Sewing Machine's Love Story (...

Por LuuLuu252

125K 20.1K 824

Author : Jing Shui Bian EN translator: Rinisnotgold Chapters: 24 Chapters All Credit to Original Author and... Más

Story Description
Chap 1 (Part 1)
Chap 1(Part 2)
Chap 2
Chap 3
Chap 4
Chap 5
Chap 6
Chap 7
Chap 8
Chap 9
Chap 10
Chap 11
Chap 13
Chap 14
Chap 15
Chap 16
Chap 17
Chap 18
Chap 19
Chap 20
Chap 21
Chap 22
Chap 23 (Part 1)
Chap 23 (Part 2)
Chap 24 (Part 1)
Chap 24 (Final Part)
Recommend Please!!

Chap 12

3.5K 717 28
Por LuuLuu252

Zaw

ဟြားခ်င္ ေဂါ့ဖ္ကြင္း သည္ ၿမိဳ႕ေတာ္၏ အစြန္အဖ်ားတြင္ ရွိသည့္ အႀကီးဆုံး ေဂါ့ဖ္ကြင္းေတြထဲကတစ္ခုျဖစ္သည္။ ၎မွာ အလြန္ကြ်မ္းက်င္စြာ ထိန္းသိမ္း ထားသည့္ ကြင္းတစ္ခုလည္း ျဖစ္သည္။ ထိုကြင္းႀကီးတြင္ ကၽြင္း ၁၈ ကၽြင္းပါဝင္သည့္ outdoor ကြင္းႏွစ္ခု ႏွင့္ ကၽြင္း ၉ ကြ်င္းပါဝင္သည့္ indoor ကြင္းတစ္ခုပါရွိသည္။ ကြ်မ္းက်င္သစားသမားမဟုတ္သူဆိုလၽွင္ေတာ့   Outdoor ကြင္းတစ္ပတ္လုံးၿပီးသည္အထိ ကစားႏိုင္ဖို႔ရန္ဆိုလွ်င္ အခ်ိန္ ေလးနာရီနဲ႔ေတာင္ ေလာက္လိမ့္မွာ မဟုတ္ေပ။

ကယ္ဒီ မ်ားက ေဂါ့ဖ္ကြင္းသုံးကား*ျဖင့္ သူတို႔အားလာေရာက္ေခၚေဆာင္သည္။ သခင္ေလးခ်င္ ႏွင့္ ဆယ္လီအမ်ိဳးသားေလးက ကားတစ္စီးေပၚ အရင္တက္သြားၿပီးေနာက္ ရႊီႏ်န္က ခ်န္းခ်န္ေနာက္မွ လိုက္၍ ေနာက္တစ္စီးတြင္ ဝင္ထိုင္လိုက္သည္။

ရႊီႏ်န္က သဘာဝက်စြာပင္ ေဂါ့ဖ္ကစားနည္းကို မသိေပ။ သို႔ေပမယ့္ ခ်န္းခ်န္၏ ေဂါ့ဖ္အိတ္အတြင္းရွိ ကိရိယာမ်ားကို ျမင္ၿပီးေနာက္မွာေတာ့ အေတာ္ေလး အထင္ႀကီးသြားရသည္။ သူက ထိုပစၥည္းမ်ားအေၾကာင္းကို ေမးလိုက္ေတာ့ ခ်န္းခ်န္က အနည္းငယ္ ဘဝင္ျမင့္သည့္ အမူအရာ ျဖစ္သြားကာ၊

"အဲ့တာက ဒီအတိုင္း လုပ္ေဆာင္ခ်က္တစ္ခုသက္သက္ထက္ မပိုဘူး။"

ခ်န္းခ်န္က ေပါ့ေပါ့ပါးပါးေျပာလိုက္သည္။

"မ်က္ႏွာေတာ့ ပ်က္လို႔မရဘူး"

ရႊီႏ်န္က ျပဳံးလိုက္ကာ

"ဒါဆို ခင္ဗ်ား ေဂါ့ဖ္ ဘယ္လိုကစားရလဲဆိုတာ သိတယ္ေပါ့?"

ခ်န္းခ်န္က မ်က္လုံးလွိမ့္လိုက္ၿပီး

"သခင္ေလးခ်င္ထက္ ပိုေတာ္တယ္လို႔ ေျပာဖို႔ေတာ့ လုံေလာက္တယ္"

သူက ထိုသို႔ေျပာခဲ့ေပမယ့္လည္း သူတို႔တကယ္တမ္း ကစားၾကသည့္အခ်ိန္မွာေတာ့ ရႊီႏ်န္ထင္သည္က ခ်န္းခ်န္က အမ်ားႀကီး ငဲ့ညႇာေပးထားသည္ ဟူ၍ပင္။

သခင္ေလးခ်င္တို႔ဖက္တြင္ ေဂါ့ဖ္ရိုက္ ကၽြမ္းက်င္သူက သခင္ေလးခ်င္ မဟုတ္ဘဲ အမ်ိဳးသားဆယ္လီေလး သာ ျဖစ္သည္။
အခ်ိန္ေတြအေတာ္ၾကာၿပီးေနာက္ ဒီေန႔မွာေတာ့ ရႊီႏ်န္သည္ ထိာအမ်ိဳးသားဆယ္လီေလးမွာ မည္သူမည္ဝါ ျဖစ္ေၾကာင္း မွတ္မိသြားခဲ့ၿပီျဖစ္သည္။ ထိုဆယ္လီေလးသည္ showbiz * အသိုင္းအဝိုင္းတြင္ အေတာ္ေလး ေက်ာ္ၾကားသူတစ္ေယာက္ဟု သတ္မွတ္ႏိုင္ၿပီး သူသည္ ပရိတ္သတ္မ်ားစြာရွိသည့္ နာမည္ႀကီး မ်က္ႏွာသစ္တစ္ေယာက္ ျဖစ္သည္သာမက ႏိုင္ငံတြင္းႏွင့္ တျခားျပည္ပႏိုင္ငံမ်ားမွ ဆုမ်ားကိုပါ သိမ္းပိုက္ထားႏိုင္ၿပီးေသာ သရုပ္ေဆာင္တစ္ေယာက္လည္း ျဖစ္သည္။  ရႊီႏ်န္က ေဂါ့ဖ္ကြင္းေဘးတစ္ေနရာတြင္ ထိုင္ကာ ထိုဆယ္လီအမ်ိဳးသားအေၾကာင္းကို  Baidu*တြင္ ရွာေဖြခဲ့ၿပီးေနာက္မွာေတာ့ ထိုဆယ္လီေလး၏ နာမည္မွာ က်န္းဇယ္ ဟု ေခၚေၾကာင္း သိခဲ့ေလသည္။ 

ကံမေကာင္းစြာျဖင့္ပင္ သူ အြန္လိုင္းမွတဆင့္ ရွာေဖြမႈမ်ားျပဳလုပ္ေနစဥ္၌ ခ်န္းခ်န္က သူ႔ဘာလုပ္ေနသည္ကို ျမင္သြားသည္။ ေဘာ့စ္ႀကီးမွာ  မေပ်ာ္မရႊင္ျဖစ္သြားကာ ေလွာင္ခ်င္သံျဖင့္ ေျပာလာသည္။

"မင္းက သူ႔အေၾကာင္းေတြရွာၿပီး ဘာလုပ္မလို႔လဲ?"

ရႊီႏ်န္က လန္႔သြားတာ ဒါမွမဟုတ္ တုန္လႈပ္သြားတာမ်ိဳးမရွိဘဲ သူ႔ဖုန္းကို ေဝးေဝးတြင္ ထားလိုက္ကာ။

"ကၽြန္ေတာ္က ခင္ဗ်ားရဲ႕ သူငယ္ခ်င္းေတြအေၾကာင္း သိထားသင့္တယ္ေလ။ မဟုတ္ဘူးလား?"

ခ်န္းခ်န္က ႏွာမႈတ္သည္။

"သူက ငါ့သူငယ္ခ်င္းလို႔ ဘယ္သူေျပာလဲ?"

