Sewing Machine's Love Story (...

Від LuuLuu252

125K 20.1K 824

Author : Jing Shui Bian EN translator: Rinisnotgold Chapters: 24 Chapters All Credit to Original Author and... Більше

Story Description
Chap 1 (Part 1)
Chap 1(Part 2)
Chap 2
Chap 3
Chap 4
Chap 5
Chap 6
Chap 7
Chap 8
Chap 10
Chap 11
Chap 12
Chap 13
Chap 14
Chap 15
Chap 16
Chap 17
Chap 18
Chap 19
Chap 20
Chap 21
Chap 22
Chap 23 (Part 1)
Chap 23 (Part 2)
Chap 24 (Part 1)
Chap 24 (Final Part)
Recommend Please!!

Chap 9

3.7K 750 91
Від LuuLuu252

Zaw

ခ်န္းခ်န္သည္ အမွန္ကိုပင္ အလြန္ရက္ေရာသည့္  သူေဌးတစ္ေယာက္ဟု ေျပာ၍ရသည္။သူ၏ ရက္ေရာမႈေၾကာင့္  ရႊီႏ်န္မွာ သူ႔ ခႏၶာကိုယ္ႏွင့္ ႏွလုံးသား ကို  စိတ္အားထက္သန္စြာျဖင့္ ဤသၾကားေဖေဖႀကီးထံ ေပးပစ္ခ်င္တဲ့ ဆနၵေတာင္မွ ျဖစ္မိလာသည္အထိပင္ ။

သူ႔ခႏၶာကိုယ္ကို လိုခ်င္ဖို႔ မေျပာႏွင့္ ထိုလူက သူ႔ကို တစ္ခါတစ္ေလမွသာ သရုပ္ေဆာင္ခိုင္းဖို႔ လိုအပ္တာ ျဖစ္သည္။
ထိုလူကို စိတ္ခ်မ္းသာေအာင္ထားၿပီး ခ်ီးက်ဴးစကားေျပာေပးတာကပဲ အားလုံး လုံေလာက္ေနၿပီ ျဖစ္သည္။

ဤ အလြယ္တကူ ရလာေသာ ေငြမ်ားက ရႊီႏ်န္ကို အနည္းငယ္ အျပစ္ရွိသူလို ခံစားရေစသည္။ထို႔ေၾကာင့္ ေယဘူယ်အားျဖင့္ သူမေနႏိုင္စြာပဲ ခ်န္းခ်န္အေပၚ ပို၍ ပို၍ ရိုးသားစြာျဖင့္ ဂရုစိုက္ေပးေနမိေတာ့သည္။

စီးပြားေရးနယ္ပယ္၏ အျမင့္တစ္ေနရာတြင္ရွိေနသည့္ ခ်န္းခ်န္၏ စေန တနဂၤေႏြ ပိတ္ရက္မ်ားသည္ သိသာထင္ရွားစြာနဲ႔ပဲ လူမႉဆက္ဆံေရး လႈပ္ရွားမႈမ်ားစြာျဖင့္ ျပည့္ေနေလသည္။ သူသည္  သူ႔ခႏၶာကိုယ္ကို အမ်ားႀကီး အာရုံစိုက္တတ္သည့္ လူစားမ်ိဳး မဟုတ္ေပ။ သူက သူ၏ သဘာဝအတိုင္း ၾကံ့ခိုင္သန္မာသည့္ ခႏၶာကိုယ္ကို ပိုင္ဆိုင္ထားသည္ ဆိုေသာ အခ်က္ကို ေကာင္းေကာင္းႀကီး အသုံးခ်လ်က္ရွိကာ ၎ အထူးတလည္ ဂရုစိုက္ရန္ အားထုတ္ခ်င္စိတ္မရွိေပ။

ေမၽွာ္လင့္မထားစြာနဲ႔ပဲ အေသာက္အစားပါသည့္ ေတြ႕ဆုံပြဲတစ္ခုကို မသြားခင္ တစ္ႀကိမ္မွာေတာ့ ခ်န္သိက အထူးတလည္ျဖင့္ Onigiri ႏွစ္ခု ယူလာေပးေလသည္။

ခ်န္းခ်န္က မ်က္ခုံးတြန္႔သြားၿပီး မ်က္ႏွာတစ္ခုလုံးက မႏွစ္ၿမိဳ႕ျခင္းမ်ားျဖင့္ျပည့္လ်က္။

"ဒါက ဘာလဲ?"

ခ်န္သိက ရွင္းျပလိုက္သည္။

"အစာအိမ္ထဲမွ ဘာမွမရွိေသးဘဲ မေသာက္ပါနဲ႔။ အဆာခံေအာင္လို႔ ဒါေတြကို အရင္ စာားထားသင့္ပါတယ္။"

ခ်န္းခ်န္ : "......"

သူ သံသယဝင္မိတာေတာ့ မဟုတ္ေပမယ့္ ခ်န္သိတစ္ေယာက္ သူ႔အတြင္းေရမႉးျဖစ္ၿပီး ေနာက္ပိုင္း လြန္ခဲ့သည့္ ရွစ္ႏွစ္လုံးလုံး ဘယ္တုန္းကမွ် ဤကဲ့သို႔ မိခင္ဆန္ဆန္ ဂရုစိုက္မႈမ်ိဳး ရွိကို မရွိဖူးခဲ့ေပ။

ခ်န္သိက ေျပာသည္။

"ဒါေတြက သခင္ေလး ရႊီ ေပးထားတာေတြပါ"

ခ်န္းခ်န္က မ်က္လုံးေတြကို ေမွးက်ဥ္းလိုက္ကာ ေမးသည္။

"ရႊီႏ်န္?"

