Sewing Machine's Love Story (...

By LuuLuu252

131K 20.6K 828

Author : Jing Shui Bian EN translator: Rinisnotgold Chapters: 24 Chapters All Credit to Original Author and... More

Story Description
Chap 1 (Part 1)
Chap 1(Part 2)
Chap 2
Chap 3
Chap 4
Chap 5
Chap 6
Chap 7
Chap 8
Chap 9
Chap 10
Chap 12
Chap 13
Chap 14
Chap 15
Chap 16
Chap 17
Chap 18
Chap 19
Chap 20
Chap 21
Chap 22
Chap 23 (Part 1)
Chap 23 (Part 2)
Chap 24 (Part 1)
Chap 24 (Final Part)
Recommend Please!!

Chap 11

3.7K 757 30
By LuuLuu252

Zaw

ကားတစ္စီး ဝယ္ယူျခင္းသည္ ရႊီႏ်န္အတြက္ ေပ်ာ္ရႊင္ဖြယ္ရာအေၾကာင္းအရာ ျဖစ္ေပမယ့္လည္ ဒီတစ္ႀကိမ္မွာေတာ့ သူ႔ အေနျဖင့္ ကားတစ္စီး ရလာသည့္အေၾကာင္းကို လီဖန္အား မည္သို႔ မည္ပုံ ရွင္းျပေပးရမည္ တကယ္ကို မသိေတာ့ေခ်။

'သုေတသနစင္တာကေန ေပးတာ လို႔ေတာ့ ေျပာလို႔မရႏိုင္ဘူးေလ!' ဘယ္လို သုေတသန စင္တာမ်ိဳးက ကားေတြကို ဒီအတိုင္း ေပးပစ္ေနမွာတဲ့လဲ?

ခ်န္သိက သူဘာကို ပူပန္ေနသည္အား နားလည္ပုံရကာ အၾကံတစ္ခုေပးလာသည္။

"မင္းရဲ႕ကားကို ေဘာ့စ္ရဲ႕အိမ္မွာပဲ ပါကင္ထိုးထားမယ္ဆိုရင္ေရာ၊ ဘယ္လိုလဲ? သူ႔ကားဂိုေထာင္က အက်ယ္ႀကီးရယ္။ဒါဆို မင္း ကားသုံးခ်င္တဲ့ အခ်ိန္က်ရင္ သြားယူေမာင္းၿပီး မင္းမသုံးခ်င္တဲ့အခ်ိန္ေတာ့ ဒီအတိုင္း အဲ့ဒီေနရာမွာပဲ သြားရပ္ထားလိုက္လို႔ရုံပဲ"

သဘာဝတက်ပင္ ရႊီႏ်န္လည္း ထိုသည္က အေကာင္းဆုံး အၾကံဟု ထင္သည္။ အကယ္၍ ျဖစ္ႏိုင္မည္ ဆိုလွ်င္ေပါ့။ ဒါေပမယ့္ သူစိတ္ပူေနသည့္ တစ္ျခားအရာ က်န္ေသးသည္။

"ေဘာ့စ္က စိတ္မဆိုးေလာက္ပါဘူးေနာ္။ ဆိုးေလာက္လား?"

ခ်န္သိက သူ႔ထံသို႔ စိတ္တိုေသာအၾကည့္တစ္ခ်က္ပစ္သြင္းလိုက္ၿပီး၊

"အခုက ဘယ္ေလာက္ပဲၾကာေသးတာမို႔လို႔လဲ? ဒါေပမယ့္ မင္းက ေဘာ့စ္ကိုမင္းအတြက္ ကားတစ္စီး ေပးခ်င္လာေအာင္ေတာင္ လုပ္ႏိုင္ၿပီးၿပီပဲကို။ အခုကစၿပီး မင္းကသူ႔ရဲ႕ မိသားစုဝင္* ျဖစ္လာဖို႔ေတာင္ သိပ္မၾကာေလာက္ေတာ့ဘူး။"

ရႊီႏ်န္က ေအးခဲသြားၿပီးသည္။ ထို႔ေနာက္ သူက သြားစြယ္ေလးႏွစ္ခု ေပၚသည္အထိ ျပဳံးလိုက္ကာ  အေတာ္ေလး ေပ်ာ္ရႊင္စြာျဖင့္ပင္ ေျပာလိုက္၏။

"ဒါဆိုရင္ေတာ့၊ အတြင္းေရးမႉးခ်န္ ရဲ႕ စကားကိုေတြကိုပဲ ယုံထားလိုက္ေတာ့မယ္"

ခ်န္သိ : "......"

မင္းတို႔ႏွစ္ေယာက္စလုံး ဘယ္လိုလုပ္ၿပီးေတာ့မ်ား ဒီေလာက္ေတာင္ အရွက္မဲ့ႏိုင္ ၾကရတာလဲကြာ!