ရႊီႏ်န္က ထိုလူႀကီး အမွန္တကယ္ ေဒါသထြက္မေနတာကို သိသည္။ ထိုေၾကာင့္ သူက ျပဳံးလိုက္ကာ ေရဘူးႏွင္ ေခၽြးသုတ္ရန္ပဝါတို႔ကို ကမ္းေပးလိုက္သည္။ ပထမတြင္ေတာ့ ခ်န္းခ်န္က ေတာင့္ေတာင့္ႀကီးလုပ္ေနဆဲျဖစ္ကာ 'ေရကပူေနတယ္။ ပုဝါက ညစ္ပတ္ေနတာပဲ' စသည္ျဖင့္ မေက်မနပ္စြာ ဇီဇာေၾကာင္ေလ၏။ ထို႔ေၾကာင့္ ရႊီႏ်န္က ေကာင္းေကာင္းမြန္မြန္ႏွင့္ သဘာဝတက်ပင္ ထိုလူႀကီး စိတ္တိုင္းက် ႏွစ္ခုစလုံးကို လဲေပးလိုက္သည္။ ကြင္းထဲကေန အနားယူရန္ ေရာက္လာသည့္ သခင္ေလးခ်င္က သူတို႔ႏွစ္ေယာက္ကို တခဏၾကာေလာက္ ၾကည့္ေနခဲ့ၿပီးေနာက္ ရယ္လိုက္ကာ

"ခင္းဗ်ားရဲ႕ ကေလးေလးက အရမ္းနာခံတတ္ၿပီး ခ်စ္စရာ ေကာင္းလြန္းေနတာ မဟုတ္ဘူးလား?"

ခ်န္းခ်န္က ဘာမွျပန္မေျပာခဲ့ဘဲ သူ႔အမူအရာ ေျပာင္းမသြားေစရန္လည္း ေကာင္းေကာင္း ထိန္းထားခဲ့သည္။ သို႔ေသာ္လည္း ရႊီႏ်န္၏ ရႈေထာင့္တြင္ေတာ့ သူေဘာ့စ္၏ ေျခေထာက္မွာ အလြန္ပင္  လ်င္လ်င္ျမန္ျမန္ လႈပ္ေနသည္ကို ျမင္ေနရေလသည္။

သခင္ေလးခ်င္က ရႊီႏ်န္ကို ၾကည့္ေနလ်က္ ရုတ္တရတ္ပင္ 'ျပဳံးလိုက္တာေပမယ့္ အျပဳံးႏွင့္မတူသည့္' အမူအရာတစ္မ်ိဳး လုပ္လိုက္ကာ

"ဒီလို လိမၼာတဲ့ကေလးေလးက ၊ စိတ္ေတာင္နည္းနည္း လႈပ္ရွားသြားေစတာပဲ။ သူ႔ကို ကၽြန္ေတာ့္ဆီ ရက္နည္းနည္းေလာက္ ေပးလိုက္မယ္ဆိုရင္ေရာ။ ဘယ္လိုလဲ?"

ရႊီႏ်န္ ႏွလုံးသားေလး ဒိန္းခနဲ ျဖစ္သြားသည္။ သူက မသိစိတ္ျဖင့္ အလိုေလၽွာက္ပင္ သူ၏ေဘာ့စ္မ်က္ႏွာကို ၾကည့္လိုက္မိသည္။

ခ်န္းခ်န္၏ လႈပ္ရွားေနခဲ့ေသာေျခေထာက္မွာ ရပ္တန္႔သြားခဲ့ၿပီျဖစ္သည္။ သူ႔မ်က္ႏွာ အမူအရာကေတာ့ မေျပာင္းမလဲ ရွိေနဆဲျဖစ္ကာ  ရႊီႏ်န္ထံသို႔ ေျပာလိုက္သည္။

"ကိုယ္ ႏြားႏို႔နည္းနည္းေသာက္ခ်င္လို႔၊ မင္း တစ္ဘူးေလာက္ သြားဝယ္ေပးပါဦး"

ရႊီႏ်န္က ႏႈတ္ခမ္းသားတို႔ကို ဖိပိတ္လိုက္မိၿပီးေနာက္ နာခံစြာျဖင့္ တိုးတိုးေလး သေဘာတူလိုက္သည္။

"ေကာင္းပါၿပီ"

ရႊီႏ်န္ ထြက္သြားၿပီးသည့္အခ်ိန္တြင္ ခ်န္းခ်န္အၾကည့္တို႔က သခင္ေလးခ်င္ထံ ေရာက္သြားသည္။

"ခင္းဗ်ားမွာ က်န္းဇယ္ ရွိၿပီသားမဟုတ္ဘူးလား?"

သခင္ေလးခ်င္က ျပဳံးလုိက္သည္။

"တူညီတဲ့ တစ္မ်ိဳးတည္းနဲ႔ ေဆာ့ရတာက ၾကာလာေတာ့ ၿငီးေငြ႕စရာေကာင္းလာတယ္ေလ"

ခ်န္းခ်န္က ဘာမွျပန္ေျပာေခ်။

သခင္ေလးခ်င္၏ပုံက ထိုကိစၥႏွင့္ပတ္သတ္ၿပီး အနည္းငယ္ အသည္းအသန္ ျဖစ္လာပုံေပၚသည္။

သူက ပိုၿပီး ေလးနက္သည့္ ပုံစံျဖင့္ ေျပာလာ၏။

"အခ်စ္ေတာ္ေတြ ဆိုတာက အားလုံး အတူတူေတြခ်ည္းပါပဲ။ အခုဆို ခင္ဗ်ား သူနဲ႔ အတူရွိၿပီးတာ လနည္းနည္းေတာင္ ၾကာေနၿပီကို တျခား မတူတာေလးေတြကို စမ္းမၾကည့္ခ်င္ဘူးလား? ဘယ္ေလာက္ပဲ နာခံတတ္တယ္ေျပာေျပာ သူတို႔က ဒီအတိုင္း အိမ္ေမြးတိရိစၧာန္* ေလးေတြပဲဟာ။ က်န္းဇယ္ကလည္း နာခံတတ္ပါတယ္။ ဆိုေတာ့ ကၽြန္ေတာ္တို႔ အလဲအလွယ္ လုပ္ၿပီး သုံးၾကည့္ၾကမလား?"

ခ်န္းခ်န္က သူေဘးမွ ရႊီႏ်န္ ထားခဲ့သည့္ ပဝါကို ယူလိုက္ကို သူ႔လက္ကို သုတ္လိုက္သည္။ သူသည္ က်န္းဇယ္က သူ၏ ေဂါ့ဖ္ရိုက္တံကို ကယ္ဒီထံသို႔ ကမ္းေပးလိုက္ၿပီးေနာက္ ကြင္းထဲမွ ထြက္သြားရန္ ျပင္ေနသည္ ျမင္ေနရသည္။

"အမွန္အတိုင္း ေျပာရရင္ ကၽြန္ေတာ္က သူ႔ကို ၿငီးေငြ႕သြားၿပီးလား မၿငီးေငြ႕ေသးဘူးလား ဆိုတာမ်ိဳးက ေမးခြန္းတစ္ခုမဟုတ္ဘူး။"

ခ်န္းခ်န္က မတ္တပ္ရပ္လိုက္ကာ သခင္ေလးခ်င္ကို ငုံ႔ၾကည့္လိုက္ၿပီးေနာက္ သူက ရုတ္တရတ္ ရယ္လိုက္သည္။

သခင္ေလးခ်င္က ခဏတန္႔သြားၿပီး

"ဒါဆိုရင္ အဲ့ဒါက ဘယ္လို ေမးခြန္းမ်ိဳးလဲ?"

