Zawgyi Version
အခု နန္းေတာ္ထဲတြင္ မ်က္နွာသာေပးခံရေသာ လူမွာ ယြဲ႕လန္က်စ္ ျဖစ္သည္။ သူမအတြက္ဆိုရင္ မင္းႀကီးသည္ ေကာင္းကင္ေပၚမွ ၾကယ္ကိုပင္ ရယူေပးဖို႔ ဆႏၵရွိသည္။
သို႔ေသာ္လည္း ဝမ္ရမ္လဲ့တြင္ ရွိေသာ လိင္ပိုင္းဆိုင္ရာ ထက္သန္မႈမွာ အလြန္ပင္ ျပင္းထန္ေပသည္။ ယြဲ႕လန္က်စ္ ကိုယ္ဝန္ပ်က္က်မႈ အၿပီး ဟြမ္ေကြ႕ေဖးအသက္အား ကယ္တင္ရန္ သူ႔ကို ႏႈိးၿပီး ေဆာင္းဦးရွည္ၾကာနန္းေဆာင္သို႔ ဆြဲေခၚျခင္း ခံရစည္မွာ ဘယ္နွႀကိမ္ရွိၿပီလဲဆိုတာ ေတာ္ဝင္သမားေတာ္ပင္ မသိေတာ့ေပ။ ေတာ္ဝင္သမားအိုႀကီးသည္ ဒီေန႔ အျဖစ္အပ်က္ကို ရွင္းရွင္းလင္းလင္း ျမင္ခဲ့သည္။ အိပ္ရာနွင့္ အျဖဴေရာင္အဝတ္အစားေပၚတြင္ စြန္းေပေနေသာ ေသြးမ်ားက သူအား အလြန္ ထိတ္လန္႔တုန္လႈပ္မိေပသည္။
အကယ္၍ ဝမ္ရမ္လဲ့သာ ဒီပံုစံတိုင္း ဆက္လက္ျပဳမူေနပါက ဒီမယ္မယ္လည္း ဒီေဆာင္းဦးရွည္ၾကာနန္းေဆာင္မွာ ေနထိုင္ခဲ့တဲ့ အရင္မယ္မယ္ေတြလို ၾကာၾကာမေနနိုင္ေတာ့မွာ သူ စိုးရိမ္မိသည္။
ေတာ္ဝင္သမားေတာ္အိုႀကီးသည္ ယြဲ႕လန္က်စ္အား ကိုယ္ခ်င္းစာမိသည္။ မည္သူမွ မင္းႀကီးအခ်စ္ကို မခံနိုင္ေပ။ သူက ငယ္သားတေယာက္သာ ျဖစ္သည္။ ထို႔အျပင္ သူ႔အသက္ကလည္း အိုမင္းေနၿပီ။ သူ၏ လူအိုဘဝကို ေမြ႕ေလ်ာ္ေနသင့္သည္။ သူသာ သတိလက္လြတ္နွင့္ အမွားတခုခုေျပာမိပါၿပီး ဝမ္ရမ္လဲ့ကို ေဒါသျဖစ္မိပါေစက သူ႔ေခါင္းနွင့္ ကိုယ္ အိုးစားကြဲသြားလွ်င္ ဒါက မထိုက္တန္ေပ။
ဝမ္ရမ္လဲ့က သူ႔မ်က္လံုးေတြကို ေမွးက်ဥ္းလိုက္သည္။ သူသည္ ေတာ္ဝင္သမားေတာ္အိုႀကီး၏ မ်က္နွာေပၚက အေရးအေၾကာင္းမ်ားကုိ ၾကည့္လိုက္သည္။ ထို႔ေနာက္ သူ၏ ေမးေစ့မွ ရင္ဘတ္သို႔တိုင္ က်ဆင္းေနေသာ ေခြၽးစက္မ်ားကို ၾကည့္လိုက္၏ ေနာက္ဆံုးတြင္ ရယ္ေမာလိုက္သည္။
"က်န္း နားလည္ၿပီ! မင္း သူမကို ေကာင္းေကာင္းကုသေပးသင့္တယ္! က်န္း သူမကို မထိပါဘူးလို႔ မင္းကို ကတိေပးပါတယ္! သူမခႏၶာကိုယ္အတြက္ ေကာင္းၿပီး ဒီနန္းေတာ္ထဲမွာ ရွိတဲ့အရာဆိုရင္ မင္း သြားၿပီး ယူေဆာင္လို႔ ရတယ္။ မင္းသာ ဟြမ္ေကြ႕ေဖးကို ေကာင္းေကာင္းကုသနိုင္ရင္ က်န္း မင္းကို ဆုေတာ္ ႀကီးႀကီးမားမား ခ်ီးျမႇင့္မယ္"
"ဟုတ္ကဲ့! ကြၽန္ေတာ္မ်ိဳး အမိန္႔ကို နာခံပါ့မယ္"
ေတာ္ဝင္သမားအိုႀကီးသည္ စိတ္သက္သာရာရမႈနွင့္အတူ သက္ျပင္းခ်လိုက္သည္။ ဒီကပ္ေဘးကို သူျဖတ္ေက်ာ္နိုင္ၿပီဟု သူ ယူဆလိုက္သည္။ ယြဲ႕လန္က်စ္လည္း သူ႔ေဆးေသာက္ၿပီး ျမန္ျမန္ေနေကာင္းပါေစဟု သူေမွ်ာ္လင့္မိသည္။ သူလည္း အသက္ႀကီးေနပါၿပီ။ ဒီလို တုန္လႈပ္စရာေတြကို ခံနိုင္ရည္မရွိေတာ့ပါဘူး။
ေတာ္ဝင္သမားေတာ္အိုႀကီး ထြက္ခြာသြားၿပီးေနာက္ ဝမ္ရမ္လဲ့က ယြဲ႕လန္က်စ္ကို ၾကည့္ရန္ အထဲသို႔ ဝင္လာသည္။ လက္သီးဆုပ္ေလာက္သာ ရွိေသာ သူမမ်က္နွာတြင္ ေသြးေရာင္တစိုးတစိမွ ရွိမေနေပ။ ခါတိုင္း ပန္းပြင့္လႊာေတြလို နီရဲေသာ ႏႈတ္ခမ္းမ်ားပင္ ယခု ျဖဴေလ်ာ္ေနသည္။
တိတ္ဆိတ္မႈက ယြဲ႕လန္က်စ္အား ေၾကာက္လန္႔ေစသည္။ သူမက သူမမ်က္လံုးမ်ားကို ဖြင့္လိုက္သည္။ ဝမ္ရမ္လဲ့ သူမကို စိုက္ၾကည့္ေနတာ ျမင္ေသာအခါ သူမက ထရန္ အားယူလိုက္သည္။
"မင္း... မင္းႀကီး!"
"ခ်စ္လွစြာေသာ ၾကင္ယာေတာ္... လွဲေနပါ.."
ဝမ္ရမ္လဲ့က ေရွ႕တိုးၿပီး သူမကို ျငင္သာစြာ ျပန္လွဲခ်ေပးလိုက္သည္။ သူကိုယ္တိုင္ သူမအား ေစာင္ျဖင့္ ဖံုးေပးလိုက္၏။
"ခ်စ္လွစြာေသာ ၾကင္ယာေတာ္... မင္းရဲ႕ ကိုယ္က အရမ္းအားနည္းေနေသးတယ္လို႔ ေတာ္ဝင္သမားေတာ္က ေျပာသြားတယ္။ မင္း ေကာင္းေကာင္းအနားယူၿပီး ကိုယ့္ကိုယ္ကိုယ္ က်န္းမာေရးျပန္ေကာင္းလာေအာင္ ဂရုစိုက္သင့္တယ္။ မင္းအနားယူနိုင္တယ္။ မင္း ဘာလိုခ်င္တယ္၊ ဘာလိုအပ္တယ္ မင္း ေျပာလိုက္ရံုပဲ။ က်န္း မင္းအတြက္ ယူေပးမယ္။ မင္း ေနေကာင္းလာမယ္ဆို က်န္း ဘာမဆို လုပ္ဖို႔ ဆႏၵရွိတယ္"
"မင္းႀကီး..."
"ေတာင္းပန္ပါတယ္။ ေစာေစာက ငါမွားခဲ့တာပါ။ က်န္း မင္းကို ခ်စ္တယ္။ အခ်ိန္တိုင္း က်န္း ကိုယ့္ကိုယ္ကိုယ္ မထိန္းခ်ဳပ္နိုင္ဘူး"
ဝမ္ရမ္လဲ့က ယြဲ႕လန္က်စ္၏ ေသးသြယ္ၿပီး ေအးစက္ေနသည့္ လက္ေလးကို ဆုပ္ကိုင္လိုက္ၿပီး သူ႔မ်က္နွာနား ကပ္ထားလိုက္သည္။
"က်န္း မင္းကို အရမ္းခ်စ္တာေၾကာင့္ မင္းကို က်န္းေဘးနားမွာ အၿမဲတမ္း ထားခ်င္တယ္။ ေတာင္းပန္ပါတယ္ ယြဲ႕အာ... က်န္း တကယ္မွားတာပါ က်န္းမွားတာကိုလည္း က်န္းသိပါၿပီ"
သူ တခါၿပီး တခါ လုပ္ျပန္ၿပီ။ သူမလက္တြင္ မ်က္ရည္မ်ား စိုစြတ္လာသည္ကို ခံစားမိၿပီး ယြဲ႕လန္က်စ္က ေၾကာက္လန္႔လာသည္။
အခ်ိန္တိုင္း သူမကို လူမဆန္စြာ ျပဳမူၿပီးလွ်င္ သူက ဒီလိုပဲ! သူက တျခားသူတေယာက္ကို ေျပာင္းသြားသလိုပဲ! သူက အရမ္းႏူးညံလာသည္။ ေနာက္ဆံုး တကယ့္သူအစစ္က ဘယ္သူလဲ? ေနာက္ဆံုး သူ တကယ္ပဲဘာေတြ ေတြးေနတာလဲ? ဝမ္ရမ္လဲ့ေဘးမွာ သူမေနတာ အခ်ိန္မနည္းေတာ့ၿပီဆိုေသာ္လည္း သူ႔ကို ထိုးထြင္း မျမင္နိုင္ေပ။
"ခ်စ္လွစြာေသာ ၾကင္ယာေတာ္... ထိၾကည့္လိုက္!"
ဝမ္ရမ္လဲ့က ယြဲ႕လန္က်စ္လက္အား သူ႔ရင္ဘတ္ေပၚ တင္၍ သူ႔ရင္ခုန္သံအား ခံစားေစသည္။
"မင္း ဘယ္လိုခံစားရလဲ? နွလံုးသားတခုလံုးက မင္းအတြက္ ခုန္ေပးေနတာ။ ဘာလို႔လည္း ဆိုေတာ့ က်န္းကို အသက္ဆက္ရွင္သန္ေစတဲ့ မင္းက က်န္းမွာ ရွိေနေသးလို႔ေပါ့! ယြဲ႕အာ မင္း ေနေကာင္းေအာင္ ေနရမယ္ေနာ္! မင္း ေသရင္ က်န္း ဘာလုပ္သင့္လဲ? မင္း မရွိတဲ့ ေန႔ရက္ေတြကို က်န္း ဘယ္လိုသည္းခံေနရမလဲ? က်န္း မင္းေနာက္ကို လိုက္ခဲ့ရမလား? တေန႔တည္း အတူမေမြးခဲ့ေပမယ့္ တေန႔တည္း တူတူေသလိုက္ရမလား?"
"အရွင္မင္းႀကီး..."
ယြဲ႕လန္က်စ္လက္က ဝမ္ရမ္လဲ့၏ပါးစပ္ကို ပိတ္လိုက္သည္။
"မင္ႀကီး ... ဘာေၾကာင့္ ဒီလိုစကားေတြ ေနာက္တႀကိမ္ ေျပာနိုင္ေနရတာလဲ? အရွင္က နွစ္ေထာင္ေပါင္း ေထာင္ေပါင္းမ်ားစြာ အသက္ရွည္ရွည္ေနရမယ့္သူပါ။ ခ်န္ခ်ဲ့က အရွင့္ရဲ႕ ကြၽန္တေယာက္ပါ။ အရွင္ ဒီလိုေျပာတာကို ခ်န္ခ်ဲ့ မခံစားနိုင္ဘူး"
"ယြဲ႕အာ... မင္း က်န္းကို ခြင့္လႊတ္ၿပီ ဟုတ္တယ္မလား?"
ယြဲ႕လန္က်စ္ စကားေျပာလာေသာအခါ ဝမ္ရမ္လဲ့က ခြၽင္းခ်က္မရွိ စိတ္လႈပ္ရွားလာသည္။ သူမကို ၾကည့္ေနသည့္ မ်က္လံုးမ်ားမွာလည္း ခရစ္စတယ္ေရစက္မ်ားအလား ေတာက္ပလာသည္။
"ယြဲ႕အာ... မင္း က်န္းကို ခ်စ္ေသးတယ္ေပါ့? က်န္း မင္းကို ခ်စ္သလိုမ်ိဳလား?"
ဝမ္ရမ္လဲ့ ေျပာတာ ၾကားေသာအခါ ယြဲ႕လန္က်စ္က ခါးသီးသလို ခံစားရသည္။ ဘာေၾကာင့္ အေခါက္တိုင္း ဒီလိုျဖစ္ေနရတာလဲ? သူ ဒီလိုသရုပ္ေဆာင္တာက လူေတြကို စိတ္ထိခိုက္ေစတယ္ဆိုတာ တကယ္ပဲ သူ မသိဘူးလား? သိကၡာေစာင့္စည္းမႈ နည္းနည္းေလးမွ မရွိပဲ သူမကို နင္းေခ်ၿပီးမွ သူက ဒီလို ငိုေနတယ္... သူသာ အမွန္တကယ္ ရိုးရိုးသားသား ေနာင္တရခဲ့တယ္ဆိုရင္ ဘာလို႔ သူမကို ထပ္ကာထပ္ကာ နာက်င္ေစရတာလဲ? ဘာေၾကာင့္လဲ?