ပိတ္ရက္အတြင္းမွာေတာ့ ခ်န္းခ်န္က သခင္ေလးခ်င္ႏွင့္အတူ ေဂါ့ဖ္(golf) ကစားရန္ စီစဥ္ထားတာျဖစ္ၿပီး သဘာဝတက်ပင္ ရႊီႏ်န္ကိုလည္း အတူေခၚသြားမွာ ျဖစ္သည္။

၎သည္က ကိုယ္ေရးကိုယ္တာ ေတြ႕ဆုံမႈတစ္ခုသာ ျဖစ္သည့္ အတြက္ေၾကာင့္ ခ်န္သိသည္ ရွားရွားပါးပါး အလုပ္ပိတ္ရက္ တစ္ရက္ ရလိုက္ေပသည္။ ထို႔ေၾကာင့္ ေဘာ့စ္က ကိုယ္တုိင္ပင္ ကားေမာင္းလ်က္ သူ၏  သၾကားေဘဘီေလးကို သြားႀကိဳေလ၏။

ကားထဲဝင္လာေသာ ရႊီႏ်န္သည္ ေခါင္းစမွေျခဖ်ားထိ အသစ္က်ပ္ခြ်တ္ အျဖဴေရာင္ အားကစားဝတ္စုံကို ဝတ္ဆင္ထား၏။ သူသည္ ေရွ႕ရက္ အနည္းငယ္အၾကာက ဆံပင္ညႇပ္ထားေသးၿပီး သူ႔ဆံပင္စတိုင္အသစ္ က သူ၏ ေခ်ာေမြ႕သည့္ နဖူးျပင္ကို လွစ္ဟေဖာ္ျပထားလ်က္ ရွိသည္။ ကားေမာင္းသင္တန္းေၾကာင့္ သူ႔အသားအေရာင္မွာ နည္းနည္းေလာက္ ညဳိသြားခဲ့ေပမယ့္လည္း သူ႔ထံတြင္ ေတာက္ပေသာ ငယ္ရြယ္မႈတိုျဖင့္ ျပည့္ႏွက္ေနသည့္ သန္မာေသာ အေရာင္အဝါတစ္မ်ိဳး ရွိေနေသး၏။

ခ်န္းခ်န္က မ်က္လုံးတို႔ကိုေမွးက်ဥ္းလ်က္ သူ႔ကို တခဏၾကာအထိ စိုက္ၾကည့္ေနခဲ့သည္။
ရႊီႏ်န္က အနည္းငယ္ ရွက္ရြံ႔စြာျဖင့္ ျပဳံးလိုက္ကာ၊

"ကၽြန္ေတာ္ ၾကည့္ေကာင္းရဲ႕လား?"

ရႊီႏ်န္က ေမးလိုက္သည္။

ခ်န္းခ်န္က မႏွစ္သက္ပုံျဖင့္ ေဝဖန္မွတ္ခ်က္ေပးလာ၏။

"အဲ့ဒီအဝတ္အစားေတြ မင္းကို ဘယ္သူ ဝယ္ေပးတာလဲ?*"

ရႊီႏ်န္က မ်က္ေတာင္တစ္ခ်က္ခတ္လိုက္ကာ ေျပာသည္။

"ေဘာ့စ္ေလ"

ခ်န္းခ်န္၏နားက တုန္သြားခဲ့သည္။
ထို႔ေနာက္ သူက ေက်နပ္သြားသည္လား မေက်နပ္သည္လား ေျပာႏိုင္ရန္ ခက္ခဲ့သည့္ အမူအရာျဖင့္ ႏွာမႈတ္လိုက္သည္။
"ဟမ့္"

တကယ္ေတာ့၊ ဤကဲ့သို႔ အခ်ိန္တစ္ခုၾကာ အတူရွိခဲ့ၿပီးေနာက္ ရႊီႏ်န္သည္ ခ်န္းခ်န္၏ စိတ္သေဘာထား အေျခအေနမ်ားအား ကၽြမ္းဝင္ေနခဲ့ၿပီျဖစ္သည္။

နားရြက္မ်ား လႈပ္သြားခဲ့လွ်င္ ၎မွာ ထိုလူက ေပ်ာ္ေနသည္ဟု ဆိုလိုသည္။
ေျခေထာက္မ်ား လႈပ္ေနပါက ၎သည္ ထိုလူႀကီး စိတ္ေက်နပ္ပီတီျဖစ္ေနျခင္းျဖစ္ၿပီး၊
သူ႔ကိုယ္သူ ေက်နပ္အားရသည္ဆိုလ်င္ ထိုႏွစ္ခုေပါင္းစပ္သြားမည္ျဖစ္သည္။

သူသည္ စိတ္လႈပ္ရွားေနသည့္ အခ်ိန္ဆိုလ်င္ သူ႔ေျခေထာက္ကို ပို၍ အားျပင္းျပင္းျဖင့္ လႈပ္ေနလိမ့္မွာ ျဖစ္သည္။

အကယ္၍ သင္သည္ တာဝန္ကို ေကာင္းမြန္ေက်ပြန္စြာ ထမ္းေဆာင္ခဲ့ပါက ထိုလူႀကီးက ေပ်ာ္ရႊင္လိမ့္မွာ ျဖစ္ၿပီး၊ အကယ္၍ သင္သည္ ထိုလူ၏ ဆနၵမ်ားႏွင့္ လိုခ်င္မႈမ်ားကို ေကာင္းေကာင္းကိုယ္တြယ္ ျဖည့္ဆည္းေပးႏိုင္ပါက ထိုလူႀကီးက သေဘာက်လိမ့္မည္ ျဖစ္သည္။

အကယ္၍ သင္သည္ ထိုလူအား စကားေကာင္းေလး အနည္းငယ္ ေျပာေပးခဲ့ပါက ၎သည္ပင္ ထိုလူႀကီးအား အလြန္ပင္ ေက်နပ္ေရာင့္ရဲေစလိမ့္မွာ ျဖစ္သည္။