ခ်န္သိက 'ေကာင္းမြန္ေသာ စကားေကာင္းမ်ား ေျပာေပးၿပီး ဒုတိယသခင္ေလးအား ကူညီရန္' ဆိုသည့္ ကိစၥကို  အေလးအနက္ထားသူ ျဖစ္သည္အေလ်ာက္

"ဟုတ္တယ္။ ဟုတ္ပါတယ္။ အဲ့ဒီကေလးက အရမ္းကို သိတတ္တယ္။ သူ႔ ေဘာ့စ္ကို ေနရာတိုင္းမွာ ေတြးေပးတတ္တယ္။"

ခ်န္းခ်န္၏ အမူအရာက ဖတ္ရခက္သည္။ ေနာက္ဆုံးမွာေတာ့ သူက ေမးဆတ္ကာ အမူအယာျပလိုက္သည္။

" ဖြင့္လိုက္"

ခ်န္သိက သူ႔အတြက္ Onigiri အိတ္ခြံကို ကူေဖာက္ေပးကာ ကမ္းေပးလိုက္သည္။ ခ်န္းခ်န္က သူ႔ေျခေထာက္ေတြကို လႈပ္ေနလ်က္ျဖင့္ ၎ကို အကိုက္အနည္းငယ္ျဖင့္ လက္စသတ္ေနစဥ္အတြင္းမွာပင္ ခ်န္သိအား ေနာက္တစ္ခု ထပ္ေဖာက္ရန္ အမိန္႔ေပးေလ၏။

"သူက ဘာလို႔ ဒါကို ကိုယ္တိုင္လာၿပီး မေပးတာလဲ?"

ခ်န္းခ်န္က စားေနရင္းျဖင့္ ေမးသည္။

ခ်န္သိက ေဖာ့ေျပာေပးလိုက္သည္။

"သခင္ေလး ရႊီက ေဘာ့စ္ အလုပ္မ်ားေနမွာ စိုးရိမ္လို႔ပါ"

ခ်န္းခ်န္က ဟမ့္ခနဲ႔ အသံျပဳလိုက္ကာ

"ေနာက္တစ္ခါဆို သူ႔ကိုေျပာလိုက္ ငါ ေဆာ္လ္မြန္ အရသာကို မႀကိဳက္ဘူးလို႔"

"........."

ခ်န္သိက အသံတိတ္ ေတြးလိုက္မိသည္။  'သူ(XN)က အလုပ္ႀကိဳးစားလြန္းတဲ့ အေနနဲ႔  Onigiri  ယူၿပီး လာေပးတာကတင္ လုံေလာက္တာထက္ပိုေနၿပီကို ေဘာ့စ္ကေတာ့ တအားကို ဇီဇာေၾကာင္ေနတုန္းပဲ!'။

ရႊီႏ်န္က လီဖန္ေသြးသြင္းရန္အတြက္ ေဆးရုံကို လိုက္ပို႔သည္။ လိုအပ္တာအားလုံး လုပ္ၿပီးခါနီးအခ်ိန္တြင္ ခ်န္သိထံမွ စာတိုဝင္လာသည္။

"ေဘာ့စ္က ေဆာ္လ္မြန္နဲ႔ တစ္ခုကို မႀကိဳက္ဘူးလို႔ေျပာတယ္"

ခ်န္သိသည္ အိတ္သြန္ဖာေမွာက္ ေျပာျပလာ၏။

"ဆိုေပမယ့္ သူက အကုန္လုံးကိုေတာ့ စားလိုက္တာပဲ"

ရႊီႏ်န္က စာတိုတစ္ခုျပန္ပို႔လိုက္သည္။

"ဘယ္အရသာကို ႀကိဳက္တယ္ဆိုၿပီးေရာ ေျပာေသးလား?"

"ဟင့္အင္း၊ သူမေျပာဘူး...."

ရႊီႏ်န္က ထိုအေၾကာင္းႏွင္ ပတ္သတ္၍ အနည္းငယ္စဥ္းစားလိုက္ၿပီးေနာက္ စာရိုက္ၿပီးပို႔လိုက္သည္။

"ဒါဆိုရင္ ေနာက္တစ္ခါက်ရင္ ကြ်န္ေတာ္ အရသာတစ္မ်ိဳးစီ ဝယ္လိုက္မယ္ေလ"

ခ်န္သိက အနည္းငယ္ ရွက္ကိုးရွက္ကန္း* ခံစားလိုက္ရကာ

"ဒါက နည္းနည္  ပိုက္ဆံျဖဳန္းသလိုမ်ား ျဖစ္မေနဘူးလား?"

"စိတ္မပူပါနဲ႔၊ အဲ့ပိုက္ဆံေတြက ကၽြန္ေတာ္ ေဘာ့စ္ ဆီက ရထားတဲ့ ပိုက္ဆံေတြပဲဟာ"

ခ်န္သိ : "......"

'သိုးေမႊးက သိုးေပၚမွာပဲ ႀကီးထြားတယ္' ဆိုတဲ့ ယုတၱိေဗဒ သေဘာတရားကို နက္နက္နဲနဲ သေဘာေပါက္ နားလည္ေသာ ရႊီႏ်န္က ခ်န္းခ်န္ထံသို႔ စားစရာမ်ားအား အလြန္ေစတနာ ပါပါျဖင့္ ဝယ္ပို႔ေပး၏။

စားစရာမ်ား အႀကိမ္တစ္ခ်ိဳ႕ ပို႔ေပးၿပီး ေနာက္မွာေတာ့  ခ်န္သိက သူ႔ကို ရည္ရြယ္ခ်က္ရွိရွိျဖင့္လား ရည္ရြယ္ခ်က္ မရွိဘဲနဲ႔လား မသိႏိုင္စြာျဖင့္
'သူ႔ေဘာ့စ္က အသင့္စား အစားအေသာက္မ်ားကို စားရတာ မႀကိဳက္ေၾကာင္း' ကို
ခက္ခက္ခဲခဲျဖင့္ ေျပာလာသည္။ ထို႔ေၾကာင့္ ေနာက္တစ္ေန႔တြင္ ရႊီႏ်န္သည္ ေန႔လည္စာဘူးကို ကိုင္လ်က္ ကုမၸဏီသို႔ ေရာက္သြားေတာ့သည္။

သူ ရုံးခန္းထဲသို႔ ဝင္သြားသည့္အခါ သူ႔ကို  ေတြလိုက္ရျခင္းအေပၚ ခ်န္းခ်န္က ေပ်ာ္ရႊင္ပုံ ေပါက္မေနခဲ့ေခ်။

"မင္း ဒီကို ဘာလာလုပ္တာလဲ?"

