Zaw
တကယ္ေတာ့ ခ်န္သိအေနျဖင့္ ရႊီႏ်န္ႏွင့္ ခ်န္းခ်န္ၾကား ဆက္ဆံေရး အေျခအေနမွာ မည္သို႔ရွိေနမွန္း ေသခ်ာမသိေပ။ သူ႔ေဘာ့စ္ အေပၚတြင္ထားရွိေသာ သူ၏ အျမင္မွာ 'ထိုလူသည္ ေခြးခ်င္းအတူတူဆိုလ်င္ေတာင္ ေခြးထီးဆိုလၽွင္ ေမြးလိမ့္မည္မဟုတ္သည့္ အထူးတလည္မွပင္ေျဖာင့္သည့္ အေျဖာင့္လူသား အမ်ိဳးအစား" ဟူ၍ ျဖစ္သည္။ သို႔ေသာ္လည္း လက္ရွိမွာေတာ့ သူေဘာ့စ္သည္ 'ေန႔လည္စာ လာပို႔ေပးၿပီး အဝတ္အစားကူခၽြတ္ေပးသည့္ လုံးဝၿပီးျပည့္စုံသည့္ ဇနီးေလးကဲ့သို႔ေသာ' ထို အခ်စ္ကေလးထံတြင္ လုံးဝကို က်ဆုံးေနသည္ကို ရွင္းလင္းစြာ ျမင္ေနရေလသည္။
ရႊီႏ်န္သည္ ခ်န္းခ်န္အတြက္ ရက္သတၱပတ္ တစ္ပတ္လုံးလုံး ေန႔လည္စာ ယူလာေပးၿပီးေနာက္တြင္ သူယူလာသည့္ အစားအေသာက္မ်ား ၏ အားလုံးနီးပါးသည္ တူကို ကိုင္လိုက္ခ်ိန္မွစ၍ စားေသာက္ၿပီးစီးခ်ိန္အထိ ခ်န္းခ်န္၏ ေျခေထာက္မ်ားကို လႈပ္ေစႏိုင္ခဲ့သည္။
အတူတူအိပ္ျခင္း ၊ အရက္မူးေနေသာ ေဘာ့စ္ကို ဂရုစိုက္ေပးျခင္း၊ စသည္ကဲ့သို႔ေသာ တျခားေသာ ဝန္ေဆာင္မႈမ်ားဟာလည္း၊ အင္း၊ ရႊီႏ်န္ အတြက္ ကိုင္တြယ္ရ လြယ္ကူသည့္ အရာမ်ား ျဖစ္လာခဲ့၏။
ခ်န္းခ်န္အား စိတ္ေက်နပ္ ေပ်ာ္ရြင္ေစရန္မွာ ခက္ခဲ့ေသာ္ျငားလည္း သူက ေငြေတြကိုေတာ့ အလြယ္တကူ ေပးတတ္သည္။ ထိုေန႔တြင္ ရႊီႏ်န္ကို ျမင္သေရြ႕ ထိုညတြင္ ရႊီႏ်န္၏ ဘဏ္အေကာင့္ထဲသို႔ ေငြ အနည္း ႏွင့္အမ်ား ဝင္လာလိမ့္မည္ျဖစ္သည္။
ေျပာရလၽွင္ က်ိက်ိတက္ခ်မ္းသာေသာ ဖခင္သူေဌးက သားျဖစ္သူအတြက္ အိတ္ေဆာင္မုန္႔ဖိုး ေပးေနသကဲ့သို႔ပင္ ျဖစ္ၿပီး ထို႔ေၾကာင့္ပင္လၽွင္ ဆုံးရႈံးသြားေသာ ေငြမ်ားအတြက္ နာက်င္ခံစားရျခင္းမရွိ သကဲ့သို႔ပင္ ျဖစ္ေလ၏။
ခ်န္သိသည္ သူ႔ဒုတိယသခင္ေလး 'မၾကာမၾကာလာေရာက္ကာ သူ႔အလုပ္အေပၚ အရည္အေသြးမ်ားတိုးတက္ေစရန္ စစ္ေဆးမႈမ်ား' အေပၚတြင္ အသားက်ေနၿပီ ျဖစ္သည္။ ရႊီႏ်န္သည္ ေဖာ္ေရြၿပီး တာဝန္ေက်ပြန္သူတစ္ေယာက္လည္း ျဖစ္ကာ 'အတြင္းေရးမႉး' သူ႔အား မည္သည့္ ဒုကၡမွ်မေပးခဲ့ဖူးေပ။ မတူညီေသာ ယခင္ကဆိုလွ်င္ျဖင့္ ခ်န္းခ်န္ တစ္ေယာက္ သူ႔ရည္းစားမ်ားကို စိတ္ဆိုးသည့္ အခါမ်ိဳးတြင္ သူက၊အတြင္းေရးမႈးတစ္ေယာက္အေနျဖင့္ ထိုသူတို႔ၾကား ေျပလည္ေအာင္ ညႇိေပးရေလသည္။
"အတြင္းေရမႉး ခ်န္"
ခ်န္းခ်န္ကို သက္ေတာင့္သက္သာ အိပ္ေပ်ာ္ေစရန္ ကူညီၿပီးေနာက္ ရႊီႏ်န္သည္ ထမင္းဘူးအလြတ္ကို ကိုင္လ်က္ ထြက္လာသည္။ ခ်န္သိကို ျမင္ေသာအခါ သူက ႏႈတ္ဆက္လိုက္၏။
အတြင္းေရးမႉးခ်န္က သူ႔ မ်က္လုံးမ်ား မျမင္ရေတာ့သည္အထိ ျပဳံးျပလိုက္ၿပီး
"အလုပ္ႀကိဳးစားခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္"
ရႊီႏ်န္ကလည္း ျပဳံးလိုက္ကာ
"ကၽြန္ေတာ္လုပ္သင့္တာပါ"
ခ်န္သိက ေျပာသည္။
"လာမယ့္အပတ္မွာ မင္း ေဂါ့ဖ္(golf)ရိုက္ သြားရမယ္ဆိုတာ သိထားတယ္မလား?"
ရႊီႏ်န္က ေခါင္းညိတ္လိုက္သည္။
"ကၽြန္ေတာ္သိပါတယ္။ ကၽြန္ေတာ္ အားကစားဝတ္စုံေတာင္ အသင့္ျပင္ထားၿပီးသြားၿပီ"
ခ်န္သိ မ်က္ခုံး ပင့္လိုက္၏။
ပေရာဖက္ရွင္နယ္ သၾကားကေလးေလးျဖစ္ေသာ ရႊီႏ်န္သည္ ေဘာ့စ္၏ေငြမ်ားကို လုံးဝဥသုံ စုထားလိမ့္မည္မဟုတ္တာေၾကာင့္၊ ယခုခ်ိန္မွာေတာ့ သူသည္
"အဲ့ဒါက ပိုက္ဆံ ျဖဳန္းသလို ျဖစ္မေနဘူးလား?"
ဟူသည့္ ခပ္တုံးတုံး ေမးခြန္းမ်ိဳးႏွင့္ တျခား ဆင္တူေသာေမးခြန္းမ်ိဳး ထပ္ၿပီး ေမးေတာ့မွာ မဟုတ္ေခ်။
"ကၽြန္ေတာ္ ေနာက္ပိုင္း ရက္နည္းနည္းေလာက္ လာႏိုင္မွာမဟုတ္ဘူးထင္တယ္"
ရႊီႏ်န္က ခြင့္ယူမည့္အေၾကာင္းကို ရုတ္တရတ္ ေျပာလာသည္။
" ေက်းဇူးျပဳၿပီး ကၽြန္ေတာ့္အစား ေဘာ့စ္ကိုေျပာေပးပါဦး"
ခ်န္သိ ႏွလုံးသားေလး မတည္မၿငိမ္ ျဖစ္သြားသည္။
"ဘာမ်ား ျဖစ္လို႔လဲ?"
ခ်န္းခ်န္က ေနာက္ထပ္ရည္းစားတစ္ေယာက္ကို စိတ္ဆိုးကာ ထပ္ၿပီး အဆက္ျဖတ္ပစ္လိုက္မည္ကို သူတကယ္ကိုပင္ ေၾကာက္၏။
"ကၽြန္ေတာ္ ကားေမာင္းသင္မလို႔"
ရႊီႏ်န္က ျပန္ေျဖသည္။
ပထမေတာ့ ခ်န္သိနားမလည္လိုက္ေပ။
"ကား.....ကားေမာင္းသင္မယ္?"
