လက်ထပ်လက်စွပ်ကလေး

By Natpankalay

181K 26.4K 1.3K

#Both available with unicode & zawgyi မယုံနိုင်လောက်အောင်ပဲ ဒီလက်စွပ်ကလေးက~~~ More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-32 Final Part

Part-31

3.7K 567 20
By Natpankalay

Episode-31

အသားကင်ဆိုင်တစ်ခုမှာ ဘယ်တုန်းကမှ မျက်နှာကြောမတည့်ခဲ့သည့် ချန်းယောလ်နှင့် ဂန်ထယ်ဟိုက တစ်ဝိုင်းတည်းရှိနေသည်။ အကြောင်းမူကား ဘတ်ဟျွန်းနှင့် ဟန်ဘီကြောင့်။နှစ်ယောက်သားထိုင်ကတည်းကလည်း မျက်စောင်းတပြင်ပြင်နှင့်မို့ ဘတ်ဟျွန်းတို့ကရယ်ရသေးသည်။

“​အဲ့ဒီတော့ ပတ်ဘတ်ဟျွန်း  ပြန်ရောက်လာတာ ဝမ်းသာပါတယ်။မဟုတ်ရင် ပတ်ချန်းယောလ်က ငါ့ရဲ့ဟန်ဘီကို ပြန်လုမှာစိုးရသေးတယ်။”

‘အပိုတွေ ပြောမနေနဲ့ဟေ့ကောင်။ငါ ကဘတ်ဟျွန်းနီးမှ ဘတ်ဟျွန်းနီးပဲ။”

‘အေးပါ သိပါတယ်။မျက်လုံးထဲမှာတောင် ပတ်ဘတ်ဟျွန်းလို့ရေးထားတာတွေ အတိုင်းမသိမြင်နေရ.’

ဂန်ထယ်ဟိုက အမြင်ကတ်ကတ်ဖြင့်ပြောတာဖြစ်ပေမယ့် ချန်းယောလ်က သူများတွေတောင်သိတယ်ဆိုသည့်ဒီဇိုင်းဖြင့် ဘတ်ဟျွန်းကို မေးဆတ်ပြလာသေးသည်။

“ဒါဆို မမဟန်ဘီနဲ့ အကိုထယ်ဟိုက လက်ထပ်ဖြစ်ကြတာပေါ့နော်။”

‘ဟုတ်တယ် ဘတ်ဟျွန်းရယ်။ မမ မေမေက အစက သဘောမတူပေမယ့် မမကိုယ်တိုင်က သဘောကျနေတော့ ဘာမှမတတ်နိုင်တော့ဘူးလေ။သူကလည်း သူ့အဖေဘက်က မယားပါသားသမီးကိစ္စတွေကို သေချာရှင်းပြီး တရားဝင်ဆက်ခံသူဖြစ်လာတော့ အားလုံးအဆင်ပြေသွားခဲ့တယ်။’

ဟန်ဘီက ရှက်ပြုံးလေးနှင့်ဆိုတော့ ဘတ်ဟျွန်း ပြုံးမိသည်။ဘယ်သူမဆို ချစ်ရသည့်သူနှင့်နီးစပ်ရလျှင် ပျော်ရွှင်မိကြတာချည်း။ ဂန်ထယ်ဟိုကို ကြည့်ရသည်မှာလည်း ဟန်ဘီကို အရိပ်တကြည့်ကြည့်ဖြင့် အတော်လေးချစ်ပုံပေါ်၏။

“မင်းမသိလို့ ပတ်ဘတ်ဟျွန်း။ဒီကောင်က ငါတို့မင်္ဂလာပွဲမှာ မျက်နှာသေကြီးနဲ့လာတာ မသိရင် တကယ်ပဲ သူက ဟန်ဘီနဲ့ ကြိုက်ခဲ့ဖူးသလိုလိုနဲ့လေ။ ရည်းစားဟောင်းမင်္ဂလာပွဲပဲတက်ရသလိုလို။”

‘အေးလေ. ငါက ဘတ်ဟျွန်းကိုသတိရသွားတာပေါ့။ငါ့နေရာမှာ မင်းဆိုရင်လည်းစဉ်းစားကြည့်.’

ချန်းယောလ်ကစကားပြောနေရင်း အကြည့်က အပြင်ဘက်မတော်တဆရောက်မိတော့ ထယ်ဂီကိုတွေ့လိုက်ရသည်။ချန်းယောလ် မျက်လုံးတွေစူးရဲသွားရရင်း ထိုင်ရာမှ ထ၏။

“ကိုကိုချန်းယောလ်.’

‘ခဏနေခဲ့ ဘတ်ဟျွန်းနီး. ကိုယ်ပြန်လာခဲ့မယ်။”

သူတို့လည်းမြင်ပါသည်။ ထယ်ဂီက ချန်းယောလ် ထွက်လာတာကိုပြုံးကြည့်နေသေး၏။ ဘတ်ဟျွန်းက စိတ်မချသလို ကြည့်မိပေမယ့် ချန်းယောလ်ကတော့ ထယ်ဂီ အနားရောက်လာခဲ့၏။

“ချန်းယောလ် ကျွန်တော့်ကိုတွေ့ချင်နေမယ်ထင်လို့.။”

‘ဆိုတော့ မင်း ငါ့နောက်လိုက်နေတာလား။”

‘အင်း မနက်ကတည်းကနေလေ. ဘယ်လိုလဲ မရိပ်မိလောက်တဲ့အထိ ကျွန်တော်က Stalking တော်တယ်ဟုတ်. ။ စကားပြောစရာ ရှိနေတယ်ထင်တယ်။ဒီမှာက လူသိပ်ရှုပ်တယ်။ကျွန်တော့်ကားနဲ့လိုက်ခဲ့လေ..’

ထယ်ဂီက သူဘာတွေလုပ်ဖူးလို့ လုပ်ဖူးမှန်းမသိရလေအောင် သူကိုယ်တိုင်က သိပ်ကိုဖြူစင်နေဟန်ဖြင့် ဖြစ်သည်။ချန်းယောလ် အမြင်ကတ်မုန်းတီးလှစွာပင် ထိုသူ့ကိုစေ့စေ့ကြည့်မိသည်။ပြောချင်တာတွေလည်းရှိနေတာမို့ ထယ်ဂီမောင်းသည့်ကားထဲ ချန်းယောလ် ဝင်ထိုင်လိုက်ကာ ဘတ်ဟျွန်းကိုတော့ စိတ်မပူဖို့စာပို့ထားလိုက်သည်။

ကားလေးက အနည်းငယ်တိတ်ဆိတ်သည့် လမ်းကြားတစ်နေရာကို ထိုးရပ်သွားသည်။ထယ်ဂီက အရင်ကားပေါ်က ဆင်းသည်။ ချန်းယောလ် လိုက်ဆင်းလာရင်း သူ့ဘက်ကို ပြုံးကာကြည့်နေပြန်သည့် ထယ်ဂီ အင်္ကျီလည်ပင်းစကိုဆောင့်ဆွဲလျက် မျက်နှာကို အားရပါးရ ပင့်ထိုးလိုက်သည်။သိပ်ကိုအားပါတာမို့ ထယ်ဂီက ကြမ်းပြင်ပေါ် ပုံကျ၏။

“မင်းလိုကောင်က ဘတ်ဟျွန်းကိုထိခဲ့တယ်ဟုတ်..’

တစ်ခါပြောကာ တစ်ချက်ထိုးသည်။အပေါ်ကနေ တက်ခွထားကာ မျက်နှာကို အားရပါးရထိုး၏။ထယ်ဂီက မနာကျင်ဘူးလား မေးရလောက်အောင်ပင် မရုန်းဘဲ သည်းခံသည်။

“မင်းကဘာမို့လို့လဲ။ဘာမို့လို့ ငါတို့ဘဝထဲဝင်ရှုပ်ရတာလဲ..မင်းကြောင့် ငါ့ဘတ်ဟျွန်းက သေတော့မလို့.မင်းကြောင့်”

စိတ်လိုလက်ရလုပ်ပြီးမှ ဖူးယောင်နေသည့်မျက်နှာနှင့်အတူ သွေးတွေဖြင့်မြင်မကောင်းဖြစ်လာမှ ချန်းယောလ် အသိစိတ်ထိန်းရင်း ခွထားရာကဖယ်ပေးလိုက်သည်။ဒေါသတွေဖြင့် ပြည့်နှက်နေသည့် ချန်းယောလ်ကို ထယ်ဂီက ခုထိတောင် ပြုံးကြည့်နိုင်ရင်း အားယူလျက် ဖြည်းဖြည်းချင်းထသည်။

“လက်သံကပြင်းလိုက်တာ”

“ဘတ်ဟျွန်းကိုသေအောင်လုပ်ခဲ့တာ မင်း ပြန်ပေးဆပ်ရလိမ့်မယ် ထယ်ဂီ”