သို႔ေပမယ့္လည္း ထိုလူႀကီးသည္ ထိုအရာမ်ားကို သိရွိေစလိုခဲ့ပါက သူသည္ မေနႏိုင္စြာျဖင့္ အနည္းငယ္ စိတ္လႈပ္ရွား ေနလိမ့္မည္ ျဖစ္သည္။

ရႊီႏ်န္က တခါတေလ ေတြးမိသည္၊
'အလြယ္ကေလး စိတ္ေက်နပ္ေပ်ာ္ရႊင္ႏိုင္ေသာ တစ္စုံတစ္ေယာက္တြင္ ဘာ့ေၾကာင့္မ်ား သူ႔အား ဂရုစိုက္ေပးရန္ နားလည္သေဘာေပါက္သူ တစ္ေယာက္မၽွ ဘယ္တုန္းကမွ မရွိခဲ့တာပါလိမ့္?'
ဟူ၍။

သခင္ေလးခ်င္သည္ ေဂါ့ဖ္ ကစားျခင္းကို အလြန္ႏွစ္သက္သူ ျဖစ္ၿပီး ဟြားခ်င္ျခံဝန္းတြင္း ရွိ ေဂါ့ဖ္ကြင္းျပင္အား အလြန္အမင္း သေဘာက်သူလည္းျဖစ္သည္။
ထိုေနရာက သြားရတာ အနည္းငယ္ေဝးေပမယ့္လည္း ေဂါ့ဖ္ကြင္းအေနအထားမွာ ေကာင္းမြန္သည္။ ျမက္ခင္းျပင္မ်ားသည္လည္း မဆိုးသလို ေဂါ့ဖ္ ကယ္ဒီ*မ်ားသည္လည္း ကၽြမ္းက်င္ဝန္ထမ္း မ်ားျဖစ္ၾကသည္။

ခ်န္းခ်န္က ကားကို ပါကင္ထိုးလိုက္ၿပီးေနာက္ ကားေပၚမွဆင္းကာ ေနာက္ဖုံးတြင္ထည့္ထားေသာ ေဂါ့ဖ္အိတ္ကို ယူထုတ္လိုက္သည္။ ရႊီႏ်န္က အလိုအေလၽွာက္ပင္ ထိုလူ႔ အနီးသို႔သြားက အိတ္ကူထုတ္ေပးရန္ ျပင္လိုက္ေပမယ့္ ခ်န္းခ်န္က အေဝးသို႔ ေရွာင္လိုက္သည္။

ေဂါ့ဖ္ ကယ္ဒီ ေရာက္လာသည့္အခါ ခ်န္းခ်န္က ေဂါ့ဖ္အိတ္ကို ထိုသူ႔အားလႊဲေပးလိုက္ၿပီး ေဘာက္ဆူးပါ တခါတည္း ေပးလိုက္သည္။

"မင္းကဘာအတြက္ တအားကို စိတ္ထက္သန္ေနရတာလဲ?"

ခ်န္းခ်န္က ရႊီႏ်န္ကို ၾကည့္လိုက္ၿပီး

"အဲ့ဒါက ရွက္စရာမေကာင္းဘူးလား?"

ရႊီႏ်န္၏မ်က္ႏွာက အနည္းငယ္ အနီေရာင္သန္းသြားသည္။

ခ်န္းခ်န္က ဟမ့္ခနဲ လုပ္လိုက္ကာ

"မင္းက အရမ္းပဲတြယ္ကပ္လြန္းတယ္။ တကယ္ပဲ မင္း ငါ့ကို မင္းရဲ႕ ေယာက်ာ္း*အျဖစ္ သတ္မွတ္ထားတာမ်ားလား?"

ရႊီႏ်န္မွာ ႏႈတ္ခမ္းကို ခပ္တင္းတင္း ဖိပိတ္မိသြားသည္။ထို႔ေနာက္ သူက ႏႈတ္ခမ္းတို႔ကို တြန္႔ေကြးလိုက္ကာ၊

"သခင္ေလးခ်င္ရဲ႕ အေရွ႕မွာဆိုရင္ ကၽြန္ေတာ္တို႔က အဲ့လိုပုံ နည္းနည္းေလာက္ေပါက္ေအာင္ ေနျပရမွာ မဟုတ္ဘူးလား?"

ခ်န္းခ်န္က ထပ္ၿပီး မေပ်ာ္မရႊင္ျဖစ္သြားျပန္သည္။

"ဘယ္လို သရုပ္ေဆာင္ရမလဲဆိုတာ မင္းသိၿပီသားမဟုတ္ဘူးလား?"

ရႊီႏ်န္က အတန္ၾကာ တိတ္ဆိတ္သြားခဲ့ၿပီးေနာက္ ျဖည္းျဖည္းခ်င္း ေျပာလိုက္သည္။

"ဒါေပမယ့္ ပုံမွန္ဆိုရင္ ခင္ဗ်ားကကၽြန္ေတာ္ကို ေယာက်ာ္းလို႔ ေခၚခြင့္မေပးထားဘူးေလ......"