ခ်န္းခ်န္က ကယ္ဒီကမ္းေပးလာေသာ ေဂါ့ဖ္တံကို ယူလိုက္ကာ

"သခင္ေလးခ်င္က ၊ကၽြန္ေတာ္ ကၽြန္ေတာ့္ရဲ႕ ႏ်န္ႏ်န္အတြက္ သုံးခဲ့တဲ့ ကုန္က်စရိတ္ပမာဏကို မသိေလာက္ဘူး။ ဟုတ္တယ္မဟုတ္လား?"

သခင္ေလးခ်င္ : "......"

ခ်န္းခ်န္က ေအးစက္စက္ရယ္လိုက္ၿပီး ေျပာသည္။

"ကၽြန္ေတာ့္ရဲ႕ႏ်န္ႏ်န္က အရမ္းေစ်းႀကီးတယ္။ သူ႔ကို တစ္ျခားသူဆီေပးလိုက္ရတာမ်ိဳးကို ကြ်န္ေတာ္ သည္းခံႏိုင္ေလာက္မွာ မဟုတ္ဘူး။"

ရႊီႏ်န္သည္ Vending machine*ထဲမွ ႏို႔ဘူးကို ေရြးယူလိုက္ၿပီးခ်ိန္တြင္ အခုေလးတင္ ေဂါ့ဖ္ကြင္းထဲတြင္ရွိေနခဲ့သည့္ က်န္းဇယ္က သူရွိရာဘက္သို႔ ေလၽွာက္လာသည္ကို ေတြ႕လိုက္သည္။

ဆယ္လီအမ်ိဳးသားက သူ႔ကိုေတြ႕ေသာအခါ တခဏခန္႔ ေတာင့္သြားခဲ့ၿပီးေနာက္ ျပဳံးျပလာသည္။ သူက မီးျခစ္ကို ထုတ္လိုက္ကာ ေမးသည္။

"အဆင္ ေျပမလား?"

ရႊီႏ်န္က ဆက္လုပ္ရန္ လက္ဟန္ျပလိုက္သည္။

က်န္းဇယ္က စီးကရက္တစ္လိပ္ကို မီးညႇိလိုက္ၿပီးေနာက္ သူ႔ႏွာေခါင္းမွ ေဆးလိပ္မီးခိုးေငြ႕တခ်ိဳ႕ မႈတ္ထုတ္လိုက္သည္။ သူက ေခါင္းလွည့္လာကာ ရႊီႏ်န္ကို အကဲခတ္လုိက္ၿပီးေနာက္ အျပဳံးေလးႏွင့္ ေျပာလာသည္။

"မင္း ေဘာ့စ္ခ်န္းနဲ႔ အတူရွိတာ ဘယ္ေလာက္ၾကာၿပီလဲ?"

ရႊီႏ်န္က ေကာင္းေကာင္းမြန္မြန္ပင္ ျပန္ေျဖသည္။

"အခုဆိုရင္ သုံးလေက်ာ္ေလာက္ေတာ့ ရွိၿပီ"

"အေတာ္ေလးၾကာၿပီပဲ"

က်န္းဇယ္က ေဆးလိပ္ေနရင္းပင္ ေျပာသည္။

"ေဘာ့စ္ခ်န္းက မင္းကို ေကာင္းေကာင္း ဆက္ဆံရဲ႕လား?"

ရႊီႏ်န္က ျပဳံးလိုက္ကာ ေျပာသည္။

"သူက ေကာင္းေပးပါတယ္"

က်န္းဇယ္က အနည္းငယ္ အံ့ဩသြားသည္။

"သူက မင္းကိုေကာင္းေပးတယ္လို႔ ေျပာလိုက္တာလား?"

ရႊီႏ်န္က ေခါင္းညိတ္သည္။

"အမွန္ပါပဲ"

က်န္းဇယ္က အနည္းငယ္ ရယ္ရသည္ဟု ခံစားလိုက္ရကာ

"မင္းက suger baby တစ္ေယာက္ေလ ။ ဒါေတာင္ သူက မင္းအေပၚေကာင္းေပးတယ္လို႔ ထင္ေနတုန္းပဲလား?"

"အင္း။အဲ့ဒါက မဆိုးပါဘူး"

ရႊီႏ်န္က ရိုးရွင္းစြာပင္ ေျပာသည္။

"ကၽြန္ေတာ္ ပိုက္ဆံလိုေနတဲ့အခ်ိန္ သူက ကၽြန္ေတာ့္ကို ပိုက္ဆံေပးတယ္။ လိုအပ္တဲ့အခ်ိန္မွာ ဆရာဝန္ ရွာႏိုင္တယ္၊ ေနထိုင္စရာအတြက္ အိမ္ငွားႏိုင္တယ္၊ ကၽြန္ေတာ့္အတြက္ ကားတစ္စီးလည္းဝယ္ေပးၿပီး အိတ္ေဆာင္ မုန္႔ဖိုးေတာင္ ေပးေသးတယ္။ အဲ့ဒါက ဘယ္လိုလုပ္ၿပီးေတာ့မ်ား မေကာင္းတာ ျဖစ္ႏိုင္ပါ့မလဲ?"

"......."

က်န္းဇယ္က ႏႈတ္ခမ္းေတြကို ဖြင့္လိုက္ၿပီးေနာက္ ျပန္ေစ့ပိတ္လိုက္သည္။ တခဏၾကာေသာအခါတြင္ သူကေမးလိုက္သည္။

"အိမ္ေမြးတိရိစၧာန္တစ္ေကာင္ျဖစ္ရတာက မင္းအတြက္ အဆင္ေျပတယ္ေပါ့?"

"အဲ့ဒါက ဘယ္လိုလုပ္ၿပီး အိမ္ေမြးတိရိစၧာန္ျဖစ္ရမွာလဲ? ခင္ဗ်ားဆိုရင္ အိမ္ေမြးတိရိစၧာန္တစ္ေကာင္ကို ပိုက္ဆံေပးမလား?

ရႊီႏ်န္က ပေဟဠိျဖစ္စြာျဖင့္ ေျပာသည္။

"ကၽြန္ေတာ္က ေဘာ့စ္အတြက္ ဝန္ေဆာင္မႈ* ေပးတယ္၊ ေဘာ့စ္က ကၽြန္ေတာ္ကို ပိုက္ဆံေပးတယ္။ ကၽြန္ေတာ္တို႔ႏွစ္ေယာက္စလုံး အတြက္ အက်ိဳးအျမတ္ရေနတာပဲကို။ ဘာလို႔ ကၽြန္ေတာ္ကို အိမ္ေမြးတိရိစၧာန္တစ္ေကာင္လို႔ ယူဆလို႔ရမွာလဲ?"

က်န္းဇယ္ : "......"

ရႊီႏ်န္က သြားစြယ္ေလးမ်ားေပၚသည္ထိ ျပဳံးလိုက္ကာ

"ကၽြန္ေတာ္က အလုပ္ကိုအရမ္းႀကိဳးႀကိဳးစားစားလုပ္ေနတာ။ အရာအားလုံးက တည္တည္ၿငိမ္ၿငိမ္နဲ႔ မေျပာင္းလဲပဲရွိေနၿပီး ဒါကို ကၽြန္ေတာ့္ ဘဝတစ္ေလွ်ာက္လုံးလုပ္ႏိုင္မယ္ ဆိုရင္ေတာ့ အေကာင္းဆုံးေပါ့။ ကၽြန္ေတာ့္ ပန္းတိုင္က ရာထူးတိုးဖို႔၊ ျပီးေတာ့ အာမခံငါးခုနဲ႔* အိမ္ရာရန္ပုံေငြတစ္ခု ရဖို႔ပဲ။ ဒါဆိုရင္ ကၽြန္ေတာ္အသက္ႀကီးၿပီး အနားယူေတာ့မယ့္အခ်ိန္က်ရင္ေတာင္ ေဘာ့စ္က ကၽြန္ေတာ့္ကို အၿငိမ္းစားပင္စင္ေတြလည္း ဆက္ေပးေနဦးမွာပဲ။ ကၽြန္ေတာ့္ ဘဝတစ္ေလွ်ာက္လုံး ၿငိမ္းၿငိမ္းခ်မ္းခ်မ္း၊ ေခ်ာေခ်ာေမြ႕ေမြ႕ နဲ႔ အခင္အမင္မပ်က္  ျဖတ္သန္းသြားႏိုင္မယ္ေလ။ အဲ့ဒါ မေကာင္းဘူးလား?"