ရႊီႏ်န္က သဘာဝတက်ပင္ ေကာင္းေကာင္းမြန္မြန္ ျပဳံးလိုက္ကာ

"ေန႔လည္စာ စားခ်ိန္ေတာင္ေက်ာ္သြားၿပီ၊ ကၽြန္ေတာ္က ခင္ဗ်ား ဗိုက္အရမ္းဆာေနမွာ စိုးရိမ္လို႔ေလ"

ခ်န္းခ်န္က ဘာမွ ျပန္မေျပာခဲ့ေပ။
သူသည္ ရႊီႏ်န္က ထမင္းအမ်ားႀကီး ပါၿပီး အသီးအရြက္ ႏွင့္ အသားဟင္းမ်ား အခ်ိဳးညီညီ ပါဝင္သည့္ ခုႏွစ္ကန္႔ ၊ ရွစ္ကန္႔ခန္႔ ပါဝင္ေသာ ေန႔လည္စာဘူးကို ဖြင့္ေနသည္အား ၾကည့္ေန၏။

"ကၽြန္ေတာ္က ခင္ဗ်ား ဘာႀကိဳက္တတ္မွန္း မသိေတာ့ နည္းနည္းေလာက္ ပိုမ်ားမ်ား လုပ္လာခဲ့တယ္။"

ရႊီႏ်န္က တူတစ္စုံကို ထုတ္လိုက္ကာ ခ်န္းခ်န္ထံသို႔ ကမ္းေပးလ်က္ ဆက္ေျပာသည္။

"ဒါက ေသခ်ာ သန္႔စင္ထားၿပီးသားေတြပါ။"

ခ်န္းခ်န္က ခဏၾကာေအာင္ေစာင့္ေနၿပီးမွ တူကို လက္ခံလိုက္ၿပီး ေန႔လည္စာဘူးကို အကဲျဖတ္သည့္ ပုံျဖင့္ ေအးေအးေဆး လွန္လိုက္သည္။

ရႊီႏ်န္က ေဘးတြင္ ဂရုတစိုက္ျဖင့္ ထိုင္ေစာင့္လ်က္ရွိကာ သူ႔ကို အလ်င္စလို မလုပ္ေစခဲ့ေပ။

တခဏၾကာၿပီးေနာက္ ေနာက္ဆုံးမွာေတာ့ ခ်န္းခ်န္က တစ္လုပ္ စ,စားသည္။

ရႊီႏ်န္က အေလ့အက်င့္ ျဖစ္စြာျဖင့္ ထို႔လူ႔ ေျခေထာက္ကို လွမ္းငုံ႔ၾကည့္လိုက္သည္။

မလႈပ္ဘူး။

black eye-pea ။ သူ မႀကိဳက္ဘူးဘဲ။

ခ်န္းခ်န္က တခဏအၾကာထိ ငါးကို တူျဖင့္ အလြန္ဂရုတစိုက္ ထိုးၾကည့္ေနၿပီးေနာက္ ငါးအရိုးအားလုံးကို ရႊီႏ်န္က ႀကိဳတင္ ဖယ္ထားၿပီးသား ျဖစ္သည္ကို သိလိုက္သည္။

"အဲ့ဒါက မန္ဒရင္းငါး*"

ရႊီႏ်န္က စိတ္လိုလက္ရျဖင့္ ညႊန္းေပးသည္။

"စားၾကည့္ပါလား"

ေခ်ာ့ေခ်ာ့ေမာ့ေမာ့ ေျပာခံရၿပီးေနာက္ ေနာက္ဆုံးေတာ့  ေဘာ့စ္ခ်န္းသည္   စိတ္ေက်နပ္သြားၿပီး ငါးတစ္ဖဲ့ကို ပါးစပ္ထဲ ထည့္လိုက္သည္။

ရႊီႏ်န္က စားပြဲေအာက္ရွိေျခတစ္စုံကို ခိုးၾကည့္လိုက္သည္။

-------ေမၽွာ္လင့္ထားတဲ့အတိုင္းပဲ။ လႈပ္ရွားမႈက အေတာ္ေလး ျပင္းထန္တယ္။

ခ်စ္ခင္ၾကယ္ႏူးဖြယ္ နည္းလမ္းအျဖာျဖာျဖင့္ စားေသာက္ျခင္းအမႈ ၿပီးဆုံးခ်ိန္တြင္ ရႊီႏ်န္က ခ်န္းခ်န္၏ အႀကိဳက္ကို အေျခခံအားျဖင့္ ဆုပ္ကိုင္မိသြားၿပီျဖစ္သည္။
တကယ္ေတာ့ ဒါက အေတာ္ေလး ပင္ပန္းစရာေကာင္းေပ၏။ခ်န္းခ်န္ ၏ စားေသာက္မႈ အက်င့္စရိုက္မွာ ကေလးငယ္ေလးမ်ားထက္ပင္ ဆိုးဝါးလွသည္။ သူက အစားေရြးလြန္းရုံပင္မက ဘာမွမစားေသးခင္မွာ သူ႔ကို အရင္ ေခ်ာ့ေမာ့ရေသးသည္။  ဤကဲ့သို႔ စားေသာက္သည့္အက်င့္စရိုက္ျဖင့္ ရႊီႏ်န္ကို  အဆုံးမရွိ စိတ္ရႈပ္ေအာင္လုပ္ၿပီးေနာက္မွာေတာ့ ထိုလူသည္ အံ့ဩစရာေကာင္းလွစြာျဖင့္ အစားစားခ်င္စိတ္မ်ားျဖစ္ေပၚခဲ့ေလ၏။

