ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွား...

Da Dilly_Dally20

484K 69.4K 2.6K

Just a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pintere... Altro

Synopsis
Arc(1): အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃.၁)
အပိုင်း(၃.၂)
အပိုင်း(၄.၁)
အပိုင်း(၄.၂)
အပိုင်း(၅.၁)
အပိုင်း(၅.၂)
အပိုင်း(၆.၁)
အပိုင်း(၆.၂)
အပိုင်း(၇.၁)
အပိုင်း(၈.၁)
အပိုင်း(၈.၂)
အပိုင်း(၉.၁)
အပိုင်း(၉.၂)
အပိုင်း(၁၀.၁)
အပိုင်း(၁၀.၂)
အပိုင်း(၁၁.၁)
အပိုင်း(၁၁.၂)
အပိုင်း(၁၂.၁)
အပိုင်း(၁၂.၂)
အပိုင်း(၁၃.၁)
အပိုင်း(၁၃.၂)
အပိုင်း(၁၄.၁)
အပိုင်း(၁၄.၂)
အပိုင်း(၁၅.၁)
အပိုင်း(၁၅.၂)
အပိုင်း(၁၆.၁)
အပိုင်း(၁၆.၂)
အပိုင်း(၁၇.၁)
အပိုင်း(၁၇.၂)
အပိုင်း (၁၈)
အပိုင်း(၁၉)
အပိုင်း(၂၀)
Arc(2) အပိုင်း(၂၁.၁)
အပိုင်း(၂၁.၂)
အပိုင်း(၂၁.၃)
အပိုင်း(၂၂.၁)
အပိုင်း(၂၂.၂)
အပိုင်း(၂၃.၁)
အပိုင်း(၂၃.၂)
အပိုင်း(၂၄.၁)
အပိုင်း(၂၄.၂)
အပိုင်း(၂၄.၃)
အပိုင်း(၂၅.၁)
အပိုင်း(၂၅.၂)
အပိုင်း(၂၅.၃)
အပိုင်း(၂၆.၁)
အပိုင်း(၂၆.၂)
အပိုင်း(၂၆.၃)
အပိုင်း(၂၇.၁)
အပိုင်း(၂၇.၂)
အပိုင်း(၂၇.၃)
အပိုင်း(၂၈.၁)
အပိုင်း(၂၈.၂)
အပိုင်း(၂၉.၁)
အပိုင်း(၂၉.၂)
အပိုင်း(၃၀.၁)
အပိုင်း(၃၀.၂)
အပိုင်း(၃၁.၁)
အပိုင်း(၃၁.၂)
အပိုင်း(၃၂.၁)
အပိုင်း(၃၂.၂)
အပိုင်း(၃၃.၁)
အပိုင်း(၃၃.၂)
အပိုင်း(၃၃.၃)
အပိုင်း(၃၄.၁)
အပိုင်း(၃၄.၂)
အပိုင်း(၃၄.၃)
အပိုင်း(၃၅.၁)
အပိုင်း(၃၅.၂)
အပိုင်း(၃၅.၃)
အပိုင်း(၃၆.၁)
အပိုင်း(၃၆.၂)
အပိုင်း(၃၆.၃)
အပိုင်း(၃၇.၁)
အပိုင်း (၃၇.၂)
အပိုင်း(၃၇.၃)
အပိုင်း(၃၈.၁)
အပိုင်း(၃၈.၂)
အပိုင်း(၃၈.၃)
အပိုင်း(၃၉.၁)
အပိုင်း(၃၉.၂)
အပိုင်း(၃၉.၃)
အပိုင်း(၄၀.၁)
အပိုင်း(၄၀.၂)
အပိုင်း(၄၀.၃)
အပိုင်း(၄၁.၁)
အပိုင်း(၄၁.၂)
အပိုင်း(၄၁.၃)
အပိုင်း(၄၂.၁)
အပိုင်း(၄၂.၂)
အပိုင်း(၄၂.၃)
အပိုင်း(၄၃.၁)
အပိုင်း(၄၃.၂)
အပိုင်း(၄၃.၃)
အပိုင်း(၄၄.၁)
အပိုင်း(၄၄.၂)
အပိုင်း(၄၄.၃-Final Episode)

အပိုင်း(၇.၂)

6.7K 1K 30
Da Dilly_Dally20

Unicode.

လင်းကျစ်ရန်မှာ စိတ်အခြေအနေကောင်းမွန်လို့ နေသည်။ ထိုစဥ်က မတော်တဆကိစ္စတစ်ခု ဖြစ်ပျက်သွားပါသော်ငြား သူ၏ မဆုတ်မနစ် ကြိုးစားအားထုတ်မှုကြောင့် ဇတ်လိုက်shouနှင့် ဇာတ်လိုက်gongကြားတွင် ချိုမြိန်သော အပြန်အလှန်သက်ရောက်မှုတစ်ခု ရှိလာခဲ့ပြီပင်။ထို့မတိုင်ခင်က ဝမ်းယွီမှာ ဥာဏ်များသော shouတစ်ယောက်သာ ဖြစ်ပါသော်လည်း သန်မာသောshouတစ်ယောက်ဖြစ်နေမည်ဟု သူမျှော်လင့်မထားမိခဲ့ ပါချေ။ သို့သော် သူ့ဟာသူ ဘာပဲဖြစ်နေပါစေ ဇာတ်ကြောင်းက တိုးတက်နေသရွေ့တော့ အဆင်ပြေသည်ပင်။

သို့ပါသော်လည်း အချိန်တွေကုန်ဆုံးလာသရွေ့၊ လင်းကျစ်ရန်မှာ တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခံစားနေရသည်။ 'အဘယ့်ကြောင့် လုဆွေ့မှာ ဝမ်းယွီ၏ အရေးကိစ္စကို စုံစမ်းနေရမည့်အစား သူ့ကိုယ်သူ အလုပ်ထဲတွင်သာ လုံးလုံးလျားလျား နှစ်မြုပ်နေရတာလည်း? ဝမ်းယွီမှာလည်း လုဆွေ့၏ အရေးကိစ္စများကို လိုက်လံ၍ ဂရုစိုက်ရမည့်အစား အဘယ့်ကြောင့် သူ့အနားတွင်သာ အမြဲလိုလို ရစ်သီရစ်သီ လုပ်နေရတာလည်း?' အစပိုင်းတွင်တော့ လင်းကျစ်ရန်တွေးမိသည်ကား ထိုနှစ်ယောက်မှာ သူ့နောက်ကွယ်တွင် တိတ်တဆိတ်လှုပ်ရှားနေလိမ့်မည်ဟု။ သို့သော်ငြား အချိိန်အတော်ကြာအောင်အထိ ထောက်လှမ်းကြည့်နေပါသော် လုဆွေ့နှင့် ဝမ်းယွီမှာ တစ်ယောက်မျက်နှာကို တစ်ယောက် မမြင်ရအောင်ပင် ဆုတောင်းနေရ​ကြသည့် ပုံစံမျိုးသာ ဖြစ်နေချေသည်။

လင်းကျစ်ရန်မှာ စတင်ပူပန်လို့ လာသည်။

သူနှင့်ဝမ်းယွီကြားရှိ တွေ့ဆုံမှုများမှာ သိသိသာသာကို မြင့်တက်လာပြီး ဝမ်းယွီမှာ သူ့အိမ်သို့ ထမင်းစားရေသောက်ကဲ့သို့ပင် ဝင်လိုက်ထွက်လိုက် လုပ်နေပေရာ ဘယ်လိုလုပ်ပြီး သူတို့ကြားရှိ relationshipမှာ ကော်နှင့်ကပ်ထားသကဲ့သို့ မခွဲနိုင်မခွာနိုင်အခြေအနေမျိုးအထိ ရောက်ရှိသွားရတာလည်း....လင်းကျစ်ရန်မှာ စတင်၍ ကြောက်လန့်လို့ လာချေ၏။

[လင်းကျစ်ရန်: ငါဒီgameရဲ့ difficultyကိုလျော့တွက်မိသွားတာဘဲ]

[System: အရင်က လွယ်တယ်လို့ ထင်ခဲ့တာလား?]

[လင်းကျစ်ရန်:...]

[System: လူကြီးမင်း က အမှတ်လိုချင်တာလား?]

လင်းကျစ်ရန်မှာ ချက်ချင်းပင် ခေါင်းငြိမ့်ပြလိုက်လေ၏။

[Systemက ခပ်တိုးတိုးလေး ပြောလာလေ၏: အမှတ်လို​ချင်တဲ့လူတွေက မှိုလိုပေါက်နေတာ..ဒါပေမယ့် သူတို့အထဲက လူအနည်းစုပဲ ရနိုင်ကြတာ..လူကြီးမင်းက ဂိမ်းကိုအထင်သေးနေတဲ့အပြင် ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာပါ ]

[လင်းကျစ်ရန်:...]

