တစ်အိမ်လုံးမှာ ဒီအခန်းတစ်ခုပဲ ပင်လယ်ပြာရောင်။ သူကြိုက်တဲ့ ကမ္ဘာ့မြေမျက်နှာပြင်တွေနဲ့ စကြာဝဠာအဖွဲ့အစည်းတွေကို နံရံတစ်ဖက်ခြမ်းအပြည့်ကပ်ထားပြီး ကျန်တဲ့တစ်ဖက်မှာ ကျွန်တော့်ဆေးစာအုပ်နဲ့ သူ့ရဲ့အဘိဓါန်တွေကို မျက်နှာကျက်ထိရောက်တဲ့ စာအုပ်စင်နှစ်ခုနဲ့ခွဲကန့်ထားလိုက်သည်။ ရာထူးတိုးစာမေးပွဲအတွက် စာကြည့်ခုံထိုင်နေတာ နေ့လယ်စာစားပြီးထဲက ခုချိန်ထိမနား။ အတူတူနေမှသိလာရတာတွေထဲ ရိုးရှင်းလွန်းတဲ့ သူ့တစ်နေ့တာက ကျွန်တော့်အနားနေတာမဟုတ်ရင် သူ့နယ်ပယ်အကြောင်းတွေ လေ့လာနေတာပင်။
"ကိုယ် လက်ဖက်ရည် ဖျော်လာတယ်။ ခဏ အနားယူပါဦး"
လက်ဖက်ရည်သံကြားတာနဲ့ ကီးဘုတ်ပေါ်ကလက်တွေနှေးသွားသည်။ အသက် ၂၅နှစ်တောင် မပြည့်သေးသူက အကြမ်းရည်အပြင် လက်ဖက်ရည်လည်းကြိုက်၏။ ကျန်းမာရေးကြောင့် တစ်နေ့နှစ်ခွက် ကျွန်တော် ကန့်သတ်ထားတာကိုတော့ သူ လိုက်နာသည်။ သီးသန့်ဖြစ်တဲ့အစားအသောက်နေထိုင်မှုပုံစံတွေနဲ့ ရေပြင်မှာဖြတ်သန်းရသည့်အလုပ်ခွင်...။ လက်ဖက်ရည်ချည်းမော့တော့မယ့်သူကို အာလူးဆနွင်းမကင်းတစ်ခုလှမ်းခွံ့ရသည်။ မြန်မာမုန့်တွေကြိုက်တဲ့သူ့အတွက် နံနက်ခင်း ကျောက်မြောင်းဈေးကို သူနဲ့ကျွန်တော် အတူတူပတ်ထားခြင်းဖြစ်သည်။
"အိမ်ပြန်လာတုန်း အပြည့်အဝ အနားမယူဘူး။ ခဏ ကိုယ်ထိုင်ဖို့ ခုံသွားယူဦးမယ်"
"ခုံမလိုဘူး။ ဒီမှာထိုင်"
ကျွန်တော် ဘေးတစောင်းအနေအထားရှိနေတဲ့အတိုင်း ဆွဲချတာမို့ သူ့ပေါင်ပေါ်ထိုင်လျက်သား။ ခါးတွေကိုလက်နှစ်ဖက်လုံးနဲ့ဖက်တွယ်လာတော့ ဆီမလိမ်းထားတဲ့ သူ့ရဲ့ဘူဆန်စတိုင်ဆံပင်တိုတိုထဲ လက်ချောင်းတွေနဲ့ဖွမိသည်။
"ကျွန်တော့်နား အစ်ကိုရှိတာနဲ့တင် အနားရနေပြီ။ တစ်ခါဆို ဆိုသလောက် ရာထူးမြန်မြန်တက်မှ။ ကပ္ပတိန်အထိ မြန်မြန်ဖြစ်၊ မြန်မြန်ပင်စင်ယူပြီး ကျန်တဲ့သက်တမ်းကိုတော့ အစ်ကို့အနားပဲနေသွားမှာ"
"ကိုယ်က မင်းဘေး အမြဲရှိနေမှာပဲလေ။ ကိုယ့်ကိုကိုယ် အရမ်းဖိအား မပေးနဲ့"
"ဖိအားမဟုတ်ဘဲ အင်အားတွေဖြစ်နေတာ အစ်ကို့ကြောင့်။ တကယ်တမ်း ဝါသနာပါတဲ့အလုပ်ဆိုပေမယ့် အမှတ်မထင်ကြုံရတဲ့ အလုပ်ခွင်အခက်အခဲတွေ၊ လူမျိုးခြားကတောက်ကဆတွေအကုန် အစ်ကို့စိတ်နဲ့ သည်းခံနိုင်တာ။ ကိုယ့်လောက်မှ အရည်အချင်းမရှိတဲ့ကောင်တွေက ရာထူးအားကိုးနဲ့ထောင်လွှားနေတာတွေလေ ပင်လယ်ထဲပစ်ချချင်တဲ့စိတ်တွေဖြစ်လာတိုင်း အစ်ကိုချစ်တဲ့ကောင်လေးက လိမ္မာရမယ်ဆိုတဲ့စိတ်နဲ့ ကျော်လွှားနိုင်ခဲ့တာချည်းပဲ"
တော်ရုံ မငြီးတွားတတ်သူမို့ ဒီလိုရင်ဖွင့်လာတော့ ကျွန်တော်အကြင်နာပိုရသည်။ သူ မပြောပေမယ့် ပတ်ဝန်းကျင်ရဲ့ ကြားဖူးနားဝနဲ့ ကျွန်တော်သိထားတဲ့ သူတို့လောကအခက်အခဲတွေ။ မိသားစုနဲ့ဝေးကွာနေပြီး အနေအစားဆင်းရဲစွာနဲ့ ရှာဖွေလာသမျှ။ သုံးနှစ်စာ သင်္ဘောတက်ပြီးစုဆောင်းထားတာတွေ ကျွန်တော့်အကောင့်ထဲလွှဲပေးတဲ့နေ့က ကျွန်တော် အိပ်လို့ပင်မပျော်။ ဒီအိမ်ဝယ်ဖို့လည်း သူပဲ မာမီ့ကို ပုံပေးထားခဲ့တာ။ ကျွန်တော်စိုက်ရတယ်ဆိုတာ သူ့တစ်ဝက်စာတောင်မရှိ။
နောက်သင်္ဘောတက်ရင်ရမယ့်လစာတွေအထိ ကျွန်တော့်နာမည်နဲ့လွှဲပြောင်းပေးခဲ့တာတွေရော။ "နှစ်ဖက်မိသားစု လိုအပ်တာမှန်သမျှနဲ့ ကျွန်တော်တို့အိမ်ထောင်အတွက် အစ်ကိုထိန်းသိမ်းစီစဥ်ပေးပါ" ဆိုတဲ့ စကားတစ်ခွန်းနဲ့အတူ။ လစာအပ်နေတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ ကြည်နူးပီတိနဲ့ သူ့မျက်နှာ။ ကျွန်တော်မငြင်းရက်။ သူ့ကိုပြုစုပျိုးထောင်ပြီး ကျွန်တော့်ဆီ လိုလိုလားလားပို့ပေးခဲ့တဲ့ သူ့မိသားစုအတွက် ဂါမဏိ ပညာသင်စရိတ်ကိုတော့ ကျွန်တော်တို့ပဲ တာဝန်ယူဖြစ်သည်။
အပြင်ထွက်ခါနီးတိုင်း ကျွန်တော့်ဆီပြန်ပြီး လက်ဖြန့်တောင်းရတာကို သူသဘောကျတတ်သေး၏။ အမေက အဖေ့အတွက် လက်ဖက်ရည်ဖိုးပေးသလိုမျိုးတဲ့။ မြန်မာဆန်တဲ့ ကျွန်တော့်ချစ်သူ။ အရာရာ ကျွန်တော့်ကို ရှေ့တန်းတင်ထားပြီး ချစ်ပေးနေတဲ့ သူ့အတွက် ကျွန်တော့် စိတ်ရော ခန္ဓာပါ မဖြည့်စည်းပေးနိုင်စရာ ဘာရှိပါတော့မလဲ။
သူ့ပါးနှစ်ဖက်ကို ကျွန်တော်ငုံ့နမ်းတော့ ကျေနပ်ပြုံးနဲ့။ ကျွန်တော့်နှုတ်ခမ်းကိုဖိကပ်လာတဲ့ နှုတ်ခမ်းပါးတို့က လက်ဖက်ရည်ကြောင့်အချိုကဲသည်။
အိမ်နေရင်း ရှပ်လက်တိုနဲ့ ပုဆိုးသာဝတ်တတ်သူရင်ခွင်က ပကာသနတွေကင်းပြီး အေးချမ်းတာမျိုး။ ဒီလိုအချိန်တွေ သူ့ကြောင့်ဖြစ်ရတဲ့ ရင်ခုန်သံက ရိုးရှင်းစွာ ငြိမ့်ညောင်း၏။
"သင်္ဘောပေါ်မှာ လက်ဖက်ရည်သောက်ချိန်ရောရှိရဲ့လား"
"ရှိတာပေါ့ အစ်ကိုရဲ့။ ထမင်းစားချိန်အပြင် မနက် ၁၀နာရီနဲ့ နေ့လယ် ၂နာရီမှာ tea time နှစ်ချိန် သပ်သပ်ရှိတယ်။ အဆာပြေစာ ကွက်ကီးတို့ ပေါင်မုန့်တို့လည်းပါတာပေါ့"
ရယ်လိုက်တာနဲ့ လွတ်လပ်သွားတဲ့ သွားစွယ်တွေက လှပတဲ့အပြုံးနဲ့ သူ့မျက်နှာကြောင့် နုနုငယ်ငယ်။ သူတစ်ယောက်က မဥ္ဇူသကနတ်ပန်းမှ ကြွေကျလာတဲ့ဝိဥာဥ်ကွဲလေလား။ စာကြည့်စားပွဲမှာတင်ထောင်ထားတဲ့ လွန်ခဲ့တဲ့ သုံးနှစ်ဓါတ်ပုံထဲကအတိုင်း သိသိသာသာပြောင်းလဲသွားတာမျိုးမရှိတဲ့ သူ့မျက်နှာကောက်ကြောင်းများ။
အဲ့တုန်းက အိုဆာကာချယ်ရီမြေပေါ်မှာ ကျွန်တော်စည်းပေးထားတဲ့ မာဖလာ သျှားညိုရောင်လေးနဲ့ ကျွန်တော့်ဘေးကပ်ရပ်လို့ တည်နေတဲ့သူ့မျက်နှာ။ တွဲထားမိတဲ့လက်တွေက တင်းကြပ်လို့။ ဓါတ်ပုံရိုက်တိုင်း ရှုတည်နေတတ်တဲ့ သူ့ဘေးမှာ ကျွန်တော့်နှုတ်ခမ်းတွေက လေးကိုင်တစ်ခုလို ကွေးညွှတ်တတ်နေကြခြင်း။ ကျွန်တော့်ကိုယ် ကျွန်တော်တောင် အံ့သြရလောက်တဲ့ထိ သူ့အချစ်တွေကြောင့် ကျွန်တော်ပျော်နေရသည့် ပုံရိပ်တွေ။ အဲ့ဒါ ကျွန်တော် ဂျပန်ရောက်ပြီး ဒုတိယနှစ်...။
****************************
Osaka, Japan.
