Zawgyi Version
မုရံုခ်ီခ်ီက သူမကိုယ္သူမ ဖုန္းခ်န္၏ လက္ေမာင္းၾကားထဲတြင္ ျမႇုပ္နွံထားသည္။ သူမသည္ သူမဦးေခါင္းကို ေမာ့ရန္ ဆႏၶမရွိေပ။ ဖုန္းခ်န္က ၿပံဳးၿပီး သူမကို ဖက္ထားလိုက္သည္။ သူသည္ မုရံုခ်ီခ်ီအား ၿခံဳထည္ျဖင့္ ဖံုးကြယ္ထားလိုက္သည္။ အားလံုးထြက္ခြာသြားသည္ထိ ေစာင့္ကာ သူက သူမအား ဆြဲထူလိုက္သည္။
"ခ်င္းခ်င္း... ကိုယ့္ရဲ႕နွစ္သစ္ကူးဆုေတာင္းအေၾကာင္းကို ရွင္းလင္းရဲ႕လား?"
ဖုန္းခ်န္၏ ရွည္လ်ားက်ဥ္းေျမာင္းေသာ မ်က္လံုးမ်ားေအာက္ ေလေျပတသုတ္တိုက္ခတ္လာေသာအခါ နဂိုက ပန္းေရာင္သန္းေနေသာ မုရံုခ်ီခ်ီမ်က္နွာမွာ ပိုမို ပန္းေရာင္သန္းလာသည္။ သူမအေနျဖင့္ ေကာင္းကင္ေပၚက ၾကယ္ေတြကိုသာ ေမာ့ၾကည့္ရံု ရွိသည္။
ၾကယ္မ်ား တလက္လက္နွင့္ ေကာင္းကင္ႀကီးသည္ မုရံုခ်ီခ်ီအား သူမ၏ အတိတ္ဘဝမွ ညဘက္ေကာင္းကင္ႀကီးကို သတိရမိေစသည္။ ထိုစဥ္ကလည္း အလြန္လင္းလက္ေတာက္ပခဲ့သည္။ ေမြးစားအေဖ... ကြၽန္မ တကယ္ခ်စ္ရသူကို ရွာေတြ႕ခဲ့ၿပီ။ ေမြးစားအေဖ...ကြၽန္မ ဒီမွာ ေကာင္းေကာင္း ေနထိုင္ရွင္သန္ေနပါတယ္။ ေမြးစားအေဖ... ကြၽန္မ ျပန္လည္ေမြးဖြားလာရျခင္းရဲ႕ အဓိပၸာယ္ကို ေနာက္ဆံုးေတာ့ နားလည္ခဲ့ပါၿပီ။ ဒါက ကြၽန္မကို အခ်စ္စစ္ကို ပိုင္ဆိုင္ေစခဲ့တယ္၊ သူနဲ႔ ဆံုေတြ႕ေစခဲ့တယ္။
နွစ္သစ္ကူး ပထမရက္တြင္ အလြန္ေအးခဲ့သည္။ နွစ္ေဟာင္း၏ ေနာက္ဆံုးညတြင္ ေနာက္က်တဲ့အထိ ေနခဲ့ေသာေၾကာင့္ နွစ္သစ္၏ ပထမဆံုးေန႔တြင္ မုရံုခ်ီခ်ီသည္ အိပ္ရာမနိုးခင္ အခ်ိန္ၾကာျမင့္စြာ အိပ္စက္ေနခဲ့သည္။
သူမအခန္းထဲသို႔ ေရာင္စံုဇီးပန္းပြင့္အိုးတစ္အိုးကို စုမိန္ သယ္ေဆာင္လာေသာအခါတြင္ သူမ အိပ္ရာနိုးလာသည္။
"သခင္မေလး ၾကည့္ပါအံုး... ေရာင္စံုဇီးပန္းေတြ... မလွဘူးလား? ဒီလို လွပတဲ့ေရာင္စံုဇီးပန္းပြင့္ေတြကို ျမင္ရတာ ဒါ ပထမဆံုးပဲ!"
စုမိန္၏ အေျပာက မုရံုခ်ီခ်ီအာရံုကို အိုးဆီသို႔ ေရာက္ေစသည္။ ၎သည္ အနီေရာင္ပန္း၊ပန္းေရာင္ပန္း၊ အျပာေရာင္ပန္း၊ အဝါေရာင္ပန္းနွင့္ အျဖဴေရာင္ပန္းမ်ားနွင့္ အပင္တပင္ျဖစ္သည္။ အမွန္တယ္ပင္ ရွားပါးလွေပသည္။
"နင္ ဒါကို ဘယ္က ရတာလဲ?"
မုရံုခ်ီခ်ီက ပန္းပြင့္မ်ား၏ ေမႊးရနံ႔ကို ရႈရိႈက္လိုက္သည္။ ခ်က္ခ်င္း ထိုပန္းအိုးကို သူမ နွစ္ၿခိဳက္မိေလသည္။
"ဒါကို ပို႔ေပးတဲ့သူက ဗုဒၶဘုရားေက်ာင္းက ဘုန္းႀကီးတပါးပါ။ မနွစ္က သူတို႔ကို ေကာင္းမြန္တဲ့ နွစ္သစ္ရရွိေစဖို႔ ဝမ္ရယ္က သူ႔လူေတြကို အစားအစာနဲ႔ အထည္ေတြ ေပးပို႔ေစခဲ့တယ္။ ဒီအခ်က္ေၾကာင့္ နွစ္သစ္ရဲ႕ ပထမရက္မွာ ဘုန္းေတာ္ႀကီးေတြက ဇီးပန္းပင္အိုးကို ပို႔ေပးခဲ့တာ။ အဲ့ဒီသူကေတာ့ မျပန္ေသးဘူး။အေရွ႕က ဇီးပန္းဥယ်ာဥ္ထဲမွာပဲ ရွိေသးတယ္"
"ငါတို႔ သြားၿပီး ၾကည့္ၾကည့္ရေအာင္!"
မုရံုခ်ီခ်ီသည္ အဝတ္အစားဝတ္ဆင္လိုက္သည္။ သူမကိုယ္သူမ ကိုယ္လက္သန္႔စင္ၿပီးေနာက္ ဇီးပန္းဥယ်ာဥ္သို႔ သြားေလသည္။ အေဝးမွပင္ အဝါေရာင္ဝတ္စံု ဝတ္ဆင္ထားေသာ ခါးကိုင္းကိုင္းဘုန္းႀကီးတပါးကို သူမ ျမင္လိုက္သည္။
"ဆရာေတာ္... ေပ်ာ္စရာနွစ္သစ္ျဖစ္ပါေစ"
မုရံုခ်ီခ်ီသည္ ၿပံဳးျပရင္း ေလွ်ာက္သြားလိုက္သည္။ ဘုန္းႀကီးက လွည့္လာေသာအခါမွ သူမသည္ မ်က္နွာအား ရွင္းရွင္းလင္းလင္း ျမင္လိုက္ရသည္။ ဘုန္းႀကီးအိုႀကီးတပါးပင္။ သူ႔တြင္ အျဖဴေရာင္မ်က္ခံုး၊ မီးခိုးေရာင္မုတ္ဆိတ္၊ ခပ္ပိန္ပိန္ ခႏၶာကိုယ္တည္ေဆာက္ပံုနွင့္ ရုပ္ဆိုးေသာ မ်က္နွာေပါက္ ရွိသည္။ ဘယ္ဘက္ပါးေပၚတြင္ မီးေလာင္ဒဏ္ရာ ရွိသည္။ ထိုဒဏ္ရာသည္ လည္ပင္းသို႔ေတာင္ ဆက္ေနၿပီး သူ႔ကို ၾကည့္ရသည္မွာ အနည္းငယ္ ေခ်ာက္ျခားဖြယ္ ျဖစ္ေစသည္။ သို႔ေသာ္လည္း သူ႔တြင္ ႏူးညံ့သိမ္ေမြ႕ၿပီး ဂရုဏာတရားႀကီးမားေသာ မ်က္လံုးတစံု ရွိေလသည္။
ဘုန္းႀကီးသည္ စကားမေျပာပါ။ လက္နွစ္ဖက္ကိုသာ ဆုပ္ကာ အရိုအေသေပးလိုက္သည္။
"သခင္မေလး သူက စကားမေျပာႏိုင္ဘူး"
စုမိန္က မုရံုခ်ီခ်ီကို ရွင္းျပလိုက္သည္။
" ငါ သိတယ္"
"ဆရာေတာ္ေရာ ဇီးပန္းေတြကို ႀကိဳက္တာလား? ဒီေန႔ ဆရာေတာ္ပို႔ေပးတဲ့ အေရာင္ငါးမ်ိဳး ဇီးပန္းကို တပည့္ေတာ္မက အရမ္းႀကိဳက္တယ္။ ေက်းဇူးတင္ပါတယ္ ဆရာေတာ္"
ထိုပန္းမ်ားကို သူမ ႀကိဳက္သည္ဟု မုရံုခ်ီခ်ီက ေျပာလိုက္ေသာအခါ ဆရာေတာ္က ၿပံဳးလိုက္သည္။ အၿပံဳးသည္ အလြန္ျမင့္မားလွေသာ ေတာင္ေပၚမွ နွင္းတစကဲ့သို႔ စင္ၾကယ္ေလသည္။ ၎သည္ သက္ရွိသတၱဝါအားလံုးအား ဒုကၡဆင္းရဲမွ သက္သာေစရန္ အလို႔ငွာ သနားၾကင္နာမႈတို႔နွင့္ ျပည့္နွက္ေနသည္။ ဘုန္းႀကီးသည္ မုရံုခ်ီခ်ီအား ေက်းဇူးတင္သည့္သေဘာျဖင့္ လက္နွစ္ဖက္ကို တဖန္ဆုပ္လိုက္သည္။ ထို႔ေနာက္ သူသည္ လွည့္ၿပီး ဇီးပန္းဥယ်ာဥ္မွ ထြက္ခြာသြားေလသည္။
"ဆရာေတာ္ ျပန္ၿပီလား? တပည့္ေတာ္ လိုက္ပါပို႔ေဆာင္ေပးပါ့မယ္"
မုရံုခ်ီခ်ီလည္း ဘာေၾကာင့္မွန္းရယ္မသိ ထိုသိမ္ေမြ႕ေသာ မ်က္လံုးမ်ားရွိသည့္ ဆရာေတာ္ကို ေကာင္းမြန္ေသာ အျမင္ ရွိေလသည္။ သူသည္ စကားတခြန္းမွ မေျပာဆိုခဲ့ေသာ္လည္း သူ႔မ်က္လံုးမ်ားက လူေတြအား ထြင္းေဖာက္ျမင္နိုင္သလိုလို။
မုရံုခ်ီ ခ်ီက ဆရာေတာ္အား ေဂဟာအေပါက္ဝထိ လိုက္ပါပို႔ေဆာင္ခဲ့သည္။ ခါးကုန္းကုန္းနွင့္ ဆရာေတာ္ သူမျမင္ကြင္းမွ ေပ်ာက္ကြယ္သြားမွသာ သူမလည္း အထဲသုိ႔ ျပန္ဝင္လာေတာ့သည္။
ဖုန္းယြီစံအိမ္တံခါး ပိတ္သြားေသာအခါ ဘုန္းႀကီးအိုႀကီးသည္ တုန္ခါသြားသည္။ သူ႔လက္က ေဘးနားမွ သစ္ပင္ကို ေထာက္မီွလိုက္သည္။ သူသည္ သူ႔စိတ္လႈပ္ရွားမႈကို ထိန္းခ်ဳပ္နို္င္ရန္ အခ်ိန္ၾကာသည္ထိတိုင္ ႀကိဳးပမ္းခဲ့ေသာ္လည္း သူ႔၏ မ်က္ရည္ကို မထိန္းခ်ဳပ္နို္င္ခဲ့ေပ။ တစ္စက္ၿပီး တစ္စက္... သူ၏ အဝါေရာင္သကၤန္းေပၚသို႔ က်ဆင္းေနသည္။
မင္ယြဲ႕... ဒါက မင္းပဲမလား? ဒီေလာကႀကီးထဲ ကိုယ္တေယာက္တည္း အထီးက်န္ၿပီး ဆင္းရဲဒုကၡခံစားေနရမွာ မင္း မခံစားနိုင္လို႔... ဒါေၾကာင့္ မင္း ကိုယ့္ဆီကို ကေလးေလး ပို႔ေပးလိုက္တာမလား? မင္ယြဲ႕... ကိုယ္ ကေလးေလးကို ရွာေတြ႕ခဲ့ၿပီ... ကိုယ္တို႔ရဲ႕ ကေလးေလးကို ရွာေတြ႕ခဲ့ၿပီ! မင္ယြဲ႕... စိတ္မပူပါနဲ႔! ေသခ်ာေပါက္ ကိုယ္ ကေလးေလးကို ေသခ်ာေစာင့္ေရွာက္ၿပီးေတာ့ အဲ့ဒီနွစ္က ငါတို႔ရဲ႕ ခါးသီးမႈေတြကို ျပန္ေဆးေၾကာနိုင္ဖို႔ အဲ့ဒီတုန္းက အမွန္တကယ္ ဘာေတြျဖစ္ခဲ့တယ္ဆိုတာ ကမာၻႀကီးတခုလံုး သိသြားေစရမယ္!
သူ႔မ်က္လံုးမွ မ်က္ရည္မ်ားကို သုတ္ၿပီးေနာက္ နွင္းေတာထဲတြင္ တလွမ္းၿပီး တလွမ္း ေလွ်ာက္လွမ္းရင္း စိတ္လႈပ္ရွားမႈနွင့္ ဘုန္းႀကီးသည္ ဖုန္းယြီစံအိမ္မွ ထြက္ခြာသြားသည္။
အေရာင္ငါးမ်ိဳးဇီးပန္းပင္ ရရွိကတည္းကပင္ ၎ကို မုရံုခ်ီခ်ီကိုယ္တိုင္ ေန႔စဥ္ ဂရုစိုက္သည္။
"အရမ္းလွလိုက္တာ! ဒီဘုန္းႀကီးအိုႀကီးက ဒီအေရာင္ငါးမ်ိဳးဇီးပန္းပင္ကို ဘယ္လို ပ်ိဳးေထာင္ခဲ့တယ္ဆိုတာ တကယ္ပဲ မသိနိုင္ဘူး။ သူ႔မွာ ဇီးပန္းေတြကို ႀကိဳက္နွစ္သက္တဲ့ တစံုတေယာက္ ရွိေနနိုင္တယ္။ ဒါေၾကာင့္ပဲ သူက ဒီထဲမွာ စိတ္နွစ္နိုင္ၿပီး ဒီလိုလွပတဲ့ ဇီးပန္းပင္ကို ပ်ိဳးေထာင္နိုင္တာပဲ!"
