Zaw
သူတို႔ စားေသာက္ေနစဥ္အတြင္း တခ်ိန္လုံး ရႊီႏ်န္၏ လက္သည္ ခ်န္းခ်န္၏ ေပါင္ေပၚတြင္ တင္ထားခဲ့တာျဖစ္သည္။ သို႔ေပမယ့္လည္း ၎က အလြန္စည္းစနစ္တက်ရွိေနကာ သူ႔အေနနဲ႔ အလြန္တရာမွ ခ်စ္ခင္ျမတ္ႏိုးေသာ ျမင္ကြင္းတစ္ခုကို ဖန္းတီးခဲ့ျခင္းသာျဖစ္သည္။
ပေရာဖက္ဆာႏွင့္ သူ႔ဇနီးတို႔သည္ စီနီယာမ်ားပီပီ ငယ္ရြယ္သည့္ မ်ိဳးဆက္မ်ား၏ လွပျပည့္စုံေသာ ဆက္ဆံေရးအား ျမင္ေတြ႕ရျခင္းကို အလြန္ပင္ ႏွစ္သက္သေဘာက်ၾကသည္။ ထို႔ေၾကာင့္ ရႊီႏ်န္၏ လိမၼာယဥ္ေက်းျခင္းႏွင့္ ခ်စ္စဖြယ္အျပဳအမူမ်ားကို ျမင္ၿပီးေနာက္တြင္ သူ႔ကို ပို၍ပင္ သေဘာက်သြားၾကသည္။
ခ်န္းခ်န္ က သူ၏ နာမည္ ဂုဏ္သတင္းကို ထိန္းသိမ္းရန္အလို႔ငွာ အရာအားလုံးကို သည္းခံေနခဲ့သည္။ ခ်ီမြမ္းခံရျခင္းအတြက္ေတာ့ တိတ္တဆိတ္ စိတ္ေက်နပ္မႈ ရွိေနခဲ့ေပမယ့္လို႔ေပါ့.....။
သူက သူ႔ေျခေထာက္ေပၚ တင္ထားဆဲျဖစ္တဲ့ ရွီႏ်န္၏ လက္ကို တခ်က္ငုံ႔ၾကည့္လိုက္ၿပီးေနာက္ သူ႔ေျခေထာက္ကို မေနႏိုင္စြာနဲ႔ပဲ လႈပ္ေနမိျပန္ေလသည္။
ရႊီႏ်န္က ရယ္ခ်င္ေနသည္ကို ေအာင့္ထားေနရသည္။
သို႔ေပမယ့္ ထိုလူကို ငဲ့ညႇာေသာအားျဖင့္ သူ႔လက္ကိုဘာမွမျဖစ္ခဲ့သလို ဖယ္ေပးလိုက္၏။
ပေရာဖက္ဆာ၏ ဇနီးက ေမးလာသည္။
"ရႊီႏ်န္က ဘယ္တကၠသိုလ္မွာ တက္ေနတာလဲ?"
ရႊီႏ်န္က အျပဳံးေလးႏွင့္ ျပန္ေျဖသည္။
" B တကၠသိုလ္ပါ"
"အိုက္ယား....အိုးဟို"
ပေရာဖက္ဆာ၏ဇနီးက ခ်န္းခ်န္ကို လက္မေထာင္ျပလိုက္ၿပီး
"ခ်န္းေလးရဲ႕ အႀကိဳက္ကေတာ့ အရမ္းကိုပဲ ေကာင္းမြန္ပါေပတယ္"
"ဟမ့္"
ခ်န္းခ်န္က အလြန္အင္မတန္မွ မာနေထာင္လႊားေနပုံျဖင့္ အသံျပဳလိုက္သည္။ သို႔ေပမယ့္လည္း သူ႔ေျခေထာက္ေတြကေတာ့ တစ္ခါထပ္ၿပီး လႈပ္လာျပန္ေလ၏။
"......."