ဇာတ်ကြောင်းမှာ ခရီးမပေါက်သေး ပါသည့်တိုင် ဇာတ်လိုက်shou ဖြစ်သောဝမ်းယွီနှင့် ဒုတိယဇာတ်လိုက်တို့ကြားရှိ ခံစားချက်များမှာတော့ လေအလျင်ကဲ့သို့ပင် တိုးတက်လျက်ရှိနေသည်။ လင်းကျစ်ရန်မှာ ကောင်းကောင်း စားမဝင်၊ အိပ်မပျော်ပင်ဖြစ်လို့နေချေသည်။ ဝမ်းယွီက အမှန်ပင် ချောလှပါသော်လည်း သူဟာ တင်းတိမ်နိုင်သောလူတစ်ယောက်သာဖြစ်ပြီး တကယ့်fanစစ်စစ်သာ ဖြစ်ပေရာ မိမိ၏အိုင်ဒေါဖြင့် အချိန်တိုင်းနေ့တိုင်း ပရောပရည်လုပ်နေရန်စိတ်ကူးမရှိပါချေ...ထို့အပြင် သူ့ကိုပို၍ဆွဲဆောင်နေသည်က ဂိမ်းအမှတ်များပင် ဖြစ်လို့နေသည်ပင်။

လတ်တလောကမှ လုဆွေ့အား သူ၏အလုပ်အတော်များများကို လက်လွှဲပေးလိုက်ပြီး ဖြစ်ရာ သူ့အနေဖြင့် လုပ်စရာများများစားစား မရှိတော့ပါချေ။ နေတိုင်းတွင် အိမ်မှာနေ၍ ဒရမ်မာကြည့်ရင်း ​ဖြင့်သာ ​အချိန်ဖြုန်းလေ့ရှိသည်။ ဒီတစ်ခါတွင်တော့ TVမှလာသော ဇာတ်လမ်းတွဲမှာ ဝမ်းယွီ debutစလုပ်သည့်အချိန်က ရိုက်ကူးခဲ့ခြင်းဖြစ်လေရာ သူဟာ လွှတ်ခနဲ ဆဲရေးလိုက်ရုံပင်ရှိပါသေး၏...သူ၏ ဖုန်းမှာ ဝမ်းယွီဆီမှ messageဝင်သံထွက်လာလေပြီး ဒီညသူလာမည်ဖြစ်သောကြောင့် အိမ်တွင်ရှိနေသလား မေးမြန်းခြင်းပင် ဖြစ်လို့နေ၏။

လင်းကျစ်ရန်မှာ တိတ်တဆိတ် သက်ပြင်းချလိုက်လေပြီး သူ့အနေ့ဖြင့် ဝမ်းယွီလာမည်ကို သဘောမကျပါသော်လည်း အမှန်အတိုင်းတော့ ဖြေကြားလိုက်ချေ၏။

ဝမ်းယွီမှာ အခုတလောတွင် အလုပ်များနေသည့်တိုင် လင်းကျစ်ရန်အား အချိန်ပေးရန် အကောင်းဆုံး ကြိုးစားနေသည်ပင်။ ခါတိုင်းဆိုလျှင် သူဟာအမြဲလိုလို ဤ အချစ်ရေးအား အနည်းငယ်ပျင်းဖို့ ကောင်းသည့်ဟု ခံစားခဲ့ရပါသော်လည်း အခုတွင်တော့ ပျော်ရွှင်ကြည်နူးဖွယ်ရာများအား ရှာတွေ့ခဲ့လေသည်။ လင်းကျစ်ရန်မှာလည်း သူ့အား အလွန်ပင် ယုံကြည်ထားလေပြီး အိမ်သို့လာသည့်အခါတွင် ပို၍ပင် သက်တောင့်သက်သာ ဖြစ်စေပါရန် အိမ်သော့များကိုပင် ပေးထားပါသေး၏။

ညနေခင်းတွင်တော့ ဝမ်းယွီမှာ ဒုတိယထပ်ရှိ စာကြည့်ခန်းဆီသို့ တိုက်ရိုက်လျှောက်လာလိုက်ပါသော် ipadပေါ်ရှိ စာရင်းဇယားကွက်များအား ကြည့်နေသော လင်းကျစ်ရန်အား တွေ့လိုက်ရလေသည်။

သူဟာ နှုတ်ခမ်းများကို တွန့်ကွေးလျက် ပေါ့ပါးစွာဖြင့် ပြုံးလာလေ၏။

" overtimeတွေ ထပ်လုပ်ပြန်ပြီလား "

လင်းကျစ်ရန်သည်ကား ခေါင်းမော့ကြည့်လိုက် ပါလေသော် သူ့ဆီသို့လာနေသည့်ဝမ်းယွီကို မြင်လိုက်ရပေရာ ချက်ချင်းပင် ပြုံးလိုက်ကာ ပြောလိုက်သည်။

" အပြီးသတ်စရာ နည်းနည်းကျန်သေးတယ်..ခနပဲ "

ဝမ်းယွီက ပြုံးလိုက်လေပြီး။

" ခင်ဗျား အလုပ်များနေရင်လည်း ကျွန်တော် မနှောင့်ယှက် သေးပါဘူး "

လင်းကျစ်ရန်သည်လည်း ပြန်၍ ပြုံးပြလိုက်ပြီးနောက် ခေါင်းငုံ့ကာ စာရင်းဇယားများအား စိတ်ဝင်တစားကြည့်ရှုနေ ဟန်ဆောင်လိုက်ချေသည်။ ကံကောင်းစွာဖြင့် သူဟာ အလိုက်အထိုက် သရုပ်ဆောင်နိုင်လိုက်ပေရာ ဤသည်က ဝမ်းယွီနှင့်အတူရှိနေရမည့်အချိန်များအား လျော့ချစေနိုင်လိမ့်မည်ပင်။ သူ့အနေဖြင့် နာရီဝက်မျှ အချိန်ဆွဲပြီးပါလေသော် ဝမ်းယွီကိုရှာဖို့ ထွက်လာလိုက်ချေ၏။

သူသည်ကား ဝမ်းယွီကို သူ၏အိပ်ရာဘေးတွင် တွေ့ရလိမ့်မည်ဟု မမျှော်လင့် ထားမိခဲ့ပါချေ။ လင်းကျစ်ရန်၏ လည်ပင်းမှာ တင်းကျပ်၍ လာလေ၏...သေစမ်း! ဝမ်းယွီ၏လက်မှတ် ပါရှိထားသည့် ဓာတ်ပုံအား အိပ်ရာဘေးရှိ စားပွဲခုံ၏အံဆွဲထဲတွင် ထည့်ထားကြောင်း မေ့သွား မိလေသည်။

" ဘာလို့..မင်းကဒီရောက်နေတာလဲ "

လင်းကျစ်ရန်မှာ သူ၏ အသံအား တည်ငြိမ်အောင် ကြိုးစား၍ ပြောလိုက်ခြင်း ပါပင်။

ဝမ်းယွီမှာ ခေါင်းစောင်းကာ သူ၏ လက်ထဲရှိဖုန်းအား လှုပ်ရမ်းပြလေပြီး ပြုံးပြလေ၏။

" ကျွန်တော်..အားသွင်းကြိုး လာရှာတာ "

လင်းကျစ်ရန်မှာ အခန်းပတ်ပတ်လည်သို့ လျင်​မြန်စွာ မျက်စိကစားကြည့်လိုက်ပါသော် အိပ်ရာဘေးရှိ စားပွဲမှာ ခြေရာလက်ရာ မပျက် ရှိနေကြောင်းတွေ့ရှိလိုက်ပြီးနောက် သူ၏ နှလုံးသားမှာလည်း အလျင်အမြန်ပင် တည်ငြိမ်သို့သွားရလေကာ နွေးထွေးစွာဖြင့် ပြုံးလိုက်ပါ၏။

" ကိုယ်ယူပေးမယ် "

ဝမ်းယွီက အားသွင်းကြိုးကိုယူလိုက်ပြီးနောက် လင်းကျစ်ရန်အား ရွှင်မြူးစွာဖြင့် ကြည့်လာချေ၏။

" စကားမစပ်..ကျွန်တော် ခင်ဗျားအတွက် ယူလာတဲ့ဟာ ရှိတယ် "

လင်းကျစ်ရန်မှာ သံသယဖြစ်စွာဖြင့် အရှေ့သို့ တိုးလာလိုက်သည်။ ဝမ်းယွီ၏ လက်ထဲတွင်မူ သပ်ရပ်စွာထုပ်ပိုးထားပါသော ပါဆယ်ဘူးတစ်ခုရှိနေသည်ပင်။ လင်းကျစ်ရန်မှာ ထိုအရာကို မြင်မြင်ချင်းပင် မှင်သက်သွားမိ ချေ၏။ ဝိုး...ဒါတွေအားလုံးက ဝမ်းယွီ၏ photocardများဖြစ်နေပြီး ထိုအထဲတွင် အပြင်မှာအလွယ်တကူဝယ်လို့မရသည့် limited editionများလည်းပါနေသေးသည့်အပြင် နောက်ဆုံးပိတ်တစ်ခုမှာကား စျေးကွက်အတွင်းသို့ပင် ဝင်ရောက်မလာသေးပါချေ။ တစ်ခြားလူများသာ သိပါလျှင် ဘယ်လောက်တောင်များ မနာလိုအားကျကုန်ပါ လိမ့်မလဲ?

