လက်ထပ်လက်စွပ်ကလေး

By Natpankalay

180K 26.4K 1.3K

#Both available with unicode & zawgyi မယုံနိုင်လောက်အောင်ပဲ ဒီလက်စွပ်ကလေးက~~~ More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-29
Part-30
Part-31
Part-32 Final Part

Part-28

3.1K 603 84
By Natpankalay

Episode-28

“ချန်းယောလ်လီ ဖြည်းဖြည်းမောင်းနော်.. မြူတွေတအားပိတ်နေတယ်”

နောက်ခန်းကနေ သူဌေးကတော်ပတ်က စိုးရိမ်စွာပြောနေသည်ကို ချန်းယောလ် ခေါင်းလေးစောင်းငဲ့ကြည့်ပြီးပြုံးလိုက်သည်။

“သိပါပြီ မေမေရဲ့။တအားသိပ်စိတ်မပူပါနဲ့။ဒီလမ်းတွေက ကျွန်တော် မမောင်းဖူးတာမှမဟုတ်တာ”

‘ဖြည်းဖြည်းမောင်းဆို မောင်းပေါ့ကွာ။ပြန်မပြောနဲ့။မင်း မေမေ ပြောသလိုလုပ်။”

နောက်ခန်းမှာ အတူထိုင်နေသည့် ဥက္ကဌပတ်ကပါ ဝင်ပြောလာတော့ ချန်းယောလ် ဖွဖွလေးပြုံးဖြစ်သည်။အိမ်ထောင်သက် ဒီလောက်ကြာသည်ထိ မနေ့တစ်နေ့ကမှ လက်ထပ်ထားသကဲ့သို့ပင် မိဘနှစ်ပါးက ချစ်ခင်ကြင်နာကြသည်။ဖေဖေက မေမေ့အပေါ် အမြဲလို ဂရုတစိုက်ဖြင့် အလိုလိုက်သည်ကိုမြင်သည့်အခါတိုင်း တစ်စုံတစ်ယောက်ကိုတော့ဖြင့် အိမ်ထောင်ရက်သားကျပြီးသည့်အခါ အများကြီးပိုချစ် ပိုအလိုလိုက်မည့် ချန်းယောလ်စိတ်ကူးအိပ်မက်တွေ အခါခါပြိုလဲရသည်။

“ဘူဂျာလေးက တော်တော်လေးကို အရွယ်ရောက်လာတာပဲ။လက်ထပ်တဲ့အရွယ်တောင်ခဏလေးနဲ့ရောက်လာတယ်။ကျွန်မတို့ ချန်းယောလ်လီ..”

မမှတ်မထင်ပြောမိမလိုဖြစ်ပြီးမှ သူဌေးကတော်ပတ်က စကားစအမြန်ထိန်းလိုက်ရသည်။ဒီနေ့က သူ့ဘက်က အမျိုးရင်းဖြစ်သည့်အိမ်က မင်္ဂလာပွဲကျင်းပသည်မို့ တစ်မိသားစုလုံးတက်ရောက်ခဲ့ဖြစ်ကြခြင်း။ မင်္ဂလာပွဲတစ်လျှောက်လုံး မျက်နှာမကောင်းပါသည့် ချန်းယောလ်ကို သတိထားမိသည့်အခါ သူ စိတ်မကောင်းများစွာဖြစ်ရသည်။လွန်ခဲ့သည့် နှစ်လက မင်္ဂလာပွဲပျက်ခဲ့သလို အွန်းလေးလည်းပျောက်ဆုံးသွားသည့်အခါ ကျန်းမာရေးထိခိုက်ပြီး လဲကျမလိုဖြစ်ရပေမယ့် သူ့ထက်ပိုပြီး နာကျင်အက်ကွဲနေခဲ့သည့် ချန်းယောလ်လီကြောင့် သူ အားတင်းနိုင်ခဲ့သည်။အွန်းလေးကို မလွမ်းတာမဟုတ်။လွမ်းသည်။ နင့်နင့်နဲနဲကိုလည်းလွမ်းရသည်။

“မေမေ. ကြင်ဖက်တွေ့ဆုံပွဲစီစဉ်တဲ့ မေမေ့မိတ်ဆွေရှိတယ်မလား။တစ်ခါလောက် ကျွန်တော့်ကို စီစဉ်ပေးပါ။”

‘ဟင် ချန်းယောလ်လီက..’

‘ဟုတ်ကဲ့။မင်္ဂလာပွဲမဖြစ်မြောက်ခဲ့တာ နှစ်လရှိနေပြီပဲ။ကျွန်တော်က အချစ်သစ်တစ်ခုရှာလို့ရပြီမလား။”

တစ်ချက်တစ်ချက်စောင်းငဲ့ကြည့်ရင်း ပြောနေသည့် ချန်းယောလ်ပါးပြင်က ပါးချိုင့်ငယ်က အသက်မပါမှန်း မိဘနှစ်ပါးစလုံး သိသည်။သက်ပြင်းတိုးတိုးလေးခိုးချရင်း နှစ်ယောက်သားအကြည့်ချင်းဆုံမိတော့ ဥက္ကဌပတ်က ခေါင်းညိတ်ပြ၏။

“သိပါပြီ။မေမေ မနက်ကျ ဆက်သွယ်ထားလိုက်မယ်။ချန်းယောလ်လီ ဘယ်လိုမိန်းကလေးလိုချင်လဲ’

အခြေအနေကိုပေါ့ပါးစေလိုသော်ငှာ သူဌေးကတော်ပတ်က စစနောက်နောက်မေးသည်။

“အွန်း… အရပ်ပုပုလေး.. မျက်လုံးမှေးမှေးလေး.. နှုတ်ခမ်းပါးပါးလေး.. ပြီးတော့ လက်ချောင်းသွယ်သွယ်လေးတွေ.. အဲ့ဒါတွေ မရှိတဲ့မိန်းကလေးကိုရှာပေးပါ။ဘယ်လိုလဲ ဖြစ်တယ်မလား”

‘ဪ..အင်း…ချန်း.. ချန်းယောလ်လီ.. ရှေ့မှာ..’

ချန်းယောလ်မြင်ပါသည်။သို့သော် ရုတ်တရက်ကြီးပေါ်လာခဲ့သည့်တစ်စုံတစ်ရာကြောင့် ဘရိတ်ကိုဆောင့်အုပ်လိုက်ရသည်။

“ဘာလဲ.. သေသွားပြီလား”

‘မဟုတ်လောက်ပါဘူး။မကြောက်နဲ့ မိန်းမ.’

