကို မနေနိုင်ဖြစ်စေလေသည်။ ထိုအခါ စာလုံးအချို့က ချက်ချင်းပင် ပေါ်လာခဲ့သည်: "အရှက်မရှိဘူး!"
"အဲ့လိုဆို မင်းငါ့ကို ပြန်ချေပဖို့ သက်သေရှိလား?" ရှင်ယဲ့ ဆက်ပြီး ရန်စနေလေသည်။
မျဉ်းကြောင်းများဖြင့် ရေးဆွဲထားသော ရုပ်ပုံတစ်ခုက မှန်မျက်နှာပြင် ပေါ်တွင် ပေါ်လာခဲ့သည်။ ထိုပုံမှာ ယောကျ်ားတစ်ယောက်ပုံ ဖြစ်ပုံရလေသည်။
ရှင်ယဲ့ ပိုပြီး နီးနီးကပ်ကပ် ကြည့်ချင်ခဲ့သော်လည်း မျဉ်းကြောင်းများမှာ ပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် မှန်က စာထပ်ရေးလေသည်: "ငါ့ရဲ့ အရိပ်တစ်ခုနဲ့တောင် မင်းကို သတ်နိုင်တယ်။ လူလိမ်ကောင်။ ငါ့ရဲ့ သရုပ်မှန်ကို ပြအောင် မင်းဆီက အရူးလုပ်ခံမှာ မဟုတ်ဘူး!"
ရှင်ယဲ့ ပြောလိုက်သည်: "သြော်.. မှန်၊ ယောကျ်ားလေး၊ ကိုယ့်မျက်နှာ သွင်ပြင်နဲ့ ပတ်သက်ပြီး အရမ်းယုံကြည်မှုရှိတယ်။ အတ္တဆန်တယ်လို့တောင် ပြောလို့ရတယ်။ မင်းရဲ့ အကျင့်စရိုက်နဲ့ အပြုအမူကို ကြည့်ပြီးပြောရရင် မင်းအသက်က ၂၀-၂၅လောက်ပဲရှိဦးမယ်။ ပြီးတော့ အခုထိ လူ့လောကကြီးနဲ့ သေချာ ထိတွေ့ဖူးတဲ့ပုံ မပေါ်ဘူး။ အကျင့်စရိုက်ကတော့ ပွင့်ပွင့်လင်းလင်းသိပ်မရှိဘူး။ နည်းနည်း ဉာဏ်ကောင်းတယ်။ မင်းက လူတွေအားလုံးကိုတော့ စက်ဆုပ်ရွံရှာဖို့ကောင်းပြီး၊ ကင်းကင်းကွာကွာနေသင့်တယ်လို့တော့ သဘောမထားဘူး။ "မင်းတို့လူတွေ အားလုံးက လူလိမ်တွေချည်းပဲ" မပြောဘဲ၊ ငါ့ကိုပဲ လူလိမ်လို့ ခေါ်ခဲ့တယ်။ မင်းက လူဖြစ်နိုင်ချေက ၇၀% နဲ့အထက်ရှိတယ်။ မှန်ထဲမှာ ပိတ်မိနေတဲ့ ဒီကမ္ဘာက NPC လားတော့ မသေချာပေမဲ့၊ မှန်ထဲက စိတ်ဝင်စားဖို့ကောင်းတဲ့ အတည်ပြုစရာတွေ အများကြီးကျန်သေးတယ်။ အခုတော့ အဲ့ဒီအချက်တွေပဲသိရသေးတယ်"
မှန်: မင်းက မကောင်းဆိုးဝါးလား?!