'ဒီလူႀကီးကို စိတ္ေက်နပ္ေအာင္ လုပ္ႏိုင္တဲ့ နည္းလမ္းေတြက တအားပဲ လြယ္လြန္းေနတာ မဟုတ္ဘူးလား'
ရႊီႏ်န္ေတြးလိုက္မိသည္။
ဤစားေသာက္ပြဲတစ္ခုလုံးသည္ အိမ္ရွင္ႏွင့္ ဧည့္သည္ ႏွစ္ဖက္စလုံးကို စိတ္ေက်နပ္မႈရွိေစခဲ့သည္။ ခ်န္းခ်န္ႏွင့္ က်ဳံးရွန္တို႔က ဝိုင္အနည္းငယ္ ေသာက္ခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ သူတို႔၏ စကားဝိုင္းက နက္နဲလာကာ ကိုယ္ေရးကိုယ္တာအေၾကာင္းေတြ ပါလာခဲ့သည္။ ရႊီႏ်န္ကေတာ့ ေဘးမွာ ထိုင္လၽွက္ နာခံစြာျဖင့္ပင္ အေဖာ္ျပဳေပးေနခဲ့သည္။ ထို႔ေနာက္ စကားဝိုင္း အဆုံးသတ္သြားတဲ့အခါမွာေတာ့ သူက ေဘာ့စ္ျဖစ္သူ ေလွကားမွ ဆင္းရာတြင္ တာဝန္ေက်စြာျဖင့္ ကူတြဲကာ ထိန္း ေပးခဲ့သည္။
ခ်န္သိက ကားကို အဆင္သင့္ျပင္ၿပီး ေစာင့္ေနသည္မွာ အခ်ိန္တခ်ိဳ႕ပင္ ၾကာၿပီျဖစ္သည္။ သူသည္ ရႊီႏ်န္က ခ်န္းခ်န္ကို တြဲလာၿပီး ကားေနာက္ခန္းတြင္ ထည့္ေပးကာ တဖက္မွျပန္ပတ္လာၿပီးေနာက္ ေရွ႕ရွိ ဒါရိုင္ဘာေဘးမွခုံတြင္ ဝင္ထိုင္လိုက္သည္ကို ၾကည့္ေနခဲ့သည္။
"?"
ခ်န္သိက ေမးလိုက္သည္။
"မင္း ေနာက္ခုံမွာ သြားမထိုင္ဘူးလား?"
"ေဘာ့စ္မွာ အသန္႔ႀကိဳက္လြန္တဲ့ ေရာဂါရွိတယ္မဟုတ္ဘူးလား?"
ရႊီႏ်န္က ျပန္ေျဖသည္။
ခ်န္းခ်န္ တကယ္မူးေနသည္လား ဟန္ေဆာင္ေနသည္လား ဆိုသည္ကို ေျပာဖို႔ခက္သည္။ သို႔ေပမယ့္ သူ႔ေခါင္းကေတာ့ တည့္မတ္ေနကာ မ်က္လုံးေတြကိုေတာ့ မွိတ္ထားသည္။ ခ်န္သိက သူ(CC) ဘာမွ ကန္႔ကြက္မလာတာကို ျမင္သည့္အခါ ဘာမွထပ္မေျပာေတာ့ဘဲ ရႊီႏ်န္ကို အိမ္ျပန္ပို႔ေပးရန္သာ ျပင္လိုက္သည္။