ချန်းယောလ်က ကားတံခါးဖွင့်ကာအရင်ဆင်းသည်။ပိန်းပိတ်နေသည့်မြူတွေကြားထဲ ထွန်းထားသည့် ကားမီးရောင်ရှေ့တွင် ပုံခနဲလဲကျနေသည့် အနီရောင်ဝတ်ရုံဖြင့် လူတစ်ယောက်။ဝတ်စားထားပုံကြောင့် မှောက်နေသည့်မျက်နှာကိုမမြင်ရသေးခင်မှာပင် ချန်းယောလ် နှလုံးသွေးတို့ရပ်မတတ်ဖြစ်သွားရသည်။ကားနားမှာပင်ရပ်နေမိကာ ခြေလှမ်းတွေက မလှုပ်တော့။

“လူလား.. ဘာရပ်လုပ်နေတာလဲ ချန်းယောလ်လီ.. ထူရမှာပေါ့”

ကြောင်ရပ်နေသည့် သူ့ကို ဥက္ကဌပတ်က မာန်မဲရင်း မေ့လဲနေသည့် လူနားသို့ငုတ်တုတ်ထိုင်ချသည်။

“ဒီမှာ… သတိထားပါဦး.. ဒီမှာ..’

ဥက္ကဌပတ်လည်း စကားမဆက်နိုင်တော့။မှောက်နေသည့် မျက်နှာလေးကိုမြင်အောင်ကြည့်လိုက်တော့ ပါးပြင်ပေါ်တွင်လည်း ခြစ်ရာ သွေးစတို့ဖြင့် မျက်လုံးစုံမှိတ်နေပါသည့် မျက်နှာလေး။

“အွန်းလေး..’

စိုးရိမ်တကြီးဖြင့်ဆွဲပွေ့လိုက်ရင်း ခါးနားက စိုစွတ်စွတ်အထိအတွေ့ကြောင့်လက်ကိုပြန်ကြည့်သည့်အခါ လန့်သွားရသည်။ခုထိ ကျောက်ရုပ်ကြီးလိုရပ်နေသည့် သားဖြစ်သူကိုလည်းစိတ်ပေါက်ပေါက်ရှိရလေကာ..

‘Yah. ပတ်ချန်းယောလ်.. မြန်မြန်လာစမ်း။ဘတ်ဟျွန်း… မင်းရဲ့ ဘတ်ဟျွန်းနီး.. ​ခါးမှာ ဒဏ်ရာရှိနေတယ်။”

အော်လိုက်တော့မှ အသိဝင်လာသည့် ချန်းယောလ်သည် အယောင်ယောင်အမှားမှားဖြင့် ဥက္ကဌပတ် ပွေ့ထားပေးသည့် ဘတ်ဟျွန်းကို လာပွေ့ယူသည်။ဖြူဖျော့နေသည့်အပြင် ဒဏ်ရာဒဏ်ချက်နှင့်မျက်နှာလေးက ချန်းယောလ်ရင်ခွင်ဘက် တိမ်းစောင်းလာသည့်အခါ ရင်ထဲက ဆစ်ခနဲနာသည်။မုန်းပစ်လိုက်ပြီးပြီလို့ထင်ခဲ့မိတာ။ပြန်မလာနဲ့တော့လို နေ့တိုင်းပြောနေခဲ့မိတာက ဒီလိုမျက်နှာလေးကို ကိုယ်တိုင်ကိုယ်ကျမြင်လိုက်ရသည့်အခါတွင်မတော့လည်း သဲထဲရေသွန်။

ကားမောင်းဖို့အဆင်မပြေတော့သည့် ချန်းယောလ်ကြောင့် ဥက္ကဌပတ်က ကားမောင်းပြီး ဘေးတွင် သူဌေးကတော်ပတ်က ထိုင်သည်။နောက်ခန်းတွင် ဘတ်ဟျွန်းကိုအောက်လည်းမချပါဘဲ ပွေ့ထားသည့် ချန်းယောလ်သည် သွေးထွက်နေသည့် ခါးနားကို သူ့ လက်ကိုင်ပဝါဖြူဖြင့် ဖိပိတ်ပေးထားလျက် စိုးရိမ်တကြီး။

ပြန်လာလျှင်ကောင်းမှာပဲလို့  မသိစိတ်ကတစ်ချိန်လုံးတွေးနေမိခဲ့ပေမယ့်လည်း ဒီလိုပုံစံနှင့်တော့ မဟုတ်။

စိတ်လိုလက်ရထွက်သွားပြီးရင်လည်း ပျော်နေခဲ့ရမှာပေါ့ ဘတ်ဟျွန်းနီး.

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘတ်ဟျွန်းတို့တောင်ပေါ်က အိမ်လေးမှာ လူအနည်းငယ်လေးနှင့်ပင် တိတ်တိတ်လေးကျင်းပသည့် မင်္ဂလာပွဲက သွေးစွန်းသွားခဲ့သည်။ မနက်ကတည်းက မျက်နှာမကောင်းလှပေမယ့် ဘတ်ဟျွန်းသည် တာဝန်သိစိတ်ဖြင့် ချွဲမီဆိုသည့် မိန်းကလေးကိုတော့ ပြုံးပြဆက်ဆံခဲ့ပါသည်။ မင်္ဂလာပွဲစတင်ဖို့အနည်းငယ်အလိုမှာပင် တောင်ပေါ်အိမ်လေးသို့ အဆက်မပြတ် ပြေးဝင်လာသည့် မြှားချက်တွေက အလူးအလဲ။ဘတ်ဟျွန်းတို့အဖွဲ့ထဲ လူတစ်ယောက်က သစ္စာဖောက်ခဲ့တာမို့ ဦးရီးတော်၏တပ်တွေက ဘတ်ဟျွန်းတို့နေရာကို အလွယ်တကူခြေရာခံမိသွားခြင်း။

ဓါးဆွဲကိုင်ကာ တိုက်ပွဲဝင်ခဲ့ပေမယ့် လူအားမမျှ။တစ်ဖက်က အင်နှင့်အားနှင့်ဝင်လာသည့်အခါ ဘတ်ဟျွန်းတို့မှာ ဖရိုဖရဲ။ ချွဲမီသည်လည်း ဘတ်ဟျွန်းရှေ့တွင်ပင် ဓါးချက်မိကာ သေဆုံးခဲ့ရသည်။မကာကွယ်လိုက်နိုင်။

“ပြေးတော့..အကိုတော်တို့မှာ မင်းတစ်ယောက်ပဲကျန်တော့တာမို့ ပြေးတော့ ဘတ်ဟျွန်း.. ဘယ်တော့မှ ဒီကိုပြန်မလာနဲ့တော့။တိတ်တိတ်ဆိတ်ဆိတ်ပဲ အသက်ရှင်သွားမှာ.။ကျေးဇူးပြုပြီး အသက်ရှင်ပေး..ကျိန်းသေပေါက်..’

‘ဟင့်အင်း။ ကျွန်တော် မပြေးနိုင်ဘူး။ ကျွန်တော်.’

