Sewing Machine's Love Story (...

By LuuLuu252

125K 20.1K 824

Author : Jing Shui Bian EN translator: Rinisnotgold Chapters: 24 Chapters All Credit to Original Author and... More

Story Description
Chap 1 (Part 1)
Chap 1(Part 2)
Chap 2
Chap 3
Chap 4
Chap 5
Chap 6
Chap 8
Chap 9
Chap 10
Chap 11
Chap 12
Chap 13
Chap 14
Chap 15
Chap 16
Chap 17
Chap 18
Chap 19
Chap 20
Chap 21
Chap 22
Chap 23 (Part 1)
Chap 23 (Part 2)
Chap 24 (Part 1)
Chap 24 (Final Part)
Recommend Please!!

Chap 7

3.7K 753 41
By LuuLuu252

Zaw

အခ်ိန္အနည္းငယ္ ၾကာသြားၿပီးသည္အထိ ခ်န္းခ်န္မွာ ထို သြားစြယ္ေလး ႏွစ္ခုအေၾကာင္းကို ေတြးေနမိဆဲျဖစ္သည္။

သူ႔မွတ္ဥာဏ္တစ္ခုလုံးကို လွန္ေလွာၾကည့္ၿပီးတာေတာင္မွ ထိုမွ်ေလာက္ထိ လွပစြာ ျပဳံးႏိုင္တဲ့ ေယာက္က်ားေလး တစ္ေယာက္ေတာင္ ျမင္ခဲ့ဖူးသလားဆိုတာကို မမွတ္မိေခ်။

သူဘာေတြေတြးေနမိသည္ကို သတိရသြားတဲ့အခါမွာေတာ့ ခ်န္းခ်န္မ်က္ႏွာက တစ္ဖန္ျပန္ၿပီး မုန္တိုင္းထန္သြားျပန္သည္။

အျပဳံးလွလွေလးေပါ့ေလ၊ မင္းငါ့ကို ျမဴဆြယ္ဖို႔ ႀကိဳးစားေနတာပဲ!

ခ်န္းခ်န္ေတြးလိုက္သည္။

အဲ့ဒီေနာက္မွာေတာ့ သူစိတ္ထဲကေနၿပီး မေနႏိုု္င္စြာနဲ႔ ဆဲလိုက္မိျပန္သည္။ ဒီ ေ-ာက္ ဟိုမို!

စားပြဲေဘးတြင္ ထိုင္ေနၿပီျဖစ္ေသာ ရႊီႏ်န္သည္ သူ႔ေဘာ့စ္က သူ႔ကို ၾကည့္ေနသည္ကို ျမင္ေသာအခါ အနည္းငယ္ ဇေဝဇဝါ ျဖစ္သြားသည္။

"?"

ခ်န္းခ်န္က မ်က္ႏွာကို တစ္ဖက္သို႔ လွည့္သြားကာ ႏွာမႈတ္လိုက္သည္။

"ဟမ့္"

ရႊီႏ်န္ : "......"

ခ်န္းခ်န္၏ မိတ္ေဆြမ်ားမွာ အသက္ႀကီးႀကီး စုံတြဲတစ္စုဲျဖစ္သည္။ သူတို႔၏အိမ္မွာ ပညာရွင္အေငြ႕အသက္မ်ားျဖင့္ ျပည့္ေနၿပီး အိမ္တြင္းပိုင္း အျပင္အဆင္မ်ားမွာလည္း စာေပပိုင္းဆိုင္ရာဘက္သို႔ ဦးတည္သည္။

ရႊီႏ်န္က ခ်န္းခ်န္တြင္ ဤသို႔ေသာ မိတ္ေဆြမ်ိဳး ရွိလိမ့္မည္ဟု ထင္မထားခဲ့ေပ။ သူတို႔က သူ႔ကို ၾကင္ၾကင္နာနာျဖင့္ ႏႈတ္ဆတ္ၿပီး ထိုင္ရန္ေျပာသည့္အခါတြင္ေတာ့ ရႊီႏ်န္မွာ နည္းနည္းေလးေတာင္မွ ရွက္သလို ျဖစ္သြားသည္။