က်န္းဇယ္: "......"

ခ်န္းခ်န္က သူ၏ႏို႔ဘူးကို အဆုံးမရွိ ေစာင္းဆိုင္းေနခဲ့ေပမယ့္လည္း ၎ကေရာက္မလာခဲ့ေခ်။ ထို႔ေၾကာင့္ သူက သူဘာသာပဲ သြားရွာဖို႔ တြန္းအားေပးလိုက္ရေတာ့သည္။ သို႔ေပမယ့္ လမ္းခုလတ္ စႀကၤန္တစ္ေနရာတြင္ပင္ ရႊီႏ်န္ႏွင့္ က်န္းဇယ္ တို႔ကို ရွာေတြ႕သြားသည္။

သူ႔ကို ျမင္လိုက္သည္ႏွင့္ ရႊီႏ်န္က ႏို႔ဘူးကိုဂရုတစိုက္ ကမ္းေပးလာကာ

"ခင္းဗ်ား ေဂါ့ဖ္ကစားတာ ၿပီးၿပီလား?"

"အင္း"

ႏို႔ဘူးအဖုံးက ဖြင့္ၿပီးသား ျဖစ္သည္ေတြ႕ေသာအခါ  ခ်န္းခ်န္သည္ ဂရုစိုက္ခံရျခင္း၏ ေႏြးေထြးမႈကို ခံစားလိုက္ရသည္။

"မင္းတို႔ႏွစ္ေယာက္ ဘာအေၾကာင္း ေျပာေနၾကတာလဲ?"

က်န္းဇယ္က သူ၏ စီးကရက္ကို ဖိေျခကာၿငိွမ္းသတ္လိုက္ၿပီးေနာက္ ရုတ္တရတ္ ရယ္ေမာလိုက္သည္။

"ခင္ဗ်ားရဲ႕ ကေလးက တကယ္ ေပ်ာ္တတ္တာပဲ"

ခ်န္းခ်န္က မ်က္ေမွာင္ၾကဳတ္သြားကာ ထိုသူက အဘယ္ေၾကာင့္ ရုတ္တရတ္ ဤသို႔ ေျပာလာမွန္း နားမလည္လိုက္ေပ။

က်န္းဇယ္က ရႊီႏ်န္အား ေတာင္းပန္သလို ျပဳံးျပလိုက္သည္။

"ငါမင္းကို ခုနက စလိုက္ရုံတင္ပါ။ ထိခိုက္ေစဖို႔ မရည္ရြယ္ပါဘူး"

ရႊီႏ်န္က စိတ္ထဲမထားပုံျဖင့္ ေျပာလုိက္သည္။

"ဘာမွမျဖစ္ပါဘူး"

က်န္းဇယ္က ေခါင္းညိတ္လိုက္ကာ ခ်န္းခ်န္ကို ေျပာလိုက္သည္။

"ခ်င္ဖုန္ထ်န္း ၊ အဲ့ဒီလူက ထပ္ၿပီးမဟုတ္တာေတြ ေျပာလိုက္ျပန္ၿပီ မဟုတ္လား?"

ခ်န္းခ်န္က မ်က္ႏွာေသျဖင့္ ျပန္ေျပာသည္။

"မင္းသူ႔ကို သြားေမးၾကည့္လိုက္ေလ"

က်န္းဇယ္ က ႏွာမႈတ္လိုက္ၿပီး အမူအရာက မဲေမွာင္ကာ မုန္းတိုင္းထန္သြားသည္။

"ငါအရင္ သြားလိုက္ေတာ့မယ္"

သူက ရႊီႏ်န္ကို ေျပာလိုက္သည္။

"အနာဂတ္မွာ တစ္ခါေလာက္ အတူ စားၾကရေအာင္ "

ခ်န္းခ်န္က ေအးစက္စြာျဖင့္ ေျပာလိုက္သည္။

"ဘာလို႔ သူကိုအတူစားဖို႔ ေျပာေနရတာလဲ။ သူနဲ႔ေဝးေဝးမွာေနစမ္းပါ"

က်န္းဇယ္ က ေၾကကြဲသြားကာ၊

"အာ...လုပ္စမ္းပါ၊ ေဘာ့စ္ခ်န္းေရ အရမ္းႀကီး မတြန္႔တိုပါနဲ႔ဗ်ာ"

က်န္းဇယ္ထြက္သြားၿပီးေနာက္တြင္လည္း  ခ်န္းခ်န္းမွာ မေပ်ာ္မရႊင္ပုံေပါက္ေနဆဲျဖစ္သည္။ သူက ရႊီႏ်န္ကို ထပ္ၿပီး သတိေပးလိုက္၏။

"ေနာက္ဆို သူနဲ႔ စကားေတြ သိပ္မေျပာနဲ႔"

ရႊီႏ်န္က နာခံစြာပင္ အသံျပဳလိုက္သည္။

ခ်န္းခ်န္က ဆက္ၿပီး၊

"ခ်င္ဖုန္ထ်န္းနဲ႔လည္း စကားသိပ္မေျပာနဲ႔"

ရႊီႏ်န္က ထိုလူႀကီးကို ခိုးၾကည့္လိုက္သည္။

"ေကာင္းပါၿပီ"

သူက ေခတၱတန္႔သြားၿပီးေနာက္ မေနႏိုင္စြာ ေမးလိုက္သည္။

"ခုနက သခင္ေလးခ်င္ ေျပာလိုက္တဲ့ဟာေလ.....သူက တကယ္ပဲ အဲ့လိုလုပ္ဖို႔ ေတြးေနတာလား?"

"သူ႔ဘာသာသူ တကယ္ ဟုတ္ဟုတ္ မဟုတ္ဟုတ္ ဘယ္သူက ဂရုစိုက္ေနလို႔လဲ။"

ခ်န္းခ်န္က ခက္ထန္စြာပင္ ေျပာလိုက္သည္။ သူက ခ်င္ဖုန္ထ်န္း ေျပာခဲ့သည့္ အေၾကာင္းအရာကို ရႊီႏ်န္က အခုထိ မွတ္မိေနေသးသည္ကို အနည္းငယ္ ေဒါသျဖစ္ေနပုံေပၚသည္။ ထို႔ေနာက္ သူက ေလွာင္ေျပာင္ ေထ့ေငါ့သလိုျဖင့္ ေျပာလိုက္သည္။

"ဘာလဲ၊ မင္းကို ငါက ပိုက္ဆံလုံလုံေလာက္ေလာက္မေပးဘူးထင္လို႔  မင္းက တျခားတစ္ေယာက္ေယာက္ကို သြားရွာေတာ့မလို႔လား?"

"ကၽြန္ေတာ္က အဲ့ဒီလို လူမ်ိဳးလား?"

ရႊီႏ်န္က ဟန္ေဆာင္မႈကင္းကာ ရိုးသားသည့္ အမူအရာျဖင့္ ထိုလူႀကီးကို မ်က္လုံးျပဴးၾကည့္လိုက္ၿပီး

"ကၽြန္ေတာ့္ ႏွလုံးသားထဲမွာ ခင္ဗ်ားတစ္ေယာက္တည္း ရွိတာပါေနာ္... ေဘာ့စ္ေရ၊ ခင္ဗ်ားရဲ႕ ပိုက္ဆံေတြမဟုတ္ဘူး။"

ခ်န္းခ်န္ : "......"