‘စကားနားထောင်စမ်း ဘတ်ဟျွန်း.. သွားတော့ ကောင်းကောင်းမွန်မွန် အသက်ရှင်ပေးပါ။’

မျက်နှာတစ်ခုလုံးနီရဲလျက်တောင်းပန်နေသည့် အကိုတော်ကြောင့် ဘတ်ဟျွန်းပြေးလာခဲ့ရသည်။ဒယီးဒယိုင်ဖြင့် တောင်အောက်ဘက် ပြေးဆင်းရသည်။နောက်ပြန်ကြည့်မိသည့်အခါ အကိုတော်သည် လှံချက်မိလျက် သူ့ကို စိတ်မဖြောင့်စွာ ကြည့်နေသည်ကိုမြင်ရလျှင် ပြိုဆင်းလာသည့်မျက်ရည်တွေကို အကြမ်းပတမ်းဆွဲသုတ်လျက် ပြေးရသည်။ အကိုတော်၏တစ်ခုတည်းသော ဆန္ဒက သူရှင်သန်ဖို့ဆိုပါလျှင် ဘတ်ဟျွန်းက ကျိန်းသေပေါက်ဖြည့်ဆည်းပေးရမည်ပင်။

“ဒီဘက်မှာ လိုက်ကြစမ်း ဟေ့..’

ညာသံပေးလျက် အော်ပြေးလာသည့် လူတွေကိုတစ်ချက်လှည့်ကြည့်မိရင်း သိပ်ကိုပင်ပန်းနေပါပြီဖြစ်သည့် ဘတ်ဟျွန်းသည် တောင်စောင်းလေးအတိုင်းဒလိမ့်ခေါက်ကွေး လိမ့်ဆင်းသွားရပါတော့သည်။

သူ အားလျှော့လိုက်ချေပြီ။

“တောင်းပန်ပါတယ် တောင်းပန်ပါတယ် အကိုတော်…တောင်းပန်ပါတယ်။”

မသိစိတ်က တရစပ်တောင်းပန်နေမှုသည် နှုတ်ကနေပါ ထွက်အံလာသည်ထင်၏။သူ့ကိုခပ်သာသာခေါ်နေသည့် အသံကြား ဘတ်ဟျွန်းမျက်လုံးလေးတွေဖြည်းဖြည်းချင်းပွင့်လာခဲ့ပါသည်။အရင်ဆုံးမြင်ရသည်က ဖြူလွှလွှမျက်နှာကြက်။ ခေါင်းလေးဖြည်းဖြည်းချင်းစောင်းလိုက်မိတော့ ပါးစပ်လေးဟသွားရသည်။

‘မေမေ.’

‘အွန်းလေး.. အမလေး.. အွန်းလေးရယ် မှတ်မိလို့တော်သေးတာပေါ့.. မေမေ့အွန်းလေး..’

သူဌေးကတော်ပတ်ကငိုသည်။ဆေးပိုက်တန်းလန်းဖြင့် ဘတ်ဟျွန်းလက်ကလေးကိုဖွဖွလေးကိုင်လျက် အငိုမပြတ်။ဒါ ဘတ်ဟျွန်း ဆိုးလ်ကိုပြန်ရောက်နေတာလား။တဒိတ်ဒိတ်နှင့်ပင်ခုန်လှုပ်လာသည့် နှလုံးခုန်သံက တစ်စုံတစ်ဦးကိုရှာမိသည်မှာအသေအချာ။

“မေမေ.. ကိုကို..’

‘ရှိတယ်။ ခုနက အပြင်ခဏထွက်သွားတာ..ပြန်လာတော့မှာ”

စကားအဆုံးသေချာမသတ်ရသေးခင်မှာပင် အခန်းထဲ ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာသည့် ချန်းယောလ်သည် ဘတ်ဟျွန်း သတိမရသေးဘူးဟုသာ ထင်မိနေသည်မို့ မိခင်ဖြစ်သူနားတန်းလျှောက်လာစဉ်.. မျက်လုံးလေးတွေ ပွင့်နေပြီဖြစ်သည့် ဘတ်ဟျွန်းကိုမြင်တော့ တန့်သွားရသည်။

“ဪ.. သတိရနေပြီကိုး။”

ဘတ်ဟျွန်းမျက်လုံးလေးတွေညှို့မှိုင်းသွားသည်။သာမန်အသိမိတ်ဆွေတစ်ယောက်ကို နှုတ်ဆက်သလိုမျိုး ချန်းယောလ်အကြည့်တွေက တည်တည်ငြိမ်ငြိမ်။

“မေမေ. ပြန်ကြရအောင်။အောက်မှာ​ဖေဖေစောင့်နေတယ်။သူ့ကို သူနာပြုငှားပေးထားတယ်။’

‘ချန်းယောလ်လီ..’

‘စိတ်မပူပါနဲ့ဗျာ။ကျွန်တော်လည်းစောင့်နေမှာပါ။မေမေသာ အရင်ပြန်နားလိုက်ပါဦး။ကားလည်းတောက်လျှောက်စီးလာရတာ ပင်ပန်းနေပြီမလား။”

ချန်းယောလ်ပြောတာလည်းဟုတ်နေသဖြင့် သူဌေးကတော်ပတ်က ဘတ်ဟျွန်းလက်လေးကို ဖျစ်ခနဲဆုတ်ညှစ်လိုက်ကာ.

‘မနက်မှ မေမေကပြန်လာခဲ့မယ်။အွန်းလေး သက်သက်သာသာနားနော်။”

‘ဟုတ်ကဲ့”

ဘတ်ဟျွန်းအသံလေးက ခပ်ယဲ့ယဲ့။သူဌေးကတော်ပတ်နှင့်အတူထွက်သွားသည့် ကျောပြင်ကျယ်ကြီးကိုကြည့်ကာ ဘတ်ဟျွန်း မျက်လုံးလေးတွေ အနားမရ။မျက်ရည်တို့က ပြိုဆင်းလာသည်။လက်က လက်စွပ်လေးကိုကြည့်လိုက်တော့ သွေးစတို့ ကပ်ညှိစွန်းပေနေသေး၏။အိပ်ရာကိုကျောမှီရင်း နောက်တစ်ဖန်ပြန်ဝင်လာမည့် သူကို ဘတ်ဟျွန်းစောင့်နေမိသည်။သိပ်မကြာပါ။ ချန်းယောလ်က အခန်းထဲပြန်ရောက်လာ၏။

“ကိုကိုချန်းယောလ်..’