ခ်န္းခ်န္တစ္ေယာက္ ေအးခဲသြားသည္။ သူ႔နားရြက္ေတြက လ်င္ျမန္စြာ တုန္ခါသြားၿပီးေနာက္ သူက တစ္ဖက္သို႔ ရုတ္ျခည္း လွည့္သြားသည္။ ေနာက္ေက်ာဘက္ရွိ ႂကြက္သားတို႔က ေတာင့္တင္းလာၿပီးေနာက္ သူက ၾကမ္းၾကမ္တမ္းတမ္းပင္ ဟိန္းေဟာက္ေလေတာ့သည္။

"အိမ္မက္ မက္ေနလိုက္!"

သူ၏ ေနာက္ေက်ာဘက္တြင္ ရွိေနေသာ ရႊီႏ်န္မွာေတာ့ ရယ္ခ်င္သည္ကို ခက္ခက္ခဲခဲ ထိန္းေနခဲ့ရသည္။ ဤရႉေထာင့္မွဆိုလၽွင္ သူက သူ႔ေဘာ့စ္၏ ထိပ္ဖ်ားအထိပင္ ရဲရဲနီေနေသာ နားရြက္တို႔အား ရွင္းရွင္းလင္းလင္းပင္ ျမင္ေနရသည္ေလ။

"ေကာင္းပါၿပီ၊ ေကာင္းပါၿပီ"

ရႊီႏ်န္က ထိုလူႀကီး၏ ရွက္ေဒါသမ်ား မိုးထိထိုးတက္သြားမည္ကို စိုးရိမ္မိေသာေၾကာင့္ အျမန္ေျပာလိုက္သည္။

"ခင္ဗ်ား မေခၚေစခ်င္ရင္ မေခၚပါဘူးဗ်ာ၊ တကယ္ေတာ့ ကၽြန္ေတာ္က အရမ္းကို နာခံတတ္တဲ့ လူေကာင္းေလးပါ"

"ဟမ့္"
ခ်န္းခ်န္က က်ယ္ေလာင္စြာပင္ ႏွာမႈတ္လိုက္ျပန္၏။

ႏွစ္ေယာက္သားသည္  တစ္ေယာက္ကအေရွ႕မွ က်န္တစ္ေယာက္က ေနာက္မွ ပုံစံျဖင့္ တခဏၾကာအထိ ေလၽွာက္လာခဲ့ၾကသည္။ ရုတ္တရတ္ ဆန္စြာပင္ ခ်န္းခ်န္က ေျခလွမ္းတို႔ကို ရပ္လိုက္ၿပီးေနာက္ စိတ္မရွည္ေသာ အသံျဖင့္ ေျပာလာသည္။

"ျမန္ျမန္ေလးေလၽွာက္စမ္းပါ။ လာၿပီး ငါ့ေဘးကေနေလွ်ာက္"

"?"

ရႊီႏ်န္က ဒီတစ္ခါလည္း ထိုလူႀကီး ဘာထျဖစ္သည္မွန္း မသိသည္ေၾကာင့္ ထိုလူႀကီးထံသို႔ ေပါ့ပါးစြာေျပးသြားလိုက္သည္။

တိုက္ဆိုင္စြာပင္ ၊သခင္ေလးခ်င္သည္ သူ၏ လက္ေမာင္းျဖင့္ အမ်ိဳးသားဆယ္လီေလးအား ေပြ႕ဖက္ထားလ်က္ ထိုလမ္းအတိုင္ပင္ တျဖည္းျဖည္း ေလၽွာက္လာေန၏။ သူက ခ်န္းခ်န္ႏွင့္ ရႊီႏ်န္တို႔ကို ျမင္ေသာအခါ မ်က္ႏွာ တစ္ခုလုံး ေတာက္ပသြားလ်က္ သူတို႔ႏွစ္ေယာက္ထံ လက္ေဝွ႕ယမ္းျပကာ အေဝးမွပင္ ႀကိဳဆို ႏႈတ္ဆက္ေလသည္။

ရႊီႏ်န္က ခ်က္ခ်င္း ႏႈတ္ဆက္စကား ျပန္ေျပာရန္ ျပင္ဆင္ေနစဥ္မွာပဲ သူ၏ခါးက ရုတ္တရတ္ ေပြ႕ဖက္ခံလိုက္ရၿပီးေနာက္ သူ႔ကိုရစ္ပတ္ထားသည့္ ခ်န္းခ်န္၏  လက္ေမာင္းတစ္ဖက္ကို ျမင္လိုက္ရေလသည္။

သူက ထိုလက္ေမာင္းအား ငုံၾကည့္လိုက္ကာ မေနႏိုင္စြာျဖင့္ သြားစြယ္ေလးႏွစ္ေခ်ာင္း ေပၚေအာင္ပင္ ျပဳံးလိုက္မိေတာ့သည္။ သူက တဖက္လူအား အနည္းငယ္ စေနာက္ရန္ ျပင္ဆင္လိုက္ခ်ိန္မွာပင္  ခ်န္းခ်န္က ေအးစက္ကာ အမူအရာမဲ့ေသာမ်က္ႏွာျဖင့္ ေတာင့္ေတာင့္ႀကီး အမိန္႔ေပးလာ၏။

"ျမန္ျမန္ေလး၊ ငါ့ကို ေယာက်ာ္း လို႔ ေခၚလိုက္!"

ရႊီႏ်န္ : "......"