‘ဘယ်သူသေနေလို့လဲ။ ဘတ်ဟျွန်းက အကောင်းအတိုင်းကြီးပဲ မဟုတ်လား။ချန်းယောလ်က ဘယ်လိုအမှုနဲ့ ကျွန်တော့်ကို တရားစွဲမှာလဲ”

ထယ်ဂီက ပြုံးစစပြောသလို ချန်းယောလ်အပြုံးကလည်းကြောက်စရာကောင်းသည်။

“ငါက တရားစွဲမယ်ပြောလို့လား။မင်း ငါ့ကိုမသိပါဘူး။ တကယ်တမ်း ငါ ဘတ်ဟျွန်းအတွက် ဘယ်လောက်ထိ လုပ်နိုင်သလဲဆိုတာ။”

ထယ်ဂီမျက်နှာပျက်သွားသည်။အနီးကပ်ကိုမြင်နေရသည့်ချန်းယောလ်မျက်လုံးတွေ၊အကြည့်တွေက သိပ်ကိုကြောက်ဖို့ ကောင်းတာမို့ နောက်ကျောတစ်လျှောက်အေးစိမ့်လာသလိုတောင်ခံစားလိုက်ရ၏။သို့သော် ဟန်ကိုယ်ဖို့ဖြင့် ပြန်ပြုံးလိုက်ကာ..

‘ဒါပေမဲ့လည်း စာလေးတစ်ကြောင်းတည်းနဲ့ ဘတ်ဟျွန်းက ထားခဲ့တယ်ဆိုတာလည်း ချန်းယောလ်က ယုံတာပဲနော်.။”

‘အေး.. ငါက ဘတ်ဟျွန်းကိုသိပ်ချစ်လို့ အကျိုးအကြောင်းမဆင်ခြင်နိုင်လောက်အောင် ထုံပေသွားခဲ့မိတာ။ ငါတို့အိမ်က ဦးလေးကြီးရဲ့မိန်းမကို မက်လောက်တဲ့ပိုက်ဆံပေးပြီး ဦးလေးကြီး ဘတ်ဟျွန်းကို လာမခေါ်ဖြစ်အောင် တားလိုက်တာလည်း သိတယ်။ဘတ်ဟျွန်းဖုန်းနဲ့ပဲ စာပို့ပြီး ဦးလေးကြီးကတစ်ဆင့် အဲ့ဒါကို ငါ့ဆီယူလာခိုင်းတာမလား။ ဂျပန်က ကိုယ်စားလှယ်တွေနဲ့ လက်မှတ်ထိုးမယ့်ကိစ္စလည်း မင်းဦးလေးကတစ်ဆင့်ဝင်ရှုပ်တယ်ဆိုတာ သိပြီးပြီ။မင်းကိုယ်မင်း လည်လွန်းနေပြီထင်လား။”

“ကျွန်တော့်ဦးလေးက ချန်းယောလ်တို့ ရှယ်ယာတွေအများကြီးရှိတာနော်.’

‘သွားစမ်းပါ. ဂရုမစိုက်ဘူး။မင်းလိုရူးနေတဲ့ကောင်လိုမျိုးအတွက် မင်းဦးလေးကလည်း ငါတို့လုပ်ငန်းမှာ လုပ်နေတဲ့ကိစ္စတွေကို အပျက်အဆီးခံပါ့မလား ငါစောင့်ကြည့်ဦးမယ်။ မင်း သတိထားနေ.. ထယ်ဂီ.. ရှေ့လျှောက် မင်းမှာ ဒုက္ခများလာလိမ့်မယ်။”

ချန်းယောလ်ပြောချင်သည့်စကားတွေအကုန်ပြောခဲ့ပြီး နေရာမှလှည့်ထွက်လိုက်သည်။သို့သော် အနောက်ကနေ လှုပ်လှုပ်ရှားရှား ကြားသဖြင့် လှည့်ကြည့်လိုက်မိစဉ်တွင် ချန်းယောလ်နောက်ကျသွားခဲ့သည်။ထယ်ဂီက သစ်သားတုတ်တစ်ချောင်းကိုင်လျက် ချန်းယောလ်ဇက်ပိုးကိုရိုက်ပြီးနေလေ၏။ ပြုံးပြနေသေးသည့် အပြုံးသည် တကယ်ကိုစိတ္တဇဆန်သည်။ ချန်းယောလ် တောင့်မခံနိုင်တော့ဘဲ နေရာမှာတင်ပြိုလဲကျသွားလေတော့၏။

“တောင်းပန်တယ် ချန်းယောလ်. ကျွန်တော်က လိုချင်တာလေးလည်းရလိုက်ရမှ.. ချန်းယောလ်ကို ကျွန်တော်က ဘယ်လောက်တောင်သဘောကျခဲ့ရသလဲ။ ကျွန်တော်တို့ လက်ထပ်ကြမယ်လေနော်.’

တတွတ်တွတ်ဖြင့်ရွတ်နေသံကို ချန်းယောလ်ကြားတစ်ချက် မကြားတစ်ချက်။သူ့ခန္ဓာကိုယ်ကို မနိုင်မနင်းသယ်လျက် ကားနောက်ခန်းထဲထည့်နေတာသိသည်။ခေါင်းကလုံးဝကိုရီဝေမူးနောက်လျက် ချန်းယောလ် ဘာမှမတတ်နိုင်။ ခေါ်သွားခံရသည့် အတိုင်း ပါသွားခဲ့လေတော့သည်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂန်ထယ်ဟိုက သူသိနေသည့် ချန်းယောလ်သူငယ်ချင်းရဲမှူးကြီး၏သားကိုဆက်သွယ်ကာ ချန်းယောလ်ပျောက်နေသည့် အကြောင်းကို ချက်ချင်းပြောသည်။ မှတ်မိလိုက်သည့်ကားနံပါတ်ကို ပြောပြကာ တည်နေရာရှာဖို့လုပ်၏။ ညနေတစ်ပိုင်းလုံး အသားကင်စားရင်းဖြင့်စောင့်နေပေမယ့်ချန်းယောလ်က ပေါ်မလာ။ ဖုန်းဆက်တော့လည်း စက်ပိတ်ထားသည်နှင့်သာ တိုးနေသဖြင့် ဘတ်ဟျွန်းသိပ်ကိုစိုးရိမ်နေခဲ့သည်။ ပုံမှန်မဟုတ်တော့ဟု ဂန်ထယ်ဟိုလည်းယူဆတာမို့ လုပ်သင့်တာတွေ ချက်ချင်းလုပ်ရလေတော့သည်။

ခု သူတို့အားလုံး ရဲစခန်းမှာ စောင့်နေကြခြင်းဖြစ်သည်။

“စိတ်မပူနဲ့နော် ဘတ်ဟျွန်း အဆင်ပြေသွားမှာပါ။တို့နိုင်ငံရဲ့ လုံခြုံရေးစနစ်က တကယ်ကောင်းပါတယ်။”

ထိုအရာတွေကို သေချာနားမလည်ပေမယ့် ဘတ်ဟျွန်းခေါင်းညိတ်ပြလိုက်သည်။ခါတိုင်းလို ဘတ်ဟျွန်းက ကူကယ်ရာမရှိ သိပ်ကိုတုန်လှုပ်နေတတ်သည့် ကောင်လေးမဟုတ်တော့။ စိတ်က မည်မျှပင်ပူလောင်နေသော်ငြား ဘတ်ဟျွန်း တည်တည်ငြိမ်ငြိမ်လေးဖြင့် ရင်ဆိုင်တတ်နေပြီ။ချန်းယောလ်ကို စိတ်ပူလွန်းလို့ရူးရတော့မည့်အခြေအနေပေမယ့် ဘတ်ဟျွန်း စိတ်တင်းနိုင်သေးသည်။မျက်ရည်တွေ သီနေပေမယ့်လို့။

“ကားရဲ့တည်နေရာသိရပြီ။ငါတို့လိုက်သွားကြစို့။ရဲစခန်းကလည်း လိုက်ပေးလိမ့်မယ်။”

ဂန်ထယ်ဟိုက အတွင်းခန်းထဲက ချန်းယောလ်သူငယ်ချင်းနှင့်အတူ ထွက်လာခဲ့သည်။ ဂန်ထယ်ဟိုက ဟန်ဘီကိုတော့ဖြင့် အိမ်အရင် ပြန်ခိုင်းလိုက်သည်။ရဲကားတစ်စီးရယ် ဘတ်ဟျွန်းတို့ ကားတစ်စီးရယ် တည်နေရာတစ်ခုထံသို့ ချက်ချင်း မောင်းထွက်လာကြသည်။နေရာက ဆိတ်ငြိမ်ရပ်ကွက်တစ်ခုအတွင်း ဖြစ်သည်။ ဂန်ထယ်ဟိုက မျက်မှောင်ကြုံ့ရင်းပြောသည်။