ဘတ်ဟျွန်းကိုလှည့်မကြည့်သေးဘဲ ဆိုဖာပေါ်တွင်တင်ထားသည့် ကုတ်ကို ကောက်ယူနေသည့်ချန်းယောလ်သည် ထိုခေါ်သံကြောင့် လက်က တုံ့ဆိုင်းသွားသည်။သို့သော် ကိုယ်ကိုပြန်မတ်လျက် ခံစားချက်မပါသည့်မျက်လုံးများဖြင့် ဘတ်ဟျွန်းကို ကြည့်လာ၏။

“အဆင်ပြေတယ်မလား။သူနာပြုက ခဏခဏလာကြည့်ပေးလိမ့်မယ်။ငါက ဒီနားက ဟိုတယ်မှာရှိမယ်။ကိစ္စတစ်ခုခုရှိရင်တော့ ဆက်သွယ်လိုက်လေ’

‘ဘာလို့.. ဘာလို့ ကျွန်တော့်ကို ဒီလိုဆက်ဆံနေတာလဲ”

‘ဘယ်လိုဆက်ဆံရမှာလဲ ဒါဆို. ။မင်္ဂလာပွဲကနေ ထွက်ပြေးသွားတဲ့ လူ ပြန်လာတာကို ဝမ်းသာလိုက်တာ ပျော်လိုက်တာဆိုပြီး ကြိုဆိုနေရမှာလား”

‘ဘာလို့မမေးတာလဲ။ကျွန်တော်ဘာဖြစ်ခဲ့တာလဲ ဘယ်လိုအခြေအနေရှိခဲ့လဲ ဘာလို့မမေးတာလဲ။ကိုကိုက အရင်လို အတ္တကြီးတုန်းပဲ။ကိုကိုခံစားရတာပဲ သိတယ်။တခြားသူ ဘယ်လိုနေလဲ မသိချင်ဘူးလား။”

ဘတ်ဟျွန်းအသံက သိပ်မထွက်ပါ။အော်ဟစ်ပြောနေတာလည်းမဟုတ်ဘဲ သိပ်ကိုခံစားနာကျင်လွန်းရပါသဖြင့် ထွက်ပေါ်လာသည့် အသံသာဖြစ်သည်။ဘတ်ဟျွန်းပါးပြင်ပေါ်ခုန်ပေါက်ဆင်းသက်နေသည့် မျက်ရည်တွေကိုတစ်ချက်ကြည့်ရင်း ချန်းယောလ်က မျက်နှာလွှဲသည်။ထို့နောက်ဟက်ခနဲ တစ်ချက်ရယ်သည်။

“အေး.. ငါက အစကတည်းက အဲ့လိုလူပဲ။ပြောလက်စနဲ့တစ်ခါတည်းလည်းမေးကြည့်ဦးမယ်။ မင်းကိုခုစတွေ့တုန်းက အနီရောင်ရိုးရာဝတ်စုံနဲ့ထင်တယ်။မဟုတ်မှလွဲရော.. မင်္ဂလာပွဲလုပ်နေခဲ့တာလား။’

ခပ်ထေ့ထေ့ဖြင့် ချန်းယောလ်အကြည့်တွေကို ဘတ်ဟျွန်းက တန်ပြန်ကြည့်သည်။ပြိုလဲချင်နေသည့် စိတ်ကိုအားတင်းလျက် ပြုံး၏။

“အွန်း.. မင်္ဂလာပွဲလုပ်နေခဲ့တာ။အထွေအထူးသာမရှိခဲ့ရင် ကျွန်တော်က မိန်းကလေးတစ်ယောက်ရဲ့ ခင်ပွန်းဖြစ်တော့မှာလေ။”

ချန်းယောလ်မျက်နှာ ပျက်ထွက်သွားသည်။တစ်ဆက်တည်း လှောင်ရိပ်သမ်းနေသည့် အကြည့်တွေဖြင့်သာ ဘတ်ဟျွန်းကို ပြန်ကြည့်လာရင်း..

‘အဲ့လိုကိုး.. စိတ်မကောင်းပါဘူး..’

တစ်လှမ်းချင်းစီထွက်သွားခဲ့သည့် ချန်းယောလ်နောက်ပါးဆီကိုသာ လိုက်ကြည့်နေမိရင်း ဘတ်ဟျွန်းသည် ကျောက်ရုပ်လေးလိုပင်။ ခံစားနေရလွန်းသည်မှာ ဘယ်နေရာကမှန်းမသိတော့သဖြင့် ဘတ်ဟျွန်း ထုံပေနေခဲ့သည်။မိဘနှစ်ပါးကို ဆုံးရှုံးသည်။ ချစ်ရပါသော အကိုတော်ကို ဆုံးရှုံးသည်။ဒါတောင် ဘတ်ဟျွန်းကျတော့ မသေဆုံးသေးပါဘဲ ဒီဘက်ကိုပြန်ရောက်လာခဲ့သေးသည်တဲ့လား။

ချန်းယောလ်မုန်းနေမည်ကို ခန့်မှန်းမိခဲ့ပေမယ့် ဒီလောက်ထိတော့ဖြင့် မထင်မှတ်ခဲ့။တစ်ခုခုကိုမေးမြန်းဖြေရှင်းခွင့်လေးတော့  ပေးမည်ထင်ခဲ့တာ။

ခုတော့ဖြင့် စိတ်ရောကိုယ်ပါ ပင်ပန်းနေခဲ့သည့် ဘတ်ဟျွန်းကို  ကိုကိုချန်းယောလ်ကပါ ထပ်ပြီး….။

************
#With Heart
Just A Dreamer

Sorry for late update na~~~

Zawgyi

Episode-28

“ခ်န္းေယာလ္လီ ျဖည္းျဖည္းေမာင္းေနာ္.. ျမဴေတြတအားပိတ္ေနတယ္”

ေနာက္ခန္းကေန သူေဌးကေတာ္ပတ္က စိုးရိမ္စြာေျပာေနသည္ကို ခ်န္းေယာလ္ ေခါင္းေလးေစာင္းငဲ့ၾကၫ့္ၿပီးၿပံဳးလိုက္သည္။

“သိပါၿပီ ေမေမရဲ့။တအားသိပ္စိတ္မပူပါနဲ႔။ဒီလမ္းေတြက ကြၽန္ေတာ္ မေမာင္းဖူးတာမွမဟုတ္တာ”

‘ျဖည္းျဖည္းေမာင္းဆို ေမာင္းေပါ့ကြာ။ျပန္မေျပာနဲ႔။မင္း ေမေမ ေျပာသလိုလုပ္။”

ေနာက္ခန္းမွာ အတူထိုင္ေနသၫ့္ ဥကၠဌပတ္ကပါ ဝင္ေျပာလာေတာ့ ခ်န္းေယာလ္ ဖြဖြေလးၿပံဳးျဖစ္သည္။အိမ္ေထာင္သက္ ဒီေလာက္ၾကာသည္ထိ မေန့တစ္ေန့ကမွ လက္ထပ္ထားသကဲ့သို႔ပင္ မိဘႏွစ္ပါးက ခ်စ္ခင္ၾကင္နာၾကသည္။ေဖေဖက ေမေမ့အေပၚ အၿမဲလို ဂရုတစိုက္ျဖင့္ အလိုလိုက္သည္ကိုျမင္သၫ့္အခါတိုင္း တစ္စံုတစ္ေယာက္ကိုေတာ့ျဖင့္ အိမ္ေထာင္ရက္သားက်ၿပီးသၫ့္အခါ အမ်ားႀကီးပိုခ်စ္ ပိုအလိုလိုက္မၫ့္ ခ်န္းေယာလ္စိတ္ကူးအိပ္မက္ေတြ အခါခါၿပိဳလဲရသည္။

“ဘူဂ်ာေလးက ေတာ္ေတာ္ေလးကို အရြယ္ေရာက္လာတာပဲ။လက္ထပ္တဲ့အရြယ္ေတာင္ခဏေလးနဲ႔ေရာက္လာတယ္။ကြၽန္မတို႔ ခ်န္းေယာလ္လီ..”