စားေသာက္ၿပီးေနာက္တြင္ ခ်န္းခ်န္က ပုံမွန္အားျဖင့္ ေန႔လည္ဘက္ တေရးတေမာ အနားယူ အိပ္စက္ေလ့ရွိသည္။ သူ႔ရုံခန္းအတြင္းပိုင္းသည္ အလြန္က်ယ္ဝန္းကာ ရုံးခန္းအတြင္းဘက္၌ အထူးဖြဲ႕ထားေသာ အိပ္ရာပါသည့္ အခန္းသပ္သပ္ တစ္ခန္းရွိသည္။

ရႊီႏ်န္က ေနလည္စာဘူးကို သပ္သပ္ယပ္ယပ္ သိမ္းဆည္းလိုက္ၿပီး  လက္ေဆးရန္ ထြက္သြားသည္။ သူထြက္သြားၿပီး ျပန္လာသည့္အခ်ိန္အထိ သူ႔ေက်းဇူးရွင္ႀကီးသည္ ဆိုဖာထက္တြင္ မလႈပ္မရွား ထိုင္ေနျမဲ ျဖစ္သည္ကို ေတြ႕လိုက္ရသည္။

"ခင္ဗ်ား အနားမယူေသးဘူးလား?"

ရႊီႏ်န္က သူ႔လက္မွေရမ်ားကို ခါေနရင္းျဖင့္ ေမးလိုက္သည္။

ခ်န္းခ်န္က သူ႔ကို တစ္ခ်က္ၾကည့္ကာ ေျပာသည္။

"အရမ္းပင္ပန္းတယ္။ မလႈပ္ခ်င္ေတာ့ဘူး"

ရႊီႏ်န္မွာ စကၠန္႔အနည္းငယ္ၾကာ မွင္သက္သြားခဲ့ၿပီးေနာက္ ဤသည္မွာ ထိုလူႀကီးက သူ႔အဝတ္မ်ားကို ကူခၽြတ္ေပးရန္ အခ်က္ျပျခင္းျဖစ္ေၾကာင္း သေဘာေပါက္သြားသည္။

ရႊီႏ်န္က ခ်န္းခ်န္၏ ညအိပ္ဝတ္စုံကိုယူရန္ ႏွစ္ေခါက္သြားျပန္ လုပ္လိုက္ရကာ သူ႔ ဝတ္စုံဂ်ာကင္ႏွင့္ လည္စည္းတို႔ကို ကူခၽြတ္ေပးရန္ ေစာင့္ေနလိုက္သည္။

ရႊီႏ်န္က ေျပာလိုက္သည္။

"ရွပ္အက်ႌနဲ႔ ေဘာင္းဘီေတာ့ ခင္ဗ်ားဘာသာ ခၽြတ္လို႔ရတယ္မလား?"

ခ်န္းခ်န္း၏ အမူအရာက ၾကည့္ရဆိုးသြားကာ ေျခေထာက္ကို ေျမႇာက္လိုက္သည္။

"ဖိနပ္ကေရာ"

ရႊီႏ်န္သည္ သူ႔ကံၾကမၼာကိုသူ လက္ခံလိုက္ၿပီး ဖိနပ္ကူခၽြတ္ေပးရန္ ငုတ္တုတ္ထိုင္ခ်လိုက္သည္။

သားေရရႉးဖိနပ္တြင္ ႀကိဳးမ်ားပါေသာေၾကာင့္ ဖိနပ္ကိုခၽြတ္ရန္မွာ အနည္းငယ္ခက္၏။ ခ်န္းခ်န္က  ႏူးညံ့သိမ္ေမြ႕ၿပီး ေပ်ာ့ေပ်ာင္းပုံေပၚသည့္ ရႊီႏ်န္၏ ႏွင္းကဲ့သို႔ ျဖဴေဖြးေနသည့္ ကုပ္ပိုးကို စိုက္ၾကည့္ေနခဲ့သည္။
အေၾကာင္းရင္း မသိႏိုင္သည့္တစ္စုံတစ္ရာေၾကာင့္ သူ႔ရင္ဘက္သည္ တျဖည္းျဖည္း ေႏြေထြးလာခဲ့ေလသည္။

"မင္းအခု အရမ္းေပ်ာ္ေနတယ္မလား၊ "

ဤသည္ကား ေမးခြန္းတစ္ခုျဖစ္ေသာ္လည္း ခ်န္းခ်န္က ေသခ်ာေနသည့္ပုံျဖင့္ ေျပာေနျခင္းျဖစ္သည္။

"ငါ့ကို ဒီလိုမ်ိဳး ထိေတြ႕ႏိုင္လို႔ေလ"

ရႊီႏ်န္၏ မ်က္ႏွာတစ္ခုလုံးသည္ နားမလည္မႈမ်ားျဖင့္ ျပည့္သြားသည္။

"?"

ခ်န္းခ်န္က မ်က္ခုံးပင့္ထားလ်က္ပင္။
သူသည္ အေတာ္ေလး ေခ်ာေမာ၍ ေယာက္က်ားဆန္လွကာ ၾကံခိုင္ သန္မာသည့္ ဖြဲ႕စည္းတည္ေဆာက္ပုံကို ပိုင္ဆိုင္ထားသူျဖစ္၏။

"သရုပ္ေဆာင္မေနနဲ႔ေတာ့၊ မင္းငါ့ကို အရူးအမူးခ်စ္ေနမွန္း ငါသိၿပီးသား"

ရႊီႏ်န္ : "......"