လမ္းတြင္ စူပါမားကပ္ တစ္ခုကိုေတြေသာအခါ ရႊီႏ်န္က ကားရပ္ခိုင္းၿပီး အထဲဝင္သြားကာ အမူးေျပ လက္ဖက္ရည္ဘူးတခ်ိဳ႕ႏွင့္ Onigiri* အခ်ိဳ႕ ဝယ္လာသည္။
"မင္း ဝေအာင္မစားခဲ့ရဘူးလား"
ခ်န္သိက ေမးသည္။
ရႊီႏ်န္က ရယ္ေမာကာျဖင့္ ျပန္ေျဖသည္။
"ေသခ်ာေပါက္၊ အဲ့လိုမဟုတ္ပါဘူးဗ်ာ"
သူက ကားေနာက္ခန္း တံခါးကို ဖြင့္လိုက္သည္။ ခ်န္းခ်န္ ကို အမူးေျပ လက္ဖက္ရည္ ေသာက္ႏိုင္ရန္ စိတ္ရွည္စြာျဖင့္ ကူေပးလိုက္ၿပီးေနာက္ ေခါင္းကိုက္ သက္သာေစရန္ သူ႔နဖူးကို ႏွိပ္ေပးလိုက္သည္။
ထိုသို႔ ျပဳေနစဥ္အတြင္းတြင္ ခ်န္းခ်န္က ရွားရွားပါးပါးပင္ ပုံမွန္မဟုတ္စြာျဖင့္ ပူးေပါင္းေဆာင္ရြက္ေပးေနခဲ့သည္။ သူက အနည္းငယ္ မသဲမကြဲ ညည္းညဴ ေရရြတ္ၿပီးေနာက္ ျပန္၍ ၿငိမ္က်သြားသည္။
ရႊီႏ်န္က ေရွ႕ခုံတြင္ ျပန္လာထိုင္လိုက္ၿပီး Onigiri မ်ားကို ခ်န္သိထံကမ္းေပးလိုက္သည္။
"ေဘာ့စ္က သိပ္မစားထားဘူး။ အတြင္းေရးမႉးခ်န္ ေနာက္မွ ဒါေတြကို ကၽြန္ေတာ့္အစား ေဘာ့စ္ကို ေပး,ေပးလို႔ရမလား? ကြ်န္ေတာ္ သူအမူးေျပတဲ့အခ်ိန္ ဗိုက္ဆာေနမွာ စိုးရိမ္လို႔"
ခ်န္သိက ထိုစူပါမားကပ္အိတ္ထဲမွ အရာမ်ားကို ရႈပ္ေထြးေသာ အၾကည့္ျဖင့္ ၾကည့္ေနၿပီးေနာက္ တခဏေလာက္ တန္႔ေနၿပီးမွ ျဖည္းျဖည္းခ်င္းေျပာလာသည္။
"မင္းက အရမ္းကိုပဲ အလုပ္ႀကိဳးစားလြန္းတယ္......"
ရႊီႏ်န္က မ်က္ေတာင္ခတ္လိုက္ၿပီး အလြန္ကေလးဆန္စြာျဖင့္ ခ်စ္စရာေကာင္းေအာင္ ျပဳံးလိုက္ကာ
"ဒါဆို အဲ့အခ်ိန္က်ရင္ ေဘာ့စ္ကို ကၽြန္ေတာ့ရဲ႕ ေကာင္းေၾကာင္းေလးေတြ ထည့္ေျပာေပးေလ"
ခ်န္သိ : "......"