မမွတ္မထင္ေျပာမိမလိုျဖစ္ၿပီးမွ သူေဌးကေတာ္ပတ္က စကားစအျမန္ထိန္းလိုက္ရသည္။ဒီေန့က သူ႔ဘက္က အမ်ိဳးရင္းျဖစ္သၫ့္အိမ္က မဂၤလာပြဲက်င္းပသည္မို႔ တစ္မိသားစုလံုးတက္ေရာက္ခဲ့ျဖစ္ၾကျခင္း။ မဂၤလာပြဲတစ္ေလ်ွာက္လံုး မ်က္ႏွာမေကာင္းပါသၫ့္ ခ်န္းေယာလ္ကို သတိထားမိသၫ့္အခါ သူ စိတ္မေကာင္းမ်ားစြာျဖစ္ရသည္။လြန္ခဲ့သၫ့္ ႏွစ္လက မဂၤလာပြဲပ်က္ခဲ့သလို အြန္းေလးလည္းေပ်ာက္ဆံုးသြားသၫ့္အခါ က်န္းမာေရးထိခိုက္ၿပီး လဲက်မလိုျဖစ္ရေပမယ့္ သူ႔ထက္ပိုၿပီး နာက်င္အက္ကြဲေနခဲ့သၫ့္ ခ်န္းေယာလ္လီေၾကာင့္ သူ အားတင္းႏိုင္ခဲ့သည္။အြန္းေလးကို မလြမ္းတာမဟုတ္။လြမ္းသည္။ နင့္နင့္နဲနဲကိုလည္းလြမ္းရသည္။

“ေမေမ. ၾကင္ဖက္ေတြ့ဆံုပြဲစီစဉ္တဲ့ ေမေမ့မိတ္ေဆြရိွတယ္မလား။တစ္ခါေလာက္ ကြၽန္ေတာ့္ကို စီစဉ္ေပးပါ။”

‘ဟင္ ခ်န္းေယာလ္လီက..’

‘ဟုတ္ကဲ့။မဂၤလာပြဲမျဖစ္ေျမာက္ခဲ့တာ ႏွစ္လရိွေနၿပီပဲ။ကြၽန္ေတာ္က အခ်စ္သစ္တစ္ခုရွာလို႔ရၿပီမလား။”

တစ္ခ်က္တစ္ခ်က္ေစာင္းငဲ့ၾကၫ့္ရင္း ေျပာေနသၫ့္ ခ်န္းေယာလ္ပါးျပင္က ပါးခ်ိဳင့္ငယ္က အသက္မပါမွန္း မိဘႏွစ္ပါးစလံုး သိသည္။သက္ျပင္းတိုးတိုးေလးခိုးခ်ရင္း ႏွစ္ေယာက္သားအၾကၫ့္ခ်င္းဆံုမိေတာ့ ဥကၠဌပတ္က ေခါင္းညိတ္ျပ၏။

“သိပါၿပီ။ေမေမ မနက္က် ဆက္သြယ္ထားလိုက္မယ္။ခ်န္းေယာလ္လီ ဘယ္လိုမိန္းကေလးလိုခ်င္လဲ’

အေျခအေနကိုေပါ့ပါးေစလိုေသာ္ငွာ သူေဌးကေတာ္ပတ္က စစေနာက္ေနာက္ေမးသည္။

“အြန္း… အရပ္ပုပုေလး.. မ်က္လံုးေမွးေမွးေလး.. ႏႈတ္ခမ္းပါးပါးေလး.. ၿပီးေတာ့ လက္ေခ်ာင္းသြယ္သြယ္ေလးေတြ.. အဲ့ဒါေတြ မရိွတဲ့မိန္းကေလးကိုရွာေပးပါ။ဘယ္လိုလဲ ျဖစ္တယ္မလား”

‘ဪ..အင္း…ခ်န္း.. ခ်န္းေယာလ္လီ.. ေရ႔ွမွာ..’

ခ်န္းေယာလ္ျမင္ပါသည္။သို႔ေသာ္ ရုတ္တရက္ႀကီးေပၚလာခဲ့သၫ့္တစ္စံုတစ္ရာေၾကာင့္ ဘရိတ္ကိုေဆာင့္အုပ္လိုက္ရသည္။

“ဘာလဲ.. ေသသြားၿပီလား”

‘မဟုတ္ေလာက္ပါဘူး။မေၾကာက္နဲ႔ မိန္းမ.’

ခ်န္းေယာလ္က ကားတံခါးဖြင့္ကာအရင္ဆင္းသည္။ပိန္းပိတ္ေနသၫ့္ျမဴေတြၾကားထဲ ထြန္းထားသၫ့္ ကားမီးေရာင္ေရ႔ွတြင္ ပံုခနဲလဲက်ေနသၫ့္ အနီေရာင္ဝတ္ရံုျဖင့္ လူတစ္ေယာက္။ဝတ္စားထားပံုေၾကာင့္ ေမွာက္ေနသၫ့္မ်က္ႏွာကိုမျမင္ရေသးခင္မွာပင္ ခ်န္းေယာလ္ ႏွလံုးေသြးတို႔ရပ္မတတ္ျဖစ္သြားရသည္။ကားနားမွာပင္ရပ္ေနမိကာ ေျခလွမ္းေတြက မလႈပ္ေတာ့။

“လူလား.. ဘာရပ္လုပ္ေနတာလဲ ခ်န္းေယာလ္လီ.. ထူရမွာေပါ့”

ေၾကာင္ရပ္ေနသၫ့္ သူ႔ကို ဥကၠဌပတ္က မာန္မဲရင္း ေမ့လဲေနသၫ့္ လူနားသို႔ငုတ္တုတ္ထိုင္ခ်သည္။

“ဒီမွာ… သတိထားပါဦး.. ဒီမွာ..’

ဥကၠဌပတ္လည္း စကားမဆက္ႏိုင္ေတာ့။ေမွာက္ေနသၫ့္ မ်က္ႏွာေလးကိုျမင္ေအာင္ၾကၫ့္လိုက္ေတာ့ ပါးျပင္ေပၚတြင္လည္း ျခစ္ရာ ေသြးစတို႔ျဖင့္ မ်က္လံုးစံုမိွတ္ေနပါသၫ့္ မ်က္ႏွာေလး။

“အြန္းေလး..’