အလြန္႔အလြန္ ၾကင္နာတတ္ေသာပုံျဖင့္ ခ်န္းခ်န္က ေျပာလာခဲ့ျပန္ေသး၏။

"မင္းကငါ့ကို အရမ္းေကာင္းေကာင္းမြန္မြန္ ဆက္ဆံခဲ့တာ ဆိုေတာ့လည္း ဒီတႀကိမ္ေတာ့
မင္း ငါ့ အက်ႌနဲ႔ ေဘာင္းဘီကို ခၽြတ္ေပးတာကို လက္ခံေပးလိုက္မယ္။"

ရႊီႏ်န္ : "......"


T/N

ရွက္ကိုးရွက္ကန္း :  ခ်န္သိက သူ႔ေဘာ့စ္ ဟိုဟာ မႀကိဳက္ဘူး ဒီဟာမႀကိဳက္ဘူးဆိုတာကို ရႊီႏ်န္ကို ေျပာမိတာကို ရႊီႏ်န္က အရသာအားလုံးဝယ္မယ္ ေျပာလိုက္ေတာ့ သူက XN ကို ပိုက္ဆံျဖဳန္းေအာင္လုပ္လိုက္သလို ျဖစ္သြားလို႔ မေျပာမိရင္ ေကာင္းသား ဆိုၿပီး ခံစားရတာကို ေျပာခ်င္တာပါေနာ္။
tn က တအားရွည္လို႔ ေအာက္ဆုံးမွာပဲ ေရးလိုက္ပါတယ္။

black eye-pea : ဟင္းခ်က္စားတဲ့ ပဲတစ္မ်ိဳးပါ။ တို႔က အစားအေသာက္အေခၚအေဝၚေတြ သိပ္မသိဘူးရွင္။ သိတဲ့သူရွိရင္ အလင္းျပခဲ့ေပးပါဦး😁

မန္ဒရင္းငါး : ငါးနာမည္အရင္းက Chinese perch ပါတဲ့။ေရခ်ိဳငါးတစ္မ်ိဳးျဖစ္ပါတယ္။

________________

Uni

ချန်းချန်သည် အမှန်ကိုပင် အလွန်ရက်ရောသည့်  သူဌေးတစ်ယောက်ဟု ပြော၍ရသည်။သူ၏ ရက်ရောမှုကြောင့်  ရွှီနျန်မှာ သူ့ ခန္ဓာကိုယ်နှင့် နှလုံးသား ကို  စိတ်အားထက်သန်စွာဖြင့် ဤသကြားဖေဖေကြီးထံ ပေးပစ်ချင်တဲ့ ဆန္ဒတောင်မှ ဖြစ်မိလာသည်အထိပင် ။

သူ့ခန္ဓာကိုယ်ကို လိုချင်ဖို့ မပြောနှင့် ထိုလူက သူ့ကို တစ်ခါတစ်လေမှသာ သရုပ်ဆောင်ခိုင်းဖို့ လိုအပ်တာ ဖြစ်သည်။
ထိုလူကို စိတ်ချမ်းသာအောင်ထားပြီး ချီးကျူးစကားပြောပေးတာကပဲ အားလုံး လုံလောက်နေပြီ ဖြစ်သည်။

ဤ အလွယ်တကူ ရလာသော ငွေများက ရွှီနျန်ကို အနည်းငယ် အပြစ်ရှိသူလို ခံစားရစေသည်။ထို့ကြောင့် ယေဘူယျအားဖြင့် သူမနေနိုင်စွာပဲ ချန်းချန်အပေါ် ပို၍ ပို၍ ရိုးသားစွာဖြင့် ဂရုစိုက်ပေးနေမိတော့သည်။

စီးပွားရေးနယ်ပယ်၏ အမြင့်တစ်နေရာတွင်ရှိနေသည့် ချန်းချန်၏ စနေ တနင်္ဂနွေ ပိတ်ရက်များသည် သိသာထင်ရှားစွာနဲ့ပဲ လူမှူဆက်ဆံရေး လှုပ်ရှားမှုများစွာဖြင့် ပြည့်နေလေသည်။ သူသည်  သူ့ခန္ဓာကိုယ်ကို အများကြီး အာရုံစိုက်တတ်သည့် လူစားမျိုး မဟုတ်ပေ။ သူက သူ၏ သဘာဝအတိုင်း ကြံ့ခိုင်သန်မာသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည် ဆိုသော အချက်ကို ကောင်းကောင်းကြီး အသုံးချလျက်ရှိကာ ၎င်း အထူးတလည် ဂရုစိုက်ရန် အားထုတ်ချင်စိတ်မရှိပေ။

မျှော်လင့်မထားစွာနဲ့ပဲ အသောက်အစားပါသည့် တွေ့ဆုံပွဲတစ်ခုကို မသွားခင် တစ်ကြိမ်မှာတော့ ချန်သိက အထူးတလည်ဖြင့် Onigiri နှစ်ခု ယူလာပေးလေသည်။

ချန်းချန်က မျက်ခုံးတွန့်သွားပြီး မျက်နှာတစ်ခုလုံးက မနှစ်မြို့ခြင်းများဖြင့်ပြည့်လျက်။

"ဒါက ဘာလဲ?"

ချန်သိက ရှင်းပြလိုက်သည်။

"အစာအိမ်ထဲမှ ဘာမှမရှိသေးဘဲ မသောက်ပါနဲ့။ အဆာခံအောင်လို့ ဒါတွေကို အရင် စာားထားသင့်ပါတယ်။"

ချန်းချန် : "......"

သူ သံသယဝင်မိတာတော့ မဟုတ်ပေမယ့် ချန်သိတစ်ယောက် သူ့အတွင်းရေမှူးဖြစ်ပြီး နောက်ပိုင်း လွန်ခဲ့သည့် ရှစ်နှစ်လုံးလုံး ဘယ်တုန်းကမျှ ဤကဲ့သို့ မိခင်ဆန်ဆန် ဂရုစိုက်မှုမျိုး ရှိကို မရှိဖူးခဲ့ပေ။

ချန်သိက ပြောသည်။

"ဒါတွေက သခင်လေး ရွှီ ပေးထားတာတွေပါ"

ချန်းချန်က မျက်လုံးတွေကို မှေးကျဉ်းလိုက်ကာ မေးသည်။

"ရွှီနျန်?"