ရႊီႏ်န္က သြားစြယ္ေလးႏွစ္ေခ်ာင္း ေပၚသည္အထိ အလြန္ကို ဘဘာဝတက်ပင္ ျပဳံးလိုက္ကာ
"အင္း၊ အနာဂတ္မွာ ေဘာ့စ္က ကၽြန္ေတာ့္ကို ကားလက္ေဆာင္ေပးခဲ့ရင္ ေမာင္းရေအာင္လို႔ေလ"
ခ်န္သိ : "......"
ေနက္တစ္ေန႔မွာေတာ့ ရႊီႏ်န္က ေန႔လည္စာပို႔ရန္ တကယ္ကို ေရာက္မလာခဲ့ေပ။ ခ်န္သိက စားစရာတစ္ခ်ိဳ႕ဝယ္လာၿပီးေနာက္ ေပးရန္အတြက္ ခ်န္းခ်န္၏ရုံးခန္းဆီသို႔ သြားလိုက္သည္။ သူသည္ ဆိုဖာေပၚတြင္ ထိုင္လ်က္ ေျခေထာက္လႈပ္ရင္းျဖင့္ ေစာစီးစြာပင္ အသင့္ေစာင့္ဆိုင္းေနသည့္ ေဘာ့စ္ျဖစ္သူကို ေတြ႕လိုက္ရသည္။ ခ်န္းခ်န္က ဝင္လာသူမွာ သူ႔အတြင္းေရမႉးသာျဖစ္ေနသည္ကို ေတြ႕ေသာအခါ လႈပ္ရွားလ်က္ရွိေနသည့္ ေျခေထာက္တို႔က ခ်က္ခ်င္းပင္ ရပ္တန္႔သြား၏။ မ်က္ခုံးတို႔ကလည္း တြန္႔ကုပ္ကာ ေမးလာသည္။
"ရႊီႏ်န္က ဘယ္မွာလဲ?"
ခ်န္သိက ဝယ္လာေသာ အစားေသာက္ဘူးမ်ားကို စားပြဲေပၚတင္လိုက္ၿပီး ရွင္းျပလိုက္သည္။
"သူက ကားေမာင္းသင္ေနပါတယ္"
"ကားေမာင္းသင္တယ္?"
ခ်န္းခ်န္၏ မ်က္ႏွာအမူအယာမွာ ပို၍ပင္ ၾကည့္ရဆိုးသြားကာ
"သူက ဘာကိစၥကားေမာင္းသင္ရတာလဲ?"
ခ်န္သိ ၏ ကိုယ္ပိုင္အေတြးမွာေတာ့ ဤသို႔ျဖစ္၏။
'သူက သူေမာင္းရမယ့္ကားတစ္စီး ေဘာ့စ္ လက္ေဆာင္ေပးမွာကို ေစာင့္ေနလို႔ေပါ့ဗ်ာ။'
သို႔ေပမယ့္ သူပါးစပ္မွ အက်င့္ပါစြာပင္ ထုတ္ေျပာလိုက္သည္ ကေတာ့ သူ႔ ဒုတိယသခင္ေလး ေကာင္းက်ိဳးျဖစ္ေစမည့္ စကားလွလွေလးမ်ား ပင္ ျဖစ္သည္။
"အနာဂတ္မွာ သူက ေဘာ့စ္အတြက္ ကားေမာင္းေပးခ်င္လို႔ ျဖစ္ပါလိမ့္မယ္"
ခ်န္းခ်န္၏ နားက အနည္းငယ္ လႈပ္ရွားသြားၿပီးေနာက္ တိတ္ဆိတ္သြား၏။ ရုတ္တရတ္ပင္ သူက သူ႔ကိုယ္သူ တည္တည္ၿငိမ္ၿငိမ္ပုံေပၚေစလိုက္ၿပီးေနာက္ ေျပာလိုက္သည္။
"သူက အဲ့လိုေျပာတာလား?"
"ဟုတ္"
"ဟမ့္"
ခ်န္းခ်န္၏ ေျခေထာက္က တစ္ခဏမွ် လႈပ္ရွား သြားခဲ့ၿပီး၊
"အိမ္မက္ပဲ မက္ေနလိုက္!"
ခ်န္သိ : "......"
သူ၏ တကၠသိုလ္ေက်ာင္းအလုပ္မ်ားမွာ အရမ္းမမ်ား/မရႈပ္ေပ။ ထို႔ေၾကာင့္မို႔ ဤအခ်ိန္သည္ သူကားေမာင္းသင္ရန္အတြက္ အသင့္ေတာ္ဆုံး အခ်ိန္ကာလပင္ျဖစ္သည္။ သူ႔ေက်ာင္းလခမ်ား ေပးသြင္းခ်ိန္၌ လီဖန္သည္ ကုန္က်စားရိတ္ႏွင့္ ပတ္သတ္ၿပီး မေမးခ်င္ခဲ့ေပ။။ သူမက ရႊီႏ်န္အားလက္က်န္ေငြ အေၾကာင္းကိုသာ ေမးျမန္းခဲ့သည္။
" ကၽြန္ေတာ္ အခ်ိန္ပိုင္းအလုပ္တစ္ခု လုပ္ေနတယ္"
ရႊီႏ်န္က သူမကို စိတ္ေအးေအးထားႏိုင္ရန္ ေျဖာင္းျဖသည္။
"ၿပီးေတာ့ အဲ့ဒီက လခက ေတာ္ေတာ္မ်ားတယ္"
လီဖန္က သူ႔ကို မယုံေပ။
"ဘယ္လို အလုပ္မ်ိဳးက ပိုက္ဆံအဲ့ေလာက္မ်ားမ်ား ေပးမွာလဲ?"
"ကၽြန္ေတာ္က B တကၠသိုလ္ကေက်ာင္းသားေလ။ ဒါေၾကာင့္မို႔ ကၽြန္ေတာ္ သုေတသနအဖြဲ႕တစ္ခုမွာ ဝင္ပါခြင့္ရထားတယ္။ ၿပီးေတာ့ အဲ့ဒီအဖြဲ႕မွာ ပရုိဂရမ္အတြက္ ေထာက္ပံ့ေပးတဲ့ သူေတြ ရွိတယ္"
လီဖန္၏သံသယမွာ အနည္းငယ္ က်န္ေနေသး၏။
"တကယ္ေသခ်ာလား??"
ရႊီႏ်န္က လုံးဝကို အေလးအနက္ပုံျဖင့္
"ဒါေပါ့၊ ကၽြန္ေတာ္တို႔ ပေရာဖက္ဆာက ကၽြန္ေတာ့္ကို အေတာ္ေလး အေကာင္းျမင္ျပီးေတာ့ ကၽြန္ေတာ္က အမ်ားႀကီး တက္လမ္းရွိတယ္လို႔လည္း ခန္႔မွန္းထားေသးတယ္။ ဒါေၾကာင့္မို႔လည္း သူနဲ႔အတူ သုေတသနလုပ္ဖို႔ ေခၚတာေပါ့။ ကၽြန္ေတာ္တို႔ သုေတသန ရလဒ္ ထြက္လာရင္ ကၽြန္ေတာ္ ဘြဲ႕မရေသးခင္မွာေတာင္ ေယဘူယ်အားျဖင့္ ခိုင္မာတဲ့ ေနရာတစ္ခု ရထားၿပီးသား ျဖစ္ေနလိမ့္မယ္"
လီဖန္က သက္ျပင္းခ်သည္။
"ဒီလိုဆိုရင္ေတာ့ မင္း၊ မင္းရဲ႕ ပေရာဖက္ဆာအေပၚ ေကာင္းေပးသင့္တယ္။ ေျပာစကား ေကာင္းေကာင္းနားေထာင္၊ ၿပီးေတာ့ မင္းရဲ႕ ပေရာဖက္ဆာကို စိတ္ဆိုးေအာင္ မလုပ္မိေစနဲ႔"
ရႊီႏ်န္က ညင္ညင္သာသာ ျပဳံးလိုက္ၿပီး
"ဟုတ္ကဲ့ပါဗ်ာ"
ကားေမာင္းသင္တန္းေက်ာင္းသည္ ၿမိဳ႕ျပင္တြင္ တည္ရွိတာျဖစ္ၿပီး ရႊီႏ်န္မွာ ေန႔လည္ပိုင္းတြင္ တက္ရမည့္ အတန္းခ်ိန္ တစ္ခ်ိန္ ရွိသည္။ ထို႔ေၾကာင့္ ေလ့က်င့္ျခင္းမ်ား ၿပီးစီးခ်ိန္သည္ ညစာစားခ်ိန္ကို အေတာ္ေလး ေက်ာ္လြန္ၿပီးခ်ိန္သာ ျဖစ္လိမ့္မည္ျဖစ္သည္။ ကံေကာင္းစြာနဲ႔ပဲ သူက အိမ္မွာ စားစရာတခ်ိဳ႕ ျပင္ဆင္ေပးခဲ့တာမို႔ သူ႔မိခင္ ဗိုက္ဆာေနမည္ကိုေတာ့ စိတ္ပူရန္ မလိုအပ္ေပ။ သူ႔အတြက္ကေတာ့ ၿမိဳ႕ျပင္ပိုင္း အစြန္အဖ်ားနားမွာပဲ ၾကဳံရာတစ္ခုခုႏွင့္ ဗိုက္ျဖည့္ရန္ စီစဥ္ထား၏။
သို႔ေပမယ့္လည္း ၊ေနာက္တစ္ေန႔ ေန႔လည္ပိုင္းအတန္းၿပီးခ်ိန္၌ သူသည္ ကားရပ္နားရာေနရာနားတြင္ ခ်န္သိႏွင့္ ဆုံေလသည္။
ၾကည့္ရတာေတာ့ အတြင္းေရးမူး ခ်န္မွာ သူ႔ကို အေတာ္ၾကာ ေစာင့္ေနခဲ့ရပုံရသည္။သူသည္ ပထမဆုံး အႀကိမ္အျဖစ္ အစျပဳကာ ကားေပၚမွဆင္းလာၿပီး သူ႔(XN)အတြက္ ႀကိဳတင္ကာ ကားတံခါး ဖြင့္ေပးေလသည္။
"ႏွစ္ရက္ပဲ ရွိေသးတယ္ မင္းအသားေတြ နည္းနည္းေတာင္ ညိဳသြားၿပီပဲ"
ရႊီႏ်န္က သူ႔မ်က္ႏွာသူ ထိၾကည့္လိုက္သည္။
"ကၽြန္ေတာ္ ညဳိသြားတာလား?"