စိုးရိမ္တႀကီးျဖင့္ဆြဲေပြ့လိုက္ရင္း ခါးနားက စိုစြတ္စြတ္အထိအေတြ့ေၾကာင့္လက္ကိုျပန္ၾကၫ့္သၫ့္အခါ လန႔္သြားရသည္။ခုထိ ေက်ာက္ရုပ္ႀကီးလိုရပ္ေနသၫ့္ သားျဖစ္သူကိုလည္းစိတ္ေပါက္ေပါက္ရိွရေလကာ..

‘Yah. ပတ္ခ်န္းေယာလ္.. ျမန္ျမန္လာစမ္း။ဘတ္ဟြၽန္း… မင္းရဲ့ ဘတ္ဟြၽန္းနီး.. ​ခါးမွာ ဒဏ္ရာရိွေနတယ္။”

ေအာ္လိုက္ေတာ့မွ အသိဝင္လာသၫ့္ ခ်န္းေယာလ္သည္ အေယာင္ေယာင္အမွားမွားျဖင့္ ဥကၠဌပတ္ ေပြ့ထားေပးသၫ့္ ဘတ္ဟြၽန္းကို လာေပြ့ယူသည္။ျဖဴေဖ်ာ့ေနသၫ့္အျပင္ ဒဏ္ရာဒဏ္ခ်က္ႏွင့္မ်က္ႏွာေလးက ခ်န္းေယာလ္ရင္ခြင္ဘက္ တိမ္းေစာင္းလာသၫ့္အခါ ရင္ထဲက ဆစ္ခနဲနာသည္။မုန္းပစ္လိုက္ၿပီးၿပီလို႔ထင္ခဲ့မိတာ။ျပန္မလာနဲ႔ေတာ့လို ေန့တိုင္းေျပာေနခဲ့မိတာက ဒီလိုမ်က္ႏွာေလးကို ကိုယ္တိုင္ကိုယ္က်ျမင္လိုက္ရသၫ့္အခါတြင္မေတာ့လည္း သဲထဲေရသြန္။

ကားေမာင္းဖို႔အဆင္မေျပေတာ့သၫ့္ ခ်န္းေယာလ္ေၾကာင့္ ဥကၠဌပတ္က ကားေမာင္းၿပီး ေဘးတြင္ သူေဌးကေတာ္ပတ္က ထိုင္သည္။ေနာက္ခန္းတြင္ ဘတ္ဟြၽန္းကိုေအာက္လည္းမခ်ပါဘဲ ေပြ့ထားသၫ့္ ခ်န္းေယာလ္သည္ ေသြးထြက္ေနသၫ့္ ခါးနားကို သူ႔ လက္ကိုင္ပဝါျဖဴျဖင့္ ဖိပိတ္ေပးထားလ်က္ စိုးရိမ္တႀကီး။

ျပန္လာလ်ွင္ေကာင္းမွာပဲလို႔  မသိစိတ္ကတစ္ခ်ိန္လံုးေတြးေနမိခဲ့ေပမယ့္လည္း ဒီလိုပံုစံႏွင့္ေတာ့ မဟုတ္။

စိတ္လိုလက္ရထြက္သြားၿပီးရင္လည္း ေပ်ာ္ေနခဲ့ရမွာေပါ့ ဘတ္ဟြၽန္းနီး.

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘတ္ဟြၽန္းတို႔ေတာင္ေပၚက အိမ္ေလးမွာ လူအနည္းငယ္ေလးႏွင့္ပင္ တိတ္တိတ္ေလးက်င္းပသၫ့္ မဂၤလာပြဲက ေသြးစြန္းသြားခဲ့သည္။ မနက္ကတည္းက မ်က္ႏွာမေကာင္းလွေပမယ့္ ဘတ္ဟြၽန္းသည္ တာဝန္သိစိတ္ျဖင့္ ခြၽဲမီဆိုသၫ့္ မိန္းကေလးကိုေတာ့ ၿပံဳးျပဆက္ဆံခဲ့ပါသည္။ မဂၤလာပြဲစတင္ဖို႔အနည္းငယ္အလိုမွာပင္ ေတာင္ေပၚအိမ္ေလးသို႔ အဆက္မျပတ္ ေျပးဝင္လာသၫ့္ ျမႇားခ်က္ေတြက အလူးအလဲ။ဘတ္ဟြၽန္းတို႔အဖြဲ႔ထဲ လူတစ္ေယာက္က သစၥာေဖာက္ခဲ့တာမို႔ ဦးရီးေတာ္၏တပ္ေတြက ဘတ္ဟြၽန္းတို႔ေနရာကို အလြယ္တကူေျခရာခံမိသြားျခင္း။

ဓါးဆြဲကိုင္ကာ တိုက္ပြဲဝင္ခဲ့ေပမယ့္ လူအားမမ်ွ။တစ္ဖက္က အင္ႏွင့္အားႏွင့္ဝင္လာသၫ့္အခါ ဘတ္ဟြၽန္းတို႔မွာ ဖရိုဖရဲ။ ခြၽဲမီသည္လည္း ဘတ္ဟြၽန္းေရ႔ွတြင္ပင္ ဓါးခ်က္မိကာ ေသဆံုးခဲ့ရသည္။မကာကြယ္လိုက္ႏိုင္။

“ေျပးေတာ့..အကိုေတာ္တို႔မွာ မင္းတစ္ေယာက္ပဲက်န္ေတာ့တာမို႔ ေျပးေတာ့ ဘတ္ဟြၽန္း.. ဘယ္ေတာ့မွ ဒီကိုျပန္မလာနဲ႔ေတာ့။တိတ္တိတ္ဆိတ္ဆိတ္ပဲ အသက္ရွင္သြားမွာ.။ေက်းဇူးျပဳျပီး အသက္ရွင္ေပး..က်ိန္းေသေပါက္..’

‘ဟင့္အင္း။ ကြၽန္ေတာ္ မေျပးႏိုင္ဘူး။ ကြၽန္ေတာ္.’