“ဒါ သူဌေးဆယ်ရဲ့ အိမ်ပဲ.။ဘာလဲ ဒီလူကပါ အလိုတူအလိုပါလား။”

အားလုံး ကားပေါ်က ဆင်းပြီးသည်နှင့် ရဲတွေက အင်တာကွန်းမှတစ်ဆင့် စစ်ဆေးစရာလေးရှိသည့်အကြောင်းပြောသည်။ သူဌေးဆယ်က သက်ပြင်းချလျက် အထဲကနေ တံခါးဖွင့်ပေးလာသည်။အရင်ဝင်သွားသည့်ရဲတွေနောက်ကနေ ဘတ်ဟျွန်းပါ ချက်ချင်းလိုက်ဝင်၏။မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ဘတ်ဟျွန်းမျက်လုံးလေးပြူးသွားရသည်။ ချန်းယောလ်သည် ဧည့်ခန်းက ကျောမှီကုထားထိုင်တစ်လုံးတွင် လက်နောက်ပစ်လျက် ကြိုးချည်ခံထားရပြီး ပါးစပ်တွင်လည်း အဝတ်ဖြင့်ပိတ်ဆို့ခြင်း ခံထားရသည်။ ချန်းယောလ်ကိုယ်တွင်က သွားတုန်းက ဝတ်ထားသည့်အင်္ကျီအပြာလေးမဟုတ်တော့ဘဲ အဖြူရောင် အနောက်တိုင်းဝတ်စုံဖြင့် ဖြစ်သည်။ရင်ဘတ်တွင်လည်း ပန်းလေးထိုးထားသေးကာ သတို့သားဝတ်စုံနှင့်တူသည်။ ထယ်ဂီသည်လည်း ထိုနည်းလည်းကောင်း။

“ကိုကိုချန်းယောလ်.’

‘မလာနဲ့.’

အနားပြေးသွားမည်ကြံစဉ် ထယ်ဂီသည် ဓါးချွန်တစ်ချောင်းကို ချန်းယောလ် လည်ပင်းထက် တင်ထားသည်။ရဲတွေသည်ပင် သေနတ်ထုတ်လျက် လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြ၏။

“ထယ်ဂီ..’

‘ဘာလို့ ဦးလေးက တံခါးဖွင့်ပေးလိုက်တာလဲ၊ကျွန်တော်တို့ လက်ထပ်ပွဲကျင်းပတော့မှာလေ။”

သူဌေးဆယ်က စိတ်ပျက်လက်ပျက်ဖြင့်ခေါင်းခါ၏။

“သူဌေးဆယ်. ဒါက ဘယ်လိုဖြစ်ရတာလဲ။ခင်ဗျားက ပြည်ပခရီးစဉ်ပါသွားတယ်ဆို”

ဂန်ထယ်ဟိုက ချန်းယောလ်တို့ကုမ္ပဏီနှင့်ပူးပေါင်းသည့် Project တွင်လုပ်နေသည်မို့ သူဌေးဆယ်ကိုလည်း မကြာခဏတော့ မြင်ဖူးနေသည်။သူ့ကိုလည်း သေချာပေါက်သိနေမည်ဖြစ်သည့် သူဌေးဆယ်က ဂန်ထယ်ဟိုကို ကြည့်ကာ သက်ပြင်းချပြန်သည်။

“ကျွန်တော်လည်း သေချာမသိတော့ပါဘူး။ ခရီးစဉ်က ရက်ရွှေေဖြစ်လိုက်လို့ အိမ်ကိုပြန်လာတော့ ဌာနမှူးပတ်ကို ဒီအခြေအနေနဲ့တွေ့တာပဲ။’

သူတို့ပြောတာတွေကို ဘတ်ဟျွန်းက စိတ်မဝင်စား။ ချန်းယောလ်လည်ပင်းထက်တွင် ရှိနေသည့် ဓါးကိုသာ တထိတ်ထိတ် ကြည့်နေရင်း အသက်မရှုဝံ့။ဒီ ထယ်ဂီသည်သေချာပေါက်ရူးနေသည်ပင်။ချန်းယောလ်က ဘတ်ဟျွန်းကို စိတ်မချသည့်အကြည့်တွေဖြင့်သာ ကြည့်နေသည်။

“ဓါးကိုချလိုက်ပါ.. ခင်ဗျား ပြစ်မှုကျူးလွန်နေတယ်ဆိုတာသိရဲ့လား။”

ရဲအရာရှိက ပြောပေမယ့် ထယ်ဂီက တုပ်တုပ်မလှုပ်။ရယ်သည်။ဘာကိုမှ ဂရုမစိုက်သည့်ဟန်ဖြင့် ဖြစ်သည်။

“ထယ်ဂီ ချလိုက်ပါ။ လာ ဦးလေးဆီကိုလာ.. ဌာနမှူးပတ်ကို လွှတ်ပေးလိုက်ပါ။”

သူဌေးဆယ်က လေပြည်လေးဖြင့်ဆိုသော်လည်း မရပါ။ ထယ်ဂီ ကိုင်ထားသည့်ဓါးချွန်က ချန်းယောလ်လည်ပင်းကိုပင် နစ်ဝင်နေပြီမို့ သွေးစတို့ စိမ့်ထွက်လာသည်။

“ဘာလို့လွှတ်ပေးရမှာလဲ။သူ့ကို  ကျွန်တော်က မရရင် ဘယ်သူကမှ မရစေရဘူးလေ။ ကျွန်တော်တို့တူတူ နောက်ဘဝမှာဆုံမှာ။”

ထယ်ဂီအပြုံးက စိတ္တဇပိုဆန်လာပြီမို့ ဘတ်ဟျွန်းသည် မျက်လုံးထောင့်တွင်မြင်ရသည့် ပန်းအိုးလေးကို လှမ်းကောက်ကာ ထယ်ဂီထံရွယ်လျက်ပစ်လိုက်သလို သေနတ်သံတစ်ချက်ကလည်း ခပ်အုပ်အုပ်ထွက်ပေါ်လာခဲ့သည်။အစဉ်သဖြင့် လေ့ကျင့်လာခဲ့သည်ဖြစ်သည်ကြောင့် ဘတ်ဟျွန်း ဦးတည်ရာကလည်း မှန်သည်။ခေါင်းတည့်တည့်ကို ထိ၏။ လက်မောင်းတွင်လည်း သွေးတို့ဖြာခနဲဖြင့် ထယ်ဂီသည်ဘေးတွင်ပုံကျသည်။ ဘတ်ဟျွန်းအလျင်အမြန်ပင် ချန်းယောလ်ရှေ့နားသို့ ရောက်လာခဲ့သည်။ထယ်ဂီကတော့ ရဲအရာရှိတွေလက်ထဲတွင် လက်ထိပ်ခတ်လျက်သား။

“ဖယ်… ဖယ်ပေး. ချန်းယောလ် အနားမှာ နေမှာ. ဖယ်ကြစမ်း။”

သူဌေးဆယ်က တူဖြစ်သူကိုကြည့်ကာ စိတ်မကောင်းခြင်းကြီးစွာမျက်နှာလွှဲသည်။ရဲကားထဲပါသွားသည့် တူနောက်ကိုလည်း လိုက်ရပြန်သည်။

“တော်သေးတာပေါ့”

ချန်းယောလ်ကိုချည်ထားသည့် ကြိုးတွေကို ဂန်ထယ်ဟိုနှင့် ဘတ်ဟျွန်းက မြန်မြန်ဖြည်ပေးကြည်၏။ကြိုးကလွတ်လျှင်ပင် ချန်းယောလ်သည် ဘတ်ဟျွန်းကိုတင်းနေအောင်ကို ဖက်တော့သည်။ဒီကောင်လေးနဲ့မတွေ့ရတော့မှာကို သူ သိပ်ကို စိုးရိမ်နေခဲ့ရသည်။စိတ်မမှန်သည့် ထယ်ဂီကြောင့်ဘာတွေဖြစ်မည်မှန်း မသိပေမယ့် ဘတ်ဟျွန်းကို ထားခဲ့ရသည့်အဖြစ်မျိုး ဖြစ်မည်ကိုတော့ သိပ်ကို စိုးထိတ်နေခဲ့၏။

“ဖမ်းခေါ်သွားမယ့်သွား.. မရောက်နိုင်တဲ့နေရာကိုသွားတာမဟုတ်ဘူး။ မြို့ထဲက မထွက်ဘဲနဲ့ ငါတို့က ပြန်ရှာတွေ့တယ်။”