ခ်န္သိက သူ႔ကို ေသခ်ာဂရုတစိုက္ ၾကည့္လိုက္ၿပီး
"နည္းနည္း။ မင္း ေနေလာင္ခံခရင္မ္ လိမ္းသင့္တယ္။ ငါတို႔ေဘာ့စ္က ျဖဴေဖြးတာေလးေတြကို ပိုႀကိဳက္တာ"
ရႊီႏ်န္က သူ႔မ်က္ခုံးတို႔ကို တြန္႔လိုက္ၿပီး အမွန္တကယ္ နည္းနည္းေလာက္ ဒုကၡမ်ားေနပုံႏွင့္ ေျပာ၏။
"ဒါဆိုလည္း Watson*ကို သြားၾကရေအာင္"
"ဘာလုပ္ဖို႔လဲ?"
"ျဖဴးေဖြးလွပေစမယ့္ မ်က္ႏွာေပါင္းတင္တဲ့ ကပ္ခြာ ဝယ္မလို႔ေပါ့"
"....... မင္းကေတာ့ အရမ္းကို ႏွစ္ျမႇပ္ထားတာပဲ!!!"
ခ်န္သိက သူ႔ကို စားေသာက္ရန္ ဆိုင္တစ္ဆိုင္သို႔ ေခၚသြားသည္။ ရႊီႏ်န္က သူတို႔ ခ်န္းခ်န္းႏွင့္ ဆုံရလိမ့္မည္ဟု ထင္ထားခဲ့တာျဖစ္ေပမယ့္ အဆုံးမွာေတာ့ တကယ္ကို သူတို႔ႏွစ္ေယာက္တည္းသာ ျဖစ္သည္။
ခ်န္သိက သူ႔အတြက္သူ အမဲအူၾကမ္းကို အိုးထဲထည့္လိုက္ရင္း ဂရုမစိုက္ေသာ ပုံျဖင့္ ေျပာသည္။
"ဒါက အရမ္းမေကာင္းဘူးလား? အခုက စားေသာက္ရမယ့္အခ်ိန္ႀကီးမွာ တကယ္လို႔ သူသာ ရွိေနရင္ ငါ့တို႔ႏွစ္ေယာက္စလုံး ေကာင္းေကာင္း စားလို႔ရမွာ မဟုတ္ဘူး"
ရႊီႏ်န္က ျပဳံးကာ ေမးလိုက္သည္။
"သူရဲ႕ စားေသာက္တဲ့ပုံစံက အရင္ကေရာ အျမဲတမ္း ဒီလိုမ်ိဳးပဲလား?"
"ေဘာ့စ္က သူ႔ရဲ႕အခုလက္ရွိေနရာအထိ ေရာက္ႏိုင္ဖို႔အတြက္ ခက္ခဲမႈေတြ အမ်ားႀကီး ေက်ာ္ျဖတ္ခဲ့ရတာ"
ခ်န္သိက စားေသာက္ေနရင္းပင္ သူ႔ေဘာ့စ္၏ အတိတ္ဇာတ္ေၾကာင္းကို ေျပာျပေနခဲ့သည္။
"ၿပီးခဲ့တဲ့တစ္ေခါက္ မင္းသူနဲ႔အတူ သူ႔ဆရာရဲ႕ အိမ္ကို သြားတုန္းက မင္းလည္း ျမင္ခဲ့မွာပဲ။ သူက ၊ အင္း၊ သူက တကယ့္ကို ပညာတတ္တစ္ေယာက္။ အဲ့ဒါထက္ပိုတာက သူက ဇီဝေဗဒ ေမဂ်ာ အထူးျပဳ သင္ခဲ့တာ။ သူဘြဲ႕မရခင္ကတည္းက grain & oil technology* နယ္ပယ္မွာ စၿပီး အလုပ္ဝင္လုပ္ေနၿပီ။
သူ႔ဆရာနဲ႔အတူတူေပါ့။ေနာက္ပိုင္းက်ေတာ့ သူက ကိုယ္ပိုင္တီထြင္မႈ မူပိုင္ခြင့္ရသြားၿပီး တျဖည္းျဖည္းနဲ႔ ကိုယ္ပိုင္ စီးပြားေရးလုပ္ငန္း တည္ေထာင္ခဲ့တာ"
ရႊီႏ်န္က အဆုံးစြန္ေသာ အာရုံစိုက္မႈတို႔ျဖင့္ နားေထာင္ေနခဲ့သည္။
ခ်န္သိက သူ႔ကို လက္ဖက္ရည္ၾကမ္းတစ္ခြက္ ငွဲ႔ေပးလိုက္ၿပီး ဆက္ေျပာသည္။
"တိုက္တိုက္ဆိုင္ဆိုင္နဲ႔ပဲ ဒီႏိုင္ငံထဲမွာ အဲ့ဒီလိုမ်ိဳး နည္းပညာမ်ိဳးကို လိုအပ္ခ်က္က အေတာ္ေလး အားေကာင္းေနေတာ့ သူ႔အတြက္ ကံေကာင္းမႈလို႔ေျပာရမွာေပါ့၊ေရကန္အသင့္ ၾကာအသင့္ * ေလ။ အဲ့လိုနဲ႔ပဲ ကုမၸဏီကို ဒီေန႔လို႔ ျဖစ္လာတဲ့အထိ လမ္းေၾကာင္းေပၚ တင္ေပးႏိုင္ခဲ့တာပဲ"
ရႊီႏ်န္က နည္းနည္းေလာက္ စပ္စုခ်င္သြားသည္။
"သူ႔ ေဒါသကေရာ အျမဲတမ္း ဒီပုံစံအတိုင္းပဲလား?"
"နည္းပညာဆိုင္ရာ သုေတသနပညာရွင္ ဆယ္ေယာက္မွာ ကိုးေယာက္ေလာက္က ေခါင္းေၾကာမာတယ္၊ ေနာက္ က်န္တဲ့တစ္ေယာက္ကေတာ့ ေခါင္းေၾကာမာတဲ့ေနရာမွာ အမာတကာ့ အမာဆုံးေပါ့။ ငါ့တို႔ရဲ႕ေဘာ့စ္က အဲ့ဒီ အမာတကာ့အမာဆုံး တစ္ေယာက္ပဲ"
ရႊီႏ်န္: "......"