နေပါဦး...ဝမ်းယွီက ဘာလို့သူ့ကို ဒီဟာတွေ လာပေးပါလိမ့်? လင်းကျစ်ရန်မှာ ရုတ်တရတ်ပင် သတိကပ် သွားရသည်။

ဝမ်းယွီက ပြုံးကာ ပြောလေ၏။

" ခင်ဗျား သူငယ်ချင်းက ကျွန်တော့်fanဆို.. ဒါတွေက စတူတီရိုက ဖယ်ရှားပစ်တဲ့ဟာတွေ..အသုံးမလိုတော့လို့..အဲ့ကြောင့် ခင်ဗျား ယူထားပြီး ပေးချင်တဲ့လူကို ပေးလိုက် "

'ငါဘယ်သူကိုမှ မပေးပစ်ပါဘူး!'. ..လင်းကျစ်ရန်မှာ ဝမ်းယွီအား ကြင်နာစွာဖြင့် ကြည့်လိုက်ကာ။

" okay. ..ကိုယ့်သူငယ်ချင်းကတော့ အရမ်းပျော်နေတော့မှာပဲ "

လက်ဆောင်များအား လက်ခံပြီးပါသော် လင်းကျစ်ရန်မှာ အနည်းငယ် ပို၍ စိတ်ကျေနပ်သွားရသည်။ မေ့လိုက်တော့...ဇာတ်ကြောင်းအား အတင်းအကျပ် တွန်းအားပေးလို့ မရနိုင်ပါလျှင်လည်း ၄င်းထက် ပို၍ အရေးကြီးသည်က ပျော်ပျော်နေနိုင်ဖို့သာ။

ဝမ်းယွီ၏ နှုတ်ခမ်းများက မသိမသာ ကော့တက်လို့သွားလေပြီး လင်းကျစ်ရန်၏ ပျော်ရွှင်နေသောအမူအရာကိုကြည့်ရင်းဖြင့် သူ့ဆီသို့ပါ အပျော်များ ကူးစက်လာသလိုမျိုး ခံစားနေရချေ၏။ အချို့သောလူများမှာ တကယ့်ကို အလွယ်တကူ ပျော်တတ်ကြသူများသာ ဖြစ်ပါသောကြောင့် သူတို့ဘေးတွင်ရှိနေကြသည့်လူများပင် အတူတူလိုက်၍ ပျော်ရွှင်မိကြလေသည်။ ကိုယ်ကိုယ်တိုင်တောင် သတိမထားမိပါဘဲ သူတို့ဘေးသို့ အလိုလိုတိုးကပ်ကာ အတူရှိနေချင်မိကြသည် အထိပင်။

' ကျွန်တော့်ကို သဘောကျပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..အနာဂါတ်မှာ ကျွန်တော်ခင်ဗျားအပေါ် ကောင်းပေးမှာပါ '

ဒီကနေ့တွင် စားရသည့်ညစာမှာ ခါတိုင်းနှင့်ကွဲလွဲစွာပင် သာယာလို့နေပေရာ လင်းကျစ်ရန်မှာ စားရင်းတန်းလန်းဖြင့် တွေးတောလိုက်လေ၏။ သူ၏​ဝေးပေါ်တွင် updateမလုပ်သည်မှာ ရက်အတော်ကြာနေပြီ ဖြစ်သောကြောင့် ဒီနေ့တွင်တော့ သေချာပေါက်ကို ထုတ်ကြွားရပေလိမ့်မည်။ ထိုစဥ်တွင် တံခါးဘဲလ် မြည်လာရာ လင်းကျစ်ရန်မှာ ထ၍ ဖွင့်ပေးရန်ပြင်လိုက်ပါသော်လည်း ဝမ်းယွီက သူ့ထက်အရင်ဦးစွာ မတ်တပ်ရပ်ပြီး ပြုံးလိုက်လေ၏။

" ကျွန်တော်သွားဖွင့် လိုက်မယ် "

ဝမ်းယွီမှာ တံခါးကိုဖွင့်လိုက်သည်နှင့် ငွေရောင်အနားကွပ် မျက်မှန်တပ်ထားသည့် ချောမောသောအမျိုးသားတစ်ယောက် ရပ်နေတာကို မြင်လိုက်ရလေသည်။ ကျောက်မင်ဇယ်၏ အမူအရာမှာလည်း အံ့သြလို့ သွားရသည်ပင်။ ဝမ်းယွီတံခါးလာဖွင့်ပေးလိမ့်မည်ဟု သူမထင်ထားမိခဲ့ပါချေ။

လင်းကျစ်ရန်မှာ သာမန်အတိုင်းသာ ပျော်ပျော်ရွှင်ရွှင်ဖြင့်ညစာ စားနေလေပြီး အခုအချိန်၌ ဘယ်သူရောက်လာသလဲ ဆိုတာ အတွေးထဲပင်ရှိမနေပါချေ။ သို့ပါသော် တစ်ခနအတွင်း သူ၏မျက်လုံးထောင့်မှ ဤမြင်ကွင်းအား လှမ်း၍မြင်လိုက်လေသော် စားရင်းဖြင့် နင်သွားတော့မလိုပင် ဖြစ်သွားလေတော့သည်။ သူဘယ်လိုလုပ်ပြီး ဆက်ထိုင်နေနိုင်မှာလဲ? သူဟာ မြန်မြန် ထလာပြီးနောက် ပြောလိုက်လေ၏။

" မင်းဘာလို့ရောက်လာတာလဲ? "

ကျောက်မင်ဇယ်က ပြုံးကာ ပြောလာပါ၏။

" ဘာမှထွေထူး ကိစ္စတော့မရှိပါဘူး..ဒီတိုင်းဖြတ်လာရင်း မင်းကိုတွေ့ချင်လို့..အာ...ဒါနဲ့ ငါအ​ပျော်စီးသင်္ဘောတစ်စင်း ဝယ်ထားတယ်..မင်း အပန်းဖြေထွက်ချင်ရင်ငါ့ကို အချိန်မရွေးပြောလိုက်..မင်းအတွက်ဆို အကောင်းဆုံးအခန်း ပြင်ထားပေးမယ် "

ရက်ရောချက်...လင်းကျစ်ရန်မှာ စိတ်ထဲတွင်လက်မထောင်ပြလိုက်လေ၏။ သူဟာ ကျောက်မင်ဇယ်ကို အထဲသို့ ခေါ်လာလိုက်ပြီးနောက် ဝမ်းယွီနှင့်မိတ်ဆက်ပေး လိုက်သည်။

" ဒါက..ငါမင်းကို အရင်ကပြောဖူးတဲ့ ဝမ်းယွီလေ "

ကျောက်မင်ဇယ်က ဝမ်းယွီအားကြည့်ကာ ညာဘက်လက်ကို ဆန့်ပေးပြီး ပြုံးလိုက်လေ၏။

" ကိုယ်မင်းကို တွေ့ချင်နေတာ ကြာလှပြီ..တွေ့ရတာဝမ်းသာပါတယ်နော်..ကိုယ်က လုကျန်းရဲ့ သူငယ်ချင်းပါ "

ဝမ်းယွီမှာလည်း ကျောက်မင်ဇယ်နှင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီး အသင့်အတင့်ပြုံးပြ လိုက်ချေ၏။

" တွေ့ရတာဝမ်းသာပါတယ်..ကျွန်တော်က လုကျန်းရဲ့ ကောင်လေးပါ "