မှန်မှာ သူ စကားနည်းနည်းလောက်ထပ်ပြောလိုက်ရင် အချက်အလက်အကုန်လုံး ဖော်ထုတ်ခံရတော့ မလိုတောင် ခံစားသွားရသည်။ ထို့ကြောင့် အနက်ရောင်ပြောင်းသွားပြီး ရှင်ယဲ့ ဘယ်လိုရန်စစ မတုံ့ပြန်တော့ချေ။
မှန်ကို စရတာက သူရဲ့ စိတ်အခြေအနေကို နည်းနည်းကောင်းသွားစေသည်။ ရှင်ယဲ့ သူ့ညီလေးအတွက် ဝမ်းနည်းနေတဲ့ စိတ်ကို ခဏ ဖယ်ထားလိုက်ပြီး၊ ဇာတ်ကြောင်းကိုသာ ဂရုတစိုက် စဉ်းစားလိုက်တော့သည်။
နောက်ခံဇာတ်ကြောင်းပြောသည့် အကြောင်းအရာများမှ ကောက်ချက်ချရလျှင်၊ ကလယ်ရာ၏ ကျန်ရှိနေသည့် ဇာတ်သိမ်းနှစ်ခုထဲက တစ်ခုက အဖမ်းခံပြီး ဘုရင်မ၏ အသတ်ခံရတာပင်ဖြစ်သည်။ နောက်ခံဇာတ်ကြောင်းပြောသူက သတိမထားမိဘဲ အရေးအကြီးဆုံးအချက်အလက်ဖြစ်သည့် ကြိုးကိုင်ခြယ်လှယ်သူ တစ်ယောက်က ဘုရင်မ၏ အတွေးများကို လွှမ်းမိုးနိုင်ကြောင်းကို ဖော်ထုတ်ပေးခဲ့သည်။
ဘုရင်မက ဇာတ်လမ်းတွင် အရေးပါသော ဇာတ်ကောင်ဖြစ်သည်။ ထို့ကြောင့် ကြိုးကိုင်ခြယ်လှယ်သူ တစ်ယောက်မဖြစ်နိုင်ပေ။ မဟုတ်လျှင် အလွယ်တကူ မြင်သာထင်သာ ရှိလွန်းနေမှာဖြစ်သည်။
ထို့ကြောင့် နောက်ထပ် ကြိုးကိုင်ခြယ်လှယ်သူမှာ ဘုရင်မနှင့် နီးကပ်သောသူ ဖြစ်ရမည်။ အနီးကပ်ပြုစုရသော အစေခံ၊ မဟုတ်လျှင် ကိုယ်ရံတော်တစ်ယောက်ဖြစ်နိုင်သည်။ မိန်းမတစ်ယောက်ဆိုလျှင် ရုပ်ရည်က သာမန်လောက်သာ ရှိနိုင်သည်။ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတဲ့ ဘုရင်မက သူ့ဘေးမှာ ငယ်ရွယ်ပြီး ချောမောလှပတဲ့ အစေခံတစ်ယောက်ကို မထားနိုင်ချေ။
အကယ်၍ သူသာ တမင်တကာ နန်းတော်ကို မသွားခဲ့ဘူးဆိုလျှင် ကြိုးကိုင်ခြယ်လှယ်သူတွေက သူ့ကို မသွားမဖြစ်သွားရအောင် တွန်းအားပေးမှာဖြစ်သည်။ ရှင်ယဲ့ ခဏအကြာ စဉ်းစားပြီးနောက်မှာတော့ အရေးပေါ်အခြေအနေတွေအတွက်ပြင်ဆင်ရန် လက်ဦးမှုယူဖို့ ဆုံးဖြတ်လိုက်သည်။