"မင္းက ေရွာင္*ႏ်န္ပဲ ျဖစ္ရမယ္။ ဟုတ္တယ္မလား?"
(t/n: လူႀကီးေတြက လူငယ္ေတြကို ခ်စ္စႏိုးေခၚတာမ်ိဳးပါ ေရွာင္ႏ်န္- ႏ်န္ေလး)

က်ဳံးရွန္သည္ အသက္ ေျခာက္ဆယ္နီးပါးခန္႔ ရွိၿပီျဖစ္ကာ အေျခခံအားျဖင့္ၾကည့္လၽွင္ ရႊီႏ်န္မွာ သူ၏ ေျမးအရြယ္ျဖစ္သည္။

ပေရာဖက္ဆာ အိုႀကီးသည္ လူငယ္မ်ားထက္ပင္ပို၍ လက္ခံႏိုင္စြမ္း ျမင့္မားကာ ပြင့္လင္းသူျဖစ္သည္။ ထို႔ေၾကာင့္ သူသည္ တစ္ခ်ိန္တုန္းက ခ်န္းခ်န္၏ ဆရာ ျဖစ္ခဲ့ဖူးေပမယ့္လည္း တပည့္ျဖစ္သူ၏ ရုတ္တရတ္ လိင္ပိုင္းဆိုင္ရာ ႀကိဳက္ႏွစ္သက္မႈသေဘာထား ေျပာင္းလဲသြားသည့္ အေပၚတြင္ မည္သည့္ မွတ္ခ်က္မွ် မေပးခဲ့ေပ။

ဆန္က်င္ဘက္မွာေတာ့ ၊ ခ်န္းခ်န္က သူ႔ကိုဘယ္လို မိတ္ဆတ္ေပးထားမွန္း ေသခ်ာမသိထားတာမို႔ ရႊီႏ်န္သည္ နာနာခံခံပုံစံေလးျဖင့္ ယဥ္ေက်းစြာသာ ျပဳံးျပလိုက္သည္။
သူဘယ္လို တုန္႔ျပန္ရမည္မွန္း တကယ္ကို မသိေခ်။

တဖက္မွာေတာ့၊ ခ်န္းခ်န္က ဂရုမစိုက္ေပ။
သူ႔စိတ္ႏွင့္ ကိုယ္ဟန္အေနအထားမွာ ပုံမွန္ထက္ပင္ အမ်ားႀကီး ပို၍ သက္ေတာင့္သက္သာ ျဖစ္ေနသည္မွာ အေတာ္ေလး သိသာသည္။
ထိုင္ခုံထက္တြင္ သူ႔ေျခေထာက္ေတြကို ခပ္က်ယ္က်ယ္ ခ်ဲ႕ထိုင္လ်က္၊ ၾကယ္သီးတပ္ ရွပ္အက်ႌ၏ လက္မ်ားကို  သူလက္ဖ်ံေပၚသို႔ ပင့္တင္ထားကာ သူ၏ပုံမွန္လို ေနာက္သို႔လွန္တင္ထားေလ့ရွိေသာဆံပင္မ်ားကိုလည္း ဂ်ယ္မလိမ္းထားေသာေၾကာင့္ သူ႔ေဘးနား ေလထုသည္ ပ်င္းတိပ်င္းရြဲအေငြ႕အသက္မ်ားျဖင့္ ျပည့္ေနေလ၏။

သို႔ေပမယ့္လည္း သူ႔အမူအရာကေတာ့ ေၾကာက္စရာေကာင္းေနဆဲျဖစ္သည္။ ရႊီႏ်န္က သူ႔ကို သူ၏ပါေမာကၡေဟာင္းေရွ႕တြင္ သူ႔ကိုယ္သူ နည္းနည္းေလာက္ေတာ့ ထိန္းထိန္သိမ္းသိမ္းေနလိမ့္မည္ ဟု ထင္ခဲ့တာျဖစ္သည္။ ဒါေပမယ့္လည္း အဆုံးမွာေတာ့ သူ႔ပုံစံက တကမၻာလုံးက သူ႔အေပၚ ေဒၚလာသန္းခ်ီအေႂကြး တင္ေနသလို ရုပ္မ်ိဳး ေပါက္ေနဆဲျဖစ္သည္။