"ခ်င္းခ်င္း... မင္းႀကိဳက္တယ္ဆိုရင္ ကိုယ့္လူေတြကို လႊတ္ၿပီး အဲ့ဒီဆရာေတာ္ကို ဒီကို လာဖို႔ ဖိတ္ခိုင္းလိုက္ရမလား? ၿပီးေတာ့ ဖုန္းယြီစံအိမ္တခုလံုးကို အေရာင္ငါးမ်ိဳးဇီးပန္းပင္ေတြ စိုက္ခိုင္းလိုက္မယ္ေလ။ ဒါဆို ခ်င္းခ်င္းလည္း အဲ့ဒီပန္းေတြကို အားရပါးရခ်စ္လို႔ ရတာပါ့...ေကာင္းဘူးလား?"
ဖုန္းခ်န္က ထိုသို႔ ေျပာၿပီးေနာက္ ဗုဒၶဘုရားေက်ာင္းသို႔ သူ႔လူေတြကို ေစလႊတ္လိုက္သည္။ ထ္ုဘုန္းႀကီးမွာ ေသဆံုးသြားၿပီဟုေသာ သတင္းျဖင့္ သူ႔လူမွာ ျပန္လာလိမ့္မည္ဟု သူတုိ႔ မေမွ်ာ္လင့္မိခဲ့ေပ။
"ဆံုးသြားၿပီ..."
ထိုသတင္းကို ၾကားေသာအခါ ထိတ္လန္႔သြားသည္။ သူမနွလံုးသားထဲတြင္ ရွင္းျပမရေသာ လြမ္းေဆြးမႈမ်ိဳး ျဖစ္လာသည္။ သိပ္မၾကာေသးခင္ကမွ သူမ ဒီဘုန္းႀကီးအိုႀကီးကို ေတြ႕ခဲ့ရတာ။ အခုက်ေတာ့ အသက္မရွိေတာ့ဘူး။ ေလာကႀကီးရဲ႕ ကိစၥရပ္ေတြက တကယ္ကို ခန္႔မွန္းလို႔ မရနိုင္ဘူးပဲ။
မုရံုခ်ီခ်ီကိုယ္တိုင္ပင္ အေရာင္ငါးမ်ိဳးဇီးပန္းပင္အား စစ္သူႀကီးဖုန္းရွဲ႔နွင့္ မင္းသမီးမင္ယြဲ႕တို႔၏ ဂူသခ်ဳႋင္းေရွ႕တြင္ ေျပာင္းေ႐ြ႕စိုက္ပ်ိဳးေပးခဲ့သည္။ အေရာင္ငါးမ်ိဳးဇီးပန္းပင္ငယ္ေလးမွာ လွပစြာ ဖူးပြင့္ေနသည္။
"စစ္သူႀကီးနဲ႔ မင္းသမီးလည္း ဒီဇီးပန္းပင္ေလးကို ႀကိဳက္နွစ္သက္ၾကမွာပါ"
မုရံုခ်ီခ်ီက ဖုန္းခ်န္ေပၚကို မွီလိုက္သည္။
"အခုက ကြၽန္မတို႔ ထြက္ခြာၾကရမယ့္အခ်ိန္ မလား? ဝမ္ရယ္... ကြၽန္မေတာ့ ဒီကို လြမ္းေနေတာ့မွာပဲ"
"mm..."
"ဦးရီးေတာ္က စာနဲ႔ ကိုယ္တို႔ကို အႀကိမ္ႀကိမ္ သတိေပးေနၿပီေလ။ ကိုယ္တို႔သာ မထြက္ခြာပဲ ေနေနေသးရင္ ေသခ်ာတယ္ ကိုယ္တို႔ကို လာေခၚဖို႔ ၿမိဳ႕ေတာ္ကေန လူလႊတ္လိမ့္မယ္"
"ဝမ္ရယ္... ကြၽန္မ ဒီေနရာကို တကယ္ကို ႀကိဳကာတာ။ ဒီနွစ္ေဆာင္းရာသီက်ရင္လည္း ကြၽန္မတို႔ဒီကို ျပန္လာၿပီး ေရပူစမ္းမွာ ေရခ်ိဳးၾကမယ္ေလ"
သူတို႔ ဒီေနရာကေန ထြက္ခြာသင့္ၿပီဟု ၾကားေသာအခါ မုရံုခ်ီခ်ီက ဒီေနရာနွင့္ မခြဲနိုင္သလိုလို ျဖစ္မိသည္။ သူမမ်က္လံုးထဲတြင္ ဖုန္းယြီစံအိမ္သည္ စိတ္ကူးယဥ္နိဗၺာန္ဘံုတခုနွင့္ပင္ တူေလသည္။ ဒီေနရာမွာ စိုးရိမ္ပူပန္စရာ မရွိပဲ ေနထိုင္နိုင္တယ္... ဒါက ဘယ္ေလာက္ေပ်ာ္စရာေကာင္းတဲ့ အရာလဲ?
"ေကာင္းတာေပါ့!"
မုရံုခ်ီခ်ီက ဖုန္းယြီစံအိမ္ကို ႀကိဳက္နွစ္သက္သည္ဟု သိရေသာအခါ ဖုန္းခ်န္လည္း ေပ်ာ္႐ႊင္မိသည္။ အရင္တုန္းက သူလည္းပဲ ဖုန္းယြီစံအိမ္ကို ႀကိဳက္နွစ္သက္ေသာ မိန္းကေလးတေယာက္ကို ရွာကာ လက္ထပ္ၿပီး သူ႔အေဖနွင့္ အေမတို႔လို ဒီေနရာမွာ ေပ်ာ္႐ႊင္ေသာ ဘဝတခု တည္ေဆာက္မည္ဟု ေတြးခဲ့သည္။ ကံေကာင္းစြာပဲ နတ္ဘုရားေတြက ဂရုဏာတရားႀကီးမားစြာျဖင့္ မုရံုခ်ီခ်ီကို သူ႔ေဘးနား ပို႔ေဆာင္ေပးခဲ့သည္။ ယခုေပ်ာ္႐ႊင္မႈနွင့္ နိႈင္းစာလွ်င္ အတိတ္က ခံစားခဲ့ရေသာ အရာမ်ားသည္ ဘာအေရးျဖစ္မည္နည္း?
ေနာက္နွစ္ရက္ ထပ္ေနၿပီးေနာက္ ဖုန္းခ်န္တို႔အဖြဲ႕သည္ ယံုက်ဴး ၿမိဳ႕ေတာ္သို႔ ျပန္လာခဲ့ၾကသည္။
"ဒါက ေလလိုက္ကမ္းပါးရဲ႕ စာအုပ္ပဲ။ ေကာင္းေကာင္းသိမ္းထားလိုက္"
သူမကို ဖုန္းခ်န္က ေပးထားေသာ စာအုပ္ကို မုရံုခ်ီခ်ီက တုန္း႐ႊယ္က လက္လႊဲဲေပးလိုက္သည္။
"ဟုတ္"
တုန္း႐ႊယ္က ၿပံဳးလိုက္သည္။ ထိုအမာ႐ြတ္နွင့္ မ်က္နွာေပၚမွ အၿပံဳးသည္ ပိုမိုႏူးညံ့သည့္အသြင္ ေျပာင္းလဲသြားသည္။
"ဖန္းက်င္းရဲ႕ ပံုစံေရးဆြဲထားတာကို သခင္မေလး ျမင္ၿပီးၿပီလား? သခင္မေလး ေနာက္ထပ္ ဘာကိုမ်ား ျပဳျပင္ခ်င္ေသးလဲ?"
"ေျပာင္းဖို႔ လိုတဲ့ ေနရာေတြကို ငါအမွတ္အသား လုပ္ေပးထားတယ္။ တခ်က္ေလာက္ ၾကည့္လိုက္တာနဲ႔ ဖန္က်င္း နားလည္လိမ့္မယ္။ ျပန္သြားၿပီး ဖန္က်င္းကို ေျပာလိုက္... ဒီကမာၻမွာ အင္အားအကီးဆံုးခံတပ္ႀကီးကုိ ငါ တည္ေဆာက္ခ်င္တယ္လို႔! ငါ့အတြက္ ေငြေခြၽတာဖို႔ မလိုဘူးလို႔ သူ႔ကို ေျပာလိုက္! ပိုက္ဆံနဲ႔ ေျဖရွင္းနိုင္တဲ့ အရာရာတိုင္းက ျပသနာမဟုတ္ဘူး! ထူးျခားဆန္းျပားၿပီး ဇိမ္ခံစရာ ျဖစ္ဖို႔ မလိုဘူး။ ႀကံ့ခိုင္ၿပီး ေရရွည္ခံဖို႔ပဲ လိုတယ္။ ဒါ့အျပင္ မီးေဘးအတြက္ လုပ္ေဆာင္ခ်က္ေတြလည္း ေကာင္းေကာင္းလုပ္ထားရမယ္။ ငါ ခက္ခက္ခဲခဲ တည္ေဆာက္ထားရတဲ့ စီးပြားေရးေနရာကို ေနာက္ဆံုးမွာ တေယာက္ေယာက္က မီးရိႈ႕သြားတယ္ဆိုတာမ်ိဳး ငါ မလိုခ်င္ဘူး"
"ေကာင္းပါၿပီ။ ကြၽန္ေတာ္ သခင္မေလးရဲ႕စကားကို အေျပာင္းအလဲ တစံုတရာ မရွိေစရဘဲ ဖန္းက်င္းဆီကို ပို႔ေဆာင္အသိေပးလိုက္ပါ့မယ္။ သခင္မေလး... ဒါက နန္ျပည္နယ္ ေလးခုမွာ ရွိတဲ့ ဆိုင္ေတြ အားလံုးရဲ႕ ေျမငွားစာခ်ဳပ္ေတြပါ။ တုန္းေပါင္က်ဳိင္းနဲ႔ ႂကြယ့္ဇယ္ဖန္းအတြက္ အေကာင္းဆံုးဆိုင္နွစ္ဆိုင္ကို ကြၽန္ေတာ္တို႔ ေ႐ြးထားပါတယ္။ တျခားဆိုင္ေတြအတြက္ကေတာ့ သခင္မေလး ၫႊန္ၾကားသလိုပဲ ကြၽန္ေတာ္တို႔က လုပ္မွာပါ။ မတူညီတဲ့ ေျမေနရာအေနအထားေတြအရ ေၾကာ္ျငာဖို႔ကုိ ကြၽန္ေတာ္တို႔က မတူညီတဲ့ေစ်းနႈန္းေတြကို သံုးခဲ့တယ္။ အဲ့ဒီကုန္သည္ေတြက ကြၽန္ေတာ္တို႔ နည္းလမ္းကို အရမ္း ေသေဘာက်ၾကတယ္။ အမ်ားစုက ဆက္လက္ပူးေပါင္းေဆာင္႐ြက္ဖို႔ကို စိတ္အားထက္သန္ေနၾကတယ္"
"ဟီဟီ"
တိုင္႐ႊယ္ ထိုသို႔ ေျပာတာ ၾကားေသာအခါ မုရံုခ်ီခ်ီက ရယ္လိုက္သည္။
"သဘာဝအားျဖင့္ လူတိုင္းက ပိုက္ဆံရွာဖို႔ကို ႀကိဳက္ၾကတယ္ေလ။ အရင္နန္ျပည္နယ္ေလးခုရဲ႕ စီးပြားေရးလုပ္ငန္းေတြက ဟဲလန္မိသားစုရဲ႕လက္က ရစ္သိုင္းထားတာ။ လုပ္ငန္းတိုင္းက သူတို႔ဟာခ်ည္းပဲ။ ဒါက အရမ္းလြန္လြန္းတယ္။ ငါ့မွာ သူတို႔ကို ဂရုစိုက္ဖို႔ အင္အားလံုလံုေလာက္ေလာက္ မရွိဘူး။ ဒါ့အျပင္ လူတိုင္းကို အတူတူေငြရွာခြင့္ေပးတာဟာ ေကာင္းမြန္တဲ့ ယွဥ္ၿပိဳင္မႈကို ျမႇင့္တင္ေပးနိုင္တယ္ ဒါက စီးပြားေရးလမ္းေၾကာင္းက ဘယ္လိုျဖစ္သင့္တယ္ဆိုတာပဲ။ ငါတို႔ရဲ႕ အားသာခ်က္ကို ေသခ်ာေပါက္ေဖာ္ထုတ္ၿပီး ငါတို႔က တျခားျပည္နယ္ သံုးခုထက္ ေက်ာ္လြန္ေစရမယ္"
"အေျခအေနအားလံုး ငါတို႔လက္ထဲမွာ ႐ွိေနသေရြ႔ နန္နယ္ေျမေလးခုဆီကို စီးပြားေရးလုပ္ငန္းလုပ္ကိုင္ဖို႔ လူေတြ ပိုပိုၿပီး တိုးလာလိမ့္မယ္လို႔ ငါယံုၾကည္တယ္။ အဲ့ဒီေနာက္မွာ နန္ျပည္နယ္ေလးခုဟာ ယူရန္နယ္ေျမဆယ့္ေျခာက္ခုထဲ ေသခ်ာေပါက္ အခ်မ္းသာဆံုး ျဖစ္လာလိမ့္မယ္"
ထိုစကားမ်ားကို ၾကားၿပီးေနာက္ တိုင္႐ႊယ္သည္ မုရံုခ်ီခ်ီအား ေလးစားမိေလသည္။ သခင္မေလးဟာ စီးပြားေရးမွာ ထူးခြၽန္ထက္ျမက္သည့္ အရည္အခ်င္း ရွိသူတေယာက္ဟု သူ ေမွ်ာ္လင့္မထားခဲ့ေပ။
"သခင္မေလး... မၾကာေသးခင္က နန္နယ္ေျမေလးခုမွာ ဖိုရွန္မန္ရဲ႕ လူေတြ ေပၚလာေသးတယ္။ သူတို႔က ကြၽန္ေတာ္တို႔ရဲ႕ အဓိကအခ်က္ကို စံုစမ္းေနပံု ရတယ္"
"ဒါက ကိစၥမရွိဘူး။ ဖိုရွန္မန္က ငါတို႔ကို မထိဘူးရယ္။ လံုေအာင္းထ်န္းနဲ႔ ေမြးစားအေဖမွာ သေဘာတူညီမႈတခု ရွိတယ္။ ဆယ္နွစ္တာအတြက္ ဖိုရွန္မန္က ငါတို႔မိုယုကို မ်က္ေစာင္းမထိုးပါဘူးလို႔။ ဘယ္လိုပဲ ျဖစ္ျဖစ္ သူတို႔က မိုယုကို ငါးနွစ္အတြင္း ဝါးၿမိဳခ်င္တယ္ဆိုရင္ေတာင္ လြယ္လြယ္နဲ႔ ရမွာ မဟုတ္ဘူး"
"ဒါေပမယ့္ သခင္မေလးနဲ႔ မင္ယြဲ႕ခ်န္က မဟာမိတ္ျပဳခဲ့တယ္ေလ။ မိုယုနဲ႔ တခုခုပတ္သတ္တယ္ဆိုတာကို ဖိုရွန္မန္သာ ရွာေတြ႕ခဲ့ရင္ ကြမ္းဟြာသခင္ေလးနဲ႔ မိုယုရဲ႕ ဆက္ဆံေရးကို အလင္းျပလိုက္သလို ျဖစ္မသြားဘူးလား? အဲ့ဒါက သခင္မေလးဆိုတာ သူတို႔သိသြားရင္ သခင္မေလးအတြက္ အႏၲရယ္မ်ားလာလိမ့္မယ္"
တိုင္႐ႊယ္က မုရံုခ်ီခ်ီ လံုၿခံဳေရးအတြက္ အနည္းငယ္စိုးရိ္မ္ေနသည္။ သခင္မေလးသည္ မိုယု၏ ေက်ာရိုးျဖစ္၏။ သူမအေပၚ တစံုတရာမွ မက်ေရာက္ေစသင့္ေပ။ ထိုအရာမွာ ဆရာမိုဇြင္ မေသဆံုးမွီ သူနွင့္ ဝူခ်င္းကို ေျပာခဲ့ေသာ စကားျဖစ္သည္။ သူတို႔ သခင္မေလးအား ေကာင္းေကာင္းကာကြယ္ရမည္။
.