ဒုတိယနှစ်မဟာတန်းရောက်မှ ထပ်တိုးလာသည့်လက်တွေ့ချိန်တွေ။ test တွေဆိုတာလည်း နေ့ရော၊ ညရော။ New Year နေ့မတိုင်ခင်ထိ ပြည့်ကျပ်နေတဲ့ အချိန်ဇယားတွေကြောင့် သူ လာမယ့်အကြောင်းပြောတဲ့နေ့က ကျွန်တော့်မှာ ဝမ်းသာတစ်ဝက်၊ ဝမ်းနည်းတစ်ဝက်။
ဂျပန်နိုင်ငံ၊ ယိုကိုဟားမားမြို့မှာ ကမ်းကပ်ထားတဲ့ သင်္ဘောနဲ့ သူ့ပထမဆုံး ရေပြင်ခရီးကိုစတင်ဖို့ ဂျပန်နိုင်ငံကို ခြေချရမည့်အချိန်။ ဂျပန်နိုင်ငံက တူနာငါးစည်သွပ်ဘူးတွေတင်ဆောင်ထားသည့် သင်္ဘောကြီးက ယိုကိုဟားမားမှ ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့သို့ ထွက်ခွာမည်ဖြစ်သည်။
သူ့ကုမ္ပဏီရဲ့သတ်မှတ်အရည်အသွေးပြည့်မှီအောင် စီစဥ်ချန်ထားရမှာတွေနဲ့ မြန်မာနိုင်ငံကနေ ရက်စောပြီး ထွက်ခွာလာလို့လည်း မဖြစ်။ သတ်မှတ်ရက်မကျော်ခင် ယိုကိုဟားမားဆိပ်ကမ်းကို အရောက်လာ သင်္ဘောတက်ပြီး ဂျူတီ အလွှဲအပြောင်း သတင်းပို့ဖို့တွေနဲ့ ကျွန်တော့်ဆီဝင်လာဖို့ နာရီပိုင်းသာအချိန်ရသည်။
ဒီဇင်ဘာ ဒုတိယအပတ်။
အိုဆာကာမြေတစ်ခုလုံး ဆောင်းရာသီဆာကူရာနဲ့နှင်းခဲတို့ ရောယှက်ဖုံးလွှမ်းနေခဲ့သည်။ အအေးဓါတ်က ဝင်သက်ထွက်သက်တိုင်းကို ခိုကပ်ငြိတွယ်လျက်ရှိခဲ့၏။ practical test ပြီးလို့ထွက်လာတော့ ညနေ ငါးနာရီကျော်။ မနက် ၈နာရီတည်းက silent လုပ်ထားရတဲ့ဖုန်းကိုဖွင့်လိုက်တော့ ညနေ ၄နာရီကျော်မှာ ဝင်ထားသည့်မက်ဆေ့ချ်တစ်စောင်။
_ကျွန်တော်ရောက်နေပြီ အစ်ကို။ ဖြည်းဖြည်းထွက်လာနော်။
ဒီတစ်ကြိမ် သူ့အမှာစကားကို ကျွန်တော် နားမထောင်ဖြစ်။ Theatre ကနေ Main building တွေကိုဖြတ်ပြီး ကျွန်တော့်ကိုယ်မှာရှိနေသမျှ အင်အားအကုန်သုံးပြီး Osaka University ရဲ့ ဝင်ပေါက်ထိပ်ကိုပြေးသည်။ ကျွန်တော်ဖြတ်ပြေးရာလမ်းတစ်လျှောက် လူတွေ၊ အရာဝတ္ထုတွေအကုန် ဝရုန်းသုန်းကား။ အအေးဓါတ်ကို ထိုးခွင်းပြေးလာတဲ့ ကျွန်တော့်ဖဝါးအောက်က နှင်းပွင့်တွေ လွင့်စင်ကုန်သည်။
ကျောင်းထိပ်က ဆောင်းရိပ်ခိုဆာကူရာပင်အောက်မှာ မတ်မတ်ရပ်နေသည့် ကျောပြင်ကျယ်။ ပန်းရောင်ဆာကူရာပွင့်ချပ်တွေမယှဥ်နိုင်အောင် ရဲစွေးနေသည့် နားရွက်ဖျားထိပ်တွေ။ အနက်ရောင်ကုတ်အရှည်နဲ့ အနက်ရောင်ဂျင်းဘောင်းဘီကြောင့် တည်ငြိမ်ရင့်ကျက်လွန်းနေတဲ့ သူ့ပုံစံ။ အေးနေမှာ။ သူ သိပ်အေးနေမှာ။ ကျွန်တော့်ကို တစ်နာရီတောင် စောင့်နေခဲ့ရသူက။
ပြေးလာတဲ့ ကျွန်တော့်ခြေသံကိုကြားသလိုမျိုး လှည့်ကြည့်လာ၏။ သူ ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်မှာ ခိုကပ်ချင်နေတဲ့ ဆောင်းအအေးဓါတ်။ သူ ပြုံးလိုက်ချိန်နဲ့တိုက်ဆိုင်စွာ ကြွေကျလာသည့် ဆာကူရာ။ ရင်ခွင်ကျယ်ထဲ ပစ်ဝင်မိတဲ့ ကျွန်တော့်တစ်ကိုယ်လုံးကို တင်းကြပ်နေအောင် သူဖက်ထားသည်။ အဲ့အချိန် ကျွန်တော့်ရပ်ဝန်းတစ်ခုသာ သူ့ရင်ခွင်ရဲ့ တည့်မတ်နေရောင်ခြည်အောက်မှာ။
ရင်ဘတ်ချင်းအပ်လိုက်မှ ကျွန်တော် သူ့ကို ဘယ်လောက်ထိ ပြင်းပြင်းပြပြလွမ်းနေမိခဲ့သလဲဆိုတာ။ ငိုချင်လို့မဟုတ်ဘဲ ကျလာတဲ့ မျက်ရည်တွေ။ ကျောင်းမပြီးမချင်း မြန်မာနိုင်ငံ မပြန်ဘူးဆိုတာ ဒီလိုတွေကြောင့်။ သူ့ကိုမြင်ပြီးမှ ထပ်ခွဲရရင် ကျွန်တော့်လွမ်းဖျားလွမ်းနာတွေအကုန် သည်းထန်တော့မှာ။ ကျွန်တော့်ဆံပင်တွေထဲ ပူနွေးလာတာနဲ့ ကျွန်တော် မော့ကြည့်မိ၏။ သူလည်း ကျွန်တော့်လို ပြုံးရင်း ငိုနေသည်။
"အရမ်းလွမ်းနေတာ အစ်ကိုရဲ့"
တိုးဖွဖွနဲ့ နွမ်းလျလှိုက်မောနေသည့် သူ့အသံ။ ဒီအပြုံး၊ ဒီအသံ၊ ဒီရင်ခွင်ကသာ ကျွန်တော် ဗဟိုပြုလည်ပတ်နေသည့် ရာသီစက်ဝန်း။
"နွေးမလာသေးဘူး။ စောင်ထပ်ခြုံပေးမယ်"
"နွေးပြီ အစ်ကိုရဲ့။ ရေနွေးသောက်လိုက်တည်းက နွေးနေပြီ"
ဆောင်းရာသီကြီး အနွေးဓါတ်မရှိတဲ့နေရာမှာ တစ်နာရီနီးပါးမတ်တပ်ရပ်ခဲ့သူက ကျွန်တော် နေတဲ့အခန်းရောက်လာတာတောင် မနွေးချင်သေး။ ရှိသမျှစောင်တွေ အထပ်ထပ်ခြုံပေးပြီး သူလာရင်တိုက်ဖို့ဝယ်ထားတဲ့ လက်ဖက်ခြောက်ကို ရေနွေးလောင်းထည့်ပြီး သောက်ခိုင်းရသည်။ ခန္ဓာကိုယ်အတွင်းထဲပူသွားမှ လက်ဖျားလေးတွေ စနွေးလာ၏။ ဒါတောင် ခြေဖဝါးတွေက...။