ယြဲ႕လန္က်စ္က အၾကာႀကီးစကားမေျပာနိုင္ေပ။ ဝမ္ရမ္လဲ့မ်က္ရည္မ်ာသည္ ယြဲ႕လန္က်စ္လက္ေပၚသို႔ က်ဆင္းလာသည္။
"က်န္း သိပါတယ္ ဘာပဲျဖစ္ျဖစ္ ယြဲ႕အာ က်န္းကို ခြင့္မလႊတ္နိုင္ဘူးဆိုတာ! က်န္းတို႔ကေလးကို ေသေစတာက က်န္းပါ။ အရာအားလံုးက က်န္းအမွားေတြပါ"
ဝမ္ရမ္လဲ့လက္သီးက သူ႔မ်က္နွာကို ရိုက္လိုက္ေတာ့ ယြဲ႕လန္က်စ္အား စိတ္ရႈပ္ေထြးသြားေစသည္။ သူမက ဝမ္ရမ္လဲ့လက္ကို ျမန္ျမန္ဆုပ္ကိုင္လိုက္သည္။
"မင္းႀကီး... မင္းႀကီးကို ခ်န္ခ်ဲ့ အျပစ္မတင္ပါဘူး! အရွင့္ရဲ႕ အခ်စ္က ခ်န္ခ်ဲ့အတြက္ ေကာင္းခ်ီးမဂၤလာပါ။ ခ်န္ခ်ဲ့ ဆႏၵရွိပါတယ္"
ထိုစကားကို ၾကားၿပီးေနာက္ ဝမ္ရမ္လဲ့လက္မ်ားက ရပ္တန္႔သြားသည္။ ေမာ့လာေသာ မ်က္နွာတြင္ ငိုထားသည့္ အရိပ္အေယာင္မ်ား ရွိေနေသးေသာ္လည္း မ်က္ရည္ေတာ့ မက်ေတာ့ေပ။
"ယြဲ႕အာ မင္း ဘာေျပာလိုက္တယ္? မင္း က်န္းကို တကယ္ခ်စ္တာလား? က်န္းကို မထားခဲ့ဘူးမလား?"
"မင္းႀကီး... ခ်န္ခ်ဲ့ မင္းႀကီးအနား အၿမဲေနသြားမွာပါ။ မင္းႀကီး ခ်န္ခ်ဲ့ကို မရိုးသြားသည္ထိေပါ့"
"ဟီ ဟီ"
ဒီစကားကို ၾကားၿပီးေနာက္ သူ ဒီအခန္းထဲကို ဝင္ကတည္းက ပထမဆံုးအၿပံဳးကို ေနာက္ဆံုးတြင္ ထုတ္ေဖာ္လာသည္။ ထိုႏူးညံ့သည့္ ရယ္သံမွာ ယြဲ႕လန္က်စ္အား ခိုက္ခိုက္တုန္သြားေစသည္။
သူမပဲ စိတ္ကူးယဥ္ဆန္ေနတာလား? ဘာေၾကာင့္ ဝမ္ရမ္လဲ့ရဲ႕ ရယ္သံက ခါတိုင္းနဲ႔ တူမေနရတာလဲ? ရယ္သံအတြင္းမွာ တစံုတခု ရွိေနသလိုပဲ! ဘာလဲဆိုတာေတာ့ သူမ မဖမ္းဆုပ္နိုင္ဘူး။
"ဘယ္လိုလုပ္ က်န္းက မင္းကို ရိုးသြားရမွာလဲ?"
ဝမ္ရမ္လဲ့၏ လက္ႀကီးသည္ ယြဲ႕လန္က်စ္၏ အျဖဴေရာင္ေအာက္ခံအက်ႌပံုစံေနာက္ကို လိုက္ကာ စစ္ေဆးသလို လုပ္ေနသည္။ သူသည္ ထိုတိမ္စိုင္ကို အားျဖင့္ ရုတ္တရက္ ဖမ္းဆုပ္လိုက္ၿပီး ယြဲ႕လန္က်စ္၏ ေအးစက္စက္ခႏၶာကိုယ္ကိုေတာ့ ထည့္မတြက္ေပ။ သူ႔လက္ႀကီးျဖင့္ ဆုပ္ကိုင္ထားသည္။ သူ႔လက္ဖဝါးမွ အသားမာမ်ားျဖင့္ ယြဲ႕လန္က်စ္မ်က္နွာ ပန္းေရာင္သန္းလာသည္အထိ ထိုအရာကို ပြတ္သပ္ေနသည္။
"အရွင္... ခ်န္ခ်ဲ့ တကယ္မရေတာ့ပါဘူး... တကယ္.. "
ယြဲ႕လန္က်စ္က ေခါင္းကို ခါရင္းက သူမႏႈတ္ခမ္းကို ကိုက္လိုက္သည္။ သူက မေကာင္းဆိုးဝါးဆိုတာ သူမ တကယ္ပဲ ေမ့သြားတယ္။ အခုေလးတင္ သူမ ဒီမေကာင္းဆိုးဝါး၏ ဖ်ားေယာင္းမႈထဲ ပါသြားမတတ္ပင္။
"စိတ္မပူပါနဲ႔! က်န္းက မင္းကို အၿမဲတမ္းခ်စ္ေနမယ္လို႔ ေျပာရံုပါ"
ယြဲ႕လန္က်စ္ မ်က္လံုးထဲမွ ေၾကာက္႐ြံ႕မႈေတြကို ျမင္ေသာအခါ ဝမ္ရမ္လဲ့က လက္ကို ျပန္ထုတ္လိုက္ရင္း ၿပံဳးလိုက္သည္။ သူသည္ ယြဲ႕လန္က်စ္အား ေနာက္တခါ ျပန္ဖက္လိုက္သည္။
"ေကာင္းေကာင္း အနားယူ! ျမန္ျမန္ေနေကာင္းေအာင္ လုပ္! ၾကင္ယာေတာ္နဲ႔ အံၾသစရာအခ်ိန္ေတြကို က်န္း တကယ္ခ်စ္တယ္! က်န္းကို အၾကာႀကီး ေစာင့္ေနရေအာင္ မလုပ္နဲ႔!"
သူက ခါးကို ကိုင္းလိုက္သည္။ သူ၏ ပူေႏြးေသာ ႏႈတ္ခမ္းမွာ ယြဲ႕လန္က်စ္ မ်က္လံုးေထာင့္ကို က်ေရာက္လာၿပီး သူမ၏ မ်က္ရည္မ်ားကို စုပ္ယူလိုက္သည္။
"ယြဲ႕အာ... ငါ မင္းကို ခ်စ္တယ္! အၿမဲတမ္းပဲ"
ထိုစကားကို ၾကားေသာအခါ ယြဲ႕လန္က်စ္က မွိတ္လံုးမွိတ္လိုက္သည္။ သူမမ်က္ရည္မ်ားသည္ ေနာက္တႀကိမ္ လိမ့္ဆင္းက်လာသည္။ ထိုစကားမ်ားသည္ သူမကို ေျပာတာ မဟုတ္မွန္း သူမသိသည္။ အရင္က ဝမ္ရမ္လဲ့ေျပာခဲ့သလိုပင္။ သူမ မည္မွ်ပင္ အတုယူပါေစ၊ ေျမေအာက္ထပ္က မိန္းမကိုေတာ့ သူမ မယွဥ္နိုင္ပါ။ သူ အၿမဲေခၚေနသည့္ 'ယြဲ႕အာ' ဆိုသည္မွာလည္း သူမကို ေခၚျခင္းမဟုတ္ပဲ ထိုမိန္းမကိုသာ ဆိုလိုသည္။
"မငိုပါနဲ႔! မင္းမ်က္ရည္ေတြက က်န္းနွလံုးသားထဲထိ က်လာတယ္! က်န္း နာက်င္ရတယ္!"
ဝမ္ရမ္လဲ့၏ နက္ရိႈင္းၿပီး သံလိုက္ဓာတ္ပါေသာ အသံသည္ သူ႔ခႏၶာကိုယ္မွ ေမႊးရနံ႔နွင့္ ေပါင္းစပ္လိုက္ေသာအခါ သူ႔၏ လိုက္ေလ်ာမႈနွင့္ ႏူးညံ့သိမ္ေမြ႕မႈမွာ လူတိုင္း ဆြဲေဆာင္ခံရလုနီးပါးပင္။ ထိုအရာတြင္ သူမ က်ဆံုးသည္မွာ ဒါ ပထမအႀကိမ္ မဟုတ္ေတာ့ေပ။ ဒီတႀကိမ္ေတာ့ သူမ လံုးလံုး ေပ်ာ္ဝင္သြားသည္ေတာ့ မဟုတ္ေပ။
ယြဲ႕လန္က်စ္ မ်က္ရည္မ်ားမွာ တစက္ၿပီး တစက္က်လာသည္။ အားလံုးသည္ ဝမ္ရမ္လဲ့ ပါးစပ္ထဲသို႔ ဝင္ေရာက္သြားၿပီး ခါးသီးေသာ မ်က္ရည္မ်ားကို သူမပါးစပ္ထဲ ျပန္ခြံေကြၽးေလသည္။ ေစာေစာက ရိုင္းစိုင္းၿပီး ေမာက္မာသည့္ ပံုနွင့္ မတူစြာ ဝမ္ရမ္လဲ့အနမ္းသည္ ႏူးညံ့သိမ္ေမြ႕ေနသည္။ ႏူးညံ့ၿပီး ေမွာ္အျပည့္ပါသလို ဒီအနမ္းတြင္ ဖ်ားေယာင္းျခင္း ခံရသည္။ သူမခႏၶာကိုယ္မွ နာက်င္မႈမ်ားက သတိေပးမေနလွ်င္ သူ၏ ဖ်ားေယာင္းျခင္းကို ေနာက္တႀကိမ္ သူမ ခံမိေလလိမ့္မည္။
ေနာက္ဆံုး ယြဲ႕လန္က်စ္မ်က္ရည္ရပ္သြားတာ ျမင္ေသာအခါ ဝမ္ရမ္လဲ့က ေက်နပ္စြာ ထရပ္လိုက္သည္။ သူသည္ က်င္းတဲ့ကို ေခၚလိုက္ၿပီး
" ေဆာင္းဦးရွည္ၾကာ နန္းေဆာင္မွ ဟြမ္ေကြ႕ေဖး ယြဲ႕လန္က်စ္သည္ က်န္း နွစ္သက္ေသာ သူ ျဖစ္သည္။ အထူးသျဖင့္ သူမအား ေ႐ႊနွင့္ ေက်ာက္စိမ္းလက္ဝတ္ရတနာ တစံု၊ ေဒါင္းသားေမႊးတထည္ကို ဆုလာဒ္ ခ်ီးျမႇင့္ေစ!"
ဝမ္ရမ္လဲ့ေျပာေသာ ထိုဆုလာဒ္မ်ားကို ေဆာင္းဦးရွည္ၾကာနန္းေဆာင္သို႔ ယူလာေသာအခါ ယြဲ႕လန္က်စ္သည္ အခ်ိန္အၾကာႀကီး မလႈပ္မရွားနိုင္ ျဖစ္ေနသည္။ အစက ဒီဆုလာဒ္မ်ားအတြက္ သူမသည္ ဝမ္ရမ္လဲ့အား ေက်းဇူးတင္ခဲ့သည္။ အခု ဒီပစၥည္းမ်ားအတြက္ ဝမ္ရမ္လဲ့အား ေက်းဇူးပင္မတင္ေလာက္ေအာင္ သူမ ထံုက်င္ေနၿပီ။
ဝမ္ရမ္လဲ့ ဒီနည္းဗ်ဴဟာကို ဘယ္နွႀကိမ္ေလာက္ သံုးေနမည္ဆိုတာကို သူမ မသိေတာ့ေပ။ သူေပးေသာအရာမ်ားသည္ အၿမဲတမ္း အရင္ဟာေတြ ပိုသာၿပီး ပိုခမ္းနားသလို အခ်ိန္တိုင္း သူမရလာေသာ ဒဏ္ရာမ်ားသည္ အရင္ေခါက္ထက္ ပိုသည္။ ဒီလိုဘဝမ်ိဳး ဘယ္ခါတြင္ အဆံုးသတ္မည္ဆိုတာကို သူမ မသိေပ။ သူမ ေသမွသာ သူက သူမကို လႊတ္ေပးၿပီး လြတ္ေျမာက္ခြင့္ ေပးေပလိမ့္မည္။
"ခ်န္ခ်ဲ့ နဂါးမင္း(ဧကရာဇ္)ရဲ႕ ေက်းဇူးေတာ္ကို ေက်းဇူးတင္ပါတယ္"
ဝမ္ရမ္လဲ့ ထြက္ခြာသြားမွသာ ယြဲ႕လန္က်စ္က ေျဖးညႇင္းစြာ ေက်းဇူးတင္စကား ဆိုနိုင္ေတာ့သည္။ ဝမ္ရမ္လဲ့က အေဝးသို႔ပင္ ေရာက္ရွိသြားေလၿပီ။
ေဆာင္းဦးရွည္ၾကာ နန္းေဆာင္မွ သူထြက္ခြာၿပီးေနာက္ ဝမ္ရမ္လဲ့က သူ႔လက္ကို ေနာက္ေက်ာဘက္သို႔ ပစ္လိုက္သည္။ သူသည္ ေျဖးညႇင္းစြာ လမ္းေလွ်ာက္ေနၿပီး အလြန္ေကာင္းေသာ စိတ္အေျခအေန ျဖစ္ေနသည္။
"အရွင္မင္းႀကီး... အစားထိုးဖို႔အတြက္ သင့္ေတာ္သူတေယာက္ ေတြ႕ရွိထားပါၿပီ"
က်င္းတဲ့သည္ ဝမ္ရမ္လဲ့ေနာက္မွ မွန္ကန္ေသာ အရွိန္ႏႈန္းျဖင့္ လိုက္ပါလာသည္။ မနီးမေဝး ေျခသံုးလွမ္းအကြာမွပင္။
"အရွင့္မွာ တခ်က္ေလာက္ သြားၾကည့္ဖို႔ အခ်ိ္န္ပို ရွိရင္ ၾကည့္လို႔ရေအာင္ပါ"
"အိုး! ေတာ္ေတာ္ျမန္တာပဲ! သူမကို ေတြ႕ၿပီေပါ့!"