T/N

မိသားစုဝင္ - Etrans ထဲမွာ 'marry in' လို႔ေရးထားပါတယ္။ Etrans ကပဲ ရွင္းျပထားပါေသးတယ္။ တရုတ္လိုမူရင္းစကားလုံး 过门 က တဖက္လူရဲ႕ အိမ္တံခါးကို ျဖတ္ၿပီး ဝင္ေရာက္တယ္လို႔ ဆိုလိုပါတယ္တဲ့။ အဲ့ဒါေၾကာင့္ လက္ထပ္ၿပီး မိသားစုဝင္ ျဖစ္လာတယ္လို ဆိုႏိုင္ပါတယ္။ ဒါေၾကာင့္မို႔ 'မိသားစုဝင္' လို႔ပဲ သုံးထားပါတယ္။
*လြဲေနတယ္ဆိုရင္ေတာ့ ေထာက္ျပေပးပါဦးေနာ္။

"အဲ့ဒီအဝတ္အစားေတြ မင္းကို ဘယ္သူ ဝယ္ေပးတာလဲ?*"
: ဒီေနရာမွာ CC ကၾကည့္မေကာင္းဘူးလို႔ သြယ္ဝိုက္ေျဖလိုက္တာပါရွင္

ကယ္ဒီ- caddy : ေဂါ့ဖ္အိတ္ထမ္းသူ ။ ေဂါ့ဖ္ကြင္း ဝန္ထမ္း။

မင္းရဲ႕ေယာက်ာ္း : ဒီေနရာမွာ တကယ္ႀကီး ေလာင္ကုန္း(Lao gong) လို႔ သုံးထားတာပါတဲ့။

________________

Uni

ကားတစ်စီး ဝယ်ယူခြင်းသည် ရွှီနျန်အတွက် ပျော်ရွှင်ဖွယ်ရာအကြောင်းအရာ ဖြစ်ပေမယ့်လည် ဒီတစ်ကြိမ်မှာတော့ သူ့ အနေဖြင့် ကားတစ်စီး ရလာသည့်အကြောင်းကို လီဖန်အား မည်သို့ မည်ပုံ ရှင်းပြပေးရမည် တကယ်ကို မသိတော့ချေ။

'သုတေသနစင်တာကနေ ပေးတာ လို့တော့ ပြောလို့မရနိုင်ဘူးလေ!' ဘယ်လို သုတေသန စင်တာမျိုးက ကားတွေကို ဒီအတိုင်း ပေးပစ်နေမှာတဲ့လဲ?

ချန်သိက သူဘာကို ပူပန်နေသည်အား နားလည်ပုံရကာ အကြံတစ်ခုပေးလာသည်။

"မင်းရဲ့ကားကို ဘော့စ်ရဲ့အိမ်မှာပဲ ပါကင်ထိုးထားမယ်ဆိုရင်ရော၊ ဘယ်လိုလဲ? သူ့ကားဂိုထောင်က အကျယ်ကြီးရယ်။ဒါဆို မင်း ကားသုံးချင်တဲ့ အချိန်ကျရင် သွားယူမောင်းပြီး မင်းမသုံးချင်တဲ့အချိန်တော့ ဒီအတိုင်း အဲ့ဒီနေရာမှာပဲ သွားရပ်ထားလိုက်လို့ရုံပဲ"

သဘာဝတကျပင် ရွှီနျန်လည်း ထိုသည်က အကောင်းဆုံး အကြံဟု ထင်သည်။ အကယ်၍ ဖြစ်နိုင်မည် ဆိုလျှင်ပေါ့။ ဒါပေမယ့် သူစိတ်ပူနေသည့် တစ်ခြားအရာ ကျန်သေးသည်။

"ဘော့စ်က စိတ်မဆိုးလောက်ပါဘူးနော်။ ဆိုးလောက်လား?"

ချန်သိက သူ့ထံသို့ စိတ်တိုသောအကြည့်တစ်ချက်ပစ်သွင်းလိုက်ပြီး၊

"အခုက ဘယ်လောက်ပဲကြာသေးတာမို့လို့လဲ? ဒါပေမယ့် မင်းက ဘော့စ်ကိုမင်းအတွက် ကားတစ်စီး ပေးချင်လာအောင်တောင် လုပ်နိုင်ပြီးပြီပဲကို။ အခုကစပြီး မင်းကသူ့ရဲ့ မိသားစုဝင်* ဖြစ်လာဖို့တောင် သိပ်မကြာလောက်တော့ဘူး။"

ရွှီနျန်က အေးခဲသွားပြီးသည်။ ထို့နောက် သူက သွားစွယ်လေးနှစ်ခု ပေါ်သည်အထိ ပြုံးလိုက်ကာ  အတော်လေး ပျော်ရွှင်စွာဖြင့်ပင် ပြောလိုက်၏။

"ဒါဆိုရင်တော့၊ အတွင်းရေးမှူးချန် ရဲ့ စကားကိုတွေကိုပဲ ယုံထားလိုက်တော့မယ်"

ချန်သိ : "......"

မင်းတို့နှစ်ယောက်စလုံး ဘယ်လိုလုပ်ပြီးတော့များ ဒီလောက်တောင် အရှက်မဲ့နိုင် ကြရတာလဲကွာ!