‘စကားနားေထာင္စမ္း ဘတ္ဟြၽန္း.. သြားေတာ့ ေကာင္းေကာင္းမြန္မြန္ အသက္ရွင္ေပးပါ။’

မ်က္ႏွာတစ္ခုလံုးနီရဲလ်က္ေတာင္းပန္ေနသၫ့္ အကိုေတာ္ေၾကာင့္ ဘတ္ဟြၽန္းေျပးလာခဲ့ရသည္။ဒယီးဒယိုင္ျဖင့္ ေတာင္ေအာက္ဘက္ ေျပးဆင္းရသည္။ေနာက္ျပန္ၾကၫ့္မိသၫ့္အခါ အကိုေတာ္သည္ လွံခ်က္မိလ်က္ သူ႔ကို စိတ္မေျဖာင့္စြာ ၾကၫ့္ေနသည္ကိုျမင္ရလ်ွင္ ၿပိဳဆင္းလာသၫ့္မ်က္ရည္ေတြကို အၾကမ္းပတမ္းဆြဲသုတ္လ်က္ ေျပးရသည္။ အကိုေတာ္၏တစ္ခုတည္းေသာ ဆႏၵက သူရွင္သန္ဖို႔ဆိုပါလ်ွင္ ဘတ္ဟြၽန္းက က်ိန္းေသေပါက္ျဖၫ့္ဆည္းေပးရမည္ပင္။

“ဒီဘက္မွာ လိုက္ၾကစမ္း ေဟ့..’

ညာသံေပးလ်က္ ေအာ္ေျပးလာသၫ့္ လူေတြကိုတစ္ခ်က္လွၫ့္ၾကၫ့္မိရင္း သိပ္ကိုပင္ပန္းေနပါၿပီျဖစ္သၫ့္ ဘတ္ဟြၽန္းသည္ ေတာင္ေစာင္းေလးအတိုင္းဒလိမ့္ေခါက္ေကြး လိမ့္ဆင္းသြားရပါေတာ့သည္။

သူ အားေလ်ွာ့လိုက္ေခ်ၿပီ။

“ေတာင္းပန္ပါတယ္ ေတာင္းပန္ပါတယ္ အကိုေတာ္…ေတာင္းပန္ပါတယ္။”

မသိစိတ္က တရစပ္ေတာင္းပန္ေနမႈသည္ ႏႈတ္ကေနပါ ထြက္အံလာသည္ထင္၏။သူ႔ကိုခပ္သာသာေခၚေနသၫ့္ အသံၾကား ဘတ္ဟြၽန္းမ်က္လံုးေလးေတျြဖည္းျဖည္းခ်င္းပြင့္လာခဲ့ပါသည္။အရင္ဆံုးျမင္ရသည္က ျဖဴလႊလႊမ်က္ႏွာၾကက္။ ေခါင္းေလးျဖည္းျဖည္းခ်င္းေစာင္းလိုက္မိေတာ့ ပါးစပ္ေလးဟသြားရသည္။

‘ေမေမ.’

‘အြန္းေလး.. အမေလး.. အြန္းေလးရယ္ မွတ္မိလို႔ေတာ္ေသးတာေပါ့.. ေမေမ့အြန္းေလး..’

သူေဌးကေတာ္ပတ္ကငိုသည္။ေဆးပိုက္တန္းလန္းျဖင့္ ဘတ္ဟြၽန္းလက္ကေလးကိုဖြဖြေလးကိုင္လ်က္ အငိုမျပတ္။ဒါ ဘတ္ဟြၽန္း ဆိုးလ္ကိုျပန္ေရာက္ေနတာလား။တဒိတ္ဒိတ္ႏွင့္ပင္ခုန္လႈပ္လာသၫ့္ ႏွလံုးခုန္သံက တစ္စံုတစ္ဦးကိုရွာမိသည္မွာအေသအခ်ာ။

“ေမေမ.. ကိုကို..’

‘ရိွတယ္။ ခုနက အျပင္ခဏထြက္သြားတာ..ျပန္လာေတာ့မွာ”

စကားအဆံုးေသခ်ာမသတ္ရေသးခင္မွာပင္ အခန္းထဲ ေျခလွမ္းက်ဲႀကီးမ်ားျဖင့္ ဝင္လာသၫ့္ ခ်န္းေယာလ္သည္ ဘတ္ဟြၽန္း သတိမရေသးဘူးဟုသာ ထင္မိေနသည္မို႔ မိခင္ျဖစ္သူနားတန္းေလ်ွာက္လာစဉ္.. မ်က္လံုးေလးေတြ ပြင့္ေနၿပီျဖစ္သၫ့္ ဘတ္ဟြၽန္းကိုျမင္ေတာ့ တန႔္သြားရသည္။

“ဪ.. သတိရေနၿပီကိုး။”

ဘတ္ဟြၽန္းမ်က္လံုးေလးေတြၫွို႔မိႈင္းသြားသည္။သာမန္အသိမိတ္ေဆြတစ္ေယာက္ကို ႏႈတ္ဆက္သလိုမ်ိဳး ခ်န္းေယာလ္အၾကၫ့္ေတြက တည္တည္ၿငိမ္ၿငိမ္။

“ေမေမ. ျပန္ၾကရေအာင္။ေအာက္မွာ​ေဖေဖေစာင့္ေနတယ္။သူ႔ကို သူနာျပဳငွားေပးထားတယ္။’

‘ခ်န္းေယာလ္လီ..’

‘စိတ္မပူပါနဲ႔ဗ်ာ။ကြၽန္ေတာ္လည္းေစာင့္ေနမွာပါ။ေမေမသာ အရင္ျပန္နားလိုက္ပါဦး။ကားလည္းေတာက္ေလ်ွာက္စီးလာရတာ ပင္ပန္းေနၿပီမလား။”

ခ်န္းေယာလ္ေျပာတာလည္းဟုတ္ေနသျဖင့္ သူေဌးကေတာ္ပတ္က ဘတ္ဟြၽန္းလက္ေလးကို ဖ်စ္ခနဲဆုတ္ၫွစ္လိုက္ကာ.

‘မနက္မွ ေမေမကျပန္လာခဲ့မယ္။အြန္းေလး သက္သက္သာသာနားေနာ္။”

‘ဟုတ္ကဲ့”

ဘတ္ဟြၽန္းအသံေလးက ခပ္ယဲ့ယဲ့။သူေဌးကေတာ္ပတ္ႏွင့္အတူထြက္သြားသၫ့္ ေက်ာျပင္က်ယ္ႀကီးကိုၾကၫ့္ကာ ဘတ္ဟြၽန္း မ်က္လံုးေလးေတြ အနားမရ။မ်က္ရည္တို႔က ၿပိဳဆင္းလာသည္။လက္က လက္စြပ္ေလးကိုၾကၫ့္လိုက္ေတာ့ ေသြးစတို႔ ကပ္ၫွိစြန္းေပေနေသး၏။အိပ္ရာကိုေက်ာမွီရင္း ေနာက္တစ္ဖန္ျပန္ဝင္လာမၫ့္ သူကို ဘတ္ဟြၽန္းေစာင့္ေနမိသည္။သိပ္မၾကာပါ။ ခ်န္းေယာလ္က အခန္းထဲျပန္ေရာက္လာ၏။

“ကိုကိုခ်န္းေယာလ္..’

