High Energy QR Code [ Myanmar...

By Inix_ss

115K 22.5K 842

Title - High Energy QR Code 高能二维码 Gāonéng èr wéi mǎ Author - Cyan Wings 青色羽翼 Genre - Survival, Fa... More

Intro
Chapter 1 _ QR code
Chapter 2 _ ကံကောင်းခြင်း
Chapter 3 _ မှန်တစ်ချပ်
Chapter 5 _ ဇာတ်သိမ်းဟု ခေါ်သည့်အရာ
Chapter 6 _ ကြီးမားသော မီးတောက်
Chapter 7 _ အဝတ်များ ဝယ်ခြင်း
Chapter 8 _ မှန်ထဲက ပုံပြင်
Chapter 9 _ မြို့ထဲသို့ ဝင်ရောက်ခြင်း
Chapter 10 _ ရွှေလက်ချောင်း
Chapter 11 _ အမျိုးသမီးဝတ်စုံ
Chapter 12 _ ပဋိပက္ခ
Chapter 13 _ ဓားရေးယှဉ်ခြင်း
Chapter 14 _ ထောင်ချောက်
Chapter 15 _ ညအချိန်၌ ချိန်းတွေ့ခြင်း
Chapter 16 _ ​ဖြားယောင်းသိမ်းသွင်းခြင်း
Chapter 17 _ မှော်ဝင်မှန်
Chapter 18 _ စည်းမျဉ်းများ
Chapter 19 _ ရှုပ်ထွေးပွေလီကမ္ဘာ စတင်ခြင်း
Chapter 20 _ အဆောင်
Chapter 21 _ လူဦးခေါင်း
Chapter 22 _ အပေးအယူ
Chapter 23 _ ပိုက်ဆံ၏ စွမ်းပကား
Chapter 24 _ စန္ဒရား
Chapter 25 _ ပူးပေါင်းသူ
Chapter 26 _ ရေမွှေး
Chapter 27 _ မှန်၏ စွမ်းရည်
Chapter 28 _ ယင်ကောင်
Chapter 29 _ နောက်ဆုံးသော လူ
Chapter 30 _ အခြေခံကျင့်ဝတ်
Chapter 31 _ သတင်းအချက်အလက်
Chapter 32 _ ကျန်းကျင့်ရို
Chapter 33 _ ပုံတူပန်းချီ
Chapter 34 _ သီခွမ့်
Chapter 35 _ ခင်မင်မှု
Chapter 36 _ ပြန်လည်ရေးဆွဲနိုင်သည့် ဘောပင်
Chapter 37 _ တာဝန်ကျရုံးခန်း
Chapter 38 _ အိပ်ရာထက်က စကားစမြည်
Chapter 39 _ ရှင်ယဲ့၏ အတိတ်
Chapter 40 _ နောက်ဆုံးအဆင့်
Chapter 41 _ သူငယ်ချင်းအား ရောင်းစားခြင်း
Chapter 42 _ အပေါ်ယံဇာတ်သိမ်း
Chapter 43 _ ကျန်းဖေးမင်
Chapter 44 _ တိုက်ပွဲမတိုင်မီ
Chapter 45 _ ပြင်းထန်သော တိုက်ပွဲ
Chapter 46 _ အဆုံးသတ်ရလဒ်
Chapter 47 _ ၇/၇
Chapter 48 _ နောက်ဆက်တွဲ
Chapter 49 _ အမှန်တရားကို ဆိုသော မြို့ခံအား ရှာဖွေခြင်း
Chapter 50 _ Neverland
Chapter 51 _ ရုပ်သေးမြို့တော်
Chapter 52 _ မီးခြစ်ဆံရုပ်သေးရုပ်
Chapter 53 _ ပကတိမျက်လုံး
Chapter 54 _ လက်လဲလှယ်ခြင်း
Chapter 55 _ တရားမဝင်မိုင်းတွင်း
Chapter 56 _ ကမ္ဘာဦးအစ ဒဏ္ဍာရီ
Chapter 57 _ ငြီးငွေ့မှု
Chapter 58 _ မြို့ပိုင်
Chapter 59 _ ပရိုဂျက်တာ
Chapter 60 _ အိတ်ဆောင်နာရီ
Chapter 61 _ ပြန်လည်မွေးဖွားသော ကစားသူ
Chapter 62 _ ပျောက်ဆုံးသွားသော မျက်ရည်စများ
Chapter 63 _ သားကလေး
Chapter 64 _ နံပါတ် S
Chapter 65 _ ခဲခယ့်
Chapter 66 _ ရုပ်သေးရုပ်လေး
Chapter 67 _အမှန်တရားကို ဆိုသော ရုပ်သေးရုပ်
Chapter 68 _ အတတ်နိုင်ဆုံး ကူညီခြင်း
Chapter 69 _ မှန်၏ အဆိုပြုချက်
Chapter 70 _ ရုပ်သေးပြဇာတ်
Chapter 71 _ လောင်းကစားသမား၏ သရုပ်ဆောင်စွမ်းရည်
Chapter 72 _ မြစ်ကမ်းပါးတိုက်ပွဲ
Chapter 73 _ ငန်းသွင်သလင်းကျောက်
Chapter 74 _ စိတ်မချမ်းမြေ့သော မှန်
Chapter 75 _ ဗဟိုချက်ထိန်းချုပ်စက်
Chapter 76 _ ရင်းနှီးမှုအမှတ်
Chapter 77 _ ရုပ်သေးမြို့တော်အတွက် ကောင်းချီးဩဘာ (Part 1)
Chapter 77 _ ရုပ်သေးမြို့တော်အတွက် ကောင်းခ‌ျီးဩဘာ (Part 2)

Chapter 4 _ အစေခံ

1.9K 442 50
By Inix_ss


(Unicode)

ရှင်ယဲ့ မှန်ကို အပြင်သို့ သယ်သွားလိုက်ပြီးနောက် ခြံဝန်းထဲတွင်ထားကာ ပြန်ထွက်သွားလိုက်သည်။ ခဏအကြာမှာတော့ လက်သီးဆုပ် အရွယ်အစားလောက်ရှိသည့် ကျောက်တုံးတစ်တုံးကို ယူလာလေသည်။ ထို့နောက် သူ့၏ ဘယ်လက်ဖြင့် မှန်လက်ကိုင်ကို ကိုင်ကာ ညာလက်ဖြင့် ကျောက်တုံးကို ကိုင်ပြီး ပြောလိုက်သည်။

“ဘုရင်မက ဘယ်သူ့ကိုမှ မှန်ကို ခိုးဝှက်ခွင့် မပြုဘူး။ ဒီမှန်က ရွာအတွက် အန္တရာယ်ဆိုးတွေကို သယ်ဆောင်လာလိမ့်မယ်။ အဲ့ဒါကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲသွားအောင် ခွဲပစ်ရမယ်”

လရောင်အောက်တွင် ရှိနေသည့် မှန်မှာ ကိုယ်ကို ပြင်းပြင်းထန်ထန် ခါရမ်းလိုက်လေသည်။ ထို့နောက် စာလုံးနှစ်လုံးက မှန်ပေါ်တွင် ပေါ်လာခဲ့သည်: “သာမန်”

ရှင်ယဲ့ မျက်ခုံးများကို ပင့်ကြည့်ကာ ပြောလိုက်၏။

“ကြည့်ရတာ ဒီမှန်က အသိစိတ်ရှိနေတဲ့ပုံပဲ။ အဲ့လိုဆို မကောင်းဆိုးဝါးတစ်ကောင် ဝင်နေတာဖြစ်ရမယ်။ မှန်ကိုခွဲပြီးရင် မီးနဲ့ပါ ရှို့ပစ်ရတော့မှာပဲ”

မှန်ပေါ်ရှိ စာလုံးများမှာ ချက်ချင်းပင် စာလုံးကြီးဖြင့် တောက်ပ၊ ထင်ရှားစွာ ရေးသားထားသော “လှတယ်” ဆိုသည့် စာလုံးအဖြစ်သို့ ပြောင်းလဲသွားသည်။

ရှင်ယဲ့မှာ မလှုပ်မရှားပင် ရပ်နေသည်။ ထို့နောက် မျက်တောင်တစ်ချက်မခတ်ဘဲ ကျောက်တုံးကို အောက်သို့ချလာသည်။ ကျောက်တုံးမှာ မှန်နှင့် ထိခါနီးနီး အချိန်လေးတွင် စာလုံးများမှာ တဖန်ပြောင်းလဲသွားလေသည်။ ဒီတစ်ခါမှာတော့ “ချောမောခန့်ညားတယ်” ဆို့သည့် စာလုံးကို အရောင်စုံလင်စွာဖြင့် လှပစွာ ရေးသားထားလေသည်။

“အိုး?” ရှင်ယဲ့ ကျောက်တုံးကို ချလိုက်သည်။

“မင်းက ငါ့ရဲ့ သရုပ်မှန်ကို သိတာလား?”

မှန်ပေါ်ရှိ စာလုံးများမှာ ပျောက်ကွယ်သွားတော့သည်။ ပုံမှန် မှန်တစ်ချပ်ကဲ့သို့ပင် လှပသည့် လရောင်မှာ မှန်ပေါ်တွင် ထင်ဟပ်နေလေသည်။

“တကယ်လို့ ဒီအတိုင်း mission itemသာဆိုရင် ကစားသူတွေရဲ့ သရုပ်မှန်ကို သိစရာအကြောင်းမရှိဘူး။ အသိစိတ်ရှိတဲ့ mission NPC သာဆိုရင်လည်း၊ မင်း ကလယ်ရာကို ယောကျ်ားလေးဖြစ်မှန်း သိသွားတုန်းက၊ ငါ ဂိမ်းကို ရှုံးသွားတယ်ဆိုတဲ့ သတိပေးချက်ပေါ်လာမှာပဲ”

ရှင်ယဲ့ ကျောက်တုံးကို အပေါ်အောက်မြှောက်၍ ဆော့ကစားကာ ပြောနေလေသည်။

“အဲ့ဒါဆို မင်းက ဘာလဲ?”