ဂန်ထယ်ဟိုက ခပ်ရွဲ့ရွဲ့ပြောပေမယ့် စိတ်ပူလို့ဆိုတာ ချန်းယောလ်နားလည်ပါသည်။မကြည်သည့်အကြည့်တစ်ချက်သာ ပေးလိုက်ပြီး ရင်ခွင်ထဲက ကောင်လေးကိုသာ တင်းတင်းဖက်ထားမိသည်။

“အဲ့ကောင်က တကယ်စိတ်မှန်တာမဟုတ်ဘူး။ငါ့ကိုခေါ်ပြီး မြို့ပြင်ထိလည်းရောက်ပြီးပြီ။ပြီးမှ ဒီကို ရောက်လာတာ။ ငါ့ကိုအိမ်ထဲ မနိုင်မနင်းသွင်းတော့ ဒီမှာ ဒဏ်ရာတွေချည်းပဲ။”

ချန်းယောလ်၏အင်္ကျီလွတ်နေသည့် တံတောင်ဆစ်နားတွင်လည်း ပွန်းပဲ့ရာ၊ခြစ်ရာကြီးတွေက အထင်းသား။ဘတ်ဟျွန်းက ဖွဖွလေးပွတ်သပ်ပေးသည်။ချန်းယောလ်အဖြစ်သည်းနေပုံကို ဂန်ထယ်ဟို ကအမြင်ကတ်စွာ ကြည့်ပေးလိုက်သည်။အားလုံး ထိုအိမ်က ထွက်လာချိန်တွင် ညဉ့်လည်းအတော်လေးနက်နေပြီဖြစ်သည်။ဘတ်ဟျွန်းက မိဘတွေကို စိတ်မပူဖို့ စာအရင် ပို့ထားလိုက်၏။

ဂန်ထယ်ဟိုက ချန်းယောလ်၏ကားကိုမောင်းလာသည်မို့ ဂန်ထယ်ဟိုကို အရင် လိုက်ပို့ပေးလိုက်ပြီးမှ အိမ်အပြန်လမ်းတွင် ကားကိုချန်းယောလ်က မောင်းသည်။ကိစ္စကိုဖြေရှင်းရဦးမှာပေမယ့် ညတွင်းချင်းလည်း ရဲစခန်းလည်း လိုက်မသွားနိုင်တော့။ တစ်ကိုယ်လုံးကိုင်ရိုက်ထားသလို ချန်းယောလ် ပင်ပန်းနေပြီဖြစ်ပေမယ့် တစ်လျှောက်လုံးဘေးနားတွင် ထိုင်ကာ တမော့မော့ ငေးလာနေသည့် ချစ်ရသူလေးကြောင့် သက်သာရာရသည်။

“သိပ်စိုးရိမ်နေခဲ့လား။စိတ်ပူစေမိလို့ ကိုယ်ကတောင်းပန်ပါတယ်။အဲ့ကောင်ရူးနေမှန်း မသိလိုက်ဘူး။”

‘သူက ချန်းယောလ်ကို တော်တော်လေးသဘောကျနေတာထင်တယ်။ကျွန်တော့်ကိုတောင် သတ်ခဲ့သေးတာ။သနား​တော့ သနားပါတယ်နော်။”

‘ဘာသနားစရာရှိလို့လဲ  ဘတ်ဟျွန်းနီးရာ. ကိုယ့်ကိုတောင် သတ်ခဲ့တဲ့လူကို.”

‘သူက ချစ်တာမှားနေတာကိုးလို့။ ပြန်မချစ်နိုင်တဲ့ ကိုကို့ကိုလည်းချစ်မိတယ်။စိတ်ကလည်း ကစဉ့်ကလျားဖြစ်နေသေးတာ သနားစရာပေါ့။ဒါပေမဲ့ ကိုကို့ကို သတ်ဖို့လုပ်ပြန်တာကိုတော့ ကျွန်တော်က မသနားပေးနိုင်ပြန်ဘူး။တော်သေးတာပေါ့ ကိုကိုချန်းယောလ် ဘာမှမထိခိုက်လို့. မဟုတ်ရင် ကျွန်တော် ရူးရတော့မှာ။”

ကားမောင်းနေရင်း လှည့်ကြည့်လိုက်တော့ ဘတ်ဟျွန်းက သူ့ကိုကြည့်နေကာ မျက်နှာငယ်လေးဖြင့် ဆိုနေခြင်းဖြစ်သည်။ ချန်းယောလ် ဖွဖွလေးပြုံးမိသည်။ထို့နောက် ကားကို လမ်းဘေးတစ်နေရာကို ခဏထိုးရပ်လိုက်ကာ ချန်းယောလ်က ဘတ်ဟျွန်း ဘက်လှည့်ထိုင်လျက် လက်ကလေးနှစ်ဖက်လုံးကို ယူကာ ဆုပ်ကိုင်ထားလျက်ပင်..

“ကိုကို့ကို အများကြီးချစ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘတ်ဟျွန်းနီးရယ်.။ကိုကိုလည်း ဘတ်ဟျွန်းနီးကို ပြောမပြတတ်အောင် ချစ်ရပါတယ်။အချိန်တွေ ထပ်မဆွဲတော့ဘဲ ကိုကိုတို့ လက်ထပ်ကြစို့လေနော်။”

မျှော်တလင့်လင့်မျက်ဝန်းတွေထဲ ချစ်ခြင်းကိုရှာတွေ့မည်ဆိုပါလျှင် ခု ကျိန်းသေပေါက်ကိုပင် ချန်းယောလ်မျက်ဝန်းထဲက အချစ်ရိပ်တွေကို ဘတ်ဟျွန်းမြင်နေရသည်။ ဝေ့သီလာသည့် မျက်ရည်ကို မကျလာစေရန် ပုတ်ခတ်သိမ်းဆည်းလျက် ခေါင်းညိတ်ပြလိုက်မိသည်။

“ကိုကိုချန်းယောလ် သဘောပါပဲ။”

ပြုံးသွားခဲ့သည့် ချန်းယောလ်မျက်နှာက ဘတ်ဟျွန်းအတွက် မြင်ရတာ ဘယ်တော့မှမရိုးနိုင်သည့် မြင်ကွင်းပင်ဖြစ်ပေလိမ့်မည်။ ဒီထက်ပိုအချိန်ဆွဲ ပြောနေစရာတွေလည်း မလိုအပ်တော့။

ဘတ်ဟျွန်းကိုယ်၌ကိုကလည်း ချန်းယောလ်ကို ပိုင်ဆိုင်ချင်နေမိပြီ။

***********************
# With Heart
Just A Dreamer.

Zawgyi

Episode-31

အသားကင္ဆိုင္တစ္ခုမွာ ဘယ္တုန္းကမွ မ်က္ႏွာေၾကာမတၫ့္ခဲ့သၫ့္ ခ်န္းေယာလ္ႏွင့္ ဂန္ထယ္ဟိုက တစ္ဝိုင္းတည္းရိွေနသည္။ အေၾကာင္းမူကား ဘတ္ဟြၽန္းႏွင့္ ဟန္ဘီေၾကာင့္။ႏွစ္ေယာက္သားထိုင္ကတည္းကလည္း မ်က္ေစာင္းတျပင္ျပင္ႏွင့္မို႔ ဘတ္ဟြၽန္းတို႔ကရယ္ရေသးသည္။

“​အဲ့ဒီေတာ့ ပတ္ဘတ္ဟြၽန္း  ျပန္ေရာက္လာတာ ဝမ္းသာပါတယ္။မဟုတ္ရင္ ပတ္ခ်န္းေယာလ္က ငါ့ရဲ့ဟန္ဘီကို ျပန္လုမွာစိုးရေသးတယ္။”

‘အပိုေတြ ေျပာမေနနဲ႔ေဟ့ေကာင္။ငါ ကဘတ္ဟြၽန္းနီးမွ ဘတ္ဟြၽန္းနီးပဲ။”

‘ေအးပါ သိပါတယ္။မ်က္လံုးထဲမွာေတာင္ ပတ္ဘတ္ဟြၽန္းလို႔ေရးထားတာေတြ အတိုင္းမသိျမင္ေနရ.’