ပေရာဖက္ဆာ၏ ဇနီးက သူ႔ကို ရယ္ရယ္ေမာေမာျဖင့္ ေျပာလာသည္။

"အိုး...သူကေတာ့၊ သူ႔စိတ္အေျခအေနက အျမဲအဲ့အတိုင္းပဲ။ သူ႔ကို ဘယ္သူကမ်ား သည္းခံႏိုင္ပါ့မလဲ မသိပါဘူး။"

ရႊီႏ်န္ အနည္းငယ္ ျပဳံးလိုက္ၿပီးေနာက္ ရိုးသားစြာျဖင့္ ေျပာလိုက္သည္။

"ဒါေပမယ့္ ကၽြန္ေတာ္ အဲ့လိုပုံစံမ်ိဳးကို သေဘာက်တယ္"

---- အထူးသျဖင့္ ၊ သူ ကၽြန္ေတာ့္ကို ပိုက္ဆံေပးတဲ့အခ်ိန္။

ခ်န္းခ်န္၏နားက အနည္းငယ္လႈပ္သြားသည္။ သူက ေခါင္းကို ေစာင္းလိုက္ၿပီး ရႊီႏ်န္ထံ တခ်က္ၾကည့္လိုက္၏။
ျဖစ္ေပၚလ်က္ရွိၿပီးေသာ အျပဳံးတို႔သည္ က်ယ္ျပန္႔ကာ သြားစြယ္ေသးေသးေလးႏွစ္ခုကို ထပ္ၿပီး ေဖာ္ျပလ်က္ရွိေန၏။

ခ်န္းခ်န္က သူ႔လွ်ာကို တစ္ခ်က္ႏွိပ္လိုက္ကာ* မေပ်ာ္မရႊင္ ျဖစ္ေနေသာ အၾကည့္တို႔ကို ထုတ္လိုက္သည္။ သို႔ေပမယ့္လည္း သူ႔ ေျခေထာက္လႈပ္ေနမိျခင္းကိုေတာ့ မရပ္တန္႔ႏိုင္ခဲ့ေပ။

"သူစိတ္ေပ်ာ္ေနတဲ့ အခ်ိန္မ်ိဳးဆို သူ႔ေျခေထာက္ေတြကို မလႈပ္ပဲ မေနႏိုင္ဘူးေလ"

ပေရာဖက္ဆာ၏ ဇနီးက ခ်န္းခ်န္အေၾကာင္း ထပ္ၿပီး ေဖာ္ေကာင္လုပ္သည္။

"အေပၚယံမွာေတာ့ သူက လူဆိုးတစ္ေယာက္ပုံေပၚေနေပမယ့္ သူ႔အတြင္းစိတ္ကေတာ့ အေပ်ာ္ေတြနဲ႔ လေပၚေတာင္ေရာက္ေနေလာက္ျပီ*"

"........."

ခ်န္းခ်န္ ခ်က္ခ်င္းပင္ ေျခေထာက္လႈပ္ေနတာကို ရပ္ပစ္လိုက္သည္။

ရႊီႏ်န္က မရယ္မိေအာင္ ထိန္းေနရတာမို႔ သူ႔နံရိုးေတြေတာင္ နာေနၿပီျဖစ္သည္။ သူဒါကို ေဖာ္ျပမိလို႔ မျဖစ္ဘူးေလ။
သူက လက္တစ္ဖက္ကို ဆန္႔ကာ  ခ်န္းခ်န္၏ ေဘာင္းဘီထက္မွေနၿပီး သူ႔ေျခေထာက္ေတြကို ညင္ညင္သာသာျဖင့္ ပြတ္သပ္လိုက္သည္။