မှန်မှာ တုံ့ပြန်မှု မရှိချေ။ ရှင်ယဲ့က ကျောက်တုံးကို မှန်ပေါ်သို့ ပစ်ချလိုက်မည် ဆိုရင်တောင် ဘာတစ်ခုမှ ပြောမည့်ပုံ မပေါ်ပေ။ မှန်ပေါ် ထင်ဟပ်နေသောလရောင်က တဖြည်းဖြည်း မည်းမှောင်လို့လာကာ ရဲရင်စွာဖြင့် အနစ်အနာခံတော့မည့် မှန်တစ်ချပ်သဏ္ဌာန်ဖြစ်လို့နေလေသည်။

“မပြောချင်ရင်လည်း မပြောနဲ့တော့”

ရှင်ယဲ့ ကျောက်တုံးကို မြေကြီးပေါ်တွင် ချထားလိုက်တော့သည်။

“အခုအချိန်မှာ မင်းမရှိဘဲနဲ့ ဇာတ်လမ်းဆက်လို့မရဘူး။ မှန်ကကွဲသွားပြီး ဇာတ်သိမ်းအသစ်ဖြစ်အောင် လုပ်နိုင်တယ်ဆိုရင်တောင်မှ ဖြစ်နိုင်ချေက သိပ်မရှိဘူး။ အဲ့ဒီတော့ မင်းကို ယာယီအဖြစ် လက်ခံထားလိုက်မယ်”

မှန်ပေါ်ရှိ လရောင်မှာ ပိုပြီး လင်းလက်လာလေသည်။

ရှင်ယဲ့ မှန်ကို သစ်သားအိမ်ထဲသို့ ယူသွားလိုက်သည့် အချိန်တွင် နောက်ခံဇာတ်ကြောင်းပြောသံက ပေါ်ထွက်လာခဲ့သည်။

“ကလယ်ရာကလည်း မှန်ကို အလွန်နှစ်သက်သဘောကျလေတယ်။ သူ ကြောက်ရွံ့နေရင်တောင်မှ မှန်ကို တင်းတင်းကြပ်ကြပ်ဖက်ထားပြီး၊ ခေါင်းအုံးဘေးမှာ ထားထားလေ့ရှိတယ်။ မှန်ရဲ့ စောင့်ရှောက်မှု အောက်မှာ သူဟာ အိပ်မက်လှလှလေးကို မက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ခဲ့တယ်”

ရှင်ယဲ့: “......”

နောက်ခံဇာတ်ကြောင်းပြောခြင်းမှာ ပြီးသွားလေသည်။

ခေါင်းအုံးမရှိသည့် ကလယ်ရာမှာ မှန်ကို ကောက်ရိုးတွေနဲ့ ပတ်ပြီး ခေါင်းအုံးအဖြစ် တစ်ညလုံး အသုံးပြုကာ အိပ်လိုက်လေသည်။

နောက်နေ့မနက်တွင် ရှင်ယဲ့ တစ်ဝက်ကျန်သည့် ပေါင်မုန့်ညိုကို တစ်စစီကိုက်ကာ စားပြီး ကုတင်ပေါ်တွင်ထိုင်ကာ သူ့ စားရေးသောက်ရေးအတွက် ဒီနေ့ ငါးနှစ်ကောင်လောက် ဖမ်းရင်ကောင်းမလား စဉ်းစားနေလေသည်။ ရုတ်တရက် ဖလီကာ၏ အမောတကော အသံက တံခါးအပြင်ဘက်မှ ထွက်ပေါ်လာလေ၏။

“ကလယ်ရာ၊ မကောင်းတဲ့ ကိစ္စတစ်ခုခုတော့ဖြစ်နေပြီ!”

ရှင်ယဲ့ တံခါးကို ဖွင့်ပေးလိုက်သည့် အချိန်တွင်၊ ဖလီကာ သစ်သားအိမ်ထဲကို ပြေးဝင်လာခဲ့သည်။ မျက်နှာတစ်ခုလုံးမှာလည်း ချွေးတွေရွှဲလို့နေသည်။ ထို့နောက် သူ တံခါးကို လော့ခ်ချလိုက်ကာ စိတ်လှုပ်ရှားစွာ ပြောလာသည်။

“မြို့စားမင်း လူကာက သူ့ ပိုင်နက်နယ်မြေထဲမှာရှိတဲ့ ရွာတွေထဲက လက်မထပ်ရသေးတဲ့ မိန်းကလေးတစ်ယောက်ကို အစေခံအဖြစ်ရွေးလိမ့်မယ်!”

ရှင်ယဲ့ကတော့ မလှုပ်မရှားပင် ရပ်နေလေသည်။ အစေခံတစ်ယောက် ‌ရွေးမည့် ကိစ္စက သူနဲ့ ဘာဆိုင်လို့လဲ?

ဖလီကာမှာ ရှင်ယဲ့မျက်နှာကို မြင်လိုက်သောအခါ ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားလေသည်။

“ကလယ်ရာ၊ နင့်ရဲ့  မျက်နှာက…..”

သူမ တော်တော်လေး ထိတ်လန့်သွားပုံပေါ်သည်။ ရှင်ယဲ့ ဘာမှပြန်မဖြေဘဲ သူ့မျက်နှာကိုသာ ကိုင်ကြည့်လိုက်သည်။

“နင် အရမ်းလှတာပဲ….” ဖလီယာ ခဏလောက် မိန်းမောစွာ ငေးကြည့်လိုက်ပြီးနောက် ပြန်သတိဝင်လာပြီး ရှင်ယဲ့လက်ကို ကိုင်လိုက်ကာ ပြောလေသည်။

“ငါ အခုတော့ ငါ့မိဘတွေ ဘာလို့ နင့်မျက်နှာကို သစ်ပေးဖို့ ခွင့်မပြုခဲ့လဲဆိုတာ နားလည်သွားခဲ့ပြီ။ နင်က တကယ်ပဲ အရမ်းလှနေတာကြောင့်ကို။ ငါ နင့်ကို မြို့စားမင်း လူကာလက်ထဲ လုံးဝ အပါမခံနိုင်ဘူး။ သူ အစေခံတွေ အများကြီးကို သေအောင် နှိပ်စက်ခဲ့ပြီးပြီ။ သူနင့်ကို မြင်ရင် သေချာပေါက်….”

ထိုသို့ပြောပြီးနောက် ဖလီကာ အခန်းထဲကနေ အလောတကြီး ထွက်သွားပြီး စက္ကန့်အနည်းလောက် အကြာတွင် လက်ထဲမှာ ရွှံ့အပြည့်ဖြင့် ပြန်လာလေသည်။

“ကလယ်ရာ၊ ခဏလောက် သည်းခံပေး!”

ဖလီကာက သူ့မျက်နှာကို ရွှံ့တွေနဲ့ သုတ်မလို့ ကြိုးစားနေတာကို မြင်တော့ ရှင်ယဲ့ ဖလီကာ လက်ကိုဆွဲကာ အမြန်တားလိုက်လေသည်။

“သူတို့က ဒီရွာထဲက အစေခံ ဘယ်နှစ်ယောက်လောက်ကို ရွေးချင်တာလဲ?”

“တစ်‌ယောက်ပဲ” ဖလီကာမှာ ရှင်ယဲ့၏ ခွန်အားကောင်းကောင်းဖြင့် ဟန့်တားခြင်း ခံလိုက်ရသောကြောင့် ခဏတွေဝေသွားပြီးနောက်မှသာ ပြန်ဖြေနိုင်လေ၏။

“မြို့စားမင်း လူကာရဲ့ ပိုင်နက်က ရွာနှစ်ဆယ်လောက်ရှိတယ်။ ကလေးတွေမွေးပေးဖို့ မိန်းကလေးတွေလည်း လိုသေးတာဆိုတော့၊ သူ့ရဲ့ ကိုယ်ရံတော်ရဲမက်တွေက လက်မထပ်ရသေးတဲ့ မိန်းကလေးတွေ အကုန်လုံးကိုတော့ ခေါ်မသွားဘူး”

လယ်သမားတွေ အကုန်လုံးက ဒီမြေပေါ်မှာပဲ အကျဉ်းချခံထားရတာလား? ထိုသို့ဆိုလျှင် ဒီကာလမှာ အလယ်ခေတ်က မြေကျွန်ပြုသည့် အချိန်ကာလဖြစ်နိုင်သည်။ ရွာသားတွေမှာတော့ ယခုအချိန်အထိ လွတ်လပ်မှုအချို့  ရှိနေသေးပြီး၊ မင်းမျိုးမင်းနွယ်များ၏ ကျွန်ပြုခြင်းကို မခံရသေးချေ။ မိန်းကလေးများကို ကျွန်အဖြစ်ရောင်းစားခြင်းကတောင် တော်သေးသည်ဟု ဆိုနိုင်သည့် အချိန်ကာလဖြစ်လေသည်။

ဒီခေတ်၏ နောက်ခံဇာတ်လမ်းအရ၊ သူ ဒီရွာမှာပဲ ပိတ်မိနေမယ်ဆိုလျှင် ဇာတ်လမ်း၏ အဓိက အရေးအကြီးဆုံး ဇာတ်ကောင်၊ ဘုရင်မနှင့် ဘယ်လိုမှ တွေ့နိုင်စရာအကြောင်းမရှိပေ။ မြို့စားမင်း လူကာက သူ့အတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်သည်။

ဖလီကာ ပြောသည့် စကားအရ သူ၏ ယခု ပုံပန်းသွင်ပြင်မှာ အလွန်လှပနေလေသည်။ မြို့စားမင်း၏ လူများကသာ သူ့ကို ရှာတွေ့လျှင် သေချာပေါက် အစေခံအဖြစ် ရွေးချယ်မှာ ဖြစ်သည်။

ရှင်ယဲ့ ကလယ်ရာ၏ ဇာတ်ကောင်အနေအထားကို ပြန်လည် တွေးတောလိုက်လေသည်။ ထို့နောက် သူ၏ လက်ကို ဖလီကာ ခေါင်းပေါ်ကို တင်လိုက်ကာ သူ့ညီလေးနှင့် စကားပြောချိန်တုန်းက အသံနှုန်းအား ပြန်လည်စဉ်းစားပြီး အသံကို တတ်နိုင်သလောက် နူးညံ့ညင်သာစွာ ပြောလိုက်သည်။