မြို့စားမင်းစံအိမ်ထဲကနေ ထွက်ပြေးလာတုန်းက၊ ရှင်ယဲ့ အမှတ်အသားမရှိတဲ့ ရွှေဒင်္ဂါးနှင့် ငွေဒင်္ဂါးပြားအမြောက်အများကို ယူဆောင်လာခဲ့သည်။ ထိုဒင်္ဂါးများမှာ ဒီတိုင်းပြည်၏ ငွေကြေးဖြစ်ပုံရပြီး ကိစ္စများကို ပိုပြီး အဆင်ပြေချောမွေ့အောင် လုပ်ဆောင်နိုင်လေသည်။
ကြိုးကိုင်ခြယ်လှယ်သူတွေက သူရဲ့ အခြေအနေနဲ့ တည်ရှိရာတွေကို ဘယ်လောက်အထိ သိနိုင်မှန်း သူမသိပေ။ ဘယ်လိုဖြစ်ဖြစ် ကြိုတင်ပြင်ဆင်မှုတွေ ပိုလုပ်ထားသည်ကတော့ ကောင်းသည်ပင်။
မြေပုံလမ်းအတိုင်းသွားရာ အနီးဆုံးစျေးတစ်ခုကို ရောက်သည်အထိ နေ့ဝက်လောက်ကြာခဲ့သည်။ မြင်းကို အစာကျွေးဖို့ လူတစ်ယောက်ကို ရှာပြီးနောက်တွင် ခရီးဆက်ရန်အတွက် အဝတ်အချို့ကို ရွေးချယ်ဝယ်ယူလိုက်လေသည်။
အမျိုးသမီးအဝတ်အစားများရောင်းသည့် ဆိုင်ရှေ့အရောက်တွင် သူ ခဏလောက်တွေဝေသွားသည်။ နောက်ဆုံးတော့ သာမန်အမျိုးသမီးဝတ်စုံ နှစ်စုံကို အရေးပေါ်အခြေအနေတွေအတွက် လိုရမယ်ရ ဝယ်ထားလိုက်လေသည်။
စာရေးသူ ပြောစရာရှိသည်:
ရှင်ယဲ့: "အမျိုးသမီးဝတ်စုံက ဒီအတိုင်း လိုရမယ်ရ ဝယ်ထားတာပါ။ နောက်ဆုံးကျ ငါက ဘုရင်မဆီက ဖမ်းဖို့ လိုက်တာခံရနိုင်တယ်လေ။ အဲ့အခါ ယောကျ်ားပုံစံကော မိန်းမပုံစံကော ပြောင်းလို့ရတာက အရမ်းအဆင်ပြေတယ်! သေချာပေါက် ငါ မိန်းကလေးအဝတ်တွေကို ဝတ်ရတာ ကြိုက်လို့ ဝယ်တာမဟုတ်ဘူး"
မှန်: "သြော်"
(Zawgyi)
Chapter 7 _ အဝတ္မ်ား ဝယ္ျခင္း
နန္းေတာ္ဆီသို႔ သြားသည့္ ေျမပုံက မွန္မ်က္ႏွာျပင္ေပၚတြင္ တျဖည္းျဖည္းခ်င္း ေပၚလာခဲ့ၿပီးေနာက္၊ ေနာက္ခံဇာတ္ေၾကာင္းေျပာသူက အခ်ိန္ကိုက္ပင္ ရွင္းျပလာေလသည္:
"ဘုရင္မဟာ မွန္ရဲ႕တည္ရွိမႈကို သူ႔ရဲ႕ ေမွာ္စြမ္းအားေတြကေနတစ္ဆင့္ သိသြားခဲ့တယ္။ မွန္ရွာေတြ႕တဲ့ လူရဲ႕ လက္ထဲမွာ မွန္ရွိေသးသည္ျဖစ္ေစ မရွိေတာ့သည္ျဖစ္ေစ၊ သူ႔ရဲ႕ အမိန႔္အာဏာကို ဖီဆန္တဲ့ ဘယ္သူ႔ကို မဆို သတ္ပစ္မွာျဖစ္တယ္"