ခ်န္းခ်န္က အလိုလုိ ေရွာင္တိမ္းခ်င္လာသည္။ သို႔ေသာ္လည္း သူ႔ေရွ႕တြင္ ထိုင္ေနေသာ စုံတြဲေၾကာင့္ အားစိုက္ၿပီး သည္းခံေနရသည္။

ရႊီႏ်န္၏ လက္ဖဝါးေအာက္ရွိ ေပါင္မွ ႂကြက္သားတို႔သည္ တကယ့္ကိုပင္ ေတာင့္တင္းကာ ပူေႏြးလ်က္ရွိ၏။
သူက ခ်န္းခ်န္း၏ မ်က္ႏွာကို ခ်စ္ရည္ရႊမ္းသည့္ မ်က္လုံးမ်ားႏွင့္ မယိမ္းယိုင္ေသာ ျပင္းထန္မႈတို႔ျဖင့္ စိုက္ၾကည့္ေနသည္။
ထို႔ေနာက္ သူကအျပဳံးခ်ိဳခ်ိဳေလးျဖင့္၊

"ခင္ဗ်ားက ဘာကို ရွက္ေနတာလဲ? ခင္ဗ်ားဆီမွာ ကၽြန္ေတာ္မသိေသးတဲ့ တျခားအေၾကာင္းေတြမ်ား ရွိေသးလို႔လား?"

ခ်န္းခ်န္က အသက္ျပင္းျပင္း ရႈလိုက္ကာ အံႀကိတ္လ်က္ ေျပာ၏။

"ဘယ္လိုလုပ္ၿပီး ျဖစ္ႏိုင္မွာလဲ? အားလုံးပဲ ေဘဘီ၊ ေခါင္းစေျခဆုံး၊ အတြင္းအျပင္အားလုံး ကိုယ့္အေၾကာင္း မင္းပဲအသိဆုံးပါကြာ"

T/N

အရင္အပိုင္းေတြမွာ သူငယ္ခ်င္းလို႔သုံးထားေပမယ့္ ဒီတစ္ပိုင္းမွာေတာ့ မိတ္ေဆြလို႔ပဲ သုံးလိုက္ပါတယ္။ အသက္ ၆၀ ေက်ာ္ လူႀကီးကို သူငယ္ခ်င္းလို႔ သုံးလို႔မွ မေကာင္းတာေလ ..ေနာ္။😁

အေပ်ာ္ေတြနဲ႔ လေပၚေတာင္ေရာက္ - အရမ္းေပ်ာ္ၿဒိဎ စိတ္ေက်နပ္တာကို ေျပာတာပါ။

လွ်ာကို ႏွိပ္သည္ -  စိတ္ဆိုးေၾကာင္း၊ စိတ္ပ်က္ေၾကာင္း ျပတဲ့အေနနဲ႔ လွ်ာကို အေပၚသြားအေနာက္ဖက္က်က် ကို ထိၿပီး အသံထြက္ေအာင္ လုပ္တာျဖစ္ပါတယ္။ စုတ္သပ္တာမ်ိဳးေပါ့။

_________________

Uni

အချိန်အနည်းငယ် ကြာသွားပြီးသည်အထိ ချန်းချန်မှာ ထို သွားစွယ်လေး နှစ်ခုအကြောင်းကို တွေးနေမိဆဲဖြစ်သည်။

သူ့မှတ်ဉာဏ်တစ်ခုလုံးကို လှန်လှောကြည့်ပြီးတာတောင်မှ ထိုမျှလောက်ထိ လှပစွာ ပြုံးနိုင်တဲ့ ယောက်ကျားလေး တစ်ယောက်တောင် မြင်ခဲ့ဖူးသလားဆိုတာကို မမှတ်မိချေ။

သူဘာတွေတွေးနေမိသည်ကို သတိရသွားတဲ့အခါမှာတော့ ချန်းချန်မျက်နှာက တစ်ဖန်ပြန်ပြီး မုန်တိုင်းထန်သွားပြန်သည်။

အပြုံးလှလှလေးပေါ့လေ၊ မင်းငါ့ကို မြူဆွယ်ဖို့ ကြိုးစားနေတာပဲ!