ရႊီႏ်န္ ငွားထားေသာ တိုက္ခန္းသို႔ ျပန္ေရာက္ခ်ိန္တြင္ လီဖန္က အိပ္ရာဝင္သြားၿပီျဖစ္သည္။ သူက တိတ္တိ္တ္ကေလး ေဆးေၾကာသန္႔စင္လိုက္ၿပီး အဝတ္အစားလဲလိုက္သည္။ထို႔ေနာက္ အျပင္ဘက္ လသာေဆာင္မွလာေသာ မီးေရာင္မွိန္မွိန္ေအာက္တြင္ ေလၽွာ္ဖြတ္နည္း လမ္းညႊန္ကို ဂရုတစိုက္ျဖင့္ ၾကည့္ လိုက္သည္။
ထိုထဲတြင္ ေရးထားသည္က 'အပူခ်ိန္ သုံးဆယ္ ဒီဂရီထက္မပိုေသာေရကို သုံးၿပီး လက္ျဖင့္ေလၽွာ္ရမည္ျဖစ္ကာ အေျခာက္ေလၽွာ္ ေလၽွာ္၍မရ' ဟူ၍ ျဖစ္သည္။
ရႊီႏ်န္ သက္ျပင္းခ်လိုက္ၿပီး ေရနည္းနည္း သြားယူလိုက္သည္။
အဝတ္စားမ်ားကို ေရထဲထည့္လိုက္ၿပီး ဆပ္ျပာရည္ ေလာင္းထည့္လိုက္သည္။ ရႊီႏ်န္သည္ အဝတ္ေလွ်ာ္ဇလုံုေေဘးတြင္ ထိုင္ေနလွ်က္ မိန္းေမာေတြေဝမိေန၏။
အၾကည့္တစ္ခ်က္ျဖင့္ပင္ အဝတ္ေလွ်ာ္ဇလုံတြင္းရွိ အဝတ္မ်ား၏ အရည္အေသြးမွာ မနိမ့္ေၾကာင္း ေျပာႏိုင္သည္။ထိုသည္တို႔မွာ ေစ်းႀကီးသည္။ အလြန္ပုံက်လွၿပီး စတိုင္လည္းက်သည္။ သူ ယခင္က ဤကဲ့သို႔ အဝတ္အစားမ်ိဳး မဝတ္ခဲ့ဖူးေပ။
အေပၚယံ အသြင္အျပင္သည္ အျခားသူမ်ားကို လွည့္စားႏိုင္စြမ္းရွိၿပီး သူ႔အေပၚ အျမင္ေကာင္းမ်ားရွိေစသည္။ ဂရုမစိုက္ပုံေပါက္ေစသည္။ ရက္ေရာပုံလည္း ေပါက္ေစသည္။ ရႊီႏ်န္က သူ႔ကိုယ္သူ ရွင္းလင္းစြာပင္ ေကာင္းေကာင္း သိသည္။ သူသည္ သန္႔စင္ၿပီးျဖဴစင္ေနသူတစ္ေယာက္ မဟုတ္၊ တနည္း ေျပာရလၽွင္ လိုအင္ဆနၵမ်ားႏွင္ ဂရုစိုက္သည့္အရာမ်ား ကင္းမဲ့ေနသူမဟုတ္ေပ။
သူသည္ သက္ေတာင့္သက္သာ ေနလိုသည္။ ေလးစားခံရသူ ျဖစ္လိုသည္။ ၾကည့္ေကာင္းၿပီး အျပင္ထြက္သည့္အခ်ိန္တြင္ ေတာက္ပေနသူ ျဖစ္ခ်င္သည္။ ေဆးရုံသို႔သြားကာ ဟိုဟိုဒီဒီေျပးလႊားေနရတာမ်ိဳး မလုပ္ခ်င္ေပ။
ယြမ္ ၇၀ တန္ေသာ အိပ္ရာတစ္ေနရာစာ ရႏိုင္ဖို႔အတြက္ စိန္းစိန္းဝါးဝါး စိုက္ၾကည့္ျခင္း ႏွင့္ မ်က္လုံးလွန္ျပျခင္းတုိ႔ကို ခံရသူ မျဖစ္ခ်င္ေပ။
သူ၏ ေခါင္းစမွ ေျခဖ်ား၊ အတြင္းအျပင္အားလုံးသည္ သာမာန္ ေသမ်ိဳး လူသားတစ္ေယာက္သာျဖစ္၏။
ခ်န္သိက သူ႔ကို အလုပ္ႀကိဳးစားလြန္းသည္ဟု ေျပာသည္။ ၎က နည္းနည္းေလးေတာင္ မမွားေပ။ အဆုံးတြင္ သူသည္ သက္ေတာင့္သက္သာျဖင့္ အသက္ရွည္ရွည္ ေနလိုသည္။ ထို႔ေၾကာင့္ သူ အလုပ္ႀကိဳးစားမွသာ ျဖစ္လိမ့္မည္။
သူ အလုပ္ႀကိဳးစားေနသ၍ကေတာ့......