ချန်သိက 'ကောင်းမွန်သော စကားကောင်းများ ပြောပေးပြီး ဒုတိယသခင်လေးအား ကူညီရန်' ဆိုသည့် ကိစ္စကို  အလေးအနက်ထားသူ ဖြစ်သည်အလျောက်

"ဟုတ်တယ်။ ဟုတ်ပါတယ်။ အဲ့ဒီကလေးက အရမ်းကို သိတတ်တယ်။ သူ့ ဘော့စ်ကို နေရာတိုင်းမှာ တွေးပေးတတ်တယ်။"

ချန်းချန်၏ အမူအရာက ဖတ်ရခက်သည်။ နောက်ဆုံးမှာတော့ သူက မေးဆတ်ကာ အမူအယာပြလိုက်သည်။

" ဖွင့်လိုက်"

ချန်သိက သူ့အတွက် Onigiri အိတ်ခွံကို ကူဖောက်ပေးကာ ကမ်းပေးလိုက်သည်။ ချန်းချန်က သူ့ခြေထောက်တွေကို လှုပ်နေလျက်ဖြင့် ၎င်းကို အကိုက်အနည်းငယ်ဖြင့် လက်စသတ်နေစဉ်အတွင်းမှာပင် ချန်သိအား နောက်တစ်ခု ထပ်ဖောက်ရန် အမိန့်ပေးလေ၏။

"သူက ဘာလို့ ဒါကို ကိုယ်တိုင်လာပြီး မပေးတာလဲ?"

ချန်းချန်က စားနေရင်းဖြင့် မေးသည်။

ချန်သိက ဖော့ပြောပေးလိုက်သည်။

"သခင်လေး ရွှီက ဘော့စ် အလုပ်များနေမှာ စိုးရိမ်လို့ပါ"

ချန်းချန်က ဟမ့်ခနဲ့ အသံပြုလိုက်ကာ

"နောက်တစ်ခါဆို သူ့ကိုပြောလိုက် ငါ ဆော်လ်မွန် အရသာကို မကြိုက်ဘူးလို့"

"........."

ချန်သိက အသံတိတ် တွေးလိုက်မိသည်။  'သူ(XN)က အလုပ်ကြိုးစားလွန်းတဲ့ အနေနဲ့  Onigiri  ယူပြီး လာပေးတာကတင် လုံလောက်တာထက်ပိုနေပြီကို ဘော့စ်ကတော့ တအားကို ဇီဇာကြောင်နေတုန်းပဲ!'။

ရွှီနျန်က လီဖန်သွေးသွင်းရန်အတွက် ဆေးရုံကို လိုက်ပို့သည်။ လိုအပ်တာအားလုံး လုပ်ပြီးခါနီးအချိန်တွင် ချန်သိထံမှ စာတိုဝင်လာသည်။

"ဘော့စ်က ဆော်လ်မွန်နဲ့ တစ်ခုကို မကြိုက်ဘူးလို့ပြောတယ်"

ချန်သိသည် အိတ်သွန်ဖာမှောက် ပြောပြလာ၏။

"ဆိုပေမယ့် သူက အကုန်လုံးကိုတော့ စားလိုက်တာပဲ"

ရွှီနျန်က စာတိုတစ်ခုပြန်ပို့လိုက်သည်။

"ဘယ်အရသာကို ကြိုက်တယ်ဆိုပြီးရော ပြောသေးလား?"

"ဟင့်အင်း၊ သူမပြောဘူး...."

ရွှီနျန်က ထိုအကြောင်းနှင် ပတ်သတ်၍ အနည်းငယ်စဉ်းစားလိုက်ပြီးနောက် စာရိုက်ပြီးပို့လိုက်သည်။

"ဒါဆိုရင် နောက်တစ်ခါကျရင် ကျွန်တော် အရသာတစ်မျိုးစီ ဝယ်လိုက်မယ်လေ"

ချန်သိက အနည်းငယ် ရှက်ကိုးရှက်ကန်း* ခံစားလိုက်ရကာ

"ဒါက နည်းနည်  ပိုက်ဆံဖြုန်းသလိုများ ဖြစ်မနေဘူးလား?"

"စိတ်မပူပါနဲ့၊ အဲ့ပိုက်ဆံတွေက ကျွန်တော် ဘော့စ် ဆီက ရထားတဲ့ ပိုက်ဆံတွေပဲဟာ"

ချန်သိ : "......"

'သိုးမွှေးက သိုးပေါ်မှာပဲ ကြီးထွားတယ်' ဆိုတဲ့ ယုတ္တိဗေဒ သဘောတရားကို နက်နက်နဲနဲ သဘောပေါက် နားလည်သော ရွှီနျန်က ချန်းချန်ထံသို့ စားစရာများအား အလွန်စေတနာ ပါပါဖြင့် ဝယ်ပို့ပေး၏။

စားစရာများ အကြိမ်တစ်ချို့ ပို့ပေးပြီး နောက်မှာတော့  ချန်သိက သူ့ကို ရည်ရွယ်ချက်ရှိရှိဖြင့်လား ရည်ရွယ်ချက် မရှိဘဲနဲ့လား မသိနိုင်စွာဖြင့်
'သူ့ဘော့စ်က အသင့်စား အစားအသောက်များကို စားရတာ မကြိုက်ကြောင်း' ကို
ခက်ခက်ခဲခဲဖြင့် ပြောလာသည်။ ထို့ကြောင့် နောက်တစ်နေ့တွင် ရွှီနျန်သည် နေ့လည်စာဘူးကို ကိုင်လျက် ကုမ္ပဏီသို့ ရောက်သွားတော့သည်။

သူ ရုံးခန်းထဲသို့ ဝင်သွားသည့်အခါ သူ့ကို  တွေလိုက်ရခြင်းအပေါ် ချန်းချန်က ပျော်ရွှင်ပုံ ပေါက်မနေခဲ့ချေ။

"မင်း ဒီကို ဘာလာလုပ်တာလဲ?"