.
.
" ကြမ္းဟြာသခင္ေလးနဲ႔ တုရွန္းအာက စံုတြဲေတြလို႔ သတင္းေတြ ထြက္ေနတယ္။ ဒီလုိပဲ ရွင္းရွင္းလင္းလင္း ရွင္းျပထားတယ္။ သံသယဝင္တဲ့သူ တေယာက္မွ မရွိဘူး"
ရလဒ္ကို နလန္ရွင္းမွ ဖုန္းခ်န္အား အစီရင္ခံေသာအခါ ဖုန္းခ်န္၏ မ်က္လံုးမ်ားသည္ ေသးသြယ္သည့္ မ်ဥ္းတေၾကာင္းကဲ့သို႔ က်ဥ္းေျမာင္းသြားသည္။
"ဒါေၾကာင့္ ကြမ္းဟြာသခင္ေလးက မင္ယြဲ႕ခ်န္ကို ရွာေတြ႕တယ္။ ၿပီးေတာ့ ကြမ္းဟြာသခင္ေလးနဲ႔ မိုယုက ဟဲလန္မိသားစုကို အဆံုးသတ္ေပးလိုက္တယ္ အဲ့လိုလား?"
"ဒါအမွန္ပဲ! အဲ့ဒီလို ေျပာရတာ ပိုၿပီး က်ိဳးေၾကာင္းဆီေလ်ာ္တယ္။ ဟဲလန္မင္က ႂကြယ့္ဇယ္ဖန္းရဲ႕ အဝတ္အထည္ေတြကို ႀကိဳက္တယ္။ တုရွန္းအာက အဆိပ္သံုးတဲ့ေနရာမွာ ဆရာတဆူပဲ! လူတေယာက္ရဲ႕အသက္ကို ဘာမွ သတိမထားမိပဲ နႈတ္ယူဖို႔ ဆိုတာ သူမအတြက္ေတာ့ အဆိပ္ေလး နည္းနည္းေလာက္ အထည္ထဲမွာ ထည့္ေပးလိုက္ရံုပဲ"
"ဒီငယ္သားေတာ့ ကြမ္းဟြာသခင္ေလးနဲ႔ တုရွန္းအာဟာ ခ်စ္သူေတြ ျဖစ္ေနလိမ့္မယ္လို႔ မထင္ထားခဲ့ဘူး။ တုရွန္အာက မိုယုရဲ႕ ေခါင္းေဆာင္၊ ကြမ္းဟြာသခင္ေလးကက် အၿမဲတမ္း အျပဳသေဘာဘက္ေဆာင္တဲ့ ပံုရိပ္ ရွိတယ္။ အမွန္နဲ႔အမွားဟာ ဘယ္ေတာ့မွ ဒြန္တြဲသြားၾကတယ္ဆိုတာ မရွိဘူးလို႔ ဆိုရိုးလည္း ရွိတယ္ေလ။ ကြမ္းဟြာသခင္ေလးက တုရွန္းအာနဲ႔အတူရွိဖို႔ ေ႐ြးခ်ယ္ခဲ့မယ္လို႔ ကြၽန္ေတာ္ မထင္ထားမိခဲ့ဘူး။ တေလာကလံုးသာ ဒီအေၾကာင္းကို သိသြားရင္ ႂကြယ့္ဇယ္ဖန္းနဲ႔ ထံုေပါင္က်ိဳက္ကို တေလာကလံုးက ဖယ္ၾကဥ္ထားၾကမွာ သူ မေၾကာက္ဘူးလားပဲေနာ္"
ထိုသို႔ နလန္ရွင္းေျပာတာ ၾကားေသာအခါ ဖုန္းခ်န္က ရယ္ေမာလိုက္သည္။
"ငါကေတာ့ ကြမ္းဟြာသခင္ေလးကို တကယ္ကို ေလးစားတယ္။ ကြမ္းဟြာသခင္ေလးက ေလာကရဲ႕ နံပါတ္တစ္သခ္ေလးလို႔ သတင္းေတြ ငါၾကားဖူးတယ္။ တုရွန္းအာနဲ႔ အတူရွိနိုင္ဖို႔ သူရဲ႕ ဂုဏ္သတင္းေတြကို ခ်န္ထားခဲ့နိုင္တယ္၊ ဒါကို ၾကည့္ျခင္းအားျဖင့္ နွစ္ေယာက္သားက တကယ္ကို တေယာက္ကို တေယာက္ ခ်စ္ျမတ္နိုးၾကတာပဲ။ ဒါ့အျပင္ တုရွန္းအာမွာလည္း ေကာလဟလေတြ အမ်ားႀကီး ရွိေနေပမယ့္ တုရွန္းအာက အျပစ္မဲ့တဲ့ သူေတြကို သတ္တယ္လို႔ေတာ့ ေျပာသံမၾကားဖူးဘူး။ ဒါ့ေၾကာင့္ ဒီတုရွန္းအာကလည္း စိတ္သေဘာထားေကာင္းတဲ့ သူမ်ိဳး ျဖစ္လိမ့္မယ္။ သူတို႔ႏွစ္ေယာက္ အတူရွိေနျခင္းဟာ ၿပီးျပည့္စံုတဲ့ စံုတြဲ တတြဲ ျဖစ္လိမ့္မယ္"
"ဝမ္ရယ္... အခုေတာ့ စိတ္ေအးသြားၿပီမလား? တုရွန္းအာရဲ႕ အခ်စ္က ရပ္နားစရာေနရာ ေတြ႕ခဲ့ၿပီ။ ဝမ္ေဖးကို ဘယ္လို ရွင္းျပဖို႔ဆိုတာ ဝမ္ရယ္အတြက္ စိုးရိမ္စရာ မလိုေတာ့ဘူးမလား?"
ဖုန္းခ်န္ စိတ္လက္ေပါ့ပါးေနသည္ကို ျမင္ေသာ္ နလန္ရွင္းက မေနနိုင္ပဲ စေနာက္မိသည္။
"ဟားဟား"
ဖုန္းခ်န္က အေျဖျပန္မေပးေခ်။ သူ႔ရင္ထဲမွ ေက်ာက္တံုးႀကီးသည္ ေနာက္ဆံုးေတာ့ ေပ်ာက္ကြယ္သြားသည္။ ေက်းဇူးရွင္မိုဇြင္က သူ႔အား ကယ္တင္ခဲ့သည္၊ တုရွန္းအာ လိုအပ္ပါက မိုယုကို အကူအညီေပးရန္ သူ ကတိျပဳခဲ့သည္။ သို႔ေသာ္လည္း တုရွန္းအာ၏ ခံစားခ်က္မ်ားက ေနာက္ဆံုးတြင္ မွီခိုအားထားစရာ ေတြ႕ရွိသြားၿပီျဖစ္ေသာေၾကာင့္ ဖုန္းခ်န္လည္း စိတ္သက္သာရာ ရသြားၿပီး ဆရာမိုဇြင္အား ေျဖရွင္းခ်က္ ေပးစရာ ရၿပီဟု မွတ္ယူနိုင္သည္။
ယံုက်ဴးၿမိဳ႕တြင္ ရက္အနည္းငယ္ခန္႔ ထပ္ေနၿပီးေနာက္ ၿမိဳ႕ေတာ္သို႔ ျပန္ရန္ ဖုန္းခ်န္က ဆံုးျဖတ္လိုက္သည္။
တုလုမွ ၿပိဳင္ပြဲဝင္မ်ားသည္ သူတို႔ေနရပ္ကို ျပန္သြားၾကၿပီျဖစ္သည္။ နန္ဖုန္းလည္း ျပန္သြားသည္မွာ ၾကာေနလွ၏။ ရွီးခ်ီမွ ၿပိဳင္ပြဲဝင္မ်ားသာ ဒဏ္ရာရသူမ်ား သို႔တည္းမဟုတ္ အတြင္းအားမ်ား အသံုးျပဳထား၍ အနားယူရန္ လိုအပ္ေနသူမ်ား ျဖစ္သည္။ ထို႔ေၾကာင့္ သူတို႔သည္ ယံုက်ဴးၿမိဳ႕တြင္ ေနေနၾကသည္။ ဒီတေခါက္တြင္ ဖုန္းခ်န္တို႔ၿမိဳ႕ေတာ္ကို ျပန္လွ်င္ လံုဇယ္က်င့္ထ်န္းက သူတို႔ေနာက္ကို လိုက္ရန္ ဆံုးျဖတ္ထားသည္။ ၿမိဳ႕ေတာ္သို႔ ျပန္ၿပီး ဖုန္းခ်န္နွင့္ မုရံုခ်ီခ်ီတို႔၏ မဂၤလာပြဲကို ပါဝင္တက္ေရာက္ရန္ ျဖစ္၏။ ထို႔ေနာက္ ရွန္႔ကြမ္းဝူက်ိနွင့္ အတူ ရွီးခ်ီသို႔ ျပန္မည္ ျဖစ္သည္။
ဖုန္းခ်န္နွင့္ မုရံုခ်ီခ်ီတို႔သည္ နွစ္သစ္ကူးကို ဖုန္းယြီစံအိမ္တြင္ ျဖတ္သန္းခဲ့ၾကသည္။ သူတို႔က ဝမ္ရမ္ေပါင္က်ဴးကို ေခၚမသြားခဲ့ေပ။ ဖုန္းခ်န္က သူနဲ႔ မုရံုခ်ီခ်ီတို႔၏ စိတ္ကို လႊမ္းမိုးရန္ စိတ္မဝင္စားသည့္ သူတေယာက္ကို မႀကိဳက္ေပ။ (ဒီေနရာမွာ Etrans က လြဲတာလား ဒါမွမဟုတ္ အတုမို႔ မေခၚခ်င္ဘူးလို႔ ေျပာတာလားပဲ) သူက တမင္ပဲ သူမကို ယံုက်ဴးၿမိဳ႕တြင္ ခ်န္ထားခဲ့သည္။
မူလကသာဆို ဒါက ဝမ္းနည္းစရာသတင္းပင္ ျဖစ္ေသာ္လည္း ဝမ္ရမ္ေပါင္က်ဴးမွာ ေပ်ာ္မိသည္။ ေန႔တိုင္း လံုဇယ္က်င့္ထ်န္းကို ေတြ႕ရန္ ရွီးခ်ီစတည္းခ်ရာ ေနရာကို သူမက အေျပးသြားေလသည္။ လံုဇယ္က်င့္ထ်န္းသည္ ဒီေပက်ိဳးမင္းသမီးနွင့္ ပတ္သက္ၿပီး ေခါင္းမွန္း အၿမီးမွန္း မသိခဲ့ေပ။ သို႔ေသာ္လည္း ဤေနရာသည္ သူမပိုင္နက္ ျဖစ္ေနေသာေၾကာင့္ ျငင္းဆန္ခြင့္ မရွိေပ။ သူသည္ ထိုမင္းသမီးအား ေအးစက္သည္လည္းမဟုတ္ ေနြးေထြးသည္လည္း မဟုတ္ ဆက္ဆံေသာ္လည္း ထိုအရာက ဝမ္ရမ္ေပါင္က်ဴးအား ထြက္ေျပးေစရန္ မလုပ္နိုင္ေပ။ သူမသည္ လံုဇယ္က်င့္ထ်န္းအား သာေၾကာင္းမာေၾကာင္း ေမးရန္ ေန႔တိုင္းေပၚလာေလ့ရွိသည္။
ယခု လံုဇယ္က်င့္ထ်န္းက ရန္ၿမိဳ႕ေတာ္ကို လိုက္ပါခ်င္သည္ဟု ဆိုေသာအခါ သူမသည္ အေပ်ာ္ဆံုးလူသား ျဖစ္၏။ အရင္က သူမသည္ လံုဇယ္က်င့္ထ်န္းဆီ သူမကို ကတိကဝတ္ျပဳရန္ ဝမ္ရမ္လဲ့အား မည္သို႔ သိမ္းသြင္းရမည္ကို စိုးရိမ္ေနခဲ့သည္။ အခုအခြင့္အေရးက သူ႔ဘာသာ သူမဆီသို႔ ေပးအပ္လာသည္။
ဝမ္ရမ္ေပါင္က်ဴးက ေပ်ာ္႐ႊင္ေနေသာ္လည္း မုရံုခ်င္းလ်န္မွာ မေပ်ာ္နိုင္ပါ။ သူမခႏၶာကိုယ္မွ ဒဏ္ရာေတြ ပိတ္သြားၿပီး ဆက္မနာက်င္ရေသာ္လည္း သူမနားတြင္ ဝမ္ရမ္ေပါင္က်ဴးလို ဆြဲေဆာင္ဖ်ားေယာင္းသည့္ပန္းတပြင့္ ေပၚလာျခင္းက စူမအား မေပ်ာ္မ႐ႊင္ ျဖစ္ေစသည္။ သူမဘယ္ဘက္ေျခေထာက္မွာ နာက်င္ေနၿပီး အနားယူရန္ လိုအပ္ေနေသးတာေၾကာင့္ သူမသည္ လံုဇယ္က်င့္ထ်န္းေဘးနားတြင္ မေနရပဲ ဖ်ားေယာင္းတတ္သည့္ ပန္းတပြင့္လို ဝမ္ရမ္ေပါင္က်ဴးအား လံုဇယ္က်င့္ထ်န္းေဘးနားတြင္ ေနရန္ အခြင့္အေရးေပးမိသလို ျဖစ္ေနသည္။ ထိုသည္မွာ မုရံုခ်င္းလ်န္အတြက္ သည္းမခံနိုင္ဆံုး အရာျဖစ္သည္။
ဝမ္ရန္ေပါင္က်ဴးက မင္းသမီးတပါး ျဖစ္ေသာေၾကာင့္ မုရံုခ်င္းလ်န္အေနျဖင့္ ဆန္႔က်င္ဘက္လုပ္လို႔ မရနိုင္ပါ။ သို႔ေသာ္လည္း သူမနွလံုးသားထဲမွ မီးသည္ မၿငိ္မ္းသြားေသးေပ။ တခါတရံ သူမက ဝမ္ရမ္ေပါင္က်ဴးအား ေဒါသျဖစ္ေအာင္ စကားတခ်ိဳ႕ ေျပာတတ္သည္။ သို႔ေသာ္ တခါၿပီး တခါ မင္းသမီးဆိုေသာ ဂုဏ္ပုဒ္ျဖင့္ သူမအား ဖိနွိပ္တတ္သည္။ သို႔ေသာ္ အရင္တုန္းကေလာက္ လံုဇယ္က်င့္ထ်န္းက သူမအား မကာကြယ္ေပးေတာ့ေသာေၾကာင့္ မုရံုခ်င္းလ်န္မွာ မ်က္ရည္အမ်ားအျပား လွ်ိဳ႕ဝွက္စြာ ဆံုးရံႈးေနရသည္။