"ေနာက္ခံဇာတ္ေၾကာင္းေျပာသူက ငါမင္းကို ထပ္လႊင့္ပစ္လိုက္ၿပီး ဇာတ္ေၾကာင္းဆက္မသြားႏိုင္ေတာ့မွာကို ေၾကာက္ေနတာျဖစ္မယ္။ အဲ့ဒါေၾကာင့္ အခုလို ေသခ်ာရွင္းျပေနတာ" ရွင္ယဲ့မွန္ကို လက္ဆြဲ ႏႈတ္ဆက္လိုက္သည္။ "အဲ့လိုဆိုရင္ မင္းက ဒီထက္ပိုၿပီး အသုံးမဝင္ေတာ့ဘူးပဲ"
မွန္မွာ မတုံ႔ျပန္လာေပ။ ပုံမွန္ မွန္တစ္ခ်ပ္ကဲ့သို႔သာ ေျမပုံကို ဆိတ္ၿငိမ္စြာ ေဖာ္ျပေပးေနေလသည္။
သူ၏ IQမွာ မနိမ့္ေပ။ အထူးသျဖင့္ သူ႔ရဲ႕ သ႐ုပ္မွန္ကို ဖုံးကြယ္ရာတြင္ အလြန္သတိထားေလသည္။ ရွင္ယဲ့ မွန္၏ သ႐ုပ္မွန္ကို ေဖာ္ထုတ္ဖို႔ ႀကိဳးစားတဲ့ အခါတိုင္း၊ စကားထဲက ေထာက္ေခ်ာက္မ်ားကို ရွာေတြ႕ၿပီး ခ်က္ခ်င္းပင္ တိတ္ဆိတ္သြားတတ္ေလသည္။
ရွင္ယဲ့ မွန္ကို ေျပာလိုက္သည္: "ငါ မင္းအေၾကာင္း နည္းနည္းေလးပဲ သိေသးတယ္။ အခုအခ်ိန္မွာ မင္းနဲ႔ ပတ္သက္ၿပီး ငါဆုံးျဖတ္လို႔ ရႏိုင္တာ ႏွစ္ခုရွိတယ္။ ပထမတစ္ခုက မင္းက ႀကိဳးကိုင္ျခယ္လွယ္သူ သုံးေယာက္ထဲက မဟုတ္ဘူး။ ၿပီးေတာ့ သူတို႔က မင္းကို ပုံမွန္ နာခံတတ္တဲ့ ပစၥည္းတစ္ခုလို႔ပဲ ျမင္ၾကတယ္။ ဒုတိယတစ္ခုက မင္းက ေနာက္ခံဇာတ္ေၾကာင္းေျပာသူရဲ႕ အစီအစဥ္ေတြကို မဆန႔္က်င္ႏိုင္ဘူး။ ဒါေပမဲ့ မင္းက မင္းရဲ႕ မင္းမေက်နပ္တဲ့ ခံစားခ်က္ေလးေတြကို ေဖာ္ျပေနတယ္။ ငါ မင္းကို တစ္ခုပဲ ေမးစရာရွိတယ္။ မင္း ငါ့ကို '႐ုပ္ဆိုးတယ္' လို႔ေျပာတာက တကယ္ထင္လို႔လား၊ ဒါမွမဟုတ္ ဒီအတိုင္း စိတ္ေကာက္လို႔ ေျပာတာလား"
ရွင္ယဲ့ ထိုေမးခြန္းနဲ႔ ပတ္သက္ၿပီး နည္းနည္း စိတ္ဝင္စားေနမိသည္။ သူ႔ရဲ႕မ်က္လုံးထဲမွာေတာ့ ရွင္ေရွာ့က ထူးကဲၿပီး ေခ်ာေမာေလသည္။ ရွင္ေရွာ့နဲ႔ တူသည့္ ဒီမ်က္ႏွာကို တစ္စုံတစ္ေယာက္က ႐ုပ္ဆိုးတယ္ဟု ေျပာသည္ကို လက္မခံႏိုင္ေခ်။
မွန္က အမွန္အတိုင္း ေျဖေလသည္: "တစ္ဝက္တစ္ဝက္ပါပဲ။ ႐ုပ္ေတာ့မဆိုးဘူး။ ဒါေပမဲ့ ငါ့ေလာက္ေတာ့ မေခ်ာဘူး"
"မင္းေလာက္မေခ်ာဘူး ဟုတ္လား?" ရွင္ယဲ့ မ်က္ခုံးမ်ားကို ပင့္ၾကည့္လိုက္သည္။ "အဲ့ဒါဆို မင္းက လူ၊ ဒါမွမဟုတ္ လူပုံစံျဖစ္ခဲ့ဖူးတာေပါ့?"