“အကယ်၍ ငါ မဟုတ်ရင်တောင်၊ တခြား မိန်းကလေးတစ်ယောက်က သွားရမှာပဲ။ ငါတို့ အားလုံးက သူငယ်ချင်းတွေပဲလေ။ ဖလီကာလိုမျိုး မိန်းကလေးတစ်ယောက်က ခေါ်သွားခံရတာကို ဘယ်လိုလုပ်ပြီး ဒီအတိုင်းကြည့်နေနိုင်မှာလဲ? နင်သာပါသွားရင် နင့်မိဘတွေ ယူကြုံးမရဖြစ်မှာပဲ။ ဒါပေမဲ့ ငါကမတူဘူးလေ။ ငါ့အတွက် ဝမ်းနည်းပေးမယ့် မိသားစုလည်းမရှိဘူး၊ တစ်ယောက်တည်းပဲ။ ငါ သွားလိုက်တာက အကောင်းဆုံးပါ”

ရှင်ယဲ့မှာ ထိုသို့ ပြောလေပြောထမရှိသောကြောင့် အထစ်ထစ်အအအဖြစ်နေကာ တော်တော်လေး ကျွမ်းကျွမ်းကျင်ကျင် မပြောနိုင်ခဲ့ချေ။ သို့သော် ကံကောင်းသည်က ဖလီကာမှာ စိတ်လှုပ်ရှားနေကာ ကလယ်ရာ၏ ဇာတ်ကောင်ကလည်း စိတ်ထားကောင်းပြီး အနစ်အနာခံတတ်သည့် မိန်းကလေးဖြစ်နေတာကြောင့် ဖလီကာမှာ သူ့ကို သံသဃမဝင်ခဲ့ချေ။

“ဒါ.. ဒါပေမဲ့...ဟင့်…” ဖလီကာ စကားတစ်လုံးနှစ်လုံးလောက် ပြောအပြီးတွင် မခံစားနိုင်တော့ဘဲ ငိုချပြီး ပြေးထွက်သွားလေသည်။

ရှင်ယဲ့: “.......”

သူက ဘာကိစ္စ ထွက်ပြေးသွားရတာတုန်း? သူ့အား မြို့စားမင်း၏ အကျင့်စရိုက်၊ မိသားစု နောက်ခံ၊ လူမှု အသိုင်းအဝိုင်း စသည့် အချက်အလက်များကို ပြောပေးသွားသင့်လေသည်။

နောက်ခံဇာတ်ကြောင်းပြောသူ၏ အသံမှာ ရုတ်တရက် ပေါ်ထွက်လာသည်:

“ရွာထဲမှာရှိတဲ့ မိန်းကလေးတွေ အန္တရာယ်နဲ့ ရင်ဆိုင်ရတော့မယ့် အချိန်မှာ၊ ကလယ်ရာဟာ ရဲရင့်စွာနဲ့ ရှေ့ထွက်လာခဲ့တယ်။ သူ့ရဲ့ ရဲရင့်မှုနဲ့ အလှတရားက ဖလီကာကို ရှက်ရွံ့သလို ခံစားသွားရစေတာကြောင့် သူ အခန်းထဲက ပြေးထွက်သွားခဲ့တယ်။ သစ်သားအိမ်ထဲမှာ တစ်ယောက်တည်း ကျန်နေခဲ့တဲ့ ကလယ်ရာဟာ အရမ်း စိတ်လှုပ်ရှားနေခဲ့တယ်။ သူ မနေနိုင်တော့ဘဲ ခေါင်းအုံးအောက်မှာ ဝှက်ထားတဲ့ မှန်ကိုထုတ်ပြီး ယူကြည့်လိုက်တယ်။ ပြီးတော့ မှန်ကိုကြည့်ပြီး ပြောလိုက်လေတယ်။ “ ကလယ်ရာ၊ နင် သန်မာရမယ်!”

ရှင်ယဲ့: “......”

ထားလိုက်တော့။ ထို ဆိုးဆိုးရွားရွား နောက်ခံဇာတ်ကြောင်းပြောသံကြီးကို လျစ်လျူရှုလိုက်တော့မည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ အရေးကြီးသည့် ဇာတ်ဝင်ပစ္စည်း မှန်ကို ယူဆောင်သွားရမည်ဖြစ်သည်။ အခွင့်အ‌ရေးရသလို မှန်ကို သူ့ကိုယ်ထဲတွင် မမြင်အောင် ဝှက်ထားရပေမည်။

သူ ကောက်ရိုးပုံထဲက မှန်ကို ထုတ်လိုက်သည်။ ထို့နောက် မှန်လက်ကိုင်ကို ကိုင်လိုက်သည့် အချိန်တွင် အနည်းငယ် သံသဃဝင်လာခဲ့သည်။ ဖလီကာက ကလယ်ရာနဲ့ မိန်းကလေးချင်းအတူတူကိုတောင် သူ့မျက်နှာကို မြင်ပြီး မိန်းမောသွားခဲ့လေသည်။ သူဟာ အဲ့လောက်တောင် ချောမောလှပသည်လား? မနေ့က လရောင်အောက်တွင် ကြည့်လိုက်တုန်းက အဲ့လောက်ထိ လှသည်ဟု မထင်ခဲ့ချေ။ သူ၏ နဂို ရုပ်ရည်နှင့် အနည်းငယ်သာ ဆင်လေသည်။

ယခုလို နေသာပြီး လင်းထိန်နေသည့် အချိန်တွင် ရှင်ယဲ့ သူ့မျက်နှာကို နောက်တစ်ခေါက် ထပ်ကြည့်ဖို့ လုပ်လိုက်သည်။ သို့သော် မှန်မှာ သူ့မျက်နှာကို ပြပေးရမည့်အစား၊ “ငါ ဒီ ရုပ်ဆိုးဆိုးမျက်နှာကို ပြပေးဖို့ ငြင်းပယ်တယ်” လို့ ရေးထားမည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။

ထိုမှန်မှာ ခွဲပစ်ဖို့သာ ကောင်းလေသည်။ မြို့စားမင်း၏ စံအိမ်မှာ အလွန်အန္တရာယ်များသည်။ ထို့အပြင် အစေခံတစ်ယောက်အတွက် ကိုယ်ပိုင်အခန်းရှိဖို့ ဆိုသည်မှာ မဖြစ်နိုင်ပေ။ မှန်ကို ဖွက်ထားဖို့မှာလည်း လုံးဝ မဖြစ်နိုင်သလောက်ပင်။ သိမ်းထားရန်အတွက် တော်တော်လေး စွန့်စားရမည့် ကိစ္စဖြစ်သည်။

ရှင်ယဲ့ မှန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ မှန်ကို ခြေထောက်ဖြင့်တက်နင်းပြီး ခွဲပစ်ဖို့ စဉ်းစားလိုက်သည့် အချိန်တွင် တံခါးခေါက်သံ တစ်သံက ထွက်ပေါ်လာခဲ့သည်။ သူ အလျင်အမြန်ပင် မှန်ကို ကိုင်ပြီး သူ့ရင်ဘတ်ထဲသို့ ထည့်ကာ ဖွက်ထားလိုက်သည်။

မှန်မှာ Systemက ပေးထားသည့် အသားပိုနှစ်ခု၏ အလယ်ကြားတွင် ညှပ်လျက်ရှိနေသည်။ နောက်ဆုံးတော့ ထိုအရာများမှာ အသုံးဝင်သွားခဲ့လေပြီ။

ရှင်ယဲ့: “.....”

သူ တံခါးကို ဖွင့်လိုက်ရာ လျှော်ကြမ်းအင်္ကျီကို ဝတ်ဆင်ထားသော သတ်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က အိမ်ထဲသို့ ဝင်လာခဲ့လေသည်။ ထို့နောက် ရှင်ယဲ့ကို ပြောလိုက်၏။

“ကလယ်ရာ၊ မြို့စားမင်းရဲ့ လူတွေက ရွာထဲက မိန်းကလေးတွေ အကုန်လုံးကို ရင်ပြင်မှာ လူစုဖို့ ပြောထားတယ်။ အဲ့တာ မင်းလည်း သွားရမယ်”

“ကောင်းပြီလေ” ရှင်ယဲ့ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ၏ ရှည်လျားသွယ်လျသော ခြေထောက်နှစ်ချောင်းက သူရဲကောင်းဆန်စွာဖြင့် သစ်သားအိမ်အပြင်ဘက်သို့ လှမ်းလိုက်လေသည်။

ရွာသူကြီး ဖြစ်ဟန်တူသည့် သက်လတ်ပိုင်းအရွယ်လူကြီးမှာ သူ့နောက်မှ အမောတကောဖြင့် အော်ခေါ်ရလေသည်။

“ကလယ်ရာ၊ ဖြည်းဖြည်းသွားပါ။ ငါမလိုက်နိုင်ဘူး!”

ပုံမှန်ဆို ရှင်ယဲ့မှာ အလုပ်အလွန်များပြီး အမြဲတမ်း လျင်လျင်မြန်မြန် အလုပ်‌လုပ်နေရသည့် ဘဝမှာနေရတာကြောင့် လမ်းလျှောက်သည်မှာ လေလိုမြန်ဆန်လေသည်။ ခြေထောက်များမှာလည်း ရှည်လေတော့ သူ၏ လမ်းလျှောက်သည့်နှုန်းကို တော်ရုံလူများမှာ ပြေးပြီးသာ လိုက်နိုင်လေသည်။

သူ အခု မိန်းကလေးတစ်ယောက် ဖြစ်နေတာကို မေ့သွားခဲ့လေသည်။ သေချာပေါက် သတိရရမည်!