တလမ္းလံုး မုရံုခ်င္းလ်န္မွာ သူမ၏ ေန႔ရက္မ်ားကို မႈန္မႈန္သုန္သုန္ျဖင့္ ျဖတ္သန္းေနရသည္။ သူမသည္ ဝမ္ရမ္ေပါင္က်ဴးအား သတ္ပစ္နိုင္သည့္ အခြင့္အေရးရရန္ ဆုေတာင္းမိေသာ္လည္း စိတ္ကူးမ်ွသာ ျဖစ္ၿပီး အျပင္တြင္ မလုပ္ေဆာင္ႏိုင္ေပ။ မုရံုခ်င္းလ်န္နွင့္မတူျခားနားစြာ ပိုင္ယီယြဲ႕မွာ မုရံုခ်ီခ်ီ၏ ဂရုစိုက္မႈကို ရရွိေလသည္။ မူလက ကုန္ဆံုးခဲ့ေသာ သူမစြမ္းအားမ်ားမွာ အခ်ိန္တိုအတြင္း ျပန္လည္ရရွိေနေလသည္။
ထိုသတင္းကို သူမၾကားေသာအခါ မုရံုခ်င္းလ်န္မွာ မုရံုခ်ီခ်ီအား ေဆြမ်ိဳးဆယ့္ရွစ္ဆက္မွ ဘိုးေဘးမ်ားသို႔တိုင္ နႈတ္ဆက္ေစခ်င္သည္။ သူမက မုရံုခ်ီခ်ီရဲ႕ညီမေလးျဖစ္တာ သိသာေနရက္နဲ႔ မုရံုခ်ီခ်ီက ညီမထက္ သူစိမ္းကို ပိုၿပီးေကာင္းျပေနေသသည္။ အမွန္ပင္ ေခြးမတေကာင္ျဖစ္သည္။
ေဆြမ်ိဳးဆက္ရွစ္ဆက္မွ ဘိုးေဘးမ်ားအား နႈတ္ဆက္ေစလို=> ဘိုးေဘးမ်ားနွင့္ကိုင္၍ ဆဲေရးျခင္းတမ်ိဳး (ျမန္မာမွာ ဆိုလည္း မင္းအဘိုးနဲ႔ သြားေတြ႕ခ်ည္လို႔ ေျပာၿပီး သူမေမြးခင္ကတည္းက အဘိုးက ေသေနတာမ်ိဳး)
သို႔ေသာ္လည္း ထိုစကားမ်ားကို သူမအေနျဖင့္ ေတြးသာ ေတြးနိုင္သည္။ ေလးနိုင္ငံၿပိဳင္ပြဲတြင္ မုရံုခ်ီခ်ီ၏ 'ဂရုစိုက္မႈ' ခံယူရၿပီးေနာက္ မုရံုခ်ီခ်ီကို ျမင္တိုင္း မုရံုခ်င္းလ်န္မွာ သူမခႏၶာကိုယ္တခုလံုး တဆတ္ဆတ္တုန္လာသည္။
သူတို႔ ရန္ၿမိဳ႕ေတာ္သို႔ ေရာက္ေသာအခါ မီးပံုးပြဲေတာ္ပင္ ၿပီးဆံုးသြားၿပီ။
မီးပံုးပြဲေတာ္ သို႔ ေႏြဦးမီးပံုးပြဲေတာ္သည္ တရုတ္ျပကၡဒိန္၏ ပထမလ ၁၅ရက္ေန႔တြင္ က်င္းပသည္။
ေပက်ိဳးသည္ ေလးနိုင္ငံၿပိဳင္ပြဲတြင္ ပထမေနရာကို ရရွိခဲ့သည္။ ထိုသတင္းသည္ နွစ္သစ္ကူးကာလအတြင္း ေပက်ိဳးတၿမိဳ႕လံုးရွိ လမ္းမ်ားေပၚသို႔ ျပန္႔နွံ႕သြားသည္။ ထိုအခ်ိန္တြင္ နိုင္ငံသားမ်ားသည္ စိတ္အားထက္သန္ေနၿပီး မ်ိဳးခ်စ္စိတ္ထက္သန္ေနၾကသည္။ သူတို႔သည္ အလြန္စိတ္လႈပ္ရွားေနၾကၿပီး နွစ္သစ္ကူးၿပီးသြားသည္ပင္ အရွိန္မေလ်ာ့ၾကေသးေပ။
ဖုန္းခ်န္နွင့္ မုရံုခ်ီခ်ီတို႔ ဝမ္ဖူ(မင္းသားစံေတာ္) သို႔ ေရာက္ေသာအခါ က်ယ္ေလာင္ေသာ လက္ခုပ္သံမ်ားကို ၾကားလိုက္ရသည္။ ဖုန္းခ်ီနွင့္ ဖုန္းယြီက ဦးေဆာင္ကာ အိမ္ေတာ္မွ လူမ်ားနွင့္အတူ သူတို႔၏ဝမ္ရယ္နွင့္ ဝမ္ေဖးကို ႀကိဳဆိုၾကျခင္းပင္။
"ဝမ္ရယ္ မင္းႀကီးက ဝမ္ရယ္ ျပန္လာခ်ိ္န္ကို ေစာင့္ေနတာ"
မုရံုခ်ီခ်ီက ဖုန္းခ်န္ကို သိမ္ေမြ႕သည့္ အၿပံဳးတပြင့္ ေပးလိုက္သည္။ ဖုန္းခ်န္က ေခါင္းညိတ္ျပလိုက္ၿပီး သူ႔အား နန္းေတာ္သို႔ ေခၚေဆာင္ရန္ ေရာက္လာသူေနာက္ လိုက္ပါသြားသည္။
ေတာ္ဝင္စာၾကည့္ေဆာင္ကို ဝင္ေရာက္ၿပီးေနာက္ ဖုန္းခ်န္က အရိုအေသေပးမလို႔ ျပဳစဥ္ ဝမ္ရမ္လဲ့မွ တားျမစ္လိုက္သည္။ သူ႔အား ထိုင္ခံုေပးလိုက္သည္။ ေပက်ိဳး၏ အနိုင္ရရွိမႈသည္ ဒီဘုရင္ ဝမ္ရမ္လဲ့အား မ်ားစြာ ၿပံဳးျဖစ္ေစသည္။ သူသည္ အလြန္ေပ်ာ္ေနသည္။ ေနာက္ဆံုးတြင္ ပထမေနရာသည္ သူတို႔လက္ထဲတြင္ ရရွိေစခဲ့သည္။ ထိုသည္မွာ အလြန္ႀကီးျမတ္ေသာ ဂုဏ္သေရ ျဖစ္၏။
ဖုန္းခ်န္ေျပာျပသည့္ ေလးနိုင္ငံၿပိဳင္ပြဲ အေသးစိတ္ကို နားေထာင္ရင္း ဝမ္ရမ္လဲ့က ေခါင္းတညိတ္ညိတ္နွင့္ တၿပံဳးၿပံဳး ျဖစ္ေနသည္။
"က်န္းျမင္ရတာေတာ့ ဒီေက်ာက္ယန္မင္းသမီးက မင္းဆီကို ကံေကာင္းမႈေတြ ယူေဆာင္လာတာပဲ! သူမ ေရာက္လာကတည္းက အရာအားလံုးဟာ ေခ်ာေခ်ာေမြ႕ေမြ႕ ျဖစ္လာတယ္။ ဒါကို ၾကည့္ရတာ သူမဟာ ကံေကာင္းေစတဲ့ ၾကယ္ပြင့္ေလး ျဖစ္လိမ့္မယ္"
ဝမ္ရယ္လဲ့က ဖုန္းခ်န္အား ေျမႇာက္ပင့္လိုက္ၿပီး ဖုန္းခ်န္က ၿပံဳးရံုသာ ၿပံဳးၿပီး
"ဒါက ဦးရီးေတာ္ရဲ႕ ႀကီးမားတဲ့ ေကာင္းခ်ီးေၾကာင့္ပါ"
ထိုစကားက ဝမ္ရမ္လဲ့အား အလြန္အမင္း ေပ်ာ္႐ႊင္ေစသည္။ သူက သူ႔ရင္ဘတ္ကို ပုတ္လိုက္ၿပီး အဓိကအေၾကာင္းအရာဆီသို႔ ဦးတည္လိုက္သည္။
"မင္းကို က်န္း ဒီေနရာကို ဆင့္ေခၚရတဲ့ အေၾကာင္းက မင္းတို႔ရဲ႕ ရက္ကို သတ္မွတ္ၿပီးၿပီဆိုတာ မင္းကို ေျပာျပမလို႔ပဲ။ အဲ့ဒါက ပထမလရဲ႕ ၂၈ရက္ေန႔ပဲ။ အဲ့ဒီေန႔က အေကာင္းဆံုးေန႔ပဲ"
ဝမ္ရမ္လဲ့က ထိုကိစၥအတြက္ သူ႔ကို ဆင့္ေခၚသည္ကို သိေသာအခါ ဖုန္းခ်န္က ခ်က္ခ်င္းထရပ္ကာ ဝမ္ရမ္လဲ့အား အရိုအေသေပးလိုက္သည္။
"ဦးရီးေတာ္ကို တူေတာ္ ေက်းဇူးတင္ပါတယ္။ ေက်းဇူးပါ ဦးရီးေတာ္"
ဖုန္းခ်န္ရဲ႕ မ်က္နွာအစိတ္အပိုင္းေတြက သူရဲ႕ ေပ်ာ္႐ႊင္မႈနဲ႔ စိတ္လႈပ္ရွားမႈကို အရွင္းသား ထုတ္ေဖာ္ျပသေနသည္။ ထိုသည္ကို ျမင္ေသာအခါ ဝမ္ရမ္လဲ့မွာ ရယ္ေမာမိ၏။
"မင္း ဒါကို ႀကိဳက္မယ္ဆိုတာ က်န္းသိတယ္။ ဒါ့ေၾကာင့္လည္း က်န္းက မင္း မိန္းမလွေလးကို မၾကာခင္ ဆုပ္ကိုင္ထားနိုင္ဖို႔ လူေတြကို ရက္ေကာင္းရက္ျမတ္ ရွာခိုင္းထားရတာပဲ။ ဟား ဟား... မင္းကိုယ္မင္း ျပန္ၾကည့္အံုး! ဒါက ပထမဆံုးအႀကိမ္ မင္းလက္ထပ္ရတာ မဟုတ္ဘူးေလ။ မင္းက အခုလို တကယ္ပဲေပ်ာ္႐ႊင္ေနတယ္။ ၾကည့္ရတာ ေက်ာက္ယန္မင္းသမီးက မင္းအႀကိဳက္ပဲ ျဖစ္ရမယ္။ အာ ဟား ဟား ဟား! အရမ္းေကာင္းတယ္! အရမ္းေကာင္းတယ္"
"လာ နန္းေတာ္က အသစ္လုပ္ထားတဲ့ မုန္႔အသစ္ကို စမ္းၾကည့္! ဒါကို ဇီးမုန္႔ႂကြပ္လို႔ ေခၚတယ္။ မင္း ေသခ်ာေပါက္ ႀကိဳက္လိမ့္မယ္"
ဝမ္ရမ္လဲ့က သူ႔လူေတြကို လက္ဖက္ရည္နွင့္ မုန္႔မ်ားတည္ခင္းေစသည္။ သူတို႔ လက္ဖက္ရည္နွင့္ မုန္႔မ်ားကို စားေသာက္ၾကစဥ္ ဖုန္းခ်န္၏ မဂၤလာပြဲအေၾကာင္း ဆက္ေျပာၾကေလ၏။ ဖုန္းခ်န္မွာ ေခါင္းပဲ ထပ္ကာထပ္ကာ ညိတ္ေနေတာ့သည္။
ဖုန္းခ်န္ ထြက္ခြာသြားေသာအခါ ဝမ္ရန္လဲ့၏ အၿပံဳးမွာ တျဖည္းျဖည္း ေမွးမွိန္သြားသည္။ အဆံုးသတ္တြင္ ေၾကာက္စရာပံုစံသို႔ ေျပာင္းလဲသြားသည္။
"က်င္းတဲ့! စီစဥ္လိုက္! က်န္း ေဆာင္းဦးရွည္ၾကာနန္းေဆာင္ကို သြားမယ္"
ေဆာင္းဦးရွည္ၾကာနန္းေဆာင္မွာ မိဖုရားေခါင္ ေနထိုင္သည့္ ေနရာ ျဖစ္၏။ သို႔ေသာ္လည္း ဝမ္ရမ္လဲ့၏ မိဖုရားေခါင္မွာ ထိုနန္းေဆာင္တြင္ မေနထိုင္ေပ။ ထိုအစား ထိုေနရာသည္ ဝမ္ရမ္လဲ့အနွစ္သက္ဆံုးေသာ မိဖုရားငယ္ ေနထိုင္ရာ ျဖစ္သည္။ တြက္ခ်က္ၾကည့္ေသာအခါ ထိုေနရာတြင္ စုစုေပါင္း မိဖုရားငယ္၈ေယာက္ ေနထိုင္ခဲ့သည္။ သို႔ေသာ္ အားလံုးမွာ ငယ္ငယ္႐ြယ္႐ြယ္နွင့္ ေသဆံုးသြားၾကသည္။ ယခု ထိုနန္းေဆာင္တြင္ ေနထိုင္သူမွာ ဝမ္ရမ္လဲ့ အနွစ္သက္ဆံုးေသာ မိဖုရားငယ္ အသစ္ျဖစ္၏။ ေပက်ိဳး၏ ကိုးေယာက္ေျမာက္ ဟြမ္ေကြ႕ေဖး ယြဲ႕လန္က်စ္ပင္...။