ပိတ်ရက်အတွင်းမှာတော့ ချန်းချန်က သခင်လေးချင်နှင့်အတူ ဂေါ့ဖ်(golf) ကစားရန် စီစဉ်ထားတာဖြစ်ပြီး သဘာဝတကျပင် ရွှီနျန်ကိုလည်း အတူခေါ်သွားမှာ ဖြစ်သည်။

၎င်းသည်က ကိုယ်ရေးကိုယ်တာ တွေ့ဆုံမှုတစ်ခုသာ ဖြစ်သည့် အတွက်ကြောင့် ချန်သိသည် ရှားရှားပါးပါး အလုပ်ပိတ်ရက် တစ်ရက် ရလိုက်ပေသည်။ ထို့ကြောင့် ဘော့စ်က ကိုယ်တိုင်ပင် ကားမောင်းလျက် သူ၏  သကြားဘေဘီလေးကို သွားကြိုလေ၏။

ကားထဲဝင်လာသော ရွှီနျန်သည် ခေါင်းစမှခြေဖျားထိ အသစ်ကျပ်ချွတ် အဖြူရောင် အားကစားဝတ်စုံကို ဝတ်ဆင်ထား၏။ သူသည် ရှေ့ရက် အနည်းငယ်အကြာက ဆံပင်ညှပ်ထားသေးပြီး သူ့ဆံပင်စတိုင်အသစ် က သူ၏ ချောမွေ့သည့် နဖူးပြင်ကို လှစ်ဟဖော်ပြထားလျက် ရှိသည်။ ကားမောင်းသင်တန်းကြောင့် သူ့အသားအရောင်မှာ နည်းနည်းလောက် ညိုသွားခဲ့ပေမယ့်လည်း သူ့ထံတွင် တောက်ပသော ငယ်ရွယ်မှုတိုဖြင့် ပြည့်နှက်နေသည့် သန်မာသော အရောင်အဝါတစ်မျိုး ရှိနေသေး၏။

ချန်းချန်က မျက်လုံးတို့ကိုမှေးကျဉ်းလျက် သူ့ကို တခဏကြာအထိ စိုက်ကြည့်နေခဲ့သည်။
ရွှီနျန်က အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြုံးလိုက်ကာ၊

"ကျွန်တော် ကြည့်ကောင်းရဲ့လား?"

ရွှီနျန်က မေးလိုက်သည်။

ချန်းချန်က မနှစ်သက်ပုံဖြင့် ဝေဖန်မှတ်ချက်ပေးလာ၏။

"အဲ့ဒီအဝတ်အစားတွေ မင်းကို ဘယ်သူ ဝယ်ပေးတာလဲ?*"

ရွှီနျန်က မျက်တောင်တစ်ချက်ခတ်လိုက်ကာ ပြောသည်။

"ဘော့စ်လေ"

ချန်းချန်၏နားက တုန်သွားခဲ့သည်။
ထို့နောက် သူက ကျေနပ်သွားသည်လား မကျေနပ်သည်လား ပြောနိုင်ရန် ခက်ခဲ့သည့် အမူအရာဖြင့် နှာမှုတ်လိုက်သည်။
"ဟမ့်"

တကယ်တော့၊ ဤကဲ့သို့ အချိန်တစ်ခုကြာ အတူရှိခဲ့ပြီးနောက် ရွှီနျန်သည် ချန်းချန်၏ စိတ်သဘောထား အခြေအနေများအား ကျွမ်းဝင်နေခဲ့ပြီဖြစ်သည်။

နားရွက်များ လှုပ်သွားခဲ့လျှင် ၎င်းမှာ ထိုလူက ပျော်နေသည်ဟု ဆိုလိုသည်။
ခြေထောက်များ လှုပ်နေပါက ၎င်းသည် ထိုလူကြီး စိတ်ကျေနပ်ပီတီဖြစ်နေခြင်းဖြစ်ပြီး၊
သူ့ကိုယ်သူ ကျေနပ်အားရသည်ဆိုလျင် ထိုနှစ်ခုပေါင်းစပ်သွားမည်ဖြစ်သည်။

သူသည် စိတ်လှုပ်ရှားနေသည့် အချိန်ဆိုလျင် သူ့ခြေထောက်ကို ပို၍ အားပြင်းပြင်းဖြင့် လှုပ်နေလိမ့်မှာ ဖြစ်သည်။

အကယ်၍ သင်သည် တာဝန်ကို ကောင်းမွန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါက ထိုလူကြီးက ပျော်ရွှင်လိမ့်မှာ ဖြစ်ပြီး၊ အကယ်၍ သင်သည် ထိုလူ၏ ဆန္ဒများနှင့် လိုချင်မှုများကို ကောင်းကောင်းကိုယ်တွယ် ဖြည့်ဆည်းပေးနိုင်ပါက ထိုလူကြီးက သဘောကျလိမ့်မည် ဖြစ်သည်။

အကယ်၍ သင်သည် ထိုလူအား စကားကောင်းလေး အနည်းငယ် ပြောပေးခဲ့ပါက ၎င်းသည်ပင် ထိုလူကြီးအား အလွန်ပင် ကျေနပ်ရောင့်ရဲစေလိမ့်မှာ ဖြစ်သည်။

သို့ပေမယ့်လည်း ထိုလူကြီးသည် ထိုအရာများကို သိရှိစေလိုခဲ့ပါက သူသည် မနေနိုင်စွာဖြင့် အနည်းငယ် စိတ်လှုပ်ရှား နေလိမ့်မည် ဖြစ်သည်။

ရွှီနျန်က တခါတလေ တွေးမိသည်၊
'အလွယ်ကလေး စိတ်ကျေနပ်ပျော်ရွှင်နိုင်သော တစ်စုံတစ်ယောက်တွင် ဘာ့ကြောင့်များ သူ့အား ဂရုစိုက်ပေးရန် နားလည်သဘောပေါက်သူ တစ်ယောက်မျှ ဘယ်တုန်းကမှ မရှိခဲ့တာပါလိမ့်?'
ဟူ၍။