ကလယ်ရာ/ ရှင်ယဲ့ ရပ်လိုက်ပြီးနောက် ရွာသူကြီးနှင့် အခုအချိန်အထိ ငိုနေသေးသည့် ဖလီကာကို စောင့်လိုက်သည်။ ထို့နောက် သည်းခံပြီး သူတို့နှင့် အတူတူ ရွာရင်ပြင်သို့ ဖြည်းဖြည်းသာ လိုက်သွားလေသည်။

ရွာရင်ပြင်သို့ ရောက်သည့်အချိန်တွင်၊ ဘာလို့ မြို့စားမင်းက လူတစ်ယောက်ကိုသာ အစေခံအဖြစ်‌ရွေးချယ်လဲ ဆိုတာကို ရှင်ယဲ့ နားလည်သွားခဲ့သည်။ ရွာ၏ လူဦးရေမှာ အလွန်ကို နည်းသောကြောင့် ဖြစ်လေသည်။ တစ်ရွာလုံးမှ လူအယောက်တစ်ရာထက် မပိုပေ။ လက်မထပ်ရသေးသည့် မိန်းကလေးအရေအတွက်မှာလည်း ၁၅ယောက်သာရှိသည်။ နှစ်ယောက်ထက်ပိုပြီး ရွေးခဲ့လျှင် ဒီရွာမှာ မျိုးဆက်ပြတ်ပြီး ပျောက်ကွယ်သွားမှာဖြစ်သည်။

သူ့ရဲ့ ရင်ဘတ်ကြားထဲတွင် ဝှက်ထားသော မှန်ကြောင့် ရင်ဘတ်မှာ အနည်းငယ် နာကျင်နေလေသည်။ သို့သော် ကံကောင်းစွာဖြင့် ဒီခေတ်က အလုပ်လုပ်တဲ့ အမျိုးသမီးတွေ အားလုံးမှာ ရင်အုံပေါ်တွင် အေပရွန်လို အဝတ်မျိုးကိုခံပြီး ဝတ်ကြလေသည်။ မှန်၏ အစွန်းထွက်နေသည့် အပိုင်းကို ထိုအဝတ်က ကာပေးထားသောကြောင့် ရှင်ယဲ့ ထိုမသက်မသာဖြစ်မှုကို အနည်းငယ် ခံနိုင်ရည်ရှိသွားလေသည်။

မြို့စားမင်းက သူ့လူသုံးယောက်ကို လွှတ်လိုက်လေသည်။ တော်ဝင် ရဲမက်နှစ်ယောက်နှင့် အသက်ကြီးကြီး အစေခံတစ်ယောက်တို့ဖြစ်သည်။ မိန်းကလေးတွေ အကုန်လုံး ရင်ပြင်သို့ ရောက်သည့် အခါတွင် စတင်ရွေးချယ်ခြင်းကို ပြုကြလေ၏။

သူများတွေထက် ခေါင်းတစ်လုံးပိုရှည်နေသည့် ရှင်ယဲ့မှာ လူအုပ်ကြားထဲတွင် ထင်းထွက်နေလေသည်။ ထို့ကြောင့် ချက်ချင်းဆိုသလို ရဲမက်များ၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။

“အရမ်းလှတာပဲ!” တော်ဝင် ရဲမက်တစ်ယောက်က အံ့အားသင့်စွာ ပြောလိုက်လေသည်။

“ဒီလို ချွတ်ချုံကျနေတဲ့ ရွာတစ်ရွာမှာ ဒီလိုမျိုး လှပတဲ့ မိန်းကလေးတစ်ယောက် ရှိနေမယ်လို့ မထင်ထားခဲ့ဘူး။ မြို့စားမင်းကတော့ သူ့ကို သေချာပေါက် ကြိုက်မှာပဲ”

အသက်ကြီးကြီး အစေခံအမျိုးသမီးမှာလည်း အလွန်ကျေနပ်သွားခဲ့သည်။

“သူနဲ့သာဆို ကျန်တဲ့ အစေခံတွေ ပိုပြီး အသက်ရှည်ရှည် နေနိုင်မှာပဲ”

ရှင်ယဲ့: “.....”

တွေဝေမှု ကင်းမဲ့စွာဖြင့် သူတို့သုံးယောက်မှာ ကျန်တဲ့ မိန်းကလေးတွေကိုတောင် မကြည့်တော့ချေ။ ကလယ်ရာ/ ရှင်ယဲ့ ကို ခေါ်သွားပြီး သူ၏ မိသားစုအတွက်ပိုက်ဆံပေးခဲ့မည့် အကြောင်းကိုသာ ရွာသူကြီးဆီ တိုက်ရိုက်ပြောလိုက်လေသည်။ အကယ်၍ သူသေသွားခဲ့ရင်တောင် အပေးအကမ်း ရက်ရောတဲ့ မြို့စားမင်းက ကလယ်ရာမိသားစုအတွက် လျော်ကြေးပေးမည် ဖြစ်ကြောင်းကိုပါ ပြောလေသည်။

“သူ့မှာ မိသားစု မရှိဘူး” ရွာသူကြီးမှာ မနေနိုင်ဘဲ ရှင်ယဲ့ကို ကြည့်လိုက်မိသည်။

“အဲ့ဒါဆို သူ့အတွက်သူ သိမ်းထားပါစေပေါ့” အစေခံအမျိုးသမီးကြီးက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

“မသေခင် ပိုက်ဆံသုံးရတော့ ကောင်းတာပေါ့။ မြို့စားမင်းရဲ့ စံအိမ်မှာတောင်မှ ပိုက်ဆံက အသုံးဝင်သေးတာပဲ”

သူ ကြေးဒင်္ဂါး ဆယ်ပြားကို ရှင်ယဲ့လက်ထဲသို့ ထည့်ပေးလိုက်သည်။ ရှင်ယဲ့ ပုံမှန်အတိုင်းပဲ စျေးပေါသည့် “ရောင်းစားခံရငွေ” ကို သူ့အိပ်ကပ်ထဲသို့ ထည့်လိုက်သည်။

မြို့စားမင်းစံအိမ်က လူတွေက သူ့အား သူငယ်ချင်းတွေကို နှုတ်ဆက်ခွင့်တောင် မပေးချေ။ ရှင်ယဲ့မှာ ယူသွားစရာ အထုပ်အပိုးများလည်း မရှိတော့ သူတို့နောက်ကိုသာ ဒီအတိုင်း လိုက်သွားလိုက်ရသည်။

သူတို့၏ ရွာမှာ နောက်ဆုံးကျန်သည့် ရွာဖြစ်သည်။ ထို့ကြောင့် ရွာအပြင်ဘက်တွင် နောက်ထပ် မိန်းကလေး ၁၉ယောက် စောင့်လျက်ရှိနေလေသည်။ တော်ဝင် ရဲမက်နှစ်ယောက်မှာ မြင်းကို စီးသွားပြီး အစေခံအမျိုးသမီးကြီးကတော့ မိန်းကလေး အယောက်နှစ်ဆယ်ကို ခေါ်ကာ နောက်က လိုက်လာခဲ့သည်။

ရှင်ယဲ့မှာ အားအင်အပြည့်ရှိနေပြီး မြင်းနောက်ကို အကြာကြီး လိုက်ရတာကိုတောင် ပင်ပန်းတယ်လို့ မခံစားရချေ။ တခြားမိန်းကလေးများကတော့ တော်တော်အခြေအနေဆိုးဝါးလေသည်။ တစ်ယောက်နဲ့ တစ်ယောက် ဆွဲထူရင်း မြင်းနောက်ကို လိုက်နိုင်အောင် မနည်းကြိုးစားနေရသည်။ တော်ဝင်ရဲမက်တွေကိုလည်း အနားပေးဖို့လည်း မပြောရဲချေ။

အစေခံအမျိုးသမီးကြီးမှာတော့ ပင်ပန်းသည့်ပုံ မပေါ်ချေ။ သူ၏ ကျောမှာ ဖြောင့်တန်းနေပြီး လမ်းလျှောက်ကလည်း မြန်လေသည်။

ထို့နောက် သူမနောက်တွင် ရှိနေသည့် ရှင်ယဲ့ကို ကျေနပ်စွာပြောလေသည်။

“ဒီလိုခွန်အားနဲ့ဆို နင် ပိုကြာကြာလေး အသက်ရှင်နိုင်မယ် ထင်တယ်”

ရှင်ယဲ့: “......”

မြို့စားမင်း လူကာက သူ့နယ်မြေအနီးမှာရှိတဲ့ ရွာတွေထဲကသာ အစေခံတွေကို ရွေးလေသည်။ ထို့ကြောင့် မြို့စားမင်း စံအိမ်ကို ရောက်ဖို့ လမ်းလျှောက်ရသည်မှာ တစ်ရက်သာ ကြာခဲ့သည်။

အစေခံမိန်းကလေး ၁၉ယောက်မှာ လေ့ကျင့်ဖို့အတွက်ခေါ် သွားခံရပြီး၊ ရှင်ယဲ့ တစ်ယောက်တည်းကိုသာ အသက်ကြီးကြီး အိမ်‌ေတာ်ထိန်းက အခန်းတစ်ခုဆီသို့ ခေါ်သွားလေသည်။

“‌ရေချိုးပြီး အခန်းထဲမှာ ရေမွှေးဖျန်းလိုက်။ အဲ့ဒီ စုတ်ပြတ်နေတဲ့ အဝတ်တွေ မဝတ်နဲ့။ ဒီည နင် မြို့စားမင်းကို ပြုစုခစားရမယ်”

နောက်ခံဇာတ်ကြောင်းပြောသံမှာ အချိန်ကိုက်တွင် ထွက်ပေါ်လာ၏:

“မြို့စားမင်း စံအိမ်ကို ရောက်လာတဲ့ ကလယ်ရာဟာ ဘယ်လို အနာဂတ်မျိုးနဲ့ ကြုံတွေ့ရမလဲဆိုတာ မသိနိုင်ခဲ့ဘူး”

အနာဂတ်ကတော့ သူ မြို့စားမင်းရဲ့ ဘောတွေကို ကွဲအောင်လုပ်လိုက်တာပဲ ဖြစ်ရမည်။ ရှင်ယဲ့ သူ၏ လက်သီးများကို တိတ်တဆိတ် ဆုပ်လိုက်‌ေလသည်။

စာရေးသူ ပြောစရာရှိသည်:

ရှင်ယဲ့:  စောက်ကျိုးနဲ! ဒါက ငါထင်ထားတဲ့ သေစေနိုင်လောက်တဲ့ ဂိမ်းတွေနဲ့ မတူဘူး!