မွန္မ်က္ႏွာျပင္မွာ ႐ုတ္တရက္ ေမွာင္မိုက္သြားၿပီး၊ တစ္ခ်ိန္တည္းမွာပဲ 'ဆိုး႐ြား စက္ဆုပ္ဖို႔ေကာင္းတယ္' ဆိုတဲ့ စာလုံးက မ်က္ႏွာျပင္ေပၚတြင္ ေပၚလာေလသည္။
ရွင္ယဲ့ ေဒါသမထြက္မိသည့္အျပင္ ရယ္ေတာင္ရယ္ခ်င္ေနမိသည္။ မွန္က စိတ္အေျပာင္းအလဲျမန္တတ္သည့္ သခင္ေလးတစ္ေယာက္နဲ႔ တူေနၿပီး နည္းနည္းေတာင္ ခ်စ္ဖို႔ေကာင္းေနေသးသည္။
ေရွာင္ေရွာ့မွာ ကေလးဘဝတည္းက အလြန္ပင္ လိမၼာေလသည္။ သူတို႔မိဘေတြ ဆုံးသြားၿပီးေနာက္ ငိုတာေရာ၊ ျပႆနာရွာတာေရာ တစ္ခါမွ မရွိခဲ့ဖူးေပ။ သူ႔ရဲ႕ ျပႆနာေတြေၾကာင့္ ရွင္ယဲ့ကို အေႏွာင့္အယွက္ျဖစ္ေစမွာ ေၾကာက္ေလသည္။ ရွင္ယဲ့ သူ႔မိသားစု စီးပြားေရးေတြကို စၿပီးကိုင္တြယ္ရတဲ့ အခ်ိန္တုန္းက သူ႔ညီကို ဂ႐ုစိုက္မယ့္အခ်ိန္မရွိခဲ့ေပ။ သူအခ်ိန္ရလာတဲ့ အခါက်ေတာ့၊ သူ႔ညီေလး ရွင္ေရွာ့က ကိုယ့္အားကိုယ္ကိုးတတ္တဲ့ လူတစ္ေယာက္ျဖစ္လာၿပီး၊ ကိစၥတစ္ခုခုရွိလာရင္ေတာင္ သူနဲ႔ တိုင္ပင္ေဆြးေႏြးတာမ်ိဳး မရွိေတာ့ေခ်။
သူ တကယ္ပဲ ရွင္ေရွာ့ကို နည္းနည္းေလာက္ပိုၿပီး ကေလးဆန္ေစခ်င္ခဲ့ေလသည္။ တခါတရံ ေဒါသထြက္တတ္ၿပီး၊ သုံးျဖဳန္းဖို႔အတြက္ သူ႔ဆီက ပိုက္ဆံမ်ားေတာင္းေစခ်င္ခဲ့သည္။ ရွင္ယဲ့ သူ႔ညီအေပၚ အေႂကြးတင္ေနသလို ခံစားေနရတာေၾကာင့္၊ သူျဖစ္ခ်င္သမွ်ကို မရရေအာင္ ျဖည့္ဆည္းေပးခဲ့မွာျဖစ္သည္။
တစ္ခ်ိန္လုံးတင္းမာလာခဲ့ေသာ ရွင္ယဲ့၏ အာ႐ုံေၾကာမ်ားမွာ အခုမွ ေျပေလ်ာ့သြားခဲ့သည္။ သူ မွန္ကို ေခါက္လိုက္သည္: "ဘယ္ေလာက္ေတာင္ ပိုေခ်ာတာလဲ? ငါႂကြားတာေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ ငါ့မ်က္ႏွာက နာမည္ႀကီးေတြအဆင့္ေလာက္ရွိတယ္။ ငါ့ထက္ေခ်ာတဲ့လူေတြကိုေတာင္ ရွာဖို႔ခက္တယ္ေလ"
သူတို႔ အတူရွိလာတဲ့ အခ်ိန္ခဏေလးအတြင္းမွာ မွန္က မ်က္ႏွာအသြင္အျပင္ကို အရမ္းဂ႐ုစိုက္တတ္ၿပီး၊ နည္းနည္း စိတ္တိုလြယ္တတ္တယ္ ဆိုတာကို ရွင္ယဲ့ သိခဲ့ရသည္။ ထို႔ကဲ့သို႔ လႈံ႕ေဆာ္မႈက ေသခ်ာေပါက္ မွန္ကို မေနႏိုင္ျဖစ္ေစေလသည္။ ထိုအခါ စာလုံးအခ်ိဳ႕က ခ်က္ခ်င္းပင္ ေပၚလာခဲ့သည္: "အရွက္မရွိဘူး!"