မင္းႀကီး သူမအေဆာင္သို႔ ႂကြလာမည္၊ သူမဘက္က ျပင္ဆင္ထားသင့္သည္ဟု ၾကားေသာအခါ သူမသည္ တုန္ရီလာသည္။ သူမလက္ထဲက ဘီးပင္ ေျမေပၚ ျပဳတ္က်သြားသည္။
*************************************
Unicode Version
မုရုံချီချီက သူမကိုယ်သူမ ဖုန်းချန်၏ လက်မောင်းကြားထဲတွင် မြှုပ်နှံထားသည်။ သူမသည် သူမဦးခေါင်းကို မော့ရန် ဆန္ဓမရှိပေ။ ဖုန်းချန်က ပြုံးပြီး သူမကို ဖက်ထားလိုက်သည်။ သူသည် မုရုံချီချီအား ခြုံထည်ဖြင့် ဖုံးကွယ်ထားလိုက်သည်။ အားလုံးထွက်ခွာသွားသည်ထိ စောင့်ကာ သူက သူမအား ဆွဲထူလိုက်သည်။
"ချင်းချင်း... ကိုယ့်ရဲ့နှစ်သစ်ကူးဆုတောင်းအကြောင်းကို ရှင်းလင်းရဲ့လား?"
ဖုန်းချန်၏ ရှည်လျားကျဉ်းမြောင်းသော မျက်လုံးများအောက် လေပြေတသုတ်တိုက်ခတ်လာသောအခါ နဂိုက ပန်းရောင်သန်းနေသော မုရုံချီချီမျက်နှာမှာ ပိုမို ပန်းရောင်သန်းလာသည်။ သူမအနေဖြင့် ကောင်းကင်ပေါ်က ကြယ်တွေကိုသာ မော့ကြည့်ရုံ ရှိသည်။
ကြယ်များ တလက်လက်နှင့် ကောင်းကင်ကြီးသည် မုရုံချီချီအား သူမ၏ အတိတ်ဘဝမှ ညဘက်ကောင်းကင်ကြီးကို သတိရမိစေသည်။ ထိုစဉ်ကလည်း အလွန်လင်းလက်တောက်ပခဲ့သည်။ မွေးစားအဖေ... ကျွန်မ တကယ်ချစ်ရသူကို ရှာတွေ့ခဲ့ပြီ။ မွေးစားအဖေ...ကျွန်မ ဒီမှာ ကောင်းကောင်း နေထိုင်ရှင်သန်နေပါတယ်။ မွေးစားအဖေ... ကျွန်မ ပြန်လည်မွေးဖွားလာရခြင်းရဲ့ အဓိပ္ပာယ်ကို နောက်ဆုံးတော့ နားလည်ခဲ့ပါပြီ။ ဒါက ကျွန်မကို အချစ်စစ်ကို ပိုင်ဆိုင်စေခဲ့တယ်၊ သူနဲ့ ဆုံတွေ့စေခဲ့တယ်။
နှစ်သစ်ကူး ပထမရက်တွင် အလွန်အေးခဲ့သည်။ နှစ်ဟောင်း၏ နောက်ဆုံးညတွင် နောက်ကျတဲ့အထိ နေခဲ့သောကြောင့် နှစ်သစ်၏ ပထမဆုံးနေ့တွင် မုရုံချီချီသည် အိပ်ရာမနိုးခင် အချိန်ကြာမြင့်စွာ အိပ်စက်နေခဲ့သည်။
သူမအခန်းထဲသို့ ရောင်စုံဇီးပန်းပွင့်အိုးတစ်အိုးကို စုမိန် သယ်ဆောင်လာသောအခါတွင် သူမ အိပ်ရာနိုးလာသည်။
"သခင်မလေး ကြည့်ပါအုံး... ရောင်စုံဇီးပန်းတွေ... မလှဘူးလား? ဒီလို လှပတဲ့ရောင်စုံဇီးပန်းပွင့်တွေကို မြင်ရတာ ဒါ ပထမဆုံးပဲ!"
စုမိန်၏ အပြောက မုရုံချီချီအာရုံကို အိုးဆီသို့ ရောက်စေသည်။ ၎င်းသည် အနီရောင်ပန်း၊ပန်းရောင်ပန်း၊ အပြာရောင်ပန်း၊ အဝါရောင်ပန်းနှင့် အဖြူရောင်ပန်းများနှင့် အပင်တပင်ဖြစ်သည်။ အမှန်တယ်ပင် ရှားပါးလှပေသည်။
"နင် ဒါကို ဘယ်က ရတာလဲ?"
မုရုံချီချီက ပန်းပွင့်များ၏ မွှေးရနံ့ကို ရှုရှိုက်လိုက်သည်။ ချက်ချင်း ထိုပန်းအိုးကို သူမ နှစ်ခြိုက်မိလေသည်။
"ဒါကို ပို့ပေးတဲ့သူက ဗုဒ္ဓဘုရားကျောင်းက ဘုန်းကြီးတပါးပါ။ မနှစ်က သူတို့ကို ကောင်းမွန်တဲ့ နှစ်သစ်ရရှိစေဖို့ ဝမ်ရယ်က သူ့လူတွေကို အစားအစာနဲ့ အထည်တွေ ပေးပို့စေခဲ့တယ်။ ဒီအချက်ကြောင့် နှစ်သစ်ရဲ့ ပထမရက်မှာ ဘုန်းတော်ကြီးတွေက ဇီးပန်းပင်အိုးကို ပို့ပေးခဲ့တာ။ အဲ့ဒီသူကတော့ မပြန်သေးဘူး။အရှေ့က ဇီးပန်းဥယျာဉ်ထဲမှာပဲ ရှိသေးတယ်"
"ငါတို့ သွားပြီး ကြည့်ကြည့်ရအောင်!"
မုရုံချီချီသည် အဝတ်အစားဝတ်ဆင်လိုက်သည်။ သူမကိုယ်သူမ ကိုယ်လက်သန့်စင်ပြီးနောက် ဇီးပန်းဥယျာဉ်သို့ သွားလေသည်။ အဝေးမှပင် အဝါရောင်ဝတ်စုံ ဝတ်ဆင်ထားသော ခါးကိုင်းကိုင်းဘုန်းကြီးတပါးကို သူမ မြင်လိုက်သည်။
"ဆရာတော်... ပျော်စရာနှစ်သစ်ဖြစ်ပါစေ"
မုရုံချီချီသည် ပြုံးပြရင်း လျှောက်သွားလိုက်သည်။ ဘုန်းကြီးက လှည့်လာသောအခါမှ သူမသည် မျက်နှာအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ဘုန်းကြီးအိုကြီးတပါးပင်။ သူ့တွင် အဖြူရောင်မျက်ခုံး၊ မီးခိုးရောင်မုတ်ဆိတ်၊ ခပ်ပိန်ပိန် ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် ရုပ်ဆိုးသော မျက်နှာပေါက် ရှိသည်။ ဘယ်ဘက်ပါးပေါ်တွင် မီးလောင်ဒဏ်ရာ ရှိသည်။ ထိုဒဏ်ရာသည် လည်ပင်းသို့တောင် ဆက်နေပြီး သူ့ကို ကြည့်ရသည်မှာ အနည်းငယ် ချောက်ခြားဖွယ် ဖြစ်စေသည်။ သို့သော်လည်း သူ့တွင် နူးညံ့သိမ်မွေ့ပြီး ဂရုဏာတရားကြီးမားသော မျက်လုံးတစုံ ရှိလေသည်။
ဘုန်းကြီးသည် စကားမပြောပါ။ လက်နှစ်ဖက်ကိုသာ ဆုပ်ကာ အရိုအသေပေးလိုက်သည်။
"သခင်မလေး သူက စကားမပြောနိုင်ဘူး"
စုမိန်က မုရုံချီချီကို ရှင်းပြလိုက်သည်။
" ငါ သိတယ်"
"ဆရာတော်ရော ဇီးပန်းတွေကို ကြိုက်တာလား? ဒီနေ့ ဆရာတော်ပို့ပေးတဲ့ အရောင်ငါးမျိုး ဇီးပန်းကို တပည့်တော်မက အရမ်းကြိုက်တယ်။ ကျေးဇူးတင်ပါတယ် ဆရာတော်"
ထိုပန်းများကို သူမ ကြိုက်သည်ဟု မုရုံချီချီက ပြောလိုက်သောအခါ ဆရာတော်က ပြုံးလိုက်သည်။ အပြုံးသည် အလွန်မြင့်မားလှသော တောင်ပေါ်မှ နှင်းတစကဲ့သို့ စင်ကြယ်လေသည်။ ၎င်းသည် သက်ရှိသတ္တဝါအားလုံးအား ဒုက္ခဆင်းရဲမှ သက်သာစေရန် အလို့ငှာ သနားကြင်နာမှုတို့နှင့် ပြည့်နှက်နေသည်။ ဘုန်းကြီးသည် မုရုံချီချီအား ကျေးဇူးတင်သည့်သဘောဖြင့် လက်နှစ်ဖက်ကို တဖန်ဆုပ်လိုက်သည်။ ထို့နောက် သူသည် လှည့်ပြီး ဇီးပန်းဥယျာဉ်မှ ထွက်ခွာသွားလေသည်။
"ဆရာတော် ပြန်ပြီလား? တပည့်တော် လိုက်ပါပို့ဆောင်ပေးပါ့မယ်"
မုရုံချီချီလည်း ဘာကြောင့်မှန်းရယ်မသိ ထိုသိမ်မွေ့သော မျက်လုံးများရှိသည့် ဆရာတော်ကို ကောင်းမွန်သော အမြင် ရှိလေသည်။ သူသည် စကားတခွန်းမှ မပြောဆိုခဲ့သော်လည်း သူ့မျက်လုံးများက လူတွေအား ထွင်းဖောက်မြင်နိုင်သလိုလို။
မုရုံချီ ချီက ဆရာတော်အား ဂေဟာအပေါက်ဝထိ လိုက်ပါပို့ဆောင်ခဲ့သည်။ ခါးကုန်းကုန်းနှင့် ဆရာတော် သူမမြင်ကွင်းမှ ပျောက်ကွယ်သွားမှသာ သူမလည်း အထဲသို့ ပြန်ဝင်လာတော့သည်။
ဖုန်းယွီစံအိမ်တံခါး ပိတ်သွားသောအခါ ဘုန်းကြီးအိုကြီးသည် တုန်ခါသွားသည်။ သူ့လက်က ဘေးနားမှ သစ်ပင်ကို ထောက်မှီလိုက်သည်။ သူသည် သူ့စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ရန် အချိန်ကြာသည်ထိတိုင် ကြိုးပမ်းခဲ့သော်လည်း သူ့၏ မျက်ရည်ကို မထိန်းချုပ်နိုင်ခဲ့ပေ။ တစ်စက်ပြီး တစ်စက်... သူ၏ အဝါရောင်သင်္ကန်းပေါ်သို့ ကျဆင်းနေသည်။
မင်ယွဲ့... ဒါက မင်းပဲမလား? ဒီလောကကြီးထဲ ကိုယ်တယောက်တည်း အထီးကျန်ပြီး ဆင်းရဲဒုက္ခခံစားနေရမှာ မင်း မခံစားနိုင်လို့... ဒါကြောင့် မင်း ကိုယ့်ဆီကို ကလေးလေး ပို့ပေးလိုက်တာမလား? မင်ယွဲ့... ကိုယ် ကလေးလေးကို ရှာတွေ့ခဲ့ပြီ... ကိုယ်တို့ရဲ့ ကလေးလေးကို ရှာတွေ့ခဲ့ပြီ! မင်ယွဲ့... စိတ်မပူပါနဲ့! သေချာပေါက် ကိုယ် ကလေးလေးကို သေချာစောင့်ရှောက်ပြီးတော့ အဲ့ဒီနှစ်က ငါတို့ရဲ့ ခါးသီးမှုတွေကို ပြန်ဆေးကြောနိုင်ဖို့ အဲ့ဒီတုန်းက အမှန်တကယ် ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကမ္ဘာကြီးတခုလုံး သိသွားစေရမယ်!