(Zawgyi)

                 Chapter 4 _ အေစခံ

ရွင္ယဲ့ မွန္ကို အျပင္သို႔ သယ္သြားလိုက္ၿပီးေနာက္ ၿခံဝန္းထဲတြင္ထားကာ ျပန္ထြက္သြားလိုက္သည္။ ခဏအၾကာမွာေတာ့ လက္သီးဆုပ္ အ႐ြယ္အစားေလာက္ရွိသည့္ ေက်ာက္တုံးတစ္တုံးကို ယူလာေလသည္။ ထို႔ေနာက္ သူ႔၏ ဘယ္လက္ျဖင့္ မွန္လက္ကိုင္ကို ကိုင္ကာ ညာလက္ျဖင့္ ေက်ာက္တုံးကို ကိုင္ၿပီး ေျပာလိုက္သည္။

“ဘုရင္မက ဘယ္သူ႔ကိုမွ မွန္ကို ခိုးဝွက္ခြင့္ မျပဳဘူး။ ဒီမွန္က ႐ြာအတြက္ အႏၲရာယ္ဆိုးေတြကို သယ္ေဆာင္လာလိမ့္မယ္။ အဲ့ဒါေၾကာင့္ အစိတ္စိတ္အမႊာမႊာ ကြဲသြားေအာင္ ခြဲပစ္ရမယ္”

လေရာင္ေအာက္တြင္ ရွိေနသည့္ မွန္မွာ ကိုယ္ကို ျပင္းျပင္းထန္ထန္ ခါရမ္းလိုက္ေလသည္။ ထို႔ေနာက္ စာလုံးႏွစ္လုံးက မွန္ေပၚတြင္ ေပၚလာခဲ့သည္: “သာမန္”

ရွင္ယဲ့ မ်က္ခုံးမ်ားကို ပင့္ၾကည့္ကာ ေျပာလိုက္၏။

“ၾကည့္ရတာ ဒီမွန္က အသိစိတ္ရွိေနတဲ့ပုံပဲ။ အဲ့လိုဆို မေကာင္းဆိုးဝါးတစ္ေကာင္ ဝင္ေနတာျဖစ္ရမယ္။ မွန္ကိုခြဲၿပီးရင္ မီးနဲ႔ပါ ရႈိ႕ပစ္ရေတာ့မွာပဲ”

မွန္ေပၚရွိ စာလုံးမ်ားမွာ ခ်က္ခ်င္းပင္ စာလုံးႀကီးျဖင့္ ေတာက္ပ၊ ထင္ရွားစြာ ေရးသားထားေသာ “လွတယ္” ဆိုသည့္ စာလုံးအျဖစ္သို႔ ေျပာင္းလဲသြားသည္။

ရွင္ယဲ့မွာ မလႈပ္မရွားပင္ ရပ္ေနသည္။ ထို႔ေနာက္ မ်က္ေတာင္တစ္ခ်က္မခတ္ဘဲ ေက်ာက္တုံးကို ေအာက္သို႔ခ်လာသည္။ ေက်ာက္တုံးမွာ မွန္ႏွင့္ ထိခါနီးနီး အခ်ိန္ေလးတြင္ စာလုံးမ်ားမွာ တဖန္ေျပာင္းလဲသြားေလသည္။ ဒီတစ္ခါမွာေတာ့ “ေခ်ာေမာခန႔္ညားတယ္” ဆို႔သည့္ စာလုံးကို အေရာင္စုံလင္စြာျဖင့္ လွပစြာ ေရးသားထားေလသည္။

“အိုး?” ရွင္ယဲ့ ေက်ာက္တုံးကို ခ်လိုက္သည္။

“မင္းက ငါ့ရဲ႕ သ႐ုပ္မွန္ကို သိတာလား?”

မွန္ေပၚရွိ စာလုံးမ်ားမွာ ေပ်ာက္ကြယ္သြားေတာ့သည္။ ပုံမွန္ မွန္တစ္ခ်ပ္ကဲ့သို႔ပင္ လွပသည့္ လေရာင္မွာ မွန္ေပၚတြင္ ထင္ဟပ္ေနေလသည္။

“တကယ္လို႔ ဒီအတိုင္း mission itemသာဆိုရင္ ကစားသူေတြရဲ႕ သ႐ုပ္မွန္ကို သိစရာအေၾကာင္းမရွိဘူး။ အသိစိတ္ရွိတဲ့ mission NPC သာဆိုရင္လည္း၊ မင္း ကလယ္ရာကို ေယာက်္ားေလးျဖစ္မွန္း သိသြားတုန္းက၊ ငါ ဂိမ္းကို ရႈံးသြားတယ္ဆိုတဲ့ သတိေပးခ်က္ေပၚလာမွာပဲ”

ရွင္ယဲ့ ေက်ာက္တုံးကို အေပၚေအာက္ေျမႇာက္၍ ေဆာ့ကစားကာ ေျပာေနေလသည္။

“အဲ့ဒါဆို မင္းက ဘာလဲ?”

မွန္မွာ တုံ႔ျပန္မႈ မရွိေခ်။ ရွင္ယဲ့က ေက်ာက္တုံးကို မွန္ေပၚသို႔ ပစ္ခ်လိုက္မည္ ဆိုရင္ေတာင္ ဘာတစ္ခုမွ ေျပာမည့္ပုံ မေပၚေပ။ မွန္ေပၚ ထင္ဟပ္ေနေသာလေရာင္က တျဖည္းျဖည္း မည္းေမွာင္လို႔လာကာ ရဲရင္စြာျဖင့္ အနစ္အနာခံေတာ့မည့္ မွန္တစ္ခ်ပ္သဏၭာန္ျဖစ္လို႔ေနေလသည္။

“မေျပာခ်င္ရင္လည္း မေျပာနဲ႔ေတာ့”

ရွင္ယဲ့ ေက်ာက္တုံးကို ေျမႀကီးေပၚတြင္ ခ်ထားလိုက္ေတာ့သည္။

“အခုအခ်ိန္မွာ မင္းမရွိဘဲနဲ႔ ဇာတ္လမ္းဆက္လို႔မရဘူး။ မွန္ကကြဲသြားၿပီး ဇာတ္သိမ္းအသစ္ျဖစ္ေအာင္ လုပ္ႏိုင္တယ္ဆိုရင္ေတာင္မွ ျဖစ္ႏိုင္ေခ်က သိပ္မရွိဘူး။ အဲ့ဒီေတာ့ မင္းကို ယာယီအျဖစ္ လက္ခံထားလိုက္မယ္”

မွန္ေပၚရွိ လေရာင္မွာ ပိုၿပီး လင္းလက္လာေလသည္။

ရွင္ယဲ့ မွန္ကို သစ္သားအိမ္ထဲသို႔ ယူသြားလိုက္သည့္ အခ်ိန္တြင္ ေနာက္ခံဇာတ္ေၾကာင္းေျပာသံက ေပၚထြက္လာခဲ့သည္။

“ကလယ္ရာကလည္း မွန္ကို အလြန္ႏွစ္သက္သေဘာက်ေလတယ္။ သူ ေၾကာက္႐ြံ႕ေနရင္ေတာင္မွ မွန္ကို တင္းတင္းၾကပ္ၾကပ္ဖက္ထားၿပီး၊ ေခါင္းအုံးေဘးမွာ ထားထားေလ့ရွိတယ္။ မွန္ရဲ႕ ေစာင့္ေရွာက္မႈ ေအာက္မွာ သူဟာ အိပ္မက္လွလွေလးကို မက္ၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ႏိုင္ခဲ့တယ္”

ရွင္ယဲ့: “......”

ေနာက္ခံဇာတ္ေၾကာင္းေျပာျခင္းမွာ ၿပီးသြားေလသည္။

ေခါင္းအုံးမရွိသည့္ ကလယ္ရာမွာ မွန္ကို ေကာက္႐ိုးေတြနဲ႔ ပတ္ၿပီး ေခါင္းအုံးအျဖစ္ တစ္ညလုံး အသုံးျပဳကာ အိပ္လိုက္ေလသည္။

ေနာက္ေန႔မနက္တြင္ ရွင္ယဲ့ တစ္ဝက္က်န္သည့္ ေပါင္မုန႔္ညိဳကို တစ္စစီကိုက္ကာ စားၿပီး ကုတင္ေပၚတြင္ထိုင္ကာ သူ႔ စားေရးေသာက္ေရးအတြက္ ဒီေန႔ ငါးႏွစ္ေကာင္ေလာက္ ဖမ္းရင္ေကာင္းမလား စဥ္းစားေနေလသည္။ ႐ုတ္တရက္ ဖလီကာ၏ အေမာတေကာ အသံက တံခါးအျပင္ဘက္မွ ထြက္ေပၚလာေလ၏။

“ကလယ္ရာ၊ မေကာင္းတဲ့ ကိစၥတစ္ခုခုေတာ့ျဖစ္ေနၿပီ!”

ရွင္ယဲ့ တံခါးကို ဖြင့္ေပးလိုက္သည့္ အခ်ိန္တြင္၊ ဖလီကာ သစ္သားအိမ္ထဲကို ေျပးဝင္လာခဲ့သည္။ မ်က္ႏွာတစ္ခုလုံးမွာလည္း ေခြၽးေတြ႐ႊဲလို႔ေနသည္။ ထို႔ေနာက္ သူ တံခါးကို ေလာ့ခ္ခ်လိုက္ကာ စိတ္လႈပ္ရွားစြာ ေျပာလာသည္။

“ၿမိဳ႕စားမင္း လူကာက သူ႔ ပိုင္နက္နယ္ေျမထဲမွာရွိတဲ့ ႐ြာေတြထဲက လက္မထပ္ရေသးတဲ့ မိန္းကေလးတစ္ေယာက္ကို အေစခံအျဖစ္ေ႐ြးလိမ့္မယ္!”

ရွင္ယဲ့ကေတာ့ မလႈပ္မရွားပင္ ရပ္ေနေလသည္။ အေစခံတစ္ေယာက္ ‌ေ႐ြးမည့္ ကိစၥက သူနဲ႔ ဘာဆိုင္လို႔လဲ?