"ရော်...မလုပ်ပါနဲ့ အစ်ကို။ ကျွန်တော် တကယ်နွေးတာ"
သူ့ဘေးဝင်ထိုင်ပြီး ခြေဖဝါးတွေကို လက်နဲ့ထွေးဆုပ်ပေးတော့ ပျာပျာသလဲနဲ့။ ရေနွေးခွက်ကိုချပြီး ကျွန်တော့်လက်ဖဝါးတွေကနေကိုင်လို့ သူ့ရင်ထဲဆွဲသွင်းသည်။
"ဒီလောက်အေးနေတာကို ဘာလို့ အင်္ကျီထူထူတွေဝတ်မလာတာလဲ။ ကိုယ် စိတ်မချရအောင်"
"အစ်ကို့ဆီလာချင်ဇောကပ်နေတာနဲ့။ ဟိုတယ်မှာအထုပ်တွေချပြီး ထွက်လာလိုက်တာ မေ့သွားလို့။ တမင်လုပ်တာ မဟုတ်ပါဘူး"
ကျွန်တော့်မျက်နှာကို လက်ဖဝါးနှစ်ဖက်ထဲထည့်ထားပြီး စူးစိုက်ကြည့်နေတာ နင့်နင့်နဲနဲ။ သူ့မျက်ဆံနက်တွေရွေ့သွားရာက ကျွန်တော့်မျက်လုံးတွေ၊ နှာခေါင်းဖျားနဲ့ နှုတ်ခမ်းသားတွေပေါ် ရပ်တန့်ဝေ့ဝဲနေတာအကြာကြီး။ သူ့လက်ဖဝါးတွေပေါ်က ထပ်အုပ်ကိုင်တော့ ဖွဖွပြုံးသည်။ အောက်ဆီဂျင်ကိုမျှဝေရင်း အလွမ်းတွေကို ဖြေလျော့ရင်း သူ့မျက်တောင်တစ်ခတ်စာကသာ ကျွန်တော့်အချိန်ကိုရေတွက်ပေးတဲ့ စက္ကန့်လက်တံတွေအဖြစ်...။
ဂွီ!
ကျွန်တော် တဟားဟားအော်ရယ်မိတော့ မျက်နှာငယ်လေးနဲ့ မှုန်သုန်သုန်ကြည့်သည်။
"ကိုယ့်ကောင်လေး ဗိုက်ဆာနေပြီ ဟုတ်လား"
"အစ်ကို မရယ်ပါနဲ့"
"မရယ်ပါဘူးဗျ"
အရယ်တစ်ဝက်ရောတဲ့ ကျွန်တော့်စကား။ အမြဲ ကျွန်တော့်ရှေ့အထာကျချင်ပါတယ်ဆိုသူရဲ့လက်တစ်ဖက်ကိုဆွဲကိုင်ပြီး ချယ်ရီမြေကိုအနိုင်ရတဲ့ ဧကရာဇ်တစ်ပါးလို ကျွန်တော့်အပြုံးတွေမော်မော်ကြွားကြွား။ အဲ့နေ့က ကြွေတဲ့ ဆာကူရာပွင့်ချပ်တွေထဲမှာ ကျွန်တော့်အပြုံးတွေ ရောယှက်ပါ၏။ လျှောက်နေကျလမ်းတွေက
သူ့လက်ကိုတွဲထားရတာမို့ ရင်ခုန်သံတွေနဲ့ ထူးကဲနေသည်။
အောက်စီဂျင်ထဲပျော်ဝင်နေတဲ့ သူ့ရယ်သံတွေကြောင့် ကျွန်တော့်နှလုံးသားခမ်းနားစွာ လတ်ဆတ်၏။
"ကိုယ်လိုက်မယ် ဇာမဏိ"
"အစ်ကို မနက်ဖြန် အတန်းချိန်တွေရှိတယ်မလား"
"လက်တွေ့ချိန်တွေမပါဘူး။ အတန်းချိန်လောက်က ကိုယ် စာပြန်ကူးလို့ရတယ်"
"ပင်ပန်းမယ် အစ်ကိုရယ်။ ပြီးရင် ကျွန်တော်က ပြန်လည်းလိုက်ပို့နိုင်မှာ မဟုတ်ဘူးလေ"
ဘူတာရုံက လက်မှတ်ကောင်တာရှေ့မှာ သူနဲ့ကျွန်တော် အချေအတင်ဖြစ်နေကြခြင်း။ မနက်ဖြန်နေ့လယ်အမှီ သတင်းပို့ရမယ့်သူနဲ့အတူ ယိုကိုဟားမားထိ ကျွန်တော်လိုက်လာဖို့ကို သူခွင့်မပြုချင်။ ကျည်ဆန်ရထားစီးရင် ၂နာရီကျော်သာကြာမယ့်ခရီးမှာ ကျွန်တော် သူ့တစ်ယောက်တည်း မလွှတ်နိုင်။
"ကိုယ် မင်းနဲ့နေချင်သေးတာ"
ရင်ခွင်ထဲတိုးဝင်ပြီး သူ့ခါးကိုတင်းတင်းဖက်လို့ဆိုတော့ သူမငြင်းနိုင်တော့။ ယိုကိုဟားမားကိုရောက်တော့ပင် သန်းခေါင်နားကပ်လေပြီ။ သူတို့ ကုမ္ပဏီကလူတွေ check in ဝင်ထားတဲ့ဟိုတယ်မှာပဲ သီးသန့်အခန်းယူလိုက်ပြီး သူ့အထုပ်အပိုးတွေပါ ရွှေ့ဖြစ်ကြသည်။
"ပင်ပန်းနေမှာကို မအိပ်သေးဘူးလား အစ်ကို"
ခြေလက်ဆေးကြောပြီး ရေချိုးခန်းထဲက ထွက်လာသူက သူ့ အထုပ်အပိုးတွေကြား အလုပ်ရှုပ်နေတဲ့ကျွန်တော့်နားရောက်လာ၏။
"ဒါဘာလုပ်ဖို့ သယ်တာလဲ"
"သင်္ဘောပေါ်မှာ အကြမ်းစီးဖို့လေ"
Luggage အောက်ဆုံးမှာထိုးထည့်ထားတဲ့ အပြာရောင်ဆင်ကြယ်ဖိနပ်ကိုကိုင်ထားရင်း သူအစွဲလန်းကြီးတတ်ပုံကိုလည်း ကျွန်တော့်မှာ တအံ့တဩဖြစ်ရ၏။
"လာပါ အစ်ကိုရယ်။ အိပ်ရအောင်"
"မင်း လိုနေတာတွေ ကျန်ခဲ့မှာဆိုးလို့ စစ်ပေးမလို့လေ"
"ဘာမှမလိုဘူး။ ကြီးကြီးက အကုန်စစ်ပြီးထည့်ပေးလိုက်တာ။ လာ အစ်ကိုနားပါ"
တစ်ယောက်အိပ်ကုတင်နှစ်လုံးနဲ့ အခန်းထဲ ညအိပ်မီးအဝါရောင်သာ ဖွင့်ထားတော့တာမို့ သူ့မျက်နှာတည်ကြည်ပုံက ပုံစံတစ်မျိုးနဲ့ ကြည့်ကောင်းနေသည်။
"အစ်ကို မအိပ်ဘူးလား"
"မနက်ဖြန် မင်းနဲ့ ထပ်ခွဲရဦးမယ်"
တစ်ပေသာခြားသည့်ကုတင်ပေါ်မှာ သူနဲ့ကျွန်တော် မျက်နှာချင်းဆိုင်အနေအထားနဲ့ အပြန်အလှန်ငေးမိနေကြသည်။ တစ်ယောက်အသက်ရှုသံကို တစ်ယောက်ပြန်ကြားနိုင်သည်အထိ တိတ်ဆိတ်ငြိမ်သက်လာခြင်းမှာ ကျွန်တော့်သွေးကြောကို အားပေးအားမြှောက်ပြုနေကြသည့် ရင်ခုန်သံတွေ။
"အစ်ကို..."