ရႊီႏ်န္က သူအသစ္ဝယ္ထားေသာ လက္ကိုင္ဖုန္းကို ေခါင္းငုံ႔ၾကည့္လိုက္သည့္အခါတြင္ ေမၽွာ္လင့္ထားသည့္အတိုင္း notification* အသစ္ တစ္ခုေရာက္ေနသည္ကို ေတြ႕လိုက္ရသည္။
သူ႔ အေကာင့္ထဲတြင္ ယြမ္ ငါးသိန္း ထပ္ၿပီး ရွိေနခဲ့ျပန္ေလသည္။
T/N
Onigiri : သုံးေျမႇာင့္ပုံ ေရညႇိထမင္း ဆုပ္။
media တြင္ show
notification: အသိေပးခ်က္စာတို။
_________________
Uni
သူတို့ စားသောက်နေစဉ်အတွင်း တချိန်လုံး ရွှီနျန်၏ လက်သည် ချန်းချန်၏ ပေါင်ပေါ်တွင် တင်ထားခဲ့တာဖြစ်သည်။ သို့ပေမယ့်လည်း ၎င်းက အလွန်စည်းစနစ်တကျရှိနေကာ သူ့အနေနဲ့ အလွန်တရာမှ ချစ်ခင်မြတ်နိုးသော မြင်ကွင်းတစ်ခုကို ဖန်းတီးခဲ့ခြင်းသာဖြစ်သည်။
ပရောဖက်ဆာနှင့် သူ့ဇနီးတို့သည် စီနီယာများပီပီ ငယ်ရွယ်သည့် မျိုးဆက်များ၏ လှပပြည့်စုံသော ဆက်ဆံရေးအား မြင်တွေ့ရခြင်းကို အလွန်ပင် နှစ်သက်သဘောကျကြသည်။ ထို့ကြောင့် ရွှီနျန်၏ လိမ္မာယဉ်ကျေးခြင်းနှင့် ချစ်စဖွယ်အပြုအမူများကို မြင်ပြီးနောက်တွင် သူ့ကို ပို၍ပင် သဘောကျသွားကြသည်။
ချန်းချန် က သူ၏ နာမည် ဂုဏ်သတင်းကို ထိန်းသိမ်းရန်အလို့ငှာ အရာအားလုံးကို သည်းခံနေခဲ့သည်။ ချီမွမ်းခံရခြင်းအတွက်တော့ တိတ်တဆိတ် စိတ်ကျေနပ်မှု ရှိနေခဲ့ပေမယ့်လို့ပေါ့.....။
သူက သူ့ခြေထောက်ပေါ် တင်ထားဆဲဖြစ်တဲ့ ရှီနျန်၏ လက်ကို တချက်ငုံ့ကြည့်လိုက်ပြီးနောက် သူ့ခြေထောက်ကို မနေနိုင်စွာနဲ့ပဲ လှုပ်နေမိပြန်လေသည်။
ရွှီနျန်က ရယ်ချင်နေသည်ကို အောင့်ထားနေရသည်။
သို့ပေမယ့် ထိုလူကို ငဲ့ညှာသောအားဖြင့် သူ့လက်ကိုဘာမှမဖြစ်ခဲ့သလို ဖယ်ပေးလိုက်၏။
ပရောဖက်ဆာ၏ ဇနီးက မေးလာသည်။
"ရွှီနျန်က ဘယ်တက္ကသိုလ်မှာ တက်နေတာလဲ?"