ဖလီကာမွာ ရွင္ယဲ့မ်က္ႏွာကို ျမင္လိုက္ေသာအခါ ပို၍ပင္ ထိတ္လန႔္တုန္လႈပ္သြားေလသည္။

“ကလယ္ရာ၊ နင့္ရဲ႕  မ်က္ႏွာက…..”

သူမ ေတာ္ေတာ္ေလး ထိတ္လန႔္သြားပုံေပၚသည္။ ရွင္ယဲ့ ဘာမွျပန္မေျဖဘဲ သူ႔မ်က္ႏွာကိုသာ ကိုင္ၾကည့္လိုက္သည္။

“နင္ အရမ္းလွတာပဲ….” ဖလီယာ ခဏေလာက္ မိန္းေမာစြာ ေငးၾကည့္လိုက္ၿပီးေနာက္ ျပန္သတိဝင္လာၿပီး ရွင္ယဲ့လက္ကို ကိုင္လိုက္ကာ ေျပာေလသည္။

“ငါ အခုေတာ့ ငါ့မိဘေတြ ဘာလို႔ နင့္မ်က္ႏွာကို သစ္ေပးဖို႔ ခြင့္မျပဳခဲ့လဲဆိုတာ နားလည္သြားခဲ့ၿပီ။ နင္က တကယ္ပဲ အရမ္းလွေနတာေၾကာင့္ကို။ ငါ နင့္ကို ၿမိဳ႕စားမင္း လူကာလက္ထဲ လုံးဝ အပါမခံႏိုင္ဘူး။ သူ အေစခံေတြ အမ်ားႀကီးကို ေသေအာင္ ႏွိပ္စက္ခဲ့ၿပီးၿပီ။ သူနင့္ကို ျမင္ရင္ ေသခ်ာေပါက္….”

ထိုသို႔ေျပာၿပီးေနာက္ ဖလီကာ အခန္းထဲကေန အေလာတႀကီး ထြက္သြားၿပီး စကၠန႔္အနည္းေလာက္ အၾကာတြင္ လက္ထဲမွာ ႐ႊံ႕အျပည့္ျဖင့္ ျပန္လာေလသည္။

“ကလယ္ရာ၊ ခဏေလာက္ သည္းခံေပး!”

ဖလီကာက သူ႔မ်က္ႏွာကို ႐ႊံ႕ေတြနဲ႔ သုတ္မလို႔ ႀကိဳးစားေနတာကို ျမင္ေတာ့ ရွင္ယဲ့ ဖလီကာ လက္ကိုဆြဲကာ အျမန္တားလိုက္ေလသည္။

“သူတို႔က ဒီ႐ြာထဲက အေစခံ ဘယ္ႏွစ္ေယာက္ေလာက္ကို ေ႐ြးခ်င္တာလဲ?”

“တစ္‌ေယာက္ပဲ” ဖလီကာမွာ ရွင္ယဲ့၏ ခြန္အားေကာင္းေကာင္းျဖင့္ ဟန႔္တားျခင္း ခံလိုက္ရေသာေၾကာင့္ ခဏေတြေဝသြားၿပီးေနာက္မွသာ ျပန္ေျဖႏိုင္ေလ၏။

“ၿမိဳ႕စားမင္း လူကာရဲ႕ ပိုင္နက္က ႐ြာႏွစ္ဆယ္ေလာက္ရွိတယ္။ ကေလးေတြေမြးေပးဖို႔ မိန္းကေလးေတြလည္း လိုေသးတာဆိုေတာ့၊ သူ႔ရဲ႕ ကိုယ္ရံေတာ္ရဲမက္ေတြက လက္မထပ္ရေသးတဲ့ မိန္းကေလးေတြ အကုန္လုံးကိုေတာ့ ေခၚမသြားဘူး”

လယ္သမားေတြ အကုန္လုံးက ဒီေျမေပၚမွာပဲ အက်ဥ္းခ်ခံထားရတာလား? ထိုသို႔ဆိုလွ်င္ ဒီကာလမွာ အလယ္ေခတ္က ေျမကြၽန္ျပဳသည့္ အခ်ိန္ကာလျဖစ္ႏိုင္သည္။ ႐ြာသားေတြမွာေတာ့ ယခုအခ်ိန္အထိ လြတ္လပ္မႈအခ်ိဳ႕  ရွိေနေသးၿပီး၊ မင္းမ်ိဳးမင္းႏြယ္မ်ား၏ ကြၽန္ျပဳျခင္းကို မခံရေသးေခ်။ မိန္းကေလးမ်ားကို ကြၽန္အျဖစ္ေရာင္းစားျခင္းကေတာင္ ေတာ္ေသးသည္ဟု ဆိုႏိုင္သည့္ အခ်ိန္ကာလျဖစ္ေလသည္။

ဒီေခတ္၏ ေနာက္ခံဇာတ္လမ္းအရ၊ သူ ဒီ႐ြာမွာပဲ ပိတ္မိေနမယ္ဆိုလွ်င္ ဇာတ္လမ္း၏ အဓိက အေရးအႀကီးဆုံး ဇာတ္ေကာင္၊ ဘုရင္မႏွင့္ ဘယ္လိုမွ ေတြ႕ႏိုင္စရာအေၾကာင္းမရွိေပ။ ၿမိဳ႕စားမင္း လူကာက သူ႔အတြက္ အခြင့္အလမ္းတစ္ခု ျဖစ္လာႏိုင္သည္။

ဖလီကာ ေျပာသည့္ စကားအရ သူ၏ ယခု ပုံပန္းသြင္ျပင္မွာ အလြန္လွပေနေလသည္။ ၿမိဳ႕စားမင္း၏ လူမ်ားကသာ သူ႔ကို ရွာေတြ႕လွ်င္ ေသခ်ာေပါက္ အေစခံအျဖစ္ ေ႐ြးခ်ယ္မွာ ျဖစ္သည္။

ရွင္ယဲ့ ကလယ္ရာ၏ ဇာတ္ေကာင္အေနအထားကို ျပန္လည္ ေတြးေတာလိုက္ေလသည္။ ထို႔ေနာက္ သူ၏ လက္ကို ဖလီကာ ေခါင္းေပၚကို တင္လိုက္ကာ သူ႔ညီေလးႏွင့္ စကားေျပာခ်ိန္တုန္းက အသံႏႈန္းအား ျပန္လည္စဥ္းစားၿပီး အသံကို တတ္ႏိုင္သေလာက္ ႏူးညံ့ညင္သာစြာ ေျပာလိုက္သည္။

“အကယ္၍ ငါ မဟုတ္ရင္ေတာင္၊ တျခား မိန္းကေလးတစ္ေယာက္က သြားရမွာပဲ။ ငါတို႔ အားလုံးက သူငယ္ခ်င္းေတြပဲေလ။ ဖလီကာလိုမ်ိဳး မိန္းကေလးတစ္ေယာက္က ေခၚသြားခံရတာကို ဘယ္လိုလုပ္ၿပီး ဒီအတိုင္းၾကည့္ေနႏိုင္မွာလဲ? နင္သာပါသြားရင္ နင့္မိဘေတြ ယူႀကဳံးမရျဖစ္မွာပဲ။ ဒါေပမဲ့ ငါကမတူဘူးေလ။ ငါ့အတြက္ ဝမ္းနည္းေပးမယ့္ မိသားစုလည္းမရွိဘူး၊ တစ္ေယာက္တည္းပဲ။ ငါ သြားလိုက္တာက အေကာင္းဆုံးပါ”

ရွင္ယဲ့မွာ ထိုသို႔ ေျပာေလေျပာထမရွိေသာေၾကာင့္ အထစ္ထစ္အအအျဖစ္ေနကာ ေတာ္ေတာ္ေလး ကြၽမ္းကြၽမ္းက်င္က်င္ မေျပာႏိုင္ခဲ့ေခ်။ သို႔ေသာ္ ကံေကာင္းသည္က ဖလီကာမွာ စိတ္လႈပ္ရွားေနကာ ကလယ္ရာ၏ ဇာတ္ေကာင္ကလည္း စိတ္ထားေကာင္းၿပီး အနစ္အနာခံတတ္သည့္ မိန္းကေလးျဖစ္ေနတာေၾကာင့္ ဖလီကာမွာ သူ႔ကို သံသဃမဝင္ခဲ့ေခ်။

“ဒါ.. ဒါေပမဲ့...ဟင့္…” ဖလီကာ စကားတစ္လုံးႏွစ္လုံးေလာက္ ေျပာအၿပီးတြင္ မခံစားႏိုင္ေတာ့ဘဲ ငိုခ်ၿပီး ေျပးထြက္သြားေလသည္။

ရွင္ယဲ့: “.......”

သူက ဘာကိစၥ ထြက္ေျပးသြားရတာတုန္း? သူ႔အား ၿမိဳ႕စားမင္း၏ အက်င့္စ႐ိုက္၊ မိသားစု ေနာက္ခံ၊ လူမႈ အသိုင္းအဝိုင္း စသည့္ အခ်က္အလက္မ်ားကို ေျပာေပးသြားသင့္ေလသည္။

ေနာက္ခံဇာတ္ေၾကာင္းေျပာသူ၏ အသံမွာ ႐ုတ္တရက္ ေပၚထြက္လာသည္:

“႐ြာထဲမွာရွိတဲ့ မိန္းကေလးေတြ အႏၲရာယ္နဲ႔ ရင္ဆိုင္ရေတာ့မယ့္ အခ်ိန္မွာ၊ ကလယ္ရာဟာ ရဲရင့္စြာနဲ႔ ေရွ႕ထြက္လာခဲ့တယ္။ သူ႔ရဲ႕ ရဲရင့္မႈနဲ႔ အလွတရားက ဖလီကာကို ရွက္႐ြံ႕သလို ခံစားသြားရေစတာေၾကာင့္ သူ အခန္းထဲက ေျပးထြက္သြားခဲ့တယ္။ သစ္သားအိမ္ထဲမွာ တစ္ေယာက္တည္း က်န္ေနခဲ့တဲ့ ကလယ္ရာဟာ အရမ္း စိတ္လႈပ္ရွားေနခဲ့တယ္။ သူ မေနႏိုင္ေတာ့ဘဲ ေခါင္းအုံးေအာက္မွာ ဝွက္ထားတဲ့ မွန္ကိုထုတ္ၿပီး ယူၾကည့္လိုက္တယ္။ ၿပီးေတာ့ မွန္ကိုၾကည့္ၿပီး ေျပာလိုက္ေလတယ္။ “ ကလယ္ရာ၊ နင္ သန္မာရမယ္!”