ချန်းချန်တွေးလိုက်သည်။

အဲ့ဒီနောက်မှာတော့ သူစိတ်ထဲကနေပြီး မနေနိုု်င်စွာနဲ့ ဆဲလိုက်မိပြန်သည်။ ဒီ ေ-ာက် ဟိုမို!

စားပွဲဘေးတွင် ထိုင်နေပြီဖြစ်သော ရွှီနျန်သည် သူ့ဘော့စ်က သူ့ကို ကြည့်နေသည်ကို မြင်သောအခါ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

"?"

ချန်းချန်က မျက်နှာကို တစ်ဖက်သို့ လှည့်သွားကာ နှာမှုတ်လိုက်သည်။

"ဟမ့်"

ရွှီနျန် : "......"

ချန်းချန်၏ မိတ်ဆွေများမှာ အသက်ကြီးကြီး စုံတွဲတစ်စဲုဖြစ်သည်။ သူတို့၏အိမ်မှာ ပညာရှင်အငွေ့အသက်များဖြင့် ပြည့်နေပြီး အိမ်တွင်းပိုင်း အပြင်အဆင်များမှာလည်း စာပေပိုင်းဆိုင်ရာဘက်သို့ ဦးတည်သည်။

ရွှီနျန်က ချန်းချန်တွင် ဤသို့သော မိတ်ဆွေမျိုး ရှိလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူတို့က သူ့ကို ကြင်ကြင်နာနာဖြင့် နှုတ်ဆတ်ပြီး ထိုင်ရန်ပြောသည့်အခါတွင်တော့ ရွှီနျန်မှာ နည်းနည်းလေးတောင်မှ ရှက်သလို ဖြစ်သွားသည်။

"မင်းက ရှောင်*နျန်ပဲ ဖြစ်ရမယ်။ ဟုတ်တယ်မလား?"
(t/n: လူကြီးတွေက လူငယ်တွေကို ချစ်စနိုးခေါ်တာမျိုးပါ ရှောင်နျန်- နျန်လေး)

ကျုံးရှန်သည် အသက် ခြောက်ဆယ်နီးပါးခန့် ရှိပြီဖြစ်ကာ အခြေခံအားဖြင့်ကြည့်လျှင် ရွှီနျန်မှာ သူ၏ မြေးအရွယ်ဖြစ်သည်။

ပရောဖက်ဆာ အိုကြီးသည် လူငယ်များထက်ပင်ပို၍ လက်ခံနိုင်စွမ်း မြင့်မားကာ ပွင့်လင်းသူဖြစ်သည်။ ထို့ကြောင့် သူသည် တစ်ချိန်တုန်းက ချန်းချန်၏ ဆရာ ဖြစ်ခဲ့ဖူးပေမယ့်လည်း တပည့်ဖြစ်သူ၏ ရုတ်တရတ် လိင်ပိုင်းဆိုင်ရာ ကြိုက်နှစ်သက်မှုသဘောထား ပြောင်းလဲသွားသည့် အပေါ်တွင် မည်သည့် မှတ်ချက်မျှ မပေးခဲ့ပေ။

ဆန်ကျင်ဘက်မှာတော့ ၊ ချန်းချန်က သူ့ကိုဘယ်လို မိတ်ဆတ်ပေးထားမှန်း သေချာမသိထားတာမို့ ရွှီနျန်သည် နာနာခံခံပုံစံလေးဖြင့် ယဉ်ကျေးစွာသာ ပြုံးပြလိုက်သည်။
သူဘယ်လို တုန့်ပြန်ရမည်မှန်း တကယ်ကို မသိချေ။