ဝမ္ရမ္လဲ့အသံတြင္ စိတ္ဝင္စားမႈေတြ ထုတ္ေဖာ္ေနသည္။
"သြားရေအာင္! က်န္းကို အဲ့ဒီေခၚသြားေပး"
အျဖဴေရာင္ဝတ္ထားတဲ့ မိန္းကေလးတေယာက္ကို က်င္းတဲ့က ဝမ္ရမ္လဲ့အေရွ႕သို႔ ေခၚလာသည့္အခါ ဝမ္ရမ္လဲ့မွာ တခဏမွ် သစ္သားတံုး ျဖစ္သြားသည္။
"ယြဲ႕အာ..."
သူက ထရပ္ၿပီး သူမဆီသို႔ ေလွ်ာက္သြားလိုက္သည္။ သူသည္ မိန္းကေလး၏ ေခ်ာေမြ႕ေသာ မ်က္နွာကို ပြတ္သပ္လိုက္သည္။ ဝမ္ရမ္လဲ့က သူမေမးကို ညစ္လိုက္ၿပီး သူ႔ကို ၾကည့္ရန္ဖိအားေပးလိုက္သည္။
ဝမ္ရမ္လဲ့သည္ ဒီမိန္းကေလး၏ သြင္ျပင္ကို အလြန္ေက်နပ္မႈ ရွိသည္။ သူမသည္ ဆယ့္ငါး ဆယ့္ေျခာက္နွစ္ေလာက္သာ ရွိသည္။ သူမသည္ ဝမ္ရမ္မင္ယြဲ႕ လက္မထပ္ခင္က ပံုစံႏွင့္ ဆင္တူသည္။ ဒီတေခါက္ က်င္းတဲ့ ရွာလာေသာ သူသည္ ဝမ္ရမ္မင္ယြဲ႕နွင့္ အတူဆံုးပင္။ တျခားအပိုင္းေတြေရာ သူမနဲ႔တူလဲဆိုတာေတာ့ ဝမ္ရမ္လဲ့လည္း မသိေသးေပ။
"က်န္း နားေထာင္ရေအာင္ တခုခုေျပာၾကည့္!"
"ဒီအေစခံက မင္းႀကီးကို ႏႈတ္ခြန္းဆက္ပါတယ္!"
မိန္းကေလး၏ အသံသည္ ေတာင္ေပၚမွ ေအာ္ရီအိုငွက္တေကာင္၏ အသံကဲ့သို႔ သာယာနာေပ်ာ္ဖြယ္ ရွိသည္။ သို႔ေသာ္ စကားတခြန္းနွင့္ပင္ ဝမ္ရမ္လဲ့က မ်က္ေမွာင္ၾကဳတ္ၿပီး သူမေမးရိုးအား လႊတ္ေပးလိုက္သည္။
"မတူဘူး! ယြဲ႕အာအသံက မတုန္ဘူး! မင္းအသံက အရမ္းဟိတ္ဟန္မ်ားလြန္းတယ္! ဒါကို ေျပာင္းဖို႔ လိုတယ္!"
"ဟုတ္ကဲ့!"
ေကာင္မေလးက ဝမ္ရမ္လဲ့ေၾကာင့္ ေၾကာက္လန္႔လာၿပီး ေခါင္းကို ျမန္ျမန္ၿငိမ့္လိုက္သည္။
"mm... မင္းက ခ်စ္စရာေကာင္းၿပီး လိ္မ္မာတယ္လို႔ေတာ့ ယူဆလို႔ ရပါတယ္။ က်င္းတဲ့... မင္းလူေတြ သူမကို ေကာင္းေကာင္းဂရုစိုက္ေပးလိုက္! သူမကို ရက္အနည္းငယ္ေလာက္ ထပ္ၿပီး ေလ့က်င့္ေပးထား! ဖုန္းခ်န္ လက္ထပ္ရင္ ေဆာင္းဦးရွည္ၾကာနန္းေဆာင္ဆီ သူမကို ေခၚသြား!"
"ဟုတ္ကဲ့!"
က်င္းတဲ့ လက္ဟန္ျပလိုက္သည္။ ခ်က္ခ်င္းပင္ နန္းတြင္အေစခံနွစ္ေယာက္ ေရာက္လာၿပီး မိ္န္းကေလးအား အေဝးသို႔ ေခၚသြားေစသည္။ မိန္းကေလး ထြက္ခြာသြားေသာအခါ က်န္းတဲ့က ဝမ္ရမ္လဲ့အနီးသို႔ ေရာက္ရွိလာသည္။
"အရွင္မင္းႀကီး... မုရံုခ်ီခ်ီက မဟာျပဳလက္ထပ္ဖို႔ ေရာက္လာတဲ့ ရွီးခ်ီနိုင္ငံက မင္းသမီးတပါး ျဖစ္ေနတယ္။ မဂၤလာဦးညမွာ သူမသာ တခုခုျဖစ္လို႔ရင္ ေသခ်ာေပါက္ ရွီးခ်ီက ဒီကိစၥကို ဒီတိုင္းထားမွာ မဟုတ္ေလာက္ဘူး။ ဒါ့အျပင္ ရွီးခ်ီကလူေတြလည္း ရန္ၿမိဳ႕ေတာ္မွာ ေရာက္ေနေတာ့ တကယ္လို႔ ... "
"အဲ့ဒါက ကိစၥမရွိဘူး"
ဝမ္ရမ္လဲ့က လက္ကို ေျမႇာက္ၿပီး က်င္းတဲ့ကို စကားျဖတ္လိုက္သည္။
" တကယ္လို႔ ဆိုတာ မရွိဘူး! မုရံုခ်ီခ်ီဘြဲ႕က သပ္သပ္ခ်ီးျမႇင့္ထားတဲ့ဟာပဲ! ဒါ့အျပင္ ဖုန္းခ်န္မွာ အဲ့လိုေကာဟဟလမ်ိဳး ရွိေနတာပဲ။ သူမ မေသရင္ေတာင္ လူေတြက အံ့ႀသေနအံုးမယ္။ ဒီကိစၥအတြက္ စိုးရိမ္စရာမလိုဘူး။ ရွီးခ်ီက ဒီကိစၥကို လႊတ္မေပးနိုင္ဘူးဆိုရင္ က်န္းက မင္းသမီးတပါး ျပန္ေပးလိုက္မယ္"
"အရွင္မင္းႀကီး... အရွင္က ဝမ္ရမ္ေပါင္က်ဴးကို ဆိုလိုခ်င္တာလား?"
ဒီေန႔ အေစာပိုင္းက ဝမ္ရမ္လဲ့ဆီ ဝမ္ရမ္ေပါင္က်ဴး ေရာက္လာတာ သတိရမိေတာ့ က်င္းတဲ့က ခ်က္ခ်င္းသေဘာေပါက္လိုက္သည္။
"ေပါင္က်ဴးက လံုဇယ္က်င့္ထ်န္းကို သေဘာက်ေနလို႔ က်န္းဆီ လာေတာင္းပန္တာ! ဟီဟီ ေနာက္ဆံုးေတာ့ ဖုန္းခ်န္ကို မစြဲလမ္းေတာ့ဘူး။ က်န္း ဒီကိစၥနဲ႔ ပတ္သက္ၿပီး ေတာ္ေတာ္ေလး ေက်နပ္မိတယ္။ အဲ့ဒီလံုဇယ္က်င့္ထ်န္းအေၾကာင္းကို က်န္းလည္း ၾကားဖူးတယ္။ သူက မဆိုးပါဘူး။ ေနာက္က်ရင္ သူက ေသခ်ာေပါက္ ရွီးခ်ီဘုရင္ျဖစ္လာလိမ့္မယ္! ေပါင္က်ဴးကို သူနဲ႔ လက္ထပ္ေပးလိုက္ရင္ ရွီးခ်ီရဲ႕အနာဂတ္ဧကရီဟာ က်န္းသမီး ျဖစ္တယ္လို႔ ဆိုလိုတာ မဟုတ္ဘူးလား? က်န္း မေပ်ာ္နိုင္ပဲ မေနဘူးလား? အခ်ိန္ရရင္ က်န္း လံုဇယ္က်င့္ထ်န္းနဲ႔ အဲ့ဒီအေၾကာင္း ေျပာၾကည့္ၿပီး ဒီကိစၥကို သူ႔သေဘာထား ဘယ္လိုရွိတယ္ဆိုတာ ၾကည့္ရမယ္"
"ေမးၾကည့္ဖို႔ လိုေနေသးလို႔လား? ဒါက သူရွာေနတဲ့ဟာ မဟုတ္ဘူးလား? ေပါင္က်ဴးမင္းသမီးကို လက္ထပ္နိုင္ဖို႔ ဆိုတာ သူ႔ရဲ႕ ရွစ္ဘဝေလာက္ စုေဆာင္းခဲ့တဲ့ ကုသိုလ္ေကာင္းမႈေၾကာင့္ပဲ!"
က်င္းတဲ့၏ စကားကို ၾကားေသာအခါ ဝမ္ရမ္လဲ့က အလြန္ေပ်ာ္႐ႊင္မိသည္။ သူ႔တြင္ သမီးတေယာက္တည္းသာ ရွိသည္။ အရင္က သူမသည္ သူမနာမည္ဘယ္သူလဲ၊ သူမမ်ိဳးရိုးအမည္က ဘယ္သူလဲဆိုတာ ေမ့ေနသည္အထိ ဖုန္းခ်န္အား စြဲလမ္းေနခဲ့သည္မွာ သူ႔အား ေခါင္းပင္ ကိုက္ေစသည္။ ေလးနိုင္ငံၿပိဳင္ပြဲကို သြားၿပီးေနာက္ လံုဇယ္က်င့္ထ်န္းကို သေဘာက်လာလိမ့္မည္ဟု သူ မထင္မွတ္ခဲ့ေပ။ ဒါသည္ အလြန္ေကာင္းသည္။ ဖုန္းခ်န္ မျဖစ္ေနသေ႐ြ႕ သူမ ဘယ္သူ႔ကို လက္ထပ္ခ်င္သည္ျဖစ္ေစ သူ သေဘာတူမိမွာပင္။
"ရွီးခ်ီက အေလ်ာ့မေပးေသးဘူးဆိုရင္ တာဝန္ရွိတဲ့သူက ဖုန္းခ်န္ပဲ! က်န္းနဲ႔ ဘာမွမဆိုင္ဘူး။ က်န္းက ဒါကို အခြင့္ေကာင္းယူၿပီး ဖုန္းခ်န္ကို စစ္တပ္ဦးေဆာင္ခိုင္းၿပီး ရွီးခ်ီကို ဖ်က္စီးပစ္လို႔ ရေသးတယ္။ ဒါက ၿပီးျပည့္စံုတဲ့ ဆင္ေျခပဲ! တကယ္လို႔ တျခားတိုင္းျပည္ေတြက တေယာက္ေယာက္ကို တာဝန္ယူခိုင္းရင္ မွားယြင္းသူက ဖုန္းခ်န္ပဲ!"
ဝမ္ရမ္လဲ့က အရာအားလံုးကို လွပစြာ ေတြးထားသည္။ က်င္းတဲ့က သူ႔အား ထပ္ကာထပ္ကာ ေျမႇာက္ပင့္လိုက္သည္။
"အရွင္မင္းႀကီး ဒါက အရမ္းေကာင္းတဲ့ အႀကံပဲ! ဒါက အရမ္းေကာင္းတဲ့ အႀကံပဲ!ဘယ္လိုပဲျဖစ္ျဖစ္ ဖုန္းခ်န္က မင္းႀကီးလက္ဖဝါးကို လွန္မပစ္နိုင္ပါဘူး။ မင္းႀကီးက ပညာရွိပါေပတယ္"
"ဟား ဟား ဟား!"
မင္းႀကီးက ရယ္ေမာေနစဥ္တြင္ ဝမ္ရမ္ေပါင္က်ဴးမွာ အေရွ႕နန္းေဆာင္သို႔ ေရာက္ရွိေနသည္။
"ေျပာ! ဘာကိစၥလဲ? ေတာ္ေတာ္ေတာင္ ေနာက္က်ေနၿပီ! ဘာေျကာင့္ ညီမေတာ္က ဒီအိမ္ေရွ႕စံမင္းသားဆီ လာရတာလဲ? ငါတို႔ၾကားက ေမာင္နွမအခ်စ္အေၾကာင္းမ်ား ေျပာခ်င္ေနလို႔လား?"
ဝမ္ရမ္ဟုန္က အိပ္ခ်င္စိတ္အျပည့္နွင့္ ၾကည့္ရင္း သန္းလိုက္သည္။
"အစ္ကိုေတာ္... ေက်ာက္လန္ ေသသြားၿပီ!"