ထိုနှစ်ယောက်မှာ ခင်မင်စွာဖြင့် လက်ဆွဲနှုတ်ဆက်နေကြသည့်တိုင် ဘာကြောင့်မှန်းမသိ အနည်းငယ်အေးစက်နေသည်ဟု လင်းကျစ်ရန်ခံစားနေရလေ၏။ ဇာတ်ညွှန်းအရ ဆိုပါလျှင် ဝမ်းယွီနှင့် ကျောက်မင်ဇယ်ကြားရှိ ဇာတ်ကွက်မှာ မရှိသလောက်ပင်နည်း လွန်းလှပေသည်။ ထို့ကြောင့် ယခု ကြုံကြိုက်မိခြင်းမှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်လေပြီး ထိုနှစ်ယောက်မှာလည်း သဘောထားကွဲလွဲမှုများ မရှိလေရာ အမှားအယွင်း တစ်စုံတစ်ရာမျှ မရှိနိုင်လောက်ပါလေ။ အရမ်း စိတ်ပူပန်နေဖို့ မလိုအပ်ပါပေ။

လင်းကျစ်ရန်မှာ ထိုနှစ်ယောက်အား တိတ်တဆိတ် အကြည့်ကစားလျက် ဘယ်လိုစကားစ သင့်ကြောင်း ချိန်ဆနေသည့်တိုင် ထိုနှစ်ယောက်မှာတော့ သူဘာမှမပြောခင်မှာပင် အချင်းချင်း လက်ဆွဲနှုတ်ဆက်လျက် အပြန်အလှန် မိတ်ဆက်ပြီးနှင့်ကြလေပြီ။

ကျောက်မင်ဇယ်၏ မျက်နှာပေါ်ရှိ အပြုံးမှာ တမင်တကာလုပ်ယူထားသည့်ဟန်လည်းဖြစ်မနေသလို အရမ်းဖော်ရွေနေသည့်ဘက်သို့လည်း မရောက်ပါသော်လည်း အသံကမူ ခါတိုင်းလိုပင် တည်ငြိမ်လျက်ပင် ဖြစ်သည်။

" ကိုယ် မင်းအကြောင်းကြားဖူး ​တာ ကြာပြီ..ဒါပေမယ့် ကံမကောင်းစွာနဲ့ တစ်ခါမှမတွေ့ဖူးဘူး..ဒီနေ့အထိပေါ့ "

ဝမ်းယွီမှာလည်း ပြုံးလျက်ပါပင်။

" မစ္စတာကျောက်က အရမ်းဖော်ရွေတာဘဲ..ဒါပေမယ့် လုကျန်းက ခင်းဗျားအကြောင်း ကျွန်တော့်ကိုတစ်ခါမှ မပြောဖူးဘူး..ခင်ဗျာက လုကျန်းရဲ့သူငယ်ချင်းဆိုတော့ ထပ်တွေ့ကြရဦးမှာပေါ့ "

ကျောက်မင်ဇယ်၏ အပြုံးများက မှုန်မှိုင်းသွားလေပြီး အဓိပ္ပါယ်ပါပါဖြင့် ကြည့်လာလေ၏။

" ကိုယ်လည်း အဲ့လိုမျှော်လင့်မိပါတယ်..ဒါနဲ့..မင်းတို့ရဲ့ rsအကြောင်း ဘယ်အချိန်မှ publicကိုချပြမှာလဲ "

ဝမ်းယွီက ပေါ့ပါးစွာပင် ပြောလိုက်ချေသည်။

" မစ္စတာကျောက်..စိတ်မပူပါနဲ့ "

လင်းကျစ်ရန်:?

ဤ စကားလုံးများနှင့်ပတ်သတ်ပြီး မှားယွင်းမှု တစ်စုံတစ်ရာပင် မရှိပါသော်လည်း သူ၏စိတ်ထဲတွင် ထူးဆန်းသောခံစားချက်က ပေါ်လာနေ စမြဲ ပင်။ ဘာကမှားနေတာလဲ? လင်းကျစ်ရန်မှာ ကျောက်မင်ဇယ်နှင့်ဝမ်းယွီအား စူးစမ်းလိုသော အမူအရာဖြင့် ကြည့်လိုက်သည်။

ထိုစဥ် ကျောက်မင်ဇယ်မှာ လင်းကျစ်ရန်ဘက်သို့ ရုတ်တရတ်ပင် စကားလမ်း​ကြောင်း ပြောင်းလာကာ ဘေးတွင်ရှိနေသည့် ဆိုဖာပေါ်မှ photocardsများအား တစ်ချက်ကြည့်လိုက်ပြီးနောက် လင်းကျစ်ရန်အား ပြုံးပြလိုက်ချေ၏။

" ဒါတွေက..မင်းဟာတွေလား..ငါလည်း ဝမ်းယွီရဲ့ fanပဲလေ..ဆိုတော့ ငါ့ကိုပေးလို့ ရနိုင်မလား "

နည်းလမ်းမရှိတော့ဘူး!

လင်းကျစ်ရန်မှာ ခဏမျှတောင့်တင်းစွာပြုံးလိုက်လေပြီး သူ၏အော့နှလုံးနာမှုအား ကြံ့ကြံ့ခံထားရပါလျက် သဘောထားကြီးစွာဖြင့် ပြောလိုက်ပါ၏။

" ရတာပေါ့..ဒီလိုမျိုး တောင်းနေစရာတောင် မလိုပါဘူး..မင်းကြိုက်ရင်ယူသွားလိုက် "

ဝမ်းယွီ၏ မျက်နှာမှာ စတင်၍ အေးစက်လာချေပြီး လင်းကျစ်ရန်၏ လက်​​ကောက်ဝတ်အားဆုပ်ကိုင်ကာ နှေးကွေးစွာဖြင့် ပြောလာချေ၏။

" ဒါက..ခင်းဗျာ့ သူငယ်ချင်းအတွက် မဟုတ်ဘူးလား "

လင်းကျစ်ရန်၏ မျက်ဝန်းများက မှေးမှိန်လို့ သွားရသည်။ သူ့အနေဖြင့် မရှိသည့်ဆင်ခြေများအား ကြိုးစားပန်းစား ရှာဖွေရသည့်အလုပ်ကိုပင် ​ပျင်းရိလာချေပြီး စိတ်လည်းမပါတော့ ပါချေ။ သို့သော် ဝမ်းယွီ၏ စကားကပင် ပြည့်စုံသော အကြောင်းပြချက်တစ်ခုဟု ဆိုလို့ရမလား...စကားပြောင်း၍ ငြင်းဆန်ရန်ပြင်လိုက်စဥ်မှာပင် ကျောက်မင်ဇယ်၏ မျက်ဝန်းနက်နက် များနှင့်ရင်ဆိုင်လိုက်ရပါသော် ထိုအရိုင်းဆန်သောညက အဖြစ်အပျက်များအား ပြန်၍မြန်ယောင်လာမိပြီး သူ၏စကားလုံးများမှာ လည်ချောင်းတစ်ဝက်မှာပင် တစ်ဆို့လို့ နေသည်။

အကယ်၍များ မျက်နှာသာ မပေးလိုက်ပါလျှင် ထင်ရာစိုင်းတတ်သော ဤလူကြမ်းမှာ သူအား ပြဿနာရှာလာနိုင်သည် မဟုတ်ပါလား? သူသည်ကား မှောင်ခိုပစ္စည်းသယ်ထားစဥ် တစ်ဖက်လူဆီမှ လက်ပူးလက်ကျပ် အမိခံထားရသည့် အခြေအနေမျိုး ၌ ရောက်ရှိနေသလိုပင်!

လင်းကျစ်ရန်မှာ ရယ်မောလိုက်ကာ။

" သူ...သူက ကိုယ်ပြောတဲ့ သူငယ်ချင်းပဲလေ "

ထို့နောက် ကျောက်မင်ဇယ်အား ဖော်ဖော်ရွေရွေဖြင့် အတင့်ရဲစွာ ပြောချ လိုက်ပါတော့သည်။

" မင်းကြိုက်ရင် အကုန်သာယူသွား..ကိစ္စမရှိဘူး..ငါမှအဲ့တာတွေ မလိုတာ! "

စိတ်ထဲတွင် ကြိတ်ငိုနေသော လင်းကျစ်ရန်၏ အမူအရာမှာ အနည်းငယ် စိတ်မကောင်းဖြစ်နေသည့်ဟန်ပါပင်။ သို့ပါသော် အဘယ်ကြောင့် ဝမ်းယွီမှာ အားအများကြီးသုံးလိုက်သလဲ မသိပါသော်လည်း သူ၏ လက်ကောက်ဝတ်မှာတော့ အနည်းငယ် နာကျင်သွားရသည်ပင်။

(T/N me tmr rest ml nw😁)