ဂန္ထယ္ဟိုက အျမင္ကတ္ကတ္ျဖင့္ေျပာတာျဖစ္ေပမယ့္ ခ်န္းေယာလ္က သူမ်ားေတြေတာင္သိတယ္ဆိုသၫ့္ဒီဇိုင္းျဖင့္ ဘတ္ဟြၽန္းကို ေမးဆတ္ျပလာေသးသည္။

“ဒါဆို မမဟန္ဘီနဲ႔ အကိုထယ္ဟိုက လက္ထပ္ျဖစ္ၾကတာေပါ့ေနာ္။”

‘ဟုတ္တယ္ ဘတ္ဟြၽန္းရယ္။ မမ ေမေမက အစက သေဘာမတူေပမယ့္ မမကိုယ္တိုင္က သေဘာက်ေနေတာ့ ဘာမွမတတ္ႏိုင္ေတာ့ဘူးေလ။သူကလည္း သူ႔အေဖဘက္က မယားပါသားသမီးကိစၥေတြကို ေသခ်ာရွင္းၿပီး တရားဝင္ဆက္ခံသူျဖစ္လာေတာ့ အားလံုးအဆင္ေျပသြားခဲ့တယ္။’

ဟန္ဘီက ရွက္ၿပံဳးေလးႏွင့္ဆိုေတာ့ ဘတ္ဟြၽန္း ၿပံဳးမိသည္။ဘယ္သူမဆို ခ်စ္ရသၫ့္သူႏွင့္နီးစပ္ရလ်ွင္ ေပ်ာ္ရႊင္မိၾကတာခ်ည္း။ ဂန္ထယ္ဟိုကို ၾကၫ့္ရသည္မွာလည္း ဟန္ဘီကို အရိပ္တၾကၫ့္ၾကၫ့္ျဖင့္ အေတာ္ေလးခ်စ္ပံုေပၚ၏။

“မင္းမသိလို႔ ပတ္ဘတ္ဟြၽန္း။ဒီေကာင္က ငါတို႔မဂၤလာပြဲမွာ မ်က္ႏွာေသႀကီးနဲ႔လာတာ မသိရင္ တကယ္ပဲ သူက ဟန္ဘီနဲ႔ ႀကိဳက္ခဲ့ဖူးသလိုလိုနဲ႔ေလ။ ရည္းစားေဟာင္းမဂၤလာပြဲပဲတက္ရသလိုလို။”

‘ေအးေလ. ငါက ဘတ္ဟြၽန္းကိုသတိရသြားတာေပါ့။ငါ့ေနရာမွာ မင္းဆိုရင္လည္းစဉ္းစားၾကၫ့္.’

ခ်န္းေယာလ္ကစကားေျပာေနရင္း အၾကၫ့္က အျပင္ဘက္မေတာ္တဆေရာက္မိေတာ့ ထယ္ဂီကိုေတြ့လိုက္ရသည္။ခ်န္းေယာလ္ မ်က္လံုးေတြစူးရဲသြားရရင္း ထိုင္ရာမွ ထ၏။

“ကိုကိုခ်န္းေယာလ္.’

‘ခဏေနခဲ့ ဘတ္ဟြၽန္းနီး. ကိုယ္ျပန္လာခဲ့မယ္။”

သူတို႔လည္းျမင္ပါသည္။ ထယ္ဂီက ခ်န္းေယာလ္ ထြက္လာတာကိုၿပံဳးၾကၫ့္ေနေသး၏။ ဘတ္ဟြၽန္းက စိတ္မခ်သလို ၾကၫ့္မိေပမယ့္ ခ်န္းေယာလ္ကေတာ့ ထယ္ဂီ အနားေရာက္လာခဲ့၏။

“ခ်န္းေယာလ္ ကြၽန္ေတာ့္ကိုေတြ့ခ်င္ေနမယ္ထင္လို႔.။”

‘ဆိုေတာ့ မင္း ငါ့ေနာက္လိုက္ေနတာလား။”

‘အင္း မနက္ကတည္းကေနေလ. ဘယ္လိုလဲ မရိပ္မိေလာက္တဲ့အထိ ကြၽန္ေတာ္က Stalking ေတာ္တယ္ဟုတ္. ။ စကားေျပာစရာ ရိွေနတယ္ထင္တယ္။ဒီမွာက လူသိပ္ရႈပ္တယ္။ကြၽန္ေတာ့္ကားနဲ႔လိုက္ခဲ့ေလ..’

ထယ္ဂီက သူဘာေတြလုပ္ဖူးလို႔ လုပ္ဖူးမွန္းမသိရေလေအာင္ သူကိုယ္တိုင္က သိပ္ကိုျဖဴစင္ေနဟန္ျဖင့္ ျဖစ္သည္။ခ်န္းေယာလ္ အျမင္ကတ္မုန္းတီးလွစြာပင္ ထိုသူ႔ကိုေစ့ေစ့ၾကၫ့္မိသည္။ေျပာခ်င္တာေတြလည္းရိွေနတာမို႔ ထယ္ဂီေမာင္းသၫ့္ကားထဲ ခ်န္းေယာလ္ ဝင္ထိုင္လိုက္ကာ ဘတ္ဟြၽန္းကိုေတာ့ စိတ္မပူဖို႔စာပို႔ထားလိုက္သည္။

ကားေလးက အနည္းငယ္တိတ္ဆိတ္သၫ့္ လမ္းၾကားတစ္ေနရာကို ထိုးရပ္သြားသည္။ထယ္ဂီက အရင္ကားေပၚက ဆင္းသည္။ ခ်န္းေယာလ္ လိုက္ဆင္းလာရင္း သူ႔ဘက္ကို ၿပံဳးကာၾကၫ့္ေနျပန္သၫ့္ ထယ္ဂီ အက်ႌလည္ပင္းစကိုေဆာင့္ဆြဲလ်က္ မ်က္ႏွာကို အားရပါးရ ပင့္ထိုးလိုက္သည္။သိပ္ကိုအားပါတာမို႔ ထယ္ဂီက ၾကမ္းျပင္ေပၚ ပံုက်၏။

“မင္းလိုေကာင္က ဘတ္ဟြၽန္းကိုထိခဲ့တယ္ဟုတ္..’

တစ္ခါေျပာကာ တစ္ခ်က္ထိုးသည္။အေပၚကေန တက္ခြထားကာ မ်က္ႏွာကို အားရပါးရထိုး၏။ထယ္ဂီက မနာက်င္ဘူးလား ေမးရေလာက္ေအာင္ပင္ မရုန္းဘဲ သည္းခံသည္။

“မင္းကဘာမို႔လို႔လဲ။ဘာမို႔လို႔ ငါတို႔ဘဝထဲဝင္ရႈပ္ရတာလဲ..မင္းေၾကာင့္ ငါ့ဘတ္ဟြၽန္းက ေသေတာ့မလို႔.မင္းေၾကာင့္”

စိတ္လိုလက္ရလုပ္ၿပီးမွ ဖူးေယာင္ေနသၫ့္မ်က္ႏွာႏွင့္အတူ ေသြးေတျြဖင့္ျမင္မေကာင္းျဖစ္လာမွ ခ်န္းေယာလ္ အသိစိတ္ထိန္းရင္း ခြထားရာကဖယ္ေပးလိုက္သည္။ေဒါသေတျြဖင့္ ျပၫ့္ႏွက္ေနသၫ့္ ခ်န္းေယာလ္ကို ထယ္ဂီက ခုထိေတာင္ ၿပံဳးၾကၫ့္ႏိုင္ရင္း အားယူလ်က္ ျဖည္းျဖည္းခ်င္းထသည္။

“လက္သံကျပင္းလိုက္တာ”

“ဘတ္ဟြၽန္းကိုေသေအာင္လုပ္ခဲ့တာ မင္း ျပန္ေပးဆပ္ရလိမ့္မယ္ ထယ္ဂီ”

‘ဘယ္သူေသေနလို႔လဲ။ ဘတ္ဟြၽန္းက အေကာင္းအတိုင္းႀကီးပဲ မဟုတ္လား။ခ်န္းေယာလ္က ဘယ္လိုအမႈနဲ႔ ကြၽန္ေတာ့္ကို တရားစြဲမွာလဲ”

ထယ္ဂီက ၿပံဳးစစေျပာသလို ခ်န္းေယာလ္အၿပံဳးကလည္းေၾကာက္စရာေကာင္းသည္။

“ငါက တရားစြဲမယ္ေျပာလို႔လား။မင္း ငါ့ကိုမသိပါဘူး။ တကယ္တမ္း ငါ ဘတ္ဟြၽန္းအတြက္ ဘယ္ေလာက္ထိ လုပ္ႏိုင္သလဲဆိုတာ။”

ထယ္ဂီမ်က္ႏွာပ်က္သြားသည္။အနီးကပ္ကိုျမင္ေနရသၫ့္ခ်န္းေယာလ္မ်က္လံုးေတြ၊အၾကၫ့္ေတြက သိပ္ကိုေၾကာက္ဖို႔ ေကာင္းတာမို႔ ေနာက္ေက်ာတစ္ေလ်ွာက္ေအးစိမ့္လာသလိုေတာင္ခံစားလိုက္ရ၏။သို႔ေသာ္ ဟန္ကိုယ္ဖို႔ျဖင့္ ျပန္ၿပံဳးလိုက္ကာ..