ရွှီနျန်က အပြုံးလေးနှင့် ပြန်ဖြေသည်။
" B တက္ကသိုလ်ပါ"
"အိုက်ယား....အိုးဟို"
ပရောဖက်ဆာ၏ဇနီးက ချန်းချန်ကို လက်မထောင်ပြလိုက်ပြီး
"ချန်းလေးရဲ့ အကြိုက်ကတော့ အရမ်းကိုပဲ ကောင်းမွန်ပါပေတယ်"
"ဟမ့်"
ချန်းချန်က အလွန်အင်မတန်မှ မာနထောင်လွှားနေပုံဖြင့် အသံပြုလိုက်သည်။ သို့ပေမယ့်လည်း သူ့ခြေထောက်တွေကတော့ တစ်ခါထပ်ပြီး လှုပ်လာပြန်လေ၏။
"......."
'ဒီလူကြီးကို စိတ်ကျေနပ်အောင် လုပ်နိုင်တဲ့ နည်းလမ်းတွေက တအားပဲ လွယ်လွန်းနေတာ မဟုတ်ဘူးလား'
ရွှီနျန်တွေးလိုက်မိသည်။
ဤစားသောက်ပွဲတစ်ခုလုံးသည် အိမ်ရှင်နှင့် ဧည့်သည် နှစ်ဖက်စလုံးကို စိတ်ကျေနပ်မှုရှိစေခဲ့သည်။ ချန်းချန်နှင့် ကျုံးရှန်တို့က ဝိုင်အနည်းငယ် သောက်ခဲ့ပြီး နောက်ဆုံးမှာတော့ သူတို့၏ စကားဝိုင်းက နက်နဲလာကာ ကိုယ်ရေးကိုယ်တာအကြောင်းတွေပါ ပါလာခဲ့သည်။
ရွှီနျန်ကတော့ ဘေးမှာ ထိုင်လျှက် နာခံစွာဖြင့်ပင် အဖော်ပြုပေးနေခဲ့သည်။ ထို့နောက် စကားဝိုင်း အဆုံးသတ်သွားတဲ့အခါမှာတော့ သူက ဘော့စ်ဖြစ်သူ လှေကားမှ ဆင်းရာတွင် တာဝန်ကျေစွာဖြင့် ကူတွဲကာ ထိန်း ပေးခဲ့သည်။
ချန်သိက ကားကို အဆင်သင့်ပြင်ပြီး စောင့်နေသည်မှာ အချိန်တချို့ပင် ကြာပြီဖြစ်သည်။ သူသည် ရွှီနျန်က ချန်းချန်ကို တွဲလာပြီး ကားနောက်ခန်းတွင် ထည့်ပေးကာ တဖက်မှပြန်ပတ်လာပြီးနောက် ရှေ့ရှိ ဒါရိုင်ဘာဘေးမှခုံတွင် ဝင်ထိုင်လိုက်သည်ကို ကြည့်နေခဲ့သည်။
"?"
ချန်သိက မေးလိုက်သည်။
"မင်း နောက်ခုံမှာ သွားမထိုင်ဘူးလား?"
"ဘော့စ်မှာ အသန့်ကြိုက်လွန်တဲ့ ရောဂါရှိတယ်မဟုတ်ဘူးလား?"