ရွင္ယဲ့: “......”

ထားလိုက္ေတာ့။ ထို ဆိုးဆိုး႐ြား႐ြား ေနာက္ခံဇာတ္ေၾကာင္းေျပာသံႀကီးကို လ်စ္လ်ဴရႈလိုက္ေတာ့မည္။ ဘယ္လိုပဲျဖစ္ျဖစ္ သူ အေရးႀကီးသည့္ ဇာတ္ဝင္ပစၥည္း မွန္ကို ယူေဆာင္သြားရမည္ျဖစ္သည္။ အခြင့္အ‌ေရးရသလို မွန္ကို သူ႔ကိုယ္ထဲတြင္ မျမင္ေအာင္ ဝွက္ထားရေပမည္။

သူ ေကာက္႐ိုးပုံထဲက မွန္ကို ထုတ္လိုက္သည္။ ထို႔ေနာက္ မွန္လက္ကိုင္ကို ကိုင္လိုက္သည့္ အခ်ိန္တြင္ အနည္းငယ္ သံသဃဝင္လာခဲ့သည္။ ဖလီကာက ကလယ္ရာနဲ႔ မိန္းကေလးခ်င္းအတူတူကိုေတာင္ သူ႔မ်က္ႏွာကို ျမင္ၿပီး မိန္းေမာသြားခဲ့ေလသည္။ သူဟာ အဲ့ေလာက္ေတာင္ ေခ်ာေမာလွပသည္လား? မေန႔က လေရာင္ေအာက္တြင္ ၾကည့္လိုက္တုန္းက အဲ့ေလာက္ထိ လွသည္ဟု မထင္ခဲ့ေခ်။ သူ၏ နဂို ႐ုပ္ရည္ႏွင့္ အနည္းငယ္သာ ဆင္ေလသည္။

ယခုလို ေနသာၿပီး လင္းထိန္ေနသည့္ အခ်ိန္တြင္ ရွင္ယဲ့ သူ႔မ်က္ႏွာကို ေနာက္တစ္ေခါက္ ထပ္ၾကည့္ဖို႔ လုပ္လိုက္သည္။ သို႔ေသာ္ မွန္မွာ သူ႔မ်က္ႏွာကို ျပေပးရမည့္အစား၊ “ငါ ဒီ ႐ုပ္ဆိုးဆိုးမ်က္ႏွာကို ျပေပးဖို႔ ျငင္းပယ္တယ္” လို႔ ေရးထားမည္ဟု မည္သူက ထင္ထားခဲ့မည္နည္း။

ထိုမွန္မွာ ခြဲပစ္ဖို႔သာ ေကာင္းေလသည္။ ၿမိဳ႕စားမင္း၏ စံအိမ္မွာ အလြန္အႏၲရာယ္မ်ားသည္။ ထို႔အျပင္ အေစခံတစ္ေယာက္အတြက္ ကိုယ္ပိုင္အခန္းရွိဖို႔ ဆိုသည္မွာ မျဖစ္ႏိုင္ေပ။ မွန္ကို ဖြက္ထားဖို႔မွာလည္း လုံးဝ မျဖစ္ႏိုင္သေလာက္ပင္။ သိမ္းထားရန္အတြက္ ေတာ္ေတာ္ေလး စြန႔္စားရမည့္ ကိစၥျဖစ္သည္။

ရွင္ယဲ့ မွန္ကို ေအးစက္စြာ စိုက္ၾကည့္လိုက္သည္။ မွန္ကို ေျခေထာက္ျဖင့္တက္နင္းၿပီး ခြဲပစ္ဖို႔ စဥ္းစားလိုက္သည့္ အခ်ိန္တြင္ တံခါးေခါက္သံ တစ္သံက ထြက္ေပၚလာခဲ့သည္။ သူ အလ်င္အျမန္ပင္ မွန္ကို ကိုင္ၿပီး သူ႔ရင္ဘတ္ထဲသို႔ ထည့္ကာ ဖြက္ထားလိုက္သည္။

မွန္မွာ Systemက ေပးထားသည့္ အသားပိုႏွစ္ခု၏ အလယ္ၾကားတြင္ ညႇပ္လ်က္ရွိေနသည္။ ေနာက္ဆုံးေတာ့ ထိုအရာမ်ားမွာ အသုံးဝင္သြားခဲ့ေလၿပီ။

ရွင္ယဲ့: “.....”

သူ တံခါးကို ဖြင့္လိုက္ရာ ေလွ်ာ္ၾကမ္းအက်ႌကို ဝတ္ဆင္ထားေသာ သတ္လတ္ပိုင္းအ႐ြယ္ လူႀကီးတစ္ေယာက္က အိမ္ထဲသို႔ ဝင္လာခဲ့ေလသည္။ ထို႔ေနာက္ ရွင္ယဲ့ကို ေျပာလိုက္၏။

“ကလယ္ရာ၊ ၿမိဳ႕စားမင္းရဲ႕ လူေတြက ႐ြာထဲက မိန္းကေလးေတြ အကုန္လုံးကို ရင္ျပင္မွာ လူစုဖို႔ ေျပာထားတယ္။ အဲ့တာ မင္းလည္း သြားရမယ္”

“ေကာင္းၿပီေလ” ရွင္ယဲ့ ေခါင္းညိတ္လိုက္သည္။ ထို႔ေနာက္ သူ၏ ရွည္လ်ားသြယ္လ်ေသာ ေျခေထာက္ႏွစ္ေခ်ာင္းက သူရဲေကာင္းဆန္စြာျဖင့္ သစ္သားအိမ္အျပင္ဘက္သို႔ လွမ္းလိုက္ေလသည္။

႐ြာသူႀကီး ျဖစ္ဟန္တူသည့္ သက္လတ္ပိုင္းအ႐ြယ္လူႀကီးမွာ သူ႔ေနာက္မွ အေမာတေကာျဖင့္ ေအာ္ေခၚရေလသည္။

“ကလယ္ရာ၊ ျဖည္းျဖည္းသြားပါ။ ငါမလိုက္ႏိုင္ဘူး!”

ပုံမွန္ဆို ရွင္ယဲ့မွာ အလုပ္အလြန္မ်ားၿပီး အၿမဲတမ္း လ်င္လ်င္ျမန္ျမန္ အလုပ္‌လုပ္ေနရသည့္ ဘဝမွာေနရတာေၾကာင့္ လမ္းေလွ်ာက္သည္မွာ ေလလိုျမန္ဆန္ေလသည္။ ေျခေထာက္မ်ားမွာလည္း ရွည္ေလေတာ့ သူ၏ လမ္းေလွ်ာက္သည့္ႏႈန္းကို ေတာ္႐ုံလူမ်ားမွာ ေျပးၿပီးသာ လိုက္ႏိုင္ေလသည္။

သူ အခု မိန္းကေလးတစ္ေယာက္ ျဖစ္ေနတာကို ေမ့သြားခဲ့ေလသည္။ ေသခ်ာေပါက္ သတိရရမည္!

ကလယ္ရာ/ ရွင္ယဲ့ ရပ္လိုက္ၿပီးေနာက္ ႐ြာသူႀကီးႏွင့္ အခုအခ်ိန္အထိ ငိုေနေသးသည့္ ဖလီကာကို ေစာင့္လိုက္သည္။ ထို႔ေနာက္ သည္းခံၿပီး သူတို႔ႏွင့္ အတူတူ ႐ြာရင္ျပင္သို႔ ျဖည္းျဖည္းသာ လိုက္သြားေလသည္။

႐ြာရင္ျပင္သို႔ ေရာက္သည့္အခ်ိန္တြင္၊ ဘာလို႔ ၿမိဳ႕စားမင္းက လူတစ္ေယာက္ကိုသာ အေစခံအျဖစ္‌ေ႐ြးခ်ယ္လဲ ဆိုတာကို ရွင္ယဲ့ နားလည္သြားခဲ့သည္။ ႐ြာ၏ လူဦးေရမွာ အလြန္ကို နည္းေသာေၾကာင့္ ျဖစ္ေလသည္။ တစ္႐ြာလုံးမွ လူအေယာက္တစ္ရာထက္ မပိုေပ။ လက္မထပ္ရေသးသည့္ မိန္းကေလးအေရအတြက္မွာလည္း ၁၅ေယာက္သာရွိသည္။ ႏွစ္ေယာက္ထက္ပိုၿပီး ေ႐ြးခဲ့လွ်င္ ဒီ႐ြာမွာ မ်ိဳးဆက္ျပတ္ၿပီး ေပ်ာက္ကြယ္သြားမွာျဖစ္သည္။

သူ႔ရဲ႕ ရင္ဘတ္ၾကားထဲတြင္ ဝွက္ထားေသာ မွန္ေၾကာင့္ ရင္ဘတ္မွာ အနည္းငယ္ နာက်င္ေနေလသည္။ သို႔ေသာ္ ကံေကာင္းစြာျဖင့္ ဒီေခတ္က အလုပ္လုပ္တဲ့ အမ်ိဳးသမီးေတြ အားလုံးမွာ ရင္အုံေပၚတြင္ ေအပ႐ြန္လို အဝတ္မ်ိဳးကိုခံၿပီး ဝတ္ၾကေလသည္။ မွန္၏ အစြန္းထြက္ေနသည့္ အပိုင္းကို ထိုအဝတ္က ကာေပးထားေသာေၾကာင့္ ရွင္ယဲ့ ထိုမသက္မသာျဖစ္မႈကို အနည္းငယ္ ခံႏိုင္ရည္ရွိသြားေလသည္။