သူ့မျက်လုံးမှ မျက်ရည်များကို သုတ်ပြီးနောက် နှင်းတောထဲတွင် တလှမ်းပြီး တလှမ်း လျှောက်လှမ်းရင်း စိတ်လှုပ်ရှားမှုနှင့် ဘုန်းကြီးသည် ဖုန်းယွီစံအိမ်မှ ထွက်ခွာသွားသည်။
အရောင်ငါးမျိုးဇီးပန်းပင် ရရှိကတည်းကပင် ၎င်းကို မုရုံချီချီကိုယ်တိုင် နေ့စဉ် ဂရုစိုက်သည်။
"အရမ်းလှလိုက်တာ! ဒီဘုန်းကြီးအိုကြီးက ဒီအရောင်ငါးမျိုးဇီးပန်းပင်ကို ဘယ်လို ပျိုးထောင်ခဲ့တယ်ဆိုတာ တကယ်ပဲ မသိနိုင်ဘူး။ သူ့မှာ ဇီးပန်းတွေကို ကြိုက်နှစ်သက်တဲ့ တစုံတယောက် ရှိနေနိုင်တယ်။ ဒါကြောင့်ပဲ သူက ဒီထဲမှာ စိတ်နှစ်နိုင်ပြီး ဒီလိုလှပတဲ့ ဇီးပန်းပင်ကို ပျိုးထောင်နိုင်တာပဲ!"
"ချင်းချင်း... မင်းကြိုက်တယ်ဆိုရင် ကိုယ့်လူတွေကို လွှတ်ပြီး အဲ့ဒီဆရာတော်ကို ဒီကို လာဖို့ ဖိတ်ခိုင်းလိုက်ရမလား? ပြီးတော့ ဖုန်းယွီစံအိမ်တခုလုံးကို အရောင်ငါးမျိုးဇီးပန်းပင်တွေ စိုက်ခိုင်းလိုက်မယ်လေ။ ဒါဆို ချင်းချင်းလည်း အဲ့ဒီပန်းတွေကို အားရပါးရချစ်လို့ ရတာပါ့...ကောင်းဘူးလား?"
ဖုန်းချန်က ထိုသို့ ပြောပြီးနောက် ဗုဒ္ဓဘုရားကျောင်းသို့ သူ့လူတွေကို စေလွှတ်လိုက်သည်။ ထ်ုဘုန်းကြီးမှာ သေဆုံးသွားပြီဟုသော သတင်းဖြင့် သူ့လူမှာ ပြန်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်မိခဲ့ပေ။
"ဆုံးသွားပြီ..."
ထိုသတင်းကို ကြားသောအခါ ထိတ်လန့်သွားသည်။ သူမနှလုံးသားထဲတွင် ရှင်းပြမရသော လွမ်းဆွေးမှုမျိုး ဖြစ်လာသည်။ သိပ်မကြာသေးခင်ကမှ သူမ ဒီဘုန်းကြီးအိုကြီးကို တွေ့ခဲ့ရတာ။ အခုကျတော့ အသက်မရှိတော့ဘူး။ လောကကြီးရဲ့ ကိစ္စရပ်တွေက တကယ်ကို ခန့်မှန်းလို့ မရနိုင်ဘူးပဲ။
မုရုံချီချီကိုယ်တိုင်ပင် အရောင်ငါးမျိုးဇီးပန်းပင်အား စစ်သူကြီးဖုန်းရှဲ့နှင့် မင်းသမီးမင်ယွဲ့တို့၏ ဂူသချုႋင်းရှေ့တွင် ပြောင်းရွေ့စိုက်ပျိုးပေးခဲ့သည်။ အရောင်ငါးမျိုးဇီးပန်းပင်ငယ်လေးမှာ လှပစွာ ဖူးပွင့်နေသည်။
"စစ်သူကြီးနဲ့ မင်းသမီးလည်း ဒီဇီးပန်းပင်လေးကို ကြိုက်နှစ်သက်ကြမှာပါ"
မုရုံချီချီက ဖုန်းချန်ပေါ်ကို မှီလိုက်သည်။
"အခုက ကျွန်မတို့ ထွက်ခွာကြရမယ့်အချိန် မလား? ဝမ်ရယ်... ကျွန်မတော့ ဒီကို လွမ်းနေတော့မှာပဲ"
"mm..."
"ဦးရီးတော်က စာနဲ့ ကိုယ်တို့ကို အကြိမ်ကြိမ် သတိပေးနေပြီလေ။ ကိုယ်တို့သာ မထွက်ခွာပဲ နေနေသေးရင် သေချာတယ် ကိုယ်တို့ကို လာခေါ်ဖို့ မြို့တော်ကနေ လူလွှတ်လိမ့်မယ်"
"ဝမ်ရယ်... ကျွန်မ ဒီနေရာကို တကယ်ကို ကြိုကာတာ။ ဒီနှစ်ဆောင်းရာသီကျရင်လည်း ကျွန်မတို့ဒီကို ပြန်လာပြီး ရေပူစမ်းမှာ ရေချိုးကြမယ်လေ"
သူတို့ ဒီနေရာကနေ ထွက်ခွာသင့်ပြီဟု ကြားသောအခါ မုရုံချီချီက ဒီနေရာနှင့် မခွဲနိုင်သလိုလို ဖြစ်မိသည်။ သူမမျက်လုံးထဲတွင် ဖုန်းယွီစံအိမ်သည် စိတ်ကူးယဉ်နိဗ္ဗာန်ဘုံတခုနှင့်ပင် တူလေသည်။ ဒီနေရာမှာ စိုးရိမ်ပူပန်စရာ မရှိပဲ နေထိုင်နိုင်တယ်... ဒါက ဘယ်လောက်ပျော်စရာကောင်းတဲ့ အရာလဲ?
"ကောင်းတာပေါ့!"
မုရုံချီချီက ဖုန်းယွီစံအိမ်ကို ကြိုက်နှစ်သက်သည်ဟု သိရသောအခါ ဖုန်းချန်လည်း ပျော်ရွှင်မိသည်။ အရင်တုန်းက သူလည်းပဲ ဖုန်းယွီစံအိမ်ကို ကြိုက်နှစ်သက်သော မိန်းကလေးတယောက်ကို ရှာကာ လက်ထပ်ပြီး သူ့အဖေနှင့် အမေတို့လို ဒီနေရာမှာ ပျော်ရွှင်သော ဘဝတခု တည်ဆောက်မည်ဟု တွေးခဲ့သည်။ ကံကောင်းစွာပဲ နတ်ဘုရားတွေက ဂရုဏာတရားကြီးမားစွာဖြင့် မုရုံချီချီကို သူ့ဘေးနား ပို့ဆောင်ပေးခဲ့သည်။ ယခုပျော်ရွှင်မှုနှင့် နှိုင်းစာလျှင် အတိတ်က ခံစားခဲ့ရသော အရာများသည် ဘာအရေးဖြစ်မည်နည်း?
နောက်နှစ်ရက် ထပ်နေပြီးနောက် ဖုန်းချန်တို့အဖွဲ့သည် ယုံကျူး မြို့တော်သို့ ပြန်လာခဲ့ကြသည်။
"ဒါက လေလိုက်ကမ်းပါးရဲ့ စာအုပ်ပဲ။ ကောင်းကောင်းသိမ်းထားလိုက်"
သူမကို ဖုန်းချန်က ပေးထားသော စာအုပ်ကို မုရုံချီချီက တုန်းရွှယ်က လက်လွှဲပေးလိုက်သည်။
"ဟုတ်"
တုန်းရွှယ်က ပြုံးလိုက်သည်။ ထိုအမာရွတ်နှင့် မျက်နှာပေါ်မှ အပြုံးသည် ပိုမိုနူးညံ့သည့်အသွင် ပြောင်းလဲသွားသည်။
"ဖန်းကျင်းရဲ့ ပုံစံရေးဆွဲထားတာကို သခင်မလေး မြင်ပြီးပြီလား? သခင်မလေး နောက်ထပ် ဘာကိုများ ပြုပြင်ချင်သေးလဲ?"
"ပြောင်းဖို့ လိုတဲ့ နေရာတွေကို ငါအမှတ်အသား လုပ်ပေးထားတယ်။ တချက်လောက် ကြည့်လိုက်တာနဲ့ ဖန်ကျင်း နားလည်လိမ့်မယ်။ ပြန်သွားပြီး ဖန်ကျင်းကို ပြောလိုက်... ဒီကမ္ဘာမှာ အင်အားအကီးဆုံးခံတပ်ကြီးကို ငါ တည်ဆောက်ချင်တယ်လို့! ငါ့အတွက် ငွေချွေတာဖို့ မလိုဘူးလို့ သူ့ကို ပြောလိုက်! ပိုက်ဆံနဲ့ ဖြေရှင်းနိုင်တဲ့ အရာရာတိုင်းက ပြသနာမဟုတ်ဘူး! ထူးခြားဆန်းပြားပြီး ဇိမ်ခံစရာ ဖြစ်ဖို့ မလိုဘူး။ ကြံ့ခိုင်ပြီး ရေရှည်ခံဖို့ပဲ လိုတယ်။ ဒါ့အပြင် မီးဘေးအတွက် လုပ်ဆောင်ချက်တွေလည်း ကောင်းကောင်းလုပ်ထားရမယ်။ ငါ ခက်ခက်ခဲခဲ တည်ဆောက်ထားရတဲ့ စီးပွားရေးနေရာကို နောက်ဆုံးမှာ တယောက်ယောက်က မီးရှို့သွားတယ်ဆိုတာမျိုး ငါ မလိုချင်ဘူး"
"ကောင်းပါပြီ။ ကျွန်တော် သခင်မလေးရဲ့စကားကို အပြောင်းအလဲ တစုံတရာ မရှိစေရဘဲ ဖန်းကျင်းဆီကို ပို့ဆောင်အသိပေးလိုက်ပါ့မယ်။ သခင်မလေး... ဒါက နန်ပြည်နယ် လေးခုမှာ ရှိတဲ့ ဆိုင်တွေ အားလုံးရဲ့ မြေငှားစာချုပ်တွေပါ။ တုန်းပေါင်ကျိုင်းနဲ့ ကြွယ့်ဇယ်ဖန်းအတွက် အကောင်းဆုံးဆိုင်နှစ်ဆိုင်ကို ကျွန်တော်တို့ ရွေးထားပါတယ်။ တခြားဆိုင်တွေအတွက်ကတော့ သခင်မလေး ညွှန်ကြားသလိုပဲ ကျွန်တော်တို့က လုပ်မှာပါ။ မတူညီတဲ့ မြေနေရာအနေအထားတွေအရ ကြော်ငြာဖို့ကို ကျွန်တော်တို့က မတူညီတဲ့ဈေးနှုန်းတွေကို သုံးခဲ့တယ်။ အဲ့ဒီကုန်သည်တွေက ကျွန်တော်တို့ နည်းလမ်းကို အရမ်း သေဘောကျကြတယ်။ အများစုက ဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ကို စိတ်အားထက်သန်နေကြတယ်"
"ဟီဟီ"
တိုင်ရွှယ် ထိုသို့ ပြောတာ ကြားသောအခါ မုရုံချီချီက ရယ်လိုက်သည်။
"သဘာဝအားဖြင့် လူတိုင်းက ပိုက်ဆံရှာဖို့ကို ကြိုက်ကြတယ်လေ။ အရင်နန်ပြည်နယ်လေးခုရဲ့ စီးပွားရေးလုပ်ငန်းတွေက ဟဲလန်မိသားစုရဲ့လက်က ရစ်သိုင်းထားတာ။ လုပ်ငန်းတိုင်းက သူတို့ဟာချည်းပဲ။ ဒါက အရမ်းလွန်လွန်းတယ်။ ငါ့မှာ သူတို့ကို ဂရုစိုက်ဖို့ အင်အားလုံလုံလောက်လောက် မရှိဘူး။ ဒါ့အပြင် လူတိုင်းကို အတူတူငွေရှာခွင့်ပေးတာဟာ ကောင်းမွန်တဲ့ ယှဉ်ပြိုင်မှုကို မြှင့်တင်ပေးနိုင်တယ် ဒါက စီးပွားရေးလမ်းကြောင်းက ဘယ်လိုဖြစ်သင့်တယ်ဆိုတာပဲ။ ငါတို့ရဲ့ အားသာချက်ကို သေချာပေါက်ဖော်ထုတ်ပြီး ငါတို့က တခြားပြည်နယ် သုံးခုထက် ကျော်လွန်စေရမယ်"
"အခြေအနေအားလုံး ငါတို့လက်ထဲမှာ ရှိနေသရွေ့ နန်နယ်မြေလေးခုဆီကို စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့ လူတွေ ပိုပိုပြီး တိုးလာလိမ့်မယ်လို့ ငါယုံကြည်တယ်။ အဲ့ဒီနောက်မှာ နန်ပြည်နယ်လေးခုဟာ ယူရန်နယ်မြေဆယ့်ခြောက်ခုထဲ သေချာပေါက် အချမ်းသာဆုံး ဖြစ်လာလိမ့်မယ်"
ထိုစကားများကို ကြားပြီးနောက် တိုင်ရွှယ်သည် မုရုံချီချီအား လေးစားမိလေသည်။ သခင်မလေးဟာ စီးပွားရေးမှာ ထူးချွန်ထက်မြက်သည့် အရည်အချင်း ရှိသူတယောက်ဟု သူ မျှော်လင့်မထားခဲ့ပေ။
"သခင်မလေး... မကြာသေးခင်က နန်နယ်မြေလေးခုမှာ ဖိုရှန်မန်ရဲ့ လူတွေ ပေါ်လာသေးတယ်။ သူတို့က ကျွန်တော်တို့ရဲ့ အဓိကအချက်ကို စုံစမ်းနေပုံ ရတယ်"
"ဒါက ကိစ္စမရှိဘူး။ ဖိုရှန်မန်က ငါတို့ကို မထိဘူးရယ်။ လုံအောင်းထျန်းနဲ့ မွေးစားအဖေမှာ သဘောတူညီမှုတခု ရှိတယ်။ ဆယ်နှစ်တာအတွက် ဖိုရှန်မန်က ငါတို့မိုယုကို မျက်စောင်းမထိုးပါဘူးလို့။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့က မိုယုကို ငါးနှစ်အတွင်း ဝါးမြိုချင်တယ်ဆိုရင်တောင် လွယ်လွယ်နဲ့ ရမှာ မဟုတ်ဘူး"
"ဒါပေမယ့် သခင်မလေးနဲ့ မင်ယွဲ့ချန်က မဟာမိတ်ပြုခဲ့တယ်လေ။ မိုယုနဲ့ တခုခုပတ်သတ်တယ်ဆိုတာကို ဖိုရှန်မန်သာ ရှာတွေ့ခဲ့ရင် ကွမ်းဟွာသခင်လေးနဲ့ မိုယုရဲ့ ဆက်ဆံရေးကို အလင်းပြလိုက်သလို ဖြစ်မသွားဘူးလား? အဲ့ဒါက သခင်မလေးဆိုတာ သူတို့သိသွားရင် သခင်မလေးအတွက် အန္တရယ်များလာလိမ့်မယ်"
တိုင်ရွှယ်က မုရုံချီချီ လုံခြုံရေးအတွက် အနည်းငယ်စိုးရိမ်နေသည်။ သခင်မလေးသည် မိုယု၏ ကျောရိုးဖြစ်၏။ သူမအပေါ် တစုံတရာမှ မကျရောက်စေသင့်ပေ။ ထိုအရာမှာ ဆရာမိုဇွင် မသေဆုံးမှီ သူနှင့် ဝူချင်းကို ပြောခဲ့သော စကားဖြစ်သည်။ သူတို့ သခင်မလေးအား ကောင်းကောင်းကာကွယ်ရမည်။
.