"အဲ့လိုဆို မင္းငါ့ကို ျပန္ေခ်ပဖို႔ သက္ေသရွိလား?" ရွင္ယဲ့ ဆက္ၿပီး ရန္စေနေလသည္။
မ်ဥ္းေၾကာင္းမ်ားျဖင့္ ေရးဆြဲထားေသာ ႐ုပ္ပုံတစ္ခုက မွန္မ်က္ႏွာျပင္ ေပၚတြင္ ေပၚလာခဲ့သည္။ ထိုပုံမွာ ေယာက်္ားတစ္ေယာက္ပုံ ျဖစ္ပုံရေလသည္။
ရွင္ယဲ့ ပိုၿပီး နီးနီးကပ္ကပ္ ၾကည့္ခ်င္ခဲ့ေသာ္လည္း မ်ဥ္းေၾကာင္းမ်ားမွာ ေပ်ာက္ကြယ္သြားခဲ့သည္။ ထို႔ေနာက္ မွန္က စာထပ္ေရးေလသည္: "ငါ့ရဲ႕ အရိပ္တစ္ခုနဲ႔ေတာင္ မင္းကို သတ္ႏိုင္တယ္။ လူလိမ္ေကာင္။ ငါ့ရဲ႕ သ႐ုပ္မွန္ကို ျပေအာင္ မင္းဆီက အ႐ူးလုပ္ခံမွာ မဟုတ္ဘူး!"
ရွင္ယဲ့ ေျပာလိုက္သည္: "ေၾသာ္.. မွန္၊ ေယာက်္ားေလး၊ ကိုယ့္မ်က္ႏွာ သြင္ျပင္နဲ႔ ပတ္သက္ၿပီး အရမ္းယုံၾကည္မႈရွိတယ္။ အတၱဆန္တယ္လို႔ေတာင္ ေျပာလို႔ရတယ္။ မင္းရဲ႕ အက်င့္စ႐ိုက္နဲ႔ အျပဳအမူကို ၾကည့္ၿပီးေျပာရရင္ မင္းအသက္က ၂၀-၂၅ေလာက္ပဲရွိဦးမယ္။ ၿပီးေတာ့ အခုထိ လူ႔ေလာကႀကီးနဲ႔ ေသခ်ာ ထိေတြ႕ဖူးတဲ့ပုံ မေပၚဘူး။ အက်င့္စ႐ိုက္ကေတာ့ ပြင့္ပြင့္လင္းလင္းသိပ္မရွိဘူး။ နည္းနည္း ဉာဏ္ေကာင္းတယ္။ မင္းက လူေတြအားလုံးကိုေတာ့ စက္ဆုပ္႐ြံရွာဖို႔ေကာင္းၿပီး၊ ကင္းကင္းကြာကြာေနသင့္တယ္လို႔ေတာ့ သေဘာမထားဘူး။ "မင္းတို႔လူေတြ အားလုံးက လူလိမ္ေတြခ်ည္းပဲ" မေျပာဘဲ၊ ငါ့ကိုပဲ လူလိမ္လို႔ ေခၚခဲ့တယ္။ မင္းက လူျဖစ္ႏိုင္ေခ်က ၇၀% နဲ႔အထက္ရွိတယ္။ မွန္ထဲမွာ ပိတ္မိေနတဲ့ ဒီကမာၻက NPC လားေတာ့ မေသခ်ာေပမဲ့၊ မွန္ထဲက စိတ္ဝင္စားဖို႔ေကာင္းတဲ့ အတည္ျပဳစရာေတြ အမ်ားႀကီးက်န္ေသးတယ္။ အခုေတာ့ အဲ့ဒီအခ်က္ေတြပဲသိရေသးတယ္"
မွန္: မင္းက မေကာင္းဆိုးဝါးလား?!