ခ်န္သိက ထပ္ေျပာသည္။
"ဒါေပမယ့္ ငါတို႔ေဘာ့စ္ရဲ႕ ႏွလုံးသားကေတာ့ မဆိုးရြားပါဘူး။ သူက စီးပြားေရးလုပ္တဲ့ေနရာမွာ အတုအေယာင္လုပ္တာေတြနဲ႔ လွည့္ကြက္ေတြ သုံးတာမ်ိဳး လုပ္တတ္တဲ့သူမ်ိဳး မဟုတ္ဘူး။"
ရႊီႏ်န္က ရုတ္တရတ္ ေမးလိုက္သည္။
"သူက အျမဲတမ္း လူတကာကို အရမ္းကာေရာ ရက္ေရာတတ္တာလား?"
"သူက မင္းအေပၚမွာပဲ တအားႀကီး ရက္ေရာတာပါကြာ"
ခ်န္သိက သူ႔ကို မ်က္လုံးတစ္ဖက္ မွိတ္ျပကာ သက္ျပင္းခ်လိုက္ၿပီး
"မင္း ဘာအကြက္ေတြ သုံးထားလဲေတာ့မသိေပမယ့္ ဒီေန႔လည္း မင္းကို ႀကိဳဖို႔ပဲသူကငါ့ကို လႊတ္လိုက္တာေလ။ ၿပီးေတာ့ မင္း ဒီကားကို စမ္းေမာင္းၾကည့္လို႔လည္းရတယ္။"
ခ်န္းခ်န္၏ ကားသည္ Mercedes Benz E class အမ်ိဳးအစားျဖစ္သည္။ ခ်န္သိက ဒါရိုင္ဘာေဘးမွ ခုံတြင္ရွိေနတာေၾကာင့္ ရႊီႏ်န္က ကားေမာင္းၾကည့္ရမည္ကို မေၾကာက္ေပ။
ခ်န္သိက လူသြားလူလာရွင္းေသာ လမ္းကို ရွာေပးထားတာေၾကာင့္ သူ အႀကိမ္အနည္းငယ္ ပတ္ေမာင္းလိုက္သည္။ ေမာင္းၿပီးသြားေသာအခါ ရႊီႏ်န္က သိသိသာသာ ရဲရင့္လာၿပီး သူမ်က္လုံးမ်ား တလက္လက္ ေတာက္ပေနေတာ့သည္။
"သေဘာက်လား?"
ခ်န္သိက ေမးလိုက္သည္။
ရႊီႏ်န္က ျပဳံးလိုက္ကာ
"ကားေကာင္းေကာင္းကို မႀကိဳက္တဲ့သူ ရွိေသးလို႔လားဗ်ာ"
ခ်န္သိက ျပန္ေျဖသည္။
"ဒီကားက ေဘာ့စ္ အမ်ားဆုံး သုံးျဖစ္တဲ့ကားပဲ။ မင္းကားေမာင္း သင္ၿပီးလို႔ရွိရင္ သူက မင္းကို တကယ္ပဲ ကားတစ္စီး ေပးလိမ့္မယ္ထင္တယ္"
"သူေျပာတာလား?"
ရႊီႏ်န္က ေမးလိုက္သည္။
ခ်န္သိက ေျပာသည္။
"ငါ ခန္႔မွန္းမိတာေလ၊ မနက္ျဖန္ မင္းကိုယ္စား ေဘာ့စ္ရဲ႕ အျမင္ကို စုံစမ္းေပးရမလား ၊ ဘယ္လိုလဲ?"
ရႊီႏ်န္က ဘာမွ ျပန္မေျပာေပ။ သူက ထိုအေၾကာင္းႏွင့္ပတ္သတ္၍ စဥ္းစားေနပုံရကာ တခဏအၾကာမွာေတာ့ ႏႈတ္ခမ္းေစ့ထားေသာ အျပဳံးေလးျဖင့္
"အိုေခ"
ေနာက္တစ္ေန႔ ခ်န္သိ အလုပ္သို႔ေရာက္ေသာအခါ ခ်န္းခ်န္က ရႊီႏ်န္၏ ကားေမာင္း သင္ေနမႈ အေျခအေနကို တကယ္ပဲ ေမးလာခဲ့သည္။
အတြင္းေရးမႈးခ်န္ က အမွန္အတိုင္းပင္ အစီရင္ခံလိုက္၏။
" သူ သင္ယူမႈအေျခအေနက အေတာ္ေလးေကာင္းပါတယ္။ သူက ဥာဏ္ေကာင္းတဲ့ ကေလးတစ္ေယာက္ပါ"
"အမ္း"
ခ်န္းခ်န္က ရာသီအသစ္အတြက္ ထုတ္ကုန္မ်ား အစီရင္ခံစာကို ၾကည့္ၿပီးေသာအခါ တစ္ခ်က္မွ မစဥ္းစားဘဲ ေျပာလိုက္သည္။
" သူသင္တာ ၿပီးသြားလို႔ရွိရင္၊ ကားတစ္စီးေလာက္ေရြးဖို႔ သူ႔ကိုေခၚသြားလိုက္"
"......"
ခ်န္သိက ကိုယ္ပိုင္အေတြးေလးထဲ၌ ဤသို႔ ေတြးမိျပန္သည္။
'ေကာင္းေရာ၊ ငါသူ႔ဆီမွာ စုံစမ္းေနစရာေတာင္ မလိုေတာ့ဘူး၊ ေဘာ့စ္က ဒီကိစၥအေပၚ သူ႔ရဲ႕ ခံစားခ်က္ေတြကို အိတ္သြန္ဖာေမွာက္ ႀကီးကို ျပၿပီးေနၿပီ'
ခ်န္းခ်န္က ေခါင္းကို ေမာ့၍ သူ႔ကို ၾကည့္လာကာ မ်က္ေမွာက္ၾကဳတ္လ်က္ ေျပာသည္။
"မင္း ဘာေတြ စဥ္းစားေနတာလဲ?"
ခ်န္သိက အနည္းငယ္ လြဲေနသလို ခံစားေနရသည္မို႔။
" ေဘာ့စ္၊ ကၽြန္ေတာ္စပ္စုခ်င္တာေတာ့ မဟုတ္ပါဘူး၊ ဒါေပမယ့္ ေဘာ့စ္တို႔ရဲ႕ အေပးအယူ ဆက္ဆံေရးက ဘယ္ေလာက္မွ မၾကာေသးဘူး မဟုတ္လား? ကားတစ္စီး လက္ေဆာင္ေပးတာက နည္းနည္းေလာက္ မ်ားမေနဘူးလားဟင္?"
ခ်န္းခ်န္းက သူ႔စကားေၾကာင့္ မေပ်ာ္မရႊင္ ျဖစ္သြားကာ
"မင္း ဘာကို ဆိုလိုခ်င္တာလဲ?"
ခ်န္သိက ေရြးစရာမရွိစြာျဖင့္ ေခါင္းငုံ႔လိုက္ကာ။
"suger baby တစ္ေယာက္ကို ထိန္းထားဖို႔က၊ အင္း..၊ အရမ္းႀကီး လက္ဖြာလြန္းတဲ့ လက္ေဆာင္မ်ိဳး မေပးသင့္ပါဘူး......၊ တကယ္လို႔ သူစိတ္ေက်နပ္ၿပီးတဲ့အခ်ိန္က် ထြက္ေျပးသြားရင္ ဘယ္လိုလုပ္မလဲ?"
"ရႊီႏ်န္က ထြက္ေျပးသြားစရာ အေၾကာင္းမွ မရွိတာ"
ခ်န္းခ်န္က လက္ပိုက္လိုက္ကာ ယုံၾကည္ခ်က္ ျပည့္ေနသည္ အသံျဖင့္ ဆက္ေျပာလာသည္။
သူက တျခား ရိုးသားသလိုလိုနဲ႔ လွည့္ဖ်ားတတ္တဲ့ မိန္းမ-်က္* ေတြနဲ႔ မတူဘူး။ သူက ပိုက္ဆံနည္းနည္းေလးအတြက္နဲ႔ ငါ့အေပၚ အရမ္းႀကီး ေကာင္းေကာင္းမြန္မြန္ ဆက္ဆံတာက ျဖစ္ႏိုင္ပါ့မလား"
ခ်န္သိက လုံးဝကို မွင္တက္ေနမိကာ ေတြးလိုက္မိသည္။
'ေဘာ့စ္ေရ၊ ခင္ဗ်ား တစ္ခုခုကို အထင္လြဲမေနဘူးဆိုတာ ေသခ်ာရဲ႕လားဗ်ာ?"
ခ်န္းခ်န္က အေလးအနက္ေလသံျဖင့္ ဆက္ေျပာေလသည္။
"အဲ့ဒါက ဘာေၾကာင့္လဲဆိုေတာ့ သူကငါ့ကို အရမ္းကို သေဘာက်ေနၿပီးေတာ့ တကယ့္ကိုပဲ ငါ့အေပၚ အရမ္း အရမ္းပဲ ခ်စ္ေနမိတာမို႔လို႔ေလ"
ခ်န္သိ : "......"