💜💜💜💜💜💜💜

Zawgyi

လင္းက်စ္ရန္မွာ စိတ္အေျခအေနေကာင္းမြန္လို႔ ေနသည္။ ထိုစဥ္က မေတာ္တဆကိစၥတစ္ခု ျဖစ္ပ်က္သြားပါေသာ္ျငား သူ၏ မဆုတ္မနစ္ ႀကိဳးစားအားထုတ္မႈေၾကာင့္ ဇတ္လိုက္shouႏွင့္ ဇာတ္လိုက္gongၾကားတြင္ ခ်ိဳၿမိန္ေသာ အျပန္အလွန္သက္ေရာက္မႈတစ္ခု ႐ွိလာခဲ့ၿပီပင္။ထို႔မတိုင္ခင္က ဝမ္းယြီမွာ ဥာဏ္မ်ားေသာ shouတစ္ေယာက္သာ ျဖစ္ပါေသာ္လည္း သန္မာေသာshouတစ္ေယာက္ျဖစ္ေနမည္ဟု သူေမွ်ာ္လင့္မထားမိခဲ့ ပါေခ်။ သို႔ေသာ္ သူ႕ဟာသူ ဘာပဲျဖစ္ေနပါေစ ဇာတ္ေၾကာင္းက တိုးတက္ေနသေ႐ြ႕ေတာ့ အဆင္ေျပသည္ပင္။

သို႔ပါေသာ္လည္း အခ်ိန္ေတြကုန္ဆုံးလာသေ႐ြ႕၊ လင္းက်စ္ရန္မွာ တစ္စုံတစ္ခုမွားယြင္းေနေၾကာင္း ခံစားေနရသည္။ 'အဘယ့္ေၾကာင့္ လုေဆြ႕မွာ ဝမ္းယြီ၏ အေရးကိစၥကို စုံစမ္းေနရမည့္အစား သူ႕ကိုယ္သူ အလုပ္ထဲတြင္သာ လုံးလုံးလ်ားလ်ား ႏွစ္ျမဳပ္ေနရတာလည္း? ဝမ္းယြီမွာလည္း လုေဆြ႕၏ အေရးကိစၥမ်ားကို လိုက္လံ၍ ဂ႐ုစိုက္ရမည့္အစား အဘယ့္ေၾကာင့္ သူ႕အနားတြင္သာ အၿမဲလိုလို ရစ္သီရစ္သီ လုပ္ေနရတာလည္း?' အစပိုင္းတြင္ေတာ့ လင္းက်စ္ရန္ေတြးမိသည္ကား ထိုႏွစ္ေယာက္မွာ သူ႕ေနာက္ကြယ္တြင္ တိတ္တဆိတ္လႈပ္႐ွားေနလိမ့္မည္ဟု။ သို႔ေသာ္ျငား အခ်ိိန္အေတာ္ၾကာေအာင္အထိ ေထာက္လွမ္းၾကည့္ေနပါေသာ္ လုေဆြ႕ႏွင့္ ဝမ္းယြီမွာ တစ္ေယာက္မ်က္ႏွာကို တစ္ေယာက္ မျမင္ရေအာင္ပင္ ဆုေတာင္းေနရ​ၾကသည့္ ပုံစံမ်ိဳးသာ ျဖစ္ေနေခ်သည္။

လင္းက်စ္ရန္မွာ စတင္ပူပန္လို႔ လာသည္။

သူႏွင့္ဝမ္းယြီၾကား႐ွိ ေတြ႕ဆုံမႈမ်ားမွာ သိသိသာသာကို ျမင့္တက္လာၿပီး ဝမ္းယြီမွာ သူ႕အိမ္သို႔ ထမင္းစားေရေသာက္ကဲ့သို႔ပင္ ဝင္လိုက္ထြက္လိုက္ လုပ္ေနေပရာ ဘယ္လိုလုပ္ၿပီး သူတို႔ၾကား႐ွိ relationshipမွာ ေကာ္ႏွင့္ကပ္ထားသကဲ့သို႔ မခြဲႏိုင္မခြာႏိုင္အေျခအေနမ်ိဳးအထိ ေရာက္႐ွိသြားရတာလည္း....လင္းက်စ္ရန္မွာ စတင္၍ ေၾကာက္လန္႔လို႔ လာေခ်၏။

[လင္းက်စ္ရန္: ငါဒီgameရဲ႕ difficultyကိုေလ်ာ့တြက္မိသြားတာဘဲ]

[System: အရင္က လြယ္တယ္လို႔ ထင္ခဲ့တာလား?]

[လင္းက်စ္ရန္:...]

[System: လူႀကီးမင္း က အမွတ္လိုခ်င္တာလား?]

လင္းက်စ္ရန္မွာ ခ်က္ခ်င္းပင္ ေခါင္းၿငိမ့္ျပလိုက္ေလ၏။

[Systemက ခပ္တိုးတိုးေလး ေျပာလာေလ၏: အမွတ္လို​ခ်င္တဲ့လူေတြက မိႈလိုေပါက္ေနတာ..ဒါေပမယ့္ သူတို႔အထဲက လူအနည္းစုပဲ ရႏိုင္ၾကတာ..လူႀကီးမင္းက ဂိမ္းကိုအထင္ေသးေနတဲ့အျပင္ ကိုယ့္ကိုယ္ကို အထင္ႀကီးလြန္းေနတာပါ ]

[လင္းက်စ္ရန္:...]

ဇာတ္ေၾကာင္းမွာ ခရီးမေပါက္ေသး ပါသည့္တိုင္ ဇာတ္လိုက္shou ျဖစ္ေသာဝမ္းယြီႏွင့္ ဒုတိယဇာတ္လိုက္တို႔ၾကား႐ွိ ခံစားခ်က္မ်ားမွာေတာ့ ေလအလ်င္ကဲ့သို႔ပင္ တိုးတက္လ်က္႐ွိေနသည္။ လင္းက်စ္ရန္မွာ ေကာင္းေကာင္း စားမဝင္၊ အိပ္မေပ်ာ္ပင္ျဖစ္လို႔ေနေခ်သည္။ ဝမ္းယြီက အမွန္ပင္ ေခ်ာလွပါေသာ္လည္း သူဟာ တင္းတိမ္ႏိုင္ေသာလူတစ္ေယာက္သာျဖစ္ၿပီး တကယ့္fanစစ္စစ္သာ ျဖစ္ေပရာ မိမိ၏အိုင္ေဒါျဖင့္ အခ်ိန္တိုင္းေန႔တိုင္း ပေရာပရည္လုပ္ေနရန္စိတ္ကူးမ႐ွိပါေခ်...ထို႔အျပင္ သူ႕ကိုပို၍ဆြဲေဆာင္ေနသည္က ဂိမ္းအမွတ္မ်ားပင္ ျဖစ္လို႔ေနသည္ပင္။

လတ္တေလာကမွ လုေဆြ႕အား သူ၏အလုပ္အေတာ္မ်ားမ်ားကို လက္လႊဲေပးလိုက္ၿပီး ျဖစ္ရာ သူ႕အေနျဖင့္ လုပ္စရာမ်ားမ်ားစားစား မ႐ွိေတာ့ပါေခ်။ ေနတိုင္းတြင္ အိမ္မွာေန၍ ဒရမ္မာၾကည့္ရင္း ​ျဖင့္သာ ​အခ်ိန္ျဖဳန္းေလ့႐ွိသည္။ ဒီတစ္ခါတြင္ေတာ့ TVမွလာေသာ ဇာတ္လမ္းတြဲမွာ ဝမ္းယြီ debutစလုပ္သည့္အခ်ိန္က ႐ိုက္ကူးခဲ့ျခင္းျဖစ္ေလရာ သူဟာ လႊတ္ခနဲ ဆဲေရးလိုက္႐ုံပင္႐ွိပါေသး၏...သူ၏ ဖုန္းမွာ ဝမ္းယြီဆီမွ messageဝင္သံထြက္လာေလၿပီး ဒီညသူလာမည္ျဖစ္ေသာေၾကာင့္ အိမ္တြင္႐ွိေနသလား ေမးျမန္းျခင္းပင္ ျဖစ္လို႔ေန၏။

လင္းက်စ္ရန္မွာ တိတ္တဆိတ္ သက္ျပင္းခ်လိုက္ေလၿပီး သူ႕အေန႔ျဖင့္ ဝမ္းယြီလာမည္ကို သေဘာမက်ပါေသာ္လည္း အမွန္အတိုင္းေတာ့ ေျဖၾကားလိုက္ေခ်၏။