ရွှီနျန်က သဘာဝတကျပင် ကောင်းကောင်းမွန်မွန် ပြုံးလိုက်ကာ

"နေ့လည်စာ စားချိန်တောင်ကျော်သွားပြီ၊ ကျွန်တော်က ခင်ဗျား ဗိုက်အရမ်းဆာနေမှာ စိုးရိမ်လို့လေ"

ချန်းချန်က ဘာမှ ပြန်မပြောခဲ့ပေ။
သူသည် ရွှီနျန်က ထမင်းအများကြီး ပါပြီး အသီးအရွက် နှင့် အသားဟင်းများ အချိုးညီညီ ပါဝင်သည့် ခုနှစ်ကန့် ၊ ရှစ်ကန့်ခန့် ပါဝင်သော နေ့လည်စာဘူးကို ဖွင့်နေသည်အား ကြည့်နေ၏။

"ကျွန်တော်က ခင်ဗျား ဘာကြိုက်တတ်မှန်း မသိတော့ နည်းနည်းလောက် ပိုများများ လုပ်လာခဲ့တယ်။"

ရွှီနျန်က တူတစ်စုံကို ထုတ်လိုက်ကာ ချန်းချန်ထံသို့ ကမ်းပေးလျက် ဆက်ပြောသည်။

"ဒါက သေချာ သန့်စင်ထားပြီးသားတွေပါ။"

ချန်းချန်က ခဏကြာအောင်စောင့်နေပြီးမှ တူကို လက်ခံလိုက်ပြီး နေ့လည်စာဘူးကို အကဲဖြတ်သည့် ပုံဖြင့် အေးအေးဆေး လှန်လိုက်သည်။

ရွှီနျန်က ဘေးတွင် ဂရုတစိုက်ဖြင့် ထိုင်စောင့်လျက်ရှိကာ သူ့ကို အလျင်စလို မလုပ်စေခဲ့ပေ။

တခဏကြာပြီးနောက် နောက်ဆုံးမှာတော့ ချန်းချန်က တစ်လုပ် စ,စားသည်။

ရွှီနျန်က အလေ့အကျင့် ဖြစ်စွာဖြင့် ထို့လူ့ ခြေထောက်ကို လှမ်းငုံ့ကြည့်လိုက်သည်။

မလှုပ်ဘူး။

black eye-pea ။ သူ မကြိုက်ဘူးဘဲ။

ချန်းချန်က တခဏအကြာထိ ငါးကို တူဖြင့် အလွန်ဂရုတစိုက် ထိုးကြည့်နေပြီးနောက် ငါးအရိုးအားလုံးကို ရွှီနျန်က ကြိုတင် ဖယ်ထားပြီးသား ဖြစ်သည်ကို သိလိုက်သည်။

"အဲ့ဒါက မန်ဒရင်းငါး*"

ရွှီနျန်က စိတ်လိုလက်ရဖြင့် ညွှန်းပေးသည်။

"စားကြည့်ပါလား"

ချော့ချော့မော့မော့ ပြောခံရပြီးနောက် နောက်ဆုံးတော့  ဘော့စ်ချန်းသည်   စိတ်ကျေနပ်သွားပြီး ငါးတစ်ဖဲ့ကို ပါးစပ်ထဲ ထည့်လိုက်သည်။

ရွှီနျန်က စားပွဲအောက်ရှိခြေတစ်စုံကို ခိုးကြည့်လိုက်သည်။

-------မျှော်လင့်ထားတဲ့အတိုင်းပဲ။ လှုပ်ရှားမှုက အတော်လေး ပြင်းထန်တယ်။

ချစ်ခင်ကြယ်နူးဖွယ် နည်းလမ်းအဖြာဖြာဖြင့် စားသောက်ခြင်းအမှု ပြီးဆုံးချိန်တွင် ရွှီနျန်က ချန်းချန်၏ အကြိုက်ကို အခြေခံအားဖြင့် ဆုပ်ကိုင်မိသွားပြီဖြစ်သည်။
တကယ်တော့ ဒါက အတော်လေး ပင်ပန်းစရာကောင်းပေ၏။ချန်းချန် ၏ စားသောက်မှု အကျင့်စရိုက်မှာ ကလေးငယ်လေးများထက်ပင် ဆိုးဝါးလှသည်။ သူက အစားရွေးလွန်းရုံပင်မက ဘာမှမစားသေးခင်မှာ သူ့ကို အရင် ချော့မော့ရသေးသည်။  ဤကဲ့သို့ စားသောက်သည့်အကျင့်စရိုက်ဖြင့် ရွှီနျန်ကို  အဆုံးမရှိ စိတ်ရှုပ်အောင်လုပ်ပြီးနောက်မှာတော့ ထိုလူသည် အံ့ဩစရာကောင်းလှစွာဖြင့် အစားစားချင်စိတ်များဖြစ်ပေါ်ခဲ့လေ၏။

စားသောက်ပြီးနောက်တွင် ချန်းချန်က ပုံမှန်အားဖြင့် နေ့လည်ဘက် တရေးတမော အနားယူ အိပ်စက်လေ့ရှိသည်။ သူ့ရုံခန်းအတွင်းပိုင်းသည် အလွန်ကျယ်ဝန်းကာ ရုံးခန်းအတွင်းဘက်၌ အထူးဖွဲ့ထားသော အိပ်ရာပါသည့် အခန်းသပ်သပ် တစ်ခန်းရှိသည်။

ရွှီနျန်က နေလည်စာဘူးကို သပ်သပ်ယပ်ယပ် သိမ်းဆည်းလိုက်ပြီး  လက်ဆေးရန် ထွက်သွားသည်။ သူထွက်သွားပြီး ပြန်လာသည့်အချိန်အထိ သူ့ကျေးဇူးရှင်ကြီးသည် ဆိုဖာထက်တွင် မလှုပ်မရှား ထိုင်နေမြဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။

"ခင်ဗျား အနားမယူသေးဘူးလား?"