တိုးဖွဖွခေါ်သံရဲ့ အဖျားအနားသတ်တို့ တိမ်မြုပ်လျော့ကျသွား၏။ ရှေ့ဆက်ပြောမလာတဲ့ စကားတွေရဲ့ ထုထည်ကို သူ့မျက်ဝန်းတွေထဲမှာ ရှာဖွေမိသည်။ ဘာလို့ ကုတင်ခွဲထားတဲ့အခန်းယူတာလည်း ကျွန်တော် မမေးဖြစ်ပေမယ့်သိနေသည်။ လတွေချီလို့နှစ်တွေဖြစ်တဲ့အထိတည်ဆောက်ထားရတဲ့အလွမ်းထုထည်။ အတူတူရှိနေဖြစ်သည့် ဒီတစ်ညက သူဘဝရော ကျွန်တော့်ဘဝပါ ပြောင်းလဲသွားစေနိုင်သည်အထိ အဆုံးအဖြတ်ပေးနိုင်သည့် ညမှန်း ကျွန်တော်မသိဘဲရှိပါ့မလား။
မီးရောင်ဝါဖျော့ဖျော့ရဲ့လွှမ်းခြုံမှုနဲ့ နဂိုကြင်နာတတ်တဲ့ သူ့မျက်ဝန်းတွေပိုမိုနွေးထွေးနေတာ။ မျိုးတူသံလိုက်ဝင်ရိုးစွန်းတွေ ဆွဲငင်ခြင်းမှာ သူကချွင်းချက်မဲ့စွာနဲ့။ သူ့မျက်ဝန်းတွေက အဆုံးအစမဲ့မှီတွယ်ရာကင်းတဲ့ စကြာဝဠာရဲ့ black hole တစ်ခုလို ကျွန်တော့်အသည်းညှာကို ဆွဲချနေသလိုမျိုး။
"ကျွန်တော် ကိုယ့်ကိုကိုယ် လူတတ်ကြီးလုပ်ပြီး ကုတင်နှစ်လုံးပါတဲ့အခန်းယူမိတာပဲ"
သက်ပြင်းသံဖျော့ဖျော့ရောယှက်တဲ့ သူ့စကား။
"အဝေးကြီးဝေးနေရတာထက် အစ်ကို့ကို လက်တစ်ကမ်းအကွာမှာ ထားပြီး ငေးနေရတာ ပိုခက်ခဲတယ်"
"ကိုယ် မင်းကိုယုံတယ်လေ ဇာမဏိ"
လက်နှစ်ဖက်ဆန့်တန်းပေးပြီး ကြိုဆိုလိုက်တော့ ဆွေးနေတဲ့မျက်နှာက အပြုံးတွေနဲ့ဖယ်ရှားခြင်းခံလိုက်ရသည်။ ကျွန်တော်ရှိရာဘက် ပြောင်းရွှေ့လာပြီး ကျွန်တော့်တစ်ကိုယ်လုံး သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်တာလည်း ညင်ညင်သာသာ။
ပါးနှစ်ဖက်ထဲတစ်လှည့်စီဖိစိုက်ဝင်လာသည့်အနမ်းတွေ။ တရှိုက်မတ်မတ်နဲ့နူးညံ့တတ်သည့် အနမ်းတွေက အခါများစွာအတိုင်း အိန္ဒြေကြီးစွာနဲ့။ ဒီလို ကျွန်တော့်ချစ်သူ။ ကြင်နာခြင်းနဲ့ပဲ ကန့်သတ်နယ်မြေကို ပိုင်ခြားနိုင်စွမ်းရှိသည့်ချစ်သူ။ ဖြူစင်မှုကိုတန်ဖိုးထားချင်တဲ့ ချစ်သူရဲ့သိက္ခာကိုစောင့်ရှောက်ဖို့ ကျွန်တော်တုန့်ပြန်မိတဲ့အနမ်းတွေပါ ရမ္မက်ကင်းကုန်ကြသည်။
နှစ်နှစ်တာအလွမ်းတွေက တန်ဖိုးထားမြတ်နိုးခံရတဲ့အကြင်နာအနမ်းတွေအောက်မှာ အတုန်းအရုန်းကျရှုံးပျောက်ပျယ်ကုန်ကြသည်။ ဆာကူရာတွေငိုကြွေးစေမယ့်အထိ ကျွန်တော့်မျက်နှာအနှံ့ပွတ်တိုက်ရှပ်ပြေးတဲ့ သူ့အကြင်နာတို့ နူးညံ့သိမ်မွေ့စွာလှပကြ၏။
"ဇာမဏိ မပြုံးတော့ဘူးလား"
ဆောင်းဆာကူရာပင်အောက်မှာ ရှုတည်တည်မျက်နှာပေးနဲ့သူ့ကို သူနဲ့ သင်္ဘောအတူတူတက်မည့် စီနီယာက အားမလိုအားမရဟန်။ ခွဲခွာရဦးမယ့် အချိန်တစ်ခုမှာ ကျွန်တော့်လက်ကိုကိုင်လို့မှတ်တမ်းတင်တဲ့ ဓါတ်ပုံထဲတောင် သူမပြုံးရယ်နိုင်။ ကျွန်တော်ပတ်ပေးထားတဲ့ မာဖလာသျှားညိုရောင်လေးက သူ့လည်တိုင်မှာ ခန့်ခန့်ထည်ထည်။
"အစ်ကို ဒီကပဲပြန်တော့နော်"
သူ သင်္ဘောပေါ်မရောက်ခင် ကျွန်တော် အိုဆာကာပြန်ရောက်ကြောင်းသိချင်သူက နံနက်စာစားပြီးတည်းကနှင်တာကို ကျွန်တော်အပြစ်မဆိုရက်။ လွမ်းနေရဦးမယ့် နောက်ထပ်နှစ်တွေ။ သူမရှိတဲ့မြန်မာနိုင်ငံကိုပြန်ဖို့ မဖြစ်နိုင်တော့။ မာစတာတန်းပြီးရင် ဂျပန်မှာပဲ အလုပ်ဆက်ဝင်ဖို့ သေချာသွားခဲ့ပြီ။
မခွဲခွာခင် ကျွန်တော် ထပ်တိုးဝင်မိသည့် သူ့ရင်ခွင်။ အပြန်အလှန် တင်းတင်းကြပ်ကြပ်ဖက်တွယ်မိရင်း ကျွန်တော့်ဆံပင်ထဲ သူ့အနမ်းတို့ ခိုနားနေကြ၏။ လူချင်းခွာလိုက်ကာမှ ကျွန်တော် သူ့နဖူးကိုဖျက်ခနဲနမ်းလိုက်သည်။
"ဒီတစ်ခါတော့ ကိုယ် မင်းကို စောင့်မယ်"
##########################
September 13. 2021.(Monday)
🌻
သင်္ဘောသားအချက်အလက်များအတွက် 'ဆရာဒွန်မှူးရဲ့ ရယ်ရွှင်ပေါ့ပါး ရွှေမြန်မာတို့၏ သင်္ဘောပေါ်မှဟာသများ' စာအုပ်မှ ကောက်နုတ်ထည့်သွင်းထားပါတယ်။
ငါးနှစ်လုံး နေသော့်နောက် ဇာမဏိလိုက်မသွားဘူးလားဆိုတဲ့မေးခွန်းလေးအတွက် ဒီအပိုင်းလေးရှိလာရပါတယ်နော်။
ပြီးခဲ့တဲ့အပိုင်းမှာ ရပ်ဝန်းနေသော်လို့ ဇာမဏိခေါ်လိုက်တာနဲ့ ကိုနေသော်လေး ဘာဖြစ်သွားလဲရော သဘောပေါက်ကြပါရဲ့လား♥️
🌻🌻
တစ္အိမ္လုံးမွာ ဒီအခန္းတစ္ခုပဲ ပင္လယ္ျပာေရာင္။ သူႀကိဳက္တဲ့ ကမာၻ႔ေျမမ်က္ႏွာျပင္ေတြနဲ႔ စၾကာဝဠာအဖြဲ႕အစည္းေတြကို နံရံတစ္ဖက္ျခမ္းအျပည့္ကပ္ထားၿပီး က်န္တဲ့တစ္ဖက္မွာ ကြၽန္ေတာ့္ေဆးစာအုပ္နဲ႔ သူ႔ရဲ႕အဘိဓါန္ေတြကို မ်က္ႏွာက်က္ထိေရာက္တဲ့ စာအုပ္စင္ႏွစ္ခုနဲ႔ခြဲကန္႔ထားလိုက္သည္။ ရာထူးတိုးစာေမးပြဲအတြက္ စာၾကည့္ခုံထိုင္ေနတာ ေန႔လယ္စာစားၿပီးထဲက ခုခ်ိန္ထိမနား။ အတူတူေနမွသိလာရတာေတြထဲ ႐ိုးရွင္းလြန္းတဲ့ သူ႔တစ္ေန႔တာက ကြၽန္ေတာ့္အနားေနတာမဟုတ္ရင္ သူ႔နယ္ပယ္အေၾကာင္းေတြ ေလ့လာေနတာပင္။
"ကိုယ္ လက္ဖက္ရည္ ေဖ်ာ္လာတယ္။ ခဏ အနားယူပါဦး"