"သူက ေ-ာက္ ဟိုမို တစ္ေယာက္ ျဖစ္ေနေပမယ့္လည္း"
စားပြဲေအာက္တြင္ ရွိေနသည့္ ခ်န္းခ်န္၏ ေျခေထာက္ေတြကေတာ့၊ အရမ္းကို စည္းခ်က္က်က်ပင္ လႈပ္ေနခဲ့လ်က္
"ဒါေပမယ့္လည္း ၊သူက တစ္ကယ္ေတာ့ ခ်စ္စရာ ေကာင္းပါတယ္။"
T/N
Watson: ေဆးပစၥည္းနဲ႔ အလွကုန္ေတြ ေရာင္းတဲ့ ဆိုင္နာမည္ပါ။ ႏိုင္ငံအေတာ္မ်ားမ်ားမွာ ဆိုင္ခြဲေတြရွိပါတယ္။
grain and Oil technology: စားသုံးႏိုင္တဲ့ အေစ့အဆံနဲ႔ အဆီေတြကို ႀကီးထြားေစျခင္းနဲ႔ သိုေလွာင္ျခင္း ဆိုင္ရာ သိပၸံပညာ နဲ႔ အရာဝတၳဳမ်ား ဆိုင္ရာ နည္းပညာျဖစ္ပါတယ္။ (လူဦးေရအမ်ားႀကီးကို ေကၽြေမြးႏိုင္ဖို႔ရန္နဲ႔ စီးပြားေရးအတြက္ တရုတ္ျပည္ရဲ႕ အေရးႀကီး တဲ့ နည္းပညာ ျဖစ္ပါတယ္။)
မိနးမ-်က္ : Etrans က hoes လို႔ ေရထားတာပါ။
ဒီတစ္ပိုင္းကေတာ့ တအားကိုရွည္ေသာပါပဲ။ ျပန္ရတာ မ်က္စိေတာင္မႈန္တယ္ရွင္။🤧
________________
Uni
တကယ်တော့ ချန်သိအနေဖြင့် ရွှီနျန်နှင့် ချန်းချန်ကြား ဆက်ဆံရေး အခြေအနေမှာ မည်သို့ရှိနေမှန်း သေချာမသိပေ။ သူ့ဘော့စ် အပေါ်တွင်ထားရှိသော သူ၏ အမြင်မှာ 'ထိုလူသည် ခွေးချင်းအတူတူဆိုလျင်တောင် ခွေးထီးဆိုလျှင် မွေးလိမ့်မည်မဟုတ်သည့် အထူးတလည်မှပင်ဖြောင့်သည့် အဖြောင့်လူသား အမျိုးအစား" ဟူ၍ ဖြစ်သည်။ သို့သော်လည်း လက်ရှိမှာတော့ သူဘော့စ်သည် 'နေ့လည်စာ လာပို့ပေးပြီး အဝတ်အစားကူချွတ်ပေးသည့် လုံးဝပြီးပြည့်စုံသည့် ဇနီးလေးကဲ့သို့သော' ထို အချစ်ကလေးထံတွင် လုံးဝကို ကျဆုံးနေသည်ကို ရှင်းလင်းစွာ မြင်နေရလေသည်။
ရွှီနျန်သည် ချန်းချန်အတွက် ရက်သတ္တပတ် တစ်ပတ်လုံးလုံး နေ့လည်စာ ယူလာပေးပြီးနောက်တွင် သူယူလာသည့် အစားအသောက်များ ၏ အားလုံးနီးပါးသည် တူကို ကိုင်လိုက်ချိန်မှစ၍ စားသောက်ပြီးစီးချိန်အထိ ချန်းချန်၏ ခြေထောက်များကို လှုပ်စေနိုင်ခဲ့သည်။
အတူတူအိပ်ခြင်း ၊ အရက်မူးနေသော ဘော့စ်ကို ဂရုစိုက်ပေးခြင်း၊ စသည်ကဲ့သို့သော တခြားသော ဝန်ဆောင်မှုများဟာလည်း၊ အင်း၊ ရွှီနျန် အတွက် ကိုင်တွယ်ရ လွယ်ကူသည့် အရာများ ဖြစ်လာခဲ့၏။
ချန်းချန်အား စိတ်ကျေနပ် ပျော်ရွင်စေရန်မှာ ခက်ခဲ့သော်ငြားလည်း သူက ငွေတွေကိုတော့ အလွယ်တကူ ပေးတတ်သည်။ ထိုနေ့တွင် ရွှီနျန်ကို မြင်သရွေ့ ထိုညတွင် ရွှီနျန်၏ ဘဏ်အကောင့်ထဲသို့ ငွေ အနည်း နှင့်အများ ဝင်လာလိမ့်မည်ဖြစ်သည်။
ပြောရလျှင် ကျိကျိတက်ချမ်းသာသော ဖခင်သူဌေးက သားဖြစ်သူအတွက် အိတ်ဆောင်မုန့်ဖိုး ပေးနေသကဲ့သို့ပင် ဖြစ်ပြီး ထို့ကြောင့်ပင်လျှင် ဆုံးရှုံးသွားသော ငွေများအတွက် နာကျင်ခံစားရခြင်းမရှိ သကဲ့သို့ပင် ဖြစ်လေ၏။
ချန်သိသည် သူ့ဒုတိယသခင်လေး 'မကြာမကြာလာရောက်ကာ သူ့အလုပ်အပေါ် အရည်အသွေးများတိုးတက်စေရန် စစ်ဆေးမှုများ' အပေါ်တွင် အသားကျနေပြီ ဖြစ်သည်။ ရွှီနျန်သည် ဖော်ရွေပြီး တာဝန်ကျေပွန်သူတစ်ယောက်လည်း ဖြစ်ကာ 'အတွင်းရေးမှူး' သူ့အား မည်သည့် ဒုက္ခမျှမပေးခဲ့ဖူးပေ။ မတူညီသော ယခင်ကဆိုလျှင်ဖြင့် ချန်းချန် တစ်ယောက် သူ့ရည်းစားများကို စိတ်ဆိုးသည့် အခါမျိုးတွင် သူက၊အတွင်းရေးမှုးတစ်ယောက်အနေဖြင့် ထိုသူတို့ကြား ပြေလည်အောင် ညှိပေးရလေသည်။
"အတွင်းရေမှူး ချန်"
ချန်းချန်ကို သက်တောင့်သက်သာ အိပ်ပျော်စေရန် ကူညီပြီးနောက် ရွှီနျန်သည် ထမင်းဘူးအလွတ်ကို ကိုင်လျက် ထွက်လာသည်။ ချန်သိကို မြင်သောအခါ သူက နှုတ်ဆက်လိုက်၏။
အတွင်းရေးမှူးချန်က သူ့ မျက်လုံးများ မမြင်ရတော့သည်အထိ ပြုံးပြလိုက်ပြီး
"အလုပ်ကြိုးစားခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"
ရွှီနျန်ကလည်း ပြုံးလိုက်ကာ
"ကျွန်တော်လုပ်သင့်တာပါ"
ချန်သိက ပြောသည်။
"လာမယ့်အပတ်မှာ မင်း ဂေါ့ဖ်(golf)ရိုက် သွားရမယ်ဆိုတာ သိထားတယ်မလား?"
ရွှီနျန်က ခေါင်းညိတ်လိုက်သည်။
"ကျွန်တော်သိပါတယ်။ ကျွန်တော် အားကစားဝတ်စုံတောင် အသင့်ပြင်ထားပြီးသွားပြီ"
ချန်သိ မျက်ခုံး ပင့်လိုက်၏။
ပရောဖက်ရှင်နယ် သကြားကလေးလေးဖြစ်သော ရွှီနျန်သည် ဘော့စ်၏ငွေများကို လုံးဝဥသုံ စုထားလိမ့်မည်မဟုတ်တာကြောင့်၊ ယခုချိန်မှာတော့ သူသည်
"အဲ့ဒါက ပိုက်ဆံ ဖြုန်းသလို ဖြစ်မနေဘူးလား?"