ဝမ္ရမ္ေပါင္က်ဴး စကားေျပာလိုက္ေသာအခါ ဝမ္ရမ္ဟုန္မ်က္နွာေပၚရွိ ပင္ပန္းႏြမ္းနယ္ေနမႈမွာ ခ်က္ခ်င္းေပ်ာက္ကြယ္သြားသည္။ သူမ ေက်ာက္လန္အေၾကာင္း ေျပာတာ ၾကားေသာအခါ ဝမ္ရမ္ဟုန္က ထိုင္ခ်လိုက္ၿပီး တျခားသူမ်ားအား ထြက္ခြာေစသည္။ ဝမ္ရမ္ေပါင္က်ဴးးကို ေနာက္တႀကိမ္ ျပန္ၾကည့္ၿပီးေသာအခါ ဝမ္ရမ္ဟုန္မ်က္လံုးမ်ားမွာ ေမွာင္မိုက္လာသည္။
"ညီမေတာ္က ဘယ္လိုလုပ္ၿပီး ေက်ာက္လန္နဲ႔ ဒီအိမ္ေရွ႕စံတို႔ၾကားက ဆက္ဆံေရးကို ရွာေတြ႕သြားတာလဲ?
"ဘာလို႔လည္းဆိုေတာ့ ကြၽန္မက ခ်ိဳးအာမို႔လို႔ပါ"
ဝမ္ရမ္ေပါင္က်ဴးက သူမမ်က္နွာေပၚမွာ လူ႔အေရျပားကို ခြာလိုက္ကာ သူမမ်က္နွာအမွန္ကို ထုတ္ေဖာ္လိုက္သည္။ ဝမ္ရမ္ဟုန္သည္ တခဏမွ် ထိတ္လန္႔သြားေလသည္။ ၿပီးေနာက္ ဝမ္ရမ္ေပါင္က်ဴးက ေက်ာက္လန္မေသဆံုးမွီ ျဖစ္ပ်က္ခဲ့သမွ်ကို ဝမ္ရမ္ဟုန္အား ေျပာျပလိုက္သည္။
"ေခြးသားေတြ..."
ေနာက္ဆံုးတြင္ ေက်ာက္လန္ေခါင္းကို ျဖတ္ၿပီး နွင္းလူရုပ္ေပၚတြင္ တင္ခံရသည္ဟု ဝမ္ရမ္ဟုန္ၾကားေသာအခါ လက္သီးျဖင့္ စားပြဲကို ထိုးလိုက္သည္။
"ေခြးသားေတြ! ေက်ာက္လန္ ဒီအိမ္ေရွ႕စံမင္းသားနဲ႔ အၾကာႀကီး အဆက္အသြယ္မရတာလည္း အံ့ၾသစရာမရွိေတာ့ပါဘူး။ ဒီအိမ္ေရွ႕စံ ပို႔လိုက္တဲ့ သူေတြလည္း ေက်ာက္လန္ကို ရွာမေတြ႕ဘူး။ ဒီလိုေၾကာင့္ကိုး!"
"အရွင့္သား အိမ္ေရွ႕စံမင္းသား... ေက်းဇူးျပဳၿပီး ေက်ာက္လန္အတြက္ ကလဲ့စားေခ်ေပးပါ
ဝမ္ရမ္ေပါင္က်ဴးက ဒူးေထာက္လိုက္သည္။ သူမေခါင္းသည္ ၾကမ္းျပင္ကို ထိေနသည္။
"ေက်းဇူးျပဳၿပီး ေက်ာက္လန္အတြက္ ကလဲ့စားေခ်ေပးပါ"
"အရင္ ထၿပီး စကားေျပာပါ"
ဝမ္ရမ္ဟုန္က ဝမ္ရမ္ေပါင္က်ဴးအား မတ္တပ္ရပ္ေစလိုက္သည္။ သူ႔မ်က္နွာက သူမေပၚတြင္ ကြက္တိက်ေနၿပီး ဝမ္ရမ္ေပါင္က်ဴးအား ေၾကာက္လန္႔တုန္လႈပ္သြားေစသည္။ ဒီလူ၏ အၾကည့္သည္ မည္းေမွာင္ေသာ ေလထုျဖင့္ ျပည့္နွက္ေနၿပီး အလြန္ေၾကာက္စရာေကာင္းလွသည္။
ဝမ္ရမ္ေပါင္က်ဴးသည္ တစံုတခုကို မေသခ်ာသလို ျဖစ္ေနသည္။ သူမ ဝမ္ရမ္ဟုန္ဆီ လာၿပီး အျဖစ္မွန္ေတြကို ေျပာရတာ တကယ္ေရာ မွန္ကန္တဲ့ လုပ္ရပ္လား?
"လူ႔အေရျပားမ်က္နွာဖံုးကို ျပန္တပ္ၿပီး ဒီအိမ္ေရွ႕စံကို ျပပါအံုး!"
ဝမ္ရမ္ဟုန္က ဝမ္ရမ္ေပါင္က်ဴးဆီ တလွမ္းၿပီး တလွမ္းေလွ်ာက္သြားလိုက္သည္။ ဝမ္ရမ္ေပါင္က်ဴး လူအေရျပားမ်က္နွာဖံုး တပ္ဆင္ၿပီး ေပက်ိဳးမင္းသမီးအျဖစ္ ျပန္ေျပာင္းသြားတာကို ၾကည့္လိုက္သည္။
"မဆိုးဘူး! မဆိုးဘူး!"
ဝမ္ရမ္ဟုန္ ေရာက္ရွိလာၿပီး ဝမ္ရမ္ေပါင္က်ဴး မ်က္နွာကို ညင္သာစြာဖ်စ္ညႇစ္လိုက္သည္။
"တူတယ္! တကယ္ကို ေတာ္ေတာ္ေလးတူတယ္! အသားအရည္က တကယ့္လူတေယာက္လိုပဲ ေတာ္ေတာ္ေလး ႏူးညံ့တယ္! မင္းသာ ငါ့ကို အမွန္မေျပာဘူးဆိုလွ်င္ ငါ မင္းကို တကယ္ဝမ္ရမ္ေပါင္က်ဴးအစစ္လို႔ပဲ ထင္မွာ"
"အရွင့္သား..."
ဘာေၾကာင့္မွန္းမသိ ဝမ္ရမ္ဟုန္မ်က္လံုးထဲမွ ျပင္းျပေသာ ဆႏၵမ်ားကို ျမင္ရၿပီး ဝမ္ရမ္ေပါင္က်ဴးအား ေၾကာက္လန္႔သြားေစသည္။
"အရွင့္သား... ေက်ာက္လန္..."
"ဘာမွမဟုတ္ဘူး ဒါေပမယ့္ ဘာလို႔လူေသတေယာက္ကို စကားထဲ ထည့္ေျပာေနတာလဲ? အသံုးမက်တဲ့ေကာင္! ရိုးရိုးကိစၥေလးကိုေတာင္ ေကာင္းေကာင္းမလုပ္နိုင္ဘူး! သူ ေသဖို႔ပဲ ထိုက္တန္တယ္!"
ဝမ္ရမ္ဟုန္က ဝမ္ရမ္ေပါင္က်ဴးစကားကို ျဖတ္လိုက္သည္။ သူ႔အၾကည့္ေတြက ၿပံဳး႐ႊင္စြာျဖင့္ သူမကို္ေပၚတြင္ ေဝ့ဝဲေနသည္။
"ဒီအိမ္ေရွ႕စံမင္းသား စိတ္ဝင္စားေနတာက မင္းကိုပဲ... ငါ့ရဲ႕ ခ်စ္လွစြာေသာ ညီမေလး"
"အရွင့္သား!"
ဘာလဲဆိုတာ ဝမ္ရမ္ေပါင္က်ဴး နားမလည္ေသးင္ သူမသည္ ဝမ္ရမ္ဟုန္၏ ရင္ခြင္တြင္းသို႔ သူ႔လက္ႀကီးျဖင့္ ဆြဲယူျခင္း ခံလိုက္ရသည္။ သူ႔လက္နွစ္ဖက္လံုးျဖင့္ သူမခါးကို ဖက္တြယ္ထားသည္။ သူ႔ခြန္အားက ႀကီးေသာေၾကာင့္ ဝမ္ရမ္ေပါင္က်ဴးအေနျဖင့္ မလြတ္ေျမာက္နိုင္ေပ။
"အရွင့္သား... ကြၽန္မက မင္းသမီးမဟုတ္ပါဘူး! ကြၽန္မက မဟုတ္...!"
"ဟီဟီ မင္း မဟုတ္ဘူးဆိုတာ ဒီအိမ္ေရွ႕စံမင္းသားက သိပါတယ္! မင္းက အရမ္းအသံက်
္တာပဲ! လူတိုင္း ဒီကုိေရာက္လာေအာင္ မင္းက ေခၚခ်င္ေနတာလား? ဒါမွမဟုတ္ ဒီအိမ္ေရွ႕စံမင္းသားရဲ႕ ခမည္းေတာ္မင္းႀကီး ဒီကို ေရာက္လာၿပီး မင္းက အတုဆိုတာ သူ႔ကို သိေစခ်င္လို႔လား? Mm?"
ဝမ္ရမ္ဟုန္ေလသံက ဒီေန႔ သူမ ဒီကိုလာခဲ့တာဟာ အမွားတခု ျဖစ္တယ္ဆိုတာကို ဝမ္ရမ္ေပါင္က်ဴးအား သေဘာေပါက္ေစသည္။
မူလက သူမသည္ ဝမ္ရမ္ဟုန္လက္ကို သံုးၿပီး သူမ ႐ြံမုန္းေနသည့္ သူမ်ားကို ဖယ္ရွားပစ္ခ်င္ခဲ့သည္။ သူမကိုယ္သူမ ဝမ္ရမ္ဟုန္ပါးစပ္ဝသို႔ ပို႔လာမိသည္ဟု မထင္မိသလို သူမကို ထိုအခ်က္အား သံုး၍ ၿခိမ္းေျခာက္ခံရမည္ဟုလည္း မထင္ခဲ့ေပ။ အခု သူမ မည္မွ် မိုက္မဲသည္ျဖစ္ေစ၊ သူ႔မ်က္လံုးမ်ားမွ ႀကီးမားေသာ ဆႏၵမွတဆင့္ သူ႔အေတြးမ်ားကို သူမ ျမင္နိုင္သည္။
"ဘာလဲ? ရွင္ ဘာကို လိုခ်င္တာလဲ?"
ဝမ္ရမ္ေပါင္က်ဴးက သူမအသံထဲမွ တုန္ယင္ေနမႈကို ဖိနွိပ္လိုက္ရင္း သူမကိုယ္သူမ ျပန္တည္ၿငိမ္ေအာင္ ထိန္းခ်ဳပ္လိုက္သည္။
"ဒီအိမ္ေရွ႕စံမင္းသားကို အစ္ကိုေတာ္လို႔ မင္းေခၚတာကို ဒီအိမ္ေရွ႕စံမင္းသားက ပိုႀကိဳက္တယ္"
ဝမ္ရမ္ဟုန္၏ လက္က သူမခါးစည္းႀကိဳး၏ အစြန္းစကို ေျဖေလ်ာ့လိုက္သည္။
"လိမ္မာစမ္းပါ... ဒီအိမ္ေရွ႕စံမင္းသားကို မင္းေခၚလိုက္တာေလး တႀကိမ္ေလာက္ ၾကားခြင့္ျပဳပါ"
"အစ္... အစ္ကိုေတာ္!"
'အစ္ကိုေတာ္' ဆိုေသာ စကားသည္ ဝမ္ရမ္ဟုန္အား စိတ္လႈပ္ရွားေစသည္။ သူ၏ ႀကီးမားေသာ လက္ႀကီးသည္ အထဲကို ဝင္ေရာက္လာၿပီး ဝမ္ရမ္ေပါင္က်ဴး၏ ႏူးညံ့သည့္ တိ္မ္စိုင္ကို ဆုပ္ကိုင္လိုက္သည္။
"ဒီအိမ္ေရွ႕စံမင္းသားက ေယာက်္ားေတြကိုလည္း ႀကိဳးစားဖူးတယ္၊ မိန္းမေတြကိုလည္း ႀကိဳးစားဖူးတယ္၊ ဒါေပမယ့္ ညီမရင္းကိုေတာ့ မႀကိဳးစားဖူးဘူး! မင္းက ဒီအိမ္ေရွ႕စံမင္းသားရဲ႕ ညီမအရင္း မဟုတ္ေပမယ့္လည္း ဒီမ်က္နွာကေတာ့ ဟုတ္ေနတယ္"
ဝမ္ရမ္ေပါင္က်ဴးမွာ ၾကက္ေသေသသြားမိသည္။ ဝမ္ရမ္ဟုန္တြင္ ဤမွ်ညစ္ပတ္ေသာ အေတြးမ်ိဳး ရွိလိမ့္မည္ဟု သူ လံုးဝထင္မထားမိေပ။ သူဟာ လူသားမဟုတ္ဘူးပဲ! (ဖေအတူသားပါ)
"ဘာလဲ? မင္းက ဒီအိမ္ေရွ႕စံမင္းသားကို လူမဆန္ဘူးလို႔ ေျပာခ်င္ေနတာလား? "
ဝမ္ရမ္ေပါင္က်ဴး တစံုတရာမေျပာရေသးခင္ ဝမ္ရမ္ဟုန္က သူမအေတြးကို က်ယ္ေလာင္စြာ ေျပာလာသည္။
"ေသခ်ာေပါ့! ဒီအိမ္ေရွ႕စံမင္းသားက လူမဟုတ္ဘူး! ဒီအိမ္ေရွ႕စံမင္းသားက ေကာင္းကင္ဘံုရဲ႕ အနာဂတ္သားေတာ္ပဲ! ေကာင္းကင္ဘံုကေတာင္ ဂုဏ္ယူရတဲ့ သားေတာ္ပဲ! ငါက ဘာလို႔ သာမာန္လူနဲ႔ တူရမွာလဲ?"
"အရွင့္သား!"