ရွှီနျန်က ပြန်ဖြေသည်။
ချန်းချန် တကယ်မူးနေသည်လား ဟန်ဆောင်နေသည်လား ဆိုသည်ကို ပြောဖို့ခက်သည်။ သို့ပေမယ့် သူ့ခေါင်းကတော့ တည့်မတ်နေကာ မျက်လုံးတွေကိုတော့ မှိတ်ထားသည်။ ချန်သိက သူ(CC) ဘာမှ ကန့်ကွက်မလာတာကို မြင်သည့်အခါ ဘာမှထပ်မပြောတော့ဘဲ ရွှီနျန်ကို အိမ်ပြန်ပို့ပေးရန်သာ ပြင်လိုက်သည်။
လမ်းတွင် စူပါမားကပ် တစ်ခုကိုတွေသောအခါ ရွှီနျန်က ကားရပ်ခိုင်းပြီး အထဲဝင်သွားကာ အမူးပြေ လက်ဖက်ရည်ဘူးတချို့နှင့် Onigiri* အချို့ ဝယ်လာသည်။
"မင်း ဝအောင်မစားခဲ့ရဘူးလား"
ချန်သိက မေးသည်။
ရွှီနျန်က ရယ်မောကာဖြင့် ပြန်ဖြေသည်။
"သေချာပေါက်၊ အဲ့လိုမဟုတ်ပါဘူးဗျာ"
သူက ကားနောက်ခန်း တံခါးကို ဖွင့်လိုက်သည်။ ချန်းချန် ကို အမူးပြေ လက်ဖက်ရည် သောက်နိုင်ရန် စိတ်ရှည်စွာဖြင့် ကူပေးလိုက်ပြီးနောက် ခေါင်းကိုက် သက်သာစေရန် သူ့နဖူးကို နှိပ်ပေးလိုက်သည်။
ထိုသို့ ပြုနေစဉ်အတွင်းတွင် ချန်းချန်က ရှားရှားပါးပါးပင် ပုံမှန်မဟုတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ပေးနေခဲ့သည်။ သူက အနည်းငယ် မသဲမကွဲ ညည်းညူ ရေရွတ်ပြီးနောက် ပြန်၍ ငြိမ်ကျသွားသည်။
ရွှီနျန်က ရှေ့ခုံတွင် ပြန်လာထိုင်လိုက်ပြီး Onigiri များကို ချန်သိထံကမ်းပေးလိုက်သည်။
"ဘော့စ်က သိပ်မစားထားဘူး။ အတွင်းရေးမှူးချန် နောက်မှ ဒါတွေကို ကျွန်တော့်အစား ဘော့စ်ကို ပေး,ပေးလို့ရမလား? ကျွန်တော် သူအမူးပြေတဲ့အချိန် ဗိုက်ဆာနေမှာ စိုးရိမ်လို့"
ချန်သိက ထိုစူပါမားကပ်အိတ်ထဲမှ အရာများကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်နေပြီးနောက် တခဏလောက် တန့်နေပြီးမှ ဖြည်းဖြည်းချင်းပြောလာသည်။
"မင်းက အရမ်းကိုပဲ အလုပ်ကြိုးစားလွန်းတယ်......"
ရွှီနျန်က မျက်တောင်ခတ်လိုက်ပြီး အလွန်ကလေးဆန်စွာဖြင့် ချစ်စရာကောင်းအောင် ပြုံးလိုက်ကာ
"ဒါဆို အဲ့အချိန်ကျရင် ဘော့စ်ကို ကျွန်တော့ရဲ့ ကောင်းကြောင်းလေးတွေ ထည့်ပြောပေးလေ"
ချန်သိ : "......"
ရွှီနျန် ငှားထားသော တိုက်ခန်းသို့ ပြန်ရောက်ချိန်တွင် လီဖန်က အိပ်ရာဝင်သွားပြီဖြစ်သည်။ သူက တိတ်တိ်တ်ကလေး ဆေးကြောသန့်စင်လိုက်ပြီး အဝတ်အစားလဲလိုက်သည်။ထို့နောက် အပြင်ဘက် လသာဆောင်မှလာသော မီးရောင်မှိန်မှိန်အောက်တွင် လျှော်ဖွတ်နည်း လမ်းညွှန်ကို ဂရုတစိုက်ဖြင့် ကြည့် လိုက်သည်။