ဟူသည့် ခပ်တုံးတုံး မေးခွန်းမျိုးနှင့် တခြား ဆင်တူသောမေးခွန်းမျိုး ထပ်ပြီး မေးတော့မှာ မဟုတ်ချေ။
"ကျွန်တော် နောက်ပိုင်း ရက်နည်းနည်းလောက် လာနိုင်မှာမဟုတ်ဘူးထင်တယ်"
ရွှီနျန်က ခွင့်ယူမည့်အကြောင်းကို ရုတ်တရတ် ပြောလာသည်။
" ကျေးဇူးပြုပြီး ကျွန်တော့်အစား ဘော့စ်ကိုပြောပေးပါဦး"
ချန်သိ နှလုံးသားလေး မတည်မငြိမ် ဖြစ်သွားသည်။
"ဘာများ ဖြစ်လို့လဲ?"
ချန်းချန်က နောက်ထပ်ရည်းစားတစ်ယောက်ကို စိတ်ဆိုးကာ ထပ်ပြီး အဆက်ဖြတ်ပစ်လိုက်မည်ကို သူတကယ်ကိုပင် ကြောက်၏။
"ကျွန်တော် ကားမောင်းသင်မလို့"
ရွှီနျန်က ပြန်ဖြေသည်။
ပထမတော့ ချန်သိနားမလည်လိုက်ပေ။
"ကား.....ကားမောင်းသင်မယ်?"
ရွှီနျန်က သွားစွယ်လေးနှစ်ချောင်း ပေါ်သည်အထိ အလွန်ကို ဘဘာဝတကျပင် ပြုံးလိုက်ကာ
"အင်း၊ အနာဂတ်မှာ ဘော့စ်က ကျွန်တော့်ကို ကားလက်ဆောင်ပေးခဲ့ရင် မောင်းရအောင်လို့လေ"
ချန်သိ : "......"
နေက်တစ်နေ့မှာတော့ ရွှီနျန်က နေ့လည်စာပို့ရန် တကယ်ကို ရောက်မလာခဲ့ပေ။ ချန်သိက စားစရာတစ်ချို့ဝယ်လာပြီးနောက် ပေးရန်အတွက် ချန်းချန်၏ရုံးခန်းဆီသို့ သွားလိုက်သည်။ သူသည် ဆိုဖာပေါ်တွင် ထိုင်လျက် ခြေထောက်လှုပ်ရင်းဖြင့် စောစီးစွာပင် အသင့်စောင့်ဆိုင်းနေသည့် ဘော့စ်ဖြစ်သူကို တွေ့လိုက်ရသည်။ ချန်းချန်က ဝင်လာသူမှာ သူ့အတွင်းရေမှူးသာဖြစ်နေသည်ကို တွေ့သောအခါ လှုပ်ရှားလျက်ရှိနေသည့် ခြေထောက်တို့က ချက်ချင်းပင် ရပ်တန့်သွား၏။ မျက်ခုံးတို့ကလည်း တွန့်ကုပ်ကာ မေးလာသည်။
"ရွှီနျန်က ဘယ်မှာလဲ?"
ချန်သိက ဝယ်လာသော အစားသောက်ဘူးများကို စားပွဲပေါ်တင်လိုက်ပြီး ရှင်းပြလိုက်သည်။
"သူက ကားမောင်းသင်နေပါတယ်"
"ကားမောင်းသင်တယ်?"
ချန်းချန်၏ မျက်နှာအမူအယာမှာ ပို၍ပင် ကြည့်ရဆိုးသွားကာ
"သူက ဘာကိစ္စကားမောင်းသင်ရတာလဲ?"
ချန်သိ ၏ ကိုယ်ပိုင်အတွေးမှာတော့ ဤသို့ဖြစ်၏။
'သူက သူမောင်းရမယ့်ကားတစ်စီး ဘော့စ် လက်ဆောင်ပေးမှာကို စောင့်နေလို့ပေါ့ဗျာ။'
သို့ပေမယ့် သူပါးစပ်မှ အကျင့်ပါစွာပင် ထုတ်ပြောလိုက်သည် ကတော့ သူ့ ဒုတိယသခင်လေး ကောင်းကျိုးဖြစ်စေမည့် စကားလှလှလေးများ ပင် ဖြစ်သည်။
"အနာဂတ်မှာ သူက ဘော့စ်အတွက် ကားမောင်းပေးချင်လို့ ဖြစ်ပါလိမ့်မယ်"
ချန်းချန်၏ နားက အနည်းငယ် လှုပ်ရှားသွားပြီးနောက် တိတ်ဆိတ်သွား၏။ ရုတ်တရတ်ပင် သူက သူ့ကိုယ်သူ တည်တည်ငြိမ်ငြိမ်ပုံပေါ်စေလိုက်ပြီးနောက် ပြောလိုက်သည်။
"သူက အဲ့လိုပြောတာလား?"
"ဟုတ်"
"ဟမ့်"
ချန်းချန်၏ ခြေထောက်က တစ်ခဏမျှ လှုပ်ရှား သွားခဲ့ပြီး၊
"အိမ်မက်ပဲ မက်နေလိုက်!"
ချန်သိ : "......"
သူ၏ တက္ကသိုလ်ကျောင်းအလုပ်များမှာ အရမ်းမများ/မရှုပ်ပေ။ ထို့ကြောင့်မို့ ဤအချိန်သည် သူကားမောင်းသင်ရန်အတွက် အသင့်တော်ဆုံး အချိန်ကာလပင်ဖြစ်သည်။ သူ့ကျောင်းလခများ ပေးသွင်းချိန်၌ လီဖန်သည် ကုန်ကျစားရိတ်နှင့် ပတ်သတ်ပြီး မမေးချင်ခဲ့ပေ။။ သူမက ရွှီနျန်အားလက်ကျန်ငွေ အကြောင်းကိုသာ မေးမြန်းခဲ့သည်။
" ကျွန်တော် အချိန်ပိုင်းအလုပ်တစ်ခု လုပ်နေတယ်"
ရွှီနျန်က သူမကို စိတ်အေးအေးထားနိုင်ရန် ဖြောင်းဖြသည်။
"ပြီးတော့ အဲ့ဒီက လခက တော်တော်များတယ်"
လီဖန်က သူ့ကို မယုံပေ။
"ဘယ်လို အလုပ်မျိုးက ပိုက်ဆံအဲ့လောက်များများ ပေးမှာလဲ?"
"ကျွန်တော်က B တက္ကသိုလ်ကကျောင်းသားလေ။ ဒါကြောင့်မို့ ကျွန်တော် သုတေသနအဖွဲ့တစ်ခုမှာ ဝင်ပါခွင့်ရထားတယ်။ ပြီးတော့ အဲ့ဒီအဖွဲ့မှာ ပရိုဂရမ်အတွက် ထောက်ပံ့ပေးတဲ့ သူတွေ ရှိတယ်"
လီဖန်၏သံသယမှာ အနည်းငယ် ကျန်နေသေး၏။
"တကယ်သေချာလား??"
ရွှီနျန်က လုံးဝကို အလေးအနက်ပုံဖြင့်
"ဒါပေါ့၊ ကျွန်တော်တို့ ပရောဖက်ဆာက ကျွန်တော့်ကို အတော်လေး အကောင်းမြင်ပြီးတော့ ကျွန်တော်က အများကြီး တက်လမ်းရှိတယ်လို့လည်း ခန့်မှန်းထားသေးတယ်။ ဒါကြောင့်မို့လည်း သူနဲ့အတူ သုတေသနလုပ်ဖို့ ခေါ်တာပေါ့။ ကျွန်တော်တို့ သုတေသန ရလဒ် ထွက်လာရင် ကျွန်တော် ဘွဲ့မရသေးခင်မှာတောင် ယေဘူယျအားဖြင့် ခိုင်မာတဲ့ နေရာတစ်ခု ရထားပြီးသား ဖြစ်နေလိမ့်မယ်"
လီဖန်က သက်ပြင်းချသည်။
"ဒီလိုဆိုရင်တော့ မင်း၊ မင်းရဲ့ ပရောဖက်ဆာအပေါ် ကောင်းပေးသင့်တယ်။ ပြောစကား ကောင်းကောင်းနားထောင်၊ ပြီးတော့ မင်းရဲ့ ပရောဖက်ဆာကို စိတ်ဆိုးအောင် မလုပ်မိစေနဲ့"
ရွှီနျန်က ညင်ညင်သာသာ ပြုံးလိုက်ပြီး
"ဟုတ်ကဲ့ပါဗျာ"
ကားမောင်းသင်တန်းကျောင်းသည် မြို့ပြင်တွင် တည်ရှိတာဖြစ်ပြီး ရွှီနျန်မှာ နေ့လည်ပိုင်းတွင် တက်ရမည့် အတန်းချိန် တစ်ချိန် ရှိသည်။ ထို့ကြောင့် လေ့ကျင့်ခြင်းများ ပြီးစီးချိန်သည် ညစာစားချိန်ကို အတော်လေး ကျော်လွန်ပြီးချိန်သာ ဖြစ်လိမ့်မည်ဖြစ်သည်။ ကံကောင်းစွာနဲ့ပဲ သူက အိမ်မှာ စားစရာတချို့ ပြင်ဆင်ပေးခဲ့တာမို့ သူ့မိခင် ဗိုက်ဆာနေမည်ကိုတော့ စိတ်ပူရန် မလိုအပ်ပေ။ သူ့အတွက်ကတော့ မြို့ပြင်ပိုင်း အစွန်အဖျားနားမှာပဲ ကြုံရာတစ်ခုခုနှင့် ဗိုက်ဖြည့်ရန် စီစဉ်ထား၏။
သို့ပေမယ့်လည်း ၊နောက်တစ်နေ့ နေ့လည်ပိုင်းအတန်းပြီးချိန်၌ သူသည် ကားရပ်နားရာနေရာနားတွင် ချန်သိနှင့် ဆုံလေသည်။
ကြည့်ရတာတော့ အတွင်းရေးမူး ချန်မှာ သူ့ကို အတော်ကြာ စောင့်နေခဲ့ရပုံရသည်။သူသည် ပထမဆုံး အကြိမ်အဖြစ် အစပြုကာ ကားပေါ်မှဆင်းလာပြီး သူ့(XN)အတွက် ကြိုတင်ကာ ကားတံခါး ဖွင့်ပေးလေသည်။
"နှစ်ရက်ပဲ ရှိသေးတယ် မင်းအသားတွေ နည်းနည်းတောင် ညိုသွားပြီပဲ"
ရွှီနျန်က သူ့မျက်နှာသူ ထိကြည့်လိုက်သည်။
"ကျွန်တော် ညိုသွားတာလား?"