ၿမိဳ႕စားမင္းက သူ႔လူသုံးေယာက္ကို လႊတ္လိုက္ေလသည္။ ေတာ္ဝင္ ရဲမက္ႏွစ္ေယာက္ႏွင့္ အသက္ႀကီးႀကီး အေစခံတစ္ေယာက္တို႔ျဖစ္သည္။ မိန္းကေလးေတြ အကုန္လုံး ရင္ျပင္သို႔ ေရာက္သည့္ အခါတြင္ စတင္ေ႐ြးခ်ယ္ျခင္းကို ျပဳၾကေလ၏။

သူမ်ားေတြထက္ ေခါင္းတစ္လုံးပိုရွည္ေနသည့္ ရွင္ယဲ့မွာ လူအုပ္ၾကားထဲတြင္ ထင္းထြက္ေနေလသည္။ ထို႔ေၾကာင့္ ခ်က္ခ်င္းဆိုသလို ရဲမက္မ်ား၏ အာ႐ုံစိုက္မႈကို ခံလိုက္ရသည္။

“အရမ္းလွတာပဲ!” ေတာ္ဝင္ ရဲမက္တစ္ေယာက္က အံ့အားသင့္စြာ ေျပာလိုက္ေလသည္။

“ဒီလို ခြၽတ္ခ်ဳံက်ေနတဲ့ ႐ြာတစ္႐ြာမွာ ဒီလိုမ်ိဳး လွပတဲ့ မိန္းကေလးတစ္ေယာက္ ရွိေနမယ္လို႔ မထင္ထားခဲ့ဘူး။ ၿမိဳ႕စားမင္းကေတာ့ သူ႔ကို ေသခ်ာေပါက္ ႀကိဳက္မွာပဲ”

အသက္ႀကီးႀကီး အေစခံအမ်ိဳးသမီးမွာလည္း အလြန္ေက်နပ္သြားခဲ့သည္။

“သူနဲ႔သာဆို က်န္တဲ့ အေစခံေတြ ပိုၿပီး အသက္ရွည္ရွည္ ေနႏိုင္မွာပဲ”

ရွင္ယဲ့: “.....”

ေတြေဝမႈ ကင္းမဲ့စြာျဖင့္ သူတို႔သုံးေယာက္မွာ က်န္တဲ့ မိန္းကေလးေတြကိုေတာင္ မၾကည့္ေတာ့ေခ်။ ကလယ္ရာ/ ရွင္ယဲ့ ကို ေခၚသြားၿပီး သူ၏ မိသားစုအတြက္ပိုက္ဆံေပးခဲ့မည့္ အေၾကာင္းကိုသာ ႐ြာသူႀကီးဆီ တိုက္႐ိုက္ေျပာလိုက္ေလသည္။ အကယ္၍ သူေသသြားခဲ့ရင္ေတာင္ အေပးအကမ္း ရက္ေရာတဲ့ ၿမိဳ႕စားမင္းက ကလယ္ရာမိသားစုအတြက္ ေလ်ာ္ေၾကးေပးမည္ ျဖစ္ေၾကာင္းကိုပါ ေျပာေလသည္။

“သူ႔မွာ မိသားစု မရွိဘူး” ႐ြာသူႀကီးမွာ မေနႏိုင္ဘဲ ရွင္ယဲ့ကို ၾကည့္လိုက္မိသည္။

“အဲ့ဒါဆို သူ႔အတြက္သူ သိမ္းထားပါေစေပါ့” အေစခံအမ်ိဳးသမီးႀကီးက ေပါ့ေပါ့ပါးပါးပင္ ေျပာလိုက္သည္။

“မေသခင္ ပိုက္ဆံသုံးရေတာ့ ေကာင္းတာေပါ့။ ၿမိဳ႕စားမင္းရဲ႕ စံအိမ္မွာေတာင္မွ ပိုက္ဆံက အသုံးဝင္ေသးတာပဲ”

သူ ေၾကးဒဂၤါး ဆယ္ျပားကို ရွင္ယဲ့လက္ထဲသို႔ ထည့္ေပးလိုက္သည္။ ရွင္ယဲ့ ပုံမွန္အတိုင္းပဲ ေစ်းေပါသည့္ “ေရာင္းစားခံရေငြ” ကို သူ႔အိပ္ကပ္ထဲသို႔ ထည့္လိုက္သည္။

ၿမိဳ႕စားမင္းစံအိမ္က လူေတြက သူ႔အား သူငယ္ခ်င္းေတြကို ႏႈတ္ဆက္ခြင့္ေတာင္ မေပးေခ်။ ရွင္ယဲ့မွာ ယူသြားစရာ အထုပ္အပိုးမ်ားလည္း မရွိေတာ့ သူတို႔ေနာက္ကိုသာ ဒီအတိုင္း လိုက္သြားလိုက္ရသည္။

သူတို႔၏ ႐ြာမွာ ေနာက္ဆုံးက်န္သည့္ ႐ြာျဖစ္သည္။ ထို႔ေၾကာင့္ ႐ြာအျပင္ဘက္တြင္ ေနာက္ထပ္ မိန္းကေလး ၁၉ေယာက္ ေစာင့္လ်က္ရွိေနေလသည္။ ေတာ္ဝင္ ရဲမက္ႏွစ္ေယာက္မွာ ျမင္းကို စီးသြားၿပီး အေစခံအမ်ိဳးသမီးႀကီးကေတာ့ မိန္းကေလး အေယာက္ႏွစ္ဆယ္ကို ေခၚကာ ေနာက္က လိုက္လာခဲ့သည္။

ရွင္ယဲ့မွာ အားအင္အျပည့္ရွိေနၿပီး ျမင္းေနာက္ကို အၾကာႀကီး လိုက္ရတာကိုေတာင္ ပင္ပန္းတယ္လို႔ မခံစားရေခ်။ တျခားမိန္းကေလးမ်ားကေတာ့ ေတာ္ေတာ္အေျခအေနဆိုးဝါးေလသည္။ တစ္ေယာက္နဲ႔ တစ္ေယာက္ ဆြဲထူရင္း ျမင္းေနာက္ကို လိုက္ႏိုင္ေအာင္ မနည္းႀကိဳးစားေနရသည္။ ေတာ္ဝင္ရဲမက္ေတြကိုလည္း အနားေပးဖို႔လည္း မေျပာရဲေခ်။

အေစခံအမ်ိဳးသမီးႀကီးမွာေတာ့ ပင္ပန္းသည့္ပုံ မေပၚေခ်။ သူ၏ ေက်ာမွာ ေျဖာင့္တန္းေနၿပီး လမ္းေလွ်ာက္ကလည္း ျမန္ေလသည္။

ထို႔ေနာက္ သူမေနာက္တြင္ ရွိေနသည့္ ရွင္ယဲ့ကို ေက်နပ္စြာေျပာေလသည္။

“ဒီလိုခြန္အားနဲ႔ဆို နင္ ပိုၾကာၾကာေလး အသက္ရွင္ႏိုင္မယ္ ထင္တယ္”

ရွင္ယဲ့: “......”

ၿမိဳ႕စားမင္း လူကာက သူ႔နယ္ေျမအနီးမွာရွိတဲ့ ႐ြာေတြထဲကသာ အေစခံေတြကို ေ႐ြးေလသည္။ ထို႔ေၾကာင့္ ၿမိဳ႕စားမင္း စံအိမ္ကို ေရာက္ဖို႔ လမ္းေလွ်ာက္ရသည္မွာ တစ္ရက္သာ ၾကာခဲ့သည္။

အေစခံမိန္းကေလး ၁၉ေယာက္မွာ ေလ့က်င့္ဖို႔အတြက္ေခၚ သြားခံရၿပီး၊ ရွင္ယဲ့ တစ္ေယာက္တည္းကိုသာ အသက္ႀကီးႀကီး အိမ္‌ေတာ္ထိန္းက အခန္းတစ္ခုဆီသို႔ ေခၚသြားေလသည္။

“‌ေရခ်ိဳးၿပီး အခန္းထဲမွာ ေရေမႊးဖ်န္းလိုက္။ အဲ့ဒီ စုတ္ျပတ္ေနတဲ့ အဝတ္ေတြ မဝတ္နဲ႔။ ဒီည နင္ ၿမိဳ႕စားမင္းကို ျပဳစုခစားရမယ္”

ေနာက္ခံဇာတ္ေၾကာင္းေျပာသံမွာ အခ်ိန္ကိုက္တြင္ ထြက္ေပၚလာ၏:

“ၿမိဳ႕စားမင္း စံအိမ္ကို ေရာက္လာတဲ့ ကလယ္ရာဟာ ဘယ္လို အနာဂတ္မ်ိဳးနဲ႔ ႀကဳံေတြ႕ရမလဲဆိုတာ မသိႏိုင္ခဲ့ဘူး”

အနာဂတ္ကေတာ့ သူ ၿမိဳ႕စားမင္းရဲ႕ ေဘာေတြကို ကြဲေအာင္လုပ္လိုက္တာပဲ ျဖစ္ရမည္။ ရွင္ယဲ့ သူ၏ လက္သီးမ်ားကို တိတ္တဆိတ္ ဆုပ္လိုက္‌ေလသည္။

စာေရးသူ ေျပာစရာရွိသည္:

ရွင္ယဲ့:  ေစာက္က်ိဳးနဲ! ဒါက ငါထင္ထားတဲ့ ေသေစႏိုင္ေလာက္တဲ့ ဂိမ္းေတြနဲ႔ မတူဘူး!















   

   

   

Continue Reading

You'll Also Like

786K 31.5K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....
1.1M 132K 43
လက်ရှိကာလကနေ ၁၉၅၀ ကိုရောက်သွားတဲ့အခါ .. သင်တို့ရော ခွန်နှောင်းလို စော်ဘွားချောချောလေးနဲ့တွေ့နိုင်မယ်ထင်လား ...?
915K 68.4K 109
"host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" "host ရဲ႕တာဝန္ကဇာတ္လိုက္ကိုကယ္တင္ေပးရမွာပါ" "ငါကဘာလို႔လဲ!" Start Date -27.7.2022 End Date...
2.7M 74.9K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...