တဖက်မှာတော့၊ ချန်းချန်က ဂရုမစိုက်ပေ။
သူ့စိတ်နှင့် ကိုယ်ဟန်အနေအထားမှာ ပုံမှန်ထက်ပင် အများကြီး ပို၍ သက်တောင့်သက်သာ ဖြစ်နေသည်မှာ အတော်လေး သိသာသည်။
ထိုင်ခုံထက်တွင် သူ့ခြေထောက်တွေကို ခပ်ကျယ်ကျယ် ချဲ့ထိုင်လျက်၊ ကြယ်သီးတပ် ရှပ်အကျႌ၏ လက်များကို  သူလက်ဖျံပေါ်သို့ ပင့်တင်ထားကာ သူ၏ပုံမှန်လို နောက်သို့လှန်တင်ထားလေ့ရှိသောဆံပင်များကိုလည်း ဂျယ်မလိမ်းထားသောကြောင့် သူ့ဘေးနား လေထုသည် ပျင်းတိပျင်းရွဲအငွေ့အသက်များဖြင့် ပြည့်နေလေ၏။

သို့ပေမယ့်လည်း သူ့အမူအရာကတော့ ကြောက်စရာကောင်းနေဆဲဖြစ်သည်။ ရွှီနျန်က သူ့ကို သူ၏ပါမောက္ခဟောင်းရှေ့တွင် သူ့ကိုယ်သူ နည်းနည်းလောက်တော့ ထိန်းထိန်သိမ်းသိမ်းနေလိမ့်မည် ဟု ထင်ခဲ့တာဖြစ်သည်။ ဒါပေမယ့်လည်း အဆုံးမှာတော့ သူ့ပုံစံက တကမ္ဘာလုံးက သူ့အပေါ် ဒေါ်လာသန်းချီအကြွေး တင်နေသလို ရုပ်မျိုး ပေါက်နေဆဲဖြစ်သည်။

ပရောဖက်ဆာ၏ ဇနီးက သူ့ကို ရယ်ရယ်မောမောဖြင့် ပြောလာသည်။

"အိုး...သူကတော့၊ သူ့စိတ်အခြေအနေက အမြဲအဲ့အတိုင်းပဲ။ သူ့ကို ဘယ်သူကများ သည်းခံနိုင်ပါ့မလဲ မသိပါဘူး။"

ရွှီနျန် အနည်းငယ် ပြုံးလိုက်ပြီးနောက် ရိုးသားစွာဖြင့် ပြောလိုက်သည်။

"ဒါပေမယ့် ကျွန်တော် အဲ့လိုပုံစံမျိုးကို သဘောကျတယ်"

---- အထူးသဖြင့် ၊ သူ ကျွန်တော့်ကို ပိုက်ဆံပေးတဲ့အချိန်။

ချန်းချန်၏နားက အနည်းငယ်လှုပ်သွားသည်။ သူက ခေါင်းကို စောင်းလိုက်ပြီး ရွှီနျန်ထံ တချက်ကြည့်လိုက်၏။
ဖြစ်ပေါ်လျက်ရှိပြီးသော အပြုံးတို့သည် ကျယ်ပြန့်ကာ သွားစွယ်သေးသေးလေးနှစ်ခုကို ထပ်ပြီး ဖော်ပြလျက်ရှိနေ၏။

ချန်းချန်က သူ့လျှာကို တစ်ချက်နှိပ်လိုက်ကာ* မပျော်မရွှင် ဖြစ်နေသော အကြည့်တို့ကို ထုတ်လိုက်သည်။ သို့ပေမယ့်လည်း သူ့ ခြေထောက်လှုပ်နေမိခြင်းကိုတော့ မရပ်တန့်နိုင်ခဲ့ပေ။

"သူစိတ်ပျော်နေတဲ့ အချိန်မျိုးဆို သူ့ခြေထောက်တွေကို မလှုပ်ပဲ မနေနိုင်ဘူးလေ"

ပရောဖက်ဆာ၏ ဇနီးက ချန်းချန်အကြောင်း ထပ်ပြီး ဖော်ကောင်လုပ်သည်။

"အပေါ်ယံမှာတော့ သူက လူဆိုးတစ်ယောက်ပုံပေါ်နေပေမယ့် သူ့အတွင်းစိတ်ကတော့ အပျော်တွေနဲ့ လပေါ်တောင်ရောက်နေလောက်ပြီ*"

"........."