ဝမ္ရမ္ေပါင္က်ဴးက 'အရွင့္သား' ဟု တခြန္းေခၚမိရံုတြင္ ဝမ္ရမ္ဟုန္က သူမတိမ္စိုင္ကို အားသံုး၍ ဖ်စ္ညစ္လိုက္သည္မွာ မ်က္ရည္မ်ား ထြက္က်လုမတတ္ ျဖစ္သည္အထိ ဝမ္ရမ္ေပါင္က်ဴးမွာ အလြန္နာက်င္ရေစသည္။
"မလိမ္မာဘူး! ဒီအိမ္ေရွ႕စံမင္းသားက မင္းရဲ႕ အစ္ကိုေတာ္ေလ။ လိမ္မာစမ္းပါ! ဒီအိမ္ေရွ႕စံမင္းသားကို အစ္ကိုေတာ္လို႔ ေခၚစမ္း! ဒီလိုမွမဟုတ္ရင္ မင္းကို နန္းေတာ္ထဲ ပို႔ၿပီး မင္းက မင္းသမီးအတုဆိုတာ ခမည္းေတာ္ကို အသိေပးလိုက္မယ္"
"အစ္ကိုေတာ္..."
ဝမ္ရမ္ေပါင္က်ဴး ငိုခ်င္ေသာ္လည္း မ်က္ရည္မရွိေပ။
အဆံုးသတ္ေတာ့ သူမ ဘာျဖစ္ခဲ့လဲ? သူမေခါင္းထဲ မစင္ေတြနဲ႔ ျပည့္ေနတာပဲ ျဖစ္မယ္! မုရံုခ်ီခ်ီကို ဖယ္ရွားခ်င္တာေၾကာင့္ သူမရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကို ဒီလူဆီ ပို႔ခဲ့တယ္။ ၿပီးေတာ့ ဒီကိစၥေၾကာင့္ ေစာ္ကားျခင္း ခံခဲ့့ရတယ္။ သူမသာ ဘာမွ မေျပာခဲ့မိရင္ ဝမ္ရမ္ေပါင္က်ဴးအျဖစ္ ဆက္ဟန္ေဆာင္ၿပီး လံုဇယ္က်င့္ထ်န္းနဲ႔ လက္ထပ္၊ က်င္းဝမ္ေဖးျဖစ္ၿပီး ေနာက္ဆို ရွီးခ်ီရဲ႕ ဧကရီျဖစ္လာ၊ ဘယ္ေလာက္ေကာင္းလိုက္မလဲ? ဘာေၾကာင့္ သူမ အရမ္းမိုက္မဲခဲ့ရတာလဲ?
********************************
Unicode Version
အခု နန်းတော်ထဲတွင် မျက်နှာသာပေးခံရသော လူမှာ ယွဲ့လန်ကျစ် ဖြစ်သည်။ သူမအတွက်ဆိုရင် မင်းကြီးသည် ကောင်းကင်ပေါ်မှ ကြယ်ကိုပင် ရယူပေးဖို့ ဆန္ဒရှိသည်။
သို့သော်လည်း ဝမ်ရမ်လဲ့တွင် ရှိသော လိင်ပိုင်းဆိုင်ရာ ထက်သန်မှုမှာ အလွန်ပင် ပြင်းထန်ပေသည်။ ယွဲ့လန်ကျစ် ကိုယ်ဝန်ပျက်ကျမှု အပြီး ဟွမ်ကွေ့ဖေးအသက်အား ကယ်တင်ရန် သူ့ကို နှိုးပြီး ဆောင်းဦးရှည်ကြာနန်းဆောင်သို့ ဆွဲခေါ်ခြင်း ခံရစည်မှာ ဘယ်နှကြိမ်ရှိပြီလဲဆိုတာ တော်ဝင်သမားတော်ပင် မသိတော့ပေ။ တော်ဝင်သမားအိုကြီးသည် ဒီနေ့ အဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်း မြင်ခဲ့သည်။ အိပ်ရာနှင့် အဖြူရောင်အဝတ်အစားပေါ်တွင် စွန်းပေနေသော သွေးများက သူအား အလွန် ထိတ်လန့်တုန်လှုပ်မိပေသည်။
အကယ်၍ ဝမ်ရမ်လဲ့သာ ဒီပုံစံတိုင်း ဆက်လက်ပြုမူနေပါက ဒီမယ်မယ်လည်း ဒီဆောင်းဦးရှည်ကြာနန်းဆောင်မှာ နေထိုင်ခဲ့တဲ့ အရင်မယ်မယ်တွေလို ကြာကြာမနေနိုင်တော့မှာ သူ စိုးရိမ်မိသည်။
တော်ဝင်သမားတော်အိုကြီးသည် ယွဲ့လန်ကျစ်အား ကိုယ်ချင်းစာမိသည်။ မည်သူမှ မင်းကြီးအချစ်ကို မခံနိုင်ပေ။ သူက ငယ်သားတယောက်သာ ဖြစ်သည်။ ထို့အပြင် သူ့အသက်ကလည်း အိုမင်းနေပြီ။ သူ၏ လူအိုဘဝကို မွေ့လျော်နေသင့်သည်။ သူသာ သတိလက်လွတ်နှင့် အမှားတခုခုပြောမိပါပြီး ဝမ်ရမ်လဲ့ကို ဒေါသဖြစ်မိပါစေက သူ့ခေါင်းနှင့် ကိုယ် အိုးစားကွဲသွားလျှင် ဒါက မထိုက်တန်ပေ။
ဝမ်ရမ်လဲ့က သူ့မျက်လုံးတွေကို မှေးကျဉ်းလိုက်သည်။ သူသည် တော်ဝင်သမားတော်အိုကြီး၏ မျက်နှာပေါ်က အရေးအကြောင်းများကို ကြည့်လိုက်သည်။ ထို့နောက် သူ၏ မေးစေ့မှ ရင်ဘတ်သို့တိုင် ကျဆင်းနေသော ချွေးစက်များကို ကြည့်လိုက်၏ နောက်ဆုံးတွင် ရယ်မောလိုက်သည်။
"ကျန်း နားလည်ပြီ! မင်း သူမကို ကောင်းကောင်းကုသပေးသင့်တယ်! ကျန်း သူမကို မထိပါဘူးလို့ မင်းကို ကတိပေးပါတယ်! သူမခန္ဓာကိုယ်အတွက် ကောင်းပြီး ဒီနန်းတော်ထဲမှာ ရှိတဲ့အရာဆိုရင် မင်း သွားပြီး ယူဆောင်လို့ ရတယ်။ မင်းသာ ဟွမ်ကွေ့ဖေးကို ကောင်းကောင်းကုသနိုင်ရင် ကျန်း မင်းကို ဆုတော် ကြီးကြီးမားမား ချီးမြှင့်မယ်"
"ဟုတ်ကဲ့! ကျွန်တော်မျိုး အမိန့်ကို နာခံပါ့မယ်"
တော်ဝင်သမားအိုကြီးသည် စိတ်သက်သာရာရမှုနှင့်အတူ သက်ပြင်းချလိုက်သည်။ ဒီကပ်ဘေးကို သူဖြတ်ကျော်နိုင်ပြီဟု သူ ယူဆလိုက်သည်။ ယွဲ့လန်ကျစ်လည်း သူ့ဆေးသောက်ပြီး မြန်မြန်နေကောင်းပါစေဟု သူမျှော်လင့်မိသည်။ သူလည်း အသက်ကြီးနေပါပြီ။ ဒီလို တုန်လှုပ်စရာတွေကို ခံနိုင်ရည်မရှိတော့ပါဘူး။
တော်ဝင်သမားတော်အိုကြီး ထွက်ခွာသွားပြီးနောက် ဝမ်ရမ်လဲ့က ယွဲ့လန်ကျစ်ကို ကြည့်ရန် အထဲသို့ ဝင်လာသည်။ လက်သီးဆုပ်လောက်သာ ရှိသော သူမမျက်နှာတွင် သွေးရောင်တစိုးတစိမှ ရှိမနေပေ။ ခါတိုင်း ပန်းပွင့်လွှာတွေလို နီရဲသော နှုတ်ခမ်းများပင် ယခု ဖြူလျော်နေသည်။
တိတ်ဆိတ်မှုက ယွဲ့လန်ကျစ်အား ကြောက်လန့်စေသည်။ သူမက သူမမျက်လုံးများကို ဖွင့်လိုက်သည်။ ဝမ်ရမ်လဲ့ သူမကို စိုက်ကြည့်နေတာ မြင်သောအခါ သူမက ထရန် အားယူလိုက်သည်။
"မင်း... မင်းကြီး!"
"ချစ်လှစွာသော ကြင်ယာတော်... လှဲနေပါ.."
ဝမ်ရမ်လဲ့က ရှေ့တိုးပြီး သူမကို ငြင်သာစွာ ပြန်လှဲချပေးလိုက်သည်။ သူကိုယ်တိုင် သူမအား စောင်ဖြင့် ဖုံးပေးလိုက်၏။
"ချစ်လှစွာသော ကြင်ယာတော်... မင်းရဲ့ ကိုယ်က အရမ်းအားနည်းနေသေးတယ်လို့ တော်ဝင်သမားတော်က ပြောသွားတယ်။ မင်း ကောင်းကောင်းအနားယူပြီး ကိုယ့်ကိုယ်ကိုယ် ကျန်းမာရေးပြန်ကောင်းလာအောင် ဂရုစိုက်သင့်တယ်။ မင်းအနားယူနိုင်တယ်။ မင်း ဘာလိုချင်တယ်၊ ဘာလိုအပ်တယ် မင်း ပြောလိုက်ရုံပဲ။ ကျန်း မင်းအတွက် ယူပေးမယ်။ မင်း နေကောင်းလာမယ်ဆို ကျန်း ဘာမဆို လုပ်ဖို့ ဆန္ဒရှိတယ်"
"မင်းကြီး..."
"တောင်းပန်ပါတယ်။ စောစောက ငါမှားခဲ့တာပါ။ ကျန်း မင်းကို ချစ်တယ်။ အချိန်တိုင်း ကျန်း ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘူး"
ဝမ်ရမ်လဲ့က ယွဲ့လန်ကျစ်၏ သေးသွယ်ပြီး အေးစက်နေသည့် လက်လေးကို ဆုပ်ကိုင်လိုက်ပြီး သူ့မျက်နှာနား ကပ်ထားလိုက်သည်။
"ကျန်း မင်းကို အရမ်းချစ်တာကြောင့် မင်းကို ကျန်းဘေးနားမှာ အမြဲတမ်း ထားချင်တယ်။ တောင်းပန်ပါတယ် ယွဲ့အာ... ကျန်း တကယ်မှားတာပါ ကျန်းမှားတာကိုလည်း ကျန်းသိပါပြီ"
သူ တခါပြီး တခါ လုပ်ပြန်ပြီ။ သူမလက်တွင် မျက်ရည်များ စိုစွတ်လာသည်ကို ခံစားမိပြီး ယွဲ့လန်ကျစ်က ကြောက်လန့်လာသည်။
အချိန်တိုင်း သူမကို လူမဆန်စွာ ပြုမူပြီးလျှင် သူက ဒီလိုပဲ! သူက တခြားသူတယောက်ကို ပြောင်းသွားသလိုပဲ! သူက အရမ်းနူးညံလာသည်။ နောက်ဆုံး တကယ့်သူအစစ်က ဘယ်သူလဲ? နောက်ဆုံး သူ တကယ်ပဲဘာတွေ တွေးနေတာလဲ? ဝမ်ရမ်လဲ့ဘေးမှာ သူမနေတာ အချိန်မနည်းတော့ပြီဆိုသော်လည်း သူ့ကို ထိုးထွင်း မမြင်နိုင်ပေ။
"ချစ်လှစွာသော ကြင်ယာတော်... ထိကြည့်လိုက်!"
ဝမ်ရမ်လဲ့က ယွဲ့လန်ကျစ်လက်အား သူ့ရင်ဘတ်ပေါ် တင်၍ သူ့ရင်ခုန်သံအား ခံစားစေသည်။
"မင်း ဘယ်လိုခံစားရလဲ? နှလုံးသားတခုလုံးက မင်းအတွက် ခုန်ပေးနေတာ။ ဘာလို့လည်း ဆိုတော့ ကျန်းကို အသက်ဆက်ရှင်သန်စေတဲ့ မင်းက ကျန်းမှာ ရှိနေသေးလို့ပေါ့! ယွဲ့အာ မင်း နေကောင်းအောင် နေရမယ်နော်! မင်း သေရင် ကျန်း ဘာလုပ်သင့်လဲ? မင်း မရှိတဲ့ နေ့ရက်တွေကို ကျန်း ဘယ်လိုသည်းခံနေရမလဲ? ကျန်း မင်းနောက်ကို လိုက်ခဲ့ရမလား? တနေ့တည်း အတူမမွေးခဲ့ပေမယ့် တနေ့တည်း တူတူသေလိုက်ရမလား?"
"အရှင်မင်းကြီး..."
ယွဲ့လန်ကျစ်လက်က ဝမ်ရမ်လဲ့၏ပါးစပ်ကို ပိတ်လိုက်သည်။
"မင်ကြီး ... ဘာကြောင့် ဒီလိုစကားတွေ နောက်တကြိမ် ပြောနိုင်နေရတာလဲ? အရှင်က နှစ်ထောင်ပေါင်း ထောင်ပေါင်းများစွာ အသက်ရှည်ရှည်နေရမယ့်သူပါ။ ချန်ချဲ့က အရှင့်ရဲ့ ကျွန်တယောက်ပါ။ အရှင် ဒီလိုပြောတာကို ချန်ချဲ့ မခံစားနိုင်ဘူး"
"ယွဲ့အာ... မင်း ကျန်းကို ခွင့်လွှတ်ပြီ ဟုတ်တယ်မလား?"