ထိုထဲတွင် ရေးထားသည်က 'အပူချိန် သုံးဆယ် ဒီဂရီထက်မပိုသောရေကို သုံးပြီး လက်ဖြင့်လျှော်ရမည်ဖြစ်ကာ အခြောက်လျှော် လျှော်၍မရ' ဟူ၍ ဖြစ်သည်။
ရွှီနျန် သက်ပြင်းချလိုက်ပြီး ရေနည်းနည်း သွားယူလိုက်သည်။
အဝတ်စားများကို ရေထဲထည့်လိုက်ပြီး ဆပ်ပြာရည် လောင်းထည့်လိုက်သည်။ ရွှီနျန်သည် အဝတ်လျှော်ဇလုုံေဘေးတွင် ထိုင်နေလျှက် မိန်းမောတွေဝေမိနေ၏။
အကြည့်တစ်ချက်ဖြင့်ပင် အဝတ်လျှော်ဇလုံတွင်းရှိ အဝတ်များ၏ အရည်အသွေးမှာ မနိမ့်ကြောင်း ပြောနိုင်သည်။ထိုသည်တို့မှာ စျေးကြီးသည်။ အလွန်ပုံကျလှပြီး စတိုင်လည်းကျသည်။ သူ ယခင်က ဤကဲ့သို့ အဝတ်အစားမျိုး မဝတ်ခဲ့ဖူးပေ။
အပေါ်ယံ အသွင်အပြင်သည် အခြားသူများကို လှည့်စားနိုင်စွမ်းရှိပြီး သူ့အပေါ် အမြင်ကောင်းများရှိစေသည်။ ဂရုမစိုက်ပုံပေါက်စေသည်။ ရက်ေရာပုံလည်း ပေါက်စေသည်။ ရွှီနျန်က သူ့ကိုယ်သူ ရှင်းလင်းစွာပင် ကောင်းကောင်း သိသည်။ သူသည် သန့်စင်ပြီးဖြူစင်နေသူတစ်ယောက် မဟုတ်၊ တနည်း ပြောရလျှင် လိုအင်ဆန္ဒများနှင် ဂရုစိုက်သည့်အရာများ ကင်းမဲ့နေသူမဟုတ်ပေ။
သူသည် သက်တောင့်သက်သာ နေလိုသည်။ လေးစားခံရသူ ဖြစ်လိုသည်။ ကြည့်ကောင်းပြီး အပြင်ထွက်သည့်အချိန်တွင် တောက်ပနေသူ ဖြစ်ချင်သည်။ ဆေးရုံသို့သွားကာ ဟိုဟိုဒီဒီပြေးလွှားနေရတာမျိုး မလုပ်ချင်ပေ။
ယွမ် ၇၀ တန်သော အိပ်ရာတစ်နေရာစာ ရနိုင်ဖို့အတွက် စိန်းစိန်းဝါးဝါး စိုက်ကြည့်ခြင်း နှင့် မျက်လုံးလှန်ပြခြင်းတို့ကို ခံရသူ မဖြစ်ချင်ပေ။
သူ၏ ခေါင်းစမှ ခြေဖျား၊ အတွင်းအပြင်အားလုံးသည် သာမာန် သေမျိုး လူသားတစ်ယောက်သာဖြစ်၏။
ချန်သိက သူ့ကို အလုပ်ကြိုးစားလွန်းသည်ဟု ပြောသည်။ ၎င်းက နည်းနည်းလေးတောင် မမှားပေ။ အဆုံးတွင် သူသည္ သက်တောင့်သက်သာဖြင့် အသက်ရှည်ရှည် နေလိုသည်။ ထို့ကြောင့် သူ အလုပ်ကြိုးစားမှသာ ဖြစ်လိမ့်မည်။
သူ အလုပ်ကြိုးစားနေသ၍ကတော့......
ရွှီနျန်က သူအသစ်ဝယ်ထားသော လက်ကိုင်ဖုန်းကို ခေါင်းငုံ့ကြည့်လိုက်သည့်အခါတွင် မျှော်လင့်ထားသည့်အတိုင်း notification* အသစ် တစ်ခုရောက်နေသည်ကို တွေ့လိုက်ရသည်။
သူ့ အကောင့်ထဲတွင် ယွမ် ငါးသိန်း ထပ်ပြီး ရှိနေခဲ့ပြန်လေသည်။
T/N
Onigiri : သုံးမြှောင့်ပုံ ရေညှိထမင်း ဆုပ်။
media တွင် show
notification: အသိပေးချက်စာတို။