သခင်လေးချင်သည် ဂေါ့ဖ် ကစားခြင်းကို အလွန်နှစ်သက်သူ ဖြစ်ပြီး ဟွားချင်ခြံဝန်းတွင်း ရှိ ဂေါ့ဖ်ကွင်းပြင်အား အလွန်အမင်း သဘောကျသူလည်းဖြစ်သည်။
ထိုနေရာက သွားရတာ အနည်းငယ်ဝေးပေမယ့်လည်း ဂေါ့ဖ်ကွင်းအနေအထားမှာ ကောင်းမွန်သည်။ မြက်ခင်းပြင်များသည်လည်း မဆိုးသလို ဂေါ့ဖ် ကယ်ဒီ*များသည်လည်း ကျွမ်းကျင်ဝန်ထမ်း များဖြစ်ကြသည်။

ချန်းချန်က ကားကို ပါကင်ထိုးလိုက်ပြီးနောက် ကားပေါ်မှဆင်းကာ နောက်ဖုံးတွင်ထည့်ထားသော ဂေါ့ဖ်အိတ်ကို ယူထုတ်လိုက်သည်။ ရွှီနျန်က အလိုအလျှောက်ပင် ထိုလူ့ အနီးသို့သွားက အိတ်ကူထုတ်ပေးရန် ပြင်လိုက်ပေမယ့် ချန်းချန်က အဝေးသို့ ရှောင်လိုက်သည်။

ဂေါ့ဖ် ကယ်ဒီ ရောက်လာသည့်အခါ ချန်းချန်က ဂေါ့ဖ်အိတ်ကို ထိုသူ့အားလွှဲပေးလိုက်ပြီး ဘောက်ဆူးပါ တခါတည်း ပေးလိုက်သည်။

"မင်းကဘာအတွက် တအားကို စိတ်ထက်သန်နေရတာလဲ?"

ချန်းချန်က ရွှီနျန်ကို ကြည့်လိုက်ပြီး

"အဲ့ဒါက ရှက်စရာမကောင်းဘူးလား?"

ရွှီနျန်၏မျက်နှာက အနည်းငယ် အနီရောင်သန်းသွားသည်။

ချန်းချန်က ဟမ့်ခနဲ လုပ်လိုက်ကာ

"မင်းက အရမ်းပဲတွယ်ကပ်လွန်းတယ်။ တကယ်ပဲ မင်း ငါ့ကို မင်းရဲ့ ယောကျာ်း*အဖြစ် သတ်မှတ်ထားတာများလား?"

ရွှီနျန်မှာ နှုတ်ခမ်းကို ခပ်တင်းတင်း ဖိပိတ်မိသွားသည်။ထို့နောက် သူက နှုတ်ခမ်းတို့ကို တွန့်ကွေးလိုက်ကာ၊

"သခင်လေးချင်ရဲ့ အရှေ့မှာဆိုရင် ကျွန်တော်တို့က အဲ့လိုပုံ နည်းနည်းလောက်ပေါက်အောင် နေပြရမှာ မဟုတ်ဘူးလား?"

ချန်းချန်က ထပ်ပြီး မပျော်မရွှင်ဖြစ်သွားပြန်သည်။

"ဘယ်လို သရုပ်ဆောင်ရမလဲဆိုတာ မင်းသိပြီသားမဟုတ်ဘူးလား?"

ရွှီနျန်က အတန်ကြာ တိတ်ဆိတ်သွားခဲ့ပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ဒါပေမယ့် ပုံမှန်ဆိုရင် ခင်ဗျားကကျွန်တော်ကို ယောကျာ်းလို့ ခေါ်ခွင့်မပေးထားဘူးလေ......"

ချန်းချန်တစ်ယောက် အေးခဲသွားသည်။ သူ့နားရွက်တွေက လျင်မြန်စွာ တုန်ခါသွားပြီးနောက် သူက တစ်ဖက်သို့ ရုတ်ခြည်း လှည့်သွားသည်။ နောက်ကျောဘက်ရှိ ကြွက်သားတို့က တောင့်တင်းလာပြီးနောက် သူက ကြမ်းကြမ်တမ်းတမ်းပင် ဟိန်းဟောက်လေတော့သည်။

"အိမ်မက် မက်နေလိုက်!"

သူ၏ နောက်ကျောဘက်တွင် ရှိနေသော ရွှီနျန်မှာတော့ ရယ်ချင်သည်ကို ခက်ခက်ခဲခဲ ထိန်းနေခဲ့ရသည်။ ဤရှူထောင့်မှဆိုလျှင် သူက သူ့ဘော့စ်၏ ထိပ်ဖျားအထိပင် ရဲရဲနီနေသော နားရွက်တို့အား ရှင်းရှင်းလင်းလင်းပင် မြင်နေရသည်လေ။

"ကောင်းပါပြီ၊ ကောင်းပါပြီ"

ရွှီနျန်က ထိုလူကြီး၏ ရှက်ဒေါသများ မိုးထိထိုးတက်သွားမည်ကို စိုးရိမ်မိသောကြောင့် အမြန်ပြောလိုက်သည်။