ချန်းချန် ချက်ချင်းပင် ခြေထောက်လှုပ်နေတာကို ရပ်ပစ်လိုက်သည်။

ရွှီနျန်က မရယ်မိအောင် ထိန်းနေရတာမို့ သူ့နံရိုးတွေတောင် နာနေပြီဖြစ်သည်။ သူဒါကို ဖော်ပြမိလို့ မဖြစ်ဘူးလေ။
သူက လက်တစ်ဖက်ကို ဆန့်ကာ  ချန်းချန်၏ ဘောင်းဘီထက်မှနေပြီး သူ႔ခြေထောက်တွေကို ညင်ညင်သာသာဖြင့် ပွတ်သပ်လိုက်သည်။

ချန်းချန်က အလိုလို ရှောင်တိမ်းချင်လာသည်။ သို့သော်လည်း သူ့ရှေ့တွင် ထိုင်နေသော စုံတွဲကြောင့် အားစိုက်ပြီး သည်းခံနေရသည်။

ရွှီနျန်၏ လက်ဖဝါးအောက်ရှိ ပေါင်မှ ကြွက်သားတို့သည် တကယ့်ကိုပင် တောင့်တင်းကာ ပူနွေးလျက်ရှိ၏။
သူက ချန်းချန်း၏ မျက်နှာကို ချစ်ရည်ရွှမ်းသည့် မျက်လုံးများနှင့် မယိမ်းယိုင်သော ပြင်းထန်မှုတို့ဖြင့် စိုက်ကြည့်နေသည်။
ထို့နောက် သူကအပြုံးချိုချိုလေးဖြင့်၊

"ခင်ဗျားက ဘာကို ရှက်နေတာလဲ? ခင်ဗျားဆီမှာ ကျွန်တော်မသိသေးတဲ့ တခြားအကြောင်းတွေများ ရှိသေးလို့လား?"

ချန်းချန်က အသက်ပြင်းပြင်း ရှုလိုက်ကာ အံကြိတ်လျက် ပြော၏။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ? အားလုံးပဲ ဘေဘီ၊ ခေါင်းစခြေဆုံး၊ အတွင်းအပြင်အားလုံး ကိုယ့်အကြောင်း မင်းပဲအသိဆုံးပါကွာ"

T/N

အရင်အပိုင်းတွေမှာ သူငယ်ချင်းလို့သုံးထားပေမယ့် ဒီတစ်ပိုင်မှာတော့ မိတ်ဆွေလို့ပဲ သုံးလိုက်ပါတယ်။ အသက် ၆၀ ကျော် လူကြီးကို သူငယ်ချင်းလို႔ သုံးလို့မှ မကောင်းတာလေ ..နော်။😁

အပျော်တွေနဲ့ လပေါ်တောင်ရောက် - အရမ်းပျော်ဒြိဎ စိတ်ကျေနပ်တာကို ပြောတာပါ။

လျှာကို နှိပ်သည် -  စိတ်ဆိုးကြောင်း၊ စိတ်ပျက်ကြောင်း ပြတဲ့အနေနဲ့ လျှာကို အပေါ်သွားအနောက်ဖက်ကျကျ ကို ထိပြီး အသံထွက်အောင် လုပ်တာဖြစ်ပါတယ်။ စုတ်သပ်တာမျိုးပေါ့။

Continue Reading

You'll Also Like

3.1K 148 3
❝i love you. i want us both to eat well.❞
3.7M 292K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
165K 6.6K 107
(Not all are original,credits to their owners)join them on their adventures with each other and being total crackheads Other Groups may be included M...
1.7M 120K 44
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...