ချန်သိက သူ့ကို သေချာဂရုတစိုက် ကြည့်လိုက်ပြီး
"နည်းနည်း။ မင်း နေလောင်ခံခရင်မ် လိမ်းသင့်တယ်။ ငါတို့ဘော့စ်က ဖြူဖွေးတာလေးတွေကို ပိုကြိုက်တာ"
ရွှီနျန်က သူ့မျက်ခုံးတို့ကို တွန့်လိုက်ပြီး အမှန်တကယ် နည်းနည်းလောက် ဒုက္ခများနေပုံနှင့် ပြော၏။
"ဒါဆိုလည်း Watson*ကို သွားကြရအောင်"
"ဘာလုပ်ဖို့လဲ?"
"ဖြူးဖွေးလှပစေမယ့် မျက်နှာပေါင်းတင်တဲ့ ကပ်ခွာ ဝယ်မလို့ပေါ့"
"....... မင်းကတော့ အရမ်းကို နှစ်မြှပ်ထားတာပဲ!!!"
ချန်သိက သူ့ကို စားသောက်ရန် ဆိုင်တစ်ဆိုင်သို့ ခေါ်သွားသည်။ ရွှီနျန်က သူတို့ ချန်းချန်းနှင့် ဆုံရလိမ့်မည်ဟု ထင်ထားခဲ့တာဖြစ်ပေမယ့် အဆုံးမှာတော့ တကယ်ကို သူတို့နှစ်ယောက်တည်းသာ ဖြစ်သည်။
ချန်သိက သူ့အတွက်သူ အမဲအူကြမ်းကို အိုးထဲထည့်လိုက်ရင်း ဂရုမစိုက်သော ပုံဖြင့် ပြောသည်။
"ဒါက အရမ်းမကောင်းဘူးလား? အခုက စားသောက်ရမယ့်အချိန်ကြီးမှာ တကယ်လို့ သူသာ ရှိနေရင် ငါ့တို့နှစ်ယောက်စလုံး ကောင်းကောင်း စားလို့ရမှာ မဟုတ်ဘူး"
ရွှီနျန်က ပြုံးကာ မေးလိုက်သည်။
"သူရဲ့ စားသောက်တဲ့ပုံစံက အရင်ကရော အမြဲတမ်း ဒီလိုမျိုးပဲလား?"
"ဘော့စ်က သူ့ရဲ့အခုလက်ရှိနေရာအထိ ရောက်နိုင်ဖို့အတွက် ခက်ခဲမှုတွေ အများကြီး ကျော်ဖြတ်ခဲ့ရတာ"
ချန်သိက စားသောက်နေရင်းပင် သူ့ဘော့စ်၏ အတိတ်ဇာတ်ကြောင်းကို ပြောပြနေခဲ့သည်။
"ပြီးခဲ့တဲ့တစ်ခေါက် မင်းသူနဲ့အတူ သူ့ဆရာရဲ့ အိမ်ကို သွားတုန်းက မင်းလည်း မြင်ခဲ့မှာပဲ။ သူက ၊ အင်း၊ သူက တကယ့်ကို ပညာတတ်တစ်ယောက်။ အဲ့ဒါထက်ပိုတာက သူက ဇီဝဗေဒ မေဂျာ အထူးပြု သင်ခဲ့တာ။ သူဘွဲ့မရခင်ကတည်းက grain & oil technology* နယ်ပယ်မှာ စပြီး အလုပ်ဝင်လုပ်နေပြီ။
သူ့ဆရာနဲ့အတူတူပေါ့။နောက်ပိုင်းကျတော့ သူက ကိုယ်ပိုင်တီထွင်မှု မူပိုင်ခွင့်ရသွားပြီး တဖြည်းဖြည်းနဲ့ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း တည်ထောင်ခဲ့တာ"
ရွှီနျန်က အဆုံးစွန်သော အာရုံစိုက်မှုတို့ဖြင့် နားထောင်နေခဲ့သည်။
ချန်သိက သူ့ကို လက်ဖက်ရည်ကြမ်းတစ်ခွက် ငှဲ့ပေးလိုက်ပြီး ဆက်ပြောသည်။
"တိုက်တိုက်ဆိုင်ဆိုင်နဲ့ပဲ ဒီနိုင်ငံထဲမှာ အဲ့ဒီလိုမျိုး နည်းပညာမျိုးကို လိုအပ်ချက်က အတော်လေး အားကောင်းနေတော့ သူ့အတွက် ကံကောင်းမှုလို့ပြောရမှာပေါ့၊ရေကန်အသင့် ကြာအသင့် * လေ။ အဲ့လိုနဲ့ပဲ ကုမ္ပဏီကို ဒီနေ့လို့ ဖြစ်လာတဲ့အထိ လမ်းကြောင်းပေါ် တင်ပေးနိုင်ခဲ့တာပဲ"
ရွှီနျန်က နည်းနည်းလောက် စပ်စုချင်သွားသည်။
"သူ့ ဒေါသကရော အမြဲတမ်း ဒီပုံစံအတိုင်းပဲလား?"
"နည်းပညာဆိုင်ရာ သုတေသနပညာရှင် ဆယ်ယောက်မှာ ကိုးယောက်လောက်က ခေါင်းကြောမာတယ်၊ နောက် ကျန်တဲ့တစ်ယောက်ကတော့ ခေါင်းကြောမာတဲ့နေရာမှာ အမာတကာ့ အမာဆုံးပေါ့။ ငါ့တို့ရဲ့ဘော့စ်က အဲ့ဒီ အမာတကာ့အမာဆုံး တစ်ယောက်ပဲ"
ရွှီနျန်: "......"
ချန်သိက ထပ်ပြောသည်။
"ဒါပေမယ့် ငါတို့ဘော့စ်ရဲ့ နှလုံးသားကတော့ မဆိုးရွားပါဘူး။ သူက စီးပွားရေးလုပ်တဲ့နေရာမှာ အတုအယောင်လုပ်တာတွေနဲ့ လှည့်ကွက်တွေ သုံးတာမျိုး လုပ်တတ်တဲ့သူမျိုး မဟုတ်ဘူး။"
ရွှီနျန်က ရုတ်တရတ် မေးလိုက်သည်။
"သူက အမြဲတမ်း လူတကာကို အရမ်းကာရော ရက်ရောတတ်တာလား?"