T/N

ေဂါ့ဖ္ကြင္းသုံးကား : (golf cart ) ဆိုတာက အေျခခံအားျဖင့္ ေဂါ့ဖ္ကစားသူ ႏွစ္ေယာက္နဲ႔ သူတို႔ရဲ႕ ေဂါ့ဖ္ပစၥည္း ေတြကို သယ္ၿပီး ေဂါ့ဖ္ကြင္းပတ္ပတ္လည္း ေမာင္းသြားလို႔ရေအာင္ ဒီဇိုင္းထြင္ထားတဲ့ ကားအေသးစားေလးပါ။

showbiz : ေဖ်ာ္ေျဖေရး က႑အားလုံး အက်ဳံးဝင္တဲ့ show business ေတြကို ေခၚဆိုတဲ့ ဗန္းစကားပါ။

Baidu : တရုတ္ search engine တစ္မ်ိဳးပါ။ တရုတ္Google ေပါ့။

pet : Etrans မွာ အဲ့အတိုင္းေရးထားတာပါေနာ္

vending machine : အေႂကြေစ့၊ ဒါအွမဟုတ္ တိုကင္ထည့္ၿပီး အခ်ိဳရည္၊ စားစရာ စီးကရက္ ေတြလို လို ပစၥည္းေသးေသးေလးေတြငို ကိုယ္တိုင္ ေရြးခ်ယ္ ဝယ္ယူရတဲ့စက္ပါ။

ဝန္ေဆာင္မႈ : ႏ်န္ႏ်န္ ဆိုလိုတဲ့ ဝန္ေဆာင္မႈဆိုတာက ေဘာ့စ္ကို ဂရုစိုက္ေပးတာတို႔ ထမင္းဘူးလာပို႔တာတို႔ စသည္ျဖင့္ေပါ့။

အာမခံငါးခု နဲ႔ ရန္ပုံေငြတစ္ခု : အၿငိမ္းစားအာမခံ၊ ေဆးဘက္ဆိုင္ရာအာမခံ၊ အလုပ္လက္မဲ့ အာမခံ ၊ အလုပ္နဲ႔သက္ဆိုင္တဲ့ ထိခိုက္မႈ အာမခံ ငေလးေမြးဖြားအာမခံ ၿပီးေတာ့ အိမ္ရာစုေဆာင္း ရန္ပုံေငြ(အိမ္ရာရန္ပုံေငြ)

________________

Uni

ဟွားချင် ဂေါ့ဖ်ကွင်း သည် မြို့တော်၏ အစွန်အဖျားတွင် ရှိသည့် အကြီးဆုံး ဂေါ့ဖ်ကွင်းတွေထဲကတစ်ခုဖြစ်သည်။ ၎င်းမှာ အလွန်ကျွမ်းကျင်စွာ ထိန်းသိမ်း ထားသည့် ကွင်းတစ်ခုလည်း ဖြစ်သည်။ ထိုကွင်းကြီးတွင် ကျွင်း ၁၈ ကျွင်းပါဝင်သည့် outdoor ကွင်းနှစ်ခု နှင့် ကျွင်း ၉ ကျွင်းပါဝင်သည့် indoor ကွင်းတစ်ခုပါရှိသည်။ ကျွမ်းကျင်သစားသမားမဟုတ်သူဆိုလျှင်တော့   Outdoor ကွင်းတစ်ပတ်လုံးပြီးသည်အထိ ကစားနိုင်ဖို့ရန်ဆိုလျှင် အချိန် လေးနာရီနဲ့တောင် လောက်လိမ့်မှာ မဟုတ်ပေ။

ကယ်ဒီ များက ဂေါ့ဖ်ကွင်းသုံးကား*ဖြင့် သူတို့အားလာရောက်ခေါ်ဆောင်သည်။ သခင်လေးချင် နှင့် ဆယ်လီအမျိုးသားလေးက ကားတစ်စီးပေါ် အရင်တက်သွားပြီးနောက် ရွှီနျန်က ချန်းချန်နောက်မှ လိုက်၍ နောက်တစ်စီးတွင် ဝင်ထိုင်လိုက်သည်။

ရွှီနျန်က သဘာဝကျစွာပင် ဂေါ့ဖ်ကစားနည်းကို မသိပေ။ သို့ပေမယ့် ချန်းချန်၏ ဂေါ့ဖ်အိတ်အတွင်းရှိ ကိရိယာများကို မြင်ပြီးနောက်မှာတော့ အတော်လေး အထင်ကြီးသွားရသည်။ သူက ထိုပစ္စည်းများအကြောင်းကို မေးလိုက်တော့ ချန်းချန်က အနည်းငယ် ဘဝင်မြင့်သည့် အမူအရာ ဖြစ်သွားကာ၊

"အဲ့တာက ဒီအတိုင်း လုပ်ဆောင်ချက်တစ်ခုသက်သက်ထက် မပိုဘူး။"

ချန်းချန်က ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

"မျက်နှာတော့ ပျက်လို့မရဘူး"

ရွှီနျန်က ပြုံးလိုက်ကာ

"ဒါဆို ခင်ဗျား ဂေါ့ဖ် ဘယ်လိုကစားရလဲဆိုတာ သိတယ်ပေါ့?"

ချန်းချန်က မျက်လုံးလှိမ့်လိုက်ပြီး

"သခင်လေးချင်ထက် ပိုတော်တယ်လို့ ပြောဖို့တော့ လုံလောက်တယ်"

သူက ထိုသို့ပြောခဲ့ပေမယ့်လည်း သူတို့တကယ်တမ်း ကစားကြသည့်အချိန်မှာတော့ ရွှီနျန်ထင်သည်က ချန်းချန်က အများကြီး ငဲ့ညှာပေးထားသည် ဟူ၍ပင်။

သခင်လေးချင်တို့ဖက်တွင် ဂေါ့ဖ်ရိုက် ကျွမ်းကျင်သူက သခင်လေးချင် မဟုတ်ဘဲ အမျိုးသားဆယ်လီလေး သာ ဖြစ်သည်။
အချိန်တွေအတော်ကြာပြီးနောက် ဒီနေ့မှာတော့ ရွှီနျန်သည် ထိာအမျိုးသားဆယ်လီလေးမှာ မည်သူမည်ဝါ ဖြစ်ကြောင်း မှတ်မိသွားခဲ့ပြီဖြစ်သည်။ ထိုဆယ်လီလေးသည် showbiz * အသိုင်းအဝိုင်းတွင် အတော်လေး ကျော်ကြားသူတစ်ယောက်ဟု သတ်မှတ်နိုင်ပြီး သူသည် ပရိတ်သတ်များစွာရှိသည့် နာမည်ကြီး မျက်နှာသစ်တစ်ယောက် ဖြစ်သည်သာမက နိုင်ငံတွင်းနှင့် တခြားပြည်ပနိုင်ငံများမှ ဆုများကိုပါ သိမ်းပိုက်ထားနိုင်ပြီးသော သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်သည်။  ရွှီနျန်က ဂေါ့ဖ်ကွင်းဘေးတစ်နေရာတွင် ထိုင်ကာ ထိုဆယ်လီအမျိုးသားအကြောင်းကို  Baidu*တွင် ရှာဖွေခဲ့ပြီးနောက်မှာတော့ ထိုဆယ်လီလေး၏ နာမည်မှာ ကျန်းဇယ် ဟု ခေါ်ကြောင်း သိခဲ့လေသည်။ 

ကံမကောင်းစွာဖြင့်ပင် သူ အွန်လိုင်းမှတဆင့် ရှာဖွေမှုများပြုလုပ်နေစဉ်၌ ချန်းချန်က သူ့ဘာလုပ်နေသည်ကို မြင်သွားသည်။ ဘော့စ်ကြီးမှာ  မပျော်မရွှင်ဖြစ်သွားကာ လှောင်ချင်သံဖြင့် ပြောလာသည်။

"မင်းက သူ့အကြောင်းတွေရှာပြီး ဘာလုပ်မလို့လဲ?"

ရွှီနျန်က လန့်သွားတာ ဒါမှမဟုတ် တုန်လှုပ်သွားတာမျိုးမရှိဘဲ သူ့ဖုန်းကို ဝေးဝေးတွင် ထားလိုက်ကာ။

"ကျွန်တော်က ခင်ဗျားရဲ့ သူငယ်ချင်းတွေအကြောင်း သိထားသင့်တယ်လေ။ မဟုတ်ဘူးလား?"