ယွဲ့လန်ကျစ် စကားပြောလာသောအခါ ဝမ်ရမ်လဲ့က ချွင်းချက်မရှိ စိတ်လှုပ်ရှားလာသည်။ သူမကို ကြည့်နေသည့် မျက်လုံးများမှာလည်း ခရစ်စတယ်ရေစက်များအလား တောက်ပလာသည်။
"ယွဲ့အာ... မင်း ကျန်းကို ချစ်သေးတယ်ပေါ့? ကျန်း မင်းကို ချစ်သလိုမျိုလား?"
ဝမ်ရမ်လဲ့ ပြောတာ ကြားသောအခါ ယွဲ့လန်ကျစ်က ခါးသီးသလို ခံစားရသည်။ ဘာကြောင့် အခေါက်တိုင်း ဒီလိုဖြစ်နေရတာလဲ? သူ ဒီလိုသရုပ်ဆောင်တာက လူတွေကို စိတ်ထိခိုက်စေတယ်ဆိုတာ တကယ်ပဲ သူ မသိဘူးလား? သိက္ခာစောင့်စည်းမှု နည်းနည်းလေးမှ မရှိပဲ သူမကို နင်းချေပြီးမှ သူက ဒီလို ငိုနေတယ်... သူသာ အမှန်တကယ် ရိုးရိုးသားသား နောင်တရခဲ့တယ်ဆိုရင် ဘာလို့ သူမကို ထပ်ကာထပ်ကာ နာကျင်စေရတာလဲ? ဘာကြောင့်လဲ?
ယွဲ့လန်ကျစ်က အကြာကြီးစကားမပြောနိုင်ပေ။ ဝမ်ရမ်လဲ့မျက်ရည်မျာသည် ယွဲ့လန်ကျစ်လက်ပေါ်သို့ ကျဆင်းလာသည်။
"ကျန်း သိပါတယ် ဘာပဲဖြစ်ဖြစ် ယွဲ့အာ ကျန်းကို ခွင့်မလွှတ်နိုင်ဘူးဆိုတာ! ကျန်းတို့ကလေးကို သေစေတာက ကျန်းပါ။ အရာအားလုံးက ကျန်းအမှားတွေပါ"
ဝမ်ရမ်လဲ့လက်သီးက သူ့မျက်နှာကို ရိုက်လိုက်တော့ ယွဲ့လန်ကျစ်အား စိတ်ရှုပ်ထွေးသွားစေသည်။ သူမက ဝမ်ရမ်လဲ့လက်ကို မြန်မြန်ဆုပ်ကိုင်လိုက်သည်။
"မင်းကြီး... မင်းကြီးကို ချန်ချဲ့ အပြစ်မတင်ပါဘူး! အရှင့်ရဲ့ အချစ်က ချန်ချဲ့အတွက် ကောင်းချီးမင်္ဂလာပါ။ ချန်ချဲ့ ဆန္ဒရှိပါတယ်"
ထိုစကားကို ကြားပြီးနောက် ဝမ်ရမ်လဲ့လက်များက ရပ်တန့်သွားသည်။ မော့လာသော မျက်နှာတွင် ငိုထားသည့် အရိပ်အယောင်များ ရှိနေသေးသော်လည်း မျက်ရည်တော့ မကျတော့ပေ။
"ယွဲ့အာ မင်း ဘာပြောလိုက်တယ်? မင်း ကျန်းကို တကယ်ချစ်တာလား? ကျန်းကို မထားခဲ့ဘူးမလား?"
"မင်းကြီး... ချန်ချဲ့ မင်းကြီးအနား အမြဲနေသွားမှာပါ။ မင်းကြီး ချန်ချဲ့ကို မရိုးသွားသည်ထိပေါ့"
"ဟီ ဟီ"
ဒီစကားကို ကြားပြီးနောက် သူ ဒီအခန်းထဲကို ဝင်ကတည်းက ပထမဆုံးအပြုံးကို နောက်ဆုံးတွင် ထုတ်ဖော်လာသည်။ ထိုနူးညံ့သည့် ရယ်သံမှာ ယွဲ့လန်ကျစ်အား ခိုက်ခိုက်တုန်သွားစေသည်။
သူမပဲ စိတ်ကူးယဉ်ဆန်နေတာလား? ဘာကြောင့် ဝမ်ရမ်လဲ့ရဲ့ ရယ်သံက ခါတိုင်းနဲ့ တူမနေရတာလဲ? ရယ်သံအတွင်းမှာ တစုံတခု ရှိနေသလိုပဲ! ဘာလဲဆိုတာတော့ သူမ မဖမ်းဆုပ်နိုင်ဘူး။
"ဘယ်လိုလုပ် ကျန်းက မင်းကို ရိုးသွားရမှာလဲ?"
ဝမ်ရမ်လဲ့၏ လက်ကြီးသည် ယွဲ့လန်ကျစ်၏ အဖြူရောင်အောက်ခံအကျႌပုံစံနောက်ကို လိုက်ကာ စစ်ဆေးသလို လုပ်နေသည်။ သူသည် ထိုတိမ်စိုင်ကို အားဖြင့် ရုတ်တရက် ဖမ်းဆုပ်လိုက်ပြီး ယွဲ့လန်ကျစ်၏ အေးစက်စက်ခန္ဓာကိုယ်ကိုတော့ ထည့်မတွက်ပေ။ သူ့လက်ကြီးဖြင့် ဆုပ်ကိုင်ထားသည်။ သူ့လက်ဖဝါးမှ အသားမာများဖြင့် ယွဲ့လန်ကျစ်မျက်နှာ ပန်းရောင်သန်းလာသည်အထိ ထိုအရာကို ပွတ်သပ်နေသည်။
"အရှင်... ချန်ချဲ့ တကယ်မရတော့ပါဘူး... တကယ်.. "
ယွဲ့လန်ကျစ်က ခေါင်းကို ခါရင်းက သူမနှုတ်ခမ်းကို ကိုက်လိုက်သည်။ သူက မကောင်းဆိုးဝါးဆိုတာ သူမ တကယ်ပဲ မေ့သွားတယ်။ အခုလေးတင် သူမ ဒီမကောင်းဆိုးဝါး၏ ဖျားယောင်းမှုထဲ ပါသွားမတတ်ပင်။
"စိတ်မပူပါနဲ့! ကျန်းက မင်းကို အမြဲတမ်းချစ်နေမယ်လို့ ပြောရုံပါ"
ယွဲ့လန်ကျစ် မျက်လုံးထဲမှ ကြောက်ရွံ့မှုတွေကို မြင်သောအခါ ဝမ်ရမ်လဲ့က လက်ကို ပြန်ထုတ်လိုက်ရင်း ပြုံးလိုက်သည်။ သူသည် ယွဲ့လန်ကျစ်အား နောက်တခါ ပြန်ဖက်လိုက်သည်။
"ကောင်းကောင်း အနားယူ! မြန်မြန်နေကောင်းအောင် လုပ်! ကြင်ယာတော်နဲ့ အံသြစရာအချိန်တွေကို ကျန်း တကယ်ချစ်တယ်! ကျန်းကို အကြာကြီး စောင့်နေရအောင် မလုပ်နဲ့!"
သူက ခါးကို ကိုင်းလိုက်သည်။ သူ၏ ပူနွေးသော နှုတ်ခမ်းမှာ ယွဲ့လန်ကျစ် မျက်လုံးထောင့်ကို ကျရောက်လာပြီး သူမ၏ မျက်ရည်များကို စုပ်ယူလိုက်သည်။
"ယွဲ့အာ... ငါ မင်းကို ချစ်တယ်! အမြဲတမ်းပဲ"
ထိုစကားကို ကြားသောအခါ ယွဲ့လန်ကျစ်က မှိတ်လုံးမှိတ်လိုက်သည်။ သူမမျက်ရည်များသည် နောက်တကြိမ် လိမ့်ဆင်းကျလာသည်။ ထိုစကားများသည် သူမကို ပြောတာ မဟုတ်မှန်း သူမသိသည်။ အရင်က ဝမ်ရမ်လဲ့ပြောခဲ့သလိုပင်။ သူမ မည်မျှပင် အတုယူပါစေ၊ မြေအောက်ထပ်က မိန်းမကိုတော့ သူမ မယှဉ်နိုင်ပါ။ သူ အမြဲခေါ်နေသည့် 'ယွဲ့အာ' ဆိုသည်မှာလည်း သူမကို ခေါ်ခြင်းမဟုတ်ပဲ ထိုမိန်းမကိုသာ ဆိုလိုသည်။
"မငိုပါနဲ့! မင်းမျက်ရည်တွေက ကျန်းနှလုံးသားထဲထိ ကျလာတယ်! ကျန်း နာကျင်ရတယ်!"
ဝမ်ရမ်လဲ့၏ နက်ရှိုင်းပြီး သံလိုက်ဓာတ်ပါသော အသံသည် သူ့ခန္ဓာကိုယ်မှ မွှေးရနံ့နှင့် ပေါင်းစပ်လိုက်သောအခါ သူ့၏ လိုက်လျောမှုနှင့် နူးညံ့သိမ်မွေ့မှုမှာ လူတိုင်း ဆွဲဆောင်ခံရလုနီးပါးပင်။ ထိုအရာတွင် သူမ ကျဆုံးသည်မှာ ဒါ ပထမအကြိမ် မဟုတ်တော့ပေ။ ဒီတကြိမ်တော့ သူမ လုံးလုံး ပျော်ဝင်သွားသည်တော့ မဟုတ်ပေ။
ယွဲ့လန်ကျစ် မျက်ရည်များမှာ တစက်ပြီး တစက်ကျလာသည်။ အားလုံးသည် ဝမ်ရမ်လဲ့ ပါးစပ်ထဲသို့ ဝင်ရောက်သွားပြီး ခါးသီးသော မျက်ရည်များကို သူမပါးစပ်ထဲ ပြန်ခွံကျွေးလေသည်။ စောစောက ရိုင်းစိုင်းပြီး မောက်မာသည့် ပုံနှင့် မတူစွာ ဝမ်ရမ်လဲ့အနမ်းသည် နူးညံ့သိမ်မွေ့နေသည်။ နူးညံ့ပြီး မှော်အပြည့်ပါသလို ဒီအနမ်းတွင် ဖျားယောင်းခြင်း ခံရသည်။ သူမခန္ဓာကိုယ်မှ နာကျင်မှုများက သတိပေးမနေလျှင် သူ၏ ဖျားယောင်းခြင်းကို နောက်တကြိမ် သူမ ခံမိလေလိမ့်မည်။
နောက်ဆုံး ယွဲ့လန်ကျစ်မျက်ရည်ရပ်သွားတာ မြင်သောအခါ ဝမ်ရမ်လဲ့က ကျေနပ်စွာ ထရပ်လိုက်သည်။ သူသည် ကျင်းတဲ့ကို ခေါ်လိုက်ပြီး
" ဆောင်းဦးရှည်ကြာ နန်းဆောင်မှ ဟွမ်ကွေ့ဖေး ယွဲ့လန်ကျစ်သည် ကျန်း နှစ်သက်သော သူ ဖြစ်သည်။ အထူးသဖြင့် သူမအား ရွှေနှင့် ကျောက်စိမ်းလက်ဝတ်ရတနာ တစုံ၊ ဒေါင်းသားမွှေးတထည်ကို ဆုလာဒ် ချီးမြှင့်စေ!"
ဝမ်ရမ်လဲ့ပြောသော ထိုဆုလာဒ်များကို ဆောင်းဦးရှည်ကြာနန်းဆောင်သို့ ယူလာသောအခါ ယွဲ့လန်ကျစ်သည် အချိန်အကြာကြီး မလှုပ်မရှားနိုင် ဖြစ်နေသည်။ အစက ဒီဆုလာဒ်များအတွက် သူမသည် ဝမ်ရမ်လဲ့အား ကျေးဇူးတင်ခဲ့သည်။ အခု ဒီပစ္စည်းများအတွက် ဝမ်ရမ်လဲ့အား ကျေးဇူးပင်မတင်လောက်အောင် သူမ ထုံကျင်နေပြီ။
ဝမ်ရမ်လဲ့ ဒီနည်းဗျူဟာကို ဘယ်နှကြိမ်လောက် သုံးနေမည်ဆိုတာကို သူမ မသိတော့ပေ။ သူပေးသောအရာများသည် အမြဲတမ်း အရင်ဟာတွေ ပိုသာပြီး ပိုခမ်းနားသလို အချိန်တိုင်း သူမရလာသော ဒဏ်ရာများသည် အရင်ခေါက်ထက် ပိုသည်။ ဒီလိုဘဝမျိုး ဘယ်ခါတွင် အဆုံးသတ်မည်ဆိုတာကို သူမ မသိပေ။ သူမ သေမှသာ သူက သူမကို လွှတ်ပေးပြီး လွတ်မြောက်ခွင့် ပေးပေလိမ့်မည်။
"ချန်ချဲ့ နဂါးမင်း(ဧကရာဇ်)ရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်"
ဝမ်ရမ်လဲ့ ထွက်ခွာသွားမှသာ ယွဲ့လန်ကျစ်က ဖြေးညှင်းစွာ ကျေးဇူးတင်စကား ဆိုနိုင်တော့သည်။ ဝမ်ရမ်လဲ့က အဝေးသို့ပင် ရောက်ရှိသွားလေပြီ။
ဆောင်းဦးရှည်ကြာ နန်းဆောင်မှ သူထွက်ခွာပြီးနောက် ဝမ်ရမ်လဲ့က သူ့လက်ကို နောက်ကျောဘက်သို့ ပစ်လိုက်သည်။ သူသည် ဖြေးညှင်းစွာ လမ်းလျှောက်နေပြီး အလွန်ကောင်းသော စိတ်အခြေအနေ ဖြစ်နေသည်။
"အရှင်မင်းကြီး... အစားထိုးဖို့အတွက် သင့်တော်သူတယောက် တွေ့ရှိထားပါပြီ"
ကျင်းတဲ့သည် ဝမ်ရမ်လဲ့နောက်မှ မှန်ကန်သော အရှိန်နှုန်းဖြင့် လိုက်ပါလာသည်။ မနီးမဝေး ခြေသုံးလှမ်းအကွာမှပင်။
"အရှင့်မှာ တချက်လောက် သွားကြည့်ဖို့ အချိန်ပို ရှိရင် ကြည့်လို့ရအောင်ပါ"
"အိုး! တော်တော်မြန်တာပဲ! သူမကို တွေ့ပြီပေါ့!"