မွန္မွာ သူ စကားနည္းနည္းေလာက္ထပ္ေျပာလိုက္ရင္ အခ်က္အလက္အကုန္လုံး ေဖာ္ထုတ္ခံရေတာ့ မလိုေတာင္ ခံစားသြားရသည္။ ထို႔ေၾကာင့္ အနက္ေရာင္ေျပာင္းသြားၿပီး ရွင္ယဲ့ ဘယ္လိုရန္စစ မတုံ႔ျပန္ေတာ့ေခ်။
မွန္ကို စရတာက သူရဲ႕ စိတ္အေျခအေနကို နည္းနည္းေကာင္းသြားေစသည္။ ရွင္ယဲ့ သူ႔ညီေလးအတြက္ ဝမ္းနည္းေနတဲ့ စိတ္ကို ခဏ ဖယ္ထားလိုက္ၿပီး၊ ဇာတ္ေၾကာင္းကိုသာ ဂ႐ုတစိုက္ စဥ္းစားလိုက္ေတာ့သည္။
ေနာက္ခံဇာတ္ေၾကာင္းေျပာသည့္ အေၾကာင္းအရာမ်ားမွ ေကာက္ခ်က္ခ်ရလွ်င္၊ ကလယ္ရာ၏ က်န္ရွိေနသည့္ ဇာတ္သိမ္းႏွစ္ခုထဲက တစ္ခုက အဖမ္းခံၿပီး ဘုရင္မ၏ အသတ္ခံရတာပင္ျဖစ္သည္။ ေနာက္ခံဇာတ္ေၾကာင္းေျပာသူက သတိမထားမိဘဲ အေရးအႀကီးဆုံးအခ်က္အလက္ျဖစ္သည့္ ႀကိဳးကိုင္ျခယ္လွယ္သူ တစ္ေယာက္က ဘုရင္မ၏ အေတြးမ်ားကို လႊမ္းမိုးႏိုင္ေၾကာင္းကို ေဖာ္ထုတ္ေပးခဲ့သည္။
ဘုရင္မက ဇာတ္လမ္းတြင္ အေရးပါေသာ ဇာတ္ေကာင္ျဖစ္သည္။ ထို႔ေၾကာင့္ ႀကိဳးကိုင္ျခယ္လွယ္သူ တစ္ေယာက္မျဖစ္ႏိုင္ေပ။ မဟုတ္လွ်င္ အလြယ္တကူ ျမင္သာထင္သာ ရွိလြန္းေနမွာျဖစ္သည္။
ထို႔ေၾကာင့္ ေနာက္ထပ္ ႀကိဳးကိုင္ျခယ္လွယ္သူမွာ ဘုရင္မႏွင့္ နီးကပ္ေသာသူ ျဖစ္ရမည္။ အနီးကပ္ျပဳစုရေသာ အေစခံ၊ မဟုတ္လွ်င္ ကိုယ္ရံေတာ္တစ္ေယာက္ျဖစ္ႏိုင္သည္။ မိန္းမတစ္ေယာက္ဆိုလွ်င္ ႐ုပ္ရည္က သာမန္ေလာက္သာ ရွိႏိုင္သည္။ ႐ုပ္ပ်က္ဆင္းပ်က္ျဖစ္သြားတဲ့ ဘုရင္မက သူ႔ေဘးမွာ ငယ္႐ြယ္ၿပီး ေခ်ာေမာလွပတဲ့ အေစခံတစ္ေယာက္ကို မထားႏိုင္ေခ်။