"ခင်ဗျား မခေါ်စေချင်ရင် မခေါ်ပါဘူးဗျာ၊ တကယ်တော့ ကျွန်တော်က အရမ်းကို နာခံတတ်တဲ့ လူကောင်းလေးပါ"

"ဟမ့်"
ချန်းချန်က ကျယ်လောင်စွာပင် နှာမှုတ်လိုက်ပြန်၏။

နှစ်ယောက်သားသည်  တစ်ယောက်ကအရှေ့မှ ကျန်တစ်ယောက်က နောက်မှ ပုံစံဖြင့် တခဏကြာအထိ လျှောက်လာခဲ့ကြသည်။ ရုတ်တရတ် ဆန်စွာပင် ချန်းချန်က ခြေလှမ်းတို့ကို ရပ်လိုက်ပြီးနောက် စိတ်မရှည်သော အသံဖြင့် ပြောလာသည်။

"မြန်မြန်လေးလျှောက်စမ်းပါ။ လာပြီး ငါ့ဘေးကနေလျှောက်"

"?"

ရွှီနျန်က ဒီတစ်ခါလည်း ထိုလူကြီး ဘာထဖြစ်သည်မှန်း မသိသည်ကြောင့် ထိုလူကြီးထံသို့ ပေါ့ပါးစွာပြေးသွားလိုက်သည်။

တိုက်ဆိုင်စွာပင် ၊သခင်လေးချင်သည် သူ၏ လက်မောင်းဖြင့် အမျိုးသားဆယ်လီလေးအား ပွေ့ဖက်ထားလျက် ထိုလမ်းအတိုင်ပင် တဖြည်းဖြည်း လျှောက်လာနေ၏။ သူက ချန်းချန်နှင့် ရွှီနျန်တို့ကို မြင်သောအခါ မျက်နှာ တစ်ခုလုံး တောက်ပသွားလျက် သူတို့နှစ်ယောက်ထံ လက်ဝှေ့ယမ်းပြကာ အဝေးမှပင် ကြိုဆို နှုတ်ဆက်လေသည်။

ရွှီနျန်က ချက်ချင်း နှုတ်ဆက်စကား ပြန်ပြောရန် ပြင်ဆင်နေစဉ်မှာပဲ သူ၏ခါးက ရုတ်တရတ် ပွေ့ဖက်ခံလိုက်ရပြီးနောက် သူ့ကိုရစ်ပတ်ထားသည့် ချန်းချန်၏  လက်မောင်းတစ်ဖက်ကို မြင်လိုက်ရလေသည်။

သူက ထိုလက်မောင်းအား ငုံကြည့်လိုက်ကာ မနေနိုင်စွာဖြင့် သွားစွယ်လေးနှစ်ချောင်း ပေါ်အောင်ပင် ပြုံးလိုက်မိတော့သည်။ သူက တဖက်လူအား အနည်းငယ် စနောက်ရန် ပြင်ဆင်လိုက်ချိန်မှာပင်  ချန်းချန်က အေးစက်ကာ အမူအရာမဲ့သောမျက်နှာဖြင့် တောင့်တောင့်ကြီး အမိန့်ပေးလာ၏။

"မြန်မြန်လေး၊ ငါ့ကို ယောကျာ်း လို့ ခေါ်လိုက်!"

ရွှီနျန် : "......"



T/N

မိသားစုဝင် - Etrans ထဲမှာ 'marry in' လို့ရေးထားပါတယ်။ Etrans ကပဲ ရှင်းပြထားပါသေးတယ်။ တရုတ်လိုမူရင်းစကားလုံး 过门 က တဖက်လူရဲ့ အိမ်တံခါးကို ဖြတ်ပြီး ဝင်ရောက်တယ်လို့ ဆိုလိုပါတယ်တဲ့။ အဲ့ဒါကြောင့် လက်ထပ်ပြီး မိသားစုဝင် ဖြစ်လာတယ်လို ဆိုနိုင်ပါတယ်။ ဒါကြောင့်မို့ 'မိသားစုဝင်' လို့ပဲ သုံးထားပါတယ်။
*လွဲနေတယ်ဆိုရင်တော့ ထောက်ပြပေးပါဦးနော်။

"အဲ့ဒီအဝတ်အစားတွေ မင်းကို ဘယ်သူ ဝယ်ပေးတာလဲ?*"
: ဒီနေရာမှာ CC ကကြည့်မကောင်းဘူးလို့ သွယ်ဝိုက်ဖြေလိုက်တာပါရှင်

ကယ်ဒီ- caddy : ဂေါ့ဖ်အိတ်ထမ်းသူ ။ ဂေါ့ဖ်ကွင်း ဝန်ထမ်း။

မင်းရဲ့ယောက်ကျာင်္း : ဒီနေရာမှာ တကယ်ကြီး လောင်ကုန်း(Lao gong) လို့ သုံးထားတာပါတဲ့။

Continue Reading

You'll Also Like

103K 6.2K 34
ဘာသာပြန်လေးပါ..Cover photo..Credit.Pinterest
3.1K 134 23
Every child going to school has to deal with something: whether that be abusive parents or a new kitten or a struggling income. You don't pay that mu...
1.4K 93 30
Tom and Amelia Bennet had a set of twins, a girl and a boy, before they divorced. The boy was the golden boy and has been all his life, perfect every...
251K 5K 26
It basically all the mha pictures I have on my phone. NOT MY ARTWORK. Enjoy!