ဝမ္းယြီမွာ အခုတေလာတြင္ အလုပ္မ်ားေနသည့္တိုင္ လင္းက်စ္ရန္အား အခ်ိန္ေပးရန္ အေကာင္းဆုံး ႀကိဳးစားေနသည္ပင္။ ခါတိုင္းဆိုလွ်င္ သူဟာအၿမဲလိုလို ဤ အခ်စ္ေရးအား အနည္းငယ္ပ်င္းဖို႔ ေကာင္းသည့္ဟု ခံစားခဲ့ရပါေသာ္လည္း အခုတြင္ေတာ့ ေပ်ာ္႐ႊင္ၾကည္ႏူးဖြယ္ရာမ်ားအား ႐ွာေတြ႕ခဲ့ေလသည္။ လင္းက်စ္ရန္မွာလည္း သူ႕အား အလြန္ပင္ ယုံၾကည္ထားေလၿပီး အိမ္သို႔လာသည့္အခါတြင္ ပို၍ပင္ သက္ေတာင့္သက္သာ ျဖစ္ေစပါရန္ အိမ္ေသာ့မ်ားကိုပင္ ေပးထားပါေသး၏။

ညေနခင္းတြင္ေတာ့ ဝမ္းယြီမွာ ဒုတိယထပ္႐ွိ စာၾကည့္ခန္းဆီသို႔ တိုက္႐ိုက္ေလွ်ာက္လာလိုက္ပါေသာ္ ipadေပၚ႐ွိ စာရင္းဇယားကြက္မ်ားအား ၾကည့္ေနေသာ လင္းက်စ္ရန္အား ေတြ႕လိုက္ရေလသည္။

သူဟာ ႏႈတ္ခမ္းမ်ားကို တြန္႔ေကြးလ်က္ ေပါ့ပါးစြာျဖင့္ ျပဳံးလာေလ၏။

" overtimeေတြ ထပ္လုပ္ျပန္ၿပီလား "

လင္းက်စ္ရန္သည္ကား ေခါင္းေမာ့ၾကည့္လိုက္ ပါေလေသာ္ သူ႕ဆီသို႔လာေနသည့္ဝမ္းယြီကို ျမင္လိုက္ရေပရာ ခ်က္ခ်င္းပင္ ျပဳံးလိုက္ကာ ေျပာလိုက္သည္။

" အၿပီးသတ္စရာ နည္းနည္းက်န္ေသးတယ္..ခနပဲ "

ဝမ္းယြီက ျပဳံးလိုက္ေလၿပီး။

" ခင္ဗ်ား အလုပ္မ်ားေနရင္လည္း ကြၽန္ေတာ္ မေႏွာင့္ယွက္ ေသးပါဘူး "

လင္းက်စ္ရန္သည္လည္း ျပန္၍ ျပဳံးျပလိုက္ၿပီးေနာက္ ေခါင္းငုံ႔ကာ စာရင္းဇယားမ်ားအား စိတ္ဝင္တစားၾကည့္႐ႈေန ဟန္ေဆာင္လိုက္ေခ်သည္။ ကံေကာင္းစြာျဖင့္ သူဟာ အလိုက္အထိုက္ သ႐ုပ္ေဆာင္ႏိုင္လိုက္ေပရာ ဤသည္က ဝမ္းယြီႏွင့္အတူ႐ွိေနရမည့္အခ်ိန္မ်ားအား ေလ်ာ့ခ်ေစႏိုင္လိမ့္မည္ပင္။ သူ႕အေနျဖင့္ နာရီဝက္မွ် အခ်ိန္ဆြဲၿပီးပါေလေသာ္ ဝမ္းယြီကို႐ွာဖို႔ ထြက္လာလိုက္ေခ်၏။

သူသည္ကား ဝမ္းယြီကို သူ၏အိပ္ရာေဘးတြင္ ေတြ႕ရလိမ့္မည္ဟု မေမွ်ာ္လင့္ ထားမိခဲ့ပါေခ်။ လင္းက်စ္ရန္၏ လည္ပင္းမွာ တင္းက်ပ္၍ လာေလ၏...ေသစမ္း! ဝမ္းယြီ၏လက္မွတ္ ပါ႐ွိထားသည့္ ဓာတ္ပုံအား အိပ္ရာေဘး႐ွိ စားပြဲခုံ၏အံဆြဲထဲတြင္ ထည့္ထားေၾကာင္း ေမ့သြား မိေလသည္။

" ဘာလို႔..မင္းကဒီေရာက္ေနတာလဲ "

လင္းက်စ္ရန္မွာ သူ၏ အသံအား တည္ၿငိမ္ေအာင္ ႀကိဳးစား၍ ေျပာလိုက္ျခင္း ပါပင္။

ဝမ္းယြီမွာ ေခါင္းေစာင္းကာ သူ၏ လက္ထဲ႐ွိဖုန္းအား လႈပ္ရမ္းျပေလၿပီး ျပဳံးျပေလ၏။

" ကြၽန္ေတာ္..အားသြင္းႀကိဳး လာ႐ွာတာ "

လင္းက်စ္ရန္မွာ အခန္းပတ္ပတ္လည္သို႔ လ်င္​ျမန္စြာ မ်က္စိကစားၾကည့္လိုက္ပါေသာ္ အိပ္ရာေဘး႐ွိ စားပြဲမွာ ေျခရာလက္ရာ မပ်က္ ႐ွိေနေၾကာင္းေတြ႕႐ွိလိုက္ၿပီးေနာက္ သူ၏ ႏွလုံးသားမွာလည္း အလ်င္အျမန္ပင္ တည္ၿငိမ္သို႔သြားရေလကာ ေႏြးေထြးစြာျဖင့္ ျပဳံးလိုက္ပါ၏။

" ကိုယ္ယူေပးမယ္ "

ဝမ္းယြီက အားသြင္းႀကိဳးကိုယူလိုက္ၿပီးေနာက္ လင္းက်စ္ရန္အား ႐ႊင္ျမဴးစြာျဖင့္ ၾကည့္လာေခ်၏။

" စကားမစပ္..ကြၽန္ေတာ္ ခင္ဗ်ားအတြက္ ယူလာတဲ့ဟာ ႐ွိတယ္ "

လင္းက်စ္ရန္မွာ သံသယျဖစ္စြာျဖင့္ အေ႐ွ႕သို႔ တိုးလာလိုက္သည္။ ဝမ္းယြီ၏ လက္ထဲတြင္မူ သပ္ရပ္စြာထုပ္ပိုးထားပါေသာ ပါဆယ္ဘူးတစ္ခု႐ွိေနသည္ပင္။ လင္းက်စ္ရန္မွာ ထိုအရာကို ျမင္ျမင္ခ်င္းပင္ မွင္သက္သြားမိ ေခ်၏။ ဝိုး...ဒါေတြအားလုံးက ဝမ္းယြီ၏ photocardမ်ားျဖစ္ေနၿပီး ထိုအထဲတြင္ အျပင္မွာအလြယ္တကူဝယ္လို႔မရသည့္ limited editionမ်ားလည္းပါေနေသးသည့္အျပင္ ေနာက္ဆုံးပိတ္တစ္ခုမွာကား ေစ်းကြက္အတြင္းသို႔ပင္ ဝင္ေရာက္မလာေသးပါေခ်။ တစ္ျခားလူမ်ားသာ သိပါလွ်င္ ဘယ္ေလာက္ေတာင္မ်ား မနာလိုအားက်ကုန္ပါ လိမ့္မလဲ?

ေနပါဦး...ဝမ္းယြီက ဘာလို႔သူ႕ကို ဒီဟာေတြ လာေပးပါလိမ့္? လင္းက်စ္ရန္မွာ ႐ုတ္တရတ္ပင္ သတိကပ္ သြားရသည္။

ဝမ္းယြီက ျပဳံးကာ ေျပာေလ၏။

" ခင္ဗ်ား သူငယ္ခ်င္းက ကြၽန္ေတာ္႕fanဆို.. ဒါေတြက စတူတီ႐ိုက ဖယ္႐ွားပစ္တဲ့ဟာေတြ..အသုံးမလိုေတာ့လို႔..အဲ့ေၾကာင့္ ခင္ဗ်ား ယူထားၿပီး ေပးခ်င္တဲ့လူကို ေပးလိုက္ "

'ငါဘယ္သူကိုမွ မေပးပစ္ပါဘူး!'. ..လင္းက်စ္ရန္မွာ ဝမ္းယြီအား ၾကင္နာစြာျဖင့္ ၾကည့္လိုက္ကာ။

" okay. ..ကိုယ့္သူငယ္ခ်င္းကေတာ့ အရမ္းေပ်ာ္ေနေတာ့မွာပဲ "