‘ဒါေပမဲ့လည္း စာေလးတစ္ေၾကာင္းတည္းနဲ႔ ဘတ္ဟြၽန္းက ထားခဲ့တယ္ဆိုတာလည္း ခ်န္းေယာလ္က ယံုတာပဲေနာ္.။”

‘ေအး.. ငါက ဘတ္ဟြၽန္းကိုသိပ္ခ်စ္လို႔ အက်ိဳးအေၾကာင္းမဆင္ျခင္ႏိုင္ေလာက္ေအာင္ ထံုေပသြားခဲ့မိတာ။ ငါတို႔အိမ္က ဦးေလးႀကီးရဲ့မိန္းမကို မက္ေလာက္တဲ့ပိုက္ဆံေပးၿပီး ဦးေလးႀကီး ဘတ္ဟြၽန္းကို လာမေခၚျဖစ္ေအာင္ တားလိုက္တာလည္း သိတယ္။ဘတ္ဟြၽန္းဖုန္းနဲ႔ပဲ စာပို႔ၿပီး ဦးေလးႀကီးကတစ္ဆင့္ အဲ့ဒါကို ငါ့ဆီယူလာခိုင္းတာမလား။ ဂ်ပန္က ကိုယ္စားလွယ္ေတြနဲ႔ လက္မွတ္ထိုးမယ့္ကိစၥလည္း မင္းဦးေလးကတစ္ဆင့္ဝင္ရႈပ္တယ္ဆိုတာ သိၿပီးၿပီ။မင္းကိုယ္မင္း လည္လြန္းေနၿပီထင္လား။”

“ကြၽန္ေတာ့္ဦးေလးက ခ်န္းေယာလ္တို႔ ရွယ္ယာေတြအမ်ားႀကီးရိွတာေနာ္.’

‘သြားစမ္းပါ. ဂရုမစိုက္ဘူး။မင္းလိုရူးေနတဲ့ေကာင္လိုမ်ိဳးအတြက္ မင္းဦးေလးကလည္း ငါတို႔လုပ္ငန္းမွာ လုပ္ေနတဲ့ကိစၥေတြကို အပ်က္အဆီးခံပါ့မလား ငါေစာင့္ၾကၫ့္ဦးမယ္။ မင္း သတိထားေန.. ထယ္ဂီ.. ေရ႔ွေလ်ွာက္ မင္းမွာ ဒုကၡမ်ားလာလိမ့္မယ္။”

ခ်န္းေယာလ္ေျပာခ်င္သၫ့္စကားေတြအကုန္ေျပာခဲ့ၿပီး ေနရာမွလွၫ့္ထြက္လိုက္သည္။သို႔ေသာ္ အေနာက္ကေန လႈပ္လႈပ္ရွားရွား ၾကားသျဖင့္ လွၫ့္ၾကၫ့္လိုက္မိစဉ္တြင္ ခ်န္းေယာလ္ေနာက္က်သြားခဲ့သည္။ထယ္ဂီက သစ္သားတုတ္တစ္ေခ်ာင္းကိုင္လ်က္ ခ်န္းေယာလ္ဇက္ပိုးကိုရိုက္ၿပီးေနေလ၏။ ၿပံဳးျပေနေသးသၫ့္ အၿပံဳးသည္ တကယ္ကိုစိတၲဇဆန္သည္။ ခ်န္းေယာလ္ ေတာင့္မခံႏိုင္ေတာ့ဘဲ ေနရာမွာတင္ၿပိဳလဲက်သြားေလေတာ့၏။

“ေတာင္းပန္တယ္ ခ်န္းေယာလ္. ကြၽန္ေတာ္က လိုခ်င္တာေလးလည္းရလိုက္ရမွ.. ခ်န္းေယာလ္ကို ကြၽန္ေတာ္က ဘယ္ေလာက္ေတာင္သေဘာက်ခဲ့ရသလဲ။ ကြၽန္ေတာ္တို႔ လက္ထပ္ၾကမယ္ေလေနာ္.’

တတြတ္တြတ္ျဖင့္ရြတ္ေနသံကို ခ်န္းေယာလ္ၾကားတစ္ခ်က္ မၾကားတစ္ခ်က္။သူ႔ခႏၶာကိုယ္ကို မႏိုင္မနင္းသယ္လ်က္ ကားေနာက္ခန္းထဲထၫ့္ေနတာသိသည္။ေခါင္းကလံုးဝကိုရီေဝမူးေနာက္လ်က္ ခ်န္းေယာလ္ ဘာမွမတတ္ႏိုင္။ ေခၚသြားခံရသၫ့္ အတိုင္း ပါသြားခဲ့ေလေတာ့သည္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂန္ထယ္ဟိုက သူသိေနသၫ့္ ခ်န္းေယာလ္သူငယ္ခ်င္းရဲမွဴးႀကီး၏သားကိုဆက္သြယ္ကာ ခ်န္းေယာလ္ေပ်ာက္ေနသၫ့္ အေၾကာင္းကို ခ်က္ခ်င္းေျပာသည္။ မွတ္မိလိုက္သၫ့္ကားနံပါတ္ကို ေျပာျပကာ တည္ေနရာရွာဖို႔လုပ္၏။ ညေနတစ္ပိုင္းလံုး အသားကင္စားရင္းျဖင့္ေစာင့္ေနေပမယ့္ခ်န္းေယာလ္က ေပၚမလာ။ ဖုန္းဆက္ေတာ့လည္း စက္ပိတ္ထားသည္ႏွင့္သာ တိုးေနသျဖင့္ ဘတ္ဟြၽန္းသိပ္ကိုစိုးရိမ္ေနခဲ့သည္။ ပံုမွန္မဟုတ္ေတာ့ဟု ဂန္ထယ္ဟိုလည္းယူဆတာမို႔ လုပ္သင့္တာေတြ ခ်က္ခ်င္းလုပ္ရေလေတာ့သည္။

ခု သူတို႔အားလံုး ရဲစခန္းမွာ ေစာင့္ေနၾကျခင္းျဖစ္သည္။

“စိတ္မပူနဲ႔ေနာ္ ဘတ္ဟြၽန္း အဆင္ေျပသြားမွာပါ။တို႔ႏိုင္ငံရဲ့ လံုၿခံဳေရးစနစ္က တကယ္ေကာင္းပါတယ္။”

ထိုအရာေတြကို ေသခ်ာနားမလည္ေပမယ့္ ဘတ္ဟြၽန္းေခါင္းညိတ္ျပလိုက္သည္။ခါတိုင္းလို ဘတ္ဟြၽန္းက ကူကယ္ရာမရိွ သိပ္ကိုတုန္လႈပ္ေနတတ္သၫ့္ ေကာင္ေလးမဟုတ္ေတာ့။ စိတ္က မည္မ်ွပင္ပူေလာင္ေနေသာ္ျငား ဘတ္ဟြၽန္း တည္တည္ၿငိမ္ၿငိမ္ေလးျဖင့္ ရင္ဆိုင္တတ္ေနၿပီ။ခ်န္းေယာလ္ကို စိတ္ပူလြန္းလို႔ရူးရေတာ့မၫ့္အေျခအေနေပမယ့္ ဘတ္ဟြၽန္း စိတ္တင္းႏိုင္ေသးသည္။မ်က္ရည္ေတြ သီေနေပမယ့္လို႔။

“ကားရဲ့တည္ေနရာသိရၿပီ။ငါတို႔လိုက္သြားၾကစို႔။ရဲစခန္းကလည္း လိုက္ေပးလိမ့္မယ္။”

ဂန္ထယ္ဟိုက အတြင္းခန္းထဲက ခ်န္းေယာလ္သူငယ္ခ်င္းႏွင့္အတူ ထြက္လာခဲ့သည္။ ဂန္ထယ္ဟိုက ဟန္ဘီကိုေတာ့ျဖင့္ အိမ္အရင္ ျပန္ခိုင္းလိုက္သည္။ရဲကားတစ္စီးရယ္ ဘတ္ဟြၽန္းတို႔ ကားတစ္စီးရယ္ တည္ေနရာတစ္ခုထံသို႔ ခ်က္ခ်င္း ေမာင္းထြက္လာၾကသည္။ေနရာက ဆိတ္ၿငိမ္ရပ္ကြက္တစ္ခုအတြင္း ျဖစ္သည္။ ဂန္ထယ္ဟိုက မ်က္ေမွာင္ႀကံဳ႔ရင္းေျပာသည္။

“ဒါ သူေဌးဆယ္ရဲ့ အိမ္ပဲ.။ဘာလဲ ဒီလူကပါ အလိုတူအလိုပါလား။”