လက္ဖက္ရည္သံၾကားတာနဲ႔ ကီးဘုတ္ေပၚကလက္ေတြေႏွးသြားသည္။ အသက္ ၂၅ႏွစ္ေတာင္ မျပည့္ေသးသူက အၾကမ္းရည္အျပင္ လက္ဖက္ရည္လည္းႀကိဳက္၏။ က်န္းမာေရးေၾကာင့္ တစ္ေန႔ႏွစ္ခြက္ ကြၽန္ေတာ္ ကန္႔သတ္ထားတာကိုေတာ့ သူ လိုက္နာသည္။ သီးသန္႔ျဖစ္တဲ့အစားအေသာက္ေနထိုင္မႈပုံစံေတြနဲ႔ ေရျပင္မွာျဖတ္သန္းရသည့္အလုပ္ခြင္...။ လက္ဖက္ရည္ခ်ည္းေမာ့ေတာ့မယ့္သူကို အာလူးဆႏြင္းမကင္းတစ္ခုလွမ္းခြံ႕ရသည္။ ျမန္မာမုန္႔ေတြႀကိဳက္တဲ့သူ႔အတြက္ နံနက္ခင္း ေက်ာက္ေျမာင္းေဈးကို သူနဲ႔ကြၽန္ေတာ္ အတူတူပတ္ထားျခင္းျဖစ္သည္။
"အိမ္ျပန္လာတုန္း အျပည့္အဝ အနားမယူဘူး။ ခဏ ကိုယ္ထိုင္ဖို႔ ခုံသြားယူဦးမယ္"
"ခုံမလိုဘူး။ ဒီမွာထိုင္"
ကြၽန္ေတာ္ ေဘးတေစာင္းအေနအထားရွိေနတဲ့အတိုင္း ဆြဲခ်တာမို႔ သူ႔ေပါင္ေပၚထိုင္လ်က္သား။ ခါးေတြကိုလက္ႏွစ္ဖက္လုံးနဲ႔ဖက္တြယ္လာေတာ့ ဆီမလိမ္းထားတဲ့ သူ႔ရဲ႕ဘူဆန္စတိုင္ဆံပင္တိုတိုထဲ လက္ေခ်ာင္းေတြနဲ႔ဖြမိသည္။
"ကြၽန္ေတာ့္နား အစ္ကိုရွိတာနဲ႔တင္ အနားရေနၿပီ။ တစ္ခါဆို ဆိုသေလာက္ ရာထူးျမန္ျမန္တက္မွ။ ကပၸတိန္အထိ ျမန္ျမန္ျဖစ္၊ ျမန္ျမန္ပင္စင္ယူၿပီး က်န္တဲ့သက္တမ္းကိုေတာ့ အစ္ကို႔အနားပဲေနသြားမွာ"
"ကိုယ္က မင္းေဘး အၿမဲရွိေနမွာပဲေလ။ ကိုယ့္ကိုကိုယ္ အရမ္းဖိအား မေပးနဲ႔"
"ဖိအားမဟုတ္ဘဲ အင္အားေတြျဖစ္ေနတာ အစ္ကို႔ေၾကာင့္။ တကယ္တမ္း ဝါသနာပါတဲ့အလုပ္ဆိုေပမယ့္ အမွတ္မထင္ႀကဳံရတဲ့ အလုပ္ခြင္အခက္အခဲေတြ၊ လူမ်ိဳးျခားကေတာက္ကဆေတြအကုန္ အစ္ကို႔စိတ္နဲ႔ သည္းခံႏိုင္တာ။ ကိုယ့္ေလာက္မွ အရည္အခ်င္းမရွိတဲ့ေကာင္ေတြက ရာထူးအားကိုးနဲ႔ေထာင္လႊားေနတာေတြေလ ပင္လယ္ထဲပစ္ခ်ခ်င္တဲ့စိတ္ေတြျဖစ္လာတိုင္း အစ္ကိုခ်စ္တဲ့ေကာင္ေလးက လိမၼာရမယ္ဆိုတဲ့စိတ္နဲ႔ ေက်ာ္လႊားႏိုင္ခဲ့တာခ်ည္းပဲ"
ေတာ္႐ုံ မၿငီးတြားတတ္သူမို႔ ဒီလိုရင္ဖြင့္လာေတာ့ ကြၽန္ေတာ္အၾကင္နာပိုရသည္။ သူ မေျပာေပမယ့္ ပတ္ဝန္းက်င္ရဲ႕ ၾကားဖူးနားဝနဲ႔ ကြၽန္ေတာ္သိထားတဲ့ သူတို႔ေလာကအခက္အခဲေတြ။ မိသားစုနဲ႔ေဝးကြာေနၿပီး အေနအစားဆင္းရဲစြာနဲ႔ ရွာေဖြလာသမွ်။ သုံးႏွစ္စာ သေဘၤာတက္ၿပီးစုေဆာင္းထားတာေတြ ကြၽန္ေတာ့္အေကာင့္ထဲလႊဲေပးတဲ့ေန႔က ကြၽန္ေတာ္ အိပ္လို႔ပင္မေပ်ာ္။ ဒီအိမ္ဝယ္ဖို႔လည္း သူပဲ မာမီ့ကို ပုံေပးထားခဲ့တာ။ ကြၽန္ေတာ္စိုက္ရတယ္ဆိုတာ သူ႔တစ္ဝက္စာေတာင္မရွိ။
ေနာက္သေဘၤာတက္ရင္ရမယ့္လစာေတြအထိ ကြၽန္ေတာ့္နာမည္နဲ႔လႊဲေျပာင္းေပးခဲ့တာေတြေရာ။ "ႏွစ္ဖက္မိသားစု လိုအပ္တာမွန္သမွ်နဲ႔ ကြၽန္ေတာ္တို႔အိမ္ေထာင္အတြက္ အစ္ကိုထိန္းသိမ္းစီစဥ္ေပးပါ" ဆိုတဲ့ စကားတစ္ခြန္းနဲ႔အတူ။ လစာအပ္ေနတဲ့ အိမ္ေထာင္ဦးစီးတစ္ေယာက္ရဲ႕ ၾကည္ႏူးပီတိနဲ႔ သူ႔မ်က္ႏွာ။ ကြၽန္ေတာ္မျငင္းရက္။ သူ႔ကိုျပဳစုပ်ိဳးေထာင္ၿပီး ကြၽန္ေတာ့္ဆီ လိုလိုလားလားပို႔ေပးခဲ့တဲ့ သူ႔မိသားစုအတြက္ ဂါမဏိ ပညာသင္စရိတ္ကိုေတာ့ ကြၽန္ေတာ္တို႔ပဲ တာဝန္ယူျဖစ္သည္။
အျပင္ထြက္ခါနီးတိုင္း ကြၽန္ေတာ့္ဆီျပန္ၿပီး လက္ျဖန္႔ေတာင္းရတာကို သူသေဘာက်တတ္ေသး၏။ အေမက အေဖ့အတြက္ လက္ဖက္ရည္ဖိုးေပးသလိုမ်ိဳးတဲ့။ ျမန္မာဆန္တဲ့ ကြၽန္ေတာ့္ခ်စ္သူ။ အရာရာ ကြၽန္ေတာ့္ကို ေရွ႕တန္းတင္ထားၿပီး ခ်စ္ေပးေနတဲ့ သူ႔အတြက္ ကြၽန္ေတာ့္ စိတ္ေရာ ခႏၶာပါ မျဖည့္စည္းေပးႏိုင္စရာ ဘာရွိပါေတာ့မလဲ။
သူ႔ပါးႏွစ္ဖက္ကို ကြၽန္ေတာ္ငုံ႔နမ္းေတာ့ ေက်နပ္ၿပဳံးနဲ႔။ ကြၽန္ေတာ့္ႏႈတ္ခမ္းကိုဖိကပ္လာတဲ့ ႏႈတ္ခမ္းပါးတို႔က လက္ဖက္ရည္ေၾကာင့္အခ်ိဳကဲသည္။
အိမ္ေနရင္း ရွပ္လက္တိုနဲ႔ ပုဆိုးသာဝတ္တတ္သူရင္ခြင္က ပကာသနေတြကင္းၿပီး ေအးခ်မ္းတာမ်ိဳး။ ဒီလိုအခ်ိန္ေတြ သူ႔ေၾကာင့္ျဖစ္ရတဲ့ ရင္ခုန္သံက ႐ိုးရွင္းစြာ ၿငိမ့္ေညာင္း၏။
"သေဘၤာေပၚမွာ လက္ဖက္ရည္ေသာက္ခ်ိန္ေရာရွိရဲ႕လား"
"ရွိတာေပါ့ အစ္ကိုရဲ႕။ ထမင္းစားခ်ိန္အျပင္ မနက္ ၁၀နာရီနဲ႔ ေန႔လယ္ ၂နာရီမွာ tea time ႏွစ္ခ်ိန္ သပ္သပ္ရွိတယ္။ အဆာေျပစာ ကြက္ကီးတို႔ ေပါင္မုန္႔တို႔လည္းပါတာေပါ့"
ရယ္လိုက္တာနဲ႔ လြတ္လပ္သြားတဲ့ သြားစြယ္ေတြက လွပတဲ့အၿပဳံးနဲ႔ သူ႔မ်က္ႏွာေၾကာင့္ ႏုႏုငယ္ငယ္။ သူတစ္ေယာက္က မၪၨဴသကနတ္ပန္းမွ ေႂကြက်လာတဲ့ဝိဥာဥ္ကြဲေလလား။ စာၾကည့္စားပြဲမွာတင္ေထာင္ထားတဲ့ လြန္ခဲ့တဲ့ သုံးႏွစ္ဓါတ္ပုံထဲကအတိုင္း သိသိသာသာေျပာင္းလဲသြားတာမ်ိဳးမရွိတဲ့ သူ႔မ်က္ႏွာေကာက္ေၾကာင္းမ်ား။
အဲ့တုန္းက အိုဆာကာခ်ယ္ရီေျမေပၚမွာ ကြၽန္ေတာ္စည္းေပးထားတဲ့ မာဖလာ သွ်ားညိဳေရာင္ေလးနဲ႔ ကြၽန္ေတာ့္ေဘးကပ္ရပ္လို႔ တည္ေနတဲ့သူ႔မ်က္ႏွာ။ တြဲထားမိတဲ့လက္ေတြက တင္းၾကပ္လို႔။ ဓါတ္ပုံ႐ိုက္တိုင္း ရႈတည္ေနတတ္တဲ့ သူ႔ေဘးမွာ ကြၽန္ေတာ့္ႏႈတ္ခမ္းေတြက ေလးကိုင္တစ္ခုလို ေကြးၫႊတ္တတ္ေနၾကျခင္း။ ကြၽန္ေတာ့္ကိုယ္ ကြၽန္ေတာ္ေတာင္ အံ့ၾသရေလာက္တဲ့ထိ သူ႔အခ်စ္ေတြေၾကာင့္ ကြၽန္ေတာ္ေပ်ာ္ေနရသည့္ ပုံရိပ္ေတြ။ အဲ့ဒါ ကြၽန္ေတာ္ ဂ်ပန္ေရာက္ၿပီး ဒုတိယႏွစ္...။
****************************
Osaka, Japan.