.
.
" ကွမ်းဟွာသခင်လေးနဲ့ တုရှန်းအာက စုံတွဲတွေလို့ သတင်းတွေ ထွက်နေတယ်။ ဒီလိုပဲ ရှင်းရှင်းလင်းလင်း ရှင်းပြထားတယ်။ သံသယဝင်တဲ့သူ တယောက်မှ မရှိဘူး"
ရလဒ်ကို နလန်ရှင်းမှ ဖုန်းချန်အား အစီရင်ခံသောအခါ ဖုန်းချန်၏ မျက်လုံးများသည် သေးသွယ်သည့် မျဉ်းတကြောင်းကဲ့သို့ ကျဉ်းမြောင်းသွားသည်။
"ဒါကြောင့် ကွမ်းဟွာသခင်လေးက မင်ယွဲ့ချန်ကို ရှာတွေ့တယ်။ ပြီးတော့ ကွမ်းဟွာသခင်လေးနဲ့ မိုယုက ဟဲလန်မိသားစုကို အဆုံးသတ်ပေးလိုက်တယ် အဲ့လိုလား?"
"ဒါအမှန်ပဲ! အဲ့ဒီလို ပြောရတာ ပိုပြီး ကျိုးကြောင်းဆီလျော်တယ်။ ဟဲလန်မင်က ကြွယ့်ဇယ်ဖန်းရဲ့ အဝတ်အထည်တွေကို ကြိုက်တယ်။ တုရှန်းအာက အဆိပ်သုံးတဲ့နေရာမှာ ဆရာတဆူပဲ! လူတယောက်ရဲ့အသက်ကို ဘာမှ သတိမထားမိပဲ နှုတ်ယူဖို့ ဆိုတာ သူမအတွက်တော့ အဆိပ်လေး နည်းနည်းလောက် အထည်ထဲမှာ ထည့်ပေးလိုက်ရုံပဲ"
"ဒီငယ်သားတော့ ကွမ်းဟွာသခင်လေးနဲ့ တုရှန်းအာဟာ ချစ်သူတွေ ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ တုရှန်အာက မိုယုရဲ့ ခေါင်းဆောင်၊ ကွမ်းဟွာသခင်လေးကကျ အမြဲတမ်း အပြုသဘောဘက်ဆောင်တဲ့ ပုံရိပ် ရှိတယ်။ အမှန်နဲ့အမှားဟာ ဘယ်တော့မှ ဒွန်တွဲသွားကြတယ်ဆိုတာ မရှိဘူးလို့ ဆိုရိုးလည်း ရှိတယ်လေ။ ကွမ်းဟွာသခင်လေးက တုရှန်းအာနဲ့အတူရှိဖို့ ရွေးချယ်ခဲ့မယ်လို့ ကျွန်တော် မထင်ထားမိခဲ့ဘူး။ တလောကလုံးသာ ဒီအကြောင်းကို သိသွားရင် ကြွယ့်ဇယ်ဖန်းနဲ့ ထုံပေါင်ကျိုက်ကို တလောကလုံးက ဖယ်ကြဉ်ထားကြမှာ သူ မကြောက်ဘူးလားပဲနော်"
ထိုသို့ နလန်ရှင်းပြောတာ ကြားသောအခါ ဖုန်းချန်က ရယ်မောလိုက်သည်။
"ငါကတော့ ကွမ်းဟွာသခင်လေးကို တကယ်ကို လေးစားတယ်။ ကွမ်းဟွာသခင်လေးက လောကရဲ့ နံပါတ်တစ်သခ်လေးလို့ သတင်းတွေ ငါကြားဖူးတယ်။ တုရှန်းအာနဲ့ အတူရှိနိုင်ဖို့ သူရဲ့ ဂုဏ်သတင်းတွေကို ချန်ထားခဲ့နိုင်တယ်၊ ဒါကို ကြည့်ခြင်းအားဖြင့် နှစ်ယောက်သားက တကယ်ကို တယောက်ကို တယောက် ချစ်မြတ်နိုးကြတာပဲ။ ဒါ့အပြင် တုရှန်းအာမှာလည်း ကောလဟလတွေ အများကြီး ရှိနေပေမယ့် တုရှန်းအာက အပြစ်မဲ့တဲ့ သူတွေကို သတ်တယ်လို့တော့ ပြောသံမကြားဖူးဘူး။ ဒါ့ကြောင့် ဒီတုရှန်းအာကလည်း စိတ်သဘောထားကောင်းတဲ့ သူမျိုး ဖြစ်လိမ့်မယ်။ သူတို့နှစ်ယောက် အတူရှိနေခြင်းဟာ ပြီးပြည့်စုံတဲ့ စုံတွဲ တတွဲ ဖြစ်လိမ့်မယ်"
"ဝမ်ရယ်... အခုတော့ စိတ်အေးသွားပြီမလား? တုရှန်းအာရဲ့ အချစ်က ရပ်နားစရာနေရာ တွေ့ခဲ့ပြီ။ ဝမ်ဖေးကို ဘယ်လို ရှင်းပြဖို့ဆိုတာ ဝမ်ရယ်အတွက် စိုးရိမ်စရာ မလိုတော့ဘူးမလား?"
ဖုန်းချန် စိတ်လက်ပေါ့ပါးနေသည်ကို မြင်သော် နလန်ရှင်းက မနေနိုင်ပဲ စနောက်မိသည်။
"ဟားဟား"
ဖုန်းချန်က အဖြေပြန်မပေးချေ။ သူ့ရင်ထဲမှ ကျောက်တုံးကြီးသည် နောက်ဆုံးတော့ ပျောက်ကွယ်သွားသည်။ ကျေးဇူးရှင်မိုဇွင်က သူ့အား ကယ်တင်ခဲ့သည်၊ တုရှန်းအာ လိုအပ်ပါက မိုယုကို အကူအညီပေးရန် သူ ကတိပြုခဲ့သည်။ သို့သော်လည်း တုရှန်းအာ၏ ခံစားချက်များက နောက်ဆုံးတွင် မှီခိုအားထားစရာ တွေ့ရှိသွားပြီဖြစ်သောကြောင့် ဖုန်းချန်လည်း စိတ်သက်သာရာ ရသွားပြီး ဆရာမိုဇွင်အား ဖြေရှင်းချက် ပေးစရာ ရပြီဟု မှတ်ယူနိုင်သည်။
ယုံကျူးမြို့တွင် ရက်အနည်းငယ်ခန့် ထပ်နေပြီးနောက် မြို့တော်သို့ ပြန်ရန် ဖုန်းချန်က ဆုံးဖြတ်လိုက်သည်။
တုလုမှ ပြိုင်ပွဲဝင်များသည် သူတို့နေရပ်ကို ပြန်သွားကြပြီဖြစ်သည်။ နန်ဖုန်းလည်း ပြန်သွားသည်မှာ ကြာနေလှ၏။ ရှီးချီမှ ပြိုင်ပွဲဝင်များသာ ဒဏ်ရာရသူများ သို့တည်းမဟုတ် အတွင်းအားများ အသုံးပြုထား၍ အနားယူရန် လိုအပ်နေသူများ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ယုံကျူးမြို့တွင် နေနေကြသည်။ ဒီတခေါက်တွင် ဖုန်းချန်တို့မြို့တော်ကို ပြန်လျှင် လုံဇယ်ကျင့်ထျန်းက သူတို့နောက်ကို လိုက်ရန် ဆုံးဖြတ်ထားသည်။ မြို့တော်သို့ ပြန်ပြီး ဖုန်းချန်နှင့် မုရုံချီချီတို့၏ မင်္ဂလာပွဲကို ပါဝင်တက်ရောက်ရန် ဖြစ်၏။ ထို့နောက် ရှန့်ကွမ်းဝူကျိနှင့် အတူ ရှီးချီသို့ ပြန်မည် ဖြစ်သည်။
ဖုန်းချန်နှင့် မုရုံချီချီတို့သည် နှစ်သစ်ကူးကို ဖုန်းယွီစံအိမ်တွင် ဖြတ်သန်းခဲ့ကြသည်။ သူတို့က ဝမ်ရမ်ပေါင်ကျူးကို ခေါ်မသွားခဲ့ပေ။ ဖုန်းချန်က သူနဲ့ မုရုံချီချီတို့၏ စိတ်ကို လွှမ်းမိုးရန် စိတ်မဝင်စားသည့် သူတယောက်ကို မကြိုက်ပေ။ (ဒီနေရာမှာ Etrans က လွဲတာလား ဒါမှမဟုတ် အတုမို့ မခေါ်ချင်ဘူးလို့ ပြောတာလားပဲ) သူက တမင်ပဲ သူမကို ယုံကျူးမြို့တွင် ချန်ထားခဲ့သည်။
မူလကသာဆို ဒါက ဝမ်းနည်းစရာသတင်းပင် ဖြစ်သော်လည်း ဝမ်ရမ်ပေါင်ကျူးမှာ ပျော်မိသည်။ နေ့တိုင်း လုံဇယ်ကျင့်ထျန်းကို တွေ့ရန် ရှီးချီစတည်းချရာ နေရာကို သူမက အပြေးသွားလေသည်။ လုံဇယ်ကျင့်ထျန်းသည် ဒီပေကျိုးမင်းသမီးနှင့် ပတ်သက်ပြီး ခေါင်းမှန်း အမြီးမှန်း မသိခဲ့ပေ။ သို့သော်လည်း ဤနေရာသည် သူမပိုင်နက် ဖြစ်နေသောကြောင့် ငြင်းဆန်ခွင့် မရှိပေ။ သူသည် ထိုမင်းသမီးအား အေးစက်သည်လည်းမဟုတ် နွေးထွေးသည်လည်း မဟုတ် ဆက်ဆံသော်လည်း ထိုအရာက ဝမ်ရမ်ပေါင်ကျူးအား ထွက်ပြေးစေရန် မလုပ်နိုင်ပေ။ သူမသည် လုံဇယ်ကျင့်ထျန်းအား သာကြောင်းမာကြောင်း မေးရန် နေ့တိုင်းပေါ်လာလေ့ရှိသည်။
ယခု လုံဇယ်ကျင့်ထျန်းက ရန်မြို့တော်ကို လိုက်ပါချင်သည်ဟု ဆိုသောအခါ သူမသည် အပျော်ဆုံးလူသား ဖြစ်၏။ အရင်က သူမသည် လုံဇယ်ကျင့်ထျန်းဆီ သူမကို ကတိကဝတ်ပြုရန် ဝမ်ရမ်လဲ့အား မည်သို့ သိမ်းသွင်းရမည်ကို စိုးရိမ်နေခဲ့သည်။ အခုအခွင့်အရေးက သူ့ဘာသာ သူမဆီသို့ ပေးအပ်လာသည်။
ဝမ်ရမ်ပေါင်ကျူးက ပျော်ရွှင်နေသော်လည်း မုရုံချင်းလျန်မှာ မပျော်နိုင်ပါ။ သူမခန္ဓာကိုယ်မှ ဒဏ်ရာတွေ ပိတ်သွားပြီး ဆက်မနာကျင်ရသော်လည်း သူမနားတွင် ဝမ်ရမ်ပေါင်ကျူးလို ဆွဲဆောင်ဖျားယောင်းသည့်ပန်းတပွင့် ပေါ်လာခြင်းက စူမအား မပျော်မရွှင် ဖြစ်စေသည်။ သူမဘယ်ဘက်ခြေထောက်မှာ နာကျင်နေပြီး အနားယူရန် လိုအပ်နေသေးတာကြောင့် သူမသည် လုံဇယ်ကျင့်ထျန်းဘေးနားတွင် မနေရပဲ ဖျားယောင်းတတ်သည့် ပန်းတပွင့်လို ဝမ်ရမ်ပေါင်ကျူးအား လုံဇယ်ကျင့်ထျန်းဘေးနားတွင် နေရန် အခွင့်အရေးပေးမိသလို ဖြစ်နေသည်။ ထိုသည်မှာ မုရုံချင်းလျန်အတွက် သည်းမခံနိုင်ဆုံး အရာဖြစ်သည်။
ဝမ်ရန်ပေါင်ကျူးက မင်းသမီးတပါး ဖြစ်သောကြောင့် မုရုံချင်းလျန်အနေဖြင့် ဆန့်ကျင်ဘက်လုပ်လို့ မရနိုင်ပါ။ သို့သော်လည်း သူမနှလုံးသားထဲမှ မီးသည် မငြိမ်းသွားသေးပေ။ တခါတရံ သူမက ဝမ်ရမ်ပေါင်ကျူးအား ဒေါသဖြစ်အောင် စကားတချို့ ပြောတတ်သည်။ သို့သော် တခါပြီး တခါ မင်းသမီးဆိုသော ဂုဏ်ပုဒ်ဖြင့် သူမအား ဖိနှိပ်တတ်သည်။ သို့သော် အရင်တုန်းကလောက် လုံဇယ်ကျင့်ထျန်းက သူမအား မကာကွယ်ပေးတော့သောကြောင့် မုရုံချင်းလျန်မှာ မျက်ရည်အများအပြား လျှို့ဝှက်စွာ ဆုံးရှုံးနေရသည်။