"သူက မင်းအပေါ်မှာပဲ တအားကြီး ရက်ရောတာပါကွာ"
ချန်သိက သူ့ကို မျက်လုံးတစ်ဖက် မှိတ်ပြကာ သက်ပြင်းချလိုက်ပြီး
"မင်း ဘာအကွက်တွေ သုံးထားလဲတော့မသိပေမယ့် ဒီနေ့လည်း မင်းကို ကြိုဖို့ပဲသူကငါ့ကို လွှတ်လိုက်တာလေ။ ပြီးတော့ မင်း ဒီကားကို စမ်းမောင်းကြည့်လို့လည်းရတယ်။"
ချန်းချန်၏ ကားသည် Mercedes Benz E class အမျိုးအစားဖြစ်သည်။ ချန်သိက ဒါရိုင်ဘာဘေးမှ ခုံတွင်ရှိနေတာကြောင့် ရွှီနျန်က ကားမောင်းကြည့်ရမည်ကို မကြောက်ပေ။
ချန်သိက လူသွားလူလာရှင်းသော လမ်းကို ရှာပေးထားတာကြောင့် သူ အကြိမ်အနည်းငယ် ပတ်မောင်းလိုက်သည်။ မောင်းပြီးသွားသောအခါ ရွှီနျန်က သိသိသာသာ ရဲရင့်လာပြီး သူမျက်လုံးများ တလက်လက် တောက်ပနေတော့သည်။
"သဘောကျလား?"
ချန်သိက မေးလိုက်သည်။
ရွှီနျန်က ပြုံးလိုက်ကာ
"ကားကောင်းကောင်းကို မကြိုက်တဲ့သူ ရှိသေးလို့လားဗျာ"
ချန်သိက ပြန်ဖြေသည်။
"ဒီကားက ဘော့စ် အများဆုံး သုံးဖြစ်တဲ့ကားပဲ။ မင်းကားမောင်း သင်ပြီးလို့ရှိရင် သူက မင်းကို တကယ်ပဲ ကားတစ်စီး ပေးလိမ့်မယ်ထင်တယ်"
"သူပြောတာလား?"
ရွှီနျန်က မေးလိုက်သည်။
ချန်သိက ပြောသည်။
"ငါ ခန့်မှန်းမိတာလေ၊ မနက်ဖြန် မင်းကိုယ်စား ဘော့စ်ရဲ့ အမြင်ကို စုံစမ်းပေးရမလား ၊ ဘယ်လိုလဲ?"
ရွှီနျန်က ဘာမှ ပြန်မပြောပေ။ သူက ထိုအကြောင်းနှင့်ပတ်သတ်၍ စဉ်းစားနေပုံရကာ တခဏအကြာမှာတော့ နှုတ်ခမ်းစေ့ထားသော အပြုံးလေးဖြင့်
"အိုခေ"
နောက်တစ်နေ့ ချန်သိ အလုပ်သို့ရောက်သောအခါ ချန်းချန်က ရွှီနျန်၏ ကားမောင်း သင်နေမှု အခြေအနေကို တကယ်ပဲ မေးလာခဲ့သည်။
အတွင်းရေးမှုးချန် က အမှန်အတိုင်းပင် အစီရင်ခံလိုက်၏။
" သူ သင်ယူမှုအခြေအနေက အတော်လေးကောင်းပါတယ်။ သူက ဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်ပါ"
"အမ်း"
ချန်းချန်က ရာသီအသစ်အတွက် ထုတ်ကုန်များ အစီရင်ခံစာကို ကြည့်ပြီးသောအခါ တစ်ချက်မှ မစဉ်းစားဘဲ ပြောလိုက်သည်။
" သူသင်တာ ပြီးသွားလို့ရှိရင်၊ ကားတစ်စီးလောက်ရွေးဖို့ သူ့ကိုခေါ်သွားလိုက်"
"......"
ချန်သိက ကိုယ်ပိုင်အတွေးလေးထဲ၌ ဤသို့ တွေးမိပြန်သည်။
'ကောင်းရော၊ ငါသူ့ဆီမှာ စုံစမ်းနေစရာတောင် မလိုတော့ဘူး၊ ဘော့စ်က ဒီကိစ္စအပေါ် သူ့ရဲ့ ခံစားချက်တွေကို အိတ်သွန်ဖာမှောက် ကြီးကို ပြပြီးနေပြီ'
ချန်းချန်က ခေါင်းကို မော့၍ သူ့ကို ကြည့်လာကာ မျက်မှောက်ကြုတ်လျက် ပြောသည်။
"မင်း ဘာတွေ စဉ်းစားနေတာလဲ?"
ချန်သိက အနည်းငယ် လွဲနေသလို ခံစားနေရသည်မို့။
" ဘော့စ်၊ ကျွန်တော်စပ်စုချင်တာတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ဘော့စ်တို့ရဲ့ အပေးအယူ ဆက်ဆံရေးက ဘယ်လောက်မှ မကြာသေးဘူး မဟုတ်လား? ကားတစ်စီး လက်ဆောင်ပေးတာက နည်းနည်းလောက် များမနေဘူးလားဟင်?"
ချန်းချန်းက သူ့စကားကြောင့် မပျော်မရွှင် ဖြစ်သွားကာ
"မင်း ဘာကို ဆိုလိုချင်တာလဲ?"
ချန်သိက ရွေးစရာမရှိစွာဖြင့် ခေါင်းငုံ့လိုက်ကာ။
"suger baby တစ်ယောက်ကို ထိန်းထားဖို့က၊ အင်း..၊ အရမ်းကြီး လက်ဖွာလွန်းတဲ့ လက်ဆောင်မျိုး မပေးသင့်ပါဘူး......၊ တကယ်လို့ သူစိတ်ကျေနပ်ပြီးတဲ့အချိန်ကျ ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ?"
"ရွှီနျန်က ထွက်ပြေးသွားစရာ အကြောင်းမှ မရှိတာ"
ချန်းချန်က လက်ပိုက်လိုက်ကာ ယုံကြည်ချက် ပြည့်နေသည် အသံဖြင့် ဆက်ပြောလာသည်။
သူက တခြား ရိုးသားသလိုလိုနဲ့ လှည့်ဖျားတတ်တဲ့ မိန်းမ-ျက်* တွေနဲ့ မတူဘူး။ သူက ပိုက်ဆံနည်းနည်းလေးအတွက်နဲ့ ငါ့အပေါ် အရမ်းကြီး ကောင်းကောင်းမွန်မွန် ဆက်ဆံတာက ဖြစ်နိုင်ပါ့မလား"
ချန်သိက လုံးဝကို မှင်တက်နေမိကာ တွေးလိုက်မိသည်။
'ဘော့စ်ရေ၊ ခင်ဗျား တစ်ခုခုကို အထင်လွဲမနေဘူးဆိုတာ သေချာရဲ့လားဗျာ?"
ချန်းချန်က အလေးအနက်လေသံဖြင့် ဆက်ပြောလေသည်။
"အဲ့ဒါက ဘာကြောင့်လဲဆိုတော့ သူကငါ့ကို အရမ်းကို သဘောကျနေပြီးတော့ တကယ့်ကိုပဲ ငါ့အပေါ် အရမ်း အရမ်းပဲ ချစ်နေမိတာမို့လို့လေ"
ချန်သိ : "......"
"သူက ေ-ာက် ဟိုမို တစ်ယောက် ဖြစ်နေပေမယ့်လည်း"
စားပွဲအောက်တွင် ရှိနေသည့် ချန်းချန်၏ ခြေထောက်တွေကတော့၊ အရမ်းကို စည်းချက်ကျကျပင် လှုပ်နေခဲ့လျက်
"ဒါပေမယ့်လည်း ၊သူက တစ်ကယ်တော့ ချစ်စရာ ကောင်းပါတယ်။"
T/N
Watson: ဆေးပစ္စည်းနဲ့ အလှကုန်တွေ ရောင်းတဲ့ ဆိုင်နာမည်ပါ။ နိုင်ငံအတော်များများမှာ ဆိုင်ခွဲတွေရှိပါတယ်။
grain and Oil technology: စားသုံးနိုင်တဲ့ အစေ့အဆံနဲ့ အဆီတွေကို ကြီးထွားစေခြင်းနဲ့ သိုလှောင်ခြင်း ဆိုင်ရာ သိပ္ပံပညာ နဲ့ အရာဝတ္ထုများ ဆိုင်ရာ နည်းပညာဖြစ်ပါတယ်။ (လူဦးရေအများကြီးကို ကျွေမွေးနိုင်ဖို့ရန်နဲ့ စီးပွားရေးအတွက် တရုတ်ပြည်ရဲ့ အရေးကြီး တဲ့ နည်းပညာ ဖြစ်ပါတယ်။)
မိနးမ-ျက် : Etrans က hoes လို့ ရေထားတာပါ။
ဒီတစ်ပိုင်းကတော့ တအားကိုရှည်သောပါပဲ။ ပြန်ရတာ မျက်စိတောင်မှုန်တယ်ရှင်။🤧