ဒုတိယႏွစ္မဟာတန္းေရာက္မွ ထပ္တိုးလာသည့္လက္ေတြ႕ခ်ိန္ေတြ။ test ေတြဆိုတာလည္း ေန႔ေရာ၊ ညေရာ။ New Year ေန႔မတိုင္ခင္ထိ ျပည့္က်ပ္ေနတဲ့ အခ်ိန္ဇယားေတြေၾကာင့္ သူ လာမယ့္အေၾကာင္းေျပာတဲ့ေန႔က ကြၽန္ေတာ့္မွာ ဝမ္းသာတစ္ဝက္၊ ဝမ္းနည္းတစ္ဝက္။
ဂ်ပန္ႏိုင္ငံ၊ ယိုကိုဟားမားၿမိဳ႕မွာ ကမ္းကပ္ထားတဲ့ သေဘၤာနဲ႔ သူ႔ပထမဆုံး ေရျပင္ခရီးကိုစတင္ဖို႔ ဂ်ပန္ႏိုင္ငံကို ေျခခ်ရမည့္အခ်ိန္။ ဂ်ပန္ႏိုင္ငံက တူနာငါးစည္သြပ္ဘူးေတြတင္ေဆာင္ထားသည့္ သေဘၤာႀကီးက ယိုကိုဟားမားမွ ကေနဒါႏိုင္ငံ၊ ဗန္ကူးဗားၿမိဳ႕သို႔ ထြက္ခြာမည္ျဖစ္သည္။
သူ႔ကုမၸဏီရဲ႕သတ္မွတ္အရည္အေသြးျပည့္မွီေအာင္ စီစဥ္ခ်န္ထားရမွာေတြနဲ႔ ျမန္မာႏိုင္ငံကေန ရက္ေစာၿပီး ထြက္ခြာလာလို႔လည္း မျဖစ္။ သတ္မွတ္ရက္မေက်ာ္ခင္ ယိုကိုဟားမားဆိပ္ကမ္းကို အေရာက္လာ သေဘၤာတက္ၿပီး ဂ်ဴတီ အလႊဲအေျပာင္း သတင္းပို႔ဖို႔ေတြနဲ႔ ကြၽန္ေတာ့္ဆီဝင္လာဖို႔ နာရီပိုင္းသာအခ်ိန္ရသည္။
ဒီဇင္ဘာ ဒုတိယအပတ္။
အိုဆာကာေျမတစ္ခုလုံး ေဆာင္းရာသီဆာကူရာနဲ႔ႏွင္းခဲတို႔ ေရာယွက္ဖုံးလႊမ္းေနခဲ့သည္။ အေအးဓါတ္က ဝင္သက္ထြက္သက္တိုင္းကို ခိုကပ္ၿငိတြယ္လ်က္ရွိခဲ့၏။ practical test ၿပီးလို႔ထြက္လာေတာ့ ညေန ငါးနာရီေက်ာ္။ မနက္ ၈နာရီတည္းက silent လုပ္ထားရတဲ့ဖုန္းကိုဖြင့္လိုက္ေတာ့ ညေန ၄နာရီေက်ာ္မွာ ဝင္ထားသည့္မက္ေဆ့ခ်္တစ္ေစာင္။
_ကြၽန္ေတာ္ေရာက္ေနၿပီ အစ္ကို။ ျဖည္းျဖည္းထြက္လာေနာ္။
ဒီတစ္ႀကိမ္ သူ႔အမွာစကားကို ကြၽန္ေတာ္ နားမေထာင္ျဖစ္။ Theatre ကေန Main building ေတြကိုျဖတ္ၿပီး ကြၽန္ေတာ့္ကိုယ္မွာရွိေနသမွ် အင္အားအကုန္သုံးၿပီး Osaka University ရဲ႕ ဝင္ေပါက္ထိပ္ကိုေျပးသည္။ ကြၽန္ေတာ္ျဖတ္ေျပးရာလမ္းတစ္ေလွ်ာက္ လူေတြ၊ အရာဝတၳဳေတြအကုန္ ဝ႐ုန္းသုန္းကား။ အေအးဓါတ္ကို ထိုးခြင္းေျပးလာတဲ့ ကြၽန္ေတာ့္ဖဝါးေအာက္က ႏွင္းပြင့္ေတြ လြင့္စင္ကုန္သည္။
ေက်ာင္းထိပ္က ေဆာင္းရိပ္ခိုဆာကူရာပင္ေအာက္မွာ မတ္မတ္ရပ္ေနသည့္ ေက်ာျပင္က်ယ္။ ပန္းေရာင္ဆာကူရာပြင့္ခ်ပ္ေတြမယွဥ္ႏိုင္ေအာင္ ရဲေစြးေနသည့္ နား႐ြက္ဖ်ားထိပ္ေတြ။ အနက္ေရာင္ကုတ္အရွည္နဲ႔ အနက္ေရာင္ဂ်င္းေဘာင္းဘီေၾကာင့္ တည္ၿငိမ္ရင့္က်က္လြန္းေနတဲ့ သူ႔ပုံစံ။ ေအးေနမွာ။ သူ သိပ္ေအးေနမွာ။ ကြၽန္ေတာ့္ကို တစ္နာရီေတာင္ ေစာင့္ေနခဲ့ရသူက။
ေျပးလာတဲ့ ကြၽန္ေတာ့္ေျခသံကိုၾကားသလိုမ်ိဳး လွည့္ၾကည့္လာ၏။ သူ ရႉထုတ္လိုက္တဲ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္မွာ ခိုကပ္ခ်င္ေနတဲ့ ေဆာင္းအေအးဓါတ္။ သူ ၿပဳံးလိုက္ခ်ိန္နဲ႔တိုက္ဆိုင္စြာ ေႂကြက်လာသည့္ ဆာကူရာ။ ရင္ခြင္က်ယ္ထဲ ပစ္ဝင္မိတဲ့ ကြၽန္ေတာ့္တစ္ကိုယ္လုံးကို တင္းၾကပ္ေနေအာင္ သူဖက္ထားသည္။ အဲ့အခ်ိန္ ကြၽန္ေတာ့္ရပ္ဝန္းတစ္ခုသာ သူ႔ရင္ခြင္ရဲ႕ တည့္မတ္ေနေရာင္ျခည္ေအာက္မွာ။
ရင္ဘတ္ခ်င္းအပ္လိုက္မွ ကြၽန္ေတာ္ သူ႔ကို ဘယ္ေလာက္ထိ ျပင္းျပင္းျပျပလြမ္းေနမိခဲ့သလဲဆိုတာ။ ငိုခ်င္လို႔မဟုတ္ဘဲ က်လာတဲ့ မ်က္ရည္ေတြ။ ေက်ာင္းမၿပီးမခ်င္း ျမန္မာႏိုင္ငံ မျပန္ဘူးဆိုတာ ဒီလိုေတြေၾကာင့္။ သူ႔ကိုျမင္ၿပီးမွ ထပ္ခြဲရရင္ ကြၽန္ေတာ့္လြမ္းဖ်ားလြမ္းနာေတြအကုန္ သည္းထန္ေတာ့မွာ။ ကြၽန္ေတာ့္ဆံပင္ေတြထဲ ပူေႏြးလာတာနဲ႔ ကြၽန္ေတာ္ ေမာ့ၾကည့္မိ၏။ သူလည္း ကြၽန္ေတာ့္လို ၿပဳံးရင္း ငိုေနသည္။
"အရမ္းလြမ္းေနတာ အစ္ကိုရဲ႕"
တိုးဖြဖြနဲ႔ ႏြမ္းလ်လႈိက္ေမာေနသည့္ သူ႔အသံ။ ဒီအၿပဳံး၊ ဒီအသံ၊ ဒီရင္ခြင္ကသာ ကြၽန္ေတာ္ ဗဟိုျပဳလည္ပတ္ေနသည့္ ရာသီစက္ဝန္း။
"ေႏြးမလာေသးဘူး။ ေစာင္ထပ္ၿခဳံေပးမယ္"
"ေႏြးၿပီ အစ္ကိုရဲ႕။ ေရေႏြးေသာက္လိုက္တည္းက ေႏြးေနၿပီ"
ေဆာင္းရာသီႀကီး အေႏြးဓါတ္မရွိတဲ့ေနရာမွာ တစ္နာရီနီးပါးမတ္တပ္ရပ္ခဲ့သူက ကြၽန္ေတာ္ ေနတဲ့အခန္းေရာက္လာတာေတာင္ မေႏြးခ်င္ေသး။ ရွိသမွ်ေစာင္ေတြ အထပ္ထပ္ၿခဳံေပးၿပီး သူလာရင္တိုက္ဖို႔ဝယ္ထားတဲ့ လက္ဖက္ေျခာက္ကို ေရေႏြးေလာင္းထည့္ၿပီး ေသာက္ခိုင္းရသည္။ ခႏၶာကိုယ္အတြင္းထဲပူသြားမွ လက္ဖ်ားေလးေတြ စေႏြးလာ၏။ ဒါေတာင္ ေျခဖဝါးေတြက...။