ဝမ်ရမ်လဲ့အသံတွင် စိတ်ဝင်စားမှုတွေ ထုတ်ဖော်နေသည်။
"သွားရအောင်! ကျန်းကို အဲ့ဒီခေါ်သွားပေး"
အဖြူရောင်ဝတ်ထားတဲ့ မိန်းကလေးတယောက်ကို ကျင်းတဲ့က ဝမ်ရမ်လဲ့အရှေ့သို့ ခေါ်လာသည့်အခါ ဝမ်ရမ်လဲ့မှာ တခဏမျှ သစ်သားတုံး ဖြစ်သွားသည်။
"ယွဲ့အာ..."
သူက ထရပ်ပြီး သူမဆီသို့ လျှောက်သွားလိုက်သည်။ သူသည် မိန်းကလေး၏ ချောမွေ့သော မျက်နှာကို ပွတ်သပ်လိုက်သည်။ ဝမ်ရမ်လဲ့က သူမမေးကို ညစ်လိုက်ပြီး သူ့ကို ကြည့်ရန်ဖိအားပေးလိုက်သည်။
ဝမ်ရမ်လဲ့သည် ဒီမိန်းကလေး၏ သွင်ပြင်ကို အလွန်ကျေနပ်မှု ရှိသည်။ သူမသည် ဆယ့်ငါး ဆယ့်ခြောက်နှစ်လောက်သာ ရှိသည်။ သူမသည် ဝမ်ရမ်မင်ယွဲ့ လက်မထပ်ခင်က ပုံစံနှင့် ဆင်တူသည်။ ဒီတခေါက် ကျင်းတဲ့ ရှာလာသော သူသည် ဝမ်ရမ်မင်ယွဲ့နှင့် အတူဆုံးပင်။ တခြားအပိုင်းတွေရော သူမနဲ့တူလဲဆိုတာတော့ ဝမ်ရမ်လဲ့လည်း မသိသေးပေ။
"ကျန်း နားထောင်ရအောင် တခုခုပြောကြည့်!"
"ဒီအစေခံက မင်းကြီးကို နှုတ်ခွန်းဆက်ပါတယ်!"
မိန်းကလေး၏ အသံသည် တောင်ပေါ်မှ အော်ရီအိုငှက်တကောင်၏ အသံကဲ့သို့ သာယာနာပျော်ဖွယ် ရှိသည်။ သို့သော် စကားတခွန်းနှင့်ပင် ဝမ်ရမ်လဲ့က မျက်မှောင်ကြုတ်ပြီး သူမမေးရိုးအား လွှတ်ပေးလိုက်သည်။
"မတူဘူး! ယွဲ့အာအသံက မတုန်ဘူး! မင်းအသံက အရမ်းဟိတ်ဟန်များလွန်းတယ်! ဒါကို ပြောင်းဖို့ လိုတယ်!"
"ဟုတ်ကဲ့!"
ကောင်မလေးက ဝမ်ရမ်လဲ့ကြောင့် ကြောက်လန့်လာပြီး ခေါင်းကို မြန်မြန်ငြိမ့်လိုက်သည်။
"mm... မင်းက ချစ်စရာကောင်းပြီး လိမ်မာတယ်လို့တော့ ယူဆလို့ ရပါတယ်။ ကျင်းတဲ့... မင်းလူတွေ သူမကို ကောင်းကောင်းဂရုစိုက်ပေးလိုက်! သူမကို ရက်အနည်းငယ်လောက် ထပ်ပြီး လေ့ကျင့်ပေးထား! ဖုန်းချန် လက်ထပ်ရင် ဆောင်းဦးရှည်ကြာနန်းဆောင်ဆီ သူမကို ခေါ်သွား!"
"ဟုတ်ကဲ့!"
ကျင်းတဲ့ လက်ဟန်ပြလိုက်သည်။ ချက်ချင်းပင် နန်းတွင်အစေခံနှစ်ယောက် ရောက်လာပြီး မိန်းကလေးအား အဝေးသို့ ခေါ်သွားစေသည်။ မိန်းကလေး ထွက်ခွာသွားသောအခါ ကျန်းတဲ့က ဝမ်ရမ်လဲ့အနီးသို့ ရောက်ရှိလာသည်။
"အရှင်မင်းကြီး... မုရုံချီချီက မဟာပြုလက်ထပ်ဖို့ ရောက်လာတဲ့ ရှီးချီနိုင်ငံက မင်းသမီးတပါး ဖြစ်နေတယ်။ မင်္ဂလာဦးညမှာ သူမသာ တခုခုဖြစ်လို့ရင် သေချာပေါက် ရှီးချီက ဒီကိစ္စကို ဒီတိုင်းထားမှာ မဟုတ်လောက်ဘူး။ ဒါ့အပြင် ရှီးချီကလူတွေလည်း ရန်မြို့တော်မှာ ရောက်နေတော့ တကယ်လို့ ... "
"အဲ့ဒါက ကိစ္စမရှိဘူး"
ဝမ်ရမ်လဲ့က လက်ကို မြှောက်ပြီး ကျင်းတဲ့ကို စကားဖြတ်လိုက်သည်။
" တကယ်လို့ ဆိုတာ မရှိဘူး! မုရုံချီချီဘွဲ့က သပ်သပ်ချီးမြှင့်ထားတဲ့ဟာပဲ! ဒါ့အပြင် ဖုန်းချန်မှာ အဲ့လိုကောဟဟလမျိုး ရှိနေတာပဲ။ သူမ မသေရင်တောင် လူတွေက အံ့သြနေအုံးမယ်။ ဒီကိစ္စအတွက် စိုးရိမ်စရာမလိုဘူး။ ရှီးချီက ဒီကိစ္စကို လွှတ်မပေးနိုင်ဘူးဆိုရင် ကျန်းက မင်းသမီးတပါး ပြန်ပေးလိုက်မယ်"
"အရှင်မင်းကြီး... အရှင်က ဝမ်ရမ်ပေါင်ကျူးကို ဆိုလိုချင်တာလား?"
ဒီနေ့ အစောပိုင်းက ဝမ်ရမ်လဲ့ဆီ ဝမ်ရမ်ပေါင်ကျူး ရောက်လာတာ သတိရမိတော့ ကျင်းတဲ့က ချက်ချင်းသဘောပေါက်လိုက်သည်။
"ပေါင်ကျူးက လုံဇယ်ကျင့်ထျန်းကို သဘောကျနေလို့ ကျန်းဆီ လာတောင်းပန်တာ! ဟီဟီ နောက်ဆုံးတော့ ဖုန်းချန်ကို မစွဲလမ်းတော့ဘူး။ ကျန်း ဒီကိစ္စနဲ့ ပတ်သက်ပြီး တော်တော်လေး ကျေနပ်မိတယ်။ အဲ့ဒီလုံဇယ်ကျင့်ထျန်းအကြောင်းကို ကျန်းလည်း ကြားဖူးတယ်။ သူက မဆိုးပါဘူး။ နောက်ကျရင် သူက သေချာပေါက် ရှီးချီဘုရင်ဖြစ်လာလိမ့်မယ်! ပေါင်ကျူးကို သူနဲ့ လက်ထပ်ပေးလိုက်ရင် ရှီးချီရဲ့အနာဂတ်ဧကရီဟာ ကျန်းသမီး ဖြစ်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးလား? ကျန်း မပျော်နိုင်ပဲ မနေဘူးလား? အချိန်ရရင် ကျန်း လုံဇယ်ကျင့်ထျန်းနဲ့ အဲ့ဒီအကြောင်း ပြောကြည့်ပြီး ဒီကိစ္စကို သူ့သဘောထား ဘယ်လိုရှိတယ်ဆိုတာ ကြည့်ရမယ်"
"မေးကြည့်ဖို့ လိုနေသေးလို့လား? ဒါက သူရှာနေတဲ့ဟာ မဟုတ်ဘူးလား? ပေါင်ကျူးမင်းသမီးကို လက်ထပ်နိုင်ဖို့ ဆိုတာ သူ့ရဲ့ ရှစ်ဘဝလောက် စုဆောင်းခဲ့တဲ့ ကုသိုလ်ကောင်းမှုကြောင့်ပဲ!"
ကျင်းတဲ့၏ စကားကို ကြားသောအခါ ဝမ်ရမ်လဲ့က အလွန်ပျော်ရွှင်မိသည်။ သူ့တွင် သမီးတယောက်တည်းသာ ရှိသည်။ အရင်က သူမသည် သူမနာမည်ဘယ်သူလဲ၊ သူမမျိုးရိုးအမည်က ဘယ်သူလဲဆိုတာ မေ့နေသည်အထိ ဖုန်းချန်အား စွဲလမ်းနေခဲ့သည်မှာ သူ့အား ခေါင်းပင် ကိုက်စေသည်။ လေးနိုင်ငံပြိုင်ပွဲကို သွားပြီးနောက် လုံဇယ်ကျင့်ထျန်းကို သဘောကျလာလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ပေ။ ဒါသည် အလွန်ကောင်းသည်။ ဖုန်းချန် မဖြစ်နေသရွေ့ သူမ ဘယ်သူ့ကို လက်ထပ်ချင်သည်ဖြစ်စေ သူ သဘောတူမိမှာပင်။
"ရှီးချီက အလျော့မပေးသေးဘူးဆိုရင် တာဝန်ရှိတဲ့သူက ဖုန်းချန်ပဲ! ကျန်းနဲ့ ဘာမှမဆိုင်ဘူး။ ကျန်းက ဒါကို အခွင့်ကောင်းယူပြီး ဖုန်းချန်ကို စစ်တပ်ဦးဆောင်ခိုင်းပြီး ရှီးချီကို ဖျက်စီးပစ်လို့ ရသေးတယ်။ ဒါက ပြီးပြည့်စုံတဲ့ ဆင်ခြေပဲ! တကယ်လို့ တခြားတိုင်းပြည်တွေက တယောက်ယောက်ကို တာဝန်ယူခိုင်းရင် မှားယွင်းသူက ဖုန်းချန်ပဲ!"
ဝမ်ရမ်လဲ့က အရာအားလုံးကို လှပစွာ တွေးထားသည်။ ကျင်းတဲ့က သူ့အား ထပ်ကာထပ်ကာ မြှောက်ပင့်လိုက်သည်။
"အရှင်မင်းကြီး ဒါက အရမ်းကောင်းတဲ့ အကြံပဲ! ဒါက အရမ်းကောင်းတဲ့ အကြံပဲ!ဘယ်လိုပဲဖြစ်ဖြစ် ဖုန်းချန်က မင်းကြီးလက်ဖဝါးကို လှန်မပစ်နိုင်ပါဘူး။ မင်းကြီးက ပညာရှိပါပေတယ်"
"ဟား ဟား ဟား!"
မင်းကြီးက ရယ်မောနေစဉ်တွင် ဝမ်ရမ်ပေါင်ကျူးမှာ အရှေ့နန်းဆောင်သို့ ရောက်ရှိနေသည်။
"ပြော! ဘာကိစ္စလဲ? တော်တော်တောင် နောက်ကျနေပြီ! ဘာကြောင့် ညီမတော်က ဒီအိမ်ရှေ့စံမင်းသားဆီ လာရတာလဲ? ငါတို့ကြားက မောင်နှမအချစ်အကြောင်းများ ပြောချင်နေလို့လား?"
ဝမ်ရမ်ဟုန်က အိပ်ချင်စိတ်အပြည့်နှင့် ကြည့်ရင်း သန်းလိုက်သည်။
"အစ်ကိုတော်... ကျောက်လန် သေသွားပြီ!"
ဝမ်ရမ်ပေါင်ကျူး စကားပြောလိုက်သောအခါ ဝမ်ရမ်ဟုန်မျက်နှာပေါ်ရှိ ပင်ပန်းနွမ်းနယ်နေမှုမှာ ချက်ချင်းပျောက်ကွယ်သွားသည်။ သူမ ကျောက်လန်အကြောင်း ပြောတာ ကြားသောအခါ ဝမ်ရမ်ဟုန်က ထိုင်ချလိုက်ပြီး တခြားသူများအား ထွက်ခွာစေသည်။ ဝမ်ရမ်ပေါင်ကျူးးကို နောက်တကြိမ် ပြန်ကြည့်ပြီးသောအခါ ဝမ်ရမ်ဟုန်မျက်လုံးများမှာ မှောင်မိုက်လာသည်။
"ညီမတော်က ဘယ်လိုလုပ်ပြီး ကျောက်လန်နဲ့ ဒီအိမ်ရှေ့စံတို့ကြားက ဆက်ဆံရေးကို ရှာတွေ့သွားတာလဲ?
"ဘာလို့လည်းဆိုတော့ ကျွန်မက ချိုးအာမို့လို့ပါ"
ဝမ်ရမ်ပေါင်ကျူးက သူမမျက်နှာပေါ်မှာ လူ့အရေပြားကို ခွာလိုက်ကာ သူမမျက်နှာအမှန်ကို ထုတ်ဖော်လိုက်သည်။ ဝမ်ရမ်ဟုန်သည် တခဏမျှ ထိတ်လန့်သွားလေသည်။ ပြီးနောက် ဝမ်ရမ်ပေါင်ကျူးက ကျောက်လန်မသေဆုံးမှီ ဖြစ်ပျက်ခဲ့သမျှကို ဝမ်ရမ်ဟုန်အား ပြောပြလိုက်သည်။
"ခွေးသားတွေ..."