လက္ေဆာင္မ်ားအား လက္ခံၿပီးပါေသာ္ လင္းက်စ္ရန္မွာ အနည္းငယ္ ပို၍ စိတ္ေက်နပ္သြားရသည္။ ေမ့လိုက္ေတာ့...ဇာတ္ေၾကာင္းအား အတင္းအက်ပ္ တြန္းအားေပးလို႔ မရႏိုင္ပါလွ်င္လည္း ၎ထက္ ပို၍ အေရးႀကီးသည္က ေပ်ာ္ေပ်ာ္ေနႏိုင္ဖို႔သာ။

ဝမ္းယြီ၏ ႏႈတ္ခမ္းမ်ားက မသိမသာ ေကာ့တက္လို႔သြားေလၿပီး လင္းက်စ္ရန္၏ ေပ်ာ္႐ႊင္ေနေသာအမူအရာကိုၾကည့္ရင္းျဖင့္ သူ႕ဆီသို႔ပါ အေပ်ာ္မ်ား ကူးစက္လာသလိုမ်ိဳး ခံစားေနရေခ်၏။ အခ်ိဳ႕ေသာလူမ်ားမွာ တကယ့္ကို အလြယ္တကူ ေပ်ာ္တတ္ၾကသူမ်ားသာ ျဖစ္ပါေသာေၾကာင့္ သူတို႔ေဘးတြင္႐ွိေနၾကသည့္လူမ်ားပင္ အတူတူလိုက္၍ ေပ်ာ္႐ႊင္မိၾကေလသည္။ ကိုယ္ကိုယ္တိုင္ေတာင္ သတိမထားမိပါဘဲ သူတို႔ေဘးသို႔ အလိုလိုတိုးကပ္ကာ အတူ႐ွိေနခ်င္မိၾကသည္ အထိပင္။

' ကြၽန္ေတာ္႕ကို သေဘာက်ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္..အနာဂါတ္မွာ ကြၽန္ေတာ္ခင္ဗ်ားအေပၚ ေကာင္းေပးမွာပါ '

ဒီကေန႔တြင္ စားရသည့္ညစာမွာ ခါတိုင္းႏွင့္ကြဲလြဲစြာပင္ သာယာလို႔ေနေပရာ လင္းက်စ္ရန္မွာ စားရင္းတန္းလန္းျဖင့္ ေတြးေတာလိုက္ေလ၏။ သူ၏​ေဝးေပၚတြင္ updateမလုပ္သည္မွာ ရက္အေတာ္ၾကာေနၿပီ ျဖစ္ေသာေၾကာင့္ ဒီေန႔တြင္ေတာ့ ေသခ်ာေပါက္ကို ထုတ္ႂကြားရေပလိမ့္မည္။ ထိုစဥ္တြင္ တံခါးဘဲလ္ ျမည္လာရာ လင္းက်စ္ရန္မွာ ထ၍ ဖြင့္ေပးရန္ျပင္လိုက္ပါေသာ္လည္း ဝမ္းယြီက သူ႕ထက္အရင္ဦးစြာ မတ္တပ္ရပ္ၿပီး ျပဳံးလိုက္ေလ၏။

" ကြၽန္ေတာ္သြားဖြင့္ လိုက္မယ္ "

ဝမ္းယြီမွာ တံခါးကိုဖြင့္လိုက္သည္ႏွင့္ ေငြေရာင္အနားကြပ္ မ်က္မွန္တပ္ထားသည့္ ေခ်ာေမာေသာအမ်ိဳးသားတစ္ေယာက္ ရပ္ေနတာကို ျမင္လိုက္ရေလသည္။ ေက်ာက္မင္ဇယ္၏ အမူအရာမွာလည္း အံ့ၾသလို႔ သြားရသည္ပင္။ ဝမ္းယြီတံခါးလာဖြင့္ေပးလိမ့္မည္ဟု သူမထင္ထားမိခဲ့ပါေခ်။

လင္းက်စ္ရန္မွာ သာမန္အတိုင္းသာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖင့္ညစာ စားေနေလၿပီး အခုအခ်ိန္၌ ဘယ္သူေရာက္လာသလဲ ဆိုတာ အေတြးထဲပင္႐ွိမေနပါေခ်။ သို႔ပါေသာ္ တစ္ခနအတြင္း သူ၏မ်က္လုံးေထာင့္မွ ဤျမင္ကြင္းအား လွမ္း၍ျမင္လိုက္ေလေသာ္ စားရင္းျဖင့္ နင္သြားေတာ့မလိုပင္ ျဖစ္သြားေလေတာ့သည္။ သူဘယ္လိုလုပ္ၿပီး ဆက္ထိုင္ေနႏိုင္မွာလဲ? သူဟာ ျမန္ျမန္ ထလာၿပီးေနာက္ ေျပာလိုက္ေလ၏။

" မင္းဘာလို႔ေရာက္လာတာလဲ? "

ေက်ာက္မင္ဇယ္က ျပဳံးကာ ေျပာလာပါ၏။

" ဘာမွေထြထူး ကိစၥေတာ့မ႐ွိပါဘူး..ဒီတိုင္းျဖတ္လာရင္း မင္းကိုေတြ႕ခ်င္လို႔..အာ...ဒါနဲ႔ ငါအ​ေပ်ာ္စီးသေဘၤာတစ္စင္း ဝယ္ထားတယ္..မင္း အပန္းေျဖထြက္ခ်င္ရင္ငါ့ကို အခ်ိန္မေ႐ြးေျပာလိုက္..မင္းအတြက္ဆို အေကာင္းဆုံးအခန္း ျပင္ထားေပးမယ္ "

ရက္ေရာခ်က္...လင္းက်စ္ရန္မွာ စိတ္ထဲတြင္လက္မေထာင္ျပလိုက္ေလ၏။ သူဟာ ေက်ာက္မင္ဇယ္ကို အထဲသို႔ ေခၚလာလိုက္ၿပီးေနာက္ ဝမ္းယြီႏွင့္မိတ္ဆက္ေပး လိုက္သည္။

" ဒါက..ငါမင္းကို အရင္ကေျပာဖူးတဲ့ ဝမ္းယြီေလ "

ေက်ာက္မင္ဇယ္က ဝမ္းယြီအားၾကည့္ကာ ညာဘက္လက္ကို ဆန္႔ေပးၿပီး ျပဳံးလိုက္ေလ၏။

" ကိုယ္မင္းကို ေတြ႕ခ်င္ေနတာ ၾကာလွၿပီ..ေတြ႕ရတာဝမ္းသာပါတယ္ေနာ္..ကိုယ္က လုက်န္းရဲ႕ သူငယ္ခ်င္းပါ "

ဝမ္းယြီမွာလည္း ေက်ာက္မင္ဇယ္ႏွင့္ လက္ဆြဲႏႈတ္ဆက္လိုက္ၿပီး အသင့္အတင့္ျပဳံးျပ လိုက္ေခ်၏။

" ေတြ႕ရတာဝမ္းသာပါတယ္..ကြၽန္ေတာ္က လုက်န္းရဲ႕ ေကာင္ေလးပါ "

ထိုႏွစ္ေယာက္မွာ ခင္မင္စြာျဖင့္ လက္ဆြဲႏႈတ္ဆက္ေနၾကသည့္တိုင္ ဘာေၾကာင့္မွန္းမသိ အနည္းငယ္ေအးစက္ေနသည္ဟု လင္းက်စ္ရန္ခံစားေနရေလ၏။ ဇာတ္ၫႊန္းအရ ဆိုပါလွ်င္ ဝမ္းယြီႏွင့္ ေက်ာက္မင္ဇယ္ၾကား႐ွိ ဇာတ္ကြက္မွာ မ႐ွိသေလာက္ပင္နည္း လြန္းလွေပသည္။ ထို႔ေၾကာင့္ ယခု ၾကဳံႀကိဳက္မိျခင္းမွာ တိုက္ဆိုင္မႈတစ္ခုသာ ျဖစ္ေလၿပီး ထိုႏွစ္ေယာက္မွာလည္း သေဘာထားကြဲလြဲမႈမ်ား မ႐ွိေလရာ အမွားအယြင္း တစ္စုံတစ္ရာမွ် မ႐ွိႏိုင္ေလာက္ပါေလ။ အရမ္း စိတ္ပူပန္ေနဖို႔ မလိုအပ္ပါေပ။

လင္းက်စ္ရန္မွာ ထိုႏွစ္ေယာက္အား တိတ္တဆိတ္ အၾကည့္ကစားလ်က္ ဘယ္လိုစကားစ သင့္ေၾကာင္း ခ်ိန္ဆေနသည့္တိုင္ ထိုႏွစ္ေယာက္မွာေတာ့ သူဘာမွမေျပာခင္မွာပင္ အခ်င္းခ်င္း လက္ဆြဲႏႈတ္ဆက္လ်က္ အျပန္အလွန္ မိတ္ဆက္ၿပီးႏွင့္ၾကေလၿပီ။