ရွှီနျန်က သူ့လက်မှရေများကို ခါနေရင်းဖြင့် မေးလိုက်သည်။

ချန်းချန်က သူ့ကို တစ်ချက်ကြည့်ကာ ပြောသည်။

"အရမ်းပင်ပန်းတယ်။ မလှုပ်ချင်တော့ဘူး"

ရွှီနျန်မှာ စက္ကန့်အနည်းငယ်ကြာ မှင်သက်သွားခဲ့ပြီးနောက် ဤသည်မှာ ထိုလူကြီးက သူ့အဝတ်များကို ကူချွတ်ပေးရန် အချက်ပြခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။

ရွှီနျန်က ချန်းချန်၏ ညအိပ်ဝတ်စုံကိုယူရန် နှစ်ခေါက်သွားပြန် လုပ်လိုက်ရကာ သူ့ ဝတ်စုံဂျာကင်နှင့် လည်စည်းတို့ကို ကူချွတ်ပေးရန် စောင့်နေလိုက်သည်။

ရွှီနျန်က ပြောလိုက်သည်။

"ရှပ်အကျႌနဲ့ ဘောင်းဘီတော့ ခင်ဗျားဘာသာ ချွတ်လို့ရတယ်မလား?"

ချန်းချန်း၏ အမူအရာက ကြည့်ရဆိုးသွားကာ ခြေထောက်ကို မြှောက်လိုက်သည်။

"ဖိနပ်ကရော"

ရွှီနျန်သည် သူ့ကံကြမ္မာကိုသူ လက်ခံလိုက်ပြီး ဖိနပ်ကူချွတ်ပေးရန် ငုတ်တုတ်ထိုင်ချလိုက်သည်။

သားရေရှူးဖိနပ်တွင် ကြိုးများပါသောကြောင့် ဖိနပ်ကိုချွတ်ရန်မှာ အနည်းငယ်ခက်၏။ ချန်းချန်က  နူးညံ့သိမ်မွေ့ပြီး ပျော့ပျောင်းပုံပေါ်သည့် ရွှီနျန်၏ နှင်းကဲ့သို့ ဖြူဖွေးနေသည့် ကုပ်ပိုးကို စိုက်ကြည့်နေခဲ့သည်။
အကြောင်းရင်း မသိနိုင်သည့်တစ်စုံတစ်ရာကြောင့် သူ့ရင်ဘက်သည် တဖြည်းဖြည်း နွေထွေးလာခဲ့လေသည်။

"မင်းအခု အရမ်းပျော်နေတယ်မလား၊ "

ဤသည်ကား မေးခွန်းတစ်ခုဖြစ်သော်လည်း ချန်းချန်က သေချာနေသည့်ပုံဖြင့် ပြောနေခြင်းဖြစ်သည်။

"ငါ့ကို ဒီလိုမျိုး ထိတွေ့နိုင်လို့လေ"

ရွှီနျန်၏ မျက်နှာတစ်ခုလုံးသည် နားမလည်မှုများဖြင့် ပြည့်သွားသည်။

"?"

ချန်းချန်က မျက်ခုံးပင့်ထားလျက်ပင်။
သူသည် အတော်လေး ချောမော၍ ယောက်ကျားဆန်လှကာ ကြံခိုင် သန်မာသည့် ဖွဲ့စည်းတည်ဆောက်ပုံကို ပိုင်ဆိုင်ထားသူဖြစ်၏။

"သရုပ်ဆောင်မနေနဲ့တော့၊ မင်းငါ့ကို အရူးအမူးချစ်နေမှန်း ငါသိပြီးသား"

ရွှီနျန် : "......"

အလွန့်အလွန် ကြင်နာတတ်သောပုံဖြင့် ချန်းချန်က ပြောလာခဲ့ပြန်သေး၏။

"မင်းကငါ့ကို အရမ်းကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာ ဆိုတော့လည်း ဒီတကြိမ်တော့
မင်း ငါ့ အကျႌနဲ့ ဘောင်းဘီကို ချွတ်ပေးတာကို လက်ခံပေးလိုက်မယ်။"

ရွှီနျန် : "......"


T/N

ရှက်ကိုးရှက်ကန်း :  ချန်သိက သူ့ဘော့စ် ဟိုဟာ မကြိုက်ဘူး ဒီဟာမကြိုက်ဘူးဆိုတာကို ရွှီနျန်ကို ပြောမိတာကို ရွှီနျန်က အရသာအားလုံးဝယ်မယ် ပြောလိုက်တော့ သူက XN ကို ပိုက်ဆံဖြုန်းအောင်လုပ်လိုက်သလို ဖြစ်သွားလို့ မပြောမိရင် ကောင်းသား ဆိုပြီး ခံစားရတာကို ပြောချင်တာပါနော်။
tn က တအားရှည်လို့ အောက်ဆုံးမှာပဲ ရေးလိုက်ပါတယ်။

black eye-pea : ဟင်းချက်စားတဲ့ ပဲတစ်မျိုးပါ။ တို့က အစားအသောက်အခေါ်အဝေါ်တွေ သိပ်မသိဘူးရှင်။ သိတဲ့သူရှိရင် အလင်းပြခဲ့ပေးပါဦး😁

မန်ဒရင်းငါး : ငါးနာမည်အရင်းက Chinese perch ပါတဲ့။ရေချိုငါးတစ်မျိုးဖြစ်ပါတယ်။



Продовжити читання

Вам також сподобається

37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...
2M 112K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
17.2K 1.3K 25
inspired by P4inting Str4nger's ageswap au story and fanart that can be found here: https://www.wattpad.com/1205631312-artbook-story-age-swap-cale-an...
4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...