အားလံုး ကားေပၚက ဆင္းၿပီးသည္ႏွင့္ ရဲေတြက အင္တာကြန္းမွတစ္ဆင့္ စစ္ေဆးစရာေလးရိွသၫ့္အေၾကာင္းေျပာသည္။ သူေဌးဆယ္က သက္ျပင္းခ်လ်က္ အထဲကေန တံခါးဖြင့္ေပးလာသည္။အရင္ဝင္သြားသၫ့္ရဲေတြေနာက္ကေန ဘတ္ဟြၽန္းပါ ခ်က္ခ်င္းလိုက္ဝင္၏။ျမင္လိုက္ရသၫ့္ျမင္ကြင္းေၾကာင့္ ဘတ္ဟြၽန္းမ်က္လံုးေလးျပဴးသြားရသည္။ ခ်န္းေယာလ္သည္ ဧၫ့္ခန္းက ေက်ာမွီကုထားထိုင္တစ္လံုးတြင္ လက္ေနာက္ပစ္လ်က္ ႀကိဳးခ်ည္ခံထားရၿပီး ပါးစပ္တြင္လည္း အဝတ္ျဖင့္ပိတ္ဆို႔ျခင္း ခံထားရသည္။ ခ်န္းေယာလ္ကိုယ္တြင္က သြားတုန္းက ဝတ္ထားသၫ့္အက်ႌအျပာေလးမဟုတ္ေတာ့ဘဲ အျဖဴေရာင္ အေနာက္တိုင္းဝတ္စံုျဖင့္ ျဖစ္သည္။ရင္ဘတ္တြင္လည္း ပန္းေလးထိုးထားေသးကာ သတို႔သားဝတ္စံုႏွင့္တူသည္။ ထယ္ဂီသည္လည္း ထိုနည္းလည္းေကာင္း။

“ကိုကိုခ်န္းေယာလ္.’

‘မလာနဲ႔.’

အနားေျပးသြားမည္ႀကံစဉ္ ထယ္ဂီသည္ ဓါးခြၽန္တစ္ေခ်ာင္းကို ခ်န္းေယာလ္ လည္ပင္းထက္ တင္ထားသည္။ရဲေတြသည္ပင္ ေသနတ္ထုတ္လ်က္ လႈပ္လႈပ္ရွားရွားျဖစ္ကုန္ၾက၏။

“ထယ္ဂီ..’

‘ဘာလို႔ ဦးေလးက တံခါးဖြင့္ေပးလိုက္တာလဲ၊ကြၽန္ေတာ္တို႔ လက္ထပ္ပြဲက်င္းပေတာ့မွာေလ။”

သူေဌးဆယ္က စိတ္ပ်က္လက္ပ်က္ျဖင့္ေခါင္းခါ၏။

“သူေဌးဆယ္. ဒါက ဘယ္လိုျဖစ္ရတာလဲ။ခင္ဗ်ားက ျပည္ပခရီးစဉ္ပါသြားတယ္ဆို”

ဂန္ထယ္ဟိုက ခ်န္းေယာလ္တို႔ကုမၸဏီႏွင့္ပူးေပါင္းသၫ့္ Project တြင္လုပ္ေနသည္မို႔ သူေဌးဆယ္ကိုလည္း မၾကာခဏေတာ့ ျမင္ဖူးေနသည္။သူ႔ကိုလည္း ေသခ်ာေပါက္သိေနမည္ျဖစ္သၫ့္ သူေဌးဆယ္က ဂန္ထယ္ဟိုကို ၾကၫ့္ကာ သက္ျပင္းခ်ျပန္သည္။

“ကြၽန္ေတာ္လည္း ေသခ်ာမသိေတာ့ပါဘူး။ ခရီးစဉ္က ရက္ေရႊေျဖစ္လိုက္လို႔ အိမ္ကိုျပန္လာေတာ့ ဌာနမွဴးပတ္ကို ဒီအေျခအေနနဲ႔ေတြ့တာပဲ။’

သူတို႔ေျပာတာေတြကို ဘတ္ဟြၽန္းက စိတ္မဝင္စား။ ခ်န္းေယာလ္လည္ပင္းထက္တြင္ ရိွေနသၫ့္ ဓါးကိုသာ တထိတ္ထိတ္ ၾကၫ့္ေနရင္း အသက္မရႈဝံ့။ဒီ ထယ္ဂီသည္ေသခ်ာေပါက္ရူးေနသည္ပင္။ခ်န္းေယာလ္က ဘတ္ဟြၽန္းကို စိတ္မခ်သၫ့္အၾကၫ့္ေတျြဖင့္သာ ၾကၫ့္ေနသည္။

“ဓါးကိုခ်လိုက္ပါ.. ခင္ဗ်ား ျပစ္မႈက်ူးလြန္ေနတယ္ဆိုတာသိရဲ့လား။”

ရဲအရာရိွက ေျပာေပမယ့္ ထယ္ဂီက တုပ္တုပ္မလႈပ္။ရယ္သည္။ဘာကိုမွ ဂရုမစိုက္သၫ့္ဟန္ျဖင့္ ျဖစ္သည္။

“ထယ္ဂီ ခ်လိုက္ပါ။ လာ ဦးေလးဆီကိုလာ.. ဌာနမွဴးပတ္ကို လႊတ္ေပးလိုက္ပါ။”

သူေဌးဆယ္က ေလျပည္ေလးျဖင့္ဆိုေသာ္လည္း မရပါ။ ထယ္ဂီ ကိုင္ထားသၫ့္ဓါးခြၽန္က ခ်န္းေယာလ္လည္ပင္းကိုပင္ နစ္ဝင္ေနၿပီမို႔ ေသြးစတို႔ စိမ့္ထြက္လာသည္။

“ဘာလို႔လႊတ္ေပးရမွာလဲ။သူ႔ကို  ကြၽန္ေတာ္က မရရင္ ဘယ္သူကမွ မရေစရဘူးေလ။ ကြၽန္ေတာ္တို႔တူတူ ေနာက္ဘဝမွာဆံုမွာ။”

ထယ္ဂီအၿပံဳးက စိတၲဇပိုဆန္လာၿပီမို႔ ဘတ္ဟြၽန္းသည္ မ်က္လံုးေထာင့္တြင္ျမင္ရသၫ့္ ပန္းအိုးေလးကို လွမ္းေကာက္ကာ ထယ္ဂီထံရြယ္လ်က္ပစ္လိုက္သလို ေသနတ္သံတစ္ခ်က္ကလည္း ခပ္အုပ္အုပ္ထြက္ေပၚလာခဲ့သည္။အစဉ္သျဖင့္ ေလ့က်င့္လာခဲ့သည္ျဖစ္သည္ေၾကာင့္ ဘတ္ဟြၽန္း ဦးတည္ရာကလည္း မွန္သည္။ေခါင္းတၫ့္တၫ့္ကို ထိ၏။ လက္ေမာင္းတြင္လည္း ေသြးတို႔ျဖာခနဲျဖင့္ ထယ္ဂီသည္ေဘးတြင္ပံုက်သည္။ ဘတ္ဟြၽန္းအလ်င္အျမန္ပင္ ခ်န္းေယာလ္ေရ႔ွနားသို႔ ေရာက္လာခဲ့သည္။ထယ္ဂီကေတာ့ ရဲအရာရိွေတြလက္ထဲတြင္ လက္ထိပ္ခတ္လ်က္သား။

“ဖယ္… ဖယ္ေပး. ခ်န္းေယာလ္ အနားမွာ ေနမွာ. ဖယ္ၾကစမ္း။”

သူေဌးဆယ္က တူျဖစ္သူကိုၾကၫ့္ကာ စိတ္မေကာင္းျခင္းႀကီးစြာမ်က္ႏွာလႊဲသည္။ရဲကားထဲပါသြားသၫ့္ တူေနာက္ကိုလည္း လိုက္ရျပန္သည္။

“ေတာ္ေသးတာေပါ့”

ခ်န္းေယာလ္ကိုခ်ည္ထားသၫ့္ ႀကိဳးေတြကို ဂန္ထယ္ဟိုႏွင့္ ဘတ္ဟြၽန္းက ျမန္ျမန္ျဖည္ေပးၾကည္၏။ႀကိဳးကလြတ္လ်ွင္ပင္ ခ်န္းေယာလ္သည္ ဘတ္ဟြၽန္းကိုတင္းေနေအာင္ကို ဖက္ေတာ့သည္။ဒီေကာင္ေလးနဲ႔မေတြ့ရေတာ့မွာကို သူ သိပ္ကို စိုးရိမ္ေနခဲ့ရသည္။စိတ္မမွန္သၫ့္ ထယ္ဂီေၾကာင့္ဘာေတျြဖစ္မည္မွန္း မသိေပမယ့္ ဘတ္ဟြၽန္းကို ထားခဲ့ရသၫ့္အျဖစ္မ်ိဳး ျဖစ္မည္ကိုေတာ့ သိပ္ကို စိုးထိတ္ေနခဲ့၏။

“ဖမ္းေခၚသြားမယ့္သြား.. မေရာက္ႏိုင္တဲ့ေနရာကိုသြားတာမဟုတ္ဘူး။ ၿမိဳ႔ထဲက မထြက္ဘဲနဲ႔ ငါတို႔က ျပန္ရွာေတြ့တယ္။”