ေက်ာက္မင္ဇယ္၏ မ်က္ႏွာေပၚ႐ွိ အျပဳံးမွာ တမင္တကာလုပ္ယူထားသည့္ဟန္လည္းျဖစ္မေနသလို အရမ္းေဖာ္ေ႐ြေနသည့္ဘက္သို႔လည္း မေရာက္ပါေသာ္လည္း အသံကမူ ခါတိုင္းလိုပင္ တည္ၿငိမ္လ်က္ပင္ ျဖစ္သည္။

" ကိုယ္ မင္းအေၾကာင္းၾကားဖူး ​တာ ၾကာၿပီ..ဒါေပမယ့္ ကံမေကာင္းစြာနဲ႔ တစ္ခါမွမေတြ႕ဖူးဘူး..ဒီေန႔အထိေပါ့ "

ဝမ္းယြီမွာလည္း ျပဳံးလ်က္ပါပင္။

" မစၥတာေက်ာက္က အရမ္းေဖာ္ေ႐ြတာဘဲ..ဒါေပမယ့္ လုက်န္းက ခင္းဗ်ားအေၾကာင္း ကြၽန္ေတာ္႕ကိုတစ္ခါမွ မေျပာဖူးဘူး..ခင္ဗ်ာက လုက်န္းရဲ႕သူငယ္ခ်င္းဆိုေတာ့ ထပ္ေတြ႕ၾကရဦးမွာေပါ့ "

ေက်ာက္မင္ဇယ္၏ အျပဳံးမ်ားက မႈန္မိႈင္းသြားေလၿပီး အဓိပၸါယ္ပါပါျဖင့္ ၾကည့္လာေလ၏။

" ကိုယ္လည္း အဲ့လိုေမွ်ာ္လင့္မိပါတယ္..ဒါနဲ႔..မင္းတို႔ရဲ႕ rsအေၾကာင္း ဘယ္အခ်ိန္မွ publicကိုခ်ျပမွာလဲ "

ဝမ္းယြီက ေပါ့ပါးစြာပင္ ေျပာလိုက္ေခ်သည္။

" မစၥတာေက်ာက္..စိတ္မပူပါနဲ႔ "

လင္းက်စ္ရန္:?

ဤ စကားလုံးမ်ားႏွင့္ပတ္သတ္ၿပီး မွားယြင္းမႈ တစ္စုံတစ္ရာပင္ မ႐ွိပါေသာ္လည္း သူ၏စိတ္ထဲတြင္ ထူးဆန္းေသာခံစားခ်က္က ေပၚလာေန စၿမဲ ပင္။ ဘာကမွားေနတာလဲ? လင္းက်စ္ရန္မွာ ေက်ာက္မင္ဇယ္ႏွင့္ဝမ္းယြီအား စူးစမ္းလိုေသာ အမူအရာျဖင့္ ၾကည့္လိုက္သည္။

ထိုစဥ္ ေက်ာက္မင္ဇယ္မွာ လင္းက်စ္ရန္ဘက္သို႔ ႐ုတ္တရတ္ပင္ စကားလမ္း​ေၾကာင္း ေျပာင္းလာကာ ေဘးတြင္႐ွိေနသည့္ ဆိုဖာေပၚမွ photocardsမ်ားအား တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ လင္းက်စ္ရန္အား ျပဳံးျပလိုက္ေခ်၏။

" ဒါေတြက..မင္းဟာေတြလား..ငါလည္း ဝမ္းယြီရဲ႕ fanပဲေလ..ဆိုေတာ့ ငါ့ကိုေပးလို႔ ရႏိုင္မလား "

နည္းလမ္းမ႐ွိေတာ့ဘူး!

လင္းက်စ္ရန္မွာ ခဏမွ်ေတာင့္တင္းစြာျပဳံးလိုက္ေလၿပီး သူ၏ေအာ့ႏွလုံးနာမႈအား ၾကံ့ၾကံ့ခံထားရပါလ်က္ သေဘာထားႀကီးစြာျဖင့္ ေျပာလိုက္ပါ၏။

" ရတာေပါ့..ဒီလိုမ်ိဳး ေတာင္းေနစရာေတာင္ မလိုပါဘူး..မင္းႀကိဳက္ရင္ယူသြားလိုက္ "

ဝမ္းယြီ၏ မ်က္ႏွာမွာ စတင္၍ ေအးစက္လာေခ်ၿပီး လင္းက်စ္ရန္၏ လက္​​ေကာက္ဝတ္အားဆုပ္ကိုင္ကာ ေႏွးေကြးစြာျဖင့္ ေျပာလာေခ်၏။

" ဒါက..ခင္းဗ်ာ့ သူငယ္ခ်င္းအတြက္ မဟုတ္ဘူးလား "

လင္းက်စ္ရန္၏ မ်က္ဝန္းမ်ားက ေမွးမွိန္လို႔ သြားရသည္။ သူ႕အေနျဖင့္ မ႐ွိသည့္ဆင္ေျခမ်ားအား ႀကိဳးစားပန္းစား ႐ွာေဖြရသည့္အလုပ္ကိုပင္ ​ပ်င္းရိလာေခ်ၿပီး စိတ္လည္းမပါေတာ့ ပါေခ်။ သို႔ေသာ္ ဝမ္းယြီ၏ စကားကပင္ ျပည့္စုံေသာ အေၾကာင္းျပခ်က္တစ္ခုဟု ဆိုလို႔ရမလား...စကားေျပာင္း၍ ျငင္းဆန္ရန္ျပင္လိုက္စဥ္မွာပင္ ေက်ာက္မင္ဇယ္၏ မ်က္ဝန္းနက္နက္ မ်ားႏွင့္ရင္ဆိုင္လိုက္ရပါေသာ္ ထိုအ႐ိုင္းဆန္ေသာညက အျဖစ္အပ်က္မ်ားအား ျပန္၍ျမန္ေယာင္လာမိၿပီး သူ၏စကားလုံးမ်ားမွာ လည္ေခ်ာင္းတစ္ဝက္မွာပင္ တစ္ဆို႔လို႔ ေနသည္။

အကယ္၍မ်ား မ်က္ႏွာသာ မေပးလိုက္ပါလွ်င္ ထင္ရာစိုင္းတတ္ေသာ ဤလူၾကမ္းမွာ သူအား ျပႆနာ႐ွာလာႏိုင္သည္ မဟုတ္ပါလား? သူသည္ကား ေမွာင္ခိုပစၥည္းသယ္ထားစဥ္ တစ္ဖက္လူဆီမွ လက္ပူးလက္က်ပ္ အမိခံထားရသည့္ အေျခအေနမ်ိဳး ၌ ေရာက္႐ွိေနသလိုပင္!

လင္းက်စ္ရန္မွာ ရယ္ေမာလိုက္ကာ။

" သူ...သူက ကိုယ္ေျပာတဲ့ သူငယ္ခ်င္းပဲေလ "

ထို႔ေနာက္ ေက်ာက္မင္ဇယ္အား ေဖာ္ေဖာ္ေ႐ြေ႐ြျဖင့္ အတင့္ရဲစြာ ေျပာခ် လိုက္ပါေတာ့သည္။

" မင္းႀကိဳက္ရင္ အကုန္သာယူသြား..ကိစၥမ႐ွိဘူး..ငါမွအဲ့တာေတြ မလိုတာ! "

စိတ္ထဲတြင္ ႀကိတ္ငိုေနေသာ လင္းက်စ္ရန္၏ အမူအရာမွာ အနည္းငယ္ စိတ္မေကာင္းျဖစ္ေနသည့္ဟန္ပါပင္။ သို႔ပါေသာ္ အဘယ္ေၾကာင့္ ဝမ္းယြီမွာ အားအမ်ားႀကီးသုံးလိုက္သလဲ မသိပါေသာ္လည္း သူ၏ လက္ေကာက္ဝတ္မွာေတာ့ အနည္းငယ္ နာက်င္သြားရသည္ပင္။

(T/N me tmr rest ml nw😁)

💜💜💜💜💜💜💜

Continua a leggere

Ti piacerà anche

1.1M 89K 102
All photos I use in this story are not mine. It's all from google. both unicode and zawgyi "mission တေလုပ်ကြမယ် let's go!!!" "အော်... ငါ့ရဲ့hostလေးယေ...
1.6M 205K 163
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
1.1M 132K 43
လက်ရှိကာလကနေ ၁၉၅၀ ကိုရောက်သွားတဲ့အခါ .. သင်တို့ရော ခွန်နှောင်းလို စော်ဘွားချောချောလေးနဲ့တွေ့နိုင်မယ်ထင်လား ...?
2.1M 162K 36
No descriptions here