ချန်းချန်က နှာမှုတ်သည်။

"သူက ငါ့သူငယ်ချင်းလို့ ဘယ်သူပြောလဲ?"

ရွှီနျန်က ထိုလူကြီး အမှန်တကယ် ဒေါသထွက်မနေတာကို သိသည်။ ထိုကြောင့် သူက ပြုံးလိုက်ကာ ရေဘူးနှင် ချွေးသုတ်ရန်ပဝါတို့ကို ကမ်းပေးလိုက်သည်။ ပထမတွင်တော့ ချန်းချန်က တောင့်တောင့်ကြီးလုပ်နေဆဲဖြစ်ကာ 'ရေကပူနေတယ်။ ပုဝါက ညစ်ပတ်နေတာပဲ' စသည်ဖြင့် မကျေမနပ်စွာ ဇီဇာကြောင်လေ၏။ ထို့ကြောင့် ရွှီနျန်က ကောင်းကောင်းမွန်မွန်နှင့် သဘာဝတကျပင် ထိုလူကြီး စိတ်တိုင်းကျ နှစ်ခုစလုံးကို လဲပေးလိုက်သည်။ ကွင်းထဲကနေ အနားယူရန် ရောက်လာသည့် သခင်လေးချင်က သူတို့နှစ်ယောက်ကို တခဏကြာလောက် ကြည့်နေခဲ့ပြီးနောက် ရယ်လိုက်ကာ

"ခင်းဗျားရဲ့ ကလေးလေးက အရမ်းနာခံတတ်ပြီး ချစ်စရာ ကောင်းလွန်းနေတာ မဟုတ်ဘူးလား?"

ချန်းချန်က ဘာမှပြန်မပြောခဲ့ဘဲ သူ့အမူအရာ ပြောင်းမသွားစေရန်လည်း ကောင်းကောင်း ထိန်းထားခဲ့သည်။ သို့သော်လည်း ရွှီနျန်၏ ရှုထောင့်တွင်တော့ သူဘော့စ်၏ ခြေထောက်မှာ အလွန်ပင်  လျင်လျင်မြန်မြန် လှုပ်နေသည်ကို မြင်နေရလေသည်။

သခင်လေးချင်က ရွှီနျန်ကို ကြည့်နေလျက် ရုတ်တရတ်ပင် 'ပြုံးလိုက်တာပေမယ့် အပြုံးနှင့်မတူသည့်' အမူအရာတစ်မျိုး လုပ်လိုက်ကာ

"ဒီလို လိမ္မာတဲ့ကလေးလေးက ၊ စိတ်တောင်နည်းနည်း လှုပ်ရှားသွားစေတာပဲ။ သူ့ကို ကျွန်တော့်ဆီ ရက်နည်းနည်းလောက် ပေးလိုက်မယ်ဆိုရင်ရော။ ဘယ်လိုလဲ?"

ရွှီနျန် နှလုံးသားလေး ဒိန်းခနဲ ဖြစ်သွားသည်။ သူက မသိစိတ်ဖြင့် အလိုလျှောက်ပင် သူ၏ဘော့စ်မျက်နှာကို ကြည့်လိုက်မိသည်။

ချန်းချန်၏ လှုပ်ရှားနေခဲ့သောခြေထောက်မှာ ရပ်တန့်သွားခဲ့ပြီဖြစ်သည်။ သူ့မျက်နှာ အမူအရာကတော့ မပြောင်းမလဲ ရှိနေဆဲဖြစ်ကာ  ရွှီနျန်ထံသို့ ပြောလိုက်သည်။

"ကိုယ် နွားနို့နည်းနည်းသောက်ချင်လို့၊ မင်း တစ်ဘူးလောက် သွားဝယ်ပေးပါဦး"

ရွှီနျန်က နှုတ်ခမ်းသားတို့ကို ဖိပိတ်လိုက်မိပြီးနောက် နာခံစွာဖြင့် တိုးတိုးလေး သဘောတူလိုက်သည်။

"ကောင်းပါပြီ"

ရွှီနျန် ထွက်သွားပြီးသည့်အချိန်တွင် ချန်းချန်အကြည့်တို့က သခင်လေးချင်ထံ ရောက်သွားသည်။

"ခင်းဗျားမှာ ကျန်းဇယ် ရှိပြီသားမဟုတ်ဘူးလား?"

သခင်လေးချင်က ပြုံးလိုက်သည်။

"တူညီတဲ့ တစ်မျိုးတည်းနဲ့ ဆော့ရတာက ကြာလာတော့ ငြီးငွေ့စရာကောင်းလာတယ်လေ"

ချန်းချန်က ဘာမှပြန်ပြောချေ။

သခင်လေးချင်၏ပုံက ထိုကိစ္စနှင့်ပတ်သတ်ပြီး အနည်းငယ် အသည်းအသန် ဖြစ်လာပုံပေါ်သည်။

သူက ပိုပြီး လေးနက်သည့် ပုံစံဖြင့် ပြောလာ၏။

"အချစ်တော်တွေ ဆိုတာက အားလုံး အတူတူတွေချည်းပါပဲ။ အခုဆို ခင်ဗျား သူနဲ့ အတူရှိပြီးတာ လနည်းနည်းတောင် ကြာနေပြီကို တခြား မတူတာလေးတွေကို စမ်းမကြည့်ချင်ဘူးလား? ဘယ်လောက်ပဲ နာခံတတ်တယ်ပြောပြော သူတို့က ဒီအတိုင်း အိမ်မွေးတိရိစ္ဆာန်* လေးတွေပဲဟာ။ ကျန်းဇယ်ကလည်း နာခံတတ်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ အလဲအလှယ် လုပ်ပြီး သုံးကြည့်ကြမလား?"

ချန်းချန်က သူဘေးမှ ရွှီနျန် ထားခဲ့သည့် ပဝါကို ယူလိုက်ကို သူ့လက်ကို သုတ်လိုက်သည်။ သူသည် ကျန်းဇယ်က သူ၏ ဂေါ့ဖ်ရိုက်တံကို ကယ်ဒီထံသို့ ကမ်းပေးလိုက်ပြီးနောက် ကွင်းထဲမှ ထွက်သွားရန် ပြင်နေသည် မြင်နေရသည်။

"အမှန်အတိုင်း ပြောရရင် ကျွန်တော်က သူ့ကို ငြီးငွေ့သွားပြီးလား မငြီးငွေ့သေးဘူးလား ဆိုတာမျိုးက မေးခွန်းတစ်ခုမဟုတ်ဘူး။"

ချန်းချန်က မတ်တပ်ရပ်လိုက်ကာ သခင်လေးချင်ကို ငုံ့ကြည့်လိုက်ပြီးနောက် သူက ရုတ်တရတ် ရယ်လိုက်သည်။

သခင်လေးချင်က ခဏတန့်သွားပြီး

"ဒါဆိုရင် အဲ့ဒါက ဘယ်လို မေးခွန်းမျိုးလဲ?"

ချန်းချန်က ကယ်ဒီကမ်းပေးလာသော ဂေါ့ဖ်တံကို ယူလိုက်ကာ

"သခင်လေးချင်က ၊ကျွန်တော် ကျွန်တော့်ရဲ့ နျန်နျန်အတွက် သုံးခဲ့တဲ့ ကုန်ကျစရိတ်ပမာဏကို မသိလောက်ဘူး။ ဟုတ်တယ်မဟုတ်လား?"

သခင်လေးချင် : "......"