အကယ္၍ သူသာ တမင္တကာ နန္းေတာ္ကို မသြားခဲ့ဘူးဆိုလွ်င္ ႀကိဳးကိုင္ျခယ္လွယ္သူေတြက သူ႔ကို မသြားမျဖစ္သြားရေအာင္ တြန္းအားေပးမွာျဖစ္သည္။ ရွင္ယဲ့ ခဏအၾကာ စဥ္းစားၿပီးေနာက္မွာေတာ့ အေရးေပၚအေျခအေနေတြအတြက္ျပင္ဆင္ရန္ လက္ဦးမႈယူဖို႔ ဆုံးျဖတ္လိုက္သည္။
ၿမိဳ႕စားမင္းစံအိမ္ထဲကေန ထြက္ေျပးလာတုန္းက၊ ရွင္ယဲ့ အမွတ္အသားမရွိတဲ့ ေ႐ႊဒဂၤါးႏွင့္ ေငြဒဂၤါးျပားအေျမာက္အမ်ားကို ယူေဆာင္လာခဲ့သည္။ ထိုဒဂၤါးမ်ားမွာ ဒီတိုင္းျပည္၏ ေငြေၾကးျဖစ္ပုံရၿပီး ကိစၥမ်ားကို ပိုၿပီး အဆင္ေျပေခ်ာေမြ႕ေအာင္ လုပ္ေဆာင္ႏိုင္ေလသည္။
ႀကိဳးကိုင္ျခယ္လွယ္သူေတြက သူရဲ႕ အေျခအေနနဲ႔ တည္ရွိရာေတြကို ဘယ္ေလာက္အထိ သိႏိုင္မွန္း သူမသိေပ။ ဘယ္လိုျဖစ္ျဖစ္ ႀကိဳတင္ျပင္ဆင္မႈေတြ ပိုလုပ္ထားသည္ကေတာ့ ေကာင္းသည္ပင္။
ေျမပုံလမ္းအတိုင္းသြားရာ အနီးဆုံးေစ်းတစ္ခုကို ေရာက္သည္အထိ ေန႔ဝက္ေလာက္ၾကာခဲ့သည္။ ျမင္းကို အစာေကြၽးဖို႔ လူတစ္ေယာက္ကို ရွာၿပီးေနာက္တြင္ ခရီးဆက္ရန္အတြက္ အဝတ္အခ်ိဳ႕ကို ေ႐ြးခ်ယ္ဝယ္ယူလိုက္ေလသည္။
အမ်ိဳးသမီးအဝတ္အစားမ်ားေရာင္းသည့္ ဆိုင္ေရွ႕အေရာက္တြင္ သူ ခဏေလာက္ေတြေဝသြားသည္။ ေနာက္ဆုံးေတာ့ သာမန္အမ်ိဳးသမီးဝတ္စုံ ႏွစ္စုံကို အေရးေပၚအေျခအေနေတြအတြက္ လိုရမယ္ရ ဝယ္ထားလိုက္ေလသည္။
စာေရးသူ ေျပာစရာရွိသည္:
ရွင္ယဲ့: "အမ်ိဳးသမီးဝတ္စုံက ဒီအတိုင္း လိုရမယ္ရ ဝယ္ထားတာပါ။ ေနာက္ဆုံးက် ငါက ဘုရင္မဆီက ဖမ္းဖို႔ လိုက္တာခံရႏိုင္တယ္ေလ။ အဲ့အခါ ေယာက်္ားပုံစံေကာ မိန္းမပုံစံေကာ ေျပာင္းလို႔ရတာက အရမ္းအဆင္ေျပတယ္! ေသခ်ာေပါက္ ငါ မိန္းကေလးအဝတ္ေတြကို ဝတ္ရတာ ႀကိဳက္လို႔ ဝယ္တာမဟုတ္ဘူး"
မွန္: "ေၾသာ္"