တလမ်းလုံး မုရုံချင်းလျန်မှာ သူမ၏ နေ့ရက်များကို မှုန်မှုန်သုန်သုန်ဖြင့် ဖြတ်သန်းနေရသည်။ သူမသည် ဝမ်ရမ်ပေါင်ကျူးအား သတ်ပစ်နိုင်သည့် အခွင့်အရေးရရန် ဆုတောင်းမိသော်လည်း စိတ်ကူးမျှသာ ဖြစ်ပြီး အပြင်တွင် မလုပ်ဆောင်နိုင်ပေ။ မုရုံချင်းလျန်နှင့်မတူခြားနားစွာ ပိုင်ယီယွဲ့မှာ မုရုံချီချီ၏ ဂရုစိုက်မှုကို ရရှိလေသည်။ မူလက ကုန်ဆုံးခဲ့သော သူမစွမ်းအားများမှာ အချိန်တိုအတွင်း ပြန်လည်ရရှိနေလေသည်။
ထိုသတင်းကို သူမကြားသောအခါ မုရုံချင်းလျန်မှာ မုရုံချီချီအား ဆွေမျိုးဆယ့်ရှစ်ဆက်မှ ဘိုးဘေးများသို့တိုင် နှုတ်ဆက်စေချင်သည်။ သူမက မုရုံချီချီရဲ့ညီမလေးဖြစ်တာ သိသာနေရက်နဲ့ မုရုံချီချီက ညီမထက် သူစိမ်းကို ပိုပြီးကောင်းပြနေသေသည်။ အမှန်ပင် ခွေးမတကောင်ဖြစ်သည်။
ဆွေမျိုးဆက်ရှစ်ဆက်မှ ဘိုးဘေးများအား နှုတ်ဆက်စေလို=> ဘိုးဘေးများနှင့်ကိုင်၍ ဆဲရေးခြင်းတမျိုး (မြန်မာမှာ ဆိုလည်း မင်းအဘိုးနဲ့ သွားတွေ့ချည်လို့ ပြောပြီး သူမမွေးခင်ကတည်းက အဘိုးက သေနေတာမျိုး)
သို့သော်လည်း ထိုစကားများကို သူမအနေဖြင့် တွေးသာ တွေးနိုင်သည်။ လေးနိုင်ငံပြိုင်ပွဲတွင် မုရုံချီချီ၏ 'ဂရုစိုက်မှု' ခံယူရပြီးနောက် မုရုံချီချီကို မြင်တိုင်း မုရုံချင်းလျန်မှာ သူမခန္ဓာကိုယ်တခုလုံး တဆတ်ဆတ်တုန်လာသည်။
သူတို့ ရန်မြို့တော်သို့ ရောက်သောအခါ မီးပုံးပွဲတော်ပင် ပြီးဆုံးသွားပြီ။
မီးပုံးပွဲတော် သို့ နွေဦးမီးပုံးပွဲတော်သည် တရုတ်ပြက္ခဒိန်၏ ပထမလ ၁၅ရက်နေ့တွင် ကျင်းပသည်။
ပေကျိုးသည် လေးနိုင်ငံပြိုင်ပွဲတွင် ပထမနေရာကို ရရှိခဲ့သည်။ ထိုသတင်းသည် နှစ်သစ်ကူးကာလအတွင်း ပေကျိုးတမြို့လုံးရှိ လမ်းများပေါ်သို့ ပြန့်နှံ့သွားသည်။ ထိုအချိန်တွင် နိုင်ငံသားများသည် စိတ်အားထက်သန်နေပြီး မျိုးချစ်စိတ်ထက်သန်နေကြသည်။ သူတို့သည် အလွန်စိတ်လှုပ်ရှားနေကြပြီး နှစ်သစ်ကူးပြီးသွားသည်ပင် အရှိန်မလျော့ကြသေးပေ။
ဖုန်းချန်နှင့် မုရုံချီချီတို့ ဝမ်ဖူ(မင်းသားစံတော်) သို့ ရောက်သောအခါ ကျယ်လောင်သော လက်ခုပ်သံများကို ကြားလိုက်ရသည်။ ဖုန်းချီနှင့် ဖုန်းယွီက ဦးဆောင်ကာ အိမ်တော်မှ လူများနှင့်အတူ သူတို့၏ဝမ်ရယ်နှင့် ဝမ်ဖေးကို ကြိုဆိုကြခြင်းပင်။
"ဝမ်ရယ် မင်းကြီးက ဝမ်ရယ် ပြန်လာချိန်ကို စောင့်နေတာ"
မုရုံချီချီက ဖုန်းချန်ကို သိမ်မွေ့သည့် အပြုံးတပွင့် ပေးလိုက်သည်။ ဖုန်းချန်က ခေါင်းညိတ်ပြလိုက်ပြီး သူ့အား နန်းတော်သို့ ခေါ်ဆောင်ရန် ရောက်လာသူနောက် လိုက်ပါသွားသည်။
တော်ဝင်စာကြည့်ဆောင်ကို ဝင်ရောက်ပြီးနောက် ဖုန်းချန်က အရိုအသေပေးမလို့ ပြုစဉ် ဝမ်ရမ်လဲ့မှ တားမြစ်လိုက်သည်။ သူ့အား ထိုင်ခုံပေးလိုက်သည်။ ပေကျိုး၏ အနိုင်ရရှိမှုသည် ဒီဘုရင် ဝမ်ရမ်လဲ့အား များစွာ ပြုံးဖြစ်စေသည်။ သူသည် အလွန်ပျော်နေသည်။ နောက်ဆုံးတွင် ပထမနေရာသည် သူတို့လက်ထဲတွင် ရရှိစေခဲ့သည်။ ထိုသည်မှာ အလွန်ကြီးမြတ်သော ဂုဏ်သရေ ဖြစ်၏။
ဖုန်းချန်ပြောပြသည့် လေးနိုင်ငံပြိုင်ပွဲ အသေးစိတ်ကို နားထောင်ရင်း ဝမ်ရမ်လဲ့က ခေါင်းတညိတ်ညိတ်နှင့် တပြုံးပြုံး ဖြစ်နေသည်။
"ကျန်းမြင်ရတာတော့ ဒီကျောက်ယန်မင်းသမီးက မင်းဆီကို ကံကောင်းမှုတွေ ယူဆောင်လာတာပဲ! သူမ ရောက်လာကတည်းက အရာအားလုံးဟာ ချောချောမွေ့မွေ့ ဖြစ်လာတယ်။ ဒါကို ကြည့်ရတာ သူမဟာ ကံကောင်းစေတဲ့ ကြယ်ပွင့်လေး ဖြစ်လိမ့်မယ်"
ဝမ်ရယ်လဲ့က ဖုန်းချန်အား မြှောက်ပင့်လိုက်ပြီး ဖုန်းချန်က ပြုံးရုံသာ ပြုံးပြီး
"ဒါက ဦးရီးတော်ရဲ့ ကြီးမားတဲ့ ကောင်းချီးကြောင့်ပါ"
ထိုစကားက ဝမ်ရမ်လဲ့အား အလွန်အမင်း ပျော်ရွှင်စေသည်။ သူက သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး အဓိကအကြောင်းအရာဆီသို့ ဦးတည်လိုက်သည်။
"မင်းကို ကျန်း ဒီနေရာကို ဆင့်ခေါ်ရတဲ့ အကြောင်းက မင်းတို့ရဲ့ ရက်ကို သတ်မှတ်ပြီးပြီဆိုတာ မင်းကို ပြောပြမလို့ပဲ။ အဲ့ဒါက ပထမလရဲ့ ၂၈ရက်နေ့ပဲ။ အဲ့ဒီနေ့က အကောင်းဆုံးနေ့ပဲ"
ဝမ်ရမ်လဲ့က ထိုကိစ္စအတွက် သူ့ကို ဆင့်ခေါ်သည်ကို သိသောအခါ ဖုန်းချန်က ချက်ချင်းထရပ်ကာ ဝမ်ရမ်လဲ့အား အရိုအသေပေးလိုက်သည်။
"ဦးရီးတော်ကို တူတော် ကျေးဇူးတင်ပါတယ်။ ကျေးဇူးပါ ဦးရီးတော်"
ဖုန်းချန်ရဲ့ မျက်နှာအစိတ်အပိုင်းတွေက သူရဲ့ ပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားမှုကို အရှင်းသား ထုတ်ဖော်ပြသနေသည်။ ထိုသည်ကို မြင်သောအခါ ဝမ်ရမ်လဲ့မှာ ရယ်မောမိ၏။
"မင်း ဒါကို ကြိုက်မယ်ဆိုတာ ကျန်းသိတယ်။ ဒါ့ကြောင့်လည်း ကျန်းက မင်း မိန်းမလှလေးကို မကြာခင် ဆုပ်ကိုင်ထားနိုင်ဖို့ လူတွေကို ရက်ကောင်းရက်မြတ် ရှာခိုင်းထားရတာပဲ။ ဟား ဟား... မင်းကိုယ်မင်း ပြန်ကြည့်အုံး! ဒါက ပထမဆုံးအကြိမ် မင်းလက်ထပ်ရတာ မဟုတ်ဘူးလေ။ မင်းက အခုလို တကယ်ပဲပျော်ရွှင်နေတယ်။ ကြည့်ရတာ ကျောက်ယန်မင်းသမီးက မင်းအကြိုက်ပဲ ဖြစ်ရမယ်။ အာ ဟား ဟား ဟား! အရမ်းကောင်းတယ်! အရမ်းကောင်းတယ်"
"လာ နန်းတော်က အသစ်လုပ်ထားတဲ့ မုန့်အသစ်ကို စမ်းကြည့်! ဒါကို ဇီးမုန့်ကြွပ်လို့ ခေါ်တယ်။ မင်း သေချာပေါက် ကြိုက်လိမ့်မယ်"
ဝမ်ရမ်လဲ့က သူ့လူတွေကို လက်ဖက်ရည်နှင့် မုန့်များတည်ခင်းစေသည်။ သူတို့ လက်ဖက်ရည်နှင့် မုန့်များကို စားသောက်ကြစဉ် ဖုန်းချန်၏ မင်္ဂလာပွဲအကြောင်း ဆက်ပြောကြလေ၏။ ဖုန်းချန်မှာ ခေါင်းပဲ ထပ်ကာထပ်ကာ ညိတ်နေတော့သည်။
ဖုန်းချန် ထွက်ခွာသွားသောအခါ ဝမ်ရန်လဲ့၏ အပြုံးမှာ တဖြည်းဖြည်း မှေးမှိန်သွားသည်။ အဆုံးသတ်တွင် ကြောက်စရာပုံစံသို့ ပြောင်းလဲသွားသည်။
"ကျင်းတဲ့! စီစဉ်လိုက်! ကျန်း ဆောင်းဦးရှည်ကြာနန်းဆောင်ကို သွားမယ်"
ဆောင်းဦးရှည်ကြာနန်းဆောင်မှာ မိဖုရားခေါင် နေထိုင်သည့် နေရာ ဖြစ်၏။ သို့သော်လည်း ဝမ်ရမ်လဲ့၏ မိဖုရားခေါင်မှာ ထိုနန်းဆောင်တွင် မနေထိုင်ပေ။ ထိုအစား ထိုနေရာသည် ဝမ်ရမ်လဲ့အနှစ်သက်ဆုံးသော မိဖုရားငယ် နေထိုင်ရာ ဖြစ်သည်။ တွက်ချက်ကြည့်သောအခါ ထိုနေရာတွင် စုစုပေါင်း မိဖုရားငယ်၈ယောက် နေထိုင်ခဲ့သည်။ သို့သော် အားလုံးမှာ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားကြသည်။ ယခု ထိုနန်းဆောင်တွင် နေထိုင်သူမှာ ဝမ်ရမ်လဲ့ အနှစ်သက်ဆုံးသော မိဖုရားငယ် အသစ်ဖြစ်၏။ ပေကျိုး၏ ကိုးယောက်မြောက် ဟွမ်ကွေ့ဖေး ယွဲ့လန်ကျစ်ပင်...။
မင်းကြီး သူမအဆောင်သို့ ကြွလာမည်၊ သူမဘက်က ပြင်ဆင်ထားသင့်သည်ဟု ကြားသောအခါ သူမသည် တုန်ရီလာသည်။ သူမလက်ထဲက ဘီးပင် မြေပေါ် ပြုတ်ကျသွားသည်။