ချန်းချန်က အေးစက်စက်ရယ်လိုက်ပြီး ပြောသည်။

"ကျွန်တော့်ရဲ့နျန်နျန်က အရမ်းစျေးကြီးတယ်။ သူ့ကို တစ်ခြားသူဆီပေးလိုက်ရတာမျိုးကို ကျွန်တော် သည်းခံနိုင်လောက်မှာ မဟုတ်ဘူး။"

ရွှီနျန်သည် Vending machine*ထဲမှ နို့ဘူးကို ရွေးယူလိုက်ပြီးချိန်တွင် အခုလေးတင် ဂေါ့ဖ်ကွင်းထဲတွင်ရှိနေခဲ့သည့် ကျန်းဇယ်က သူရှိရာဘက်သို့ လျှောက်လာသည်ကို တွေ့လိုက်သည်။

ဆယ်လီအမျိုးသားက သူ့ကိုတွေ့သောအခါ တခဏခန့် တောင့်သွားခဲ့ပြီးနောက် ပြုံးပြလာသည်။ သူက မီးခြစ်ကို ထုတ်လိုက်ကာ မေးသည်။

"အဆင် ပြေမလား?"

ရွှီနျန်က ဆက်လုပ်ရန် လက်ဟန်ပြလိုက်သည်။

ကျန်းဇယ်က စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီးနောက် သူ့နှာခေါင်းမှ ဆေးလိပ်မီးခိုးငွေ့တချို့ မှုတ်ထုတ်လိုက်သည်။ သူက ခေါင်းလှည့်လာကာ ရွှီနျန်ကို အကဲခတ်လိုက်ပြီးနောက် အပြုံးလေးနှင့် ပြောလာသည်။

"မင်း ဘော့စ်ချန်းနဲ့ အတူရှိတာ ဘယ်လောက်ကြာပြီလဲ?"

ရွှီနျန်က ကောင်းကောင်းမွန်မွန်ပင် ပြန်ဖြေသည်။

"အခုဆိုရင် သုံးလကျော်လောက်တော့ ရှိပြီ"

"အတော်လေးကြာပြီပဲ"

ကျန်းဇယ်က ဆေးလိပ်နေရင်းပင် ပြောသည်။

"ဘော့စ်ချန်းက မင်းကို ကောင်းကောင်း ဆက်ဆံရဲ့လား?"

ရွှီနျန်က ပြုံးလိုက်ကာ ပြောသည်။

"သူက ကောင်းပေးပါတယ်"

ကျန်းဇယ်က အနည်းငယ် အံ့ဩသွားသည်။

"သူက မင်းကိုကောင်းပေးတယ်လို့ ပြောလိုက်တာလား?"

ရွှီနျန်က ခေါင်းညိတ်သည်။

"အမှန်ပါပဲ"

ကျန်းဇယ်က အနည်းငယ် ရယ်ရသည်ဟု ခံစားလိုက်ရကာ

"မင်းက suger baby တစ်ယောက်လေ ။ ဒါတောင် သူက မင်းအပေါ်ကောင်းပေးတယ်လို့ ထင်နေတုန်းပဲလား?"

"အင်း။အဲ့ဒါက မဆိုးပါဘူး"

ရွှီနျန်က ရိုးရှင်းစွာပင် ပြောသည်။

"ကျွန်တော် ပိုက်ဆံလိုနေတဲ့အချိန် သူက ကျွန်တော့်ကို ပိုက်ဆံပေးတယ်။ လိုအပ်တဲ့အချိန်မှာ ဆရာဝန် ရှာနိုင်တယ်၊ နေထိုင်စရာအတွက် အိမ်ငှားနိုင်တယ်၊ ကျွန်တော့်အတွက် ကားတစ်စီးလည်းဝယ်ပေးပြီး အိတ်ဆောင် မုန့်ဖိုးတောင် ပေးသေးတယ်။ အဲ့ဒါက ဘယ်လိုလုပ်ပြီးတော့များ မကောင်းတာ ဖြစ်နိုင်ပါ့မလဲ?"

"......."

ကျန်းဇယ်က နှုတ်ခမ်းတွေကို ဖွင့်လိုက်ပြီးနောက် ပြန်စေ့ပိတ်လိုက်သည်။ တခဏကြာသောအခါတွင် သူကမေးလိုက်သည်။

"အိမ်မွေးတိရိစ္ဆာန်တစ်ကောင်ဖြစ်ရတာက မင်းအတွက် အဆင်ပြေတယ်ပေါ့?"

"အဲ့ဒါက ဘယ်လိုလုပ်ပြီး အိမ်မွေးတိရိစ္ဆာန်ဖြစ်ရမှာလဲ? ခင်ဗျားဆိုရင် အိမ်မွေးတိရိစ္ဆာန်တစ်ကောင်ကို ပိုက်ဆံပေးမလား?

ရွှီနျန်က ပဟေဠိဖြစ်စွာဖြင့် ပြောသည်။

"ကျွန်တော်က ဘော့စ်အတွက် ဝန်ဆောင်မှု* ပေးတယ်၊ ဘော့စ်က ကျွန်တော်ကို ပိုက်ဆံပေးတယ်။ ကျွန်တော်တို့နှစ်ယောက်စလုံး အတွက် အကျိုးအမြတ်ရနေတာပဲကို။ ဘာလို့ ကျွန်တော်ကို အိမ်မွေးတိရိစ္ဆာန်တစ်ကောင်လို့ ယူဆလို့ရမှာလဲ?"

ကျန်းဇယ် : "......"

ရွှီနျန်က သွားစွယ်လေးများပေါ်သည်ထိ ပြုံးလိုက်ကာ

"ကျွန်တော်က အလုပ်ကိုအရမ်းကြိုးကြိုးစားစားလုပ်နေတာ။ အရာအားလုံးက တည်တည်ငြိမ်ငြိမ်နဲ့ မပြောင်းလဲပဲရှိနေပြီး ဒါကို ကျွန်တော့် ဘဝတစ်လျှောက်လုံးလုပ်နိုင်မယ် ဆိုရင်တော့ အကောင်းဆုံးပေါ့။ ကျွန်တော့် ပန်းတိုင်က ရာထူးတိုးဖို့၊ ပြီးတော့ အာမခံငါးခုနဲ့* အိမ်ရာရန်ပုံငွေတစ်ခု ရဖို့ပဲ။ ဒါဆိုရင် ကျွန်တော်အသက်ကြီးပြီး အနားယူတော့မယ့်အချိန်ကျရင်တောင် ဘော့စ်က ကျွန်တော့်ကို အငြိမ်းစားပင်စင်တွေလည်း ဆက်ပေးနေဦးမှာပဲ။ ကျွန်တော့် ဘဝတစ်လျှောက်လုံး ငြိမ်းငြိမ်းချမ်းချမ်း၊ ချောချောမွေ့မွေ့ နဲ့ အခင်အမင်မပျက်  ဖြတ်သန်းသွားနိုင်မယ်လေ။ အဲ့ဒါ မကောင်းဘူးလား?"

ကျန်းဇယ်: "......"

ချန်းချန်က သူ၏နို့ဘူးကို အဆုံးမရှိ စောင်းဆိုင်းနေခဲ့ပေမယ့်လည်း ၎င်းကရောက်မလာခဲ့ချေ။ ထို့ကြောင့် သူက သူဘာသာပဲ သွားရှာဖို့ တွန်းအားပေးလိုက်ရတော့သည်။ သို့ပေမယ့် လမ်းခုလတ် စင်္ကြန်တစ်နေရာတွင်ပင် ရွှီနျန်နှင့် ကျန်းဇယ် တို့ကို ရှာတွေ့သွားသည်။

သူ့ကို မြင်လိုက်သည်နှင့် ရွှီနျန်က နို့ဘူးကိုဂရုတစိုက် ကမ်းပေးလာကာ

"ခင်းဗျား ဂေါ့ဖ်ကစားတာ ပြီးပြီလား?"

"အင်း"

နို့ဘူးအဖုံးက ဖွင့်ပြီးသား ဖြစ်သည်တွေ့သောအခါ  ချန်းချန်သည် ဂရုစိုက်ခံရခြင်း၏ နွေးထွေးမှုကို ခံစားလိုက်ရသည်။

"မင်းတို့နှစ်ယောက် ဘာအကြောင်း ပြောနေကြတာလဲ?"