ဂန္ထယ္ဟိုက ခပ္ရြဲ႔ရြဲ႔ေျပာေပမယ့္ စိတ္ပူလို႔ဆိုတာ ခ်န္းေယာလ္နားလည္ပါသည္။မၾကည္သၫ့္အၾကၫ့္တစ္ခ်က္သာ ေပးလိုက္ၿပီး ရင္ခြင္ထဲက ေကာင္ေလးကိုသာ တင္းတင္းဖက္ထားမိသည္။

“အဲ့ေကာင္က တကယ္စိတ္မွန္တာမဟုတ္ဘူး။ငါ့ကိုေခၚၿပီး ၿမိဳ႔ျပင္ထိလည္းေရာက္ၿပီးၿပီ။ၿပီးမွ ဒီကို ေရာက္လာတာ။ ငါ့ကိုအိမ္ထဲ မႏိုင္မနင္းသြင္းေတာ့ ဒီမွာ ဒဏ္ရာေတြခ်ည္းပဲ။”

ခ်န္းေယာလ္၏အက်ႌလြတ္ေနသၫ့္ တံေတာင္ဆစ္နားတြင္လည္း ပြန္းပဲ့ရာ၊ျခစ္ရာႀကီးေတြက အထင္းသား။ဘတ္ဟြၽန္းက ဖြဖြေလးပြတ္သပ္ေပးသည္။ခ်န္းေယာလ္အျဖစ္သည္းေနပံုကို ဂန္ထယ္ဟို ကအျမင္ကတ္စြာ ၾကၫ့္ေပးလိုက္သည္။အားလံုး ထိုအိမ္က ထြက္လာခ်ိန္တြင္ ညၪ့္လည္းအေတာ္ေလးနက္ေနၿပီျဖစ္သည္။ဘတ္ဟြၽန္းက မိဘေတြကို စိတ္မပူဖို႔ စာအရင္ ပို႔ထားလိုက္၏။

ဂန္ထယ္ဟိုက ခ်န္းေယာလ္၏ကားကိုေမာင္းလာသည္မို႔ ဂန္ထယ္ဟိုကို အရင္ လိုက္ပို႔ေပးလိုက္ၿပီးမွ အိမ္အျပန္လမ္းတြင္ ကားကိုခ်န္းေယာလ္က ေမာင္းသည္။ကိစၥကိုေျဖရွင္းရဦးမွာေပမယ့္ ညတြင္းခ်င္းလည္း ရဲစခန္းလည္း လိုက္မသြားႏိုင္ေတာ့။ တစ္ကိုယ္လံုးကိုင္ရိုက္ထားသလို ခ်န္းေယာလ္ ပင္ပန္းေနၿပီျဖစ္ေပမယ့္ တစ္ေလ်ွာက္လံုးေဘးနားတြင္ ထိုင္ကာ တေမာ့ေမာ့ ေငးလာေနသၫ့္ ခ်စ္ရသူေလးေၾကာင့္ သက္သာရာရသည္။

“သိပ္စိုးရိမ္ေနခဲ့လား။စိတ္ပူေစမိလို႔ ကိုယ္ကေတာင္းပန္ပါတယ္။အဲ့ေကာင္ရူးေနမွန္း မသိလိုက္ဘူး။”

‘သူက ခ်န္းေယာလ္ကို ေတာ္ေတာ္ေလးသေဘာက်ေနတာထင္တယ္။ကြၽန္ေတာ့္ကိုေတာင္ သတ္ခဲ့ေသးတာ။သနား​ေတာ့ သနားပါတယ္ေနာ္။”

‘ဘာသနားစရာရိွလို႔လဲ  ဘတ္ဟြၽန္းနီးရာ. ကိုယ့္ကိုေတာင္ သတ္ခဲ့တဲ့လူကို.”

‘သူက ခ်စ္တာမွားေနတာကိုးလို႔။ ျပန္မခ်စ္ႏိုင္တဲ့ ကိုကို႔ကိုလည္းခ်စ္မိတယ္။စိတ္ကလည္း ကစၪ့္ကလ်ားျဖစ္ေနေသးတာ သနားစရာေပါ့။ဒါေပမဲ့ ကိုကို႔ကို သတ္ဖို႔လုပ္ျပန္တာကိုေတာ့ ကြၽန္ေတာ္က မသနားေပးႏိုင္ျပန္ဘူး။ေတာ္ေသးတာေပါ့ ကိုကိုခ်န္းေယာလ္ ဘာမွမထိခိုက္လို႔. မဟုတ္ရင္ ကြၽန္ေတာ္ ရူးရေတာ့မွာ။”

ကားေမာင္းေနရင္း လွၫ့္ၾကၫ့္လိုက္ေတာ့ ဘတ္ဟြၽန္းက သူ႔ကိုၾကၫ့္ေနကာ မ်က္ႏွာငယ္ေလးျဖင့္ ဆိုေနျခင္းျဖစ္သည္။ ခ်န္းေယာလ္ ဖြဖြေလးၿပံဳးမိသည္။ထို႔ေနာက္ ကားကို လမ္းေဘးတစ္ေနရာကို ခဏထိုးရပ္လိုက္ကာ ခ်န္းေယာလ္က ဘတ္ဟြၽန္း ဘက္လွၫ့္ထိုင္လ်က္ လက္ကေလးႏွစ္ဖက္လံုးကို ယူကာ ဆုပ္ကိုင္ထားလ်က္ပင္..

“ကိုကို႔ကို အမ်ားႀကီးခ်စ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဘတ္ဟြၽန္းနီးရယ္.။ကိုကိုလည္း ဘတ္ဟြၽန္းနီးကို ေျပာမျပတတ္ေအာင္ ခ်စ္ရပါတယ္။အခ်ိန္ေတြ ထပ္မဆြဲေတာ့ဘဲ ကိုကိုတို႔ လက္ထပ္ၾကစို႔ေလေနာ္။”

ေမ်ွာ္တလင့္လင့္မ်က္ဝန္းေတြထဲ ခ်စ္ျခင္းကိုရွာေတြ့မည္ဆိုပါလ်ွင္ ခု က်ိန္းေသေပါက္ကိုပင္ ခ်န္းေယာလ္မ်က္ဝန္းထဲက အခ်စ္ရိပ္ေတြကို ဘတ္ဟြၽန္းျမင္ေနရသည္။ ေဝ့သီလာသၫ့္ မ်က္ရည္ကို မက်လာေစရန္ ပုတ္ခတ္သိမ္းဆည္းလ်က္ ေခါင္းညိတ္ျပလိုက္မိသည္။

“ကိုကိုခ်န္းေယာလ္ သေဘာပါပဲ။”

ၿပံဳးသြားခဲ့သၫ့္ ခ်န္းေယာလ္မ်က္ႏွာက ဘတ္ဟြၽန္းအတြက္ ျမင္ရတာ ဘယ္ေတာ့မွမရိုးႏိုင္သၫ့္ ျမင္ကြင္းပင္ျဖစ္ေပလိမ့္မည္။ ဒီထက္ပိုအခ်ိန္ဆြဲ ေျပာေနစရာေတြလည္း မလိုအပ္ေတာ့။

ဘတ္ဟြၽန္းကိုယ္၌ကိုကလည္း ခ်န္းေယာလ္ကို ပိုင္ဆိုင္ခ်င္ေနမိၿပီ။

***********************
# With Heart
Just A Dreamer.

Continue Reading

You'll Also Like

18.7K 820 32
သံေယာဇဥ္ ဆိုတဲ့တံတားကိုနင္းျဖတ္ပီး ႏွလုံးသားကိုပဲဦးစားေပးေ႐ြးခ်ယ္ရဲပါ့မလားဆိုရင္ ကြၽန္ေတာ္ ကေတာ့... သံယောဇဉ် ဆိုတဲ့တံတားကိုနင်းဖြတ်ပီး နှလုံးသား ကို...
548K 42.8K 64
Unicode ~~Zawgyi သားကိုအလွန်ချစ်ပြီးအူတို​သော~~ဦး​​ကျော်ကြား ​ဖခင်နဲ့လင်ဖြစ်သူ ကြားဗျာများရတဲ့ ~~သျှားမြတ်​ကျော် သျှားချစ်သူကျီးကန်းမည်း​လေး~အံ့မင်း...
399K 26.7K 23
ငါဟာမချစ်သင့်တဲ့အချစ်တစ်ခုကိုမသိလိုက်ဘဲနဲ့အစပျိုးခဲ့လို့ ငါမှားခဲ့တယ် ဟုတ်တယ် ငါမှားခဲ့တယ် ဒါပေမဲ့ ငါတစ်ခြားဘာအမှားကိုမှမကျူးလွန်ခဲ့မိပါဘူး ငါဒီတိုင်...
83.7K 20.4K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