ဘတ္ဟြၽန္းကိုလွၫ့္မၾကၫ့္ေသးဘဲ ဆိုဖာေပၚတြင္တင္ထားသၫ့္ ကုတ္ကို ေကာက္ယူေနသၫ့္ခ်န္းေယာလ္သည္ ထိုေခၚသံေၾကာင့္ လက္က တံု႔ဆိုင္းသြားသည္။သို႔ေသာ္ ကိုယ္ကိုျပန္မတ္လ်က္ ခံစားခ်က္မပါသၫ့္မ်က္လံုးမ်ားျဖင့္ ဘတ္ဟြၽန္းကို ၾကၫ့္လာ၏။

“အဆင္ေျပတယ္မလား။သူနာျပဳက ခဏခဏလာၾကၫ့္ေပးလိမ့္မယ္။ငါက ဒီနားက ဟိုတယ္မွာရိွမယ္။ကိစၥတစ္ခုခုရိွရင္ေတာ့ ဆက္သြယ္လိုက္ေလ’

‘ဘာလို႔.. ဘာလို႔ ကြၽန္ေတာ့္ကို ဒီလိုဆက္ဆံေနတာလဲ”

‘ဘယ္လိုဆက္ဆံရမွာလဲ ဒါဆို. ။မဂၤလာပြဲကေန ထြက္ေျပးသြားတဲ့ လူ ျပန္လာတာကို ဝမ္းသာလိုက္တာ ေပ်ာ္လိုက္တာဆိုၿပီး ႀကိဳဆိုေနရမွာလား”

‘ဘာလို႔မေမးတာလဲ။ကြၽန္ေတာ္ဘာျဖစ္ခဲ့တာလဲ ဘယ္လိုအေျခအေနရိွခဲ့လဲ ဘာလို႔မေမးတာလဲ။ကိုကိုက အရင္လို အတၲႀကီးတုန္းပဲ။ကိုကိုခံစားရတာပဲ သိတယ္။တျခားသူ ဘယ္လိုေနလဲ မသိခ်င္ဘူးလား။”

ဘတ္ဟြၽန္းအသံက သိပ္မထြက္ပါ။ေအာ္ဟစ္ေျပာေနတာလည္းမဟုတ္ဘဲ သိပ္ကိုခံစားနာက်င္လြန္းရပါသျဖင့္ ထြက္ေပၚလာသၫ့္ အသံသာျဖစ္သည္။ဘတ္ဟြၽန္းပါးျပင္ေပၚခုန္ေပါက္ဆင္းသက္ေနသၫ့္ မ်က္ရည္ေတြကိုတစ္ခ်က္ၾကၫ့္ရင္း ခ်န္းေယာလ္က မ်က္ႏွာလႊဲသည္။ထို႔ေနာက္ဟက္ခနဲ တစ္ခ်က္ရယ္သည္။

“ေအး.. ငါက အစကတည္းက အဲ့လိုလူပဲ။ေျပာလက္စနဲ႔တစ္ခါတည္းလည္းေမးၾကၫ့္ဦးမယ္။ မင္းကိုခုစေတြ့တုန္းက အနီေရာင္ရိုးရာဝတ္စံုနဲ႔ထင္တယ္။မဟုတ္မွလြဲေရာ.. မဂၤလာပြဲလုပ္ေနခဲ့တာလား။’

ခပ္ေထ့ေထ့ျဖင့္ ခ်န္းေယာလ္အၾကၫ့္ေတြကို ဘတ္ဟြၽန္းက တန္ျပန္ၾကၫ့္သည္။ၿပိဳလဲခ်င္ေနသၫ့္ စိတ္ကိုအားတင္းလ်က္ ၿပံဳး၏။

“အြန္း.. မဂၤလာပြဲလုပ္ေနခဲ့တာ။အေထြအထူးသာမရိွခဲ့ရင္ ကြၽန္ေတာ္က မိန္းကေလးတစ္ေယာက္ရဲ့ ခင္ပြန္းျဖစ္ေတာ့မွာေလ။”

ခ်န္းေယာလ္မ်က္ႏွာ ပ်က္ထြက္သြားသည္။တစ္ဆက္တည္း ေလွာင္ရိပ္သမ္းေနသၫ့္ အၾကၫ့္ေတျြဖင့္သာ ဘတ္ဟြၽန္းကို ျပန္ၾကၫ့္လာရင္း..

‘အဲ့လိုကိုး.. စိတ္မေကာင္းပါဘူး..’

တစ္လွမ္းခ်င္းစီထြက္သြားခဲ့သၫ့္ ခ်န္းေယာလ္ေနာက္ပါးဆီကိုသာ လိုက္ၾကၫ့္ေနမိရင္း ဘတ္ဟြၽန္းသည္ ေက်ာက္ရုပ္ေလးလိုပင္။ ခံစားေနရလြန္းသည္မွာ ဘယ္ေနရာကမွန္းမသိေတာ့သျဖင့္ ဘတ္ဟြၽန္း ထံုေပေနခဲ့သည္။မိဘႏွစ္ပါးကို ဆံုးရႈံးသည္။ ခ်စ္ရပါေသာ အကိုေတာ္ကို ဆံုးရႈံးသည္။ဒါေတာင္ ဘတ္ဟြၽန္းက်ေတာ့ မေသဆံုးေသးပါဘဲ ဒီဘက္ကိုျပန္ေရာက္လာခဲ့ေသးသည္တဲ့လား။

ခ်န္းေယာလ္မုန္းေနမည္ကို ခန႔္မွန္းမိခဲ့ေပမယ့္ ဒီေလာက္ထိေတာ့ျဖင့္ မထင္မွတ္ခဲ့။တစ္ခုခုကိုေမးျမန္းေျဖရွင္းခြင့္ေလးေတာ့  ေပးမည္ထင္ခဲ့တာ။

ခုေတာ့ျဖင့္ စိတ္ေရာကိုယ္ပါ ပင္ပန္းေနခဲ့သၫ့္ ဘတ္ဟြၽန္းကို  ကိုကိုခ်န္းေယာလ္ကပါ ထပ္ၿပီး….။

************
#With Heart
Just A Dreamer

Sorry for late update na~~~

Continue Reading

You'll Also Like

37.1K 1.3K 44
ဇာတ်လမ်းပါ အကြောင်းအရာ နေရာဒေသ အဖြစ်အပျက် ဇာတ်ကောင်အားလုံး သည် စိတ်ကူးယဥ်သက်သက်သာဖြစ်ပါသည်။ ဇာတ္လမ္းပါ အေၾကာင္းအရာ ေနရာေဒသ အျဖစ္အပ်က္ ဇာတ္ေကာင္အားလုံ...
32.6K 5K 36
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...
774K 62.8K 32
ေတာင္းပန္ပါတယ္ မွားခဲ့သမ်ွအတြက္ ကိုကို႔အရွင္သခင္ေလးအျဖစ္ တစ္သက္လံုး ခ စားသြားပါ့မယ္။
88.5K 11.7K 43
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]