ကျန်းဇယ်က သူ၏ စီးကရက်ကို ဖိခြေကာငြိှမ်းသတ်လိုက်ပြီးနောက် ရုတ်တရတ် ရယ်မောလိုက်သည်။

"ခင်ဗျားရဲ့ ကလေးက တကယ် ပျော်တတ်တာပဲ"

ချန်းချန်က မျက်မှောင်ကြုတ်သွားကာ ထိုသူက အဘယ်ကြောင့် ရုတ်တရတ် ဤသို့ ပြောလာမှန်း နားမလည်လိုက်ပေ။

ကျန်းဇယ်က ရွှီနျန်အား တောင်းပန်သလို ပြုံးပြလိုက်သည်။

"ငါမင်းကို ခုနက စလိုက်ရုံတင်ပါ။ ထိခိုက်စေဖို့ မရည်ရွယ်ပါဘူး"

ရွှီနျန်က စိတ်ထဲမထားပုံဖြင့် ပြောလိုက်သည်။

"ဘာမှမဖြစ်ပါဘူး"

ကျန်းဇယ်က ခေါင်းညိတ်လိုက်ကာ ချန်းချန်ကို ပြောလိုက်သည်။

"ချင်ဖုန်ထျန်း ၊ အဲ့ဒီလူက ထပ်ပြီးမဟုတ်တာတွေ ပြောလိုက်ပြန်ပြီ မဟုတ်လား?"

ချန်းချန်က မျက်နှာသေဖြင့် ပြန်ပြောသည်။

"မင်းသူ့ကို သွားမေးကြည့်လိုက်လေ"

ကျန်းဇယ် က နှာမှုတ်လိုက်ပြီး အမူအရာက မဲမှောင်ကာ မုန်းတိုင်းထန်သွားသည်။

"ငါအရင် သွားလိုက်တော့မယ်"

သူက ရွှီနျန်ကို ပြောလိုက်သည်။

"အနာဂတ်မှာ တစ်ခါလောက် အတူ စားကြရအောင် "

ချန်းချန်က အေးစက်စွာဖြင့် ပြောလိုက်သည်။

"ဘာလို့ သူကိုအတူစားဖို့ ပြောနေရတာလဲ။ သူနဲ့ဝေးဝေးမှာနေစမ်းပါ"

ကျန်းဇယ် က ကြေကွဲသွားကာ၊

"အာ...လုပ်စမ်းပါ၊ ဘော့စ်ချန်းရေ အရမ်းကြီး မတွန့်တိုပါနဲ့ဗျာ"

ကျန်းဇယ်ထွက်သွားပြီးနောက်တွင်လည်း  ချန်းချန်းမှာ မပျော်မရွှင်ပုံပေါက်နေဆဲဖြစ်သည်။ သူက ရွှီနျန်ကို ထပ်ပြီး သတိပေးလိုက်၏။

"နောက်ဆို သူနဲ့ စကားတွေ သိပ်မပြောနဲ့"

ရွှီနျန်က နာခံစွာပင် အသံပြုလိုက်သည်။

ချန်းချန်က ဆက်ပြီး၊

"ချင်ဖုန်ထျန်းနဲ့လည်း စကားသိပ်မပြောနဲ့"

ရွှီနျန်က ထိုလူကြီးကို ခိုးကြည့်လိုက်သည်။

"ကောင်းပါပြီ"

သူက ခေတ္တတန့်သွားပြီးနောက် မနေနိုင်စွာ မေးလိုက်သည်။

"ခုနက သခင်လေးချင် ပြောလိုက်တဲ့ဟာလေ.....သူက တကယ်ပဲ အဲ့လိုလုပ်ဖို့ တွေးနေတာလား?"

"သူ့ဘာသာသူ တကယ် ဟုတ်ဟုတ် မဟုတ်ဟုတ် ဘယ်သူက ဂရုစိုက်နေလို့လဲ။"

ချန်းချန်က ခက်ထန်စွာပင် ပြောလိုက်သည်။ သူက ချင်ဖုန်ထျန်း ပြောခဲ့သည့် အကြောင်းအရာကို ရွှီနျန်က အခုထိ မှတ်မိနေသေးသည်ကို အနည်းငယ် ဒေါသဖြစ်နေပုံပေါ်သည်။ ထို့နောက် သူက လှောင်ပြောင် ထေ့ငေါ့သလိုဖြင့် ပြောလိုက်သည်။

"ဘာလဲ၊ မင်းကို ငါက ပိုက်ဆံလုံလုံလောက်လောက်မပေးဘူးထင်လို့  မင်းက တခြားတစ်ယောက်ယောက်ကို သွားရှာတော့မလို့လား?"

"ကျွန်တော်က အဲ့ဒီလို လူမျိုးလား?"

ရွှီနျန်က ဟန်ဆောင်မှုကင်းကာ ရိုးသားသည့် အမူအရာဖြင့် ထိုလူကြီးကို မျက်လုံးပြူးကြည့်လိုက်ပြီး

"ကျွန်တော့် နှလုံးသားထဲမှာ ခင်ဗျားတစ်ယောက်တည်း ရှိတာပါနော်... ဘော့စ်ရေ၊ ခင်ဗျားရဲ့ ပိုက်ဆံတွေမဟုတ်ဘူး။"

ချန်းချန် : "......"

T/N

ဂေါ့ဖ်ကွင်းသုံးကား : (golf cart ) ဆိုတာက အခြေခံအားဖြင့် ဂေါ့ဖ်ကစားသူ နှစ်ယောက်နဲ့ သူတို့ရဲ့ ဂေါ့ဖ်ပစ္စည်း တွေကို သယ်ပြီး ဂေါ့ဖ်ကွင်းပတ်ပတ်လည်း မောင်းသွားလို့ရအောင် ဒီဇိုင်းထွင်ထားတဲ့ ကားအသေးစားလေးပါ။

showbiz : ဖျော်ဖြေရေး ကဏ္ဍအားလုံး အကျုံးဝင်တဲ့ show business တွေကို ခေါ်ဆိုတဲ့ ဗန်းစကားပါ။

Baidu : တရုတ် search engine တစ်မျိုးပါ။ တရုတ်Google ပေါ့။

pet : Etrans မှာ အဲ့အတိုင်းရေးထားတာပါနော်

vending machine : အကြွေစေ့၊ ဒါအှမဟုတ် တိုကင်ထည့်ပြီး အချိုရည်၊ စားစရာ စီးကရက် တွေလို လို ပစ္စည်းသေးသေးလေးတွေငို ကိုယ်တိုင် ရွေးချယ် ဝယ်ယူရတဲ့စက်ပါ။

ဝန်ဆောင်မှု : နျန်နျန် ဆိုလိုတဲ့ ဝန်ဆောင်မှုဆိုတာက ဘော့စ်ကို ဂရုစိုက်ပေးတာတို့ ထမင်းဘူးလာပို့တာတို့ စသည်ဖြင့်ပေါ့။

အာမခံငါးခု နဲ့ ရန်ပုံငွေတစ်ခု : အငြိမ်းစားအာမခံ၊ ဆေးဘက်ဆိုင်ရာအာမခံ၊ အလုပ်လက်မဲ့ အာမခံ ၊ အလုပ်နဲ့သက်ဆိုင်တဲ့ ထိခိုက်မှု အာမခံ ငလေးမွေးဖွားအာမခံ ပြီးတော့ အိမ်ရာစုဆောင်း ရန်ပုံငွေ(အိမ်ရာရန်ပုံငွေ)

Seguir leyendo

También te gustarán

4.1M 261K 100
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
9.2K 539 5
Twenty-three year old Hero Dynamite, Katsuki Bakugo is having a day like any other while he fights a villain alongside his husband Pro Hero Deku. Tha...
1.3M 115K 42
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
3.6K 58 12
Just give me your bfdi/bfb/tpot or whatever bfb related ships. I don't do OcxOc or CanonxOc so make it that you give me canon characters. I also don'...