နောက်ဆုံးတွင် ကျောက်လန်ခေါင်းကို ဖြတ်ပြီး နှင်းလူရုပ်ပေါ်တွင် တင်ခံရသည်ဟု ဝမ်ရမ်ဟုန်ကြားသောအခါ လက်သီးဖြင့် စားပွဲကို ထိုးလိုက်သည်။
"ခွေးသားတွေ! ကျောက်လန် ဒီအိမ်ရှေ့စံမင်းသားနဲ့ အကြာကြီး အဆက်အသွယ်မရတာလည်း အံ့သြစရာမရှိတော့ပါဘူး။ ဒီအိမ်ရှေ့စံ ပို့လိုက်တဲ့ သူတွေလည်း ကျောက်လန်ကို ရှာမတွေ့ဘူး။ ဒီလိုကြောင့်ကိုး!"
"အရှင့်သား အိမ်ရှေ့စံမင်းသား... ကျေးဇူးပြုပြီး ကျောက်လန်အတွက် ကလဲ့စားချေပေးပါ
ဝမ်ရမ်ပေါင်ကျူးက ဒူးထောက်လိုက်သည်။ သူမခေါင်းသည် ကြမ်းပြင်ကို ထိနေသည်။
"ကျေးဇူးပြုပြီး ကျောက်လန်အတွက် ကလဲ့စားချေပေးပါ"
"အရင် ထပြီး စကားပြောပါ"
ဝမ်ရမ်ဟုန်က ဝမ်ရမ်ပေါင်ကျူးအား မတ်တပ်ရပ်စေလိုက်သည်။ သူ့မျက်နှာက သူမပေါ်တွင် ကွက်တိကျနေပြီး ဝမ်ရမ်ပေါင်ကျူးအား ကြောက်လန့်တုန်လှုပ်သွားစေသည်။ ဒီလူ၏ အကြည့်သည် မည်းမှောင်သော လေထုဖြင့် ပြည့်နှက်နေပြီး အလွန်ကြောက်စရာကောင်းလှသည်။
ဝမ်ရမ်ပေါင်ကျူးသည် တစုံတခုကို မသေချာသလို ဖြစ်နေသည်။ သူမ ဝမ်ရမ်ဟုန်ဆီ လာပြီး အဖြစ်မှန်တွေကို ပြောရတာ တကယ်ရော မှန်ကန်တဲ့ လုပ်ရပ်လား?
"လူ့အရေပြားမျက်နှာဖုံးကို ပြန်တပ်ပြီး ဒီအိမ်ရှေ့စံကို ပြပါအုံး!"
ဝမ်ရမ်ဟုန်က ဝမ်ရမ်ပေါင်ကျူးဆီ တလှမ်းပြီး တလှမ်းလျှောက်သွားလိုက်သည်။ ဝမ်ရမ်ပေါင်ကျူး လူအရေပြားမျက်နှာဖုံး တပ်ဆင်ပြီး ပေကျိုးမင်းသမီးအဖြစ် ပြန်ပြောင်းသွားတာကို ကြည့်လိုက်သည်။
"မဆိုးဘူး! မဆိုးဘူး!"
ဝမ်ရမ်ဟုန် ရောက်ရှိလာပြီး ဝမ်ရမ်ပေါင်ကျူး မျက်နှာကို ညင်သာစွာဖျစ်ညှစ်လိုက်သည်။
"တူတယ်! တကယ်ကို တော်တော်လေးတူတယ်! အသားအရည်က တကယ့်လူတယောက်လိုပဲ တော်တော်လေး နူးညံ့တယ်! မင်းသာ ငါ့ကို အမှန်မပြောဘူးဆိုလျှင် ငါ မင်းကို တကယ်ဝမ်ရမ်ပေါင်ကျူးအစစ်လို့ပဲ ထင်မှာ"
"အရှင့်သား..."
ဘာကြောင့်မှန်းမသိ ဝမ်ရမ်ဟုန်မျက်လုံးထဲမှ ပြင်းပြသော ဆန္ဒများကို မြင်ရပြီး ဝမ်ရမ်ပေါင်ကျူးအား ကြောက်လန့်သွားစေသည်။
"အရှင့်သား... ကျောက်လန်..."
"ဘာမှမဟုတ်ဘူး ဒါပေမယ့် ဘာလို့လူသေတယောက်ကို စကားထဲ ထည့်ပြောနေတာလဲ? အသုံးမကျတဲ့ကောင်! ရိုးရိုးကိစ္စလေးကိုတောင် ကောင်းကောင်းမလုပ်နိုင်ဘူး! သူ သေဖို့ပဲ ထိုက်တန်တယ်!"
ဝမ်ရမ်ဟုန်က ဝမ်ရမ်ပေါင်ကျူးစကားကို ဖြတ်လိုက်သည်။ သူ့အကြည့်တွေက ပြုံးရွှင်စွာဖြင့် သူမကိုပေါ်တွင် ဝေ့ဝဲနေသည်။
"ဒီအိမ်ရှေ့စံမင်းသား စိတ်ဝင်စားနေတာက မင်းကိုပဲ... ငါ့ရဲ့ ချစ်လှစွာသော ညီမလေး"
"အရှင့်သား!"
ဘာလဲဆိုတာ ဝမ်ရမ်ပေါင်ကျူး နားမလည်သေးင် သူမသည် ဝမ်ရမ်ဟုန်၏ ရင်ခွင်တွင်းသို့ သူ့လက်ကြီးဖြင့် ဆွဲယူခြင်း ခံလိုက်ရသည်။ သူ့လက်နှစ်ဖက်လုံးဖြင့် သူမခါးကို ဖက်တွယ်ထားသည်။ သူ့ခွန်အားက ကြီးသောကြောင့် ဝမ်ရမ်ပေါင်ကျူးအနေဖြင့် မလွတ်မြောက်နိုင်ပေ။
"အရှင့်သား... ကျွန်မက မင်းသမီးမဟုတ်ပါဘူး! ကျွန်မက မဟုတ်...!"
"ဟီဟီ မင်း မဟုတ်ဘူးဆိုတာ ဒီအိမ်ရှေ့စံမင်းသားက သိပါတယ်! မင်းက အရမ်းအသံကျ
်တာပဲ! လူတိုင်း ဒီကိုရောက်လာအောင် မင်းက ခေါ်ချင်နေတာလား? ဒါမှမဟုတ် ဒီအိမ်ရှေ့စံမင်းသားရဲ့ ခမည်းတော်မင်းကြီး ဒီကို ရောက်လာပြီး မင်းက အတုဆိုတာ သူ့ကို သိစေချင်လို့လား? Mm?"
ဝမ်ရမ်ဟုန်လေသံက ဒီနေ့ သူမ ဒီကိုလာခဲ့တာဟာ အမှားတခု ဖြစ်တယ်ဆိုတာကို ဝမ်ရမ်ပေါင်ကျူးအား သဘောပေါက်စေသည်။
မူလက သူမသည် ဝမ်ရမ်ဟုန်လက်ကို သုံးပြီး သူမ ရွံမုန်းနေသည့် သူများကို ဖယ်ရှားပစ်ချင်ခဲ့သည်။ သူမကိုယ်သူမ ဝမ်ရမ်ဟုန်ပါးစပ်ဝသို့ ပို့လာမိသည်ဟု မထင်မိသလို သူမကို ထိုအချက်အား သုံး၍ ခြိမ်းခြောက်ခံရမည်ဟုလည်း မထင်ခဲ့ပေ။ အခု သူမ မည်မျှ မိုက်မဲသည်ဖြစ်စေ၊ သူ့မျက်လုံးများမှ ကြီးမားသော ဆန္ဒမှတဆင့် သူ့အတွေးများကို သူမ မြင်နိုင်သည်။
"ဘာလဲ? ရှင် ဘာကို လိုချင်တာလဲ?"
ဝမ်ရမ်ပေါင်ကျူးက သူမအသံထဲမှ တုန်ယင်နေမှုကို ဖိနှိပ်လိုက်ရင်း သူမကိုယ်သူမ ပြန်တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။
"ဒီအိမ်ရှေ့စံမင်းသားကို အစ်ကိုတော်လို့ မင်းခေါ်တာကို ဒီအိမ်ရှေ့စံမင်းသားက ပိုကြိုက်တယ်"
ဝမ်ရမ်ဟုန်၏ လက်က သူမခါးစည်းကြိုး၏ အစွန်းစကို ဖြေလျော့လိုက်သည်။
"လိမ်မာစမ်းပါ... ဒီအိမ်ရှေ့စံမင်းသားကို မင်းခေါ်လိုက်တာလေး တကြိမ်လောက် ကြားခွင့်ပြုပါ"
"အစ်... အစ်ကိုတော်!"
'အစ်ကိုတော်' ဆိုသော စကားသည် ဝမ်ရမ်ဟုန်အား စိတ်လှုပ်ရှားစေသည်။ သူ၏ ကြီးမားသော လက်ကြီးသည် အထဲကို ဝင်ရောက်လာပြီး ဝမ်ရမ်ပေါင်ကျူး၏ နူးညံ့သည့် တိမ်စိုင်ကို ဆုပ်ကိုင်လိုက်သည်။
"ဒီအိမ်ရှေ့စံမင်းသားက ယောကျ်ားတွေကိုလည်း ကြိုးစားဖူးတယ်၊ မိန်းမတွေကိုလည်း ကြိုးစားဖူးတယ်၊ ဒါပေမယ့် ညီမရင်းကိုတော့ မကြိုးစားဖူးဘူး! မင်းက ဒီအိမ်ရှေ့စံမင်းသားရဲ့ ညီမအရင်း မဟုတ်ပေမယ့်လည်း ဒီမျက်နှာကတော့ ဟုတ်နေတယ်"
ဝမ်ရမ်ပေါင်ကျူးမှာ ကြက်သေသေသွားမိသည်။ ဝမ်ရမ်ဟုန်တွင် ဤမျှညစ်ပတ်သော အတွေးမျိုး ရှိလိမ့်မည်ဟု သူ လုံးဝထင်မထားမိပေ။ သူဟာ လူသားမဟုတ်ဘူးပဲ! (ဖအေတူသားပါ)
"ဘာလဲ? မင်းက ဒီအိမ်ရှေ့စံမင်းသားကို လူမဆန်ဘူးလို့ ပြောချင်နေတာလား? "
ဝမ်ရမ်ပေါင်ကျူး တစုံတရာမပြောရသေးခင် ဝမ်ရမ်ဟုန်က သူမအတွေးကို ကျယ်လောင်စွာ ပြောလာသည်။
"သေချာပေါ့! ဒီအိမ်ရှေ့စံမင်းသားက လူမဟုတ်ဘူး! ဒီအိမ်ရှေ့စံမင်းသားက ကောင်းကင်ဘုံရဲ့ အနာဂတ်သားတော်ပဲ! ကောင်းကင်ဘုံကတောင် ဂုဏ်ယူရတဲ့ သားတော်ပဲ! ငါက ဘာလို့ သာမာန်လူနဲ့ တူရမှာလဲ?"
"အရှင့်သား!"
ဝမ်ရမ်ပေါင်ကျူးက 'အရှင့်သား' ဟု တခွန်းခေါ်မိရုံတွင် ဝမ်ရမ်ဟုန်က သူမတိမ်စိုင်ကို အားသုံး၍ ဖျစ်ညစ်လိုက်သည်မှာ မျက်ရည်များ ထွက်ကျလုမတတ် ဖြစ်သည်အထိ ဝမ်ရမ်ပေါင်ကျူးမှာ အလွန်နာကျင်ရစေသည်။
"မလိမ်မာဘူး! ဒီအိမ်ရှေ့စံမင်းသားက မင်းရဲ့ အစ်ကိုတော်လေ။ လိမ်မာစမ်းပါ! ဒီအိမ်ရှေ့စံမင်းသားကို အစ်ကိုတော်လို့ ခေါ်စမ်း! ဒီလိုမှမဟုတ်ရင် မင်းကို နန်းတော်ထဲ ပို့ပြီး မင်းက မင်းသမီးအတုဆိုတာ ခမည်းတော်ကို အသိပေးလိုက်မယ်"
"အစ်ကိုတော်..."
ဝမ်ရမ်ပေါင်ကျူး ငိုချင်သော်လည်း မျက်ရည်မရှိပေ။
အဆုံးသတ်တော့ သူမ ဘာဖြစ်ခဲ့လဲ? သူမခေါင်းထဲ မစင်တွေနဲ့ ပြည့်နေတာပဲ ဖြစ်မယ်! မုရုံချီချီကို ဖယ်ရှားချင်တာကြောင့် သူမရဲ့ လျှို့ဝှက်ချက်ကို ဒီလူဆီ ပို့ခဲ့တယ်။ ပြီးတော့ ဒီကိစ္စကြောင့် စော်ကားခြင်း ခံခဲ့ရတယ်။ သူမသာ ဘာမှ မပြောခဲ့မိရင် ဝမ်ရမ်ပေါင်ကျူးအဖြစ် ဆက်ဟန်ဆောင်ပြီး လုံဇယ်ကျင့်ထျန်းနဲ့ လက်ထပ်၊ ကျင်းဝမ်ဖေးဖြစ်ပြီး နောက်ဆို ရှီးချီရဲ့ ဧကရီဖြစ်လာ၊ ဘယ်လောက်ကောင်းလိုက်မလဲ? ဘာကြောင့် သူမ အရမ်းမိုက်မဲခဲ့ရတာလဲ?