"ေရာ္...မလုပ္ပါနဲ႔ အစ္ကို။ ကြၽန္ေတာ္ တကယ္ေႏြးတာ"
သူ႔ေဘးဝင္ထိုင္ၿပီး ေျခဖဝါးေတြကို လက္နဲ႔ေထြးဆုပ္ေပးေတာ့ ပ်ာပ်ာသလဲနဲ႔။ ေရေႏြးခြက္ကိုခ်ၿပီး ကြၽန္ေတာ့္လက္ဖဝါးေတြကေနကိုင္လို႔ သူ႔ရင္ထဲဆြဲသြင္းသည္။
"ဒီေလာက္ေအးေနတာကို ဘာလို႔ အက်ႌထူထူေတြဝတ္မလာတာလဲ။ ကိုယ္ စိတ္မခ်ရေအာင္"
"အစ္ကို႔ဆီလာခ်င္ေဇာကပ္ေနတာနဲ႔။ ဟိုတယ္မွာအထုပ္ေတြခ်ၿပီး ထြက္လာလိုက္တာ ေမ့သြားလို႔။ တမင္လုပ္တာ မဟုတ္ပါဘူး"
ကြၽန္ေတာ့္မ်က္ႏွာကို လက္ဖဝါးႏွစ္ဖက္ထဲထည့္ထားၿပီး စူးစိုက္ၾကည့္ေနတာ နင့္နင့္နဲနဲ။ သူ႔မ်က္ဆံနက္ေတြေ႐ြ႕သြားရာက ကြၽန္ေတာ့္မ်က္လုံးေတြ၊ ႏွာေခါင္းဖ်ားနဲ႔ ႏႈတ္ခမ္းသားေတြေပၚ ရပ္တန္႔ေဝ့ဝဲေနတာအၾကာႀကီး။ သူ႔လက္ဖဝါးေတြေပၚက ထပ္အုပ္ကိုင္ေတာ့ ဖြဖြၿပဳံးသည္။ ေအာက္ဆီဂ်င္ကိုမွ်ေဝရင္း အလြမ္းေတြကို ေျဖေလ်ာ့ရင္း သူ႔မ်က္ေတာင္တစ္ခတ္စာကသာ ကြၽန္ေတာ့္အခ်ိန္ကိုေရတြက္ေပးတဲ့ စကၠန္႔လက္တံေတြအျဖစ္...။
ဂြီ!
ကြၽန္ေတာ္ တဟားဟားေအာ္ရယ္မိေတာ့ မ်က္ႏွာငယ္ေလးနဲ႔ မႈန္သုန္သုန္ၾကည့္သည္။
"ကိုယ့္ေကာင္ေလး ဗိုက္ဆာေနၿပီ ဟုတ္လား"
"အစ္ကို မရယ္ပါနဲ႔"
"မရယ္ပါဘူးဗ်"
အရယ္တစ္ဝက္ေရာတဲ့ ကြၽန္ေတာ့္စကား။ အၿမဲ ကြၽန္ေတာ့္ေရွ႕အထာက်ခ်င္ပါတယ္ဆိုသူရဲ႕လက္တစ္ဖက္ကိုဆြဲကိုင္ၿပီး ခ်ယ္ရီေျမကိုအႏိုင္ရတဲ့ ဧကရာဇ္တစ္ပါးလို ကြၽန္ေတာ့္အၿပဳံးေတြေမာ္ေမာ္ႂကြားႂကြား။ အဲ့ေန႔က ေႂကြတဲ့ ဆာကူရာပြင့္ခ်ပ္ေတြထဲမွာ ကြၽန္ေတာ့္အၿပဳံးေတြ ေရာယွက္ပါ၏။ ေလွ်ာက္ေနက်လမ္းေတြက
သူ႔လက္ကိုတြဲထားရတာမို႔ ရင္ခုန္သံေတြနဲ႔ ထူးကဲေနသည္။
ေအာက္စီဂ်င္ထဲေပ်ာ္ဝင္ေနတဲ့ သူ႔ရယ္သံေတြေၾကာင့္ ကြၽန္ေတာ့္ႏွလုံးသားခမ္းနားစြာ လတ္ဆတ္၏။
"ကိုယ္လိုက္မယ္ ဇာမဏိ"
"အစ္ကို မနက္ျဖန္ အတန္းခ်ိန္ေတြရွိတယ္မလား"
"လက္ေတြ႕ခ်ိန္ေတြမပါဘူး။ အတန္းခ်ိန္ေလာက္က ကိုယ္ စာျပန္ကူးလို႔ရတယ္"
"ပင္ပန္းမယ္ အစ္ကိုရယ္။ ၿပီးရင္ ကြၽန္ေတာ္က ျပန္လည္းလိုက္ပို႔ႏိုင္မွာ မဟုတ္ဘူးေလ"
ဘူတာ႐ုံက လက္မွတ္ေကာင္တာေရွ႕မွာ သူနဲ႔ကြၽန္ေတာ္ အေခ်အတင္ျဖစ္ေနၾကျခင္း။ မနက္ျဖန္ေန႔လယ္အမွီ သတင္းပို႔ရမယ့္သူနဲ႔အတူ ယိုကိုဟားမားထိ ကြၽန္ေတာ္လိုက္လာဖို႔ကို သူခြင့္မျပဳခ်င္။ က်ည္ဆန္ရထားစီးရင္ ၂နာရီေက်ာ္သာၾကာမယ့္ခရီးမွာ ကြၽန္ေတာ္ သူ႔တစ္ေယာက္တည္း မလႊတ္ႏိုင္။
"ကိုယ္ မင္းနဲ႔ေနခ်င္ေသးတာ"
ရင္ခြင္ထဲတိုးဝင္ၿပီး သူ႔ခါးကိုတင္းတင္းဖက္လို႔ဆိုေတာ့ သူမျငင္းႏိုင္ေတာ့။ ယိုကိုဟားမားကိုေရာက္ေတာ့ပင္ သန္းေခါင္နားကပ္ေလၿပီ။ သူတို႔ ကုမၸဏီကလူေတြ check in ဝင္ထားတဲ့ဟိုတယ္မွာပဲ သီးသန္႔အခန္းယူလိုက္ၿပီး သူ႔အထုပ္အပိုးေတြပါ ေ႐ႊ႕ျဖစ္ၾကသည္။
"ပင္ပန္းေနမွာကို မအိပ္ေသးဘူးလား အစ္ကို"
ေျခလက္ေဆးေၾကာၿပီး ေရခ်ိဳးခန္းထဲက ထြက္လာသူက သူ႔ အထုပ္အပိုးေတြၾကား အလုပ္ရႈပ္ေနတဲ့ကြၽန္ေတာ့္နားေရာက္လာ၏။
"ဒါဘာလုပ္ဖို႔ သယ္တာလဲ"
"သေဘၤာေပၚမွာ အၾကမ္းစီးဖို႔ေလ"
Luggage ေအာက္ဆုံးမွာထိုးထည့္ထားတဲ့ အျပာေရာင္ဆင္ၾကယ္ဖိနပ္ကိုကိုင္ထားရင္း သူအစြဲလန္းႀကီးတတ္ပုံကိုလည္း ကြၽန္ေတာ့္မွာ တအံ့တဩျဖစ္ရ၏။
"လာပါ အစ္ကိုရယ္။ အိပ္ရေအာင္"
"မင္း လိုေနတာေတြ က်န္ခဲ့မွာဆိုးလို႔ စစ္ေပးမလို႔ေလ"
"ဘာမွမလိုဘူး။ ႀကီးႀကီးက အကုန္စစ္ၿပီးထည့္ေပးလိုက္တာ။ လာ အစ္ကိုနားပါ"
တစ္ေယာက္အိပ္ကုတင္ႏွစ္လုံးနဲ႔ အခန္းထဲ ညအိပ္မီးအဝါေရာင္သာ ဖြင့္ထားေတာ့တာမို႔ သူ႔မ်က္ႏွာတည္ၾကည္ပုံက ပုံစံတစ္မ်ိဳးနဲ႔ ၾကည့္ေကာင္းေနသည္။
"အစ္ကို မအိပ္ဘူးလား"
"မနက္ျဖန္ မင္းနဲ႔ ထပ္ခြဲရဦးမယ္"
တစ္ေပသာျခားသည့္ကုတင္ေပၚမွာ သူနဲ႔ကြၽန္ေတာ္ မ်က္ႏွာခ်င္းဆိုင္အေနအထားနဲ႔ အျပန္အလွန္ေငးမိေနၾကသည္။ တစ္ေယာက္အသက္ရႈသံကို တစ္ေယာက္ျပန္ၾကားႏိုင္သည္အထိ တိတ္ဆိတ္ၿငိမ္သက္လာျခင္းမွာ ကြၽန္ေတာ့္ေသြးေၾကာကို အားေပးအားေျမႇာက္ျပဳေနၾကသည့္ ရင္ခုန္သံေတြ။
"အစ္ကို..."
တိုးဖြဖြေခၚသံရဲ႕ အဖ်ားအနားသတ္တို႔ တိမ္ျမဳပ္ေလ်ာ့က်သြား၏။ ေရွ႕ဆက္ေျပာမလာတဲ့ စကားေတြရဲ႕ ထုထည္ကို သူ႔မ်က္ဝန္းေတြထဲမွာ ရွာေဖြမိသည္။ ဘာလို႔ ကုတင္ခြဲထားတဲ့အခန္းယူတာလည္း ကြၽန္ေတာ္ မေမးျဖစ္ေပမယ့္သိေနသည္။ လေတြခ်ီလို႔ႏွစ္ေတြျဖစ္တဲ့အထိတည္ေဆာက္ထားရတဲ့အလြမ္းထုထည္။ အတူတူရွိေနျဖစ္သည့္ ဒီတစ္ညက သူဘဝေရာ ကြၽန္ေတာ့္ဘဝပါ ေျပာင္းလဲသြားေစႏိုင္သည္အထိ အဆုံးအျဖတ္ေပးႏိုင္သည့္ ညမွန္း ကြၽန္ေတာ္မသိဘဲရွိပါ့မလား။
မီးေရာင္ဝါေဖ်ာ့ေဖ်ာ့ရဲ႕လႊမ္းၿခဳံမႈနဲ႔ နဂိုၾကင္နာတတ္တဲ့ သူ႔မ်က္ဝန္းေတြပိုမိုေႏြးေထြးေနတာ။ မ်ိဳးတူသံလိုက္ဝင္႐ိုးစြန္းေတြ ဆြဲငင္ျခင္းမွာ သူကခြၽင္းခ်က္မဲ့စြာနဲ႔။ သူ႔မ်က္ဝန္းေတြက အဆုံးအစမဲ့မွီတြယ္ရာကင္းတဲ့ စၾကာဝဠာရဲ႕ black hole တစ္ခုလို ကြၽန္ေတာ့္အသည္းညႇာကို ဆြဲခ်ေနသလိုမ်ိဳး။
"ကြၽန္ေတာ္ ကိုယ့္ကိုကိုယ္ လူတတ္ႀကီးလုပ္ၿပီး ကုတင္ႏွစ္လုံးပါတဲ့အခန္းယူမိတာပဲ"
သက္ျပင္းသံေဖ်ာ့ေဖ်ာ့ေရာယွက္တဲ့ သူ႔စကား။
"အေဝးႀကီးေဝးေနရတာထက္ အစ္ကို႔ကို လက္တစ္ကမ္းအကြာမွာ ထားၿပီး ေငးေနရတာ ပိုခက္ခဲတယ္"
"ကိုယ္ မင္းကိုယုံတယ္ေလ ဇာမဏိ"
လက္ႏွစ္ဖက္ဆန္႔တန္းေပးၿပီး ႀကိဳဆိုလိုက္ေတာ့ ေဆြးေနတဲ့မ်က္ႏွာက အၿပဳံးေတြနဲ႔ဖယ္ရွားျခင္းခံလိုက္ရသည္။ ကြၽန္ေတာ္ရွိရာဘက္ ေျပာင္းေ႐ႊ႕လာၿပီး ကြၽန္ေတာ့္တစ္ကိုယ္လုံး သူ႔ရင္ခြင္ထဲဆြဲသြင္းလိုက္တာလည္း ညင္ညင္သာသာ။
ပါးႏွစ္ဖက္ထဲတစ္လွည့္စီဖိစိုက္ဝင္လာသည့္အနမ္းေတြ။ တရႈိက္မတ္မတ္နဲ႔ႏူးညံ့တတ္သည့္ အနမ္းေတြက အခါမ်ားစြာအတိုင္း အိေျႏၵႀကီးစြာနဲ႔။ ဒီလို ကြၽန္ေတာ့္ခ်စ္သူ။ ၾကင္နာျခင္းနဲ႔ပဲ ကန္႔သတ္နယ္ေျမကို ပိုင္ျခားႏိုင္စြမ္းရွိသည့္ခ်စ္သူ။ ျဖဴစင္မႈကိုတန္ဖိုးထားခ်င္တဲ့ ခ်စ္သူရဲ႕သိကၡာကိုေစာင့္ေရွာက္ဖို႔ ကြၽန္ေတာ္တုန္႔ျပန္မိတဲ့အနမ္းေတြပါ ရမၼက္ကင္းကုန္ၾကသည္။
ႏွစ္ႏွစ္တာအလြမ္းေတြက တန္ဖိုးထားျမတ္ႏိုးခံရတဲ့အၾကင္နာအနမ္းေတြေအာက္မွာ အတုန္းအ႐ုန္းက်ရႈံးေပ်ာက္ပ်ယ္ကုန္ၾကသည္။ ဆာကူရာေတြငိုေႂကြးေစမယ့္အထိ ကြၽန္ေတာ့္မ်က္ႏွာအႏွံ႔ပြတ္တိုက္ရွပ္ေျပးတဲ့ သူ႔အၾကင္နာတို႔ ႏူးညံ့သိမ္ေမြ႕စြာလွပၾက၏။
"ဇာမဏိ မၿပဳံးေတာ့ဘူးလား"
ေဆာင္းဆာကူရာပင္ေအာက္မွာ ရႈတည္တည္မ်က္ႏွာေပးနဲ႔သူ႔ကို သူနဲ႔ သေဘၤာအတူတူတက္မည့္ စီနီယာက အားမလိုအားမရဟန္။ ခြဲခြာရဦးမယ့္ အခ်ိန္တစ္ခုမွာ ကြၽန္ေတာ့္လက္ကိုကိုင္လို႔မွတ္တမ္းတင္တဲ့ ဓါတ္ပုံထဲေတာင္ သူမၿပဳံးရယ္ႏိုင္။ ကြၽန္ေတာ္ပတ္ေပးထားတဲ့ မာဖလာသွ်ားညိဳေရာင္ေလးက သူ႔လည္တိုင္မွာ ခန္႔ခန္႔ထည္ထည္။
"အစ္ကို ဒီကပဲျပန္ေတာ့ေနာ္"
သူ သေဘၤာေပၚမေရာက္ခင္ ကြၽန္ေတာ္ အိုဆာကာျပန္ေရာက္ေၾကာင္းသိခ်င္သူက နံနက္စာစားၿပီးတည္းကႏွင္တာကို ကြၽန္ေတာ္အျပစ္မဆိုရက္။ လြမ္းေနရဦးမယ့္ ေနာက္ထပ္ႏွစ္ေတြ။ သူမရွိတဲ့ျမန္မာႏိုင္ငံကိုျပန္ဖို႔ မျဖစ္ႏိုင္ေတာ့။ မာစတာတန္းၿပီးရင္ ဂ်ပန္မွာပဲ အလုပ္ဆက္ဝင္ဖို႔ ေသခ်ာသြားခဲ့ၿပီ။
မခြဲခြာခင္ ကြၽန္ေတာ္ ထပ္တိုးဝင္မိသည့္ သူ႔ရင္ခြင္။ အျပန္အလွန္ တင္းတင္းၾကပ္ၾကပ္ဖက္တြယ္မိရင္း ကြၽန္ေတာ့္ဆံပင္ထဲ သူ႔အနမ္းတို႔ ခိုနားေနၾက၏။ လူခ်င္းခြာလိုက္ကာမွ ကြၽန္ေတာ္ သူ႔နဖူးကိုဖ်က္ခနဲနမ္းလိုက္သည္။
"ဒီတစ္ခါေတာ့ ကိုယ္ မင္းကို ေစာင့္မယ္"
##########################
September 13. 2021.(Monday)
🌻
သေဘၤာသားအခ်က္အလက္မ်ားအတြက္ 'ဆရာဒြန္မႉးရဲ႕ ရယ္႐ႊင္ေပါ့ပါး ေ႐ႊျမန္မာတို႔၏ သေဘၤာေပၚမွဟာသမ်ား' စာအုပ္မွ ေကာက္ႏုတ္ထည့္သြင္းထားပါတယ္။
ငါးႏွစ္လုံး ေနေသာ့္ေနာက္ ဇာမဏိလိုက္မသြားဘူးလားဆိုတဲ့ေမးခြန္းေလးအတြက္ ဒီအပိုင္းေလးရွိလာရပါတယ္ေနာ္။
ၿပီးခဲ့တဲ့အပိုင္းမွာ ရပ္ဝန္းေနေသာ္လို႔ ဇာမဏိေခၚလိုက္တာနဲ႔ ကိုေနေသာ္ေလး ဘာျဖစ္သြားလဲေရာ သေဘာေပါက္ၾကပါရဲ႕လား♥️
🌻🌻